← Chapters

အခန်း (၂၉-၃၂)

Vol. 2 Ch. 29-32

အခန်း (၂၉-၃၂)

Vol. 2 Ch. 29-32

29 01

အခန်း ၂၉: လူမျိုးအင်အား မတောင့်သေးဘဲနဲ့ငါတို့ကလေးတွေရဲ့ အချစ်ရေးကို ဘယ်လို လုပ်ပြီး ပြောဆိုနိုင်မှာလဲ

brand တစ်ခု၏ မိတ်ကပ်အတန်းသို့ ယနေ့တွင်ရောက်ရှိလာသော ထူးထူးဆန်းဆန်း ဝယ်သူ လေးဦးမှာ မိန်းကလေးသုံးယောက်က‌နောက်ဆုံးပေါ် ဖက်ရှင်တွေကို ဝတ်ဆင်ထားကြသည်။ အရင်ဦးဆုံး သူတို့က နှုတ်ခမ်းနီတွေကို ကြည့်ချင်တယ်ဟူ၍ ပြောလာခဲ့ပြီးနှုတ်ခမ်းနီ နမူနာတွေကို ကြည့်လို့ရမလားဟူ၍ စူးစမ်းနေကြသည်။

ထူးဆန်းတာက ထိုကဲ့သို့ ဝတ်စားထားသော မိန်းကလေးတွေမှာ လက်ကိုင်အိတ် တစ်လုံးတည်းနှင့် သူတို့၏ အထူးကောင်တာတစ်ခုလုံးကို ဝယ်လို့ရနိုင်သော်လည်း နှုတ်ခမ်းနီနမူနာများကို ကြည့်ဖို့ဘဲ တောင်းဆိုလာသည်။ ထူးဆန်းလှသည့် တောင်းဆိုချက်ပင်။

ဝန်ဆောင်မှုရာတွင် အရည်အချင်း ပြည့်ဝသော ဝန်ထမ်းအနေဖြင့် ဝယ်သူ၏ တောင်းဆိုချက်တွေက တရားမဝင်တာ မဟုတ်သရွေ့၊ စိတ်ကျေနပ်မှုရစေရန် အကောင်းဆုံး ကြိုးစားကြမှာဖြစ်သည်။

နှုတ်ခမ်းနီ နမူနာတွေကို အများအားဖြင့် အလကားပေးသော်လည်း ယေဘုယျအားဖြင့် ပြသထားတာမျိုး မရှိပေ။ အရောင်းဝန်ထမ်းက နမူနာသိုလှောင်ခန်းကနေ နမူနာအချို့ကို ရှာလာပြီး သူတို့ဆီ ယူပေးလာ၏။

ရှီလီကို အရောင်းဝန်ထမ်းက မိတ်ကပ်တွေ ရောင်းနေခိုက်၊ သူမ အခင်ဆုံးသူငယ်ချင်းတွေ နမူနာအချို့အား စူးစမ်းနေတာကို ဝိုးတိုးဝါးတား ကြားလိုက်ရသည်။ အသေးစိတ်ကိုတော့ သူမ သတိမပြုမိပေ။

ဘေးလူတွေဖြစ်သော ဝေ့ယီနှင့် ရှီချွေ့ယွီတို့မှာ ကောယွမ်၏ အတွေ့အကြုံနှင့် ကွဲပြားသည်။ သူတို့က ဖြစ်ရပ်ကို စိတ်ဝင်တစား ကြည့်နိုင်ကြပေသည်။

ကနဦး၌ ကောယွမ်တွင် ရှုပ်ထွေးသော ခံစားချက်များ ရှိခဲ့သည်။ သူမ၏ အခင်ဆုံးသူငယ်ချင်းက သူမရည်းစားဟောင်း၏ ရုပ်ပိုင်းဆိုင်ရာ ပြဿနာမှအစ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေအထိ ထုတ်ဖော်ပြောလာသည်မှာ တစ်ခုမှအဖတ်ဆယ်စရာ မရှိပေ။

၎င်းက သူမကို စိုးရိမ်စေသဖြင့် သူမတွင် ဝင်ရောက်စွက်ဖက်ရန် စိတ်မပါချေ။

တစ်ဖက်ခြမ်းက နှစ်ယောက်ကတော့ နှုတ်ခမ်းနီ နမူနာတွေကို ရသွားလေပြီ။ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုးလုပ်နေကြ၍ ကောယွမ်မှာ အကယ်၍ သူမအကြောင်းကို အတင်းတုပ်နေလျှင်တောင် သူတို့နှင့် သွားပေါင်းရန်အထိ စိတ်မဝင်စားနေပေ။

အနှီနှစ်ယောက်က နှုတ်ခမ်းနီကိုယ်ထည်ကိုအသာအယာ လှည့်လိုက်ပြီး နှစ်ပတ်တောင် မပြည့်သေးခင်မှာဘဲ နှုတ်ခမ်းနီက အဆုံးထိ ရောက်သွားလေပြီ။

လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ဖြင့်ရောင်ပြန်ဟပ်ကုန်တော့၏။

ဝေ့ယီက ရေရွတ်လာကာ “ဒါ ရောဂါတစ်မျိုး ဖြစ်နေတာ မဟုတ်ဘူးလား”

ချောင်ရှန်းကတော့ ကောယွမ်၏နောက်လေးတွင် စိတ်ရှည်လက်ရှည်ဖြင့် မတ်တပ်ရပ်နေသည်။ မိန်းကလေးသုံးယောက်ကြားက စကားဝိုင်းမှာ ရှုပ်ထွေးပွေလီနေပြီး သူ နားမလည်နိုင်၊ ထို့ကြောင့် သိမ်မွေ့သော ချစ်သူကောင်လေးတစ်ဦး၏ အမူအကျင့်အတိုင်း စောင့်ဆိုင်းနေလိုက်သည်။

သို့သော် သူဆန္ဒမပါဘဲ စောင့်ဆိုင်းနေရင်းမှ၊ကျောချမ်းဖွယ်ကောင်းသော မသက်မသာဖြစ်မှုမှာ သူ့ကိုယ်ပေါ် တွယ်တက်လာပြီး သူ့ခဗျာ ဘောင်းဘီ မဝတ်ထားသလိုမျိုး ခြေထောက်တွင် အအေးဓာတ်များ စိမ့်တက်လာသလိုပင်။

အခြားတစ်နေရာ၌၊ အရောင်းဝန်ထမ်း၏ လမ်းညွှန်မှုအောက်တွင် မိတ်ကပ်တစ်ဆက်စာအား ရှီလီ ဝယ်ပြီးသွားလေပြီ။

ဤမိန်းကလေးတွေက အပေါင်းအသင်းတွေဆိုတာကို အရောင်းဝန်ထမ်းက သိနေပြီး ရှီချွေ့ယွီတို့ မိန်းကလေးအဖွဲ့ နှုတ်ခမ်းနီနမူနာတွေအပေါ် စိတ်ဝင်စားနေတာကိုလည်း မြင်သည်။ ထို့ကြောင့် သူတို့ကို နမူနာများ လက်ဆောင်ပေးလိုက်ရန် ရည်ရွယ်လိုက်၏။

မိန်းကလေးသုံးဦးမှာ နမူနာကိုသုံး၍ လီဖော်ပြဖူးခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းကို သတိရသွားပြီး သူတို့ခေါင်းတွေကို တစ်ညီတစ်ညာတည်း ခါလိုက်ကာ “မလိုဘူး၊ ကျေးဇူးဘဲ”

ဤ brand ၏ နှုတ်ခမ်းနီ နမူနာကို သူတို့၏ကျန်တစ်ဘဝလုံးတွင် သတိထားကြတော့မှာပင်။ ဤ brand ၏ နှုတ်ခမ်းနီကိုတောင် အချိန်တစ်ခုအထိ မသုံးချင်တော့လောက်အောင် ဖြစ်သွားကြသည်။

အချိန်ကဘဲ ယခုလို စိတ်ဒဏ်ရာမျိုးကို ကုစားနိုင်မည်ထင်သည်။

ကောယွမ်က ဘယ်လိုပဲဖြစ်ဖြစ် ချောင်ရှန်းနှင့်တွဲသွားတာက ရှီလီအတွက် သိသာသော ထိုးနှက်ချက် ဖြစ်ခဲ့၏။

29 02

မင်းက အခင်ဆုံးသူငယ်ချင်းအား အခြားတစ်ယောက်နှင့် တွဲနေသည့်အပေါ်မှာ အကြိမ်ရေ မတွက်နိုင်အောင် အကြံပေးခဲ့သော်လည်း မင်းဆီ မင်္ဂလာဆောင်ဖိတ်စာ လာပို့သလိုပေါ့။

သူမ၏ ချစ်ခင်ရသော သူငယ်ချင်းအတွက်၊သူမ ဖြစ်နိုင်သမျှ လွတ်မြောက်ချင်သည်။

ဤလူက မကောင်းသည့်သူမှန်း သိလိုက်ရသဖြင့် ဒေါကန်နေသော်လည်း သူမ သူငယ်ချင်းအပေါ်တော့ လက်မလျှော့နိုင်။

အပြန်လမ်းတွင် ရှီလီက ကောယွမ်အား မည်သို့မည်ပုံ ရှင်းပြရမည်၊ သို့မဟုတ်လည်း တချို့သော သဘောတရားတွေမှတစ်ဆင့် အနှီအသုံးမကျသော ယောက်ျား၏ တကယ့်သရုပ်မှန်ကို ဘယ်လို‌ဖော်ထုတ်ရမည်ကို ကြံစည်နေတော့၏။

လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ရှီလီသည် အရင်ဘဝတုန်းက မရပ်မနား ဖျောင်းဖျခဲ့သော်လည်း ကောယွမ်ကတော့ ချောင်ရှန်းနှင့် လက်ထပ်သွားတာကြောင့် ရှီလီတွင် ဖျောင်းဖျရေးစွမ်းရည် ကင်းမဲ့နေသည်ကို ထုတ်ဖော်ပြသပြီးသား ဖြစ်နေလေပြီ။

အိမ်သို့ပြန်ရောက်တော့ ရှီလီမှာ စိတ်ငြိမ်စေရန်အတွက် သင်္ချာပုစ္ဆာအချို့ကို ဖြေရှင်းခဲ့၍ပုစ္ဆာတွေဖြေရှင်းရင်းမှ ကောယွမ်ကို ဘယ်လိုပြောပြရလဲဆိုသည့်အပေါ် သူမ၏အတွေးတွေကို ရှင်းလင်းလိုက်သည်။

စာရွက်တစ်ဝက်စာမျှ ရေးပြီးနောက် ရှီလီသည် စုံစမ်းလိုသော ကောယွမ်ထံမှ ဖုန်းခေါ်ဆိုမှာကို လက်ခံရရှိခဲ့သည်။ “ရှီလီ ဒီနေ့လည်တုန်းက နင်နည်းနည်း စိတ်ဆိုးနေသလားလို့။ မဟုတ်မှ ချောင်ရှန်းကို နင် သဘောမကျဘူးလား”

ကောယွမ် အကောင်းဆုံးကြိုးစားပြီး ရှီလီအတွက် တံတားခင်းပေးလိုက်၏။ ယနေ့မကျေမနပ်ဖြစ်ခဲ့သော ကိစ္စကို ရှီလီ ဖော်ထုတ်လာပြီဆိုတာနှင့် ကောယွမ်သည် ဆင်ခြေတစ်ခုခုသုံး၍ ချောင်ရှန်းနှင့် လမ်းခွဲလိုက်ရန်အသင့်ပင်။ “သူနင့်ကို တစ်နည်းနည်းနဲ့ အမှားလုပ်မိလို့လား” ငါကတော့ စကားစကို ကောင်းကောင်းကြီး ကြောင်းပေးလိုက်ပြီ။

ထိုစကားကိုကြားတော့ ရှီလီမှာ သူမ၏နှလုံးခုန်သံ စည်းချက်လွဲသွားသလို ခံစားလိုက်ရသည်။ ချောင်ရှန်းနဲ့ အတူတူရှိနေတာကို ကောယွမ်က ဘယ်လိုလုပ်ပြီး သူမရဲ့ စိတ်အခြေအနေကို သတိထားမိသွားတာလဲ။ ချောင်ရှန်း အရင် ပြောလိုက်တာပဲ ဖြစ်ရမယ်။

