← Chapters

အခန်း (၉-၁၂)

Vol. 1 Ch. 9-12

အခန်း (၉-၁၂)

Vol. 1 Ch. 9-12

9 01

အပိုင်း 9.

ထိုစကားကို ကြားသော် ကားဆရာက တွေးလေသည်။

Ah! ဒီ ဆရာနဲ့ တပည့်ကြား သံယောဇဥ်ကတော့ ဘယ်လောက်တောင် ခံစားရသလဲလို့။ )

“မင်းတို့ စောင့်ကြည့်နေပါ။ မင်းတို့ ဆရာနဲ့ နောက်ဆုံးအကြိမ် တွေ့ခွင့်ရဖို့ ငါ တကယ် သေချာ အာမခံပေးနိုင်ပါတယ်”

ပြောပြီးသည့်နောက် ထိုကားဆရာသည်ကား ပြွတ်သိပ်ကျပ်ညပ်နေသည့် လမ်းများထက်ဝယ် ထိုကားငယ်ကလေးကို အပျော်စီးကားလေးသဖွယ် ကျွမ်းကျင်စွာ လှည့်ပတ် မောင်းနှင်လေတော့သည်။

သူတို့က ပုံမှန်ခရီးတာ ကြာချိန်၏ တဝက်မျှဖြင့်ပင် ဆေးရုံသို့ ရောက်ရှိလာကြပေရာ စိတ်လှုပ်ရှားမှုများ ပြည့်လျှမ်းမွှန်ထူသွားသည့် အတန်းခေါင်းဆောင်မှ အထူး ကျေးဇူးတင်ခအဖြစ် ယွမ်နှစ်ထောင် တိတိကို ကားဆရာထံ ပေးအပ်လိုက်လေသတည်း။

ဟုတ်ပြီ၊ ထို ကျေးဇူးတင်ခ ဟူသည့် ဗန်းပြခေါ်ဆိုကာ ပေးအပ်လိုက်သော ဆုကြေးသည်ကား တကယ်တမ်းမှာတော့ ထိုယာဥ်မောင်းက ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုအတွက် ဒဏ်ကြေးပေးဆောင်ရမည်ကို ကာမိစေရန်ပင်။

ထိုကားဆရာက လမ်းတလျှောက်ဝယ် မီးနီအချို့ ဖြတ်မောင်းခဲ့ပြီး အတန်းခေါင်းဆောင် သတိပြုမိသည်ကပင် အနည်းဆုံး သုံးခုမျှ ရှိပေသည်။

သူတို့က ဤဆေးရုံသို့ ဆရာမကျိန့်နှင့် အခြားသူများထက် အနည်းငယ်စောပြီး ရောက်ရှိလာကြခြင်းပင်။

ဆရာမကျိန့်၏ကားကို ကားနောက်ကြည့်မှန်ထဲမှ တွေ့မြင်လိုက်ရလေရာ အတန်းခေါင်းဆောင်က ကားကို ဆေးရုံတပတ် ပတ်မောင်းရန် ကားဆရာကို ညွှန်ကြားလိုက်ပြီး အခြား ဂိတ်ပေါက်တစ်ခုမှ ဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုအရှုပ်အထွေးများကို ကားဆရာကလည်း လိုက်လျောပေးခဲ့ပါ၏။ ထို့ကြောင့် သာလျှင် ဤရက်ရောသော သူဌေးလေးက သူ့ကို အပိုဆုကြေးငွေ ယွမ်နှစ်ထောင် ပေးအပ်ခဲ့ခြင်း ဖြစ်ပေ၏။

အတန်းဖော်ကို အာရုံစိုက်ပေးကြသည့် ဤကျောင်းသားတို့၏ စိတ်ထားအတွက် ဆရာမကျိန့်လည်း ဝမ်းသာရပါ၏။ သိူ့သော် စည်းကမ်း တင်းကြပ်ပေးဖို့ကတော့ မရှိမဖြစ် လိုအပ်သည်ဟု ခံစားရ၏။ ထို့ကြောင့် သူမက တင်းမာခက်ထန်သော မျက်နှာထားမျိုးဖြင့် လူတိုင်းအပေါ် လွှမ်းမိုးလိုက်လေသည်။

“မင်းတို့က ကိုယ့်ဆရာမရဲ့ နှာခေါင်းအောက်မှာတင် တကယ်ကြီး အတန်း လစ်ပြေးလာတယ်ပေါ့လေ။ အရမ်းကို သတ္တိရှိရှိ ကြီးပြင်းလာကြတာပဲ။ လူတိုင်း လူတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ခြင်း ဆိုတဲ့ စာလုံးကို တထောင်စီ ရေးပြီး မနက်ဖြန်မနက် ငါ့ စားပွဲပေါ် လာတင်ကြ”

သူမက ထပ်ပေါင်း ပြောလိုက်ပြန်၏။

“ဒါမျိုး နောက်တစ်ကြိမ် မဖြစ်စေနဲ့။ မဟုတ်လို့ကတော့ ငါ မင်းတို့ မိဘတွေကို ခေါ်ရလိမ့်မယ်”

ဆရာမကျိန့်ထံမှ ဆူပူငေါက်ငမ်းခြင်း ခံရသည့် အခါ သူတို့အားလုံးက အကောင်းဆုံးသော အမူအကျင့်များသာ ရှိနေပြီး အတန်း လစ်ထွက်လာစဥ်တုန်းက ပြသခဲ့သည့် မည်သို့သော မထီလေးစားမှု အရိပ်အယောင်များကို သော်မှ လှစ်ဟ ပြမလာခဲ့ပါပေ။

အပြစ်တင် ဆူပူမှုပြီး ဆုံးသွားသော် ကြင်နာမှုကို ပြသရမည့် အချိန်ပင်။ သူမက ဆက်ပြောလိုက်၏။

“ဟုတ်ပြီ၊ မင်းတို့ရဲ့ အတန်းဖော်နဲ့ ပတ်သက်လိူ့ စိုးရိမ် ပူပန်နေတယ်ဆိုတာ ဆရာမ နားလည်တယ်။ ဒါပေမဲ့ မင်းတို့တွေ ရှင်းရှင်းလင်းလင်း သိရမယ်။ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ အလုပ်ကို မင်းတို့ ဝင်ပြီး စွက်ဖက်လို့ မရဘူး။ ဒါကြောင့် ကော်ရစ်ဒါမှာပဲ ထိုင်စောင့်ကြချေ”

ကော်ရစ်ဒါရှိ ထိုင်ခုံများကလည်း အကန့်အသတ် ရှိပေသည်။ ထို့ကြောင့် ေယာကျာ်းလေးများက လူကြီးလူကောင်း ဆန်စွာဖြင့်ပင် ထိုင်ခုံမှာ ထိုင်ခွင့်ကို မိန်းကလေးများထံ ပေးအပ်လိုက်ပြီး သူတို့ကမူ သူတို့ဘာသာ ကော်ရစ်ဒါပေါ်မှာ ထိုင်ချလိုက်လေသည်။

မိန်းကလေးများက သူတို့ ကျောင်းယူနီဖောင်းအဖြစ် စကတ်များကို ဝတ်ဆင်ထားလေရာ အကယ်၍ ကြမ်းပြင်ပေါ်မှာ ထိုင်ရသော် သူတို့အတွက် သင့်တော်မည်မဟုတ်ပေ။

ရှီချွေ့ယွီနှင့် ကောယွမ်က ရှီလီ၏ ဘေးမှာ ဝင်ထိုင်လိုက်ကာ ယခုလက်ရှိ အခြေအနေကို စစ်ဆေးမေးမြန်း လိုက်ပါ၏။

သူတို့ စကားပြောနေချိန်တွင် အခြားသူများကလည်း ဂရုတစိုက် နားထောင်နေကြပြီး အသုံးဝင်မည့် သတင်းအချက်အလက် အချို့ကို ကောက်သင်းကောက်မိဖို့ မျှော်လင့်နေကြ၏။

သို့သော် ရှီလီကမူ ရိုးရိုးစင်းစင်းပင် ပြောလာပါ၏။

“ငါလည်း အသေးစိတ်တော့ မသိပါဘူးဟယ်။ သူတို့က အခုချိန်ထိ အရေးပေါ်ခန်းထဲမှာပဲ ရှိနေသေးတာကို”

လူတိုင်း၏အတွေး.. နင် အဲ့လိုပြောလာမှာကို ငါတို့ မလိုအပ်ဘူးနော်။ အရေးပေါ်ခန်းရဲ့ မီးက ခုချိန်ထိ လင်းနေတုန်းပဲကို ။ တကယ်ဆို သူတို့ အထဲမှာပဲ ရှိနေသေးတာ ငါတို့လည်း သိတယ်လေ။

သူတို့ စကားပြောနေစဥ်မှာပင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသူ လူတအုပ်က Class1 ကျောင်းသားများကို ကျော်ဖြတ်ကာ လျှောက်ဝင်လာပါ၏။

ထိုအုပ်စုဝယ် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်ကာ အကုန်လုံးကလည်း ကြွယ်ဝချမ်းသာခြင်း လေထုများကို ထုတ်လွှတ်နေပေသည်။

ရှီချွေ့ယွီက ရှီလီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်၏။

“အဲဒါ ဝေ့ယီအမေရဲ့ မိသားစုဘက်က ရွှမ်မိသားစုဝင်တွေလေ”

9 02

ရှီလီ၏ အကြည့်များက ဦးဆောင်လာသူ ထိုအမျိုးသားထံမှာ ကြာရှည်စွာ ရစ်ဝဲနေခဲ့ပါ၏။ (ဒီလူကို ကြည့်ရတာ အရမ်း ရင်းနှီးနေသလိုပဲ။ ငါ အရင်တုန်းက သူ့ကို ဘယ်မှာ မြင်ဖူးပါလိမ့်)

အခြားတပါးသော အမျိုးသားတစ်ဦးကို ရှီလီတစ်ယောက် သူ့ Crushဖြစ်သည့် ဖုန့်ယွင်ဟယ်ထက်ပင် ဦးဆုံးအကြိမ်အဖြစ် စပ်စုနေသည်ကို သတိပြုမိသွားသည့် ရှီချွေ့ယွီက ထိုနှစ်ယောက်ကြားဝယ် လူးလာခေါက်တုံ့မျှ ကြည့်ရှုမိလေသည်။

သူတို့၏ အထူး အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များကြောင့် ရွှမ်မိသားစုက အခြားသူများနှင့် ရင်းရင်းနှီးနှီး ရောနှောသည်က ရှားပါးလှသည်။

ရှီချွေ့ယွီ၏ မိခင်က ဝေ့ယီ မိခင်ဘက်မှတော်စပ်သူ အကြီးဆုံးဦးလေး၏ လက်အောက်ငယ်သားဖြစ်၏။ ထို့ကြောင့် မိသားစုဝင်များက မကြာခဏဆိုသလို အပြန်အလှန် ထိတွေ့ဆက်ဆံရလေရာ သူမအနေဖြင့် ဤရွှမ်မိသားစု၏ အခြေနေများကို ပိုမို ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ပေးနိုင်၏။

ထိုလူအုပ်ကြီး အတော်ဝေးဝေးကို ရောက်သွားပါမှ ၎င်းတို့တစ်ဦးချင်းစီကို ရှီချွေ့ယွီက ရှီလီထံ မိတ်ဆက်ပေးလာလေသည်။

“တုတ်ကောက်ကို င်ထားတဲ့ အသက်အကြီးဆုံး လူကြီးက ဝေ့ယီရဲ့ အဘိုးလေ။ သူ့ရဲ့ ညာဘက်မှာ ရပ်နေတာက ဝေ့ယီရဲ့ ဦးလေး။ ကျန်နေခဲ့တဲ့ အမျိုးသမီးကတော့ ဝေ့ယီရဲ့အဒေါ်”

သူမသည်ကား ရွှမ်မိသားစုနှင့် ဝေးကွာသည့် ဆွေမျိုးနီးစပ်များကို ပင်လျှင် မိတ်ဆက်ပေးဖို့ရာ စိတ်အနှောင့်အယှက် ဖြစ်မနေပါပေ။

သူမ မိသားစုဝင်များ ရောက်ရှိလာပေရာ ဝေ့ယီ၏ မိခင်သည်လည်း စိတ်ခံစားမှုများ အနည်းငယ် ကောင်းမွန်လာလေသည်။

သူမနှင့် သူငယ်ချင်းကောင်းဖြစ်သည့် ယောင်းမဖြစ်သူက ဝေ့ယီ မိခင်၏ လက်ကို ဆုပ်ကိုင်ကာ သူမကို နှစ်သိမ့်ပေးလိုက်၏။

ရွှမ်ရွှမ်၏ အကြည့်များက အနီးအနား ကော်ရစ်ဒါသို့ ဝေ့ဝဲသွားခဲ့ကာ သူ့တူမကို မေးမြန်းလိုသည့် အရိပ်အယောင်များ ရှိနေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။

အရေးပေါ်ခန်း ပြင်ပမှာ စောင့်ဆိုင်းနေသည့် ဝေ့ယီက ကူကယ်ရာမဲ့စွာဖြင့်ပင် ကော်ရစ်ဒါမှာ စုဝေးနေကြသည့် လူအုပ်ကြီးကို သတိပြုမိသွားလေသည်။

