အခန်း (၉၃-၉၆)
Vol. 5 Ch. 93-96
93 01
အပိုင်း 93
သူမ၏ သားမှာ ကောင်မလေး ရှိကြောင်း ဖူကတော်က သိထားသော်လည်း သူ့သားက ထိုမိန်းကလေးကို အိမ်ခေါ်လာရန် အစီအစဥ် ရှိကြောင်းကိုဖြင့် ယနေ့ကို အပထားပါဦး သူမ ဘယ်တုန်းကမှ မကြားခဲ့ဖူးပါပေ။ သို့မဟုတ်လျှင် သူမနှင့် သူမ ခင်ပွန်းသည်လည်း ရှီမိသားစုကို လက်ခံ တွေ့ဆုံရန် စီစဥ်ခဲ့မည်မဟုတ်ပေ။ ဘာကိစ္စပဲ ဖြစ်နေဖြစ်နေ ထိုအချိန်ဇယားများကို သူတို့လည်း ပယ်ဖျက်မည်သာ။
ရလဒ်ကတော့ သူမနှင့် သူမခင်ပွန်းက ဧည့်သည်များကို ဧည့်ခံနေစဥ် သူတို့၏ သားကတော့ အိမ်ကို ကောင်မလေး ခေါ်လာသည့် ယခုလို ခွတီးခွကျ အခြေအနေကြီးက်ု သူတို့ ကြုံတွေ့နေရပေပြီ။ ဒါက သိပ်ပြီးတော့ မလျော်ကန်လှပေ။ ဖူမိသားစုက သူတို့၏ ယဥ်ကျေးပျူငှာမှုကြောင့် ထင်ရှားပြီး မတိုင်ခင်ကတည်းကပင် ထိုမျှ သရုပ်ပျက်မှုမျိုး ဘယ်တုန်းကမှ မလုပ်ဖူးပေ။
ဖူဇနီးမောင်နှံသာ မကဘဲ သူ့ကောင်မလေးကို ရုတ်တရက်ကြီး အိမ်ခေါ်လာသည့် ဒုတိယသခင်လေးဖူပါ အံအားသင့် ကြက်သေ သေနေရပေသည်။
ထိုဒုတိယသား၏ ချစ်သူကောင်မလေးက သာမန် မိသားစုနောက်ခံသာ ရှိသူဖြစ်ပြီး သူကတော့ အချစ်စစ်တွေ့ပြီဟု ယုံကြည်ထားပါ၏။ မည်မျှပင် သိမ်းသွင်းစည်းရုံးပါစေ သူ၏ မိဘများကတော့ သူ့ချစ်သူအပေါ် အထင်အမြင်သေးကာ သူတို့ကို ခွဲကြမှာဖြစ်သည့်အတွက် သူ့ချစ်သူကို ရုတ်တရက်ကြီး အိမ်သို့ခေါ်လာခြင်းဖြင့် သူမကို မိဘများ လက်ခံစေရန် ဖိအားပေးလိုခြင်းသာ။
အမှန်တော့ သူ၏ အတွေးများက သာမန်လူများ သဘောပေါက်ဖို့ ခက်ခဲသည်လေ။
ဒုတိယသခင်လေးဖူက သူ၏ အစီအစဥ်က ပထမဆုံး ခြေလှမ်းမှာပင် ကျဆုံးရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါပေ။ သူက အရာရာကို ကြိုတင် စီစဥ်ထားပြီးသား ဖြစ်သော်လည်း သူ၏ ချစ်သူကောင်မလေးကို အိမ်သို့ ခေါ်လာစဥ် အိမ်မှာ ဧည့်သည် ရောက်နေသည် ဟူသည့် ဝမ်းနည်းကြေကွဲစရာ ခွဲခွာမှုဟူသည့် လက်ဆောင်ကို သူ့ အစီအစဥ်ထဲသို့ ပစ်ထည့်လိုက်လေပြီ။ ကျန်နေသည့် သူ့အစီအစဥ်များကို သူ ဘယ်လို ရှေ့ဆက် နှစ်ပါးသွားနိုင်ပါအံ့နည်း။
ရှီးမောင်နှံသည်လည်း အံ့အားသင့်သွားကြကာ သူတို့က အချိန်ဆိုးမှာမှ ရောက်လာကြသလား တွေးမိပေ၏။
ရှီလီက တွေဝေမိန်းမောနေရမှာ ချက်ချင်းကို သတိပြန် လည်လာကာ သူမ၏ အသံများသည်လည်း မယုံကြည်နိုင်ဖွယ် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။ ၎င်းက ဖြည်ချလာမည့် ဇာတ်ထုပ်ကြီးကို မျက်မြင်တွေ့ရမည်မို့ သူမ စိတ်လှုပ်နေတာဖြစ်ကြောင်း ဖူဟွေ့ရှင်းက သိပါ၏။
(ငါတို့က လုံးဝကို အချိန်ကောင်း အချိန်မှန်မှာ ရောက်လာတာပဲနော်)
(ဖူမိသားစုရဲ့ ဒုတိယသားနဲ့ ချစ်သူကောင်မလေး။ သူတို့ကို လူအကောင်လိုက်ကြီး မြင်နေရတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး)
( ဒီခရီးစဥ်က တကယ်တန်တယ်။ ဒါနဲ့တင် တကယ်တန်သွားပြီ)
တစ်ခါက တည်ငြိမ်အေးဆေးခဲ့သည့် ဖူမိသားစုဗီလာက လူတစ်ဦးတည်းကို ထပ်ပေါင်း ထည့်ရုံမျှဖြင့်ပင် ရုတ်ခြည်းဆိုသလို ပရမ်းပတာ အခြေအနေသို့ သက်ဆင်းခဲ့ရပါ၏။
ဖူကတော်သည်ကား ထိုဖူသခင်ကြီး တရေးအိပ်ရန် အိပ်ခန်းအတွင်းသို့ ဝင်ရောက်သွားခြင်းကပင် မဟာ့မဟာ ကျေးဇူးကြီးဟု ခံစားရ၏။ သို့မဟုတ်လျှင် သူမ၏ အသုံးမကျသောသားက သခင်ကြီးကို Heart-attack ဖြစ်အောင် ပြုလုပ်ပေလိမ့်မည်။
သူမက သူမဘာသာ စဥ်းစား၏။ (တကယ်လို့များ မင်း ချစ်သူ ကောင်မလေးကို အိမ်ခေါ်လာမယ်ဆိုရင် ငါတို့ မိဘတွေကလည်း မငြင်းပယ်ပါဘူးဟယ်။ ငါတို့ကို ဘာတစ်ခုမှ သတိမပေးဘဲ အခုလို ခြုံခိုတိုက်ဖို့က တကယ်ကြီး လိုအပ်လို့လားဟဲ့)
ရှီလီနှင့်အတူ Dramaတွေ အများကြီး ပေါပေါသီသီ မျက်မြင် တွေ့ခဲ့ဖူးသည့် ဖူဟွေ့ရှင်းကမူ သူ့ဝမ်းကွဲနှင့် ထိုကောင်မလေးမှာ ပြဿနာရှိနေပြီဟု သိရှိကာ စိတ်ထင့်မိလေသည်။ ဘယ်လို ပြဿနာမျိုးပဲ ဖြစ်ပါစေ၊ အမျိုးသားနှင့် အမျိုးသမီးများကြားက ပုံမှန် ရှုပ်ထွေးမှုပဲ ဖြစ်ပါစေ။
အပြင်လူဖြစ်သည့် ဟွမ်ကျဲက တင်းမာနေသည့် လေထုကို သတိပြုမိသွားကာ ချောချောမွေ့မွေ့ ကျော်လွှားနိုင်ရန် ကြိုးစားလိုက်၏။
“ဒါက ရှင့်ရဲ့ ဒုတိယသား ထင်တယ်။ ကြည့်ရတာ အရည်အချင်းရှိပြီး ချောမောတင့်တယ်လိုက်တာနော်”
သူတို့သား၏ ချစ်သူ မိန်းကလေးအပေါ် ဖူမိသားစု၏ သဘောထားကို မသိရသေးရာ သူတို့ကို စုံတွဲအဖြစ် အသိအမှတ်ပြု ချီးမွမ်းခြင်းမှ ရှောင်ရှားကာ ထိုလူငယ်လေးကိုပဲ မြှောက်ပင့် ချီးမွမ်းလိုက်၏။
ရေခဲလွှာကို ချိုးဖျက်လိုက်သည့် ဟွမ်ကျဲနှင့်အတူ ဖူကတော်သည်လည်း စကားဝိုင်းကို ရှေ့ဆက်ကာ သူမ၏ သားကို ဧည့်သည်များနှင့် မိတ်ဆက်ပေးလိုက်၏။
93 02
“ဒါက ဦးလေးရှီနဲ့ ဒေါ်လေးဟွမ်လေ။ အရင်က သားအတန်းဖော် ဖြစ်ခဲ့ဖူးတဲ့ ရှီချွမ်ကို မှတ်မိလား။ ဦးလေးရှီက ရှီချွမ်ရဲ့ ဒုတိယဦးလေးပေါ့။ သူလေးကတော့ ဟိုတလောတုန်းက ဟွေ့ရှင်း ကူညီပေးထားတဲ့ သူတို့ရဲ့ သမီးလေးလေ။ သူတို့က ငါတို့ကို ကျေးဇူးတင်ဖို့ ဒီကို ရောက်လာကြတာ”
သူ၏ ဝမ်းကွဲက ကောင်းကျိုးပြုမှု တစ်စုံတစ်ရာ ဆောင်ရွက်ထားသည်ကို ကြားရသည့်အခါ ဒုတိယသခင်လေးဖူလည်း စိတ်ဝင်တစား ဖြစ်လာလေသည်။ သူက ဖူဟွေ့ရှင်းထံ ရှိုးတိုးရှန့်တန့် ဟန်ဖြင့် ပြောလိုက်သည်။
“ညီလေး၊ မင်း ဘယ်လို ကူညီလိုက်တာတုန်း။ မင်း အစ်ကိုကြီးကို ပြောပြပါဦးကွ”
ဖူဟွေ့ရှင်းကမူ ရိုးရိုးစင်းစင်းပင် ပြန်ဖြေလိုက်၏။
“ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ဒီတိုင်း ကူညီလိုက်ရုံပဲ”
“ဖူကြယ်လေးကတော့ အရမ်းကို ရိုးသားတာပဲကွာ”
အမြင်စူးရှလှသူ ဒုတိယသခင်လေးဖူက တစ်စတစ်စ နီမြန်းရဲတွတ်လာသည့် ဖူဟွေ့ရှင်း၏ နားရွက်လေးများကို သတိပြုမိသွားလေသည်။
“ငါ အခုထိ မင်းကို အမွှန်းတောင် မတင်ရသေးဘူး။ မင်းက နီရဲပြီး ရှက်နေပါလားကွ”
ဖူဟွေ့ရှင်း ရှက်နေပြီဟု ကြားလိုက်ရသည့်အခါ ရှီလီ၏ စိတ်ဝင်စားမှုများလည်း မြင့်တက်သွားလေပြီ။
(ရှက်သွေးဖြာတယ်။ ငါ အဲ့ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ငါ ကြည့်စမ်းပါရစေဦး)
“အို့ ကြည့်ပါဦး”
ဒုတိယသခင်လေးဖူ အနေဖြင့် ပုံမှန်ဆို မတုန်မလှုပ်ဟန်ဖြင့် ဘာကိုမှ မဖြုံသည့် သူ့ဝမ်းကွဲက ယခုလို ရှက်နေတာမျိုး ဘယ်တုန်းကမှ မမြင်ဖူးပါပေ။ သို့သော် ယခုမူ ထို နီမြန်းရဲတွတ်နေမှုများက နားရွက်များမှတစ်ဆင့် မျက်နှာသိူ့ပါ ပျံ့နှံ့သွားလေပြီ။