ရှီလီ သတိထားပြီး မေးကြည့်လိုက်သည်။ “ရုတ်တရက်ကြီး ဘာလို့ မေးတာလဲ”

“ငါ ဒီအတိုင်း ခေါင်းရှုပ်သွားလို့ပါ။ ခုတစ်လော ငါ သူနဲ့ စကားပြောလိုက်တိုင်း သူ့ကို အပြောနဲ့အလုပ် မညီဘူးလို့ ခံစားလာရလို့။ ငါတို့တွေ မလိုက်ဖက်သလို ခံစားနေရတယ်”

ဒီဘဝတွင် ကောယွမ် အသိတရား မြန်မြန်ဝင်လာတာက ရှီလီကို မယုံကြည်နိုင် ဖြစ်သွားစေသည်။ အရင်ဘဝတုန်းက ကောယွမ်ကို အားလျော့သွားစေရန် သူမ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း သူမ စကားများမှာအရာမရောက်ခဲ့။ သို့သော် ယခုဘဝတွင် ဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားသလိုခံစား‌လာရသည်။

ကောင်းကင်ဘုံက ငါတို့ကို တကယ်ကြီး စောင့်ရှောက်ပေးနေတာဘဲ။

ကောယွမ်၏ စကားတွေ အပြောင်းအလဲဖြစ်လာလေပြီ။ ရှီလီ ပြောပြလိုက်၏ “သူ ဘယ်လိုယောက်ျားလဲဆိုတာကို သိရအောင် ငါသူနဲ့ အချိန်လုံလုံလောက်လောက် မကုန်ဆုံးဖူးဘူး။ ငါပြောသင့်၊ မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်ရယ်”

ဤသည်မှာ သူမ စောင့်စားနေရသော သတင်းအချက်အလက်ပင်၊ ကောယွမ် သူမ‌ ပြောပြလာအောင် လောဆော်ပေးလိုက်၏။ “ကျေးဇူးပြုပြီး ဘယ်ပဲဖြစ်ဖြစ်၊ ငါ့ကို ပြောပြပါဟယ်။ ငါတို့ အတူတူ ရင်ဆိုင်ကြတာပေါ့”

“ငါတို့တွေ သူငယ်ချင်းဖြစ်လာတာ ဒီလောက် နှစ်တွေကြာနေပြီ၊ နင် ငါ့ကို မပြောနိုင်တဲ့ ကိစ္စဆိုတာ ရှိသေးလို့လား”

“ကောင်းပြီလေ၊ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အစားအသောက် ရောင်းတဲ့လမ်းမှာ လူမိုက်တစ်ဖွဲ့နဲ့ ငါဝင်တိုးမိတယ်။ သူတို့က လျန်ရုန်ရုန်ကို အနိုင်မကျင့်ဖို့ ငါ့ကို သတိပေးခဲ့တာ။ အဲ့လူမိုက်တွေကို ငှားတဲ့သူက ချောင်ရှန်းဆိုတာကို ဒီနေ့ပဲ ဖူဟွေ့ရှင်း သိသွားတာ”

29 03

နောက်ဆုံးတွင် ကောယွမ်မှာ သူမရှာဖွေနေတာကို သိလိုက်ရလေပြီ။ သူမ အနည်းငယ် အံ့ဩသွားသလို တုံ့ပြန်လိုက်ပြီး ချဲ့ကားပြောလိုက်သည်။ “အောင်မလေး! သူဘယ်လိုလုပ်ပြီး ဒီလိုကိစ္စကို လုပ်နိုင်ရတာလဲ”

ရှီလီနှင့် ကောယွမ် ဖုန်းပြောနေတာ တစ်ခုတော့ ကောင်းသည်။ တကယ်လို့သာ မျက်နှာချင်းဆိုင် ပြောရပြီဆိုပါက ကောယွမ်၏ ဆိုးရွားသော သရုပ်ဆောင်စွမ်းရည်ကြောင့် သူတို့၏လျှို့ဝှက်ချက် ပေါ်သွားပေလိမ့်မည်။

“နင်က ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ၊ကောယွမ်။ နင့်ကို နာကျင်အောင် ဘယ်သူ့ကိုမှ ငါခွင့်မပြုဘူး။ တကယ်လို့ ငါ့ကောင်လေး ဆိုရင်တောင် အရေးမကြီးဘူး”

ကောယွမ် ပြတ်သားသော မှတ်ချက်နှင့်အတူ စကားစသတ်လိုက်တော့၏။ “ငါ အခုချက်ချင်း သူနဲ့ လမ်းခွဲပစ်မယ်”

“ပြီးတော့လေ ငါ လျန်ရုန်ရုန်ကို သွားရှာဖို့ ဖုန်းမိသားစုဆီ သွားတုန်းက ဘေးပတ်လည်မှာ ချောင်ရှန်း ခိုးကြောင်ခိုးဝှက်လု ပ်နေသလို ခံစားမိသလိုပဲ”

ရှီလီက ချောင်ရှန်း၏ အနာကို ဆားပွတ်ရန် တိတ်တဆိတ် ပြင်ဆင်နေတုန်းမှာဘဲ ကောယွမ် ပြောလိုက်သည် ချောင်ရှန်းနှင့် လမ်းခွဲမယ်ဆိုသည့်စကားကြောင့် လန့်ဖြန့်သွားရသည်။

ရှီလီ စားမြုံ့ပြန်ပြောကာ “ငါ နားကြားမမှားပါဘူးနော်။ ရုတ်တရက်ကြီး ပျော်ရွှင်မှုက ငါ့အပေါ် သက်ဆင်းနေတယ်”

သို့သော် ဤနေ့ရက်အတွက် သူမ ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရတာပင်။ ဘယ်လောက်ဘဲ ရုတ်တရက် ဆန်ပါစေ၊ ၎င်းကို ပွေ့ဖက်နိုင်သည်ဟု သူမ ခံစားနေရသည်။ ထို့ကြောင့် သူမ ပြောလိုက်သည်။ “သံပူတုန်း ရိုက်ထားတာ ကောင်းတယ်၊ ဘာလို့ ဒီနေ့ပဲ လမ်းမခွဲလိုက်တာတုန်း”

“မဟုတ်လည်း နင့်ရဲ့ အိမ်ဖုန်းကိုသုံးပြီး သူနဲ့အခုချက်ချင်း လမ်းခွဲလိုက်လေ”

ရှီလီ၏ လောဆော်နေမှုကို ကောယွမ် ပါးနပ်စွာဖြင့် အာရုံခံမိသည်။

လမ်းခွဲရန်နည်းလမ်းတွေက ဟန်တစ်ခွဲသားနှင့်အချိန်အခါသင့်မှ ဖုန်းဆက်ဖို့ မလိုအပ်ပေ။ ရှီလီ ပြောသည့်အတိုင်း ကောယွမ်သည် သူမ၏ အိမ်ဖုန်းကိုသုံးပြီး ချောင်ရှန်းကို ဖုန်းဆက်လိုက်သည်။ “ကောယွမ် ပြောနေတာပါ၊ ချောင်ရှန်း။ လမ်းခွဲရအောင်”

ထိုစကားနှင့်ဘဲ သူမ ဖုန်းချလိုက်သည်။

ရှီလီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။

သူတို့ လမ်းခွဲလိုက်တာကို ကိုယ်တိုင် မြင်လိုက်ရတော့၊ ကောယွမ်နှင့် ဆက်ပြီးဆွေးနွေးစရာမလိုတော့ဘူးလို့ ရှီလီ ခံစားမိသည်။ အခုမှစ၍သူမ ‌စာလေ့လာခြင်းဆီပဲ ပြန်သွားချင်တော့သည်။

မူလကတော့ သူမ အတွေးရှင်းရန် ပုစ္ဆာ‌တွေ လုပ်နေခဲ့သော်လည်း ယခုတွင်မူ စိတ်ရှင်းရန်မလိုအပ်သလို၊ အိမ်စာတွေ လုပ်ရန်လည်းမလိုတော့ပေ။

သို့သော် ယနေ့မှာတော့ သူမ စိတ်ခံစားချက် ကောင်းနေသည်၊ အောင်ပွဲခံရန်အတွက် မေးခွန်းတစ်စုံကိုတောင် ဖြေနိုင်တယ်လို့ သူမခံစားမိနေသည်။

စိတ်ထဲတွင် မေးခွန်းတွေ ပြည့်နေသော ကောယွမ်ကတော့ ရှီလီကို ဘယ်လွှတ်ပေးနိုင်မည်နည်း။

သူမ မေးကြည့်လိုက်၏။ “နင်နဲ့ ဖူဟွေ့ရှင်းရဲ့အခြေအနေကရော”

ရှီလီ: "ဘယ်လိုဖြစ်ရမှာပဲ။ ငါတို့က ဒီအတိုင်း သာမန်အတန်းဖော်တွေပဲလေ”

ကောယွမ်: “ဒါဆို သူက ဘာလို့ နင့်ကိုကူညီပေးလဲ၊ နင့်ကို ဒုက္ခရောက်အောင် လုပ်နေတဲ့သူကိုတောင် ရှာပေးသေးတယ်”

“ဒါပေါ့၊ ဘာလို့ဆို သူက အရမ်းကူညီတတ်တဲ့ လူကောင်းမို့လို့လေ”

ကောယွမ် မနှစ်မြို့စွာ နှာခေါင်းရှုံ့လိုက်ပြီး“နင်ပြောတော့ ကျောင်းရဲ့ ထိပ်တန်းကျောင်းသားက ကူညီပေးတတ်တဲ့ လူကောင်းပါဆို၊နင်သူ့ကို နားလည်မှု လွဲနေတာ မဟုတ်ဘူး လား”

29 04

ရှီချွေ့ယွီကဲ့သို့၊ ကောယွမ်သည်လည်း သူမ၏သူငယ်ချင်း လိုက်နေသည့် ဖုန်းယွင်ဟယ်ကို သဘောမကျပေ။

“ဪ၊ ငါနားလည်ပြီ၊ ဒါကို ‘ကြည့်ရှုသူရဲ့မျက်လုံးထဲက အလှတရား’ လို့ ခေါ်တာဘဲ။ သူ့ရဲ့ လူမသိတဲ့ဘက်ကို နင်က မြင်နိုင်တော့၊နင်တို့နှစ်ယောက်က ကောင်းကင်ဘုံက တွဲပေးထားတဲ့ လိုက်ဖက်တဲ့ စုံတွဲတွေပေါ့”

သူမ၏ လေသံကို နားထောင်ကြည့်ရင်း ရှီလီ အဆင်မပြေသလို ခံစားလာရကာ “လူတွေကို လျှောက်တွဲပေးမနေနဲ့”

ဤသည်မှာ အမျိုးသားဇာတ်လိုက် မလွဲဧကန် ပွဲထုတ်ဖို့လိုသည့် အချိန်ပင်၊ သူမ နာကျင်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။ “ငါသဘောကျတဲ့သူက ဖုန်းယွင်ဟယ်ဆိုတာ နင်သိပါတယ်၊ အခြားသူတွေ ဘယ်လောက်ပဲ ကောင်းကောင်း ငါ့မျက်လုံးထဲ မဝင်ဘူး”

ရှီလီ: ‌နောက်ဆုံးတော့ အနာဂါတ်မှာ လက်ထပ်ဖို့ အတင်း တိုက်တွန်းလာမဲ့ မိဘတွေကို ရင်ဆိုင်ဖို့ ခိုင်မာတဲ့ နည်းလမ်းကို ငါလေး ရှာတွေ့သွားခဲ့ပြီ။

