အခန်း (၂၅-၂၈)
Vol. 2 Ch. 25-28
25 01
အခန်း ၂၅: သူမ နည်းနည်းထူးဆန်းနေတယ်
ရှီလီ သေချာပေါက် ဝန်မခံပေ။ “ဦးလေးဖုန်း၊ဘာကိုအနိုင်ကျင့်တယ်လို့ သတ်မှတ်လဲဆိုတာ ကျွန်မ မသိဘူး။ တကယ်လို့ ရူပဗေဒ 8 မှတ်ဘဲရပြီး ပျမ်းမျှအတန်းကို ဆွဲချတယ်၊ မြေကြီးပေါ်က အဖြေစာရွက်ကို တက်နင်းလိုက်ရင်တောင် 8 မှတ်ထက် ပိုရတယ်လို့ပြောတာကို အနိုင်ကျင့်တယ်လို့ စဉ်းစားရင်တော့ ကျွန်မမှာ ပြောစရာမရှိတော့ဘူး”
“ဒါပေမဲ့ လျန်ရုန်ရုန် တစ်ဦးတည်းကိုဘဲ ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ဒီနေရာမှာပဲ ကျန်မ ရှင်းအောင် ပြောလိုက်မယ်နော်။ ဒီအမြင်ကို 8 မှတ်ပဲရတဲ့ လူတိုင်းအတွက် ကိုင်ဆွဲထားတာ”
[ဒါပေါ့ ငါ သူမကို ပစ်မှတ်ထားနေတာ]
[အမှတ် မကောင်းတဲ့သူတွေကို ပစ်မှတ်ထားရအောင် ငါ စိတ်လွတ်နေတာမှ မဟုတ်တာ]
[သူများတွေရဲ့ အမှတ်က ငါရဲ့ဘာဆိုင်လို့လဲ]
အိမ်အထိ လိုက်လာပြီး သူမ အမှတ်မကောင်းတာကို အထူးသဖြင့် ဦးလေးဖုန်းအရှေ့မှာ ပြောဆိုလာတော့ လျန်ရုန်ရုန် အလွန်အမင်း မှားယွင်းခံရသလို ခံစားလာရသည်။
သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျလာပြီး အလွန်အမင်း သနားချင့်စဖွယ် ကောင်းသွားသည်။
လျန်ရုန်ရုန် ငိုနေတာကိုမြင်တော့ ဖုန်းအဖေမှာ သူ့ရဲ့ဆုံးသွားပြီဖြစ်သော အချစ်ကို အလျင်အမြန် ပြန်တွေးမိသွားပြီး သူ့နှလုံးသားအား ဓားဖြင့်ထိုးစိုက်နေသလို ခံစားလိုက်ရတော့သည်။
"ရုန်ရုန်၊ ကျေးဇူးပြုပြီး မငိုပါနဲ့တော့”
"ရှီလီ၊ ငါတို့ရုန်ရုန် ဘယ်လောက်အမှတ်ရတယ်ဆိုတာ မင်းနဲ့ဘာဆိုင်လို့လဲ”
ရှီလီနှင့် အဒေါ်အကြီးဆုံးတို့တွင် ကျောက်တုံးနှလုံးသားရှိကြသည့်အလား ငိုယိုနေသောမိန်းကလေးအပေါ် မည်သည့်သနားမှုမျှ မပြသကြပေ။
“ဦးလေးဖုန်း မေးလာမှတော့၊ ကျွန်မ အသေးစိတ် ရှင်းပြပေးပါ့မယ်”
“သူမရဲ့ 8 မှတ်က ကျွန်မကို မစိုးရိမ်စေဘူး၊သူမရဲ့ကိစ္စပါ။ ဒါပေမဲ့ အမှတ် 8 မှတ်တည်းရတဲ့ ဖြေဆိုသူအနေနဲ့ အမှတ်ကောင်းတဲ့ ကျောင်းသားတွေရဲ့ နေရာကိုလုပြီး Four Holy Grails ရူပဗေဒပြိုင်ပွဲမှာ ဘယ်လိုတောင် ဝင်ပြိုင်ရဲရတာလဲ”
“တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ ခက်ခက်ခဲခဲ ရထားတဲ့ အခွင့်အရေးကိုလုယူပြီး အမှတ်ကောင်းကောင်း ရတယ်ဆိုရင်တော့ မျှတပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမမှာ အဲ့လိုအထူးအခွင့်အရေး ရှိနေတယ်၊ ကျောင်းကလည်း လုပ်ခွင့်ပြုတယ်ဆို အဲတာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပါ”
“ဒါပေမဲ့ ကျွန်မမေးချင်တာ၊ 8 မှတ်တည်းရပြီး ရူပဗေဒပြိုင်ပွဲမှာ ဘယ်လိုတောင် ဝင်ပြိုင်ရဲရလဲဆိုတာပဲ။ ဒီလိုအရှက်ကွဲတာက ကိုယ့်ဟာကို လုပ်ယူလိုက်တာနော်။ သူမရဲ့အထူးအခွင့်အရေးကို သုံးပြီး သူများနေရာကို လုတယ်၊ အမှတ်လည်း မကောင်းဘူးဆိုရင် ကျွန်မက ဘာလို့ မလှောင်နိုင်ရမှာလဲ။ ဒါ ကိုယ်ကိုတိုင်လုပ်လိုက်တဲ့ အခြေအနေ မဟုတ်ဘူးလား”
ရှန်ချင်းလန်၏နေရာကို လျန်ရုန်ရုန် ယူသွားလို့ ဒေါသထွက်နေတာဆိုပြီး ရှီလီ မပြောနိုင်ပေ။ သူက ဘာအဆက်အသွယ်မှမရှိတဲ့ သာမန် ကျောင်းသားတစ်ဦးသာဖြစ်ပြီး လူမှုအသိုင်း အဝိုင်းထဲတွင် အတော်လေး ကွဲထွက်နေတာကြောင့် ဖုန်းယွင်ဟယ်၏ အဖေက သတိထားမိဖို့ တန်တယ်လို့တောင် စဉ်းစားမည် မဟုတ်ချေ။
ဒါ့အပြင် အဓိကပုဂ္ဂိုလ်အစား ရှီလီတွင် ဒေါသထွက်ပေးစရာ အကြောင်းမရှိပေ။
“ကျွန်မကို စိုးရိမ်စေတာက၊ ဦးလေးဖုန်း၊ကျွန်မက အဲ့ပြိုင်ပွဲရဲ့ နောက်ထပ်ဖြေဆိုသူဆိုတာကို မသိဘူးလား”
25 02
“ကျွန်မအမှတ်က ပထမနှစ် ရူပဗေဒအုပ်စုထဲမှာ အမြင့်ဆုံးဘဲ။ ကျွန်မတွဲဖက်က မျှော်လင့်ချက် မဲ့မနေသရွေ့၊ အဖွဲ့ကို အနိုင်ရအောင်လို့ ကျွန်မ ဦးဆောင်နိုင်တယ်။ ဒါပေမဲ့ 8 မှတ်ဆိုတာက ကျွန်မ ဦးဆောင်နိုင်တာထက် ကျော်လွန်သွားပြီ၊ ပြီးတော့ ဦးလေး ရုန်ရုန်ရဲ့8 မှတ်က အဖွဲ့လိုက်ဆုရမဲ့ ကျွန်မရဲ့ အခွင့်အရေးကို သက်ရောက်စေတယ်”
ရှီလီ၏အသံက စကားပြောလေ ပိုတင်းမာလာလေပင်။
သူမတူမ၏ စကားတွေက ကျိုးကြောင်းသက်ရောက်မှုကို အဒေါ်အကြီးဆုံး နောက်ဆုံးတော့ နားလည်သွားလေပြီ။
စွမ်းဆောင်ရည်နိမ့်သော ကလေးတွေက စာလေ့လာရတာ မကြိုက်ရင် ဘာဖြပ်နိုင်မလဲဆိုပြီး တွေးကြတာကို သူမ နားလည်၏။
အထူးအခွင့်အရေးတွေ သုံးတဲ့သူတွေကိုလည်းသူမ နားလည်သည်။ အာဏာကြီးသော လူတွေနှင့် ဝန်းရံခံနေရပြီး အထူးအခွင့်အရေး နည်းနည်းပါးပါး သုံးကြတာကတော့ မလွဲဧကန်ပင်။
သို့သော် အထူးအခွင့်အရေး သုံးနေရင်တောင် အခြားသူ၏ နေရာတွေကို ညှစ်ထုတ်ကြမည့်အရာတွေကိုတော့ အများအားဖြင့် မလုပ်ကြပေ။ ပထမက၊ အခုလိုလုပ်ရပ်မျိုးမှာ အလွန်ရက်စက်လှပြီး အနာဂါတ်တွင် အကျိုးဆက်တွေ ရှိလာနိုင်တာကြောင့်ပင်။
ဒုတိယက၊ ယခုလိုအပြုအမူမျိုးမှာ လူတွေကို အနိုင်ကျင့်စေလာသည်။ အကယ်၍ နောက်ပိုင်းတွင် တိုင်ကြားခံခဲ့ရပါက ပြဿနာ များပေလိမ့်မည်။
လူတိုင်းက သူတို့မူလပမာဏအား ဖြန့်ကျက်ရာတွင် ပိုအားစိုက်ကြပြီး နောက်မှသာ သူတို့ကလေးအပေါ် ဖြည့်စွက်ပေးကြတာပင်။
အဆင့်မြင့်ပြိုင်ပွဲတွင် ထူးချွန်သည့်ကျောင်းသားနေရာ၌ စာညံ့သောသူကို အစားထိုးရတာကိုတော့ အဒေါ်အကြီးဆုံး နားမလည်နိုင်။
အရူးတစ်ယောက်နှင့်တူသည့် ဖုန်းအဖေကို သူမ ကြည့်လိုက်သည်။
ရှီလီ၏စကားတွေကြောင့် ဖုန်းအဖေမှာ ပြန်လည်မချေပနိုင်တော့။ ထိုအတိုင်းဆိုလျှင် ရုန်ရုန်က အမှတ်မကောင်းဘဲ အခြားသူ၏ဆုရမဲ့ အခွင့်အရေးတွေအပေါ် သက်ရောက်မှုရှိစေသည်မှာ သူမကိုယ်တိုင်ဘဲ ဖန်တီးခဲ့သည့်ပုံပင်။
ဖုန်းအဖေ ယခင်စိတ်လှုပ်ရှားနေသော အပြုအမူကို ညင်သာလိုက်ပြီး "ရှီလီ..."