သူမက အလွန်ကို စိတ်တိုကာ စိတ်အနှောင့်အယှက် ဖြစ်သွားရလေသည်။ သူမ အတန်းဖော်များသည်ကား တကယ်ကို အတင်းအဖျင်း ဝါသနာပါသူ အုပ်စုကြီးပင်တည်း။

သူမ အတန်းဖော်များက ပိတ်ကားလိပ်ထက်မှာ ခင်းကျင်းလာမည့် ဇာတ်လမ်းကို စောင့်ကြည့်ဖို့ စိတ်အားထက်သန်နေလေရာ ဝေ့ယီကလည်း ဖုံးကွယ်လိုက်၏။

“ သူတို့က ကျမကို စိတ်ပူလို့ ဒီနေရာကို လိုက်လာကြတာ”

အတန်းတစ်တန်းလုံးကို ထားပါဦး၊ ဤမျှ စိတ်အားတက်ကြွနေသည့် သူမ အတန်းဖော်များကို ဝေ့ယီမှာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပါပေ။

အခြေအနေကို ထောက်ဆကာ မည်သူ တစ်ဦးတစ်ယောက်ကမျှ ထိုအတွက် မှတ်ချက်စကား ပေ’မလာပါပေ။

ရှီလီနှင့် အတန်းခေါင်ဆောင်ကမူ ဆရာမကျိန့်ကို အိမ်ပြန်ဖို့အတွက် ဖျောင်းဖျနေကာ သူမအနေဖြင့် ကျောင်းသားများနှင့်မတူပဲ အသက်အရွယ် ရနေသည့် အပြင် ဂရုစိုက်ပေးရမည့် မိသားစုဝင်များ ရှိနေသေးကြောင်းကိုပါ သတိပေးလိုက်၏။

သူ့ကျောင်းသားများက ယခု ဤနေရာမှာပင် ရှိနေသေးပေရာ ဆရာမကျိန့်ခမျာမှာလည်း ပြန်ဖို့ရန် တွေဝေ တုံ့ဆိုင်းနေရပေသည်။

သို့သော် ရှီလီနှင့် အတန်းခေါင်းဆောင်တို့က ကျလောက်အောင် အပြောကောင်းသူများဖြစ်ရာ ထပ်ပြောပြန်သည်။

“ဆရာမ စိတ်မပူပါနဲ့။ ခဏနေကျရင် ကျနော်တို့လည်း အိမ်ပြန်ကြတော့မှာပါ”

ဤနေရာမှာ ရှိနေသော်လည်း သူမအနေဖြင့် ဘာတစ်ခုမှ လုပ်စရာမရှိသလို အကူအညီ ပေးနိုင်တာမျိုးလည်း ရှိမနေဟု ဆရာမကျိန့်က သူမဘာသာ တွေးမိသွား၏။

ယခုက ဆေးရုံထဲမှာ ဖြစ်နေလေရာ မည်သို့သော် မတော်တရော် ဆိုးဆိုးဝါးဝါး ကိစ္စရပ်မျိုးတော့ မဖြစ်ပွားနိုင်ပါပေ။

ကော်ရစ်ဒါမှာရှိနေသည့် ကျောင်းသားများကို ဒုက္ခမရှာကြဖို့နှင့် အိမ်ကို စောစောစီးစီး ပြန်ကြဖို့ အထပ်ထပ်အခါခါ သတိပေးပြီးနောက် ဆရာမကား မျက်နှာဆိုးကြီးနှင့်အတူ ထွက်ခွာသွားလေတော့သည်။

မကြာမီ အိမ်ပြန်ပါ့မည်ဟု ဆရာမကျိန့်ကို ကတိခံထားသူ ထိုကျောင်းသား တစ်အုပ်သည်ကား မဆိုင်းမတွပင် သူတို့က အတန်းထဲမှာ တစုတဝေးတည်း ရှိနေကြောင်းကို မိသားစုများထံ စာတိုများ ချက်ချင်း ပေးပို့လိုက်ကြလေသတည်း။ သူတို့အနေဖြင့် ဤည အိမ်ပြန်နောက်ကျမည်ဖြစ်သလို အကယ်၍များ အလွန် နောက်ကျခဲ့သော် အိမ်သို့ ပြန်လာဖြစ်မည်မဟုတ် ဟုပင် ပြောလိုက်ကြသေး၏။

ထို Message နှင့်အတူ အတန်းဖော်များ အတူရှိနေကြသညံ အုပ်စုံပုံ တစ်ပုံကိုပါ ပို့ပေးလိုက်လေသည်။

သူတို့က သံသယဖြစ်ဖွယ်ရာ သူငယ်ချင်းများဖြင့် အားအားယားယား လျှောက်မလည်ပတ်ပဲ အတန်းဖော်များနှင့်အတူ ရှိနေပါသည်ဆိုမှတော့ ထိုကျောင်းပြဿနာ အိုးလေးများ၏ မိဘများသည်လည်း မငြင်းပယ်နိုင်တော့ပါပေ။

ရွှမ်မိသားစုဝင်များက တကယ့်ကို လောကဝတ် ကျေပွန်သူများဖြစ်ကြရာ သူတို့က မပြန်ကြသေးမီမှာပင် ဤကျောင်းသားများ အိမ်ပြန်ကြဖို့ မည်သို့ စီစဥ်ထားသလဲ ဟူ၍ပင် မေးမြန်းလိုက်ပါသေး၏။

9 03

အတန်းခေါင်းဆောင်က ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ် ရှေ့သို့ တွန်းပို့ခံလိုက်ရကာ ပြန်လည်ဖြေကြားလိုက်သည်။

“ ဥက္ကဌဝေ့ အရေးပေါ်ခန်းထဲက ထွက်လာပြီး ဘေးကင်း လုံခြုံပြီဆိုတဲ့ အသံကို ကြားရမှ ကျမတို့လည်း စိတ်အေးနိုင်မှာပါ”

အခြားလူများ၏အတွေး… အတန်းခေါင်းဆောင်ကတော့ ချက်ကျလက်ကျ ပြောဆိုတဲ့နေရာမှာ တကယ့်ကို ယုံကြည်လောက်တာပဲ။ တကယ်လို့ မင်းသာ ထွက်မသွားချင်ဘူးဆိုရင် ဖြစ်နိုင်ချေမရှိတာကို ပြောနေမဲ့အစား အဲ့လိုပြောတာကမှ ဟုတ်နေသေး။

သူတို့က သူတို့၏ စိတ်တွင်းမှ ထပ်လောင်း ထေ့လုံးကိုတောင်မှ ကြားလိုက်ရပါသေး၏။

(ငါတို့ အိမ်ပြန်တဲ့အချိန်ကျ ကြက်ဖကြီးက အစာကောက်ပြီး နေပြီ၊ ခေါက်ဆွဲတွေ ခွေးတွေစားလို့ ကုန်ပြီး တံခါးသော့ကတောင် မီးလောင်နေတော့မှာ)

******

10 01

အပိုင်း 10.

အခြားသူများကား တခွိခွိ ရယ်မောခြင်းများကို ထိန်းချုပ်ထားနိုင်ဖို့ရာ သူတို့ခေါင်းများကို ငုံ့ထားဖို့ ကြံစည်နေကြချိန်ဝယ် ရွှမ်မိသားစုနှင့် ပြောဆိုဆက်ဆံနေရသည့် အတန်းခေါင်းဆောင်ခမျာ နှစ်ပေါင်းများစွာ ရရှိခဲ့သည့် အတွေ့အကြုံများဆီမှ စိတ်တည်ငြိမ် အေးချမ်းမှုများကို ပျောက်ဆုံးလုနီးပါးပင်။

ဝေ့ယီ၏ အတန်းဖော်များက ဘာဖြစ်ဖြစ် မပြန်ကြဘူးမှန်း သဘောပေါက်သွားကသည့် ရွှမ်မိသားစုက သူတို့အားလုံးအတွက် ပုဂ္ဂလိက စားသောက်ဆိုင်တဆိုင်မှ အစားအသောက်များကို မှာယူပေးရပါတော့၏။

အစားအသောက်များ ရောက်ရှိလာပြီးနောက် ထိုကျောင်းသားများကို ညစာစားဖို့ ဖိတ်ခေါ်လိုက်သည်။

အမှန်တော့ ဤ စင်္ကြန်မှာတော့ အစားသောက်စားလို့ မရနိုင်ပါပေ။ ထို့ကြောင့် သူတို့တွေ ညစာစားနိုင်ဖို့အတွက် ဆေးရုံက သူတို့၏ အစည်းအဝေးခန်းကို ထောက်ပံ့ပေးလိုက်ရပေသတည်း။

ထိုအစည်းအဝေးခန်းက ကျယ်ဝန်းပေရာ ကျောင်းသား အယောက်သုံးဆယ် ခန့်မျှကို အလွယ်တကူ ဝင်ဆံ့နိုင်ပါ၏။

အတန်းခေါင်းဆောင်နှင့် အတန်းကြီးကြပ်သူ အချို့က အစားအသောက်များကို ဦးဆောင်တည်ခင်းကာ တူများကို ဝေငှပေးလိုက်သည်။

ရွှမ်မိသားစုက အလွန့်ကို ရက်ရောလှပေရာ အသင့်စား ထမင်းဘူးများကို မမှာပဲ ထိုအစား ထမင်းနှင့် ပူပူနွေးနွေး ကြော်လှော်ထားသည့် ဟင်းပွဲများကိုသာ မှာယူပေးထားခြင်းပင်။

ညစာစားနေစဥ်ဝယ် အတန်းသားတစ်ဦးက မှတ်ချက်ပြုလိုက်၏။

“ဒါက ငါတို့တွေ အတူတူ ရှိနေကြတဲ့ ပထမဆုံးအကြိမ်ပဲနော်”

၎င်းအပေါ် မည်သို့ တုံ့ပြန်ရမည်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ မသိရှိကြပါလေ။

သူတို့ ဘာပြောသင့်ပါသနည်း။ ဆေးရုံပေါ်က အိပ်ရာပေါ်မှာ သူ့ဘဝကို ကပ်တွယ်နေရရှာသည့် ဝေ့ယုံရှန်းကို ပဲ ကျေးဇူးတင်ရမည်လား။

ရှီလီက သူမဘာသာ တွေးလိုက်၏။ (မစိုးရိမ်ပါနဲ့။ သိပ်မကြာခင် ဒုတိယအကြိမ် ရှိလာဦးမှာ)

“မနက်ဖြန်ကျ ငါတို့တွေ နေ့လည်စာ အတူစားရမှာမျိုးတောင် ဖြစ်ချင်ဖြစ်နေမှာ”

လူတိုင်း လူတိုင်းက ရှီလီ၏ စကားများ အဓိပ္ပါယ်ကို သဘောပေါက်နိုင်ဖို့အတွက် အချိန်နှစ်မိနစ်တိတိသာ ယူလိုက်ရပေသည်။

အဲဒါက အရမ်းကို ဥပါဒါန်ကြောင့် ဥပဒ် ရောက်တာပဲနော်။

“ယွမ်ယွမ်၊ တကယ်လို့ ဝေ့ယုံရှန်းသာ အခုနေ မာလကီးယားသွားပြီဆို မနက်ဖြန်အတွက် အစားအသောက်ကို သူ့မိသားစုက ထောက်ပံ့ပေးဦးမယ်လို့ နင်ထင်လား”

တစ်ယောက်ယောက်က မေးလိုက်၏။

ကောယွမ်…. နင်က ဒီတစ်နပ်စာပဲ စားမှာမို့လို့လား။

ကောယွမ်က ရှီလီ၏ Chatကို ချက်ချင်းပင် Screenshotရိုက်ကာ Groupထဲသို့ ဖြန့်ဝေပေးလိုက်၏။

ရှီချွေ့ယွီနှင့်အခြားသူများ.. နင်က တကယ့်ကို တစ်ခုခုပဲ ဟုတ်တယ်မလား၊

ထို့နောက် အခြားလူများက နောက်လာမည့် တစ်ရက် သို့ မဟုတ် နှစ်ရက်အတွင်းဝယ် ဝေ့မိသားစုက အစားအသောက်များ ထောက်ပံ့မည်လား မထောက်ပံ့ဘူးလားဟူသည့် ဖြစ်တန်စွမ်းသော အကြောင်းပြချက် အမျိုးမျိုးတို့ကို စတင် ဆွေးနွေးကြတော့၏။

ညစာ စားသောက်ကြပြီးနောက် ထိုအတန်းသားတို့က တာဝန်သိစွာဖြင့်ပင် သူတို့အမှိုက်များကို သူတို့ဘာသာ ပစ်လိုက်ကြပါ၏။

သူတို့တွေ ညစာစားနေချိန်တုန်းက ဝေ့ယီ ရောက်လာခဲ့ကာ သူတို့အားလုံး ဤအစည်းအဝေးခန်းမမှာပင် ယာယီ အနားယူကြဖို့ ပြောပြလာခဲ့သည်။

ပျန့်ချင်းစွေ့နှင့် ချန်ကျင်းကျားတို့မှလွဲ၍ ယူဆောင်လာသည့် ကျောပိုးအိတ်ထဲမှ စာအုပ်များကို ထုတ်ယူလာလေရာ စားပွဲပေါ်ဝယ် လေ့ကျင့်ခန်းစာအုပ်များ ပြန့်ကျဲနေပေတော့သည်။