ကောယွမ်က နှလုံးသားကို နာကျင်သွားစေနိုင်သော နည်းလမ်းဖြင့် ပြောလာသည်။ “ဖုန်းယွင်ဟယ်က နင့်ကိုမှ မကြိုက်တာ။ ငါကတော့ ဖူဟွေ့ရှင်းကို တကယ့်လူကောင်းတစ်ယောက်လို့ မြင်တယ်…” ထို့နောက်မှာတော့ ကောယွမ်က ဖူဟွေ့ရှင်း၏ ကောင်းမှုများအကြောင်းကို ငါးမိနစ်ခန့် တင်ပြပြောဆိုနေသည်မှာ သူမ၏ သဘောထားက စာမေးပွဲတွင် စာစီစာကုံးရေးတုန်းက‌ ထက်တောင် ပို၍ပင် လေးနက်လို့နေ၏။

အထက်တန်း ကျောင်းသူတစ်ဦးအနေဖြင့် ကောယွမ်တွင် အချစ်ဇာတ်လမ်းများဖြင့် ပြည့်နှက်နေကာ ဘယ်လိုလုပ်ပြီး သူမ တတ်နိုင်မှာလဲ။

ထို့ကြောင့် ရှီလီ လည်ချောင်းရှင်းကာ ပြောလိုက်သည်။ "အတွေးသစ်ကို သင်ယူတယ်။ ငယ်ရွယ်မှုအသစ်အတွက် ရုန်းကန်လှုပ်ရှားရတယ်၊ ငါတို့နိုင်ငံ ချမ်းသာကြွယ်ဝပြီး အင်အား မကြီးမားသေးတဲ့ အချိန်မှာ အချစ်ရေးအကြောင်းကို ဘယ်ပြောလို့ဖြစ်မလဲ”

ကောယွမ် ပြောစရာ မဲ့သွားတော့၏၊ ထိုစကားကို အခြားတစ်ယောက်က ပြောလာခဲ့လျှင်တောင် သူမ ယုံဦးမှာဖြစ်ပြီး၊ ရှီလီဆီကနေ ကြားလိုက်ရချိန်မှာတော့ ရိုးရိုးသားသားပြောရလျှင် ယုံကြည်နိုင်လောက်သည့် အင်အား ရှိမနေပေ။

သူမ ဖော်ထုတ်လိုက်၏။ “လွန်ခဲ့တဲ့ နှစ်မိနစ်တုန်းကဘဲ၊ နင့်ရင်ထဲမှာ ဖုန်းယွင်ဟယ် တစ်ယောက်တည်းပဲ ရှိတယ်ဆိုပြီး ပြောခဲ့ပြီးတော့များ”

******

30 01

အခန်း ၃၀: သန့်စင်ခန်းမြင်ကွင်း

ဤအခိုက်တွင် ဝိရောဓိဆန်သော သဘောထားကို ရှီလီ ဖော်ပြလိုက်ကာ “ငါ ဖုန်းယွင်ဟယ်ကို သဘောကျတယ်။ ငါ စာလေ့လာတာကို အနှောင့်အယှက် မဖြစ်စေဘူးလေ၊ ငါအတန်းထဲမှာ ထိပ်ဆွဲနေတုန်းဘဲ။ နင်အဲ့လို လုပ်နိုင်လို့လား” ပြီး‌တော့ ဖုန်းယွင်ဟယ်ကို သူမ တကယ်ကြီး ကြိုက်နေတာလည်း မဟုတ်။

သို့သော် ‌ကောယွမ်ကတော့ အချစ်ဇာတ်လမ်းနှင့် ပတ်သက်လာလျှင် သူမကို ကုသ၍ မရနိုင်သော်လည်း ရှီလီ၏ ဇာတ်လမ်းထဲတွင် မြောပါမသွားပေ။ သူမ ပြောလိုက်သည်။ “တကယ်လို့ ချစ်ကြိုက်နေတာက နင့်ရဲ့အဆင့်တွေကို မထိခိုက်စေဘူးဆိုရင်၊ ဖူဟွေ့ရှင်းကိုလည်း နင်မှန်းလို့ရတယ်လေ။ ငါ့အထင် သူကမှ ဖုန်းယွင်ဟယ်ထက် ပိုသာသလားလို့”

ရှီလီ တွေးမိလိုက်သည်၊ ဘယ်လိုလုပ်ပြီး တူမှာလဲ။ ဖူဟွေ့ရှင်းက သာမန်ဆိုပေမဲ့ ဖုန်းယွင်ဟယ်ကတော့ မတူဘူး။ ပြီးတော့ ရက်စက်တဲ့ ဒုတိယ အမျိုးသမီးဇာတ်လိုက်အနေနဲ့ အမျိုးသားဇာတ်လိုက်ကို မကြိုက်ဘဲ ဒုတိယ အမျိုးသားဇာတ်လိုက်ကို သွားကြိုက်ရင် ဇာတ်လမ်းက ပြိုလဲမသွားဘူးလား။ သူမ တတိယအခေါက် ပြန်မစချင်ဘူးနော်။

ရှီလီတွင် သူမနှင့်ဆက်ပြီး စကားနိုင်လုရန်ရည်ရွယ်ချက် မရှိပေ “တော်ပြီဟာ၊ အတွေးလွန်မနေနဲ့တော့။ အချိန်ကျလာရင် ငါက ဖုန်းယွင်ဟယ်နဲ့ အတူရှိနိုင်တာဘဲ၊ အဲ့ကျမှသာ ငါတို့ကို လာတား။ အခုနေ ဆွေးနွေးတာကစောပါ‌သေးတယ်။ ငါ့ရဲ့ လျှို့ဝှက်အချစ်က ငါစာလေ့လာတာကိုမှ မထိခိုက်ဘဲ။ တကယ်လို့ တစ်နေ့နေ့မှာ ငါ ရည်းစား ထားလိုက်တာနဲ့၊ငါ့လေ့လာမှုအပေါ် သက်ရောက်နိုင်တဲ့ အလားအလာ ရှိနေတာဘဲလေ၊ အဲ့ကျမှဘဲ ငါ့ကိုလာ တားတော့”

ကောယွမ်တွင် ပြောစရာသိပ်မရှိပေ။ စာလေ့လာတာကို မထိခိုက်ဘူး။ မရေရာတဲ့ဟာကြီးကို။

အတန်းချိတ်မှာ သူ့နာမည်ကို တဖွဖွရွတ်နေတာ ဘယ်သူလဲ – စာသင်ခန်းထဲမှာ သူ့ကို ဘယ်လို မတ်ဆေ့ခ်ျပို့ရမလဲဆိုပြီးဘဲ တွေးနေပြီးတော့များ။

အားလုံးက နင်ပဲလေ။

စာလေ့လာတဲ့အပေါ် မသက်ရောက်ဘူးလို့ပဲ ပြောရဲသေးတယ်။

အပြစ်ရှိစိတ်လေးဘာလေး မခံစားရဘူးလား။

ရှီလီရဲ့ အတွေးတွေကြားနိုင်တဲ့ သူမရဲ့ စွမ်းရည်ကိုဘဲ ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ရှီလီရဲ့အတွေးတွေ ဒီလောက် ရှုပ်ထွေးမယ်မှန်းသူမ ဘယ်တော့မှ သိရမှာမဟုတ်ဘူး။

နောက်ထပ် တွေးကြည့်ပြန်တော့လည်း သူမရဲ့စာလေ့လာတာကို တကယ် မထိခိုက်စေပါဘူး၊အခြားသူတွေရဲ့ စာလေ့လာတာ၊ အိပ်တဲ့အပေါ်ကိုဘဲ ထိခိုက်စေတာပါ။

သူမ သဘောကျနေတဲ့သူအပေါ် အာရုံစိုက်ထားနေရင်း ရှီလီက ဆရာတွေနဲ့ အမှီလိုက်နိုင်သေးတယ်။

အခြားသူတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အလွယ်လေး စိတ်ဓာတ် ကျသွားစေနိုင်တယ်။ ရှီလီ့ကို ကြည့်ရတာ သာမန်နဲ ကွဲပြားတဲ့ပုံဘဲ။

သူမဆို အတန်းထဲမှာ နည်းနည်းလေး စိတ်ကူး ယဉ်ကြည့်လိုက်တာနဲ့၊ ဆရာတွေ ရှင်းပြတာကို လွတ်သွားပြီ။

သူမ ပိုပြီးဆိုးရွားလာတော့၊ ရှီလီကတောင် သူမကို အချစ်အပေါ် စွဲလမ်းတာရပ်ပြီး စာလေ့လာတဲ့အပေါ်မှာပဲ အာရုံစိုက်ထားဖို့ ပြောလာတော့ သူမလည်း ငေးတိငေးမှိုင်နှင့် သဘောတူ ခေါင်းညိတ်ခဲ့သည်။

ဖုန်းချပြီးတော့မှ ကောယွမ်မှာ ဘာကိုသဘောတူမိလိုက်မယ်မှန်း နားလည်သွား‌တော့သည်။ အကယ်၍ ပုံမှန်သဘောတူညီမှုဆို၊ အရေးမကြီးပေ။ သို့သော် ရှီလီက ပုံမှန်အတန်းချိန်တွေပြီးတိုင်း တနင်္လာ‌၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ များတွင် သူမနှင့် တစ်ဦးချင်းစီ စာလုပ်ရန် အချိန်ဇယားတောင် ဆွဲပြီးသွားလေပြီ။ ကျောင်းပိတ်ရက် အနားယူချိန်တောင် သင်ခန်းစာတွေဖြင့် အဖြည့်ခံလိုက်ရလေပြီ။

ချက်ချင်းပင်၊ ရှီလီက သူတို့ ဆွေးနွေးခဲ့သောအချိန်ဇယားကို ပို့ပေးလာသည်။

ပြွတ်သိပ်နေသော အချိန်ဇယားကို ကြည့်‌နေရင်း ကောယွမ် ကြောင်အမ်းသွားတော့၏။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ။

အားလုံးက ဖူဟွေ့ရှင်းနဲ့ ဖုန်းယွင်ဟယ်ကို ယှဉ်မိခဲ့တဲ့ သူမရဲ့ အပြစ်တွေချည်းပဲ။

ပုပ်သိုးနေတဲ့ ယောက်ျားနှစ်ယောက်၊ သူတို့ကိုပါ ဆွဲချဖို့ သူမ ကျိန်ဆိုတယ်။

30 02

ရင်းနှီးသော သူငယ်ချင်းတွေဆိုသော်ငြား ရှီလီကို ကောယွမ် ‌နည်းနည်းကြောက်သည်။

ရှီချွေ့ယွီနှင့် ဆက်ဆံရေးကောင်းသော ရှီလီနှင့်ကောယွမ်တို့က သူတို့ မိန်းကလေးသုံးယောက် အဖွဲ့၏ လှုပ်ရှားမှုကြီးကို ထုတ်ဖော်ခဲ့ကြ၏။

ရှီချွေ့ယွီ: ဘာထုတ်ဖော်တာလဲ။ ငါလေး ရေပန်းစားပြီး လူတိုင်းဆီက ဝိုင်းကြိုက်ခံရတာလား။ အခြားသူများ: ကြည့်ရတာ‌တော့ ဖုန်းယွင်ဟယ်ကို နင်တကယ် ကြိုက်သွားတော့မဲ့ပုံဘဲ။

ရှီချွေ့ယွီ မေ့လဲသွားလေပြီ။

ရှီလီ စီစဉ်ထားသည့် အတန်းချိန်‌ရောက်လာတော့ ကောယွမ်မှာ အတန်းမပြေးရဲပေ။

သူမ လုပ်နိုင်တာဆိုလို့ တနင်္လာနေ့တွင် သီချင်းဆိုအတန်း ရှိတယ်ဟူသော အကြောင်းပြချက်ကို သုံး၍ တနင်္လာနေ့တွင်ရှိသော အနီးကပ် သီးသန့်သင်တန်းကို ဖျက်ပစ်ရန် မရပ်မနား ချော့မော့ပြောဆိုခြင်းသာ။

သို့သော် ရှီလီထံမှ အသံမတ်ဆေ့ခ်ျကိုရပြီး နှစ်စက္ကန့်အကြာတွင်တော့ ကောယွမ်၏ အပျော်မှာ ကြာရှည်မခံတော့ပေ။