တိတ်တဆိတ် ငိုကြွေးနေသော လျန်ရုန်ရုန်ကရုတ်တရက် မျက်ရည်ပိုးပေါက် ကျလာပြီး ဖုန်းအဖေ စကားပြောတော့မှာကို ဖြတ်ပြောလိုက်သည်။ “သမီး တောင်းပန်ပါတယ်၊ သမီး မရည်ရွယ်ပါဘူး။ သမီးရဲ့အဆင့်တွေ မကောင်းမှန်း သမီးသိပါတယ်။ သမီး ပြိုင်ပွဲမှာ ဝင်မပြိုင်ချင်ခဲ့ပါဘူး…”
သူမ၏ ငိုကြွေးခြင်းက ဖြူဖွေးသောမျက်နှာကို အတော်လေး နီရဲလာစေ၏။ သူမ၏တရှုံ့ရှုံ့ ငိုကြွေးနေခြင်းက သူမကို မေ့လဲသွားစေမတတ်ပင်။
လျန်ရုန်ရုန်၏ အခြေအနေကြောင့် ဖုန်းအဖေ ထိတ်လန့်သွားရ၏။ သူ့မွေးစားသမီး၏ နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး အသက်ရှူမှန်လာအောင် ကူညီပေးလိုက်ရင်း“ရုန်ရုန်၊ သမီး အဆင်ပြေရဲ့လား။ အဖေ့အပြစ်တွေပါ။ သမီးရဲ့ ရည်ရွယ်ချက်ကို အဖေ နားလည်မှု လွဲသွားပြီး သမီးနဲ့ မတိုင်ပင်ဘဲ ဒီလိုဆုံးဖြတ်ခဲ့မိတာ။ အားလုံးက အဖေ့ အမှားတွေချည်းပါ”
“အဖေက ကောင်းစေချင်လို့ လုပ်ပေးခဲ့တာပါ၊ လုံလောက်အောင် မတော်တာ သမီးအမှားပါ”
“မဟုတ်တာ၊ အားလုံး အဖေ့အမှားပါကွယ်…”
ရှီလီနှင့် အဒေါ်အကြီးဆုံးမှာ လုံးဝလျစ်လျူရှုထားပြီး သူတို့ရှေ့က အဖေနှင့်သမီး ဇာတ်ထုပ်ဖြည်နေကြသော အခိုက်အတန့်ကို ကြည့်နေ ကြရ၏။ သူတို့ အကြည့်ချင်း ဖလှယ်လိုက် ကြပြီး တစ်စက်ကလေးမှ မယုံသည့် အမူအရာ ကို ဝေမျှလိုက်ကြသည်။ [ငါ ဒါနဲ့မတန်ဘူး။ ငါကဘာလို့ ဒီမျက်စိဆံပင်မွေးစူးစရာကောင်းတဲ့ မြင်ကွင်းကို ကြည့်နေရဖို့ ဖိအားပေးခံနေရတာလဲ။ ]
ကံမကောင်းသည်မှာ သူမ၏ စိတ်ဓာတ်ကျနေခြင်းကို ဝေမျှပေးနိုင်မည့် မည်သည့်အတန်းဖော်တွေမှ အနားတွင် မရှိနေပေ။
25 03
ရှီလီ ဖုန်းထဲတွင် စာတစ်ကြောင်း ရိုက်လိုက်ပြီး အဒေါ်အကြီးဆုံးကို ပြလိုက်သည်။
[သမီး ရွံ့လွန်းလို့ အန်မိတော့မယ်။ သမီးတို့ အရင်ထွက်သွားကြမလား။ ]
အဒေါ်အကြီးဆုံးက ဗလာဖြစ်နေသော အမူအရာဖြင့် ဖုန်းကိုကြည့်ပြီး စာပြန်ရိုက်လိုက်၏။
[ရှိုးက မပြီးသေးဘူး။ သမီး ထွက်သွားချင်ရင် အရင်သွားနှင့်လေ]
အဒေါ်အကြီးဆုံး မသွားမှတော့၊ ရှီလီလည်း သေချာပေါက် ထွက်မသွားနိုင်။
ဒရာမာဇာတ်ထုပ် ဖြည်နေတာကို ကြည့်နေရတာက အတော်လေး စိတ်ဖိစီးနေမှန်း ပထမဆုံးအကြိမ်အဖြစ် သူမမ နားလည်လာတော့၏။
လျန်ရုန်ရုန်တွင် သက်လုံအကန့်အသတ်ရှိတာကြောင့် အကြာကြီး ဆက်မထိန်းနိုင်တော့ပေ။
လျန်ရုန်ရုန် မေ့မျောမသွားခင်၌ ရှီလီက သူမ၏ နှုတ်ခမ်းအပေါ်နားကို ဆိတ်လိုက်ပြီး“နင်မေ့မလဲခင် ခဏစောင့်ဦး။ ငါနင့်ကို တစ်ခုမေးဦးမယ်: ငါ့ကို ခြိမ်းခြောက်တဲ့ လူဆိုးတွေကို ဘယ်သူလွှတ်လိုက်ဆိုတာ နင်သိလား”
“အဲဒါ ငါ တကယ် မဟုတ်ဘူး”
ရှီလီ၏ နှုတ်ခမ်းများ အပြုံးတစ်ပွင့်အဖြစ် ကွေးတက်သွားတော့၏။ သူမ မဟုတ်ဘူးလို့ဘဲ ပြောလိုက်တာ၊ သူမ မသိဘူးလို့ မပြောဘူးဘဲ။
အခု စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။
ဆိုတော့ ဘယ်သူဆိုတာ လျန်ရုန်ရုန် သိနေတာဘဲ။
ဒါပေမဲ့ သူမ မပြောနိုင်၊ အနည်းဆုံးတော့အခုချိန်မှာ ပြောလို့မရသေးတာပင်။
ရှီလီ ထိုကိစ္စကို ဆက်မလိုက်တော့ပေ။ အခုချိန်တွင် တိကျသောအဖြေကို သူမ မလိုချင်သေးပေ။
“အန်တီ၊ အိမ်ပြန်ပြီး ညစာစားကြရအောင်။ မိန်းကလေးလျန်းက နေမကောင်းတော့ သမီးတို့တွေ သူတို့အိမ်မှာ ဆက်ပြီး မတင်စီးသင့်တော့ဘူး”
ဖုန်းမိသားစုဗီလာထံမှ ထွက်လာပြီးနောက် အဒေါ်အကြီးဆုံး အနည်းငယ် ပဟေဠိဖြစ်စွာရှီလီကို မေးလိုက်သည်၏၊ “ကလေး၊ ဘာလို့ဘာလို့အောက်ခြေထိ မလိုက်တာလဲ”
“သူ ဘယ်သူဆိုတာကို သမီးတွေကို တဖြည်းဖြည်းချင်း သိလာတော့မှာပါ”
ထို့အပြင် လျန်ရုန်ရုန်နှင့် ဆက်ဆံပြောဆိုနေခဲ့စဉ်က၊ မူလဝတ္ထုထဲရှိ အမျိုးသမီးဇာတ်လိုက်နှင့် ကွဲလွဲနေသလို ရှီလီအား ခံစားမိစေခဲ့သည်။
မူလဇာတ်ကြောင်းထဲက အမျိုးသမီးဇာတ်လိုက်မှာ ကိုယ့်အားကိုယ်ကိုးပြီး သန်မာသောမိန်းကလေးပင်။ သူတို့တွင် တူညီသော နူးညံ့မှု၊ပန်းပွင့်ဖြူလို အထိအခိုက်မခံသော ပုံရိပ်တို့ရှိသော်လည်း ဒီလျန်ရုန်ရုန်ကတော့ ရှီလီကို မကိုက်ညီသည့် ခံစားချက်အား ပေးနေလေသည်။
သူမက အတိတ်ဘဝတုန်းက သိခဲ့သည့် လျန်ရုန်ရုန်နှင့် ကွာခြားနေတယ်ဆိုတာကို ရှီလီ သိလိုက်သည်။
သူမ၏ အတိတ်ဘဝတွင်၊ ရှီလီက အဓိကဇာတ်ကြောင်းနှင့် ခပ်ကင်းကင်းနေခဲ့ပြီး အမျိုးသမီးဇာတ်လိုက်နှင့် ခပ်ဝေးဝေးမှာ နေခဲ့သော်လည်း ကျောင်းအတူတူ တက်ခဲ့ကြတာကြောင့် ဆက်ဆံမှုအနည်းငယ်တော့ ရှိခဲ့စမြဲပင်။
သူမ အတိတ်ဘဝတုန်းက သိခဲ့သောလျန်ရုန်ရုန်က မူလဝတ္ထုထဲက ဇာတ်ကောင်နှင့် ပိုပြီးဆင်တူပေသည်။
ဒီလျန်ရုန်ရုန်ကတော့ ရှီလီကို တစ်နည်းတစ်ဖုံ ထူးဆန်းသလို ခံစားမိစေသည်။
“ဖုန်းမိသားစုက မွေးစားသမီးရဲ့ အပြုအမူက ငါ့ကို တစ်ယောက်ယောက်ကို သတိရစေသလိုဘဲ”
အနှီနှစ်ယောက်ကြားက လေးနက်သော အဖေနှင့်သမီး သံယောဇဉ်ကို ကြည့်နေရတာက ဖုန်းအမေ၏ ကောလိပ်တုန်းက အခန်းဖော်ကို သွားသတိရမိစေသည်။
25 04
မူလကတော့ ဖုန်းအဖေနှင့် ဖုန်းအမေတို့မှာ အတွဲတွေဖြစ်ကြသော်လည်း နောက်ပိုင်းတွင် အမည်မသိသော အကြောင်းရင်းကြောင့် ဖုန်းအဖေက ဖုန်းအမေနှင့် လမ်းခွဲခဲ့ပြီး ဖုန်းအမေ၏ အခန်းဖော်နှင့် တွဲခဲ့သည်။
ရှီလီ၏ အဒေါ်အကြီးဆုံးမှာ သူမသူငယ်ချင်းကောင်း၏ အခန်းဖော်က အတော်လေး တွက်ချက်တတ်တယ်လို့ ခံစားမိနေတာကြောင့်ပြင်းပြင်းထန်ထန်ကို လက်မခံနိုင်ခဲ့ပေ။
ပုံမှန်လူတစ်ယောက်ဆိုရင် သူမ အခန်းဖော်ရဲ့ရည်းစားဟောင်းနဲ့ ဘယ်လိုလုပ်ပြီး တွဲနိုင်မှာလဲ။ ကမ္ဘာပေါ်က ယောင်္ကျားတွေအားလုံး သေကုန်လို့လား။
ဖုန်းကျစ်မင်နှင့် ရွှယ်ကျန်း၏ အခန်းဖော်မှာ ကောလိပ်ကာလတစ်လျှောက် တွဲလိုက်၊ပြတ်လိုက်ဖြစ်နေခဲ့ပြီး မကြာခဏဆိုသလို သူတို့၏ အချစ်ရေးတွင် ကြေကွဲဖွယ်ရာ အခြေအနေများစွာ ဖြစ်ခဲ့လေသည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်၊ ရှီလီ၏ အဒေါ်အကြီးဆုံးက ပညာဆက်လက်သင်ယူရန် နိုင်ငံခြားထွက်ခဲ့ပြီး အိမ်နှင့် အဆက်အသွယ်ပြတ်လုနီးပါး ဖြစ်ခဲ့သည်။
အဒေါ်အကြီးဆုံး တရုတ်ပြည် ပြန်ရောက်တော့သူမ၏ သူငယ်ချင်းကောင်း လေရွှယ်ကျန်းက ဖုန်းကျစ်မင်နှင့် လက်ထပ်သွားပြီဟူသော သတင်းကို ကြားလိုက်ရသည်။
ဤသည်က သူမကို စိတ်ရှုပ်ထွေးသွားစေတာကြောင့် သူမသူငယ်ချင်းအား ဘာကြောင့်မို့ ဖုန်းကျစ်မင်ကို လက်ထပ်ရလဲဆိုပြီး မေးခဲ့ဖူးသည်၊ နင့်ရဲ့ ကောလိပ်တုန်းက အခန်းဖော်နဲ့ တွဲခဲ့တာ မဟုတ်ဘူးလား။
သူမသူငယ်ချင်းက သူမတို့ဟာ လမ်းခွဲခဲ့တာကြာခဲ့ပြီဖြစ်ကြောင်း၊ ကျစ်မင်က သူမနဲ့လမ်းခွဲပြီးနောက်ပိုင်း၌ သူမကဘဲ သူ အချစ်ရဆုံးနှင့် မမေ့နိုင်ဆုံးဆိုပြီး နားလည်လာတယ်လို့ သူမကို ပြောခဲ့ကြောင်းကို ပြန်ပြောပြလာခဲ့၏။
၎င်းမှာ နှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်သော်လည်း ထိုစကားတွေကို အဒေါ်အကြီးဆုံး ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
သူမ မတတ်နိုင်၊ ထိုအကြောင်းကို ပြန်တွေးကြည့်ရုံဖြင့် သူမကို နောက်တစ်ကြိမ် အန်ချင်လာစေသည်။
အဒေါ်အကြီးဆုံးတွင် သူမသူငယ်ချင်းအတွက် အကြံပေးစရာစကားတွေ အများကြီးရှိခဲ့ပြီး ယခုလိုမျိုး “နင့်အရှေ့မှာ သူတို့ ချပြခဲ့တဲ့ထာဝရအချစ်အတွက် ကတိစကားတွေ ပေးခဲ့ဖူးတာကို နင်မေ့သွားပြီလား” လိုမျိုးပင်။
