အခန်း (၉၇-၁၀၀)
Vol. 5 Ch. 97-100
97 01
အပိုင်း 97.
ဒါကလည်း မှန်ကန်မနေသေးပေ။ ယခုမူ ထိုမိန်းကလေးက တစ်စုံတစ်ရာ လွဲမှားနေပြီဟု ဖူဟွေ့ရှင်းက ပြောလာလေပြီ။
ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်ဘူးဟု သူက ဆိုလာသည့်အခါ ဒါက သိပ်ပြီးတော့ ရှေ့နောက် မညီတော့ပေ။
ပုံမှန်ဆို သူ့စိတ်ကို ထိန်းချုပ်ထားနိုင်စွမ်းသည့် ဖူသခင်ကြီးမှာ ယခုမူ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကြီးကို တပ်ဆင်ထားပါ၏။
ဆယ်မိနစ်မျှ ကြာပြီးသည့်နောက်မှာတော့ သူ၏ မတိုင်မီက မျက်နှာနှင့် ယခုမျက်နှာကို ယှဥ်ကြည့်သော် တည်ငြိမ်အေးဆေးသွားပုံ ပေါ်လေသည်။
သူ သိရှိထားသည့်အရာကို သူ့ဦးလေးထံသိူ့ လိမ္မာပါးနပ်စွာ ပို့ဆောင်လိုက်ပြီး သကာလ ဖူဟွေ့ရှင်းသည်လည်း ပုံမှန် သာမန်ကာလျှံကာ ပုံစံမျိုးဖြင့် ထိုဧည့်တွေ့ခန်းထဲမှ ထွက်ခွာလာခဲ့၏။
တစ်ယောက်တည်း ကျန်ခဲ့သည့် ဖူသခင်ကြီးမှာ ဗလာအခန်းလွတ်ကြီးကို ငေးကြည့်နေရင်းက သူ့ဘဝ၏ နေမထိထိုင်မသာ အဖြစ်ဆုံး အမူအရာဖြင့် ကျန်နေခဲ့လေသည်။
ကြက်သီးနွေးမျှ ပူနေသေးသည့် လက်ဖက်ရည်အိုးထဲမှ ရေကတော့ အေးစက်သွားခဲ့တာ အတော်ကြာပေပြီ။ သူက အပူထပ်ပေးဖို့ရန်ပင် စိတ်ထဲထားမနေဘဲ အေးစက်စက်အတိုင်းသာ သောက်လိုက်၏။
ဤအေးစက်သွားသည့် ရေနွေးကဖြင့် သူ့နှလုံးသားထဲမှ အအေးဓာတ်ကို ဘယ်လိုမှ မနီးစပ်နိုင်ပါပေ။
ဖူသခင်ကြီးက အိပ်ခန်းသို့ မပြန်သေးပေ။ ဖူဟွေ့ရှင်း ထွက်ခွာသွားသည်မှာ နှစ်နာရီခန့် ရှိနေပြီဖြစ်ပြီး သခင်ကြီးကတော့ အခန်းပြင်သို့ ထွက်မလာသေးကြောင်း အိမ်အကူထံမှ သိခဲ့ရသည့် ဖူကတော်က သူမ ခင်ပွန်းမှာ ကိစ္စ တစ်စုံတစ်ရာ ရှိနေပြီဟု တွေးမိလေသည်။
၎င်းက မကြုံစဖူး အခြေအနေထူးပေတည်း။
စိုးရိမ်သွားသည့် ဖူကတော် အခန်းတွင်းသို့ ဝင်သွားချိန်မှာတော့ ဖူသခင်ကြီးက ရေအေးများကို တကျိုက်တည်း မော့ချလိုက်သည်မှာ တစ်စုံတစ်ရာကို စိတ်ညစ်ညူးနေ၍ မူးအောင်သောက်ကာ ဖြေဖျောက်ဖို့ ကြိုးစားနေသူနှင့်ပင် တူလှလေသည်။
သူ့ကိုကြည့်ရသည်မှာ မဟာထိုးနှက်ချက်ကြီးကြောင့် နစ်နာခံစားနေရသူ တစ်ယောက်နှင့်ပင် တူလှပေ၏။ ဖူသခင်ကြီးနှင့် စကား နောက်ဆုံးပြောခဲ့သူက ဖူဟွေ့ရှင်း ဖြစ်ပါသော်လည်း သူနှင့် ဘာမှမသက်ဆိုင်ပါဟု မတွေးမိသည့်တိုင် ဤမျှလောက် အကျိုး သက်ရောက်သွားသည်ကိုတော့ မယုံကြည်နိုင်ပါပေ။
ထို့ကြောင့် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်တွေးမိသည့်အခါ သူတို့၏ သားက မယုံကြည် မကိုးစားလောက်ဖွယ် ချစ်သူမိန်းကလေးကို ရွေးချယ်လာသည့်အတွက် သူ့ခင်ပွန်းက စိတ်ထိခိုက်နေခြင်း ဖြစ်မည်ဟု မှတ်ယူလိုက်တော့သည်။
ထို့ကြောင့် သူမက ဖူသခင်ကြီးကို နှစ်သိမ့်ကာ ပြောလိုက်၏။