ဒုတိယသခင်လေးဖူက သူကဖြင့် အလွန်ပြောင်မြောက်လှချည့်ဟု ခံစားရပြီး သူ၏ ဝမ်းကွဲညီလေးကို ထိုမျှ ရက်ရက်ရောရောကြီး ရှက်သွေးဖြာအောင် ပြုလုပ်လိုက်နိုင်ခြင်းက အံ့သြစဖွယ်ဟုပင် တွေးမိလေသည်။
ဒုတိယသခင်လေးဖူ၏ အာမေဋိတ်သံ ကျေးဇူးကြောင့် ဗီလာမှ လူတိုင်း၏ အကြည့်များက သူ့မျက်နှာထက်မှာ စုပြုံလာကြောင်း ဖူဟွေ့ရှင်း ခံစားလိုက်ရလေသည်။ အကြည့်တစ်ခုကမူ အတော်ကြီးကို အလွန်အကျွံ ဖြစ်နေသည်ဟု သူ ခံစားရ၏။
(သူ တကယ်ကြီး နီရဲနေတာပဲ)
(သန့်ရှင်းပြီး အပြစ်ကင်းတဲ့ မြေခွေးပေါက်လေးက အချိန်ကိုက်ကို ရှက်သွေးဖြာနေတာပဲဟယ်)
(ငါ ပြောပြမယ်။ ကြယ်လေးက ကျက်သရေရှိလိုက်တာနော်)
သူတို့ ပိုပြီး စူးစူးစိုက်စိုက် ကြည့်လေ ဖူဟွေ့ရှင်း၏ မျက်နှာက ပိုမို နီမြန်းလာလေဖြစ်ကာ ထိုသို့ နီမြန်းလာလေ လူတိုင်းက ပိုပြီး ကြည့်ချင်လေလေပင်။
သူ့ကို အာရုံစိုက်မည့် ကိစ္စမျိုး ဘယ်တုန်းကမှ မပြုလုပ်ခဲ့သူ ဖူဟွေ့ရှင်းက သူ၏ နီရဲတောက်ပနေသည့် မျက်နှာကို လူတိုင်းက ငေးကြည့်နေပေရာ တိရစ္ဆာန်ရုံမှ မျောက်တစ်ကောင်နှယ် သူ့ဘာသာ ခံစားရလေသည်။
လူတိုင်းက နီမြန်းရဲတွတ်နေသည့် ဖူဟွေ့ရှင်း၏ မျက်နှာထက်မှာ အာရုံစိုက်ထားကြစဥ် ဒုတိယသခင်လေးဖူ၏ ချစ်သူကောင်မလေးကိုတော့ မည်သူကမှ စိတ်ဝင်တစား ရှိမနေကြပေ။ သူမက အနည်းငယ်တော့ စိတ်အချဥ်ပေါက်နေသော်လည်း ဒုတိယသခင်လေးဖူ၏ မျက်လုံးထဲမှာ သူမပုံရိပ်ကို သက်ရောက်စေမည်ကို စိုးရိမ်လေရာ ဘာကိုမှ ထုတ်မပြပါပေ။
သူမက တမင်ပင် ဆူညံသံ အချို့ ပြုလုပ်ကာ ဖူဟွေ့ရှင်းထံ အာရုံစိုက်နေသည့် လူတိုင်း၏ အာရုံကို ပြောင်းလိုက်၏။
တုံ့ပြန်မှုနှေးသည့် ဒုတိယသခင်လေးဖူ၏ ဦးနှောက်က ယခုမှ အလုပ်ပြန်လုပ်တော့ကာ သူ၏ ချစ်သူမိန်းကလေးကို မေ့လျော့သွားကြောင်း ယခုမှ သတိရတော့သည်။ သူက ချက်ချင်းပင် သူမအနား ရောက်သွားကာ မေးလိုက်၏။
93 03
“ချန်ချန် မင်း အဆင်ပြေရဲ့လား”
ဤနေရာမှာ ရှိနေသူတိုင်း ထိုမိန်းကလေး၏ ပရိယာယ်ကို မြင်နိုင်ရန် လုံလုံလောက်လောက်ကို အာရုံစူးရှကြပါ၏။ သိူ့သော် ပိန်းတိန်းလှသည့် ဒုတိယသခင်လေးဖူ တစ်ယောက်သာ သတိမမူမိဘဲ ကျန်နေခဲ့ပေသည်။
ထိုမမျှော်လင့်ထားသည့် ချွေးမအတွက်မူ ဖူကတော်အနေဖြင့် ကနဦးက 0.3 မျှသော မနှစ်သက်မှုက ယခုမူ ထိုအပြုအမူ သေးသေးလေးကြောင့် အပြည့်အဝ ပေါက်ကွဲရန် အရှိန်မြှင့်လိုက်သလိုပါပင်။
သူမ၏ မိုက်မဲရူးသွပ်လှသော သားက ဒီလိုမိန်းကလေးမျိုးကို ဘယ်ကနေ ရှာတွေ့လာသလဲ အံ့သြမိပေ၏။ အကယ်၍ သူ့ကို မျက်လုံးမှာ အဝတ်စည်းပေပြီး လမ်းပေါ်ကနေ ကြုံရာလူတစ်ယောက် ကျပန်း ဆွဲခေါ်လာခိုင်းလျှင်တောင်မှ ယခုလို ပိုဆိုးသည့် တစ်ယောက်ယောက်နှင့် အဆုံးသတ်ရမည် မဟုတ်ပေ။
(ဒီဒုတိယသခင်လေးဖူကတော့ နာမည်အမှန်ကို ရ ထားတာပဲ။ သူက တကယ် ငတုံးကြီး)
ဖူဟွေ့ရှင်း၏ မျက်နှာထက်မှ ပူနွေးမှုများကလည်း တဖြည်းဖြည်း လျော့ပါးသွားလေပြီ။ သူ့ဝမ်းကွဲအတွက် ရှီလီ၏ စိတ်ထဲက ထိုးနှက်ချက်ကြီးကို ကြားရသည့်အခါ ဖူဟွေ့ရှင်းက ကျယ်ကျယ်လောင်လောင် ရယ်မောလုနီးနီးပင်။
အကျယ်ကြီး ထုတ်ပြောလို့ မလိုအပ်တဲ့ အရာတွေအတွက် နားလည်သူတွေကတော့ နားလည်ပေမည်။
သူ၏ ဒုတိယအစ်ကိုဝမ်းကွဲကတော့ အများသဘောကျ ဖြစ်လာဖို့ မျှော်လင့်ချက်က ခပ်မှုန်မှုန်သာ ရှိပုံပေါ်တော့သည်။
ဖူဟွေ့ရှင်း၏ ဝမ်းကွဲအစ်ကိုကြီးကမူ သူ့ညီငယ်၏ ဦးနှောက်မှာ အသုံးချနိုင်စွမ်း အပြည့်အဝ မပါရှိဘဲ သူ့ကို မွေးဖွားစဥ်မှာ ဆရာဝန်များက သူ့ကို ဦးနှောက် ထည့်ပေးဖို့ မေ့သွားသည်ဟုပင် သံသယ ဝင်မိကြောင်း တစ်ခါတုန်းက စောဒက တက်ဖူးလေသည်။
ယခုမူ ဖူကတော်အနေဖြင့် သူမသားကို မည်သည့် စိတ်တိုဒေါသထွက်မှုမှ မပါဘဲ ကြည့်ဖို့ရန် ခက်ခဲလာပေသည်။ သူမ၏ စိတ်ထဲမှာတော့ သူတို့ကို “သောက်သုံးမကျတဲ့ စုံတွဲ” ဟု ရည်ညွန်း ထောမနာ ပြုလိုက်ကာ သူမ၏ အမျက်က သားအရင်းပေါ်ကိုတောင်မှ မလျော့ပေါ့ပေ။
သူက ဤစုံတွဲကို တစ်စက်ကလေးမှ မျက်နှာသာ မပေးလိုသော်လည်း ယခုက အိမ်မှာ ဧည့်သည်တွေ ရှိနေသေးရာ မိသားစု၏ ညစ်တိညစ်ပတ် အဝတ်များကို လေထဲမှာတော့ ဖြန့်ပြချင်မနေပေ။
သူတို့ သားက ဤမကိုးစားလောက်ဖွယ် ချစ်သူကောင်မလေး ခေါ်လာသည်ကပင် စိတ်ကသိကအောက် လုံလောက်နေပြီ ဖြစ်ပြီး ၎င်းက သူ့သား၏ ပြဿနာသာဖြစ်ကာ ထိုမိန်းကလေး မဟုတ်ပေ။ ရှက်ဖွယ်စစ်စစ်က သူ့သားပဲလေ။
ခွဲခြားသိမြင်တတ်သည့် မိသားစုမှ လာသူဖြစ်သည့် သူမအနေဖြင့် ဤအသေးအဖွဲ ကိစ္စလေးအတွက် သူမသားနှင့် စိတ်ဝမ်းကွဲမှု မဖြစ်ချင်သလို အပြင်လူများရှေ့မှာ ဖျော်ဖြေပွဲကြီးလည်း မဖြစ်စေချင်ပေ။
ထိူ့ကြောင့်သာ သူမက သူမ၏ တည်ငြိမ်အေးဆေးမှုများကို ထိန်းသိမ်းထားလိုက်ပါ၏။
သူမ၏ သားရင်းက ဆေးရုံမှာတုန်းက လူချင်းအလဲခံလိုက်ရသလို ဟန်ဆောင်ဖို့သာ ဆုံးဖြတ်လိုက်၏။ သို့ဆိုမှတော့ ဤလူက သူမ သားအရင်း မဟုတ်တော့ပေ။
ထိိုသို့ နှလုံးသွင်းလိုက်သော် သူမ၏ ဒေါသများက လျော့ပါးသွားပါ၏။
ယခုမူ သူမက ဤသောက်သုံးမကျသည့် စုံတွဲကို စိတ်အေးချမ်းသာစွာ ကြည့်နိုင်လေပြီ။
ဒုတိယသခင်လေးဖူနှင့် ထိုမိန်းကလေး၏ အပြန်အလှန် ဆက်ဆံမှုများကို ကြည့်ကာ ရှီလီက သူမဘာသာ တွေးမိ၏။( ဒီမိန်းကလေးက သရုပ်ဆောင်ပဲနော်)
ရှီလီ၏ အတွေးကို ကြားသည့်အခါ ဖူဟွေ့ရှင်းသည်လည်း ဤမိန်းကလေးက သူ့ဝမ်းကွဲကို လှည့်ဖြားနေသူ ဖြစ်မည်ဟု ထင်မိသွား၏။ ထို့ပြင် အဆိုးဆူံးကတော့ ထိုလှည့်စားမှုများက တစ်ကြိမ်မက ဖြစ်နိုင်သေးသည်။
မြောက်မြားလှစွာသော Dramaတို့ကို ရှီလီနှင့်အတူ မျက်မြင် တွေ့ခဲ့ဖူးသူ ဖုဟွေရှင်းအနေဖြင့် ပိုမိုပြင်းထန်သော ဖြစ်တန်စွမ်းများကိုတောင်မှ ထည့်သွင်း စဥ်းစားတတ်လာလေပြီ။
93 04
ဥပမာ သူ့ဝမ်းကွဲ၏ ချစ်သူ ကောင်မလေးက တကယ်ကြီး ချစ်သူကောင်မလေး မဟုတ်ဘဲ သူ့ဝမ်းကွဲနှင့် လိင်တူသူ ဖြစ်နေမလားဟု တွေးမိခြင်းပင်။
သို့သော် ရှီလီက သူမကို မိန်းကလေးဟုပဲ ရည်ညွှန်းထားလေရာ ထိုသီအိုရီကို ပယ်ချလိုက်၏။
သူလျှိုအဖွဲ့အစည်းများလား။
(တန်းမြင့် လူကုန်ကူးသူလေ)
ဖူဟွေ့ရှင်း.?!!!
(အသက်နှစ်ဆယ့်ခြောက်နှစ်မှာ လူကုန်ကူးမှု အတွေ့အကြုံ နှစ်နှစ်ဆယ်ရှိတဲ့ လူကုန်သည်မကြီး )
******
94 01
အပိုင်း 94.
