← Chapters

အခန်း (၁-၄)

Vol. 1 Ch. 1-4

အခန်း (၁-၄)

Vol. 1 Ch. 1-4

1 01

အပိုင်း 1.

“ဘတ်….”

ပျင်းရိငြီးငွေ့ဖွယ်ရာ စာအုပ်ချင်း ခတ်မိသံက လေ့ကျင့်ခန်းကို ကြိုးစားပမ်းစား အာရုံစိုက်ကာ လုပ်နေကြသည့် ကျောင်းသားကျောင်းသူများကို လန့်ဖျတ်သွားစေခဲ့၏။ ထိုအသံကြောင့် ရှီလီ၏မထင်မရှား ဝေဝါးနေသည့် စိတ်စေအသိကို ပြန်လည်ပုတ်ခတ် လှုပ်နိုးသွားစေခဲ့လေသည်။

ထိပ်ပြောင်ပြောင်ဆရာက စာသင်စင်မြင့်ထက်မှာ ရှိနေခဲ့၏။

“ကိုယ့်အလုပ်ကိုပဲ ကိုယ်ကြည့်။ မင်းတို့အာရုံတွေကို မေးခွန်းပေါ်မှာပဲ အာရုံစိုက်ထားကြစမ်း”

စာသင်ခန်းထဲ၏ရှေ့တည့်တည့်မှာရှိနေသည့် ထိုအမျိုးသားကို ရှီလီခမျာ မယုံနိုင်စွာ ကြည့်နေမိလေသည်။ ထိုသူကား သူမအထက်တန်းမှ သင်္ချာဆရာပေတည်း။

သူမကား စာအုပ်ထဲသို့ တဖန်ပြန်လည်းကူပြောင်းလာပြီးနောက် တစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့သည်လော။

သူမရှေ့မှောက်မှ မေးခွန်းလွှာကို ကြည့်ကာ သူ မတိတိကျကျ ဖမ်းဆုပ်လိုက်နိုင်သည့် အချက်ကတော့ သူမတော့ နောက်တစ်ကြိမ် ပြန်ရောက်လာပြန်ပြီဟူ၍ပင်။

သူမကား ပြီး ခဲ့သည့်ဘဝက သူမပြန်လည်မွေးဖွားလာခဲ့သည့် ပထမဆုံးနေ့ကို ကူးပြောင်းဝင်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

ရှီလီက ဗိုလ်ကျစိုးမိုးတတ်သော အင်္ဂါရပ်ရှိသည့် CEOတစ်ဦးရှိနေသူRomance Novelထဲသို့ ဝင်ရောက်လာခဲ့ခြင်းပင်။ သူမက သန့်စင်ပြည့်ဝသူ မဟုတ်သလို အမျိုးသမီးဇာတ်ဆောင်ကို တောင်မှ ညှဥ်းပမ်းနှိပ်စက်သမှု ပြုခဲ့သေးပါ၏။

ထို့အပြင် သူမကား အမျိုးသမီးဇာတ်ဆောင်အတွက် ဆိုးယုတ်ရက်စက်သော ပြိုင်ဘက်ဖြစ်ကာ အမျိုးသားဇာတ်ဆောင်အပေါ်တွင်လည်း အစွန်းရောက်သော ချစ်မေတ္တာမျိုး ရှိနေခဲ့ပေသည်။ ဤမူလကိုယ်ပိုင်ရှင်ခမျာတော့Main Coupleအတွက် ဒုက္ခမီးပင်လယ်ပေါင်း သောင်းခြောက်ထောင်ဝေအောင် ဆောင်ကြဥ်းပေးခဲ့လေကာ နောက်ဆုံးတော့ သဘာဝကျကျပါပင် ကြေကွဲဝမ်းနည်းဖွယ်ရာကံကြမ္မာဖြင့် အဆုံးသတ်ခဲ့ရလေသတည်း။

ရှီလီက မူလပိုင်ရှင် မဟုတ်ပေ။ သူမကား ထိုအမျိုးသားဇာတ်ဆောင်ကို မနှစ်သက်သလို ယခင်ကဲ့သို့ သော ကြေကွဲဝမ်းနည်းဖွယ်ရာ အဆုံးသတ်မျိုးဖြင့်လည်း တွေ့ကြုံချင်သူ မဟုတ်ပါလေ။

ထို့ကြောင့် ရှီလီသည်လည်း သူမကိုယ်တိုင်၏အကွာအဝေးကို ထိုMain Coupleထံမှ အတန်ကို စည်းခြားထားပါ၏။ သို့သော် သူမ၏ဝင်ရောက်စွက်ဖက်မှု မရှိလျှင်တောင် ၎င်းတို့က အခြားလူများနှင့်အတူ အဆုံးသတ်ရလိမ့်မည်သာ။

ဤNovel၏ကမ္ဘာကြီးက ယိုယွင်းပျက်စီးနေခဲ့ကာ သူ၏အသိစိတ်များကို မပျောက်ဆုံးမီက ထိုMain Coupleက အတူတကွ ပေါင်းစည်းသွားတာ သေချာဖို့ လိုအပ်ကြောင်း သူမ ပြောခဲ့ဖူးသည်ပင်။ သို့ မဟုတ်ပါလျှင် သူမကား ဤအဆုံးမဲ့သံသရာမှာပဲ ထောင်ချောက် မိနေတော့မည်ဖြစ်ကာ ထိုအချိန် စက်ဝန်းကြီးကို ချွေတာဖို့တာဝန်ကို သာ ပေးအပ်ခံရမှာပင်။

အဲတော့Main Coupleက အတူရှိသွားကြပြီတဲ့လား။

ဒါက အရမ်းခက်ခဲတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါပေ။

မူလဇာတ်ကြောင်းအတိုင်းသာ အရာရာကို ရေလိုက်ငါးလိုက် စီးပါသွားပါက ထိုMain Coupleက နောက်ဆုံးကျ သဘာဝကျကျလေးပင် အတူတကွ ပေါင်းစည်းသွားမှာ မလွဲဧကန်ပင်။

သူမအတွက် ကရော၊ ကောင်းပါလေ့၊ မူလပိုင်ရှင်အတိုင်းသာ အမျိုးသမီးဇာတ်ဆောင်အတွက် ရက်စက်ဆိုးယုတ်သော ပြိုင်ဘက်ဟူသည့် အခန်းကဏ္ဍကနေသာ ပါဝင်ပေးဖို့ လိုလေသည်။

သို့သော် ရက်စက်ဆိုးယုတ်သော ပြိုင်ဘက်ဟူသည်က နောင်ရေးအတွက် မျှော်တွေးရမည့်အရာပင်။ ယခု အားသွန်ခွန်စိုက် ကြိုးပမ်းရမည့် လေးလံလှသော အရာကတော့ သူမရှေ့မှ သင်္ချာမေးခွန်းများကို အဆုံးသတ်ပေးဖို့ပါပင်။

1 02

သူမ၏ပြီး ခဲ့သောဘဝမှာဖြစ်စေ၊ မူလကိုယ်ပိုင်ရှင်ဖြစ်စေ၊ ဘာဖြစ်ဖြစ် သူမကတော့ ရွှယ်ပါ့လေးပါပင်။

သူမရှေ့မှောက်မှ သင်္ချာမေးခွန်းများကို ပြီးမြောက်အောင်မြင်ဖို့က အရမ်းကြီး စိန်ခေါ်မှုကြီးတာတော့ ဟုတ်မနေခဲ့။

အရမ်းကြီး ခက်ခဲမနေသော်လည်း ထိုသင်္ချာမေးခွန်းလွှာများကို ဖြေဖို့တော့ အချိန်နည်းနည်းတော့ ယူရသည်ပင်။

ရှီလီတစ်ယောက် ထိုသင်္ချာမေးခွန်းများကို လေးလေးနက်နက် အာရုံစိုက်ကာ ဖြေနေသည်ကို ကြည့်ကာ ထိုစာသင်စင်မြင့်ထက်မှ ဆရာသည်လည်း သူ့အကြည့်များကို အခြားကျောင်းသားများထံ ပို့လွှတ်လိုက်တော့၏။

ရှီလီသည်ကား ခက်ခဲသောမေးထွန်းဖြစ်စေ၊ လွယ်ကူသောမေးခွန်းဖြစ်စေ၊ မေးခွန်းဖြေဆိုရာတွင် အားလုံးအပေါ် လေးလေးနက်နက် အာရုံစိုက်တတ်သည့် ထိပ်တန်းကျောင်းသူတစ်ဦးပင်။ ထို့ကြောင့် ဆရာကလည်း စာမေးပွဲအစမှာပင် သူမက အိပ်ပျော်သွားခဲ့သည့်အတွက် ကြားဝင်နှောင့်ယှက်ရခြင်းသာ။ ယခုသူမက နိုးလာပြီဖြစ်လေရာ ဆရာလည်း သူ၏အာရုံများကို အခြားနေရာများထံမှာသာ စူးစိုက်ထားလိုက်ပေတော့သည်။

အဖြေလွှာများအားလုံး အပ်ပြီး သော် ထိုကျောင်းသားများက သူတို့နှစ်သက်ရာများကို လွတ်လွတ်လပ်လပ် လုပ်ကြ၏။ အချို့က ယနေ့အတွက် သင်ခန်းစာများကို လေ့လာနေကာ အချို့ကတော့ အိမ်စာလုပ်နေကြပြီး အချို့က မူသင်ရိုးပြင်ပမှ စာအုပ်များကို ဖတ်ရှုနေကြ၏။

သို့သော် ရှီလီက မူ သူမအိတ်ထဲမှ ဖုန်းကို ထုတ်ယူကာ ဆိုရှယ်မီဒီယာသို့ ဝင်ရောက်လိုက်၏။

Trendဖြစ်နေသည့် သတင်းများကို စစ်ဆေးစပ်စုလိုက်သည်က ဤကမ္ဘာပေါ်ဝယ် မည်သည့်ကိစ္စများ ဖြစ်ပွားနေသနည်းဟူသည်ကို သိရှိနိုင်မည့် အလျင်မြန်ဆုံးနည်းလမ်းပါပင်။

သင်္ချာဆရာက ရှီလီ၏လှုပ်ရှားမှုများကို သတိပြုမိသွားကာ မျက်မှောင် ကြုတ်လိုက်သော်လည်း သူမကို တားဆီးသမှုတော့ ပြုမလာပါပေ။

ဤစာသင်ခန်းထဲမှာက Second Gen၏လူချမ်းသာကလေးများ အပြည့်ဖြစ်နေလေရာ သူတို့အားလုံးကလည်း ဆရာကို ထိတ်လန့်ကြောက်ရွံ့နေတာမျိုး မရှိပေ။ ထည့်သွင်းစဥ်းစားရမည့်အချက်ကတော့ သူတို့ကို ဂရုတစိုက်စီမံခန့်ခွဲဖို့သာ ဖြစ်ပေသည်။

အခြားသူများ၏စာလေ့လာမှုကို အနှောင့်အယှက်မပေးနိုင်ဘူးဆိုပါက ရှီလီ၏အပြုအမူကဲ့သို့ အရာများကို ဆရာများက မသိလိုက်ဘာသာ လျစ်လျူရှုထားလိုက်ရုံသာ။

ထို့ပြင် ရှီလီက ထိပ်တန်းကျောင်းသူတစ်ဦး ဖြစ်နေသေးသည်လေ။ ဆရာကလည်း သူမ၏အဖြေလွှာကို အရင်ဆုံးတစ်ချက်မျှ ဝေ့ကြည့်လိုက်ကာ သူမအနေဖြင့် အမှတ်ပြည့်ရဖို့ မျှော်လင့်ထားပါ၏။

ဆရာတို့မည်သည် စွမ်းဆောင်ရည်မြင့်မားသည့် ကျောင်းသားများကိုဆိုလျှင် ပိုမိုသက်ညှာတတ်ကာ ဂရုတစိုက် ထိန်းကျောင်းပေးတတ်ကြသည်ပင်။

ရှီလီကား Trendဖြစ်နေသည့် ခေါင်းစီးများကို ဖွင့်လိုက်လေရာ ထိပ်ဆုံးမှာရှိနေသည့် ဆယ်လီတို့၏အတင်းအဖျင်းသတင်းစကားများကို သာတွေ့လိုက်ရပါ၏။

ဤဘဝသက်တမ်းဝယ် နှစ်ကြိမ်တိုင်မျှ ရှင်သန်လာခဲ့ရပြီဖြစ်ရာ ရှီလီအနေဖြင့် ထိုအတင်းအဖျင်းစကားများကို လုံးဝမှဂရုတစိုက် စိတ်ဝင်တစား ရှိမနေတော့ပါပေ။

ထို့အပြင် နောင်အနာဂတ်ဝယ်ဘ ဤဆယ်လီတို့သည်ကား လူသားတို့၏ကမ္ဘာ့မြင်ကွင်းကို အစိပ်စိပ်အမြွှာမြွှာ ကွဲကြေစေလောက်သည့် ထိတ်လန့်စရာ အံ့ဖွယ်ထွင်လုံးများကိုတောင်မှ တင်ဆက်ပြသကြလိမ့်မည်ပင်။ ထိုအရာများနှင့်ယှဥ်သော် ယခုအရာများက သမုဒ္ဒရာထဲမှ ရေတစ်ပေါက်မျှသာ။

ရှီလီက ထိပ်တန်းခေါင်းစီးများ၏နံပတ်ဆယ့်ငါးပတ်ချာလည်မှ #ကျိယွမ်အိမ်ခြံမြေCEOဝေ့ယုံရှန်းမိသားစုအကြောင်း ဆွေးနွေးခြင်း#ဟူသည်ကို သတိပြုမိသွား၏။

1 03

ကျိယွမ်အိမ်ခြံမြေဟူသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းဝယ် နိုင်ငံ့အကြီးဆုံးအိမ်ခြံမြေ လုပ်ငန်းကြီးပါပင်။

အမှန်တော့ ကျိယွမ်အိမ်ခြံမြေဟူသည်ဤClass1မှာတော့ အခြားသောအမှတ်သညာတစ်ခု ရှိနေပါသေး၏။

သူတို့၏အတန်းဖော် ဝေ့ယီက ထိုကျိယွမ်အိမ်ခြံမြေလုပ်ငန်းကြီးမှ CEO၏တစ်ဦးတည်းသောသမီးပါပင်။

နှစ်ကြိမ်တိုင်မျှ အသက်ရှင်ခဲ့သည့် ကျေးဇူးကြောင့် ထိုအနာဂတ်တိုးတက်မှုကြီးအပေါ်ဝယ် ရှီလီက ကောင်းစွာ နားလည်သဘောပေါက်ပါ၏။

ဝေ့ယီက သူမ၏အတန်းဖော်ဖြစ်သလို သူမသည်လည်း ထိုလူမှုအသိုင်းအဝိုင်းထဲမှတစ်ဦးဖြစ်လေရာ ဝေ့ယီ၏မိသားစုအခြေအနေကိုတော့ဖြင့် ရှီလီသည်လည်း အနည်းအကျဥ်းမျှ သိရှိထားပါ၏။

အပြင်လူများအတွက်တော့ ထိုဝေ့ယုံရှန်းသည်ကား ပြီးပြည့်စုံလွန်းလှသည့် ခင်ပွန်းကောင်းဖခင်အသွင်အပြင်ပါပင်။

သူကား ထိုပုံရိပ်ကို မီဒီယာများအပေါ်မှာ ထိန်းသိမ်းထားရုံသာမက သူ၏မိတ်ဆွေသူငယ်ချင်းများကတောင်မှ ယုံကြည်ကြပါ၏။

သူ၏ဇနီးနှင့်သမီးက မနှစ်သက်သည့်အတွက် ဝေ့ယုံရှန်းသည်ကား စီးပွားရေးညစာစားပွဲများမှာတောင်မှ သေရည်သောက်စားသမှု မပြုပါပေဟု ကောလဟလများက ပြောဆိုကြပေသည်။

ထိုဝေ့ယုံရှန်း၏ကောင်းမွန်လှသည့် ပုံရိပ်က သူ့ကို လူထုမျက်နှာသာပေး အာရုံစိုက်ခံရမှုကြောင့် အကျိုးအမြတ် ဖြစ်ထွန်းစေကာ များစွာသော အခွင့်အလမ်းတို့ကို လည်းရရှိစေခဲ့သေး၏။