သူမ(ရှီလီ)၏ အသံမှာ တည်ငြိမ်နေပြီး“ဒါဆိုလည်း တနင်္လာနေ့အတန်းကို စနေနေ့ညနေဆီ ရွှေ့လိုက်လေ။ ဆရာစွင်းကို ငါပြောလိုက်မယ်”

ကောယွမ် အိပ်ရာပေါ် ပြိုလဲသွားပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရတော့၏။ သူမရဲ့ကျောင်းပိတ်ရက်လေးတွေ…

ပြီးတော့ ဒီဆရာစွင်းကတော့၊ အခုမှ ဘာလို့ဆရာစွင်း ဖြစ်နေရတာလဲလို့။

ဒီဆယ်မိနစ်ထဲမှာ နင်က ဆရာကိုတောင် ဖုန်းဆက်လိုက်ပြီးပြီတဲ့လား။

ဒီလို ပြင်းထန်တဲ့ လက်ဦးမှုယူတာက တကယ်ရော အဆင်ပြေလို့လား။

ရှီလီ၊ နင် လူမဟုတ်ဘူး။

အခြားတစ်ဖက်တွင် ကောယွမ်အတွက် ဆရာတစ်ယောက် ပြင်ဆင်ပေးနေသော ရှီလီမှာ အနည်းငယ် လှောင်ပြုံးပြုံးလိုက်သည်။ ခေါင်းထဲမှာ အချစ်တွေနဲ့ ပြည့်နေတဲ့ ကောယွမ်ကို တစ်ချိန်လုံး အချစ်ဇာတ်လမ်းထဲမှာပဲ ပျောက်ဆုံးနေတာကို တားဖို့ သူမရဲ့ အချိန်ဇယားတွေ ပြည့်နေဖို့ လိုတယ်လေ။

မနက် 8 နာရီမှ ညနေခင်း 9:30 အထိ အချိန်ပြည့်ကျပ်နေတာ၊ ကောယွမ် ယောက်ျားတွေအကြောင်း တွေးနိုင်ဦးမည်လို့ သူမ မယုံပေ။

၎င်းကို အချစ်ရူးရူးနေသော ဦးနှောက်အတွက်ကုသနိုင်မည့် ပြီးပြည့်စုံသော ‘အချိန်ကုထုံး’ ဟု ရှီလီ ခေါ်ဆိုသည်။

သင့်ရဲ့စိတ်ထဲမှာ စာလေ့လာဖို့ဘဲ ပြည့်နှက်နေမယ်ဆိုရင် ယောင်္ကျားတွေကိုတောင် မှတ်မိနိုင်တော့မှာ မဟုတ်ပေ။

အခုလို ပျော်ရွှင်ဖွယ်အချိန်တွေကို စာဖတ်ရင်း ကုန်ဆုံးသင့်တယ်မလား။

ကျောင်း၌၊ ချောင်ရှန်းကို ထင်ရှားကျော်ကြားသူအဖြစ် မသတ်မှတ်ထားပေ။ သူ၏အတန်းဖော်တွေ အနှီအတင်းအဖျင်းကို ကြားတုန်းက သူတို့၏ ကနဦး တုံ့ပြန်ပုံမှာ“ဒီကောင်ဘယ်သူလဲ” ဆိုတာပင်။

ကျောင်းစဖွင့်ချိန် နှစ်လကျော်ကျော်ဘဲ ရှိသေးသည့်အချိန်တွင် အတန်းအပြင်က အတန်းဖော်တွေကို မသိခြင်းက သာမန်ဘဲဖြစ်သည်။

အများအားဖြင့် သင့်ရဲ့ ဘေးပတ်လည်ကအတင်းအဖျင်းတွေကို မွေ့လျော်ခြင်းက ပို၍ပျော်စရာကောင်း၏။

ချောင်ရှန်းကို သူတို့ သိပ်ပြီး မသိကြသေးသည့်အချိန်မှာပဲ၊ တိမ်မြုပ်နေသော အတင်းအဖျင်းကို ဖြည်းဖြည်းချင်း ပုတ်ခတ်ပြောဆိုတာက စိတ်ဝင်စား‌စရာကောင်းလှသည်။

အထူးသဖြင့် အချို့သော ကျောင်းသားတွေမှာ ချောင်ရှန်း၏ အရွယ်အစားကို စပ်စုချင်နေကြသည်။

30 03

နှစ်တိုင်းတွင် ထူးဆန်းသော ဖြစ်ရပ်များဖြစ်ပျက်လေ့ရှိပြီး အထူးသဖြင့် ယခုနှစ်မှာပဲ ဖြစ်သည်။

ဤသည်မှာ ဒီနှစ်ရက်အတွင်း ချောင်ရှန်း၏ အဓိက ခံစားချက်ပင်။ ကျောင်းပိတ်ရက်အတွင်းမှာဘဲ၊ သူ၏ လောလောလတ်လတ် ချစ်ခွင့်ပန်ထားကာ သိကျွမ်းထားသော ချမ်းသာသည့် မိန်းကလေးက သူနှင့် လမ်းခွဲလာသည်။ သူတို့ လမ်းခွဲတာ အဆင်ပြေသော်လည်း၊ နှစ်နာရီတောင် မကြာသေးဘဲနှင့် အငြင်းခံလိုက်ရတာပင်။

ချမ်းသာသော မိသားစုက ကလေးတွေမှာ ဉာဏ်ကောင်းပြီး ထုံအသည့်သူမျိုးနှင့် ကြုံဆုံရခြင်းက ရှားပါးလှသည်။

ထို့ကြောင့် ချောင်ရှန်းမှာ ကောယွမ်ကို အဆုံးရှုံးမခံနိုင်ဘဲ၊ သူတို့၏ ဆက်ဆံရေးကို ပြန်အဖတ်ဆယ်ချင်သည်။

သို့သော် သူ၏ ဆက်သွယ်ရေး ကွန်ရက်တွေကို ကောယွမ်က blocked ပစ်လိုက်သဖြင့် သူမကို ဆက်သွယ်ရန် နည်းမရှိတော့ပေ။

အခြေအနေကို ရှင်းလင်းရန်အတွင် တနင်္လာနေ့ ကျောင်းပြန်ဖွင့်တာကိုဘဲ စောင့်ဆိုင်းရန်သာ သူတတ်နိုင်သည်။

ကောယွမ်နှင့် သူ၏ဆက်ဆံရေးမှာ ဤအဆင့်ထိ ရောက်နေပြီဖြစ်ပြီး သူ အဖတ်ဆယ်လို့ရရင် အကောင်းဆုံးဖြစ်သော်ငြား ချောင်ရှန်းက ကောယွမ်နှင့် တွဲဖူးတယ်ဆိုတာ ကျောင်းကလူတွေကို မသိစေချင်ပေ။

၎င်းမှာ ကောယွမ်၏ ဂုဏ်သတင်း ထိခိုက်သွားမှာကို စိုးရိမ်လို့တော့ မဟုတ်ချေ၊ သူ၏နောက်ထပ်သော ချစ်သူမိန်းကလေး စိတ်ထဲခုသွားမှာဘဲ စိုးတာကြောင့်သာ။

ပိုထူးဆန်းတာက သူသည် နားချိန်အတွင်း သန့်စင်ခန်းသွားတုန်းက၊ သူ့အား အမြဲလိုလိုခိုးကြောင်ခိုးဝှက် ကြည့်နေသော ‌ယောက်ျားတွေ ရှိနေတာပင်။ တကယ်လို့ အခြေအနေကို သူမသိထားလျှင် ဆိုးသွမ်းသော ယောင်္ကျားသားတွေဆီ ပြေးဝင်လာမိတယ်လို့ သူတွေးနေမိမှာ ဖြစ်သည်။

ပိုဆိုးတာက တစ်ယောက်ထက် ပိုနေတာဘဲဖြစ်၏။

ယောက်ျားတစ်သီတစ်တန်းရဲ့ အဝိုင်းခံထားရ ပြီး ဘောင်းဘီကြယ်သီးအား ဖြုတ်နေသော သူ့လက်ကို စိုက်ကြည့်ခံနေရတာကို မည်သူနားလည်နိုင်မည်နည်း။

သူ့လက်ကို နည်းနည်းမြန်မြန် လှုပ်လိုက်တာနဲ့ပေါ်သွားတော့မှာပင်။

ဒါ တကယ့်ကို ကြောက်ဖို့ မကောင်းဘူးလား။

******

အခန်း ၃၁: ကျောင်းအပြန် လမ်းပိတ်ခြင်း

ချောင်ရှန်းမှာ သန့်စင်ခန်းထဲ၌ သူ၏ ကိုယ်ရေးကိုယ်တာကို ဆိုင်တွင် ခင်းကျင်းပြထားသလိုသတ်မှတ်ထားသည့်အလား ဆက်တိုက်စပ်စုခံ နေရတာကြောင့် အတော်ကို စိတ်ဖိစီးနေလျှက် ရှိသည်။

ချန်ဖူအထက်တန်းကျောင်း၏ ဇိမ်ခံဒီဇိုင်းများမှာ သန့်စင်ခန်းတွေတောင် မချန်သည်ကို ထူပြောလှသော သက်သေအထောက်အထားအနေဖြင့် ရပ်တည်နေသည်။

ယခုတောင်မှ သူတောင့်တနေသော သီးသန့် တည်ရှိမှုကို ထောက်ပံ့ပေးခဲ့သည့် ဗိသုကာပညာရှင်အား ချောင်ရှန်း ကျေးဇူးတင်နေမိ၏။ သို့သော် သူ နောက်ဆုတ်လိုက်လျှင်သူ့တွင် ဖုံးကွယ်စရာရှိနေလို့ လိပ်ပြာမလုံဘူးဟူသော အယူအဆအား ဝန်ခံမိသလိုဖြစ်သွားပေလိမ့်မည်။

အထင်ကြီးစရာကောင်းတဲ့ အရွယ်အစားဆို၊အမြင်ခံရမှာကို သူဘာကြောင့် ကြောက်နေမှာလဲ။

ဤပြင်းထန်သော လုပ်ရပ်က သူ့ကိစ္စကိုစမ်းသပ်နေတာပင်။

လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာဘဝနှင့် ပတ်သက်သော အတင်းအဖျင်းများက အမြဲလိုလို အလွယ်တကူ ပျံ့နှံ့လွယ်ပြီး အထူး သဖြင့် ကျောင်း၏ ကောလဟလ ဒုစရိုက်နယ်မြေမှာ အခန်း 1 မှ ဖြစ်နေချိန်တွင်ပင်။

ကျောင်းသားတွေကြားတွင် ယခုလိုမျိုးပဲ တီးတိုးသံတွေ ပျံ့နှံ့နေလျှက်ရှိသည်။ “ဟေး၊ မင်းအတန်းထဲက ချောင်ရှန်းရဲ့ဟာကနှုတ်ခမ်းနီ နမူနာလောက်တောင် မကြီးဘူးဆိုတာ သိပြီးပြီလား”

သူ့အတန်းဖော်တွေက ခုခံပြောဆိုလာကာ“ခဏနေစမ်းပါဦး၊ ဘယ်လိုလုပ်ပြီး ငါသိမှာတုန်း။ ။ မင်းကရော ဘယ်လိုသိလဲ”

အခန်း 1 မှ ကျောင်းသားတို့မှာ ရှီလီဆီက သတင်းရခဲ့ကြောင်းကို ဝန်မခံနိုင်ကြပေ၊ အထူးသဖြင့် ကောလဟာလတွေ ပျံ့နှံ့လာသော မူလဇာတ်မြစ်က သူမကိုယ်တိုင်ဖြစ်နေတာကို ရှီလီ သတိမထားမိနေချိန်တွင်ဖြစ်သည်။

သူမ၏ ရင်ထဲတွင် တွေးဆနေမိ၏၊ သူမနဲ့ဒီ ကိစ္စသက်ဆိုင်နေတာကို မမြင်နိုင်ခဲ့ဘူး။

ဝေ့ယီနှင့် ရှီချွေ့ယွီတို့မှာ နောက်ဆုံးရ အတင်းအဖျင်းအား အဖွဲ့ထဲသို့ အကြမ်းဖျင်း ဝေမျှခဲ့ကြသည်: ဒါတွေအားလုံးအတွက် သူတို့မှာဘာအပြစ်ရှိလို့လဲ။