ဖူကတော်သည်ကား ယခု သူ့သား၏ ချစ်သူမိန်းကလေးကို တွေ့ဆုံချိန်ထက် ပိုပြီး သောကပရိဒေဝ ဖိစီးမှုများကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးပေ။ အကယ်၍များ သူမ ခင်ပွန်းက သူ၏ အမြောင်မယားများကို ခေါ်လာပြီး သူမရှေ့မှာ ခင်ပွန်းဖြစ်သူနှင့် လူရှေ့သူရှေ့မရှောင် ချစ်စခန်း ဖွင့်ပြလာလျှင်တောင် သူမက ယခုလောက် ဝမ်းနည်းကြေကွဲလိမ့်မည် မဟုတ်။
သူမမှာ ယခုထိတိုင် မြင့်မြတ် ဂုဏ်သရေရှိသည့် အမျိုးကောင်းသမီး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနေရသေးရာ ထိုဒေါသအမျက် ခြောင်းခြောင်းထွက်သည်များကို ပေါက်ကွဲလို့ မရသေးပေ။ ဤအရှက်မရှိသည့် စုံတွဲကို သူမ ဗီလာအပြင်ဘက်သို့ အဘယ်မျှ လွှင့်ပစ်ချင်နေသနည်း ဆိုသည်ကို ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
“မား ၊ မားက အအေးကြောက်မှန်းသိလို့ ချန်ချန်က ဒီပုဝါလေးကို ညတွင်းချင်း ထိုးလာပေးထားတာ”
ထိုစကား ပြောလိုက်ချိန်တွင် ဒုတိယသခင်လေးဖူ၏လေသံတွင် မကျေနပ်သည့် အရိပ်အယောင်တို့ စွက်နေပေသည်။
“သူ အခုထိ ကျနော့်အတွက် တစ်ခုတောင် မလုပ်ပေးရသေးဘူး။ သူ တကယ် မားကို ဦးစားပေးတာပဲ”
ဖူကတော်ခမျာ သွားကြိတ်ထားရင်းကပင် စကားတစ်ကြောင်းမျှ ထွက်လာဖို့ မနည်း အားယူ ဖျစ်ညှစ်ထုတ်လိုက်ရပါ၏။
“ဘယ်လောက်တောင် စေ့စပ်လိုက်တဲ့ ကလေးလဲကွယ်”
ထိုမိန်းကလေး၏ မျက်နှာမှာ အပြုံးရေးရေးမျှ ဖြစ်သွားကာ
“ဒါက ကျမရဲ့ ပျော်ရွှင်မှုပါပဲ။ အန်တီ ဒါကို နှစ်သက်လို့ ကျမလည်း ဝမ်းမြောက်ရပါတယ်”
ရူးနှမ်းနေသည့် ဒုတိယသခင်လေးဖူကမူ သူ့မိခင်ထံမှ ပေါ်ထွက်လာနေသည့် မကျေမချမ်းမှုကို ယခုချိန်ထိ ခံစားရသေးပုံ မပေါ်ပါလေ။
သူ့ချစ်သူ ကောင်မလေး အဆင်ပြေနေသည်ဆိုတာ အတည်ပြုပြီးကာမှ သူက သူ့အတန်းဖော် ရှီချွမ်၏ ဝမ်းကွဲငယ်လေးအပေါ် စပ်စုလိုစိတ်များ ဖြစ်လာတော့၏။
“ရှီချွမ်နဲ့ ငါက အတန်းဖော်တွေ။ အခုကျ ငါ့ဝမ်းကွဲနဲ့ ရှီချွမ်ရဲ့ ဝမ်းကွဲကလည်း အတန်းဖော်တွေ ဖြစ်လာပြန်ရော။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲလို့။ ကမ္ဘာကြီးက တကယ့်ကို သေးသေးလေးပဲ”
ဖူကတော်ကမူ ယခုလို ဆိုင်းဘုတ်များကိုသာ ကိုင်မြှောက်ပြချင်တော့သည်။ သူ့ကို ငါ မသိဘူး။ သူက ငါ့သားမဟုတ်ဘူး။ မွေးစားသားကြီး။
မင်းတို့ရဲ့ တရုတ်စာကို စန္ဒယားဆရာကများ သင်ပေးထားလို့လား။ ဒီပုံမှန် စကားလုံးတွဲတွေကို တလွဲသုံးနေတာလား။
ရှီလီခမျာလည်း သူ တလွဲသုံးလိုက်သည့် “ကမ္ဘာကြီးက သေးသေးလေး” ဟူသည်ကို မည်သို့ တုံ့ပြန်ရမှန်း မသိပါလေ။ သို့သော် သူမက အခြား မေးခွန်းတစ်ခုကိုသာ စိတ်ဝင်စားနေပါ၏။
“ဒုတိယအစ်ကိုဖူ၊ ဒီ မမချန်ချန်နဲ့ အစ်ကို ဘယ်လို တွေ့ခဲ့တာလဲဟင်”
သူ၏ ချစ်သူကောင်မလေးနှင့် ဘယ်လိုတွေ့ခဲ့လဲ အမေးခံလိုက်ရသည့်အခါ ပုံမှန်ဆို ရူးကြောင်ကြောင် အမူအရာသာ ရှိတတ်သည့် ဒုတိယသခင်လေးဖူ၏ အမူအရာက ရှက်ရွံ့ကာ လွမ်းဆွေးသည့် အသွင် ဖြစ်သွားပြီး
“အဲဒါ နေ့လည်ခင်း တစ်ခုမှာပေါ့။ ငါ့အလုပ်ကို အချိန်မီ ပြီးဖို့ ကော်ဖီဆိုင်မှာ အပြေးအလွှား သွားလုပ်ခဲ့တာ။ ငါ့အခန်းကို ပြန်မဲ့အချိန်မှာပဲငါ ထီးယူလာဖို့ မေ့သွားတာကို သတိရသွားတယ်လေ။ ချန်ချန်က အဲဒီဆိုင်မှာ အချ်ိန်ပိုင်း အလုပ်လုပ်နေတာ။ ငါ့မှာ ထီးမပါလာတာကို ချန်ချန်က တွေ့သွားပြီး သူ့ထီးလေးကို ငါ့ဆီ ငှားပေးလိုက်တာ။ အဲဒီကနေစပြီး ငါတို့ တစ်ယောက်နဲ့တစ်ယောက် အသိအကျွမ်းတွေ ဖြစ်သွားတာပဲ”
သူတို့ ဘယ်လိုတွေ့ဆုံခဲ့လဲဆိုသည့် ယခုလို ရိုမန်တစ်ဆန်ဆန် ဇာတ်လမ်းလေးကိုသာ ပြောပြလိုက်လျှင် သူ့မိဘများနှင့် ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူ့အနေဖြင့် ချန်ချန့်အပေါ် ချစ်မြတ်နိုးနေကြောင်း သိရှိကာ အသိအမှတ်ပြု လက်ခံပေးလိမ့်မည်ဟု ဒုတိယသခင်လေးဖူက တွေးထင်ထားခဲ့ခြင်းပင်။
သူ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မမျှော်လင့်ထားစွာဖြင့်ပင် အရွယ်ရောက်ပြီးသား လူကြီးများက တုပ်တုပ်မျှ မလှုပ်ကြရုံသာမက သူ၏ ဝမ်းကွဲနှင့် ရှီလီတို့ကို ကြည့်ရတာတောင် သူတို့၏ မျက်လုံးထဲမှာ စိတ်မဝင်စားသည့် အရိပ်အရောင်များ ရှိနေသည်ကို တွေ့လိုက်ရကာ သူတို့၏ မျက်လုံးထဲမှာလည်း ထိုစကားသုံးခွန်းသာ ရှိနေသလိုပါပင်။ * ဒါ အကုန်ပဲလား *
94 02
သူတို့ အကုန်လုံး ဘယ်လိုဖြစ်လို့ အခုလိုတွေ ဖြစ်နေရတာလဲဟင်။
ဤမျှ ရိုင်းပျသည့် အပြုအမူမျိုးက သူနှင့်ချန်ချန်၏ သန့်စင် အပြစ်ကင်းလှသည့် အချစ်ကို အသရေ ညှိုးနွမ်းအောင်ပြုရာ ရောက်လေသည်။
ရှီလီကမူ ပုံမှန်အတိုင်း ခေါင်းပဲ ညိတ်လိုက်ကာ
“ ကျမ ခုချိန်ထိ ဘာကြောင့် ကောင်လေး မရသေးတာလဲလို့ စဥ်းစားနေတာ”
ရှီလီ၏ စကားများကို ကြားသည့်အခါ ဒုတိယသခင်လေးဖူက သူ၏ အချစ်ဇာတ်လမ်းကြောင့် ဒီမိန်းကလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီဟု သူ့ဘာသာ တွေးလိုက်မိ၏။
သူ အစောနက မှားယွင်းသွားခြင်းပင်။ ကောင်မလေး၏ မျက်လုံးထဲမှာ သူမြင်လိုက်ရသည်က စိတ်မဝင်စားသည့် အမူအရာ မဟုတ်ဘဲ ခံစားနေရတာတဲ့လား။
နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က သူနှင့်အတူ အသုံးတော်ခံပေတော့မည်။ ထို့ကြောင့် ဒုတိယသခင်လေးဖူသည်လည်း ဇာတ်ပို့ကဏ္ဍကို အလျင်အမြန် ပါဝင် သရုပ်ဆောင်လိုက်လေသည်။
“မင်း ဘာအဓိပ္ပါယ်လဲ”
ဗီလာအတွင်းမှ လူတဝက်လောက်က နားစွင့်ထားကြ၏။ ရှီလီ၏ မိဘများက သူတို့သမီး၏ ချိန်းတွေ့ခြင်းကို ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဖူးပေ။ သို့သော် ယခု သူတို့သမီးက Relationship.တစ်ခု ရှိလာကောင်း ရှိလာနိုင်သည်ဟု ကြားရသည့်အခါ သူတို့က အတော်ကြီးကို စိုးရိမ်သွားပါ၏။
ရှီလီခမျာ ချုပ်တည်းထားရသည့် အမူအရာမျိုး သရုပ်ဖော်လိုက်ကာ”
“ဖြန်နိုင်တာ ကျမက အရမ်းကို သတိကြီးလို့ ဖြစ်မှာပါ။ လူစိမ်းတွေက ခြိမ်းခြောက်နိုင်တဲ့ အလားအလာ ရှိတယ်လို့ ကျမက မြင်နေတာလေ။ လူတိုင်းက ဒုတိယအစ်ကိုဖူလို ဘယ်သူမှ ရိုးသားကြတာမှ မဟုတ်တာ။ မဟုတ်ရင် မမချန်ချန်လိုပဲ ကျမလည်း လူစိမ်းတွေကို ယုံရင် ယုံရဲမှာပေါ့”
ဒုတိယသခင်လေးဖူ.???
