← Chapters

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

အခန်း (၅၃-၅၆)

Vol. 3 Ch. 53-56

53 01

အပိုင်း 53.

ရွှယ်ရွှယ်ကျားက ထိုရက်စွဲကို ပြက္ခဒိန်ပေါ်မှာ ဝိုင်းထားလိုက်၏။ ယခုကဆိုလျှင် ထိုရက်က သိပ်မဝေးတော့ပေ။ ထို့ကြောင့် သူမအနေဖြင့် အစီအစဥ်ကို အရှိန်မြှင့်ဖို့ လိုနေပေပြီ။

ရွှယ်သခင်ကြီးနှင့် ရွှယ်ကတော်တို့၏ အဆက်အသွယ်များက ငြင်းပယ်လို့ မကောင်းပေ။ ထို့ကြောင့် သူတို့ စာတိုက်မှ ပို့လိုက်သည့် DNA စစ်ချက် နမူနာများကို အလျင်အမြန် ပြန်လည်ပို့ဆောင် လာပါ၏။

ထို အဖြူအမည်း စစ်ဆေးချက်ကို မြင်သော် ရွှယ်သခင်ကြီးကား ဒေါသူပုန်ပြီး ခရမ်းသီးကြီးသဖွယ် စိမ်းမှောင်နေပေတော့သည်။ သူကား စားပွဲသန့်ရှင်းရေး ဆရာသခင်ကြီးနှယ် အသွင်ပြောင်းသွားခဲ့ကာ အလွန်လျင်မြန်သော အလျင်ဖြင့် စားပွဲပေါ်မှ အရာများကို သိမ်းကျုံးတွန်းချပစ်ကာ တန်ဖိုးရှိသော အသုံးမဝင်သော ဘာသောညာသောမှ ထည့်သွင်း စဥ်းစားမနေတော့ပေ။

ထို ဆူညံသောင်းကျန်းနေခြင်းကို အပြင်မှ ကြားနေရသည့် အတွင်းရေးမှူးမှာ သူ့ သူဌေးက ချက်ချင်း လေဖြတ်ကာ ပစ်လဲသွားမည်ကို စိုးရိမ်လှလေသည်။

သူ သုတ်သီးသုတ်ပျာဖြင့် အထဲကို ဝင်သွားသော် သူ့သူဌေးက သတိရှိနေရုံသာမက ပြိုင်ဘက်ကို သတ်ပုတ်မည့် Super Saiyan*နှယ် တိုက်ခိုက်ခြင်း ဝိဥာဥ်များ နိုးထနေကာ သူ့လက်အတွင်း သက်ဆင်းလာမည့် ရန်သူကို တစစီ ဆွဲဖြဲပစ်ဖို့ရန် အသင့်ရှိနေသူလို ကြည့်နေလေသည်။

(* Super Saiyan ကတော့ တကိုယ်လုံး မီးတွေတောက်နေတဲ့ Anime ဇာတ်ကောင်ပါ)

ထို့ကြောင့် အတွင်းရေးမှူးက သူ ထွက်ပေါ်လာရန် အချိန်ကောင်း မဟုတ်ကြောင်း ရှင်းလင်းတိကျစွာ သိပါ၏။

ထိုအခိုက်ဝယ် အတွင်းရေးမှူး၏ ဦးနှောက်က Calculator ထက်ပင် လျင်မြန်နေသေးသည်။ အကယ်၍များ ရွှယ်လူကြီးမင်း စိတ်ကျေနပ်လောက်မည့် အဖြေမျိုး မပေးနိုင်ခဲ့သော် သူက အလုပ်ထုတ်ခံရမည် ဖြစ်ကာ မနက်ဖြန်ကျ သူ့ခြေထောက်နှင့်သူ ကုမ္ပဏီမှ ထွက်သွားရမည့်သူက သူသာလျှင် ပထမဆုံး ဖြစ်ပေလိမ့်မည်။

အတွင်းရေးမှူးက သူ၏ ပညာရှင်ဆန်လှသော ပုံမှန်လေသံကို အသုံးပြုကာ မေးလိုက်၏။

“ရွှယ်လူကြီးမင်း ခင်ဗျာ၊ နောက် ဆယ့်ငါးမိနစ် အကြာမှာ လုပ်မဲ့ ဗိုလ်ချုပ်ရွှီနဲ့ အစည်းအဝေးကို တက်မှာလား ခင်ဗျ၊”

(တောင်းပန်ပါတယ်။ ဗိုလ်ချုပ်ရွှီ။ ဒါပေမဲ့ ရွှယ်သခင်ကြီးရဲ့ ဒေါသကို ပုံချဖို့က ကျနော့ထက်စာရင် ခင်ဗျားက ပိုကောင်းလို့ပါ။)

“မတက်ဘူး”

တုံးတိတိ ဖြေသံတစ်ခု ထွက်ပေါ်လာလေသည်။

အတွင်းရေးမှူးကား သူ့ အကြည့်များကို သူ့ ခြေဖျားပေါ်မှာသာ စွဲမြဲထားကာ ဤအခန်းအတွင်းမှ ဆိုးဝါးသော အခြေအနေများကို သတိမပြုမိဟန် ဆောင်နေလေသည်။

“ကောင်းပါပြီ၊ ရွှယ်လူကြီးမင်း ။ ကျနော် ဗိုလ်ချုပ်ရွှီကို အသိပေးလိုက်ပါ့မယ်”

အတွင်းရေးမှူးက စိတ်အေးလက်အေးဖြင့် သူထိုင်ခုံမှာ ပြန်ထိုင်ရန် ကြံလိုက်စဥ်မှာပင် Super Saiyan အခြေအနေတွင် ရှိနေဆဲ ရွှယ်လူကြီးမင်း၏ အသံက ရုံးခန်းအတွင်းထဲမှ ပေါက်ကွဲထွက်လာတော့၏။

“ငါ့ ရုံးခန်းကို သန့်ရှင်းရေး လာလုပ်ပေးစမ်း”

အတွင်းရေးမှူး ကြည့်လိုက်သည့်အခါ မုန်တိုင်းတိုက်ပြီးနောက် ထွက်ခွာသွားသည့် ဒေါသတကြီး လူတစ်ယောက်၏ နောက်ကျောကိုသာ မြင်လိုက်ရတော့၏။

ထို ရွှယ်လူကြီးမင်းကား ဖောက်ပြန်နေသည့် ဇနီးမယားကို သွားဖမ်းသူနှင့် တူလှချည့်ဟု သူ့ဘာသာ တွေးမိသွားလေသည်။

သူက သူ့သူဌေး၏ အမိန့်ကို လိုက်နာကာ စားပွဲဆီ အလျင်အမြန် သွားပြီး ချက်ချင်း ရှင်းလင်း သိမ်းဆည်းရတော့သည်။

သူက စာရွက်စာတမ်းများကို တရွက်ချင်းစီ စီထပ် သိမ်းဆည်း ပေးနေရင်းက ထို ဖခင်ရင်း ဖြစ်ကြောင်း စစ်ဆေးချက်ကို အမှတ်မထင် တွေ့ရှိသွားတော့၏။

အတွင်းရေးမှူး.. ဒါကြောင့် ရွှယ်လူကြီးမင်း ဒေါသတွေ အရမ်း ထွက်သွားတာပေါ့။

နမူနာတစ်ခုက ရွှယ်လူကြီးမင်းဟာ ဖြစ်ပြီး နောက်တစ်ခုက သူ့ အဖိုးတန်သားလေးဟာ ဖြစ်ကြောင်း တွေ့ပါမှ အတွင်းရေးမှူးက ရွှယ်လူကြီးမင်း၏ အမျက်ဒေါသများကို ပိုမို နားလည် သဘောပေါက်သွားရပေသည်။

သူ့ သူဌေး၏ အမွေဆက်ခံမည့် သွေးရင်းအပေါ် တန်ဖိုးထားမှုက အလွန်ကို မြင့်မားလှပေသည်။

သူက အခြားလူများ၏ အမြင်ကို ဂရုမစိုက်ဘဲ သူ၏ တရားမဝင်သားကို အိမ်သို့ ခေါ်ဆောင်လာကာ သူ့ မျိုးရိုးအဖြစ် အသိအမှတ် ပြုခဲ့၏။

ထို လုပ်ရပ်သည်ကား များစွာသော လှောင်ပြောင် သရော်မှုတို့ကို ဖိတ်ခေါ်လေတော့သည်။

53 02

သူ့သူဌေးအနေဖြင့် သူ့ကို ဝေဖန် တိုက်ခိုက်သူများနှင့် အခြားလူများ၏ အေးစက်စက် အကြည့်တို့ကို လျစ်လျူရှုထားနိုင်ရန် မည်သည်က အကောင်းဆုံး ထောက်ပံ့ပေးနိုင်လိမ့်နည်း။ အဖြေက သူတို့ မိသားစု မျိုးရိုးကို ဆက်ခံပေးနိုင်မည့် သားလှရတနာသာ ဖြစ်ပေတော့သည်။

ယခုမူ အဖိုးထိုက်တန်လွန်းလှသည့် သူ၏ သားလေးက သူ့သားအရင်း မဟုတ်ကြောင်း တွေ့ရှိသွားလေပြီ။

ထိုအရာကား သူ့သူဌေးအတွက် ဧရာမ ထိုးနှက်ချက်ကြီး ဖြစ်ပေတော့သည်။

အတွင်းရေးမှုးခမျာ ထိုစစ်ဆေးချက်ကို ဓာတပုံရိုက်ကာ သူ့ လုပ်ဖော်ကိုင်ဖက်များထံ မျှဝေချင်စိတ်တို့ကို သည်းခံထားရန် တိုက်တွန်းနေရပေသည်။ ဤရုံးခန်းထဲမှာက စောင့်ကြည့် ကင်မရာများ ရှိနေလေရာ သူ ဘယ်လို ဓာတ်ပုံ ရိုက်ဝံ့ပါမည်နည်း။

သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် စာရွက်စာတမ်းများကို စားပွဲပေါ် စီထပ်ပေးလိုက်ပြီး ကွန်ပျူတာ အသစ်တလုံး လာရောက် တပ်ဆင်ပေးဖို့ရန် ထိန်းသိမ်းရေးဌာနကို ခေါ်လိုက်၏။

ယခုကဲ့သို့ အရည်ရွှမ်းလှသော အတင်းအဖျင်းမျိုးကို မျှဝေခွင့် မရနိုင်သည်က အတော်ကို မခံမရပ်နိုင် ဖြစ်ဖွယ်ရာပင်။

သူ့စားပွဲသို့ ပြန်ရောက်သော် အတွင်းရေးမှုးက သူ့ဘာသာ စိတ်ကူးယဥ်ကာ တွေးတောကြည့်၏။ သတိကြီးလှစွာသော သူ့ သူဌေးက သူ၏ မာနတရားများကို မျိုချကာ ရှက်ဖွယ်လိလိ အဖြစ်များကို ရှောင်ရှားရန် အလို့ငှာ ထိုဖောက်ပြန်ပြီး မျောက်မ ထားတတ်သူ မိန်းမ၏ ဦးထုပ်ကို သူ့ခေါင်းထက်မှာ ဆက်ဆောင်းထားလိမ့်မည်လား။

ဖောက်ပြန်မှုဟူသည် မည်သည့် သာမန်ယောကျာ်းမျှ သည်းမခံနိုင်ပါပေ။

ရွှယ်လူကြီးမင်းကမူ အမှန်တကယ်ကို သူဌေး ဖြစ်ထိုက်ပေရာ အခြားသူများ မလုပ်နိုင်သည်ကို ကြံကြံ့ခံနိုင်သည့် တကယ် ယောကျာ်းဘသား အမှန်ပင်။

သို့သော် ဖောက်ပြန်နေသည့် ဇနီးကို ဖမ်းမိလိုက်သည့် သူ့သူဌေး၏ အမူအရာများကို အကဲ​ဖြတ်ရသော် သူ၏ သည်းခံနိုင်စွမ်းများက နိမ့်ကျနေခဲ့ပုံ ပေါ်လေသည်။

နောက်ဆုံးတော့ ထို ယောကျာ်းဘသား အမှန်ဖြစ်သည့် သူ့ သူဌေးက တကယ်ကို သည်းမခံနိုင်ခဲ့ပါပေ။

သူက အမျက်ချောင်းချောင်း ထွက်ကာ အိမ်ကို ပြန်လာခဲ့လေသည်။ သူ၏ အခြေအနေကို ကြည့်ကာ ခင်ပွန်းဖြစ်သူက သွေးရင်းစစ်ဆေးချက် အဖြေကို မြင်သွားခဲ့ပြီဖြစ်ကြောင်း ရွှယ်ကတော်က နားလည်လိုက်ပေသည်။

ဘာဖြစ်ဖြစ် လက်ထပ်ပြီးခဲ့တာ ဆယ်စုနှစ်အထက် ရှိခဲ့ပြီဖြစ်သည့် ဇနီးမောင်နှံ အနေဖြင့် သူတို့က တစ်ဦးအကြောင်း တစ်ဦး ကောင်းကောင်း သိကြပေသည်။

ကျယ်လောင် ပြင်းထန်လှသည့် ရိုက်နှက်သံနှင့်အတူ မိန်းမတစ်ယောက်၏ ငိုကြွေးသံနှင့် ကလေးတစ်ယောက်၏ တအီအီ ငိုမြည်သံတို့ အိမ်ကြီး အပေါ်ထပ်မှ ထွက်ပေါ်လာခဲ့လေသည်။ ရွှယ်ကတော်ကမူ သူမ ပခုံးထက်မှ ရှောစောင်ကို တင်းတင်းဆုပ်ကာ လှေကားခုံ လက်ရန်းနားမှာ မတ်တပ် ရပ်နေခဲ့ပါ၏။

ဒါက အကောင်းဆုံးပါပင်။ ထို အရူးအိုကြီး က ထိုအဖြစ်ကို သူ့ဘာသာ ရှာတွေ့သွားမှတော့ သူမက စေ့စေ့ငုငု ရှင်းပြရမည့် အားအင်များကို ချွေတာပြီးသား ဖြစ်သွားလေပြီ။

ရွှယ်ရွှယ်ကျားက ကျောင်းမှ အိမ်သို့ ပြန်ရောက်သည့်အခါ သူ့အမေနှင့် ကလေးသုံးယောက်ကိူ မတွေ့ရပေ။

သူမ အဖေက ဖခင်ရင်း စစ်ဆေးချက် ရလဒ်ကို လက်ခံခဲ့ပြီး ဖြစ်ကြောင်း သူမ သိထားခဲ့၏။

ထိုမိန်းမနှင့် သူ့ကလေး၁၁၁၀ ဘယ်နေရာသွားသည်ကို ရွှယ်ရွှယ်ကျားက သူ့ မိခင်ကို မေးလိုက်၏။

ပြန်ဖြေရမည့်အစား ရွှယ်ကတော်က ပြောလာလေသည်။

“သမီး မှန်တယ်။ ယောင်ကျူးက သမီးအဖေရဲ့ သားအရင်း မဟုတ်ဘူး”

ရွှယ်ရွှယ်ကျားကလည်း ဇာတ်သံနှောကာ ပြောလိုက်လေသည်။

“ ဟယ် ဘယ်လောက် ဆိုးလိုက်တဲ့ သတင်းလဲလို့”

သူမ၏ လေသံနှင့် အမူအရာမှာ အခြား ဘာမှ မရှိသလိုပါပင်။

ရွှယ်ကတော်က သူ့သမီး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

“အဲဒါက မင်းအဖေအတွက် ဧရာမ ရိုက်ချက်ကြီး ဖြစ်သွားတယ်လေ။ သူ့ကို သွားပြီး ရန်မစနဲ့ဦး”

