← Chapters

အခန်း (၆၅-၆၈)

Vol. 4 Ch. 65-68

အခန်း (၆၅-၆၈)

Vol. 4 Ch. 65-68

65 01

အခန်း ၆၅: ထင်မှတ်မထားတာတွေသာ မဖြစ်လာရင် အံ့ဩစရာဆိုတာ ရှိမှာမဟုတ်ဘူး။

အတန်းခေါင်းဆောင်သည် ဗီဒီယိုပေါ်ကအချိန်ဘားကို ကိုယ်ပိုင်စာကြည့်ချိန်အတွက် ခေါင်းလောင်းမထိုးခင် အချိန်အထိ ရွှေ့လိုက်ပြီး လွန်ခဲ့သော ဆယ်မိနစ်ခန့်က ဖြစ်ရပ်များမှာအတန်းပိုင်၏ မြင်ကွင်းထဲ ရောက်ရှိလာခဲ့၏။

သူမြင်ရသည်မှာ သူသည် စင်မြင်ပေါ်တွင်ရပ်နေပြီး စကားတစ်လုံးမှ မပြောရသေးခင်မှာဘဲ စာသင်ခန်းထဲရှိ မတူညီသော နေရာတွေမှ ကျောင်းသားရှစ်ဦးမှာ ပြိုင်တူနီးပါး ထရပ်လာ ကြတာပင်။

အတန်းပိုင်သည် လွန်ခဲ့သော ဆယ်မိနစ်ခန့်ကမှ အသံကြားလိုက်သော်လည်း ယခုတွင်မူ ဘာအသံကိုမှ မကြားရတော့တာကို နားလည်သွားသဖြင့် သတိလက်လွတ် လက်သီးဆုပ် မိသွားသည်။

သူ့မျက်လုံးတွေကို ဖုန်း၏ ဖန်သားပြင်ပေါ်မှမခွာဘဲ စောင့်ကြည့်ရေးဗီဒီယိုပေါ်ကနေ သူ့အား စာသင်ခန်းအပြင်ဘက်သို့ တွန်းထိုးခံလိုက်ရသည်အထိ မလွတ်တမ်း ကြည့်နေ၏။

ကိုယ်ပိုင်စာကြည့်ချိန် မပြီးခင်မှာဘဲ အတန်းပိုင်နှင့် အတန်းခေါင်းဆောင်တို့သည် စာသင်ခန်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာကြ၏။

ကြံ့ခိုင်ပြီး တရားနည်းလမ်းကျမှုအပြည့်ဖြင့် ထွက်ခွာသွားသော အတန်းပိုင်မှာ ထုချေခံထားရသော ခရမ်းသီးအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာသည်။

မကြာသေးခင်က ရုံးခန်းငယ်လေးထဲတွင် သူတို့ဘာသာဘဲ ရှိနေခဲ့စဉ်က အတန်းခေါင်း ဆောင်၏ စကားတွေကို စိတ်ရှုပ်စွာ ပြန်တွေးကြည့်လိုက်သည်။

“ကျွန်တော့်စကားတွေကို ဆရာ သံသယဝင်လို့ရတယ်၊ ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားပြီး သူများတွေကို မသိစေဖို့တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”

“ရှီလီရဲ့ စိတ်ထဲက အတွေးတွေက တစ်ခါတလေဆိုရင် ဆူညံတတ်ပေမဲ့ လူတွေ အများကြီးကို အကူအညီ ဖြစ်စေခဲ့တယ်။ သူမရဲ့ အသံက အနာဂါတ် ဖြစ်ရပ်များကို ပြောပြနိုင်ပြီးတော့ ကျွန်တော်တို့ထဲက လူတော်တော်များများကိုလည်း အကျိုးရှိစေပါတယ်”

“ကုယွီချင်းဆို ရှီလီရဲ့ စိတ်ထဲကအသံကြောင့် သူမရဲ့ ပျောက်ဆုံးနေတဲ့ ညီမကို ပြန်ရှာတွေ့ခဲ့တာ”

အတန်းပိုင်၏ မူလအစီအစဉ်မှာ ပထမဆုံးစတွေ့ချိန်၌ ကျောင်းသားတွေကို သိလာအောင်လုပ်ပြီး အတန်းကို ပိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် သူ့အား ဖြည်းဖြည်းချင်း လေးစား လာကြစေရန် ဩဇာပြရန်ဖြစ်သည်။

သို့သော် ရှီလီနှင့် အတန်းခေါင်းဆောင်တို့၏နှောင့်ယှက်မှုကြောင့် အတန်းမပြီးခင်အထိ အချိန်ခဏသာ ရတော့သဖြင့် သူ၏အစီအစဉ်မှာ မဖြစ်မြောက်တော့ပေ။

အစီအစဉ်အသစ်ကို သူပြင်ဆင်လာခဲ့သင့်၏။

အခုတော့ သူ့စိတ်မှာ ဗလာဖြစ်နေပြီး မည်သို့သော အစီအစဉ်ကိုမှ ဖြစ်မြောက်အောင်လုပ်ရန် အားအင်မရှိတော့ချေ။

အတန်းပိုင်က သူ့ကိုယ်သူ ရိုးရိုးရှင်းရှင်းပဲ မိတ်ဆက်လိုက်၍ ကျောင်းသားများအား စာသင်ချိန်တွေတွင် အာရုံစိုက်ဖို့ဘဲ သတိပေးလိုက်သည်။

အတန်းပိုင်သည် တွေဝေနေသော ပုံစံဖြင့် သူ၏ရုံးခန်းဆီ ပြန်လာခဲ့၍ ကိုယ်ပိုင်စာကြည့်ချိန်တုန်းက စောင့်ကြည့်ရေးဗီဒီယိုကို စွဲလမ်းစွာ ပြန်ရစ်ကြည့်နေလျှက်။

သူစိတ်ပူတာက စောင့်ကြည့်ရေး ဗီဒီယိုကိုကျောင်းသားတွေ ကြိုတင်ပြီး လက်ဆော့ထားကြမှာကိုပင်။

65 02

အတန်းထဲ၌ အတန်းပိုင်သည် လုံခြုံရေးရုံးခန်းထဲသို့သွား၍ အစောပိုင်းက ကိုယ်ပိုင်စာကြည့်ချိန်၏ စောင့်ကြည့်ရေးဗီဒီယိုကို ကြည့်ရအောင် သွားတောင်းလိုက်သည်။

သို့ပေတည့် ဘယ်ကဗီဒီယိုပဲ ဖြစ်ပါစေ၊ရှီလီ၏အသံကို သူမကြားနိုင်ပါ။

ဗီဒီယိုထဲက ရှီလီကို အကျယ် ချဲ့ကြည့်လိုက်တော့လည်း ထိုအချိန်တုန်းက သူမ ပါးစပ်မဖွင့်နေဘူးဆိုတာ ရှင်းလင်းပေသည်။

ဤသည်က အတန်းခေါင်းဆောင် ပြောသမျှတိုင်းက အမှန်တွေပဲလားလို့ အတန်းပိုင်အား မေးခွန်းထုတ်မိစေသည်။

သူသည် လုံးလုံးလျားလျားကြီး မယုံကြည်သော်လည်း သံသယဝင်မိပြန်၏။ သို့သော် သူ့ရင်ထဲက ယုံကြည်နေသည့် တစ်စိတ်တစ်ပိုင်းကတော့ ပိုအားသာနေလျှက်ရှိသည်။

ရေပန်းစားသော သိပ္ပံရှိုးတွေကိုကြည့်ရင်း ကြီးပြင်းလာခဲ့သည့် အတန်းပိုင်မှာ ထိုအခိုက်အတန့်၌ သဘာဝလွန်ဖြစ်ရပ်၏ တည်ရှိမှုကို ယုံကြည်လာတော့သည်။

အတန်းပိုင်မှာ အတန်းသစ်ကို လွှဲပြောင်းယူလိုက်ရသည့် ဖိအားကြောင့် သွေးလေခြောက် ခြားစေသလားဟူ၍ တွေးဆနေရင်း ခေါင်းကိုမပုတ်ဘဲ မနေနိုင်တော့။

အတန်းပိုင်အတွက် စောင့်ကြည့်ရေးဗီဒီယိုကို ယူလာပေးသော လုံခြုံရေးအစောင့်သည် ထိုနေရာမှာဘဲ မတ်တပ်ရပ်နေတာဖြစ်ပြီး ငယ်ရွယ်ပြီး ကြည့်ကောင်းသော ဆရာ၏ထူးဆန်းသော လုပ်ရပ်တွေကို ကြည့်နေကာ ထိုသူနဲ့ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေတယ်လို့ မနေနိုင်ဘဲ တွေးလိုက်မိသည်။

ဒီဆရာက စိတ်ကျန်းမာရေး မကောင်းလို့ ကျောင်းသားတွေကို ထိခိုက်အောင် လုပ်နိုင်တယ်လို့ သူတွေးမိကာ မျက်စိဒေါက်ထောက် ကြည့်နေလိုက်သည်။ တစ်စုံတစ်ရာ မူမမှန်ပါက ကျောင်းအုပ်ကို တင်ပြရပေလိမ့်မည်။

ပူပန်သောကရောက်နေသော အတန်းပိုင်မှာသူ၏ အိပ်မက်ဆန်သော အခြေအနေကနေ မနိုးထလာသေးပေ။

အရာအားလုံးကို မြင်တွေ့နေရ‌သော လုံခြုံရေးအစောင့်မှာမူ ထိုသူ၏ ကိုယ့်ကိုကိုယ် အန္တရာယ်ပြုတော့မလိုမျိုး စိတ်မတည်မငြိမ်ဖြစ်နေသည့်အပေါ် သံသယဝင်လာပြီး ဒီကိစ္စကို ကျောင်းအုပ်ဆီ တင်ပြရမယ်။

အတန်းပိုင်သည် အိပ်မက်မက်နေတာ မဟုတ်ဘဲ၊ အရာအားလုံးက အစစ်အမှန်ဆိုသည့် လက်တွေ့ဆိုတာကို ရွေးချယ်စရာမရှိဘဲ လက်ခံလိုက်ရတော့၏။

သူ၏ ရုံးခန်းဆီသို့ တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်သွားလိုက်တော့သည်။

ယနေ့အတွက် သူ၏ အစီအစဉ်အားလုံးဟာ နှောင့်ယှက်ခံလိုက်ရပြီး မနက်အစောပိုင်းတုန်းက အလှည့်အပြောင်းတွေမှာ သူ့စိတ်အခြေအနေကို ကဗြောင်းကပြန် ဖြစ်သွားစေ၏။

သို့သော် ဘဝကို ရှေ့ဆက်ရမှာဖြစ်တာကြောင့်သူ၏ လေးလံသော စိတ်အခြေအနေကို နေ့လည်ခင်းတွင် တစ်နည်းနည်းဖြင့် ဖြေရှင်းလိုက်သည်။

နေ့လယ်ခင်း နောက်ဆုံးအတန်းချိန်၌သူ၏ မူလအစီအစဉ်ကို ပြန်စလိုက်သည်။

“မင်းတို့ရဲ့အတန်းပိုင်ဆရာဖြစ်တဲ့ ဆရာ့နာမည်က ဘန်။ မကြာသေးခင်က ကျောင်းကနေ အလုပ်ခရီးနဲ့ ပို့လိုက်လို့၊ ဆိုတော့ မင်းတို့တွေကျောင်းအစပိုင်းမှာ အတန်းပိုင်အနေနဲ့ ဆရာမကျိန့်ကို အရင်ဆုံခဲ့ကြတာဘဲ”

“နောက်ထပ် စာသင်နှစ် နှစ်နှစ်ခွဲအတွင်းမှာ ဘယ်လိုအခက်အခဲဘဲရှိလာလာ၊ မင်းတို့ရဲ့ အတန်းပိုင်အနေနဲ့ အဖော်ပြုပေးမှာဖြစ်ပြီး မင်းတို့ကို တက္ကသိုလ်ဆီ တက်လှမ်းနိုင်အောင် ပို့ပေးမယ်”

【မတော်တဆမဖြစ်ဘဲ မထင်မှတ်ထားတဲ့အခြေအနေမျိုးမှာ မရှိရင်ပေါ့】

ရှီလီ၏အသံကို မထင်မှတ်ထားစွာ ကြားလိုက်ရ၏။ မြေဖြူကိုင်ထားသော အတန်းပိုင်ဆရာဘန်၏လက်မှာ ကျောက်သင်ပုန်းပေါ်တွင် သူ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်အား ဆက်မရေးခင်၌ ခဏကြာတန့်သွား၏။