ရှီလီက ဆက်ပြောပြန်သည်။
“တကယ်လို့ ကျမသာ အကို့နေရာမှာဆို လူစိမ်းတစ်ယောက်က ထီးကြီးယူပြီး ကျမဆီ ရုတ်တရက် ချဥ်းကပ်လာတာ ဖုံးကွယ်ထားတဲ့ အကြံအစည်နဲ့ ကျမကို ရိုက်စား လုပ်ချင်လို့များလားဆိုပြီး တွေးမိမှာ။ တကယ်လို့ ကျမက မမချန်ချန် ဆိုရင်တော့ ကျမ ထီးကို လူစိမ်းတစ်ယောက်ဆီ လွယ်လွယ်ကူကူ ငှားလိုက်မှာ မဟုတ်ဘူး။ ဘာလို့ဆို ကျမ ထီးကို သူတို့ ပြန်မပေးမှာ ကြောက်လို့လေ။ ဒီလို ယောကျာ်းရင့်မာကြီး မိုးစိုတာ ဘာအရေးလဲ။ ဒါပေမဲ့ ကျမကတော့ ထီးပျောက်မှာလေ။ တကယ်လို့ ကျမက တခြားမိန်းကလေးတစ်ယောက်ဆိုရင်တော့ ငှားမှာက ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လေ”
ဒုတိယသခင်လေးဖူခမျာ နှစ်စက္ကန့်မျှ ကြက်သေ သေသွားပြီး ရှီလီ၏ အမျှင်မပြတ် အတွေးများကို နားလည်နိုင်ရန် ရုန်းကန်နေရပါ၏။
“ညီမလေး၊ အဲဒါက မင်း ဘာလို့ ကောင်လေး မရတာလဲဆိုတဲ့ အကြောင်းပြချက်ပဲလေ။ မင်းရဲ့ အဲဒီအန္တရာယ်ရှိ သူစိမ်း ဆိုတဲ့ သီအိုရီအရ မင်း ဘဝတလျှောက်လုံး လက်တွဲရမဲ့ ကောင်လေးသာ ရလာခဲ့ရင် ငါနေ့တိုင်း လက်ဝါးပေါ်တင်ပြီး လမ်းလျှောက်ဖြစ်လိမ့်မယ် ထင်တယ်”
ရှီလီ၏ ဖခင်နှင့်ဟွမ်ကျဲ…ကောင်းတယ်။ အခုမှပဲ ငါတို့လည်း အလွယ်တကူ အနားယူနိုင်တော့တယ်။ ငါတို့ရဲ့ အဖိုးတန်သမီးလေးက သူ့နှလုံးသားကို သော့ နှစ်ထပ်တောင် ခတ်ထားတာပဲ။
ရှီလီ၏ စကားများကြောင့် နက်နက်ရှိုင်းရှိုုင်း သဘောခွေ့သွားရသည့် ဖူကတော်က
“ငါ့ရဲ့ ချစ်တူမလေးကတော့ အဒေါ်စကားကို နားထောင်တာပဲ။ သမီး အတွေးက အရမ်းမှန်တယ်။ လူစိမ်းတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ခိုအောင်းနေမလဲဆိုတာ ဘယ်သူက သိနိုင်မလဲ။ ပိုပြီး သတိထားလေ ပိုကောင်းလေပဲ။ အထူးသဖြင့် ဒေါ်လေးတို့ မိသားစုလိုပေါ့။ ဒို့မိသားစုကို စေတနာဆိုးနဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေလည်း အပြင်မှာ အများသားကိုး”
ဖူကတော် အရိပ်အမြွက်ဖြင့် ပြစ်တင်စွပ်စွဲလိုက်သည်က မည်သူ့ကို ဖြစ်ကြောင်း ရှင်းလင်းလှလေသည်။
94 03
သို့သော် ဒုတိယသခင်လေးဖူကမူ သူ့မိခင်က သူ့ကောင်မလေးကို စောင်းပါးရိပ်ခြည် ပြောနေသည်ကို သဘောမပေါက်ဘဲ မျိုးဆက်သစ် လူငယ်တို့၏ အသိပညာကို ရှေးရိုးစွဲ အမြင်ဖြင့် ကြည့်နေသည်ဟုသာ တွေးမိလေသည်။
ရှီလီလို ခေတ်ပညာတတ် မိန်းမပျိုလေးကတော့ သူ့အမေ၏ ပဒေသရာဇ်ခေတ်မှ မဟုတ်တရုတ် စကားများကို သဘောတူမည် မဟုတ်ဟု သူယုံကြည်လေသည်။
ရှီလီကလည်း ခေါင်းညိတ်လိုက်၏။
“ကျမ နားလည်ပါတယ် ဒေါ်လေး။ လန်မိသားစုရဲ့ မင်္ဂလာပွဲကို ကျမလည်း တက်ခဲ့တာပဲလေ။ အဲဒါကြောင့် ကျမမှာ လေးလေးနက်နက် ခံယူချက်တစ်ခု ကျန်ခဲ့တယ်။ ဒါကြောင့်သာ ကျမတို့က ဂုဏ်ရည် အသိုင်းအဝိုင်း တူတဲ့လူမျိုးကိုပဲ လက်ထပ်တာ အကောင်းဆုံးပဲ။ အဲဒါမှ ကျမတို့က မလိုအပ်တဲ့ စွန့်စားမှုတွေကို ဖယ်ထုတ်ပြီးသား ဖြစ်မဲ့အပြင် တစ်ယောက်ယောက်က ကျမတို့ရဲ့ စည်းစိမ်ချမ်းသာတွေကို အတင်းကြီး အမွေဆက်ခံခွင့် လုလာမဲ့ ဖြစ်နိုင်ချေတွေကိုလည်း လျှော့ချနိုင်မှာပေါ့”
ဖူကတော်ကား ရှီလီနှင့် သားချင်း တော်စပ်ဖို့အထိပင် စိတ်အားထက်သန်လာ မိလေသည်။ ဤကလေးမ၏ အတွေးများက သူမနှင့် တန်းတူလှ၏။ ဟွမ်ကျဲက ဒီလို အံ့သြစရာ ကလေးမျိုးကို ဘယ်လိုများ ပျိုးထောင်ခဲ့ပါလိမ့်နော်။
အကယ်၍များ ဤကလေးလေးသာ သူမ ကလေး ဖြစ်လိုက်ပါလျှင်။
ထိုသို့သော အတွေးမျိုး သူမ စိတ်ထဲ ဖြတ်သန်းသွားသည့်အခါ ဖူကတော်မှာ စိတ်ထဲကနေ သူမဘာသာ အပြစ်တင်လိုက်၏။
၎င်းက သူ့သားကို မချစ်မမြတ်နိုး၍ မဟုတ်ပါဘဲ အခြားသူ၏ ထက်မြက်သည့် သမီးလေးကို သူ့ ချစ်မြတ်နိုးရသည့် သားနှင့် လဲလှယ်ချင်သည့် စိတ်က မှားနေသည်ဟု ခံစားရသောကြောင့်ပင်။ တကယ်တမ်းမှာတော့ သူမက ထိုသို့သော အရာမျိုးကိုလည်း မလုပ်နိုင်ပါပေ။
“ညီမလေး၊ မင်းက အရမ်းငယ်သေးတာကို ငါ့မိဘတွေလို တွေးနေတယ်။ အဲဒါက မကောင်းဘူးနော်။ ဒီလို သတိကြီးကြီး ထားနေတဲ့ စိတ်မျိုးနဲ့ဆို မင်း ဒီတစ်သက်လုံး အချစ်ချိုချိုလေးတွေကို ဘယ်လို ရှာတွေ့နိုင်ပါ့မတုန်း”
ဒုတိယသခင်လေးဖူက စကားကို ဖြတ်ပြောလိုက်၏။
ဖူသခင်မက သူ့ကို ဖျတ်ခနဲ ရိုက်လိုက်ကာ
“သူ့အတွေးက မှန်တယ်။ မင်း ပါးစပ်ကို ပိတ်ထား။ သူ့စကားကို ဘယ်လိုတောင် ကြားဝင် နှောင့်ယှက်နေတာလဲ”
ထိုရိုက်ချက်မှာ သူမက အားထည့်လိုက်လေရာ ဒုတိယသခင်လေးဖူခမျာ နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားပြီး
“မား ကျနော်က မားရဲ့ သားအရင်းပါနော်။ ကိုယ့်သားကိုယ် ဘယ်လိုတောင် အားကြီးနဲ့ ရိုက်ရတာလဲ”
ဖူကတော်က သူမဘာသာ တွေးလိုက်၏။ မင်းက ငါ့သားအရင်းကြီး ဖြစ်နေလို့ မင်းကို ငါ ဒီထက်ပိုပြီး နာနာလေး မရိုက်တာပေါ့။ မဟုတ်လို့ကတော့ အခု ငါ့ဒေါသ Levelနဲ့ဆို ဒီနေရာမှာတင် နင် အသက်ပျောက်သွားမှာဟဲ့။
အိပ်ခန်းထဲမှ ထွက်လာသည့် ဖုသခင်အိုကြီးက ဒုတိယခင်လေးဖုကို ကယ်တင်လိုက်လေသည်။ ဖူမိသားစု၏ ညစာက အမြဲတမ်း အချိန်မှန်ဖြစ်၏။ ထို့ပြင် ဖုသခင်အိုကြီးကို နေ့စဥ် အိမ်ကို ပြန်ရောက်ပြီးနောက် တစ်ရေးအိပ်ရန် ဇီဝနာရီ ထူထောင်ပေးထားကာ ညစာစားချိန်မတိုင်မီ နိုးလာတတ်ပါ၏။
ဖူသခင်အိုကြီးက မိသားစု၏ မျက်နှာဖုံး ဖြစ်၏။ သူ အိပ်ခန်းထဲမှ အပြင်သို့ ထွက်လာသည့်အခါ ဆူညံနေသည့် ဧည့်ခန်းက ရုတ်ခြည်း တိတ်ဆိတ်သွားပေသည်။
“ဒုတိယလေး ပြန်ရောက်ပြီလား”
“ကျနော် ပြန်ရောက်ပါပြီ အဘိုး”
“အဖေ၊ ကျန်းရန်က သူ့ရဲ့ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်လေးကို ညစာစားရအောင် အိမ်ခေါ်လာတယ်”
94 04
ဖူကတော်က အလျင်အမြန်ပင် ကြားဖြတ် ပြောလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဒုတိယသခင်လေးဖူက သူ့အဘိုးကို အမြဲတမ်း ကြောက်ရသူဖြစ်ကာ ၎င်းက သူ့ချစ်သူမိန်းကလေးဖြစ်ကြောင်း သခင်အိုကြီးရှေ့မှာတော့ ရှင်းပြဝံ့မည် မဟုတ်ပေ။
မီးဖိုဆောင်ကမူ ဒုတိယသခင်လေးဖူက သူ့ချစ်သူကို အိမ်ခေါ်လာပေရာ ပြင်ဆင်ပြီးသား ဟင်းပွဲများက လုံလောက်မည် မဟုတ်ကြောင်း သဘောပေါက်သွားပြီး ဟင်းပွဲနှစ်ပွဲကို ကပျာကယာ ချက်ပြုတ်လိုက်ပြီး ထပ်တိုးလိုက်ရပေသည်။
စားပွဲပေါ်မှာ ရှိသည့် အစားအသောက်များက အမြဲလိုလိုပင် စားမည့် လူဦးရေ အရေအတွက်ကို အခြေခံကာ ပြင်ဆင်ပေးခြင်းပင်။ ၎င်းက ဖူမိသားစုမှာ လူတွေ အများကြီး အတူစုဝေးစားသောက်ကြသည့် ရှေးယခင် အချိန်ကတည်းကပါပင်။ ထို့ကြောင့် ဖူသခင်အိုကြီးက စားပွဲပေါ်မှာ ပြည့်နေသည့် ဟင်းပွဲများကို မြင်သည့်အခါ သူ့ ဝသီအလျောက် ပြောထွက်သွားလေသည်။
“နောက်ကျရင် မိသားစု တစ်နပ်စာအတွက်တော့ ဒီလောက် လက်မဖွာနဲ့နော်။ ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်လေး အတိုင်းပဲ ချက်ကြ”
“အဖေ့စကားက မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့က စားမဲ့လူ ပိုများတယ်လေ။ ကျန်းရန်နဲ့ ဟွေ့ရှင်း နှစ်ယောက်စလုံး အိမ်မှာ ရှိနေတာကို။ ဒီ ကောင်လေး နှစ်ယောက်က အစားကြီးတယ်လေ။ ဘယ်ဟာမှ အလေအလွင့် မဖြစ်ဘူး”
ဖူကတော်က ချောချောမွေ့မွေ့ပင် ပြန်ဖြေလိုက်ကာ ဤအပိုအစားအသောက်များက ဧည့်သည်များအတွက် ပြင်ဆင်ပေးထားတာဖြစ်ကြောင်း မဖော်ပြလိုက်ဘဲ ထိုအစား ကျန်းရန်နှင့် ဖူဟွေ့ရှင်း၏ အကြိုက်များဖြစ်သည်ဟု မှတ်ယူစေလိုက်၏။
လူကြီးများက မျိုးဆက်သစ် ကလေးများ အစားကောင်းကောင်း စားသည်ကို မြင်သည့်အခါ နှစ်သက်တတ်သည်ပင်။ ထို့ကြောင့် သူ့မြေးနှစ်ဘောက်က အများကြီး စားနိုင်ကြောင်း သူ ချွေးမက ပြောလာသည့်အခါ ဖူသခင်အိုကြီးက စိတ်ကျေနပ်သွားတော့သည်။
“အလေအလွင့် မဖြစ်ဘူးဆိုရင်လည်း ပြီးတာပါပဲ”
ဤညနေ၏ ညစာ စားချိန်ဝယ် ဖူသခင်ကြီးက စားပွဲ၏ ထိပ်ဆုံးမှာ ထိုင်ကာ ဖူမောင်နှံကမူ သူ့ဘယ်ဘက် ပထမနှင့် ဒုတိယနေရာ ခုံမှာ ထိုင်ကြ၏။ ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲကမူ ဖူမောင်နှံနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လေသည်။
ပုံမှန်ဆိုလျှင် သူ၏ နိမ့်ပါးသော အဆင့်အတန်းကြောင့်ရော ငယ်ရွယ်သည့် အသက်အရပါ ဖူဟွေ့ရှင်းက စားပွဲ၏ နောက်ဆုံးမှာပဲ ထိုင်သင့်တာဖြစ်၏။ သို့သော် ယနေ့မှာ သူက မမျှော်လင့်စွာဖြင့်ပင် အဆင့်မြင့်သည့် ခုံမှာ ထိုင်ရပြီး ဖူကတော်၏ ဘေးကပ်ရပ် ခုံမှာဖြစ်ကာ ဒုတိယသခင်လေးဖူထက်ပင် မြင့်မားနေသေးသည်။
ဒုတိယသခင်လေးဖူကမူ ဤလုပ်ရိုးလုပ်စဥ်များကို သိပ်အများကြီး ဂရုစိုက်နေသည် မဟုတ်သော်လည်း သူ့မိခင်၏ နေရာချထားပေးမှုကို အတော်လေး ပဟေဠိ ဖြစ်ရလေသည်။
ဖူကတော်ကမူ သူ့ကို အကြောင်းပြချက်ကောင်းလေး ပေးလာပါ၏။
“ရှီလီက သူ့မိဘတွေ ဘေးနားမှာပဲ ထိုင်သင့်တာလေ။ ပြီးတော့ ချန်ချန်က ရှီလီရဲ့ ဘေးကပ်ရပ်ခုံမှာ ထိုင်ရမှာ။ ငါ ဒီလို စီစဥ်တာက မင်း ချန်ချန်နဲ့ မျက်နှာချင်းဆိုင် ထိုင်လို့ရအောင်လေ။ မင်း အကျိုးကို ကြည့်တာပါနော်”
အမှန်တော့ ဖူကတော်က ဒုတိယသခင်လေးဖူ မြင်ကွင်းထဲမှာ ရှိနေမည်ကို ဒေါသထွက်ခြင်းဖြစ်ပြီး ညစာစားချိန်အတွင်း သူမ၏ စားချင် သောက်ချင်စိတ်များကိုလည်း မဖျက်ဆီးလိုပေ။ ထို့ကြောင့်သာ ဖူဟွေ့ရှင်းကို သူတို့ကြားမှာ ထားကာ ဝေးနိုင်သမျှ ဝေးအောင် စီစဥ်လိုက်ခြင်းပေတည်း။ ဒီကောင် မိသားစုထဲမှာ ရှိမနေသလိုမျိုး မျက်ကွယ်ရာမှာထား၊ စိတ်ထဲကနေ ထုတ်လိုက်။
ဒုတိယသခင်လေးဖူကမူ သူ့အမေက စကားကြမ်းကြမ်းများ ပြောနေသော်လည်း ကြင်နာနူးညံ့လှချည့်ဟု တွေးမိကာ နက်နက်ရှိုင်းရှိုင်း လှုပ်ရား သက်ဝင်ရတော့၏။ သူမက နှုတ်ရေးဖြင့် ကန့်ကွက်နေသော်လည်း သူမက သူနှင့် ချန်ချန်၏ ဆက်ဆံရေးကိုတာ့ အသိအမှတ် ပြုလိုက်ပြီဟု ယုံကြည်နေတော့သည်။
******
95 01
အပိုင်း 95.