သို့သော် အချစ်နွံထဲနစ်နေသည့် သူမသူငယ်ချင်းကို မြင်နေရတော့၊ ထိုစကားတွေကိုသူမ တိတ်တဆိတ်ဘဲ ပြန်မြိုချခဲ့ရ၏။
သို့သော် သူမသူငယ်ချင်းအား လုံးဝလှည့်စားမခံလိုစေချင်သဖြင့် အဒေါ်အကြီးဆုံးက ကောလိပ်အခန်းဖော်၏ အကြောင်းအရာတွေကို ကူညီစုံစမ်းပေးခဲ့ကာ၊ ဖုန်းကျစ်မင်က ထိုအမျိုးသမီးနှင့် တိတ်တိတ်ပုန်း ညိနေသေးဆဲဆိုတာကို ဖော်ထုတ်ခဲ့သည်။
အဒေါ်အကြီးဆုံးက သူမ၏ မိသားစုနှင့် ခင်ပွန်းသည်ဘက်က မိသားစုထံမှ အဆက်အသွယ်များကို သုံးခဲ့သော်လည်း ထိုအမျိုးသမီးကို ရှာမတွေ့ခဲ့။ ထိုသူမှာ လေထဲမှာပဲ ပျောက်ကွယ်သွားသည့်အလားပင်။
သူမတွင် ကိုယ်ပိုင်ကလေးတွေ ရရှိလာပြီးနောက် မိသားစုနှင့် အလုပ်အကိုင်က သူမကို အလုပ်များစေသဖြင့် အဒေါ်အကြီးဆုံးသည်ရှာဖွေရေးကို ရပ်တန့်ကာ ထိုလူအကြောင်းကို မေ့ပစ်ခဲ့သည်။
ဖုန်းမိသားစု၏ ဒီမွေးစားသမီးက သူမအား အတိတ်တုန်းက ကြာရှည်စွာ မေ့ပျောက်ခံထားရသော ကိစ္စတွေကို သတိရလာစေမယ်လို့မည်သူက ထင်ထားမည်နည်း။
“ဘယ်သူလဲ"
******
26 01
အခန်း ၂၆: လီအချိန်မှာ ကျေးလက်ဒေသ၏ရသကို ငြင်းဆန်ခြင်း
“သမီးက ကလေးပဲ ရှိသေးတယ်၊ အဲဒီနှစ်တွေတုန်းက ယုတ်ညံ့တဲ့ဇာတ်လမ်းတွေကို နားမထောင်တာ အကောင်းဆုံးပဲ”
“ဟုတ်ကဲ့”
အဒေါ်ဖြစ်သူက သူမ၏တူမကို အကြံပေးလိုက်၏။ “အဲ့မိန်းကလေးက အရမ်းတွက်တတ် ချက်တတ်တယ်လို့ အန်တီထင်တယ်။ သူမနဲ့ ခပ်ကင်းကင်းနေတာ ပိုကောင်းမယ်၊ မဟုတ်ရင် သမီး အခွင့်ကောင်း ယူခံလိုက်ရလိမ့်မယ်”
“တကယ်လို့ သမီးမှားတယ်ဆိုရင်လည်း သမီးနောက်မှာ မိသားစုရှိတယ်။ ဒါပေမဲ့ မိသားစုဆိုတာက မျက်နှာမပျက်ရအောင်ဘဲ ကူညီပေးနိုင်တာ၊ သမီးနာကျင်မှာကို သည်းမခံနိုင်ဘူး”
“သမီး နားလည်ပါပြီ”
ရုတ်တရက်ဆန်သော မိုးသည်းထန်စွာ ရွာသွန်းလာခြင်းနှင့် ကြုံတွေ့လာရတော့၊ ကောယွမ် သူမအိတ်ထဲကဖုန်းအား မွှေနှောက်ရှာလိုက်ပြီး ဘယ်သူ့ကို ဖုန်းဆက်ရမယ်မှန်း တုံ့ဆိုင်းလို့နေလေ၏။
ရှီလီနှင့် ရှီချွေ့ယွီတို့က သူတို့ စိတ်ဝင်စားတဲ့အတန်းတွေကို ညကျ သွားတက်ကြမှာဆိုတော့ သူတို့တွေ ကျောင်းက ထွက်သွားပြီးလောက်ပြီ။
သူမရဲ့ ဒရိုင်ဘာကို ဖုန်းခေါ်ပြီး သူမကို သင်ကြားရေး အဆောက်အအုံမှာ လာကြိုဖို့ပဲ ပြောလိုက်ရမလား။
သူမ ဖုန်းမဆက်ရသေးခင်တွင် ကောယွမ် သူမ၏ပခုံးကို အနောက်ကနေ ပုတ်လာသလို ခံစားမိလိုက်သည်။
သူမ နောက်လှည့်လိုက်တော့ အရပ်ရှည်ရှည်၊ပိန်ပါးပြီး မျက်မှန်တပ်ထားသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ကိုကြည့်ရတာ ရင်းနှီးနေသလို ရှိသော်လည်း သူမ မမှတ်မိပေ။
ကောင်လေးက ထီးတစ်ချောင်းကို ကိုင်ထားပြီးသိမ်မွေ့စွာ ပြုံးပြလာ၍ “မင်း ထီးယူမလာခဲ့ဘူးမလား၊ အတန်းဖော်”
“ငါ့ထီးက ကြီးတယ်။ ငါမင်းကို အနီးအနားဝန်းကျင်လောက် လိုက်ပို့ပေးမယ်လေ”
ကောယွမ် အနည်းငယ် ရင်ထိတ်သွားသော်ငြား ထိုသူသည် အတန်းဖော်ဆိုကတည်းက လုံခြုံလ်ိမ့်မည်ဟု တွေးလိုက်သည်။
သူမ ကျေးဇူးတင်လိုက်၏။ “နင်က အရမ်း ကြင်နာတာပဲ၊ ကျေးဇူးပါ”
ကောင်လေး၏ မျက်လုံးတွေက သူမ၏အိတ်ပေါ်ရှိ ထင်ရှားသော တံဆိပ်ပေါ်သို့ဖျတ်ခနဲ ကျရောက်လာ၏။
သူက ထီးကို အနည်းငယ်စောင်း၍ ကောယွမ်ဘက်ကို အနည်းငယ် တိုးလာသည်။
ကျောင်းဂိတ်ပေါက်က ထွက်လာတော့ ကောယွမ် ကားပါကင်နေရာကို ညွှန်ပြလ်ိုက်ပြီး ပြောလိုက်၏။ “နင်စိတ်မရှိရင်၊ ငါနဲ့ ဟိုနားထိ လျှောက်ပေးပါလား။ ငါ့မိသားစုရဲ့ ဒရိုင်ဘာက ငါ့ကို အဲ့မှာစောင့်နေတာ”
ဤသည်မှာ ပြဿနာ မရှိပေ။ ကောင်လေးက ကားနားအထိ ကောယွမ် ကို လိုက်ပို့ခဲ့၏။
မှိန်ဖျော့ဖျော့ လင်းလက်နေသော ကားတံဆိပ်က ကောင်လေး၏ အပြုံးတွေကို ပိုပြီးနက်ရှိုင်းလာစေသည်။
ကောင်လေးက ကောယွမ်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ကားမောင်း ထွက်သွားတာကို ကြည့်နေလေသည်။
ကောယွမ် ဘက်ကို ထီးကိုတိုးပြီး ဆောင်းပေးခဲ့သဖြင့် သူ့လက်မောင်းတစ်ဖက်မှာ မိုးရေကြောင့် ရွှဲရွှဲစိုနေလေသည်။
ဆောင်းဦးနှောင်းပိုင်း ရာသီဥတုတွင် အရေပြားပေါ် ကပ်နေသော အဝတ်စိုစို၏အထိအတွေ့က အတော်လေး မနှစ်သက်စရာ ကောင်းသော်လည်း ကောင်လေးကတော့ စိတ်ထဲလုံးဝမထားသည့်ပုံပင်။
နောက်ထပ်ပိတ်ရက် ရောက်လာခဲ့ပြီဖြစ်၍ ရှီလီ နေ့လယ်အထိ အိပ်စက်ခဲ့သည်။ သူမအိပ်ရာက နိုးတော့ သူမဖုန်းထဲ၌ missed callsနှစ်ခုကို မြင်လိုက်ရသည်။
ဖူဟွေ့ရှင်းနှင့် ရှီချွေ့ယွီတို့ သူမကို မနက်တုန်းက ဖုန်းဆက်ထားကြတာပင်။
26 02
ရှီလီက အိပ်နေလျှင် ဖုန်းကို silent လုပ်ထားတာကြောင့် ထိုဖုန်းခေါ်ဆိုမှု နှစ်ခုလုံးကို လွတ်သွားတာဖြစ်သည်။
ရှီချွေ့ယွီနှင့် ပိုရင်းနှီးသဖြင့် ဖူဟွေ့ရှင်းကိုအရင်ဆုံး ဖုန်းပြန်ခေါ်ရန် ရှီလီ ဆုံးဖြတ်လိုက်သည်။
ဖုန်းချိတ်ဆက်သွားတော့ သူမ ဘာကြောင့်ဖုန်းမကိုင်နိုင်ခဲ့လဲ ဆိုသည့်အကြောင်းကို ရှင်းပြလိုက်၏။ “ဟယ်လို၊ ငါတောင်းပန်ပါတယ်၊ ဒီမနက် နင်ဖုန်းခေါ်တုန်းက ငါအိပ်ပျော်နေလို့ မမြင်လိုက်မိဘူး”
“ရပါတယ်၊ အဲ့လိုဖြစ်မယ်မှန်း ငါတွေးမိသားပဲ”
“နင်ငါ့ကို ရုတ်တရက် ဖုန်းဆက်လာတယ်ဆိုတော့ ငါ့ကို တစ်ခုခု ပြောစရာရှိလို့မလား”
“အင်း၊ ငါနင့်ကို ပြောစရာရှိလို့”
“နင့်ကို ခြိမ်းခြောက်ဖို့ လူတွေလွှတ်ခဲ့တဲ့ အစ်ကိုစုန့်ဆိုတာလေ၊ သူ ကျောင်းပြန်တက်လာပြီ။ ငါ သူ့ကို ဒီနေ့သွားတွေ့ခဲ့တယ်၊ သူပြောတာတော့ ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်က သူ့ကို ယွမ်တစ်သောင်းပေးပြီး လုပ်ခိုင်းတာတဲ့”
“ငါတို့ကျောင်းက ကျောင်းသား။ အဲ့လူနာမည်ကို သူမှတ်မိလား”
“အဲ့လူနာမည်က ချောင်ရှန်း၊ အရပ်က 180 cm၊အနက်ရောင်ကိုင်း မျက်မှန်ကို ဝတ်ထားတယ်။ သူ့ကောင်မလေးကို နင်အနိုင်ကျင့်လို့ နင့်ကို သင်ခန်းစာပေးချင်တာလို့ ပြောတယ်”
“ဒီလူ့ကို နင်သိလားတော့ ငါမသိဘူး”
ရှီလီ အံကြိတ်လိုက်၏။ သူ့ကို မသိဘူးဆိုတာဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“လူ မမှားဘူးဆိုရင်တော့၊ အင်း၊ ငါသူ့ကိုသိတယ်”
ဤအခြေအနေတွင် သူမ ဖူဟွေ့ရှင်းကို ယခုကိစ္စနှင့်ဆက်ပြီး ဒုက္ခခံခိုင်းလို့ မဖြစ်တော့ပေ။
“ဒီရက်တွေအတွင်း နင်လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးပါ။ နင် ဘယ်တော့ အားလဲ။ ငါနင့်ကို ထမင်းလိုက်ကျွေးမယ်လေ”
ဖူဟွေ့ရှင်း ထမင်းမစားချင်ပေ။ ရှီလီ၏ အကြိုက်အတိုင်း သူ့ကို ကျေးလက်တောရွာက ယာတောအိမ်ဆီ ခေါ်သွားပြီး သူတို့ကိုယ်တိုင် ကြက်တွေကို ဖမ်းပြီးသတ်စားရမှာကို စိုးရိမ်တာကြောင့်ပင်။
“မလိုဘူး။ နင် ပေးလိုက်တဲ့ ရွှေတံဆိပ်နှင့်တင် လုံလောက်အောင် လေးနေပြီ။ ငါလုပ်ခဲ့တာက တံဆိပ်ရဲ့ တန်ဖိုးလောက်တော့ရှိတယ်”
“နင်ငါ့ကို ကယ်ပေးခဲ့တာလေ! ငါ့အသက်က ရွှေတစ်စလောက်တောင် မတန်ဘူးလို့ နင်ပြောချင်တာလား”
“ထမင်းအတူတူ စားတာဘဲဟာ။ တကယ်လို့ခုတစ်လော နင် အလုပ်ရှုပ်နေရင်လည်းနောက်မှ အတူတူချိန်းလို့ရတာဘဲ”
ထို့နောက်၊ ရှီလီ ဖုန်းချလိုက်တော့သည်။