“ရှင် ဘာလို့ စိတ်ညစ်နေလဲဆိုတာ ကျမ သိပါတယ်။ စိတ်ထဲလည်း အရမ်း ထားမနေပါနဲ့။ ကျမတို့က ကိုယ့်ကျန်းမားရေးကို ကိုယ် ဂရုစိုက်သင့်တဲ့ အသက်အရွယ် ရောက်နေမှကို။ ဒီကောင်လေးအတွက်နဲ့ ပျက်စီးကိန်း မဆိုက်စေနဲ့”
97 02
“တကယ်လို့ သူ့စိတ်ကို ပြောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ သူက ပိုင်ချန်ချန်ကိုပဲ လက်ထပ်ချင်သပ ဆိုရင်လည်း ကျမတို့တွေ သူ့ကို အိမ်ပြင် ကန်ထုတ်လိုက်ရုံပဲ။ လျစ်လူရှုပြီး မသိသလို နေလိုက်ကြတာပေါ့”
“သူ့ပိုက်ဆံတွေ ကုန်ပြီဆိုတာနဲ့ ပိုင်ချန်ချန်က ကျန်းရန်ကို တခါတည်း ကန်ထုတ်ပစ်မှာပဲ။ ကျမတို့ မိသားစုဆီကနေ ဘာမှ မရဘူးဆိုတာ သူ သဘောပေါက်သွားတာနဲ့ ကျန်းရန်ကို သူ လမ်းခွဲမှာ”
သူ့သောကကို ဖူကတော်က ဖြေသိမ့်မပေးနိုင်မီမှာပင် ဤမိန်းမကတော့ အကြင်နာမဲ့လှချည့်ဟု သူက ခံစားလိုက်ရ၏။
သို့သော် ဇနီးသည်၏ နှစ်သိမ့်စကားများ ကြားပြီးနောက် ဖူသခင်ကြီးမှာ ကူကယ်ရာမဲ့စွာ တုန်ယင်လာလေသည်။
ဘုရားရေ သူက အခုမှ အသက်ခြောက်ဆယ်ပဲ ရှိသေးတာပါ။ အသက်ကိုးဆယ်အရွယ် သူ၏ ဖခင်က သန်တုန်းမြန်တုန်း ရှိသေးကာ လမ်းလျှောက်တုတ်ကောက် မလိုပဲ လမ်းလျှောက်နေနိုင်ချိန် သူ့ကို စိတ်ထိခိုက်အောင်လုပ်သည့် သူ့သားကြောင့် သူ့မှာ ပါကင်ဆန်ရောဂါပင် ရရှိနေပြီတဲ့လား။
အမှန်တကယ်တော့ သူ့ထံမှာ ပါကင်ဆန်ရောဂါကြီးကို ရှာဖွေဖော်ထုတ်နိုင်သည်က အရေးကြီးသည့် အကြီးမားဆုံး ထိုးနှက်ချက် မဟုတ်သေးပေ။ အဓိက အရေးအကြီးဆုံး ကိစ္စကတော့ သူ့ဇနီးက သူ့ကို နှစ်သိမ့် အားပေးနေခြင်းပင်။
သူက သူ့ဇနီးကို တဖန်ပြန်ကြည့်မိကာ သူ့အကြည့်များမှာလည်း ဒွိဟဖြစ်နေသည့် အဓိပ္ပါယ်တို့ ပြည့်နှက်နေလေသည်။
ပုံမှန်အခြေအနေ အောက်မှာဆို ဤအစီအစဥ်က ပြဿနာ မရှိပေ။
သို့ပေသိ မင်းသားတော်မောင်ရဲ့ ချစ်သူမိန်းကလေး၊ မင်းရဲ့ အနာဂတ်ချွေးမလောင်းက သာမန်မိန်းကလေး မဟုတ်ဘူးဆိုတာ မင်း သဘောပေါက်ရမယ်။
တကယ်လို့ ဆွေမျိုးပေါက်ဖော်တွေရဲ့ သဘောထားနဲ့ တညီတညွတ်တည်း သဘောတူထောက်ခံပြီး မင်းရဲ့သားကို ကန်ထုတ်ဝံ့ရင် အဲဒီ မိန်းကလေးက မင်းသားကို နောက်ဆုံးပေါ် Telecom နည်းပညာ လိမ်လည်မှုကို လေ့လာသင်ယူဖို့ Nortern M*** Tech Parkကို ရသမျှ နည်းလမ်းနဲ့ ပို့ပေးမဲ့ အပြင် လတ်လတ်ဆတ်ဆတ် ကိုယ်တွင်းအင်္ဂါ လှုဒါန်းဖို့ အရင်းအမြစ်ကြီး ဖြစ်အောင်တောင် လုပ်လိုက်ဦးမှာ။
လူကုန်ကူးတဲ့ သူတွေက ကြင်နာမှုနဲ့ လူ့ကျင့်ဝတ် သိက္ခာတွေကို ထိန်းသိမ်းထားလိမ့်မယ်လို့ မျှော်လင့်မနေနဲ့။
ဖူသခင်ကြီးက သူ့လက်ကို ဝှေ့ယမ်းကာ ထိုင်ဖို့ရန် ဇနီးသည်ကို အချက်ပြလိုက်၏။
“ငါ မင်းကို ပြောစရာ ရှိတယ်။ အရင်ဆုံး ထိုင်ပါဦး”