ထို့ပြင် လူတိုင်း လူတိုင်းကလည်း ၎င်းတို့၏ ဖုန်းများကို ယူဆောင်လာပါ၏။

စောင့်ဆိုင်းခြင်းဟူသည် အလွန်ကို ပျင်းရိငြီးငွေ့ဖွယ်ရာကြီး ဖြစ်ပေသည်။ သို့သော် လူတိုင်း၏ ဖုန်းများက အားမရှိတော့သည်သာမက သူတို့ထံမှာ အားသွင်းကြိုးလည်း ပါမလာပေ။

ထို သုံးဆယ်မျှသော လူများထဲမှာ အားသွင်းကြိုး တစ်ကြိုးတည်းကိုသာ သူတို့ခမျာ ခြစ်ခြစ်ကုတ်ကုတ် ရှာတွေ့ခဲ့ပြီး ၎င်းကလည်း ပျန့်ချင်းစွေ့က သူမ၏ ကျောပိုးအိတ်ထဲမှာ အရံအဖြစ်သုံးရန် ထည့်ထားခြင်းကြောင့်သာ။

ထိုသူကား ကျောပိုးအိတ်များ ယူဆောင်လာသော်ငြား အားသွင်းကြိုး ယူမလာမိသည့် လူတိုင်းထံမှ တညီတညွတ်တည်း ဖြစ်သည့် မြင်ပြင်းကတ် အားကျသည့် တဖက်သတ်အကြည့်ကြီးကို လက်ခံရရှိလိုက်တော့သတည်း။

ဖုန်းအားသွင်းတာဖြစ်စေ သေတာဖြစ်စေ လုပ်နိုင်သမျှကတော့ ကြံ့ကြံ့ခံရင်ဆိုင်ဖို့ပင်တည်း။

အတန်းသားများကား အစွန်းတဖက်တည်းပေါ်မှာ ရှိနေကြကာ ဝေ့ယုံရှန်း ဘယ်အချိန်မှာ သေဆုံးမလဲ ဟူသည်ကို သာ တွေးတောနေမိပေ၏။

လူတိုင်း လူတိုင်းက ဝေ့ယုံရှန်း ဘယ်အချိန်မှာ သေဆုံးမလဲ ဟူသည်ကို သာ သိရှိချင်နေကြပြီး ကူကယ်ရာမဲ့စွာပင် ရှီလီ၏ တည်နေရာဘက်သို့ တချက်မျှ ဝေ့ဝဲကြည့်မိလေသည်။

10 02

ရှီလီကမူ သူ့အတန်းဖော်များ၏ ရည်ရွယ်ချက်ကို သတိမပြုမိပေ။ သို့ မဟုတ်လျှင် သူမက ယခုကဲ့သို့ မေးကောင်းမေးပေလိမ့်မည်။ (မင်းအတန်းဖော်ရဲ့ အဖေက နောက်ဆုံး ဘယ်အချိန်မှာ အသက်ရှူခဲ့လဲဆိုတာ နင်ဆိုရင်ရော တိတိကျကျ မှတ်မိနိုင်မယ်လို့ ထင်လား)

ဤသို့သော သတင်းအချက်အလက်မျိုးက အခြားသူများ သိရှိနိုင်သည်မဟုတ်ပဲ နီးစပ်ရာ မိသားစုဝင်များသာ သိရှိနိုင်တာမျိုးဖြစ်ပြီး ပြီး ခဲ့သည့် ဘဝတုန်းက ရှီလီအနေဖြင့် ဤ အခင်းဖြစ်ရာ နေရာမှာ ရှိမနေခဲ့ပါပေ။

သူတို့အားလုံးက ဤအစည်းအဝေးခန်းထဲမှာ ညရှစ်နာရီထိုးသည်အထိ သည်းခံစောင့်ဆိုင်းခဲ့ကြကာ အပြင်ဘက်က အခြေအနေကို စောင့်ဆိုင်းကြည့်ရှုနေသည့် အတန်းခေါင်းဆောင်က အဆောတလျင်ပင် အစီရင်ခံ တင်ပြလာပေသည်။

အတန်းခေါင်းဆောင်က သူ့ နောက်မှ တံခါးကို ဆွဲပိတ်လိုက်ကာ အလွန်စိတ်လှုပ်ရှားနေသော်လည်း အသံကိုမူ နှိမ့်ထားလိုက်ကာ ပြောလိုက်၏။

“အမြန်၊ အမြန်၊ သူတို့တွေ သူ့ကို ပိတ်စအဖြူကြီးနဲ့ ဖုံးပြီး အပြင်ကို တွန်းထုတ်လာကြပြီ။ ”

အတန်းခေါင်းဆောင်၏စကား ဆုံးသည်နှင့် လူတိုင်းက မတ်တပ် ထ ရပ်လိုက်လေသည်။

အတန်းခေါင်းဆောင်က သူတို့အားလုံး ထိုင်နေဖို့ ခြေဟန် လက်ဟန် ပြလိုက်၏။

“ဘာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကတော့ ဆုံးရှုံးမှုအတွက် ဝမ်းနည်းနေရတာပဲလေ။ ငါတို့ကိုယ် ငါတို့ ဒီနေရာမှာ အခက်မကြုံစေနဲ့။ ငါတို့ကျောင်းကို သာမကဘူး၊ မိသားစုတွေကိုပါ အရှက်မခွဲကြနဲ့။ သူတို့က ငါတို့တွေ တစ်ယောက်ချင်းစီတိုင်းက ဘယ်သူ့ကလေးတွေဆိုတာ သိကြတယ်။ ဒါကြောင့် ငါတို့နောက်ကွယ်မှာ အတင်းပြောခံရမဲ့ ဘယ်အကြောင်းပြချက်ကို မှ မပေးမိစေနဲ့”

(သူကတော့ အတန်းခေါင်းဆောင်ပေမဲ့ မိဘလိုကို သရုပ်ဆောင်နေတော့တာပဲ) တစ်ယောက်ယောက်က တွေးလိုက်၏။

ဒါက ဘယ်သူ့ကို ဦးတည်နေလဲဆိုတာ သိသာလှပါသည်။

သူ၏ အားစိုက်ထုတ်မှုကို သူ့ဘာသာ အသိအမှတ်ပြုသည့် အနေဖြင့် အတန်းခေါင်းဆောင်က မျက်ရည်ကျလုနီးပါးပါပင်။

အတန်းခေါင်းဆောင်၏ ကြိုကြိုတင်တင် သတိပေးချက်ကြောင့် စိတ်လှုပ်ရှားနေကြသည့် ကျောင်းသားများမှာ မဆိုစလောက် ငြိမ်သက်သွားခဲ့ပါ၏။

သူတို့က အခိုင်အမာ ဆိုလိုက်၏။

“စိတ်မပူပါနဲ့။ ငါတို့ ဘယ်ဒုက္ခကို မှ မရှာပါဘူး”

“ငါတို့တွေ သူများ လက်ညှိုးထိုးစရာဖြစ်အောင် လုပ်လို့ မဖြစ်ဘူး”

အုပ်စုငယ်လေးများအဖြစ် အခန်းထဲက ထွက်လာချိန်ဝယ် ဝေ့ယီ၏ မိခင်နှင့် ရွှမ်မိသားစုကို စင်္ကြန်တလျှောက်မှာ မမြင်ရတော့ပေ။

ဤလူနာအနေဖြင့် သတိပြန်မလည်နိုင်တော့ဟု ဆရာဝန်များက ပြောသည်ကို သူနာပြုထံမှ ကြားလိုက်ရချိန်တွင် ဝေ့ယီ၏ မိခင်က နေရာမှာပင် သတိလစ်မေ့မြောသွားခဲ့၏။

သူတို့က အကြည့် အနည်းငယ်မျှ ဖလှယ်လိုက်ကြကာ ဤကဲ့သို့သော အခြေအနေအောက်ဝယ် အုပ်လိုက်ကြီး သွားငေးကြတာက သိပ်ပြီး မသင့်လျော်ဟု ခံစားလိုက်ရလေသည်။

သတိလစ် မေ့မြောသွားပြီးနောက် ဝေ့ယီ၏ မိခင်ကို လူနာဆောင်သို့ အဆောတလျင်ခေါ်ဆောင်သွားကာ IVချိတ်ပေးလိုက်ရပါ၏။

တစ်နာရီ၏ လေးပုံတပုံထက်မနည်း ကြာသည့် အခါ သူမ သတိ ပြန်လည်လာခဲ့သည်။

သူမ၏ မျက်နှာထက်မှာ မျက်ရည်များ ချောင်းသဖွယ် စီးကျနေပြီး သူမ၏ သမီးကို အနားလာဖို့ ခေါ်လိုက်၏။

ဝေ့ယီက သူမ၏ မိခင်ကို အလွန်လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“မား၊ သမီး မားကို အရေးကြီးကိစ္စတချို့ ပြောချင်တယ်။ မား အနေနဲ့ စိတ်ခိုင်ခိုင်ထားဖို့ ပြင်ဆင်ထားပေးနော်”

ခင်ပွန်းသည်ကို ဆုံးရှုံးခဲ့ရပြီး သည့် အမျိုးသမီး တစ်ဦးအနေဖြင့် စိတ်ခိုင်ခိုင်ထားဖို့ လိုအပ်နေသည်က ဘယ်အရာဆိုသည်ကို သူမ စိတ်တောင်မကူးနိုင်ပါလေ။

သူမ၏ မျက်ခွံများက ရောင်ကို င်းနေကာ မျက်လုံးများကမူ နီမြန်းနေပေသည်။

“ပြောပါ ”

သူမက ပြောလိုက်သည်။

“ပါးက အပြင်မှာ အငယ်အနှောင်းတွေ ရှိနေတဲ့အပြင် သူတို့နဲ့အတူ ကလေးတွေတောင် မွေးထားသေးတယ်။ သမီး အဲဒီအကြောင်းကို ကျန်ခဲ့တဲ့ နှစ်ရက်လောက်က သိခဲ့ရတာ”

ဝေ့ယီ၏ မိခင်က အလွန်ကို ထိတ်လန့် တုန်လှုပ်သွားခဲ့ကာ ထိုခဏမှာ မျက်ရည်များတောင်မှ ခမ်းသွားပေ၏။

သူမ ခင်ပွန်း၏ ပုံရိပ်က သစ္စာရှိသည့် ချစ်ခင်ပွန်းအဖြစ်သာ ပြီး ပြည့်စုံခဲ့ပေရာ ဝေ့ယီ၏ မိခင်မှာ သူ့သမီး၏ စကားများကို မယုံကြည်နိုင်ပါပေ။

သူမက ပြောလိုက်၏။

“သမီးက မား အရမ်း ဝမ်းမနည်းမှာစိုးလို့ အခုလိုတွေ လာပြောနေတာလား”

10 03

ဝေ့ယီက သူမ နှုတ်ခမ်းများကို အတူတကွ ဖိပိတ်လိုက်ကာ ကြိုတင်ပြင်ဆင်လာသည့် DNA စစ်ဆေးမှု အစီရင်ခံစာကို မိခင်ထံ ပြသလိုက်လေသည်။

“တကယ်လို့ မားက သမီးကို မယုံဘူးဆိုရင်တောင် သိပ္ပံနည်းကျ စစ်ဆေးထားတဲ့ အဖွဲ့အစည်းရဲ့ စစ်ဆေးမှုကိုတော့ ယုံမှာ သေချာပါတယ်။ ဒီမှာ နေ့စွဲကို ရှင်းရှင်းလင်းလင်း ရေးထားမှတော့ ဒါကြီးက သမီး ကြိုတင် ပြင်ဆင်ထားတာမျိုး မဖြစ်နိုင်ဘူး မဟုတ်လား ”

ဝေ့ယီ၏ မိခင်က ၎င်းကို ဂရုတစိုက် ဖတ်ရှုနေခဲ့ကာ ရိုးရိုး ပုဒ်ဖြတ် ပုဒ်ရပ် တစ်ခုကို သော်မှ လွဲချော်မသွားစေရပေ။

ပိုပြီး ဖတ်လေ သူမက ဒေါသတွေ ပိုထွက်လာလေပင်။ နောက်ဆုံးစာမျက်နှာကို ဖတ်ရှုပြီး သော် သူမက ထိုစာရွက်များကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ပစ်ပေါက်လိုက်လေတော့သည်။

“ဒီအယုတ်တမာကတော့.. ဒင်း…”

ဤဖွင့်ချလာသည့် ကမ္ဘာမြေ ဗြန်းဗြန်းကွဲဖွယ် လျှို့ဝှက်ချက်ကြီးက သူမ ရိုင်းစိုင်းစွာ ကျိန်ဆဲပစ်ဖို့ရန် အတင်းကို ဖိအား ပေးနေပေတော့သည်။

ဆေးရုံ အိပ်ရာရှေ့ဝယ် မတ်တပ်ကလေး ရပ်နေသည့် တင့်တယ် ကျော့မော့လှစွာသော ချစ်သမီး မျက်ရှုကို ကြည့်ကာ သူမမှာ နှလုံးများ ကွဲကြေမတတ် ခံစားရပေသည်။