သူမနှင့် အဲဒီတေလေဂျပိုး ချောင်ရှန်းက အစေးမကပ်ဘူးလို့ ရှီလီ တွေးလိုက်သည်။ သူတို့အတိတ်ဘဝတုန်းက ချောင်ရှန်းသည် ကောယွမ်၏ ချစ်သူကောင်လေးဖြစ်လို့ မဟုတ်ဘဲ၊ အချစ်ဆုံးသူငယ်ချင်းဖြစ်သော သူမနှင့် သူငယ်ချင်း၏ ချစ်သူကောင်လေးက အချင်းပွားကြတာ သဘာဝပြ ဖြစ်ပေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ချောင်ရှန်းက လူကောင်း မဟုတ်တာကြောင့်ပင်။
ဒီဘဝတွင်တော့ ချောင်ရှန်း ဘာအခွင့်အရေးမှရှာမရအောင် ကောယွမ်ကို မျက်စိဒေါက် ထောက်ကြည့်နေဖို့ သူမ ဆုံးဖြတ်လိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်လောက်ဆို ကိစ္စတွေက တကယ်ကို ကွဲပြားသွားနိုင် လောက်သည်။
တကယ်တော့ ချောင်ရှန်းက အမျိုးသမီးဇာတ်လိုက်၊ လျန်ရုန်ရုန်ကိုဘဲ ပိုးပန်းနေတာဖြစ်ပြီး သူမကို နတ်ဘုရားမတစ်ပါးအလား ဆက်ဆံပေးသည်။
26 03
သူတို့၏ အတိတ်ဘဝတုန်းက ကောယွမ်ကို ချောင်ရှန်း တွဲနေသည်မှာ သူမမိသားစု၏ချမ်းသာကြွယ်ဝမှုကြောင့်ဟူပြီး ရှီလီနှင့် ရှီချွေ့ယွီတို့မှာ သူတို့နောက်ကွယ်တွင် အတင်းပြောဖူးခဲ့ကြသည်။
ချမ်းသာသော ဒုတိယမျိုးဆက် ကလေးတွေကြားထဲမှာမှ ဘာကြောင့် ကောယွမ်ကို ချောင်ရှန်း ရွေးချယ်ခဲ့လဲဆိုတာကတော့ အနုပညာနှင့် သိပ္ပံလမ်းကြောင်းဟူ၍ အတန်းတွေ ကွဲထွက်သွားချိန်မှာ အတန်းဖော်တွေ ဖြစ်လာခဲ့သဖြင့် နီးစပ်မှုကြောင့်ဟု သူမတို့တွေ သုံးသပ်မိခဲ့ကြသည်။
သာမန်ဘဝမျိုးသာဆိုပါက ချောင်ရှန်းအတွက် ချမ်းသာသော လူတွေနှင့် တွေ့ဆုံနိုင်ခြေမှာဟန်လုပ်ထားသည့် ချမ်းသာသော ဒုတိယမျိုးဆက်တွေထက်တောင် နည်းပါးမှာပင်။ ကျောင်းရှိ ချမ်းသာသော ဒုတိယမျိုးဆက်ကျောင်းသားတွေ ပိုလျှံနေတာကို ဘာကြောင့်ချောင်ရှန်းက ကောယွမ်အပေါ် မျက်စိကျသွားခဲ့တာလဲ။ ဘာကြောင့်ဆို ကောယွမ်တွင် အခြားသူတွေ၌မရှိသည့် ဟာကွက်ရှိနေတာကြောင့်ပင် - သူမက တုံးအသော အရူးတစ်ယောက်ပဲ ဖြစ်လေသည်။
တုံးအပြီး ချမ်းသာတာက လူလိမ်တွေ အကြိုက်ဆုံး အမျိုးအစားပင်။
ကောယွမ်၏ သူငယ်ချင်းတွေ မျက်လုံးထဲမှာတော့ ချောင်ရှန်းက အမြင့်မှန်းသူတစ်ဦးသာ။
ဒီဘဝတွင် ချောင်ရှန်းက လျန်ရုန်ရုန်ကို နတ်ဘုရားမတစ်ပါးအဖြစ် တကယ်ကြီး ချစ်ကြောက်ရိုသေနေခြင်းက ရှီလီ မျှော်လင့်ထားသည့်အတိုင်း မဟုတ်ပေ။
သူတို့နှစ်ယောက် မတွေ့ခင် ကောယွမ်၏အရှေ့၌ ချောင်ရှန်း၏ မကောင်းကြောင်းတွေ ပြောသင့်တယ်ဟု ရှီလီ တွေးလိုက်သည်။
ကောယွမ်ကို သူ့အပေါ် အမြင်မကောင်းအောင်လို့ အရင်လုပ်ရမယ်၊ ပထမဆုံးအမြင်ကို ပြောင်းလဲဖို့က အရမ်းခက်တာ။
ကောယွမ်နှင့် ချောင်ရှန်းအကြောင်းကို စဉ်းစားနေရင်း ရှီလီ ရှီချွေ့ယွီ၏ ဖုန်းနံပါတ်အား ဖုန်းခေါ်လိုက်သည်။
ရှီချွေ့ယွီက အထွန့်တက်လာ၏။ “ဒီမနက်တုန်းက နင်ဘာလို့ဖုန်းမကိုင်တာလဲ”
“ညီအစ်မရယ်၊ နင်ခေါ်တော့ ကိုးနာရီဘဲရှိပါသေးတယ်။ နင်မအိပ်တာနဲ့ဘဲ အခြားသူတွေ အိပ်ဖို့မလိုဘူးလို့ မဆိုလိုဘူးလေ၊ သိရဲ့လား”
ဤသည်မှာ ရင်းနှီးသော သူငယ်ချင်းတွေနှင့် သာမန်အတန်းဖော်တွေကြားက ကွာခြားချက်ပင်။ သူမ အိပ်ပျော်နေပြီး ဖုန်းမကိုင်မိခဲ့ဘဲ၊ပြန်ခေါ်ပြန်တော့ တစ်ဖက်လူက အပြစ်တင်လာလေသည်။ ရှီလီကို TOEFLအတွက် စာလေ့လာနေတာလို့ ရှီချွေ့ယွီ ထင်နေခဲ့တာပင်။ သူမ အိပ်နေတယ် ဆိုတာကို ကြားလိုက်ရတော့ ပြောစရာမဲ့သွား တော့၏။
“နင် အခုမှနိုးတယ်လို့တော့ မပြောနဲ့နော်။ ငါ့မှာတော့ မနက်ခုနစ်နာရီကတည်းကထပြီး ရှစ်နာရီထိုးတော့ လက်ရေးလှအတန်းကို သွားတက်ခဲ့ရတာ”
သူမ အခုမှနိုးတာတော့ မဟုတ်ပေ၊ ဖူဟွေ့ရှင်းနှင့် ဖုန်းပြောပြီးသွားလေပြီ။ သို့သော် ထိုအကြောင်းအား ရှီချွေ့ယွီ အတွေးလွန်မှာစိုးသဖြင့် ပြောပြရန်မလိုပေ၊ ရှီလီ ရှင်းပြလိုက်လျှင်လည်း လေကုန်မှာဘဲ အဖတ်တင်မည်။
“ငါ့ကို ဘာလို့ ဗြုန်းစားကြီး ရှာနေတာလဲ”
“ဒါပေါ့၊ ငါ့မှာနင့်ကိုရှာဖို့ အကြောင်းရင်းရှိတာပေါ့ဟ။ ငါအစကတော့ နင့်ကို နေ့လယ်စာ အတူတူစားမလားလို့ မေးချင်ပေမဲ့၊ငါကအခု စားပြီးသွားပြီ”
ရှီလီ ပဟေဠိဖြစ်သွားပြီး “ဘာလို့ ကောယွမ်ကို မခေါ်တာလဲ။ ဘာလို့ ငါ့ကိုရော ဒီနေ့ကျမှ ခေါ်ရတာလဲ”
သူတို့နှစ်ယောက်က ရှီလီကို ဖယ်ကျဉ်ထားတာတော့ မဟုတ်ပေ။ သူမက အများအားဖြင့် လျှောက်လည်ရတာကို မကြိုက်တာကြောင့်သူမကို ဈေးဝယ်ထွက်ရန် ခေါ်လိုက်တိုင်းသူမ အသက်ကို တောင်းနေရတာနှင့် တူနေတာကြောင့်ပင်။
အချိန်ကြာလာတော့ သူတို့ ဈေးဝယ်ထွက်ချင် လျှင် သူမကို မေးမနေတော့ပေ။
“ဘာလို့ဆို ကောယွမ်က တစ်ခုခုလုပ်စရာရှိတယ်ဆိုပြီး ငါနဲ့ အပြင်မထွက်ချင်လို့တဲ့လေ။ ငါ ခေါင်းရှုပ်နေတာ။ သူမမှာ အကျင့်ဆိုးတွေ မရှိတဲ့ဟာကို ဘာများလုပ်နိုင်ဦးမှာလဲလို့”
26 04
“ငါမနေ့ညက ကောင်းကောင်းအိပ်ခဲ့တယ်”သူမအား ရှီလီ ပြန်ဖြေလိုက်သည်။ “ငါအဆင်သင့်ပြင်ပြီး ထွက်လာခဲ့မယ်လေ။ ကော်ဖီဆိုင်တစ်ဆိုင်ရှာပြီး ငါ့ကိုစောင့်နေ၊ ငါ ပြီးပြီးချင်း နင့်ဆီလာခဲ့မယ်” ၎င်းမှာ ဆောင်းရာသီဝတ် အဝတ်နည်းနည်းပါးပါးဝယ်ရန် အချိန်ပင်။
ရှီချွေ့ယွီမှာ ရှီလီကို အချိန်ခဏကြာသည်အထိ သွေးဆောင်ရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ဒီနေ့ကျမှ သူမ မြန်မြန်သဘောတူလာတာကြောင့် အံ့ဩသွားရ၏။ ရှီချွေ့ယွီက အစကတော့ ကောယွမ်၏ စကားတွေနှင့်ပတ်သက်ပြီး တိုင်တန်းချင်သော်လည်းသူမ၏ ဝေဖန်ချင်နေတာကို မြိုချ၍ အမြန်တုံ့ပြန်လိုက်သည်။ “ကောင်းပြီ၊ ငါနင့်ကို နေရာပို့လိုက်မယ်။ အချိန်ယူပြီး ဖြည်းဖြည်းလုပ်နော်၊ လောစရာမလိုဘူး”
အိမ်ထိန်းပြင်ပေးထားသော နေ့လယ်စာကို ရှီလီ အမြန်စားလိုက်သည်။ သူမ မိတ်ကပ် လိမ်းနေတုန်း အဖေဆုံးပါးသွားပြီဖြစ်တဲ့ ဝေ့ယီကို တွေးမိသွားသည်။
ရှီချွေ့ယွီ၏ တည်နေရာ၌၊ ရှီလီက စာပို့လာ၏:[ငါတို့ ဈေးဝယ်ထွက်ရင် ဝေ့ယီကိုပါ ခေါ်လိုက်ရမလား။ ]
အမေးသင်္ကေတက ရှီချွေ့ယွီ၏ အမြင်ကို မေးနေတာပင်၊ သူမ "OK” ဟူသော အီမိုဂျီကို အမြန်ပြန်ပို့လိုက်သည်။
ထို့နောက် ရှီလီက ဝေ့ယီကို အချိန်အားလားဟု မတ်ဆေ့ခ်ျပို့လိုက်သည်။
အကယ်၍ ဝေ့ယီ မလိုက်ချင်ပါက အလုပ်ရှုပ် နေတယ်လို့ပြောပြီး အလွယ်တကူ ငြင်းလို့ရပေသည်။
နှစ်မိနစ်ကြာပြီးနောက်။
ဝေ့ယီ: [ဟုတ်ပြီ၊ ငါလည်း အိမ်မှာ ပျင်းနေတာ]
ရှီလီ: [အသင့်ပြင်ထား၊ ငါ့ဒရိုင်ဘာနဲ့ နင့်ကို လာကြိုမယ်]
သူမကို သွားခေါ်ရန်အတွက် ဝေ့ယီ၏ မိသားစုဗီလာထံ ရှီလီ ရောက်လာခဲ့၏၊ ဝေ့ယီ၏အမေကို နှုတ်ဆက်ပြီး သူမ၏ကျန်းမာရေးကိုဂရုစိုက်ရန် နှစ်သိမ့်စကားများ ပြောခဲ့သည်။
ဒါတွေက သာမန်ဆန်သော အလာပသလ္လာပစကားတွေသာ။ ဝေ့ယီ၏ အမေမျက်ဝန်းထဲ၌ ဝမ်နည်းနေမှုကို ရှီလီ မမြင်ခဲ့ပေ၊ ထိုအစား တောက်ပသော ဖြတ်လတ်တက်ကြွမှုတို့ကို ပြန်ရရှိလာသလိုပင်။
သူမယောက်ျား ဆုံးပါးပြီးကတည်းက ဝေ့ယီ၏အမေသည် သူမ၏ အားအင်တွေအကုန်လုံးကို သူမသမီးနှင့် ကမ္ပဏီအပေါ်မှာဘဲ မြုပ်နှံထားတော့သည်။
သူမကိုယ်၌က လုပ်ရည်ကိုင်ရည်ရှိပြီး အလားအလာကောင်းသော အလုပ်အကိုင်ရှိသည့် အမျိုးသမီးတစ်ဦးပင်၊ လက်ထပ်ကာ ကလေးမွေးပြီးနောက်မှ သူမ၏ ကျွမ်းကျင်ရာကနေ တဖြည်းဖြည်း အလှမ်းဝေးသွားခဲ့တာပဲဖြစ်၏။
အခုလို ကျွမ်းကျင်ရာကမ္ဘာနှင့် ဆယ်စုနှစ်တစ်စုစာ အဆက်အသွယ် ပြတ်နေခဲ့ပြီးမှ ကုမ္ပဏီ ထဲပြန်ဝင်ရောက်လာတော့ သူမအတွက်စိန်ခေါ်မှုအချို့ကို ဖြစ်ပေါ်စေသည်။
