← Chapters

အခန်း (၇၃-၇၆)

Vol. 4 Ch. 73-76

အခန်း (၇၃-၇၆)

Vol. 4 Ch. 73-76

73 01

အခန်း ၇၃: ဆရာ့ကို ကျောင်းအုပ်လု ရှာနေတယ်

ဤတစ်ခေါက် ကိုယ်ပိုင်စာကြည့်ချိန်က လူတိုင်းကို အကျိုးအမြတ်များ ရစေခဲ့၏။

သို့သော် စွင်းယိလင်၏ စိတ်ထဲမှာတော့အခြားအတွေးတွေ ဖြစ်ပေါ်နေလျှက်။

ကျောင်းဆင်းတော့ သူမနှင့်အတူ သိုးသားဟော့ပေါ့ လိုက်စားစေချင်တယ်ဟုပြောကာ ရှီလီ အနားကိုကပ်ဖို့ ကြိုးစားတော့သည်။ သူမ မိသားစုက သူမကို အဖော်မပြုပေးနိုင်ဘဲ အတန်းဖော်တွေနှင့် အခင်ဆုံး သူငယ်ချင်းတွေကလည်း အလုပ်များနေကြသည်။ တစ်ယောက်တည်း ဟော့ပေါ့စားရရင် အရမ်းဝမ်းနည်းဖို့ကောင်းတယ်ဟု သူမ ပြောခဲ့၏။

သူမ၏ အတန်းဖော်နှင့် အခင်ဆုံး သူငယ်ချင်းများ: အသိစိတ်ရှိစမ်းပါဦး၊ နင် ငါတို့ကို မေးရောမေးလို့လား>

ထို့နောက် ရှီလီကို ဇွတ်အတင်း အဖော်ပြုခိုင်းနေသဖြင့် ရှီလီမှာ ပဟေဠိဖြစ်သွားရသည်။

[ကယ်ကြပါဦး၊ ငါ သူမနဲ့ အဲ့လောက် မရင်းနှီးဘူးလို့]

သို့သော် တစ်တန်းလုံးတွင် သူမအား ရှင်းမပြတတ်လောက်အောင် တွယ်ကပ်ချင်နေသူမှာ စွင်းယိလင် တစ်ဦးတည်း မဟုတ်ပေ။

အတန်းထဲတွင် အလွန်အကျွံ အရောတဝင်ရှိသော လူများစွာရှိပြီး အားလုံးကို သူမ ကျင့်သားရနေပြီးသားပင်။

ညနေခင်းတွင် စွင်းယိလင်နှင့် သိုးသားဟော့ပေါ့စားရန် သဘောတူလိုက်သည်။

အမှန်တော့ သူမက အဆင်သင့် သဘောတူခဲ့တာပင်။

အေးစက်သော ဆောင်းရာသီတွင် အပြင်ဘက်၌ နှင်းပွင့်များ ကျဆင်းနေကာ သိုးသားဟော့ပေါ့စားရန် အကောင်းဆုံး အချိန်ပင်ဖြစ်၏။

အိမ်စာတွေကတော့ အရေးမကြီးတော့ပေ။

သင့်ရှေ့မှာ အရသာရှိတဲ့ အစားအသောက်တွေ ရှိနေရင် အရာအားလုံးကို စောင့်ခိုင်းလို့ရတာဘဲလေ။

ကားထဲဝင်ပြီးနောက် ရှီလီဆီကနေ သတင်းတွေပိုရရန် စွင်းယိလင် ပေါ့ပေါ့ပါးပါး ကြိုးစားလာတော့၏။

သူမက ဗီဒီယိုတစ်ပုဒ်ကိုဖွင့်ပြီး ရှီလီအား ညွှန်းနေသော လေသံဖြင့် ပြောလိုက်ကာ“ဒီဟာက ငါ့ရဲ့ idol အဖွဲ့သစ်လေ။ ငါ့အထင်တော့ သူတို့ကတာ အရမ်းကောင်းတယ်လို့ ထင်တာဘဲ၊ သီချင်းဆိုတာလည်း အတော် ကောင်းတယ်”

အဖွဲ့ဝင်တစ်ဦး၏ မျက်နှာကို အကျယ်ချဲ့လိုက်ပြီး ဆက်ပြောလိုက်သည်> “ဒီလူတွေထဲမှာငါသူ့ကို အကြိုက်ဆုံးဘဲ။ အရမ်းချောတာနော်၊ မျက်လုံးတွေကနေ စကားပြောနိုင်သလိုမျိုးဘဲ”

အတန်းထဲတွင် စွင်းယိလင်၏ မိန်းကလေးပရိတ်သတ်ဟုသော အကျင့်က ထင်ရှားစွာ အရိုးစွဲနေတာကြောင့် သူမ အကြိုက်ဆုံးနာမည်ကြီးတွေကို အကြံပေးလာချိန်၌ ရှီလီ မအံ့ဩမိပေ။

သူများတွေ၏ အကြံပေးမှုကို ရှီလီ စိတ်မဝင်စားသော်ဘည်း စွင်းယိလင်ကို လေးစားသောအားဖြင့် ယဉ်ကျေးမှုရှိစွာ လှမ်းကြည့်လိုက် ၏။

ရှီလီ၏ မျက်စိရှေ့တွင် ရောင်စုံများ ပေါက်ကွဲထွက်လာပြီး ဟဲဗီးမက်တယ် ဂီတက သူမ၏နားစည်တွေကို ‌အမြှောက်ဖြင့် ပစ်နေသည်။

ဤသည်က ရှီလီ သဘောကျသည့် စတိုင်လ်မဟုတ်သော်လည်း စိတ်ရှည်ရှည်ဖြင့် ကြည့်ပေးလိုက်သည်။

စိတ်ထဲမှာတော့ သူမ ညည်းညူနေသည်။ [သူမရဲ့ idol တွေကို ငါ့ကို ရောင်းမယ်မှန်း သာသိရင် ဟော့ပေါ့စားဖို့ သဘောမတူခဲ့ပါဘူး]

73 02

စွင်းယိလင်လည်း ကျဉ်းထဲကျပ်ထဲ အခြေအနေအတွင်းသို့ ကျရောက်နေတာပင်။ သူမက နာမည်ကြီးတွေကို သဘောကျသော်လည်း အခြားသူတွေကိုရောင်းချရန် မကြိုးစားသည့် လိမ္မာသော ဖန်တစ်ဦးပင်။

သူမ၏ idol တွေကို သူများတွေဆီ တွန်းထုတ်တာမျိုး၊ သူမ idol တွေ၏ သာမန် လူနေမှုဘဝကို နှောင့်ယှက်တာမျိုးလည်း မလုပ်ဖူးပေ။

ရှီလီကို စွင်းယိလင် ရုတ်တရက်ဆန်စွာ ချဉ်းကပ်ခြင်းက သူမ၏ idol တွေကို အကြံပြုရန် မဟုတ်ချေ။

ထူးခြားသော အကြောင်းရင်းရှိတာကြောင့်ပင် ဖြစ်၏။

စွင်းယိလင် အဖေ၏ ကုမ္ပဏီက ဖျော်ဖြေရေးကုမ္ပဏီဖြစ်ကာ မြန်ဆန်သော အင်တာနက် ဖွံ့ဖြိုးမှုဖြင့် သူတို့နှင့် စာချုပ်ချုပ်ဆိုထားသောနာမည်ကြီး အနုပညာရှင်အချို့က စာချုပ်ကို ဖျက်သိမ်း၍ သူတို့ကိုယ်ပိုင် စတူဒီယိုများကို တည်ထောင်လာခဲ့ကြသည်။

စွင်းယိလင် အဖေ၏ ကုမ္ပဏိကို အတော်လေးရိုက်ခတ်မှု ရှိသွားစေတာပင်။ ယနေ့ခေတ်လူတွေက talent ရှိုးတွေကို ကြိုက်နှစ်သက်ကြသည့်အပေါ် စဉ်းစား၍ ကုမ္ပဏီက အလျင်အမြန် ပြောင်းလဲဖို့ ကြိုးစားခဲ့ပြီး ထိုရှိုးတွေမှလူငယ် idol တွေမှာ အတော်လေး ရေပန်းစားလေသည်။ လတ်တလော ပွဲဦးထွက်ထားသည့်ထိုလူငယ် idol တွေကို သူတို့ကုမ္ပဏီနှင့် စာချုပ်ချုပ်စေချင်တာပင်။

လုကျန်းချွမ်က အနှီချိန်ကိုက်ဗုံးကို ကုမ္ပဏီနှင့် လက်တွဲလုနီးပါး ဖြစ်စေခဲ့တာကို စွင်းယိလင် မှတ်မိနေဆဲဖြစ်ပြီး သူမအတွက်တော့ ၎င်းက လုံးဝကို လက်သင့်ခံနိုင်စရာ မရှိပေ။

ကုမ္ပဏီနှင့် စာချုပ်ချုပ်နိုင်ခြေရှိသော လူငယ်ကြယ်ပွင့်သစ်တွေတွင် အမျိုးမျိုးသော ပြဿနာတွေ ရှိမှာကိုလည်း စိုးရိမ်တာကြောင့် ရှီလီဆီကနေ သတင်းကြိုရဖို့ကို ရွေးချယ်ခဲ့တာပင်။

ဖန်သားပြင်ပေါ်က လူတိုင်းမှာ မိတ်ကပ်ထူထူကြီးတွေ လိမ်းခြယ်ထားပြီး အမျိုးသားဆယ်လီတွေနှင့် ပတ်သက်လာလျှင် မျက်နှာတွေကို မမှတ်မိသဖြင့် ရှီလီမှာ ဘယ်သူဘယ် ဝါဆိုတာကို မသိပေ။

သီချင်းတစ်ပုဒ်ပြီးတော့ စင်ပေါ်ရှိ လူတိုင်းက သူတို့ကိုယ်သူတို့ ပြိုင်တူမိတ်ဆက်လာကြ၏။ “ကျွန်တော်တို့က Seaweed Pork Floss အဖွဲ့ဘဲ ဖြစ်ပါတယ်!”