“အချစ်ကလေး၊ သမီး ဒါကို ဘယ်လို ရှာတွေ့ခဲ့တာတုန်း။ မားကို သမီး အရင်ဆုံး ပြောပြခဲ့သင့်တာ၊ အဲဒီ ဝန်ထုပ်ကို သမီးနဲ့ အတူ မားပါ ထမ်းပေးမှာပေါ့ကွယ်”

သူမ သမီးလေးက ဖခင်၏ သစ္စာမဲ့ ဖောက်ပြန်မှုများကို ရှာတွေ့ခဲ့ရပြီး သူမဘာသာပဲ စုံစမ်းသိရှိခဲ့ရသည်ကို တွေးမိသည့် အခါ ခင်ပွန်းဖြစ်သူကို သူမ အလွန် မုန်းတီးမိလေသည်။ အဘယ့်ကြောင့်များ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ရတာလဲ။

ထိုလူက သူ၏ ကောင်းမွန်သည့် ဘဝကို အဘယ်ကြောင့်များ အငယ်အနှောင်းထားခြင်းဟူသည့် အရှုပ်တော်ပုံထဲသို့ ပစ်ထည့်ခဲ့ရသည်လဲ။ သူမက ထိုလူကို တစ်နည်းနည်းဖြင့်များ ပြစ်မှားခဲ့မိ လေသလား။

သူ၏ သဲလွန်စ ခြေရာများကို ကောင်းကောင်းမွန်မွန် မဖုံးကွယ်ထားနိုင်ပဲ အရွယ်ရောက်ပြီး သူတို့၏ ညစ်ညမ်းလှသည့် ကမ္ဘာကြီးအကြောင်းကို သမီးဖြစ်သူ သိရှိသွားရန် ခွင့်ပြုထားခဲ့ခြင်းအတွက် သူမက ထိုလူကို ပိုလို့တောင်မှ မုန်းတီးလာခဲ့ပါသေး၏။

အချိန် အတန်ကြာသွားပြီးနောက် နောက်ဆုံးမှာ ဝေ့ယီ၏ မိခင်က သွားကြားစေ့ထားသည့် လေသံမျိုးဖြင့် ဖျစ်ညှစ်ပြောလာခဲ့လေသည်။

“ မရှိတော့တာပဲ နားအေးတယ်။ အဲဒီ ခွေးကတော့ လွယ်လွယ်လေး လွတ်သွားတာပေါ့။ ”

သူမ ချိတ်ထားသည့် IVကို ဖြုတ်ပစ်လိုက်ဖို့ လက်လှမ်းလိုက်ချိန်တွင် ဝေ့ယီ၏ အဒေါ်က သူမကို ဟန့်တားလိုက်ပါ၏။

“ဟုတ်ပြီ၊ မင်းတို့နှစ်ယောက်စလုံး ဒီနေ့တော့ ကောင်းကောင်း အနားယူကြဖို့ လိုတယ်။ ဒီနေရာကို ငါနဲ့ သခင်လေး(4)ဆီမှာ အပ်ထားခဲ့ပြီး အိမ်ပြန် အနားယူကြချေ။ ”

ဝေ့ယီ၏ အဒေါ်က သခင်လေး(4)ဟု ရည်ညွှန်းလိုက်သူက ရွှမ်ရွှမ့်ကို ဖြစ်ပြီး သူတို့ မိသားစုမှ စတုတ္ထမြောက်ကလေး ဖြစ်လေသည်။

ရွှမ်မိသားစုမှ အကြီးဆုံးဆက်ခံသူက စီးပွားရေး ကိစ္စဖြင့် အဝေးရောက် နေပေရာ ယခု ပြန်မလာနိုင်သေးပေ။ ဒုတိယကတော့ လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် တာဝန် ထမ်းဆောင်နေရင်း သေဆုံးသွားခဲ့ပြီဖြစ်ကာ ဝေ့ယီ၏ မိခင်က တတိယမြောက် ဖြစ်ပေသည်။

သူမ မိသားစုက ဘေးမှာ ရှိနေပြီဖြစ်ရာ ဝေ့ယီ၏ မိခင်လည်း သောက ငြိမ်းအေးခြင်းတို့ကို ပိုမို ခံစားလိုက်ရပါ၏။

“ဒါဖြင့် ယောင်းမကြီးကို ပဲ ဒုက္ခပေးရဦးမှာပါပဲ”

“ငါတို့က မိသားစုဝင်တွေပဲကို ၊ ဒုက္ခလို့ ပြောဖို့ မလိုပါဘူးဟယ်”

ဝေ့ယီက သူမ မိခင်ကို အနားယူခိုင်းလိုက်ပြီး သူမက မူ သူမ ဦးလေးနှင့် အဒေါ်တို့ဖြင့်အတူ လိုက်လာခဲ့၏။

“ယီယီ၊ သမီးမှာ တို့တွေကို ပြောစရာ တစ်ခုခုများ ရှိသလား”

မတိုင်မီက ရှီလီ မှတ်ချက်ပြုခဲ့သည့် ကိစ္စအထွေထွေက မှန်ကန်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဝေ့ယီအနေဖြင့် ဤ အသုဘ အခမ်းအနားဝယ် အမွေဆက်ခံမှု ပြဿနာ ကြီးကို တော့ဖြင့် အမှန်တကယ် ရင်ဆိုင် ဖြေရှင်းရလိမ့်မည်ဟု ယုံကြည်ထားပါ၏။

“ ပါး က ကျမတို့ မိသားစု အပြင်မှာ အခြားကလေးတွေ ရှိနေတာကို လေးလေးလည်း သိနေတာပဲ။ တစ်ယောက်ယောက်က အဲဒီ ကလေးတွေကို အသုဘ အခမ်းအနားဆီ ခေါ်လာပြီး အမွေ ဆက်ခံပိုင်ခွင့်အတွက် မရမက တောင်းဆိုလာမှာကို ကျမ စိတ်ပူတယ်”

ဝေ့ယီက ရှင်းပြလိုက်သည်။

ရွှမ်ရွှမ်က ခပ်သာသာပင် ခေါင်းညိတ်ပြလိုက်၏။

“လေးလေး နားလည်ပါတယ်။ အဲဒီအတွက်လည်း ကောင်းကောင်း ဂရုစိုက်လိုက်မယ်။ မင်းအဖေ ရှာဖွေထားသမျှ စည်းစိမ်တွေက မင်းနဲ့ မင်းအမေ အတွက် ပဲ ဖြစ်ရမှာပေါ့”

ဝေ့ယီခမျာ အားနည်းဖျော့တော့သော အပြံးလေး တစ်ခုကို မျှသာ ပြုလုပ်နိုင်ပေတော့သည်။

“နောက်နှစ်ရက်လောက်ကျ လေးလေးနဲ့ ဒေါ်လေးတို့အတွက် ပစ္စည်းတချို့ ထားခဲ့ပေးပါ့မယ်။ ကျမ အတန်းဖော်တွေက အခုထိ ဆေးဂုံမှာပဲ ရှိနေသေးတော့ သူတို့ကို တစ်ချက် သွားကြည့်လိုက်ဦးမယ်”

ဝေ့ယီက သူမ အတန်းဖော်များကို ရှာတွေ့ချိန်ဝယ် သူမ မြင်လိုက်ရသည့် အရာကြောင့် ကြက်သေ သေသွားရပါတော့၏။

******

11 01

အပိုင်း 11.

အလွန်ကိုမှ ကြံရည်ဖန်ရည် ရှိလှပါသည့် ဝေ့ယီ၏ အတန်းဖော် တအုပ်သည်ကား သူတို့ ညလုံးပေါက် နေထိုင်ကြဖို့အတွက် နေရာတောင်မှ ရှာဖွေပြီးကြပြီဖြစ်ကာ သူတို့ ဆေးရုံမှ အိပ်ရာများပေါ်ဝယ် လဲလျောင်းကာ စကားပင် ပြောနေကြသေး၏။

ပြည့်သူ့ဆေးရုံများနှင့် မတူညီသည်မှာ ဤ ပုဂ္ဂလိက ဆေးရုံများက အိပ်ရာများ ပြတ်လပ်နေတာမျိုး မရှိပါပေ။ နေရာ အတော်များများက လူနာ မရှိသည့် အလွတ်များ ဖြစ်ကြ၏။

ထိုအတန်းဖော်များက ဆေးရုံ Receptionနှင့် ဖုန်းခေါ်ဆိုမှု အနည်းငယ် ပြုလုပ်ခဲ့ကြကာ ဆေးရုံကလည်း ၎င်းတို့ ဤတည အချိန်ဖြုန်းဖို့ရာ လုံခြုံစိတ်ချရသော နေရာတခု ပေးအပ်ခဲ့ခြင်းပါပင်။

ဝေ့ယီက လူတိုင်း လူတိုင်းကို စစ်ဆေးလိုက်ရာ သူတို့အားလုံး ကောင်းကောင်း အလုပ်ဖြစ်နေသည်ကို တွေ့ရှိပါမှ စိတ်သက်သာမှုများကို ခံစားလိုက်ရပါ၏။

အမှန်တော့ ဝေ့ယီက ယခုလို ပြောချင်လွန်းလှပါ၏။

“ နင်တို့ အကုန်လုံး ပွဲ ကြည့်ချင်သပဆို အသုဘ အခမ်းအနား နေ့ကျမှ လာခဲ့ကြပေါ့။ ဒီမှာပဲ ညလုံးပေါက် အချိန်ဖြုန်းပြီး မလိုတာကို ရေးကြီးခွင်ကျယ် လုပ်နေဖို့ မလိုပါဘူးဟယ်” ဟူ၍ပင်။

သို့သော် သူမခမျာ ထိုစကားကို သူမဘာသာ ပြောမထွက်နိုင်ပါပေ။ သို့မဟုတ်လျှင် ထိုလူတွေကို အတင်းအဖျင်း ပြောစရာ လမ်းစကြီးကို သူမ ကိုယ်တိုင် ပေးအပ်လိုက်သလို ဖြစ်ပေတော့မည်။

ရှီလီက မပြန်သေးပဲ ဝေ့ယုံရှန်း၏ Dead Bodyကို မကြာခင် မီးသင်္ဂြိုဟ်သင့်ကြောင်း ဝေ့ယီထံ အသိပေးချင်လေသည်။

ဝေ့ယီမှာက အချိန် ခေတ္တမျှသာ ရသည်ကို ကြည့်ကာ ရှီလီက သူမကို သန့်စင်ခန်းထဲသို့ ခေါ်ခဲ့လိုက်၏။

“ငါ နင့်ကို ပြောစရာ ရှိတယ်”

သူမက ပြောလိုက်သော်လည်း ထိုအကြောင်းအရာကို မည်သို့ အစပျိုးရမည်ကိုတော့ မရေရာပါလေ။

ရှီလီ ပြောလိုသည့် အရာကို ဝေ့ယီက သိထားပေရာ သူမကပင် စကား စ ဆိုလိုက်ပါ၏။

“ငါ့ မိသားစုက ဆရာသခင် တစ်ယောက်ရဲ့ အကြံဉာဏ်ကို ရယူထားတယ်။ ငါ့ အဖေရဲ့ မွေးဇာတာခွင်က သူ သေဆုံးတဲ့အချိန်နဲ့ ကိုက်ညီမနေဘူးလို့ ပြောတယ်။ အဲဒီတော့ မီးသဂြိုဟ်တဲ့ အခမ်းအနားကို ပုံမှန် ထုံးတမ်း စဥ်လာအတိုင်း လုပ်ပေးလို့ မရသေးဘူးရယ်”

ရှီလီ၏ မျက်ခွံများ ပင့်တက်သွားပါ၏။

“အဲဒါ တကယ့် ဆရာသခင်ရော ဟုတ်ရဲ့လားဟယ်”

ရှီလီ၏ စိုးရိမ်ပူပန်မှုလေးက ချစ်စဖွယ်ဖြစ်ကြောင်း ဝေ့ယီက သိရှိသွားခဲ့၏။ သူမက နူးညံ့စွာ ပြောလိုက်လေသည်။

“ နင် အိမ်ပြန်ပြီး အနားယူသင့်တယ်နော်။ ဆေးရုံက အိမ်မှာလို သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ နင် နေရထိုင်ရတာ သိပ်ကောင်းဘူးလို့ ခံစားရရင် နင့်ကို အိမ်ပြန်ပို့ပေးဖို့ ဒရိုင်ဘာကို ခေါ်ရမယ်နော်”

ရှီလီ၏ မျက်ဝန်းလေးများက လခြမ်းကွေးလေးနှယ် ကွေးညွတ်သွားခဲ့လေသည်။

“ဟုတ်ပါပြီ”

ဝေ့ယုံရှန်းက အလုပ်သရဲ တစ်ဦးဖြစ်သည်ကို ထောက်ဆကာ သေလူကို ရှင်လူသဖွယ် ဆက်ဆံရမည့် နိယာမကို လိုက်နာကာ မိသားစု လုံခြုံရေးအတွက် မီးသဂြိုဟ်စက် ဖွင့်လှစ်သည်နှင့် သဂြိုဟ်စက်ထဲ ထည့်ကာ ဝေ့ယုံရှန်းကို ပို့ဆောင် နှုတ်ဆက်လိုက်​ပေသည်။

