အခန်း (၅-၈)
Vol. 1 Ch. 5-8
5 01
အပိုင်း 5.
၎င်းက အဟုတ်ကို တမူ ထူးခြားလှပေသည်တကား။
ဒရိုင်ဘာက သူတို့နှစ်ယောက်ကို ကျောင်းမှာ ချပေးခဲ့ပြီးနောက် ဝေ့ယီမှာ သူမမိခင်ကို ဖြစ်ကြောင်းရယ်မှ ကုန်စင်ကို ရှင်းပြရန် အချိန်ပင် မရလိုက်ပါချေ။
ကျောင်းအချိန်ဇယားများက အမှန်တကယ်ကို တပုံတပင်ကြီး မဟုတ်ပါလား။ ဝေ့ယီက သူမဦးလေးထံမှ messageကို Special alertအဖြစ် seu ptupလုပ်ထားလိုက်ကာ ဖုန်းကို မှောက်ပြီးနောက် သူမ ထိုင်ခုံအံဆွဲထဲသို့ ထည့်ထားလိုက်၏။
စာသင်ခန်းအတွင်းဝယ် Messageဝင်လာသည့် Notiသံ တိန်ခနဲ ထွက်လာခဲ့ကာ တရုတ်ဘာသာဆရာ၏ စာသင်ကြားနေခြင်းကို ကြားဝင် ဟန့်တားလိုက်လေသည်။
တရုတ်ဘာသာဆရာက ကျောင်းသားများဘက်သို့ လှည့်ကြည့်လာခဲ့ကာ အစဥ်လိုလို နာခံရိုကျိုးတတ်သည့် ဝေ့ယီက သူမလက်ကို မြှောက်ကာ အမှားကို ဝန်ခံလိုက်၏။
“ကျမဖုန်းကပါ ဆရာ။ တောင်းပန်ပါတယ်။ ဖုန်းကို Silentလုပ်ဖို့မေ့သွားလို့။ ”
ထိုခက်ထန်တင်းမာသော တရုတ်စာဆရာက ခေါင်းညိတ်ပြလိုက်ကာ
“နောက်တစ်ခါ မဖြစ်စေနဲ့”
ဆရာက Blackbordဘက်ကို လှည့်ကာ စာပြန်လည်သင်ကြားသည်နှင့် ဝေ့ယီကလည်း သူမ စားပွဲခုံအံဆွဲထဲမှ ဖုန်းကို တပြိုင်နက်တည်း ဆွဲထုတ်လိုက်လေသည်။
ဝေ့ယီက သူမဦးလေးထံမှ messageကို အလျင်အမြန်ပင် အလောသုံးဆယ် ဖတ်ကြည့်လိုက်၏။ သူမ၏ ကြောင့်ကြ ဗျာပါဒများကို ဖြင့် ဦးလေးလုပ်သူက စိတ်ပူလေရာ ယခုချိန်ထိ ရရှိလာသမျှ သတင်းအချက်အလက် ဖြစ်စဥ်များကို ဝေ့ယီထံ သတင်းပေးလာခဲ့သည်။
သူမ ဦးလေးဖြစ်သူ၏ စုံစမ်း စစ်ဆေးမှုများအရ ထိုလူကား ဖခင်ဖြစ်သူနှင့် အမှန်တကယ်ကို မလျော်ကန်သည့် ဆက်ဆံရေးမျိုး ရှိနေသည်ဟူ၏။
ထိုအမျိုးသမီးမှာ ကလေးနှစ်ယောက်ရှိလေရာ DNA တိုက်စစ်ဖို့ရန်အတွက် သူမဆံပင်ကို ဦးလေးဖြစ်သူက လိုအပ်ပေသည်။
သူမဖခင်ထံမှာ အငယ်အနှောင်း ရှိသည်ဖြစ်စေ၊ တရားမဝင်ကလေးများ ရှိနေသည်ဖြစ်စေ သူမအတွက် ပြဿနာ မရှိပေ။
ဤအငယ်အနှောင်း ထွက်ပေါ်လာခြင်းက ရှီလီမမှားကြောင်း သက်သေခံချက်တစ်ခုသာ ဖြစ်သည်။
တရုတ်စာအတန်း ပြီးသွားချိန်ဝယ် နေ့လည်စာ ကျောင်းဆင်းချိန် ရောက်လာခဲ့၏။
ဝေ့ယီအနေဖြင့် ကျောင်းဂိတ်ဝသို့ သွားကာ ဦးလေးဖြစ်သူကို တွေ့ဆုံဖို့ လိုအပ်သည်။ သို့သော် သူမ မသွားမီ ရှီလီထံ အကူအညီ တောင်းခံလိုက်၏။
“လီလီ၊ ငါ့အိမ်သားတွေက ငါ့ကို တွေ့ဖို့ရောက်လာလို့ ငါ့အတွက် နေ့လည်စာလေး ယူထားပေးလို့ ရမလား”
ရှီလီကား မယ်စပ်စုလေးဖြစ်ပြီး နွေးထွေးသော နှလုံးသားပိုင်ရှင်လေး ဖြစ်ရကား အဆင်သင့်ပင် သဘောတူပေးလိုက်ပါ၏။
“ရပါတယ်။ ကိစ္စမရှိဘူး”
ဝေ့ယီ၏ အစားအသောက် အချင့်အချိန် အကန့်အသတ်ကို စစ်ဆေး မေးမြန်းပြီးနောက် ရှီလီလည်း သူမကို သွားခွင့်ပြုလိုက်၏။
“လီလီ၊ နင် ဘယ်အချိန်တုန်းက ဝေ့ယီနဲ့ အဲ့လောက် ရင်းနှီးသွားတာလဲ”
မူလဇာတ်ဆောင်မှာက သူမ၏ ကိုယ်ပိုင်အုပ်စုရှိပြီး မိသားစုနောက်ခံ တူညီသည့် မိန်းကလေးနှစ်ဦး ပါဝင်ကာ သူမ၏ ဦးဆောင်မှုနောက်ကို တစိုက်မတ်မတ် လိုက်ခဲ့သူများပင်။ သို့သော် သူတို့သည်လည်း ထိုMLကို နက်နက်ရှိုင်းရှိုင်း ချစ်ခင် နှစ်သက်သွားခဲ့ပေရာ အမြောက်စာဇာတ်ကောင်များသာ ဖြစ်သွားရတော့၏။
ထိုအုပ်စုကား ရှီလီနှင့် တခန်းတည်း ဖြစ်လေရာ ရှီလီတစ်ယောက် အဘယ်ကြောင့် ဝေ့ယီနှင့် ရင်းနှီးသွားရသည် ဟူသည်ကို သူတို့အားလုံး ကောင်းကောင်းသိကြသည်ပင်။
သို့သော် ရှီလီ၏ အတွင်းစိတ် အတွေးများကို သူတို့ ကြားနိုင်ကြောင်းကို ရှီလီ သိရှိသွားမည်ကို လည်း အလိုမရှိလေရာ ထိုမေးခွန်းကို မေးမြန်းကြခြင်းပင်။
သူတို့က ကလေးဘဝကတည်းကပင် တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ကြကာ သင့်တော်သည့် ဆက်ဆံရေးမျိုး ရှိကြပါသော်လည်း ရှီလီ၏ အတွင်းစိတ် အတွေးများကိုတော့ဖြင့် နည်းနည်းလေးတော့ စပ်စုချင်မိကြ၏။
ထို့ကြောင့်သာလျှင် ဤအခန်းတွင်းမှာ သူမနှင့်ရင်းနှီးသည့် သူငယ်ချင်းများ ရှိသည့်တိုင် ထိုလူအားလုံးက ၎င်းအကြောင်းအရာကို ရှီလီထံ ပြောမပြကြခြင်းသာ။
(အနာဂတ်ကျ ဉာဏ်ပညာကြီးမားပြီး ထက်မြက်လာမဲ့ ငါ့ သူငယ်ချင်းကောင်းလေးတွေက အခုချိန်မှာကျ အမြောက်စာအုပ်စုကြီး ဖြစ်နေတယ်ဆိုတာ စိတ်ကူးယဥ်ကြည့်ဖို့ အတော်ခက်ခဲတာပဲ)
5 02
သူငယ်ချင်းကောင်းများ:???
ဒါဖြင့် အဲဒါက နင့်စိတ်ထဲမှာ ငါတို့ကို ဘယ်လိုမျိုး ကျိန်စာတိုက်နေလဲဆိုတာပေါ့နော်။
ရှီလီ၏ စိတ်တွင်းဝယ် သူမတို့ကို ဉာဏ်ပညာကြီးပြီး ထက်မြက်သည်ဟု ဖော်ပြလိုက်ခြင်းကိုတော့ သူမတို့က လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်ကာ ထိုအမြောက်စာဇာတ်ကောင်ဟူသည့် အစိတ်အပိုင်းတစ်ခုကိုသာ အာရုံစိုက်ထားလိုက်ပါ၏။
သူမ၏ ပြီးခဲ့သည့် ဘဝဝယ် ရှီလီကား သူမကိုယ်တိုင်ကို Male Leadနှင့် မူလဇာတ်ကြောင်းထံမှ ခပ်ခွာခွာ နေခဲ့ရုံသာမက သူမ၏ အတွေ့အကြုံများမှတဆင့် မိသားစုတစ်ခုလုံးကိုရော ထိုအမြောက်စာဇာတ်ကောင်များကို ပါMale leadနှင့် ခပ်ဝေးဝေးမှာ နေစေခဲ့ပါ၏။
ထိုအမြောက်စာဇာတ်ကောင် သူငယ်ချင်းနှစ်ဦးကား အလွန်ဉာဏ်ကောင်းပါသော်လည်း ထိုအချိန်တုန်းကဖြင့် ပြောရဆိုရခက်ကာ လက်ပေါက် ကပ်ခဲ့ပေသည်။ သူတို့ကို Male Leadနှင့် ဝေးဝေးမှာနေဖို့ ပြောပြီးနောက်မှာ ၎င်းတို့ကား လက်ဖျားခါ အံ့အားသင့်စဖွယ် ဘဝများကို ရရှိ ပိုင်ဆိုင်သွားကြတော့သတည်း။
ရှီလီသည်ကား သူမ သူငယ်ချင်းများကို နှစ်ပေါင်းများစွာတိုင် ယခုလိုပဲ ရှုမြင်ခဲ့လေရာ သူမတကယ်ကို လွဲချော်သွားခဲ့ပုံပါပင်။
ယခုနောက်ရော
(ကောင်းပြီလေ။ ငှက်တွေရဲ့ အမွေးဆိုတာလည်း ငှက်အုပ်နဲ့အတူတူ ရှိနေတာပဲဟာ။ ဆိုးယုတ်ရက်စက်တဲ့ အမျိုးသမီးဇာတ်ပို့ ကာရိုက်တာဆိုမှတော့ အမြောက်စာဇာတ်ကောင်တွေ ပတ်လည် ဝိုင်းနေတာက သာမန်ပါပဲ)
ထို သူငယ်ချင်းကောင်းလေးများကား အကြည့်များ ဖလှယ်သွားမိပြန်သည်။
ငါတို့ကို ကျိန်ဆဲတာက ကိစ္စတစ်ခုဆိုဦးတော့၊ ဘယ်လိုလုပ်ပြီး သူ့ကိုယ်သူတောင် ချမ်းသာမပေးနိုင်တာတုန်း။
ထို့အပြင် သူမကိုယ်သူမ ဖော်ပြလိုက်သည့် စကားလုံးများကလည်း ပိုလို့တောင်မှ ရက်စက် ပြင်းထန်နေပေသေးသည်။ ငါတို့က အမြောက်စာဇာတ်ကောင်၊ ဒါပေမဲ့ သူ့ကိုယ်သူကျ ရက်စက်ဆိုးယုတ်တဲ့ အမျိုးသမီးဇာတ်ပို့ ကာရိုက်တာတဲ့လေ။
ရှီချွေ့ယွီကား အလျင်အမြန်ပင် စာ Message တစ်စောင်ပို့လိုက်၏။
(ရှီလီနဲ့ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား)
ရှီလီက အစားအသောက်များ သွားယူနေစဥ်ဝယ် ကောယွမ်က အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ သူမ သူငယ်ချင်းကို အလျင်အမြန် စာပြန်လိုက်ပါ၏။
(နင်လည်း ကိုယ်တိုင်ကိုယ်ကျ မေးကြည့်ဖို့ လိုနေပြီ မဟုတ်ဘူးလား)