Second-Genလူချမ်းသာကလေးတို့ အသိုင်းအဝိုင်းမှာတော့ ထိုမျှသဟဇာတဖြစ် လိုက်လျောညီထွေသည့် မိသားစုမျိုးကား ရှားပါးလွန်းလှသည်ပင်။

ထိုသို့သောဖခင်မျိုးရှိသည့် အပေါ် ဝေ့ယီသည်လည်း တစ်ကြိမ်တစ်ခါတုန်းကတော့ သူမအတန်းဖော်နှင့်သူငယ်ချင်းများထံမှ အားကျမနာလိုမှုမျိုးတို့ကို ပိုင်ဆိုင်ခဲ့ရသေးသည်ပင်။

ဝေ့ယုံရှန်းက ကားမတော်တဆမှုဖြင့် သေဆုံးခြင်းမတိုင်မီကအထိပေါ့။

မကြာသေးမီက အဖြစ်အပျက်များကို ကြည့်ကာ ရှီလီက သူမဘာသာ တွေးမိ၏။ (သူတို့တွေTrendဖြစ်မဲ့ခေါင်းစဥ်ကို ဝယ်ကြတာ အံ့သြစရာ မရှိတော့ပါဘူး။ ကျိယွမ်အိမ်ခြံမြေရဲ့အနောက်တိုင်းစတိုင်အိမ်ရာတွေက ဒီနေ့စရောင်းနေပြီကို )

စာမေးပွဲဖြေနေစဥ်အတွင်းဝယ် အခန်းတစ်ခုလုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေကာ စာရွက်ပေါ်မှာ ရေးခြစ်နေသည့် ဘောပင်သံသာ ရှိနေခဲ့လေသည်။

ရုတ်တရက်ဆိုသလို ရှီလီ၏စိတ်တွင်းမှ မှတ်ချက်သံက စာကြိုးစားနေကြသည့် Class1ထဲမှကျောင်းသားများကို လန့်ဖျပ်သွားစေတော့၏။

သူမ၏ဖုန်းထဲမှာ စျာန်ဝင်စားနေသည့် ရှီလီမှတပါး လူတိုင်းလူတိုင်းက ပြိုင်တူညီညာကြည့်လိုက်ကြကာ ထိုအသံထွက်ပေါ်လာရာ မူလဇစ်မြစ်ဆီသို့ စိတ်ဝင်တစား ရှာဖွေကြတော့၏။

အဖြေလွှာအပ်ပြီးသည့် ကျောင်းသားများ၏အဖြေလွှာများကို အမှတ်ခွဲစီစစ်နေသည့် သင်္ချာဆရာသည်လည်း ကျောင်းသားများ၏စူးစိုက်ငေးကြည့်နေမှုကို သတိပြုမိသွား၏။

သူက ထိုကျောင်းသားများအားလုံးကို လွှမ်းခြုံဝေ့ဝဲကြည့်လိုက်ကာ လည်ချောင်း ရှင်းလိုက်ပြီးနောက်

“စာမေးပွဲအချိန်စေ့ဖို့ ဆယ့်ငါးမိနစ် လိုသေးတယ်။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ထားစမ်း။ လျှောက်ငေးမနေကြနဲ့”

ထိုသင်္ချာဆရာ၏စကားက မည်သို့သော အကျိုးသက်ရောက်မှုမှ မရှိပါပေ။ အောက်မှာရှိနေသည့် ကျောင်းသားများက ငေးမြဲငေးဆဲ၊ကြည့်မြဲကြည့်ဆဲဖြစ်ကာ သူ့ကို လုံးလုံးလျားလျားပင် လျစ်လျူရှုထားပါ၏။

ချန်းဖုအထက်တန်းကျောင်း၏ကျူရှင်လခက မတန်တဆ မြင့်မားလေရာ ထိုအလားတူပင် ဤကျောင်းမှ ဆရာတို့၏လစာက အလွန်များပြားသည့်အတွက် သာမန်ကျောင်းဆရာတစ်ယောက်၏ပုံမှန်လစာကတောင်မှ ပိုမိုသေးနုပ်နေပေသေးသည်။

ထိုဆက်ဆံရေးဝယ် ကျောင်းသားတို့မည်သည်ကျောင်းသားဖြစ်သည်သာမက ထိုဆရာတို့၏လုပ်ခလစာတို့အတွက် ကြီးကြီးမားမား ထောက်ပံ့အကျိုးပြုသူတို့လည်း ဖြစ်နေသေးလေသည်။

ထိုကျောင်းသားတို့ထံမှ ရိုသေသမှုမရခြင်းကို ယူဆရတွေးမြင်ရသော် ပိုက်ဆံသာအမှန်တရားဖြစ်လေရာ ထိုဂါရဝတရားဟူသည် ဘာကိစ္စမျှ ဟုတ်မနေပေ။

သို့ဖြစ်သော်ငြား သူ၏သတိပေးချက်ကို ကျောင်းသားများက အမှုမထားလေရာ သူသည်လည်း နည်းနည်းမှစိုးရိမ်မနေတော့ဘဲ အဖြေလွှာများကိုသာ ဆက်လက်စစ်ဆေးနေတော့၏။

ထိုသင်္ချာဆရာ၏စကားများက ရှီလီ၏စိတ်တွင်းမှ တကိုယ်တော်ပြဇာတ်ရှည်ကို ကြားဖြတ် ဟန့်တားလိုက်ပေသည်။

သူမဖုန်းထံ ပြန်မကြည့်မီတခဏဝယ် စာသင်ခန်းထဲသို့ ခေတ္တမျှဝေ့ကြည့်လိုက်မိ၏။

Class1ကျောင်းသားများကြားဝယ် ဝေ့ယီက အပြင်းထန်ဆုံးတုံ့ပြန်သူပင်။

1 04

ဘယ်သူ စကားပြောလိုက်တာလဲ။ ကျိယွမ်အနာက်တိုင်းစတိုင်အိမ်ရာက သူမတို့၏စီးပွားရေးလုပ်ငန်း ဖြစ်သည်။

ထိုစကားလုံးများက မည်သည့်အဓိပ္ပါယ်ကို ဆိုလိုသနည်း။

ထို့အပြင် သင်္ချာဆရာကလည်း ကျောင်းသားများကို လျှောက်ငေးကြည့်ပြီး ကားမပြောဖို့ ပြောလိုက်သေးပေရာ မည်သူမှလည်း စကားပြောမနေကြပေ။

ယခုမူ တစ်စုံတစ်ယောက်ကအမှန်တကယ်ကို စကားပြောလိုက်သည်မဟုတ်လား။

ထိုအသံရင်းမြစ်ကို ရှာဖွေရန် အခြားကျောင်းသားများက ရှစ်မျက်နှာတခွင် ပတ်ပတ်လည် ကြည့်ရှုကြပါ၏။

ထိုအခြင်းအရာကပင်လျှင် တစ်စုံတစ်ယောက်က အမှန်တကယ် စကားပြောလိုက်ကြောင်း သက်သေထူနေပေသည်။

သင်္ချာဆရာ၏တုံ့ပြန်မှုကတော့နှစ်မျိုးတည်းသာ ဖြစ်နိုင်ပါသည်။ သူက ထိုအသံကို မကြားခြင်း သို့မဟုတ် နာက်ကွယ်ကလူက သူဖြစ်နေခြင်းပါပင်။

ထိုသို့ တွေးမိသည်က ဝေ့ယီတစ်ယောက်တည်း မဟုတ်ပေ။

(တကယ်လို့ ငါမှတ်မိတာသာ မှန်မယ်ဆိုရင်)

ဒုတိယမြောက် အတွင်းစိတ်စကား ထွက်ပေါ်လာချိန်ဝယ် ယခုနကအသံ၏ဇစ်မြစ်ကို ဂေ့ရီကအတည်ပြုပြီး လိုက်လေပြီ။

ထိုအသံက ရှီလီ၏အသံပင်တည်း။

(အခုကစလို့ နောက်သုံးရက်နေရင် ဝေ့ယုံရှန်းက ကားမတော်တဆမှုကြောင့် သေတော့မှာ)

ဝေ့ယီ.!!

******

2 01

အပိုင်း 2.

မိဘများနှင့် သဟဇာတဖြစ်ကာ သင့်မြတ်လွန်းလှသည့် သမီးရတနာတစ်ဦးအနေဖြင့် မိမိ၏ချစ်လှစွာသောမွေးသဖခင်က ယခုမှစ၍ နောက်သုံးရက်ကြာချိန်ဝယ် ကားမတော်တဆမှုကြောင့် သေဆုံးရလိမ့်မည်ဟူသည်ကို ကြားချိန် ဝယ်ဝေ့ယီ၏တုံ့ပြန်ချက်က မည်သို့ ရှိလိမ့်မည်နည်း။

ဦးဆုံးတုံ့ပြန်မှုကတော့ မယုံကြည်နိုင်ခြင်းပါပင်။

ထို့ကြောင့် သူမက ထိုသတင်းရင်းမြစ်၏ယုံကြည်လက်ခံနိုင်လောက်စရာ ဖြစ်တန်စွမ်းကို ပြန်လှန်မေးခွန်းထုတ်မိကာ အကယ်၍ ဤကောလဟလစလွှင့်သူမှာ ပုန်းကွယ်ထားသည့် အစီအစဥ်တစ်ခု ရှိလိမ့်မည်ဟု သံသယဝင်မိပါ၏။

ထိုသတင်းကြောင့် ဝေ့ယီခမျာ ထိတ်လန့်တုန်လှုပ် ချောက်ချားသွားခဲ့ကာ သူမထိုင်ခုံမှ မတ်တပ် ထရပ်လိုက်မိလေသည်။

အခြားအတန်းဖော်များသည်လည်း ရှီလီ၏အတွင်းစိတ်အတွေးတို့ကို ကြားရပါ၏။ သို့သော် သူတို့က အံ့သြတုန်လှုပ်သည်ဖြစ်စေ၊ ထင်ကြေးပေးမှန်းဆချင်သည်ဖြစ်စေ သူတို့၏စိတ်ခံစားချက်များကို ကောင်းကောင်းကြီး သိုဝှက်ထားနိုင်ဖို့သာ ကြိုးစားကြရတော့သည်။

သူမ မတ်တပ်ထရပ်လိုက်သည့်တိုင် ဝေ့ယီ၏လားရာသို့ မည်သူတစ်ဦးတစ်ယောက်ကမှ လှည့်ကြည့်မလာပါပေ။

သူတို့အားလုံး၏အကြည့်များက သူမထံသို့သာ လှည့်လာကြပါ၏။

ယခုနကတုန်းက သင်္ချာဆရာ၏သတိပေးချက်အပြီးနောက် Class1အတွင်းမှ ကျာင်းသားအားလုံးကား ကောင်းကောင်းကြီး ဟန်ဆောင်နေကာ ထိုထူးဆန်းသောအသံကို မည်သူကမျှ မကြားလိုက်လေဟန် ပြုမူနေကြ၏။

ယခုဝေ့ယီထံသို့ အကုန်လုံး ကြည့်လာကြသည်က သူမက စာမေးပွဲအချိန်ကြီးအလယ်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်သောကြောင့်ပင်။

အရွယ်ရှိသူဖြစ်သော်ငြား ထိုသင်္ချာဆရာမှာ ကြောက်တတ်သူဖြစ်လေရာ ယနေ့မူ သူက ထိုပြဿနာ ကောင်လေးများ၏ပုံမှန်မဟုတ်သော အပြုအမူများကြောင့် သူ့မှာ သေလုနီးပါး ကြောက်ရွံ့ခဲ့ရပါ၏။

ဦးဆုံးအနေဖြင့် ထိုအကျင့်စာရိတ္တကောင်းလှစွာသော မိန်းမငယ်လေးက ပထမဆုံးအကြိမ်အဖြစ် စာသင်ခန်းထဲမှာ အိပ်ပျော်နေခဲ့ပြီးနောက် အခန်းတစ်ခုလုံးမှ ကျောင်းသားများသည်လည်း ဘေးဘီရှစ်မျက်နှာကို မရပ်မနား တပြိုင်တည်း လှည့်လည်ကြည့်ရှုနေကြသေး၏။

ထိုကိစ္စရပ်များပြီးပြီဟု သူထင်သော်ငြား မကြာပါချေ။ ထိုသခင်မလေးဝေ့ယီက အခန်းတွင်းမှပင် ရုတ်ခြည်း မတ်တပ်ထရပ်လာခဲ့ပေသည်။

ကြောက်ရွံ့သွားသည့် ဆရာခမျာ ချက်ချင်းပင် သူ့ဖုန်းကို ထုတ်ကာ ရှာဖွေလေတော့သည်။

(အတန်းထဲက ကျောင်းသားတွေ တစုတစည်းတည်း သရဲစီးကုန်ရင် ဘယ်လိုလုပ်ရမလဲ)

ဝေ့ယီ၏မျက်နှာသွင်ပြင်က အလွန်လျင်မြန်စွာ ပြောင်းလဲသွားကြောင်း သူသတိပြုမိကာ သူမအနေဖြင့် အတိတ်နိမိတ်မကောင်းသည့် အရာတစ်ခုကို တွေ့ဆုံခဲ့ပြီဖြစ်ကြောင်း အမြင်နှင့်ပင် ယုံကြည်နိုင်သည်။

ထိုရှာဖွေမှုယန္တရားကား သူလိုချင်သည့် အဖြေကို ထောက်ပံ့မပေးနိုင်ပါပေ။ သို့သော် မတိုင်မီက သူဖတ်ဖူးခဲ့သည့် သဘာဝလွန်ဝတ္ထုများကို အခြေခံကာ ယခုကဲ့သို့သော အခြေအနေမျိုးဝယ် ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ တိတ်တိတ်ကလေး စောင့်ကြည့်နေခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု သူ ဆုံးဖြတ်လိုက်ပါ၏။

ဝေ့ယီ၏ရုတ်ခြည်းလှုပ်ရှားမှုက သူမဖုန်းပေါ်မှာပဲ အာရုံစိုက်နေသည့် ရှီလီ၏စိတ်များကို ဆွဲထုတ်လိုက်ကာ ထိုအာရုံများက သူမထံ ကျရောက်လာပါ၏။

လက်ဖဝါးတဖက်မျှစာထက်ပင် ပိုမကြီးနိုင်သည့် ဝေ့ယီ၏မျက်နှာသေးသေးလေးကို ကြည့်ကာ ရှီလီလည်း ကျိတ်ကာ သက်ပြင်းချမိလေသည်။

(အရိုးသားဆုံး ပြောရမယ်ဆို သူ့ရဲ့အဲဒီလူမိုက်ဖခင် သေသွားရင်တော့ ဆိုးဆိုးဝါးဝါးကိစ္စတွေ ဖြစ်လာမှာ မဟုတ်ပါဘူး)

သူမဖခင်၏ကားမတော်တဆမှုက အမှန်ဖြစ်စေ အမှားဖြစ်စေ၊ထိုသတင်းကို ဂရုမထားလျှင်တောင်မှ သူမဖခင်က သေသွားတာမှ ပိုကောင်းသေးသည်ဟူသည်ကို တစ်စုံတစ်ယောက်က ပြောလာသည်ကို နားနှင့်ဆတ်ဆတ်ကြားရခြင်းက ဝေ့ယီကို အလွန်အမင်း ထိတ်လန့်စေတော့သည်။

သူမကား အဆုံးစွန်သောဂရုစိုက်မှုနှင့် အလိုလိုက်မှုများဖြင့် လူလားေမြာက်ခဲ့ရသူဖြစ်ကာ ကြွယ်ဝချမ်းသာသောအိမ်တော်မှ မိဘများ၏ ဖူးဖူးမှုတ်ချစ်ခင်ယုယခြင်းများကို ရရှိခဲ့သူပင်။

ထို့ကြောင့် ဝေ့ယီကား သဘာဝကျကျပင် ဖျက်ဆီးအလိုလိုက်ခံထားရသူဖြစ်လေရာ သူမစိတ်အခြေအနေ ဆိုးဝါးချိန်ဝယ် အကြောင်းပြချက်မရှိစွာပင် ဒုက္ခရှာဂြိုဟ်မွှေတတ်သူတည်း။ သို့ဖြစ်လေရာ သူမ၏ချစ်လှစွာသောဖခင်ကို တစ်စုံတစ်ယောက်က ယခုလိုပြောဆိုနေပေရာ သူမက အဘယ်မှာ သည်းခံနေနိုင်လိမ့်မည်နည်း။