ထိုဒုတိယသခင်လေးဖူက အလွန်ကို ထုံထိုင်း နုံအသူဖြစ်ပြီး သူ၏ စိတ်ခံစားချက် အလုံးစုံကို မျက်နှာထက်မှာ ရှင်းရှင်းလင်းလင်း ချရေးထားသလိုပါပင်။ ရှီလီခမျာ အတော်ကြီး အံ့သြသွားရကာ သူမဘာသာ တိတ်တိတ်လေး တွေး၏။( ဖူမိသားစုက ဒီလို “လူအ” မျိုးကို ဘယ်လိုတောင် ပျိုးထောင်ခဲ့တာလဲဟယ်)
ဖူမိသားစုက ထင်ရှားကျော်ကြားသည့် မျိုးနွယ်စု ဖြစ်၏။ သို့သော် ယခုလို ယုံလွယ်သည့် လူတစ်ယောက်အဖြစ် ပျိုးထောင်ခဲ့ပုံအရ ယခု ရှေ့မှ ဤလူမှာ သခင်လေးအတုတောင်မှ ဖြစ်နိုင်ချေ ရှိမနေတော့ပေ။
ဖူဟွေ့ရှင်းခမျာ ကူကယ်ရာမဲ့စွာဖြင့်ပင် သူ့ဝမ်းကွဲကို တချက်မျှ ဝေ့ကြည့်လိုက်ရာ သူ့ဝမ်းကွဲ၏ မျက်နှာ အမူအရာကဖြင့် Three Stooges* မှ လူရွှင်တော်၏ မျက်နှာဖြင့်ပင် ဆင်တူရိုးမှား ဖြစ်နေတော့၏။
(Three Stooges= လူရွှင်တော် ရုပ်ရှင်)
ချက်ချင်းဆိုသလိုပင် သူက ထို စီးပွားရေးသူလျှိုအမျိုးသမီးက သူ့ကို ဘာကြောင့် ချဥ်းကပ်ခဲ့လဲ နားလည်သွားပေပြီ။
ယခုထိတိုင် ကျောင်းတက်နေဆဲဖြစ်ပြီး စီးပွားရေးကိစ္စတွေမှာ ပါဝင်ခွင့် မရှိသေးသည့် သူဒုတိယအစ်ကို ကို ဤမိန်းမ အဘယ်ကြောင့် လှည့်စားရသနည်း ဟူသည်ကို သူ ပဟေဠိ ဖြစ်ခဲ့ရပေသည်။ သူ၏ ကိုယ်ရည်ကိုယ်သွေးအရ အနာဂတ်ကျ မိသားစု၏ စီးပွားရေး လည်ပတ်မှု ဗဟိုချက်မများကို သူ ဆက်ခံခွင့်ရဖို့က နည်းပါးလှသေးသည်။ ယခုမူ သူ နားလည်သွားပေပြီ။
ဤတစ်မိသားစုလုံးတွင် သူ၏ ဒုတိယဝမ်းကွဲအစ်ကိုထက် ပိုပြီး မိုက်မဲ တုံးအသူ တစ်ယောက်မှ မရှိသောကြောင့်တည်း။
ဒုတိယဝမ်းကွဲအစ်ကို ကို ပစ်မှတ်ထားခြင်းက ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက် ပြန်ရမည့် အင်မတန် ပြောင်မြောက်သော ဗျူဟာဖြစ်ကာ ထိုအရူး၏ ဂန္တဝင်တန်ဖိုးကတော့ ငွေကြေးဖြစ်ပေမည်။
လုပ်ငန်းလျှို့ဝှက်ချက်များ ခိုးယူခြင်းကတော့ ထိုလူကုန်ကူးမကြီး မည်သို့ ရှေ့ဆက်မည် ဆိုသည့်အပေါ်ပဲ မူတည်နေပေသည်။
ဖူမိသားစုက ရှေးရိုးဆန်သူများ ဖြစ်ကြကာ လက်ရှိ သက်ကြီးဝါကြီးများနှင့်တူ အစားစားနေစဥ် စကားမပြောရဟူသည့် ထုံးတမ်းကို လိုက်နာ ကျင့်သုံးနေဆဲပါပင်။ ထို့ကြောင့် ညစာ စားနေစဥ် ထမင်းဝိုင်းမှာ မည်သူကမှ စကားမပြောကြပေ။
ထိုလူကုန်သည် မိန်းမပျိုလေးကတော့ သူ၏ ရည်းစားကောင်လေးနှင့် အဓိပ္ပါယ် ပြည့်ဝသည့် အကြည့်များ ဖလှယ်လိုပါ၏။ သို့သော် ထမင်းစားပွဲက နှစ်မီတာ နီးပါးမျှ ကျယ်ဝန်းပေရာ အငွေ့ထောင်းထောင်း ထနေသည့် မွှေးပျံကြိုင်လှိုင်သည့် ဟင်းပွဲများသာ သူတို့ကြားမှာ ရှိနေပေသည်။
ဒုတိယသခင်လေးဖူကတော့ ထိုရင်ဖိုဖွယ်ရာ အကြည့်များကို လက်မခံလေရာ သူမခမျာ အခန်းပတ်ချာလည်ကို မျက်စိကစားသူသာ ဖြစ်ရလေတော့၏။
အနီးမှာ ထိုင်နေသည့် ရှီလီသည်လည်း ထိုဆက်စပ် ပျက်စီးမှု ဖြစ်လာမည်က မလွဲဧကန်ပါပင်။ ဗို့အားတသိန်းမျှ ပြင်းထန်သော လျှပ်စစ်စီးကြောင်းက သူမ ခန္ဓာကိုယ်တစ်လျှောက်ကို ဖြတ်သန်း စီးဆင်းသွားလေရာ သူမခမျာ ထိတ်လန့်တုန်လှုပ်ခြင်းကို ငြိမ်သက်စေရန် ထမင်းတလုတ်မျှကို အကြောက်ကြောက်အလန့်လန့်ဖြင့် မျိုချရတော့သည်။
(ဒုတိယသခင်လေးဖူ မငြင်းပယ်နိုင်တာ မဆန်းတော့ပါဘူး။ မိန်းမဖြစ်တဲ့ ငါတောင်မှ နှလုံးတွေ တလှပ်လှပ် ခုန်သလို ခံစားနေရတာကြီး) ရှီလီက သူမဘာသာတွေး၏။
ပုံမှန်ဆို ညစာ စားသောက်ပြီးသည့်အခါ ဖူမိသားစုသခင်အိုကြီးကို ဖူသခင်ကြီးနှင့် ဖူကတော်က အဖော်ပြုကာ ဗီလာတဝိုက်ကို လမ်းလျှောက်ကြတာ ဖြစ်၏။ သို့သော် ယခုက အိမ်မှာ ဧည့်သည်တွေ ရောက်နေလေရာ ဖူသခင်ကြီးက သူ့သားနှင့် ချွေးမကို ဧည့်သည်များကို ဧည့်ခံခိုင်းလိုက်ပြီး သူကမူ မိသားစု ဥယျာဥ်မှူးဖြစ်သည့် အဘိုးကြီးကျိန့်နှင့် လမ်းလျှောက်ထွက်သွားပါ၏။
ဖူမောင်နှံကမူ သူတို့၏ စကားဝိုင်းကို သခင်အိုကြီး နားစွန်နားဖျား ကြားကာ ဝမ်းနည်းသွားလိမ့်မည်ကို ကာကွယ်ရန် တမင် ပထုတ်လိုက်ခြင်းတည်း။
ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲကမူ မူလတုန်းကတော့ ညစာစားပြီးသည့်အခါ ဖူမိသားစုနှင့် စကားဝိုင်းဆက်ပြီး နှစ်မိသားစုကြား ဆက်ဆံရေး တိုးတက်လာအောင် ပြုလုပ်လိုခဲ့ခြင်းပင်။ သို့သော် အိမ်ရှင်မိသားစုမှာက မိသားစုကိစ္စများ ဖြစ်ပေါ်လာပေရာ သူတို့အနေဖြင့် တရစ်ရစ် ဝဲနေခြင်းက မယဥ်ကျေးရာ ကျပေသည်။
95 02
အကယ်၍ သူတို့သာ ဒီမှာ ညစာစားကြဖို့ သဘောမတူခဲ့လျှင် ဤပုံမှန်မဟုတ်သည့် အခြေအနေအောက်မှာ ညစာတနပ်ကို စားဖို့သော်မှ မသင့်လျော်လှပေ။
ဟွမ်ကျဲတို့ ဇနီးမောင်နှံက ပြန်ချင်ပြီ ဖြစ်သော်လည်း ရှီလီကမူ မပြန်ချင်သေးပေ။ ဤဇာတ်ထုပ်ကြီးက သူမရှိရာသို့ မှန်မှန်ကန်ကန် ရောက်ရှိလာမှတော့ စောင့်ကြည့်လို့ မရစရာ အကြောင်းပြချက် ဘယ်မှာရှိပါ့မလဲ။ သူမက အတင်းအဖျင်းတွေကို ရှာဖွေဖို့ ပုံမှန်အတိုင်း တက်ကြွနေပေ၏။
ရှီလီ၏ မိဘများက သူ့သမီး စိတ်ထဲမှ ငိုကြွေးသံများကို မကြားနိုင်သော်ငြား သူမ မျက်စိသူငယ်လေးမှတဆင့် သူတို့ သမီးလေးကတော့ အိမ်မပြန်ချင်သေးသည်ကို မြင်နေရပါ၏။
ထိုဇနီးမောင်နှံက တွေးသည်။ (ဒို့သမီးလေးခမျာ ဘာဝါသနာမှလည်း များများစားစား ရှိရှာတာမဟုတ်ဘူး။ အတင်းအဖျင်း ကြိုက်တာလေးပဲရှိတာကို။ မိဘတွေလုပ်နေပြီး ဒါလေးတော့ မလိုက်လျောပေးသင့်ဘူးလား)
ထို့ကြောင့် ပြောထွက်ဖို့ရန် ပြင်ဆင်ထားသည့် စကားလုံးများကို လည်ချောင်းအတွင်းသို့ ပြန်မြိုချလိုက်တော့သည်။