သူမ ရောက်နေပြီ၊ သူမ ပြန်လာပြီ၊ သူမ စကားထပ်ပြောလာပြီ။

ရှီလီ၏အသံကို ကြားရသော ကျန်သည့် ကျောင်းသားတွေက အတန်းပိုင်ကိုဘဲ အာရုံစူးစိုက်ထားကြသည်။

65 03

မနက်‌အစောပိုင်းတုန်းက အတန်းပိုင်နှင့် လေးလေးနက်နက် ဆွေးနွေးခဲ့ပြီးနောက် အတန်းပိုင်၏ လက်တွေ့အခြေအနေအပေါ် မယုံနိုင်ဖြစ်နေသည်ကို အတန်းခေါင်းဆောင်က သူတို့အား ပြန်ပြောပြခဲ့သည်။

အတန်းပိုင်က ဟိုဟိုဒီဒီ ခိုင်လုံအောင် မေးမြန်းလာမှာကို လူတိုင်း ကြောက်နေကြသော်လည်း ကံကောင်းစွာဖြင့် သူသည် ကိစ္စအများကြီးကို ဖြတ်သန်းလာခဲ့ရသော လူဖြစ်နေတာပင်။

သူ၏ စိတ်ထဲက သံသယတွေကတော့ သူသာ ထိုကိစ္စကို အစမဖော်လိုက်သရွေ့၊ အရာအားလုံး အဆင်ပြေလိမ့်မည်ပင်။

စာရေးပြီးနောက် ကျောင်းသားတွေကို မျက်နှာချင်းဆိုင်လိုက်ပြီး “ဒါက ဆရာ့ရဲ့ ဆက်သွယ်ရမဲ့ အချက်အလက်၊ အမြဲတမ်း ဖုန်းဖွင့်ထားတယ်။ အခုကစပြီး မင်းတို့တွေ အခက်အခဲကြုံလာရင် ဆရာ့ကို ဆက်သွယ်လိုက်လို့ရတယ်။ အတိတ်တွေကို နောက်မှာပဲ ချန်ခဲ့ကြရအောင်။ ဘယ်ကျောင်းသားမဆို ခွင့်မတိုင်ဘဲ ကျောင်းပျက်တာတွေ မလိုချင်ဘူး။ အဆိုးဆုံးက တစ်တန်းလုံး ကျောင်းပြေးတာကို မမြင်ချင်တာဘဲ”

အတန်းကို လွှဲပြောင်းယူချိန်က အတန်းပိုင်ကို နိုင်ငံရေးဆရာက ကျောင်းသားတွေနဲ့ပတ်သက်၍ အတော်ကို မကျေမနပ် ပြောခဲ့၏။

အစကတော့ ဆရာမကျိန့် အပိုလုပ်နေတာလို့ အတန်းပိုင် ထင်ခဲ့မိတာပင်။ ဆယ်ကျော်သက်အုပ်စုက ဘယ်လို ရမ်းရမ်းကားကားတွေကို လုပ်နိုင်မှာမို့လို့လဲ။ အဆိုးဆုံး ကိစ္စဆိုလို့ အိမ်စာမပြီးတာနဲ့ စာသင်ချိန်အတွင်း အိပ်ပျော်တာပဲ ဖြစ်မှာပေါ့။

ဆရာမကျိန့်က နှစ်သုံးဆယ်လောက် စာသင်လာခဲ့တာ၊ ဘယ်လိုဖြစ်လို့ ဒီလိုအသေးအမွှားကိစ္စတွေနဲ့ ကလေးတွေနဲ့ပြိုင်ပြီး အမြင်ကျဉ်းနေတာတုန်း။

သို့သော် ခိုင်မာသော အကြောင်းရင်းမရှိဘဲ တစ်တန်းလုံး နေ့တစ်ဝက်ခန့် ကျောင်းပြေးခဲ့ကြသော အကြောင်းကို အတန်းပိုင်ဆရာဘန် ကြားတုန်းက ဆွံအသွားခဲ့ရသည်။

ရုတ်တရက် ဆရာမကျိန့်၏ ခံစားချက်တွေကို စာနာမိလာသည်။ စာသင်ကြားခဲ့သည့် အတွေ့အကြုံ ဘယ်လောက်ပဲရှိရှိ၊ တစ်တန်းလုံး ကျောင်းပြေးသည့် အခြေအနေမျိုးကိုတော့ ကြုံတွေ့ဖူးမှာ မဟုတ်ကြပေ။

အတန်းအများစုတွင် အလွန်ဆုံးမှ ကိုင်တွယ်ရခက်သော ပြဿနာကောင်တွေ တစ်ယောက်စ၊နှစ်ယောက်စသာရှိကြပြီး ကျန်သည့်သူတွေ ဘယ်လောက်ပဲ လိမ္မာရေးခြားရှိပါစေ၊ သူတို့အားလုံးက သာမန်အားဖြင့် ပြဿနာကို မီးထွန်းမရှာကြ။

သူ့အတန်းကတော့ လုံးဝကို ကွဲထွက်နေတာပင်။ လူတိုင်းက ပုန်ကန်ကြသည်။

ကောင်းကင်က သူအရင်က သာယာအေးချမ်းသည့်ဘဝကို ရခဲ့သည့်အတွက် တမင်တကာဒုက္ခရောက်စေသလားဟုပင် အင်မတန်သံသယဝင်လာမိသည့်အထိပင်။

အခုတော့ သိပ္ပံပညာဖြင့် မရှင်းပြနိုင်သော သူ့အတန်းထဲက ရှီလီ၏ ထူးခြားသည့် ဇာတ်ရုပ်ကြောင့် သူ့တစ်တန်းလုံးက ပြဿနာကောင်တွေ ဖြစ်နေလည်း အဲလောက်မဆိုးနိုင်ဟု ရုတ်ချည်းပင် နားလည်သွားသည်။

ပြောစမ်းပါဦး၊ ဘယ်အတန်းမှာ ဒီလိုမျိုးထူးခြားတဲ့ ဇာတ်ကောင်ရှိလို့လဲ။

ထုံးလမ်းအစဉ်အလာတွေ၊ နောက်ဆက်ဆံသူတွေ မရောက်ဖူးသည့် အခြေအနေထဲ ကျရောက်နေတယ်ဆိုတာကို ယုံကြည်ချက်ရှိရှိဖြင့် သူပြောနိုင်သည်။

“အတိတ်က ကိစ္စတွေကို ပြည်ဖုံးကား ချလိုက်ရအောင်။ အခုကစပြီး လိမ်လိမ်မာမာနေကြ”

အတန်းပိုင်သည် ကျောက်သင်ပုန်းပေါ်က မြေဖြူနှင့်ရေးထားသော သူ၏ ဖုန်းနံပါတ်ကို ကြည့်လိုက်ပြီး အပြည့်အစုံကို ပြောလိုက်ကာ —— 24/7 ဆက်သွယ်နိုင်တယ်။

ရှီလီက တွေးတွေးဆဆဖြင့် “သမီး အွန်လိုင်းပေါ်မှာ 24/7 ရောက်နေရင် ဘာလို့ ကျီဟန်ပြိုင်ပွဲမှာ ဝင်မပြိုင်လဲဆိုတဲ့ မက်ဆေ့ခ်ျကို ရလောက်လား”

လူတိုင်း: “မှတ်ထားလိုက်ပြီ၊ မနက်ဖြန်ကစပြီး ငါတို့တွေ မက်ဆေ့ခ်ျပို့တော့မယ်”

နင့်ကို တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး လျှိုထားတယ်လို့ ငါတို့ သံသယဝင်ပေမဲ့ တိတ်တိတ်လေးပဲ နေလိုက်ပါ့မယ်။

65 04

အတန်းပိုင်: “ဆိုတော့ ဒါက ငါ တန်ဖိုးထားတဲ့ ပထမနေရာကို ဆုပ်ကိုင်ထားတဲ့ ကျောင်းသူရဲ့ စိတ်ထဲကကမ္ဘာပေါ့။ သူမက ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့သူလား”

ဟုတ်ပြီလေ၊ ဒါတွေအားလုံးကို သူ နားလည်ပြီး လက်ခံပေးရမှာပဲ။

“မင်းတို့ရဲ့ ရီပို့ကဒ်တွေကို ငါ ကြည့်ပြီးသွားပြီ၊ ရှင်းရှင်းပြောရရင်တော့ မင်းတို့ ရမှတ်တွေက အတော်လေး စိတ်ပျက်ဖို့ ကောင်းတယ်။ စာမေးပွဲအမျိုးမျိုးက ပျှမ်းမျှရမှတ်တွေရဲ့အောက်ခြေအဆင့် သာသာပဲရှိတယ်။ ဒီလိုအဆင့်တွေနဲ့ ကျောင်းပြေးရဲတဲ့ သူတွေကတော့ ထူးချွန်တဲ့ ကျောင်းသားတွေပဲကွ…”

သူခေါင်းယမ်းလိုက်ပြီး နှလုံးအောင့်ဟန်ဆောင်ကာ ဆက်မပြောနိုင်တော့ပေ။

“သူပြောတော့ ရွက်သစ်ပြောင်းပြီး ထပ်မပြောတော့ဘူးဆို၊ ဘယ်လိုတောင် လူလိမ်လဲ”

ထုတ်ဖော်ပြောဆိုလာခြင်းက အတန်းပိုင်ကို သတိလက်လွတ် ဖြစ်သွားစေပြီး ပြောလိုက်သည့်သူကတော့ သူ တန်ဖိုးအထားရဆုံးသော စာတော်သည့် ကျောင်းသူပင်။

ဒါ့အပြင် ၎င်းက ရည်ရွယ်ပြောဆိုခြင်း မဟုတ်ပေ။ သူမရဲ့ အတွေးတွေကို သူများတွေ ကြားနိုင်တယ်ဆိုတာ သူမက ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။ ဒါက ဘယ်လိုလုပ်ပြီး သူမရဲ့အပြစ်ဖြစ်နိုင်မလဲ။

ရှီလီ၏ ဖွင့်ဟပြောဆိုချက်ကို ကြားလိုက်ရ‌တော့ လူတိုင်းမှာ မျက်နှာထား တည်တန့်အောင် မနည်းရုန်းကန်လိုက်ရ၏။

ကျောင်းသားတွေဆီက ကသိကအောက် ဖြစ်စရာကောင်းသည့် အပြုံးတွေကို မြင်လိုက်ရတော့၊ အတန်းပိုင်သည် သူ၏ ဂုဏ်သိက္ခာအား ထိန်းသိမ်းရန်နှင့် နောက်ထပ် ရှီလီ ထပ်ပြီး မပြောလာစေရန်အတွက် တစ်တန်းလုံးရှေ့တွင် စည်းကမ်းတွေ မချမှတ်ဖို့ ဆုံဖြတ်လိုက်တော့သည် ။

အာရုံလွှဲပြောင်းသည့် နည်းဗျူဟာကိုသုံး၍ ဤသို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး နောက်မှပဲ ကျောင်းသားတွေနှင့် သီးသန့်စကားပြောမှာဖြစ်သည်။

ယခင်က၏ အဆင့်ရသည့်အပေါ် မူတည်ရရင် ရှီလီက အဆင့်တစ်ရသည့်သူပင်။

ရှီလီနှင့် ထိပ်တိုက် စကားပြောရမည်ဟူသောအတွေးက သူ့ကို ခေါင်းကိုက်လာစေသည်။

#ငါဆဲဆိုနေတာကို ကျောင်းသားတွေ ဘယ်လိုလုပ်ပြီး ကြားနိုင်ရတာလဲ၊ အွန်လိုင်းပေါ်မှာအဖြေအတွက် စောင့်နေပါတယ်၊ အလျင်လိုပါသည်#

******

66 01

အခန်း ၆၆: ကောယွမ်အတွက် ကိုယ်စားအမေ

အဆင့်သတ်မှတ်ချက်အရ ရှီလီကို အရင်ဆုံးခေါ်လိုက်သည်။

အတန်းပိုင်ဆရာတွင် ရှီလီ၏ ထိပ်ပြေးနေသော အဆင့်တွေနှင့် ပတ်သက်၍ များများစားစား ပြောစရာမရှိပေ။

ဘဝနှင့် ရည်မှန်းအကြောင်းတွေကိုသာ ရိုးရိုးရှင်းရှင်း ပြောဆိုလိုက်ပြီး ရှီလီ၏ သူ့အပေါ် ဝေဖန်ခြင်းများကို မလွဲဧကန် မကြားချင်ပေ။

သူတို့တွေ စကားပြောဆိုပြီးနောက် ရှီလီက ဒုတိယအဆင့်ရသူကို ရုံးခန်းထဲခေါ်ရန်အတွက် စာသင်ခန်းထဲသို့ ပြန်သွားလိုက်သည်။