2 02

သူမက ရှီလီကို ဒေါသတကြီး ရမ်းကားရန် ကြံရွယ်လိုက်စဥ်မှာပင် ထိုအသံကို နောက်တဖန် ကြားလိုက်ရပြန်လေသည်။

(အဲဒီဝေ့ယုံရှန်းရဲ့သရုပ်ဆောင်စွမ်းရည်က အဲဒီလောက်တောင် ကောင်းနေမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။ သူ့သမီးနဲ့ဇနီးကို ချစ်လှချည်ရဲ့ဆိုတာကြီးကလည်း အပေါ်ယံမျက်နှာကြီးပဲကို။ အဲဒီလူကဖြင့် သူ့ကလေးတွေ မွေးပေးထားတဲ့ အမြှောင်မယားငယ်က ငါးယောက်၊ခြောက်ယောက်လောက်ရှိတဲ့အပြင် ကလေးမရှိတဲ့မိန်းမတွေမှ ရေလို့တောင် မရဘူး)

ဝေ့ယီကား အထက်တန်းလွှာအသိုင်းအဝိုင်းမှာ လူလားမြောက်ခဲ့သူ ဖြစ်သော်လည်း သူမက တုံးအထုံထိုင်းသည့် မိန်းကလေးမျိုး မဟုတ်ပါပေ။

ယခုလို အသိုင်းအဝိုင်းမျိုးမှာ ကြီးပြင်းခဲ့ရပြီး ၎င်းတို့၏မိဘများက ဆက်ဆံရေးကောင်းရှိပြီး သူတို့၏ဖခင်များကလည်း ခင်ပွန်းကောင်းများ ဖြစ်ကြပါသည်ဟု လူတိုင်းလူတိုင်းက အခိုင်အမာဆိုကြလျှင်တောင်မှ ဝေ့ယီကား သူမ၏ကိုယ်ပိုင်မိသားစုအတွက် ပူပင်ကြောင့်ကြခဲ့ရခြင်းကို ဘယ်တုန်းကမှ ရပ်တန့် မရနိုင်ခဲ့ပါပေ။

ဝမ်းနည်းစရာကောင်းစွာပင် သူမဖခင်မှာ မြှောင်မယားငယ်များရှိသည်ဟု ရှီလီက ပြောလာစဥ်ဝယ် မယုံကြည်ရသေးမီမှာပင် ထိုအကြောင်းအရာအပေါ် သူမ သံသယဝင်မိလေသည်။

(ဝေ့ယုံရှန်း သေပြီးတဲ့နောက် အဲဒီအမြှောင်မယားတွေက သူတို့ရဲ့ တရားမဝင်ကလေးတွေကို ခေါ်လာပြီး မိသားစုပိုင်စီးပွားတွေရဲ့ ပမာဏအကြီးကြီးကို ရသမျှနည်းလမ်းသုံးပြီး ရအောင် ဖိအားပေးကြမှာပဲ)

ဝေ့ယီ၏စိတ်တွင်းဝယ် မယုံနိုင်လောက်သော တုန်လှုပ်ခြင်းများဖြင့် ပြည့်နေခဲ့ကာ သူမအဖေထံ ယခုချက်ချင်းပင် ရမ်းရမ်းကားကား ပြေးသွားကာ အမှန်တရားကို ရင်ဆိုင်မေးမြန်းချင်စိတ်သာ ဖြစ်မိတော့သည်။

သို့သော် ကလေးဘဝတည်းကပင် လူ့မလိုင်အပြုအမူကိုသာ လက်ခံသင်ကြားရရှိခဲ့သည့် မိန်းမငယ်လေးအနေဖြင့် ဝေ့ယီကား သူမထိုင်ခုံပေါ်သို့သာ ကျော့ကျော့မော့မော့ ပြန်ထိုင်ချလိုက်ပါ၏။ ရှီလီ ထပ်ပြောလာမည့်စကားတို့ကို သူမ ပိုနားထောင်ချင်ပါသေးသည်။

ရှီလီ၏စကားများက မှန်မည်လားဆိုသည်ကိုတော့ နောက်မှပင် တစ်စုံတစ်ယောက်ကို ရှာကာ သူမ အတည်ပြုရပေလိမ့်မည်။

စာသင်စင်မြင့်ထက်မှနေ၍ သူမကို လျှို့လျှို့ဝှက်ဝှက်စောင့်ကြည့်နေသည့် ဆရာကား ပုံမှန်အခြေအနေမျိုး ပြန်ဖြစ်သွားပုံပေါ်ကာ သူမထိုင်ခုံပေါ်မှာ ညင်ညင်သာသာ ပြန်ထိုင်လိုက်သည့် ဝေ့ယီကို ကြည့်ကာ စိတ်သက်သာရာ ရသွားသည့် သက်မမျိုးကို တိတ်တိတ်ကလေး ထုတ်လွှတ်လိုက်မိလေသည်။

၎င်းတို့ကို သူတို့သဘာဝအတိုင်း ဟိုဟိုသည်သည် ပြေးလွှားခြင်းပြုထားခြင်းကသာ သဘာဝလွန်အရာများကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းတမျိုး ဖြစ်ပုံပေါ်ပါ၏။

ဝေ့ယီကား သူမဆံပင်များကို ပိုနီတေးလ်မြင့်မြင့် စည်းထားလိုက်သည်။

ဤမိန်းမငယ်လေးကား သနားဖွယ်ရာ ကောင်းပေစွဟု ရှီလီက တွေးမိလေသည်။ သူမ၏အဖေကို ဆုံးရှုံးရကာ ထိုလူ၏စရိုက်အမှန်ကိုလည်း ရှာတွေ့ပြီး သူမမိသားစု၏ကြွယ်ဝချမ်းသာခြင်းများထဲမှ ပမာဏအများအပြားကိုလည်း တစ်နေ့တည်းမှာပင် လက်လွှတ်ရပေဦးမည်။

ဝေ့ယီ၏ငမိုက်သားဖခင်အကြောင်း တွေးမိသော် ရှီလီကား မခံမရပ်နိုင်ဖြစ်ရလေသည်။

(သေပြီးပြီးချင်း အဲ့ငမိုက်သားကို မီးသင်္ဂြိုဟ်ရုံ တန်းပို့ပြီး ဟိုအမြှောင်မယားတွေကိုတော့ သူ့ပြာနဲ့ပဲ DNAစစ်ခိုင်းလိုက်ပေါ့)

ဝေ့ယီ:အဲဒါက ဖြစ်နိုင်ပါ့မလား။

အခြားအတန်းဖော်များ မျှော်လင့်မထားတဲ့ပြဿနာ ဖြေရှင်းနည်းပဲ။

ရှီလီ၏စိတ်ကူးက ဆိုးယုတ်ရက်စက်လှချည့်ဟု မည်သူကမှ မတွေးမိပေ။ ဤအတန်းထဲမှ ကျောင်းသားများအားလုံးက တရားဝင်ထိမ်းမြားလက်ထပ်ခြင်းမှ မွေးဖွားလာကြသူများပင်။

သို့အတွက်ကြောင့် သူတို့ထဲမှ မည်သူကမှ အမြှောင်မယားနှင့် တရားမဝင်ကလေးများအပေါ် ကိုယ်ချင်းစာဂါရဝတရားဟူသည် စိုးစဥ်းမျှရှိမနေပေ။

လူတို့မည်သည် မည်သည့်ကိစ္စရပ်ကိုမဆို ၎င်းတို့၏ကိုယ်ပိုင်ရှူထောင့်မှသာ တွေးမြင်တတ်ကြပေရာ ထိုအမြှောင်မယားနှင့်တရားမဝင်ကလေးများအပေါ် သက်ညှာလျှော့ပေါ့ထားသည့် ဥပဒေအပေါ် လူတိုင်းက မကျေမချမ်း ဖြစ်ခဲ့ရပေသည်။ ထိုအမြှောင်မယားနှင့်တရားမဝင်ကလေးများအတွက် အားနာသနားစိတ်များရှိသည့်အတွက်လား။ အဓိပ္ပါယ်မရှိသည့် စကားပါပင်။ ၎င်းတို့က အခြားမိသားစုများကို ဖျက်ဆီးခဲ့ပေရာ သနားကြင်နာမှုနှင့် စိုးစဥ်းမျှ မထိုက်တန်ပါပေ။

ယခုနတုန်းက ဝေ့ယီကား မတ်တပ်ထရပ်လိုက်လေရာ ရှီလီ ပါးစပ်မဟကြောင်းကိုဖြင့် သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

သို့ဆိုလျှင် ယခုအမှန်တကယ်ကို ဘာတွေဖြစ်နေပါသနည်း။

ရှီလီက သူမ၏အသံကို ကြားနိုင်စေရန် နည်းပညာမြင့် ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုနေသည်လား။

သို့သော် ယခုလိုပြုလုပ်နေသည့် ရှီလီ၏ရည်ရွယ်ချက် အစစ်အမှန်ကရော ဘာတဲ့လဲ။

2 03

ယခုက အထက်တန်းပထမနှစ်အစသာရှိသေးလေရာ လူတိုင်းလူတိုင်းက တစ်ယောက်နှင့်တစ်ယောက် အကျွမ်းတဝင် မရှိကြသေးပေ။

ရှီလီအပေါ် ဝေ့ယီ၏ထင်မြင်ချက်သည်ကား သူမက ဖုန့်မိသားစုသခင်လေးကို သဘောကျနှစ်သက်နေသူ ဟူ၍ပင်။

နှစ်လနီးပါးမျှ အတန်းဖော်ဖြစ်လာကြပြီးနောက် ရှီလီအပေါ် သူ ထိုထင်မြင်ချက်တစ်ခုမျှသာရှိခြင်းက ထူးဆန်းလှပါသည်။

မေးခွန်းအားလုံးကို ဖြည့်ပြီးနောက် သူမလည်း အတန်းဆင်းခေါင်းလောင်းထိုးမည်ကိုသာ စောင့်ဆိုင်းနေလိုက်ပါ၏။

အတန်းပြီးသွားသည့်နောက် ဆရာက အားလုံးကို လောဆော်လိုက်သည်။

“အဖြေလွှာ မထပ်ရသေးတဲ့လူတွေ မြန်မြန်အပ်ကြဟေ့။ ”

အဖြေလွှာအားလုံးကို သိမ်းဆည်းပြီးနောက်သင်္ချာဆရာကား ထိုအဖြေလွှာအားလုံးကို သူ့လက်တဖက်တည်းဖြင့် စုထပ်ပွေ့ကာ နောက်လက်တဖက်က သူ့ထိပ်ပြောင်ပြောင်ကို ပွတ်သပ်ပြီး အတန်းထဲမှ ထွက်ခွာသွားတော့သည်။

သူက ယခုမှသုံးဆယ်စွန်းကာစ အသက်သာရှိသေးသော်လည်း သူ့ခေါင်းထက်မှ ဆံပင်များကား နယ်ခြားမျဥ်းကို ထောက်ပံ့ပေးနိုင်မည့် ကုန်းတွင်းပိုင်းနေရာထံမှ ဆုတ်ခွာ စပြုနေခဲ့ပေပြီ။

မြင့်မားများပြားလှသည့် ဤလစာကြောင့် ရူးသွပ်မိုက်မဲနေခြင်းသာမဟုတ်ပါက သူ၏အလုပ်ပေါ်မှ ဖိအားသည်ကား စီးပွားရေးလုပ်ငန်းကြီးများနှင့်ပင် ပြိုင်ဘက်ဖြစ်လာနိုင်သေးသည်။

သူ့ခမျာ သင်ကြားရေးဖိအားနှင့်ရော ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ဖိအားဖြင့်ပါ ရင်ဆိုင်နေရပေရာ ထိုဘိုးဘေးလေးများကို တစ်ကြိမ်သော်မျှ မဆူဆဲနိုင်ပါလေ။

ထိုကျောင်းသားများက အမှားလုပ်လျှင်တောင်မှ သူက ၎င်းတို့အပေါ် ဝေဖန်ပြစ်တင်သမှု မပြုနိုင်ပါပေ။

နောက်ဆုံးတော့ သူ့စားပွဲပေါ်မှ အစားအသောက်များကို လာထားသူက ထိုလူများပါပင်။

သူ့ခမျာ မကျေနပ်မှုများကို မြိုချသိမ်းဆည်းထားရပေရာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်လာခြင်းက အံ့သြစရာ ဟုတ်မနေတော့။

ကောင်းကင်ဘုံက သနားကြင်နာတတ်ပေရာ သူက အသက်သုံးဆယ်စွန်းကာစသာ ရှိသေးသော်လည်း သူနှင့်လက်ထပ်ရန် စီစဥ်ပေးဖို့တွေ့ဆုံခဲ့သည့် အမျိုးသမီးကမူ သူ့အသက်က ငါးဆယ်နီးပါးခန့်ရှိမည်ဟု ထင်ခဲ့သည်ဟူသတည်း။

အမှန်တော့ ထိုအချိန်တုန်းက သည်းမခံနိုင်လောက်ဖွယ်ရာ ဟုထင်ခဲ့ရသည့် ထိုအရာများအားလုံးက ယခုအခြေအနေနှင့်ယှဥ်သော် မှုန်ဝါးလွင့်ပြယ်သွားရပြီဟု ထင်မှတ်ရပေ၏။

ယခုပထမနှစ်အခန်းတစ်မှ ဂြိုဟ်ကောင်လေးများကို ကြည့်လိုက်မိသည့်အခါ သူ့မှာ ဒီထက်ပိုပြီး မခံမရပ်နိုင်မဖြစ်နိုင်တော့ဘဲ ထိတ်လန့်ခြင်းကြောင့် မသက်မသာဖြစ်ရခြင်းသာ။

ယခုအားလပ်ရက်ရောက်သည့်အခါ သူ့အနေဖြင့် ဘုရားကျောင်းသွားကာ အကာ အကွယ်အဆောင်လက်ဖွဲ့များ တောင်းယူဆောင်ထားသင့်ပြီဟု သူ့ဘာသာတွေးလိုက်မိ၏။

အတန်းနားချိန်ဝယ် Class1မှကျောင်းသားများသည်လည်း အမှန်တကယ်ကို ရှီလီမပါဝင်သည့် Group Chatတစ်ခုကို ကောက်ခါငင်ကာ ဖွဲ့စည်းလိုက်လေသည်။

ထိုGroup Chat၏ရည်ရွယ်ချက်ကားသင်္ချာချိန်မှာ ဖြစ်သွားခဲ့သည့် သဘာဝလွန်ဖြစ်ရပ်ကို ဆွေးနွေးဖို့ပါပင်။

(OMG‼အတန်းချိန်တုန်းကအဲဲဒီအသံကတကယ်ကို ရှီလီပါ၊ဟုတ်တယ်မလား)

(ငါလည်း သူ့အသံလို့ထင်တယ်)

(အပေါ်က တစ်ယောက်ကို ထောက်ခံတယ်ဗျို့)

ရှီလီ၏ထိုင်ခုံဖော်(ငါသူ့ကို သေချာစောင့်ကြည့်နေတာပဲဲ။ အဲဒီအသံ ထွက်လာတုန်းက သူ့ပါးစပ်က လုံးဝကို ပွင့်မနေတာ)

(ဘုရားသခင်၊ငါ တကယ်ကြောက်လာပြီ။ သူ မသန့်ရှင်းတာတစ်ခုခုနဲ့ တွေ့လာတာများ ဖြစ်နိုင်မလား)

ရွှတ်နောက်နောက် အတန်းသားတစ်ဦးက ပြက်လုံးထုတ်လိုက်၏။ (သူက မသန့်ရှင်းတဲ့ဟာမျိုးကို တွေ့လာတာမျိုးတော့ သေချာပေါက် မဟုတ်နိုင်ဘူး၊ငါတို့လည်း ဖြစ်နိုင်တာပဲလေ)ခွေးခေါင်းအီမိုဂျီဖြင့်

(မင်းပါးစပ်ကို ပိတ်ထား)

အတန်းသားတို့၏ဆွေးနွေးမှုခေါင်းစဥ်ကမူ လအကြောင်းအရာနှင့် တဖြည်းဖြည်းသွေဖယ်လာလေရာ ထိုလမ်းကြောင်းကို ပြန်လည်တည့်မတ်သိမ်းပေးရန်အတွက် အတန်းမော်နီတာက ထိုGroup Chatထဲသို့ ဝင်ရောက်လာခဲ့၏။