ရှီလီမှာ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင်“ကောင်းသားဘဲ” ဟုသာ ပြောနိုင်သည်။

သူမ ပြောပြီးတာနှင့် ရှီလီ၏ စိတ်ထဲမှ အတွေးတွေ ထွက်ပေါ်လာမှာ [နင့်အကြိုက်က စိတ်ဝင်စားဖို့ ကောင်းသား]

[ဒီအဖွဲ့က တစ်ဖွဲ့လုံး ကျက်သရေတုံးတဲ့အဖွဲ့ မဟုတ်လား]

စွင်းယိလင်: ငါ့အဖေရဲ့ talentကြည့်တဲ့ မျက်လုံးတွေက ဒီလောက်တောင် ကောင်းသလားဟ။

[အဖွဲ့ခေါင်းဆောင်မှာ အရပ်သား ခယ်မသုံးယောက် ရှိတယ်၊ အခြားအဖွဲ့ဝင် ရှစ်ယောက်ထဲမှာ တစ်ယောက်က မူလတန်းနဲ့ အလယ်တန်းတုန်းက အနိုင်ကျင့်တဲ့ကောင်]

[ဘာလို့ အထက်တန်းနဲ့ ကောလိပ်ကျ အနိုင်မကျင့်တော့တာလဲ၊ ပြောင်းလဲသွားလို့လား။ ဘယ်ဟုတ်ပါ့မလဲ၊ ကိုးနှစ် ပညာမသင်မနေရစနစ်ကြောင့် အကျိုးအမြတ် ရသွားလို့လေ]

[ကိုးနှစ် ပညာမသင်မနေရ ပညာရေးကြောင့်သာ မဟုတ်ဘူးဆို၊ သူ့ပညာရေးက မူလတန်းမှာပဲ ရပ်ရင်ရပ်သွားမှာ]

ဖန်သားပြင်ထက်က ဆံပင်အပြာရောင်နှင့်လူထံသို့ ရှီလီ၏ အကြည့်တွေ ကျရောက်သွားသည်။ သူ၏ ကိုယ့်ကိုကိုယ် မိတ်မဆက်လာခင်၌ ဘယ်သူဘယ်ဝါဆိုတာ မမှတ်မိသော်လည်း နောက်ဆုံးတော့ လူနှင့် နာမည်ကို တွဲမိသွား၏။

[ဒီအစ်ကိုကြီးကကျ လိမ်လည်မှုနဲ့၊ ဖန်တွေကို5 သန်း ကျော်ကျော်လောက် လိမ်သွားတာ]

[ဒီပိုးတောင်မာက ရွံ‌ဖို့ကောင်းတယ်]

[ဒီတစ်ယောက်ကျ အထင်ကြီးဖို့ ကောင်းသား၊ မိန်းကလေးတွေကို ကိုယ်ဝန်ဖျက်ချဖို့ လှည့်စားခဲ့တဲ့သူ]

73 03

[ဒီလူကျပြန်တော့ ရုပ်ရှင်ရိုက်ကူးနေတုန်း‌တောထဲ တောင်ထဲမှာ အလေးသွားနေတာကို‌ ဖျော်ဖြေရေး နယ်ပယ်က သတင်းထောက်တွေ ဖမ်းမိသွားတယ်]

[ဒီအစ်ကိုကြီးမှာတော့ အသက်ရှင်ဖို့ အနိုင်နိုင်ကြိုးပမ်းနေရတဲ့ ကလေးတစ်ယောက် ရှိတယ်]

ရှီလီ၏ အကြည့်တွေက ဘယ်ဘက်အစွန်ဆုံးတွင် ရပ်နေသောလူ၏ မျက်နှာပေါ်တွင် ဝေ့ဝဲနေပြီး [ဒီအစ်ကိုကြီးရဲ့ ကိစ္စက ဘာပါလိမ့်။ သိပ်မမှတ်မိသလိုပဲ]

[ဟုတ်သား၊ သူ့အခန်းဖော်ရဲ့ ကောင်မလေးကို ဖြတ်ခုတ်လိုက်တာ]

[ဒီတစ်ယောက်ကလည်း အထင်ကြီးဖို့ ကောင်းပြန်ရော၊ နိုင်ငံရေးကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်တွေ လုပ်ခဲ့တယ်]

စွင်းယိလင်: သေစမ်း၊ သူတို့အားလုံး ပျောက်ကွယ်သွားသင့်တယ်။ သူမအဖေရဲ့ကုမ္ပဏီသာ ဒီအနုပညာရှင်အုပ်စာကို လက်တွဲလိုက်ရင် ကုမ္ပဏီ ဒေဝါလီခံသွားမှာကိုတောင် သံသယဖြစ်ရတယ်။

စွင်းယိလင်မှာ ဒီအဖွဲ့ကို ရှီလီအား အကြံပြုသလို ဟန်ဆောင်နေရသော်လည်း ရှီလီ၏အတွေးတွေမှတစ်ဆင့် ဤလူတွေ ဘယ်လောက် ယုတ်ပတ်တယ်ဆိုတာကို ကြားလိုက်ရတော့ သူတို့ကို ကြိတ်မှိတ်ပြီး အကြံမပြုနိုင်တော့။ လူကိုးယောက် အဖွဲ့မှာ သူတို့အောက်ပိုင်းကို ထိန်းသိမ်းနိုင်ပြီး မကောင်းတဲ့မှတ်တမ်း မရှိတဲ့ တစ်‌ယောက်‌တလေတောင် မရှိနိုင်ဘူးလား။

အဖြေကတော့ no ပါ၊ လူဦးရေ 1.4 ဘီလီယံရှိသည့် ဟွာနိုင်ငံတွင် ဘောလုံးကောင်း‌ကောင်း ကစားနိုင်သည့် လူဆယ့်တစ်ဦးကို‌တောင် မရှာနိုင်သလိုမျိုးပင်။

၎င်းမှာ တူညီသော နိယာမပင်ဖြစ်၏။

လွန်ခဲ့သော ခဏပိုင်းကတင် အရမ်းစိတ်အားထက်သန်စွာဖြင့် ရှင်းပြနေခဲ့သူမှာ ပြင်းထန်တဲ့ထိုးနှက်ချက်ကို ခံစားလိုက်ရသလိုမျိုး ငူငိုင်သွားတာကို ရှီလီ သတိထားမိသွားသည်။

စွင်းယိလင်: ဖြစ်တာပေါ့ဟယ်၊ ငါ့နေရာမှာ နင်ဆိုရင်လည်း အရမ်းအထိနာလွန်းလို့ ငူငိုင်သွားမှာ။

ဝမ်းနည်းစရာ အကောင်းဆုံးကတော့ လူကိုးယောက်အကြောင်းကို ရှီလီ ပြောလာတုန်းက စွင်းယိလင် အရှင်းလင်းဆုံး မှတ်မိနေသူမှာ တောထဲတွင် အလေးစွန့်ခဲ့သူပင်။

သူမမှာ သေချာမှတ်မိနေရုံသာမက၊ ထိုမြင်ကွင်းကိုပါ မြင်ယောင်လာခဲ့လေသည်။

အခုချိန်မှာတော့ ဘယ်တစ်ယောက်က တောထဲမှာ အလေးစွန့်ခဲ့လဲဆိုတာကို သူမ တကယ်ကြီး သိချင်နေလေပြီ။

သူတို့၏ ကျက်သရေတုံးရသော အကြောင်းရင်းကို ရှီလီ စာရင်းလုပ်ခဲ့စဉ်က ပြုလုပ်ခဲ့သော တစ်ယောက်ချင်းစီ၏ နာမည်နှင့်လူနဲ့ကို မတွဲမိပေ။

ထို့ကြောင့် အဖွဲ့ခေါင်းဆောင် ပျက်စီးနေတာကိုသာသိပြီး အခြားသူတွေကိုတော့ မသိတာပင်။

အခုတော့ ကျန်ရှစ်ဦး၏ ကျရှုံးရသောအကြောင်းရင်းတွေကိုသာ မှတ်မိပြီး ဘယ်သူက ဘာဆိုတာကိုတော့ မရှင်းလင်းပေ။

ကျန်ခရီးကို ကားစီးပြီးနောက် သိုးသား ဟော့ပေါ့စားနေတုန်း စွင်းယိလင်က ထိုအဖွဲ့ကိုသူမအား ဆက်ပြီး အကြုံမပြုလာတော့သဖြင့် ရှီလီကို အနည်းငယ် မခန့်မှန်းနိုင်ဖြစ်သွားစေသည်။

ရှီလီ တွေးလိုက်၏။ [ငါ့ကို သူမ တစ်ခုခုရောင်းဖို့ မကြိုးစားရင်၊ သူမက အတော်လေး သဘောကျဖို့တော့ ကောင်းသား]

အချို့အရာတွေကို နှိုင်းယှဉ်ကြည့်ပြီးမှသာအသိအမှတ်ပြုလို့ ရတာပင်။

စွင်းယိလင်: ဝူးဝူးဝူး၊ ငါလည်း မလုပ်ချင်ပါ ဘူးဟယ်။

ငါသိပြီ၊ ငါသာ လူတွေကို ပစ္စည်းတွေရောင်းဖို့ မကြိုးစားရင် ငါ့ကို ‌အတော်လေး သဘောကျကြတာဘဲ။

73 04

ဇန်နဝါရီလထဲ ဝင်လာတော့ ဆရာတွေမှာ နောက်ဆုံးစာမေးပွဲကြီးအတွက် ပြင်ဆင်ရေးတွင် အလုပ်များနေပြီး ကျောင်းသားတွေကလည်း နောက်ဆုံးစာမေးပွဲကြီးကို ရင်ဆိုင်နိုင်ရန် အလုပ်ရှုပ်နေကြ၏။

အတန်းပိုင်ဆရာ ပြန်ရောက်လာပြီးနောက်သူတို့ကို ကြည့်ရှုပေးပြီး နှိုးဆော်ပေးသည့်တစ်ယောက်ယောက်ရှိလာပြီ ဖြစ်သည့်အတွက်ကျောင်းသားတွေ၏ နေ့စဉ်စာလုပ်ခြင်းမှာလမ်းကြောင်းပေါ် ‌ပြန်ရောက်လာခဲ့သည်။

အတန်းပိုင်သည် အစကတည်းက သင်္ချာဆရာဖြစ်သဖြင့် ကိုယ်ပိုင်စာကြည့်ချိန်တိုင်းတွင် စာသင်ခန်းထဲ၌ အပိုလေ့ကျင့်ခန်းများ ပေးလေ့ရှိပြီး ‌သင်္ချာနှင့်ပတ်သက်၍ ကျောင်းသားတွေ နားမလည်သော မေးခွန်းတွေကို ဖြေကြားပေသည်။

တစ်စုံတစ်ယောက်က တံခါးအပြင်ဘက်ကနေ တံခါးခေါက်လာပြီး ကျောက်သင်ပုန်းရှေ့တွင် စိတ်အားထက်သန်စွာဖြင့် စကားပြောနေသော အတန်းပိုင်ကို ကျောင်းသူတစ်ဦးက ပြောလာသည်။

“တစ်ဆိတ်လောက်၊ ဆရာ၊ ကျောင်းအုပ်လုက ဆရာ့ကို ရုံးခန်းထဲလာဖို့ ခေါ်နေတယ်”

******

74 01

အခန်း ၇၄: ဂန္ဓာမာပန်းကို ကာကွယ်ခြင်း(အပိုင်း ၁)

သူ့နောက်ဘက်ကို ကာကွယ်ရန်အလို့ငှာ အတန်းပိုင်က အကြောင်းပြချက်ပေးပြီး ငြင်းဆိုလိုက်၏။ “ဆရာ့ကျောင်းသားတွေကို ပုစ္ဆာရှင်းနေရင်း တန်းလန်းမလို့။ အဲ့ကိုသွားဖို့ အဆင်မပြေသေးဘူး။ ဆရာ့ကိုယ်စား ကျောင်းအုပ်လုကို ပြောပေးပါ”

ထိုစကားကိုကြားတော့ ကျောင်းသူ၏ မျက်နှာထက်တွင် အခက်တွေ့သွားသော အကြည့်တစ်ခု ဖြတ်ပြေးသွား၏။ ကျောင်းအုပ်က သူမကို ယုံကြည်တဲ့အနေနဲ့ ဒီတာဝန် ပေးလိုက်တဲ့ဟာ၊ သူမကတော့ အတန်းပိုင်ကို မခေါ်သွားနိုင်တော့ဘူး။ ကျောင်းအုပ်လုရဲ့ မျှော်လင့်ချက်တွေအပေါ်မှာ ကျရှုံးသွားပြီလို့ သူမ ခံစားနေရတယ်။

ကျောင်းသားတွေ၏ အဝတ်အစားနှင့် ပြုမူပုံကနေတစ်ဆင့် သူတို့၏ နောက်ခံမိသားစုကို သိနိုင်ပေသည်။ ထိုလိမ္မာရေးခြားရှိသောကျောင်းသားတွေကြားတွင် သူမက အဆင့်အရမ်းကောင်းသော လူတစ်‌ယောက် ဖြစ်ခဲ့ဖူးသည်။