ဒုတိယအဆင့်ရသူ ကုယွီချင်းမှာ ရုံးခန်းထဲထိုင်ပြီး မရှေးမနှောင်းမှာဘဲ ရုံးခန်းတံခါးဆီမှ တံခါးခေါက်သံ ထွက်ပေါ်လာပြီး ငယ်ရွယ်ကာချောမောသည့် ဆရာတစ်ဦးက တံခါးခေါက်ပြီးနောက် ရုံးခန်းထဲ ဝင်လာသည်။

“ဆရာ၊ ကျောင်းအုပ်လု ဆရာ့ကို ခေါ်နေတယ်”သူ ပြောလိုက်သည်။

ကျောင်းအုပ်လု၏ ရာထူးအပြည့်အစုံက လက်ထောက်ကျောင်းအုပ်လုဖြစ်၍ ကျောင်း၏ ဝန်ထမ်းရေးရာ ကိစ္စအဝဝကို ကိုင်တွယ်ဖြေရှင်းရသည်။

သာမန်အားဖြင့် အုပ်ချုပ်သူတစ်ယောက်က ဆင့်ခေါ်လိုက်ပြီဆိုလျှင် လူအများစုကအနာဂါတ် ရာထူးတိုးမြှင့်ရေးနှင့် လစာမြင့်မားရေးအတွက် မျက်နှာလိုမျက်နှာရလုပ်ရန် အပြေးအလွှား သွားကြမည်ဖြစ်သည်။ အဆုံးမှာတော့ ကျောင်းတွင် ဆရာများစွာရှိသည့်အတွက် ခေါင်းဆောင်က ဘာကြောင့် သင့်ကို ရာထူးတိုးပေးမည်နည်း။

အတန်းပိုင်က ဤကစားပွဲမျိုးကို ရွံရှာမုန်းတီးပေသည်။ ကျောင်းအုပ်လုကို ‌တိုင်ကြားဖို့လိုလားဟု၍ပင် သူ စဉ်းစားထား၏။

သူနှင့် ကျောင်းအုပ်လုကြားတွင် မည်သို့သော ကတောက်ကဆတ်မျှ မရှိသော်လည်း ချန်ဖူအထက်တန်းကျောင်းကို သူရောက်လာကတည်းက ကျောင်းအုပ်လုမှာ သူ့ကိုခေါ်ပြီး စကားပြောဆိုရတာကို သဘောတွေ့နေသည့်ပုံပင်။

အကယ်၍ သူစကားတွေက အသုံးဝင်လျှင် အဆင်ပြေသော်ငြား ခေါ်ပြီးသည့်နောက်တွင် ကျောင်းအုပ်လုက အရေးမပါသော ရောက်တတ်ရာရာ ခေါင်းစဉ်များကိုသာ ဆွေးနွေးလေသည်။

အတန်းပိုင်တွင် ရာထူးတိုးရန်အတွက် စိတ်မဝင်စားတာကြောင့် ခေါင်းဆောင်ကို ဖားယားနေဖို့ မလိုအပ်ဘူးလို့သာ မြင်သည်။ သဘာဝကျကျပဲ ကျောင်းအုပ်လု၏ သူ့ကိုခေါ်ဆိုခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။

ဖြစ်နိုင်သမျှတော့ သွားဖို့ကို ရှောင်ဖယ်ဖို့ကြိုးစားပေသည်။

အခုတော့ ကျောင်းအုပ်လုနှင့် မရင်ဆိုင်ရရန် တရားဝင် အကြောင်းပြချက် ရှိနေပြီဖြစ်တာကြောင့် အတန်းပိုင်မှာ ၎င်းကို အသုံးချလိုက်တော့၏။

ထို့ကြောင့် သူ ပြုံးကာပြုံးလိုက်၏။ “ကျောင်းအုပ်လုက အလျင်လိုနေလို့လား။ ကျွန်တော်ကလည်း ကျောင်းသားနဲ့ စကားပြောလက်စဖြစ်နေတော့ သူတို့ကို တန်းလန်းကြီးထားခဲ့လို့ မဖြစ်သေးဘူး”

ကျောင်းသားတွေဆိုတာ သူတို့၏ ထမင်းစားလက်မှတ်ဖြစ်ပြီး ကျောင်းအုပ်တွေအတွက်ဆို ပိုပြီးတောင် အရေးပါလှသည်။ ကျောင်းသားတွေကို ကျောင်းအုပ်ထက် ဦးစားပေးရွေးချယ်လိုက်ခြင်းက မဖြိုဖျက်နိုင်သော ရွေးချယ်မှုပင်။

အသားဖြူသော ကျောင်းဆရာက ကြင်နာစွာပြုံးလိုက်ပြီး “ကောင်းပြီလေ၊ ကျွန်တော် ကျောင်းအုပ်ဆီ ပြန်တင်ပြပေးမယ်” ဟူ၍ပြန်ဖြေလိုက်သည်။

ထိုကျောင်းဆရာ ကျောင်းအုပ်လု၏ ရုံးခန်းဆီရောက်ဝောာ့ သူသည် အတန်းပိုင်၏ စကားတွေကို ပါးပေးရုံသာမက၊ ကွယ်ဝှက်ထားသော အဓိပ္ပာယ်ကိုပါ စောင်းပါးရိပ်ခြေ ထပ်ပေါင်းပြောဆိုခဲ့၏။

“ဆရာက အလုပ်ရှုပ်နေလို့တဲ့၊ တွေ့ဖို့ အချိန်မရှိသေးဘူးလို့ ပြောပါတယ်”

အတန်းပိုင်ဆီကနေ ထပ်မံအငြင်းခံလိုက်ရသော ကျောင်းအုပ်လုမှာ သူ၏ အနက်ရောင်မျက်မှန်ကိုင်းကို ပြန်ချိန်ညှိလိုက်ပြီး “အလုပ်ရှုပ်နေတယ်”

သူ့မျက်နှာချင်းဆိုင်က ဆရာက ခေါင်းညိတ်ကာ “ဟုတ်ပါတယ်၊ ကျွန်တော်သွားတော့ ကျောင်းသူတစ်ယောက်နဲ့ စကားပြောနေတာ။ ကျွန်တော့်အထင် အဲဒါကြောင့် ကျောင်းအုပ်နဲ့တွေ့ဖို့ အချိန်မရှိတာဖြစ်မယ်”

66 02

ကျောင်းသားတွေနဲ့ “စကားပြော” နေပြီး သူဖိတ်တာကိုကျတော့ ငြင်းလိုက်ရသဖြင့် -ကျောင်းအုပ်လု၏ မျက်နှာထားမှာ ခေတ္တခဏမျှ မည်းမှောင်သွားသည်။

သူ့မျက်နှာထားကို တွေ့တော့ ဆရာသည်လည်း မီးထဲကို လောင်စာဆီ ဆက်မထည့်ရဲသဖြင့် ငြိမ်ငြိမ်လေးဘဲ မတ်တပ်ရပ်နေလိုက်သည်။

ဒါ့အပြင် သူသည် သဘောထားကွဲလွဲမှုတွင် မျိုးစေ့ချရာ၌ ကျွမ်းကျင်သူဖြစ်ပြီး သူ့စကားတွေကို သံသယမဝင်အောင်နှင့် ရှေ့နောက်ညီရန်အတွက် တစ်ဖက်သားကို အမှန်တစ်ဝက်၊ အမှားတစ်ဝက် ပြောသည်။

အဆိုးဘက်ရောက်သော အရာများကို တစ်ခုစနှစ်ခုစသာပြော၍ တစ်ဖက်သားကို ကာကွယ်ပြောဆိုနေသလိုလိုနှင့် မီးထဲသို့ထည့်သောလောင်စာဆီ၏ သက်ရောက်မှုက ကျောင်းအုပ်လုကို နားထောင်လေ၊ ပိုပြီးမကျေမနပ်ဖြစ်လာစေသည်။

ထိုအချိန်တွင် အတန်းပိုင်ကတော့ အပုပ်ချခံလိုက်ရပြီမှန်းကို သတိမထားမိသေးပေ။ သူ့အတန်းထဲက ကျောင်းသားတွေနှင့်သာ စကားပြောနေဆဲဖြစ်၏။

ရှီလီက အားနည်းသော ဘာသာရပ်ဆိုတာ မရှိသလောက်ကိုရှားသည့် စာတော်သောကျောင်းသူ ဖြစ်တာကြောင့် သူမနှင့် စကားပြောစဉ်က အနာဂါတ် အလုပ်အကိုင် အစီအစဉ်တွေနှင့် အကြံဉာဏ်တွေကိုသာ‌ ဆွေးနွေးခဲ့နိုင်သည်။

အခြားကျောင်းသားတွေနှင့်ကျ ဘယ်ဘာသာမှာ တိုးတက်အောင် လုပ်သင့်တယ်၊ ဟန်ချက်မညီတဲ့ ဘာသာကိုကျ ဘယ်လိုချိန်ညှိသင့် တယ်နှင့် အဆင့်တက်လာဖို့ အမြန်ဆုံး နည်းလမ်းတွေကိုပါ ဆွေးနွေးနိုင်သည်။

ကျောင်းနှစ်စပိုင်း၌ ကျောင်းက ကျောင်းသားတွေ၏ အခြေအနေအရပ်ရပ်ကို မိဘတွေဆီ အသိပေးခဲ့သည်။ လတ်တလော၌ အတန်းပိုင်သည် ဤမိသားစုအခြေအနေ တင်ပြလွှာကို လက်ခံရရှိခဲ့ပြီး အထူးသဖြင့် မိသားစု အခြေအနေထူးခြားသော ကလေးတွေအတွက် ဘဝလမ်းညွှန်သူအဖြစ် အနည်းငယ် မေးမြန်းလေသည်။ သူ ရရှိထားသည့် ဖိုင်တွေအရဆို ကုယွီချင်း၏မိသားစုအခြေအနေက အလွန်ရှုပ်ထွေးသည်။ သူမ၏ ညီမက ပြန်ပေးဆွဲခံထားရဖူးပြီးအမေဖြစ်သူကျတော့ စိတ်ကျန်းမာရေးက စိုးရိမ်ရသည်။

သူမ၏ မိဘနှစ်ပါးလုံး သက်ရှိထင်ရှား ရှိနေသေးသော်လည်း သူမ၏ ရှုပ်ထွေးသော မိသားစုအခြေအနေအရ အုပ်ထိန်းသူတစ်ဦးတည်း သို့မဟုတ် ရောထွေးနေသော မိသားစုအခြေအနေဟုပင် ပြော၍ရသည်။

သူမ မိသားစု၏ ရှုပ်ထွေးသော အခြေအနေကြောင့် ကုယွီချင်းသည် အတန်းပိုင်၏ အာရုံကို ရယူထား၏။

အတန်းခေါင်းဆောင်ဆီက သိရသလောက်မှာ ကုယွီချင်း၏ ညီမကို ပြန်ရှာတွေ့ပြီး အိမ်ပြန်ခေါ်လာခဲ့ပြီဖြစ်ကာ သူမ၏ အာရုံစူးစိုက်မှုအဆင့်မှာ လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

သူမ၏ စာလေ့လာမှုအပေါ် ဆွေးနွေးခဲ့ပြီး သူမညီမကို ပြန်တွေ့ပြီး‌သည့်နောက် ဘာတွေလုပ်နေလဲဆိုသည့် အကြောင်းကို အတန်းပိုင် မေးမြန်းခဲ့သည်။

သူတို့တွေ အချိန်အကြာကြီး အကြောင်းအရာမျိုးစုံကို ပြောဖြစ်ခဲ့ကြသည်။ အဆုံးတွင် သိရှိနားလည်လာပြီဖြစ်သဖြင့် သူမေးလိုက်သည်။ “သမီးရဲ့ညီမက လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ် လောက်က ပျောက်သွားတာမလား။ သူမကို ရှာဖို့ ဘယ်အရာက သမီးရဲ့မိသားစုကို အဆုံးစွန် ခွင့်ပြုခဲ့တာလဲ”

ကုယွီချင်းက တောက်လျှောက် မထူးခြားသလို ဖြေဆိုလာခဲ့ပြီး ဤအကြောင်းကို အတန်းပိုင်မေးလာသည့် အခါမှာတော့ မျက်လုံး ပင့်လာတော့သည်။ သူ့မေးခွန်းကို တိုက်ရိုက်ဖြေရမည့်အစား သူမ ပြန်မေးလိုက်သည်။ “ဆရာဒီအကြောင်းကို အတန်းခေါင်းဆောင်ဆီက ကြားခဲ့တာလား”

သူမမိသားစုက ညီမဖြစ်သူကို ဘယ်လိုပြန်ရှာတွေ့ခဲ့တယ်ဆိုတာအား မပြောခဲ့သော်လည်း ကြည့်ရသည်မှာ သူမ အားလုံးကို ပြောပြီးသွားသည့်ပုံပင်။