အခန်း 1 မှ ကျောင်းသားများမှာ အတင်းအဖျင်း စစ်မှန်ကြောင်းကို ဇဝေဇဝါ အတည်ပြုခဲ့ကြသည်၊ သူတို့က ဒီအတိုင်း ရိုးသားပြီးစပ်စုချင်ရုံတင်ပါ။

အတင်းအဖျင်းတွေ ပျံ့သွားတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပရမ်းပတာတွေ ပြောကြလို့ပဲလေ။

ချောင်ရှန်းမှာ သူ့ဘေးနား၌ အတင်းအဖျင်းများ လှည့်ပတ်နေတာကို လဝက်ခန့်ကြာမှ သိခဲ့ရသည်။

မော်ကြွားသော ကောင်လေးတစ်ယောက်အနေဖြင့် သူတကယ်ကို အရှက်ရမိ၍ သူ့အား သိက္ခာကျစေသည့် သတင်းတွေကို ဆက်ပျံ့နှံ့သွားရန် ခွင့်မပြုတော့ပေ။

အရှက်ရသည်ဆိုတာထက် ချမ်းသာသည့် အမျိုးသမီးတစ်ဦးကို ပိုးပန်းမည့် သူ့အစီအစဉ်ကိုလည်း သက်ရောက်စေတာကြောင့်ပင်။ အဆုံးမှာတော့ အောက်ဘက်မှာ နှုတ်ခမ်းနီနမူနာလောက်တောင် မကြီးတဲ့ ချစ်သူကောင်လေးတစ်ဦးကို ဘယ်လိုချမ်းသာတဲ့ မိန်းမပျိုလေးက လိုချင်မှာလဲ။ အစဉ်အလာသော စိတ်သဘောထားမှာ အရသာခံစားနိုင်သော ပိုကြီးမားသည့် အရွယ်အစားတွေကိုသာ လိုချင်ကြချင်သာ။

ဤသတင်းတွေကို ဖြန့်သည့်သူအား ချောင်ရှန်း တကယ်ကို ဒေါသထွက်မိသည်။ ဘယ်လိုပဲဖြစ်ပါစေ၊ လဝက်လောက်ကြာပြီးမှ မူလ သတင်းဖြန့်သူကို ရှာရမည်မှာ မဖြစ်နိုင်ချေ။

ထိုအချိန်တွင် လူတိုင်း ထိုကိစ္စကို သိနေပြီဖြစ်သဖြင့် တကယ်လို့ အပြစ်တင်ရမည်ဆိုလျှင်အပြစ်ကင်းတဲ့သူဆိုတာ ရှိတော့မည်မဟုတ်‌တော့။

ဒါ့အပြင် အကယ်၍သာ တစ်ယောက်ယောက်ကို အပြစ်တင်ဖို့ သူ စဉ်းစားလိုက်မည်ဆိုလည်း သိမ်ဖျင်းမှုကို ဖြတ်ကျော်ရမှာဖြစ်ပြီး ကောလဟလတွေ မှန်ကန်ကြောင်း အတည်ပြုသလို ဖြစ်သွားပေလိမ့်မည်။

လူတိုင်း ကျဉ်းမြောင်းသော အမြင်တွင်၊အမှန်မဟုတ်ရင်လည်း ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ။

ချောင်ရှန်း လုပ်နိုင်တာဆိုလို အေးဆေးသောဘဝတွင် ပူပန်ကြောင့်ကြမှု ကင်းမဲ့စွာဖြင့် သဲမှုန်တစ်မှုန်ကြောင့်မှ သက်ရောက်မခံရစေ ရန်ဖြစ်သည်။

အချိန်‌တွေ ကုန်ဆုံးလာပြီးနောက် အရာအားလုံးဟာ အတိတ်တွင် ကျန်ရစ်ခဲ့လေပြီ။

အစပိုင်းတွင် အခန်း 3 မှ ကျောင်းသားများလည်း ကောလဟလကို မယုံကြည်ကြပေ။ လူတစ်ယောက်ဟာက အဲ့လောက်ထိ သေးနိုင်ပါ့မလား။

ဝေ့ယီနှင့် ရှီချွေ့ယွီတို့လို နှုတ်ခမ်းနီ နမူနာ၏တကယ့်အရွယ်အစားအား မသိကြသောလူတိုင်းမှာ အွန်လိုင်းပေါ် ရှာဖွေသည်အထိ အားစိုက်ထုတ်လာကြ၏။

Google တွင် ရှာဖွေကြည့်ပြီးနောက်: အမ်းးး……

မကြာခင်မှာဘဲ ချောင်ရှန်းသည် အာရုံစိုက်မှု၏အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ အနှီအာရုံစိုက်ခြင်းမှာ နှစ်သက်ချစ်ခင်ခြင်းကြောင့် မဟုတ်ဘဲ၊ စပ်စုချင်စိတ်နှင့် ကောလဟလကို အတည်ပြုချင်တာကြောင့်သာ။

ချောင်ရှန်းကတော့ ခုနောက်ပိုင်းမှာ ယောင်္ကျား လေးများနှင့် မိန်းကလေးများထံကနေ ခိုးကြောင်ခိုးဝှက် အကြည့်ခံနေရသဖြင့် ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့ တွေးထင်သွားကာ ဤအာရုံစိုက်ခြင်းကို အထင်လွဲနေခဲ့၏။

အနှီ‌အာသာငမ်းငမ်း ဖြစ်နေသော အကြည့်တွေအားလုံးက ဘယ်လိုပဲဖြစ်ဖြစ် သူ တွေးနေသောနေရာထက် အောက်ရောက်နေတာပင်။ ဤသည်ကို ချောင်ရှန်း သတိမပြုမိခဲ့ချေ။

သူနှင့်ပတ်သက်သော အတင်းအဖျင်းကို ကြားသိပြီး‌နောက်မှသာ ၎င်းက ဆွဲဆောင်မှု ရှိလာတာကြောင့် မဟုတ်ဘဲ၊ သူ့အောက်ပိုင်းကိုသာ စိုက်ကြည့်နေမှန်း နားလည်သွားခဲ့သည်!

လက်ရှိ ချောင်ရှန်းကတော့ သူနှင့် ရွယ်တူတွေထံမှ အာရုံစိုက်ခံနေရတာကြောင့် မြောက်ကြွ မြောက်ကြွဖြစ်နေပြီး ပိုပြီးယုံကြည်ချက်ရှိလာကာ ကောယွမ်ကို ပြန်ရနိုင်မည့် သူ၏ကျောင်းအပြန် ပရောဂျက်ကို သေချာပေါက် အောင်မြင်လိမ့်မည်ဟု ယုံကြည်နေလေ၏။

သို့သော် ပြန်တွေးကြည့်ပြန်တော့ ဖုန်းယွင်ဟယ်၏ ဆွဲဆောင်မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ဆွဲဆောင်နိုင်စွမ်း နည်းနေတာကို ချောင်ရှန်း နားလည်သွားသည်။ ကောယွမ်ကိုဘဲ စွဲလမ်းနေဖို့ သူ့အတွက် မလိုအပ်ပေ။

ကျောင်းမှာ ချမ်းသာသည့် မိန်းကလေးတွေကို သူရှာဖွေချင်လျှင်၊ ကောင်းကင်ယံထက်က ကြယ်ပွင့်တွေလို များပြားနေသေးသည်။

ကောယွမ်ထက် ပိုပြီးချမ်းသာကြွယ်ဝတဲ့ လူနည်းနည်းတောင် ရှိသေးတာပဲ။ သူမကို လမ်းခွဲပစ်ပြီး နောက်ထပ် ပိုချမ်းသာတဲ့သူကိုရှာလိုက်လို့ရတယ်။

ယခုလိုအကြံမျိုး သူ့စိတ်ထဲ ဝင်ရောက်လာသော်လည်း ချောင်ရှန်း ချက်ချင်းဘဲ ပယ်ချလိုက်သည်။ ၎င်းမှာ ရက်အနည်းငယ်အတွင်း ကောယွမ်အပေါ် ခံစားချက်များ ဖြစ်တည်လာလို့တော့ မဟုတ်ပေ။

ကျောထောက်နောက်ခံရှိရန် လိုအပ်သည်ဟု ချောင်ရှန်း ခံစားမိနေလို့ပင်။

၎င်းမှာ အလုပ်ရှာရသလိုပင်၊ မြည်းစီးရင်း ပိုကောင်းမွန်သော အခွင့်အလမ်းကို ရှာရန်လိုအပ်ပေသည်။

ပိုကောင်းတာကို ရှာတွေ့တော့မှ၊ ကောယွမ်နဲ့ လမ်းခွဲလိုက်တော့မယ်။

ကောယွမ်က အရူးဆိုတော့၊ သူမနဲ့ အချိန်နည်းနည်းလောက် ဖြုန်းပေးလိုက်တာနဲ့ သူမနဲ့သေချာပေါက် ပြန်တွဲလို့ရပြီ။

မဟုတ်မှ ကောယွမ်ရဲ့ လမ်းခွဲစကားကလည်း သူချော့တာခံချင်လို့ စိတ်ရူးပေါက်ပြီး လျှောက်ပြောတာလည်း ဖြစ်နိုင်တာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် သူမက ဆိုးသွမ်းသလို ပြုမူရတာကို ကြိုက်နေရင် မိန်းမကောင်း‌တော့ မဟုတ်ဘူး။ သူတို့တွေ ပြန်တွဲကြတော့မှ သူမကို ကောင်းကောင်းလေး သင်ကြားပေးပြီး ဒီအကျင့်ကို ပြင်ပစ်ဦးမယ်။

သူ့မိဘတွေကလည်း သူ့ကို လွယ်လွယ်လေး ပျိုးထောင်ပေးခဲ့တာ မဟုတ်တော၊ စိတ်ဆတ်တဲ့ ချွေးမနဲ့ သူတို့နဲ့တည့်အောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။

ချောင်ရှန်း ဆုံးဖြတ်ချက် ချလိုက်ပြီး ကောယွမ်ကို ပြန်တွဲရန် ကျောင်းဆင်းချိန်တွင် စောင့်ဖို့ပြင်တော့သည်။ ထိုအတောအတွင်း၌ ကောယွမ်မှာ သူမ၏ရည်းစားဟောင်းက သူမနှင့် ကျောင်းဂိတ်ဝ၌တွေ့ရန် စီစဉ်ထားမှန်း မသိပေ။

သူမ၏ ရေသောက်ချိန်နှင့် သန့်စင်ခန်းသုံးချိန်ကိုတောင် ကန့်သတ်ထားရသည်အထိ ယခင် ကျောင်းအချိန်ဇယားများကို ရှီလီ အလွန်တင်းကြပ်ပစ်ခဲ့သည်။

အိမ်ပြန်နောက်ကျရသည့် ပြဿနာကတော့ သူမသည် နေ့တိုင်းလိုလို ကိုးနာရီနောက်ပိုင်းမှ အိမ်ပြန်ရပြီး မဟုတ်လျှင် သူမ အမေနှင့် ကလေးထိန်းတို့ စိတ်ပူပေလိမ့်မည်။

ကောယွမ်၏ အမေက ထက်မြက်သော အမျိုးသမီးတစ်ဦးပင်။ သူမ၏ နေ့စဉ်လုပ်ငန်းကိစ္စများမှာ သမ္မတတစ်ယောက်လို အလုပ်များနေလျှက်ရှိ၏။ သူမ၏သမီး အိပ်ရာမထသေးခင်မှာဘဲ သူမက အလုပ်သွားနေလေပြီ၊ သူမ အိမ်ပြန်ရောက်ချိန်မှာတော့ သူမသမီးက အိပ်နေလေပြီ။

ကောယွမ်သည် အိမ်မှာရှိတုန်း အချိန်အကန့်အသတ်အတွင်း သူမအမေနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး သူမ တက်ဖို့လိုသည့် ညနက်ပိုင်း ကျူရှင်အကြောင်းကို အသိပေးလိုက်သည်။ သူမအတွက် ရှီလီ စီစဉ်ပေးထားသော အချိန်ဇယားကိုပါ ပြလိုက်၏။