ဖူကတော်က သမ်းဝေလိုက်၏။
“ဘာကိစ္စ ရှိလို့တုန်း။ ရှင့်အသံက နိမိတ် သိပ်မကောင်းလိုက်တာနော်။ မြန်မြန်ပြောပါဦး။ ကျမရဲ့ အလှအပအတွက် အနားယူဖို့ အခန်းပြန်ပြီး အိပ်ချင်နေပြီ။ ညဘက် အိပ်တာ နောက်ကျရင် အသားအရေအတွက် မကောင်းဘူး”
ဖူသခင်ကြီး..ဒီစကား ကြားပြီးရင် မင်း ဆက်ပြီး အိပ်ချင်စိတ် ရှိနေဖို့ ငါ မျှော်လင့်ပါတယ်။
ဝန်ထုပ်တစ်ခုကို အတူမျှဝေ ထမ်းပိုးပေးသူ ရှိသည်ဟု တွေးရုံမျှဖြင့်ပင် ပြိုင်ဘက်ကင်း အထောက်အပံ့ ရှိသည်ဟု ခံစားရကြောင်း ပြောစကား ရှိသည်လေ။
ဖူကတော်က လက်ဖက်ရည်အိုးလေးကို မီးဖိုပေါ် ပြန်တင်လိုက်ကာ
“ရေအေးတွေ သောက်တာက ရှင့်ကျန်းမားရေးအတွက် မကောင်းဘူးနော်။ နောက်တခါ ဒီလို မလုပ်နဲ့”
ဖူသခင်ကြီးက ရယ်မောလိုက်ပြီး
“ငါ မင်းကို သတင်းတချို့ ပြောပြစရာ ရှိတယ်”
သူ့တူကို ကာကွယ်ပေးရန်အတွက် ထိုသတင်းက ဖူဟွေ့ရှင်းထံမှ ဖြစ်ကြောင်း မပြောခဲ့ပေ။
ဖူကတော်က ပြောလိုက်၏။
“ဘယ်လို သတင်းကြီးကများ ရှင့်ရဲ့ သဘောထားကို အာမခံပေးလိုက်တာလဲ”
97 03
ဖူသခင်ကြီး.. “ကျန်းရန်ရဲ့ ကောင်မလေး အကြောင်းပါ။ ဒီမိန်းကလေးရဲ့ နောက်ခံက မရိုးရှင်းဘူး”
“ကျမသိပါတယ်။ သူ ကျမတို့ ကျန်းရန်ကို ပတ်သက်တာက ပိုက်ဆံကြောင့်လေ။ ဟုတ်တယ်မလား”
ဖူသခင်ကြီးက သူ့ခေါင်းကို ခါလိုက်၏။
၎င်းက ဖူကတော်၏ နိုင်လိုစိတ် ပြင်းပြသည့် စိတ်ကို လှုပ်နှိုးလိုက်လေသည်။
“ဒါမှမဟုတ် အဲ့ကောင်မလေးက တနေရာရာမှာ တိတ်တိတ်ပုန်း ကောင်လေး ရှိနေပြီး ကျမတို့ မိသားစုရဲ့ ပစ္စည်းဥစ္စာတွေကို လိုချင်လို့များ အကွက်ချ ကြံစည်နေတာလား”
ဤခန့်မှန်းချက် သဲလွန်စများက လန်မိသားစုမှ အရင်းခံခဲ့ပေသည်။
“ရပါပြီ။ ခန့်မှန်းမနေနဲ့တော့။ ငါ မင်းကို တည့်တည့်ပဲ ပြောတော့မယ်။ ဒီမိန်းကလေးက လူကုန်ကူးတဲ့သူပဲ”
မီးဖိုပေါ်မှ ရေနွေးခရားမှာ ပွက်ပွက်ဆူသည့် အသံများ ပေါ်ထွက်နေခဲ့ပြီး ဖူကတော်ကတော့ ခေတ္တမျှ ကြက်သေ သေနေခဲ့လေသည်။
သူမ၏ ခင်ပွန်းက တည်ကြည် လေးနက်သူဖြစ်ကာ ဘယ်တုန်းကမှ ဟာသပြက်လုံး မပြောခဲ့ဖူးပေ။
ဖူကတော်က သူမ၏ အသက်ခြောက်ဆယ်အရွယ် သူမ၏ ခင်ပွန်းသည်က သူ့စိတ်များကို ဖြည်ချကာ ဒုမင်္ဂလနှောသည့် ဟာသများကို သူမထံ ပြက်လုံး လာထုတ်နေသည်ဟုပင် ထင်မှတ်မိတော့သည်။
ဤသတင်းက အလွန့်အလွန်ကို ယုတ္ထိ မတန်ပေရာ ဖူကတော် ထိုသို့ တွေးမိသည်မှာ အံသြစရာ ဟုတ်မနေတော့ပေ။
ပိုင်ချန်ချန်က “လူလိမ်မ” ဟု ပြောလာလျှင်တောင်မှ ၎င်းက ဟာသတစ်ခုဟု သူမက တွေးလိမ့်မည် မဟုတ်ပေ။
မိန်းမငယ်လေး တစ်ယောက် ဖြစ်သည့် သူမက ဘယ်လိုလုပ်ပြီး လူကုန်ကူးသူ ဖြစ်နိုင်ပါမည်နည်း။
ထို့အပြင် လူကုန်ကူးသူများအပေါ် သူမ ပုံဖော်တွေးကြည့်ဖူးသည်က ကလိန်ကကျစ် အသွင်အပြင်များကိုပင်။ ဘယ်လိုလုပ်ပြီး သူမ ချွေးမဖြစ်လာမည့်သူ ဖြစ်နိုင်ပါမည်နည်း။