ရွှယ်ရွှယ်ကျားက သူမ ငယ်စဥ် ကလေး ဘဝတုန်းက အဖေဖြစ်သူ ကြိမ်ဒဏ်ပေးခဲ့သည့် အချိန်များကို သတိရသွားလေသည်။ သူမက ပြုံးကာ ပြောလိုက်၏။

53 03

“ မား မစိုးရိမ်ပါနဲ့။ ဘယ်လို ရူးမိုက်တဲ့ အလုပ်မျိုးကိုမှ သမီး မလုပ်ပါဘူး။ သမီး တစ်ယောက်အနေနဲ့ ပါး ကို နှစ်သိမ့်ပေးသင့်တာပေါ့။”

ရွှယ်ကတော်က ကျေနပ်နှစ်သိမ့်စံာ ပြုံးလိုက်၏။

“သမီးကတော့ တကယ့်ကို စဥ်းစားတတ်လာပြီပဲ။ ဘာဖြစ်ဖြစ် သမီးတို့ အဖေက ဒီမိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ။ သူ့ကို ဆန့်ကျင်ရင် သမီးပဲ နာကျင်ရမှာ”

ဟုတ်ပါသည်။ သူမအနေဖြင့် ဖခင်ကို ဘက်တိုက်ခြင်းဖြင့် အနိုင်မရမည်က သေချာသည့်အတွက် ထို သွယ်ဝိုက်သော နည်းလမ်းဖြင့် ချဥ်းကပ်ခဲ့ခြင်းပင်။

ရွှယ်သခင်ကြီး၏ စိတ်အခြေအနေမှာ အတော်ကြီး ဆိုးဝါးနေပေရာ သူက ညစာစားဖို့ အောက်ဆင်းမလာပေ။

အိမ်ထိန်းများသည်လည်း နေ့လည်ခင်းတုန်းက ရွှယ်သခင်ကြီး၏ ဒေါသပုန် ထမှုများကို မျက်မြင် တွေ့ထားပေရာ အစားအသောက်များ ယူသွားပေးပြီး သူ၏ အအျက်ဒေါသကို ဆွပေးမည့် စွန့်စားမှုမျိုးကို မလုပ်ဝံ့ကြပေ။

သမီးတစ်ယောက်အနေဖြင့် စဥ်းစားကာ ရွှယ်ရွှယ်ကျားလည်း ရိုးရိုးရှင်းရှင်း ဟင်းပွဲတချို့ သယ်ဆောင်ကာ သူ့အဖေ၏ အလုပ်ခန်းရှိရာ အပေါ်ထပ်သို့ တက်လာခဲ့၏။

ယခင်တုန်းက သူမဆိုလျှင် ဖခင်၏ အမျက်ဒေါသများကို အမှတ်တမဲ့ ရန်စမိမည်ကို စိုးရိမ်သည့်အတွက် ယခုလို အခြေအနေမျိုးမှာ ဖခင်ရှေ့သို့ ကိုယ်ယောင် မပြဖူးပါပေ။

သို့သော် ရက်က အတော်ကပ်နေပြီ ဖြစ်လေရာ သူမ နောက်ကျမှ ဆောင်ရွက်တာထက် စောစော ဆောင်ရွက်ရမည်ကို သိရှိထားပါ၏။

ရွှယ်ရွှယ်ကျားက ဖခင်၏ အလုပ်ခန်း တံခါးကို တွန်းဖွင့်လိုက်၏။ သူက သူ့သမီးကို နွေးထွေးမှုလေးတောင်မှ မပြသခဲ့သော်ငြား ထွက်သွားဖို့တော့ မောင်းမထုတ်ပေ။

ရွှယ်ရွှယ်ကျားကမူ ကြောက်ရွံ့ခဲ့ရသည့် သူမစိတ်များကို ကောင်းကောင်း ထိန်းချုပ်ထားလိုက်ကာ သမီးတစ်ယောက်၏ ချစ်ခြင်းမေတ္တာကို ပြသရမည့် ကဏ္ဍကို ဂရုတစိုက် သရုပ်ဆောင်လိုက်လေသည်။

သူမက နာရီ အတော်ကြာကြာပင် ဖခင်ဖြစ်သူနှင့် ရင်းနှီးစွာ စကားပြောနေခဲ့၏။ သူမ စာလုပ်ရန် ထွက်သွားခဲ့ချိန်တွင် လင်ဗန်းပေါ်မှ အစားအသောက်များကို ရွှယ်သခင်ကြီးက စားပြီးခဲ့လေပြီ။

သူမ ပန်းတိုင်ကို ရောက်ရှိ အောင်မြင်သွားပြီ ဖြစ်ပေရာ စိတ်ကျေနပ်သော အပြုံးနှင့်အတူ အောက်ထပ်ကို ဆင်းလာခဲ့၏။

သို့သော် ရွှယ်ကတော်နှင့် အိမ်ထိန်းတို့ကမူ သူမက ဖခင်ကို အစားစားဖို့ရန် ဖြောင်းဖျခြင်း အောင်မြင်သွားသောကြောင့် စိတ်အခြေအနေ ကောင်းနေခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်လေသည်။

“ သမီးအဖေ အစား စားလိုက်ရဲ့လား”

သူမက မေးလိုက်၏။

“ဟုတ် စားလိုက်တယ် မား”

ရွှယ်ရွှယ်ကျားကလည်း ပြန်ဖြေလိုက်သည်။

ဒေါသက စွမ်းအင် တော်တော်များများကို စားသုံးလိုက်တယ် ထင်ပါရဲ့။ သို့သော် ထိုစကားများကိုတော့ သူမဘာသာ သိမ်းထားလိုက်လေသည်။

တာဝန်ကျေလှသည့် သမီးတစ်ယောက်ဟူသည့် သူမ၏ ပုံရိပ်ကောင်းကို ပျက်စီးစေဖို့ သူမ မစွန့်စားရဲပါပေ။

ရွှယ်ကတော်နှင့် အိမ်ထိန်းတို့က ယခုလက်ရှိ အခြေအနေကိုသာ သိမြင်ကြသော်လည်း ရွှယ်ရွှယ်ကျားကမူ သူမ၏ အပြုအမူနှင့် စကားလုံးများကို သတိကြီးကြီး ထားနေခဲ့ပါ၏။

ထိုကြမ္မာငင်မည့်နေ့ နီးကပ်လာလေလေ ရွှယ်ရွှယ်ကျားကမူ ထူးထူးခြားခြား စိတ်အေး တည်ငြိမ်လာလေပင်။

ရွှယ်ရွှယ်ကျားက သူမ ဖခင်လို မဟုတ်ဘဲ ပုပ်သိုးနေသော အမြစ်များမှ ထိုးထွက်လာသည့် မျှစ်စို့ကောင်းလေးပါ ဟု လူတချို့က ပြောဆိုပေသည်။

သို့သော် သူမ၏ အေးစက်လှသော နှလုံးသားနှင့် အကြင်နာမဲ့ခြင်းက ဖခင်ဖြစ်သူနှင့် အပ်ချမတ်ချ တူလှကြောင်းကိုတော့ သူမ တစ်ယောက်သာ သိလေသည်။

ထို တညနေခင်းဝယ် ရွှယ်ရွှယ်ကျား၏ ဖခင်မှာ အလုပ်ဆင်းသွားပြီးနောက် အိမ်သို့ ပြန်မလာခဲ့ပါပေ။

သူမက အတန်းခေါင်းဆောင်ကို ဖုန်းခေါ်လိုက်ကာ ဦးလေးလင်း တစ်ယောက် ဤညနေခင်းဝယ် အိမ်သို့ လုံလုံခြံခြုံ ပြန်ရောက်ပါရဲ့လားဟု မေးမြန်းလိုက်၏။

53 04

ထို့နောက် သူမက အရာအားလုံး နေရာတကျ ရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိသွားခဲ့၏။

ရွှယ်ကတော်သည်လည်း သူ့ခင်ပွန်းက ပုံမှန်လိုပင် အမြောင်မယား တစ်ယောက်ယောက်၏ အိမ်မှာနေနေပြီဟု မှတ်ယူလိုက်ကာ သူ့ကို ဖုန်း ခေါ်ဆို မေးမြန်းခြင်း မပြုခဲ့ပေ။

သူမကား အချိန်အတော်ကြာ ကတည်းကပင် ခင်ပွန်းဖြစ်သူကို စွန့်လွှတ်ထားခဲ့ပြီး ဤအိမ်ထောင်ကို သူမ တည်မြဲစေခဲ့ခြင်းက သမီးများ၏ ရပိုင်ခွင့် အကျိုးအမြတ်များ အတွက်သာ ဖြစ်ပေသည်။

သူမ ခင်ပွန်းက အယုတ်တမာကောင် တစ်ယောက်ဖြစ်ကာ ထို အယုတ်တမာက ပိုက်ဆံကို ဘယ်လိုဖန်တီးရမလဲ ဆိုတာတော့ သိလေသည်။

သူတို့ လက်ထပ်ပြီးနောက် သူတို့၏ လက်ထပ်ပွား ပစ္စည်းများက တနေ့တခြား တိုးပွားလာခဲ့ပါ၏။

ဤအယုတ်တမာကောင်နှင့် ထူထောင်ထားရသည့် အိမ်ထောင်ကို ရေရှည် တည်တံ့စေခဲ့ခြင်းက သူမ ကွာရှင်းသည့်အခါ ရပိုင်ခွင့် အများအပြားကို တောင်းဆိုခွင့် ရရှိရန်အတွက်သာ။ ထိုအကြောင်းပြချက်ကြောင့်သာလျှင် ဤအိမ်ထောင်ရေးကို သူးမ ကြံ့ကြံ့ခံခဲ့ရခြင်းပေတည်း။

သူမ ခင်ပွန်းအတွက် ဘာခံစားချက်မှ ရှိမနေမှတော့ ထိုယောကျာ်း အခြားမိန်းမ ရှာသည်ကို သူမလည်း ဂရုစိုက်မနေတော့ပေ။

ရွှယ်ကတော်မှာ သူ့ခင်ပွန်း ကိုယ်လုပ်တော်များ ထားနေခြင်းအပေါ် တစ်ခုတည်းကိုသာ ဂရုစိုက်၏။ ၎င်းမှာ သူမ သမီးသုံးယောက်၏ ရပိုင်ခွင့် အမွေများကို သက်ရောက်လာစေမည့် တရားမဝင်ကလေးများ မွေးဖွားမလာရန်သာ ဖြစ်လေသည်။

အတန်းချိန်အတွင်းမှာပင် ရွှယ်ရွှယ်ကျားက မိခင်ဖြစ်သူထံမှ ဖုန်းကို လက်ခံ ရရှိခဲ့လေသည်။ သူမ ဖုန်းကိုင်ဖို့ လိုအပ်ကြောင်း စာသင်စင်မြင့်ထက်မှ ဆရာကို အမူအရာဖြင့် ပြလိုက်ကာ အတန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့၏။

အခြားတဖက်မှ မိခင်ဖြစ်သူက ကျီးလန့်စာစား ဖြစ်နေသည့် လေသံဖြင့် ရွှယ်ရွှယ်ကျားကို ပြောလာလေသည်။

“ငါတို့ ဘယ်လိုလုပ်ကြမတုန်း။ သမီးအဖေ ပြန်ပေးဆွဲ ခံထားရတယ်တဲ့”

ရွှယ်ရွှယ်ကျားက တွေးလိုက်၏။ ဘာကို ဘယ်လို လုပ်ရမှာတုန်း။ အောင်ပွဲခံဖို့ အပြင်ထွက်ပြီး ဗျောက်အိုး နည်းနည်းပါးပါး ဝယ်ရမှာပေါ့။

ထိုအချိန်မှာ သင်္ချာဆရာက သူ၏ သင်ကြားပို့ချမှုများကို ခေတ္တ ရပ်ထားပါ၏။ သူက ခေတ္တနားချိန်အတွင်း လက်ဖက်ရည် တငုံမျှ သောက်လိုက်ကာ ကျောင်းသားများကို မေးခွန်းများ ဖတ်ထားဖို့ ပြောလိုက်၏။

ရွှယ်ရွှယ်ကျားက အတန်းထဲသို့ ပြန်ဝင်လာမှ သူက သာမန်ကာလျှံကာ ဟန်ဖြင့် မေးလိုက်၏။

“အိမ်မှာ အရေးတကြီး ကိစ္စ ရှိလို့လား သမီး”

ပုံမှန်ဆိုလျှင် အိမ်မှာ အရေးပေါ်ကိစ္စ ရှိတာမျိုး မဟုတ်လျှင် ကျောင်းသားများက စင်္ကြန်သို့ထွက်ကာ ဖုန်းပြောပြီး အတန်းကို နှောင့်ယှက်တာမျိုး ခွင့်ပြုမထားပေ။

ရွှယ်ရွှယ်ကျားက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။

“ ဘာအရေးကြီး ကိစ္စမှ မဟုတ်ပါဘူး ဆရာ။ ကျမတို့အဖေ ပြန်ပေးဆွဲ ခံရတယ်လို့ အမေ ဖုန်းဆက်လာတာပါ”

သင်္ချာဆရာ..??

ပြန်ပေးဆွဲခံရတဲ့လူက မင်း အမြစ်ဖြတ် သုတ်သင်မဲ့ ရန်သူတော်ကြီး မဟုတ်ပဲ မင်း အဖေရင်းဆိုတာ သေချာပါတယ်နော်။

ထောင်ချီသော အတွေးများက သင်္ချာဆရာ၏ စိတ်ထဲဝယ် အလျင်အမြန် ပြေးလွှားနေလေသည်။

နောက်ဆုံးတော့ သူက တစ်ခုတည်းသော ကောက်ချက်ကို ချလိုက်နိုင်ပေတော့၏။ အမှန်တော့ ဤအတန်းထဲမှ ကျောင်းသားအားလုံး သရဲပူးနေခြင်းပေတည်း။

******

54 01

အပိုင်း 54.