အတန်းမော်နီတာက နက်နက်ရှိုင်းရှိုင်းတွေးဆကာ ပြောလိုက်သည်။

“ငါတို့မိဘတွေကို ဒီအကြောင်းကို မပြောနဲ့ဦး။ ရှီလီကိုလည်း ဒီအကြောင်း ပေးသိလို့ မဖြစ်သေးဘူး။ ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာပဲ ငါတို့ စောင့်ကြည့်ရအောင်။ တကယ်လို့ အဲဒါက တကယ်မှန်နေမယ်ဆို ငါတို့အတွက် ကောင်းတဲ့ကိစ္စမျိုးလည်း ဖြစ်နိုင်တာပဲ”

2 04

အနာဂတ်ကို ကြိုသိနိုင်ခြင်းဟူသည့် အဓိပ္ပါယ်ကား သူတို့က ကံကြမ္မာကောင်းများကို ပိုမိုရှာဖွေနိုင်မည့် အပိုထပ်ဆောင်း အားအင်ဖြစ်ကာ ဘေးဒုက္ခများကိုပါ ရှောင်ရှားနိုင်ပေမည်။

ထိုကိစ္စများက မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ သူကမူ အမှန်ဖြစ်ကိူတောင် မျှော်လင့်မိလေသည်။

ထို့နောက် အတန်းခေါင်းဆောင်က ဝေ့ယီကို မန်းရှင်းထပ်ခေါ်လိုက်၏။

(ဝေ့ယီ၊ မင်းအိမ်ပြန်ပြီး အတည်ပြုချေ။ တကယ်လို့ မင်း ပြဿနာ ဖြေရှင်းဖို့ တစ်ခုခု တွေ့ကြုံပြီဆို မင်းကို ကူညီပေးဖို့ မင်းအတန်းဖော်တွေကို လွတ်လွတ်လပ်လပ်သာ ပြောလိုက်။ မင်းအတွက် လုပ်ပေးဖို့ ငါတို့အားလုံး တုံ့ဆိုင်းနေမှာ မဟုတ်ဘူး)​

အတန်းခေါင်းဆောင်က ထိုစာပို့လာပြီးနောက် ဝေ့ယီက သူ့ကို ကျေးဇူးမတင်ရသေးမီမှာပင် သူမ၏ကိုယ်ပိုင်မက်ဆေ့ချ်ဘောက်စ်ထဲသို့ စာတစ်စောင် ရောက်လာခဲ့၏။ (ငါတို့မိသားစုက ဆေးရုံတွေကို အုပ်ချုပ်ရတာ မင်းသိမှာပါ။ တကယ်လို့ မင်းသာDNAစစ်ဆေးချက် လုပ်ချင်ရင် ငါတို့က မင်းကို အမြန်ဆုံးစမ်းသပ်ပေးနိုင်တယ်။ ပြီးတော့ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုမျိုးပဲ)

ဝေ့ယီက ပြုံးလိုက်ပြီးနောက် Chat boxမှာစာရိုက်လိုက်၏။ (ကျေးဇူးတင်ပါတယ်။ ငါ လိုအပ်ရင် နင့်ဆီ လာခဲ့ပါ့မယ်)

သူမက Group chatထဲမှာရှိသည့် အတန်းဖော်တိုင်း၏အာရုံစိုက်မှုကို ကျေးဇူးတင်လိုက်ကာ နောက်ထပ်ဘာလုပ်ရမည်ကို တစိမ့်စိမ့်တွေးမိ၏။

နောက်ဆုံးမှာတော့ ကျောင်းဆင်းသွားခဲ့ပြီဖြစ်ကာ ရှီလီလည်း သူမကျောင်းလွယ်အိတ်ကိုယူကာ ထရပ်လိုက်သည်။ သို့သော် ဝေ့ယီက သူမကို ဟန့်တားလိုက်လေသည်။

“ရှီလီ၊နင် ဒီညအားလား။ ရူပဗေဒအချိန်တုန်းက ဆရာရှင်းပြတဲ့ပုစ္ဆာတပုဒ်ကို ငါ နားမလည်လိုက်လို့။ အဲဒါ နင် ဒီည ငါ့အိမ်လာပြီး ရှင်းပြပေးလို့ရမလားဟင်”

အမှန်တော့ ၎င်းက ဆင်ခြေသက်သက်သာ။

သူတို့လိုမိသားစုကြီးများအနေဖြင့် မငှားရမ်းနိုင်သည့် နည်းပြအမျိုးအစားက မည်သို့ ရှိမည်နည်း။ စာရှင်းပြဖို့ရာအတွက် သူတို့အတန်းဖော်ကို အဘယ်ကြောင့် လိုအပ်ရမည်နည်း။

အမှန်တော့ ရှီလီမှာလည်း ကိုယ်ပိုင်အစီအစဥ်ရှိပါ၏။ သူမက အမျိုးသားဇာတ်ဆောင်ရှေ့မှာ မျက်နှာချင်းဆိုင် ဆောင်ရွက်ရမည့်နေ့စဥ်တာဝန်ကို ပြီးမြောက်အောင်မြင်စေရန် သွားရောက် ဆောင်ရွက်ချင်လေသည်။

တွေဝေတုံ့ဆိုင်းနေမိသည့် ရှီလီ၏အမူအရာကို ကြည့်ကာ သူမမှာ အခြားအစီအစဥ်ရှိကြောင်း ဝေ့ယီက သိလိုက်သည်။

သို့သော် ရှီလီမှာ အခြားကိစ္စရှိနေသည်ကို ဝေ့ယီက ဂရုမစိုက်ပေ။ ယနေ့မှာတော့ ရှီလီကို သူမတို့အိမ်သို့ သေချာပေါက် ခေါ်ဆောင်သွားဖို့သာ ဆုံးဖြတ်ထပါ၏။

ယခုသူမ၏အချိန်က အလွန်ကို ကျဥ်းထဲကြပ်ထဲ ရောက်နေပေသည်။ သူမအနေဖြင့် သူမဖခင်မှာ အမှန်တကယ်ကို အမြှောင်မယားနှင့်တရားမဝင်ကလေးများ ရှိနေသည်လားဆိုသည်ကိူ ဤသုံးရက်အတွင်းမှာ အတည်ပြုဖို့လိုအပ်ပါ၏။

အကယ်၍သူမမှာသာ အချိန်ရလျှင် ထိုကိစ္စကို တဖြည်းဖြည်းချင်း စစ်ဆေးဖို့ အလွတ်စုံထောက်များကို အသုံးပြုလို့ရသေးသည်။

သို့သော် ယခုက သူမဖခင်၏ဘဝနှင့်သေခြင်းတရား ဖြစ်နေသည်လေ။

အကယ်၍သူမအဖေမှာက အမှန်တကယ်ကို အမြှောင်မယားများနှင့် တရားမဝင်ကလေးများ ရှိနေခဲ့ပြီး၊ ထို့နောက် သူမအဖေကလည်း ကားမတော်တဆမှုဖြင့် သေဆုံးသွားခဲ့သော် ကောင်းပြီ။ အဲဒါက အဲဒါပဲပေါ့။

အကယ်၍ သူမအဖေမှာသာ အမြှောင်မယားတွေရှိမနေခဲ့လျှင် ရှီလီ၏စကားများက လုံးဝဥသုံမှန်ကန်မနေကြောင်း သက်သေပြနိုင်ခဲ့လျှင်တောင် သူမဖခင်၏ဘေးကင်းလုံခြုံမှုနှင့်တော့ သက်ဆိုင်နေသေးသည်ပင်။ သူမအနေဖြင့် ထိုအတွက် အလောင်းအစား မပြုလုပ်နိုင်လေရာ ကြိုတင်ကာကွယ်မှုတော့ ရယူရပေလိမ့်မည်။

2 05

ဝေ့ယုံရှန်း:အဲ့တော့ ငါ့မှာသာ အမြှောင်မယားတွေရှိနေခဲ့ရင် ငါ့ကို ကယ်ဖို့ မလိုတော့ဘူးဆိုတဲ့ သဘောပေါ့ဟုတ်လား။

အတိုချုပ်သော် ယခုသူမအနေဖြင့် ရှီလီထံမှတဆင့် ထိုဖြစ်နိုင်ချေရှိသည့် အမြှောင်မယားများကို ဖော်ထုတ်ကာ အချိန်ကိူချေ။ ……..

သို့သော် ရှီလီကမူ သူ အခုချိန် ဖုန့်ယွင်ဟယ်ဆီ သွားတာက သူမ၏နေ့စဥ်လုပ်ငန်းဆောင်တာတစ်ခုကို သွားရောက်စစ်ဆေးခြင်းသာ ဖြစ်သည်ဟု တွေးမီ၏။

ယခုသူမအတွက်က ဇာတ်ကြောင်းအတိုင်း ရေလိုက်ငါးလိုက် မျောပါသရုပ်ဆောင်မည့် အချိန်မဟုတ်ပေ။

ယခုဖုန့်ယွင်ဟယ်ထံ မသွားရောက်ခြင်းက မည်သို့သောအကျိုးသက်ရောက်မှုမှ မရှိပေ။ သို့သော် ယနေ့ဝေ့ယီကို သာငြင်းပယ်လိုက်ပါက သူမတချို့သော အရေးပါအရာရောက်မှုတို့ကို လက်လွှတ်ရပေလိမ့်မည်။

ယနေ့သူမသာ ဝေ့ယီတို့အိမ် လိုက်သွားပါက ဝေ့ယီ၏ဖခင်ထိုငမိုက်သားကြီးက ဘာနှင့်တူလဲဆိုတာကိုတောင် မြင်ရဦးမည်။

ယခုသူမအနေနှင့် အရင်ဆုံးဝေ့ယီနှင့်ရင်းနှီးမှုရယူကာ နောက်ပိုင်းလိုအပ်လာမည့် လူသေပြီးနောက် ချက်ချင်း မီးသင်္ဂြိုဟ်ပစ်ရန်ဟူသည့် အင်မတိအင်မတန် လျော်ကန်သော သတိပေးချက်များကို ပေးနိုင်ပေလိမ့်မည်။ သို့မဟုတ်လျှင် ထိုအမေနှင့်သမီးတို့၏မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်ခြင်းများကိုသာ ဖြစ်စေမည်လေ။

သို့ဆိုလျှင်သူမက သခင်ကြီးဝေ့၏အောက်မေ့ဖွယ်ခန်းမသို့ သွားရောက်ကာ ထိုလူ၏ဇာတ်လမ်းများကို တိုက်ရိုက်ကြည့်ရှုနိုင်ပေလိမ့်မည်။

ပြီးခဲ့သည့် ဘဝတုန်းက ရှီလီအနေဖြင့် ထိုအမြှောင်မယားနှင့်တရားမဝင်ကလေးများအကြောင်းကို တဆင့်စကားဖြင့်သာ ကြားခဲ့ရခြင်းပင်။ ယခုဘဝမှာတော့ သူမအနေဖြင့် တိုက်ရိုက်ကြည့်ရှုခွင့်ကို သာလိုချင်ပါ၏။

ရှီလီကို အိမ်ခေါ်နိုင်မည့် ဆင်ခြေဆင်လက်မျိုးကို ဝေ့ယီ တွေးတောနေစဥ်ဝယ် အလွန်ရင်းနှီးလှသည့် အသံကို ကြားလိုက်ရပြန်သည်။

(အဲဒါကို မေ့လိုက်တော့၊ ဖုန့်ယွင်ဟယ်ကိုက ဘယ်ချိန်မဆိုငါ မြင်နိုင်နေတာကို ။ ငါ အခုနေသာ ဝေ့ယုံရှန်းကို မတွေ့ရရင် သိပ်မကြာခင် အဲဒီငမိုက်သားလူအိုကြီးရဲ့အဖြူအမည်းဓာတ်ပုံကိုပဲ တွေ့ရတော့မှာ)

ဝေ့ယီ…အဲဒီဝေ့ယုံရှန်းကသာ သူမ၏ဖခင်မဟုတ်ပါက သူမအနေဖြင့် တိတ်တိတ်ကလေး ကျိတ်လှောင်ရမည်သာ။

******

3 01

အပိုင်း 3.

ကျောင်းဆင်းခေါင်းလောင်းထိုးပြီးပြီဆိုပါလျှင် ဤစာသင်ခန်းထဲမှာ ကျန်နေသည့် ကျောင်းသားများကား သူတို့၏ကျောင်းလွယ်အိတ်များကို သယ်ပိုးယူဆောင်ကာ အိမ်ကနေ အကြိုလွှတ်မည့် ကားဒရိုင်ဘာများဆီသို့သာ ပြေးလွှားသွားသင့်တယ် မဟုတ်ဘူးလား။

ယခုအချိန်မှာတော့ တစ်ယောက်မှ ထွက်ခွာမသွားသေးသလို အသံလေးတစ်သံကိုမှ မပြုကြပေ။

လူတိုင်းလူတိုင်းက လိပ်အိုကြီးများနှယ် လေးကန်စွာဖြင့် သူတို့၏ကျောင်းလွယ်အိတ်များကို သိမ်းဆည်းနေကြပေ၏။

သူတို့အားလုံးသည်ကား ထိုနှစ်ဦးသားကြားမှ အချက်အလက်သေးသေးလေးကိုသော်မျှ လွဲချော်သွားမည်ကို ရှောင်လွှဲလိုသည်လေ။

ဤမျှတိတ်ဆိတ်ငြိမ်သက်လွန်းသော ပတ်ဝန်းကျင်က သူတို့၏အတွင်းပိုင်းအကျဆုံးသော အတွေးများကို ကြားရဖို့ရန်လိုအပ်သည့် အကောင်းဆုံးအခြေအနေကို ထောက်ပံ့ဖန်တီးပေးထားပါ၏။

ရှီလီသည်ကား စေ့စပ်ညှိနှိုင်းရေးမှူးဖြစ်လာလျှင် အကောင်းဆုံးပါပင်ဟု ကျောင်းသားတိုင်းက သူတို့ဘာသာတွေးမိကြ၏။ ဤလူသည်ကား လူများကို သွေးဆောင်ဖျားယောင်းရာတွင်ကောင်းလွန်းလှသည်လေ။

ယခုသူတို့အားလုံးကားဝေ့ယီ၏အိမ်သို့ တညီတညာတည်း သွားချင်လွန်းလှ၏။

ယခုဝေ့ယီ၏ထိုင်ခုံဖော်ကဲ့သို့ပင် ဤအတန်းတိုင်း သူရဲကောင်းတချို့တလေက အနည်းအကျဥ်းတော့ ရှိတတ်သည်သာ။

သူမတို့နှစ်ဦးက ဤအခန်းထဲမှာတော့ အရင်းနှီးဆုံးဆက်ဆံရေးရှိသူများ ဖြစ်ကြ၏။ ထို့ကြောင့် သူမကပင် ဦးဆောင်ဆိုလိုက်သည်။ ဒါကသူမအတွက် မဟုတ်ပဲကျန်သည့် အတန်းအတွက် အကျိုးအမြတ် ပြုနိုင်ပေမည်။

သူမက ဆိုလိုက်၏။

“ယီယီ၊ ငါရော နင်တို့အိမ်မှာ ညစာလိုက်စားလို့ရမလားဟင်။ ”

တက်ကြွထက်သန်လွန်းလှစွာသော အကြည့်ပေါင်း သုံးဆယ်က ဝေ့ယီ၏မျက်နှာထက်သို့ သက်ဆင်းလာ၏။ သူတို့လည်း သွားချင်သည်လေ။

ဝေ့ယီအိမ်သို့ လည်ပတ်ဖို့အတွက် ဖိတ်ကြားခြင်းခံရသည့် ရှီလီထက်တောင်မှ သူတို့အားလုံးထံမှာ သွားချင်လွန်းလှသည့် အကြောင်းပြချက်တစ်ခုမက ရှိနေပါသည်။ ဝေ့ယီအနေဖြင့် အဘယ်ကြောင့်များ ရှီလီကို သူတို့အိမ်သို့ ဖိတ်ခေါ်ရသနည်းဆိုသည်ကို လူတိုင်း ခန့်မှန်းနိုင်ကြသည်ပင်။

