Chapters

ဂုဏ်ယူဝမ်းမြောက်ခြင်း

Vol. 14 Ch. 140

ဂုဏ်ယူဝမ်းမြောက်ခြင်း

Vol. 14 Ch. 140

မင်ယွဲ့သည် ရတနာသေတ္တာလေးများကို တစ်ခုချင်းစီ ဖွင့်ပြလိုက်သည်။

"အဒေါ်... ကျွန်မ အားလုံးအတွက် ဝယ်ခဲ့ပြီးသားမို့ လက်ခံပေးပါနော်"

သူမသည် ဦးစွာပထမ အဘွားဖြစ်သူကို ရွှေလက်ကောက်တစ်ကွင်း ဝတ်ဆင်ပေးလိုက်

သည်။

မင်ယွဲ့၏ မိခင်မှာ သမီးဖြစ်သူ၏ သိတတ်လိမ္မာမှုနှင့် အောင်မြင်မှုများကို ကြည့်ကာ ပီတိဖြာနေတော့သည်။

"မရီး... ဒါ ယွဲ့ယွဲ့ရဲ့ စေတနာမို့ လက်ခံလိုက်ပါ"

မင်ယွဲ့၏ မိခင်က တိုက်တွန်းသောအခါ အဒေါ်ဖြစ်သူကလည်း လက်ခံလိုက်ပြီး ချက်ချင်းပင် ဝတ်ဆင်ကြည့်လိုက်သည်။

“သိပ်လှတာပဲ၊ ငါတော့ မချွတ်တော့ဘူးကိုယ်ဝန်က သုံးလရှိနေပြီဆိုတော့ နောက်ပိုင်းကျရင် ဝလာပြီး ဝတ်ရခက်သွားဦးမယ်"

ဟု ပြုံးရယ်ကာ ဆိုလေသည်။

ဝမ်းကွဲမဖြစ်သူ မင်မင်သည်လည်း သူမအတွက် ရည်ရွယ်သည့် ရွှေလက်ကောက်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားရသည်။ အချို့က ညီမဖြစ်သူ မိမိထက် သာလွန်နေသည်ကို ကြည့်ကာ အားငယ်တတ်ကြသော်လည်း မင်မင်ကမူ ထိုသို့မဟုတ်ပေ။

မင်ယွဲ့ကို သူမ မည်သည့်အခါမျှ မမီနိုင်ကြောင်း လက်ခံထားပြီးဖြစ်ရာ ညီမဖြစ်သူ၏ ကူညီမှုများကိုသာ စိတ်အေးချမ်းစွာ ခံယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

နောက်တစ်နေ့တွင် ရွာသူရွာသားများမှာ မင်ယွဲ့တို့ မိသားစုဝင်အားလုံး ရွှေလက်ကောက်ကြီးများ ဝတ်ဆင်ထားသည်ကို မြင်သောအခါ အံ့အားသင့်ကုန်ကြသည်။

“ဘယ်လိုများ ချမ်းသာသွားတာလဲ၊ ရွှေလက်ကောက်ကြီးတွေနဲ့ပါလား"

ဟု စူးစမ်းမေးမြန်းကြသောအခါ အဒေါ်ဖြစ်သူက

“မနေ့က ယွဲ့ယွဲ့ ပြန်လာပြီး အားလုံးကို ဝယ်ပေးခဲ့တာလေ"

ဟု ဂုဏ်ယူစွာ ဖြေကြားလိုက်သည်။

မိဘကို သိတတ်သူများ ရှိသော်လည်း ဦးလေး၊ အဒေါ်များအထိ အစုံအလင် ဝယ်ပေးနိုင်သည့် မင်ယွဲ့၏ စေတနာနှင့် ကြွယ်ဝမှုမှာ တစ်ရွာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

မင်ယွဲ့သည် မြို့ထဲသို့ ဈေးဝယ်ထွက်ရန် ပြင်ဆင်လိုက်သည်။ ယွမ်ပေါ့မှာလည်း အပြင်ထွက်ချင်နေသဖြင့် သူမသည် သူငယ်ချင်းတစ်ယောက်က အိမ်မွေးတိရစ္ဆာန် လာပေးသည်ဟု အိမ်သားများကို လိမ်ညာပြောဆိုကာ ယွမ်ပေါ့ကို ခေါ်ဆောင်လာခဲ့သည်။

ညီလေးများဖြစ်သော မင်ချန်နှင့် မင်ကျောက်တို့မှာ ပန်ဒါနှင့်တူသော ထိုခွေးကလေးကို မြင်ရန် အလွန်ပင် စိတ်အားထက်သန်နေကြသည်။