ကောယွမ်က စာလေ့လာခြင်းနှင့် ပတ်သက်လာလျှင် အမြဲတစေ ပျင်းရိနေခဲ့တာဖြစ်ပြီး ဤသည်မှာ သူမဘက်ကအရင်စပြီး စာလုပ်မည့်အကြောင်း ပြောလာတာကြောင့် သူမအမေကို အံ့ဩသွားစေသည်။

၎င်းမှာ အံ့ဩရသလို၊ ကြည်နူးသွားရတာပင်။

သူတို့က အတော်လေး ချမ်းသာကြွယ်ဝပြီး သူတို့ကလေးက အောင်မြင်ရန်အတွက် ပညာအပေါ် မှီခိုစရာမလိုသော်ငြား မိဘတွေကတော့ သူတို့ကလေး တိုးတက်အောင် လုပ်နေတာကို မြင်ရတာ အမြဲနှစ်သက်ပေသည်။

ကောယွမ်နှင့်သူမ စကားပြောနေရင်း ကောယွမ်၏ စာအားနည်းချက်နှင့် နေ့စဉ်သင်ရိုးညွှန်းတန်းပေါ် စဉ်းစားထားပြီး ရှီလီအချိန်ဇယား ဆွဲပေးထားမှန်း သူမ သိလိုက်ရသည်။

ကောယွမ်၏ အမေမှာ သူမသမီးတွင် ယခုလိုစဉ်းစားပေးတတ်သော သူငယ်ချင်းတစ်ဦးရှိနေသည့်အတွက် စိတ်သက်သာရာရသွားပြီး တစ်ချိန်တည်းမှာဘဲ အလွန်အလုပ်များတာကြောင့် သူမသမီးကို လျစ်လျူရှုခဲ့မိသည့်အတွက်လည်း အပြစ်ရှိစိတ် ဝင်မိ၏။

ထိုကိစ္စများမှာ အမေတစ်ယောက်ဖြစ်သော သူမ၏ တာဝန်တွေဆို‌သော်လည်း ရှီလီက ကိုယ်စားလုပ်ပေးသွားသည်။

သီးသန့်ကျူရှင်ဆရာကိုတောင် ရှီလီ ရှာပေးထားတာပင်။

ယနေ့သည် ကောယွမ် ပထမဆုံးတက် ရောက်ရမည့် ကျောင်းဆင်းချိန် ကျူရှင်ပင်။ ရှီလီက သူမကို တစ်ရက်လောက် အဖော်ပြုပေးရန် စီစဉ်ထားတာဖြစ်ပြီး နောက်ကျမှသူမဘာသာ ဆက်သွားမှာဖြစ်သည်။

ကျောင်းဆင်းလျှင် ကောယွမ် ဝေ့လည်ကြောင်ပတ်နှင့် အိမ်ပြန်မသွားရန် ရှီလီ အကျအန စီစဉ်ထားတာပဲ ဖြစ်၏။

သူမ အရှိန်တင်ဖို့လိုနေလေပြီ။

ကောယွမ်ကတော့ သူမတွင် နားချိန်လုံးဝမရှိဘူးဟူ၍ ရှီလီကို အထွန့်တက်ခဲ့၏။

ရှီလီ အတွေးဝင်သွားကာ “ငါက နင့်ကို နားချိန်မရှိလောက်အောင်ကို အလုပ်ရှုပ်စေချင်တာ၊အဲဒါမှ ငါဘေးမှာမရှိတာနဲ့ ချောင်ရှန်းနဲ့ နင် ပြန်မညှိမှာ”

ထိုအချိန်တွင် ကောယွမ်၏ အကျင့်အတိုင်း နေသားကျနေဆဲဖြစ်သော ချောင်ရှန်းမှာ ကျောင်းကနေ အိမ်သို့ ဖြည်းညင်းစွာ ပြန်ဖြစ်သည်။ မှောင်လာသည်အထိ သူ စောင့်နေသော်လည်း သူမကို မတွေ့ခဲ့ရပေ။

ကားပါးကင်တွင် ကားအနည်းအကျဉ်းမျှ ရှိနေသော်လည်း ကောယွမ်အား လာကြိုသည့်ကားကို မမြင်မိသဖြင့် သူမ ပြန်သွားပြီမှန်း ချောင်ရှန်း နားလည်လိုက်သည်။

ပထမဆုံးနေ့မှာဘဲ သူသည် အခြေအနေကို အတွက်မှားပြီး ကောယွမ်နှင့်တွေ့ဖို့ ကျရှုံးခဲ့၏။

အင်္ဂါနေ့၌၊ ရှီလီက ဒူပေဒါပေခံသော သူကိုတောင် အနားပေးသင့်သည်ဟုတွေးပြီး ကောယွမ်အတွက် ကျောင်းဆင်း တစ်ဦးချင်းစာသင်ချိန်အား မစီစဉ်ပေးတော့ပေ။

ကောယွမ်ကို နေ့တိုင်းလိုလို အတန်းသစ်တွေပဲ တက်ခိုင်းလို့ မဖြစ်ဘူး၊ အချက်အလက်တွေကို ကြေလည်ဖို့ သူမဘာသာ အချိန်ယူဖို့လည်း လိုသေးတယ်လေ။

ပမာဏများပြားသော ပုစ္ဆာဖြေရှင်းနည်းများစွာကို သင်ယူနိုင်မည့် နည်းလမ်းက ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။

လူတိုင်းတွင် သူတို့၏ ကန့်သတ်ချက်တွေဆိုတာ ရှိလေသည်၊ ရှီလီအတွက်တော့ လွယ်ကူသော အလုပ်ဆိုသော်ငြား ကောယွမ်ကတော့ စိန်ခေါ်မှုတစ်ရပ်ဟုသာ မြင်ပေသည်။

ကိုယ်ပိုင်လုပ်နိုင်စွမ်းကို ချင့်ချိန်နေဆဲဖြစ်သည့်ကောယွမ်မှာ ရှီလီပြောခဲ့သလိုမျိုး သူမ နားရက်မရဘူးဆိုတာ မဟုတ်မှန်း နားလည် လာ၏။

တကယ်တော့၊ အရင်နေ့ကထက် စောစော အိမ်ပြန်ရောက်ရန် သူမ ပိုပြီးလောနေတာပင်။

ယခင်နေ့က သင်ခန်းစာအရ၊ ချောင်ရှန်းသည် အတန်းပြီးတာနှင့် ကောယွမ်ကိုတွေ့ရန် ကျောင်းဂိတ်ဝသို့ အမြန်အရောက်သွားခဲ့၏။

ကောယွမ်မှာ ရှီလီ၏ သူငယ်ချင်းအချို့နှင့် အတူ ကျောင်းဂိတ်ဝဆီ လျှောက်လှမ်းသွားနေချိန်၌ အမြင်စူးရှသော ရှီလီက ဘေးနားတွင် စောင့်ဆိုင်းနေသည့် ချောင်ရှန်းကို အရင်ဆုံးမြင်သွားသည်။

ချောင်ရှန်း၏ အကြောင်းကို သိနေသဖြင့် သူ ဘယ်တော့မှ အကြောင်းရင်းမရှိဘဲ ဘာမှမလုပ်ဘူးဆိုတာကို ရှီလီ နားလည်ပေသည်၊သူ ဒီရောက်နေတာ ကျိန်းသေပေါက် ရည်ရွယ်ချက်တစ်ခုခု ရှိရမယ်။

ထိုအကြောင်းရင်းကြောင့် ရှီလီ ကောယွမ်ကို ဂရုစိုက်ပေးနေတာပင်၊ သူမကိုလည်း မေးကြည့်ရဦးမှာပင်။

တကယ်လို့ ချောင်ရှန်းကသာ တုံးအသောမိန်းကလေး ကောယွမ်အပေါ် လက်မလျှော့သေးပါက၊ ညနေခင်းတွင် သူ၏ပစ်မှတ်မှာသူမ ဖြစ်နိုင်ချေရှိသည်။

“ငါ့ကောင်ရေ၊ ဒီနေ့တော့ ကြည့်စရာရှိုးရှိတဲ့ ပုံပဲ” ရှီလီ တွေးလိုက်သည်။

ရှီလီ၏ အတွေးတွေ လွှမ်းမိုးမှုကြောင့် သူမစကားကို ကြားကြသော အတန်းဖော်များမှာ ရှီလီ ကြည့်နေသည့်နေရာကို အမြန်စုပြုံကြည့်လိုက်ကြသည်။

******

အခန်း ၃၂: ရိုးစင်းသော လျန်ရုန်ရုန်

ရှီလီ ပြောလိုက်သလိုပင်၊ ယခုချိန်၌ လူတိုင်း ဒရာမာကြည့်နိုင်ကြလေပြီ။

အခြားအရာတွေကို လွဲချော်နိုင်သော်လည်း စိတ်လှုပ်ရှားမှုကိုတော့ လွဲချော်၍မဖြစ်။

ရှီလီ၏ အသိပေးချက်ကြောင့် သူမ ဘေးပတ်လည်ရှိ မိန်းမပျိုလေးများမှာ မလှမ်းမကမ်းက ချောင်ရှန်းကို သတိထားမိလာကြသည်။

ချောင်ရှန်းကို ကောယွမ် မြင်သွားချိန်မှာ၊သူကလည်း သူမကို မြင်သွား၏။

ချောင်ရှန်း အရှ်ိန်တင်လိုက်ပြီး ကောယွမ်ဆီ လျှောက်လှမ်းလာတော့သည်။

【သူပြန်တွဲချင်လို့ ဒီရောက်နေတယ်ဆိုတာ၊သံသယမရှိဘူး】

ကောယွမ်: ငါတောင်းပန်ပါတယ် နင်ရပ်ပါ‌တော့၊ ငါ တကယ် ပြန်မတွဲချင်ဘူး။

သူမ၏ စုံလုံးကန်းခဲ့မှုကြောင့် နောင်တတရားဖြင့် အလွန်ပြည့်နှက်နေလေပြီ။

နှစ်ရက်ခန့်ကြာ သွားပုပ်လေလွင့် ပြောဆိုပြီးနောက်၊ ချောင်ရှန်းနှင့် ပတ်သက်သော အတင်းအဖျင်းတို့မှာ ချန်ဖူအထက်တန်းကျောင်း တစ်ခုလုံးတွင် ပျံ့နှံ့သွားလေပြီ။

ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ချန်ဖူအထက်တန်းကျောင်းတွင် အကျော်ကြားဆုံးကျောင်းသားက ချောင်ရှန်းဆိုတာကိုတော့ ယုံမှားသံသယ မရှိပေ။

ဇာတ်ဆောင် အရှိန်အဝါရှိသော ဖုန်းယွင်ဟယ်တောင်မှ ချောင်ရှန်းနှင့် မယှဉ်သာချေ။

သူ၏ ကျော်ကြားမှုကို ကြားသိထားသော အခြားအတန်းများမှ ကျောင်းသားများစွာမှာ အနှီနာမည်ကြီး၏ တစ်စွန်းတစ်စကို မြင်ဖူးရန် ချောင်ရှန်း၏ အတန်းတံခါးတွင် ဝိုင်းအုံခဲ့ကြ၏။

ယခုအခါမှာ‌တော့ ချန်ဖူ အထက်တန်းကျောင်းတွင် ဖုန်းယွင်ဟယ်ကို မသိဘူးဆိုတာ ဖြစ်နိုင်သော်ငြား ချောင်ရှန်းကို မသိဘူးဆိုတာတော့ မဖြစ်နိုင်တော့ချေ။

ဖြတ်သွားဖြတ်လာတိုင်း သူ့ကို သိကြ၏။

သူ့ကို မြင်လိုက်တာနှင့် လူတိုင်း၏ အကြည့်များမှာ သူ့ဆီကနေ မခွာနိုင်ကြတော့ပေ။

ချန်ဖူ၏ နာမည်ကြီးအသစ်တစ်ဦးက ကျောင်းဂိတ်ဝ၌ ဘာလုပ်နေတယ်ဆိုတာကို အသည်းအသန် ကြည့်ချင်နေကြသည်။