အရင်ဆုံး ဖူကတော်က ထိုစကားကို မယုံကြည်ပေ။ သူမ ခင်ပွန်းက ပြက်လုံး ထုတ်နေသလားဟုပင် သူမ သံသယ ရှိမိလေသည်။
ပုံမှန်လေးနက်မြဲ ဖြစ်သည့် ဖူသခင်ကြီးနှင့် မတူစွာပင် သူမ ရှေ့မှောက်မှာ သဲလွန်စများ မချပြမီပင် သူမက အားလုံးကို ယုံစားပြီးခဲ့လေပြီ။
ဖူကတော်ခမျာ မျှော်လင့်ချက် ပျက်သုဥ်းခြင်းတို့ဖြင့် သူမ ခင်ပွန်းထံ ကြည့်လိုက်ကာ
“ရှင်ဆိုလိုတာက ဒီမိန်းကလေး ကျမတို့သားအနားမှာ ကပ်နေတာက သူ့ကို တကယ်သဘောကျလို့ မဟုတ်ရင် ကျမတို့သားရဲ့ ကျောက်ကပ်ကို ဆွဲဆောင်ဖို့ အတွက်ပေါ့လေ”
ချစ်သူကောင်လေး ဖြစ်လာဖို့ လူကုန်ကူးသူထံမှ ပစ်မှတ်ထားခံရခြင်းနှင့် အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခံရသည့်် နစ်နာသူကတော့ အခြေခံအားဖြင့် တူညီပါသော်ငြား နှစ်ခုစလုံးက ပြန်ပေးဆွဲခံရတာတော့ အတူတူပင် ဖြစ်လေသည်။
ယခု သူမတို့သားကိုတော့ အချစ်ဟု အကြောင်းပြချက် ပေးထားပေရာ သူတို့၏ သားကတော့ လတ်တလောမှာ လုံခြုံနေပေလိမ့်မည်။
စိတ်မချမ်းမြေ့ဖွယ်ရာပင် နည်းလမ်း နှစ်မျိုးစလုံးက မဖွယ်မရာ ဖြစ်နေခဲ့ပါ၏။
“သူက စီးပွားရေး သူလျှိုလည်း ဖြစ်နေသေးတော့ ငါတို့ ကုမ္ပဏီတွေရဲ့ လျှို့ဝှက်ချက်တွေကို အစ်အောက်မေးဖို့ပါ တာဝန် အပေးခံထားရမှာပဲ”
ဖူကတော်.. “အမလေး ကျမရဲ့ နှလုံးဆေး ဘယ်နေရာမှာလဲ။ ပုလင်းလိုက် မြိုချမှ ဖြစ်တော့မှာ”
97 04
“သူ လူကုန်ကူးတဲ့ သူတွေရဲ့ ပစ်မှတ်ထားခံရတာ သူက ယုံလွယ်ပြီး ချဥ်းကပ်ရတာ လွယ်လို့လေ”
ဖူကတော်က မတ်တပ် ထ ရပ်လိုက်လေသည်။
“မင်း ဘာလုပ်မလို့လဲ။ ဒီအကြောင်း ကျန်းရန်ကို ပြောပြလို့ လုံးဝ မဖြစ်ဘူးနော်။ အဲဒီကလေး ကျန်းရန်က အရမ်းကို နုံအလွန်းတယ်။ ဒီလျှို့ဝှက်ချက်ကို သူ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူ သိသွားပြီဆို၊ ပိုင်ချန်ချန်လည်း မကြာခင် သိသွားမှာ။ အဲဒီလိူဆို မြွေကို မြက်ထဲကနေ ထွက်ပြေးအောင် လှန့်သလို ဖြစ်သွားမယ်”
ဖူကတော်ကမူ သူမ ခင်ပွန်းထံ တချက်မျှ ဝေ့ကြည့်လိုက်ကာ
“ကျမက မယုံစားရဘူးလို့ ရှင် ထင်နေတာလား”
“ဒါဖြင့် မင်းက ဘယ်သွားမလို့တုန်း”
ဖူကတော်က အနည်းငယ်မှ ရယ်မောလိုက်ကာ
“အဲဒီ ငတုံးကောင်လေးရဲ့ ဆံပင်ကို သွားနှုတ်မလို့လေ။ မနက်ဖြန်ကျ အဲဒါကို DNA စစ်ဖို့ ပို့ပေးရမယ်။ ဒီကောင်လေး ဒီလောက်တောင် ရူးနှမ်းပြီး မိုက်မဲလှတာ။ သူက ရှင်နဲ့ ကျမရဲ့ သွေးသားရင်း မဖြစ်နိုင်ဘူး။ သူ့ကို မွေးတုန်းက ဆေးရုံက ကလေးချင်းများ လဲလိုက်သလားလို့ ကျမ သံသယ ရှိနေပြီ”
ဖူသခင်ကြီး..DNA သွားစစ်တာကရော ယုံလို့ရတယ်လို့ မင်း ထင်နေလား။
******
98 01
အပိုင်း 98.