အတန်းပိုင်သည် ခေတ္တခဏမျှ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ပေ။ သူ၏ စွပ်စွဲဟန် ပေါက်နေသော လေသံမှာ ရုတ်ချည်းပင် အဆင်မပြေဖြစ်လာရပြီး သံသယများ ချက်ချင်းလက်ငင်း လျှောကျသွားတော့၏။

ဆရာတစ်ယောက်အနေနှင့် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ကြိုးစားလိုက်ပြီး ပြောလိုက်သည်။ “ကောင်းပြီ၊ နောက်ကျနေပြီ။ အတန်းထဲ ပြန်သွားပြီး နောင်ကျောင်းသားကို ခေါ်လိုက်”

66 03

ကုယွီချင်း ပေါ့ပေါ့ပါးပါး တခစ်ခစ်ရယ်လိုက်၍“ဟုတ်ကဲ့၊ ဆရာပြောတဲ့ အတိုင်းပါပဲ”

ရှီလီနှင့် ကုယွီချင်းတို့က အချိန်မကြာသော်ငြား အတန်းပိုင်နှင့် အခြားကျောင်းသားတွေ စကားပြောရ‌တာကတော့ အချိန်တဖြည်းဖြည်း ပိုကြာလာခဲ့သည်။

ဤသည်မှာ သူတို့၏ စာလေ့လာရေးဆိုင်ရာ ပြဿနာတွေဖြစ်သဖြင့် ဘာသာရပ်ဆိုင်ရာဆရာတွေ တင်ပြသည့် အခြားသော အသေးအမွှားကိစ္စလေးတွေက ပိုပြီးတောင် များလာသည်။

ကိုယ်ပိုင်စာကြည့်ချိန်မှာ ‌ကျောင်းဆင်းချိန်၌ ပြီးဆုံးသွားပြီဖြစ်သော်ငြား အတန်းပိုင်နှင့် စကားမပြောရသေးသော ကျောင်းသားတွေကတော့ အိမ်မပြန်နိုင်ကြသေးပေ။

အတန်း၏ သုံးပုံတစ်ပုံက ပြန်လို့ရပြီဆိုသော်လည်း ကျန်သုံးပုံနှစ်ပုံကမူ အတန်းပိုင်နှင့်စကားပြောပြီးသည့်အထိ စောင့်နေကြရသည်။

ကောယွမ် စိတ်ထဲကနေ သက်ပြင်းချလိုက်၏။ သူမသည် ရူးမတတ် စာလုပ်နေခဲ့သော်လည်း အခြေခံကတော့ အားနည်းသည်။ ကောင်းကင်ကို မွမ်းမံသော နွီဝါး သို့မဟုတ် ပင်လယ်ကို ရေဖြည့်သော ကျင်းဝေ့ကဲ့သို့ အချိန်များစွာ ကြာညောင်းပေလိမ့်မည်။

သူမ ပြင်းပြင်းထန်ထန် စာလုပ်သည်မှာ အချိန်အနည်းငယ်ဘဲ ရှိသေးသဖြင့် ရလဒ်မှာ မသိသာသေးပေ။

အတန်းထဲရှိ အဆင့်အနိမ့်ဆုံးထဲက တစ်ဦးအနေဖြင့် နောက်ဆုံးမှသာ အတန်းပိုင်နှင့် ကျောင်းဝင်းထဲက ထွက်ခွာရသည်။

အတန်းဆင်း ခေါင်းလောင်း မထိုးခင်မှာဘဲ ရှီလီက မက်ဆေ့ခ်ျပို့လာသဖြင့် သူမ၏ဖုန်းမျက်နှာပြင် မီးလင်းလာသည်။

သူမ၏ သူငယ်ချင်းကောင်းက သူမအား နှစ်သိမ့်ပေးလာမည်။ သို့မဟုတ် သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးလာမည်ဟု သူမထင်လိုက်သည်။

[နင် ဒီည အချိန်မီမှာ မဟုတ်လောက်ဘူး။ နင့်ကို နားပေးဖို့ ဆရာဟွမ်းကို ခွင့်တိုင်ပေးထားတယ်]

ကောယွမ်၏အမေက အ‌မြဲတမ်း အလုပ်များနေသဖြင့် သူမသမီး၏ စာလေ့လာမှုအပေါ်မှာ ဂရုစိုက်ပေးချင်သော်လည်း မလုပ်နိုင်ချေ။

သူမ၏ စာလုပ်ချိန်ကို ကိုယ်စားအမေလို ရှီလီကဘဲ ကောယွမ်ကို လုပ်ပေးနေရသည်။

ကောယွမ်အတွက် ကျူရှင်ဆရာတွေကို ဆက်သွယ်ခဲ့ပြီး သူမ၏ စာလေ့လာရေးနှင့် အခြေအနေအပေါ် မူတည်၍ သင်ခန်းစာတွေအား ဘယ်လိုစီမံပေးသင့်သည်ဆိုတာကို ကျူရှင်ဆရာတွေနှင့် ဆွေးနွေးခဲ့၏။

အကယ်၍ ကောယွမ်က သူမဘာသာ ခွင့်ယူဖို့တောင်းဆိုလျှင် ကျူရှင်ဆရာတွေက ခွင့်မပြုသော်လည်း ရှီလီဆိုရင်တော့ သက်ရောက်မှုရှိသည်။ (ဤသည်မှာ ကောယွမ် ရည်းစားနဲ့‌တွေ့ရန်အတွက် အတန်းလစ်မှာဆိုးလို့ ရှီလီက ကျူရှင်ဆရာတွေနှင့် ကြိုတင်ပြီး စီစဉ်ထားတာပင်)

တကယ်လို့ ဒါကသာ အုပ်ထိန်းမှုမ ဟုတ်ဘူးဆိုရင် ဘာလဲ။

သူမမှာ ခွင့်ယူရန်အတွက် ရှီလီကို မပြောရဲသဖြင့် အတန်းထဲက အတင်းအဖျင်း ကြီးကြီးမားမားတစ်ချို့ကို ကောယွမ် လွတ်သွားသည်။

၎င်းက ကောယွမ် မျှော်မှန်းထားသလိုမျိုး -အဆုံးစွန်ထိ စာလေ့လာရမှာ မဟုတ်ဘဲ - ယနေ့တွင် အတန်းမတက်ရဘူးဆိုတာက အောင်ပွဲခံစရာပင်။

သို့သော် ရှီလီ၏ နောက်ထပ်မက်ဆေ့ခ်ျ ရောက်လာချိန်မှာတော့ သူမ၏အပျော်မှာ သုံးစက္ကန့်သာ ကြာလိုက်သည်။

[နောက်ကောက်ကျန်ခဲ့မှာကို စိတ်မပူနဲ့။ ဒီသင်ခန်းစာကို တနင်္ဂနွေနေ့ကျ အစားထိုး ပြန်သင်ရမှာ]

ကောယွမ်: ငါ စိတ်မပူပါဘူး TVT

ကောယွမ်သည် စက်လိုလှုပ်ရှားပြီး သင်္ချာပုစ္ဆာများကို ဖြေရှင်းခဲ့ရသည်။

66 04

ခေါင်းလောင်းမြည်တော့ အိမ်ပြန်ရန်အတွက် ရှီလီ လွယ်အိတ်ကို ယူလိုက်သည်။ အတန်း၏ ထက်ဝက်ကျော်လောက်က အိမ်မပြန်ရသေးဘဲ ဆက်လက်ပြီး စာကြည့်နေရဦးမှာဖြစ်သဖြင့် အိမ်ပြန်လို့ရပြီဖြစ်သောလူများမှာ အခြားသူတွေကို နှောင့်ယှက်မိမည်စိုးသဖြင့် လွယ်အိတ်တွေကို တိတ်တဆိတ်ဘဲ လွယ်လိုက်ကြသည်။

စာသင်ခန်းထဲမှ ရှီလီ ထွက်လာတာနှင့်ကုယွီချင်း သူမကို လှမ်းခေါ်လိုက်၏။

“ရှီလီ၊ နင်ဒီညအားလား”

“အိမ်ပြန်ပြီး အိမ်စာလုပ်မှာနဲ့ မေးခွန်းစာရွက်တွေ လေ့ကျင့်မှာကိုရော ထည့်တွက်လား”

ဆိုလိုသည်က သူမတွင် ထွေထွေထူးထူး လုပ်စရာမရှိဘူး ဟူ၍ပင်။ ထို့ကြောင့် ကုယွီချင်း ပြောလိုက်၏ “နင် အိမ်စာလုပ်မှာပဲမလား၊ ပုစ္ဆာတွေတွက်ရအောင် ဘာလို့ ငါနဲ့စာကြည့်ခန်းဆီ မလိုက်တာလဲ”

ရှီလီက စိတ်ထားနူးညံ့တာကို သူမ သိသဖြင့် သနားစဖွယ်ကောင်းသည့် ကဒ်ကို ထုတ်သုံးလိုက်သည်။ “ငါ့ညီမလေးက ရွာမှာ နေခဲ့တာဆိုတော့၊ စာကြည့်ခန်းထဲ တစ်ခါမှ မရောက်ဖူးဘူး။ သူမကို အတွေ့အကြုံရအောင်လို့ ငါတို့ကျောင်းနားက စာကြည့်ခန်းဆီ ခေါ်သွားဖို့ စဉ်းစားထားတာ။ နင်ရော ငါတို့နဲ့ လိုက်ချင်လား”

“ငါ့ညီမလေးက နင့်ကို တကယ်သဘောကျနေတာ။ နင်သာ လိုက်လာရင် သူမ ပျော်သွားမှာ”

“စာကြည့်ခန်းထဲမှာ စာလေ့ရလာရတဲ့ လေထုက ပိုကောင်းတယ်လေ။ စာလုပ်နေရင်း နို့လက်ဖက်ရည် ဝယ်သောက်လို့ရသလို ညစာအတွက်လည်း အစားအသောက်ရောင်းတဲ့ လမ်းဆီ ငါတို့ သွားလို့ရတယ်ရယ်”

အစားအသောက်ကောင်း၏ ဆွဲဆောင်မှုဖြင့် ရှီလီမှာ သူမ၏ အားနည်းချက်အပေါ် အရှက်ရမိသည်။

နောက်ဆုံးအကြိမ် အစားအသောက်ရောင်းတဲ့လမ်းဆီ သူမ သွားခဲ့တုန်းက လူမိုက်တွေနဲ့ သူမ ဆုံခဲ့သည်။ ထိုနေ့ညက သူမ အိမ်ပြန်ရောက်တော့၊ အိမ်ထိန်းက သူမကို ခေါက်ဆွဲတွေ လုပ်ကျွေးခဲ့သည်။

သူမ စားချင်တာကို မစားခဲ့ရတာကြောင့် ရှီလီသည် ထိုကတည်းက အဲဒီအကြောင်းကို တွေးနေခဲ့တာပင်။

လူမိုက်တွေနှင့် ဆုံခဲ့ရတာက သူမကို စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ချို့ ချန်ရစ်ခဲ့သည်။ သူမမှာ အစားအသောက်ရောင်းတဲ့ လမ်းဆီကို စားသောက်ရန် သွားချင်ခဲ့သော်လည်း မသွားဖြစ်ခဲ့ချေ။

ဒီတစ်ခေါက်က ကုယွီချင်းနဲ့ သူမညီမနဲ့သွားတာဆိုတော့ ဘေးကင်းလောက်ပါတယ်။

ထို့ကြောင့် ရှီလီ ခေါင်းညိတ်ကာ “အင်း၊စာကြည့်ခန်းဆီ အတူတူသွားကြရအောင်”

စာကောင်းကောင်း လုပ်ပြီး သူမ၏အချစ်ကို ဖုံးဖိထားနိုင်ပြီဟု သူမ ထင်နေခဲ့သော်လည်း သူမ၏ တကယ့်အတွေးတွေကတော့ ပေါ်ပေါက်သွားတာ ကြာပြီဆိုတာကို သူမ နားမလည်သေးပေ။

[ရှောင်လင်းရဲ့ ပွက်ပွက်ဆူနေတဲ့ ရှောင်လင်း၊ဟီးဟီး၊ ငါလာပြီ]

******

67 01

အခန်း ၆၇: ဘာလို့ နင်ဘဲ အမြဲဖြစ်နေရတာလဲ၊ဖုန်းယွင်ဟယ်

ချန်ဖူအထက်တန်းကျောင်းတွင် စီနီယာတန်းနှင့် ဂျူနီယာတန်းဟူ၍ ဌာနတွေရှိပြီး ကုယွီလန်က ဂျူနီယာတန်းတွင် စာသင်ယူနေလျှက်ရှိ ၏။