ဟုတ်သား။ သူမက သရဲပူးနေတာ ဖြစ်မည်။ ယခုလိုကိစ္စမျိုးကို ပြောထွက်လာဖို့ကသာမန်ပါပင်။
ဝေ့ယီက သူမဦးလေး၏ ကားကို ကျောင်းဂိတ်ဝမှ ကားပါကင်မှာ ရှာတွေ့ပြီးနောက် ကားတံခါးကို ဖွင့်ကာ ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်၏။
ဝေ့ယီက သူမဆံပင် ထည့်ထားသည့် အိတ်အကြည်လေးကို ကို င်ထား၏။
“ ကျေးဇူးပါ၊လေးလေး”
“မိသားစုတွေကြားမှာ ကျေးဇူးတင်စကားဆိုတာ မလိုပါဘူးကွာ”
“မားကို ဒီကိစ္စမပြောပါနဲ့ဦး။ ကျမ စောင့်ချင်သေးတယ်……”
ဝေ့ယီက သူမ၏ အကြောင်းပြချက်ကို မပြောရသေးမီမှာပင် ရွှမ်ရွှမ်က သဘောတူပေးလိုက်ပါ၏။
“မင်းက အခု အရွယ်ရောက်လာပြီပဲ။ မင်းဘာသာ ဆုံးဖြတ်ချက် ချလို့ရတယ်”
ဝေ့ယီ၏ စိတ်အခြေအနေက အတော်ကြီး ပရမ်းပတာ ဖြစ်နေပြီဖြစ်ကာ သူ့ဦးလေး၏ နှစ်သိမ့်စကားများကိုတောင်မှ အသိအမှတ် ပြုမပေးနိုင်တော့ပေ။
သူမ ကား အပြင်သို့ မထွက်ရသေးမီ ရွှမ်ရွှမ်က နောက်ထိုင်ခုံမှ စက္ကူအိတ်လေး တအိတ်ကို ယူလိုက်ကာ သူမလက်ထဲသို့ ထည့်ပေးလိုက်၏။
ကားပါကင်မှ လမ်းလျှောက်ထွက်လာပြီးနောက် ဝေ့ယီက ထိုစက္ကူအိတ်လေးကို ဖွင့်ကာ သူမအနှစ်သက်ဆုံး အိမ်လုပ် ကိတ်မုန့်လေးများကို ရှာကြည့်လိုက်သည်။
သူမကား ကူကယ်ရာမဲ့စွာပင် နှာရှုံ့မိတော့၏။
ကျောင်းတွင်းမှ ဘူဖေး စားသောက်ဆိုင်ထဲကို ဝင်ရောက်လာသည့် အခါ ရှီလီနှင့် အခြားအဖော်နှစ်ဦးက တံခါးဘေးမှာ ထိုင်နေသည်ကို သူမ တွေ့လိုက်ရလေသည်။
ရှီလီ၏ ဘေးထိုင်ခုံက လွတ်နေခဲ့ကာ ထိုရှေ့မှာတော့ မတို့ထိရသေးသည့် အစားအသောက်ဗန်းတစ်ခု ရှိနေခဲ့ကာ သူမအတွက် ယူပေးထားတာဖြစ်ကြောင်း သိသာရှင်းလင်းလှပါသည်။
ကျောင်းတွင်းသို့ ပြန်ဝင်လာသည့် လမ်းဝယ် ဝေ့ယီကား သူမဘာသာသူမ စိတ်ကို ထိန်းချုပ်ထားခဲ့ရသည်ပင်။
သူမက ကိတ်မုန့်လေးသုံးခုကို ဝေပေးလိုက်ကာ
“အိမ်ကလူတွေက ငါ့အတွက် ကိတ်တချို့ ယူလာပေးတယ်။ အဲဒါ တကယ် အရမ်း အရသာရှိတာနော်”
5 03
ထိုသုံးယောက်ထဲဝယ် ရှီလီက အတုံးအဆုံးသူ ဖြစ်လေရာ ဝေ့ယီ၏ အိမ်သားများက ဤကိတ်မုန့်ကို ယူလာပေးဖို့သာ လာရောက်ခြင်း ဖြစ်လေသည်ဟု ယုံကြည်သွားတော့၏။
ရှီချွေ့ယွီနှင့် ကောယွမ်က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဝေ့ယီ၏ အိမ်သားက အရေးကြီးကိစ္စကြောင့်သာ ကျောင်းသို့ ရောက်လာခြင်းဖြစ်ပြီး အထူးသဖြင့် ဝေ့ယုံရှန်း၏ အငယ်အနှောင်းကိစ္စနှင့် ပတ်သက်နိုင်ကြောင်း သိရှိလေသည်။ ဤကိတ်မုန့်ကတော့ အကြောင်းပြချက် သက်သက်သာ။
ပြီးခဲ့သည့် ဘဝတုန်းက ရှီလီကား ဤအိမ်လုပ် ကိတ်မုန့်လေးများကို အထူးတလှယ် နှစ်သက်ခဲ့လေရာ သူမကား အလွန်စိတ်လက်ပျော်ရွှင်စွာ စားသောက်လိုက်ပါ၏။
ဝေ့ယီကား စိတ်အနှောင့်အယှက် ပေးလွန်းသော ဖခင်အကြောင်းကိုသာ တွေးတောနေမိသည်။
ရှီချွေ့ယွီသည်ကား အတင်းအဖျင်းတို့ကို မျှဝေခြင်းနိယာမတို့ကို အပြည့်အဝလိုက်နာကာ ထိုgeoup chatအတွင်းသို့ ဤနေ့လည်စာ စားချိန်တုန်းက ဝေ့ယီ၏ လှုပ်ရှားမှု အဖုံဖုံတို့ကို အချိန်နှင့်တပြေးညီ တင်ပြလိုက်လေသတည်း။
အမှန်တကယ်ကို ဤGroup chatအတွင်းဝယ် ရှီလီနှင့် ဝေ့ယီ မပါဝင်ပါပေ။
ထိုGroup Chatကြီးကား အလွန် တက်ကြွလှုပ်ရှားကာ ပျားပန်းခပ်မျှ စည်ကားသွားလေတော့သတည်း။
(ခန့်မှန်းဖို့တောင် မလိုဘူး။ အဲဒီ လူရှုပ်လူပွေကြီးဝေ့က တကယ်ကို အမြောင်မယား ရှိနေတာ)
(အမြောင်မယားထားပြီး တရားမဝင် ကလေးရှိနေတဲ့ အဖေမျိုးက အဖေလုံးဝမရှိတာထက်တောင် ပိုဆိုးသေးတယ်)
(ခင်ဗျား အချစ်တွေကို ကြွားလုံးထုတ်ပြီးရင် မြန်မြန်သာ သေလိုက်တော့)
(ဒါက ကပ်ဆိုက်ဖို့အတွက် တန်းတန်းကြီးဦးဆောင်သွားတာပဲနော်)
(ဝေ့ယီ ဘာလုပ်ဖို့ အစီအစဥ်ရှိလဲဆိုတာ ငါ အတော် အံ့သြနေပါပြီနော်)
(သူက စားပွဲကို လှန်ပစ်လိုက်ရုံပဲပေါ့။ ဘယ်သူကမှတော့ ငြိမ်းငြိမ်းချမ်းချမ်း ဘဝမျိုးကို မရတော့ဘူးလေ)
မကြာမီမှာပင် တစ်စုံတစ်ယောက်က Group nameကို “ဒီနေ့တော့ ဝေ့ယုံရှန်းကြီး ဒုက္ခလှလှတွေ့တော့မှာလား”ဟုပြောင်းပစ်လိုက်လေသည်။
ထိုGroup chat အမည်သစ်ကြောင့် တက်ကြွထက်သန်သော စာတိုများ ပလူပျံလာလေတော့သည်။
(Wow.ဒါကြီးက…..)
(ဘာဖြစ်ဖြစ် သူက ဝေ့ယီရဲ့ သွေးရင်းအဖေပဲလေ။ သူ့အဖေရဲ့ ကျဆင်းခန်းကြီးကို မျှော်လင့်နေတာက ငါတို့အတွက် မှန်ပါ့မလား)
(ဝေ့ယီကတော့ ဒီလိုအဖေမျိုးကို ဒီ့ထက်ပိုပြီး မလိုချင်ဘူးလို့ ငါတော့ထင်တာပဲ)
(+1)
(+10086)
တတန်းလုံးသည်ကား နေ့လည်စာစားချိန် တစ်ချိန်လုံးကို ဝေ့ယီတို့မိသားစု Dramaအကြောင်း ဆွေးနွေးခြင်းဖြင့်သာ အချိန်ဖြုန်းလိုက်ကြလေသည်။
နေ့လည်စာစားချိန်အတွင်း နုံနုံအအ ရှီလီတစ်ယောက်သာ တမှေး အိပ်ခဲ့ပေသည်။
အခြားလူတိုင်းလူတိုင်းကမူ အတင်းအုပ်ခြင်းနှင့် ဆွေးနွေး အဖြေရှာခြင်းထဲမှာသာ စျာန်ဝင်စားနေခဲ့ကြပါ၏။
နေ့လည်ခင်း တရေးမအိပ်ခြင်းက သူတို့အားလုံးကို ထိုနေ့လည်မှာ ယိုယွင်းပြိုလဲစေတော့၏။
နေ့လည်ခင်းအတန်းများဝယ် သင်ခန်းစာများကို ဂရုတစိုက် နားထောင်နေသည့် ရှီလီမှလွဲ၍ လူတိုင်းကား ခွေးများနှယ် ပျင်းရိခွေခေါက် နေပေသည်။
5 04
ဟန်ဆောင်တတ်သူများကတော့ စိတ်တက်ကြွဟန်ဖမ်းထားသော်ငြား လူနည်းစုမျှသာ။
ကျန်သည့် ကျောင်းသားအများစုကတော့ သမ်းဝေနေကာ ၎င်းတို့၏ ထိုင်ခုံများပေါ်ဝယ် ခြေကားရားလက်ကားရား ဖြစ်နေကြပါ၏။
စာသင်စင်မြင့်ထက်မှ ဆရာကား Blackboardကို နှစ်ကြိမ်မျှ အားပါပါ ခေါက်လိုက်ကာ
“ဘယ်လိုတောင် ထူးဆန်းနေတာလဲ။ မင်းတို့အားလုံး မနေ့ညတုန်းက တစ်ခုခုကို သွားခိုးထားကြလို့လား။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် မင်းတို့အားလုံးက ပေါ်တင်ကြီး အိပ်ငိုက်နေကြတယ်ပေါ့လေ”
ထိုကျောင်းသားများကား အပြစ်ရှိစိတ်ကို ခံစားလိုက်ရပြီးနောက် အားလုံးက အလန့်လန့် အဖျပ်ဖျပ်နှင့် နိုးထလာကြတော့၏။
သူတို့အားလုံးက ရှီလီ၏ အမူအရာကို မသိမသာလေး စောင့်ကြည့်လိုက်ကာ တစ်စုံတစ်ရာသော အလွဲကို ရှီလီ သတိပြုမိသွားမည်ကို စိုးရိမ်လေသည်။
သူတို့အားလုံးက ဘာကို မှ သွားခိုးသည်မဟုတ်သလို ဘာတစ်ခုမှလည်း မလုပ်ခဲ့ကြပါပေ။ သို့သော် သူတို့က သူတို့၏ နေ့လည်ခင်း တစ်ရေးတမောအိပ်ချိန်ကို ကျော်ခွခဲ့ရုံမက မနေ့က တစ်မနက်လုံးလည်း မိုးလင်းပေါက်လုနီးတောင်မှ နေခဲ့ကြသေးသည်ပင်။
(ထူးဆန်းတယ်၊ ဒီလူတွေ အကုန်လုံးက ညလုံးပေါက် ပါတီတက်ပြီး တစ်ညလုံး ဂိမ်းဆော့ဖို့တောင် စွမ်းအားတွေ အရမ်းပေါနေတာ မဟုတ်ဘူးလား။ ဒီတနေ့လုံး အိပ်ငိုက်အောင် သူတို့ကို ဘာကလုပ်ထားတယ် မသိဘူး။ ငါမသိတဲ့ အတင်းအဖျင်း တချို့များ ရှိနေသေးတာလား)
အခြားသူများ: စဥ်းစားကြည့်ပါဦး။ အဲဒီအရည်ရွှမ်းနေတဲ့ သတင်းကြီးက တကယ်ကြီးကို နင်နဲ့ သက်ဆိုင်နေတာလေ။
******
6 01
အပိုင်း 6.