ဖူမိသားစု ဗီလာမှ ထွက်ခွာလာပြီးနောက် ပိုင်ချန်ချန်က ရှီလီကို Online မှတဆင့် ဆက်သွယ်ကာ အပျော်ခရီးတို ထွက်ဖို့ သိမ်းသွင်းရန် ကြိုးစားပါသော်လည်း ရှီလီကမူ အိမ်စာတွေ လုပ်ရမည်ဟူသည့် ဆင်ခြေကို ပေးကာ ငြင်းပယ်လိုက်လေသည်။
ရှီလီထံမှ ကြိမ်ဖန်များစွာ ငြင်းပယ်ခံရသည့်အခါ ပိုင်ချန်ချန်ခမျာ ရှီလီကို ခေါ်ထုတ်ဖို့ ဒီထက်ပိုပြီး မကြိုးပမ်းပါလေတော့။
သူမအနေဖြင့် ရှီလီကို ပစ်မှတ်ထားဖို့ လက်လျှော့လိုက်သည်လား အခြား ချဥ်းကပ်နည်း အသစ်ကိုများ တွေးတောနေသည်လားကတော့ မသေချာပါပေ။
သူမ လုံခြုံရေးကို သတိထားနေစဥ် ဖူဟွေ့ရှင်းကိုပါ စိတ်ပူနေသည့် ရှီလီက ပိုင်ချန်ချန်ကို သတိထားရန် ဖူဟွေ့ရှင်းထံ သတိပေးထားခဲ့ပါ၏။
တစ်စုံတစ်ယောက်၏ နောက်ကွယ်မှာ ထိုသူ့ မကောင်းကြောင်း ပြောခြင်းက အတင်းအဖျင်း ပြောသည်ဟု နားလည်မှု လွဲသွားနိုင်သော်ငြား ဖူဟွေ့ရှင်း၏ ကျောက်ကပ်အတွက် ရှီလီက တစ်စုံတစ်ခုကို မဖြစ်မနေ ပြောသည်ဟုသာ ခံစားရလေသည်။
ဖူဟွေ့ရှင်းက အမှန်တကယ်ကို ထက်မြက်သော ကောင်လေး ဖြစ်လေ၏။ ထို့ကြောင့် ရှီလီက သူ့ကို ပိုင်ချန်ချန်နှင့် ဝေးဝေးနေရန် ပြောလာသည့်အခါ သူက လက်ခံ သဘောတူရုံသာမက အလားတူ အကြံဉာဏ်မျိုးကိုပင် ရှီလီထံ ပြန်ပေးလာလေသည်။ လူစိမ်းများနှင့် ခပ်ခွာခွာ နေခြင်းက အကြံကောင်း တစ်ခုဖြစ်သည်ဟု သူက ပြောလာကာ ပိုင်ချန်ချန်က ဖုကျန်းရန်၏ ကောင်မလေး ဖြစ်ပါသော်လည်း သူမက ဘယ်လို လူစားမျိုးဖြစ်ကြောင်း မည်သူကမျှ မသိရှိပေရာ ရှီလီအနေဖြင့် သူမနှင့်အတူ Shopping မထွက်၊ ညစာ အတူမစားတာက အကောင်းဆုံး ဖြစ်သည် ဟူ၍ပင်။
သူ၏ Message ရှည်ကြီးကို ကြည့်ကာ ရှီလီက သူ့ကို မြော်မြင်တတ်သော မျက်လုံးပိုင်ရှင် ဟုပင် အညွှန်း တပ်ပေးချင်လိုက်သေး၏။ သူက လူတွေအပေါ် အတော်ကြီး ထိုးထွင်း သိမြင်တတ်သူတည်း။
အမှန်တော့ ရှီလီမှာလည်း ပိုင်ချန်ချန်နှင့် အတူ အပြင်ထွက် သွားလာဖို့ ရည်ရွယ်ချက် မရှိပါပေ။ သူမ၏ ဘဝက ရှည်လျားလွန်းနေလို့လား၊ ဒါမှမဟုတ် သူမမှာ ကျောက်ကပ်ကို ပြန်လည် အားပြည့်စေနိုင်မည့် စွမ်းအင်မျိုး အသင်္ချေမျှ ပိုင်ဆိုင်နေ၍ပဲ ထိုသူတွေ ရိတ်သိမ်းသွားမည်ကို ကြောက်နေဖို့ မလိုတာများလား။
ဘာတစ်ခုမှ ရှိမနေမှတော့ ပိုင်ချန်ချန်ကို ငြင်းပယ်ကာ သူမဘာသာပဲ ကာကွယ်ရတော့မည်ဟု ခံစားရ၏။
ပိုင်ချန်ချန်ကို နှစ်ကြိမ်ဆက်တိုက် ငြင်းပယ်ပြီးနောက် တတိယအကြိမ် ရောက်သည့်အခါ ရှီလီ၏ ဆောင်းရာသီ အားလပ်ရက်လည်း ဆုံးခန်း တိုင်သွားလေသည်။
နှစ်သစ်ကူး နီးကပ်လာသည့်အခါ ဟွမ်ကျဲ Studioသို့ သွားတာကလည်း ရှားတောင့်ရှားပါး ဖြစ်လာလေသည်။ သို့သော် ရှီလီ ဖခင်၏ ကုမ္ပဏီကတော့ အတန်ငယ်မျှ အလုပ်များနေဆဲပါပင်။ သူ့ခမျာ အချိန်ပို ဆင်းရကာ နေ့တိုင်းနီးပါး အစည်းအဝေး တက်ရပြီး နှစ်သစ်ကူး အားလပ်ရက် ယူနိုင်အောင် ပြင်ဆင်နေရပေသည်။