သို့သော် ကုမ္ပဏီ၏ အခန်းကဏ္ဍတွေကို သူမဖြည်းဖြည်းချင်းစီ ဦးစီးနေပြီးဖြစ်၏။
နေ့တိုင်း အိမ်မှာအမြဲရှိနေသည့် အရင်နှင့် မတူတော့ဘဲ အခုဆို ဝေ့ယီ၏အမေမှာ ပိတ်ရက်တောင် ရှိခဲ့လှသည်။
“ဈေးဝယ်ထွက်ရင် သတိထားကြဦးနော်။ သမီးတို့ ပိုက်ဆံပြတ်သွားရင်လည်း အန်တီတို့ယီယီဆီက တောင်းလိုက်။ အခုဆို သူမက အမွေဆက်ဆံသူလေး ဖြစ်နေပြီလေ”
ဝေ့ယီ၏အဖေ ကွယ်လွန်ပြီးနောက်၊ သူ၏မိဘတွေကလည်း ဆုံးပါးသွားတာ ကြာပြီဖြစ်သဖြင့် သူ၏ ရပိုင်ခွင့်အားလုံးကို မိန်းမနှင့်သမီးဖြစ်သူဘဲ ဆက်ခံခဲ့ရသည်။
သူမ၏ အတန်းဖော်တွေ လစဉ်ကြေးအတွက် မိဘတွေဆီက လက်ခံနေရသည့်အချိန်မှာ ဝေ့ယီကတော့ ဘီလီယံချီ ပိုင်ဆိုင်နေပြီးလေပြီ။
ဝေ့ယီ၏ အမေထံမှ ကြင်နာသောကမ်းလှမ်းမှုကို ရှီလီ လက်ခံလိုက်၏။ “အန်တီက အရမ်းကြင်နာတာပဲ။ ဒါပေမဲ့ အန်တီ တိုက်တွန်းနေမှတော့ သမီးလည်း မငြင်းတော့ပါဘူး”
26 05
ဝေ့ယီ အောက်ထပ်ဆင်းလာတော့ ရှီလီကသူမအမေနှင့် စကားလက်စုံကျနေတာကို မြင်လိုက်ရတော့ သူမစိတ်ထဲတွင် မကောင်းသောအတွေးများ လျင်မြန်စွာ ဖြတ်ပြေးသွားတော့သည်။
သူမအမေက ရှီလီကို သူမကြိုက်နေပါတယ်ဆိုပြီး အရင်တုန်းက နားလည်မှု လွဲထားတာ။ အဲ့အကြောင်းကို ထုတ်ပြောလိုက်တာတော့ မဟုတ်လောက်ဘူးမလား။
သေးငယ်သော ဖြစ်နိုင်ခြေကပင် ဝေ့ယီကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။
သူမအမေ မသင့်တော်တာ တစ်ခုခုကိုပြော လိုက်မှာ ကြောက်သဖြင့် သူမအမြန် စကား၏ဖြတ်လိုက်သည်။ “အမေတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ”
သူမသမီး၏ ရှုပ်ထွေးနေသော အမူအရာကိုမြင်လိုက်ရတော့ ဝေ့ယီ၏အမေက သိနေတယ်ဆိုတော့ အပြုံးကိုပေးလာကာ “စိတ်မပူပါနဲ့၊သမီးရဲ့ အတန်းဖော်လေးကို အနိုင်မကျင့်ပါဘူး။ သမီးရဲ့သူငယ်ချင်းက စောင့်နေရတာ ခဏလောက်ကြာပြီ။ သမီးတို့ အခုသွားကြတော့လေ၊ ပျော်ခဲ့ကြနော်”
ရှီလီနှင့် ဝေ့ယီတို့ ကော်ဖီဆိုင်တွင် ရှီချွေ့ယွီနှင့်ဆုံခဲ့ကြ၏။
ဈေးဝယ်ထွက်နေရင်း ရှီလီ ဘာကြောင့် အပြင်ထွက်ချင်တယ်ဆိုတာကို ရှီချွေ့ယွီ နားလည်လာသည်။ သူမ ပစ္စည်းတွေဝယ်ဖို့ တကယ်လိုအပ်နေတာပဲ။
ရှီလီက အဝတ်နှစ်ထည်ကို သဘောတွေ့နေတုန်း၊ ဝေ့ယီက အလိုအလျောက် ငွေပေးချေလိုက်သည်။
ဒါပေါ့၊ ရှီလီက သူမကို မပေးခိုင်းသော်လည်း ဝေ့ယီက ပြောလာသည်။ “အဆင်ပြေတယ်၊ငါ့မှာ ပိုက်ဆံရှိပါတယ်”
ရှီလီ၏ သတိပေးချက်ကြောင့်သာ မဟုတ်ဘူးဆိုရင်၊ သူမနှင့် သူမအမေတို့မှာ သူမအဖေ၏တရားမဝင် ကလေးတွေအကြောင်းကို သိရမှာမဟုတ်ဘဲ၊ ၎င်းအတွက်တောင် ပြင်ဆင်ဖို့ နေနေသာသာပင်။
ဈာပနပွဲသို့ ရောက်ချလာကြသည့် တရားမဝင် ကလေးတွေက သူတို့၏ အမွေတောင်းလာခဲ့ကာ သူမတို့ မိသားစု၏ စည်းစိမ်တစ်ဝက် နီးပါးလောက်ကို ယူသွားခဲ့ကြသည်။
ရှီလီအပေါ် ပိုက်ဆံဖြုန်းပေးရတာက သူမဆန္ဒရှိတာထက်တောင် ပိုနေတာပင်။
မိသားစုကုပ္ပဏီက ဒေါဝါလီလည်း မခံထားရသလို၊ သူမ စားသောက်ဖို့တောင် မတတ်နိုင်တာ မဟုတ်ပေ။ သူမအတွက် ငွေရှင်းပေးလာတာမျိုးကို ရှီလီ မလိုအပ်ပေ။
အမည်းရောင်ကဒ်နှစ်ခုက POS စက်ကိုကိုင်ထားသော ငွေကိုင်၏အရှေ့သို့ အပြိုင် အဆိုင်ထိုးပေနေကြတုန်း သူမကတော့ တစ်ယောက်ယောက် ငွေပေးချေလာမှာကို စောင့်နေရသည်။
“ငါ ရှင်းပါ့မယ်။ ငါ့အဖေ ဆုံးသွားတော့၊ကံကောင်းမှုကြီးကို ငါ အမွေဆက်ခံထားရတာ၊ငါ့မှာ ပိုက်ဆံရှိတယ်ဟ”
“ငါကြိုက်နေတဲ့သူက ငါ့ကို ပြန်မကြိုက်တော့ အပျော်ရည်းစားကို ထောက်ပံ့ပေးစရာ မလိုဘူး။ ငါ့မှာလည်း ပိုက်ဆံရှိပါတယ်နော်”
ငွေကိုင် အတွေးဝင်သွားတော့သည်: ဒါဆို၊နင်တို့နှစ်ယောက်က ချမ်းသာတာကို ကြွားနေတာလား၊ ဒါမှမဟုတ် ကရုဏာကိုရယူဖို့ကြိုးစားနေကြတာလား။
******
27 01
အခန်း ၂၇: အချစ်ရူးရူးနေတဲ့ အချစ်ဆုံးသူငယ်ချင်း ပြန်လာပြီ
ဘယ်သူ့ကဒ်ကို သုံးမလဲဆိုတာ ငြင်းခုံနေကြတုန်းမှာဘဲ ရင်းနှီးနေသော ပုံရိပ်နှစ်ခုကို ရှီလီ မြင်သွားသည်။
ရှီလီ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်တော့၊ ဖုန်းယွင်ဟယ်၏ မလှမ်းမကမ်းကနေ လိုက်လာသည့် လျန်ရုန်ရုန်ကို ဝေ့ယီ အရင်မြင်သွားသည်။
ဖုန်းယွင်ဟယ်ကို ရှီလီ သဘောကျနေမှန်း ဝေ့ယီ သိသဖြင့် သူမ စိတ်မကောင်း ဖြစ်သွားမှာကို အနည်းငယ် စိတ်ပူမိ၏။
ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ပြီး ရှီလီ သူမ၏ကဒ်ကို မြန်မြန်ဖြတ်လိုက်ကာPIN ရိုက်ထည့်လိုက်သည်။
ဝေ့ယီ ထိတ်လန့်သွား၍ “ငါ့မှာတော့ နင်အသည်းကွဲနေမယ်ထင်ပြီး စိတ်ပူနေလိုက်ရတာ၊ နင်ကတော့ ခိုးကြောင်ခိုးဝှက်နဲ့ ကဒ်ဖြတ်လိုက်တယ်!”
ရှီချွေ့ယွီက milk tea ဝယ်ရန်အတွက်အပေါ်ထပ် တက်သွားတာကြာလှလေပြီ။ သူမ ခွက်သုံးခွက် ကိုင်ပြီး ပြန်ရောက်လာချိန်တွင်မူ ရှီလီနှင့် ဝေ့ယီက ရောထွေးနေသော ခန္ဓာကိုယ်အနေအထားနှင့် ဝေ့ယီ၏ ဝိုင်းစက်နေသော မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များရှိနေကာ အခြေအနေတစ်မျိုးဖြစ်နေသည်။
ဘာမှမသိသည့် ရှီချွေ့ယွီအတွက်ကတော့ သူတို့နှစ်ယောက်မှာ ရန်ဖြစ်ကြတော့မည့်ပုံပင်။
အထူးသဖြင့် လျန်ရုန်ရုန်နှင့် ဖုန်းယွင်ဟယ်ကလည်း အနီးအနားတွင် ရှိနေလေသည်။
အရောင်းစာရေးမက တင်းမာနေမှုကို ကြားဝင် ဖျန်ဖြေပေးလာကာ “မဒမ်၊ ဒီမှာ ရှင့်ရဲ့ ပစ္စည်းတွေနဲ့ ပြေစာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ ဦး”
ရှီချွေ့ယွီက အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီးနှစ်ယောက်ကြားဝင်၍ milk tea တစ်ခွက်စီ ကမ်းပေးလိုက်သည်။ “မြန်မြန်၊ ပူတုန်းသောက် လိုက်ဦး”
သူမ သဘောကျနေသည့်သူ၏ အရှေ့တွင် သူမ၏ ပုံသေမဟုတ်သော အပြုအမူကို ထိန်းသိမ်းထား၏။
သူမ၏ milk tea ခွက်ကို ကိုင်ထားရင်း ရှီလီ ဖုန်းယွင်ဟယ်ဆီသို့ သိမ်မွေ့စွာ လျှောက်လှမ်း သွားပြီး နှုတ်ဆက်လိုက်သည်။ “အစ်ကိုယွင်ဟယ်၊ နင်လည်း ဈေးဝယ်ထွက်လာတာလား”
ဖုန်းယွင်ဟယ် မဖြေရသေးခင်မှာဘဲ လျန်ရုန်ရုန်က သူမ၏ အရုပ်မျက်နှာအား သူ့ဘက်ကိုလှည့်ပြီး ဖြေလာသည်။ “အင်း…အစ်ကိုကြီးက ငါဈေးဝယ်ထွက်တာကို အဖော်လိုက်ပေးတာ”
ဝတ္ထုဖတ်စဉ်က အမျိုးသမီးဇာတ်လိုက်ကို ရှီလီ အတော်လေး သဘောကျခဲ့သည်။
[သူမ အဲ့လိုမျက်နှာလုပ်နေတာကို မြင်နေရတော့ ငါ့လက်တွေ ယားလိုက်တာ။ ပါးကို ချပစ်လိုက်ချင်တယ်]
ဝေ့ယီနှင့် ရှီချွေ့ယွီ: !
နှစ်ယောက်သား အချင်းချင်း ကြောက်လန့်တကြား ကြည့်လိုက်ကြသည်၊ ပြီးနောက် တစ်ချိန်တည်းမှာဘဲ ရှီလီကို လက်မောင်းတစ်ယောက်တစ်ဖက်စီ ဆွဲထားလိုက်ကြ၏။
ဒီလိုမှသာ ရှီလီ ရုတ်တရက် ပြုမူလိုက်ဖို့ ဆုံးဖြတ်လိုက်လျှင်တောင် သူမကို အချိန်မီတားနိုင်မှာ ဖြစ်သည်။
လျန်ရုန်ရုန်၏ မျက်နှာတွင် မှီခိုနေသောအပြုံးဖြင့် ဝင်းပနေပြီး “အစ်ကိုကြီးက ငါအဝတ်ဝယ်တာကို ကူညီပေးတယ်လေ”
လျန်ရုန်ရုန် အဝတ်ဝယ်တာကို ဖုန်းယွင်ဟယ် တကယ်ဘဲ အဖော်ပြုပေးနေရတယ် ဆိုသော်လည်း သူ့အဖေ၏ အတင်းအကြပ် တိုက်တွန်းမှုကြောင့်ပင်။
ရှီလီ၏ သူငယ်ချင်းကောင်းများ ဖြစ်ကြသောဝေ့ယီနှင့် ရှီချွေ့ယွီတွင် အတွေးတစ်ခုတည်းသာရှိ၏။
ဒရာမာ!