ပြီးခဲ့သည့် ဘဝတုန်းက အသစ်တိုးတက်မှုများကို ထိုးထွင်း သိမြင်နိုင်စွန်းသည့် ရှီလီခမျာ တစ်ယောက်တည်း ပွက်လောရိုက်ရတော့၏။

(ဒီလို ပြောင်းသွားတာကြီးက အရမ်းကို ပြင်းထန်တယ်နော်။ ပြန်ပေးဆွဲ ခံရတဲ့လူက အတန်းခေါင်းဆောင်ရဲ့ အဖေပဲ ဖြစ်ရမှာကို၊ ဘယ်လိုလုပ်ပြီး ရွှယ်ရွှယ်ကျားရဲ့ အဖေက အဖမ်းခံလိုက်ရတာတုန်း)

( အခုရော အတန်းခေါင်းဆောင်ရဲ့ အဖေ အန္တရာယ် ကင်းရဲ့လား မသိဘူး)

(စိတ္တဇကောင်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ အဲဒီ ပြန်ပေးသမားတွေက ထပ်ပြီး အလျင်စလို ဖြစ်နေမှာ မဟုတ်တာတော့ သေချာပါတယ်)

( ဒါမှမဟုတ် အဲဒီအရူးက ပွပေါက် အကြီးကြီး ရပြီ ဆိုပြီး သုံးယောက်စလုံးကို တပြိုင်တည်း ခေါ်သွားတာများလား)

ရှီလီက သူမဘာသာ သံသယ ဝင်လာလေပြီ။

(အဲဒါက ငါ့ကြောင့် Butterfly Effect* တွေ ဖြစ်ကုန်တာ မဟုတ်လောက်ပါဘူးနော်။)

(* Butterfly Effect- သေးငယ်သော အခြေအနေပင် ဖြစ်လင့်ကစား နောက်ပိုင်းတွင် ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်မည့် ကနဦး အစပျိုးမှု အခြေအနေ)

လူတိုင်း..သံသယ ဝင်မနေပါနဲ့တော့၊ တကယ်ကြီး နင်ပဲ။ တကယ်ကြီး နင်ပါနော်။

ပြီးခဲ့သည့် ရက်သတ္တပတ်တုန်းက ပါတီပွဲ အတွင်းမှာ ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားခဲ့ရသည့် အတန်းဖော်များက အားလုံးလိုလို ပဟေဠိ ဖြစ်ရတော့၏။

သူ့နေရာမှာ ရွှယ်ရွှယ်ကျား၏ ဖခင် ဖြစ်သွားကာ အတန်းခေါင်းဆောင်၏ အဖေက အဘယ့်ကြောင့် မထိမရှ လွတ်မြောက်လာခဲ့သနည်း ဆိုသည်ကို သူတို့ နားမလည်ကြတော့ပေ။

ထိုအချိန်ဝယ် ရွှယ်ရွှယ်ကျားက သူမ၏ ဖခင်ကို အားမာန်အပြည့်ဖြင့် တွန်းအား ပေးခဲ့ကြောင်းကိုတော့ မည်သူကမျှ မခန့်မှန်းမိခဲ့ကြပေ။

ရွှယ်ရွှယ်ကျား လုပ်ခဲ့သည့် အရာကို သိသူက ဤတစ်ခန်းလုံးမှာ အတန်းခေါင်းဆောင်သာ ရှိပြီး သူသည်လည်း အခြားလူတစ်ယောက်ကို ဘယ်သောအခါမှ ပြန်ပြောပြလိမ့်မည် မဟုတ်ပေ။

အခြားသူအတွက် ကိစ္စတစ်ခုခု ဆောင်ရွက်ပေးသည့်အခါ လိုက်နာရမည့် အခြေခံကျင့်ဝတ်ကို သူလည်း သိပါသည်။

ရွှယ်ရွှယ်ကျား၏ ဖခင် ပြန်ပေးဆွဲ ခံရကြောင်း ကြားလိုက်ရသည့် အတန်းသားများက သူတို့၏ မျက်လုံးများကို အတန်းခေါင်းဆောင်ထံ တပြိုင်တည်း လှိမ့်လိုက်ကြတော့၏။

ထိုနှစ်ယောက်ကြားမှာ သူတို့ မသိနိုင်သည့် တစ်စုံတစ်ရာ ရှိလိမ့်မည် ဖြစ်ကြောင်း သိရှိကြလေသည်။

စာသင်စင်မြင့်ထက်မှာ မတ်တပ်ရပ်နေသည့် သင်္ချာဆရာမှာမူ အောက်က ကျောင်းသားများ ဘာတွေ လုပ်နေကြသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်နေနိုင်ပါ၏။

ရွှယ်ရွှယ်ကျားက သူမ ဖခင် ပြန်ပေးဆွဲခံရသည်ဟု ပြောလာစဥ် သူမကို ကြည့်ရမည့်အစား အားလုံး၏ အကြည့်များက အတန်းခေါင်းဆောင်ထံ ရောက်ရှိသွားသည်ကိုသာ သူမြင်ရပါ၏။

သင်္ချာဆရာခမျာ လုံးဝကို ရှုပ်ထွေးသွားရတော့သည်။ ဒါက ဘာတုန်းဟ။ အတန်းခေါင်းဆောင်ကများ ရွှယ်ကျားရဲ့ အဖေကို ပြန်ပေးဆွဲသွားတာလား။

တကယ်လို့ ပြန်ပေးဆွဲတဲ့လူက အတန်းခေါင်းဆောင် မဟုတ်ရင် မင်းတို့ ဘာလို့ သူ့ကိုစိုက်ကြည့်နေကြတာတုန်း။

တကယ်ပဲ Class1 ထဲက ကျောင်းသားတွေ အကုန်လုံး ဦးနှောက် ပျက်ကုန်ပြီ။

သူက ဤအတန်းချိန်ကို ဆက်နေလျှင်တောင်မှ သူ့ကျောင်းသူ၏ ဖခင်က ပြန်ပေးဆွဲ ခံလိုက်ရပြီး ကြီးကြီးမားမား အကျိုးသက်ရောက်နိုင်လေရာ သူမ၏ စိတ်အခြေအနေကလည်း ဆိုးဝါးကာ စာပေါ်မှာ အာရုံစိုက်မှု နိမ့်ပါးနေလိမ့်မည် ဖြစ်ကြောင်း သူ စဥ်းစားမိ၏။

ထို့ကြောင့် သူက ကရုဏာသက်စွာဖြင့် အကြံပြုလိုက်၏။

“အိမ်မှာ ကိစ္စ တစ်ခုခု ဖြစ်နေမှတော့ မင်း ဒီနေ့ အိမ်ကို ပြန်ပြီး တစ်ခုခု ကူညီနိုင်မလား ဆိုတာ ဘာကြောင့် ပြန်မကြည့်တာလဲ”

ရွှယ်ရွှယ်ကျားလို အထက်တန်း ကျောင်းသူလေး တစ်ယောက်က ဘာအကူအညီမှ များများစားစား မပေးနိုင်ကြောင်း သူ မတွေးမိပေ။

54 02

ရွှယ်ရွှယ်ကျား.. ဒါကြီးက မလိုအပ်ဘူးဆိုတာ အမှန်ပဲနော်။ ကျမ မရှိရင် ကျမ အဖေ သေမှာမဟုတ်ဘူး။

“ ကျေးဇူးတင်ပါတယ် ဆရာ။ ကျမ မိသားစုလည်း အဲဒီလိုပဲ တွေးပါတယ်။ ကိုယ်ရံတော်တွေနဲ့ ကားဒရိုင်ဘာက နောက် နာရီဝက်အတွင်း ဒီကို ရောက်လာတော့မှာပါ”

ရွှယ်ကတော်ကမူ သူ့ခင်ပွန်းက စိတ္တဇကောင်၏ လက်ထဲသို့ အမှတ်မထင် သက်ဆင်းသွားရတာ ဖြစ်ကြောင်း မသိရှိပါပေ။ ထို့ကြောင့် ထိုစိတ္တဇကောင်က သူတို့ မိသားစုကို ပစ်မှတ်ထားကာ သူ့ သမီး၏ လုံခြုံရေးကို ထိပါးလာမည်ကို စိုးရိမ်လေသည်။ ထို့ကြောင့် သူ့သမီးကို ကျောင်းမှ ပြန်ကြိုလာရန် သက်တော်စောင့်များကို စေလွှတ်လိုက်ခြင်းသာ။

ရှီလီကမူ သင်္ချာဆရာ၏ ပြောင်နေသော ထိပ်နေရာကို ကြည့်ကာ သူမ အတွေးများက ပစိဖိတ် သမုဒ္ဒရာမှသည် မြေထဲပင်လယ်သို့ မျောလွင့်သွားပြန်သည်။

(တကယ်လို့ ၊ ငါ့အနေနဲ့ ပြောရမယ်ဆိုရင် အဲဒီ စိတ္တဇ ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့က ရွှယ်ရွှယ်ကျားအဖေကို အနစ်နာခံပြီး ယဇ်ကောင် လုပ်ခိုင်းလိုက်ရင် အဲဒါ အရမ်းကောင်းတဲ့ ကိစ္စကြီးပဲ မဟုတ်ဘူးလား)

ရှီလီက ချက်ချင်းပင် သူမ အတွေးကို စွန့်လွှတ်လိုက်၏​။

( ဘာဖြစ်ဖြစ် အဲဒါက ရွှယ်ကျားရဲ့ အဖေပဲဟာ။ အဲဒါလည်း သိပ်တော့ မှန်မနေသေးဘူး)

ရွှယ်ရွှယ်ကျား.. အဲဒါက ဘာမှ ပြဿနာတော့ မဟုတ်ပါဘူးဟယ်။ ငါ့အဖေမှာက ရဲရင့်ပြီး စူးစိုက် တက်ကြွတဲ့ စိတ်ဝိဥာဥ်ရှိတယ်လေ။ သူလည်း ဆန္ဒရှိမှာပါ။

ရွှယ်သခင်ကြီး.??????

အလွန်ကို စိတ်အားထက်သန်နေသော သူမ အတန်းဖော်တို့၏ အကြည့်စူးစူးအောက်ဝယ် ရွှယ်ရွှယ်ကျားသည်လည်း စာသင်ခန်းမှ ထွက်ခွာကာ အိမ်ကို ပြန်လာခဲ့လေသည်။

ရွှယ်ကျားက ကိုယ်ရံတော်တို့၏ အစောင့်အရှောက်ဖြင့် အိမ်ကို ရောက်လာခဲ့ကာ ရွှယ်ကတော်ကမူ ထိတ်လန့် တုန်လှုပ်စွာဖြင့် ဖုန်းကို စောင့်ဆိုင်းနေလေသည်။

ရွှယ်ရွှယ်ကျားက သူမ အမေထံ လျှောက်သွားကာ မိခင်ကို ပွေ့ဖက်လိုက်၏။

“မား အရမ်းကြီးလည်း စိုးရိမ် မနေပါနဲ့”

သူ့သမီး နှစ်ယောက်စလုံး လုံခြုံနေသည်ကို မြင်ပါမှ ရွှယ်ကတော်လည်း ပူပန်မှုတို့ လျော့ပါးသွားရတော့သည်။

“ကျားကျား၊ ညီမလေးကို အပေါ်ထပ် ခေါ်သွားပြီး ကစားပေးလိုက်ပါဦး။ ဒီကိစ္စ အတွက် သမီး စိုးရိမ်မနေနဲ့နော်”

သူမက ညီမဖြစ်သူကို နာနီ လက်ထဲ ထည့်ပေးလိုက်ကာ ကလေးကို အပေါ်ထပ် ခေါ်သွားပြီး အတူ ကစားပေးဖို့ ပြောလိုက်ပါ၏။

ထို့နောက် သူမက ရွှယ်ကတော်ဘေးမှာ ရပ်လိုက်ကာ လက်ရှိ အခြေအနေကို မေးမြန်းလိုက်၏။

“ပြန်ပေးသမားတွေ ဘယ်အချိန်က ဖုန်းဆက်လာတာလဲ။ သူတို့ ဘာတောင်းဆိုချက်တွေ လုပ်သေးလဲ မား”

“ဆယ်နာရီလောက်က ဖုန်းခေါ်လာတာ။ ဒီနေ့တွင်းချင်း ငါးဆယ်မီလီယံ ပေးရမယ်လို့ တောင်းဆိုလာတယ်။ မဟုတ်ရင် သူ့ကို သတ်ပစ်မယ်တဲ့”

“ငွေထုတ်ဖို့အတွက်လည်း မား လူတွေ လွှတ်လိုက်ပြီ။”

ပြန်ပေးသမားများက နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုလာသည့်အခါ သတ်မှတ်နေရာသို့ ငွေလာပို့ရမည်ဖြစ်ကြောင်း ရွှယ်ကတော်ကို အမိန့် ပေးလာပေသည်။

ရွှယ်ရွှယ်ကျားက သူမ မိခင်ထံမှ ဖုန်းကို ဆတ်ခနဲ ဆွဲလုကာ တဖက်မှ ပြန်ပေးသမားများနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်၏။

သို့သော် သူတို့၏ ဆက်သွယ်ရန် အသေးစိတ် အချက်အလက်မှာကား Unknown ဟူ၍သာ ကျန်ရှိခဲ့လေသည်။

အချိန်တို အတွင်းမှာပင် မြို့တော်ပြာ၏ ရဲဌာနက ဆယ်စုနှစ်တစ်ခုစာ ဟိုဟိုသည်သည် လျှောက်ပြေးနေသည့် အမှုပေါင်း နှစ်ဆယ်ကျော်အတွက် တာဝန်ရှိသူ ရာဇဝတ်သား ခေါင်းဆောင်ကို ဖမ်းမိသွားတော့သည်။

ထို ရာဇဝတ်ခေါင်းဆောင်မှာ အဖမ်းမခံရစေရန် ခုခံနေသောကြောင့် နေရာမှာတင် ပစ်ခတ် ဖမ်းဆီးလိုက်ရပြီး ကျန်ဂိုဏ်းသားများကိုမူ တဟုန်ထိုး လက်ရ ဖမ်းမိခဲ့ပေသည်။

ထို့ကြောင့် ယနေ့မှာတော့ ကြွယ်ဝ ချမ်းသာသူများကို အုပ်မိုးထားခဲ့သည့် တိမ်မည်းကြီးကို ဖယ်ရှား လိုက်နိုင်လေပြီ။ ယခင်တုန်းက ထိုပြန်ပေးသမားထံမှာ သတ်ဖြတ်ခံခဲ့ရသည့် လူချမ်းသာများ၏ မိသားစုဝင်များကလည်း သူတို့၏ ကျေးဇူးတင်ရှိမှုများအတွက် အောင်လံတော် ပန်းစည်းများ ပို့ဆောင်လာကြလေသည်။

54 03

ထို ရာဇဝတ်သား ခေါင်းဆောင်နှင့် သူ့ဂိုဏ်းသားများကို စီရင်ချက် ချရန် ခေါ်ဆောင်လာသည်ကို ကြည့်ရသည်မှာ အလွန်ကို စိတ်လှုပ်ရှားဖွယ် ဖြစ်ရပ်ကြီးပင်။ အဆိုးဘက်မှ တစ်ခုတည်းသော အရာကတော့ ထိုအချိန်တုန်းက ပြန်ပေးဆွဲ ခံရသည့် ဓားစာခံ နှစ်ဦးတွင် တစ်ဦးကို အလွန် ပြင်းထန်လှသော ဒဏ်ရာများဖြင့် ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့ကာ အခြားတစ်ဦးကမူ အလွန်ကို စိုးရိမ်ဖွယ် အခြေအနေ ရှိနေခဲ့ပြီး ရှာတွေ့ချိန်တွင် အသက်ငွေ့ငွေ့မျှသာ ရှိတော့ကာ ဆေးရုံသို့ ပို့ဆောင်စဥ် လမ်းခရီးမှာတင် သေဆုံးသွားခဲ့လေသည်။

ရဲတပ်ဖွဲ့ အနေဖြင့်လည်း ထို ဖြစ်ရပ်အပေါ် နက်နက်ရှိုင်းရှိုင်း ပူဆွေးမှုကို ပြသခဲ့ပေသည်။

နှစ်ဆယ့်တစ်ရာစု ကမ္ဘာရွာကြီးဝယ် လူတို့မှာ လျှို့ဝှက်ချက် မည်သည် မရှိတော့ပေ။ ရွှယ်အုပ်စု၏ CEOက ပြန်ပေးဆွဲခံရကာ ထို ဒုစရိုက်သိုက်မြုံတွင်းမှ ကယ်ဆယ်ခဲ့ချိန်တွင် သေဆုံးသွားပြီဟု ဆိုသော ခေါင်းစီးကြီးက လူပြိန်းကြိုက် သတင်းစာများဝယ် ပလူပျံနေပေတော့သည်။