ရှီလီ၏ အတွင်းစိတ် အတွေးများက လူတိုင်းကို အပိုးကျိုးသွားစေလေသည်။
သူတို့က ရှီလီ၏ အတွေးများကို ကြားနိုင်ကြောင်း သူမသိသွားမှာကို ကြောက်ရွံ့လှ၏။
စက္ကန့်ဝက်မျှအတွင်းဝယ် Blackboardကို မျက်နှာမူထားသည့် ဆရာက တဖန်တက်ကြွလာသည့် ကျောင်းသားများကို သတိပြုမိသွားလေသည်။
မျက်လုံးများ ပွင့်လာဖို့ရန် ကြိုးစားရုန်းကန်နေရသည့် သူတို့၏ မျက်လုံးများက ယခုမူ ပန်းကန်ပြားတချပ်မျှ ပြူးကျယ်လာပါ၏။
ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအရာကတော့ ဤကျောင်းသားများ ယခုလို ပြောင်းလဲသွားသည်က တစ်ယောက်တည်း ဟုတ်မနေသောကြောင့်ပင်တည်း။
သုံးဆယ်နီးပါးမျှသော ကျောင်းသားများက ယခုလို တုံ့ပြန်လာလေရာ ဆရာမသည်လည်း တစ်စုံတစ်ရာကို တိတ်တဆိတ် သတိပြုမိသွားပေတော့သည်။
မနေ့တုန်းက ရုံးခန်းထဲဝယ် ထိုClass1အတွင်းမှာ မကောင်းဆိုးဝါး ရှိနေသည်ဟု သင်္ချာဆရာက ပြောနေသည်ကို သူမ ကြားခဲ့ရသည်။ ထို့ကြောင့် သူလည်း ဘုရားကျောင်းသို့ သွားရောက်ကာ အဆောင်လက်ဖွဲ့များ တောင်းယူခဲ့ရသည်ဟူ၏။
သို့သော် သူမက မူ ထိုဆရာက အသက်အရွယ် ကြီးရင့်လာပေရာ ပရမ်းပတာ အတွေးများကတော့ ဖြစ်လေ့ရှိသည်ဟု တွေးထားခဲ့ခြင်းပင်။
သူကား သဘာဝလွန် အဖြစ်အပျက်များကို လုံးဝ အယုံအကြည်မရှိဘဲ ရုပ်ဝါဒီကိုသာ ခိုင်ခိုင်မြဲမြဲ လက်ခံထားသူဟု ဆိုကြလေသည်။
ယခုမူ ယခင်က ရှိခဲ့သည့် သူမ၏ မြဲမြဲမြံမြံ ယုံကြည်ချက်များက မသေချာပါလေတော့။
သူမ..သူမ…သူမ..သူမသည်လည်းပဲ ဒီတစ်ပတ် ပိတ်ရက်ရောက်လျှင် ထိုသင်္ချာဆရာနှင့်အတူ ဘုရားကျောင်းသို့ သွားကာ အမွှေးနံ့သာများ ထွန်းညှိပူဇော်ရပေမည်။
ကျောင်းဆင်းပြီးသည့်နောက် ဝေ့ယီသည်လည်း ရှီလီကို သူမနှင့်အတူ အိမ်ပြန်လိုက်ဖို့ ကပ်တွယ်မနေတော့ပေ။
ရှီလီသည်ကား အရည်အချင်း မပြည့်ဝသည့် လုပ်ငန်း ဆောင်ရွက်သူပေတည်း။ သူမကား ကျောင်းဆင်းပြီးနောက် Male Leadကို နားပူနားဆာလုပ်ကာ အပူကပ်ရမည်ကို အမှန်တကယ်ကြီး မေ့လျော့သွားလေပြီ။
သူမက ယခင်ဘဝမှ အမူအကျင့်များအတိုင်း အိမ်သို့ တန်းတန်းကြီးပြန်ကာ သူမအိမ်စာများကိုသာ လုပ်နေခဲ့ခြင်းပင်။
အိပ်မပျော်မီ အိပ်ရာထက်မှာ လဲလျောင်းနေစဥ် ယနေ့၏ အဖြစ်အပျက်များကို ပြန်မြင်ယောင်မိ၏။
ယနေ့ သူမ ဖြတ်ကျော်ခဲ့သည့် အရာများကို ပြန်လှန် တွေးတောမိပါမှ သူကMale Leadကို သွားရှာဖို့ မေ့လျော့နေခဲ့ကြောင်းကို ထိတ်လန့်ဖွယ် သဘော ပေါက်မိရတော့၏။
ရှီလီကား သူမ၏ စောင်ဒေါင့်စွန်းလေးကို ကိုက်မိကာ ညင်ညင်သာသာလေးပင် မျက်ရည်ကျမိလေသည်။ သူမက အရည်အချင်း မပြည့်ဝသည့် ဇာတ်ပို့ကာရိုက်တာပါတကား။ ဤမျှ အရေးကြီးသည့် အရာကို သူမဘယ်လိုတောင် မေ့သွားရသည်တဲ့လဲ။
နောက်တနေ့မှာတော့ ရှီလီက ဝမ်းနည်း ညှိုးငယ်နေသည့် မှိုပွင့်လေး ဖြစ်သွားတော့ပြန်ကာ သူမ၏ ကဏ္ဍကိုလည်း သူမဘာသာ သေချာ ပြန်လည် သတိပေးနေရပါ၏။
သို့သော် သူမ၏ စောဒကများကိုတော့ဖြင့် သူမ အတန်းဖော်များက ကြားနေနိုင်ကြောင်းကိုတော့ မသိပါလေ။
လူတစ်ဦး၏ မိမိကိုယ်ကို သနား ကြင်နာခြင်းသည်ကား အဖွဲ့အစည်း၏ ယိုယွင်းပြိုကွဲမှုကို ဖြစ်စေလေသည်။
ထို့အတွက်ကြောင့် အခြား အတန်းဖော်များ၏ နားထဲသို့ သက်ဆင်းနေရသည့် သူမ၏အသံကား ၎င်းတို့အတွက် ညှင်းပမ်းနှိပ်စက်မှုသာ ဖြစ်စေလေတော့သည်။
(ငါ ဖုန့်ယွင်ဟယ်ကို သဘောကျတယ်)
(ဒီနေ့ ကျောင်းဆင်းရင်တော့ သူ့ကို ငါသွားရှာရမယ်)
အခြားသူများသည်လည်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည့် ရှီလီ၏ အတွေးများကို ကြားနိုင်ပါသည်။
နင် သူ့ကို ကြိုက်နေတယ်ဆိုတာ ဒီမြို့တော်ပြာတခွင် ပြဲပြဲစင်အောင် သိနေပြီး သားပါနော်၊ ငါတို့ကို သတိပေးနေဖို့မလိုဘူး။
ထိပ်တန်း ကျောင်းသားများသည်ကား အတန်းချိန်အတွင်းဝယ် ဆရာ၏ ပို့ချချက်များကို အထူး အလေးထားနားထောင်ဖို့ လိုအပ်ပေရာ ရံဖန်ရံခါမှာ ထွက်ပေါ်လာတတ်သည့် ရှီလီ၏ ပေါက်ကွဲသံများက သူတို့၏ အတွေးရထားရှည်များကို တကယ်ကြီး အနှောင့်အယှက် ပေးနေသည်ပင်။
6 02
စာလေ့လာမှုအပေါ် ဂရုစိုက် မနေကြသူတွေအတွက်တော့ ထိုအကျိုးသက်ရောက်မှုက ပိုလို့တောင် ကြီးမားနေသေးသည်။
သူမက ဖုန့်ယွင်ဟယ်ကို သဘောကျပါသည်ဟူသည့် အသံ ထွက်ပေါ်လာချိန်ဝယ် သူတို့က အိပ်ငိုက်နေကြခြင်းပင်။
အချို့က Horror Movieများကို တိတ်တိတ်လေး ကြည့်ရှုနေချိန်တွင် သူမက ပြောလိုက်၏။ (ကျောင်းဆင်းရင်တော့ ငါသူ့ကို သွားရှာရမယ်။ အဲဒီကြောက်လန့်စရာ လေထုကြီး ကွယ်ပျောက်သွားတော့ရော။ အခုကျတော့ရော ဘာထူးလို့လဲ)
စိတ်တိုစရာ အကောင်းဆုံး အရာကတော့ သူမအတွေးထဲဝယ် ဖုန့်ယွင်ဟယ်အကြောင်းတို့ ပြည့်နှက်နေတာတောင်မှ ဆရာမက သူ့ကို မေးခွန်းမေးသည့် အခါ တုံ့ဆိုင်းခြင်းမရှိပဲ အဖြေမှန်ကို ပေးလိုက်နိုင်ခြင်းပင်။
သူမက ဖုန့်ယွင်ဟယ်အကြောင်းကို တစက္ကန့်မျှ တွေးနေခဲ့ပြီးနောက် ဆရာမက သူ့ကို ခေါ်လိုက်၏။
ဆရာမကား သူမ၏ အချစ်နာကျနေသည့် အမူအရာကို သတိပြုမိသွားကာ ထိုအတွက် ကြောင့်သာလျှင် သူမကို ခေါ်လိုက်ခြင်းဖြစ်သည်ဟု အခြားကျောင်းသားများက တွေးထင်လိုက်ကြ၏။
အတန်းသားများ၏ တဝက်နီးပါးက Crushဆီမှာ စိတ်ရောက်နေသည့် ရှီလီတစ်ယောက် အဖြေမှန် မဖြေဆိုနိုင်မည်ကို စိုးရိမ်နေကြလေသည်။
သာမန် ကျောင်းသားများအတွက် မူ ဆရာမ၏ အမေးကို မဖြေနိုင်သည်က ကြီးကြီးမားမား ကိစ္စရပ်ကြီး မဟုတ်ပေ။
သို့သော် ရှီလီကဲ့သို့ ထိပ်တန်းကျောင်းသူအတွက်မူ ၎င်းက နာမည်ဂုဏ်သတင်းကို ပျက်စီးစေလိမ့်မည်ပင်။
ထို့ကြောင့် ရှီချွေ့ယွီနှင့် ဝေ့ယီတို့ အုပ်စုသည်လည်း ရှီလီအတွက် အဖြေမှန်ကို ကူညီရှာဖွေပေးနိုင်မည့် နည်းလမ်းကို ရှာဖွေရတော့၏။
အခြားသော အုပ်စုကမူ ရှီလီက အဖြေပြန်မပေးနိုင်ဖို့ မျှော်လင့်နေကြကာ အတန်းချိန်အတွင်းဝယ် အခြား ကောင်လေးအကြောင်း စဥ်းစားနေခြင်းကို ရပ်တန့်ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ရန်သာ ဖိအားပေးချင်ကြကာ ၎င်းကလည်း သူတို့၏ နေ့လည်ခင်း တရေးအိပ်ခြင်းကို ကြီးကြီးမားမား သက်ရောက်နေသည် မဟုတ်ပါလား။
ကောင်လေးအကြောင်း တွေးနေသည့် ရှီလီ၏ အတွေးရထားရှည်ကြီးက ကြားဝင် နှောင့်ယှက်ခံလိုက်ရလေရာ ထို့နောက်မှာတော့ ဖုန့်ယွင်ဟယ်အကြောင်း ရေရွတ်နေသည့် ရှီလီ၏ စိတ်တွင်းမှ တကိုယ်တော်ပြဇာတ်ရှည်ကြီးကို သူတို့ ထပ်မကြားရတော့ပေ။
ထို့ကြောင့် Class1 ပထမနှစ်မှ ကျောင်းသားများသည်လည်း နောက်ဆုံးမှာတော့ တိတ်ဆိတ် ငြိမ်သက်စွာဖြင့်ပင် သူတို့သင်ခန်းစာများကို လေ့လာကြရတော့သည်။
သို့သော် ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် နောက်ဆုံးတန်းမှာထိုင်ကာ ဖုန်းကြည့်လျှင်ကြည့် မကြည့်လျှင် အိပ်နေတတ်ကြသည့် အပျင်းထူသူ ကျောင်းသားများတောင်မှ Blackboardထံ အာရုံစိုက်လာကြပါ၏။
Sleeper1: မိနစ်မိနစ်တိုင်း နိုးနေတာပဲကွာ၊ ဘယ်ငရဲကများ ငါအိပ်ပျော်တယ်လို့ ပြောလို့ရမလဲ။
Sleeper2: ငါတော့ အခုမျက်လုံးကျယ်ပြီး နိုးသွားပြီ၊ ပြန်အိပ်လို့မရတော့ဘူး။
Sleeper3: အဲဒီ ကယောက်ကယက် သင်္ချာဖော်မြူလာတွေတောင်မှ အိပ်မွေ့ချခံရတဲ့ အကျိုးသက်ရောက်မှုကြောင့် ပျောက်ကုန်ပြီ။
နောက်ဆုံးတန်းမှ ကျောင်းသားများက ရုတ်ခြည်းပင် ခေါင်းများထောင်လာကြကာ ထိုစာသင်စင်မြင့်ထက်သို့ ဂရုတစိုက် ကြည့်ရှုကြတော့သည်။
သင်္ချာဆရာ:ငါမင်းကို ပြောမယ်၊ ဒီတစ်ပတ် ပိတ်ရက်ကျရင်တော့ ငါတို့တွေ ဘုရားကျောင်းကို သွားပြီး အဆောင်လက်ဖွဲ့ ယူရတော့မယ်။
ရှီလီက အတန်းချိန်အလယ်ကြီးဝယ် ဖုန့်ယွင်ဟယ်၏ အမည်ကို ခေါ်ထုတ်လာခဲ့ပေရာ ထိုအတန်း Group Chatသည်လည်း ပျားပန်းခပ်မျှ စည်ကား သက်ဝင်လာပြန်လေတော့သည်။
(ကောလဟလတွေက တကယ်မှန်နေတာပဲ။ ရှီလီက တော့ တကယ့်ကို ထိပ်တန်းအချစ်ပဲ)
(ရှီလီကတော့ တကယ်ထိပ်တန်းအချစ်ပဲ)
ချက်ချင်းဆိုသလိုပါပင် Group Chatကြီးကား “ရှီလီရဲ့ အချစ်က ထိပ်တန်း”ဟူသည့် စကားများ လျှံကျဝေစည် သွားလေတော့သည်။