တစ်ခါတလေတွင် လူတစ်ယောက်၏ မိသားစုနောက်ခံကြောင့် အတွင်းစိတ်ထဲက ယုံကြည်ချက်ကို အဆုံးအဖြတ် ပေးနိုင်သည်။

အတန်းပိုင်မှာ သနားစိတ်ဝင်သွားပြီး စကားလာပါးသော သာမန်ကျောင်းသူတစ်ဦးကို ဒုက္ခမပေးချင်ပေ။ “ကောင်းပြီလေ၊ သူ့ကိုခဏနေရင် ဆရာ သွားတွေ့လိုက်မယ်။ မင်းအခု အတန်းထဲ ပြန်လို့ရပြီ” ဟု ပြောလိုက်၏။

အတန်းပိုင်ဆီက ကတိရသွားပြီ ဖြစ်သဖြင့် မိန်းကလေးက ယဉ်ကျေးစွာ နှုတ်ဆက်လာသည်။ “နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ သမီး အခု အတန်းထဲ ပြန်တော့မယ်”

လက်ရှိတွင် ရှင်းပြနေသော ပုစ္ဆာကို အမိအရပြောဆိုပြီးတာနှင့် ဆက်ပြီးနှောင့်နှေးစေရန် အကြောင်းပြချက်များ ကုန်သွားလေပြီ။

စင်မြင့်အောက်က အာရုံစိုက်နေသော မျက်လုံးသုံးဆယ်ကျော်ကို ရင်ဆိုင်လိုက်ပြီး လက်ကမြေဖြူမှုန်တွေကို ခါချကာ “ကျောင်းအုပ်လုက ဆရာ့ကို ‌တွေ့မလို့တဲ့။ ခဏနေရင် ပြန်လာခဲ့မယ်။ ဆရာ ရှင်းပြလိုက်တာကို နားလည်အောင် ကြည့်ထားကြ၊ ပြီးရင် နောက်ပုစ္ဆာတစ်ပုဒ်ကို ဆက်ကြည့်နေ။ မကြာခင် ပြန်လာခဲ့မယ်”

ကျောင်းအုပ်လုက ဘာကြောင့် သူ့ကို ခေါ်ရလဲဆိုတာကို ကျောင်းသားအားလုံး အသေအချာသတိပြုမိသဖြင့် သူ့ဂုဏ်သိက္ခာအတွက် လူတိုင်းကို ရှင်းပြရသေးသည်။

စာသင်ခန်းထဲမှထွက်ပြီး ကျောင်းအုပ်ရုံးခန်းဆီသွားရာလမ်းတွင် အတန်းပိုင်သည် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဖုန်းကို ဟိုလိုဒီလိုလုပ်ကာ အတန်းခေါင်းဆောင်၏ ဖုန်းထဲသို့SOS မက်ဆေ့ခ်ျကို လှမ်းပို့လိုက်သည်။

ရုံးခန်းသို့ မရောက်ခင်တွင် ဖုန်းကို ပြန်အောက်ချလိုက်ပြီး အတန်းပိုင်တွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ အတန်းခေါင်းဆောင် သူ့မက်ဆေ့ခ်ျကို ကြည့်ရမယ်နော်။ သူ့ရဲ့နောက်ဘက်ကို ကာကွယ်ဖို့ သူတို့အပေါ်မှာပဲ မူတည်နေပြီ။

အတန်းပိုင် ကံကောင်းသွား၏။ အတန်းခေါင်းဆောင်က ဖုန်းကို အသံပိတ်ထားသဖြင့် မက်ဆေ့ခ်ျဝင်လာတာကို မသိလိုက်ပေ။

၎င်းမှာ အင်တာနက်ပေါ်တွင် ရှာဖို့လိုသော ပုစ္ဆာတစ်ပုဒ်ကြောင့် သူ့ဖုန်းကို မဖွင့်လိုက်ခင်အထိပင်။

သူ ပထမဆုံး မြင်လိုက်ရတာကတော့ အတန်းပိုင်ဆီက မက်ဆေ့ခ်ျပဲဖြစ်၏။

[ငါ ပြန်မလာတာ အရမ်းကြာသွားရင်၊ မင်း ငါ့ကိုကျောင်းအုပ်လုရဲ့ ရုံးခန်းထဲမှ လာကယ်ပေးရမယ်နော်!!!!!]

အတန်းပိုင်က အာမေဍိတ် စုစုပေါင်း ငါးခုကို အသုံးပြုခဲ့ပြီး စာပို့နေရင်း သူ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးနေတယ်ဆိုတာကို ဖော်ပြခဲ့သည်။

ထိုစာကိုဖတ်အပြီး အတန်းခေါင်းဆောင်၏ ပါးစပ်မှာ တွန့်သွားတော့၏။ “ကယ်ပေး”ဟူသော စကားလုံးကို ခိုင်မာစေရန် လေးနက်မှု သိပ်မရှိနေပေ။

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအုပ်လုက လေးစားထိုက်သူ ဖြစ်သဖြင့် အလုပ်ရှုပ်သောရုံးခန်းထဲတွင် ဆရာတစ်ဦးအား ဖိအားပေးမှာတော့ မဟုတ်လောက်။

ဒါ့အပြင် အကယ်၍ ဆရာ့အပေါ်သာ ဖိအားပေးခဲ့လျှင်လည်း အတန်းပိုင် တစ်ခါ အော်ဟစ်လိုက်သည်နှင့် ကျောင်းသားတွေ၊ စင်္ကြံကဖြတ်သွားဖြတ်လာ ဆရာတွေ ကြားနိုင်သည်။

နောက်ပြီးတော့ ကျောင်းအုပ်လုက အသက်ငါးဆယ်နား ကပ်နေပြီဖြစ်သည့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး အတန်းပိုင်ကတော့ အသက် သုံးဆယ်ဝန်းကျင်သာ ရှိသေးသည့် လူငယ်တစ်ဦးပင်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပိုသာလေသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက ကျောင်းအုပ်လု၏ လက်တွင်းကနေအလွယ်လေး ဖောက်ထွက်လို့ရ၏။

74 02

ဒါပေါ့၊ အတန်းခေါင်းဆောင် ပုံဖော်ကြည့်ထားသော မြင်ကွင်းတွေက အတန်းပိုင် အသိစိတ်ရှိနေသည့် အခြေအနေတွင်ဖြစ်၏။

အကယ်၍ ကျောင်းအုပ်လုသာ ဆရာ့အပေါ်၌ သတိလစ်စေနိုင်သော လျှို့ဝှက်နည်းလမ်း အချို့ကို သုံးလိုက်လျှင်တော့ အကူအညီအော်တောင်းတာ၊ ထွက်ပြေးအောင် လုပ်တာတွေက ဖြစ်နိုင်ခြေရှိမှာ မဟုတ်တော့ပေ။

အတန်းခေါင်းဆောင် တွေးမိ၏။ “ကျွန်တော့်ရဲ့ချစ်လှစွာသော အတန်းပိုင်ရေ၊ ကျွန်တော့်ကို ဒီတာဝန်ပေးလိုက်တာ စိတ်ချထားလို့ ရတယ်။ ဆရာ့ရဲ့ သစ္စာရှိကျောင်းသားအနေနဲ့ ဆရာ့နောက်ဘက်ကို ကျိန်းသေပေါက် ကာကွယ်ပေးပါ့မယ်”

ဟုတ်ပြီ၊ ဒရာမာ ဖွင့်ဟလာတဲ့ အခွင့်အရေးသက်သက်ကိုဘဲ ‌မျှော်လင့်နေတာတော့ မဟုတ်ဘူးပေါ့။

တုံ့ဆိုင်းခြင်းမရှိဘဲ "OK” ဟူသော အီမိုဂျီကို သူပြန်ပို့လိုက်သည်။

ရုံးခန်းထဲ မဝင်ခင်တွင် အတန်းခေါင်းဆောင်ဆီက ပြန်စာကို နောက်ဆုံးတော့ လက်ခံရရှိသွားပြီဖြစ်သဖြင့် အတန်းပိုင် နည်းနည်းတော့ စိတ်အေးသွားသည်။

တစ်လျှောက်လုံး အတန်းခေါင်းဆောင်ကို စာထဲ အရမ်းစိတ်နှစ်ထားပြီး ဖုန်းမကြည့်ဖြစ်မှာကို စိတ်ပူနေခဲ့ရတာပင်။ အတန်းခေါင်းဆောင်သာ မက်ဆေ့ခ်ျကို မြင်သွားသရွေ့၊သူ့ကို လာကယ်ပေးမည်ဟု ယုံကြည်ထားလေသည်။

၎င်းမှာ ဆရာ-တပည့် သံ‌ယောဇဉ်ကြောင့်တော့ မဟုတ်၊ အတန်းခေါင်းဆောင်၏ ဒရာမာအား ခုံမင်ခြင်းကို ကောင်းကောင်းကြီး သိထားတာကြောင့်ပင်။

သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အတန်းပိုင်မှာ ရုံးခန်းထဲဝင်ပြီးနောက် တံခါးပြန်မပိတ်ခဲ့ပေ။

ရုံးခန်းတံခါးကို အကျယ်ကြီး ဖွင့်ထားတာက သူ့လုံခြုံရေးကို စိတ်ချရစေဖို့ အကူအညီဖြစ်စေသည်။

သို့သော် အများပြောသလိုဘဲ တိုင်းတာမှုတိုင်းတွင် တန်ပြန်တိုင်းတာမှုဆိုတာ ရှိလေသည်။

ကျောင်းအုပ်လုက ဧည့်ခံရာ လက်ဖက်ရည်စားပွဲတွင် ဝင်ထိုင်ဖို့ အတန်းပိုင်ကို ခေါ်လိုက်သည်။ ပြီးနောက် သူသည် ပေါ့ပေါ့ပါးပါးမတ်တပ်ထကာ လက်ဖက်ရည်ဘူးကိုယူရန် ရုံးခန်းထောင့်နားက ရေခဲသေတ္တာလေးဆီ လျှောက်လှမ်းသွားရင်း သဘာဝကျကျဘဲ လမ်းကြုံ တံခါးပိတ်လိုက်သည်။

“ခုတလော ငါရထားတဲ့ လက်ဖက်ရည်ကောင်းလေ။ မင်း မြည်းကြည့်လို့ရအောင် ဖျော်ပေးမယ်”

သူ့နောက်က တံခါးပိတ်သံကို ကြားလိုက်ရတော့ အတန်းခေါင်းဆောင်၏ နှလုံးသားမှာ နစ်မြှုပ်သွားတော့၏။

သံသယလွန်ကဲနေမိတဲ့အတွက် သူ့ကို အပြစ်တင်လို့တော့ မရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းပြချက် မည်မည်ရရမရှိဘဲနဲ့ ဘာလို့ တံခါးပိတ်လိုက်တာလဲ။

ဒါပေါ့၊ အကယ်၍သာ ကျောင်းအုပ်လုက အမျိုးသားတွေကို နှစ်သက်ပြီး ကျောင်းရှိဆရာအများစုနှင့် အတွင်းကျကျ ဆက်ဆံရေးရှိတယ်လို့ ရှီလီ မပြောခဲ့ရင်၊ ကျောင်းအုပ်က သူ့အပေါ်မှာ မတော်တရော် တစ်ခုခုလုပ်လာမယ်လို့ ဘယ်တော့မှ သံသယဝင်ဖြစ်မှာ မဟုတ်ပေ။