ထိုသတင်းနှင့် ပတ်သက်၍ မည်သည့် တရားဝင် သတင်းမျိုးမှ ထုတ်ပြန်ခြင်း မပြုရသေးမီ လူထုကတော့ ထိုသတင်းကို အတုအယောင်ဟုသာ တွေးထင်ခဲ့လေသည်။ သူတို့က ထို လူပြိန်းကြိုက် သတင်းစာများကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့ကာ သူတို့အနေဖြင့် လူကုန်ကူး ခံရသူအတွက် ဂုဏ်သတင်းကို ထည့်သွင်း စဥ်းစားသမှု မပြုခဲ့ဟု စွပ်စွဲကြလေသည်။ သူတို့က ဘယ်လိုတောင် လူတစ်ယောက်ကို သေဖို့ ကျိန်ဆဲ နိုင်ရသည်လဲ။ အကယ်၍ သူတို့က ကောလဟလ ဖြန့်ချင်သည် ဆိုလျှင်တောင်မှ ပိုပြီး ယုတ္တိကျသည့် အကြောင်းပြချက်ကို ရှာသင့်ပေသည်။ တစုံတစ်ယောက်ကို ပြန်ပေးဆွဲခံရပြီး အသတ်ခံရသည်ဟု ပြောဆိုခြင်းက တရားလွန်ကြီး ဖြစ်နေသည် မဟုတ်ပါလား။

ရွှယ်အုပ်စု၏ CEO ဤမျှ သနားဖွယ်ရာ အဖြစ်ဆိုးဖြင့် သေဆုံးရသည်က ဘယ်လို ဖြစ်နိုင်လိမ့်မည်နည်း။

ထို လူပြိန်းကြိုက် သတင်းစာများကလည်း တိပသော သတင်းကို မရရှိကြရာ သူတို့က ထိုသတင်းကို အရဲစွန့်ကာ တင်ရခြင်းပင်။ထို့ကြောင့် သူတို့ခမျာ မှတ်ချက်ကဏ္ဍမှ ဆဲဆိုခြင်းများကိုပင် ပြန်လည် တုံ့ပြန်သမှု မပြုဝံ့ပါပေ။

မှတ်ချက်အတွင်းမှ များစွာသော Netizenတို့က တရားဝင် တုံ့ပြန်ပြန်ချက် ပြုလုပ်ရန် တရားရေးရာဌှာနကို ခေါ်ဆိုရန် ရွှယ်အုပ်စု၏ Official Pageမှတဆင့် Tagလုပ်ကြတော့၏။

ထို့နောက် ရွှယ်အုပ်စု၏ Official Website က မီးခိုးရောင် ပြောင်းသွားသည်ကို တစုံတစ်ယောက်က သတိပြုမိသွားလေသည်။

၎င်းက အမှန်တကယ်ကိုပင် လူတိုင်းအတွက် မယုံကြည်နိုင်ဖွယ်ရာ ဇာတ်လမ်း အလှည့်အပြောင်း ဖြစ်ပေတော့သည်။

ရွှယ်အုပ်စု၏ CEOက ယခုလို အရွယ်ကောင်းမှာပင် ဤသို့ ဤပုံ သွားလိုက်ရမည်ဟု အဘယ်သူက တွေးကြည့်နိုင်ပါအံ့နည်း။

ထို့ပြင် ပို၍ မတွေးဝံ့သည်ကတော့ သူက ထို လူပြိန်းကြိုက် သတင်းစာများ ဖော်ပြခဲ့သလို ထိုမျှ ကရုဏာသက်စဖွယ် နည်းလမ်းဖြင့် သေဆုံးသွားရခြင်းပင်တည်း။

5G မြန်နှုန်းမြင့် အင်တာနက်လိုင်း အသုံးပြုနေသူ ရှီလီကား သူမ ဖုန်းထဲမှာ တွေ့လိုက်ရသည့် ထိုသတင်းကြောင့် လုံးလုံးလျားလျားကို ကြက်သေ သေရပေတော့သည်။

၎င်းကား သူမ အတန်းဖော် တစ်ယောက်က ပြီးခဲ့သည့် ဘဝနှင့် အလွန်ကွဲပြားသည့် ဖြစ်ရပ် ဖြစ်ပျက်ခဲ့ခြင်းပင်။

အခု အဲဒီ စိတ္တဇကောင်က ရဲတပ်ဖွဲ့ဆီမှာ အသတ်ခံလိုက်ရပြီလို့ ပြောလိုက်တာလား။ သူက ဒီNovelထဲမှာ အရေးကြီးတဲ့ ဇာတ်ကောင်လို့ ပြောထားတာကို။

ထိုလူက အလွန်အရေးကြီးပြီး အစားထိုး မရနိုင်သည့် တာဝန်ကို ပြီးမြောက်ရမည့်သူ ဖြစ်ကာ Female Leadကို ပြန်ပေးဆွဲပြီး လျန်ရုံရုံ နှင့် ဖုန့်ယွင်ဟယ်တို့ကြား ဆက်ဆံရေးကို တိုးတက်စေရန် အပြောင်းအလဲ အထောက်အပံ့ ဖြစ်ပေးရမည့် သူပေတည်း။

ယခု ထိုလူက သေဆုံးသွားပြီ ဖြစ်လေရာ အဘယ်သူက လျန်ရုံရုံကို ပြန်ပေးဆွဲမည်နည်း။ သေချာတာက သူမကိုယ်သူမ ပြန်ပေးဆွဲမှာမျိုးတော့ မဟုတ်ပေ။

ဆောင်းပါး တစ်ပုဒ်လုံးကို ဖတ်ရှုပြီးကာမှ ရွှယ်ကျား၏ ဖခင်က ပြန်ပေးမှု ဖြစ်ခင်းအတွင်း သေဆုံးသွားတာဖြစ်ကြောင်း ရှီလီ သဘောပေါက်ရတော့၏။

အခြား ဓားစာခံတစ်ယောက်ကိုတော့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ယခုမူ အန္တရာယ်မှ လွတ်မြောက်ခဲ့ပြီ ဖြစ်ကြောင်း ထိုသတင်းမှာ ဖော်ပြထားလေသည်။

အကယ်၍ အခြား မမျှော်လင့်ထားသည့် ဖြစ်ရပ်များ မဖြစ်ပွားခဲ့သော် နောက်ထပ် ပြန်ပေးဆွဲ ခံရသူ တစ်ဦးက ဟယ့်လူကြီးမင်းပင်။

54 04

ယခု ဟယ့်လူကြီးမင်း၏ ကံကြမ္မာက ပြီးခဲ့သည့် ဘဝနှင့် အတူတူပင် ဖြစ်ကာ အခြားတစ်ဦး၏ ကံကြမ္မာကမူ လမ်းကြောင်းပြောင်းသွားပေရာ ရှီလီခမျာ သူမ၏ မှတ်ဉာဏ်များကများ သူမကို လှည့်စားနေသလားဟု တွေးမိပေတော့သည်။

ပြီးခဲ့သည့် သူမ၏ ဘဝတွင် ပြန်ပေးဆွဲ ခံရသူက အတန်းခေါင်းဆောင်၏ အဖေဖြစ်ကာ ယခုတွင်မတော့ ရွှယ်ရွှယ်ကျား၏ ဖခင် ဖြစ်လာခဲ့သည်။

အတိတ်ဘဝတုန်းက အတန်းခေါင်းဆောင်၏ အဖေက ထိုပြန်ပေးမှုမှ ပြင်းထန်လှစွာသော ဒဏ်ရာတို့ ရရှိခဲ့ပါ၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် အိမ်မှာပင် ကာလကြာရှည် ပြန်လည် ထူထောင်ခဲ့ရကာ လုပ်ငန်းကိစ္စ အဝဝကို သူ၏ လက်ထောက်မန်နေဂျာကို လွှဲပြောင်းထားခဲ့ရ၏။

ယခုဘဝတွင်တော့ ရွှယ်ရွှယ်ကျား၏ ဖခင်က ရုတ်ခြည်း ကွယ်လွန်သွားရပေသည်။

ဤ လူကြီးမင်းက ပြန်ပေးသမားများ သူ့ကို သတ်ပစ်လောက်အောင် ဘာတွေ လုပ်ခဲ့သနည်း ဆိုသည်ကို ရှီလီခမျာ နားမလည်နိုင်ပါလေတော့။

ရွှယ်လုပ်ငန်းစုကလည်း ရွှယ်သခင်ကြီး ပြန်ပေးဆွဲခံရမှုကြောင့် သေဆုံးသွားရသည့် သတင်းကို ဖုံးကွယ် ထိန်ချန်ထားရန် ရည်ရွယ်ချက် မရှိပေ။

ထိုလူ၏ အကုသိုလ် ဝိပတ်ကြောင့် အတန်းခေါင်းဆောင်၏ ဖခင်မှာလည်း ရွှယ်သခင်ကြီးအပေါ် အတော်ကြီး အာရုံစိုက်မိရတော့၏။

သူ့ အဓိကပြိုင်ဘက်၏ သေဆုံးရသည့် အဓိက အကြောင်းအရာကို ကြားရသည့်အခါ သူ့မှာ ဝမ်းသာဖို့ထက် တုန်လှုပ် ချောက်ချားရပေတော့သည်။

၎င်းကား စကားလုံးများဖြင့်ပင် ဖော်ပြရန် မစွမ်းသာသော မယုံကြည်ဖွယ် ခံစားချက်မျိုးပေတည်း။

အတန်းခေါင်းဆောင်၏ ဖခင်မှာ ဤစီးပွားရေး လောကအတွင်းမှ သူ့ပြိုင်ဖက် ရန်သူတော်ကြီးကို အနိုင်ယူရန် မရေမတွက်နိုင်သော အနာဂတ် မှန်းခြေများကို စိတ်ကူးယဥ် တွေးတောခဲ့ဖူး၏။ သို့သော် ထိုလူက အလျင်ဦးအောင် တုံ့ပြန်မှု ရယူသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးကြည့်ခဲ့ဖူးခင် လူကတော့ သွားလိုက်လေပြီတကား။

******

55 01

အပိုင်း 55.

ဖြစ်ပွားခဲ့သည့် ထိုကိစ္စများက အတန်းခေါင်းဆောင်၏ ဖခင်ကို ထင်ထင်ရှားရှားကြီး သက်ရောက်စေခဲ့ကာ ဘဝအပေါ် များစွာသော အမြင်များ ရောင်ပြန်ဟပ်စေခဲ့လေသည်။

သက်လတ်ပိုင်း အရွယ်သို့ ချဥ်းကပ်လာပြီဖြစ်သည့် လူတစ်ဦးအတွက် ကျန်းမာရေးကသာ ဦးစားပေးရမည့် အတိမ်းအစောင်းမခံနိုင်သည့် အရာဖြစ်ကြောင်း သူသဘောပေါက်သွားခဲ့၏။

ဘာဖြစ်ဖြစ် လူတစ်ယောက်၏ စီးပွားရေးက မည်မျှပင် အောင်မြင်လာပါစေ၊ လူတိုင်းကတော့ မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်း ဟူသည့် အို နာ သေ ဘေးဒုက္ခတို့ကို ရင်ဆိုင်ရမည်က မလွဲဧကန်ပါပင်။

သူ၏ အသက်အရွယ်အရ ဆိုပါလျှင် မည်သူက ငွေမည်မျှ ရှာနိုင်သနည်း ဆိုတာထက် မည်သူက ပိုမို ကျန်းမာသနည်း ဆိုသည်ကိုသာ ယှဥ်ပြိုင်သင့်ပေတော့သည်။

ထို့ကြောင့် အတန်းခေါင်းဆောင်၏ ဖခင်က သူ၏ ကျန်းမာရေးကိုသာ ပိုမို ကောင်းမွန်အောင် ဂရုစိုက်ဖို့ အခိုင်အမာ သန္နိဌာန် ချလိုက်ပြီး သူ၏ ရန်သူတော်များထက် အသက်ရှည်ရှည်နေရမည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သတည်း။

အမှန်တော့ ထိုအတွေးများက အတန်းခေါင်းဆောင်၏ ဖခင်အနေဖြင့် ရွှယ်သခင်ကြီး၏ ပြန်ပေးဆွဲ ခံရမှု ဖြစ်စဥ်ကို အသေးစိတ် မသိရှိသေးမီ ဖြစ်ပွားခြင်းပင်။

ရွှယ်သခင်ကြီးက ဟယ့်လူကြီးမင်းနှင့် တစ်နေရာတည်းမှာပင် တချိန်တည်း ဖမ်းဆီး ပြန်ပေးဆွဲခံရတာ ဖြစ်ကြောင်း သူသိရသည့်အခါ သူ့သားကို စေ့စေ့စပ်စပ် စစ်ဆေး ကြည့်ရှုလေတော့သည်။

သူ့ဖခင်၏ လေးလေးနက်နက် စူးစိုက် ကြည့်နေခြင်းက အတန်းခေါင်းဆောင်ကို အဆုံးစွန်ထိတိုင် ကသိကအောက် ဖြစ်စေပေ၏။

အတန်းခေါင်းဆောင်၏ ဖခင်က သူ့သားကို ဆံစမှ ခြေဖျားထိ စေ့စေ့စပ်စပ် အကဲဖြတ်နေခဲ့ကာ အင်အားကြီးသည့် မည်သည့် လူပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်ထားသည့် အရိပ်အယောင် မျိုးကိုမှ သူ့သားကိုယ်ပေါ်မှာ မမြင်နိုင်ပါလေ။

ဤ ငယ်ရွယ်လွန်းသော ကောင်လေးက သူ လိပ်စာနှင့် နေ့စွဲများကို အတိအကျ ပေးထားခဲ့သူဖြစ်ကာ သူ့ ပြိုင်ဘက်၏ ကံကြမ္မာက တိုက်တိုက်ဆိုင်ဆိုင်ပင် ကံဆိုးမိုးမှောင် ကျသွားရသည်လေ။

သူ၏ အသိဉာဏ်များ မပါရှိပဲ သူ့သားက ဤ ဥပဒေနှင့် မညီသော လုပ်ရပ်များမှာ ပါဝင် ပတ်သက်နေခဲ့တာလား။

ယခု ထို ရာဇဝတ် ဂိုဏ်းသား အတော်များများက ဖမ်းဆီးခံလိုက်ရပြီ ဖြစ်လေရာ သူ့သားကိုပါ ပါဝင် ငြိစွန်းနေစေမည်လား။

အကယ်၍များ သူ့သားကသာ ဥပဒေကို အမှန်တကယ် ချိုးဖောက်ခဲ့သော် ဖခင်ဖြစ်သည့် သူက မိသားစုအပေါ် သစ္စာရှိမှုကို တရားဥပဒေထက်မှာ ထားဖို့ ရွေးချယ်ရမည်လား သို့မဟုတ် တရားဥပဒေအပေါ် သစ္စာရှိမှုကို မိသားစု အထက်မှာ ထားဖို့ ရွေးချယ်ရမည်လား။

အတန်းခေါင်းဆောင်ကမူ သူ့ဖခင်၏ စိတ်တွင်းမှ ပရမ်းပတာ အခြေအနေများကို သတိမပြုမိသလို သူ့ဖခင်က လိုအပ်လာပါက မိသားစု နှောင်ကြိုးဟူသည်ထက် ဥပဒေကိုသာ ဦးစားပေးဖို့ ပြင်ဆင်ထားခဲ့ပြီ ဖြစ်ကြောင်း တလုံးတပါဒမျှ မသိပါလေ။