တစ်စုံတစ်ယောက်ကတော့ ပုံစံပျက်သွားသည်အထိပင်။
(ရှီလီက သရဲပူးတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် သူ့ဦးနှောက်က ပြောင်းရွှေ့ စိုက်ပျိုးခံလိုက်ရတယ်လို့ ငါ တွေးလုနီးနီးပဲ။ ဒါပေမဲ့ သူက အခုထိတောင် ဖုန့်ယွင်ဟယ်ကို အရမ်းချစ်နေတာကိုး)
(မူလတည်းကသာ အဲ့လိုဆိုမှတော့ သူကလွဲလို့ ဘယ်သူဖြစ်ဦးမှာလဲ)
ရှီလီနှင့်အတူ ဝေ့ယီပါ မပါဝင်သည့် Group Chatကား ယနေ့မှာတော့ အမည်ပြောင်းလဲကာ “ဒီနေ့ ရှီလီဘာပြောလဲ” ဟူသည့် ခေါင်းစဥ်ကို ပြောင်းလဲလိုက်လေတော့သည်။
ရှီလီနှင့် ဖုန့်ယွင်ဟယ်အကြောင်း ဆွေးနွေးနေစဥ်တွင် “ဒီနေ့ ဝေ့ယုံရှန်းကြီး ဒုက္ခလှလှတွေ့မှာလား” ဟူသည့် Group Chatမှာ တက်ကြွလှုပ်ရှားမှုများဖြင့် တဝီဝီမြည်နေပါ၏။
6 03
လူတော်တော်များများက Group နှစ်ခုစလုံးမှာ တပြိုင်နက်တည်း ပြောဆိုနေခြင်း ဖြစ်ပေရာ မတော်တဆဆိုသလိုပင် Chatနှစ်ခုကို ရောထွေးကုန်လေတော့သည်။
သူတို့ကား အဖွဲ့ငယ်လေးများ ရယူပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်ပင် Group nameကို “ဒီနေ့ ရှီလီ ဘာပြောလဲ”ဟူသည်မှ ”လူရှုပ်ကြီးဝေ့၏ ဘဝကို 24နာရီ ပြင်ဆင်လှုပ်ရှားခြင်း” ဟူသော အမည်သို့ ပြောင်းချလိုက်လေတော့သည်။
ဝေ့ယီက ပြုံးလိုက်၏။ အမှန်ပေါ့၊ နင်တို့မှာ တခြားGroup Chat ရှိတယ်ဆိုတာ ငါသိသားပဲ။
(မင်း ဘာလုပ်လိုက်တာလဲ)
(ပြန်ပြင်။ မြန်မြန်။ ပြန်ပြင်လိုက်)
(မင်းရူးနေလား)
Group Chat Nameကို မှားပြီး ပြင်လိုက်သူခမျာ ထိန်းမရနိုင်အောင် ကြောက်စိတ်မွှန်သွားခဲ့ကာ အမည်ကို ဒရောသောပါး ပြင်ဆင်ပါသော်လည်း အခြားလူများထံမှ Private messageများကို ဆက်လက် လက်ခံနေရလေရာ စမ်းတဝါးဝါးဖြစ်နေပြီး မအောင်မြင်ပါပေ။
နောက်ဆုံးမှာတော့ ကြင်နာ စိတ်ကောင်းရှိသည့် ထိုင်ခုံဖော်တစ်ဦးက Group Nameကို ပြန်လည်ပြင်ဆင်ရန် ကူညီပေးလိုက်၏။
ဝေ့ယီသည်ကား ဤဖြစ်စဥ် တလျှောက်လုံး၏ မျက်မြင်သက်သေပါပင်။
အိုး၊ ငါ့ရဲ့ ချစ်လှစွာသော ထိုင်ခုံဖော်လေး၊ သူကGroup Nameကို ပြောင်းပေးလိုက်ပေမဲ့ ဒီGroupထဲမှာတော့ စာတစောင်မှ မပို့ဘူးနော်။
အကယ်၍ မင်းက နာမည်ကို ပြန်ပြောင်းလိုက်ရင်တောင်မှ Modification Historyထဲကနေပြီး ငါ မြင်နိုင်သေးတယ်လေ။
ထိုအခိုက်ဝယ် သူမက နက်ရှိုင်းသည့် အတွေးရေယဥ်ထဲသို့ ကျဆင်းနေခဲ့ပါ၏။
သူမက ၎င်းကို မမြင်ဟန်ဆောင်လိုက်ရမည်လား၊ သို့မဟုတ် ထိုGroup Chatထဲသို့ ဝင်ကာ ကြိုက်သလို အပြစ်ရှာဝေဖန်နေပါစေ။ သူမက ဖြင့် စိတ်ထဲမထားပါဟု သဘောထားကြီးစွာ ပြောလိုက်ရလေမလား။
နှစ်စက္ကန့်မျှ အလေးအနက် သုံးသပ် ဆင်ခြင်ပြီးနောက် စိတ်အနှောင့်အယှက် မဖြစ်မည့် နည်းလမ်းဖြစ်သည့် ဒုတိယတစ်ခုကို သာ သူမရွေးချယ်လိုက်တော့သည်။
သူမက အလွန် ရင်းနှီးကျွမ်းဝင်သည့် Messageတစောင်ကို တောင်မှ ပို့ပေးလိုက်သေး၏။
(ဟုတ်ပါပြီ၊ အားလုံးရဲ့Chat Recordတွေကို ကြည့်ပြီး ငါတကယ်ကို စိတ်အားတက်ရပါတယ်)
အခြားအတန်းဖော်များ: ဟုတ်ပြီ၊ ငါတို့သဘောပေါက်တယ်၊ မင်း ဝေ့ယုံရှန်းကို မုန်းတယ် ဟုတ်။
သို့သော် အကင်းပါးသော အတန်းဖော်တချို့ကမူ ဝေ့ယီ၏ စကားလုံးများထဲမှ သတင်းအချက်အလက်တချို့ကို ခြေရာကောက်မိပါ၏။
ယခုလိုမျိုး အထင်သေးစက်ဆုပ်သည့် စကားများကို ဝေ့ယုံရှန်းထံသို့ ပစ်ပေါက်နေခဲ့သည်က သူမအနေဖြင့် ဝေ့ယုံရှန်းက အငယ်အနှောင်းထားပါသည် ဟူသည့် တိကျခိုင်မာသော စုံစမ်း စစ်ဆေးမှုရလဒ်ကို ရရှိခဲ့ပြီး ပြီဟူသည့် အဓိပ္ပါယ်ပါပင်။
ဝေ့ယုံရှန်းကသာ အပြင်မှာ အငယ်အနှောင်း ရှိနေပါက ရှီလီက မှန်ကန်သည်ပင်။
အဲတော့ ဝေ့ယုံရှန်းက မကြာခင် ဒုက္ခတွေ့တော့မယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား။
သူတို့က ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းဝယ် အလွန်တက်ကြွစွာ ဆွေးနွေးခဲ့သည် ဖြစ်သော်ငြား လူတိုင်းလူတိုင်းက ဝေ့ယုံရှန်း၏ ကိစ္စကို အတင်းအဖျင်းပြောရန် အမြောက်စာမျှသာ သဘောထားခဲ့ကြကာ မည်သူကမျှ ၎င်းကို လေးလေးနက်နက် မတွေးတောခဲ့ကြပါပေ။
တစ်ခါတစ်ရံဝယ် အထက်တန်းပထမနှစ်၏ Class1ကျောင်းသားများကသာ ရှီလီ၏ အတွေးတို့ကို ကြားရပြီး ဆရာမတောင်မှ မကြားနိုင်ပေ။
လူတချို့ကမူ ရှီလီက ဆရာများနှင့် ပူးပေါင်းကြံစည်သည်ဟု သံသယဝင်လာကာ ဤညဝယ် ရုပ်သံမှတ်တမ်းကို စစ်ဆေးကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။
ကျောင်းသားကျောင်းသူများက ကျောင်းဝင်းထဲမှာ ဒုက္ခတွေ့မည်ကို ကြောက်လန့်လေရာ ဂုဏ်သတင်း ကြီးမားလှသော ကျောင်းကြီး၏ နေရာတိုင်းလိုလိုမှာပင် ကင်မရာများ ရှိလေသည်။ ထိုကျောင်းအုပ်ချုပ်ရေးအဖွဲ့သည်ကား ဖြစ်နိုင်မည်ဆိုပါက ရေချိုးခန်းများအတွင်းမှာပါ ကင်မရာများကို တပ်ဆင်ထားချင်သေးသည်ပင်။
အမှန်တော့ ကျောင်းသားကျောင်းသူများ၏ လူ့အခွင့်အရေးကိုလည်း ထည့်သွင်း စဥ်းစားရသေးလေရာ နောက်ဆုံးမှာတော့ ထိုရေချိုးခန်းများထဲမှာ ကင်မရာတပ်ဆင်မည့် အဆိုက ပယ်ချခံလိုက်ရလေသည်။
အမှန်တကယ်တော့ ဘာလူ့အခွင့်အရေးကိုမှ လေးစားနေလို့တော့မဟုတ်။ ထို အလိုလိုက် ဖျက်ဆီးခံထားရသော ဧကရာဇ်ငယ်လေးများက သူတို့သာ အရှက်တကွဲ အကျိုးနည်းဖြစ်သည်ဟု ခံစားရပါက ဤကျောင်းကြီးကို တစစီဆွဲဖြဲပစ်လိုက်မည်ကို ကြောက်ရွံ့သောကြောင့်သာ။
ကျောင်း၏ HDကင်မရာများက နေရာရာတိုင်းကို ရှင်းလင်းစွာ မှတ်တမ်းတင် ဖမ်းယူထားနိုင်၏။ အတန်းချိန် တချိန်လုံးဝယ် ရှီလီက နှုတ်ခမ်းများကို ဖွင့်မလာခဲ့သလို မည်သည့် အသံကို မှလည်း မပြုခဲ့ပေ။
ဘာတွေ ဖြစ်နေတာလဲဟင်။ တကယ့်ကို ဦးနှောက်ခြောက်စရာပါလား။
6 06
သူတို့က သဘာဝလွန်ဖြစ်ရပ်များနှင့် တွေ့ဆုံကြုံကြိုက်ခြင်းက ဖြစ်နိုင်ပါသည်ဟု လက်ခံထားနိုင်သော်ငြား ဝေ့ယုံရှန်း၏ အဖြစ်ကို သော်လည်းကောင်း ကားအက်ဆီးဒန့်ဖြစ်ကာ သေအံ့သည်ဟူသည့် ရှီလီ၏ အခိုင်အမာဆိုမှုကိုသော် လည်းကောင်း မယုံကြည်ပါပေ။
နောက်ဆုံးမှာတော့ ရှီလီက သဘာဝလွန် ဖြစ်ရပ်များနှင့် ဆုံတွေ့ခဲ့ရရုံသာမက အနာဂတ်ကိုပါ ကြိုမြင်နိုင်နေတာလား။
သို့သော် ဝေ့ယုံရှန်းထံမှာ တကယ်ကြီးကို အရေးကိစ္စတစ်ခု ရှိလာသည်ကို သူတို့ တွေ့ရှိသွားပြီးနောက် လူတိုင်းလူတိုင်းက နောက်တနေ့ ဘာဖြစ်မလဲဆိုတာကိုသာ ပိုမို စိတ်လှုပ်ရှားနေကြတော့သည်။
တစ်နေ့တာ၏ ကျောင်းဆင်းချိန် နီးကပ်လာသည့်အခါ ကျောင်းသားများသည်ကား ပိုလို့ပင် ဂနာမငြိမ် ဖြစ်လာရပါ၏။
အချို့ကား ထွက်ခွာဖို့ ပြင်ဆင်ထားပြီး ဖြစ်ကာ ကျောင်းဆင်း ခေါင်းလောင်းထိုးသည်နှင့် အိတ်များကို ဆွဲကာ ထွက်ခွာဖို့ စောင့်ဆိုင်းနေကြသည်။
အချို့ကမူ ညနေပိုင်း ကိုယ်ပိုင်ကျူရှင်အတန်း တက်ရမည်ဖြစ်လေရာ သူတို့အိမ်စာ ပြီးဖို့ကို အသဲအမဲ ရေးခြစ်နေကြပေသည်။
အမှန်တကယ်တော့ ရှီလီကမူ ထိုအမျိုးအစားများထဲဝယ် ဘယ်ထဲကိုမှ မပါဝင်သူပင်။
သူမက Male Leadထံ နှစ်ရက်ဆက်တိုက်မျှ အဆက်အသွယ်မလုပ် အပူမကပ်လေရာ ၎င်းက အလွန်ကို သစ္စာရှိ စွဲလန်းတတ်သည့် ပိုးပန်းသူတစ်ယောက်အဖြစ် လက်ခံနိုင်ဖွယ်ရာ မရှိဘူး မဟုတ်ပါလား။
ထို့ကြောင့် ယနေ့ ကျောင်းဆင်းသွားလျှင်တော့ ရှီလီသည်ကား Male Leadကို နားပူနားဆာ တိုက်ဖို့ရန်အတွက် မိနစ်နှစ်ဆယ်တိတိမျှ ဖယ်ထားဖို့ ဆုံးဖြတ်လိုက်ပါ၏။
သို့သော် ပြီးခဲ့သည့် ဘဝတုန်းက ထိုလူနှင့် သူမအကြားမှာ ထားရှိခဲ့သည့် အပြန်အလှန် ကန့်သတ်ချက်ကြောင့် ရှီလီကား ထိုတစောင်တည်းသော Messageကို မပို့ဖြစ်ပဲ ဆယ်မိနစ်မျှ အချိန်ဖြုန်းခဲ့မိပေ၏။
(ယွင်ဟယ်ကို ကို ၊ ဒီအသံတွေက အရမ်းကို သမားရိုးကျပဲ မဟုတ်လားဟင်)
ကျောင်းထဲမှထွက်ခွာရန် ပျော်ပျော်ပါးပါးကြီး ပြင်ဆင်နေကြသည့် အတန်းဖော်များကား ထိုယုတ္တိမတန်သည့် အသံကြီးကို ခေါင်းထဲမှာ ရုတ်တရက် ကြားလိုက်ရလေသည်။ ကိုယ့်ကိုယ်ကိုယ် သနားဖို့အတွက် အတော် လုံလောက်နေပါပြီနော်.....
******
7 01
အပိုင်း 7.