လူအနည်းငယ်မျှက မီးသဂြိုဟ်ရန် DBများကို အစောဆုံး လာရောက်ယူဆောင်ကြကာ မည်သည့် လူတန်းရှည်မှလည်း ရှိမနေပေ။

တနာရီမျှ ကြာပြီးနောက် အောက်မေ့ဖွယ် ခန်းမရှေ့ဝယ် အရိုးပြာအိုးကို နေရာချထား လိုက်ပါ၏။

ထိုအချိန် အတောအတွင်းဝယ် ချန်းဖု အလယ်တန်းကျောင်း၏ တစ်နေ့တာအတွက် ပထမဆုံး အတန်းချိန် စတင်ရမည့် အချိန်ကို ရောက်ရှိလာခဲ့လေသည်။

အထက်တန်း ပထမနှစ် Class1ကို စာသင်ကြားဖို့ရန် ရောက်ရှိလာသည့် ဆရာမခမျာ ထိုစာသင်ခန်းလွတ်ကြီးကို ဗလာသက်သက် မျက်ဝန်းများဖြင့်သာ ငေးကြည့်နိုင်ပါတော့၏။

ဘာတွေ ဖြစ်နေတာပါလိမ့်။ အခုက စနေ၊ တနင်္ဂနွေ အားလပ်ရက်ကြီးလား။ ငါ အလုပ်လုပ်စရာ မလိုတော့ဘူးလား။

ဒါပေမဲ့ အဲဒါက မှန်မနေဘူးနော်။ ကျောင်းထဲက တခြားစာသင်ခန်းတွေထဲမှာ ဆရာတွေနဲ့ ကျောင်းသားတွေ ရှိနေတာကို ငါ တွေ့ခဲ့သေးတာပဲဟာ။

ဖုန်းခရင်ပေါ်မှ ပြက္ခဒိန်ကို စစ်ဆေးလိုက်သည့် အခါတွင်လည်း ယနေ့က အမှန်တကယ်ကို ကျောင်းဖွင့်ရက်ပါပင်။

ဒါဖြင့် အခု တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ဒီစာသင်ခန်းထဲမှာ ဘယ်လိုလုပ်ပြီး ကျောင်းသား တစ်ယောက်တလေမှတောင် ရှိမနေရတာလဲ။

စာသင်ခန်းတစ်ခုထဲဝယ် ကျောင်းသား တစ်ယောက်တလေမျှ ရှိမနေပါဟု ဆရာမကျိန့် ကြားလိုက်ရချိန်က သူမ ရုံးခန်းထဲမှာ ထိုင်ကာ သူမ သင်ကြားရမည့် နောက်သင်ခန်းစာများအတွက် ကြိုတင် ပြင်ဆင်နေခဲ့ခြင်းပင်။ သူမခမျာ ကြက်သေ သေသွားရပါတော့၏။

သူမ စာသင်ကြားလာခဲ့သည့် ဆယ်စုနှစ်များအတွင်းဝယ် ယခုလို အခြေအနေမျိုးကိုဖြင့် ဘယ်သောအခါကမှ မကြုံတွေ့ခဲ့ဖူးပါလေ။

အတန်းခေါင်းဆောင်မှ အစပြုကာ ကျောင်းသားများ အားလုံးထံ သူမက ဖုန်း ခေါ်ဆိုလိုက်၏။

11 02

အလွန်သိသာ ထင်ရှားစွာဖြင့်ပင် ဖုန်းလိုင်းများက ဆက်သွယ်မိခြင်း မရှိပါပေ။

တစ်ယောက်ကို ကျော်ဖြတ်လို့ မရဘူးဆို နောက်တစ်ယောက် ထပ်ပြီး ကြိုးစားရုံသာ။

ဖြေဆိုသူမဲ့သည့် ဖုန်းခေါ်ဆိုမှု ဆယ်ခုထက်မနည်း ရှိခဲ့ပြီးနောက် ဤကလေးများက အတူတူရှိနေခြင်း ဖြစ်မည်ဟု ဆရာမကျိန့်က ခန့်မှန်းမိသွားပေသည်။ ထို့ကြောင့် နောက်ထပ် ကျောင်းသားကို ဖုန်းခေါ်ဆိုနေမည့်အစား ၎င်းတို့၏ မိဘများကိုသာ တိုက်ရိုက်ဆက်သွယ်ဖို့ ဆုံးဖြတ်လိုက်တော့၏။

ဆရာမကျိန့်၏ ခန့်မှန်းချက်က မမှားယွင်းသလို ကျောင်းသားများကလည်း တမင် ရည်ရွယ်ချက်ရှိရှိ ဖုန်းမကိုင်တာမျိုး မဟုတ်ပေ။ သူတို့၏ ဖုန်းများကို ပုံမှန် အတန်းတက်နေသည့် အချိန်အတွင်းမှာလိုပင် Silent လုပ်ထားမိကြခြင်းသာ။ သူမ ဖုန်းခေါ်ဆိုနေသည့် ထိုအချိန်အတွင်းက သူတို့တအုပ်ကား အချိန်အကြာကြီး မျှော်လင့် စောင့်စားခဲ့ရသည့် ဒရာမာအပေါ်မှာ ဈာန်ဝင်စားနေခဲ့ခြင်းသာ ဖြစ်ပေရာ တစ်ယောက်တလေကမှ ၎င်းတို့ ဖုန်းကို မစစ်ဆေးမိခဲ့ကြခြင်းပင်။

ဖျော်ဖြေရေးနယ်ပယ်မှ သတင်းထောက်များက နေရာတိုင်း လိုလိုမှာပင် သတင်းပေး ဖော်ကောင် လုပ်နေကြပါ၏။ ပြီးခဲ့သည့် မနက်ခင်း အစောပိုင်းကပင် ကျိယွမ် အိမ်ခြံမြေ၏ ဥက္ကဌ ဝေ့ယုံရှန်းက ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့ပြီ ဟူသည့် ကောလဟလများက နေရာအနှံ့ ပျံ့နှံ့သွားခဲ့လေပြီ။

ဝေ့ယီနှင့် သူမ မိခင်တို့ကလည်း ဝေ့ယုံရှန်း၏ ကွယ်လွန်မှု သတင်းကို အများပြည်သူထံ ကွယ်ဝှက်ထားရန် ရည်ရွယ်ချက် မရှိပါပေ။

ကျိယွမ် အိမ်ခြံမြေ၏ တရားဝင် ဝေးပေါ်အကောင့်မှလည်း ဥက္ကဌဝေ့တစ်ယောက် ကားမတော်တဆမှုဖြင့် ဤမနက်အစောပိုင်းမှာပင် ကွယ်လွန်သွားခဲ့ပြီ ဟူသည့် ကောလဟလက မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ပါ၏။

ထိုဝေးပေါ်ပို့စ်၏ မှတ်ချက်ကဏ္ဍအောက်မှာတော့ ထိုသတင်းTrend ဖြစ်မှုကိုမြင်ခဲ့သူများက ဝမ်းနည်းကြောင်း စကားများစွာကို မှတ်ချက် ပြုပေးခဲ့လေသည်။

ဝေ့ယုံရှန်း၏ အငယ်အနှောင်းများသည်လည်း ထို Trendဖြစ်နေသည့် သတင်းများကို တွေ့ခဲ့ကြပါ၏။ ကလေးမရှိသူများက ၎င်းတို့ ရရှိထားသည့် လက်ဆောင်ပစ္စည်းများကို ငွေသားဖော်ကာ နောက်ထပ် နောက်ထပ်သော သကြားဖေဖေများ ရှာဖွေရန် တွေးတောကြ၏။

သို့သော် ဝေ့ယုံရှန်း၏ ကလေးကို မွေးဖွား ပေးထားသူများကတော့ ၎င်းတို့၏ သားသမီးများက တရားဝင် ဆက်ခံသူများ ဖြစ်လာကြစေဖို့ရန် တွေးတောမိလေသည်။

ဝေ့ယုံရှန်းသည်ကား အလွန် မြောက်မြားလှစွာသော ကြွယ်ဝ ချမ်းသာမှုများကို စုဆောင်းထားခဲ့ပေ၏။ သူ့ဇနီးထံမှ အနည်းငယ်မျှသော ပမာဏကို မရမက ညှစ်ထုတ်လျှင်တောင်မှ ၎င်းတို့၏ ကလေးများအနေဖြင့် ဘဝတသက်တာလုံး ဝေဝေဆာဆာ ချမ်းသာစွာဖြင့် နေထိုင်သွားနိုင်ဖို့ လုံလောက်ပေသည်။

ထိုအမျိုးသမီးများထဲဝယ် ဝေ့ယွဲ့ထုန် တစ်ယောက်တည်းကသာ ဝေ့ယုံရှန်းအတွက် သားနှစ်ဦးကို မွေးဖွားပေးခဲ့သူပင်။

ဝေ့ယွဲ့ထုန်က မည်သူနည်း။

သူမက သူမဘာသာ တိတ်ဆိတ်လျှို့ဝှက်တတ်သည့် ဗီဇ ရှိသူမျိုးတည်း။ သူမက တချိန်တခါက ဝေ့ယုံရှန်း၏ ချို့ငဲ့သော မိသားစုအပေါ် အထင်သေးခဲ့မိကာ ထိုအစား ရွာလူကြီး၏ သားဖြစ်သူနှင့် လက်ထပ်ခဲ့ပေသည်။

သူမ၏ ခင်ပွန်းသည်ဖြစ်သူက ဘဝ သက်တမ်း တိုတောင်းခဲ့လေပြီး သူသေဆုံးသွားခဲ့သည့်နောက် ကလေးဘဝတည်းက တွယ်တာခဲ့ရသည့် အချစ်ဦးသူနှင့် တွေ့ဆုံခဲ့လေသည်။

ထိုအချိန်မှာပင် ဝေ့ယုံရှန်းက ဝေ့ယီ၏ မိခင်နှင့် လက်ထပ်ခဲ့ပြီးဖြစ်ကာ သူ၏ ယောက္ခထီး၊ ယောက်ဖတို့၏ ကူညီ ထောက်ပံ့ပေးမှုကြောင့် သူ၏ စီးပွားရေးလုပ်ငန်းများက တဖြည်းဖြည်းချင်း လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့၏။

၎င်း၏ ဇနီးအပေါ်ဝယ် ချစ်ခြင်းမေတ္တာများ ပြသထားပေရာ ၎င်းအနေဖြင့် ပြင်ပမှာ အငယ်အနှောင်းတွေ ထားထားလိမ့်မည်ဟု မည်သူက တွေးထင်ခဲ့လိမ့်နိုင်မည်နည်း။

ထို့ပြင် အခြားသော ပေါက်ကွဲစရာ သတင်း အစိတ်အပိုင်း တခုကတော့ ဝေ့ယဲဲထုန်၏ ဦးဆုံး လက်ထပ်ခြင်းမှ မွေးဖွားခဲ့သည့် ကလေးက ဝေ့ယီ၏ အဖေတူ အမေကွဲ မောင်ငယ် ဖြစ်နေခဲ့ခြင်းပင်။

၎င်းကား DNAစစ်ပေးရန် ရွှမ့်ရွှမ့်ကို ညွှန်ကြားခြင်းမှ ရရှိလာသည့် ရလဒ်ပါပင်။

ဝေ့ယွဲ့ထုန်က ဉာဏ်ကောင်း ထက်မြက်သည့် အမျိုးသမီးပင်။ သူမက ယခင်ကတည်းကပင် ဝေ့ယုံရှန်း၏ ပိုင်ဆိုင်ခွင့်များကို တွက်ချက်ထားခဲ့ပြီးဖြစ်ကာ သူမ ကလေးနှစ်ယောက် အနေဖြင့် ဤ အမွေဥစ္စာတို့၏ ပမာဏ မည်မျှကို ဆက်ခံနိုင်မည်ဆိုသည်ကို ရှေ့နေဖြင့် တိုင်ပင် ဆွေးနွေးခဲ့ပြီးသားပင်။

11 03

ယခုမူ ဝေ့ယုံရှန်းက ရုတ်တရက် ကွယ်လွန်သွားလေရာ သူမ၏ အမွေ ဆက်ခံပိုင်ခွင့်ကိုတော့ လွဲချော်ခွင့် ပေးမည် မဟုတ်ပေ။

ဝေ့ယုံရှန်း၏ ကလေးများကို မွေးဖွားပေးထားခဲ့သည့် အခြား အမျိုးသမီးများသည်လည်း ထိုသို့နှယ် အတွေးတူကြသည်ပင်။

ထို့ကြောင့် ထို အမြောင်မယား မြောက်မြားစွာတို့သည်လည်း စီစဥ် တိုင်ပင်ခြင်းမရှိသလို တစ်ဦးနှင့် တစ်ဦး သိတောင်မသိကြသော်ငြား အကြံတူတွေ ဖြစ်ကုန်လေသည်။ ထို့ကြောင့် သူတို့က အဆင်သင့်ပြင်ဆင်ကာ ကလေးများကို ခေါ်ဆောင်ပြီးနောက် အောက်မေ့ဖွယ် ခန်းမသို့ သွားရောက်ရင်း ၎င်းတို့ကို အသိအမှတ် ပြုပေးဖို့ တောင်းဆိုရန် ပြင်ဆင်ကြလေတော့သည်။