ဒရာမာ များလွန်းတယ်။
ထိုနေရာမှာဘဲ ရှီလီ ရန်စလိုက်မှာကို စိုးရိမ်သဖြင့် ရှီချွေ့ယွီက အရင်စပြောလိုက်သည်။ “ငါတို့မှာ လုပ်စရာရှိသေးလို့၊ အရင်သွားလိုက်ဦးမယ်”
အရိပ်ပြ အကောင်မြင်သလို၊ ဝေ့ယီနှင့် ရှီချွေ့ယွီတို့ ပြိုင်တူအားစိုက်ထုတ်လိုက်ပြီး ရှီလီကို ကြားညှပ်ကာ ဆွဲခေါ်သွားလိုက်ကြ၏။
မှန်လိုချောမွတ်နေသည့် မောလ်၏ကြမ်းပြင်တွေကို ကျေးဇူးတင်ရမည်၊ ရုပ်ပိုင်းဆိုင်ရာညံ့ဖျင်းသော မိန်းကလေးနှစ်ယောက်က ရှီလီကို ဆွဲခေါ်နိုင်လိုက်ကြသည်။
နောက်ထပ်အလွှာသို့ သူတို့ရောက်သွားတော့၊ရှီလီက သူတို့နှစ်ယောက်အား အနည်းငယ် စိတ်ကုန်သလို ကြည့်လိုက်ပြီး “နင်တို့ ဘာလုပ်နေကြတာလဲ”
27 02
ဝေ့ယီ ဉာဏ်ကွန့်မြူးလာပြီး ပြောလိုက်ကာ“ဒုတိယထပ်က ကိတ်မုန့်ဆိုင်လေ၊ အချိန်အကန့်နဲ့ ပရိုမိုးရှင်းပေးတာ ပြီးတော့မယ်လို့ ချွေ့ယွီ ပြောပြလို့။ ငါတကယ် စားချင်နေတာ၊မြန်မြန် သွားကြည့်ကြရအောင်!”
ရှီချွေ့ယွီ: ငါအဲ့လိုမပြောလိုက်ပါဘူး။
ရှီလီ ပဟေဠိဖြစ်စွာဖြင့် မေးလိုက်သည်။ “နင့်ကို ဘယ်တုန်းက ချွေ့ယွီ ပြောလိုက်တာလဲ”
ယုတ္တိရှိသော ဟာကွက်အား သူမ ရှာတွေ့သွားသည်ကို အံ့ဩသွားရင်း ရှီချွေ့ယွီ ဖုံးဖိပေးလိုက်သည်။ “ငါအပေါ်ထပ်တက်ပြီး milk teaသွားဝယ်တုန်းကလေ။ ဝေ့ယီ ကိတ်မုန့် ကြိုက်တာကို သတိရသွားလို့၊ ပရိုမိုးရှင်း ပေးနေတာကိုတွေ့တော့ သူမကို ချက်ချင်း ပြောပြလိုက်တာ”
ကိတ်မုန့် တကယ်မကြိုက်သော ဝေ့ယီ: ......
ထို့နောက်မှာတော့ ရှီလီမှာ သူတို့နှစ်ယောက်ကြား အညှပ်ခံထားရပြီး ဝေ့ယီ ကြိုက်သောပရိုမိုးရှင်းရှိသည့် ကိတ်မုန့်ဆိုင်တစ်ဆိုင်ကိုမှ မရှာဘဲ ဒုတိယထပ်ကို ထပ်တလဲလဲ ပတ်နေတော့၏။
ရှီချွေ့ယွီကို သူမဘဝ၏ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် နူးညံ့သိမ်မွေ့သော မိန်းမပျိုတစ်ဦးပင်။
ဈေးဝယ်ထွက်တာတောင် အလွန်အမင်း အားအင်ကုန်ခမ်းသွားဖြင့် ဒုတိယထပ်ကို နှစ်ပတ်ပတ်ပြီးနောက် အားမရှိတော့ပေ။
အနီးနားရှိ အနှိပ်ခုံပေါ်သို့ ရုပ်ပျက်ဆင်းပျက် လဲကျသွားကာ “ငါအမှတ်မှားတာဖြစ်မယ် မဟုတ်လည်း အမြင်မှားတာဖြစ်မယ်”
ဝေ့ယီလည်း ပြောလိုက်၏။ “တကယ်တော့ ငါလည်း အရမ်းကြီး ကိတ်မုန့်မစားချင်ဘူး။ အဝတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပဲ သွားကြည့်ကြရအောင်”
အသက်တစ်ဝက် တိုသွားသလို ခံစားနေရသောရှီချွေ့ယွီမှည ငြင်းဆန်လိုက်ပြီး မျက်စောင်းခဲလာသည်။
သူမ လဲလျောင်းပြီး အနားယူလို့ရမည့် တစ်နေရာ၊ မဟုတ်လည်း တစ်ခုခုသွားစားကြဖို့ အကြံပေးလိုက်သည်။
ရှီလီနှင့် ဝေ့ယီရောက ထွက်မလာခင်ကတည်းက အိမ်တွင် နေ့လယ်စာ စားလာခဲ့သဖြင့်ဘာမှစားသောက်ချင်စိတ် မရှိနေချေ။
ယခုဆိုလျှင် တိုက်ခိုက်ရေး မထိရောက်သော ရှီချွေ့ယွီမှာ အညှာအတာမရှိ ဆွဲထူခံလိုက်ရသည်။ သူတို့တွေ အပြင်ရောက်ပြီဆိုမှတော့ အဝတ်တွေ ပိုဝယ်သွားသင့်လေသည်။
သူမသည် အားကုန်နေသော ဘဲငန်းတစ်ကောင်ကဲ့သို့ အခြားနှစ်ယောက်ထံမှ အသက်မပါစွာ ဆွဲခေါ်ခံလိုက်ရတော့သည်။
အစက ရှီလီ၊ အခုတော့ သူမ။
ကောင်းကင်ဘုံက ဘယ်သူ့ကိုမှ မသက်ညှာပါလားနော်။
အရည်အသွေးမြင့် နာရီဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်တော့ စောနက အသက်မဲ့နေသော ရှီချွေ့ယွီမှာ ရုတ်တရက် ထပြောလာသည်။ “ငါ ကောယွမ်ကို တွေ့လိုက်သလိုဘဲ”
ဝေ့ယီနှင့် ရှီလီကတော့ သူမ ဈေးမဝယ်ချင်တော့သဖြင့် ဆင်ခြေပေးနေတာလို့ ထင်နေတာကြောင့် “ဘယ်လိုလို့ ဖြစ်နိုင်မှာလဲ။ ဒီနေ့ သူမမှာ အစီအစဉ်ရှိလို့ဆိုပြီး ပြောခဲ့တယ်မဟုတ်လား”
ရှီလီ ပြန်တောင် လှည့်ကြည့်လိုက်၏။ ၎င်းမှာအမျိုးသားဝတ် နာရီတွေကို အဓိကရောင်းသော ဆိုင်ဖြစ်ပြီး ကောယွမ်က ထိုကဲ့သို့အရာမျိုးကို မလိုအပ်ပေ။
ကောယွမ်က အမျိုးသား ဆွေးမျိုးတွေကိုဝယ်ပေးတယ်ဆိုလျှင် ပိုတောင်မဖြစ်နိုင်။
ကောယွမ်၏ မိသားစုထဲက အမျိုးသားများမှာ ယခုလိုအရည်အသွေးရှိသည့် နာရီတွေကို မဝတ်ကြပေ၊ သူတို့က နိုင်ငံခြားကနေစိတ်တိုင်းကျမှာပြီး ရွေးချယ်ကြတာပင်။
“မဟုတ်ဘူး၊ ငါ တကယ်မြင်လိုက်တာပါဆို”ရှီချွေ့ယွီက အခိုင်အမာဆိုသည်။
ရှီလီ ရှီချွေ့ယွီ၏ခေါင်းကို ချစ်ခင်စွာ ပုတ်လိုက်ပြီး “ဟုတ်ပြီ၊ တစ်ချက်လောက် သွားကြည့်ကြတာပေါ့”
တစ်ချက်လောက် ကြည့်ပြီး၊ ပြီးတာဘဲလေ။
သို့သော် ထိုဆိုင်ထဲ၌ တကယ်ဘဲ ကောယွမ်ရှိနေတာပင်၊ ဒါ့အပြင် သူမ၏ဘေး၌ ရှီလီ ကောင်းကောင်းကြီးကို သိနေသော ပိန်ပါးကာ အရည်ရှည်ပြီး အနက်ရောင်ကိုင်းပါသည့်မျက်မှန်ကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ရပ်နေသည်။
ချောင်ရှန်းကလွဲပြီး ဘယ်သူဖြစ်ရဦးမလဲ။
[ငါ မူးလဲတော့မယ်]
[တစ်ယောက်ယောက် ငါ့ကိုဖမ်းထားပါဦး]
[မြန်မြန်၊ ငါ့နှုတ်ခမ်းအပေါ်ကို ဆိတ်ကြပါလို့]
ရှီလီ၏ စိတ်ထဲမှအတွေးတွေ ထွက်ပေါ်လာတာနှင့် တံခါးကို ကျောပေးထားပြီး ကောင်တာကို မျက်နှာမူထားသော ကောယွမ်မှာ အနီးအနားတွင် ရှီလီရှိနေမှန်း အလျင်အမြန် သိလိုက်လေသည်။ ထိုအတွေးတွေကို ကြားလိုက်ရသော ဝေ့ယီနှင့်ရှီချွေ့ယွီလည်း လန့်ဖြန့်သွားကြသည်။
27 03
သူတို့က ရှီလီ တကယ်ကြီး မေ့လဲတော့မှာလို့ ထင်လိုက်ကြပြီး သူမ၏ နှုတ်ခမ်းအပေါ်ကို ဆိတ်ပေးရန် သို့မဟုတ် လိုအပ်လာလျှင်လည်းCPR ပေးရန် အသင့်ပြင်ထားလိုက်ကြသည်။
ရှီလီကို သူတို့ လှည့်ကြည့်လိုက်တော့ သူမက အကောင်းအတိုင်းကြီးရှိနေပြီး ထိတ်လန့်နေသော အမူအရာ ရှိနေရုံသာ။
ရှီလီ၏ အတွေးတွေကိုကြားတော့ ကောယွမ် နောက်လှည့်ပြီး ရှာကြည့်လိုက်၏။
သူမ နောက်လှည့်လိုက်တာနှင့် သူမ၏သူငယ်ချင်းကောင်းများနှင့် မျက်နှာချင်းဆို င်ဖြစ်သွားသည်။
သူမသည် မနက်ကမှ ရှီချွေ့ယွီ၏ ဈေးဝယ် ထွက်ဖို့ခေါ်တာကို ငြင်းပယ်လိုက်ပြီး အချိန်မရှိဘူးဟု ပြောခဲ့တာပင်၊ အခု နေ့လယ်ကျတော့ မောလ်မှာ သူတို့နှင့် လာဆုံမိလေသည်။
ကောယွမ်၏ မျက်လုံးများ လက်သွားပြီး အပြစ်ရှိစိတ်တို့ကို ပြသနေသည်။
ရှေ့ဆက်တိုးလျှင် တိုက်ပွဲကျနိုင်သော်လည်း၊ဘယ်တော့မှ မျက်နှာပျက်ရမှာ မဟုတ်ပေ။
ကောယွမ်၏ အကြည့်မှာ အလျင်အမြန်ပြ ပြတ်သားလာပြီး သူမ၏ သူငယ်ချင်းတွေကို ပေါ့ပေါ့ပါးပါးဘဲ နှုတ်ဆက်လိုက်သည်။ “နင်တို့လည်း ဒီမှာ ဈေးဝယ်ထွက်တာလား”
ရှီလီ၏ မျက်နှာထားက သာမန်ဆက်ဆံပြောဆိုရေးတွင် မျှော်လင့်ချက် မရှိနေပေ။
ရှီချွေ့ယွီ၏ မျက်နှာထားက စိမ်းကားနေပြီး“ဒီတော့ နင့်မှာ ဈေးဝယ်ထွက်ဖို့ အချိန်ရှိတာဘဲ၊ ငါတို့နဲ့ပဲ မဟုတ်တာ”
ရှီလီ စိတ်ထဲက ထပ်ပေါင်းပြောလိုက်သည်[ငါတို့က လုံလောက်အောင် မကောင်းဘူးပေါ့]
[နောက်ဆုံးတော့လည်း ယောက်ျားတွေက ငါတို့ထက် ပိုကောင်းတယ်လို့ သူမ တွေးနေ တာဘဲ]
ရှီလီ၏ မှတ်ချက်တွေက ရှီချွေ့ယွီ၏ ဒေါသအပေါ် လောင်စာဆီ ထည့်လိုက်သလိုပင်။