သို့ပေတည့် ယ‌ခုတွင်မူ ဆိုဖာပေါ်တွင် ထိုင်နေရင်း ကျောင်းအုပ်လုက သူ့ဘေးတွင် ဝင်ထိုင် လာသဖြင့် ဆိုဖာ နိမ့်ကျသွားတာကို ရုတ်တရက် ခံစားမိလိုက်သည်။

သူတို့က အလွန်တရာ နီးကပ်နေပြီး အရမ်းနီးကပ်လွန်းလို့ ကျောင်းအုပ်လုထံမှ ထွက်ပေါ်လာသော လူအိုနံ့ကိုတောင် အတန်းပိုင် အနံ့ရလာသလိုပင်။

ကယ်တော်မူကြပါဦး…

ဘယ်အချိန်မှ အတန်းခေါင်းဆောင် သူ့ကို လာကယ်မှာတုန်း။

သူသည် ရုံးခန်းထဲ ရောက်နေသည်မှာ မိနစ်ပိုင်းမျှသာ ရှိသေးသော်လည်း သူ့အား ကယ်တင်ပေးရန် အတန်းခေါင်းဆောင်ကို စိတ်ထဲကနေ တနေလေပြီ။

74 03

‌ဖော်ရွေသော အကြီးအကဲတစ်ဦးကဲ့သို့ ကျောင်းအုပ်လုသည် လက်အောက်ငယ်သားများနှင့် ရင်ဆိုင်လာရချိန်၌ ဟန်လုပ်မနေ။ အ‌တန်းပိုင် စိတ်ရှုပ်နေတာကို သတိထားမိသွားပြီး သူ၏လက်ကြီးဖြင့် ဆရာ၏ ပခုံးအားခပ်ဖွဖွ ပုတ်ပေးကာ “စိတ်ရှုပ်မနေပါနဲ့ကွာ။ ငါ အရင်က အကြိမ်ကြိမ်ပြောဖူးသလိုဘဲ၊ မင်းက ငါ့သားနဲ့ အသက်ရွယ်တူလောက် ရှိတယ်”

အတန်းပိုင် စိတ်ထဲကနေ အပြစ်တင်လိုက်၏။ “ကျွန်တော်က ခင်ဗျားသားနဲ့ ရွယ်တူလေ၊ဒါတောင် ခင်ဗျားက ကျွန်တော်နဲ့ အိပ်ချင်နေသေးတယ်။ ခင်ဗျားက တကယ့်ကို သိက္ခာမရှိတဲ့သူဘဲဗျ”

“ငါ့သားက နိုင်ငံခြားမှာ အခြေချနေပြီလေ။ သူ့အမေနဲ့ ငါ့မှာလည်း သူနဲ့ တွေ့ရတာရှားတယ်။ မင်းလို လူငယ်လေးကို မြင်လိုက်တိုင်း သူ့ကို မြင်နေရသလိုဘဲကွာ”

အတန်းပိုင်မှာ စိတ်ထဲကနေ တစ်ကိုယ်တော် ရေရွတ်နေဆဲ “ကျွန်တော့်ကို သူ့လို မြင်တယ်လို့ ခင်ဗျား ပြောတယ်နော်။ မျက်နှာတည်ကြီးနဲ့ ဘယ်လိုတောင် ပြောထွက်နိုင်တာလဲ။ ပြီးတော့ ခင်ဗျားက ကျွန်တော်နဲ့ အိပ်ချင်နေတုန်း”

ကျောင်းအုပ်လုမှာ အတန်းပိုင်အား ယခုလိုအပြုအမူဖြင့် ပထမဆုံးအကြိမ် ပြောခြင်းပင်။ ယခင်ကတော့ ရုံးခန်းထဲ ခေါ်လိုက်ပြီဆိုတာနှင့် ဒွိဟဖြစ်စေသော စကားတွေကိုသာ ဆိုခဲ့လေသည်။

အတန်းပိုင်က နှလုံးသားနူးညံ့သော လူတစ်ဦးပင်ဖြစ်၏။ အကယ်၍ ကျောင်းအုပ်လုတွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာကို မသိထားပါက၊ သားဖြစ်သူကို မတွေ့နိုင်သည့် ဤသနားစရာကောင်းသောအဖေအိုကြီးအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းမိဦးမှာပင်။

သူသည် ယခင်က နိုင်ငံခြားတွင် ပညာသင်ခဲ့ကာ ပါရဂူဘွဲ့ရအောင်လို့ အိမ်မပြန်ဘဲ သူ့‌ဆရာနောက်သို့ နှစ်များစွာ လိုက်ခဲ့ရ၏။ ထိုအခြေအနေကို သူကိုယ်ချင်းစာမိပြီးသူ၏ သနားစရာကောင်းသော အဖေဖြစ်သူကို သတိရစေမိသည့် ကျောင်းအုပ်လုအား သနားမိနိုင်သည်။

အတန်းပိုင်မှာ မယိမ်းယိုင်ဘဲ “ဒီနေ့ခေတ် တိုးတက်ပြောင်းလဲနေတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ဆိုရင်၊ လေယာဉ်စီးပြီး နိုင်ငံခြားကို အမြန်သွားလို့ရတယ်လေ။ ကျောင်းအုပ်၊ ဆရာ့သားကို တကယ်လွမ်းရင်၊ ဆရာ့မိန်းမနဲ့ လေယာဉ်စီးပြီး သူ့ကို သွားတွေ့လို့ရတာပဲ”

ကျောင်းအုပ်လု: ...... မင်းကတော့ တကယ့်ကို တစ်ခုခုပဲ။ ငါ ဘယ်လိုလုပ်ပြီး အဲ့လိုမတွေးမိမှာလဲဟ။

မဟုတ်ဘူး။ တကယ်တော့ သူ့သားကို လွမ်းနေတာမှ မဟုတ်တာ၊ အတန်းပိုင်နဲ့ ရိုးရိုးရှင်းရှင်း နီးစပ်ချင်ရုံတင်လေ။

ဒါပေါ့၊ သူ့သားကို လွမ်းရင် လေယာဉ်စီးပြီး သွားတွေ့လို့ ရတယ်ဆိုတာ သူ သိသားပဲ။

“ငါ အလုပ်တွေ ဘယ်လောက်များတယ်ဆိုတာမင်းလည်း သိပါတယ်။ သူ့ကို သွားတွေ့ဖို့ ငါတကယ့်ကို အချိန်ရှာမရတာ”

အလုပ်များတယ်။ အတန်းပိုင်တော့ မထင်ပေါင်။ ဆန့်ကျင်ဘက်အနေနဲ့ ကျောင်းအုပ်လုမှာ အားလပ်ချိန်တွေ ပိုလွမ်းတယ်လို့တောင် သူခံစား‌မိသေးတယ်။ တကယ်လို့ သူသာ နည်းနည်းဖြစ်ဖြစ် အလုပ်ပိုများနေတယ်ဆိုရင် ဆရာတွေ အများကြီးနဲ့ အချစ်ဇာတ်ခင်းနေမှာ မဟုတ်ဘူးလေ။ ပြီးတော့ သူ့ကို လက်ဖက်ရည်တိုက်ဖို့ ရုံးခန်းထဲ ခဏခဏခေါ်မှာ မဟုတ်ဘူးလေ။

လက်ဖက်ရည်သောက်မဲ့ အချိန်တွေကိုသာ အသုံးပြုလိုက်ရင် နိုင်ငံခြားကို အခေါက်ပေါင်းများစွာ သွားလို့တောင် ရနေပြီ။

လာမည့် ဆောင်းရာသီ သို့မဟုတ် နွေရာသီအားလပ်ရက်တွင် ခရီးသွားရန် အတန်းပိုင် အကြံပေးလာမှာကို ကာကွယ်ရန်အတွက် ဤနောက်ဆုံးသော လွတ်ပေါက်ကို ပိတ်ပစ်လိုက်ရတော့သည်။ “ဆရာတွေအနေနဲ့က ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက်တွေ ရှိတယ်၊ သူများတွေထက် အချိန်ပိုရတယ်ဆိုပေမဲ့၊ ငါတို့တွေ လုံးလုံးလျားလျားကြီး တကယ်အနားမယူနိုင်မှန်း မင်းလည်း သိသားနဲ့”

ဟုတ်ပါတယ်လေ၊ သားဆီ သွားလည်ဖို့ အချိန်မရှိတဲ့အထိ အရမ်းအလုပ်များနေပေမဲ့၊ ဆရာတွေနဲ့ မလျော်ကန်တဲ့ ဆက်ဆံရေးရှိဖို့တော့ အချိန်ရှိသားနော်။

******

75 01

အခန်း ၇၅: ဂန္ဓာမာပန်းကို ကာကွယ်ခြင်း(အပိုင်း ၂)

“ငါတို့ကျောင်းအတွက် မင်းကိုယ်မင်း တကယ့်ကို အနွံနာခံခဲ့ပါတယ်၊ ငါတို့ရဲ့ ဆရာငယ်လေးတွေအတွက်လည်း ဥပမာကောင်းဖြစ်ပေးတယ်”

သူ့ကို ချီးကျူးသလို ထင်ရပေမဲ့၊ တစ်ခုခုကတော့ မူမမှန်သလိုဘဲ။

“ဒီတော့ ငါမင်းကို ကြည့်လိုက်တိုင်း၊ ငါ့သားကို ကြည့်နေရတာနဲ့ အတူတူပါဘဲကွာ။ မင်းရဲ့အလုပ်နဲ့ ပတ်သက်ပြီး ငါအမြဲတမ်း အရမ်းစိတ်ပူခဲ့ရတာ။ မင်းရဲ့ လရှည်သင်ယူတဲ့ ခရီးက ပြန်ရောက်ပြီး ပထမနှစ်အတန်းကို တာဝန်ယူလိုက်ရတော့ အဆင်မပြေတာတွေရော ရှိသေးလား”

ဆရာဘန် အခက်ကြုံခဲ့ရတယ်ဆိုတာကို ကျောင်းအုပ်လု သိသည်။ ကျောင်းနှစ်စကထက် စာသင်နှစ်ဆုံးခါနီးမှ အတန်းကို လွှဲပြောင်းယူလျှင် အတန်းနှင့် ရင်းနှီးမှုယူရတာ ပိုခက်ခဲပေသည်။

ပြင်ဆင်ချိန်ဆိုပြီး အမြဲတမ်း ရှိလေ့ရှိကာ ယခုကာလတွင် သူ့ကျောင်းသားများက သူ့ကို ဒုက္ခဖြစ်စေခဲ့သဖြင့် တစ်နှစ်တာ အုပ်စုဖွဲ့ အစည်းအဝေးမှာ ဒါရိုက်တာကျူး၏ ဆူငေါက်ခြင်းကို ခံခဲ့ရ၏။

အတန်းပိုင်မှာ သူ့ကျောင်းသားတွေကို ဩဝါဒမပေးဘဲ မနေနိုင်တော့သော်လည်း ဆရာ အသစ်၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကသူတို့ကို မကျေမနပ် ဖြစ်စေခဲ့သည်။ အသေးအမွှား ကိစ္စလေးတစ်ခုအတွက် ဆူငေါက်ခံရလျှင် သဘောကွဲလွဲမှုကို ပိုတောင်တိုးလာစေဦးမည်။

ဆရာဘန်မှာ သူ့တူလေး ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာဖို့ကြိုးစားရင်း ဤတပည့်ငယ်လေးတွေက သူ့ကို ခက်ခဲစွာ ဖျော်ဖြေပေးရပေလိမ့်မည်။ ကျောင်းအုပ်လုက ဒီမေးခွန်းသည် ဆရာဘန်၏ မကျေနပ်ချက်အားလုံးကို နိုးဆွပေးနိုင်သည်ဟု ယူဆသည်။

သို့သော်ငြား ဆရာဘန်၏ တုံ့ပြန်ချက်မှာ သူမျှော်လင့်ထားသလို ဖြစ်မလာပေ —“မဖြစ်ပါဘူး”

ကျောင်းအုပ်လုမှာ ‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’ဟူ၍ ကြွေးကြော်လိုက်ချင်သော်လည်း ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ပြီး မြိုသိပ်ထားနိုင်လိုက်၏။

*ဒါပေမဲ့ စာသင်တဲ့နေရာကနေ ကျောင်းအုပ်နေရာကို ရောက်လာတော့ အတော်လေး ခက်ခဲခဲ့မှာဘဲလေ၊ ဟုတ်တယ်မလား”

ဆရာဘန် ထပ်မံခေါင်းခါလိုက်၍ “မဖြစ်ပါဘူးဗျာ”

ယခုလို တုံးတိဆန်သော စကားဝိုင်းပုံစံသည်ကျောင်းအုပ်လုနှင့် အမြန်စကားလက်စသတ် ရန်အတွက် သူသွားလိုသော နည်းလမ်းပင်။

ကျောင်းအုပ် အနည်းငယ် စိတ်တိုလာရ၏။ ဒီဆရာဘန်က တကယ့်ကို စကားပြောမတတ် တာဘဲ!