သို့သော် အတန်းခေါင်းဆောင်၏ ဖခင်ခမျာ တစိမ့်စိမ့် တွေးတောနေရန် အချိန်မရှိပေ။ သူက Search Engine တစ်ခုကို ဖွင့်ကာ သူ့သား၏ ရာဇဝတ်မှု စွဲချက်အတွက် ထောင်ကျပါက အချိန်မည်မျှ ကြာလိမ့်မည် ဆိုသည်ကို ရှာဖွေတော့၏။

သူက သူ့ကုမ္ပဏီမှ ဥပဒေရေးရာ အဖွဲ့နှင့်လည်း မတိုင်ပင်ဝံ့ပါချေ။ ဤသို့ ဤပုံနှယ် မိသားစုအတွက် အရှက်ရစေခြင်းမျိုးကား တသီးပုဂ္ဂလ အနေဖြင့်သာ ရှိသင့်ကြောင်း သူယုံကြည်ပါ၏။

Baidu(တရုတ်ပြည်၏ Google Search Engineသဖွယ် Website) ပေါ်မှာ ကျန်းမာရေးဆိုင်ရာ ရှာဖွေမှုတိုင်းက ကင်ဆာရောဂါ အကြောင်းဖြစ်ပြီး ဝေးပေါ်မှာတော့ ဥပဒေရေးရာ မေးမြန်းမှုတိုင်းက သေဒဏ်ဖြင့်သာ အစချီထားပေသည်။

55 02

သူ၏ အွန်လိုင်း သုတေသန ပြီးဆုံးပြီးနောက် အတန်းခေါင်းဆောင်၏ ဖခင်ခမျာ သူကတော့ ဥပဒေဘောင်အတွင်း နေထိုင်ခဲ့ပါလျက် သံတိုင်များနောက်ကွယ်မှ သူ့သား၏ ဘဝကို ကြိုတင်မြင်ယောင်နေပေပြီ။

နှစ်ဦးတည်း ရှိချိန်ကျမှ အတန်းခေါင်းဆောင်၏ အဖေက သူ့သားကို အလွန်လေးနက် အရေးကြီးသော လေသံဖြင့် ပြောလိုက်၏။

“ငါ့သား၊ မင်းက ခုမှ ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူး၊ အရမ်းငယ်သေးတယ်။ တကယ်လို့ သားဘာသာ ရဲတွေဆီမှာ အဖမ်းခံလိုက်ရင် တရားသူကြီးတွေက သားကို သက်ညှာပေးမှာပါ”

အတန်းခေါင်းဆောင်ခမျာ စိတ်တွေ ရှုပ်ထွေးသွားရတော့၏။

သူ့အဖေကသာ သူ့ကို တစ်ခါလောက် ထင်ထင်ရှားရှား ပြောပြလိုက်လျှင် ဘာတွေ ဖြစ်နေတာလဲဆိုတာ သူ တကယ် သဘောပေါက်လိမ့်မည်ဟု သူတွေးထားခဲ့တာ ဖြစ်လေသည်။

သို့သော် ဤ အဖေနှင့် သားကြားမှာတော့ အတန်းခေါင်းဆောင်က သူ့ဖခင် ပြောလိုက်သည့် စကား၏ အဓိပ္ပါယ်ကို အလျင်အမြန်ပင် သဘောပေါက်သွားတော့၏။

အတန်းခေါင်းဆောင်က သူအခန်းထဲမှ မထွက်ခွာမီ အလွန်စိတ်တိုစရာကောင်းသော လေသံဖြင့်

“ပါး.. အဲဒီ ရွှယ်လူကြီးမင်းကလေ ပါးဆီကနေပြီး အဲဒီစာချုပ်ကို အရယူသွားတာ ပါးရဲ့ အတွေးအခေါ်တွေက အရမ်းကို.. ပြိုင်ဘက်ကင်းနေတာကြောင့် ဖြစ်မယ်လို့တောင် ကျနော် စပြီး သံသယ ဝင်လာပြီရယ်”

သူက ထွက်သွားပြီးနောက် တံခါးကို ဂျိုင်းခနဲ မြည်အောင် ဆောင့်ပိတ်လိုက်လေရာ ကျန်နေခဲ့သည့် ဖခင်ခမျာတော့ ထိုဗလာသက်သက် လေထုကိုသာ စိန်းစိန်းဝါးဝါး စိုက်ကြည့်နေရပေတော့သည်။

ဒီကျေးဇူးမတင်တတ်တဲ့ သောက်ကောင်စုတ်လေးကတော့။ ငါ့ကို ဒင်းက ဘယ်လိုတောင် ပြောသွားဝံ့တာလဲဟုသာ တွေးနေမိတော့သည်။

သို့သော် သူ့သား၏ အပြုအမူများကို လေ့လာ အကဲခတ်ရသလောက်တော့ ဤကောင်စုတ်လေးက ထိုဥပဒေ ပြင်ပကိစ္စများမှာ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိပုံပါပင်။

စိတ်သက်သာ ရသွားသည့် အနေဖြင့် အတန်းခေါင်းဆောင်၏ ဖခင်က ထိုကိစ္စကို ဒီထက်ပိုပြီး ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပါ၏။

ရှီလီနှင့် အခြား အတန်းသားများ အားလုံးက ရွှယ်သခင်ကြီး၏ဈာပန ဖိတ်စာကို လက်ခံ ရရှိခဲ့ကြလေသည်။

နာရေးဖိတ်စာကို ပထမဆုံး အကြိမ် ရရှိခြင်းဖြစ်လေရာ သူတိူ့မှာလည်း စိမ်းသက်ထူးဆန်းသည့် ခံစားချက်မျိုးကို ခံစားရလေသည်။

ရွှယ်ရွှယ်ကျား.. “အရင်တုန်းက နင်တို့တွေ ဝေ့ရီ အဖေရဲ့ ဈာပနကို လာခဲ့ကြတာ မမှတ်မိတော့ဘူးလား”

ရှီလီ.. “ အဲဒါက သိပ်တော့ မတူဘူးလေဟယ် ဟီးဟီး။ အဲတုန်းက ငါက ကိုယ့်သဘောနဲ့ကိုယ် သွားခဲ့တာဥစ္စာ”

55 03

ရွှယ်သခင်ကြီး၏ ဈာပနကလည်း ဝေ့ရီဖခင်နှင့် ဆင်တူလှလေရာ နှစ်ခုစလုံးက ကတိုက်ကရိုက် စီစဥ်ရသည်ပင်။

ဖြစ်စဥ် နှစ်ခုစလုံးတွင် ကြွင်းကျန် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရန် အလျင်အမြန် ပို့ဆောင်ရလေသည်။

ရွှယ်သခင်ကြီး၏ စျာပနက ရိုးရှင်းလွယ်ကူသည့် အစီအစဥ်တိုင်း မဟုတ်ဘဲ ရှုပ်ထွေးရှည်လျားသည့် ဓလေ့ထုံးတမ်းများပါ ပါဝင်လာခဲ့လေသည်။

တစ်ခုတည်းသော ကွာခြားမှုကတော့ ခေါင်းတလားထဲမှာ လဲလျောင်းနေသည်က ကြွင်းကျန် ရုပ်ကလာပ် ဖြစ်ရမည့်အစား အရိုးပြာအိုး တစ်အိုးသာ ရှိနေပေသည်။

ရွှယ်ရွှယ်ကျားကမူ ဝေ့ရီ၏ ဖခင် စျာပနမှ အတွေ့အကြုံများကို လေ့လာ သင့်ယူပြီးခဲ့ပြီးသားပင်။ မမည်မသိ ကလေးများ၏ အမွေ မရမက တောင်းဆိုခြင်းများမှ ကာကွယ်ရန် သူမက ချက်ချင်း မီးသင်္ဂြိုဟ်ပစ်ဖို့ ရွေးချယ်ခဲ့ကာ ဖြစ်လာနိုင်သည့် အဖြစ်အပျက်များကို တခါတည်း အဆုံးသတ်လိုက်ပေတော့သည်။

ထို့ကြောင့် ထွက်လာသည့် ရလဒ်ကတော့ အလွန်ကို ထိရောက်ကြောင်း သက်သေထူနိုင်သည်။

စျာပန အခမ်းအနားအတွင်း အမျိုးသမီးငယ် အများအပြားက ၎င်းတို့၏ သမီးများကို ထုတ်ပြလာကာ အမွေဆက်ခံခွင့် တောင်းဆိုကြလေတော့သည်။

ဝေ့ရီ ဖခင်၏ ဈာပနကဲ့သို့ပင် ရွှယ်ရွှယ်ကျား၏ အချင်းများနိုင်မှု စွမ်းပကားသည်ကား သူ၏ ထိုင်ခုံဖော်ပြီးနောက် ဒုတိယနေရာမှ လိုက်ကာ အပြောင်မြောက်ဆုံး ဖြစ်လာတော့သည်။

သူမ လုပ်နိုင်စွမ်းများ၏ သုံးဆယ်ရာခိုင်နှုန်းကို အသုံးပြုရုံမျှဖြင့်ပင် သူက ထို အမျိုးသမီးများကို အပြီးအပိုင် ချေမှုန်းလိုက်နိုင်ကာ ရှုံးနိမ့် ထွက်ပြေးခြင်းကိန်း ဆိုက်အောင် ပို့ဆောင်ပေးလိုက်တော့၏။

ရှီလီကား ထိုပွဲကြီးကို မျက်မြင် တွေ့လိုက်သူဖြစ်ကာ ကူကယ်ရာမဲ့စွာ မှတ်ချက်ပြုမိတော့၏။

“အခုတော့ ဒါက စိတ်ကျေနပ်စရာ ဆက်သွယ်မှုကြီး ဖြစ်နေရောပဲ”

အခြားလူများ.. တခြားလူတွေရဲ့ ဘိုးဘေးလေးတွေကို နင်မို့ အဲ့လို ပြောရက်တယ်နော်။

အခမ်းအနား ပြီးဆုံးပြီးနောက် ရွှယ်ရွှယ်ကျားလည်း ဝေ့ရီ ပြုလုပ်ခဲ့သလိုပင် အားလုံးကို ညစာ ကျွေးလေသည်။

အတိတ်ကို ပြန်စဥ်းစားသော် သူတို့တခန်းလုံး အတူတကွ စုပေါင်း စားသောက်ခဲ့သည်က ဝေ့ရီ ဖခင်၏ ကွယ်လွန်မှုကြောင့်တည်း။

ရှီလီ၏ လေသံသည်ကား ကမ္ဘာ့ငြိမ်းချမ်းရေးကို မျှော်လင့်နေသူနှယ် အလွန် အလေးအနက် ထားနေပေသည်။

“ငါတို့အားလုံး နောက်တခါ အတူတူ စားသောက်ကြရမဲ့ အချိန်က တစ်ယောက်ယောက်စီမှာ မကောင်းတာ တစ်ခုခုဖြစ်တဲ့ အချိန် မဟုတ်ဖို့ ငါ မျှော်လင့်မိတယ်”

လူတိုင်း… ငါတို့လည်း အဲဒီ မျှော်လင့်ချက်ကို မျှဝေချင်ပါတယ်၊ ဒါပေမဲ့ အဲဒါက သိပ်ပြီး အလားအလာ ရှိပုံမပေါ်ဘူးနော်။

သူတို့ စားသောက်ပြီးချိန်ဝယ် အတော်ပင် နောက်ကျနေလေပြီ။ ဒရိုင်ဘာရှိသူများကတော့ လာကြိုခိုင်းဖို့ အဆင်ပြေသော်လည်း အချို့ကမူ အိမ်ပြန်ဖို့ရန်အတွက် Taxi သို့မဟုတ် အများပြည်သူ ပို့ဆောင်မှုကိုသာ အသုံးပြုရပေမည်။

နေရာက အတော်ကြီး အစွန်အဖျား ကျလေရာ ဘတ်စ်ကားနှင့် မြေအောက်ရထားများက အကန့်အသတ် ရှိပေသည်။

Taxi ခေါ်ဖို့ရာ ယခုက နောက်ကျနေပြီ ဖြစ်ပေရာ ညကြီးမင်းကြီး ပြန်ဖို့က မလုံခြုံပေ။

ထိုအကြောင်း ထည့်သွင်း စဥ်းစားကာ အတန်းခေါင်းဆောင်က လူတိုင်း၏ လိပ်စာများကို မေးမြန်းကာ ထိုအနီးအနားမှာ နေထိုင်သူများကို ကိုယ်ပိုင်ကားဒရိုင်ဘာရှိသူများက ကူညီ ပို့ဆောင်ရန် စီစဥ်ပေးလိုက်ပါ၏။

အခြားသော အတန်းများတွင်တော့ အတန်းသားများကြား ဆက်ဆံရေးက သာမန်ပင် ဖြစ်လေရာ ယခုလို အခြေအနေမျိုးဆိုပါက ကသိကအောက် ဖြစ်နိုင်ပေသည်။ အချို့လူများက ကားအတူစီးကြဖို့ သက်တောင့်သက်သာ မရှိစိတ်များကို ခံစားရနိုင်ကာ အချို့ကမူ မမျှော်လင့်သော တာဝန်အတွက် ဝန်ထုပ်ဝန်ပိုးဟု ခံစားရနိုင်ပါ၏။

သို့သော် သူတို့ အတန်းကမူ နက်ရှိုင်းလှသော ရင်းနှီးမှု သံယောဇဥ်များကို မျှဝေထားသူများ ဖြစ်ကြပြီး ဤစာသင်နှစ်၏ လအနည်းငယ် ဖြတ်သန်းခဲ့ပြီးနောက် သူတို့၏ လျှို့ဝှက်ချက်နှင့် အတွေ့အကြုံများကို မျှဝေပြီး ခိုင်မြဲအောင် ကြိုးပမ်းထားခဲ့ပြီး ဖြစ်လေသည်။

ထိုဆက်ဆံရေးဝယ် သူတို့၏ မိသားစုဝင်များပါ ပြောင်းလဲပါဝင်ခဲ့ပြီးသားပင်။

55 04

အိမ်ပြန်လမ်းမှာ ဆွေမျိုးတွေကို ပစ်ချခဲ့ရမှာလား။ အဲဒါက ဆွေမျိုးတွေကို နည်းနည်းပါးပါးပဲ မျက်နှာသာပေးရာ ကျလေသည်။

ဟိုတယ်၏ သီးသန့်ခန်းထဲဝယ် တချို့က သူတို့၏ လိပ်စာများကို ခေါ်ပေးနေပြီး အချို့က ဂရုတစိုက် နားထောင်နေကာ ပရဟိတ ထမ်းရွက်ရန် အသင့်ဖြစ်နေပေပြီ။

ရှီလီကလည်း ချွင်းချက် မဟုတ်ပေ။

သို့သော် ပုံမှန်ကြားဖူးနေကျ လိပ်စာတစ်ခုကို ကြားလိုက်ရသည့်အခါ သူမ ရုတ်ခြည်း ပူပန်လာတော့၏။

(တကယ်လို့ ငါ မှတ်မိတာသာ မှန်မယ်ဆိုရင်……..) သူမက တွေးလိုက်၏။

အခြားသူများ .. ဒီမှာ ဒီကောင်မလေးကတော့ “ငါ မှတ်မိတာသာ မမှားရင်”လို့ ထပ်ပြောနေပြန်ပြီ။ နောက်ထပ် ကံကောင်းမဲ့ ကြယ်လေးက ဘယ်သူဖြစ်မလဲ မြင်ချင်စမ်းပါဘိ။

(လိင်စိတ် ဖောက်ပြန်နေတဲ့ အတွင်းခံ သူခိုးက တက္ကသိုလ် ဆရာဆရာမတွေရဲ့ အိမ်ရာမှာ ဆောင်းဦးယာဥ်စွန်းချိန် မရောက်ခင် လှုပ်ရှားမှာပဲ)