ရှီလီ ဖခင်၏ ကုမ္ပဏီက အလုပ်သမားအပေါ် အကျိုးပြုမှု ကောင်းမွန်ပေရာ အခြား ကုမ္ပဏီများနှင့် ယှဥ်သော် အားလပ်ရက်က အတော်ရှည်လျားလေသည်။ အလုပ်များသည့် ကာလ ပြီးဆုံးသွားပြီးနောက် သူက အိမ်ကို စောစောပြန်လာကာ နှစ်သစ်ကူး အားလပ်ရက်ကို ပျော်ပျော်ပါးပါး ဆင်နွှဲလေတော့သည်။
ရှီလီနှင့် သူ့ဖခင်က ပျော်ပွဲသဘင် ဆင်ယင်မည့် လေထုကို အိမ်မှာ ဖန်တီး အလှဆင်နေကြစဥ် ဟွမ်ကျဲနှင့် အိမ်အကူတိူ့ကတော့ နှစ်ကူးပစ္စည်းများ ဝယ်ခြမ်းနေပါ၏။
ရှီလီ၏ ဖခင်က လှေကားရှင်ပေါ်တက်ကာ အလှဆင် ပစ္စည်းများ ချိတ်ဆွဲနေစဥ် ရှီလီကမူ ကြမ်းပေါ်မှ ပစ္စည်းများကို သူ့အဖေထံ ကောက်ပေးကာ အလုပ်များနေပေသည်။
ထို့နောက် အိမ်ဖုန်း မြည်လာလေရာ ရှီလီလည်း တဟုန်ထိုး သွားကာ ဖုန်းဖြေလိုက်၏။
ဖုန်းကို ကောက်ကိုင်ပြီးနောက် ဖုန်းပြန်မချမီ သူမက “အော် ဟော်” ဟူသည့် လေသံဖြင့် တုံ့ပြန်လိုက်သေး၏။
98 02
“ဘယ်သူလဲ။ ဘာကိစ္စတဲ့လဲ”
သူမ ဖခင်က ဖုန်းထဲမှ အပြန်အလှန်စကား များကြောင့် စိတ်လှုပ်ရှားကာ ပြုတ်မကျစေရန် ရှီလီက သူမ ဖခင်ကိူ အရင်ဆုံး လှေကားပေါ်မှ ဆင်းလာရန် ပြောလိုက်၏။
“ဒီနေ့ညအတွက် ညစာကို ဘွားဘွားက အိမ်တော်ဟောင်းမှာ လာစားစေချင်တယ်တဲ့။ အငယ်ဆုံးဦးလေးရှီ ပြန်လာပြီမို့လို့ အိမ်တော်ကို စောစောစီးစီးလာပြီး မိသားစု ပေါင်းစည်းပွဲကို အသက်ဝင်စေချင်တယ် ပြောတယ်”
သေချာသည်ပေါ့။ အငယ်ဆုံး ဦးလေးရှီ ပြန်လာပြီဟု ကြားသည့်အခါ ရှီလီ ဖခင်၏ မျက်ခုံးများက ယောင်ယောင်လေး တွန့်သွားပါ၏။ နောက်ဆုံးမှာတော့ သူက တချက်မျှ နှာမှုတ်လိုက်ကာ
“ဆိုတော့ ဒင်းက အိမ်ပြန်လာဖို့ သတိရသေးတယ်ပေါ့လေ”
အိမ်အကူနှင့်အတူ ဈေးဝယ်ထွက်ပြီး ပြန်လာသည့် ဟွမ်ကျဲက သူမ ဝင်လာသည့်အခိုက် သူမ ခင်ပွန်း၏ နောက်ဆုံး စကားတလုံးကိုသာ ကြားလိုက်ရ၏။ သူမက အလိုအလျောက်ပင် မေးလိုက်လေသည်။
“ဘယ်သူ ပြန်လာတာလဲ”
ရှီလီက တံခါးထံ ပြေးသွားကာ ဟွမ်ကျဲ လက်ထဲမှ လက်ဆောင်ဘူးများကို ယူလိုက်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“သမီးရဲ့ ဦးလေးငယ်၊ ပြန်လာပြီလေ။ အခုဆို အိမ်တော်ဟောင်းမှာ ရောက်နေလောက်ပြီ။ ဒီည ညစာကို အိမ်တော်ဟောင်းမှာ လာစားဖို့ ဘွားဘွားက ဖုန်းဆက်ပြီး ပြောတယ်”
“ဒါ တကယ့် သတင်းကောင်းပဲ။ သွားကြစို့လေ။ ငါတို့တွေ သေချာပေါက် သွားရမှာပေါ့”
ရှီလီ၏ ဖခင်ခမျာ အတော်လေးကို ခိုကိုးရာမဲ့နေသည့် မျက်လုံးမျိုးဖြင့် သူ့ဇနီးကို ကြည့်မိတော့သည်။ လက်ထပ်ပြီးသည်မှာ ဆယ်စုနှစ်အထက် ရှိနေပြီဖြစ်ရာ ဇနီးဖြစ်သူ အကြောင်းကို သူ ကောင်းကောင်း သိနေပေပြီ။ သူ့ဇနီးကား ပိတ်ကားထက်မှ ဇာတ်ထုပ်များကို သွားရောက် ကြည့်ရှုလိုခြင်းပေတည်း။
ရှီလီက သူမဘာသာ တွေး၏။ ဒါကြောင့်ပဲ သမီး ဘာလို့ ဖရဲသီးစား(အတင်းအုပ်)တာကို ကြိုက်ရတာလဲဆိုတာနဲ့ စိတ်လှုပ်ရှားစရာ ပွဲတွေမှာ ပါဝင်ရတာကို ပျော်လဲဆိုတာပေါ့ ပါးရဲ့။ အဲဒါက မားကို ချွတ်စွပ် တူတာပါနော်။