ရှီလီ၏ မထီမဲ့မြင်ပြုသော အတွေးတွေကို ကြားလိုက်ရသည့် ကောယွမ်လည်း သူမ၏အထိတ်တလန့်ဖြစ်မှုတွေ မြင့်တက်လာသလို ခံစားလိုက်ရသည်။
“အဲ့လိုမဟုတ်ပါဘူး။ နင်တို့အားလုံးက ငါ့အတွက် အရမ်းအရေးကြီးပါတယ်၊ ဒါပေမဲ့ ငါက သူနဲ့ကြိုပြီး အစီအစဉ် ဆွဲထားတာ။ အရင်လာတာကို ဦးစားပေးရမှာလေ၊အဲဒါကြောင့်မို့လို့ ဒီနေ့လုပ်စရာရှိတယ်လို့ပြောပြီး နင်တို့နဲ့ မလိုက်နိုင်တာပါ”
[သူငယ်ချင်းကောင်းတွေကတော့ တစ်ပန်းသာသင့်ပါတယ်ဟယ်]
ရှီချွေ့ယွီမှာ မီးတောက်တော့မလိုဖြစ်လာပြီး ရှီလီကတော့ မီးထဲကို လောင်စာဆီ ထပ်ထည့်နေဆဲပင်။ ကောယွမ်မှာ သောကများကြောင့် သေလုနီးပါးဖြစ်နေပြီး ရှီလီ၏ ပါးစပ်ကို အပြေးသွားအုပ်နိုင်ဖို့ ဆုတောင်းနေမိသည်။
သို့သော် ရှီလီက ထိုစကားတွေကို ပါးစပ်ကနေ တကယ်ထုတ်မပြောသဖြင့် အုပ်ထားလည်း အသုံးမဝင်ဘူးဆိုတာ သူမ နားလည်သွား၏။
စကားအနည်းငယ်သာ ပြောရသေးသည့်ပုံ ပေါ်သော်လည်း သူမရှေ့က မိန်းကလေးသုံးယောက်၏ မျက်နှာထားတွေကတော့ ဆက်တိုက်ပြောင်းလဲနေလျှက်။
အထူးသဖြင့် သူတို့ထဲက တစ်ယောက် စကားပြောလိုက်တာနှင့် သူတို့၏ ဦးနှောက်လှိုင်းတွေကနေ ဆက်သွယ်နေကြသလိုပင်။
ဒီရင်ထိတ်နေရတဲ့ တိတ်ဆိတ်မှုကြီးကို ငါဖြိုခွဲသင့်တယ်ဟု ချောင်ရှန်း တွေးလိုက်သည်။
သူကိုယ်သူ မိတ်ဆက်လိုက်၏။ “ဟယ်လို၊ငါက အတန်း 3 က ချောင်ရှန်း။ ယွင်ယွင်ရဲ့ကောင်လေးပါ”
“ကောင်လေး” ဟူသော စကားကို ပြောလိုက်တာနှင့် ရှီလီ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဆုံးဖြစ်နေသည့် အကြည့်ကို ကောယွမ် မြင်လိုက်မိသလို ခံစားလိုက်ရသည်။
ထိုအကြည့်နောက်က အဓိပ္ပာယ်ကို ကောယွမ် နားမလည်သော်လည်း မကြာခင်တွင် ရှီလီ၏စိတ်ထဲက အတွေးတွေ ထွက်ပေါ်လာ၏။
သူမ၏ စိတ်ထဲက အတွေးတွေကတစ်ဆင့် ထိုအကြည့်နောက်က အဓိပ္ပာယ်ကို ကောယွမ် နားလည်လာတော့သည်။
[မဖြစ်နိုင်တာ။ သူမ ဒီအမှိုက်ကောင်နဲ့ နောက်တစ်ကြိမ် ပတ်သက်နေပြန်ပြီ]
******
28 01
အခန်း ၂၈: လီအချိန်က ဖရဲသီးကြီးကို ဖောက်ခွဲလိုက်တယ်
ရှီချွေ့ယွီနှင့် ဝေ့ယီကတော့ မေးခွန်းထုတ်စရာမလိုဘဲ ရှီလီကို ယုံကြသည်။ ရှီလီက တစ်ယောက်ယောက်ကို လူရှုပ်လူပွေဟု ကြေညာလိုက်တာနှင့် သူတို့တွေ ဘယ်တော့မှ သံသယမဝင်ပေ။
ဝေ့ယီမှာ သူမ၏ အလွန်တရာမှ ပြီးပြည့်စုံလှသော အဖေဖြစ်သူက အိမ်အပြင်ဘက်တွင် အပျော်မယား ဒါဇင်ချီကို ထားရှိခဲ့သော သူမ၏ကိုယ်တွေ့အတွေ့အကြုံမှ သက်သေပြ နိုင်သည်။
ဤသည်ကို နောက်ပိုင်းတွင် သူမဦးလေး၏စုံစမ်းစစ်ဆေးခြင်းကနေ ဖော်ထုတ်ခဲ့ရတာပင်။
ကောယွမ်၏ ဘေးနားတွင် ချောမောပြီး ခန့်ညားသည့် လူငယ်လေး ရပ်နေတာကို မြင်လိုက်ရတော့၊ သူတို့ကို လိုက်ဖက်သည့်အတွဲဟု ဝေ့ယီ အစကတော့ ထင်ခဲ့မိသည်။ ဤကောင်လေးကို လူရှုပ်လူပွေဟု ရှီလီ ခေါင်းစဉ်တပ်လိုက်တာကို ကြားလိုက်ရချိန်မှာတော့ သူမ၏ ထင်ကြေးမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့၏။
ချောင်ရှန်းကို နောက်တစ်ကြိမ် ထပ်ကြည့် လိုက်တော့၊ လူငယ်လေး၏ မျက်နှာမှာ ယခုဆိုကောက်ကျစ်သော အရိပ်အယောင်များ သန်းနေလေသည်။
ကောယွမ်မှာ အချစ်သစ်ထဲ လုံးထွေးနေချိန်ဖြစ်ပြီး ဘာကြောင့်မို့ ရှီလီက ချောင်ရှန်းနှင့်သူမတို့ကို အရင်က ဆက်ဆံရေးရှိဖူးသလို မှတ်ချက်ပေးနေလဲဆိုတာ အံ့ဩမိနေသည်။
သူမသူငယ်ချင်းတွေ တိတ်ဆိတ်နေတုန်း ကောယွမ် သူမကောင်လေးဘက်က ကာပြောပေးလိုက်သည်။ “ငါ့ကို သူကောင်းကောင်းဆက်ဆံပြီး ဂရုစိုက်ပေးတယ်”
“အချစ်နွံထဲနစ်နေလို့ ဖိစီးနေတာ ဖြစ်မှာပေါ့”ရှီလီက သူမ၏တွေ့ရှိချက်ကို ဝေမျှလာ၏။
“ငါအစကတော့ ဒီလူက လျန်ရုန်ရုန်ကို အရင်က လိုက်ဖူးတဲ့အကြောင်း ပြောမလို့ဘဲ”ရှီလီ ထပ်ပေါင်းပြောလိုက်၏။
ဝေ့ယီနှင့် ရှီချွေ့ယွီတို့ ဝေခွဲမရ ဖြစ်ကုန်တော့သည်။ သူတို့ သဘောမကျသည့်သူကို လိုက်ပိုးပန်းခဲ့သည့် အမျိုးသားက အခု သူတို့ချစ်ရတဲ့ သူငယ်ချင်းကို လိုက်နေတယ်။ ချဉ်းတူးနေတာပဲ၊ ပါးစပ်အပြည့် ငြင်းတယ်။ သူတို့ အထင်သေးတဲ့တစ်ယောက်ကို လိုက်ပိုးခဲ့တဲ့ ယောက်ျားက ကန်းနေတာပဲ ဖြစ်ရမယ်၊အဲ့လိုမျက်ကန်းက သူတို့သူငယ်ချင်းရဲ့နှလုံးသားကို အနိုင်ရထားတော့၊ စော်ကားခံလိုက်ရသလိုဘဲ။ ကောယွမ်ကတော့ နားလည်မှု လွဲနေမလားဆို ပြီး အံ့အားသင့်နေသည်။
“နောက်ပိုင်းကျတော့၊ သူချစ်တဲ့သူကို လိုက်ပိုးနေတုန်း ချောင်ရှန်းက သူချစ်တဲ့သူ အညှင်းဆဲမခံရအောင်လို့ ငါ့ကိုတောင် လူဆိုးတွေငှားပြီး ခြိမ်းခြောက်ခဲ့တာ” ရှီလီ ဆက်တွေးလိုက်၏။
ဝေ့ယီနှင့် ရှီချွေ့ယွီတို့ လန့်ဖြန့်သွားကြသည်၊ဒီကောင်လေး အသက်ဘယ်နှစ်ချောင်းကို ကစားခဲ့လဲဆိုပြီး စဉ်းစားမိလာသည်။
ထို့နောက် ကောယွမ် ထိတ်လန့်သွားတော့၏။
“သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း တိုတောင်းတယ်(ကောင်လေးရဲ့ဟိုဟာ)ဆိုတာလည်း ကောယွမ်ကို ငါပြောပြသင့်တယ်ထင်တယ်။ ပြီးတော့ သူက အရမ်းကြီး ပြည့်စုံနေတာ မဟုတ်ဘူး” ရှီလီ မှတ်ချက်ပေးလိုက်၏။
သုံးယောက်သား သတိလက်လွတ် ဖြစ်ကုန်ကြတော့သည်။ ဘယ်လိုလုပ်ပြီး ဒီလိုအတွင်းရေးကိစ္စတွေကို ရှီလီ သိနေတာလဲ။
သူတို့တွေသည် Mac နှုတ်ခမ်းနီ နမူနာ(ဒီအသုံးအနှုန်းက အပေါ်မှာ မပါပေမဲ့ ဒီမှာ ပါနေတာပါ)ကို တစ်ခါမှမသုံးဖူးတာကြောင့် ၎င်း၏အရွယ်အစားကို မသိကြသော်လည်း သိပ်မရှည်သော နှုတ်ခမ်းနီတောင့်အရှည်ကိုတော့ သုံးကြသည်။ အကယ်၍ သူက နှုတ်ခမ်းနီတစ်တောင့်ထက်တောင် တိုတယ်ဆိုရင်၊ဘယ်လောက်ထိ တိုတာလဲ။
၎င်းမှာ ထိပ်ဖူးညွန့်၏ ကြီးထွားခြင်းက ဘေးညွန့်၏ ကြီးထွားမှုကို အဟန့်အတားဖြစ်စေတယ်ဆိုတာ ဇီဝဗေဒဆိုင်ရာ အချက်ပင်။
ချောင်ရှန်းက အမှန်တကယ်ကို အတော်လေးအရပ်ရှည်ပြီး မတ်တပ်ရပ်နေလျှင် 1.8mကျော်ရှိသည်။
မိန်းမပျိုသုံးဦးမှာ သူတို့မျက်လုံးများဖြင့် ချောင်ရှန်း၏အရပ်ကို တိုင်းတာလိုက်ကြပြီး၊ နောက်ဆုံးတွင်မူ သူတို့၏ အကြည့်တွေမှာ ကိုးယိုးကားယားနိုင်သော နေရာဆီ သက်ဆင်းသွားတော့သည်။
ကောယွမ် ဆက်ပြီး သည်းမခံနိုင်တော့ပေ။ ရှီလီ နားလည်မှုလွဲနေတာကို သူမ ဖြေရှင်းလိုက်လို့ရပေမဲ့၊ ဒီဟာကတော့ အခြေခံသဘာဝဆိုင်ရာ ပြဿနာပင်၊ ကန့်သတ်ချက်ကိုတော့ ကျော်လို့မရပေ။
“တကယ်တော့ အဲဒါက ဇီဝဗေဒဆိုင်ရာ ဥပဒေကို လိုက်နာတာဘဲလေ” ရှီလီ သူမ၏ထွပ်ဆိုချက်ကို ကာကွယ်ပြောဆိုလိုက်၏။
အရောင်းဝန်ထမ်းက သူတို့လဲလှယ်နေတာကို စကားဖြတ်ပြောလာပြီး အရှေ့တိုးက မေးလိုက်သည်။ “လူကြီးမင်း၊ ကျွန်မတို့ရဲ့နာရီ brand ကို စိတ်တိုင်းကျပါရဲ့လား”
လက်ရှိတွင် ချောင်ရှန်းက သူတို့ဆိုင်ကနာရီတစ်လုံးကို ဝတ်ကြည့်နေတာပင်။
28 02
သူတို့ထောင့်နားရှိ ထူးခြားနေသော အခြေအနေက ဤလူ သူတို့၏နာရီကိုဝတ်ပြီး ထွက်ပြေးသွားကာ၊ သူတို့ဘဲ ကုန်ကျစရိတ် တစ်သောင်းကျော် လျော်ကြေးပေးရမှာကို ဆိုင်ဝန်ထမ်းအား စိတ်ပူမိလာစေသည်။ ၎င်းက သူတို့ နှစ်လစာအလုပ်နှင့် ညီမျှပေသည်။