ဂျူနီယာတန်းနှင့် စီနီယာတန်းဌာနတွေကအဝေးကြီးတွင် ရှိနေတာမဟုတ်ပေ။ စီနီယာတန်း၏ ပိုကြီးမားသော စာဖိအားကြောင့် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မျိုးကို လိုအပ်သဖြင့် စီနီယာတန်းဌာနမှာ ကျောင်း၏ ဂိတ်ပေါက်ဝတွေနှင့် ‌ပိုဝေးလံသော နေရာတွင်တည်ရှိသည်။

ကုယွီချင်းနှင့် ရှီလီတို့ ကျောင်းဂိတ်ပေါက်‌ဆီရောက်တော့ ကုယွီလန်စောင့်နေတာ ခဏကြာနေပြီဖြစ်သည်။

ကုယွီလန်သည် လွန်ခဲ့သော ရက်အနည်းငယ်တုန်းက ကုမိသားစု စခေါ်လာခဲ့တုန်းကထက် အတော်လေး ပြောင်းလဲသွားလေပြီ။

သူမ၏ နေလောင်ထားသော အသားရောင်မှာနဂိုအတိုင်း ပြန်မှိန်သွားဖို့ဆိုရင် နှစ်အနည်းငယ်ကြာဦးမှာ ဖြစ်သော်လည်း သူမမျက်နှာထက်က ရှက်ကြောက်နေမှုမှာ ပပျောက်သွားပြီဖြစ်၍ အတွင်းထဲကနေ ဖြာထွက်နေသော တည်ငြိမ်သည့် ယုံကြည်ချက်တို့ဖြင့် အစားထိုးလာခဲ့ပြီဖြစ်သည်။

[ကုမိသားစုကို သူမကို အချိန်မှန် တွေ့သွားတာပဲ] ဟု ရှီလီ တွေးလိုက်သည်။

ယခုအချိန်တွင် သူမ၏ အရင်ဘဝတုန်းကလို ရှာတွေ့ခံလိုက်ရပြီးနောက် စွဲလမ်းခြင်းနှင့်ဥပါဒါန်များ မရှိသေးပေ။

သူမ၏ မွေးစားမိဘတွေက ကောင်းကောင်းမွန်မွန် မဆက်ဆံပေးခဲ့သော်ငြား ဒီတစ်ကြိမ်၌ မွေးစားအဖေ၏ မွေးစားသမီးအပေါ် လက်မတင်သေးဘဲ ခံစားချက်များ ဖြစ်တည်လာရုံသာ ရှိသေးသဖြင့် သူမ၏ လူ့ဘဝတွင်ဝန်ထုပ်ဝန်ပိုးတစ်ခု ရှိလာတော့မှာ မဟုတ်ချေ။

[ဖုန်းယွင်ဟယ်ကို တွေ့ပြီးရင် သူမ ထပ်ပြီးမျှော်လင့်ချက် မရှိလောက်အောင် ကြိုက်သွား ဦးမလားမသိဘူး]

ထိုအခိုက်တွင် မေးခွန်းထဲကသူ၏ အစ်မဖြစ်သူမှာ မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏မျက်ခုံးကြားက အရေးအကြောင်းတွေ၏အနက်မှာ ဖုန်းယွင်ဟယ်တွေကို ဒေါင်လိုက် စီထားသော မာရီယာနာကျင်း၏ 6,096.13လောက် နက်ရှိုင်းပေသည်။ (တစ်ယောက်ခေါင်းပေါ် အခြားတစ်ယောက်က မတ်တပ်ရပ်နေသလို စီထားတာပါ)

(ဆုကြေးမရှိ ဉာဏ်စမ်းပဟေဠိ: မာရီယာနာကျင်းရဲ့ အနက်ရှိုင်းဆုံးနေရာက11,034 မီတာရှိပါတယ်၊ ဖုန်းယွင်ဟယ် အရပ်ဘယ်လောက်ရှိမလဲ)

နင့်အသက်ဘယ်လောက်လဲ၊ ဖုန်းယွင်ဟယ်။

ဘာလို့ နင်ဘဲ အမြဲဖြစ်နေရတာလဲ၊ဖုန်းယွင်ဟယ်။

လူတွေအများကြီးကို စိတ်တွေလွတ်ထွက်ပြီးနင့်ကို ကြိုက်သွားရအောင် နင့်မှာ ဘယ်လိုစန်းတွေ ပိုင်ထားတာလဲ။

နင့်အတွက် သေဆိုသေ ရှင်ဆို‌ရှင်၊ နံရံနဲ့ခေါင်းနဲ့ တိုက်ပေမဲ့ ရှီလီရှိရုံနဲ့ မလုံလောက်ဘူးလား။

အခုဆို သူမရဲ့ ညီမကိုတောင် အန္တရာယ်ပေးချင်နေပြီ။

ခုခေတ်ရဲ့ မြေခွေးထီးဝိညာဉ်လား။

ဖုန်းယွင်ဟယ်တဲ့လား။ အခုဆို သူမရဲ့နံပါတ်တစ် ရန်သူဖြစ်သွားပြီ။

သူမ၏ မိုက်မဲသော ငယ်ဘဝတွင် ဖုန်းယွင်ဟယ်ကို လိုက်ဖမ်းနေမိခဲ့သည့် အတွက် သူမ အရှက်ရမိသည်။

67 02

အရင်တုန်းက ဖုန်းယွင်ဟယ်ကို မြင်မြင်ချင်း အလွန်မိမိုက်ကာ သူမတွေ့ဖူးသမျှထဲတွင် အချောမောဆုံး ကောင်လေးဟု သူမ ထင်ခဲ့ဖူးသည်။

ထိုအချိန်တုန်းက သူ၏ အပြုအမူသည်အတော်လေး ဟိတ်ဟန်များသည်ဟု သူမထင်ခဲ့၏။

သို့သော် အရေးကြီးဆုံးက သူမ၏ မဟာရန်သူဖြစ်ခဲ့ဖူးသော ရှီလီက ဖုန်းယွင်ဟယ်ကို နှစ်တွေအကြာကြီး အချစ်ရူးရူးနေခဲ့တာပင်။

အကယ်၍ သူမရန်သူတော်၏ ချစ်ရသူကို ဖြတ်ခုတ်လိုက်ရင် ရှီလီကို အသာစီးမရသွားဘူးလား။

ရှီလီကို ကျော်တက်မည့်အကြံက တကယ်တော့ ဖုန်းယွင်ဟယ်ကို မြှူဆွယ်မှာထက် ပိုပြီးပြင်းထန်ခဲ့သည်။

ဖုန်းယွင်ဟယ်၏ မိန်းမတွေအပေါ် တသီးတသန့် တည်ရှိမှုက ကုယွီချင်း၏ လိုက်ခြင်းကိုမစတင်ခင်မှာဘဲ စောစီးစွာ အဆုံးသတ်သွားစေခဲ့သည်။

သူမသည် လုံးဝလက်မလျှော့ခင်အထိ နှစ်ရက်သာ ကြိုးစားလိုက်နိုင်သည်။

ထိုအချိန်တုန်းက ဖုန်းယွင်ဟယ်သာ ရှီလီနှင့် တကယ်ချစ်ကြိုက်သွားရင် ရှီလီကို လက်စားချေခြင်းက ဆိုးရွားသော ပုံစံမဖြစ်လောက်ဟုသူမ ထင်ခဲ့သည်။

အခုတော့ သူမကို ငါးဆင့်နှင့် ဖုန်းယွင်ဟယ်ကို လက်ချင်းတွဲ၍ နမ်းခွင့်ကို ရွေးချယ်ခိုင်းပါက တုံ့ဆိုင်းမှုမရှိ ငါးဆင့်ကိုပဲ သူမ ရွေးမည်သာ။

အကယ်၍ တစ်စက္ကန့်တောင် တုံ့ဆိုင်းမိခဲ့ပါက ဖုန်းယွင်ဟယ်ကို မလေးစားရာ ရောက်ပေလိမ့်မည်။

ကုယွီချင်းသည် အချိန်ကာလတွေ ပြောင်းလဲသွားပုံကို မအံ့ဩမိဘဲ မနေနိုင်တော့ပေ။ တစ်လအတွင်းမှာဘဲ သူမ၏ သဘောထားကလုံးဝပြောင်းလဲသွားခဲ့တာပင်။

ရှီလီအား ဖုန်းယွင်ဟယ်ကို တစ်သက်လုံး ချစ်ကြိုက်သွားပါစေလို့ သူမ မျှော်လင့်ခဲ့ဖူးသော်လည်း ယခုတွင်မူ ရှီလီ၏ ဦးခေါင်းခွံကိုတူဖြင့်ရိုက်ခွဲ၍ အချစ်နွံထဲနစ်နေသည့် ဦးနှောက်ကို သေချာလေး ဆေးကြောပေးပစ်ချင်တာထက် ပိုပြီး မလိုချင်တော့ပေ။

ဖုန်းယွင်ဟယ်ကို ရှီလီ ကြိုက်နေတာနှင့်ကို ဆိုးရွားလွန်းနေပြီး သူမ၏ညီမလေးကပါ ဖုန်းယွင်ဟယ်ကို ကြိုက်နေတယ်လို့ ရှီလီပြောလာတော့ ပိုတောင် ကြောက်မက်ဖွယ်ကောင်းသွားသည်။

ဒါဘယ်လိုဖြစ်ရပ်မျိုးပါလိမ့်၊ ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက်က ပြိုင်လုနေတယ်။

အဲ့လိုလည်း မဟုတ်သေးပေ၊ ဖုန်းယွင်ဟယ်ကိုကြိုက်တဲ့ မိန်းကလေးတွေက ရထားတွဲတွေနဲ့အပြည့် ရှိနေတာ။

[ဖုန်းယွင်ဟယ်က သူမရဲ့ ဒုတိယမြောက်ဆင်းရဲဒုက္ခပဲ]

ကုယွီချင်း: ဒါပေမဲ့ တကယ်လို့ နင်ကကွဲပြားနေရင်တော့ မတူတော့ဘူး။

ရှီလီရဲ့ စိတ်ထဲကအတွေးတွေက ကြားရသူတိုင်းကို အပြင်းအထန် ထိခိုက်စေတယ်။

သုံးယောက်သားမှာ ကျောင်းအနီးအနားက စာကြည့်ခန်းဆီ လမ်းလျှောက်သွားလိုက်ကြ၍ ကုယွီချင်းမှာ စိတ်နှင့်လူနှင့် မကပ်သေးပေ။

“ပုလဲစာကြည့်ခန်း” က ကောင်းမွန်သော အပြင်အဆင်နှင့် ပတ်ဝန်းကျင်ကြောင့် ချန်ဖူ ကျောင်းသားတွေကြားတွင် အတော်လေး ရေပန်းစား၏။

သုံးဦးသား စာကြည့်ခန်းထဲ ဝင်သွားတော့ထိုင်ခုံအများစုမှာ လူပြည့်နေလေပြီ။

ရှီလီက ပြတင်းပေါက်နားကခုံတွင် ထိုင်လိုက်ပြီး ကုယွီလန်က သူမဘေးတွင် ဝင်ထိုင်လာသည်။

ကုယွီချင်းမှာ တစ်လ်းလုံး အတွေးယာဉ်ကြောထဲ ပျောက်ဆုံးနေလျှက်ရှိပြီး ရှီလီနှင့် ကုယွီလန်တို့ လမ်းတလျှောက် စကားပြောခဲ့ ကြတာကို သတိမထားမိခဲ့ချေ။

ခက်ခဲမှုများစွာကို တောင့်ခံခဲ့ရသော အနှီမိန်းကလေးအတွက် ရှီလီမှာ အနည်းငယ်စိတ်မကောင်းဖြစ်မိ၍ သူမနှင့် အချိန်ပိုပြီးကုန်ဆုံးပေးချင်မိသည်။

67 03

ကုယွီချင်းက ကုယွီလန်၏ဘေးတွင် ဝင်ထိုင်လာပြီး ပြတင်းပေါက်အပြင်က ဖြတ်သွားဖြတ်လာများကို အသိစိတ်လွတ်ကာ စိုက်ကြည့်နေလျှက်။

ရှီလီရော သူမရဲ့ညီမပါ ကြိုက်နေကြတဲ့ ဖုန်းယွင်ဟယ်က ပြဿနာကောင်ဆိုတော့ တစ်ကိုယ်လုံး ပျောက်ကွယ်သွားရင် ပိုကောင်းမယ်လို့ သူမ တွေးနေသည်။

စားပွဲပေါ်က ဖုန်းမျက်နှာပြင် မီးလင်းလာတာကြောင့် ကုယွီချင်း၏ အတွေးတွေမှာ နှောင့်ယှက်ခံလိုက်ရ၏။ သူမ notification ကိုဖွင့်ကြည့်လိုက်တော့ အတန်းခေါင်းဆောင်က နောက်ထပ်သော အုပ်စုဖွဲ့စကားပြောခန်းကို ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒီတစ်ခုတွင် အတန်းပိုင်ပါရှိပြီး ရှီလီတော့မပါ။