ဝေ့ယုံရှန်ကို မီးသဂြိုဟ်ခြင်းက ကတိုက်ကရိုက် စီစဥ်ထားခြင်း ဖြစ်ပေရာ မျှော်လင့်ထားသည့် ဘီလီယံချီ ကြွယ်ဝသူ သူဌေးမင်းကြီး တစ်ဦး၏ ဈာပနဖြင့်တောင် သိပ်မတူလှပါလေ။

မီးသဂြိုဟ်ခြင်းကို ကတိုက်ကရိုက် လုပ်ဆောင်လိုက်ရသော်လည်း အခမ်းအနားကမူ အတော်လေး ကြီးကျယ် ခမ်းနားပါ၏။

မီးသဂြိုဟ်ခြင်းက အလျင်စလို ဖြစ်သွားသည့်တိုင် စျာပနအခမ်းမှာတော့ အရေးကြီးပုဂ္ဂိုလ်များ တက်ရောက်ကြကာ ထိုအထဲဝယ် Class1မှ ကျောင်းသားများ၏ မိဘများလည်း အပါအဝင်ပင်။

အတန်းခေါင်းဆောင်ဖြစ်သည့် လင်းရီလန်က အတန်းထဲမှ ကိစ္စကြီးငယ်ဟူသမျှ အားလုံးကို ကိုင်တွယ် ဖြေရှင်းရသူ ဖြစ်ပေရာ မိဘများကို ဆင့်ခေါ်စဥ်ဝယ် သူက ဦးဆုံး ခေါ်ဆိုခံရသူတည်း။

မိနစ်များကို သန်းချီတန်အောင် ပြုလုပ်နိုင်သူများ အတွက်တော့ ဖုန်းခေါ်ဆိုမှုတိုင်းက အတိမ်းအစောင်း မခံလောက်အောင် အရေးပါလှပြီး စီးပွားရေးဆိုင်ရာ အရှုံးအမြတ် အလားအလာများအတွက် သက်ရောက်မှု ရှိနိုင်ပေသည်။

ထို့ကြောင့် အတန်းခေါင်းဆောင်၏ ဖခင်က ဖုန်းကို Silent လုပ်မထားပေ။ ဖုန်းသံ မြည်လာချိန်ဝယ် သူက ချက်ချင်းပင် တစ်နေရာသို့ ရှောင်ထွက်ကာ ဖုန်း လက်ခံ ဖြေဆိုလိုက်ပါ၏။

“ဟယ်လို၊ လင်းရီလန်ရဲ့ အဖေလားရှင့်။ ကျမ သူ့ဆရာမပါ။ သူ ဒီနေ့ ကျောင်းမလာလို့ ဘာများ ဖြစ်နေလဲ သိပါရစေရှင့်”

သူ့သားက အစဥ်လိုလို အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကာ စဥ်းစား ချင့်ချိန်တတ်ပြီး သူတို့ အသိုင်းအဝိုင်းထဲမှာတော့ စံပြ ကလေးတစ်ဦး ဖြစ်လေသည်။ ယခုကမူ သူ့သား အဘယ်ကြောင့် ကျောင်းမလာရသနည်းဟု ဆရာမက မေးမြန်းလာသည့် ဦးဆုံးအကြိမ် ဖြစ်ပေတော့သည်။

ကလေးက နေထိုင်မကောင်း ဖြစ်နေသည်ဟုလည်း သူ့ဇနီးနှင့် နာနီထံမှလည်း မကြားခဲ့ပေ။ ထို့ကြောင့် သူ ကျောင်းမသွားရသည့် အဓိက အကြောင်းပြချက်ကတော့ ထို ကောင်ဆိုးကလေးက အတန်းလစ်ပြေးကာ ဆယ်ကျော်သက်အရွယ် ပုန်ကန်ဖီဆန်မှုက နှောင့်နှေးနေခဲ့ပြီး ယခုချိန်မှ ထကြွလာခြင်း ဖြစ်ပေမည်။

အတန်းခေါင်းဆောင်၏ ဖခင်သည်ကား မသိလိုက်ပါဘဲ သွားများကို တင်းတင်းကြိတ်မိကာ ဤကမ္ဘာပေါ်မှ သူ့သားက အဘယ်ကြောင့် ကျောင်းမသွားရသနည်း ဟူသည်ကို တွေးတောမိ၏။

သူက မည်သို့ ပြန်ဖြေရမည်နည်း တွေးတောနေမိစဥ် သူ့ခေါင်းကို လှည့်ကာ မဝေးလှသော နေရာဆီမှ လှမ်းကြည့်စဥ်ဝယ် သူ့ကလေးက ချန်းဖု ကျောင်းယူနီဖောင်း ဝတ်ဆင်ထားသည့် အခြားကလေးများနှင့် အတူရှိနေသည်ကို တွေ့လိုက်ရလေတော့သည်။

အတန်းခေါင်းဆောင်၏ ဖခင်: ?????

၎င်းက အပြင်ခိုးထွက်ကာ ဒုက္ခရှာခြင်းတော့ မဟုတ်တော့ပေ။ အစပိုင်းမှာ တုန်လှုပ်သွားပြီးနောက် မိဘတစ်ဦး အနေဖြင့် အချို့အရာများကို ကူညီ ဖုံးကွယ်ရပါတော့၏။

“ကျနော် တောင်းပန်ပါတယ် ဆရာမ။ ကျနော့် ကလေးက ဒီနေ့တော့ သိပ်ပြီး နေလို့ မကောင်းတာနဲ့ နာဖျားခွင့် နေ့တဝက် လိုချင်တယ်လို့ ပြောထားတယ်။ ကျနော် ဆရာမကို သတင်းပို့ဖို့ မေ့သွားလို့။ အဲဒါ ကျနော့်ရဲ့ ပေါ့ဆမှုပါပဲ ခင်ဗျာ”

ကျောင်းသားက ဘာဒုက္ခမှ တွေ့မနေဘူး ဆိုမှတော့ ခွင့်တင်ဖို့ မေ့လျော့သွားခြင်းက ကိစ္စကြီးတော့ မဟုတ်ပါပေ။

“အော်၊ ဒါနဲ့ ဆရာမ၊ စကားမစပ်၊ ဒီနေ့ ကျနော့်သားရဲ့ အတန်းဖော်တွေ တစ်ယောက်မှ ကျောင်းမလာကြဘူး၊ ဟုတ်တယ်မလား”

အတန်းခေါင်းဆောင်၏ ဖခင် မေးလာသည့် မေးသံက သူကဖြင့် တစ်စုံတစ်ရာကို ပိုင်ပိုင်နိုင်နိုင် သိရှိထားကြောင်း ဖော်ပြနေပါ၏။

ဆရာမကျိန့်:??

“ဘယ်လိုသိတာလဲရှင့်”

“ဟုတ်ကဲ့ ၊ အဲဒါက ဒီလိုပါ။ ကျနော်တို့ ကလေးကို ဆေးရုံခေါ်သွားတုန်းက သူ့အတန်းဖော်တွေကို တွေ့ခဲ့ရတယ်လေ။ သူတို့ကို ကြည့်ရတာလည်း နေထိုင်မကောင်း ဖြစ်နေကြသလိုပဲ”

အတန်းခေါင်းဆောင်၏ ဖခင်သည်လည်း ထိုစကားကို ယုံကြည်မှု အမြောက်အမြား မရှိဘဲ ပြောရခြင်းသာ။

သို့သော် သင်သာ အများယုံကြည် လက်ခံနိုင်စွမ်းကို ပိုမိုလိုချင်လေ သူတို့ကို စကား ပိုပြောပေးရလေပင်။

လုရွှမ် ပြောနေကျ စကားလိုပါပင်။ ဒီကမ္ဘာကြီးမှာ ဖောက်ပြီးသားလမ်းဆိုတာ မရှိဘူး။ ဒါပေမဲ့ လူတွေ အမြောက်အမြားကသာ အဲဒီလမ်းအတိုင်း ဖြတ်လျှောက်မယ်ဆိုရင် လမ်းအဖြစ် ရုပ်လုံးပေါ်လာမှာပဲ ဟူသတည်း။

“ကျနော့်သားရဲ့ အတန်းဖော်တွေ အကုန်လုံး ခွင့်ယူထားတာ ဟုတ်တယ်မလား”

******

12 01

အပိုင်း 12.

“မဟုတ်ပါဘူး။ ဒီနေ့က စာသင်ခန်း တစ်ခန်းလုံး အလွတ်ကြီးပဲ။ ဘယ် ကျောင်းသား တစ်ယောက်မှ အတန်း လာမတက်ဘူးရယ်”

“ဒီ ကျောင်းသား မိဘတွေကတော့လေ၊ ကိုယ့်သားသမီးကို ခွင့်တင်ပေးဖို့ကို ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ”

လူတိုင်း လူတိုင်း၏ စိတ်အား ထက်သန်နေသော အကြည့်များ ကြားထဲဝယ် အတန်းခေါင်းဆောင်၏ ဖခင်က ဆက်ပြောလိုက်၏။

“ဒါဖြင့် ဒီကလေးတွေအတွက် နေ့တဝက်ခွင့်ကို ကျနော်ပဲ ကူတိုင်ပေးပါရစေ ခင်ဗျာ”

“ကောင်းပါပြီ”

ဆရာမကျိန့်က တွေဝေ တုံ့ဆိုင်းနေခဲ့ပါ၏။ အတန်း တစ်တန်းလုံးအတွက် ကိုယ်စား ခွင့်တိုင်ပေးသည့် ကျောင်းသားမိဘကို သူမအနေဖြင့် ယခုမှသာ ပထမဆုံး အကြိမ် မြင်ဖူးခြင်းပါပင်။

အတန်းခေါင်းဆောင်၏ ဖခင်က ထပ်လောင်း ပြောပြန်သည်။

“တကယ်လို့ ဆရာမ ကျနော့်ကို မယုံဘူးဆိုရင် ကျနော်တို့ Video Call ပြောလို့ ရပါတယ်။ ကလေးတွေ အကုန်လုံး ကျနော်နဲ့ အတူ ငြိမ်ငြိမ်သက်သက် ရှိနေပါတယ်။ သူတို့ ဘာ အန္တရာယ် ဖြစ်စေတာမျိုးမှ လုပ်မနေကြဘူး”

ယနေ့သည်ကား အတန်းခေါင်းဆောင်၏ ဖခင်က အလွန်ကို ရိုးသား ဖြောင့်မတ်လှသည့် အရာတခုကို ပြုလုပ်ခဲ့သည့် ပထမဆုံး အခြေအနေ ဖြစ်ကာ အတန်းခေါင်းဆောင်နှင့် အခြား ကျောင်းသားများကလည်း အမှန်တကယ်ကို သူ့ဘေးမှာ ရှိနေကြပါ၏။

လူတိုင်း လူတိုင်းသည်လည်း အတန်းခေါင်းဆောင်၏ ဖခင်နှင့် ဆရာမကျိန့်တို့ အပြန်အလှန် စကားပြောနေသံများကို ရှင်းရှင်းလင်းလင်း ကြားနေနိုင်ပါ၏။

Voice Call မှသည် Video Call သို့ ပြောင်းခိုင်းခြင်းက အမှန်တကယ်ကို ရိုင်းပျရာ ကျပေသည်။

ဤလူက နေရာတခုမှာ ရပ်တည်နေသည့် လူတစ်ယောက်ဖြစ်ကြောင်း ထောက်ဆသော် လိမ်ညာနေတာလည်း ဖြစ်ဟန်မတူပေ။

“ကျမ ရှင့်ကို ယုံပါတယ်”

ဆရာမကျိန့်က ဆိုလိုက်၏။

ဆရာမကျိန့်က အတန်းခေါင်းဆောင်၏ ဖခင်ဖြစ်သူ စကားကို ယုံကြည်သွားခြင်းက ကံကောင်းသွားပေသည်။ အကယ်၍ Video callသာ ခေါ်ဆိုလာပါက နောက်ခံ မြင်ကွင်းမှာရှိနေသည့် ကွယ်လွန်သူတို့၏ ဧရာမ အထိမ်းအမှတ် ကမ္ပည်းတိုင်နှင့် အမျိုးမျိုး အဖုံဖုံသော လွမ်းသူ့ ပန်းခွေတို့ကို တစ်နေရာဆီသို့ သွားပြီး လွှင့်ပစ်ရပေလိမ့်မည်။

ရှီလီက သူမ၏ ဂါရဝတရားကို ပြသလိုက်၏။(မျှော်လင့်ထားသလို စီးပွားရေးသမားတစ်ယောက် ပီသပါပေ့၊ သူ့ စကားပြောတဲ့ နည်းလမ်းတွေကတော့ လုံးဝကို အထင်ကြီးစရာပဲ)

ရှီလီနှင့်အတူ အခြားသူများသည်လည်း ၎င်းတို့၏ နှစ်ထောင်း အားရမှုများကို ဖော်ပြလိုက်ကြပါ၏။

“ဦးလေး၊ ဦးလေးကတော့ တကယ့်ကို ရှားမှရှား အံ့သြစရာပဲ”

……….