သမီးလေး၏ ပျော်ရွှင်မှုအတွက် ရှီလီ၏ ဖခင်လည်း အံကို တင်းတင်းကြိတ်ကာ ကုမ္ပဏီချင်း ပူးပေါင်းဆောင်ရွက်ဖို့ရန်နှင့် အနာဂတ် စီးပွားရေး အစီအစဥ်များကို ဆွေးနွေးရလေသည်။
ထိုသာမန်မျှသော သာမညောင်ည စကားဝိုင်းက တစ်ခုသော အရေးကြီး ဝိသေသ ကိစ္စတစ်ခုသို့ ရောက်ရှိသည့်အခါ ဆင်ခြင်တုံတရားအပြည့် ရှိနေသည့် ပိုင်ချန်ချန်၏ အကြည့်များကို ရှီလီက သတိပြုမိသွားခဲ့ပါ၏။ သူမက ချက်ချင်းဆိုသလိုပင် စူးစူးရှရှ အော်မြည်နေသည့် ကြက်ပေါက်ကလေးများနှယ် အသွင်ပြောင်းသွားခဲ့ကာ (ပါး အဲဒီအကြောင်း မပြောနဲ့လေ။ ပါးက ဘယ်သူနဲ့ ရှိနေတာလဲ သိရဲ့လား)
သူက ပိုင်စီးပွားရေးလုပ်ငန်းရဲ့ သူလျှို၊ မိန်းမတွေကို လူကုန်ကူးပြီး ကလေးတွေကို စိတ်ကြွစေနိုင်တဲ့ ချန်ချန်နော်။
ရှီလီက ရှေ့သို့ တိုးသွားကာ ရိုင်းပျတတ်သည့် ကလေးလေးနှယ် သူ့မိဘများကို ထိုနေရာမှ အတင်းကာရော ဆွဲထုတ်သွားရန် အသင့်ဖြစ်နေပေပြီ။
ဉာဏ်လျင်လွန်းလှသူ မမလေး ပိုင်ချန်ချန်က သူမ လက်မောင်းကို အလျင်အမြန် လှမ်းဆွဲလိုက်ကာ အဝတ်အထည်များ၊ အိတ်များ၊ ဖိနပ်များနှင့် လက်ဝတ်ရတနာများ အကြောင်း မအားမလပ်နိုင်အောင် ပြောဆိုနေပြီး Sec-gen မိန်းကလေးတို့ နှစ်သက်သော အကြောင်းအရာများပေတည်း။
ယခုမူ သူမအနေဖြင့် ရှေ့ကို ချက်ချင်း တိုးသွားလို့ မရတော့ဘဲ သူမ အိမ်ပြန်ချင်ကြောင်းကိုလည်း ပြောလို့ မရတော့။ ဒါက ရိုင်းပျသည့် အပြုအမူ မဟုတ်တော့ဘဲ သူမမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေပုံ ပေါ်လေသည်။
ရှီလီက လက်လျှော့လိုက်၏။ (ဘာဖြစ်ဖြစ် ကိစ္စတော့ မရှိပါဘူး။ ပြီးတော့ ငါ့အဖေကလည်း သာမန်ကာလျှံကာ စကား ပြောနေတာပဲဟာ။ သက်လတ်ပိုင်း လူကြီးတွေရဲ့ ကြုံရာကျပန်း စကားမျိုးဆိုတာ အတည်မှတ်လို့မှ မရတာ)
(အပြင်လူတွေပါ ရှိနေပြီး လူတွေ ပတ်ပတ်လည် ဝိုင်းနေတဲ့ ဧည့်ခန်းလို နေရာမျိုးမှာတော့ လျှို့ဝှက်သဘောတူညီမှု လုပ်ငန်းတွေ အကြောင်းကိုတော့ ဘယ်သူက ထုတ်ပြောလာပါ့မလဲ)
(မေ့ထားလိုက်တော့။ တောင်စဥ်ရေမရ စကားတွေပဲ ပြောနေပစေ။ မမလေးပိုင်ကတော့ နားထောင်ချင်သပဆိုလည်း သူ့အလုပ်ပဲ)
မမလေးပိုင်ကတော့ အတော်ကြီး အရည်အချင်း ရှိသူဖြစ်ကာ သူမက ရှီလီနှင့်အတူ တောင်စဥ်ရေမရ စကားများ ပြောဆိုနေရင်းက အခြားတစ်ဖက်မှ ဖက်စပ်လုပ်မည့် စီးပွားရေးအကြောင်းများကိုလည်း အပြည့်အဝ အာရုံစိုက်ထားနိုင်ပါ၏။
ဖူသခင်ကြီး အပြင်မှာ လမ်းလျှောက်ထွက်ရာက ပြန်လာသည်အထိ ရှီလီ၏ ဖခင်က စကားပြောနေဆဲပင်။
ပိုင်ချန်ချန်နှင့် စကားပြောနေစဥ် ရှီလီ၏ အသက်မပါသည့် အမူအရာများကို သူက သတိထားမိသွားပြီး သူ့သမီးက ထိုမိန်းကလေးနှင့် စကားမပြောလိုကြောင်းကိုပါ ရိပ်မိသွား၏။
95 03
ထို့ကြောင့် သူက ဖူသခင်ကြီးနှင့် ပြောဆိုတိုင်ပင်နေသည့် စီးပွားရေးအကြောင်းများကို ပါးနပ်စွာ ရုတ်သိမ်းလိုက်လေသည်။
“အခုက နောက်ကျနေပြီ ဆိုတော့ ကျနော်တို့လည်း ပြန်သင့်နေပါပြီ။ နောက်တစ်ခါကျ စကားတွေ အများကြီး ပိုပြောကြတာပေါ့ဗျာ”
“ဒါပေါ့။ ဒါပေါ့။ နောက်တခါကျ ကျနော်တို့ ဆက်ပြီး ဆွေးနွေးကြရအောင်”
နောက်ဆုံးတော့ လွတ်မြောက်ခွင့် ရသွားပြီဖြစ်သည့် ရှီလီက ထရပ်လိုက်ကာ တစ်ညနေလုံး သူမနှင့် စကားစမြည် ပြောနေခဲ့ရသည့် ပိုင်ချန်ချန်ကပါ ထလိုက်လေသည်။
သူမက ရှီလီ၏ လက်မောင်းလေးကို ဦးအောင် ချိတ်တွယ်လိုက်ကာ ပြောလိုက်၏။
“ဒီနေ့ ညီမလေးနဲ့ စကားပြောရတာ အရမ်းကို ပျော်စရာကောင်းတာပဲ။ ဒို့တွေ Contact ဖလှယ်ရအောင်လေ။ ဒို့တွေ အတူတူ Shoppingထွက်ပြီး အနာဂတ်ကျ စားသောက်ဖော်တွေ ဖြစ်လာလို့ ရတာပေါ့”
ရှီလီ?? တစ်ခုခုတော့ လွဲနေသလို ခံစားရတယ်နော်။
ဘေးနားမှ ဒုတိယသခင်လေးဖူကလည်း စကားကို ကြားဖြတ်ပြောလိုက်၏။
“ဟုတ်တာပေါ့။ မင်းတို့ မိန်းကလေးနှစ်ယောက် အတူတူ အပြင်သွားပြီး တစ်ယောက်နဲ့တစ်ယောက် အဖော်လုပ်ပေးလို့ ရသားပဲ”
“ချန်ချန့်မှာက သူငယ်ချင်းလည်း အများကြီး မရှိဘူးရယ်။ သူ့ဘေးနားမှာ ရှိနေတဲ့ ကောင်မလေးတွေကလည်း မနာလိုစိတ် ကြီးပြီး တစ်ခါတစ်လေကျ သူ့ကို ကြဥ်ထားကြတာ”
ရှီလီက တွေး၏။(ဘယ်သူကများ သူ့ကို ကြဥ်ရဲမှာလဲ။ ဒီ ကြာပန်းဖြူမက သူတို့ကို အသံတစ်ချက်မှ မထွက်ဘဲနဲ့တောင် အလစ်သုတ်နိုင်တာကြီး)
(သူ့မှာ သူငယ်ချင်း အများကြီး မရှိတာက အဲဒီလူတွေ အကုန်လုံးကို လူမှောင်ခို ကူးပစ်လိုက်လို့ ဆိုပြီးတော့တောင် ငါ အခိုင်အမာကြီး သံသယဝင်နေပြီ)
ဒုတိယသခင်လေးဖူက ပြောပြန်သည်။
“တစ်ခါတစ်လေ ငါ အလုပ်များနေရင် သူ Shopping ထွက်တဲ့အချိန်တိုင်း သူ့ကို အဖော်ပြုမပေးနိုင်ဘူးလေ။ သူ့စိတ်လေးက အရမ်း ရိုးရှင်းတဲ့အပြင် ကြင်နာတတ်တော့ အလွယ်တကူ အနိုင်ကျင့်ခံရတယ်။ ငါ သူ့ကို တစ်ယောက်တည်း အပြင်ထွက်ခွင့် မပေးရဲဘူး။ လူလည်တွေက သူ့ကို အမြတ်ထုတ်သွားကြမှာကို ငါ အမြဲတမ်း စိုးရိမ်နေရတာ”
သူက ဆက်ပြောပြန်သည်။
“မင်းက ရှီချွမ်ရဲ့ ညီမဆိုတော့ မင်းရဲ့ ကိုယ်ကျင့်စရိုက်ကို ငါ ယုံတယ်။ မင်းသာ ချန်ချန်နဲ့ အတူရှိပေးမယ်ဆို ငါ တကယ် စိတ်အေးရမှာပဲ”
(ရှင်ကတော့ စိတ်အေးနေရပြီ။ ဒါပေမဲ့ ကျမ မိဘတွေကတော့ ကျမကို စိုးရိမ်နေရပြီလေ) ရှီလီက တွေး၏။
မမလေး ပိုင်ချန်ချန်က သူမ၏ Social Media QR Codeကြီးကို ရှီလီရှေ့မှောက်သို့ ထိုးပေးလိုက်တော့၏။
(မားရေ ၊ သမီးကို ကယ်ပါဦး)
ရှီလီခမျာ စိတ်ထဲကနေ အော်ဟစ်လိုက်တော့သည်။
******
96 01
အပိုင်း 96.