ထိုသတင်းက သဘာဝယုတ္တိနှင့် မတန်သလို ထိတ်လန့်ဖွယ် ကောင်းလှပေရာ ရှီလီ မေ့ပျောက်ဖို့ ခက်ခဲအောင် ပြုလုပ်ထားခဲ့ပေသည်။

နောက်ထပ် ကံကောင်းမည့် ကြယ်လေး ဖြစ်လာမည့်သူက သွမ့်ယောင်ကျင်းဖြစ်ကာ သူမက ဤပွဲမှ ပြန်လာချိန်တွင် ခံစားချက်များ ရောပြွမ်းနေပေတော့သည်။

သူမက ဤနည်းလမ်းဖြင့်တော့ ကံကြမ္မာ နတ်သမီးထံမှ မျက်နှာသာပေးမှုကို မလိုချင်ပါပေ။ ထို့ကြောင့် သူမဘာသာ စဥ်းစား၏။ သူမက ကံဆိုးမိုးမှောင် ကျကာ အတွင်းခံခိုးမှု ဖြစ်စဥ်မှ နစ်နာသူ တစ်ဦးတော့ မဖြစ်လိုပေ။

(အဲဒီ သူခိုးက အိမ်ရာတစ်ခုလုံးက ပထမထပ်နဲ့ ဒုတိယထပ် လသာဆောင်တိုင်းက အတွင်းခံတွေကို ခိုးတော့တာပဲ)

အတွင်းခံ သူခိုးဟူသည့် သတင်းက ထူးခြားလှပေရာ ထိုဖြစ်ခင်းကြောင့် ထိုသူ၏ အင်မတန် ရဲတင်းမှုကို ရှီလီက အမှတ်ရနေခဲ့ပေသည်။

ရှီလီက စေတနာ့ ဝန် ထမ်းလိုက်၏။

“ငါ့အိမ်က တက္ကသိုလ် အိမ်ရာနဲ့ နီးတယ်လေ။ နင့်ကို ငါ လိုက်ပို့ပေးပါ့မယ်”

အမှန်တော့ သူမ အိမ်နှင့် ထိုတက္ကသိုလ် အိမ်ရာ၏ လားရာက ဆန့်ကျင်ဘက်ကြီးပါပင်။ သို့သော် ကားအတူ စီးနေချိန်အတွင်း ရှီလီက သွမ့်ယောင်ကျင်းကို သတိပေးလိုသည်လေ။

ကားပေါ်မှာ ရှီလီနှင့်အတူ ဘေးချင်းကပ် ထိုင်နေချိန်တွင် သွမ့်ယောင်ကျင်း၏ စိတ်ခံစားချက်များမှာ ထူးထူးခြားခြား ပြောမပြတတ်အောင်ပင်။

သွမ့်ယောင်ကျင်းကို ခရီးဆုံးမှာ ချပေးပြီးနောက် ရှီလီက ကားပေါ်မှ ဆင်းကာ သွမ့်ယောင်ကျင်းတို့ အိမ်သို့ အလည်လိုက်ချင်ကြောင်း ပြသလာ၏။ ထို့နောက် ထိုပါးနပ်မှု မရှိသော ဧည့်သည်ကား ဤကဲ့သို့သော အိမ်ရာ၏ မြေညီထပ်များအနေဖြင့် သူခိုးရန်မှ ကာကွယ်ရန် အရံအတားများ ပြုလုပ်သင့်ကြောင်း အကြံပေးလာတော့၏။

သွမ့်ယောင်ကျင်း၏ မိဘများက အိမ်နှင့်အဝေးမှာ အလုပ်လုပ်နေခြင်း ဖြစ်ကာ သူမက အဘိုးအဘွားတို့နှင့်အတူ ဤ ဝန်ထမ်းအိမ်ရာ အဆောက်အဦးမှာ နေထိုင်ရခြင်းပင်။

ဤအဆောက်အဦးက နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်မျှ သက်တမ်း ရှိပေပြီ။ ဤ အဆောက်အအုံကို မူလ ဆောက်လုပ်ခဲ့စဥ်တုန်းက သူခိုးရန်မှ ကာကွယ်မည့် အရံအတားများကို ထည့်သွင်း စဥ်းစားခြင်း မပြုခဲ့ကြပေ။

သူမ၏ အဘိုးအဘွားများက အသက်အရွယ် ကြီးရင့်လှပြီဖြစ်ကာ သူခိုးရန်မှ ကာကွယ်ရန်ကို ပြဿနာအဖြစ် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

တက္ကသိုလ် အိမ်ရာမှာ နေထိုင်ခြင်းဖြင့် ရောက်လာသူများက ကျောင်းသားကျောင်းသူများ ဖြစ်ကြပေရာ လုံခြုံသည်ဟု ထိုသက်ကြီး စုံတွဲက တွေးထင်ခဲ့ခြင်းပင်။

နောက်ခံ အကြောင်းအရာကို သိနေသူ အနေဖြင့် လုံခြုံရေး အရံအတားများ တပ်ဆင်ဖို့ ရှီလီက ပြောလာသည်ကို ကြားသည့်အခါ သွမ့်ယောင်ကျင်းမှာ အလွန်စွက်ဖက်လှချည့်ဟု မတွေးမိပေ။ ထိုအစား သူမ နှလုံးသားထဲမှာ နွေးထွေးမှုတို့ပဲ ပြည့်လျှမ်းကာ ထို အတွင်းခံသူခိုးအကြောင်း ပထမဆုံး ကြားစဥ်က ပျို့အန်ချင်သည့် ခံစားချက်များလည်း လွင့်ပြယ် ပပျောက်သွားလေပြီ။

သွမ့်ယောင်ကျင်းက ကျေးဇူးတင်သည့် အမူအရာကို အထူးပြသလိုက်ကာ ပြောလိုက်၏။

“ ကျေးဇူးတင်ပါတယ်။ နင် အကြံပေးတာကို ငါ မှတ်ထားလိုက်မယ်နော်။ ငါ အချိန်ရရင် လုံခြုံရေးသံပန်းတွေ ခေါ်ဆင်လိုက်ပါ့မယ်”

မူလတုန်းက ရှီလီ ရောက်လာသည်က သွမ့်​ေယာင်ကျင်းအနေဖြင့် သူမ လုံခြုံရေးကို ဂရုစိုက်ရန် မှာကြားဖို့ပင်။ သူမ၏ ဘိုးဘွားများက ရည်ကျေးရည်မွန်သူများ ဖြစ်ကြရာ သူ့မြေးမ၏ အတန်းဖော်က ဤအိမ်ကို စောင့်ကြပ်ရန် အပြင်းအထန် တောင်းဆိုနေကတည်းက ရှီလီ ပြန်သည့်အခါ ဒေသထုတ် အထူးကုန်များကို ရှီလီနှင့်အတူ ထည့်ပေးလိုလေသည်။

55 05

ရှီလီခမျာ သက်ကြီးဝါကြီးများကို မငြင်းဆန်နိုင်ပေရာ နောက်ဆုံးကျမှ အိမ်လုပ် မုန်လာဥဆားစိမ်တအိုးကို ယူဆောင်ကာ အောက်ဆင်းလာရတော့၏။

အခန်းထဲသို့ ပြန်ရောက်သည့်အခါ သွမ့်ယောင်ကျင်းက သူမ အတန်းဖော်များထံမှ ဂရုတစိုက် မေးမြန်းထားသည့် Message တပုံတခေါင်းကြီးကို လက်ခံရရှိလိုက်လေသည်။

သူမ အတန်းဖော်များက Group Chat အတွင်းဝယ် သူမကို Tagတွဲကာ သူမ ဘာလုပ်ချင်လဲဟု မေးမြန်းထားကြ၏။

သူမက ပြန်ဖြေလိုက်၏။ ( ငါကတော့ ရှီလီရဲ့ အကြံပေးချက်အတိုင်း လသာဆောင်မှာ လုံခြုံရေး သံပန်းတွေ ဆင်ဖို့ စီစဥ်ထားတယ်)

သူမ၏ ပြန်စာကိုကြည့်ကာ တစ်ယောက်က ၎င်းတို့ မိသားစုမှာ အိမ်ရာ တိုးမြှင့်သည့် စီးပွားရေး ပိုင်ဆိုင်ပြီး အခိုင်ခန့်ဆုံးနှင့် အလုံခြုံဆုံး သံပန်းများကို အခမဲ့ ထောက်ပံ့ပေးမည်ဟု ဆိုလာလေသည်။

ထို အတန်းဖော် မှတ်ချက်ပြုပြီးနောက် ဆွေးနွေးမှုက လုံးလုံးလျားလျားကို လမ်းချော်သွားပေတော့သည်။

(နင့်ရဲ့ သံပန်းကို လျှပ်စစ် ခြံစည်းရိုး ဝန်ဆောင်မှု လုပ်ပေးရမလား။ ထိမိလိုက်တာနဲ့ ဗို့အား တသိန်းထွက်လာပြီး လူသတ်နိုင်တဲ့ အမျိုးအစားနော်။)

(ဟန်နီ၊ အဲဒါက ထောင်သားတွေအတွက် သုံးတာနော်။ ငါတို့ အိမ်တွေ သုံးဖို့အတွက်ကျ လုံးဝကို အဆင်မပြေဘူး ဟုတ်တယ်မလား။)

(ဘာလို့ မသင့်တော်ရမှာလဲ။ အဲဒီ သူခိုးကို အိမ်ပြန်လမ်း မရှိအောင် သေချာလေး လုပ်ပေးရမှာပေါ့)

အထက်ပါ ဆွေးနွေးမှုများကို အခြေခံကာ တစ်ယောက်ယောက်က ပိုမို ကျိုးကြောင်းဆီလျော်သော အကြံပြုချက်တစ်ခု အဆိုပြုလာပေသည်။

( ကျင်းကျင်း၊ မင်း အဖေကို ချောင်းခိုင်းပြီး ဘေ့စ်ဘောတုတ်နဲ့ ဆော်ခိုင်းပါလား)

( ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒီ လိင်စိတ်ဖောက်နေတဲ့ ကောင်သာ သူ့မျက်နှာကို ပြလာရဲရင် နင် သူ့ကို ကောင်းကောင်းသမထည့်လိုက်)

သွမ့်ယောင်ကျင်းကမူ သူ့အတန်းဖော် အကြံပြုလာသည့် အလွန်ကောင်းသော စေတနာကို ဂုဏ်ပြုပေးလိုက်လေသည်။

(နင်တို့အားလုံးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့မိဘတွေက အိမ်မှာ မရှိကြဘူးရယ်။ ငါက အဘိုးအဘွားတွေနဲ့ အတူနေတာ။ အဲဒါကြောင့် ညကြီးအချိန်မတော် ဖောက်ထွင်းသူခိုးကို ဖမ်းဖို့ဆိုတာ လူကြီးတွေရော၊ မိန်းကလေးတွေရော၊ ကလေးတွေအတွက်ပါ မသင့်တော်ဘူးရယ်)

( နင့်မိဘတွေက အိမ်မှာမရှိမှတော့ ငါတို့ကို ခေါ်ထားလိုက်လေ)

(ဟုတ်တယ် ၊ ငါတို့တွေ သူခိုး ကူဖမ်းပေးမယ်)

သွမ့်ယောင်ကျင်း… နင်တို့တကယ်ပဲ ဘာတွေ ပြောနေကြတာလဲဟယ်။

******

56 01

အပိုင်း 56.

ယခင်တုန်းကတော့ သွမ့်ယောင်ကျင်းက ပွဲကြည့် ပရိသတ်သာဖြစ်ကာ အခြားလူများ၏ ဖြည်ချလာမည့် ဘဝအကြောင်း ဇာတ်ထုပ်ကိုသာ ပျော်ပျော်ကြီး စောင့်ကြည့်ခဲ့သူတည်း။ ယခုမူ အဓိက ဇာတ်လမ်းကြီးက မိုးပေါ်မှ ပြုတ်ကျလာခဲ့ပြီးနောက် သူမထံ တည့်တည့်မတ်မတ် ဆင်းသက်လာလေပြီဖြစ်ရာ ခံစားချက်ကမူ အလွန် ကွဲပြားသွားလေပြီ။

ထို့အပြင် ထိုသို့သော ကိစ္စမျိုးကို သူမဘာသာလည်း ကိုင်တွယ် ဖြေရှင်းနိုင်ပါ၏။ သို့သော် အဓိက ပြဿနာကြီးကတော့ ပိတ်ကားလိပ်ထက်မှ ဇာတ်ထုပ်ကြီးကို စိတ်ဝင်တစား စောင့်ကြည့်ဖို့ထက် ဘာကိုမှ သဘောမကျသည့် အတန်းဖော်တသိုက် သူမ နောက်မှာ ရှိနေခြင်းပင်။

သူမအတွက်က ထိုလသာဆောင်မှာ လုံခြုံရေး သံပန်းများ တပ်ဆင်လိုက်လျှင် လုံလောက်ပေပြီ။ ထိုမျှ ရိုးရှင်းလှသည့် ဖြေရှင်းနည်းကို ယခုမူ စိတ်အား ထက်သန်လှစွာသော သူမ အတန်းဖော်များက ပိုမို ရှုပ်ထွေး ဆန်းကြယ်လှစွာသော နည်းလမ်းကို အသုံးပြုဖို့သာ ရွေးချယ်နေလေသည်။

ထိုလိင်စိတ် ဖောင်ပြန်နေသူကိုတောင်မှ အလစ်ချောင်းဦးမည်တဲ့။

အဆိုးဝါးဆုံးကတော့ အတန်းဖော်တစ်ဦးက ထိုသို့ အကြံပေးပြီးနောက် လူတိုင်းက ထို လိင်စိတ် ဖောက်ပြန်သူ သူခိုးကို အလစ်ဖမ်းဖို့ရန် အလွန်ကို စိတ်အား ထက်သန်လာကြတော့သည်။

သွမ့်ယောင်ကျင်းခမျာ သူမ ဖုန်းလေးကို ကိုင်ကာ အဆုံးမရှိ တက်ကြွနေသည့် Chat Boxကိုသာ စောင့်ကြည့် နေရပေတော့သည်။ သူမခမျာ ငိုချလုနီးနီးပင် ခံစားနေရပေသည်။

အဲဒီ လူချမ်းသာကလေးတွေက အဲဒီကိစ္စကို ကူညီဖို့ အရမ်းကို တက်ကြွနေတာပဲနော်။

သူမ၏ အဘိုးအဘွားများက တက္ကသိုလ် ပါမောက္ခများ ဖြစ်ကြကာ သူမက ပညာပါရမီ ထူးချွန်သူများ ပေါ်ထွက်ရာ အသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရခြင်းပင်။

သူမ ချန်းဖု အလယ်တန်းကျောင်းကို ဝင်ရောက်ခွင့် ရခဲ့သည်က သူမ၏ စာမေးပွဲ ရမှတ်များကြောင့် ဖြစ်ကာ သာမန် မိသားစုနောက်ခံကြောင့် လူချမ်းသာမိသားစုမှ ကလေးများက သမီးဖြစ်သူကို အနိုင်ကျင့်လိမ့်မည်ကို မိဘများက စိုးရိမ်ခဲ့ပေသည်။