“ဦးလေး၊ ဒီနေ့ကစပြီး ဦးလေးက တကယ်ပဲ ကျနော်တို့ အဖေ ဖြစ်သွားပြီ”

ထိုမွေးစားအဖေဟူသည့် အဖေရင်းကြီးက အခုပဲ သူ့ဘေးနားမှာ လူအကောင်ကြီး မတ်တပ်ရပ်နေသည်လေ။ ထိုစကားကြားသော် သူက သူ့သားကို တစ်ချက်မျှ ကန်ထည့်လိုက်ကာ

“မင်းဆိုတဲ့ မိစ္ဆာလေး၊ ဘယ်တုန်းက အဲ့လောင် သတ္တိတွေ ရသွားတာလဲ”

အတန်းလစ်လာခြင်းက ကိစ္စတစ်ခု ဖြစ်သည်ဆိုလျှင် အဖေဖြစ်သူနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ရသည်ကတော့ တခြား ကိစ္စတစ်ခု ဖြစ်ပေသည်။

သူ့သား၏ အတန်းဖော်များထံမှ ချီးကျူး မြှောက်ပင့်မှုများကြောင့် အတန်းခေါင်းဆောင်၏ ဖခင်ခမျာ သူတော့ တဖြည်းဖြည်း အရေးနိမ့်သွားပြီဟုသာ ခံစားရလေသည်။

သူက နောက်ထပ်ရောက်ရှိလာသူ၏ ပခုံးထက်ကို သူ့လက်မောင်းများ တင်လိုက်ကာ ကလေးအုပ်စုနှင့် ဝေးရာဆီသို့ ဦးဆောင် ထွက်ခွာသွားလေတော့၏။

“အိုး၊ လာပါ အကိုရွှီ၊ ဒီကလေးတွေကတော့ တကယ့်ကို ဟာသပါဗျာ။ လူကြီးတစ်ယောက် အနေနဲ့တော့ ဒါကို ဘယ်လိုလုပ်ပြီး အလေးအနက် တေးမှတ်ထားနိုင်ပါ့မလဲ”

အတန်းခေါင်းဆောင်၏ ဖခင်က လည်ပြန်လှည့်ကာ လူအုပ်ကြီးထံ လက်ဝှေ့ယမ်း ပြလိုက်ပြီးနောက်

“ကလေးတွေ၊ နောင်ကျ ဘာကိစ္စတွေပဲရှိရှိ ငါ့ဆီ လာလို့ ရတယ်နော်။ မင်းတို့အတွက် နာဖျားခွင့် ကိုယ်စား တင်ပေးခိုင်းတာက လွဲလို့ပေါ့”

12 02

စျာပနခန်းမက အတန် ကျယ်ဝန်းလေရာ များစွာသော ဧည့်သည်ဆောင်သည်တို့ကို ဝင်ဆံ့နိုင်ပေသည်။

ထိုClass1မှ ကျောင်းသားများက ထောင့်တထောင့်နားမှာ ရပ်နေကြ၏။ သို့သော် ပိတ်ကားထက်မှ ဖြည်ချလာမည့် ဇာတ်ထုပ်ကြီးကို ကြည့်ကြဖို့ရာတော့ ၎င်းတို့ကို မည်သူမျှ မတားဆီးနိုင်ပါပေ။

သူလိုငါလိုသာ စဥ်းစားတတ်သည့် ရှီလီလေးကတော့ မြောက်မြားလှစွာသော အဆာပြေစာများကို မှာယူလိုက်ကာ အထူးသဖြင့် နေကြာစေ့များ ခပ်များများ မှာလိုက်ပါ၏။

နေကြာစေ့ဟူသည် ဇာတ်လမ်းများကို စောင့်ကြည့်ခြင်းနှင့် အသင့်လျော်ဆုံး ဖြစ်ပေသည်ဟု ရှီလီက ရိုးရိုးသားသား တွေးတောလိုက်လေသည်။

တစုံတစ်ယောက်၏ ဈာပနခန်းမရှေ့ဝယ် နေကြာစေ့ တဖျောက်ဖျောက် ဝါးနေခြင်းက အတော်ကို ရိုင်းစိုင်းးသည့် အပြုအမူပေတည်း။

သူတို့အားလုံးက ကိုးနှစ်ကြာမျှ အဆင့်အတန်းမြင့် ပညာရေးကို မဖြစ်မနေ သင်ကြားခဲ့ကြပေရာ တစ်စုံတစ်ရာသော အရိုအသေမဲ့ ဂါရဝမဲ့မှုကို အဘယ်မှာ ပြုလုပ်နိုင်လိမ့်မည်နည်း။ ထို့ကြောင့် နေကြာစေ့ ခွာကြစဥ်ဝယ် တိတ်ဆိတ်ငြိမ်သက်သည့် အနေအထားသို့ ချက်ချင်း ပြောင်းလဲ ချိန်ညှိလိုက်ကြကာ သူတို့ ဘေးနားဝန်းကျင်မှာ ရှိနေသူများကို သူတို့အတွက်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေရန် အကောင်းဆုံး ကြိုးစားနေကြပါ၏။

(အရမ်းကို တက်ကြွနေကြတာပဲဟယ်)

(ကျေးလက် ပွဲတော်တောင်မှ ဒီလောက် စည်ကားမှာ မဟုတ်ဘူး၊)

အတန်းဖော်များ...ဘယ်သူတွေကများ သဘောမတူဘဲ နေနိုင်မှာတဲ့လဲ။

ဂါရဝပြုရန် ရောက်လာ ကြသူများထဲဝယ် ကြည့်ရတာ မည်မျှပင် ဂုဏ်သိန် ကြီးမားသူများ ဖြစ်နေစေဦးတော့ သူတို့က ချက်ချင်းကြီး ထွက်ခွာသွားဖို့ကိုတော့ တွေဝေတုံ့ဆိုင်း နေကြသည်ပင်။

ယနေ့၏ ပွက်လော ရိုက်ခြင်းမျိုးသည်ကား ဤမြို့တော်ပြာဝယ် နှစ်ဝက်ခန့်မျှ အတင်းအဖျင်း ပြောစရာ ခေါင်းစီးကြီးဖြစ်ရန် လုံလောက်သွားပေပြီ။

ရောက်ရှိခဲ့ပြီးဖြစ်သည့် ထိုအမျိုးသမီး အုပ်စု နှစ်စုသည်ကား ၎င်းတို့၏ ကလေးများကို တရားဝင် ဆက်ခံသူများအဖြစ် အသိအမှတ် ပြုပေးဖို့ အလိုရှိနေပါ၏။

သို့သော် အမျိုးသမီး နှစ်ဖွဲ့မှာ လုံလောက်အောင် စွမ်းဆောင်ရည် မပြည့်ဝလေရာ ၎င်းတို့ကို ကိုင်တွယ်ဖို့ ရွှမ်မိသားစုကိုတောင် မလိုအပ်ပေ။

သခင်မလေး ဝေ့ယီ တစ်ယောက်ဖြင့်ပင် လုံလောက်ပါ၏။

“ဒါက ကျမ အဖေရဲ့ ကလေးလို့ ရှင်ပြောတယ်နော်။ မဖြစ်နိုင်တာ။ ကျမ အဖေက သူ့ရဲ့ အိမ်ထောင်သည်ဘဝကို အရမ်း သစ္စာရှိတာ ရှင် မသိဘူးလား။ အဲတော့ သူ့မှာ တခြားမိန်းမတွေ ရှိနေတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

“ရှင်က DNAစစ်ချင်တယ်ပေါ့။ မဖြစ်နိုင်ဘူး ထင်တယ်နော်”

ဖခင်ဖြစ်သူ၏ အထက်တန်းကျလှသော အရိုးပြာအိုးကို ဝေ့ယီက ညွှန်ပြကာ ဆိုလိုက်၏။

“ရှင့်အနေနဲ့ အရိုးပြာတွေနဲ့တော့ DNAစစ်လို့ ရမယ် မထင်ဘူး။ ရှင် လုပ်နိုင်လို့လား”

ထို အမြောင်မယားများခမျာ မှင်သက် အံ့သြရလေတော့သည်။ ဝေ့ယုံရှန်း ကွယ်လွန်ပြီးကတည်းကဆို အခုမှ နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးဘူးလေ။

ရှေးဟောင်း ဓလေ့ထုံးတမ်းတို့အရ မီးသဂြိုဟ်မှု မပြုခင် ထိုခန္ဓာကိုယ်ကို နှစ်ရက်မျှ ထားသင့်ပေသည်။

ထိုအငယ်အနှောင်းတို့ကား ဝေ့ယီ မျက်နှာထံ လက်ညှိုးထိုးကာ ဖရုသဝါစာ စကားများဖြင့် ပြစ်တင် ဆဲရေးကြလေတော့သည်။

“မင်းက ဘယ်လို သမီးမျိုးလဲ၊မင်းအဖေက မနေ့ကမှ ဆုံးသွားရုံရှိသေး။ မင်းကဖြင့် သူ့ကို ချက်ချင်း မီးသဂြိုဟ်ပစ်လိုက်ပြီ”

ရှီလီက ကူကယ်ရာ မဲ့စွာဖြင့်ပင် စိတ်ထဲကနေ ကြားဖြတ် ပြောလိုက်လေသည်။(သူကတော့ ပြည်နယ်ရဲ့ မီးသဂြိုဟ်မှု မူဝါဒကို တက်တက်ကြွကြွနဲ့ အထ မြောက်စေလိုက်တာပဲ)

စကားများ ငြင်းခုံမှုများအလည်မှ ဝေ့ယီသည်လည်း ၎င်းက ရှီလီ၏ အတွင်းစိတ် အတွေးစကား ဖြစ်သည်ကို အသိတရား မရနိုင်တော့ဘဲ ထိုအတိုင်းသာ ထပ်တူ ပြောဆိုလိုက်တော့၏။

“ကျမက ဒီပြည်နယ်ရဲ့ မီးသဂြိုဟ်မှု မူဝါဒကို လိုက်နာပေးလိုက်ရုံပဲ”

12 03

ထိုစကားကို ကြားသော် အခြား အတန်းဖော်များမှာ ထိတ်လန့် တုန်လှုပ်သွားကြတော့၏။

ဝေ့ယီက ရူးသွားပြီလား။ သူ ဘာလို့ ရှီလီစကားကို တထပ်တည်းနီးပါး တူအောင် လိုက်ပြောရတာလဲ။

တကယ်လို့ ရှီလီသာ သူ့ အတွေးတွေကို ငါတို့ ကြားနေနိုင်တယ် ဆိုတာ ခန့်မှန်းမိသွားရင် ဘယ်လို လုပ်မလဲ။

ရှီလီကမူ ထိုဖြစ်တန်စွမ်းကို တွေးသော်မှ မတွေးမိပေ။ (ငါတို့ကတော့ အချိန်ကိုက်ကို အတွေးတွေ တူနေကြတာပဲနော်)

ကျီးလန့်စာစား ဖြစ်သွားကြသည့် အခြားသူများ....အိုကေ ၊ ငါတို့ပဲ မှားပြီး ကြောက်မိတာနော်။

သူမ၏ သူငယ်ချင်းကောင်းများ ဖြစ်ကြသည့် ရှီချွေ့ယွီနှင့် ကောယွမ်ကမူ ခိုကိုးရာမဲ့စွာဖြင့် ကြည့်နေကြကာ ဤမျှ နုံအလွန်းလှသည့် သူတို့၏ သူငယ်ချင်းမကို မည်သို့မည်ပုံ မြှောက်ပင့်ရမည်ကိုတောင် မသိပါလေတော့။

ဝေ့ယီက အလွန် ခင်မင် ရင်းနှီးလွန်းလှသည့် လေသံဖြင့် စကားဆက်လိုက်၏။

“ တကယ်လို့ ရှင် အဲဒါကို လုပ်ချင်တယ်ဆိုရင် ကျမ အဖေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းလိုက်ပေါ့။ ကျမ အဖေက သူ့ရဲ့ အပြစ်ကင်း ဖြူစင်မှုကို သက်သေ ပြပေးနိုင်မယ်လို့ ကျမတော့ ယုံကြည်တယ်”

အရိုးပြာဘဝသို့ ဆိုက်ရောက်ခဲ့ပြီးဖြစ်သည့် သွားလေသူ ဝေ့ယုံရှန်းနှင့် သူမတို့က မည်ကဲ့သို့များ မျက်နှာချင်းဆိုင် ဖြေရှင်းနိုင်ပါအံ့နည်း။

“ဒါဖြင့် ငါ့ကလေးတွေနဲ့ DNA test စစ်မယ်လေ။ တကယ်လို့ မင်းနဲ့ တအူတုံဆင်း သွေးရင်းဖြစ်ကြောင်း သက်သေပြနိုင်ရင် ငါ့သမီးကလည်း ဝေ့ယုံရှန်းရဲ့ သွေးရင်းကလေး ဖြစ်တယ်ဆိုတာ လက်ခံပေးရမယ်”