ဘာဖြစ်ဖြစ် Contact ပေါင်းထည့်ပေးရုံမျှဖြင့်တော့ မမလေး ပိုင်ချန်ချန်မှာ မည်သို့သော လုပ်နိုင်စွမ်း ရှိနေပါစေ သူမကို ခေါ်ဆောင်သွားဖို့ နည်းလမ်းတော့ ရှိနေလိမ့်မည် မဟုတ်ပေ။
ထိုသို့ တွေးမိသည့်အခါ ရှီလီလည်း သူမ ဘာအန္တရာယ်မှ မရှိနိုင်တော့ပြီဟု ခံစားလိုက်ရ၏။
ထို့ကြောင့် သူမက သူမ ဖုန်းလေးကို ဆွဲထုတ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ရပါတယ်။ ဒါပေမဲ့ ကျမက ကျောင်းသူပဲ ရှိသေးတာ။ ပုံမှန်ဆို အတန်းတွေ အများကြီး တက်ရတယ်လေ။ ကျောင်းဆင်းတာတောင်မှ အိမ်မှာ အိမ်စာတွေ ထပ်လုပ်ရသေးတယ်။ ကျမ မမနဲ့အတူ အပြင်ထွက် စားသောက်ပြီး အချိန်ဖြုန်းဖို့အတွက် အချိန်မအားလောက်ဘူး”
ရှီလီက ယခုမှ အထက်တန်း ကျောင်းသူလေးသာ ရှိသေးကြောင်း ပိုင်ချန်ချန် ကြားလိုက်ရသည့်အခါ သူမက ပိုလို့တောင် စိတ်ကျေနပ်စွာဖြင့်ပင် သူမကို ကြည့်မိလေသည်။
သူမက မည်သည့် စိတ်ခံစားချက်မှ မပါလေဟန်ဖြင့် ရှီလီကို စုန်ချည်ဆန်ချည်မျှ စေ့စေ့စပ်စပ် ကြည့်ရှုလေသည်။ သူမ၏ အကြည့်များက ဈေးထဲမှာ ဝက်သားရွေးနေသည့် တစ်စုံတဦးနှင့် ဆင်တူလှသည်ကို သတိမပြုမိသလို မိမိကျွန် ဖြစ်လာလတ္တံ့သူကို ကျွန်ဈေးမှာ အကဲဖြတ်နေသူနှင့် ပိုလို့တောင် တူနေသည်ကိုလည်း မသိရှိပါပေ။
အကယ်၍များ ရှီလီသာ ပိုင်ချန်ချန်၏ လျှို့ဝှက် လှုပ်ရှားမှုများကိုသာ သိမထားခဲ့လျှင် သူမ မျက်လုံးထဲမှ မည်သည့် ပြဿနာမျိုးကိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် ယခုမူ သူမ၏ ကြိုတင် မှန်းဆနိုင်မှုများကြောင့် ပိုင်ချန်ချန်၏ မျက်လုံးများက အတွက်အချက်များဖြင့် ပြည့်နှက်နေသည်ကို ခံစားရလေသည်။
ပိုင်ချန်ချန်၏ QR Codeကို ရှီလီ Scan မဖတ်ရသေးမီ ဖူဟွေ့ရှင်းက မတ်တပ် ထရပ်လိုက်၏။
“ကျနော်လည်း အစ်မကို Add လိုက်မယ်”
သို့သော် ဖူဟွေ့ရှင်း သူတို့နှစ်ဦးထံ ချဥ်းကပ်လာကတည်းက သူ့(ဖူဟွေ့ရှင်း) ဖုန်းကို မထုတ်ရသေးမီပင် ပိုင်ချန်ချန်က ရှီလီ၏ Contactကို Add လိုက်လေသည်။
မမလေး ပိုင်ချန်ချန်ကတော့ သူတို့ကိုယ် သူတို့ ဆက်သလာသည့် မည်သည့် တစ်စုံတစ်ယောက်မှ မငြင်းပယ်ပါပေ။ ယောကျာ်းလေးများသည်လည်း မိန်းကလေးများကဲ့သို့ အသုံးဝင်သည်ပဲ။
ရှီလီခမျာ ထိတ်လန့် တုန်လှုပ်သွားရ၏။ နာရေးအတွက် စေတနာ့ဝန်ထမ်း လုပ်သူများကို သူမ မြင်ခဲ့ဖူးသော်လည်း ယခုလိုမျိုး မိမိကျောက်ကပ်ကို စေတနာ့ဝန်ထမ်း လုပ်သူမျိုးကိုတော့ သူမ မမြင်ဖူးခဲ့ပေ။
(နင့်ကျောက်ကပ်ကို Bလူမျိူးတွေက လိုအပ်နေတာကိုး)*
(*E trans မှာကိုက B… need your kidneysလို့ ပြန်ထားပါတယ်။)
ဖူဟွေ့ရှင်း… ဘယ်လောက်တောင် ကျေးဇူးမသိတတ်တဲ့ မိန်းမဆိုးလေးလဲလို့။
ရှီလီမှာ မိဘများနှင့်အတူ ဖူမိသားစု ဗီလာမှ ထွက်လာခဲ့ရသော်လည်း ထိုအိမ်တော်မှ လေထုကတော့ ဆက်လက် သက်ဝင်နေဦးမည်ဟု ခံစားနေရ၏။
လက်ရှိ အပြင်လူတွေ ရှိနေသောကြောင့်သာ မဟုတ်လျှင် ဖူကတော်က ထိုမျက်နှာစာကို သူမ မျက်နှာထက်မှာ ကြာရှည် ချိတ်ဆွဲထားလိမ့်မည် မဟုတ်။
ထို့ကြောင့် ရှီလီတို့မိသားစု သုံးဦး ဗီလာမှ ထွက်ခွာသွားသည့်အခါ ဖူကတော်၏ ထိုမျက်နှာဖုံးက ပြုတ်ကျလာလေတော့သည်။
“အခုက အရမ်းနောက်ကျနေပြီ။ ကျန်းရန် အိမ်ပြန်လာဖို့ကလည်း လွယ်တာ မဟုတ်ဘူး။ မင်း ဒီည အိမ်မှာပဲ နေလိုက်တော့”
ဒုတိယသခင်လေးဖူသည်လည်း ထုံထုံအအဖြင့်ပင် ပြန်ဖြေလေသည်။
“ဟုတ်ကဲ့ မား။ ချန်ချန့်အတွက် ဧည့်သည်ခန်း ပြင်ပေးဖို့ အိမ်အကူတွေကို ကျနော် ပြောလိုက်ပါ့မယ်”
ဖူကတော်ခမျာ ထိုရူးနှမ်းလွန်းလှသော သားကို သက်ညှာသည့် အကြည့်တောင်မှ မပေးနိုင်တော့ပေ။
“မမလေးပိုင်က ငါတို့ မိသားစုဝင်မှ မဟုတ်တာကို။ မင်းတို့က ဒီတိုင်း ယောက်ျားလေး သူငယ်ချင်းနဲ့ မိန်းကလေး သူငယ်ချင်းတွေလေ။ သူ့ကို ဒီမှာနေခိုင်းဖို့က အဆင်မပြေလှဘူး။ အတင်းအဖျင်း ပြောစရာတွေ ဖြစ်လာမယ်။ မင်းက ယောကျာ်းလေးဆိုတော့ အတင်းအဖျင်းတွေကို ဂရုစိုက်စရာ မလိုဘူး။ ဒါပေမဲ့ မိန်းကလေးဖြစ်တဲ့ ပိုင်မိန်းကလေးကတော့ မတူဘူးလေ။ ကောလဟလတွေက လူသတ်နိုင်တာ မင်း သိသင့်တယ်။ မိန်းကလေးပိုင်ကို အိမ်ပြန်ပို့ဖို့ ဒရိုင်ဘာကို နောက်အပိုတစ်ကြောင်း မောင်းခိုင်းပြီး ဒုက္ခပေးရတော့မှာပဲ”
96 02
ဖူကတော်၏ စကားများက အဓိပ္ပါယ် ရှိလှပါ၏။ အကယ်၍များ ဒုတိယသခင်လေးဖူက ငြင်းပယ်ချင်လျှင်တောင်မှ သူ့အနေဖြင့် သူ့အမေနှင့် အချင်းများရန် တရားနည်းလမ်းကျသည့် ပျော့ကွက်မျိုးကို ရှာတွေ့နိုင်မည်မဟုတ်။ ထို့ပြင် ထိုငတုံးလေးက သူ့အမေအနေဖြင့် သူ၏ အဖိုးတန်လှစွာသော ချန်ချန်ကို ထည့်တွက်ပေးသည်ဟုပင် တွေးနေသေး၏။
ထိုသိမ်မွေ့သော၊ မွန်မြတ်သော မမလေး ပိုင်ချန်ချန်ခမျာ အကူအညီ မဲ့နေပုံပေါ်ပြီး မည်သည့် ငြင်းပယ်မှုများကိုမှ ယူထုတ်မလာနိုင်သည်မှာ သေချာလေသည်။ သူမက သူမ၏ ချစ်သူကောင်လေးကို စိတ်လက် မချမ်းသာသည့် အကြည့်မျိုး ပေးရန် ကြိုးပမ်းပါသော်လည်း သူမ၏ ချစ်သူကောင်းကြီးကမူ သတိတောင် မထားမိပေ။
ပိုင်ချန်ချန် အနေဖြင့် သူမကို ဖူမိသားစု၏ အိမ်တော်သို့ ခေါ်သွားပါရန် ကျန်းရန်ကို တိုက်တွန်းခဲ့စဥ်ကတည်းက သူမ၏ မိသားစု နောက်ခံကို ဖူမိသားစု သိရှိသွားသည်နှင့် သူမနှင့် ဖုကျန်းရန်၏ ဆက်ဆံရေးကို ဖူမိသားစုက အပြင်းအထန် ကန့်ကွက်လိမ့်မည် ဖြစ်ကြောင်း သိရှိခဲ့ပြီးသားပင်။ သို့သော် ယနေ့ ဖုအိမ်တော်မှာ ဧည့်သည်တွေ ရှိနေခဲ့ပြီး ဖုကျန်းရန်က သူမကို ဖူသခင်ကြီးနှင့် ဖူကတော်တို့ထံမှာ မိတ်ဆက်ပေးခြင်းမှ ဟန့်တားနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ထို့ပြင် သူတို့က သူတို့၏ ချွေးမလောင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် အခွင့်အရေးသော်မှ မရလိုက်ပေ။
ကိစ္စများက သူမ၏ အစီအစဥ်အတိုင်း မဖြစ်မြောက်လိုက်သော်လည်း ယနေ့အတွက်တော့ စို့စို့ပို့ပို့ ရလိုက်သည်ဟု ဆိုရပေမည်။ ဖူကော်ပိုရေးရှင်း၏ အနာဂတ် အစီအစဥ်များအကြောင်း သတင်းအချက်အလက်များကို ကြားလိုက်ရုံမျှဖြင့်ပင် အတော်ကြီး အသုံးဝင်နေပေပြီ။
ထို့ပြင် သူမက ပစ်မှတ် နှစ်ခုကိုတောင်မှ ချိန်ရွယ်ပြီးလေပြီ။
ခြုံပြောရလျှင်တော့ ယနေ့ ရိတ်သိမ်းမိသမျှက အလျှံပယ်ပါပင်။
ဖူဟွေ့ရှင်းက ဖူမိသားစုဝင် တခြမ်းမျှသာ ဖြစ်၏။ မိသားစု အားလုံး တွေ့ဆုံပွဲများ ပြုလုပ်သည့် အချိန်များမှာတောင်မှ သူက ဖူမိသားစု၏ အိမ်ကြီးရခိုင်ပေါ်မှာ ဘယ်တုန်းကမှ ညလုံးပေါက် နေလေ့မရှိပေ။
ပိုင်ချန်ချန် ပြန်သွားသည့် အချိန်တွင် ညကိုးနာရီ ထိုးခါနီးနေပြီး ဖူဟွေ့ရှင်းကမူ မသွားသေးပေ။
သူက ဒီမှာ ညလုံးပေါက်နေဖို့ ရည်ရွယ်ထားသလားဟုပင် ဖူကတော်က စဥ်းစားမိ၏။
သူမက ထိုသို့သာ တွေးနိုင်ပါ၏။ ဘွင်းဘွင်းရှင်းရှင်းသာ ထုတ်မေးလိုက်ပါက သူ့ကို မောင်းထုတ်ရာ ကျပုံပေါ်နေပေမည်။
ဖူဟွေ့ရှင်း၏ ရည်ရွယ်ချက်က မသေချာပေရာ သူမလည်း ဖူဟွေ့ရှင်းအတွက် နေရာထိုင်ခင်းသာ ပြင်ဆင်ပေးလိုက်၏။ သူမ အိမ်အကူများက ထိုဧည့်သည်ခန်း ပြင်ဆင်ဖို့နှင့် အိပ်ရာခင်းများ လဲလှယ်ရန် ပြောလိုက်သည်။