ရှီလီတို့ မိသားစု သုံးယောက် အိမ်တော်ဟောင်းသို့ ရောက်သည့်အခါ နေ့လည်ခင်းသာ ရှိသေးသည်။
အကြီးဆုံး ဦးလေးနှင့် အကြီးဆုံး အဒေါ်တို့တောင်မှ အိမ်မှာ ရှိမနေပေ။ ရှီလီ၏ အဘွားက ဧည့်ခန်းထဲမှ ဆိုဖာမှာ ထိုင်နေခဲ့ကာ အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးက အဖော်ပြုပေးနေ၏။ ထိုအမျိုးသားကတော့ ရှီလီ၏ ဦးလေးအငယ်ဆုံးပေတည်း။
“ဘွားဘွား၊ သမီး ရောက်ပြီ”
အိမ်ထဲ ဝင်သွားပြီး မကြာမီပင် ရှီလီ၏ စိတ်တက်ကြွနေသည့် ခေါ်သံလေး ထွက်ပေါ်လာ၏။
သူ့မြေးမ၏ အသံကို ကြားသည့်အခါ ရှီလီ၏ အဘွားမှာ အလွန်ကို ဝမ်းမြောက် ကျေနပ်သွားရ၏။
“အားလီ ရောက်လာပြီပဲ။ ဒီကို အမြန်လာပါဦး။ ဘွားဘွားက အမချွေ့ကို သမီးကြိုက်တဲ့ စွပ်ပြုတ်ချိုချိုလေး ပြင်ခိုင်ထားတယ်။ နွေးသွားအောင်လို့ အမြန်သွားပြီး နှစ်ငုံလောက် သောက်လိုက်နော်”
ရှီလီ၏ အဘွားက အမချွေ့ဟု ခေါ်လိုက်သူ အမျိုးသမီးက သူတို့ မိသားစု သုံးယောက်ထံမှ အပေါ်ကုတ်များကို ယူလိုက်ကာ သူ့အသံမှာလည်း ချိုသာနူးညံ့ခြင်းတို့ ပြည့်နေကာ
“စွပ်ပြုတ်က မီးဖိုဆောင်ထဲမှာ။ အားလီ သမီး မိဘတွေအတွက်ပါ ယူခဲ့နော်”
“ကောင်းပါပြီ”
စွပ်ပြုတ်ကို ပူနွေးနေသေရန် မြေအိုးထဲမှာ ထည့်ထားခြင်းဖြစ်ရာ အပူချိန်က ယခုချက်ချင်း စားသုံးရန် မသင့်လျော်လှချေ။
98 03
ရှီလီလည်း စွပ်ပြုတ်ကို ကြွေအုပ်လေးထဲ ခပ်ထည့်ကာ သူမ လက်လေး နွေးသွားအောင် ပြုလုပ်လိုက်ပြီး ဇွန်းလေးဖြင့် မွှေလိုက်ကာ သောက်လို့ရမည့် အနေအထားအထိ ရောက်အောင် အလျင်အမြန် အအေးခံလိုက်၏။
ရှီလီ၏ အဘွားက သူ့ မြေးမကို ကြင်ကြင်နာနာ ကြည့်လိုက်ကာ
“အပြင်မှာ အရမ်းအေးတယ်မလား။ သမီးမိဘတွေကလည်းကွယ် ကလေးကို အဝတ်အစားလေးတောင်မှ ထပ်မဝတ်ခိုင်းဘူး”
ရှီလီခမျာ ဘွားအေဖြစ်သူကို အတော်လေး အကူအညီမဲ့စွာ ကြည့်လိုက်ကာ
“ဘွားဘွား ၊ သမီးက ကလေး မဟုတ်တော့ပါဘူး။ ကိုယ့်ဘာသာလည်း ဝတ်နိုင်ပါတယ်”
“အို ဒါတော့ ဒါပေါ့။ ဒါပေမဲ့ မိဘတွေဖြစ်ပြီး အနည်းဆုံးတော့ ကလေးကို အဝတ်အစား နွေးနွေးထွေးထွေးဖြစ်အောင်ဝတ်ဖို့ ကြပ်မတ်ပေးရမှာပေါ့။ အဲဒီတာဝန်လေးကိုတောင် မကျေကြဘူး”
ရှီလီက အမျိုးသမီးကြီးကို ကပ်ချွဲလိုက်ကာ
“သမီးက ကျန်းမာရေး ကောင်းပါတယ် ဘွားဘွားရဲ့။ အအေးဓာတ်ကိုတောင် မခံစားရဘူး”
ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲမှာလည်း အတော်ကြီးကို စိတ်ကုန်နေပါ၏။ အမျိုးသမီးကြီး၏ ဘက်လိုက်မှုက တော်တော် များနေလေပြီ။
ဝင်ရောက်လာပြီး သိပ်မကြာမီပင် ရှီလီက သူ့အဘွား ဘေးနားမှာ ထိုင်နေသည့် အငယ်ဆုံး ဦးလေးရှီကို နှုတ်ဆက်လိုက်၏။
“ မတွေ့ရတာ အရမ်းကြာသွားပြီနော် ဦးလေးငယ်၊”