ကျောင်းတွင် ဆရာဘန်ထက် ပိုကြည့်ကောင်းသည့် အခြားသော ဆရာတွေလည်းရှိကာ ထိုထဲကနှစ်ဦးက သူနှင့် အနည်းငယ် ပတ်သက်မှုရှိသည်။

သို့သော် ဆရာတွေနှင့် ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီးထိတွေ့မှုရနေသော်ငြား ကျောင်းအုပ်လုမှာ ဆရာဘန်ကို စိတ်မဖြတ်နိုင်ချေ။

ဆိုရိုးစကားတစ်ခုပင် ရှိ၏။ “ဇနီးမယားက ကိုယ်လုပ်တော်လောက် မကောင်းဘူး။ ကိုယ်လုပ်တော်က အပျော်မယားလောက် မကောင်းဘူး၊ ပြီး‌တော့ အပျော်မယားဆိုတာ မရယူနိုင်တဲ့ တစ်ယောက်လောက် မကောင်းဘူး”

ဆရာဘန်က သူ့ဆီမှာ ဖွင့်ချလာသော အခြားသူ‌တွေနှင့် မတူပေ။ လက်လှမ်းမမီနိုင်သောသူဖြစ်ကာ ထိုသို့သော ဗီဇမရှိသည့်ပုံပင်။

တစ်ခါ‌တလေတွင် ကျောင်းအုပ်လု၏ဒေါသမှာ ဆရာဘန်၏သတိမမူမိခြင်းကြောင့် မွှေနှောက်ခံရလေသည်။ တစ်ခါတစ်ရံကျပြန်တော့ အနှီသူအား သိမ်းပိုက်လိုသော်လည်း မရယူနိုင်သဖြင့် မချိတင်ကဲဖြစ်ရကာ ကျီစယ်ခံနေရသလိုမျိုး ယားယံလာရသည်။

သူသည် လက်ထောက်ကျောင်းအုပ်ဖြစ်ကာ ကြိုးကိုင်ခြယ်‌လှယ်သော အရည်အချင်းတွင် ကျွမ်းကျင်သော်လည်း “မဖြစ်ပါဘူး” လို့သာ ပြောတတ်ပုံပေါ်သည့် ဆရာဘန်ကို မထိန်းချုပ်နိုင် ဖြစ်နေသည်။

75 02

သို့ပေတည့် သူလိုချင်သော ပန်းတိုင်ရောက်သည်အထိ စကားဝိုင်းကို ဆွဲခေါ်သွားလို့ရလေသည်။

“ပထမနှစ်အတန်းအတွက် အစည်းအဝေးပွဲမှာ မင်းကို ဒါရိုက်တာကျူး ဆူခဲ့တယ်လို့ ငါကြားမိတယ်။ အဲဒါဟုတ်လား”

“ဟုတ်ပါတယ်”

“ဒါရိုက်တာကျူးက နည်းနည်းတော့ စိတ်ဆတ်တတ်တယ်။ မင်းကို သီးသန့်တော့ ခေါ်မပြောဘူး။ ခေါင်းဆောင်တွေတောင် မပြည့်စုံဘူး၊ တစ်ခါတလေ အမှားလုပ်မိတာလည်း ရှ်ိနိုင်တာဘဲ။ တကယ်လို့ နောက်တစ်ကြိမ် အလုပ်မှာများ မမျှတ‌တာတွေ ခံစားလာရရင်၊ ငါ့ကိုလွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ ငါ မင်းအစား ဖြေရှင်းပေးမယ်” ပြီးနောက် သူ၏စကားကို ကျိုးကြောင်းဆီလျော်မှုရှိစေရန် အကြောင်းပြချက် သုံးလိုက်၏။ “မင်းက ငါ့သားကို အမှတ်ရစေလို့ပါ။ သူအလုပ်မှာ အနိုင်ကျင့်ခံရမှာကို ငါအမြဲတမ်း စိုးရိမ်နေရတာ”

အကယ်၍ ဆရာဘန်သာ ယခုအခြေအနေကို နားမလည်ပါက၊ ဒါရိုက်တာကျူးဆီကနေ လောလောလတ်လတ် အဆူခံထားရချိန်တွင် သူ့အထက်လူကြီး၏ အားနည်းချက်အား ကျောင်းအုပ် ဆွေးနွေးလာတာကို နားထောင်မိမှာဖြစ်ပြီး အငြှိုးအတေးထားမိမှာပင်။

သင်သဘောမကျသော တစ်စုံတစ်ယောက်ကသူဌေးဆီကနေ အဆူခံလိုက်ရင်၊ သူဌေးကိုသင်၏ ကျောထောက်နောက်ခံ သို့မဟုတ် ကယ်တင်ရှင်အဖြစ် အလွယ်တကူ မြင်မိနိုင် သည်။ ခက်ခဲသော အချိန်များတွင် ယနေ့တွင် ပြောခဲ့သော ကျောင်းအုပ်လု၏ စကားတွေကိုပြန်ကြားယောင်၍ အကူအညီ တောင်းမိပေလိမ့်မည်။

ဒါပေမဲ့ ဒီမြေခွေးအိုကြီးက ဘာလို့ သူ့ကိုအလကား ကူညီပေးချင်နေတာလဲ? သူ့ကိုချို့တဲ့တယ်လို့ ထင်နေလို့လား၊ သူ့သားလိုဆက်ဆံပေးပြီး သူများတွေကို အကြွင်းမဒ့ကူညီပေးချင်တာလား?

သူ့သားတွေ ရှိပါရက်နဲ့ ကူညီပေးချင်ရင်နောက်ထပ် ခေါင်းကိုင်သားတစ်ယောက်ကိုလိုချင်လို့ဖြစ်မှာပေါ့။

ဆရာဘန် စိတ်ထဲကနေ ရယ်လိုက်သည်။ ကျောင်းအုပ်လုကတော့ သူ့ကို လူ့အသိုင်းအဝိုင်းထဲ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ အခုမှ ဝင်လာတဲ့ ရိုးစင်းတဲ့လူသစ်‌လို့ တကယ်ကြီး တွေးထားတာဘဲ။

ကျောင်းအုပ်လုက ယောက်ျားတွေကို သဘောကျတယ်ဆိုတာ ဆရာဘန် မသိထားရင်တောင် သူ့အား ကမ်းလှမ်းလာသည့် အကျိုးအမြတ်ကို စိတ်သက်တောင့်သက်သာနဲ့ လက်ခံနိုင်မှာ မဟုတ်ပေ။

သူတစ်ပါးဆီကနေ အကျိုးအမြတ် ယူတာက သူ့ပုံစံမဟုတ်ချေ။ အခွင့်အရေး သေးသေးလေးကနေ ရရှိလာတဲ့ အကျိုးအမြတ်က ကြီးမားသော ဆုံးရှုံးမှုတွေကို ဦးတည်စေတယ်လို့ မိဘတွေက သူ ငယ်ငယ်လေးကတည်းက သင်ကြားပေးခဲ့တာပင်။

ကျောင်းအုပ်လု၏ ဤနည်းအတိုင်း ထုတ်ပြောလာတာကို ကြားလိုက်ရတော့၊ ဆရာဘန်မှာ ပင်မအူတိုင်အထိ ဦးနှောက်ဆေးခံလိုက်ရသော အလုပ်သမားတစ်ဦးလို သရုပ်ဆောင်လိုက်တော့၏။ သူပြောလိုက်၏။ “ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျောင်းသားတွေက ပေါင်းရသင်းရ အရမ်းလွယ်ပါတယ်။ ကျွန်တော့်အနားမှာ သူတို့တွေရှိနေရင် ဆယ်နှစ်လောက် ငယ်သွားသလိုကို ခံစားရတာပါ။ ကျွန့်တော်ကို အတန်းပိုင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးကို ပေးခဲ့တဲ့ကျောင်းကို ကျေးဇူးတင်ပါတယ်”

သူ့အတန်းရဲ့ ဆရာတစ်ယောက်သာ ဖြစ်မလာခဲ့ဘူးဆို၊ ရှီလီရဲ့ စိတ်ထဲက အတွေးတွေကို သူဘယ်လိုလုပ်ပြီး ကြားနိုင်တော့မှာလဲ။ တစ်ခါတလေဆို ရှီလီက သူ့ကို အနှောင့်အယှက် ဖြစ်စေပေမဲ့၊ သူမရဲ့ စိတ်ထဲကအတွေးတွေကို မကြားဘဲနဲ့ သူဘာကိုမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး!