ရှီလီထံမှာ ဝန်းရံနေသည့် ထိုထူးဆန်းထွေလာ အကြောင်းကိစ္စများအပေါ် ယုံမှားသံသယများကို သူတို့လည်း သိရှိလိုကြသည်။

အကယ်၍များ ဝေ့ယုံရှန်း၏အမြှောင်မယားများအကြောင်းကို သူတို့ကြားရသော် သူတို့အနေဖြင့် အဘယ်မျှလောက်ထိ ရွှင်ပျကြည်နူးရလိမ့်မည်ကို စိတ်တောင် မကူးနိုင်ပါပေ။

သူ့အတန်းဖော်များက မည်သို့ တွေးနေကြမည်ကို ဝေ့ယီတစ်ယောက် မသိနိုင်ဖို့က မည်သို့ ဖြစ်နိုင်မည်နည်း။ လုံးဝဥသုံကို မဖြစ်နိုင်ပါပေ။

ရှီလီကို သူမ အိမ်သို့ ခေါ်ဆောင်သွားပြီး အမြှောင်မယားဖမ်းမည့်ပွဲဝယ် ထိုသုံးဆယ်မျှသောအတန်းဖော်များကို ပြန်ခေါ်သွားပြီး သူမက ဘာလုပ်ရမည်နည်း။

နွေဦးပျော်ပွဲ ထွက်ကြမလို့လား။

အကယ်၍ထိုအခြားသူများကသာ အမြှောင်မယားဖမ်းခြင်းကို ရှီလီကဲ့သို့ သူမကို ကူညီပေးနိုင်ပါလျှင် လူနည်းနည်းလေးကို ထပ်ခေါ်သွားရတာက ပြဿနာ မဟုတ်ပေ။

သို့သော် ယခုအချိန်မှာ အသုံးတည့်သူက ရှီလီတစ်ယောက်တည်း ဖြစ်နေသည်က ထင်ရှားလှပါသည်။

လမ်းပျောက်နေမှတော့ တခြားနေရာကိုသာ အေးဆေး ကန်ထုတ်လိုက်ပေတော့။

တလိမ့်လိမ့်လည်နေသော ဝေ့ယီ၏မျက်လုံးများက သူမ၏သဘောထားများကို ရှင်းရှင်းလင်းလင်းကြီး ဖော်ပြနေပါ၏။

ထိုအကြောင်းကိုတောင် မတွေးမိပေ။

၎င်းတို့က သူတို့ပန်းတိုင်ကို မဆုပ်ကိုင်မိလိုက်သော်လည်း စိတ်ပျက်လက်ပျက်တော့ ဖြစ်မသွားကြပါလေ။

ဘာဖြစ်ဖြစ် သူတို့က ဝေ့ယီ၏နေရာမှာသာ ကိုယ်ချင်းစာမကြည့်နိုင်ဘူးဆိုလျှင် သူတို့အတန်းတစ်တန်းလုံးကား ယခုလိုမျိုး အိမ်မပြန်ဘဲ ရှိနေကြမည်မဟုတ်ပေ။

ဝေ့ယီသည်ကား ရှီလီ၏လက်မောင်းကို ချိတ်တွယ်ကာ အလွန်ချစ်ကြည် ရင်းနှီးလှလေဟန်ဖြင့် အခန်းထဲမှ ထွက်ခွာသွားတော့၏။

သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက် ယခုနကမှပင် တိတ်ဆိတ်နေခဲ့သည့် စာသင်ခန်းကား ဗုံးတစ်လုံး ပေါက်ကွဲသည့်နှယ် ဆူညံပေါက်ကွဲလာလေသည်။

သူတို့အားလုံး ဆွေးနွေးကြသည်ကတော့ အမျိုးမျိုးအဖုံဖုံပါပင်။ ထူးခြားဆန်းကျယ်လှသည့် ရှီလီအကြောင်း၊ အမြှောင်မယားထားကာ ပွေရှုပ်လှသည့် ဝေ့ယီ၏ဖခင်အကြောင်း အစရှိသည်ဖြင့်ပင်။

စာသင်ခန်းအတွင်းဝယ် စက္ကန့်လေးတဝက်မျှပင်ပိုပြီး မနေချင်ကြသည့် ဤလူ့မလိုင်ငယ်လေးတသိုက်သည်ကား ယနေ့မှာတော့ မယုံနိုင်စရာကောင်းလောက်အောင်ပင် ကျောင်းဆင်းပြီး တစ်နာရီနီးပါးကြာသည့်တိုင် ထွက်မလာကြသေးပါပေ။

3 02

အချိန်တစ်ခု ကြာသည်အထိ သူတို့၏အစောင့်ရှောက်ခံ သခင်လေး၊သခင်မလေးများကို မတွေ့ရသည့် ကားဒရိုင်ဘာများသည်ကား သူတို့တတွေ ကျောင်းထဲမှာ တစ်ခုခုဖြစ်နေမည်ကို စိုးရိမ်လေရာ ကျောင်းထဲသို့ လာရောက်ရှာဖွေကြတော့သည်။

သူတို့အားလုံးက အတန်းထဲမှာပင် အေးအေးလူလူ ထိုင်နေကြသည်ကို မြင်ပါမှ သူတို့အားလုံးလည်း အပြင်ဘက်ကော်ရစ်ဒါမှာပင် ရပ်စောင့်နေလိုက်ပါ၏။

မကြာပါချေ။ ထိုကော်ရစ်ဒါဝယ်ကျောင်းသားများကို ပြန်ခေါ်သွားရမည့် ကားဒရိုင်ဘာများဖြင့် ပြည့်သွားတော့၏။

ကျောင်းအုပ်ကြီးက ယခုချိန်ထိ ရုံးမဆင်းရသေးပေ။ တုတ်ခိုင်သန်မာသော အမျိုးသားများက Class-1ရှေ့ ကော်ရစ်ဒါဝယ် အတန်းလိုက်ကြီး မတ်တပ်ရပ်နေသည်ကို တွေ့သည့်အခါ ကျောင်းတွင်းအကြမ်းဖက်မှုကဲ့သို့သော ပြင်းထန်သည့် မတော်တဆမှုတော့ ဖြစ်လေပြီဟု သူက တွေးလိုက်မိလေရာ သူ့ခမျာ ချွေးအေးတွေတလှေကြီး လျှံထွက်လာတော့၏။

အကယ်၍များ ထိုအဖိုးတန်ကလေးများမှာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သော် ၎င်းတို့၏မိသားစုများထံသို့ သူ မည်သို့မည်ပုံ ရှင်းပြရပါမည်နည်း။

ကျောင်းအုပ်ကြီး၏အတွေးများသည်ကား ပရမ်းပတာ ပြေးလွှားနေလေတော့သည်။ ရှင်းပြချက်ကို မရမနေ တောင်းခံကြမည့်မိဘများမှသည် သူ အလုပ်ထွက်ဖို့ ဖိအားပေးခံရခြင်းအထိ ပါဝင်ကာ ထို့နောက်မှာတော့ နေရာတိုင်းကို သူ၏ကိုယ်ရေးရာဇဝင်များကို စိတ်ပျက်လက်ပျက်ဖြင့် ပေးပို့ရမည်ဖြစ်ပြီး သူသည်လည်း လူတွေကို မျက်စိနောက် ကန့်လန့်စေနိုင်သည့် စွမ်းအားမျိုးရှိလေရာ မည်သည့် ကုမ္ပဏီကမှ သူ့ကို အလုပ်ခန့်ကြတော့မည် မဟုတ်ပေ။

အလုပ်မလုပ်နိုင်မှတော့ နောက်လာမည့်နှစ်များကတော့ ကြေကွဲဝမ်းနည်းဖွယ်ရာဖြစ်ကာ သူ့ဇနီးက သူ့ကို ထားခဲ့ပြီး သူ့သားသမီးမျာစကပါ သူ့ကို စွန့်ပစ်သွားပါလျှင်…..

ကျောင်းအုပ်ကြီးကာ ကော်ရစ်ဒါတလျှောက်မှ ထိုဒရိုင်ဘာများကို တွန်းထုတ်ပစ်တိုက်ကာ စာသင်ခန်းတံခါးကို ဒရောသောပါး ဖွင့်လိုက်လေတော့သည်။

သူ့စိတ်အတွင်းမှလူမဆန်သည့် မြင်ကွင်းမျိုးက တကယ်တမ်းမှာတော့ ထွက်ပေါ်လာခြင်းမရှိပါလေ။ ထိုကျောင်းသားများကား ထိုင်ခုံပေါ်မှာ ထိုင်ကာ တစ်စုံတစ်ရာကို အကြိတ်အနယ် ဆွေးနွေးနေပုံပေါ်ပါ၏။

“မင်းတို့ ဘာလို့ ခုချိန်ထိ အိမ်မပြန်ကြသေးတာတုန်း။ ဘာတွေလုပ်နေကြတာလဲ။ ”

သူက မေးလိုက်၏။

စိတ်ရှုပ်ထွေးနေကြသည့် အကြည့်များအတွဲလိုက်ကို ရရှိလိုက်လေရာ ကျောင်းအုပ်ကြီးခမျာ သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ဆွဲထုတ်ကာ နဖူးထက်မှချွေးအေးများကို သုတ်ဖယ်လိုက်ပါ၏။

သူကား သူ့မျက်နှာကို ကာကွယ်ရန်အလို့ငှာ လည်ချောင်းရှင်းလိုက်ပြီးမှ

“ ကျောင်းဆင်းပြီးရင် မင်းတို့တွေအိမ်ကို တန်းပြန်သင့်တယ်နော်။ ကျောင်းမှာပဲ အချိန်ဆွဲမနေကြနဲ့။ မဟုတ်ရင် မင်းတို့မိဘတွေ စိတ်ပူနေလိမ့်မယ်။ ”

ထိုကျောင်းသားတို့သည်ကား ကျောင်းအုပ်ကြီး၏ရှုပ်ထွေးရှည်လျားလှသော အတွေးရထားတို့ကို မည်သို့ စိတ်ကူးယဥ် တွေးတောနိုင်ကြမည်နည်း။ ထို့ကြောင့် သူတို့အားလုံးက ဤသည်ကား ကျောင်းအုပ်ကြီး၏ထူးထူးဆန်းဆန်း ရူးကြောင်မှုဟုသာ မှတ်ယူလိုက်တော့၏။

စာသင်ခန်းတစ်ခန်း၏ပင်မကျောရိုးသဖွယ်ဖြစ်သည့် အတန်းခေါင်းဆောင်က နေရာမှ မတ်တပ်ထရပ်လိုက်ကာ

“ဟုတ်ကဲ့၊ဆရာ။ ကျနော်တို့ အခုပဲပြန်လိုက်ပါ့မယ်”

အတန်းခေါင်းဆောင်က ထွက်လမ်းတစ်ခု ကမ်းလှမ်းလိုက်ပေရာ ကျောင်းအုပ်ကြီးကလည်း သဘာဝကျကျပင် လက်ခံလိုက်ပြီး ဆော်သြလိုက်ပါ၏။

“ဒါဖြင့် အိမ်ပြန်လမ်းမှာ ဂရုစိုက်ကြ”

လူတိုင်းလူတိုင်းသည်လည်း နှစ်ယောက်တစ်တွဲသုံးယောက်တစ်တွဲဆိုသလိုပင် အခန်းထဲမှ ထွက်ခွာသွားကြတော့၏။ သူတို့တတွေ ကားထဲကို ရောက်ပြီးနောက်မှာမှ ဆိုရှယ်မီဒီယာပေါ်မှGroup Chatအသစ်ထဲ Addခံထားရသည်ကို တွေ့ရှိကြတော့၏။

ဤClass1၏ Grroup Chatအသစ်ဝယ် ရှီလီနှင့်ဝေ့ယီမှလွဲ၍ လူတိုင်းပါဝင်သည်ပင်။

နေ့လည်ကဖန်တီးခဲ့သည့် Group Chatအတွင်းဝယ် ဝေ့ယီပါဝင်နေလေရာ သူတို့အနေဖြင့် ဝေ့ယုံရှန်းအကြောင်းကို ထိုနေရာမှာ ဆွေးနွေးလို့မရပေ။

ဝေ့ယုံရှန်းက မည်သို့သောလူစားမျိုးပင် ဖြစ်နေပါစေ။ ဝေ့ယီ၏သွေးသားရင်းဖခင် ဖြစ်နေသေးသည်ပင်။

ထို့ကြောင့် သူ့သမီးရှေ့မှာတော့ သူ့အဖေအမှားများအကြောင်းကို ဆွေးနွေးဖို့ရာအထိ သူတို့ကမရူးမိုက်သေးပေ။

ဝေ့သခင်ကြီး၏အကြောင်းကို ဤGroupငယ်လေးအတွင်းမှာ တက်တက်ကြွကြွ ဆွေးနွေးနေကြစဥ်ဝယ် ဝေ့ယီသည်လည်း ရှီလီကို သူမအိမ်သို့ ခေါ်ဆောင်သွားခဲ့ပါ၏။

ဝေ့ယီ၏မိသားစုက အိမ်ရာမြေအသစ်များ တိုးတက်ဖွံ့ဖြိုးသည့် နေရာမှာတည်ရှိလေရာ ယခုဗီလာသည်လည်း အတော်ကြီး သစ်လွင်ကောင်းမွန်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းကမှ တည်ဆောက်ထားခဲ့ခြင်းပင်။

3 03

ပြီးခဲ့သည့် ဘဝတုန်းကတော့ ရှီလီကား ဝေ့ယီနှင့်သာမန်အတန်းဖော်ဟူသည့် ဆက်ဆံရေးမျိုးသာ။ ထို့ကြောင့် တစ်ယောက်အိမ်တစ်ယောက် လည်ပတ်ရလောက်အောင်အထိလည်း လုံလုံလောက်လောက် မရင်းနှီးခဲ့ကြ။

ယခုတစ်ကြိမ်ကတော့ သူမဤဝတ္ထုထဲသို့ ကူးပြောင်းလာပြီးကတည်းက ဝေ့ယီတို့အိမ်သို့ ရောက်လာသည့် ပထမဆုံးအကြိမ်ပါပင်။

သူတို့ဗီလာတံခါးကို ဖွင့်ပြီး မကြာမီပင်ဝေ့ယီ၏ခေါ်သံထွက်လာ၏။

“မား၊ဒီမှာသမီးရဲ့အတန်းဖော်ကို အိမ်ခေါ်လာတယ်”

ဝေ့ယီ၏မိခင်က အချိန်ပြည့်အိမ်ရှင်မပင်။ နှစ်ဦးသား လက်ချင်းချိတ်လို့ အခန်းထဲဝင်သွားချိန်ဝယ် သူမ ကော်ဖီစားပွဲပေါ်မှ မြေဆီအိုးတချို့ကို သန့်စင်နေခဲ့ခြင်းပင်။

မီးဖိုချောင်ထဲမှာတော့ အိမ်အကူများက ချက်ပြုတ်နေခြင်းဖြစ်ပေရာ အလွန်မွှေးပျံ့လှသောသင်းရနံများကလေးနှင့်အတူ ဝေ့ဝဲပါလာလေသည်။

အတန်းသစ်စတင်ချိန်က နှစ်လဝန်းကျင်မျှသာ ရှိသေးလေရာ အတန်းဖော်များ၏ဆက်ဆံရေးက ထိုမျှလောက်မနီးကပ်သေးပေ။

ရှီလီသည်ကားဝေ့ယီအိမ်ခေါ်လာသည့် ပထမဆုံးသောအထက်တန်းအတန်းဖော်ဖြစ်သည်။

ထို့ကြောင့် ဝေ့ယီ၏မိခင်က သူ့သမီး၏အတန်းဖော်ကို နွေးထွေးပျူငှာစွာ နှုတ်ဆက်လိုက်လေသည်။

“အိုး၊ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ ကလေးမလေးလည်းကွယ်”

သူမက နူးညံ့ညင်သာသောအပြုံးဖြင့် ပြောလိုက်၏။

“မင်းကယီယီလေးအိမ်ကို ခေါ်လာတဲ့ပထမဆုံးသူငယ်ချင်းပဲ။ ”