သို့သော် ပိုင်ချန်ချန် ပြန်သွားပြီးနောက်မှ ဖူဟွေ့ရှင်းက ဖူသခင်ကြီးကို အလျင်ဦးအောင် စကား စ ပြောလိုက်လေသည်။
“ဦးလေး၊ ကျနော် ဦးလေးနဲ့ တိုင်ပင်ချင်တဲ့ ကိစ္စတချို့ ရှိပါတယ်”
ဖူဟွေ့ရှင်းက ဤမိသားစုထဲမှာတော့ သိုသိုသိပ်သိပ် နေတတ်သူဖြစ်၏။ ထို့ကြောင့် သူ့ တူတော်မောင်က ကိစ္စတစ်ခုကို အရေးတကြီး ဆွေးနွေးလိုပါသည်ဟု လေးလေးနက်နက် ပြောလာသည်ကို ကြားရသည့်အခါ သူ အနည်းငယ်မျှ အံ့အားသင့်သွားခဲ့ပြီး ဘာကိစ္စဖြစ်မလဲ တွေးမိလေသည်။
ဒုတိယသခင်လေးဖူမှာ သူ၏ ဝမ်းကွဲ ဖခင်ဖြစ်သူနှင့် အရေးတကြီး အလုပ်ကိစ္စ ဆွေးနွေးမည်ကို ကြားသည့်အခါ စပ်စုစိတ်များ တဟုန်ထိုး ဖြစ်ပေါ်လာတော့သည်။ သူက သူတို့နား တိုးကပ်သွားကာ ပြောလိုက်၏။
“ဘာ အရေးကြီး ကိစ္စလဲ။ ငါ့ကိုလည်း ပေးနားထောင်လေ”
၎င်းက သေချာပေါက်ကို သူမသိနိုင်သည့် ကိစ္စမျိုးပါပင်။ ပထမဆုံး ထိုကိစ္စက သူနှင့် ပတ်သက်တာဖြစ်ပြီး ဒုတိယကတော့ အာချောင်တတ်သည့် သူ့ဝမ်းကွဲက ထိုကိစ္စကို အလွယ်တကူ လှစ်ဟပေလိမ့်မည်။
96 03
ဖူဟွေ့ရှင်း မငြင်းပယ်မီမှာပင် ဖူသခင်ကြီးက တင်းမာခက်ထန်သော အကြည့်တစ်ချက်ကို သူ၏ ရူးနှမ်းတုံးအသော သားထံ ပစ်လွှတ်လိုက်၏။
“မင်းနဲ့ မဆိုင်ဘူး။ ဝင်မပါနဲ့”
ဖူဟွေ့ရှင်းက သူ့ဘာသာ တွေးလိုက်၏။ (အဲဒါက သူနဲ့ ပတ်သက်တဲ့ ကိစ္စပဲလေ။ ဒါပေမဲ့ သူ လုံးဝကို သိလို့မရတာတော့ အသေအချာပဲ)
တက်တက်ကြွကြွဖြင့် တဟုန်ထိုး ချဥ်းကပ်သွားသည့် ဒုတိယသခင်လေးဖူကို သူ့ဖခင်ကမူ နားထောင်ခွင့် မပေးလိုက်ပါပေ။
ထိုဒုတိယသခင်လေးဖူက နုံနဲ့တုံးအပြီး ဆိုဆုံးမရန် ခက်လှသော်လည်း အထိန်းအကွပ်မဲ့သည့် ပရမ်းပတာ မိသားစုမှာ အရွယ်ရောက်လာသည် ဟူသည့် အဓိပ္ပါယ် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဖူသခင်ကြီးနှင့် ဖူလူကြီးမင်းတို့က မျိုးဆက်သစ်တို့ရှေ့ဝယ် သူတို့၏ အာဏာစက်ကို တည်တံ့မြဲမြံမှုကို ပြသကာ မိသားစုကို အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဒုတိယသခင်လေးဖူမှာ ခိုးပြီးတော့တောင် နားမထောင်ရဲပေ။
ယခုက သူ့တူအနေဖြင့် အရေးတကြီး လုပ်ငန်းကိစ္စ တိုင်ပင်ရန် သူ့ထံ ပထမဆုံး ချဥ်းကပ်လာသည့် အကြိမ်ဖြစ်ရာ တန်းတူညီမျှ အရေးကြီး ကိစ္စသဖွယ် မှတ်ယူပါ၏။ သူက ဖူဟွေ့ရှင်းကို အရေးကြီး ဧည့်သည်များအား လက်ခံတွေ့ဆုံသည့် အခန်းသို့ ခေါ်ဆောင်လာခဲ့၏။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး သူက သူ့တူအတွက် ရေတဖန်ခွက် ငှဲ့ထည့်ပေးလိုက်သည်။ သူ့အသက်အရွယ်အရ ညဘက် နောက်ကျမှ လက်ဖက်ရည် သောက်ခြင်းက အိပ်ပျော်ဖို့ ခက်ခဲလေသည်။ ထို့ကြောင့် သူတို့က လက်ဖက်ရည်စားပွဲမှာ ထိုင်လိုက်သော်လည်း ရေသာ သောက်နိုင်ပေသည်။
သူ့သားအပေါ်မှာ တင်းမာခက်ထန်ခြင်းမျိုးက ယခု ဖူသခင်ကြီးမှာ မရှိတော့ပြီ။ သူက တူဖြစ်သူကို ကြင်ကြင်နာနာ မေးလိုက်၏။
“မင်း ဦးလေးကို မင်းပြောပြချင်တဲ့ အကြောင်းက ဘာများတုန်း”
စကားစပြောဖို့အတွက် ဖူဟွေ့ရှင်း ဒုက္ခများမည်ကို စိုးရိမ်လေရာ သူကပင် အရင်ဦးအောင် အစ်အောက်ကြည့်လိုက်၏။
“စာလေ့လာတာမှာ ပြဿနာရှိနေလို့လား။ ဒါမှမဟုတ် မင်းအခုတက်နေတဲ့ ကျောင်းမှာ မပျော်တော့လို့ ကျောင်းပြောင်းချင်လို့လား။ မဟုတ်ရင် ကျောင်းအပြင် တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေလို့လား”
ထိုအရာ အားလုံးသည်ကား ဖူသခင်ကြီး စဥ်းစားနိုင်သမျှသော ဖူဟွေ့ရှင်းတို့ အရွယ်မှာ တွေ့ကြုံရမည့် ပြဿနာများသာတည်း။
ဖူဟွေ့ရှင်းကတော့ တည်ငြိမ်အေးဆေးသည့် အမူအရာသာ ရှိနေကာ
“အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး၊ ဒီနေ့ ဝမ်းကွဲအစ်ကို အိမ်ခေါ်လာတဲ့ သူ့အတန်းဖော် ကောင်မလေး အကြောင်းပါ”
“ဘာမှားနေလို့လဲ။ သူနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မင်း ခံစားရလို့လား”
ဖူသခင်ကြီး၏ နှလုံးသားက နွေးထွေးသွားလေသည်။ အမြဲလိုလိုပငိ မိသားစုနှင့် စည်းခြားထားကာ တသီးတခြား နေတတ်ပုံပေါ်သညိ့ သူ၏ တူတော်မောင်က ရူးရူးနှမ်းနှမ်း သူ့သား၏ ချစ်သူကောင်မလေးနှင့် ပတ်သက်သည့် ပြဿနာမျိုးကို သူ့ထံ သတိပေးချင်စိတ် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါပေ။
သူက ထို “လွဲမှားသည်” ဟူသည့် ဖူဟွေ့ရှင်း၏ အဓိပ္ပါယ်မှာ ထိုမိန်းကလေးက ဖုကျန်းရန်နှင့် အတူရှိချင်သည်မှာ သူတို့မိသားစု၏ ကြွယ်ဝချမ်းသာခြင်းများကြောင့်သာ ဖြစ်သည်ဟု ရိုးရိုးစင်းစင်းပင် တွေးထင်မိ၏။
ရိုးရိုးသားသား ဆိုရပါမူ သူတို့၏ လူမှုအသိုင်းအဝိုင်းမှာတော့ ယခုလိုကိစ္စမျိုးက ဖြစ်နေကျပါပင်။
ထို့ကြောင့် သူလည်း အထိုက်အလျောက်တော့ နားလည်နိုင်ပါ၏။ လူတိုင်း လူတိုင်းကတော့ အပြန်အလှန် ဆက်ဆံရေးနေ တစ်စုံတစ်ရာ လိုချင်သူတွေချည်းပါပင်။ သင်က တစ်စုံတစ်ယောက်၏ ငယ်ရွယ်မှုနှင့် အလှအပမှာ ဆွဲဆောင်ခံလိုက်ရသည် ဆိုပါလျှင် ထိုတစ်စုံတစ်ယောက်ကလည်း သင်၏ ချမ်းသာ ကြွယ်ဝမှုများထံမှာ ဆွဲဆောင်ခံ နေရလောက်ပေပြီ။ ၎င်းက လုံးဝကို ပုံမှန် ကိစ္စတစ်ခုပါပင်။
96 04
အမှန်မှာတော့ ထိုမိန်းကလေးကသာ ပစ္စည်းဥစ္စာ မက်မောရုံမျှသာ ဆိုပါလျှင် သူတို့ မိသားစုက သူတို့၏ ချမ်းသာကြွယ်ဝမှုများကို ထိန်းသိမ်းထားနိုင်သ၍ ထိုမိန်းကလေးက သူ၏ ရူးနှမ်းနှမ်း သားနှင့်အတူ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေရုံသာ။
ထိုမိန်းကလေးက ပိုပြီး မသမာမှု လုပ်လျှင်တောင်မှ သူ့သားကို ငွေထုတ်နွားကြီးသဖွယ် သဘောထားကာ ကွာရှင်းပြီးသည့်နောက် မိသားစု ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများကို အချိုးကျ ခွဲပေးရန်သာ တောင်းဆိုမည်သာ။ ဤဖြစ်နိုင်စွမ်းကိုလည်း ထည့်မတွက်လို့ မရနိုင်ပါပေ။
လက်ထပ်ခြင်းမတိုင်မီ ချစ်စိတ် ပြင်းပြခြင်းသည်ကား နောက်ပိုင်းကျ အအေးစက်ဆုံး ဥပေက္ခာများအဖြစ် ပြောင်းလဲသွားမည်သာ။
၎င်းက ဖူသခင်ကြီး၏ အတွေးဖြစ်၏။ ထို့ကြောင့်သာ သူ့တူက သူ့ကို ယခုလို သတိပေးခြင်းသာ ဖြစ်သည်ဟု မှတ်ယူမိလေသည်။
သူ့တူလေးက သူ့ကိုယ်သူ အပြင်လူဟု မမှတ်ယူတော့သည့်အတွက် သူ့မှာ ဖရဏာပီတိ ဂွမ်းဆီ ထိရတော့သည်။ ထို့ကြောင့် ဖူသခင်ကြီးလည်း ထိုအကြောင်းကို သိရှိပြီးသား ဖြစ်လျှင်တောင်မှ သူ့တူ၏ ယုံကြည်မှုများကို ပျက်စီးစေရန် မလုပ်သင့်ဟု တွေးမိလေသည်။ နောက်ကျမှ သူက အံအားသင့်သွားဟန် သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်၏။
ဤကိစ္စအကြောင်းကို သူ့ဦးလေးထံ ဘယ်လို ပါးပါးနပ်နပ်ဖြင့် ပြောပြရပါမည်လဲဆိုတာ ဖူဟွေ့ရှင်းလည်း မသိပါလေတော့။ ထို့ကြောင့် သူက ပြောလိုက်၏။
“သူက ဝမ်းကွဲအစ်ကိုနဲ့ ဆက်ဆံရေး ရှိနေတာက ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်ဘဲ မရိုးရှင်းဘူး”
ဖူသခင်ကြီး၏ အတွေး.. အာ… ဒါက ငါ မျှော်လင့်ထားတာမျိူး မဟုတ်ဘူး။ တကယ်လို့ ဒီမိန်းကလေးက ငါ့သား အနားကို ကပ်လာတာက ပိုက်ဆံတစ်ခုကြောင့် မဟုတ်ရင် တခြား ဘာကိစ္စ ဖြစ်နိုင်မလဲ။ အချစ်အတွက်ကြောင့်များလား။ ဒီမိန်းကလေးက ငါ့သားလို လူတစ်ယောက်ကို အမှန်တကယ်ကြီး စိတ်ဝင်စား နေတာပေါ့လေ။