ကောယွမ်ကတော့ နှုတ်ခမ်းနီ စစ်သည်တော်တစ်ဦးဖြစ်သော ချောင်ရှန်း၏ ကျော်ကြားမှုကို သိထားသည်။ ထို့ကြောင့် ယခုချိန်တွင် သူနှင့်အဆက်အဆံ ပြုလုပ်ရန် သူမ အတော်လေးကိုတွန့်ဆုတ်နေတာပင်။

ချောင်ရှန်း၏ ကောယွမ်အပေါ် ဟန်မဆောင် ထားသော ရည်ရွယ်ချက်များက သူ့အားသူမ ရှောင်ဖယ်နေရုံဖြင့် မယိမ်းယိုင်သွားပေ။

သူ့လက်ထဲက လွတ်ထွက်ဖို့ ကြိုးစားနေသော ငါးကြောင့် ယခုဆိုလျှင် ချောင်ရှန်း အ‌တော်ကို ထိတ်လန့်နေလေပြီ။

လူထုအမြင်တွင် သူတို့၏ ဆက်ဆံရေးကိုကွယ်ဝှက်မည့်ကိစ္စအား ဂရုမစိုက်နိုင်တော့။

ကောယွမ်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး“ယွင်ယွင်၊ မင်း ငါဖုန်းခေါ်တာ မကိုင်ဘူးနော်၊ ငါ့ကိုတောင် blocked ထားသေးတယ်၊မင်းစိတ်ဆိုးအောင် လုပ်မိလို့လား။ ”

ကောယွမ်၏ စိတ်ထဲတွင် အော်ဟစ်ပြီး အကူအညီ တောင်းနေလေပြီ၊ လမ်းခွဲပြီးရင် အတိတ်ကို ဘာလို့ဒီအတိုင်းဘဲ မထားနိုင်ရတာတုန်းလို့။

အိမ်ပြန်ရန်အတွက် ကျောင်းမှထွက်ခွာနေသော ကျောင်းသားများမှာ ကျောင်းဂိတ်ဝတွင် ပြည့်နှက်နေလျှက်။

ကျိန်းသေပေါက် တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသည့် နှုတ်ခမ်းနီ စစ်သည်‌တော်ကို ကျောင်းသားတွေ မြင်လိုက်ချိန်မှာတော့ သူတို့၏ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး သူဘာလုပ်မလဲဆိုတာကို ကြည့်ရှုရန် စပ်စုလာကြသည်။

သူသည် ရိုးရှင်းသော အရှိန်အဝါတစ်ခုတည်းဖြင့် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သူပင်။

ဟုတ်တယ်၊ ဒီလူက ချောင်ရှန်းပဲ။

အနှီအရှိန်အဝါကို တစ်ခါက ပိုင်ဆိုင်ဖူးသူမှာ ဤစာအုပ်၏ ဇာတ်လိုက် ဖုန်းယွင်ဟယ် ဖြစ်သော်လည်း၊ ယခုတွင်မူ သူ၏ အရှိန်အဝါကို ချောင်ရှန်းက လုယူလိုက်ပြီး နှုတ်ခမ်းနီစစ်သည်တော်အဖြစ် ကျော်ကြားလာလေပြီ။

အဆင်ပြေပါတယ်၊ ဇာတ်လိုက်ဖြစ်တဲ့ ဖုန်းယွင်ဟယ်က နှစ်သက်စရာကောင်းတဲ့ တည်ရှိမှုကို ပိုင်ဆိုင်တုန်းပါပဲ။

ဒီလူနှစ်ယောက်က သူတို့ နယ်ပယ်နဲ့သူတို့တောက်ပနေကြတာဘဲလေ။

လူတိုင်း၏ အကြည့်အောက်တွင် ချောင်ရှန်း ချဉ်းကပ်လာတာကို မြင်လိုက်ရတော့ ကောယွမ်မှာ ကျွင်းထဲတွားသွားနိုင်ရန် ဆုတောင်းနေမိသည်။

ရှီလီ သူမစိတ်ထဲ၌ ဤဖြစ်ရပ်အပေါ် ထပ်မံသုံးသပ်ပြန်၏:【သူက လိုက်မယ်၊ သူမကပြေးမယ်၊ သူမ လွတ်မြောက်ဖို့ ကြိုးစားပေမဲ့၊ ကျရှုံးရတာပါပဲ】

ကောယွမ် အလန့်တကြား ဖြစ်နေလေပြီ၊ဒီလိုဒရာမာခင်းဖို့ ဒီလူ့မှာ အချိန်ရှိသေးတာလား။

ဒီဟာကို idol ဒရာမာ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်နေတဲ့ CEO ဝတ္ထုလို့များ ရှီလီ ထင်နေတာလား။

ရှီလီ တွေးမိသည်၊ အရင်ဘဝတုန်းက ငါ့မှာတော့ နင့်ကို ကြင်ကြင်နာနာနဲ့ အကြံပေးလိုက်ရတာ၊ နင်ကတော့ မကြားသလိုလုပ်ပြီး ဒီလိုအမှိုက်သရိုက်ကို ရွေးသွားတယ်။ ဒီဟာ ငါတို့အရင်ဘဝတုန်းက နင်ငါ့ကို ချောင်ထိုးခဲ့လို့ ပြန်ပေးဆပ်ရတာပဲ။

ချောင်ရှန်း သူမကို ခေါ်လာချိန်မှာတော့ ကောယွမ် လုံးဝအဆုံးသတ်သွားလေပြီ။

ကောယွမ်၏ အနည်းငယ် ပြည့်ဖောင်းသောမျက်နှာမှာ တင်းမာလာပြီး အေးစက်စွာ အလျင်စလို ပြောလိုက်သည်။ “ငါအထင်တော့ငါတို့နှစ်ယောက်က မလိုက်ဖက်ဘူး၊ လမ်းခွဲပြီးတာနဲ့ ဖုန်းနံပါတ်ကိုဖျက်ပစ်တာ သာမန်ဘဲလေ၊ ပြဿနာရှိလို့လား။ ”

ကောယွမ် အသက်မရှူနိုင်ဘဲ စကားတစ်ခွန်းကို ထွေးထုတ်ပစ်လိုက်၏။ ချောင်ရှန်း မတုံ့ပြန်နိုင်ခင်မှာဘဲ သူမ သူငယ်ချင်း၏ လက်ကိုဆွဲပြီး ကားပါကင်ဆီ အမြန်လျှောက်လှမ်းသွားတော့သည်။

သူမ နှောင့်နှေးမနေဘဲ ချောင်ရှန်းကို ခွာချပစ်ရန်လိုလေသည်။ ယခုလို လူအုပ်ကြားထဲ၌ သူမမှာ သူနှင့် အဆက်အဆံ မလုပ်ချင်‌တော့ပေ။

ရှီလီက ဆွဲခေါ်ခံနေရရင်း ထောက်ပြပေးလိုက်သေး၏ “ဒီလိုယောက်ျားမျိုး အနားမှာရှိနေတာရင် နင့်ကျန်တစ်ဘဝလုံး ပြစ်မှုမှတ်တမ်းရှိနေတာနဲ့ အတူတူပဲ”

လူတိုင်း တခစ်ခစ် ရယ်လိုက်ကြကာ “ဒီလိုလျှာစောင်းထက်ပုံမျိုးနဲ့ဆို၊ ဘွဲ့ရဖို့ ရည်ရွယ်ထားသင့်တယ်!”

ကောယွမ်မှာ လွတ်မြောက်ရန်အတွက် စိတ်အားထက်သန်နေပြီး ‌ရှေ့ကိုသာ အတတ်နိုင်ဆုံး ဦးတည်ပြေးတော့သည်။ အံ့အားသင့်စရာကောင်းသည်က သန်မာသောယောင်္ကျားတစ်ဦးဖြစ်သည့် ချောင်ရှန်းမှာအမှီမလိုက်နိုင်ပေ။

သူမ၏ အရှိန်မြန်နေတာကို ကျေးဇူးတင်ရမည်၊ ကောယွမ်မှာ လူအုပ်နောက်သို့ အသာအယာ ရောက်ရှိသွား၏။

အခြားသော ရပ်ကြည့်နေကြသည့် ကျောင်းသားများမှာ ဖြစ်ရပ်ကို လိုက်ကြည့် ချင်နေကြသော်လည်း သူမ၏နောက်သို့လိုက်သွားလျှင် အလွန်သိက္ခာကျသွားပေ လိမ့်မည်။

အားလုံးဟာ သူတို့၏ ဂုဏ်သတင်းကို တန်ဖိုးထားကြတာကြောင့် ဒရာမာအတွက်နှင့် သူများနောက်ကိုလိုက်ဖို့ ဆန္ဒကို ငြင်းပယ်လိုက်ကြသည်။

ဤသည်က ကောယွမ်ကို လွတ်မြောက်ရန်အခွင့်အရေးပေးလိုက်တာပင်။ ရှီချွေ့ယွီ၏ကားကို အစွန်အဖျား၌ ပါကင်ထိုးထားတာဖြစ်သည်။

နောက်ထပ်မတွေး‌တော့ဘဲ၊ ကောယွမ်သည်ကားထဲသို့ ဝင်လိုက်ပြီး သူမ၏ကား မဟုတ်ဘူးဆိုတာကို မှတ်မိရန်အောင် လျစ်လျူရှုထားလျှက်။ သူမ ထိုင်ချလိုက်ပြီး ရှီချွေ့ယွီနှင့် ရှီလီ တို့ကိုပါ အထဲဝင်လာဖို့ လက်ဟန်ပြလိုက်၏။

ရှီချွေ့ယွီနှင့် ရှီလီလည်း မှင်သက်လျှက် လိုက်သွားလိုက်သည်။

သူတို့ ကားထွက်တာနှင့် ဒရိုင်ဘာကို ကောယွမ် ညွှန်ကြားလိုက်၏။ “ဦးလေးကျိုး၊ ကျေးဇူးပြုပြီး တည့်တည့်သာမောင်း”

“ကောင်းပါပြီ”

သခင်မလေးများထံမှ ခွင့်ပြုချက်ကို ရပြီဆိုတာနှင့် ဦးလေးကျိုး လီဘာကိုနင်းကာ အရှိန်တင်လိုက်‌တော့၏။

သူတို့၏ ဆုတ်ခွာသွားသောကားကို စိုက်ကြည့်နေရင်း ချောင်ရှန်း လုပ်နိုင်တာဆိုလို မတတ်သာဘဲ ‌ကြည့်နေနိုင်ရုံသာ။

စိတ်တိုစွာဖြင့်၊ ဤအရှက်တကွဲ ဖြစ်ခဲ့ရတာအတွက် ကောယွမ်ကို ပြန်ပေးဆပ်ခိုင်းဖို့ သူ ကျိန်ဆိုလိုက်သည်။

ရှီလီ သရော်လိုက်၏။ “တကယ့်အရှက်ကွဲတာက လာဖို့ရှိသေးတယ်”

ထင်မှတ်မထားသော လမ်းခွဲမှုကြောင့် ချောင်ရှန်း စတင်မေးခွန်းထုတ်လာတော့၏။

ဘာလို့လဲ။ ဘာမှားသွားလို့လဲ။

ချောင်ရှန်းမှာ သူ့ထိန်းချုပ်မှုအောက်တွင် ကောယွမ် သေချာပေါက် ရှိနေမှန်း ယုံကြည်ပေသည်။ ဒါ့အပြင် အရာအားလုံးက အဆင်ချောနေခဲ့တာချည်းပင်။

ချောင်ရှန်းမှာ အတိတ်ကာလကို ပြန်စဉ်းစားကြည့်ပြီး ကိစ္စတွေ ပျက်ပြားသွားသည့်အချိန်ကို သုံးသပ်လိုက်သည်။