ဝေ့ယီမိခင်၏စကားများကို ကြားသော်ရှီလီမှာကြောင်အလုနီးနီးပင်။

ရှီလီကားကူကယ်ရာမဲ့စွာဖြင့်ပင်သူမစိတ်တွင်းထဲမှနေ၍တိတ်တိတ်ကလေးပြက်ရယ်ပြုလိုက်၏။

(ဝေ့ယီအမေက ဧကန္တဝတ္ထုတွေ အရမ်းအဖတ်များနေတာ မဟုတ်ဘူးလား။ သူ့စကားပြောတဲ့ အဲဒီအသံက သခင်လေးတွေရဲ့အိမ်တော်ထိန်းတွေက အမျိုးသမီးဇာတ်ဆောင်တွေကို ပြောလေ့ရှိတဲ့ဟိုစကားကြီးလိုပဲ။ ဘာတဲ့။ သခင်လေး အိမ်ခေါ်လာသမျှ လူတွေထဲမှာ မမလေးကတော့ ပထမဆုံးအမျိုးသမီးပါပဲဆိုတာလေ)

ရှီလီ၏စိတ်တွင်းမှ အရွှန်းဖောက်မှုကြောင့် ဝေ့ယီမှာ ကူကယ်ရာမဲ့စွာပင် ရယ်သံများ လျှံထွက်လာရတော့၏။ သူမအမေက အမှန်တကယ်ပင် ဝတ္ထုစာအုပ်များကို နှစ်သက်သူဖြစ်ကာ သူမ၏လက်ထပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းကိုတောင်မှ ထိုဝတ္ထုများထဲမှနေ၍ ကောင်းကောင်းကြီး ပမာပြုလေ့လာခဲ့ခြင်းသာ။

(ဒီနေရာကနေ ထွက်သွားပြီးရင် နောက်စကားတစ်ခွန်းကတော့ “ငါတို့သခင်လေးက အခုလို ရယ်မောနေတာမျိုးကို မမြင်ရတာကြာလှပြီ”ဆိုတာတောင် ဖြစ်နေမလားပဲ)

နောက်တစ်ကြိမ်သာ ရယ်မောမိပါက ရှီလီအနေဖြင့် တစ်စုံတစ်ရာကို သတိပြုမိသွားမည်ကို ကြောက်ရွံ့လေရာ ဝေ့ယီခမျာ မရယ်မောရဲတော့ဘဲ သူမလက်ဖဝါးများကို သာဆိတ်ဆွဲကာ ခက်ခက်ခဲခဲ ချုပ်တည်းထားရပါ၏။ သူမ တကယ်တော့ လုံးဝကို မရယ်မောနိုင်ပါပေ။

“ဟယ်လို၊အန်တီ။ ကျမက ရှီလီပါ။ အန်တီက တကယ်ကို အရမ်းလှတာပဲ။ ဝေ့ယီအရမ်းချစ်စရာကောင်းတာ အံ့သြစရာ မရှိတော့ပါဘူး။ အန်တီ့သမီးလေး ဖြစ်နေတာကိုး”

ရှီလီ၏မြှောက်လုံးပင့်လုံးများက သူမကို ကျယ်ကျယ်လောင်လောင် ရယ်မောစေတော့၏။

“တကယ်ကို စကားချိုချိုလေး ပြောတတ်တာပဲ”

အမှန်တကယ်တော့ ရှီလီ၏စကားများက လုံးလုံးလျားလျားကြီး မြှောက်ပင့်ပြောဆိုခြင်းတော့ မဟုတ်ပါပေ။ ဝေ့ယီ၏မိခင်က အမှန်တကယ်ကို လှပလွန်းပါ၏။

3 04

ထိုအမျိုးသမီးကြီးကား မက်မွန်ပွင့်မျက်ဝန်းများနှင့် ချယ်ရီရောင်နှုတ်ခမ်းများရှိကာ ဆံနွယ်များကမူ အနက်ရောင်ပိုးသားရေတံခွန်နှင့် စီးသွယ်ဖြာကျနေပြီး သူမနှုတ်ခမ်းများထက်မှာလည်း ညင်သာသိမ်မွေ့လှသည့် အပြုံးဖြင့် တန်ဆာဆင်ယင်ထားပါသေး၏။

သူမက အိမ်နေရင်းမှာပင် လက်ဝတ်ရတနာ အများအပြား မဆင်ယင်ထားပါပဲ လည်တိုင်ထက်မှာ ကျောက်စိမ်းလည်ဆွဲတစ်ခုမျှကိုသာ ဆင်မြန်းထားသည်။

ကျောက်စိမ်း၏စိုရွှန်းတောက်ပသောအရောင်က ကြွေထည်ပမာဖြူမွတ်နေသော သူမအသားအရည်ထက်ဝယ် ထင်းလင်းနေပါ၏။

သူမမိခင်နှင့်စာသော် ဝေ့ယီ၏သွင်ပြင်က ပိုလို့တောင် သာမန်ဆန်ပေသည်။

ဝေ့ယီ၏မိခင်က သူမလက်များကို ဝှေ့ယမ်းလိုက်၏။

“ယီယီ၊သမီးသူငယ်ချင်းကို အခန်းထဲ အရင်ခေါ်သွားချေ။ ခဏနေကျမှ ညစာစားဖို့ အောက်ဆင်းလာခဲ့နော်”

ဝေ့ယီက သူမ၏လေ့ကျင့်ခန်းများကို ကူညီပေးခိုင်းဟန်ဆောင်ကာ ရှီလီကို သူမအိမ်သို့ ခေါ်လာခြင်းပင်။

ထို့ကြောင့် ဝေ့ယီကရှီလီကို ဦးဆောင်ကာ စာလေ့လာလိုက်ပြီး သူမမေးခွန်းများအတွက် အကူအညီကို လေးလေးနက်နက် မေးမြန်းလိုက်ပါ၏။

ရှီလီက ဝေ့ယီကို စာရှင်းပြနေချိန်ဝယ် မိသားစုအိမ်အကူများက အသီးအနှံတချို့ကို စိပ်ကာ ယူဆောင်လာပေးလေသည်။

သူတို့က ညစာစားချိန်ကို တက်ကြွထက်သန်စွာ စောင့်ဆိုင်းပြီး နောက်ဆုံးမှာတော့ အချိန်ကျလာလေပြီ။

သို့သော် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းလှစွာပင် ဤမိသားစုညစာစားမည့်ထမင်းဝိုင်းမှာ ရှိနေသည်က ရှီလီနှင့်အတူ ဝေ့မိသားစု၏သမီးနှင့်အမေမျှသာ ဖြစ်လေသည်။

“ပါး ဘယ်မှာလဲ”

အိမ်မှာ ဧည့်သည်ရှိပြီဆိုပါက ဝေ့ယီ၏မိခင်က သူမကိုယ်တိုင်ကိုယ်ကျပင် ထမင်းဝိုင်းကို တည်ခင်းပေးတတ်သူပင်။

သူမသမီး၏မေးခွန်းကို ဖြေနေရင်းမှပင် ရှီလီအတွက် ထမင်းထည့်ပေးလိုက်၏။

“မင်း ပါပါးက ဒီည ညစာစားပွဲရှိတယ် ပြောတယ်။ အိမ် ပြန်နောက်ကျမယ်တဲ့”

ဝေ့ယီကား အမှန်တကယ်ကို သင်္ကာမကင်း ဖြစ်နေလေပြီ။ ဤလူကား သူ၏အိမ်နီးချင်းက သူ့ပုဆိန်ကို ခိုးလိမ့်မည်လားဟု အစဥ်လိုလို သံသယဝင်နေတတ်သူပင်။ သူမ၏ဖခင်က ညစာစားပွဲ တက်နေသည်မဟုတ်ဘဲ သူ့အမြောင်မယားများနှင့် တွေ့ဆုံနေသည်ဟုသာ ခံစားရလေသည်။

သို့သော် သူမက သေချာနေသည့်တိုင် ဤသို့သော စိတ်ခံစားမှုများကို ကွယ်ဝှက်ထားဖို့ ခက်ခဲသည့်အပြင် သူမိခင်ကိုလည်း မလိုလားအပ်သည့် ကြောက်ရွံ့စိုးထိတ်မှုများ မဖြစ်စေချင်လေရာ ဝေ့ယီမှာ သူမမိခင်ကို မပြောဝံ့ပါလေ။

ဝေ့ယီက မေးလိုက်၏။

“ဒါဖြင့် ပါးက ဘယ်ချိန်မှ အိမ်ပြန်ရောက်မှာလဲ”

သူမ၏သမီးဖြစ်သူက ဖခင်နှင့်နီးကပ်လေရာ ဝေ့ယီ၏မိခင်ကလည်း သိပ်အများကြီး မတွေးတော့ပေ။ ထို့ကြောင့် သူမက အမှုမထားသလို ပြန်ဖြေလိုက်၏။

“အဲဒါတော့ မားလည်း သေချာမသိဘူး”

ဝေ့ယီက သူမညစာကို အမှုမဲ့အမှတ်မဲ့ဖြင့် စားသောက်နေသော်လည်း ထမင်းဝိုင်းတွင်းမတော့ သူမမိခင်နှင့်ရှီလီ၏အသံတို့သာ ပြည့်နေပေသည်။

ညစာစားပြီးသော် ရှီလီကို ဧည့်ခံထားဖို့ သူမမိခင်ကို ပြောလိုက်ပါ၏။

ဝေ့ယုံရှန်းကို ခေါ်ဖို့ရန်အတွက် သူမက မီးဖိုချောင်ထဲကနေ ထွက်လာခဲ့လေသည်။

မီးဖိုခန်းတလျှောက်ဝယ် ဝေ့ယီ၏ဖုန်းပြောနေသံကို ရှီလီက မသဲမကွဲ ကြားလိုက်ရပေသည်။

3 05

“ဟယ်လို၊ပါး ဘယ်မှာလဲဟင်”

“ပါး သောက်စားလာမှာကို သမီး မကြိုက်ဘူးနော်။ အဲဒါက ပါးရဲ့ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ အိမ်ကို စောစောပြန်ခဲ့နော်”

သူ့အတန်းဖော်ရှေ့ဝယ် သူမသမီး၏ကလေးဆန်သည့် ဘက်အခြမ်းကို မြင်လိုက်ရပေရာ ဝေ့ယီ၏မိခင်လည်း ဆင်ခြေပေးရတော့၏။

“အဲဒီကလေးက သူ့အဖေကို သံယောဇဥ် အရမ်းကြီးတာလေ”

ဝေ့သခင်ကြီးက အမြှောင်မယားပေါင်းများစွာရှိသည့် လူလိမ်လူကောက်တစ်ဦးဖြစ်မှန်း သိထားလေရာ ၎င်းကမလျော်ကန်သည့် မှတ်ချက်ဟုသာ ခံစားရပေသည်။ သူမခမျာ ကြိုးစားပမ်းစား ပြုံးပြဖို့ အားထုတ်လိုက်ရပြီးနောက် ပြောလိုက်လေသည်။

“ကောင်းပါတယ်။ ကောင်းပါတယ်”

ယနေ့၏ရည်မှန်းချက်က ပြီးမြောက်အောင်မြင်ခြင်းမရှိလေရာ ဝေ့ယီလည်း သဘာဝကျကျပင် ရှီလီကို အိမ်ပြန်ခွင့် မပေးနိုင်တော့ပေ။

ဒီညတော့ ဒီမှာပဲ နေလိုက်ရန် ရှီလီကို သူမက အကြံပြုလိုက်၏။

“ငါတို့နှစ်ယောက်က အရပ်အတူတူလောက်ပဲဆိုတော့ ငါ့အကျီတွေကို နင်ဝတ်လို့ရမယ် ထင်တယ်။ ငါ့မှာ ဧည့်သည်ခန်းတွေတော့ အများကြီးပဲ။ ဒါပေမဲ့ နင်ကြောက်တယ်ဆိုရင်တော့ ငါနဲ့ပဲ အတူလာနေလိုက်လေ”

ဝေ့ယီ၏မိခင်ကလည်း စကားဝိုင်းထဲကို ဝင်ပါလာခဲ့၏။

“ဟုတ်တယ်၊ဟုတ်တယ်။ အခုက နောက်ကျနေပြီလေ။ ဒီမှာပဲ နေလိုက်တော့ပေါ့။ မနက်ကျတော့လည်း ကျောင်းအတူတူ သွားလို့ရတာပဲဥစ္စာ။ “တကယ်လို့ သမီးမိဘတွေ စိတ်ပူနေမှာစိုးရင် သူတို့ကို အန်တီ ပြောပေးပါ့မယ်”

ဤသို့သော မရမက တောင်းဆိုခြင်းမျိုးအတွက် ရှီလီအနေဖြင့်လည်း ငြင်းပယ်ရန် ခက်ခဲလှပါသည်။

“ဟုတ်ကဲ့ပါ။ အန်တီ့ရဲ့ဧည့်ဝတ်ကို လက်ခံပြီး ဒီည ဒီမှာပဲ နေလိုက်ပါ့မယ်”

ဝေ့ယီ၏မိခင်က ပြုံးလိုက်၏။

“သမီး ဘာမှအနေခက်စရာ မလိုဘူးနော်။ ကိုယ့်အိမ်လို့ပဲ သဘောထားပြီး တစ်ခုခုလိုအပ်တာရှိရင် အန်တီ့ကို လာပြောလှည့်”

ရှီလီ၏မိဘနှစ်ပါးစလုံးက နိုင်ငံပြင်ပမှာ ရှိနေခြင်းဖြစ်ရာ ဗီလာမှာတော့ အိမ်အကူများသာ ကျန်ပါ၏။ သူမက အိမ်အကူများထံသို့ ယနေ့ည အိမ်ပြန်မလာဖြစ်ကြောင်း စာပို့လိုက်ပြီး သူမကို မစိုးရိမ်ဖို့ ပြောလိုက်လေသည်။

ရှီလီနှင့်ဝေ့ယီက ယနေ့အတွက် သင်ခန်းစာများကို ပြီးမြောက်သွားသည့်တိုင် ဝေ့သခင်ကြီးကတော့ ပြန်မရောက်သေးပေ။

ရှီလီက အလွန်ပင်ပန်းနွမ်းလျနေခဲ့ပြီ ဖြစ်သော်လည်း ထိုဝေ့သခင်ကြီး၏အရိပ်အကဲကို ဖမ်းရန်အလို့ငှာ ညအိပ်ဝတ်စုံကိုတောင်မှ မလဲရသေး။ သူမက ဆိုဖာပေါ် ခွေခေါက်နေခဲ့ကာ TVမှာပြနေသည့် ဇာတ်လမ်းကို သမ်းဝေရင်း ကြည့်နေ၏။

နောက်ဆုံးမှာတော့ ညဆယ့်တစ်နာရီတိုင်ချိန်ဝယ် ဝေ့ယုံရှန်းလည်းပြ န်ရောက်လာခဲ့လေသည်။

ဝေ့ယီအတွက် မူကား သူမ ရံဖန်ရံခါဆိုသလို ညလုံးပေါက်မအိပ်ဘဲ နေလေ့ရှိရာ ယခုအချိန်က အရမ်းနောက်ကျနေပြီဟု မဆိုသာပေ။

သူမက ရှီလီလက်ကို ဆွဲကာ လှေကားအတိုင်း ပြေးသွားလေတော့သည်။

ဝေ့သခင်ကြီးကို မြင်သည့် အခါရှီလီ၏စိတ်တွင်းဝယ် အတွေးတစ်ခုဖြတ်သွားခဲ့ပါ၏။

(ဒီလိုဆွဲဆောင်မှုမရှိတဲ့ လူအိုကြီးကတော့ နောက်မျိုးဆက်ရဲ့ဗီဇကို အမှန်ကြီး သက်ရောက်စေတာပဲ)

ဝေ့ယီက ပြုံးလိုက်လေသည်။ ထိုစကားက သူမကို ရုပ်ဆိုးသည်ဟု ပြောလိုက်ခြင်းပါပင်။

******

4 01

အပိုင်း 4.