တကယ်လို့သာ ရှီလီရဲ့ စိတ်ထဲက အတွေးတွေကို မကြားခဲ့ရင်၊ ကျောင်းအုပ်လုရဲ့ နှစ်သက်တာတွေကို သူသိခဲ့ရမှာ မဟုတ်ဘူးလေ။ အရင်က နွေးထွေးပြီး ကြင်နာပေးတဲ့ အထက်လူကြီးကို သူဘာမှ ကြိုတင်ပြင်ဆင်ထားခွင့် ရှိမှာလည်း မဟုတ်ဘူး။ တကယ်လို့များ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ အတောအတွင်းမှာ ကျောင်းအုပ်လုကို မိသားစုအကြီးအကဲတစ်ယောက်လို သတိထားခြင်းမရှိဘဲ ဆက်ဆံမိခဲ့ရင် သူ ဘာဖြစ်သွားမယ်ဆိုတာ တွေးတောင် မတွေးရဲဘူး။ အဲ့အကျိုးဆက်ကို သူ သည်းမခံနိုင်ဘူး။

လုပ်ထုံးလုပ်နည်းအတိုင်း ပြောဆိုရခြင်းမှာ ဆရာဘန်၏ ကျွမ်းကျင်ရာ မဟုတ်သော်ငြား ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ပြောသလိုမျိုးဖြစ်အောင် လုပ်နိုင်ခဲ့ဆဲပင်။

75 03

အတန်းပိုင်တစ်ဦး ဖြစ်လာရမည့် အကြံကို သူတစ်ခါက သဘောမတွေ့ဖူးသော်လည်း ယခုတွင်မူ သူသည် အရာရာကို လက်ခံနိုင်တာထက် ပိုနေပြီး ရှီလီ၏ အတန်းပိုင်ဖြစ်လာစေခဲ့သည့် အခွင့်အလမ်းကိုတောင် ကျေးဇူးတင်မိသည်။

အကျိုးသက်ရောက်သွားပြီး နားဝင်ချိုသောဆရာဘန်၏ အပြောတွေကို နားထောင်လိုက်ရတော့၊ ကျောင်းအုပ်လုမှာ အံ့အားသင့်မိသွားရ၏။ ယခင်ကတော့ ဆရာဘန်ကို ဖြောင့်မတ်သည့်လူဟု ထင်ထားခဲ့ဖူးသော်လည်း ယခုတွင်မူ ၎င်းက မရေရာတော့ဘဲ ပြောင်းလဲလာသည့် ပုံပေါ်လာသည်။

ကြည့်စမ်းပါဦး၊ ဒီစကားတွေက အပြောချိုမနေဘူးလား။

အတွေးနက်နဲသွားသော ကျောင်းအုပ်လုမှာ ဆရာဘန်၏ အရင်တုန်းက ဖြောင့်မတ်သောလက္ခဏာက အပေါ်ယံလားဆိုပြီး စတင်မေးခွန်းထုတ်လာတော့၏။

သူသည် ဆရာဘန်၏ ပခုံးပေါ် လက်တင်လိုက်ကာ “ဘန်၊ မင်း အဲ့လိုတွေးပေးလို့ ငါဝမ်းသာတယ်ကွာ”

သူ့ကိုယ်ပေါ်က ညစ်ညမ်းသော လက်ကို ခံစားမိလိုက်သဖြင့် ဆရာဘန်၏ နှလုံးသားမှာစည်းချက်တစ်ချက် လွဲချော်သွားသည့်ပုံပင်။

ဆရာဘန်၏ ငြင်းဆိုမှုကို ကျောင်းအုပ်လုမဖြုံဘဲ မိတ်ဆွေရင်းတွေလို အနားဆွဲလိုက်သည်။

“ငါတို့ကျောင်းက အကြံဉာဏ်တွေ၊ အသိစိတ်တွေ ပြည့်ဝနေတဲ့ မင်းတို့လို လူငယ်တွေကို လိုအပ်နေတာ”

သူ့ပခုံးထက်က တဖြည်းဖြည်း အောက်လျှောလာသော ကျောင်းအုပ်လု၏ လက်ကို ခံစားမိနေပြီး ဆရာဘန်၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တင်းကြပ်သွားသည်။

အခုချိန်မှာ ကျောင်းအုပ်လုရဲ့လက်ကို ဖယ်ချပစ်လိုက်လို့ရပေမဲ့၊ ပြီးရင် ဘယ်လိုရှင်းပြရမှာလဲ။

ဒီအရူးအိုကြီးက သူ့အပေါ် မျက်စိကျနေတာ။ သင်ခန်းစာ မပေးလိုက်ဘဲနဲ့တော့ ဆရာဘန် မလွှတ်ပေးနိုင်ပေ။

သို့သော်လည်း ထိုသူ၏လက်ကို ဖယ်ချပြီး ဟန်ဆောင်မှုများကို ခွာချကာ နောက်ထပ်ခြေလှမ်းကို ကသိကအောက်ဖြစ်စွာနဲ့ပဲ လျှောက်လှမ်းရတော့မည့် အခိုက်အတန့်၌။

ထို့ကြောင့် ဆရာဘန်သည် သူ့လက်ထောက်ဖြစ်သော အတန်းခေါင်းဆောင်လင်းကို ရုတ်ချည်း တွေးမိလာ၏။ သူဘာလို့ လာမကယ်သေးတာတုန်း။

ဤရက်စက်သော ညှင်းပန်းနှိပ်စက်မှုက မကြာလိုက်၊ ‌အတန်းပိုင်၏ဖုန်းမှာ မြည်လာတော့သည်။ ခေါ်ဆိုသူ ID မှာ အတန်းခေါင်းဆောင်ဟူပြီး ပြသနေလျှက်။

သူသည် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ် လိုက်ပြီး ကျောင်းအုပ်လုကို တောင်းပန်ကာ နောက်တစ်စက္ကန့်တွင် ကျောင်းအုပ်လု၏ လက်တွင်းမှ ရုန်းထွက်လိုက်တော့သည်။

“အိုး၊ အတန်းခေါင်းဆောင်လင်း၊ ဒီအတန်းထဲမှာ ရှီလီပြီးရင် မင်းကို ဒုတိယအယုံကြည်ရဆုံးသူအဖြစ် ငါ တရားဝင် ကြေညာလိုက်ပြီ”

“မင်းငါ့ရဲ့ စင်ကြယ်မှုကို ထိန်းသိမ်းပေးလိုက်တာဘဲ၊ မင်းကို ကျေးဇူးတင်ပါတယ်ကွာ!”

"ကျောင်းအုပ်၊ ကျွန်တော် ဖုန်းကိုင်ဖို့လိုလို့။ အတန်းခေါင်းဆောင်ဆက်တာ။ တစ်ခုခုအရေးကြီးလို့လား မသိဘူး”

“ဟယ်လို၊ ဆရာ၊ ဆရာ မြန်မြန်ပြန်လာမှရမယ်။ ဝေ့ဝေ့ မေ့လဲသွားလို့”

အတန်းခေါင်းဆောင်လင်း၏ အတန်းဖော်ဖြစ်သော ရွှီဝေ့ဝေ့သည် အစတုန်းကတော့ သူမ၏ စာတမ်းကို တိတ်တဆိတ် ရေးနေခြင်းသာ။ သူမက အတန်းပိုင်နှင့် အတန်း ခေါင်းဆောင်လင်းတို့၏ ကျယ်လောင်သောစကားဝိုင်းကို နားထောင်ခဲ့လေသည်။

ဟင်း၊ သူမ ခဏလောက်တော့ မေ့လဲပေးရမဲ့ပုံပဲ။

အတန်းခေါင်းဆောင်၏ အသံမှာ အတန်းထဲက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွား၏။ စောနကတင်မှ စာရေးနေသည့် ‌ရွှီဝေ့ဝေ့ကိုသူတို့ မြင်ခဲ့ရ‌သည်လေ။ အတန်းခေါင်းဆောင်လင်း စကားပြောပြီးသည်နှင့် လူတိုင်း၏အကြည့်အောက်တွင် ‌ရွှီဝေ့ဝေ့မှာ စားပွဲပေါ်သို့ ညင်သာစွာ မေ့လဲကျသွားတော့၏။

75 04

လူတိုင်း: သရုပ်ဆောင်နေကြတာလား။ နည်းနည်းပါးပါးတော့ ကြိုပြောထားကြလေ။ ဘာတွေဖြစ်နေတာတုန်းလို့။

ကိုယ့်ကိစ္စကိုဘဲ အာရုံစိုက်နေသော ရှီလီမှာ:ဟမ်၊ အခု မေ့မလဲသွားခင် နောက်ဆက်တွဲရှိနေတာလား။

အတန်းခေါင်းဆောင်လင်း၏ အသံမှာမတိုးပေ၊ ကျောင်းအုပ်လုလည်း အဝေးကနေ လှမ်းကြားလိုက်ရသည်။

၎င်းမှာ ဟန်ဆောင်နေတာလို့ သူ သိနေသော်လည်း စိုးရိမ်နေသလိုမျိုး သရုပ်ဆောင်ကာ“ကျောင်းအုပ်၊ ကျွန်တော့်အတန်းထဲက ကျောင်းသူတစ်ယောက် မေ့လဲသွားလို့တဲ့၊ကျွန်တော် ပြန်သွားပြီး ကြည့်ဖို့လိုတယ်”

ကျောင်းသူ မေ့လဲသွားတယ်ဆိုတာ လေးနက်သော အရေးပင်။

သူသည် ကျောင်းအုပ်လု စကားပြန်ပြောလ မှာကို မစောင့်ဘဲ၊ တံခါးကိုဖွင့်ကာ ပြေးထွက်သွားတော့သည်။

ကျောင်းအုပ်၏ ရုံးခန်းထဲကနေ သူ အလျင်စလို ပြန်ပြေးလာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်ကာ “ဝေ့ဝေ့ အဆင်ပြေလား”

ရွှီဝေ့ဝေ့က ဖြည်းဖြည်းချင်း ထထိုင်လာကာ“ဆရာ၊ သမီး ခေါင်းနည်းနည်းမူးသွားလို့ပါ။ ဆရာပြန်လာပြီဆိုတော့ ပိုသက်သာသွားပါပြီ”

လူတိုင်း: သရုပ်ဆောင်စွမ်းရည်ကတော့ သုညဘဲ၊

အတန်းပိုင်က ခေါင်းညိတ်ကာ “အဆင်ပြေလို့ တော်သေးတာပေါ့။ နောက်နောင် အဆင်မပြေသလို ခံစားရရင်၊ ဆရာ့ကို ဆက်ဆက်ကြိုပြောနော်”

အတန်းခေါင်းဆောင်လင်း၏ ဖုန်းခေါ်ဆိုမှုကြောင့် အတန်းပိုင်ဘန်မှာ ‌ကျောင်းအုပ်လုဆီကနေ လွတ်မြောက်လာပြီး ကယ်တင်ခံလိုက်ရတော့၏။ သို့သော်လည်း ဤသည်က သူသည် စိတ်မတိုတတ်သူ သို့မဟုတ် ပစ်မှတ်ထားခံရတာကို သည်းခံတတ်သောသူလို့တော့ မဆိုလိုချေ။

အိမ်ပြန်ရောက်တော့ ဖုန်းနံပါတ်တစ်ခုကို သူဖုန်းခေါ်လိုက်သည်။ “အစ်မ၊ ကျွန်တော် အကူအညီလိုလို့”

ဤသည်မှာ ဆရာဘန်၏ ကျောင်းသားဘဝတုန်းက စီနီယာပင်။ သူမက ဘွဲ့ရပြီးနောက်ကျောင်းမှာဘဲ နေထိုင်‌လေသည်။ သို့သော်သူမတွင် နောက်ထပ် အထောက်အထားတစ်ခု ရှိသေး၏၊ ၎င်းမှာ လွန်ခဲ့သော နှစ်များစွာကအင်တာနက်ပေါ်ရှိ အကျွမ်းကျင်ဆုံးသော ဟက်ကာတွေထဲက တစ်ဦးဆိုတာပင်။

******

76 01

အခန်း ၇၆: ကျောင်းအပြင်ဘက်တွင် မျက်နှာပျက်ရခြင်း

နောက်တစ်နေ့ ရှီလီ ကျောင်းလာတော့ကျောင်းဂိတ်ဝက လူသားနံရံကြီးကြောင့် ထိတ်လန့်သွားရသည်။

ချန်ပူကျောင်းယူနီဖောင်းအား ဝတ်ဆင်ထားကြသော ကျောင်းသားတွေမှာ ဝင်ပေါက်ကို ပိတ်ဆို့ထားကြပြီး အရင်တုန်းက တစ်ခါမှမဖြစ်ပျက်ခဲ့ဖူးသော အခြေအနေပင်။

လုံခြုံရေးဝန်ထမ်းတွေ လမ်းရှင်းရန် ကြိုးစားကြသော်လည်း ‌အရှေ့ဘက်က ကျောင်းသားတွေမှာ စာသင်ခန်းတွေဆီ မသွားသဖြင့် ရှီလီလည်း ခြေ‌တစ်လှမ်း‌တောင် ရှေ့တိုးလို့မရချေ။