(ဟယ်ကော၊ အဲဒါ အရမ်း ပျော်စရာကောင်းတာပဲနော်။ နင်သာ အဲ့လိုပို့လိုက်ရင် နင် block ခံရမှာတော့ မဟုတ်ပါဘူးနော်)
(ဘာဖြစ်ဖြစ် သူမှ ငါ့ကို မကြိုက်တာ၊ အဲ့လိုဆိုမှတော့ သူ ငါ့ကို Blockလည်း ကိစ္စမရှိဘူး)
(ဒါဖြင့် ဒီလိုဆိုရင်ရော၊ ဟယ်ကော၊ ရှင် အခုထိ ညစာ မစားရသေးဘူး ဟုတ်တယ်မလား။ အိမ်စေတွေက ကျမအတွက် အစားအသောက်တချို့ ယူလာပေးတယ်လေ။ အဲဒါ ရှင့်အတွက် လည်း နည်းနည်းလောက် ယူလာပေးမလို့)
(ချစ်စရာကောင်းအောင်လို့ Couple Emojiလေးပါ ပေါင်းထည့်ပေးလိုက်မယ်)
လူတိုင်းလူတိုင်းသည်ကား ဖုန့်ယွင်ဟယ်အကြောင်း တွေးနေသည့် ရှီလီ၏ အတွင်းစိတ် အတွေးများကို နားထောင်ဖို့ တုံ့ဆိုင်းနေကြလေပြီ။ သို့သော် ထိုစကားကြောင်းများအရ ထိုလူနှင့် အပြန်အလှန်ဆက်ဆံရေးဝယ် ရှီလီကပင် နှိမ့်ချကျိုးနွံရကြောင်း သူတို့ ရိပ်ဖမ်းသံဖမ်း သိရှိသွားခဲ့ပါ၏။
သို့ဖြစ်လေရာ အိမ်တော်တစ်ခုမှ ပိုးမွေးသလို အလိုလိုက်ခံထားရသည့် ရွှေမင်းသမီးငယ်လေးက ထိုဖုန့်ယွင်ဟယ် အရှေ့ဝယ် ခယရိုကျိုး နေရသည့်အခါ မည်သို့ ပင်ဖြစ်စေ ရင်ကွဲပက်လက် ဖြစ်စေရသည်သာ။
နောက်ဆယ်မိနစ်ကြာပြီးနောက် ကျောင်းဆင်းခေါင်းလောင်း ထိုးသွားလေသည်။
ရှီလီက သူမဖုန်းကို စစ်လိုက်သည့် အခါ မည်သည့် Messageကို မှ လက်ခံရရှိထားခြင်း မရှိသေးပေ။
နောက်ထပ် နာရီဝက် ကုန်ဆုံးသွားပြန်လေပြီ။ နောက်ဆုံး ရှီလီက သူမအိမ်သို့ ပြန်ရောက်ပါမှ ဖုန့်ယွင်ဟယ်က Message1စောင်ပြန်ပို့လာခဲ့ပါ၏။
သူက ထူးထူးဆန်းဆန်းပင် အလွန်တိုတုတ်သော Message တစ်ခု Reply ပြန်လိုက်လေသည်။
(မလိုဘူး)
Notiသံကြားချိန်ဝယ် ရှီလီက သူမအိမ်စာများ လုပ်နေခဲ့ခြင်းပင်။ ဖုန့်ယွင်ဟယ်၏ Replyကိူကြည့်ကာ သူမက ဖြင့် မည်သို့မျှ ထူးဆန်း အံ့သြမနေပါလေ။
မည်သို့ပင်ဖြစ်စေ ထိုအမျိုးသား ဇာတ်ဆောင်သည်ကား ရေခဲတမျှ အေးစက်သော သူ့အမူအရာများကို အရည်ပျော်စေခဲ့သူ အမျိုးသမီးဇာတ်ဆောင်သာ မဟုတ်လျှင် မိန်းကလေးဟူသမျှကို ရေအေးတဇလုံဖြင့် ပက်တတ်သူသာတည်း။
ထို့အပြင် ဖုန့်ယွင်ဟယ်ထံသို့ သူမ ပို့လိုက်သည့် Messageကား လက်တန်းပို့ခြင်းသာဖြစ်ပြီး ဘယ်အိမ်စေကမှလည်း ဘာအစားအသောက်မှ ယူမလာပါပေ။
သင့်Crush၏ နိစ္စဒူဝ လိုအပ်ချက်များကို ဂရုစိုက်ပေးခြင်းကား အစဥ်သဖြင့် ချစ်ခင် သစ္စာရှိလှသူတို့ ပြုလုပ်ရမည့် သင့်တော်လျော်ကန်သော တာဝန်ပေတည်း။
ဖုန့်ယွင်ဟယ် လက်ခံလိမ့်မည် မဟုတ်ကြောင်း ရှီလီကလည်း သိထားခဲ့ကာ ထိုသို့သော Messageမျိုးကို ပို့ဝံ့ဖို့အတွက် သူမလည်း ရှက်လှသည်ပင်။
ဖုန့်ယွင်ဟယ်၏ Replyကို ကြည့်ပြီးနောက် ရှီလီလည်း ချက်ချင်းတုံ့ပြန်လိုက်၏။
(ကောင်းပါပြီ၊ ဂရုစိုက်စားနော်)
သူမ ပြန်လည် မွေးဖွားလာပြီး ကတည်းက ဆိုပါလျှင် ယခုက သုံးရက်နီးပါးမျှ ရှိနေပြီဖြစ်ပြီး မမျှော်လင့်ထားသည့် မည်သည့် ပြောင်းလဲခြင်းမျိုးမှ မရှိခဲ့သော် ယနေ့က ဝေ့ယုံရှန်းတစ်ယောက် ကားမတော်တဆမှု ဖြစ်ရမည့်နေ့ပင်။
ရှီလီက စိတ်လှုပ်ရှားနေပေပြီ။
(ပြီးကျလို့ နိုင်ငံရေးဘာသာဆရာက ဝေ့ယီကို အပြင် ခေါ်ထုတ်ပြီဆို ဘာကိစ္စကြီး ဖြစ်နေဖြစ်နေ ငါပါ သူနဲ့အတူ လိုက်သွားရမယ်)
အခြားလူများ: ငါတို့ရောပဲလေ။
ရှီလီက သူမတူသော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသူဖြစ်ကာ ပြီးခဲ့သည့် ဘဝမှ အသေးအမွှားများကိုတောင်မှ အလွန် ကြည်လင်ပြတ်သားစွာဖြင့် တိတိကျကျ ပြန်လည် မှတ်မိနိုင်ပေသည်။
အထက်တန်း ပထမနှစ်မှ ကျောင်းသားများသည်ကား သင်ခန်းစာများအပေါ် အာရုံစိုက်ဖို့ကိုပင် သည်းမခံနိုင်ကြတော့ပေ။
သူတို့က သူတို့၏ ဖုန်းများကို အသီးသီး ထုတ်ယူလိုက်ကြကာ များမကြာမီဝယ် ဘာတွေ ဖြစ်ပျက်တော့မည်ဆိုသည်ကို ထင်ကြေးပေး မှန်းဆနေကြ၏။
Group Chatအတွင်းမှ တစ်စုံတစ်ယောက်က ခန့်မှန်းလိုက်သည်။
(ဘာနေနေ သူ့အဖေပဲဟာ။ တကယ်လို့ ဝေ့ယီက သူ့အဖေကို အဲဒီအကြောင်း ပြောပြလိုက်ပြီး သူတို့က အဲဒါကို ကာကွယ်နိုင်လိုက်တယ် ဆိုရင်ရော)
ကြိုးစားပမ်းစား ဖြင့် Notesရေးနေသည့် ဝေ့ယီကို တချက်မျှ ကြည့်လိုက်သည့် အခါ မဖြစ်နိုင်ပုံတော့ မပေါ်ပေ။
အခန်းထဲမှ အချို့ ကျောင်းသားများ၏ မိသားစုများကား ကျိယွမ်အိမ်ခြံမြေ၏ ကြီးမားများပြားသည့် Stockshareများကို လက်ဝယ် ကိုင်ဆောင်ထားကြသည်ပင်။ သူတို့ကား သူတို့၏ မိသားစုဝင်များက မနေ့ကတည်းကပင် ကျိယွမ်အိမ်ခြံမြေ၏ Sțockshareများကို ရောင်းချပြီး ကြပြီဟု အခိုင်အမာ ယုံကြည်ထားပါ၏။
ကားမတော်တဆမှုကြောင့် သေဆုံးရမည့် ဝေ့ယုံရှန်း၏ သေဆုံးခြင်းက တရားမဝင် ကလေးများရှိသူ အငယ်အနှောင်းများကို ပေါ်ထွက်လာစေပြီး ထိုသတင်းသည်ကား Stockဈေးများကို ကြီးကြီးမားမား ရိုက်ခတ်စေဖို့ လုံလောက်ပေသည်။
7 02
ထိုသို့ တွေးပြီး သည့် နောက် ၎င်းတို့၏ အစုရှယ်ယာများကို ရောင်းချရန် သူတို့မိသားစုဝင် လူကြီးသူမများကို သွေးဆောင်ထားခြင်း ဖြစ်ပါ၏။
အမှန်တော့ သူတို့က အကြောင်းအရင်းမှန်ကို ထုတ်မပြခဲ့ကြပဲ ဆင်ခြေဆင်လက် အချို့မျှ ပြုလုပ်ခဲ့ခြင်းသာ။
ထိုစတော့ရှယ်ယာများကို ရောင်းချလိုက်သည့် နေ့ကတည်းက သူတို့ တွေးသည်မှာ ယနေ့သာ ဝေ့ယုံရှန်းတစ်ယောက် တစ်စုံတစ်ခု ဖြစ်လိုက်လျှင် အကောင်းဆုံးပါပဲ ဟူ၍ပင်။ သို့မဟုတ်ပါလျှင် ၎င်းတို့ကား ၎င်းတို့၏ မိသားစုဝင်များကို ရှင်းပြဖို့ အလွန်တရာမှ ခက်ခဲပေတော့မည်။
သို့သော် သူတို့မှာ အခြား ရွေးပိုင်ခွင့် ရှိနေသည်ပဲ။ ဝေ့ယုံရှန်း၏ အငယ်အနှောင်းနှင့် တရားမဝင် ကလေးများအကြောင်းကို မီဒီယာထံသို့ ပေါက်ကြားစေလိုက်ပြီး လူကောင်းယောင်ဆောင်သည့် ထိုလူ၏ အတုအယောင်မျက်နှာကို ဖော်ထုတ်ပြလိုက်ပြီး ပြည်သူလူထုကို အရူးဖြစ်အောင် လုပ်လိုက်ရင်ရော။
ထိုသတင်း ပေါက်ကွဲထွက်သွားသည်နှင့် ကျိယွမ်အိမ်ခြံမြေ၏ အစုရှယ်ယာ တန်ဖိုးများသည်လည်း ဦးစိုက်ကာ ထိုးကျသွားပေလိမ့်မည်။
သူတို့မှာက အရေးပေါ် အရံPlan ရှိသည်ဆိုသော်ငြား လူတိုင်းလူတိုင်းကမူ ဝေ့ယုံရှန်းတစ်ယောက် မတော်တဆမှု ဖြစ်တာကို ကြည့်ဖို့ပဲ လိုလားပါသည်။
ဘာနေနေ အတင်းအဖျင်းပြောခြင်းသည် လူသားတို့၏ ပင်ကိုယ်ဗီဇ ဖြစ်လေရာ အောက်မေ့ဖွယ် အခမ်းအနားတွင် ထိပ်တိုက် တွေ့ဆုံခြင်းဟူသည့် အရည်ရွှမ်းရွှမ်း ဒရာမာမျိုးကို အဘယ်မှာ ခုခံနိုင်လိမ့်မည်နည်း။
စိတ်အေးသည့် သွင်ပြင်နှင့်အတူ အခြားသူများကဲ့သို့ပင် စိတ်ချုပ်တည်းထားရသည့် ဝေ့ယီကား အတွင်းစိတ်ထဲမှာတော့ အများနည်းတူ သောကပွေနေခဲ့ပါ၏။
ထိုဇာတ်လမ်းရှည်ကြီးကို ဖွင့်ထုတ်ဖော်ပြဖို့ရန် စိတ်အား ထက်သန်နေခဲ့သည့် ရှီလီနှင့်စာသော် သူမ၏ ခံစားချက်များက အလွန်ကွဲပြားပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်များကို လောင်းကြေး တင်ထားရချိန်ဝယ် လူတစ်ယောက်၏ ရှုထောင့်ကမူ သဘာဝကျကျပင် ပြောင်းလဲသွားလေသည်။
ရှီလီက သူမလက်မှ နာရီကို ငုံ့ကြည့်လိုက်၏။
(ဒီနေ့ကျမှ အချိန်တွေကုန်တာ အရမ်းနှေးနေတယ်လို့ ခံစားရသလိုပဲ)
လူတိုင်း.. ဟုတ်ပ။ ငါတို့လည်း အတူတူပဲ ခံစားရတယ်။
သင်၏ စိတ်ကသာ ကိစ္စတစ်ရပ်ရပ် အပေါ်မှာ အာရုံစွဲနေသည် ဆိုပါစို့၊ အချိန်များက ပျင်းရိငြီးငွေ့ဖွယ် ရှည်လျားနေသည်က သဘာဝပါပင်။
စောင့်ဆိုင်းနေရာမှ ငိုက်မြည်းနေကြသည့် အခြားသူများက ရှီလီ ပြောစကားကို ရုတ်ခြည်း ကြားလိုက်ရလေသည်။
(တကယ်လို့ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် နိုင်ငံရေးဘာသာ ဆရာက ညနေ သုံးနာရီငါးမိနစ်ကျရင် အတန်းထဲကို ဝင်လာလိမ့်မယ်၊)
ရေငတ်တုန်း ရေတွင်းထဲကျဟု ပြောရမလိုပါပင်။
ရှီလီ၏ စကားများက သူတို့နားထဲသို့ ချိုမြမြ ဝတ်ရည်လေးများ လောင်းထည့်ပေးသလိုပင် ခံစားလိုက်ရလေသည်။
ယခုလက်ရှိက မနက် ကိုးနာရီငါးဆယ် ဖြစ်လေရာ ညနေသုံးနာရီ ရောက်ဖို့က ငါးနာရီထက်မနည်း စောင့်ဆိုင်းရပေမည်။
ငါးနာရီတည်းမလား။ ငါတို့ စောင့်နိုင်တယ်။
နေ့လည် သုံးနာရီဝယ် ယနေ့အတွက် ဒုတိယမှ နောက်ဆုံးအချိန် စတင်လေသည်။
ခေါင်းလောင်း တီးသည့် အခါ အင်္ဂလိပ်စာ ဆရာမက အတန်းထဲသို့ ဝင်လာခဲ့ပြီး သူ့ကျောင်းသားများက မျက်လုံးလေးများ ပြူးကာ နိုးကြား တက်ကြွနေသည်ကို တွေ့လိုက်ရပြီး မျက်လုံးလေးများကလည်း အလွန်ကို တောက်ပ လင်းလက်နေပါ၏။
ပုံမှန်ဆို အိပ်လျှင်အိပ်၊ မအိပ်လျှင် ဖုန်းကလိနေတတ်သည့် နောက်ဆုံးတန်းမှ ကျောင်းသားများတောင်မှ သင်ခန်းစာများကို မမှိတ်မသုန် စူးစိုက် ကြည့်နေပေသည်။
သူတို့အားလုံးကို ကြည့်ရသည်မှာ အင်္ဂလိပ်စာ အတန်းအတွက် အလွန် စိတ်အား တက်ကြွနေကြပုံပင်။
သူမကား ဤClass1ထဲဝယ် သြဇာတိက္ကမ ကြီးမားသူများ ဖြစ်လာသည်လား။
ဆရာမခမျာ ယောင်နနဖြင့်ပင် အံသြသွားရပေသည်။
ငါးမိနစ်မျှ ကြာညောင်း သွားခဲ့ပြီးနောက် နိုင်ငံရေးဘာသာဆရာက စာသင်ခန်းတံခါးကို ရုတ်တရက် တွန်းဖွင့်လာခဲ့လေသည်။
ထိုအခါမှသာ အင်္ဂလိပ်ဆရာမသည်ကား တောက်ပလှသည့် မျက်ဝန်းများကို မျက်မြင် တွေ့ဖူးခဲ့ပေရာ ကြည့်ရသည်မှာ ဝပ်တရာမျှရှိသည့် မီးသီးထက်တောင်မှ လင်းချင်နေပေသေးသည်။