ရှီလီက ဝေ့ယုံရှန်းကို သတင်းများတွင် တွေ့ဖူးခဲ့ပြီး ဤလူအနေဖြင့် သူ၏ မဟာဆန်သော သွင်ပြင်ပုံရိပ်ကို ဂရုစိုက်လိမ့်မည်ဟု တွေးထင်ခဲ့ဖူးပါ၏။ သို့သော် ယခု ပြင်ပရုပ်သွင်ကို ကြည့်ပြီး အကဲဖြတ်ရသော် အများပြည်သူထံ ချပြသည့် သူ၏ ဓာတ်ပုံများက မရေမတွက်နိုင်သော အလှအပဆိုင်ရာ ပြုပြင်ခြင်းများနှင့် ချာချာလည် ကြုံတွေ့ခဲ့ရပုံပါပင်။

ကျိယွမ်အိမ်ခြံမြေ၏ တရားဝင်Blogဝယ် သူဌေးကြီးနှင့် သူ့ဇနီး၏ပုံကို Postတင်သည့် အချိန်တိုင်း Commentရေးသည့် ကဏ္ဍထဲမှာတော့ နှစ်ဦးသားက အလွန်ကို လိုက်ဖက်ညီလှချည့် ဟူသည့် မှတ်ချက်များသာ ရွှန်းရွှန်းဝေ ပြည့်နှက်နေပေသည်။

အမှန်တကယ်တော့ ဝေ့ယုံရှန်းက အကျည်းတန်လှသည် မဟုတ်ဘဲ သာမန် ရွက်ကြမ်းရည်ကျို အနေအထားမျိုးသာ။

သို့သော် ဝေ့ယီ၏မိခင်က သူ့ဘေးမှာ ရှိနေချိန်မှာတော့ ၎င်းက ငန်းမလေးကို ဖားပြုပ်ကြီးနှင့် နှိုင်းယှဥ်သလို ဖြစ်သွားလေတော့သည်။

ဝေ့ယီ၏မိခင်က အတန်ကြီးကို သြဇာတိက္ကမ ကြီးမားသည့် မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဝေ့ယုံရှန်း၏ နောက်ခံကမူ သာမန်ကာလျှံကာ ဖြစ်ကြောင်း ရှီလီက အမှတ်ရသွားခဲ့၏။ အကယ်၍ သူသာ မျိုးရိုးမြင့်အိမ်တော်မှ မွေးဖွားသည့် တရားဝင်သမီးကညာကို လက်ထပ်ပြီး ဤမျှအင်အားကြီးသည့် နောက်ခံမျိုးကိုသာ မရရှိခဲ့ပါလျှင် ဝေ့ယုံရှန်းသည်ကား အနှစ်နှစ်ဆယ်နီးပါးမျှ ခက်ခက်ခဲခဲ ကြိုးစား အားထုတ်စေဦးတော့ ယခုကဲ့သို့သော အောင်မြင်ချမ်းသာမှုမျိုးကို သူ မည်သို့ ရရှိနိုင်မည်နည်း။

လောကဝယ် လုပ်နိုင်စွမ်းနှင့် အရည်အချင်းရှိသူ မြောက်မြားစွာရှိနေလေရာ သူမည်ကဲ့သို့ အောင်မြင်ခဲ့ပါသနည်း။ သေချာပေါက်ကို သူ့ယောက္ခများ၏ ကျေးဇူးတရားကြောင့်သာ။

ရှီလီခမျာ နားမလည်နိုင်ပေ။ (သူ့မိသားစုနောက်ခံရော၊ ပညာအရည်အချင်း အလှအပတွေနဲ့ကို ဝေ့ယီအမေက ဘယ်လိုတောင် ဒီလူကြီးဆီမှာ ကျရှုံးသွားရတာလဲ။ )

ဝေ့ယုံရှန်းသည်ကား ကြီးမြတ်လှသော ချစ်ခြင်းမေတ္တာမျိုးဖြင့် သူ့သမီးကို ပြောလိုက်၏။

“မင်းက ပါးကို အိမ်ပြန်လာစေချင်တယ်ဆိုရင် တကယ်တော့ ပါးကလည်း မင်းစကားကို နားထောင်မှာပါ”

ဝေ့ယီက သူမနှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ယခင်လို ပုံမှန်ပြုနေကျအတိုင်း သူမဖခင်ကို ပွေ့ဖက်ဖို့ ပြေးမသွားပါပေ။ ယနေ့၏ အဖြစ်အပျက်များက သူမစိတ်မှ တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်းကြီး သက်ရောက်သွားပါ၏။

ဥက္ကဌဝေ့ကမူ သူ့သမီး၏ မသိမသာ ပြောင်းလဲမှုကို သတိပြုမိခြင်း မရှိပါလေ။ သူက ဝေ့ယီနောက်မှာ ရပ်နေသည့် ရှီလီကို ကြည့်ကာ ဆိုလိုက်၏။

“ဒါက သမီးရဲ့အတန်းဖော်လား။ နှစ်ယောက်စလုံး မနက်ကျ ကျောင်းသွားရဦးမှာကို အခုက အရမ်းနောက်ကျနေပြီ။ ခဏနေကျ အနားယူကြတော့လေ”

တစ်စုံတစ်ရာက စောင့်ကြည့်နေစဥ်ဝယ် ကြီးမြတ်လှစွာသော ဖခင်တစ်ယောက်၏ သွင်ပြင်ရှိသည့် သူက သူ့သမီး၏ တောင်းဆိုချက်အတိုင်း မီးဖိုခန်းထဲသို့ ထွက်ခွာသွားကာ သူ၏ သုခချမ်းသာအတွက် အာရုံစူးစိုက်မှုကို ပြသလိုက်ပါ၏။

ဥက္ကဌဝေ့ ရောက်ရှိလာချိန်ကတည်းက ဝေ့ယီအနေဖြင့် ရှီလီထံမှ သူမ ကြားချင်သည့် စကားများကို မကြားရတော့ပါပေ။

ထိုကျန်ရှိခဲ့သည့် ခံစားချက်များအတွက် ဝေ့ယီမှာ မကျေမချမ်း ဖြစ်ရပါ၏။

(အဖုံးကိုပဲ ကြည့်ပြီး အထဲကစာအုပ်ရဲ့ အနှစ်ကို အကဲဖြတ်လို့ မရနိုင်ဘူးဘဲ။ တကယ်ကို ချစ်ခင်ကြင်နာတတ်တဲ့ အသွင်အပြင်နဲ့ ဝေ့ယုံရှန်းဆိုတဲ့ ခင်ပွန်းကြီးက အပေါ်ယံ သရုပ်ဆောင် နေတယ်ဆိုတာကို ဘယ်သူကများ တွေးမိမှာလဲ။ ရိုက်ကွင်းနောက်ကွယ်မှာကျ လုံးဝကို စက်ဆုပ်စရာကြီးပဲ။ ဒီလူကြီးက သူ့ဇာတိမြေက ဝမ်းကွဲတစ်ယောက်ကိုတောင် အငယ်အနှောင်းလို ယူထားတယ်လို့ ငါကြားမိသေးတယ်)

ဝေ့ယုံရှန်းကို မြင်သည့် အခါ ရှီလီ၏ အတိတ်ဘဝမှ မြောက်မြားလှစွာသော မှတ်ဉာဏ်တို့ ပေါ်ထွက်လာခဲ့လေသည်။

ရှီလီ၏ မိခင်ထံမှာ ဤလူမှုအသိုင်းအဝိုင်း၏ အရှုပ်အထွေးဟူသမျှတိုင်းကို သိလွန်းလှသည့် အတင်းအဖျင်း ချစ်လှသူ သူငယ်ချင်းတစ်ဦး ရှိပေသည်။

4 02

ဝေ့မိသားစု၏ အရှုပ်တော်ပုံကြီး ကျိုးပျက် ပေါ်ထွက်လာချိန်ဝယ် ရှီလီ၏ မိဘများက ပြည်ပမှာ ရှိနေခဲ့ခြင်းဖြစ်ကာ ထိုသဂြိုဟ်အခမ်းအနားကို လွဲချော်ခဲ့ရပေသည်။

ထို့နောက် ရှီလီ၏ အဒေါ်က အိမ်သို့ ကသုတ်ကယက် ရောက်ရှိလာခဲ့ကာ ဝေ့မိသားစု၏ ညစ်ပတ်ပေရေနေသော ထိုအစွန်းအထင်းများအကြောင်းကို ရှီလီ၏ မိခင်နှင့်အတူ အတင်းအုပ်လေတော့သည်။

ဝေ့ယီကမူ ယနေ့တော့ သူမအနေဖြင့် အသုံးဝင်မည့် သတင်းမျိုး မရရှိနိုင်တော့ဟု တွေးထားခဲ့ပြီး ယခု မမျှော်လင့်ထားစွာပင် သတင်းသစ်တစ်ခု ထွက်ပေါ်လာပေပြီ။

ဖခင်၏ ဇာတိမြေမှ ဝမ်းကွဲဟူသည့် ဖြစ်တန်ချေကိုတော့ဖြင့် သူမက အတန်ကြီး လျှော့တွက် တွေးတောမိပေသည်။

ဝေ့ယီက ရှီလီကို ရေချိုးခန်းဆီသို့ ဦးဆောင်ခေါ်သွားခဲ့၏။

“ဒီသန့်စင်အခန်းတွေ အကုန်လုံးက အသစ်တွေချည်းပဲ။ တကယ်လို့ နင် တစ်ခုခု လိုချင်တယ်ဆို ငါအပြင်မှာ ရှိနေမယ်နော်”

ရှီလီ ပြင်ပ အနှောင့်အယှက်များထံမှ ဝေးကွာကာ ငြိမ်းအေးမှုတစ်ခုကို သူမ ပေးချင်ခဲ့ကာ သူမ တစ်ယောက်တည်း သီးသန့်ရှိနေချိန်ဝယ် သူမဖခင်၏ အခြေအနေကို ရှီလီ ပိုမိုတွေးတောနိုင်ဖို့ သူမ မျှော်လင့်မိလေသည်။

သန့်စင်ခန်းတံခါးက တဝက်မျှသာ ပိတ်ထားကာ ရှီလီ၏ ပွစိပွစိ ရေရွတ်နေခြင်းများကို သူမ ရှင်းရှင်းလင်းလင်း ကြားနိုင်ပါ၏။

(ဒီဝေ့ယုံရှန်းက တကယ်ကို စက်ဆုပ်စရာကြီးပဲ။ အခု သူ့မှာ ရှိနေတာတွေနဲ့တင် မတင်းတိမ်နိုင်လို့ အတိတ်တုန်းက မရခဲ့တဲ့ဟာကိုပါ ဝမ်းနည်းကြေကွဲနေသေး။ သူကပဲ အဲဒီအမျိုးသမီးကို အရင်ဆုံး သွေးဆောင်ခဲ့တာ။ ဒါပေမဲ့ သူ့မိသားစုက ဆင်းရဲလို့ဆိုပြီး အဲဒီဝမ်းကွဲက ငြင်းလိုက်တယ်လေ။ အဲဒီအစား ရွာလူကြီးရဲ့သားနဲ့ စုံဖက်သွားခဲ့တာ။ အဲဒီကံကြမ္မာကြီးက ဒရာမာဆန်ဆန်နဲ့ ပြောင်းပြန်ကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ။ အဲဒီ ရွာလူကြီးရဲ့သားက မတော်တဆမှုနဲ့ သေသွားပြီး သူ့ခမျာ ကလေးတစ်ယောက်နဲ့အတူ ငယ်ငယ်ရွယ်ရွယ် မုဆိုးမလေး ဖြစ်သွားပါလေရော)

(ဥက္ကဌဝေ့က သူ့အသည်းအသက်လေးကို သူများဆီ ဂရုစိုက်ခွင့် ပေးလိုက်ရမှာကို ဘယ်မှာ သည်းခံနိုင်ပါ့မလဲ။ ဒါကြောင့် သူ့ဘာသာပဲ အဲဒီမိန်းမကို ကြည့်ရှု စောင့်ရှောက်လိုက်တာပေါ့။ ဘယ်လောက်တောင် သစ္စာရှိပြီး သစ္စာတရား ကြီးမားလိုက်သလဲလို့ ကျွတ် ကျွတ်ကျွတ်)

ထိုစကားအားလုံးကို ကြားပြီးနောက် ထိုအသည်းအသက်လေးဟု ခေါ်ဆိုသူက မည်သူဖြစ်ကြောင်း ဝေ့ယီတောင်မှ သိချင်လေသည်။

သူမဖခင်ကား တခါတုန်းက တစ်စုံတစ်ယောက်နှင့် လက်ထပ်ကာ ချစ်ခင်စုံမက်ဖူးခဲ့ပြီး ထိုအကြောင်းကို ဝေ့ယီရော သူ့မိခင်ပါ သိရှိကြသည်ပင်။

ဝေ့ယီ၏ ဖခင်က ထိုအတိတ်အကြောင်း ပြန်လှန် ပြောပြခဲ့စဥ်တုန်းက သူ့သဘောထားက အမှန်တကယ် ရိုးသားပွင့်လင်းလှပါ၏။ ထိုအတိတ်က ရှင်းရှင်းလင်းလင်း ပြီး ဆုံးသွားခဲ့ပုံ ပေါ်ပါသည်။

သို့ဖြစ်လေရာ ထိုအတိတ်အကြောင်းကို မည်သူကမျှလည်း များများစားစား မစဥ်းစားခဲ့ကြပေ။

သို့ေသာ် သူမဖခင်၏ ခံစားချက်ဟောင်းများက သေဆုံးမသွားခဲ့သလို ထိုအဆက်ဟောင်းကိုလည်း သူ၏ ချစ်ရိပ်မြုံထဲမှာ တိတ်တိတ်ကလေး ထား ထားကြောင်းကိုတော့ဖြင့် မည်သူက သိနိုင်ပါအံ့နည်း။

မတိုင်ခင်က မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဂရုမစိုက်ခဲ့သည့် သခင်မလေးက ရှီလီ ရေချိုးခန်းထဲမှ ထွက်လာစဥ်ဝယ် ဂရုတစိုက် ပြောလိုက်ပါ၏။

“ဒီSkincareပစ္စည်းတွေ အကုန်လုံးက မဖောက်ရသေးဘူး။ နင့်စိတ်ကြိုက် ယူသုံးလို့ရတယ်နော်”

အိပ်ရာပေါ်မှာတော့ အမျိုးမျိုးအဖုံဖုံသော Skincare productတို့ စုပုံနေကာ ရှီလီ တစ်ခုခုကို ရွေးချယ်ဖို့ အသင့်ဖြစ်နေပါ၏။

ရှီလီက ဤဝေ့အိမ်တော်မှာ ယနေ့တည်း နေမှာဖြစ်ရာ သူမအနေဖြင့် skincareကို တော့ဖြင့် အသစ်ဖောက်သုံးဖို့ မလိုအပ်ပါပေ။

ထို့ကြောင့် သူမက သာမန်ကာ လျှံကာပဲ ပြောလိုက်သည်။

“နင်သုံးနေတဲ့ဟာကိုပဲ သုံးလိုက်ရင် အဆင်ပြေပါတယ်”

မူလတုန်းကတော့ ဝေ့ယီအနေဖြင့် ရှီလီက သူမ၏ ပစ္စည်းများကို အထင်အမြင်သေးနေမည်ကို ကြောက်ရွံ့ခဲ့ပါ၏။ သို့သော် ယခုက ရှီလီက စိတ်မရှိလေရာ သူမလည်း မရမက ပြောမနေတော့ပေ။

သူမက သူမ၏ Skincare product အကုန်လုံးကို ရှီလီထံ ယူဆောင်လာကာ

“ဘယ်တစ်ခုကို သုံးမလဲ”

ဝေ့ယီက ညဇီးကွက်တစ်ကောင်ပင်။ နောက်တစ်နေ့မနက် ရှစ်နာရီရောက်သည့်တိုင် သူမကတော့ နိုးကြားတက်ကြွနေဆဲပင်။

သူမ၏ Skincareများဖြင့် တောက်ပ လင်းချင်းနေသည့် ရှီလီကိုတောင်မှ ဂရုတစိုက် မျက်လုံးများဖြင့် ကြည့်နေသေး၏။

ထိုစူးစူးစိုက်စိုက် အကြည့်များအောက်မှာ ရှီလီခမျာ စိတ်ထင့်သွားကာ သူမ အကြည့်များကို ထိုသခင်မလေး၏ အပြုံးမျက်နှာထက်သို့ ရွှေ့မိလေတော့သည်။

ဝေ့ယီအတွက်မူ ရှီလီက သာမန်အတန်းဖော်မျှသာ။

4 03

ရှီလီကို သူမအိမ်မှာနေဖို့ ညတွင်းချင်း ဖိတ်ခေါ်ခဲ့သည်က အဆုံးသတ်မည့် ရည်ရွယ်ချက်၏ ဖုံးကွယ် သိုဝှက်ထားသည့် အကြောင်းအရင်း တစိတ်တပိုင်းပါပင်။