ဝေ့ယီက သူမ ခေါင်းလေးကို ညင်ညင်သာသာ ခါပြလိုက်ပါ၏။

“အဲဒါက မဖြစ်နိုင်ဘူး။ ရှင့်သမီးနဲ့ ကျမ DNAစစ်ပေးလိုက်ရင် ကျမ အဖေရဲ့ ကိုယ်ကျင့်သိက္ခာကို သံသယ ဝင်တာနဲ့ အတူတူပဲ။ အဖေ့ရဲ့ သမီးတစ်ယောက်အနေနဲ့ သူသေပြီးတဲ့နောက် သူ့နာမည်ကို အစွန်းအထင်းဖြစ်ပြီး သိက္ခာကျစေမှာမျိုးကို ကျမ ခွင့်မပြုနိုင်ဘူး”

ထို အငယ်အနှောင်းများက မည်သို့ပင် ပြောဆိုနေပါစေ ဝေ့ယီကမူ DNA စစ်ဖို့အတွက် လုံးလုံးလျားလျား ငြင်းပယ်နေဆဲ ဖြစ်ကာ သူမ ဖခင်ကို ယုံကြည်ကြောင်းသာ အခိုင်အမာ ပြောဆိုနေပေသည်။

ထိုသို့ လူးလာခေါက်တုံ့မျှ ဖြစ်ပြီးနောက် ဘာဆိုဘာမှ မသိသူ ပွဲလာ ပရိသတ်များပင်လျှင် ထိုအမျိုးသမီးများ ခေါ်ဆောင်လာသည့် ကလေးများက ဝေ့ယုံရှန်း၏ တရားမဝင် ကလေးများ ဖြစ်ကြောင်းကို နားလည် သဘောပေါက် သွားကြလေပြီ။ သို့မဟုတ်လျှင် ထိုအမျိုးသမီးများက အဘယ်ကြောင့် DNA စစ်ဖို့ တောင်းဆိုဝံ့မည်နည်း။

သူ၏ မြောက်မြားလှစွာသော လုပ်ငန်း အချိန်ဇယားများကြားမှ ကလေးတွေ အများကြီးရဲ့ အဖေဖြစ်လာဖို့ စီမံနိုင်စွမ်းသူ ဝေ့ယုံရှန်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲဟု လူများက စတင် ထင်မြင်သုံးသပ် လာကြလေသည်။

သူတို့၏ မျိုးဆက်မှာတော့ ဝေ့ယုံရှန်းက အမှန်တကယ်ကို Role Model ကြီးပါပင်။

သို့သော် ယခုလို မြင်ကွင်းမျိုးက ဈာပနအခမ်းအနားမှာ ပေါ်ထွက်လာသည်ကတော့ အရုပ်ဆိုးလွန်းလှပေသည်။

(အရသာငါးပါး နေကြာစေ့ရဲ့ အရသာကတော့ တကယ့်ကို အကောင်းဆုံးပဲ)

ထို အတန်းဖော်များကလည်း ခေါင်းညိတ်လိုက်ပါ၏..။ ဟုတ်ပ ဆားလေးနည်းနည်း ငန်ပေမဲ့ပေါ့။

ရှီချွေ့ယွီက အချိန်မီပင် လိမ္မော်သီး ယူလာပေးကာ

“နေကြာစေ့တွေပဲ စားမနေကြနဲ့။ ဒီ လိမ္မော်သီးက ရေငတ်ပြေစေတယ်ဟဲ့”

နေကြာစေ့တွေ အများကြီး စားခြင်းက သင့်ကို ရေငတ် စေပေလိမ့်မည်။

ကလေးနှစ်ယောက်ကို ဆွဲလာသည့် အမျိုးသမီးကို မြင်သော် ရှီလီလည်း နေကြာစေ့များအပေါ် စိတ်ဝင်စားမှုတို့ ပျောက်ဆုံး သွားပါလေတော့သည်။ သူမ ဦးနှောက်ထဲမှာလည်း နောက်ခံ ဂီတသံတခု

တီးခတ် လာပါလေတော့သည်။

(သူမ ဒီကို လာနေပြီ၊ သူမ ဒီကိုလာနေပြီ၊ ကံကောင်းခြင်း တိမ်စိုင်လေးတွေက မျောလွင့်လို့ပေါ့)

ထို အတန်းဖော်များကား အုပ်စုငယ်လေးများ ဖွဲ့ကာ စကားဆိုနေကြ၏။ အမှန်ပဲဟေ့၊ အဓိက ပွဲကြီးတော့ ရောက်လာပါပြီ။

12 04

လူတိုင်း လူတိုင်းကမူ ရှီလီ၏ ထိုနိမ့်ကျလှသော စရိုက်သဘာဝနှင့် အသားကျနေပြီဖြစ်ကာ ထိုမမလေး ရှီလီသည် နောက်ကွယ်မှ ထိုတော်ဝင်ဆန်ပြီး အေးချမ်းသော သွင်ပြင်များကိုပင် ကင်းလွတ်လုနီးပါး ဖြစ်ကာ ယခုလို သီချင်းမျိုးကိုပင် နားထောင်နေသည်လေ။

ပြီးခဲ့သည့် ဘဝတုန်းက ရှီလီက လူမှုရေးပွဲလမ်းများဝယ် ထိုဝေ့ယွဲ့ထုန်နှင့် တစ်ကြိမ် နှစ်ကြိမ်မျှ ဆုံဖူးခဲ့ပေသည်။

ဝေ့ယုံရှန်း အပြင်မှာ ထားထားသည့် ဤ မိန်းမအကြောင်းကို သူမ မိဘတွေထံမှ ရှီလီက ကြားဖူးခဲ့ပေသည်။ ထို့ကြောင့် ထိုအမျိုးသမီးကို အထူး အာရုံစိုက်ထားလိုက်ကာ ဤလူက သူမ အတန်းဖော်နှင့် ပတ်သက်ဆက်စပ်နေသူ မဟုတ်ပါလား။

ရှီလီ၏ အဒေါ်က ဤလူမှု အသိုင်းအဝိုင်း၏ အတင်းအဖျင်းများဖြင့် ကျွမ်းဝင်လှသူဖြစ်ပေသည်။ ထို့ကြောင့် ဤလုပ်နိုင်စွမ်းရှိသူ အမျိုးသမီးက သူနှင့် သူငယ်ချင်းကောင်း အမျိုးသမီးများကို ခေါ်ဆောင်လာကာ ကွယ်လွန်သူ ရှေ့မှောက်ဝယ် မရမက တောင်းဆိုမှုများကို ပြုလုပ်မည့်သူဖြစ်ကြောင်း သူမ ကြားသိထားခဲ့ပါ၏။

သို့သော် အခြား တရားမဝင် ကလေးများကမူ မိသားစုပိုင် အမွေဥစ္စာတို့၏ ပမာဏ အများအပြားကို ရရှိလိမ့်မည် မဟုတ်ပေ။ ကျန်လူတိုင်းက သူ၏ အသုံးချခံ နယ်ရုပ်များ သက်သက်သာ။ အချို့က တိုက်ပွဲထဲဝယ် အာရုံစိုက်ကာ အောင်လံတော် နဖူစည်းများ လွှင့်ထူရန် ကြိုးစားနေချိန်တွင် နောက်ဆုံးမှာတော့ ထိုအမျိုးသမီးက ဝေ့မိသားစု၏ လေးပုံတပုံနီးပါးမျှသော ပိုင်ဆိုင်မှုများကို လက်ဝယ် ပိုင်ဆိုင် လိုက်ရပေလိမ့်မည်။

သူမက မိသားစုပိုင် ငွေအမြောက်အမြားကို အချိုးကျ ရရှိခဲ့ရုံမက ကျိယွမ် အိမ်ခြံမြေ၏ ဆုံးဖြတ်ချက်ချသည့် အရေးကိစ္စများတွင်ပါ သူမ၏ သြဇာအာဏာတို့ ပါဝင်ခွင့်ရစေရန် သူမ လက်ဝယ်မှာရှိသည့် အစုရှယ်ယာများကိုတောင်မှ အသုံးချလိမ့်ဦးမည် ဖြစ်လေသည်။

လူတချို့အတွက်တော့ သူမက မည်မျှပင် ငွေကြေးဥစ္စာ အမြောက်အမြား ပိုင်ဆိုင်ပြီး မည်မျှကောင်းမွန်သော ဇိမ်ခံ အထက်တန်း ပစ္စည်းများ ပိုင်ဆိုင်နေပါစေ ၊ သူတို့ စိတ်ထဲမှာတော့ သာမန် ကျေးတောသူ တစ်ယောက်အဖြစ်ထက်တော့ မပိုနိုင်ပါလေ။

အမြင့်ကို တွယ်တက်နိုင်ဖို့ရန် အတွက် ဤမျှ သေးနုပ် သိမ်ဖျင်းလှသော နည်းလမ်းများကို အသုံးပြုခြင်းဖြင့် သူမကို မည်သူကမျှ မလွမ်းမိုး မခြယ်လှယ်နိုင်တော့ဟု ဝေ့ယွဲ့ထုန်က တွေးမိခဲ့တာ ဖြစ်လေသည်။ ဝေ့ယုံရှန်းလို လူမျိုးကိုတောင်မှ ရုပ်သေးရုပ်သဖွယ် ကြိုးကိုင် ခြယ်လှယ်နိုင်ခဲ့လေရာ သူမ၏ လုပ်နိုင်စွမ်းများက ဝေ့ယုံရှန်းထက် နိမ့်ကျနေတာမျိုး မရှိပဲ သူမအနေဖြင့် ဤစီးပွားရေး လောကကြီးကိုတောင်မှ ကြီးကျယ်ခမ်းနားသော ဂယက်ရိုက်မှုမျိုးကို လုပ်ဆောင်နိုင်မည်ဟု သူမဘာသာ ယုံကြည်ပါ၏။

အိပ်မက်တွေက အမှန်တကယ် ပြည့်ဝလာပြီး လက်တွေ့ကမူ ရစရာမရှိအောင် ညံဖျင်းလှချည့်။

ဝေ့ယုံရှန်းက သူ၏ သွေးသားဆန္ဒကို မထိန်းချုပ်နိုင်ခဲ့သော်လည်းပဲ ကုမ္ပဏီကို စီမံအုပ်ချုပ်ရမည့် အချိန်ကို ရောက်လာချိန်မှာတော့ ဝေ့ယွဲ့ထုန်က သူနှင့် ဘက်ညီသူမျိုး ဟုတ်မနေခဲ့ပါပေ။

ထို့အပြင် ဤမိန်းမသည်ကား တကယ့်ကို ပြဿနာကောင်သာ ဖြစ်ကာ ဝေ့ယီနှင့် သူမမိခင်ကို ဆန့်ကျင် တိုက်ခိုက်ရသည့်အတွက် အတော်ကြီးကို ကြည်နူးကျေနပ် နေပေသည်။

ဝေ့ယီနှင့် သူမ မိခင်က ထိုမိန်းမကို ဘာတွေပဲ ထောက်ပံ့ပေးပါစေ။ သူကမူ အစဥ်သဖြင့် ကန့်လန့်တိုက်နေလိမ့်မည်သာ။

သူတို့က ကုမ္ပဏီ၏ စီမံအုပ်ချုပ်ခွင့်အတွက် အတွင်းလှိုက်စားနေသည့် တိုက်ပွဲကြီး စတင်ချိန်ဝယ် ထိုကုမ္ပဏီကတော့ ပျက်စီးခြင်းငါးပါးကိန်းသို့ ဆိုက်ရောက်ရန် ဦးတည်နေခဲ့လေပြီ။

လူထု မျက်လုံးထဲဝယ် အနှုတ်သဘော ဆောင်သည့် ဆူပူမှုများ ဖြစ်ပွားခဲ့လေရာ ကျိယွမ်အိမ်ခြံမြေ၏ ေဈးကွက်တန်ဖိုးမှာလည်း တဖြည်းဖြည်း နည်းပါးကျဆင်းလာခဲ့ပြီး အိမ်ရာခြံမြေလုပ်ငန်းများ၏ အဓိကခေါင်းဆောင်ဟူသည့် နေရာကို ထိခိုက်လာစေတော့၏။

သို့သော် ထက်ပိုင်းကျိုးသည့် သင်္ဘောဖြစ်စေကာမူ သံချောင်းသုံးထောင် ရှိသည်မဟုတ်ပါလော။ ထိုသို့ ခွာပြဲကုန်မည့် အခြေအနေကို မြင်သော် ဝေ့ယီနှင့် သူမ မိခင်တို့လည်း သူမတို့ဘာသာ ကယ်ထုတ်ကာ အသစ်တဖန် စတင်ရလိမ့်မည် ဖြစ်ပေ၏။ သူမတို့၏ ကနဦး စွန့်ဦးတီထွင်လုပ်ငန်းက ကျိယွမ် မူလတည်ထောင်သူ၏ ဂုဏ်ကျက်သရေဖြင့် မယှဥ်နိုင်စွမ်းသော်ငြား ကျိယွမ်ဟူသည့် မဟာသင်္ဘောကြီး နစ်မြုပ်သွားထက်စာလျှင်တော့ ပိုကောင်းပါသေးသည်။

(ရှေ့ကို ကြံ့ကြံ့ခံ ဆက်တိုးပြီး ဒီပြဿနာကောင်ကို တွန်း ချလိုက်ပါတော့)

All Chapters