သာမန်အဆင့်ဘဲရှိသော ချောင်ရှန်းလို ယောက်ျားတစ်ယောက်က ယခုလို ဇိမ်ခံနာရီတစ်လုံးကို မတတ်နိုင်ပေ။
သူတို့နှစ်ယောက် ဆုံကြတော့၊ သူက ကောယွမ်ကို လည်စည်းတစ်ခု လက်ဆောင် ပေးခဲ့၏။ ၎င်းမှာ လမ်းဘေးတွင် ချရောင်းသော ယွမ်ငါးဆယ်မျှသာရှိသော်လည်း ချောင်ရှန်းကတော့ သူကိုယ်တိုင် ချည်ထိုးခဲ့တာပါဟု အခိုင်အမာ ပြောခဲ့တာပင်။
သူ၏ ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့်အလုပ်များသော လေ့လာရေးအချိန်ဇယားကို ဂရုမထားဘဲ၊ သူမအတွက် အချိန်လုပြီး လည်စည်းလုပ်ဖို့ ချည်ထိုးရန် စိတ်လိုလက်ရ လေ့လာခဲ့သည်။ ဤသည်မှာ သူတို့ စတွဲကတည်းက ပထမဆုံး လက်ဆောင်ဖြစ်သဖြင့် ၎င်းအပေါ်မှာ ကြိုးစားပမ်းစား အားစိုက်ထားသည်ဟူ၍ သူ ဖွင့်ဟဝန်ခံခဲ့၏။
သူ့မိသားစုက သာမန်ပဲဖြစ်သဖြင့် သူမအား ကောင်းမွန်သောဘဝကို မထောက်ပေးနိုင်ဘူးဟုလည်း ဝန်ခံခဲ့သေးသည်။ သို့သော် သူကအခြားနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးပြီး သူမ၏ ကောင်လေးဖြစ်လာမယ်လို့ ဝန်ခံခဲ့တာကြောင့် သူမကို စိတ်ကျေနပ်စေခဲ့သည်။
သူ့လုပ်ရပ်ကြောင့် ကောယွမ်မှာ အတော်လေး စိတ်လှုပ်ရှားသွားခဲ့ပြီး သူ့အား လက်ဆောင်ပြန်ဝယ်ပေးမှာပဲ ဖြစ်သည်။
အကယ်၍ သူမကောင်လေးက သူမကို လက်ဆောင်ပေးလာပါက အပြန်အလှန် ပြန်ပေးခြင်းကသာ မှန်ပေသည်။
ကောယွမ်က အတော်လေး ချမ်းသာပြီးသူငယ်ချင်းများနှင့်လည်း ရက်ရက်ရောရောရှိကာ သူမကောင်လေးအပေါ် သေချာပေါက် ကပ်စေးမနည်းပေ။
သူမလည်း အနည်းငယ် စိတ်ပူခဲ့၏။ ချောင်ရှန်းရဲ့ လက်ဆောင်က အတော်လေးကို တွေးပေးထားတာ၊ တကယ်လို့ သူမကသာ အသင့်လုပ်ပြီးသား ပစ္စည်းကို ပေးလိုက်ရင် ဝတ်ကျေတမ်းကျေ အရမ်းဆန်သွားမလား။
သူမက စိုးရိမ်နေတာတွေကို ထုတ်ပြောခဲ့သော်လည်း ချောင်ရှန်းက သူမ ဘာလက်ဆောင်ပေးပေး၊ ဘယ်လိုပုံပဲဖြစ်ဖြစ် သဘောကျမှာဟူ၍ သူမအတွက် တွေးပေးကာ နှစ်သိမ့်ပေးခဲ့သည်။
ကောယွမ်က နာရီဆိုင်သို့ ချောင်ရှန်းကို ခေါ်လာခဲ့ပြီး အချိန်အတော်ကြာ လျှောက်ကြည့်နေခဲ့ကြတာပင်။
အကယ်၍ ကောယွမ် ဝတ်ထားတာများသာ အရည်အသွေးမြင့်ပစ္စည်းတွေ မဟုတ်ပါက အရောင်းဝန်ထမ်း၏ အထင်အမြင်သေးခြင်းကို သူမ ခံနေရလောက်နေပြီ။
ဤအခိုက် နာရီကို စိတ်တိုင်းကျလားဟု မေးနေသော အရောင်းဝန်ထမ်းက တကယ်တော့ ချောင်ရှန်းကို မြန်မြန်ငွေပေးချေရန် အရိပ်အမြွတ် ပြောနေခြင်းပင်။
စိတ်တိုင်းကျရင်လည်း ပိုက်ဆံချေတော့လေ။ မဟုတ်လည်း နာရီကို ချွတ်ပါတော့လို့။
ချောင်ရှန်းက သူ့အတွက် ရည်ရွယ်ထားသော လက်ဆောင်အတွက် ကောယွမ် ပိုက်ဆံချေလာမှာကို စောင့်နေတာပင်။
ယခုလို ဈေးကြီးပစ္စည်းကို သူမတတ်နိုင်ဘူးဆိုတာ မပြောဘဲနှင့်တောင် သိနိုင်ပေသည်။
ယခုတောင်မှ အချို့သော ဇီဝကမ္မအသိပညာတစ်ချို့တွင် အာရုံဝင်စားနေပြီး အရောင်းဝန်ထမ်း၏ အရိပ်အမြွတ်ကို သတိမထားမိပေ။
အသက်တစ်ရှူစာအတွင်း ငွေပေါင်းသောင်းချီအား လွှဲပေးနိုင်သော တစ်ဖက်က လူသုံးဦးဘက်တွင် တစ်ယောက်ကို သူ အမှားလုပ်မိထားပြီး ကျန်နှစ်ယောက်ကလည်း ပထမတစ်ယောက်ကို သူအမှားလုပ်မိခဲ့တာကြောင့် ဒုက္ခပေးမည့်စာရင်းထဲ ထည့်ထားကြ သည်။
ဘယ်သူကမှ သူ့အား လက်ကမ်းပေးရန် ဆန္ဒမရှိကြပေ၊ ဖြစ်ရပ်ကိုသာ ရပ်ကြည့်နေပြီး သူ့ကို ကူညီပေးရန် ငြင်းပယ်ထားကြသည်။
ထိုအခိုက်တွင် ချောင်ရှန်းမှာ သမက်ဝတ္ထု၏အစပိုင်းတွင် ရက်စက်သည့် ဇနီးသည်က သူမ၏ တာဝန်များကို လျစ်လျူရှုပြီး သူမ၏ဩဇာကြီးသော သူငယ်ချင်းတွေကို သူ့အား အနိုင်ကျင့်ခွင့်ပေးထားသော ဆင်းရဲပြီး ကူကယ်ရာမဲ့နေသည့် အဓိကဇာတ်လိုက်တစ်ယောက်လို ခံစားလိုက်ရသည်။
28 03
ဤတစ်ကြိမ်တွင် ချောင်ရှန်း သူ့ကိုယ်သူဘဲ ကယ်တင်နိုင်သည်၊ မျက်နှာပေါ်တွက် ယဉ်ကျေးသော အပြုံးကို ထိန်းသိမ်းထားရင်း“တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီနေရာကို ကျွန်တော် မကြိုက်ဘူးဗျ*
ရိုးစင်းသော ဝန်ထမ်းသစ်က ပြောချင်လာ၏။ “လူကြီးမင်း၊ လူကြီးမင်းက ဒီတစ်ခုနဲ့ လိုက်ပါတယ်၊ ပြန်စဉ်းစားကြည့်ပါ…”
ဝန်ထမ်းဟောင်းက သူမစကားကို ဖြတ်ပြောလာကာ “ဟုတ်ပါပြီ၊ လူကြီးမင်း၊ ဒီတစ်ခုကို ရှင့်အတွက် ကျွန်မတို့တွေ ချန်ပေးထားလို့ ရပါတယ်။ လူကြီးမင်း သဘောကျရင် ကျွန်မတို့ဆိုင်ကို နောက်လည်း ဝင်ကြည့်လို့ရပါတယ်ရှင့်”
လေးယောက်အဖွဲ့ ဆိုင်ထဲကနေ ထွက်သွားကြတော့၊ ဝန်ထမ်းဟောင်းက လူသစ်ကို သင်ပေးရန် ဆုံးဖြတ်လိုက်၏။
“ဝယ်သူတွေအပေါ် စိတ်အားထက်သန်တာက ကောင်းပေမဲ့ ဉာဏ်ကောင်းဖို့လည်း လိုသေးတယ်။ ခုနကလူက အပျော်လင်၊ သူဘာမှ မဝယ်နိုင်ဘူး၊ သူ့ကိုမေးလည်း အလကားပဲ”
“အဲဒီမိန်းကလေး သုံးယောက်ကမှ လက်ရှိရေပန်းစားနေတဲ့ ဒီဇိုင်နာချုပ် အဝတ်တွေကို ဝတ်ထားတာ၊ ဟိုလူက ဘာတန်ဖိုးရှိတာမှ ဝတ်ထားတာ မဟုတ်ဘူး။ ငါတို့ဆိုင်ထဲကိုများ ဘာလို့ ဝင်ရဲသေးတာလဲ။ ပိုက်ဆံချေဖို့ မိန်းကလေးတွေအပေါ် မှီခိုနေတယ်ဆိုတာ သေချာတယ်”
ဝန်ထမ်းသစ်မှာ ထိတ်လန့်သွားပြီး “သောင်းချီတန်တဲ့ နာရီကို၊ သူမို့ အတင့်ရဲတာ”
ဝန်ထမ်းဟောင်းက ပခုံးတွန့်ပြီး “ယောက်ျားတွေဆိုတာ အရေထူပြီး အရှက်မဲ့ကြတယ်လေဟယ်။ ချမ်းသာတဲ့ မိန်းကလေးတွေ အတွက်တော့ ပင်လယ်ထဲက တစ်စက်လောက်ကို မျက်တောင်ခတ်မှာ မဟုတ်ဘူး၊ အဲဒါက သူတို့အတွက် ရက်အနည်းငယ် သုံးဖို့ပဲတန်တာ”
“သူ့မှာ လက်တွေခြေတွေ ရှိရဲ့သားရဲ့၊ မိန်းမငယ်လေးတွေကို ပိုက်ဆံအတွက် ကလိမ်ကျ ချင်နေသေးတယ်” ဝန်ထမ်းသစ်က ခေါင်းယမ်းကာ “ငါ့ကိုသာ ချမ်းသာတဲ့ မိန်းကလေးတစ်ယောက်က ဒီလိုဆက်ဆံပေးမယ်၊ လတိုင်းနာရီတစ်လုံး ဝယ်ပေးမယ်ဆိုရင် ငါဆိုလည်း ဖြားယောင်းမိမှာပဲ”
သူမကို ဝန်ထမ်းဟောင်းက စနောက်ကာ ရိုက်လိုက်ပြီး “အိပ်မက် မက်မနေနဲ့တော့။ ပစ္စည်းတွေ သွားဖြည့်လိုက်ဦး။ ချမ်းသာတဲ့လူတစ်ယောက်အတွက် ကုမ္ပဏီကို ထောက်ပံ့ရတာ လွယ်တယ်လို့များ ထင်နေလား”
ဆိုင်ထဲမှ ထွက်လာကြပြီးနောက် ကောယွမ်က သူ့အတွက် ပိုက်ဆံမဖြုန်းပေးချင်လို့ တမင်မကြားချင်ယောင် ဆောင်နေသလားဟူပြီး ချောင်ရှန်း အတွေးမဝင်ဘဲ မနေနိုင်တော့ပေ။
ကောယွမ်မှာ လုံးဝစိတ်ပျံ့လွင့်နေသည့် အနေအထားသို့ ရောက်နေပြီး ချောင်ရှန်းကို ဆက်ဆံရာ၌ အရင်ကလို တက်တက်ကြွကြွ မရှိတော့ဘဲ၊ အေးစက်မှုတစ်ချို့ကိုတောင် ပြသနေသည်။
ဝေ့ယီနှင့် ရှီချွေ့ယွီတို့မှာ တစ်မျိုးကြီး ကြည့်နေကြပြီး ရံဖန်ရံခါတွင် သူတို့၏ အကြည့်တွေက ချောင်ရှန်း၏ ကိုယ်အောက်ပိုင်းကို ရောက်သွားတတ်ကြသည်။
ဖြစ်ရပ်၏ ဒေါသအထွက်ဆုံးဖြစ်သော ရှီလီက အချက်အလက်အများစုကို ထောက်ပံ့ပေးထားပြီး လုံးဝ လျစ်လျူရှုခံနေရသည်။
မိန်းကလေးသုံးဦး၏ အာရုံထဲစွဲနေသည့် တစ်ခုတည်းသော အရာကတော့ - brand တစ်ခုရဲ့နှုတ်ခမ်းနီ နမူနာက ဘယ်အရွယ်အစားလောက် ရှိတာလဲ။