လူတိုင်းအတွက် ကိုယ်ရေးကိုယ်တာ နေရာအချို့ကို ချန်ဖို့လိုတယ်ဟု စဉ်းစားပြီး ယခင်အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် အတန်းပိုင်ကို မထည့်လိုက်တာပင်။

တကယ့်ကို ပျင်းဖို့ကောင်းတဲ့ အုပ်စုဖွဲ့မက်ဆေ့ခ်ျတွေဟု ကုယွီချင်း မျက်နှာကို မဲ့ရွဲ့ပြီး တွေးလိုက်သည်။ အခုဆို သူမ၏ဖုန်းထဲတွင် အုပ်စုဖွဲ့စကားပြောခန်းများစွာဖြင့် ပြည့်နှက်နေပြီး ရေတွက်လို့တောင် မရချေ။

ရှီလီသည် လေ့ကျင့်ခန်းစာအုပ်ကိုဖွင့်ပြီး မကြာခင်မှာဘဲ မလှမ်းမကမ်းစားပွဲက မိန်းကလေး၏ milk tea ဆီ အာရုံရောက်သွားတော့သည်။ ချန်ဖူကျောင်းသားတွေကြား၌ milk tea သည် အလွန်ရေပန်းစား၍ အားနည်းချက်ကတော့ မှာယူလို့ပဲရပြီး လာမပို့ပေးချေ။

တိုက်တိုက်ဆိုင်ဆိုင် စာကြည့်ခန်း၏ မီတာငါးဆယ်အကွာတွင် milk tea ဆိုင်ရှိသည်။

အေးစက်သော ဆောင်းရာသီတွင် အငွေ့တထောင်းထောင်းထနေသော milk tea တစ်ခွက်ကို ကိုင်ထားရတာက စိတ်ကျေနပ်စရာကောင်းသည့် အရာပင်။

ကုညီအစ်မတွေကို ရှီလီ တိုးတိုးပြောလိုက်၏။ “ငါ milk tea သွားဝယ်လိုက်ဦးမယ်။ နင်တို့ ဘာသောက်ချင်တယ်ဆိုတာ စာပို့ထားလိုက်၊ပြန်လာရင် နင်တို့အတွက်ပါ ဝယ်လာပေးမယ်”

ကုယွီချင်းသည် ရင်းနှီးမှုယူရန် အခွင့်ကောင်းဟုတွေး၍ ရှီလီကို အဖော်ပြုပေးချင်နေ၏။

သို့သော် ရှီလီ ပြောလိုက်သည်။ “နင့်ညီမနဲ့ ဒီမှာနေလိုက်လေ။ ငါတစ်ယောက်တည်းဆိုလည်း အဆင်ပြေတယ်။ စိတ်မပူနဲ့၊ ငါလမ်းမပျောက်ပါဘူး။ ခဏနေရင် ပြန်လာခဲ့မယ်”

သူမ ပြောပြီးပြီးချင်း ဂျက်ကတ်ကိုဝတ်ကာဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်သည်။

ကုယွီချင်းလည်း တွေးကြည့်လိုက်တော့ milk tea ဆိုင်က စာကြည့်ခန်းနှင့် အလွန်နီးပေသည်။ သူမ၏ ညီမက ယခုဆိုလျှင်အလွယ်တကူ ပြန်ပေးဆွဲလို့ရနိုင်သော ခေါင်းနီလေး မဟုတ်တော့ဘဲ သူမထက်ပင် အရပ်ရှည်သည့် အလယ်တန်းကျောင်းသူ ဖြစ်နေပြီဆိုသော်လည်း မရင်းနှီးသော ပတ်ဝန်းကျင်တွင် လောလောလတ်လတ် ရှာတွေ့ထားသည့်ညီမဖြစ်သူကို ချန်မထားရစ်ရဲပေ။

သူမညီမကို ရှာတွေ့ခဲ့ပြီဖြစ်သော်လည်း စိတ်ဒဏ်ရာကတော့ သေရာပါပင်။

သူတို့၏ညီမအား အပြင်ကို တစ်ယောက်တည်း လွှတ်ရမှာကို စိုးရိမ်နေကြပြီး မိဘတွေကလည်း သုံးနာရီခြားတစ်ခါ ဗီဒီယိုကောလ်ခေါ်ကြပြီး အကယ်၍ သူမကို အချိန်အကြာကြီး မတွေ့မိပါက လူဆိုးတွေနှင့် တွေ့မှာကိုစိုး ရိမ်နေကြသည်။

စာကြည့်ခန်းမှာ အတော်လေး နွေးထွေးနေသော်လည်း ရှီလီမှာ အပြင်ကို ထွက်လိုက်တာနှင့် ဂျက်ကတ်ထဲတွင် မျက်နှာတစ်ခုလုံးလုံအောင် ထည့်ထားမိချင်သွား၏။

ဆောင်းရာသီထဲ ဝင်လာတာနှင့် အပူချိန်မှာလည်း တစ်နေ့တစ်ခြား ဆုတ်လျော့လာသည်။ သူမသည် အနွေးဓာတ်ရရန် milk teaပူပူလေးကို ပြင်းပြင်းပျပျ တောင့်‌တနေပြီးအသင့်ဖျော် milk tea ဆိုလည်း အဆင်ပြေပေသည်။

မြောက်လေက သူမမျက်နှာကို ဓားတစ်ချောင်းကဲ့သို့ ဖြတ်တိုက်သွားပြီး လေထဲတွင် ရောထွေးနေသော ဖျော့တော့သည့် တအီအီသံအား ခပ်ယဲ့ယဲ့ ကြားလိုက်ရသည်။

သူမ၏ ဦးထုပ်က လေအေးတွေကို ကာထားသလို၊ ပြင်ပအသံတွေကိုလည်း ရောထွေးစေသည်။

ရှီလီသည် သူမ၏ ဦးထုပ်ကို တစ်ဝက်မျှချွတ်လိုက်ပြီး နားရွက်တွေကို ဖော်လိုက်‌တော့အစောပိုင်းတုန်းက အသံမှာ ပိုပြီးကြည်လင်လာတော့သည်။

67 04

၎င်းမှာ အသံတိုးတိုးနှင့် ချည့်နဲ့သော တိရစ္ဆာန်ပေါက်လေးတွေ၏ အသံပင်။

ရှီလီ၏နှလုံးမှာ စည်းချက်တစ်ချက် လွဲချော်သွား၏။ ယခုလို အေးစက်လှသော ဆောင်းရာသီတွင် အရွယ်ရောက်ပြီးသား ကြောင်တွေ၊ခွေးတွေသာ ရှင်သန်နိုင်သော်လည်း တိရစ္ဆာန်ပေါက်လေးတွေကတော့ အေးခဲပြီး သေသွားနိုင်သည်။

လေအေးထဲတွင် သူမ၏ နားရွက်တွေကို ထုတ်လိုက်ပြီး အသံလာရာအတိုင်း လိုက်သွားသည်။

ငါးမိနစ်အကြာတွင် အရိပ်ကျနေသော ‌ထောင့်နားက အသံအရင်းအမြစ်ကို သူမ ရှာတွေ့သွား၏။ ၎င်းမှာ မျက်လုံးတောင် မပွင့်သေးသော ကြောင်ပေါက်လေးတွေပင်။

ရှီလီ၏ ဗဟုသုတအရ၊ အနှီကြောင်ပေါက်လေးတွေ မွေးလာတာ မကြာသေးပေ။

ကြောင်ပေါက်လေး‌များမှာ အနွေးဓာတ်ရရန်အချင်းချင်း တိုးဝှေ့နေကြ၏။ ရှီလီ သူတို့ကို ရေတွက်ကြည့်လိုက်တော့ - စုစုပေါင်းသုံးကောင်ပင်။

ထိုမြင်ကွင်းကြောင့် ရှီလီ၏ နှလုံးသားမှာအရည်ပျော်သွားပြီး လေအေးထဲတွင် ရှိနေသော ကြောင်ပေါက်သုံးကောင်ကို သနားသွားသည်။

[နင်တို့အမေ ဘယ်သွားနေတာလဲ]

[အစာထွက်ရှာတာလား]

ရှီလီသည် ကြောင်ပေါက်လေးများကို ဂျက်ကတ်ထဲတွင် ပွေ့ဖက်ပေးထားသော်ငြား အစာရှာထွက်သော ကြောင်အမေ ပြန်လာလျှင်သူမ၏ အိမ်သည် အခိုးခံလိုက်ရကာ ကြောင်ပေါက်လေးတွေ ပျောက်ဆုံးနေတာကို သိသွားပြီး စိတ်သောက ရောက်သွားမှာကိုသူမ စိတ်ပူမိသည်။

ဇဝေဇဝါဖြစ်နေပုံရသည့် အမျိုးသားတစ်ဦး၏ရှင်းလင်းသော အသံက သူမနောက်ကနေ ထွက်ပေါ်လာကာ “ရှီလီ”

ရှီလီမှာ အတွေးထဲ လွန်စွာနစ်မြုပ်နေသဖြင့် သူမနောက်သို့ တစ်ယောက်ယောက် ချဉ်းကပ်လာတာကိုတောင် သတိမပြုမိသေးပေ။ သူမ နောက်လှည့်လိုက်တော့ ရင်းနှီးနေသည့်လူသစ်တစ်ဦးကို မြင်လိုက်ရသည်။

ဖူဟွေ့ရှင်းကို မြင်လိုက်ရတော့ ရှီလီ အနည်းငယ် အံ့ဩသွားပြီး “နင်ဒီမှာ ဘာလုပ်နေတာလဲ”

သူ့ခြေထောက်နားတွင် ပြောက်ကြားကြောင်မတစ်ကောင်က သူမကို မာန်ဖီနေသဖြင့် လျစ်လျူရှုလို့မရသည့် ပုံစံပင်။

သေချာသည်မှာ ကလေးတွေ “အခိုးခံလိုက်”ရသော ကြောင်အမေကြီးပင်။

******

68 01

အခန်း ၆၈: ဖူဟွေ့ရှင်းရဲ့ နာမည်ပြောင်ကအရမ်းချစ်ဖို့ကောင်းတာဘဲလား

ရှီလီတွင် ကြောင်ပြန်ပေးဆွဲသော ပြစ်မှု၏ သက်သေက သူမလက်ထဲ၌ ရှိနေတာကြောင့် ကြောင်အမေမှာ ပိုပြီးဒေါသထွက်လာသည်။

သူမက ကြောင်ပေါက်လေးတွေကို အနွေး ဓာတ်ရအောင် ကူညီပေးချင်တာဖြစ်သော်ငြား အခုတော့ ကြောင်သူခိုးတစ်ယောက်လို ခံစားလာရသည်။

အနည်းငယ် ရှက်ရွံ့စွာဖြင့် ဖူဟွေ့ရှင်းကိုကြည့်ပြီး ပြောလိုက်၏။ “တကယ်လို့ ငါ ကြောင်တွေကို မခိုးဘူးလို့ပြောရင်၊ ငါ့ကို‌ယုံမှာလား”

ဖူဟွေ့ရှင်းက အသာခေါင်းညိတ်ကာ“ကြောင်ပေါက်လေးတွေ အေးပြီး သေသွားမှာကို နင်စိတ်ပူလို့ဆိုတာ ငါသိပါတယ်”

ရှီလီ စိဝ်ထဲကနေပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ [သူနားလည်မှု မလွဲသွားလို့ တော်သေးတာပေါ့။ ဒီကိစ္စကို သေချာရှင်းပြလို့ရပြီ]

ရှီလီက ကြည့်ကောင်းနေရတာကို ကြိုက်နှစ်သက်ပြီး ‌ယနေ့တွင် အဖြူရောင် ဂျက်ကတ်ကို ဝတ်ထားပြီး အပြင်ထွက်လာတာပင်။

ပုံမှန်အားဖြင့် အိမ်ပြန်ရောက်တာနှင့် သူမ၏ဂျက်ကတ်က သန့်ရှင်းနေဆဲ ဖြစ်ပေလိမ့်မည်။

သို့သော် သူမက ကြောင်ပေါက်လေးတွေကို ချီထားဖို့ အသုံးပြုထား၏။ မွေးကင်းစကြောင်ပေါက်လေးတွေမှာ သန့်ရှင်းရေးလုပ်ပေးခြင်း မခံထားရသဖြင့် ညစ်ပတ်ပေတူးနေပြီး ရလဒ်ကတော့ ရှီလီ၏ ဂျက်ကတ်ပေါ်မှာ ယခုဆိုလျှင် ပေကျံကုန်တော့၏။