“ဝေ့ယီ၊ အပြင်ကို ခဏလောက် ထွက်ခဲ့ပါဦး”
ပုံမှန်ဆိုလျှင် မိသားစု အရေးပေါ်ကိစ္စများကို အသိပေးရသည်က အတန်းပိုင်ဆရာ၏ တာဝန်ပင်။
7 03
သို့သော် အတန်းပိုင်ဆရာကျင်က လေ့ကျင့်ရေး ကိစ္စအတွက် အဝေး ရောက်နေခဲ့လေရာ အတွေ့အကြုံ ကြွယ်ဝသူ နိုင်ငံရေးဆရာက သူတို့၏ အတန်းပိုင်အဖြစ် ဆောင်ရွက်ရတော့၏။
အတန်းပိုင်ဆရာအဖြစ် တာဝန်ယူထားသည့် ဆရာမက တွေဝေ တုံ့ဆိုင်းနေဟန်ဖြင့် ပြောလာခဲ့ပါ၏။
“ဝေ့ယီ၊ ကျန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်တုန်းက မင်းအဖေ မြစိမ်းရောင်ပတ်လမ်းမှာ ကားအက်ဆီးဒန့် ဖြစ်ခဲ့တယ်။ အခု သူ့အခြေအနေက ဆေးရုံရဲ့ အရေးပေါ်ဌာနမှာ ကုသမှု ခံယူနေရတယ်။ ”
ဤကျောင်းသားများသည်ကား ကျော်စော ထင်ရှားသည့် မိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြကာ ၎င်းတို့၏ မိဘများသည်လည်း ရံဖန်ရံခါဝယ် Trendဖြစ်သည့် ခေါင်းစဥ်နှင့် သတင်းများတွင် ပေါ်ထွက်လာလေ့ ရှိပါ၏။
ဝေ့ယီ၏ မိဘများသည်ကား သဟဇာတဖြစ်သည့် ဆက်ဆံရေးမျိုးရှိကာ သူမ၏ ဖခင်ဖြစ်သည့် ဝေ့ယုံရှန်းကမူ ချစ်ခင် နှစ်သက်ဖွယ် ခင်ပွန်းနှင့် ဖခင်တစ်ဦး ဖြစ်သည်ဟု အများက သိထားကြသည်ပင်။ Trendဖြစ်သည့် သတင်းများနောက် မလိုက်တတ်သည့် သူမတောင်မှ ထိုသတင်း အချက်အလက်များကို သိရှိထားပါသည်။
ပျော်ရွှင်သည့် မိသားစုမှ ကလေး တစ်ဦးအတွက်တော့ ထိုသို့သော သတင်းမျိုးကို ကြားရခြင်းက အလွန်ကို ယူကျုံးမရ ကြေကွဲဖွယ်ပင်။
ထိုအတန်းသား တသိုက်သည်ကား နောက်ဆုံးမတော့ ၎င်းတို့ လိုချင်သည့် သတင်းကို လက်ခံ ရရှိလိုက်ပေပြီ။
ဝေ့ယီက သူမ နှုတ်ခမ်းထောင့်လေးများကို ဖိပိတ်ထားမိကာ ထိတ်လန့် တုန်လှုပ်ခြင်းနှင့် သောက ပရိဒေဝများ ဖိစီးနေသည့် အမူအရာများမှ ရုန်းထွက်ရန် ကြိုစားနေရပါ၏။
အတန်းပိုင်ဆရာက မိန်းမငယ်လေး၏ ပခုံးကို ခပ်ဖွဖွပုတ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့။ ဆရာဝန်တွေက အကောင်းဆုံး ကြိုးစားပါလိမ့်မယ်။ မင်းက သူတို့ရဲ့ ကျွမ်းကျင်မှုကို ယုံကြည်ပေးဖို့ပဲလိုတာ။ ”
ဝေ့ယီက နာနာခံခံပင် ခေါင်းညိတ်လိုက်၏။
“ဆရာ့ အကြံပြုချက်ကို လိုက်နာပါ့မယ်။ ကျမ စိတ်မပူတော့ပါဘူး။ ”
သူမ မစိုးရိမ်တော့ပေ။ သူမယခုချိန်မှာ အာရုံစိုက်ထားဖို့ လိုအပ်သည့် တစ်ခုတည်းသော အရာက ထိုဆရာဝန်များ အနေဖြင့် အမှန်တကယ်ကို စွမ်းဆောင်ရည် ပြည့်ဝနေဖို့ပါပင်။
သူမ၏ စကားများကို ကြားချိန်ဝယ် နိုင်ငံရေးဆရာ၏ နှလုံးသားက လုံးလုံးလျားလျားကို အရည်ပျော်ရပေတော့သည်။
“မင်းရဲ့ ဒရိုင်ဘာက ဒီနေရာကို လာဖို့ဆိုရင် အချိန်နည်းနည်းတော့ ယူရလိမ့်မယ်။ ငါကိုယ်တိုင်ပဲ မင်းကို ကားမောင်းပြီး လိုက်ပို့ပါ့မယ်”
“ဟုတ်ကဲ့ပါ”
နှစ်ယောက်သား စကား ပြောပြီး ချိန်ဝယ် ရှီလီ ပြုလုပ်သည့် စူးစူးရှရှ အသံတစ်ခုကို ဝေ့ယီ ကြားလိုက်ရပြီး အခန်းတစ်ခုလုံးကို ပေါက်ကွဲလွင့်ပျံ လာစေတော့၏။
(ငါလည်း သွားချင်တယ်လို့)
(အဲဒီ ငမိုက်သားအဖေကို မီးသဂြိုဟ်စက်ထဲကို အမြန် ထည့်ပစ်ရမယ်ဆိုတာ ငါ ဝေ့ယီကို ပြောပြဖို့လိုတယ်)
(ငတုံးမလေး၊ ငါ မပါပဲနဲ့ နင် အဲဒါတွေကို ဘယ်လိုစီစဥ်မှာတုန်း)
ယခုတစ်ကြိမ်သည်ကား သူတို့အားလုံး ရှီလီ၏ အတွင်းစိတ် အတွေးတို့ကို စကြားနိုင်သည့် သုံးရက်အတွင်း အလွန်ကို ပြင်းပြလှုပ်ရှားသည့် စိတ်တက်ကြွ ထက်သန်မှုတို့ အဖြစ်တည်ဆုံး အချိန်ပါပင်။
အတန်းထဲမှ အခြားလူများသည်ကား ရှီလီ၏ ဆူညံလှသည့် အသံကြောင့် ရူးသွားဖို့ တွန်းအားပေးခံနေရပေသည်။ ၎င်းတို့ကား ထိုမျှ နက်ရှိုင်းသည့် ကျဆုံးမှုမျိုးကို သဘောမပေါက်လေရာ ရှီလီကတော့ဖြင့် ငမိုက်သား သာသာပါပင်။
ဖုန့်ယွင်ဟယ်က မင်းကို ဘာကြောင့် ဆက်တိုက် ငြင်းနေရလဲဆို မင်းရဲ့အဲဒီစရိုက်အမှန်ကို ရှာတွေ့သွားလို့လေ။
ရှီလီ၏ အသံအကျယ်ကြီးကြောင့် ကော်ရစ်ဒါမှာ ရပ်နေခဲ့သည့် ဝေ့ယီတောင်မှ သူမ၏ စူးစူးရှရှ အော်သံကို ကြားနေရပေသည်။
ဝေ့ယီ၏ နူးနူးညံ့ညံ့ အသံလေးကို ကြားသည့် အခါ ရှီလီသည်လည်း ဖြည်ချလာမည့် ဇာတ်ထုပ်ကို စောင့်ကြည့်ချင်စိတ်တို့ ပြင်းပြလာရပါ၏။ တကောက်ကောက် လိုက်ရမည် ဆိုလျှင်တောင်မှ သူမ စိတ်မရှိပေ။
ထို့အပြင် ရှီလီကား ဝေ့ယီကို စိတ်ပါလက်ပါ ကူညီပေးဖို့ ဆန္ဒရှိကာ သူမကို ခေါ်ဆောင်လာခြင်းက အသုံး ဝင်သည်ဟုလည်း သက်သေပြလိုပါသည်။
ထို့ကြောင့် ဝေ့ယီက နိုင်ငံရေးဘာသာဆရာကို ပြောလိုက်၏။
“ဆရာမ၊ ကျမ နည်းနည်းကြောက်နေလို့ ရှီလီကို အတူ ခေါ်ခဲ့လို့ရမလဟင်”
သူ့ကျောင်းသူလေး၏ နီမြန်းရဲတွတ်နေသည့် မျက်လုံးများကို ကြည့်ကာ နိုင်ငံရေးဘာသာဆရာလည်း အများကြီး တုံ့ဆိုင်းမနေတော့ပေ။
“သူ သဘောတူတယ်ဆိုရင် အဆင်ပြေပါတယ်”
နှစ်မိနစ်မျှ ကြာပြီးနောက် အခန်းတခန်းလုံး၏ မနာလိုနေသည့် အကြည့်များအောက်ဝယ် ရှီလီကား သူမ ကျောပိုးအိတ်ကလေးကို ကောက်လွယ်ကာ ဝေ့ယီနောက်က လိုက်လာပြီး အတန်းပြင်သို့ ထွက်လာခဲ့၏။
7 04
ထိုအချိန်တုန်းကတော့ ရှီလီအနေဖြင့် ထိုကျောင်းသားများက သူမကို အားကျမနာလိုသည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်က သူမက အစောဆုံး ကျောင်းဆင်းရသူဖြစ်နေသောကြောင့် ဟူ၍သာ တွေးမိခဲ့ခြင်းပင်။
နိုင်ငံရေးဘာသာဆရာမက ဖုန်းအဝင်တစ်ခုကို လက်ခံရရှိခဲ့ပြီး ဖြစ်ကာ ဝေ့ယီ၏ဖခင်ဖြစ်သူ အခြေအနေက သိပ်မကောင်းလှကြောင်း သိရှိထားပါ၏။
ထို့ကြောင့် သူမလည်း ကားကို အဆောတလျင် မောင်းသွားခဲ့ကာ ဤအဖေနှင့် သမီးတို့ နောက်ဆုံးအကြိမ်အဖြစ် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံနိုင်ကြဖို့ မျှော်လင့်မိပါသည်။
ဝေ့ယီနှင့် ရှီလီသည်လည်း နောက်ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ဝေ့ယုံရှန်းတစ်ယောက်တော့ ဒုက္ခကြီးတွေ့နေပြီဟူသည့် အကြောင်းကို ဝေ့ယီထံမှ ကြားလိုက်ရစဥ်က တုန်လှုပ်ချောက်ချားပြီး ဝမ်းနည်းပူဆွေးသွားသည့် ရှီလီ၏ အမူအရာများသည်ကား လုံးဝကို ပြီးပြည့်စုံ ကောင်းမွန်ပြီး သင့်လျော်မှန်ကန်လှလေသည်တကား။
အကယ်၍များ ဤဇာတ်လမ်းကို သာ ဝေ့ယီတစ်ယောက် ထဲထဲဝင်ဝင် မသိရှိထားခဲ့ပါလျှင့် ရှီလီက ဤသတင်းကို ပထမဆုံး ကြားဖူးသည်လို့ သူမပင် ယုံကြည်နိုင်လောက်ပါ၏။
ရှီလီ၏ သရုပ်ဆောင်မှုများက လိုအပ်ချက်နည်းနည်းလေးတော့ ရှိနေသော်လည်း ပီပြင်လှချည့်ဟု သူမ ခံစားရလေသည်။
ရှီလီ၏ ပုံမှန် အကျင့်ဗီဇ အပြုအမူများကိုဖြင့် သူမ သေချာရောရာစွာ မစပ်ဟပ်မိသေးပါပေတကား။
ထိပ်တန်းသရုပ်ဆောင် စွမ်းရည်နှင့်အတူ အလွန်လှပတင့်မောသော ရင်သပ်ရှုမောဖွယ်ရာ မျက်နှာလေးနှင့် ဆိုပါလျှင် ရှီလီက ဖျော်ဖြေရေး နယ်ပယ်ထဲသို့ လွယ်လင့်တကူ ဝင်ရောက်နိုင်ပေလိမ့်မည်။
သူမ၏ မိသားစုနောက်ခံ အင်အားကိုပါ ထောက်ဆသော် ၎င်းကို အကျိုးရှိရှိ အသုံးချလိုက်ခြင်းက သိပ်ပြီး စိုးရိမ်စရာတော့ မဟုတ်ပေ။ သူမက အင်တာတိန်းမန့် နယ်ပယ်သို့ သွားကာ ထိုအခွင့်အလမ်းကို အသုံးချပြီး နောက်ပိုင်းကျမှ မိသားစု၏ ကိုယ်ပိုင်စီးပွားရေးကို ဆက်ခံလို့ ရနေနိုင်သည်ပဲ။ ထိုအခွင့်အရေးမျိုးက လုံးဝကို ထူးကဲ ကောင်းမွန်လွန်းနေတာပဲကို ။
ကားပေါ်ရောက်ကြပြီးနောက် ရှီလီက ဆရာဝန်များကို ယုံကြည်ရန်နှင့် ပျင်းရိငြီးငွေ့ဖွယ်ရာ စိတ်ချလုံခြုံမှုပေးသည့် စကားများကို ပြောဆိုကာ ဝေ့ယီကို နှစ်သိမ့်ပေးလိုက်၏။
“ငါလည်း ယုံပါတယ်”
ဝေ့ယီက ဆိုလိုက်၏။
နိုင်ငံရေးဘာသာဆရာမက ကားကို အန္တရာယ်ဖြစ်စေနိုင်မည့် မြန်နှုန်းမျိုးဖြင့် မောင်းနှင်လေရာ ရှီလီခမျာ ထိုင်ခုံခါးပတ်ကို အားဖြင့် တိတ်တဆိတ် ဆုပ်ကိုင်ထားပြီး သူမရှေ့မှ လက်ကိုင်ကွင်းကို လည်း ဖမ်းဆုပ်ထားရပါ၏။
ဝေ့ယီ၏ ဖခင်က ယခု ဘေးအန္တရာယ် ကြုံတွေ့နေသည်ဖြစ်ရာ အပြင်လူဖြစ်သည့် ရှီလီအနေဖြင့် ကားကို အရှိန်လျှော့ဖို့ရန်အတွက် ဆရာမကို မပြောဝံ့ပါလေ။
ရှီလီက ဤကဲ့သို့ တုံးအမိုက်မဲခြင်း အမှုကို ပြုမည်မဟုတ်။
သူမက ဆရာမ၏ ကားမောင်းနှုန်းကို စိတ်ထဲကနေတောင်မှ စောဒက မတက်မိပါပေ။
ဝေ့ယီက သူမ ဖခင်၏ အခြေအနေမှန်ကို မသိရသေးပေ။ ထို့ကြောင့် သူမက သေချာစွာ အတည်ပြုနိုင်ဖို့အတွက် ဆေးရုံကို တတ်နိုင်သမျှ အမြန်သာ ရောက်ချင်ပေလိမ့်မည်။
သမီးတစ်ယောက်ဖြစ်သည့် ဝေ့ယီ၏ ခံစားချက်များကို ရှီလီ နားလည်ပေးနိုင်ပါသည်။ ထို့ပြင် အမွေဆက်ခံပိုင်ခွင့်ကို ခွဲဝေပေးရမည့် တရားမဝင်ကလေးများကို မွေးထုတ်စေခဲ့သူ ဖခင်တစ်ယောက်အတွက် ဝေ့ယီထံမှာလည်း ထိုကိစ္စကို ကို င်တွယ်မည့် ကိုယ်ပိုင်နည်းလမ်း သေချာပေါက် ရှိလိမ့်မည်သာ။
ရှီလီက ဝေ့ယီကို ထောက်ထားညှာတာ စဥ်းစားပေးနေခဲ့ချိန်ဝယ် ဝေ့ယီကမူ သေပြီးသား သူ့ဖခင်ထံသို့ တဟုန်ထိုး ပြေးသွားချင်နေတာမျိုး မဟုတ်ပေ။
ဘာဖြစ်ဖြစ် ယခု သူမအတွက် ကတော့ ဖခင်က သေလူတစ်ယောက်သာပင်။
သေပြီး သား လူတစ်ယောက်က အသက်ရှင်နေဆဲ လူတစ်ယောက်ထက်တော့ အဘယ်မှာ ပိုပြီး အရေးကြီးပါအံ့နည်း။ သေလူတစ်ယောက်ကို သွားကြည့်ရဖို့အတွက် တော့ ယာဥ်မတော်တဆမှု ဖြစ်ကြရမည့် စွန့်စားမှုကြီးကို မရယူလိုပါပေ။
******
8 01
အပိုင်း 8.