သို့သော် ညနေဘက် တလျှောက်လုံးမှစ၍ သူမတို့၏ အပြန်အလှန် အပြုအမူများနှင့် ရှီလီ၏ ပွစိပွစိ ရေရွတ်နေသော စိတ်အတွေးများကို ကြားရချိန်ဝယ် ရှီလီက ပုံမှန် စိတ်ခံစားမှုများနှင့် ကွဲထွက်နေသည်ဟု သူမ ခံစားရလေသည်။

၎င်းကို မည်သို့ ဖော်ပြရမည်နည်း။ တမူထူးခြား သိသာစွာ ကွဲထွက်နေသည့် ရှီလီ၏ ချစ်ခင်စဖွယ် တဖက်ခြမ်းကို သူမ ရှာတွေ့ခဲ့ခြင်းပင်။

ထို့နောက် ရှီလီက သူမ၏ Skincare ပစ္စည်းများကို အသုံးပြုဖို့ ဆန္ဒရှိပုံပေါ်လေရာ ဝေ့ယီ၏ မျက်လုံးထဲမှာတော့ သူမတို့နှစ်ဦးက အနည်းငယ် ရင်းနှီးလာပြီဟု ခံစားရပေသည်။

ထို့ကြောင့် သခင်မလေးက ဂရုတစိုက် မေးလိုက်၏။

“နင် မနက်စာကို ဘာစားရတာ ကြိုက်လဲ။ ငါ အိမ်အကူတွေကို ပြောပြီး ပြင်ခိုင်းလိုက်မယ်”

ရှီလီက လည်း ပြန်မေးလိုက်သည်။

“နင်ရော ပုံမှန်ဘာစားလဲ”

“နွားနို့နဲ့ ပေါင်မုန့်မီးကင်လေ”

သူတို့မိသားစုက ပုံမှန်ဆိုလျှင် အနောက်တိုင်းပုံစံ မနက်စာမျိုးကို သာ စားလေ့ရှိကြ၏။ အညတရဟူသည့် မူလဇစ်မြစ်ကို အရေလဲဖို့ စိတ်အားထက်သန်သည့် ဥက္ကဌဝေ့ကား သူ အိမ်မှာရှိသည့် အချိန်တိုင်း အနောက်တိုင်းပုံစာ မနက်စာကို သာ စားသောက်ပေသည်။

ဝေ့ယီနှင့် သူမမိခင်က အမှန်တကယ်တော့ တရုတ်ဟင်းလျာများကို သာ နှစ်သက်တတ်သူပင်။

ညသန်းခေါင်ယံ တိုင်လုနီးသည့် အချိန်တုန်းက ရှီလီကလည်း အိပ်ဖို့ လိုအပ်သည် ဖြစ်သလို ဝေ့ယီကလည်း သူမအဖေ၏ အငယ်အနှောင်း အကြောင်းကို စုံစမ်းစစ်ဆေးဖို့ စီစဥ်ခဲ့ပါ၏။

ရှီလီနှင့် စကားအနည်းငယ် ပြောပြီးနောက် သူမလည်း ဧည့်အိပ်ခန်းမှ ပြန်လာခဲ့သည်။

သူမ၏ ကိုယ်ပိုင်အိပ်ခန်းအတွင်း ရောက်ပါမှ ဝေ့ယီကား သူမContact listထဲမှ ထိပ်ဆုံးမှာရှိနေသူထံ ဖုန်းခေါ်လိုက်လေသည်။

ညဥ့်အလွန်နက်နေပြီ ဖြစ်သော်ငြား တစ်ဖက်လူက အလျင်အမြန် ပြန်ဖြေလာခဲ့ပါသည်။ သူတို့၏ အသံများက ရှင်းလင်း တိုပြတ်နေကာ ယခုချိန်ထိတိုင် အလုပ်လုပ်နေရမှန်း သိသာပါသည်။

“ဟယ်လို၊ ယီယီ၊ ဘာဖြစ်လို့ အခုချိန်ထိ မအိပ်သေးတာလဲ”

“လေးလေး၊ ဒီလိုပါ။ တစ်ယောက်ယောက်ကို စုံစမ်းစစ်ဆေးဖို့အတွက် လေးလေး အကူအညီလိုနေလို့……..”

သူ့တူမ၏ လေးလေးနက်နက် အသံကို ကြားသည့်အခါ တဖက်လူက ပြန်မေးလာလေသည်။

“ကိစ္စကြီး တစ်ခုခု ဖြစ်လို့လား”

သူမက ရှီလီထံမှ ကြားခဲ့ရသည့် သတင်းကို ဦးလေးဖြစ်သူထံ လက်ဆင့်ကမ်းလိုက်ပြီးမှ ပြောလိုက်၏။

“အဲဒီလူက ပါးရဲ့ အငယ်အနှောင်း ဖြစ်လိမ့်မယ်။ တကယ်လို့ သူ့မှာ ကလေးရှိနေတယ်ဆိုရင် အဲဒါက ပါးရဲ့ ကလေး ဖြစ်နိုင်မလားဆိုတာကို DNA စစ်လို့ရအောင် ကူညီပေးပါ။ ကျမက အဲဒါကို အမှတ်တမဲ့ ကြားခဲ့တာဆိုတော့ မှန်ပါ့မလားလည်း မသေချာဘူး။ အဲဒီကိစ္စကို လျှို့ဝှက်ထားပေးနော်။ ပါးကို လည်း ဒီအကြောင်း ပေးမသိနဲ့။ အထူးသဖြင့် မား မသိပါစေနဲ့”

ဤကြီးမားလေးလံလှသည့် အခြေအနေကို တစ်ဖက်လူကလည်း သဘောပေါက်ပါသည်။ သမီးတစ်ယောက်အနေဖြင့် ဖခင်က အငယ်အနှောင်း ရှိနေသည်ဟု သံသယဝင်နေကာ အကယ်၍များ ထိုအကြောင်းကို ဖခင်သိရှိသွားသော် သားအဖနှစ်ဦးကြား ဆက်ဆံရေးကို ပြင်းပြင်းထန်ထန် ပျက်စီးစေပေလိမ့်မည်။

“စိတ်မပူပါနဲ့။ ငါ့ဆီကနေ ဘယ်သတင်းမှ ပေါက်ကြား မသွားစေရဘူး”

4 04

ဝေ့ယီက သူမနှုတ်ခမ်းလေးကို ကိုက်လိုက်၏။

“ဖြစ်နိုင်ရင် တတ်နိုင်သမျှ မြန်မြန်လေး ရှာတွေ့အောင်လုပ်ပေးပါ။ ကျမ အဲ့ဒါကို အရမ်းစိတ်ပူလို့”

တဖက်မှလူကလည်း နူးညံ့ညင်သာစွာ တုံ့ပြန်လာပါ၏။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းစာမှာ အာရုံစိုက်ထား ၊စိတ်မပူနဲ့။ လူကြီးတွေက ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်မှာပါ”

ဦးလေးဖြစ်သူက သူ့ကို ကလေးတစ်ယောက်နှယ် ဆက်ဆံလိုက်သည့်အခါ ဝေ့ယီလည်း တီးတိုးရေရွတ်ခြင်းဖြင့်သာ သဘောတူလိုက်ရပေသည်။ အခြားလူတစ်ယောက်၏ ရှေ့မှောက်ဝယ် သူမ၏ အားနည်းပျော့ညံ့မှုကို ထုတ်ဖော်မပြချင်လေရာ ဖုန်းကို အလောတကြီး ချလိုက်ပါ၏။

ယနေ့မှာ ကိစ္စအများကြီး ဖြစ်သွားသော်ငြား ဝေ့ယီကား ထိုညဝယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ပေသည်။

ဥက္ကဌဝေ့က အိမ်မှာပဲ မနက်စာ စားသောက်နေခဲ့ကာ ဝေ့ယီကမူ ရှီလီ၏ စိတ်တွင်းမှ တီးတိုးရေရွတ်နေသံများကို နားစွန်နားဖျား ကြားနေရပါ၏။

ဝေ့ယုံရှန်းကား ဤမနက်စာဝိုင်းကို အထူးဂရုစိုက်နေခဲ့ကာ သူ့ဇနီးအတွက် နွားနို့ကို ဖန်ခွက်ထဲ ငှဲ့ထည့်ပေးလိုက်ပြီး လက်သုတ်ပဝါကို လည်း လက်လမ်းပေးလိုက်သည်။

ဤဇာတ်လမ်း၏ အတွင်းပိုင်းကိုသာ တစ်စုံတစ်ယောက်က အတွင်းသိ အစင်းသိ ဖြစ်ခဲ့သော် ၎င်းကို စောင့်ကြည့်ဖို့က ခက်ခဲလိမ့်မည်ဟု ရှီလီက ခံစားရ၏။

သို့သော် နောက်တဖန်တွင်မူ ဤဥက္ကဌဝေ့က သူ့ဇနီးအပေါ် အလွန်ကောင်းနေသည်က အံ့သြစရာတော့ မဟုတ်တော့ပေ။ နာမကျန်းဖြစ်ခြင်းကြောင့် သူ့ယောက္ခမက အငြိမ်းစား ယူသွားလျှင်တောင်မှ သူ့မှာ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ယောက်ဖ ရှိသေးသည် မဟုတ်ပါလား။

ဝေ့ယီဦးလေး၏ သက်မွေးမှုလုပ်ငန်းက ထိပ်ဆုံးမှာရှိနေခဲ့သူဖြစ်ကာ သူမ အဘိုးရရှိခဲ့သည့် အောင်မြင်မှုများထက်တောင်မှ သာလွန်အောင် စွမ်းဆောင်နိုင်မည့်ပုံ ပေါ်ပေသည်။ ထို့ကြောင့် ဥက္ကဌဝေ့သည်လည်း သူ့ဇနီးအပေါ်ဝယ် အနည်းငယ်မျှသော အေးစက်မှုလေး တစ်ခုကို သော်မျှ ထုတ်မပြဝံ့ခြင်းပါပင်။

(တကယ်လို့ ငါသာ ငါအနှစ်သုံးဆယ်လောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရမှာကို ကယ်ဆယ်ပေးပြီး ကျက်သရေရှိရှိ အရမ်းလှတဲ့သူကိုသာ လက်ထပ်ရမယ်ဆိုရင် ငါကတော့ သူ့ကို ဝေ့ယုံရှန်းထက်တောင်မှ ပိုပြီး ဂရုစိုက်မိဦးမှာ။ မနက်ခင်းကျ တယုတယ နှုတ်ဆက်၊ ညနေခင်းကျ ဂရုတစိုက်အစီရင်ခံနဲ့။ သူက ငါ့ဇနီးတောင်မှ မဟုတ်တော့ပဲ အိမ်တော်ရဲ့ ဧကရီမယ်တော်ကြီးတောင်ဖြစ် လာဦးမှာ။ ဘာအငယ်အနှောင်း၊ဘာတရားမဝင် ကလေးမှ မရှိဘူး၊ မိန်းမလှလေးရယ် ငါ့မှာ အဲ့လို အခွင့်အရေးမျိုး ရှိမယ်လို့ထင်လား)

ဝေ့ယီကား သူမ၏ လူလိမ်လူညစ်ဖခင်ကို ကြည့်ဖို့ တွေဝေတုံ့ဆိုင်းနေခဲ့ကာ သူမ၏ အကြည့်များက ရှီလီ၏ မျက်နှာလေးထက် သက်ဆင်းသွားပြန်သည်။

ရှီလီ၏ မျက်နှာက တော်ဝင်ဆန်ပြီး အေးချမ်းသည့် အလှတရားရှိကာ လူစိမ်းများအနေဖြင့် ဤသွင်ပြင်တစ်ခုတည်းကို အခြေခံကာ သူမအနားချဥ်းကပ်ဖို့ ခက်ခဲကြလိမ့်မည်ပင်။

အပြင်ပန်းဝယ် ရေခဲတမျှ အေးစက်နေသည့် နတ်ဘုရားမလေး၏ နှလုံးသား အောက်ခြေစည်းအတွင်းဝယ် ရယ်ရွှင်ဖွယ် ရိုက်ခတ်မှုမျိုး ရှိနေမည်ကို အဘယ်သူက တွေးထင်နိုင်အံ့ပါနည်း။

မနက်စာ စားသောက်ပြီးနောက် နှစ်ယောက်သား ကားပေါ် တက်လိုက်ကာ ဒရိုင်ဘာက သူတို့ကို ကျောင်းသို့ လိုက်ပို့ပေးလေသည်။

ကျောင်းသို့ မရောက်မီ ဝေ့ယီက သူမမိခင်ထံမှ Message တစောင်ကို လက်ခံရရှိခဲ့ပါ၏။ ဝေ့ယီကလည်း ထိုMessageကို သာမန်ကာ လျှံကာမျှသာ ဖွင့်ဖတ်လိုက်ပေရာ ၎င်းMessageက ဖုန်းစခရင်အပြည့်မျှ ရှည်လျားသည်ကို တွေ့လိုက်ရလေတော့သည်။

(သမီးလေး၊ သမီးရဲ့ လိင်စိတ် တိမ်းညွတ်မှုကို မားက လေးစားပေးမှာပါ။ ဒါပေမဲ့ သမီးရဲ့ ပျော်ရွှင်မှုကို တော့ မားမျှော်လင့်တယ်။ သမီးရဲ့ အဲဒီ အတန်းဖော်လေးကတော့ မား သူ့အကြောင်း ကောလဟလတချို့ ကြားထားတယ်။ သူက ကောင်လေးတစ်ယောက်ကို အရူးအမူး နှစ်သက်နေသလိုပဲတဲ့။ သမီးကို အမှန်တကယ် ချစ်နှစ်သက်ပြီး သမီးကလည်း အမှန်တကယ် ချစ်နှစ်သက်တဲ့လူနဲ့ပဲ သမီးဘဝကို ကုန်ဆုံးသွားနိုင်ဖို့ မား မျှော်လင့်မိတယ်ကွယ်… )

ဝေ့ယီ:???????

ဒါကြီးက အသရေဖျက်မှုကြီးပဲနော်။

သူမလည်း မြန်မြန်ဆန်ဆန်ပင် စာပြန်လိုက်၏။

“မား၊ ဘာတွေ ပြောနေတာတုန်း။ သမီးက ဘယ်လိုလုပ်ပြီး ရှီလီနဲ့ တိတ်တိတ်ပုန်း ချစ်ဇာတ်လမ်း ရှိလာရမှာလဲ”

ဝေ့ယီ၏မိခင်ကား သူ့ ဖုန်းကို စောင့်နေမှန်း သိသာလှကာ ချက်ချင်းပင် တုံ့ပြန်လာပါ၏။

(အခုထိ ငြင်းနေတုန်းပဲလား၊ မနက်စာဝိုင်းတုန်းက သမီး အဲ့ဒီကလေးမလေးကို ခဏခဏ ခိုးကြည့်နေတာလေ၊ သူ့ကို ကြည့်နေတုန်းကဆို သမီးက တိတ်တိတ်ကလေးတောင် ပြုံးနေသေး။ တကယ်လို့ အဲဒါကသာ အချစ်မဟုတ်ရင် ဘာဖြစ်ဦးမှာတဲ့လဲ)

မိခင်တို့မည်သည် ၎င်းတို့သမီးများ၏ အထူးတဆန်း အပြုအမူလေးဟူသမျှကို ဂရုတစိုက် စောင့်ကြည့်တတ်သည်ပင်။

ထိုမနက်စာဝိုင်းဝယ် ဝေ့ယီသည်ကား အမှန်တကယ်ကို ပင် ရှီလီကို မရေမတွက်နိုင်အောင် ကြည့်ခဲ့မိကာ တိတ်တိတ်ကလေး ပြုံးခဲ့မိပါ၏။ (အမှန်စင်စစ်မှာတော့ ဝေ့ယီကား ရှီလီ၏ စိတ်အတွေးများထဲမှ ရယ်ရွှင်ဖွယ်အရာများကို ကြားရခြင်းကြောင့် ကူကယ်ရာမဲ့စွာ ပြုံးခဲ့မိခြင်းသာ)

(မားက အရာအားလုံး ကျော်ဖြတ်ခဲ့ဖူးသူပါကွယ်။ အဲဒီအရာတွေအကုန်လုံးကို နားလည်ပေးနိုင်ပါတယ်)

All Chapters