လေအေးဖြင့် ကြာရှည်စွာ ထိတွေ့မိထားတော့ ရှီလီ၏ မူလက ဖြူဖွေးသေု လက်များမှာ အေးလွန်း၍ အနီရောင်သန်းလာတော့သည်။

ဖူဟွေ့ရှင်းက သူမကို နှစ်ကြိမ်တောင် ကူညီပေးခဲ့ဖူးသော စိတ်ထားကေင်းသည့် အတန်းဖော်ပင်။

သေချာသည်မှာ လေအေးတွေကြောင့် သူမ၏လက်တွေ ထုံထိုင်းလာတာက အရေးကြီးဆုံးဖြစ်၍ ဝန်ထုပ်ဝန်ပိုးကို တစ်စုံ‌တစ်ယောက်နှင့် ဝေမျှလိုက်ရန် လိုအပ်နေသည်။

ထို့ကြောင့် ရှီလီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကြောင်လေးသုံးကောင်အား ဖူဟွေ့ရှင်းကို ပေးလိုက်သည်။ သူမ၏ လက်များမှာ လေအေးများကြောင့် အလွန်ထုံထိုင်းနေကာ ကြောင်လေးတွေကို သူ့ထံ ကမ်းပေးလိုက်တော့ သူ့လက်ဝါးနှင့် အနည်းငယ် ပွတ်တိုက်မိသွားသည်။

သူ၏ လက်ဝါးမှာ အလွန်ပူနွေးလှပြီး ပူလွန်းသောကြောင့် ရှီလီသည် အိတ်ကပ်ထဲ မြန်မြန်လက်ထိုးထည့်လိုက်ရသည်။

ကြောင်ပေါက်တွေကို ဖူဟွေ့ရှင်း၏လက်ထဲထည့်ပေးပြီးတာနှင့် ရှီလီ၏ ကြောင်သူခိုးဟူသော ဇာတ်ရုပ်ကို ယူလိုက်ရပြီဖြစ်သဖြင့် ကြောင်အမေက သူ့ကို မာန်ဖီသင့်လေသည်။

‌စိတ်တိုစရာကောင်းသည်မှာ ကြောင်အမေက သူ့ကို ဖားနေသောလေသံဖြင့် တကယ်ကြီးကို ကြောင်သံပေးနေသည်။

သူမကိုကျတော့ လီကွေ့လို ဟိန်းဟောက်နေပြီး ဖူဟွေ့ရှင်းကိုကျ နှုတ်ချိုနေလေသည်။

[ဒါအရှက်မရှိ မျက်နှာလိုက်နေတာ!]

[ကြောင်ရူး၊ ငါက ဖူဟွေ့ရှင်းထက် သိသိသာသာကို ဖော်ရွေနေတဲ့ဟာ]

[ငါ့ကိုကျတော့ ဘယ်လိုတောင် မာန်ဖီရဲပြီး သူ့ကိုကျ ဘာမှတောင် မလုပ်ဘူး]

အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်။

ဖူဟွေ့ရှင်းသည် သူမ၏ စိတ်ထဲက အတွေးတွေကို သဘာဝကျကျဘဲ ကြားနေရသည်။ လက်တစ်ဖက်ဖြင့် ကြောင်လေးသုံးကောင်ကို ချီထားပြီး ကျန်တစ်ဖက်ဖြင့် အိတ်ကပ်ထဲက တုတ်ချောင်းပုံစံ အရာကို ဆွဲထုတ်၍ ရှီလီကို ကမ်းပေးလိုက်သည်။

ရှီလီသည် ပဟေဠိဖြစ်စွာဖြင့် ၎င်းကိုယူလိုက်ပြီး ဘာများဖြစ်မလဲဆိုတာ သိချင်နေသည်။

68 02

သေချာ အနီးကပ် ကြည့်ကြည့်လိုက်တော့မှကြောင်စာချောင်း ဖြစ်နေသည်။

ကြောင်စာ။

တစ်စုံတစ်ယောက်က ကြောက်စာတွေ သယ်ထားတာမှာ မထူးဆန်းပေမဲ့ ထိုသူကဖူဟွေ့ရှင်း ဖြစ်နေတဲ့အခါမှာတော့ အတော့်ကို ထူးဆန်းသွားသည်။

ဒီနှစ်ခုက မလိုက်ဖက်ဘူးလေ။

ကျောင်းလူဆိုးက လက်နက်တွေ မသယ်ဘဲနဲ့ကြောင်စာတွေကို သယ်ထားတယ်။ ဘာအတွက်လဲ။

ကြောင်အုပ်စုကို ကြိုပြီးလာဘ်ထိုးထားမလို့ စီစဉ်နေတာလား၊ အဲတော့မှ သူ ရန်ဖြစ်ရင် အကူအညီရအောင် ကြောင်အုပ်စုကို ဆင့်ခေါ်လိုက်မှာလား။

ကြောင်သူခိုးဟူသော သံသယကို ဖျောက်ဖျက် ရန်အတွက် ကြောင်စာကိုသုံးပြီး ကြောင်အမေကို လာဘ်ထိုးရမည့် - သူ့ရွယ်ရွယ်ချက်ကို ရှီလီ ရုတ်ချည်းပင် နားလည်သွား၏။

ရှီလီ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြောင်စာချောင်းကို ဖောက်လိုက်သည်။ ကြောင်တွေတွင် တုံ့ပြန်လွယ်သော နှာခေါင်းရှိကြဖြင့် ဖောက်လိုက်သော ကြောင်စာချောင်းဆီက အနံ့ကို ကြောင်အမေ ချက်ချင်း ရသွားသည်။

ရှီလီကို ကြောင်လေးတွေအား ခိုးယူခြင်းအတွက် မကျေမချမ်း ဖြသ်နေဆဲဖြစ်ကာ ချက်ချင်းကြီး ချဉ်းကပ်မလာပေ။

ရှီလီက ၎င်း၏အရှေ့တွင် ကြောင်စာချောင်းကိုဝေ့ယမ်းပြီး သွေးဆောင်လိုက်‌တော့မှ တွန့်ဆုတ်စွာဖြင့် အနားကိုတိုးလာပြီး ကြောင်စာချောင်းကို လျက်တော့၏။

အမွေးပွပွကြောင်လေး သူမရှေ့တွင် ရှိနေတော့ ရှီလီ မခုခံနိုင်ပေ။ သူမ လက်ဆန့်ထုတ်ကာ ကြောင်၏ခေါင်းကို ပွတ်ပေးလိုက်သည်။

ပြောက်ကြားကြောင်မကြီးက အကြိမ်ရေအချို့ ရှောင်လိုက်သော်လည်း ကြောင်စာချောင်း၏သွေးဆောင်မှုအောက်တွင် အလျှော့ပေးလိုက်ကာ ရှီလီ၏ လုပ်ရပ်ကို ခွင့်ပြုပေးလိုက်တော့သည်။

၎င်းက ဗိုက်ဆာနေသည့်ပုံပင်၊ ကြောင်စာမှာ အမြန်အဆန်ဘဲ စားလို့ကုန်သွား၏။

တစ်ချောင်းကုန်ပြီး မကြာခင်မှာဘဲ ၎င်းက နောက်တစ်ချောင်းကို လိုချင်လာပြန်သည်။ ရှီလီကို မြောင်သံပေး၍ နောက်တစ်ချောင်း ထပ်တောင်းလာသည်။

ရှီလီတွင် ကြောင်စာတွေကို သယ်ထားတတ်သော အလေ့အကျင့်မရှိဘဲ ဒီတစ်ခုကိုတောင် ဖူဟွေ့ရှင်း ပေးထားတာပင်။

အကြိမ်ရေအနည်းငယ်ခန့် မြောင်သံပေးပြီးနောက် ကြောင်က ရှီလီ မွဲနေမှန်း နားလည်သွားသဖြင့် ၎င်း၏ပစ်မှတ်ကို ပြောင်းလိုက်တော့သည်။

ဖူဟွေ့ရှင်းသည် ပြင်းထန်သော အကြည့်ကိုခံစားမိနေသဖြင့် ခေါင်းငုံ့ကြည့်လိုက်တော့ လူရော၊ ကြောင်ကပါ သူ့အား စိတ်အားထက်သန်စွာ ကြည့်နေတာကို မြင်လိုက်ရသည်။

“ငါနင့်ကိုပေးလိုက်တာ နောက်ဆုံးတစ်ခုပဲ”သူပြောလိုက်သည်။

ထိုစကားကိုကြားတော့ ရှီလီမှာ စိတ်ပျက်လက်ပျက်ဖြင့် အကြည့်ကို ရုတ်သိမ်းကာ မတ်တပ်ရပ်လိုက်သည်။

လူစကားကို နားမလည်သော ကြောင်ကတော့ သဘာဝကျကျဘဲ လက်ဖွာသူကြီးပေါ်မှာ လက်မလျှော့ပေ။ သူ၏ ခြေထောက်နားတွင် ထိုင်ချလိုက်ပြီး မြောင်သံပေးကာ လူသားတွေ၏ သနားစိတ်အား နိုးကြွလာအောင် ကြိုးစားနေလျှက်။

ရှီလီက အခုဆိုရင် ဘေးနား၌ လက်ပိုက်ကာရပ်နေပြီး ပြဿနာကြားတွင် သူ့အား စောင့်ကြည့်နေလေသည်။

ကြောက်အမေ၏ အသံက ဘယ်လောက်ဘဲချိုသာနေပါစေ၊ ဖူဟွေ့ရှင်းတွင် နောက်ထပ် ကြောင်စာများ ထပ်ပြီးမရှိတော့ချေ။ မျက်လှည့်သုံးပြီး လေထဲက ထုတ်ယူလိုက်လို့ကလည်း မရ။

ကြောင်တွေက ပျင်းရိသော သတ္တဝါတွေပင်။ ၎င်း၏ ဆွဲဆောင်မှုနှင့် ချစ်စရာကောင်းမှုက အစာတောင်းလို့ မရတော့ဘူးဆိုတာလည်း သိသွားရော၊ ရိုးရိုးရှင်းရှင်းဘဲ လက်လျှော့လိုက်တော့သည်။

68 03

[ကြောင်တွေလည်း အားကြီးသူကို ကြောက်ပြီး အားနည်းသူကို အနိုင်ကျင့်ကြတာဘဲ] ဟူ၍ရှီလီ တွေးလိုက်သည်။

သူမလက်ထဲမှာ ကြောင်ပေါက်လေးတွေ ရှိတုန်းကကျ ကြောင်အမေမှာ နှလုံးပေါက် ထွက်လာတော့မည့်အလား မာန်ဖီနေခဲ့တာပင်။

အခု ဖူဟွေ့ရှင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည့်အခါမှာမူ သူ့အား မာန်ဖီပြတာ၊ သွားဖြဲပြတာတွေ မလုပ်သည့်အပြင် ဖူဟွေ့ရှင်း၏အိတ်ကပ်ထဲတွင် ကြောင်လေးတွေအား ထည့်ထားတာကိုတောင် သတိမထားမိပုံရ၏။

ကြောင်ပေါက်လေးတွေက ကတ္ထူသေတ္တာထဲမှာထက် သူ့လက်ထဲမှာဆို ပိုအနွေးဓာတ်ရမယ်လို့တွေးရင်တောင် တွေးနေလောက်သည်။

ဘယ်သူက ပိုနွေးတယ်ဆိုတာကို ၎င်းသိပေသည်။ လေအေးထဲတွင် ခိုက်ခိုက်တုန်နေသောရှီလီနှင့် ယှဉ်ကြည့်လျှင် ဖူဟွေ့ရှင်း၏ ခြေရင်းမှာဘဲ လဲလျောင်းနေလေသည်။

ကြောင်လေး၏ ပြောင်းလဲလွယ်သော အပြုအမူကို မကျေနပ်သော်လည်း ဆောင်းရာသီ ရောက်နေပြီဖြစ်သဖြင့် အေးစိမ့်သော ရာသီဥတုထဲတွင် ဤသတ္တဝါလေးများ ရှင်သန်နိုင်ပါ့မလား ဆိုတာကို သူမ စိတ်ပူမိနေဆဲပင်။

ရှီလီ၏ အကြည့်မှာ ဖူဟွေ့ရှင်း၏ အိတ်ကပ်ရှိရာသို့ ကျရောက်သွား၏။ ဖူဟွေ့ရှင်းက ထိုကြောင်ပေါက်လေးတွေ မွန်းကြပ်နေမှာကို စိုးရိမ်လို့ထင်သည်၊ အမွေးပွပွ ကြောင်လေးသုံးကောင်၏ ခေါင်းကို အိတ်ကပ်အပြင်၌ ထုတ်ပေးထားသည်။