ဝေ့ယီက ကားမောင်းနေသူကို ကြင်နာစွာဖြင့် သတိပေးလိုက်၏။
“ဆရာမကျိန့်၊ ကျမ အလျင်မလိုပါဘူး။ ကျေးဇူးပြုပြီး ယာဥ်မတော်တဆမှု မဖြစ်ရအောင်ပဲ ဂရုစိုက်ကြရအောင်လေ”
ဝေ့ယီ၏ သတိပေးချက်ကို ကြားပါမှ နိုင်ငံရေးဘာသာဆရာမသည်လည်း အလွန်ကို စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်းချင်း စိတ်အေးသွားခဲ့ရ၏။
အမှန်တကယ်က ဤကားပေါ်ဝယ် အဖိုးထိုက် အဖိုးတန်လွန်းလှသည့် ကျောင်းသူနှစ်ဦး ပါနေသည်လေ။ အဲဒါကို သူမ ဘယ်လိုတောင် အရှိန်ပြင်းပြင်း ကားမောင်းဝံ့သည်တဲ့လဲ။
ဝေ့ယီကလည်း အလျင်လို မနေသည်မှာ အမှန်ပါပင်။ ဤကလေးက သူမ၏ အခြေအနေကို ထည့်သွင်း စဥ်းစားပေးခြင်းသာ ဟူ၍ပင် ဆရာမကျိန့်က တွေးလိုက်မိပြီး အကယ်၍များ ယခုချိန်မှာသာ ကားမတော်တဆမှု ဖြစ်လိုက်ပါလျှင် အကြောင်းပြချက် ကောင်းကောင်း ရှိနေလျှင်တောင်မှ ကျောင်းသားမိဘတို့က သူမကို အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပါချေ။
သူမ၏ စိတ်ခံစားချက်တို့ကား သနားကရုဏာ သက်ခြင်းမှသည် နှစ်ခြိုက် သဘောကျခြင်းသို့ ရုတ်တရက် ပြောင်းလဲသွားရတော့၏။
ကား၏ အရှိန် လျော့ကျသွားပါမှ ရှီလီလည်း စိတ်သက်သာရာရစွာ အသက်ရှူမိလေသည်။
ဟူးးးးး ဘဝကြီးကတော့ လုံခြုံသွားပါပြီ။
(တကယ်လို့များ ဆရာမကျိန့်သာ ဒီအလုပ်ကနေ ထွက်လိုက်ပြီဆို၊ ပြောမရဘူး သူက ကားပြိုင်ပွဲတွေမှာ မောင်းမဲ့ ပြိုင်ကားမောင်းသူတောင် ဖြစ်လာနိုင်တယ်)
ရှီလီ၏ ထေ့လုံးငေါ့လုံးများက နှောင့်နှေးချင် နှောင့်နှေးမည်၊ ပျက်ကွက်သွားတာမျိုးတော့ ဘယ်သောအခါမှ မရှိစေရ။
ကြိုးစားပမ်းစား ရယူထားရသည့် ဝေ့ယီ၏ စိတ်အားညှိုးငယ်မှုများသည်ကား သူမ၏ ထိုမှတ်ချက်ကြောင့် ရုတ်တရက် အက်ကွဲသွားလု နီးနီးပါပင်။
အရေးပေါ်အခန်း၏ အပြင်မှာတော့ ဝေ့ယီ၏ မိခင်က စောင့်ဆိုင်းနေခဲ့ပါ၏။
ဝေ့ယီက သူ့မိခင်ထံ လျှောက်သွားကာ ပွေ့ဖက်လိုက်လေသည်။ သမီးဖြစ်သူကို တွေ့သော် ဝေ့ယီ၏ မိခင်၏ မျက်ရည်များက ပိုမိုကာ သည်းသည်းထန်ထန် ကျဆင်းလာလေတော့သည်။
ဝေ့ယီက မိခင်ဖြစ်သူ၏ နောက်ကျောလေးကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
“မား အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ ပါး အဆင်ပြေသွားမှာပါ။ ”
“မား သိပါတယ်။ သမီး တခြားဘာမှ စိုးရိမ်စရာ မလိုပါဘူးကွယ်။ ”
ဆရာမကျိန့်က ရှေ့သို့ လျှောက်သွားကာ ဝေ့ယီ၏ မိခင်နှင့် စကားအနည်းငယ်မျှ ပြောဆိုလိုက်ပြီးနောက် ရှီလီနှင့်အတူ ကော်ရစ်ဒါရှိ ထိုင်ခုံပေါ်မှာ ထိုင်လိုက်လေသည်။
လုပ်ရိုးလုပ်စဥ်အတိုင်းသာ ဆိုပါလျှင် ဝေ့ယီကို ဆေးရုံသို့ ပို့ဆောင်ပြီး ပါက သူမက ပြန်ရမှာ ဖြစ်လေသည်။ သို့သော် ရှီလီက မပြန်သေးကတည်းက သူမသည်လည်း ယခု မထွက်ခွာသေးတာက ပိုကောင်းပေလိမ့်မည်ဟု ဆုံးဖြတ်လိုက်ပါ၏။
ရှီလီကို အပြင်သို့ ခေါ်ထုတ်လာသူက သူမ ဖြစ်ပေရာ သူမ စိတ်သက်သာရာ မရမီ အနည်းဆုံးတော့ ဤကျောင်းသူကို သူ့ မိသားစုများက အိမ်သို့ လုံခြုံစွာ ပြန်ခေါ်သွားတာဖြစ်ကြောင်း သေချာဖို့ လိုအပ်လေသည်။
သူမ ထိုင်ရုံမျှသာရှိသေး ဖုန်းသံမြည်လာခဲ့၏။
Caller ID က Class 1မှ ဆရာမယင်း ဖြစ်ကြောင်း ပြနေ၏။
ဆရာမကျိန့်မှာ အချိန်ကို ဖျပ်ခနဲ ကြည့်လိုက်မိလေသည်။ ယခုက အင်္ဂလိပ်စာအတန်း မကုန်သေးဘူးကို ။
သို့ဆိုလျှင် အဘယ်ကြောင့်များ ဆရာမယင်းက သူမကို ဖုန်းခေါ်ဆ်ုဖို့ အချိန်ရှိရသနည်း။ ဆရာမကျိန့်၏ နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာတော့၏။ အကယ်၍ အတန်းထဲက ေကျာင်းသားများမှာသာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သော်…..
ဖုန်းကို လက်ခံ ဖြေဆိုလိုက်ချိန်ဝယ် ဆရာမယင်း၏ အားတုံ့အားနာ ဖြစ်နေသည့် အသံက လက်ခံသူထံသို့ ရောက်ရှိလာတော့၏။
“ရှင် ဆေးရုံကို ရောက်ပြီ၊ ဟုတ်တယ်မလား၊”
“ရောက်တာတော့ သိပ်မကြာသေးပါဘူး”
“ကျမ အစောနကတည်းက ဖုန်းခေါ်မလို့ပါပဲ။ ဒါပေမဲ့ ရှင်က အလျင်လိုနေတော့ ကားမောင်းရင်း ဖုန်းပြောရင် မတော်တဆ ဖြစ်မှာစိုးလို့ရယ်”
“ဆရာမယင်း၊ ဘာဖြစ်လို့လဲဆိုတာ ကျမကို ပြောပါဦး။ ”
“ဟုတ်ပါပြီ၊ ရှင် အဲဒီကျောင်းသူလေး နှစ်ယောက်နဲ့ ထွက်သွားပြီး သိပ်မကြာဘူး။ ရှင့်အတန်းထဲမှာ ကျန်ခဲ့တဲ့ကျောင်းသားတွေက သူတို့ရဲ့ အတန်းဖော်ကို စိတ်ပူတယ်လို့ ပြောလာတယ်လေ။ သူတို့ သူငယ်ချင်းအတွက် ကူညီပေးနိုင်တာ တစ်ခုခုများ ရှိမလားဆိုတာ လာကြည့်ချင်ပါတယ်တဲ့”
8 02
ထိုအချိန်ဝယ် အတန်းပြဿနာ ကောင်လေးက ထိုအရာကို စတင်ခဲ့ပေရာ သူမသည်လည်း ဒုက္ခ မရှာဖို့ရန်သာ ပြောဆိုခဲ့ရပြီး သင်ခန်းစာကို သာ အာရုံစိုက်ထားကြဖို့ သတိပေးခဲ့ရပါ၏။
သို့သော် ထိုအတန်းထဲမှ ဟန်ဆောင်သူ အခြားကျောင်းသား တသိုက်သည်ကား အတန်းဆင်းခေါင်းလောင်းထိုးသံ ကြားသည်နှင့် အားလုံးက မတ်တပ်ရပ်ကာ အပြင်ကို ပြေးထွက်သွားကြလေပြီ။
အိုး၊ မဟုတ်သေးဘူး။ အဲဒါက အတန်းဆင်းခေါင်းလောင်း ထိုးသံကို ကြားရတာနဲ့တောင် မတူဘူး။
အမှန်တကယ် အတန်းဆင်းခေါင်းလောင်း ထိုးသွားချိန်ဝယ် ထိုလူရှုပ်ကလေးများကား အနည်းဆုံးတော့ သူတို့၏ လွယ်အိတ်များကိုတောင် ကောက်ယူပြီး လေပြီ။
အတန်းထဲမှ ကျောင်းသားများသည်ကား မိနစ်ဝက်အတွင်းမှာပင် အကုန်လုံးနီးပါး အပြင်ကို ရောက်သွားပေပြီ။
သူတို့အားလုံးကား မီးသတ်လေ့ကျင့်မှုမှာတောင်မှ ဤမျှလောက်ထိ စွမ်းဆောင်ရည် မပြည့်ဝခဲ့ဖူးပါချေ။
သို့သော် ကျောင်းသားနှစ်ဦးကမူ အခန်းထဲမှာ ကျန်နေခဲ့လေသည်။ ကျန်နေခဲ့သည့် ကျောင်းသားနှစ်ဦးကို ကြည့်ကာ ဆရာမယင်းခမျာ အလွန့်အလွန်ကို ဘဝင်ခိုက်မျှ ခံစားလိုက်ရ၏။
ချင်းဖု အလယ်တန်းကျောင်းက အထက်တန်းလွှာ ကျောင်းတကျောင်း ဖြစ်ပေ၏။ ကြွယ်ဝချမ်းသာပြီး အင်အားကြီးသည့် မိသားစုများမှ ကလေးများအပြင် သာမန် လူလတ်တန်းစား မိသားစုများမှ ကလေးများပါ ဤကျောင်းမှာ တက်ရောက်ကြပါ၏။
သူတို့က ထူးချွန်မြင့်မားသော ရမှတ်များ ရရှိကြပေရာ ဤ ချင်းဖု အလယ်တန်းကျောင်းသို့ တက်ရောက်ခွင့် ရရှိကြခြင်းပင်။
ချင်းဖု အလယ်တန်းကျောင်းက ကျောင်းသားတိုင်းကို တန်းတူညီမျှဆက်ဆံပြီး သာမန် လူလတ်တန်းစား မိသားစုများမှ ကလေးများကို ခွဲခြားဆက်ဆံခြင်းမျိုး မရှိသလို ထိုရွှေမင်းသား ရွှေမင်းသမီးလေးများသည်လည်း အခြားသူအပေါ် ထိုးနှက်အနိုင်ကျင့်ခြင်းကို လုံးဝမျှ ခွင့်မပြုချေ။
ထိုသို့သော လူလတ်တန်းစား ကလေးမျိုးအတွက် ချင်းဖုအလယ်တန်းကျောင်းကား အခမဲ့ကျူရှင်၊ အထွေထွေစရိတ် ကင်းလွတ်ခွင့်နှင့် ကျောင်းစာမေးပွဲမှ ထိပ်တန်းကျောင်းသား ငါးဦးအတွက် ပညာတော်သင်ဟူသည့် အလွန်ကို ထူးခြားသော ဦးစားပေး ဂရုပြုသည့် အခွင့်အရေးမျိုးကို ထားရှိပေးထားပါ၏။
ထိပ်တန်းရမှတ်များ ရရှိကြသည့် သာမန်ကျောင်းသားများက ချင်းဖု အလယ်တန်းကျောင်း၏ ဟန်ဆောင်ပြယုဂ်သာ ဖြစ်ကာ ထိုသခင်လေး သခင်လေးများ ပိုမိုယှဥ်ပြိုင်လိုစိတ်တို့ ပေါ်ပေါက်စေရန် စိတ်ခွန်အား ပေးခြင်းတစ်မျိုးသာ ဖြစ်ပေသည်။
ရှာမှရှားသည့် တန်ဖိုး မြှင့်ပေးခြင်းပင်တည်း။ ဤကလေးများက သာမန် မိသားစုနောက်ခံ ရှိကြသော်လည်း ဆရာဆရာမတို့မည်သည် ထိုသို့ သော လုံ့လရှိ ကြိုးစားခြင်းကို နှစ်သက် သဘောကျပေရာ ၎င်းတို့၏ နှလုံးသားထဲမှာတော့ သူတို့က ကလေးကောင်းများသာ။
ထို့အပြင် ဤကလေးများနှင့် အပြန်အလှန် ဆက်ဆံရာဝယ် ဆရာဆရာမတို့ အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြစ်ပြု စော်ကားမိမည်ကို စိတ်အနှောင့်အယှက်ဖြစ် ကြောက်လန့်စရာ မလိုပါပေ။