၎င်းမှာ ဇန်နဝါရီလလယ်ဖြစ်တာကြောင့် နှစ်တစ်နှစ်၏ အအေးဆုံး အချိန်ပင်။

အပြင်ဘက်တွင် အချိန်အကြာကြီး မတ်တပ်ရပ်နေရသဖြင့် ရှီလီကို အအေးဒဏ်ကြောင့် ကြက်သီးမွေးညင်းထစေကာ အချိန်မရွေး နတ်ပြည်တက်သွားနိုင်တယ်လို့တောင် ခံစားမိစေသည်။

ဒီနေ့ကျမှ ကျောင်းဂိတ်ဝကို ပိတ်ထားပြီးဘာလုပ်ကြတာလဲလို့ သူမ အံ့ဩမိသည်။

ရှီလီ၏ အရှေ့ခြမ်းက ကျောင်းသားနှစ်ဦးမှာသူမ သိချင်နေသည့် အကြောင်းအရာကို အသေးစိတ် ‌ဆွေးနွေးနေကြလျှက်။

ငါးမိနစ်အတွင်းမှာဘဲ သူမ ဆယ်မိတာခန့် ကျော်လွှားလိုက်နိုင်သည်။

ဆယ်မီတာဆိုတာ သူမအတွက်တော့ ခြေလှမ်းလေး တစ်လှမ်းစာသာ ရှိသော်လည်း ပြည်သူလူထုအတွက်မှာမူ ဧရာမ ခုန်လွှားရမှာပင်။

ဤတိုတောင်းသော ဆယ်မိတာ အတွင်းမှာပဲ ဘာတွေဖြစ်နေလဲဆိုတာကို ရှီလီ ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်ပေသည်။

ကျောင်းဂိတ်ဝနား၌ R-rated အမျိုးသားချင်းကြိုက်သော အကြောင်းအရာကို ပြသနေသည့် မိုဘိုင်းရုပ်မြင်သံကြားတစ်ခုရှိကာ ဇာတ်လိုက်နှစ်ဦးကတော့ ရင်းနှီးနေသော မျက်နှာများမှလွဲ၍ အခြားသူ မဟုတ်ပေ။

သူတို့ထဲက တစ်ယောက်မှာ မနေ့တုန်းက အတန်းပိုင်ကို ခေါ်ခဲ့သော ကျောင်းအုပ်လုပင်။ အရင်က ကျောင်းတွင်းစုဝေးပွဲတွင် သူ့ကို မြင်ခဲ့ဖူးသဖြင့် ရှီလီ မှတ်မိလေသည်။

အခြားအမျိုးသား တစ်ယောက်ကိုတော့ရှိလီ မရင်းနှီးပေ။

သို့သော် ရှီလီ မမှတ်မိသော်လည်း သူများတွေကတော့ မှတ်မိ၏။ ရှီလီ၏အနောက်က ကျောင်းသားတစ်ဦးက ဆဲရေးလာကာ “-ျီး၊အဲ့တာ ငါတို့ ဓာတုဗေဒဆရာမဟုတ်လား”

ရှီလီသည် နောက်လှည့်မကြည့်လိုက်သော်ငြား ထိုသူ၏ ထိတ်လန့်မှုကို သိနိုင်၏။

မိုဘိုင်းရုပ်မြင်သံကြားစက်၏ ဘေးနားတွင် ကျော့ရှင်းပြီး သိမ်မွေ့သော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် ဇရာမပြသေးသော်ငြား သူမမျက်နှာထက်တွင် အသက်အရွယ်၏အရိပ်အယောင်တွေကို မြင်တွေ့နိုင်ကာ အတော်လေး ရင့်ကျက်သည့်ပုံပင်။

ဤလှအသော အမျိုးသမီး၏ အထောက်အထားကတော့ အတော်လေးကို သိသာ၏။

ငယ်ရွယ်သော ဓာတုဗေဒဆရာတွင် ထိုအသက်အရွယ်ရှိသော ဇနီးမျိုးရှိရန်မှာ မဖြစ်နိုင်သဖြင့် အခြားဇာတ်လိုက်ဖြစ်သော ကျောင်းအုပ်လု၏ဇနီးပဲ ဖြစ်နိုင်သည်။

သူမဘေးနားတွင် တန်ဖိုးကြီးဝတ်စုံများအား ဝတ်ဆင်ထားသော အခြားအမျိုးသမီးများလည်း ရှိနေကာ သူမ၏ ညီအစ်မတွေ၊ သူငယ်ချင်းတွေဖြစ်နိုင်ပြီး သူမ အနောက်ကနေ ကာကွယ်ပေးနေကြသည့် အနေအထားပင်။

ဤအပြုအမူမှာ ကျောင်း၏ ပုံမှန်အစီအစဉ်ကို ပြင်းထန်စွာ အနှောင့်အယှက် ပေးနေလေသည်။ ကျောင်းသားတွေကလည်း ဂိတ်ဝတွင် ပိတ်နေသဖြင့် လူအုပ်မှာ ပြုံတိုးလာနိုင်သည့် အန္တရာယ်ရှိ၏။ လုံခြုံရေးအစောင့်တွေမှာ သူတို့တွေကို လူခွဲပစ်ချင်နေကြသည်။

သို့သော် သူတို့တွေ အားတော့မသုံးရဲပေ။ အရပ် 1.9 မီတာကျော်ရှည်သည့် ဒေါင်ကောင်းကောင်း အမျိုးသားနှစ်ဦးက အမျိုးသမီးအုပ်၏ ဘေးနားတွင် ရပ်နေကြပြီး ဘော်ဒီဂတ်တွေဆိုတာ ရှင်းလင်းပေသည်။

76 02

ဒါ့အပြင် ဤအမျိုးသမီးတွေကလည်း အလွန်ကျော့ရှင်းစွာ ဝတ်စားဆင်ယင်ထားတာကြောင့် လူချမ်းသာတွေ၊ အထက်တန်းလွှာတွေဆိုတာ သေချာလေသည်။ လုံခြုံရေးအစောင့်တွေမှာ အကယ်၍ သူတို့ကို မတော်တဆ နာကျင်အောင်လုပ်မိရင် လျော်ကြေးပေးမှာကို စိုးရိမ်နေကြ၏။

ထို့ကြောင့် လုံခြုံရေးအစောင့်တွေမှာ စိတ်မပါတပါနှင့် အမျိုးသမီးတွေကို နားလည်မှုလွဲနေရင်လည်း ကျောင်းအုပ်ချုပ်ရေးပိုင်းနှင့် ဆွေးနွေးကြရန်နှင့် ကျောင်းဂိတ်ဝတွင် ပိတ်ရပ်နေတာက မသင့်တော်ကြောင်းပြော၍ ‌အကြံပေးကြသည်။

ထိုဖြစ်ရပ်ကို ရှီလီ သေသေချာချာ မြင်လိုက်ရတာနှင့် ဘာကြောင့် ကျောင်းဂိတ်ဝမှာ ပိတ်ဆို့နေတယ်၊ ဘာကြောင့် လူအုပ်က အရှေ့ကိုဖြည်းဖြည်းချင်းဘဲ ရွှေ့နေရလဲဆိုတာကို သူမ အနားလည်သွားတော့၏။

သူမဆိုရင်လည်း ကျောင်းဂိတ်ဝမှ ထွက်သွားချင်မှာ မဟုတ်ပေ။

လူအုပ်သည် အရှေ့ဘက်ခြမ်းသို့ တစ်လက်မတိုးသွားတာနှင့် ရှီလီမှာ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ဝိုင်းအုံကြည့်နေသောလူအုပ်ကြားထဲ တိုးဝင်သွားလိုက်သည်။

အဘယ်ကြောင့်ဆို ဗီဒီယိုကို ပြန်လည်ပြသ‌နေတာကြောင့် လူအများအပြားမှာ ဝိုင်းအုံကြည့်နေကြလေသည်။

ရှီလီသည် လူအုပ်ကြားထဲ၌ သူမအတန်းဖော်တွေကိုတောင် မြင်မိသေး၏။

ပြဿနာရှာသူတွေကို မမောင်းထုတ်နိုင်သဖြင့် လုံခြုံရေးအစောင့်တွေမှာ ကျောင်းသားတွေအပေါ်မှာဘဲ အာရုံစိုက်လိုက်ရတော့သည်။ အနည်းငယ် ခြိမ်းခြောက်ပြောခြင်းနှင့် ချော့မော့ပြောခြင်းတို့ဖြင့် နောက်ဆုံးမှာတော့ကျောင်းဂိတ်ဝမှာ ဖြတ်သန်းလို့ရသွားလေပြီ။

သို့သော် ကျောင်းအုပ်လု၏ လုပ်ရပ်တွေကိုပြသထားသည့် ဗီဒီယိုနားမှာတော့ လူတွေ စုဝေးနေကြဆဲပင်။

ရှီလီ လှည့်ပတ်ကြည့်လိုက်‌တော့ အချို့မရင်းနှီးသော မျက်နှာတွေဘေးတွင် သူမ၏ အတန်းထဲက လူအများစုကို မြင်တွေ့လိုက်ရသဖြင့်အံ့အားသင့်သွားရသည်။

ထွက်သွားကြသည့် ကျောင်းသားအချို့မှာ အတင်းအဖျင်းကို စိတ်မဝင်စားကြတာကြောင့်ဖြစ်ပြီး အများစုကတော့ ဤနေရာတွင် ရပ်ပြီးကြည့်နေရမှာက အလွန်ရှက်ဖို့ ကောင်းလွန်းသလို ခံစားရ‌သဖြင့် ရှက်ရွံ့မှုကြောင့် ထွက်သွားကြလေသည်။

သို့သော်လည်း အတန်း 1 မှ 10 တန်း ကျောင်းသားတွေအုပ်စုမှာ အတင်းအဖျင်းနှင့်ပတ်သက်လာလျှင် အရှက်တရားဟူသည့်အဓိပ္ပာယ်ကို မသိကြပေ။

အရှက်တရား… အရည်ရွှမ်းတဲ့ အတင်းအဖျင်းကို လက်လွှတ်ရမှာထက် သည်းမခံနိုင်စရာ ကောင်းနေလို့လား။

အတင်းအဖျင်းဆိုတာ အရေးကြီးတယ်၊ ဘဝအတွက် မရှိမဖြစ်အရာတစ်ခုဘဲ။

လူတိုင်းသည် အလွန်စိတ်ဝင်စားစွာ ကြည့်နေကြပြီး ရှီလီမှာ စိတ်ထဲကနေ မအံ့ဩမိဘဲ‌ မနေနိုင်‌တော့ [ကျောင်းအုပ်လုကို ကြည့်စမ်းပါဦး၊ သူ့အသက်အရွယ်ကြီးနဲ့ တရားလွန်ကြီး လျှောက်ကစားနေသေးတယ်”

လူတိုင်း: သဘောမတူဘဲ မနေနိုင်တော့ဘူး။

ကျောင်းအုပ်လု၏ဇနီးက ဗီဒီယိုကို ဆင်ဆာမဖြတ်ထားသဖြင့် အချို့သော မြင်ကွင်းတွေမှာ အတော်လေးကို မျက်စိဖမ်းစားဖွယ်ရာ ဖြစ်လို့နေသည်။

ဒါ့အပြင် ဗီဒီယိုထဲ၌ အမျိုးသားဇာတ်လိုက်တစ်ဦးတည်း မဟုတ်ဘူးဆိုတာကို မကြာခင် မှာဘဲ လူတိုင်း သိရှိလိုက်ရသည်။

ဗီဒီယို၏ နောက်ခံပြောင်းလဲသွားတာနှင့် အခြားသော အမျိုးသားဇာတ်လိုက်တစ်ဦးက ထွက်ပေါ်လာသည်။

ဤသည်မှာ ချန်ပုကျောင်းက နောက်ထပ်ဆရာတစ်ဦးဆိုတာကို မှန်းကြည့်နေရန်ပင် မလိုအပ်ပေ။ ထိုသူ့ကို အနည်းငယ် ရင်းနှီးနေသလို ရှီလီ ခံစားမိနေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထိုသူ့ကို ထုတ်ပြောလာကာ “အဲဒါ အခန်း 3 ကP.E. ဆရာပဲဟ!”