ယခုမူ ထို အနိုင်ကျင့်မှုဟူသည် အဘယ်နည်းဟုပင် မေးခွန်း ပြန်ထုတ်ရမည့်ပုံပင်။

ထို့နောက် သူမ အတန်းဖော်များက နောက်ထပ် ပိုပြီး ရယ်ရွှင်ဖွယ်ရာ ဖြစ်လာတော့ကာ နောက်ဆုံးတော့ သူတို့အတွေးများက ပိုလို့တောင် ယုတ္ထိမတန် ကို့ရို့ကားရား ဖြစ်လာတော့၏။

ကျောင်းဖွင့်သည့် ပထမဆုံးရက်ဝယ် သူမ အတန်းထဲသို့ ဝင်သွားသည့်အခါ သူမ မျက်လုံးများက မြင့်မြတ်ပြီး တသီးတသန့် ဆန်လှသူ ရှီလီထံ ဆင်းသက်သွားလေသည်။

ရှီလီ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ငွေပုံပေါ် စံမြန်းကာ လူလားမြောက်ခဲ့ရသည့် ကလေးမှန်း သိသာထင်ရှားလှပါ၏။

ထိုသွင်ပြင် တစ်ခုတည်းကိုသာ အကဲဖြတ်ရသော် သူမက ချဥ်းကပ်ဖို့ ခက်ခဲသူဟု ထင်ရကာ ထိုသို့သော လူမျိုးမည်သည် သူ့ဘေးနားမှ လူများကို အတိုင်းအတာ တစ်ခုအထိ ဝေးကွာအောင် စည်းခြား ထားနိုင်ပေသည်။

၎င်းက ကောင်းသော အကဲဖြတ်မှုတော့ မဟုတ်ပါပေ။

သို့သော် နောက်ပိုင်း ထင်မြင်ချက်များနှင့် စာသော် ပထမဆုံး ထင်မြင်ချက်က ကောင်းလုနီးနီး ဖြစ်သည်ကတော့ အမှန်ပင်။

ရှီလီအတွက် သွမ့်ယောင်ကျင်း မနည်း စစ်ထုတ်ထားရသည့် မျှော်လင့်ချက်ကောင်းများက သူမ ရှီလီ၏ အတွင်းစိတ် အတွေးများကို ကြားရသည့်အခါ တစစီ ကွဲကြေတော့၏။

၎င်းက ရှီလီအပေါ် သူမ၏ ထင်မြင်ချက်များက ဆိုးဝါးနေ၍ မဟုတ်ဘဲ ကျိုးကြောင်း ဆင်ခြင်တတ်သွားခြင်းသာ။

အမှန်ကို ကျိုးကြောင်း ဆင်ခြင်တတ်သွားခြင်းပင်။ သူမ၏ စိတ်ထဲတွင် မနက်ခင်း နှင်းစက်များကို သောက်သုံးနေသည့် နတ်သမီးကဲ့သို့ လူသားလေးကို စိတ်ကူးယဥ် တွေးတောခဲ့ဖူးသည်။

ထို့နောက် တနေ့မှာတော့ နတ်သမီးနှင့် ဆင်တူလှစွာသော မျက်နှာရှိသူလေး တစ်ဦးကို တွေ့ဆုံခဲ့ရကာ ထိုလူသားမှာ လမ်းဘေး စားသောက်ဆိုင်ခန်းမှာ ထိုင်ရင်း သူ၏ လက်တဖက်တွင် တို့ဟူးပန်းကန်ကို ကိုင်ကာ နောက်လက်တစ်ဖက်မှာတော့ ကြက်သွန်ကွင်း နိုင်းချင်း အုပ်ထားသည့် ဝက်အူကင် သီတံများကို လောဘတကြီး ကိုင်ဆောင်ထားပေသည်။

သူမ၏ အမြင်များ ပြိုကွဲရခြင်းကတော့ တို့ဟူးနှင့် ဝက်အူကင်များက ဆိုးဝါးသည့် အစားအသောက်များ ဖြစ်နေ၍ မဟုတ်ဘဲ ထိုမိန်းမငယ်လေးသည်လည်း ထိုအစားအသောက်မျိုး စားသောက်ရသည်ကို ကြိုက်နှစ်သက်သောကြောင့်တည်း။

သို့သော် ပြဿနာကတော့ အပေါ်ယံ မျက်နှာက ထိုမျှ နူးညံသိမ်မွေ့လှသူလေးက ထိုသို့သော အစားအသောက်များကို စားသောက်နေသည့်အခါ တင့်တယ်လှသူ၏ ပုံရိပ်ယောင်များက တစစီ ပျက်သုဥ်းရပေတော့သည်။

ရှီလီကမူ သူမ၏ မျက်နှာသေလေးနှင့် မြင့်မြတ်ပြီး သီးခြားဆန်လှသည့် ကိုယ်အမူရာကို ထိန်းသိမ်းထားကာ သူမ၏ စိတ်ထဲမှာတော့ အမျိုးမျိုး အဖုံဖုံသော ဖရုသဝါစာ ဘာသာများတလျှောက်ဝယ် လှည့်ပတ်နေပေသည်။

သူမ၏ Fangirl ကောင်မလေးများ၏ ခံစားချက်ကို ထည့်သွင်း စဥ်းစားနေမည်ဟု ထင်ပါသလား။

သူတို့ရဲ့ ဖန်သား နှလုံးသားလေးတွေက တစစီ ကွဲကြေနေပြီဆိုတာ နင်သိရဲ့လား။

အမှန်တော့ သွမ့်ယောင်ကျင်း အတွက်မူ ရှီလီ တစ်ယောက်တည်း အပေါ် အမြင်များသာ ကွဲကြေသွားခဲ့သည်မဟုတ်။ အခွင့်ထူးခံ လူတန်းစားများ ဖြစ်သည့် သူမ အတန်းဖော်အားလုံးထံ အမြင်များအားလုံး ကြီးကျယ်စွာ ပြောင်းလဲသွားခဲ့လေသည်။

56 02

သူမ၏ စိတ်ကူးထဲတွင်တော့ ထိုလူချမ်းသာ ကလေးများက ဂေါ့လ်ဖ်နှင့် မြင်းစီး အားကစားများအကြောင်း ဆွေးနွေးကာ သူတို့၏ စတော့ရှယ်ယာ အတက်အကျများကိုသာ ပြောဆိုကြပြီး နိုင်ငံတကာ ဆက်ဆံမှုနှင့် နေစဥ် စီးပွားရေးလုပ်ငန်း ယှဥ်ပြိုင်မှုများသာ ဆွေးနွေးမည်ဟု အထင်ရှိခဲ့ပေသည်။

သူတို့က အဆင့်မြင့် ယဥ်ကျေးသည့် စိတ်ဝင်စားဖွယ် ဝါသနာများသာ ရှိသင့်ပြီး နေ့တိုင်းလိုလို ထိုအတင်းအဖျင်းများအပေါ်မှာ အချိန်ဖြုန်းကာ မျက်စိနောက်ဖွယ် စိတ်ကူးစိတ်သန်းများ ထွက်မလာသင့်ပါပေ။

ထို ဂုဏ်သိက္ခာရှိ လူချမ်းသာကလေးများက လိင်စိတ်ဖောက်နေသူ အရူးကို အလစ်ချောင်းဖို့ ညနက်တဲ့အထိ နေကြဦးမတဲ့လား။ ကောင်းပါလေ့၊ ကြည့်ရသရွေ့တော့ သူမ အတန်းဖော်များမှာသာ ထိုအမူအကျင့်မျိုး ရှိပေလိမ့်မည်။

သူတို့က တစ်ဦးချင်းစီဆိုလျှင် အလွန်ကို သမားရိုးကျ ဆန်ကြသော်ငြား အုပ်စုလိုက် အတူရှိကြပြီဆိုလျှင်တော့ ကိုးရို့ကားရား အကြံအစည်များကိုသာ လုပ်ထွက်လာကြပေသည်။

အာ… သူမ အမြဲတွေ့ခဲ့ဖူးသည့် မယ်ရီဆူးနိုဗယ်လ်ထဲကလို နည်းလမ်းမျိုးကို ဘယ်လိုလုပ်ပြီး နောက်ထပ် ပြန်တွေ့ရသည်လဲ။

Group Chatအတွင်းမှ ဆွေးနွေးမှုများသည်လည်း အတော်ကြီး တက်ကြွ မြိုင်ဆိုင်လာပြီ ဖြစ်ကာ လူတိုင်းသည်လည်း ထိုကိစ္စ၏ အဓိကလူဖြစ်သည့် သွမ့်ယောင်ကျင်း၏ အမြင်ကို ဂရုစိုက်ကြပုံ မပေါ်တော့ပေ။

သူမခမျာ သဘောတူညီမှုတောင်မှ မပြုရသေးမီ ထိုအခြားလူများက မိမိကိုယ်ကို ကာကွယ်နိုင်သည့် ကိရိယာများကို ထိုညမှာ ယူဆောင်လာဖို့ ဆွေးနွေးပြီးကြလေပြီ။

သူမ ထင်မြင်ချက်များကို လျစ်လျူရှုခံရခြင်းက သူမကို စိတ်အနှောင့်အယှက် ဖြစ်သည်ဟုတော့ မခံစားရစေနိုင်ပေ။

ထိုအစား ခပ်ယဲ့ယဲ့မျှသော ဝမ်းနည်းခြင်းမျိုးသာ သူမ နှလုံးသားထဲမှာ တရစ်ရစ်ဝဲနေခဲ့ပါ၏။ ထိုဝမ်းနည်းမှုက အဘယ်ကြောင့် ဖြစ်ရသနည်းဟူမူ သာမန်လူတစ်ယောက်အတွက် သူမက မိုက်မဲရူးနှမ်းလွန်းလှသည့် ကလေးတအုပ် ပြည့်နေသည့် အိမ်ကို ရှာတွေ့ခဲ့သလိုပါပင်။

(ငါတို့က သက်ကြီးရွယ်အိုတွေပဲ ရှိတဲ့နေရာမှာ နေတာဆိုတော့ ပတ်ဝန်းကျင်ကလည်း အရမ်းတိတ်ဆိတ်တယ်။ တကယ်လို့ ငါတို့သာ ညသန်းခေါင်ကြီး သူခိုးဖမ်းရင် ငါ့အဘိုးနဲ့အဘွား အရမ်းလန့်သွားမှာ)

(အားလုံးက ကောင်းစေချင်လို့ ဆိုတာ ငါနားလည်ပါတယ်။ ငါ့ကို ကူညီပေးချင်ကြလို့ အားလုံးကို ကျေးဇူးတင်တယ်နော်)

ဆယ်ကျော်သက်ကို စွန်းခါစ လူငယ် မဖြစ်တဖြစ်လေးများက အလွန်ကို စိတ်ထက်သန်နေကြပေရာ ဤကမ္ဘာမှ တရားမမျှတမှုများကို အဘယ်မှာ သည်းခံနိုင်ပါအံ့နည်း။

ထိုသို့သော ပြဿနာငယ်လေးမျိုး ဟူသည် လူအုပ်လိုက်ကြီး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေတာမျိုး မဟုတ်ပေ။

(ငါတို့မိသားစုက ဟိုတယ်လ်နဲ့ အားလပ်ရက် အပန်းဖြေစခန်းတွေ ပိုင်တယ်လေ။ အဘိုးနဲ့ အဘွားသာ စိတ်မရှိရင် သူတို့ ပြန်ထူထောင်နေတဲ့ အတောအတွင်း အဲဒီမှာ လာနေလို့ ရတယ်နော်)

သွမ့်ယောင်ကျင်းခမျာ ဆွံ့အ ကျန်ခဲ့ရလေသည်။ လူတို့မည်သည် စိတ်လှုပ်ရှားဖွယ်ရာ အရာတစ်ခုကို ပါဝင်ဖို့ အတွက်ဖြင့်တော့ ဤမျှ ရှည်ရှည်ဝေးဝေး မပြုမူကြမည်က သေချာပါသည်။

သို့သော် သူမကမူ ထိုလူတိုင်းက ပွဲရှာသည်ဟု မခံစားရပေ။ ထိုအစား သူမအနေဖြင့် မြောက်မြားလှစွာသော အထောက်အပံ့ တပုံတခေါင်းကြီးကို ရရှိလိုက်သည် ဟုသာ ခံစားရပေသည်။

လိင်စိတ်ဖောက်နေသူ အရူးက အတွင်းခံများ လိုက်ခိုးနေသတတ်ဟု ကြားရစဥ်က သူမ၏ ဦးဆုံး တုံ့ပြန်ချက်က စိုးရိမ်ခြင်းနှင့် စက်ဆုပ်ခြင်းပေတည်း။

ထိုအရာက အလွန်ကို စက်ဆုပ်ရွံရှာဖွယ်ဟု သူမ ခံစားရကာ ထိုအရာကို ရှောင်ရှားချင်ခဲ့ပါ၏။

ထိုစိတ်ခံစားချက်များကို သူမ စိတ်တွင်းထဲမှာ မြိုသိပ်ကာ ထိုလိင်စိတ်ဖောက်သူ သူခိုးကို ကောင်းကောင်းကြီးသာ ရိုက်နှက်ပစ်ချင်လေသည်။

သို့သော် အသက်မပြည့်သေးသည့် မိန်းမငယ်လေး တစ်ဦးအနေဖြင့် သူမက လူမှုအဖွဲ့အစည်းမှာတော့ အားနည်းပျော့ညံ့သူလေးအဖြစ် တည်ရှိနေပေရာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သာလွန်သူ ယောက်ျားတစ်ယောက်နှင့်တော့ ရင်ဆိုင်နိုင်ဖို့က ပိုလို့ဆောင်မှ မဖြစ်နိုင်ပေ။

သူမက ထိုအရူးကောင်ကို တိုက်ခိုက်ဖို့ သူမဘာသာ ကိုင်တွယ်နိုင်ဦးတော့ အကယ်၍များ သူမ တစ်ယောက်တည်း ရှိနေခဲ့လျှင် ဒဏ်ရာရ နာကျင်မည်ကို ကြောက်ရွံ့ပြီး အခြားသော ကြိုတင် မခန့်မှန်းနိုင်သည့် အခြေအနေမျိုး ကြုံတွေ့ရမည်ကို ပိုလို့တောင်မှ ကြောက်ရွံ့ပေသည်။

56 03

ငယ်ရွယ်ပြီး သန်စွမ်းသည့် မိဘများက အနားမှာ ရှိနေနိုင်သည် မဟုတ်ဘဲ သက်ကြီးရွယ်အို နှစ်ဦးသာ ရှိပေသည်။

သူမ၏ အဘိုးအဘွားများကလည်း စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကိုသာ ပေးနိုင်မည်ဖြစ်ပြီး ကာယလုပ်အား အကူအညီကိုတော့ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်သာလျှင် လိင်စိတ်ဖောက်သူ သူခိုးနှင့် ရင်ဆိုင်တွေ့ကြုံဖို့ အလားအလာ ရှိသည်ဟု ကြားခဲ့ရစဥ်က သူမ၏ ပင်ကိုယ်သိစိတ်က ထိုအခြေအနေကို ရှောင်လွှဲလိုခဲ့ခြင်းပင်။

သို့သော် တကယ်တမ်းမှာတော့ သူမအနေဖြင့် ထိုလူဆိုးကို မျက်နှာချင်းဆိုင်သာ ရင်ဆိုင်လိုက်ချင်ပေသည်။ သူမက ထိုသောက်ရူးကို အမှန်တကယ်ကို ရိုက်နှက်ချင်ကာ လက်ရ ဖမ်းဆီးချင်လေသည်။