အခန်းထဲမှာ ကျန်ခဲ့ပြီး သူတို့ ထိုင်ခုံမှာပဲ ထိုင်နေကြသည့် ထိုကျောင်းသား နှစ်ယောက်သည်ကား မြင့်မားသည့် အမှတ်များကို အခြေခံကာ ချင်းဖု အလယ်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ကြသူများပင်။
ဆရာမယင်းသည် သူ့ဘဝမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် အနူးညံ့ဆုံးသော လေသံဖြင့် ပြောလိုက်၏။
“ပျန့်ချန်စွေ့နဲ့ ချောင်ကျင်းကျား၊ မင်းတို့ နှစ်ယောက်စလုံး ကျောင်းသားကောင်းတွေပဲ။ အတန်း ဆက်ကြရအောင်လေ”
ဒီနေ့ ငါ့ကို မစွန့်ပစ် အလျှော့မပေးပဲ ငါ့အပေါ် သစ္စာရှိပေးလိုက်မှတော့ မင်းတို့က ငါ့ရဲ့ နောက်လိုက် သာဝကတွေ ဖြစ်သွားပြီ။ ငါ့တဘဝလုံး ရှာဖွေသိုမှီးခဲ့သမျှ ပညာဗဟုသုတတွေ အကုန်လုံးကို ဒီအတန်းချိန် တချိန်တည်းမှာတင် အကုန်လုံး မျှဝေပေးလိုက်မယ်။
ထိုမျှ ပြီးပြည့်စုံသော ဉာဏ်ပညာတော်လှန်ရေးကြီးက သူမ ဦးနှောက်ထဲမှာ တွေးမိရုံရှိသေး ထိုကျောင်းသားကောင်းဟု ခေါ်ဆိုထိုက်သူ ချောင်ကျင်းကျားက ပြောလာလေသည်။
“တောင်းပန်ပါတယ်၊ ဆရာမ။ တစ်ခုခုများ အကူအညီပေးနိုင်မလား ဆိုတာကို ကျွန်မတို့လည်း သွားကြည့်ချင်ပါတယ်။ ”
ထိုကန့်လန့်ကာ နောက်မှ ဒရာမာကို သူလည်း ကြည့်ချင်သည်လေ။ သူက အခြားအတန်းဖော်များကဲ့သို့ အပြေးအလွှား ထွက်မသွားခဲ့သည်က သူ့အနေနှင့် သန့်စင်ခန်းသုံးဖို့ လိုအပ်နေခြင်းကြောင့်သာ ဖြစ်ကာ အတိမ်းအစောင်း ဖြစ်လို့ မရသည့် အခိုက်အတန့်မှာ သူက သန့်စင်ခန်း သွားနေရမည်ကို ကြောက်ရွံ့သောကြောင့်တည်း။
ထို့ကြောင့် သူက တဟုန်ထိုး ပြေးမသွားနိုင်သေးပဲ သူ့လွယ်အိတ်ကို သာ ဦးဆုံး သိမ်းဆည်းထုပ်ပိုးထားခြင်းသာ။
ဆရာမယင်း….. ဆရာမယင်းရဲ့ နှလုံးသားကတော့ လုံးဝကို ရှစ်စိတ်လောက် ကွဲကြေ သွားလေပြီ။
8 03
အနည်းဆုံး.. အနည်းဆုံးတော့ ဤကျောင်းသားက သူ့လွယ်အိတ်ကို သူနှင့်အတူ ယူဆောင်သွားဖို့ ဆန္ဒရှိသင့်ပါ၏။
သို့သော် ယခုမူ Class 1 အတွင်းမှ ကျောင်းသားများကား အကုန်လုံး ပြေးထွက်သွားလေပြီ။
ပုံမှန်ဆို တင်းမာခက်ထန်သည့် မျက်နှာထားရှိသူ ဆရာမကျိန့်က ကူကယ်ရာမဲ့စွာပင် ကျိန်ဆဲလိုက်၏။
“ သူတို့က ဘယ်လို အကူအညီကို ပေးနိုင်မှာမို့လို့လဲ။ အဲဒီ အရေးပေါ်ခန်းထဲ ဝင်သွားပြီး လူနာကို ကယ်တင်နိုင်မဲ့ ဆရာဝန်နဲ့ သူနာပြုတွေလို့ သူတို့ကိုယ်သူတို့ ထင်နေတာလား”
ဆရာမကျိန့်ဘေးမှာ ထိုင်နေသည့် ရှီလီက သူတို့၏ အပြန်အလှန် ပြောစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရပါ၏။
(ထူးဆန်းလိုက်တာ)
၎င်းက သူမ၏ ပြီးခဲ့သည့် ဘဝနှင့် ကွာခြားလွန်းနေသည်လေ။
ဆရာမကျိန့်ကား ဤကျောင်းဝယ် လုပ်သက်ရင့်သူပင်။ အတိတ်တုန်းက သူမက ဒေါသကြီးသည့် စိတ်ရှိသူဖြစ်ကာ ကျောင်းမှ ဆရာများ အားလုံးနီးပါးပင် သူ့ပေါက်ကွဲမှု အဆုံးသတ်ကို ခံစားကြရပေရာ ကျောင်းအုပ်ကြီးတောင်မှ မလွတ်မြောက်နိုင်ပါပေ။
ယခု သူမက အသက်ပိုကြီးလာပေရာ သူမ၏ စရိုက်ကို ကောင်းကောင်း ထိန်းသိမ်းပျိုးထောင်ထားပြီး သူ့စိတ်များကလည်း အတော်ကြီး တိုးတက်ကောင်းမွန်လာပုံပင်။
ထိုတစ်ကြောင်းတည်းသော စကားကြောင်းက ချင်းဖု အလယ်တန်းကျောင်းမှ ဆရာဆရာမတို့၏ DNAဝယ် ထွင်းထုထားသည့် မှတ်ဉာဏ်တို့အကြောင်းသည် ဆရာမယင်း၏ ဦးနှောက်ထဲမှ တဖြည်းဖြည်း နိုးထလာပါ၏။
ဖုန်းပြောစဥ် တလျှောက်လုံး ဆရာမယင်းကား သူမ လည်ပင်းလေးကို တွေဝေတွန့်ဆုတ်စွာဖြင့်သာ ကျုံ့ထားမိလေသည်။
သူမက သူမဘာသာ ခုခံကာ ကွယ် ပြောဆိုလိုက်၏။
“အဲဒီကျောင်းသားတွေက ကျမ စကားကို ဆို နားမထောင်တာ ရှင်လည်း သိနေတာပဲ”
အဲဒီ ပြောမနိုင် ဆိုမရ ဘိုးဘေးလေးတွေနဲ့တော့ ဘယ်သူကများ သူတို့ကို ထိန်းချုပ်လို့ ရလို့လဲ။
ထိုအချက်ကြောင့်သာလျှင် ဆရာမကျိန့်က ဘာများ ပြောနိုင်ပါတော့မည်နည်း။
“ကောင်းပါပြီ၊ ကျမ နားလည်ပါတယ်။ ဆရာမယင်း ဒုက္ခခံပေးလို့ ကျေးဇူးပါ”
ယခု သူမ မျှော်လင့်နိုင်သည့် တစ်ခုတည်းသော အရာကတော့ ကျောင်းမှ ထွက်ခွာသွားသည့် ဤဘိုးဘေးလေးများက များမကြာမီ ကျောင်းသို့ အမြန်ရောက်လာကြဖို့ပါပင်။
တစ်နေရာရာမှ အရှုပ်တွေ လုပ်မနေပါစေနဲ့။ သို့ မဟုတ်ပါလျှင် ၎င်းတို့၏ မိသားစုများထံသို့ သူမ မည်ကဲ့သို့ ဖြေရှင်းချက် ပေးနိုင်ပါမည်နည်း။
ဆရာမကျိန့်က ဖုန်းချလိုက်ပြီး မကြာမီမှာပင် သူမ လည်ပြန်ကြည့်လိုက်ပေရာ အလွန်ရင်းနှီး ကျွမ်းဝင်လှသည့် မျက်နှာများကို တွေ့လိုက်ရတော့၏။
သူတို့အားလုံးက ဆင်တူ ကျောင်းဝတ်စုံများကို ဝတ်ဆင်ထားလေသည်။ သူတို့က အတန်းကို ကျော်ခွဆင်းလာကြတာ ရှင်းလင်းနေပါသော်ငြား သူတို့၏ ဆရာမကို မြင်ချိန်ဝယ် အနည်းတော့ အပြစ်ရှိစိတ်လေး တစွန်းတစမျှဖြင့်ပင် ကြည့်မလာကြပါပေ။
သို့သော် ကျေးဇူးတင်စရာ ကောင်းစွာဖြင့်ပင် ဤဘိုးဘေးလေးများက ေဆးရုံသို့ အမှန်တကယ် ရောက်လာကြပေ၏။
သို့သော် သူမ ဤနေရာမှာ ထိုင်လိုက်သည်က လွန်ခဲ့သည့် ငါးမိနစ်ခန့်ကမှ ဖြစ်ပြီး ဤ ငရှုပ်ကလေးများ ရောက်ရှိလာကြသည်ပင်။ ၎င်းကား သူမတို့ ထွက်လာပြီး များမကြာမီပင် ဤကောင်ဆိုးလေးများက အတန်းကို ကျော်ဆင်းလာသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။
ဆရာမကျိန့်၏ နဖူးထက်မှ အရေးအကြောင်းများသည်လည်း နောက်တဖန် တင်းတင်းကြပ်ကြပ် ရှုံ့တွသွားရပြန်တော့၏။
ထို Class 1မှ ကျောင်းသားများသည်ကား ပုန်ကန်မှုကို ဆင်နွှဲခဲ့ပြီးမှ အတန်းထဲကနေ လွတ်မြောက်လာကြခြင်းသာ။
ဝေ့ယီ၏ ဖခင်က မတော်တဆမှု ဖြစ်မည်ဆိုတာကို သိခဲ့ကြသည့်အတွက် ထိုအချိန်အတော်ကြာကပင် သူတို့က အတန်းကို ကျော်ခွ လစ်ပြေးကြဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ကြတာ ဖြစ်လေသည်။
ဤအုပ်လိုက် လှုပ်ရှားမှုကြီးအတွက် သူတို့က ကားတစ်စီးကို တောင်မှ ကြိုတင် ပြင်ဆင်ထားခဲ့တာ ဖြစ်ပေသည်။ အတန်းခေါင်းဆောင်ကား ဤအတန်းထဲမှ ကျောင်းသားအားလုံး ဝင်ဆံ့နိုင်မည့် ဇိမ်ကားကားတစီးကို တောင် အထူးတလှယ် ရှာဖွေ ငှားရမ်းထားပေသည်။
သူတို့ကို ကားမောင်းပို့ပေးဖို့ရာ မိသားစု ဒရိုင်ဘာများကို မခေါ်ဆောင်လာရသည့် အဓိက အကြောင်းပြချက်ကတော့ သူတို့တွေ အတန်းကျော်ပြီး လစ်ပြေးကြသည်ကို အိမ်သားများ သိရှိသွားမည် စိုးသောကြောင့်တည်း။
ဆရာမကျိန့်က ထွက်ခွာလာပြီး ခရီးတဝက်မျှ တိုင်သည့်အခါ ကားကို အန္တရာယ်ကင်းအောင် မောင်းဖို့ ဝေ့ယီက သတိပေးပြီးနောက် သူမ၏ မြန်နှုန်းကို လျှော့ချခဲ့သည်ပင်။
8 04
ထိုအချိန် အတောအတွင်းဝယ် မူလဇာတ်ကြောင်းကို လွဲချော်သွားမှာ စိုးရိမ်ကြသည့် Clas1အတွင်းမှ ကျောင်းသားများကား အမြန်ဆုံး မောင်းနှင်ပေးဖို့ ၎င်းတို့၏ ဒရိုင်ဘာကို လောဆော်ခဲ့ကြပေသည်။
သူတို့ကား သူတို့၏ အတန်းပိုင်ဆရာ မသေဆုံးမီ တွေ့ဆုံလိုခြင်း ဆိုသော အလွန်ကို ဖရဏာပီတိ ဂွမ်းဆီထိဖွယ် ဇာတ်လမ်းတပုဒ်ကိုတောင်မှ ဖန်တီးခဲ့ကြသေးကာ သူ့အနေဖြင့် သူ စာသင်ကြားပေးခဲ့သည့် တပည့်များကို နောက်ဆုံးအကြိမ် တွေ့ဆုံ စကားပြောလိုသည် ဟူသည့် ထွင်လုံးကို ပါ ထိုကားဆရာထံ ပြောပြလိုက်ပါသေး၏။
ထိုအတန်းပိုင်ဆရာက နွေရာသီ ခရီးသွားချိန်ကတည်းက ပြည်ပလေ့လာမှုအတွက် ထွက်စာ တင်ထားခဲ့ပြီး ဖြစ်ရာ ဤကျောင်းသားတသိုက်ကို တစ်ကြိမ်သော်မျှ မမြင်ချင်ခဲ့ပါပေ။ ထို့အတွက်ကြောင့် ဤ သေအံ့မူးမူး မြင်ကွင်းမျိုးသည်ကား သူ့ကျောင်းသားများ အထူးတလှယ် ရေးပေးထားသည့် ဇာတ်ညွှန်းကြီးသာ ဖြစ်ပေတော့၏။
ထိုအတန်းပိုင်ဆရာကား သူ့ဘာသာတွေးမိ၏။ ဒါကြီးကတော့ တကယ်ကို လွဲချော်သွားတဲ့ ကိစ္စကြီးပါပဲ။