[ဝေါင်း၊ ကျောင်းအုပ်က ကွန်ရက်ကို တကယ်အကျယ်ကြီး ဖြန့်ထားတာပဲ]

76 03

လူအုပ်၏ ချောင်ကျသောနေရာတွင် ရပ်နေသော အတန်းပိုင်မှာ အသာပြုံးမိသည်။ တိုက်ခိုက်ခြင်းက အကောင်းဆုံး ခုခံနည်းပင်။ ကျောင်းအုပ်လုသာ ‌ရာထူးမှ ပြုတ်သွားပါက သူ့ကိုထပ်ပြီး မခြိမ်းခြောက်နိုင်တော့မည်မှာသဘာဝပင်။

ကျောင်းဂိတ်ဝတွင် ယခုလို ပြဿနာကြီးကြီးမားမား ဖြစ်ပြီဆိုတာနှင့် ကျောင်းအုပ်ချုပ်ရေးပိုင်းက ပြည်သူ့ဆက်ဆံရေးကို ဖြေရှင်းရန်အတွက် မဆိုင်းမတွ ထွက်လာလိမ့်မည်ဟု ထင်ကြမည်များသာ။

သို့သော် ကျောင်းဂိတ် အပြင်ဘက်တွင် ‌ဗီဒီယိုတိုသုံးပုဒ်တောင် ပြပြီးသွားတာတောင်မှ ထိုဖြစ်ရပ်ကို ဖြေရှင်းရန် ကျောင်းထဲကနေ မည်သူတစ်ဦးတစ်ယောက်မှ ထွက်မလာခဲ့ပေ။

ကျောင်းအုပ်လု ကံကောင်းတာလည်း ဖြစ်နိုင်သည်၊ ချန်ပုကျောင်း၏ ကျောင်းအုပ်ကြီးက မြို့ပြင်ထွက်ကာ အစည်းအဝေး သွားတက်နေရသဖြင့် Blue City တွင် မရှိနေ။

ချန်ပုကျောင်းမှ အခြားသော လက်ထောက်ကျောင်းအုပ်တွေကတော့ ရှိနေကြပြီး အစောကြီးကတည်းက ဤကိစ္စကို ကြားထားပြီးသားပင်။

ပြဿနာက လက်ထောက်ကျောင်းအုပ်များအနေနှင့် သူတို့အားလုံးမှာ ပြိုင်ဘက်တွေ ဖြစ်နေကြခြင်းပင်။ ဤအခိုက်အတန့်တွင် အခြေအနေကို ပိုရှက်စရာကောင်းလာပြီး ဖြေရှင်းရခက်သည်အထိ မျှော်လင့်နေကြ၏။

ဤနည်းဖြင့်ဆို အကယ်၍ မြေခွေးအိုကြီး ကံကောင်းသွားရင်တောင် သူ့အလုပ်အကိုင်သက်တမ်းတစ်လျှောက်လုံးမှာ လက်ထောက်ကျောင်းအုပ်ဟူသော ရာထူးမှာဘဲ ရပ်တန့်နေရတော့မှာပင်။ တကယ်လို့ ကံဆိုးရင်တော့ကျောင်းမှ အလုပ်ထုတ်တာကို တိုက်ရိုက်ခံရမှာပဲ ဖြစ်သည်။

တာဝန်ပျက်ပြားသည့် အခြားသော ဖြစ်ရပ်တွေကိုပါ သူတို့တွေ ထုတ်ဖော်နိုင်လိုက်ပါက ၎င်းမှာ အလုပ်ဖြုတ်ခံရရုံတင် မဟုတ်တော့ဘဲ ပြည်သူ့လုံခြုံရေး အစိုးရဌာနဆီကိုတောင် လက်လွှဲပေးရနိုင်သည်။

လူတိုင်းမှာ ဒီလိုတွေးမိပါရက်နဲ့၊ ဘာကြောင့်ရှေ့တက်ပြီး ပြဿနာကို မဖြေရှင်းရသနည်း။

ပိုပြီးပြင်းထန်စေလာစေရန် သူတို့အားလုံး မျှော်လင့်နေတာကြောင့်ပင်။

ကိုယ်ပိုင်စာကြည့်ချိန်အတွက် ခေါင်းလောင်းမြည်လာတော့ ရှီလီ၏ အတန်းဖော်တွေနှင့် အခြားအတန်းတွေက ကျောင်းသားအချို့သာဂိတ်ဝတွင် ကျန်ရစ်နေဆဲဖြစ်လေသည်။

ကိုယ်ပိုင်စာကြည့်ချိန်အတွက် ခေါင်းလောင်းမြည်ပြီးနောက် လုံခြုံရေးအစောင့်တွေမှာ သူတို့ကို ပြန်မောင်းသွင်းရန်အတွက် ပိုပြီးယုံကြည်ချက် ရှိလာကြ၏ “အတန်းစနေပြီ၊အထဲမြန်မြန်ဝင်ကြတော့”

“မကြာခင် အတန်းပိုင် အတန်းစတော့မှာ‌နော်၊ဂရုစိုက်ကြဦး၊ မဟုတ်ရင် မင်းတို့မိဘတွေကို အသိပေးလိုက်ဦးမယ်”

ရှီလီ: [အတန်းပိုင်က ငါတို့ အနောက်မှာလေ]

အတန်းပိုင် စိတ်ဓာတ်ကျသွားရ၏။ ဒီသောက်ကလေးကတော့ ဆရာဖြစ်တဲ့ သူ့ကို မျက်နှာသာ မပေးဘူး။ ကံကောင်းလို့ သူ့အတန်းထဲက ကျောင်းသားတွေဘဲ သူမရဲ့အတွေးတွေကို ကြားရလို့သာပေါ့။ သူ့ကျောင်းသားတွေအရှေ့မှာ မျက်နှာပျက်ရတာက အရေးမဟုတ်ပေမဲ့၊ အခြားအတန်းက ကျောင်းသားတွေသာ သူ့ကျောင်းသားတွေ သူ့ကို အပြစ်တင်နေတာကို ကြားသွားလို့ကတော့ တစ်ကျောင်းလုံးရှေ့မှာ မျက်နှာပျက်ရတော့မှာ။

လူတိုင်း အခန်း 1 မှ အတန်းခေါင်းဆောင်ကို မျှော်လင့်တကြီး ကြည့်လာကြသည်။ သူ့အတန်းဖော်တွေ၏ မျှော်လင့်တကြီး ဖြစ်နေ‌သော အကြည့်တွေကို လက်ခံလိုက်ရတော့ အတန်းခေါင်းဆောင်မှာ အတန်းပိုင်အား လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။

အံ့ဩစရာကောင်းစွာဖြင့် အတန်းခေါင်းဆောင်၏ အကြည့်ကို အတန်းပိုင် နားလည်နေသလိုပင်။ မနေ့တုန်းက ဆရာ့ဖင်ကို ဘယ်သူကယ်ပေးခဲ့လဲဆိုတာ မမေ့‌နဲ့နော်။

ကျေးဇူးတရားကို အတုံ့အလှည့် ပြန်ပေးဆပ်ရတယ်လေ။ မနေ့တုန်းက သူ့ကို အ‌တန်းခေါင်းဆောင် ကယ်ပေးခဲ့တော့လည်း ငြင်းဆန်လို့ မကောင်းပြန်ဘူး။

အတန်းပိုင် လည်ချောင်းရှင်း၍ လုံခြုံရေးအစောင့်နှင့် ညှိနှိုင်းလိုက်သည် “ညီအစ်ကို၊ကျွန်‌တော်က အခန်း 1၊ 10 တန်းရဲ့ ဆရာပါ၊ သူတို့က ကျွန်တော့် ကျောင်းသားတွေ။ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်ရအောင် ကိုယ်ပိုင်စာကြည့်ချိန်ရောက်ရင် ကျောင်းရဲ့ အပြင်ဘက်မှာ သူတို့တွေ အနားယူဖို့အတွက် ကျွန်တော် စီစဉ်ပေးထားတာ။ ဒီလိုဆိုရက်အနည်းငယ်အတွင်းမှာ ရောက်လာ‌တော့မဲ့ စာမေးပွဲတွေကို သူ‌တို့တွေ ‌ပိုပြီးရင်ဆိုင်နိုင်တယ်လေ”

76 04

လုံခြုံရေးအစောင့်: ငါက သိပ်ပြီး ပညာမတတ်ပေမဲ့၊ ငါ့ကို အရူးလုပ်ဖို့တော့ မကြိုးစားနဲ့။

သူတို့တွေသာ အဆင့်ကောင်းတွေ ရချင်ရင်၊စာသင်ခန်းထဲမှာဘဲ စာတွေ ပိုလုပ်နေရမှာ မဟုတ်ဘူးလား။ ဒါက ဘယ်လိုအခြေအနေကြီးလဲ၊ ကျောင်းအပြင်ဘက်မှာ အနားယူတယ်။

ပြီးတော့ သူတို့တွေ အနားယူချင်ရင်လည်း ပိုကောင်းတဲ့နေရာကို သွားရမှာ မဟုတ်ဘူးလား။ အပြင်မှာက အနုတ်တစ်ဆယ် ဒီဂရီရှိနေတဲ့ ရေခဲတွေ၊ နှင်းတွေနဲ့ ကမ္ဘာကြီးလေ။ ဒီဟာက ကျောင်းသားတွေ အနားယူရအောင် ကူညီပေးနိုင်မယ်လို့ တကယ်ကြီး တွေး‌နေတာလား။

လုံခြုံရေးအစောင့်မှာ ဒီစကားတွေကို စိတ်ထဲကနေဘဲ ပြောလိုက်နိုင်သည်။ အတန်းပိုင်က ပြောလာ‌တော့လည်း ငြင်းခုန်ရအောင်လို့ သူ့မှာ ပါးနပ်မှု သိပ်မရှိပေ။

သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ ဤကျောင်းသားတွေကို နေခိုင်းလိုက်ရပြီး အခြားအတန်း‌က ကျောင်းသားတွေလည်း ကံကောင်းပြီး တစ်အုပ်စုတည်းအဖြစ် ဆက်ဆံခံလိုက်ရကာ လုံခြုံရေးအစောင့်တွေ၏ ကျောင်းတွင်းသို့ မောင်းသွင်းခြင်းကို မခံရတော့ချေ။

ကျောင်းဂိတ်ဝဘက်သို့ ပြေးလာသောခပ်လုံးလုံးပုံရိပ်တစ်ခုကို မြင်တွေ့နိုင်ပေသည်။ ထိုကဲ့သို့ ထူးခြားသည့် အဆီလွှာနှင့်ဆို ဒါရိုက်တာကျိုးမှလွဲ၍ အခြားသူ မဖြစ်နိုင်။

All Chapters