သူမက သရဲဘောကြောင်သူ မဖြစ်ချင်သလို သူမ နာကျင်ဒဏ်ရာ မရလျှင်တောင် ထိုမတရားမှုက ဘာမှ မဖြစ်လိုက်သလို ဟန်ဆောင်မနေချင်ပေ။

သွမ့်ယောင်ကျင်း အနေဖြင့် ထိုအရာကို အလိုမရှိပါလေ။

သူမ အတန်းဖော်များက ပိုလို့တောင် ကို့ရို့ကားရား နိုင်လာကြပါသော်လည်း သူတို့က သူမကို ပိုပြီး စိတ်လှုပ်ရှားအောင် ပြုလုပ်ထားနိုင်ပါ၏။

သူမဘေးနားမှာ နောက်ထပ် ကောင်မလေး နည်းနည်းလောက်ပဲ ရှိနေပေးမည် ဆိုလျှင်တောင်မှ သူမအနေဖြင့် ဤအခြေအနေကို ရင်ဆိုင် သည်းခံနိုင်သည့် သတ္တိများ ရှိမည်ဟု တွေးမိသည်။

သွမ့်ယောင်ကျင်း၏ အတန်းဖော်များကား သူမ တွေးထင်စိတ်ကူး ကြည့်နိုင်သည်များထက် ပိုမို အံ့သြဖွယ်ကောင်းသည့် အရာများကို ယူဆောင်လာပေတော့၏။

သူမ၏ အတန်းဖော်များသည် ထို Group Chat ထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန် လာပေတော့သည်။ သွမ့်ယောင်ကျင်း မနက်ပိုင်း မျက်နှာသစ်သည့် အချိန်ကို ရောက်သည့်အခါ နှစ်ဆယ်ထက်ပိုသည့် လူများက စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ရန် အသင့် ရှိနေခဲ့ပေပြီ။

သူမခမျာ အတော်ကြီးကို မင်သက် အံ့သြရတော့သည်။ 70 စတုရန်းမီတာမျှသာ ကျယ်ဝန်းသည့် သူမတို့ တိုက်ခန်းလေးက ဤ နှစ်ဆယ်ထက်ပိုသော လူအုပ်ကြီးကို ဝင်ဆန့်နိုင်ပါ့မည်လား။

ထို့အပြင် ဤသခင်လေး သခင်မလေးများအတွက် သူမ၏ တိုက်ခန်းငယ်လေးက သူတို့၏ ရေချိုးခန်း သာသာမျှသာ ရှိပေလိမ့်မည်။

အဲဒါက လူတိုင်းအတွက် ကသိကအောက် ဖြစ်စေနိုင်သည် မဟုတ်ဘူးလား။

သွမ့်ယောင်ကျင်းမူကား ထိုစိုးရိမ် ပူပန်မှုကို လိမ်မာပါးနပ်စွာဖြင့်ပင် Group Chatအတွင်းဝယ် တဖန်ပြန်လည် ပြောပြလိုက်လေသည်။

(ငါတို့ အိမ်လေးက အရမ်းသေးတယ်၊ ဧည့်ခန်းတွေ အများကြီးပါတဲ့ ငါ့အတန်းဖော်တွေရဲ့ အိမ်တွေလိုမျိုး မဟုတ်ဘူး)

(အဲဒီ သောက်ရူးကိူ ဖမ်းပေးချင်တဲ့ လူတိုင်းရဲ့ အကူအညီကို ငါလည်း ကြိုဆိုပါတယ်။ ဒါပေမဲ့ လူတိုင်း သက်တောင့်သက်သာ အနားယူနိုင်ဖို့ နေရာ အကျယ်ကြီး မရှိတော့ အဲဒါက အဆင်ပြေမှာ မဟုတ်ဘူးရယ်)

ထို Message ပို့ပေးပြီးနောက် Group Chatကြီးလည်း အချိန် အတန်ကြာ တိတ်ဆိတ် သွားရပေတော့သည်။

သွမ့်ယောင်ကျင်းခမျာလည်း ထိုတိတ်ဆိတ်နေသော Chat Boxကို ကြည့်ကာ ထူးထူးဆန်းဆန်း စိုးရိမ် ပူပန်မှုများကို ခံစားရပေသည်။

နောက်ဆုံးမှာတော့ ထိုတိတ်ဆိတ်မှုကို ဖူဟွေ့ရှင်းက ချိုးဖျက်လိုက်လေသည်။

(အဲ့သောက်ရူး တစ်ကောင်ကို ဖမ်းဖို့လောက်နဲ့တော့ တစ်တန်းလုံး လိုမနေဘူး။ ငါ တစ်ယောက်တည်းနဲ့ ဖြစ်တယ်)

ယခုတကြိမ်သည်ကား ဤ Group Chat စဖွဲ့ကတည်းက ဖူဟွေ့ရှင်း ပြန်လည် တုံ့ပြန်လာသည့် ပထမဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ လူတိုင်း လူတိုင်း တက်ကြွနေခဲ့ကတည်းကပင် သူက ဘာစကားကိုတောင်မှ မဆိုလာခဲ့သူတည်း။

အခြားလူများ (ငါတို့က သီလ သမာဓိတွေ ပြည့်နေတယ်လို့ မင်း ထင်နေတယ်လို့တော့ မပြောနဲ့နော်။ ပြီးတော့ ငါတို့ရဲ့ အဓိက ပန်းတိုင်က အဲ့သောက်ရူးကို ဖမ်းဖို့ပဲ)

ဟုတ်ပါပြီ၊ အဲဒါက အမှန်တကယ်ကို အကြောင်းပြချက်တွေထဲက တစ်ခုသာဖြစ်၏။

သို့သော် ပိုပြီး အရေးကြီးသည့် အကြောင်းပြချက်ကတော့ သူတို့ အနေဖြင့် ထိုသို့သော ကိစ္စမျိုးကို ကိုယ့်ဘာသာ တွေ့ကြုံလိုခြင်းပင်။

56 04

လိင်စိတ် ဖောက်ပြန်နေသူ သောက်ရူးတကောင်ကို ဖမ်းဆီးရမည့် အဖွဲ့ထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ ဘဝမှာ အကြိမ်ဘယ်လောက်များများ အခွင့်အရေး ရှိလို့တုန်း။

အကယ်၍များ ဤ အခွင့်အရေးကို လွဲချော်ခဲ့သော် နောက်တစ်ကြိမ်က ဘယ်တော့မှ ရောက်လာလိမ့်မည်ကို အဘယ်သူက သိနိုင်မည်နည်း။

အဲဒါကို ဒီ ဖူဟွေ့ရှင်းက သူတစ်ယောက်တည်း ကိုင်တွယ်နိုင်ပါသည်လို့ ဘယ်လိုတောင် ပြောရတာလဲ။ သူတစ်ယောက်တည်း သူရဲကောင်းလုပ်ဖို့ တွေးနေတာလား။

လူအတော်များများက ထေ့ငေါကာ တွေးကြတော့သည်။

အမှန်တော့ ထင်ပေါ်ကျော်ကြားလှသည့် ဖူဟွေ့ရှင်း၏ စွမ်းဆောင်ရည်များနှင့်သာ ဆိုပါက ဤအရာကို သူတစ်ယောက်တည်း ကိုင်တွယ်နိုင်ကြောင်း မည်သူကမျှ သံသယ ရှိလိမ့်မည် မဟုတ်။

သို့သော် သင်က မည်သူပဲ ဖြစ်နေပါစေ သူတို့အတန်းဖော်ကို အကူအညီပေးမည့် စိတ်လှုပ်ရှားဖွယ် ပွဲကြီးကို ပါဝင်ရန် မည်သူကမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

အတန်းခေါင်းဆောင်သည်ကား လူတိုင်း၏ အုပ်ထိန်းသူအဖြစ် တာဝန်ရှိသူ.တစ်ယောက်တည်း။

သူ့အနေဖြင့် ဤလူအုပ်ကြီး၏ ခေါင်းဆောင် ဖြစ်လေရာ တစ်ယောက်ချင်းစီကို မျက်နှာသာပေးကာ လူအများ၏ ရည်ရွယ်ချက်များကို ထည့်သွင်း စဥ်းစားပေးပြီး ထိန်းကျောင်းပြောဆို ပေးရပေမည်။

(ညဘက်ကျ အပြင်မှာ အရမ်းအေးတယ်။ တကယ်လို့ အပြင်ဘက် လှေကားမှာပဲ ကင်းစောင့်ရမယ်ဆို သူ အအေးမိလိမ့်မယ်)

သွမ့်ယောင်ကျင်းက သူမ အိမ်မှာ အဘိုးအဘွားများနှင့် နေထိုင်ခြင်းဖြစ်ရာ ယောကျာ်းလေး တစ်ယောက်ဖြစ်သည့် ဖူဟွေ့ရှင်းက ထို သောက်ရူးကောင်ကို စောင့်ဖမ်းဖို့အတွက်တော့ သွမ့်အိမ်မှာ နေလို့မရသည်က သေချာလေသည်။

သွမ့်ယောင်ကျင်းသည်လည်း သူမ အဘိုးအဘွားများကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်း မရှိသလို မရှင်းပြလျှင်တောင်မှ ထို သက်ကြီးရွယ်အို နှစ်ယောက်က သူတို့မြေးမက ယောကျာ်းလေးတစ်ယောက်ကို အိမ်ခေါ်လာခြင်းအား ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

အိမ်နီးချင်းတို့ကလည်း သွမ့်ယောင်ကျင်း၏ နောက်ကွယ်မှာ အတင်းအဖျင်း ပြောကြမည်က သေချာပေါက်ပင်တည်း။

ထို့ကြောင့် ဖူဟွေ့ရှင်း ကင်းစောင့်ပေးမည်ဟူသည့် စကားက အပြင်မှာပဲ နေပါမည်ဟု ဆိုလိုခြင်းပင်။

ထိုအကြောင်း တွေးမိသော် ရယ်စရာတွေ ပြောနေသည်ဟု ဆိုကာ အတန်းခေါင်းဆောင်မှာ ကူကယ်ရာမဲ့စွာ ကျိန်ဆဲမိပေ၏။ ထိုလိင်စိတ်ဖောက်သူ သောက်ရူးက ဆောင်းရာသီ၏ အအေးဆုံးအချိန်မှာ တက်ကြွ လှုပ်ရှားနေရင်တောင်မှ သူက အအေးဒဏ်ကို မခံစားရဘူးတဲ့လား။

(ဟုတ်တယ်၊ အပြင်မှာက အရမ်းနေတာကို။ အဲဒီ အစီအစဥ်က မဖြစ်နိုင်ဘူးနော်)

(တကယ်လို့ နင့်အိမ် အခြေအနေကသာ အဲဒါကို ခွင့်မပြုပေးနိုင်ရင် ငါတို့က ကြမ်းပြင်ပေါ်မှာ အိပ်ရလည်း ဖြစ်တယ် သိလား)

ထို စိတ်လှုပ်ရှားစရာ ပွဲထဲ ပါဝင် ပျော်ပါးဖို့အတွက် ဆိုပါလျှင် ကြမ်းပြင်ပေါ်မှာ အိပ်ရသည်က အရမ်းကြီး အနစ်နာခံရတာမျိုးတော့ မဟုတ်ပေ။

ထို ကြမ်းပြင်ပေါ်မှာ အိပ်စက်ကြမည့် အကြံသည်ကား ချက်ချင်းဆိုသလိုပင် လူတိုင်းဆီမှ စိတ်အားထက်သန်သည့် ထောက်ခံချက်များ လက်ခံရရှိပေတော့သည်။

(အမှန်ပဲ၊ ငါတို့ ကြမ်းပေါ်မှာလည်း အိပ်နိုင်ပါတယ်)

ငါတို့က အိပ်ဖို့ လုံးဝ မလိုအပ်ဘူးနော်။ ငါတို့က အိမ်မှာဆိုရင် တညလုံး မအိပ်ဘဲတောင် နေလို့ရတဲ့ ညဇီးကွက်တွေချည်းပဲ။

ပြီးတော့ လူတိုင်း လူတိုင်းက အဲ့သောက်ရူးကို စောင့်ကြည့်ဖို့ အာရုံစိုက်နေမှကို ငါတို့က ဘယ်လိုလုပ်ပြီး အိပ်နိုင်ပါ့မလဲ။

သွမ့်ယောင်ကျင်းခမျာ ဘာစကားမှ မပြောနိုင်သေးမီ သူမ အတန်းဖော်များကတော့ ထိုညမှာ သူမ အိမ်မှာ စတည်းချဖို့ အဆင်သင့် ဖြစ်နေလေပြီ။

ပထမဆုံး သူတိူ့က သွမ့်ယောင်ကျင်း၏ အဘိုးနှင့်အဘွားကို အခန်းခ အခမဲ့နှင့် အားလပ်ရက် အပန်းဖြေကြဖို့ ဖိတ်ခေါ်လိုက်ကာ တစ်ပတ်အလိုကတည်းက အိမ်မှ ထွက်ခွာရန် စီစဥ်ပေးလိုက်လေသည်။

သူတို့ ဟိုသောက်ရူးကို ဖမ်းဆီးကြစဥ် ဘိုးဘွားနှစ်ယောက် ထိတ်လန့်မည်ကို ကာကွယ်ရန်တည်း။

56 05

ကျောင်းဆင်းပြီးနောက် တစ်ခန်းလုံးက စုဝေးပွဲ ကျင်းပရန် သွမ့်ယောင်ကျင်း အိမ်သို့ ချီတက်ကြတော့၏။

သာမန်ကာလျှံကာ ညစာလေးစားဖို့ အတန်းဖော်၏ အိမ်သို့ သွားကြတာက ကျိုးကြောင်း သင့်လျော်ရဲ့ မဟုတ်လား။

ညစာ စားသောက်ပြီးနောက် ကိုယ့်အတန်းဖော်တွေနဲ့ ကတ်ဂိမ်း အတူတူ ကစားကြတာကလည်း အရမ်းကို ယုတ္ထိတန်တယ်နော် ။

နောက်နေ့ကျ ကောင်လေးတွေက Baseball အတူတူ ကစားကြဖို့ စီစဥ်ထားမှတော့ သူတို့လွယ်အိတ်ထဲမှာ Baseball တုတ် ယူလာတာကလည်း ဘာမှ မှားမနေပါဘူး သိလား။

( ငါ၊ ငါ၊ ငါက မနက်ဖြန်ကျ ငါ့အဖေနဲ့ ဂေါက်ရိုက်သွားမှာ အဲဒါကြောင့် ငါ့လွယ်အိတ်ထဲမှာ ဂေါက်ရိုက်တုတ် ယူလာတယ်လေ။ အဲဒါက အရမ်းကို ယုတ္ထိယုတ္ထာကျတယ်နော်)

လူတိုင်း... မင်းဘာသာမင်း နားထောင်ကြည့်ပါဦး။ အဲဒီ အသံက အရမ်းကို သင့်တော်နေသလိုပါပဲလား။

ဖူဟွေ့ရှင်း.( ဂေါက်ရိုက်တုတ်တံက လူသေစေနိုင်တယ်။ မင်းတို့ အဲ့လိုဟာမျိုးတွေ ယူမလာကြနဲ့)

(ဟုတ်တယ်) အကျိုးဆက်ကတော့ စိတ်ပျက်စရာပါလားနော်။

ထို ပြဿနာအားလုံးကို ဆွေးနွေးပြီးသော် သူတို့မှာ ရှီလီကို အတူခေါ်သွားကြမလား ဟူသည့် အရေးပါလှသော မေးခွန်းတစ်ခုသာ ကျန်ရှိပေတော့သည်။

All Chapters