မြို့ထဲ၌ ဈေးဝယ်နေစဉ် မင်ယွဲ့သည် အထက်တန်းကျောင်းနေဖက် သူငယ်ချင်းတစ်ဦးနှင့် ဆုံမိသည်။ သူမသည် ကောင်လေးတစ်ယောက်နှင့် လက်တွဲထားသည်ကို တွေ့ရသဖြင့် မင်ယွဲ့က ချက်ချင်းပင် ရိပ်မိလိုက်သည်။

"ဂုဏ်ယူပါတယ်နော်"

ကျောင်းတုန်းက သူတို့နှစ်ဦး ချစ်သူဖြစ်မည့် အရိပ်အယောင်မျှပင် မပြခဲ့သဖြင့် မင်ယွဲ့မှာ အံ့သြမိသည်။

“ဒါက ကံတရားပါပဲ၊ တက္ကသိုလ်တက်တော့ ကျောင်းချင်းနီးတာနဲ့ ပြန်ဆုံပြီး တွဲဖြစ်သွားကြတာ"

ဟု သူငယ်ချင်းမလေးက ရှက်ကိုးရှက်ကန်း ပြောပြသည်။

ထိုစဉ် မင်ယွဲ့၏ လက်ကိုင်အိတ်အတွင်းမှ ယွမ်ပေါ့၏ ဦးခေါင်းလေး ထွက်လာသည်။ ဖြူဖွေးသောအမွှေး၊ နားရွက်အမည်းနှင့် မျက်လုံးဘေးက ကွင်းအမည်းလေးများကို မြင်သောအခါ သူငယ်ချင်းမလေးမှာ ထိတ်လန့်သွားသည်။

"ဒါ... ဒါ ပန်ဒါမလား ယွဲ့ယွဲ့... နင် ဒါကို အစိုးရဆီ အမြန်အပ်လိုက်မှ ဖြစ်မယ်နော်"

ကောင်လေးဖြစ်သူကမူ ယွမ်ပေါ့ကို သေချာကြည့်ကာ

“ဒါက ခွေးပါ၊ ဒါပေမဲ့ ဗီဇပြောင်းလဲမှုကြောင့် ပန်ဒါနဲ့ တူနေတာ ဖြစ်လိမ့်မယ်"

ဟု ရှင်းပြလိုက်သည်။

ထိုအခါမှ သူငယ်ချင်းမလေးမှာ စိတ်အေးသွားပြီး ယွမ်ပေါ့ကို ပွတ်သပ်ကာ

“သိပ်ချစ်စရာကောင်းတာပဲ၊ သူလေး ကလေးပေါက်ရင် ငါ့ကို တစ်ကောင်ပေးပါလား"

ဟု တောင်းဆိုတော့သည်။

မင်ယွဲ့က ရယ်မောရင်း

“သူက သင်းကွပ်ထားပြီးသားမို့ ကလေးမရနိုင်တော့ဘူး"

ဟု ပြောလိုက်ရာ သူငယ်ချင်းမလေးမှာ စိတ်မကောင်း ဖြစ်သွားရှာသည်။

သူတို့စုံတွဲသည် မကြာမီ မင်္ဂလာဆောင်တော့မည်ဖြစ်ကြောင်း ဖိတ်စာကမ်းကာ နှုတ်ဆက်

ထွက်ခွာသွားကြသည်။

မင်ယွဲ့သည် ဝယ်ယူလာသော နှစ်သစ်ကူးပစ္စည်းများနှင့်အတူ အိမ်သို့ ကားမောင်းပြန်လာခဲ့သည်။ သို့သော် သူမ၏ အိမ်ရှေ့သို့ ရောက်သောအခါ လူအုပ်ကြီး ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရသည်။

သူမ၏ ဗီလာအိမ်ကြီးကို လာရောက်ကြည့်ရှုသူများမှာ အစောပိုင်းကတည်းက ရှိခဲ့သော်လည်း ယခုကဲ့သို့ လူစုလူဝေးကြီးဖြစ်နေသည်မှာ မရိုးရှင်းလှပေ။ မင်ယွဲ့သည် ကားကို အပြင်ဘက်တွင် ရပ်လိုက်ပြီး ယွမ်ပေါ့ကို ချီကာ လူအုပ်ကြားသို့ တိုးဝင်ကြည့်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ဟု သူမ စိတ်ထဲမှ မေးမြန်းရင်း အိမ်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်တော့သည်။