“ဆောင်းရာသီက အရမ်းအေးတာ။ ဒီအကောင်ပေါက် သုံးကောင်အတွက် အပြင်မှာနေရင် အန္တရာယ်မများဘူးလား”

သူမ မေးလိုက်၏။

ဖူဟွေ့ရှင်း ခေါင်းညိတ်ကာ “ဒါဆိုလည်း သူတို့အတွက် နွေးမဲ့နေရာကို ရှာရအောင်လေ”

ရှီလီ၏ နှလုံးသားမှာ လှုံ့ဆော်ခံလိုက်ရသည်။ ဟုတ်သားဘဲ၊ ကြောင်လေးသုံးကောင်ကို မွေးစားမဲ့ လူတွေကို သူတို့ရှာလို့ရတယ်။ ဒီလိုဆို အပူချိန် အနုတ်အောက် ရောက်နေတဲ့အပြင်ဘက်မှာ ကြောင်လေးတွေ အေးခဲပြီးသေသွားမှာကို စိတ်ပူစရာ မလိုတော့ဘူး။

သို့သော် သူမတွင် စိတ်ပူစရာများ ရှိနေသေးသည်။ “ကြောင်အမေက ကြောင်လေးတွေကို ခေါ်သွားခိုင်းပါ့မလား”

အမေဖြစ်သူ၏ အရှေ့တွင် ကလေးတွေကိုခေါ်ယူသွားတာက မမှန်ကန်လောက်ပေ။

ဖူဟွေ့ရှင်းက သူမကို ပြီးစလွယ် ပြန်ဖြေလိုက်ကာ “ဒါဆိုလည်း သူမကိုပါ ခေါ်သွားမယ်”

[အဲ့လိုက ရိုးရှင်းပြီး ပြီးစလွယ်မဆန်ဘူးလား။]

သို့သော် ရှီလီတွင် [ကြောင်အမေက အလွယ်လေး ဖမ်းခေါ်လို့ရမဲ့ အမျိုးအစားမှ မဟုတ်တာ။ ငါတို့က သူမကို ဘယ်လိုခေါ်သွားကြမှာလဲ။ အဲဒါမှ ပြဿနာ] ဟူသော သံသယတွေလည်း ရှိသေးသည်။

ရှီလီ၏ မေးခွန်းတွေကို ဖူဟွေ့ရှင်းက လုပ်ရပ်ဖြင့် သက်သေပြလိုက်၏။

ဖူဟွေ့ရှင်း ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားရန် ပြင်လိုက်သည်။

[ဒါမျိုးကို ကြောင်ပြန်ပေးဆွဲပြီး ထွက်ပြေးသွားတာလို့ ခေါ်တာမလား။]

ရှီလီသည် စိတ်ထဲကတော့ တဖျစ်တောက်တောက် ပြောနေသော်လည်း ဖူဟွေ့ရှင်း အနောက်ကနေ လိုက်သွားလိုက်သည်။

ဖူဟွေ့ရှင်းမှာ ကြောင်အုပ်စုနဲ့ ရင်ဆိုင်လို့ရမဲ့ နည်းလမ်းကောင်းရှိနေလောက်တယ်။ သူမက ပုံပန်းသွင်ပြင်ကြောင့် ကလေးလေးတွေ၊ တိရစ္ဆာန်လေးတွေဆီက အမြဲတမ်း သဘောကျခံခဲ့ရပေမဲ့ ဒီနေ့တော့ ဖူဟွေ့ရှင်းဆီမှာ ရှုံးနိမ့်သွားပြီ။

သူမ မယုံကြည်နိုင်ပေ။ ဆိုးယုတ်တဲ့ လျှို့ဝှက်လှည့်ကွက်တွေကို ဖူဟွေ့ရှင်း သေချာပေါက် လေ့ကျင့်ထားတာပဲဖြစ်ရမယ်!

ဖူဟွေ့ရှင်း: ကြောင်စာတိုက်ခိုက်မှုတွေ၊ အဲဒါကို ထည့်တွက်လို့ရတယ်လို့ ထင်တာပဲ။

68 04

ကြောက်အမေက ဗိုက်မပြည့်သေးပေ၊ ၎င်း၏မွေးကင်းစ ကြောင်ပေါက်လေးတွေမှာ တစ်ပါတည်း ခေါ်သွားခံလိုက်ရလေပြီ။

ဗိုက်ပြည့်တဲ့အထိ စားခိုင်းမလား၊ ကြောင်လေးတစ်ကောင်၊ ‌နှစ်ကောင်ကို နောက်မှာ ချန်ထားခဲ့မလားဆိုရင်၊ ၎င်းက မျက်ကွယ်ပြုပစ်နိုင်လေသည်။

သို့သော် ဖူဟွေ့ရှင်းမှာ သိပ်မကြာသေးခင်ကမှ အရသာရှိသည့် အစားအစာတွေကို ကျွေးထားလေသည်။ ထိုသူက ၎င်း၏ သကြားဖေဖေဆိုတာကို မှတ်မိနေသေးသဖြင့် ဖူဟွေ့ရှင်းကို မာန်ဖီတာမျိုး၊ သွားဖြဲပြတာမျိုး မလုပ်ပေ။ ထိုအစား သူ့နောက်က လိုက်လာပြီး အနှီလူ၏ ကြင်နာမှုကို နိုးကြွလာစေရန် ဆက်တိုက်မြောင်သံပေးနေသည်။

ဖူဟွေ့ရှင်းက အချိုးအကွေ့အချို့အား ဦးဆောင်လျှောက်သွား၍ ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် ချောင်ကျသည့်လမ်းကြားလေးထဲ ဝင်သွားသည်။

ဤဧရိယာတွင် မည်သည့်ဈေးဆိုင်မှ မရှိဘဲ၊ရှီလီ ဈေးဝယ်ထွက်လျှင် ရောက်ဖြစ်မည့်ထောင့်တစ်နေရာ မဟုတ်ပေ။

အကယ်၍ ဖူဟွေ့ရှင်းသာ သူမကို အရင်ကအကြိမ်များစွာ မကူညီပေးခဲ့ဘူးဆိုရင်၊သူမကို ကြောင်တွေနဲ့ပါရောပြီး ပြန်ပေးဆွဲဖို့ကြိုးစားနေတယ်လို့ ရှီလီ ‌သံသယဝင်မိမှာပင်။

ရှီလီက မျက်စိလျင်သည်။ ဖူဟွေ့ရှင်း လမ်းကို ဦးဆောင်နေတုန်း သူမအား ဘယ်ခေါ်သွားနေမှန်းကို ခန့်မှန်းမိပြီးနေလေပြီ။

လမ်းကြားလေးထဲ ငါးဆယ်မီတာခန့် ဝင်သွားပြီးနောက် ထိုနေရာတွင် တိရစ္ဆာန်ဆေးခန်းကျဉ်းလေး ရှိနေသည်။

ဤတိရစ္ဆာန်ဆေးခန်းက ရှီလီ မြင်ဖူးခဲ့တာတွေနှင့် ကွဲပြားသည်။ ဤနေရာက ချောင်ကျသည်သာမက အပြင်အဆင်ကလည်း ခြားနား‌လျှက်ရှိ၏။

သာမန် တိရစ္ဆာန်ဆေးခန်းတွေဆို သက်တောင့်သက်သာရှိသည့် ပုံစံမျိုးရှိသော်လည်း ဤတစ်ခုက ကွဲပြားသည်။ မျက်နှာစာမှာရိုးရှင်းပြီး အေးမြသည့်ပုံစံပင်။

ဖူဟွေ့ရှင်း တံခါးကိုဖွင့်ပြီး ဝင်သွားသည်။ ကြောင်အမေသည် သူ့နောက်သို့ လိုက်မဝင်၌တံခါးဝတွင် ခဏမျှ တုံ့ဆိုင်းနေသေး၏။

ကြိုဆိုသည့်နေရာ၌ မည်သူမျှ မရှိသဖြင့် ဖူဟွေ့ရှင်းက တန်းတန်းမတ်မတ်ဘဲ ဖြတ်လျှောက်သွားသည်။

ကြောင်အမေမှာ ဖူဟွေ့ရှင်း၏ ဥပမာအတိုင်းဝင့်ကြွားစွာ လျှောက်လှမ်းလိုက်သည်။

ကြောင်တစ်ကောင်နှင့် လူတစ်ယောက် အနောက်က လိုက်နေရသော ရှီလီမှာ အနည်းငယ် အဆင်မပြေ ဖြစ်လာသည်။

မကြာခင်တွင် အစိမ်းရောင် ငှက်မွေးဖုန်သုတ်တံက အတွင်းကနေ ရုတ်တရက် ထွက်ပေါ်လာ၏။ ဖူဟွေ့ရှင်း၏ မျက်နှာကို ရှင်းလင်းစွာမြင်တွေ့လိုက်ရပြီးနောက် အနည်းငယ် စိတ်ပျက်စွာဖြင့် အခန်းထဲ ပြန်လှည့်ဝင်သွားသည်။

[အောင်မလေး၊ ငှက်မွေးဖုန်သုတ်တံက အသက်ဝင်လာတယ်ဟ!]

“ငှက်မွေးဖုန်သုတ်တံ” က အမြန်အဆန် စကားပြောလာ၏။ ထိုသူ၏ ရေရွတ်သံကိုသူမ ကြားလိုက်ရသည်။ “ဝယ်သူထင်နေတာ”

သူ့ကို ငှက်မွေးဖုန်သုတ်တံဟု ခေါ်ဆိုခြင်းက ချဲ့ကားထားခြင်း မဟုတ်ပေ။ သူ၏ ထင်ရှားသော မြက်စိမ်းရောင် ဆံပင်တွင် ခရမ်းရောင်ဆံပင်လိုင်းအချို့ကို ရောစပ်ထားတာပင်။

အထူးသဖြင့် သူ၏ ပခုံးထိရောက်သောဆံပင်ကို ဖရိုဖရဲ စီးနှောင်ထားသဖြင့် ငှက်မွေးဖုန်သုတ်တံနှင့် ပိုတောင်တူသွားစေသည်။

တောက်ပသော အနီရောင်နှင့် အစိမ်းရောင်ကလူတွေ၏ မျက်လုံးကို အလွန်အမင်း ထိတ်လန့်သွားစေ၏။ ရှီလီသည် သူမ၏အမြင်၌သန့်ရှင်းသပ်ရပ်သော ဖူဟွေ့ရှင်း၏ crew cut ကို ကြည့်လိုက်ရသည်။

ရှီလီ၏ ငှက်မွေးဖုန်သုတ်တံဟူသော ဖော်ပြချက်ကို ဖူဟွေ့ရှင်း ကြားလိုက်ရသည်မှာ သဘာဝပင်။ သူ့မျက်ဝန်းထဲက ရယ်ချင်စိတ်ကို အောင့်ထားကာ ငှက်မွေးဖုန်သုတ်တံ၏အနောက်ကနေ အခန်းထဲ လိုက်ဝင်သွား၏။

68 05

“ငှက်မွေးဖုန်သုတ်တံ” မှာ အိပ်မှုန်စုံမွှားဖြစ်နေတုန်းပင်။ ခဏကြာတော့မှ ဖူဟွေ့ရှင်း နောက်က ရှီလီကို သတိထားမိသွားသည်။

“အယ် မိန်းမလှလေးပဲ မိန်းကလေး၊ မင်းကို အရမ်းရင်းနှီးနေသလိုဘဲနော်။ TVဒရာမာတွေထဲ ပါဖူးတာလား”

ဤသည်မှာ ရှီလီကို နာမည်ကြီးနှင့်တူတယ်ဆိုပြီး မြှောက်ပင့်ပြောဆိုနေတာပင်။

ဖူဟွေ့ရှင်းက ထိုသူကို ထိန်းထိန်းသိမ်းသိမ်းနေရန် သတိပေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော် ထိုသူက သူ၏ဆိုလိုရင်းကို နားလည်မှုလွဲသွားပြီး “ဒီမိန်းမလှလေးက ငါတို့ရှင်းရှင်းရဲ့ ကောင်မလေးလား။ ရုပ်ချောတဲ့ ကောင်နဲ့၊မိန်းမလှလေးဆိုတော့ နှစ်ယောက်သား လိုက်ကြပါတယ်”

ထိုသူ့နောက်ဘက်ကို ဖူဟွေ့ရှင်း ကန်လိုက်ပြီး“ပေါက်ကရတွေ လျှောက်မပြောနဲ့။ သူမက ငါ့အတန်းဖော်။ မွေးကင်းစ ကြောင်ပေါက်လေးတွေကို သူမ ရှာတွေ့ထားတာ”

[ရှင်းရှင်း။]

[ဖူဟွေ့ရှင်းရဲ့ နာမည်ပြောင်က အဲ့လောက် တောင် ချစ်ဖို့ကောင်းတာပဲလား။]

All Chapters