ပိတ်ရက်တုန်းက သူတို့ဈေးဝယ်ထွက်တော့၊သူမအတွက် လုပ်ပေးထားတယ်ဆိုပြီး ကောယွမ်ကို လည်စည်းလက်ဆောင် ပေးခဲ့တယ်။ ခံစားချက်တွေ မြင့်တက်သွားပြီးတော့ သူမက သူ့ကို လက်ဆောင်ပြန်ဝယ်ပေးမယ်ဆိုပြီး တိုက်တွန်းခဲ့တယ်။ ဒီအထိ သူနဲ့ သူမနဲ့ပနံသင့်နေသေးတယ်။

လက်ဆောင်‌ဝယ်ပေးတဲ့ ဆိုင်ကျတော့လည်း သူမကိုကြည့်ရတာ ပုံမှန်ပါဘဲ။

ဒါပေမဲ့ သူမသူငယ်ချင်းတွေ ရောက်ချလာတာနဲ့ ကိစ္စတွေက အထိန်းအကွပ်မဲ့ကုန်တာ။

ဒီကနေစပြီး ကောယွမ်နှင့် မိန်းကလေးသူငယ်ချင်းတွေ၏ စကားဝိုင်းအကြောင်းကို ချောင်ရှန်း ပြန်စဉ်းစား‌ကြည့်တော့၏။

သူ့ကို သူမနဲ့ ကောယွမ် မိတ်ဆက်ပေးတော့ သူမရဲ့ တုံ့ပြန်ပုံက သိပ်ပြီး ဟက်ဟက်ပက်ပက် မရှိဘူး။

သူမသူငယ်ချင်း သဘောမတူလို့များ သူ့ကို လမ်းခွဲလိုက်တာလား။ သူမရဲ့ အခင်ဆုံးသူငယ်ချင်းက သူ့ကို သဘောမကျတာနဲ့ပဲ ကောယွမ်က ‌လမ်းခွဲ‌ခဲ့တာလား။

အနှီရှင်းလင်းချက်က အလွန်အမင်းကို အတွေးခေါင်နေတာပင်။

ချောင်ရှန်းမှာ ၎င်းကို ယုံကြည်နိုင်ဖို့ ရုန်းကန်နေရ၏။

ရှီချွေ့ယွီက နောက်ပြောင်လာ၏။ “အမှန်တရားဆိုတာ နင်‌ထင်ထားတာထက် ပိုပြီးယုတ္တိမကျဘူး၊ ကလေး”

ချောင်ရှန်း အတွေးထဲ နစ်ဝင်နေတုန်းမှာပဲ ညင်သာသော မိန်းမဆန်သည့်အသံက သူ့ကို လှမ်းခေါ်လာ၏။

"ချောင်ရှန်း၊ နင်ဒီမှာ ဘာလုပ်နေတာလဲ”

နောက်လှည့်ကြည့်လိုက်‌တော့ လျန်ရုန်ရုန်ကို ချောင်ရှန်း မြင်သွားသည်။ သူ အတော်လေး သတ္တိနည်းသွားရ၏။

သူ၏ မူလပစ်မှတ်က လျန်ရုန်ရုန် ဖြစ်သည်။ ပြိုင်ပွဲတွင် ရှန်ချင်းလင်နေရာကို အစားထိုး၍ကျောင်းနှစ်စပိုင်းတွင် ကျောင်းပြောင်းလာခဲ့သည့် တုံးအပြီး အန္တရာယ်မရှိသော မိန်းကလေးပင်။ သူမ၏ ဩဇာလွှမ်းမိုးနိုင်သော မိသားစုနောက်ခံနှင့် ပတ်သက်၍လည်း ကောလဟလတွေ ပျံ့နှံ့ခဲ့သေးသည်။

ထိုအချိန်တွင် လျန်ရုန်ရုန်က လစဉ်စာမေးပွဲနှင့် ပြိုင်ပွဲမှ ထိုးနှက်ချက်နှစ်ဆကြောင့် စိတ်ဓာတ်ကျနေတာဖြစ်သည်။ ချောင်ရှန်းက ၎င်းအခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမကို စာပြသလိုနှင့် ချဉ်းကပ်ခဲ့တာပင်။

တကယ်တော့၊ သူ အ‌ဆင်ပြေနေလေပြီ။

ချောင်ရှန်း၏ အဆင့်တွေက ကောင်းမွန်ကာ ချန်ဖူကျောင်း၏ ထိပ်ဆုံးကျောင်းသားများစာရင်းထဲ၌ ပါဝင်သည်။

လျန်ရုန်ရုန်က သူ့အား စိတ်ထားကောင်းသည့်ကျောင်းသားဟု နုံအစွာ တွေးထင်ခဲ့လေသည်။ ကျောင်းဆင်းချိန်ရောက်လျှင် ချောင်ရှန်းက သူမမိသားစု၏ ကားနှင့် အိမ်ပြန်ပေလိမ့်မည်။

အလားအလာရှိသော လက်တွဲဖော်၏ ကျယ်ပြောလှသည့် ဗီလာက ချောင်ရှန်း၏စံနှုန်းနှင့် ကိုက်ညီမှုရှိလှပြီး လျန်ရုန်ရုန်က သင့်တော်သူတစ်ဦးပင်။

လျန်ရုန်ရုန်ကို စာသင်ပေးနေရင်း၊ ချောင်ရှန်းမှာ နှစ်ဦးကြားတွင် သိသိသာသာကို တံခါးခင်းနိုင်ခဲ့ပြီး သူမ၏လက်ကို ပေါ့ပေါ့ပါးပါးကိုင်ခြင်းနှင့် ပါးနမ်းခြင်း စသော အထိအတွေ့တွေလည်း တစ်ခါတစ်ရံ ပါဝင်လေသည်။

ချောင်ရှန်းအတွက်ကတော့ ချစ်သူတွေ ဖြစ်လာရန်အတွက် သူတို့ကြားတွင် ကြားခံနေသည့်တစ်ခုတည်းသော အရာမှာ မဖောက်ဖျက်ရသေးသည့် မရေရာသော ပဝါပါးပါးလေးပဲ ဖြစ်၏။

သူသာ ဆန္ဒရှိပါက လျန်ရုန်ရုန်ကို သူ၏ချစ်သူကောင်မလေးဖြစ်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိခဲ့၏။

သူမ၏ နောင်ဖြစ်လာမည့် ချစ်သူကောင်လေးတစ်ဦးအနေဖြင့် သူ့ချစ်သူကောင်မလေးက အပြင်တွင် အနိုင်ကျင့်ခံလာရတာ သို့မဟုတ် စော်ကားခံလာရပြီး အိမ်ပြန်ရောက်တော့ မကျေနပ်ချက်များကို ညည်းညူပြောဆိုလာသည့် အခါမှာတော့ သူမအတွက် ရပ်တည်ပေးရန် သူ့တွင် တာဝန်ရှိသည်ဟူပြီး ယူဆခဲ့လေသည်။

ထို့ကြောင့် လျန်ရုန်ရုန်ကို အနိုင်ကျင့်ခဲ့သည့်လူတွေအား သတိပေးရန်အတွက် လမ်းသရဲအချို့ကို ချောင်ရှန်း စီစဉ်ခဲ့တာပင်။

အဆုံးမှာတော့၊ လျန်ရုန်ရုန်က သူမ၏မိန်းကလေး အပေါင်းအသင်း ကျောင်းသူများထဲတွင် ရေပန်းမစားဘဲ၊ သူမကို “အနိုင်ကျင့်”သူများစွာ ရှိလေသည်။

သတိပေးရန်အတွက် စီစဉ်ထားသော လူရမ်းကားတွေထဲမှာမှ ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် စာအုပ်ထွက်ဝယ်သော ရှိလီက သူတို့၏ ပထမဆုံးပစ်မှတ် ဖြစ်လာတော့သည်။

ရှီလီကို လိင်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးရန် ကြံရွယ်ခဲ့သည့် လူဆိုးနှစ်ယောက်၏သံတိုင်များနောက် ရောက်သွားပြီဟူသောသတင်းက သူတို့ ဂိုဏ်းခေါင်းဆောင်ဆီ အလျင်အမြန်ဘဲ ရောက်ရှိသွားသည်။

မှားယွင်းသော မိသားစုအပေါ် အမှားပြုခြင်း၏အန္တရာယ်ကို နားလည်သွားသဖြင့် သူ ပုန်းခိုနေခဲ့ပြီး၊ ကျန်အဖွဲ့ဝင်တွေလည်း တူညီသောကံတရားမှ သီသီလေး လွတ်မြောက်ခဲ့သည်။

ထိုည၌ ဂိုဏ်းခေါင်းဆောင်က ချောင်ရှန်းကိုခေါ်ပြီး ထိုမိန်းကလေး၏ နောက်ကြောင်းကို မေးမြန်းခဲ့သလို၊ သူလူတွေမှာလည်း အိမ်မပြန်လာခဲ့ဘဲ ဆက်သွယ်လို့မရကြောင်း ပြောခဲ့၏။ ထိုအဓိပ္ပာယ်က သူတို့ အဖမ်းခံထားရတာ သို့မဟုတ် ပိုဆိုး‌တာတောင် ဖြစ်နေပြီဆိုတာပင်။

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်၊ ထိုမိန်းကလေးကို သွားရှုပ်လို့မရဘူးလို့ ညွှန်ပြနေလေသည်။

ချန်ဖူလို ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်းမှ ကျောင်းသားတစ်ဦးအနေဖြင့် ချမ်းသာသောမိသားစု၏ အရေးပါပုံကို ချောင်ရှန်းက ပိုပြီးသတိပြုမိသည်။

ထိုအကြောင်းရင်းကြောင့် အဆင့်အတန်းမြင့်သော မိသားစုထဲ လက်ထပ်ဝင်ရန် ဆုံးဖြတ်ချက်ချခဲ့၍ ၎င်းက သူ့အတွက်သာမက အနာဂါတ် သူ့သားစဉ်မြေးဆက်အတွက်ပါ အကျိုးရှိမည့် အခွင့်အလမ်းဟု မြင်ခဲ့၏။

ချောင်ရှန်းမှာ ရှီလီ၏ မိသားစုက သူ့အား ပြဿနာလာရှာမှာ စိုးရိမ်နေခဲ့သော်လည်း ဩဇာအရှိန်အဝါချင်း တန်းတူရှိ‌သော လျန်ရုန်ရုန်၏ မိသားစုအကြောင်းကို တွေးမိသွားတာနှင့် သူ့တွင် ပူပန်နေစရာ မလိုတော့ပေ။

သူ၏ပူပန်မှုကို လျန်ရုန်ရုန်နှင့် ပြောခဲ့သော်လည်း သူမကတော့ သူ၏အပြုအမူကြောင့် ပဟေဠိဖြစ်သွားခဲ့ရ၏။

အနိုင်ကျင့်ခံရသော်ငြား လျန်ရုန်ရုန်က အပြစ်ကျူးလွန်သူ‌‌တွေအပေါ် စိတ်ကောင်းထားပြီး သူတို့ကို အန္တရာယ်ပေးလိုစိတ် မရှိခဲ့ချေ။

လူတွေအများကြီးထဲမှာမှ လျန်ရုန်ရုန်ကို ကြည့်ရသည်မှာ စိတ်ထားကောင်းသော မိန်းကလေးနှင့် တူပေသည်။

မည်သို့ပင်ဆိုပေ၊ သူမကို တုံးအပြီး အလွယ်တကူ လှည့်စားလို့ရမည်ဟု ချောင်ရှန်း ထင်ခဲ့မိသည်။

ပထမဆုံးအကြိမ်အဖြစ် သူတို့ကြားတွင် သဘောထား မတိုက်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး အချင်းချင်း မပြေလည်နိုင် ဖြစ်ခဲ့ကြသည်။

ထို့နောက် လျန်ရုန်ရုန်၏ အိမ်အောက်ထပ်မှ အငြင်းပွားသံများ ထွက်ပေါ်လာခဲ့သည်။ အိမ်ရှင်အနေဖြင့် သူမ အောက်ဆင်းကာ အခြေအနေကို သွားကြည့်ခဲ့၏။

လျန်ရုန်ရုန် အောက်ဆင်းသွားတာနှင့်ချောင်ရှန်း ဘေးနားတွင်ပုန်းကာ ကြည့်ရှုခဲ့တာပင်။

All Chapters