အမှန်တကယ်ကိုလည်း အချိန်တွေ ကြာသွားခဲ့ပြီပင်။ အငယ်ဆုံး ဦးလေးရှီကလည်း အတော်လေး အံ့အားသင့်ဟန်ဖြင့် ပြောလိုက်လေသည်။
“နှစ်တွေတောင် အတော်ကြာသွားပြီ၊ ငါတို့ အားလီက သခင်မလေး တစ်ယောက်လို ကြီးပြင်းလာပါလား”
အငယ်ဆုံး ဦးလေးက ရှီလီ၏ ဖခင်ထက် လေးနှစ်မျှ ငယ်၏။ သို့သော် သူ့ကို ကြည့်ရသည်မှာ အတော်လေး အိုစာနေပေသည်။ သူ့ကို ကြည့်ရသည်မှာ ရှီလီ ဖခင်၏ ညီငယ်လေးနှင့် မတူလှဘဲ အစ်ကိုကြီးနှင့်သာ ပိုတူနေသေး၏။
ရှီမိသားစုမှ အကြီးဆုံး သခင်ကြီးဘေးမှာသာ ရပ်နေပါလျှင် မည်သူက အစ်ကိုကြီး ဖြစ်သနည်းဆိုသည်ကိုပင် လူတွေက မှားပြီး ခန့်မှန်းပေလိမ့်မည်။
ပြောင်းလဲ အိုစာသွားသည့် သူ့မျက်နှာအရ အငယ်ဆုံးဦးလေးခမျာ အိမ်နှင့်ဝေးနေသည့် သုံးနှစ်အတွင်း သူ့ဘဝက မလွယ်ကူခဲ့ကြောင်း သိသာလှပါ၏။
ထိုစဥ်တုန်းက သူက အငယ်ဆုံးဒေါ်လေးရှီကို ကွာရှင်းခဲ့ကာ အခြား အမျိုးသမီး တစ်ဦးကို လက်ထပ်ခဲ့၏။
အငယ်ဆုံး ဒေါ်လေးရှီက သူတို့၏ အိမ်ထောင်သက်အတွင်း ဘာအမှားအယွင်းမှ မလုပ်ခဲ့ဖူးပေ။ သူမက တစ်ခါတစ်ရံမှာ ဒေါသ အနည်းငယ် ကြီးတတ်သော်လည်း သူမက လူကောင်းတစ်ယောက် ဖြစ်ကာ သူ့ယောင်းမ၊ ယောက္ခမတို့ဖြင့်လည်း အဆင်ပြေပြေ နေထိုင်ခဲ့သည်သာ။ ထို့ကြောင့် ထိုကွာရှင်းမှုတွင် သူမအမှား မပါဝင်ခဲ့ပေ။
သူမ မိသားစုက ပိုးမွေးသလို မွေးပြီး ဖူးဖူးမှုတ် အလိုလိုက်ခံခဲ့ရသူ သမီးတစ်ယောက်အနေဖြင့် နည်းနည်းလေး ဒေါသကြီးတတ်တာကတော့ ပုံမှန်ပါပင်။
သူ့ဇနီးကို ကွာရှင်းမည့် ဦးလေးငယ်၏ ဆုံးဖြတ်ချက်ကို တစ်မိသားစုလုံးက သဘောမတူခဲ့ပါသော်လည်း သူကမူ တွင်တွင်ကြီး ငြင်းဆန်ခဲ့ပေသည်။ အငယ်ဆုံးဒေါ်လေးရှီးက အရှက်မဲ့စွာ တွယ်ကပ်တတ်သူမျိုး မဟုတ်ပါပေ။ သူမ ခင်ပွန်းက သူမကို အထင်သေး စက်ဆုပ်သွားမည်ကို အဘယ်မှာ ခံယူဝံ့ပါမည်နည်း။ သူမက ထိုကွာရှင်းခွင့်ကို ပြတ်သားစွာပင် သဘောတူလိုက်လေသည်။
ထိုနှစ်တုန်းက ကွာရှင်းခွင့်က ခက်ခဲရှုပ်ထွေးခဲ့ပြီး ဒေါ်လေးရှီ၏ မိသားစုမှာလည်း စိတ်ထိခိုက်ခဲ့ရ၏။
ထို့အပြင် အငယ်ဆုံးဦးလေး လက်ထပ်ချင်သည့် အမျိုးသမီးက ဂုဏ်သတင်းကြီးမားသော မိသားစုမှ မဟုတ်သည့်အပြင် ထို့ထက်ပိုသည်ကတော့ မတိုင်မီကတည်းက မိဘများ ကွာရှင်းခဲ့သည့်အတွက်ကြောင့် မိဘမဲ့ ဖြစ်နေခဲ့ခြင်းပင်။
98 04
သူမ၏ ရှုပ်ထွေးလှသော လူမှုရေး ရာဇဝင်များကို အပထားပါဦး။ နောက်ထပ် ဖြစ်လတ္တံ့သော ချွေးမလောင်းက အဓိကရ မိသားစုကြီးမှ ဖြစ်နေသည် ဆိုလျှင်တောင် ရှီမိသားစုက သဘောတူလိမ့်မည် မဟုတ်ပေ။
သူတို့၏ လက်ထပ်မှုကို မိသားစုက ခွင့်ပြုပေးဖို့ ငြင်းဆန်ချိန်မှာတော့ ထိုအငယ်ဆုံးဦးလေးလည်း မိသားစုနှောင်ကြိုးကို တိတိပပ ဖြတ်ချလိုက်တော့သတည်း။
ထိုဆူပူမှုသည်ကား အချိန်အနည်းငယ်မျှ ကြာသည်အထိ သူတို့ အသိုင်းအဝိုင်းကြားမှာ ဟာသတပုဒ် ဖြစ်ခဲ့ရပေ၏။
ထိုသုံးနှစ်အတွင်း အငယ်ဆုံးဦးလေး၏ သတင်းကို ရံဖန်ရံခါ ကြားရတတ်ပါ၏။ သို့သော် ၎င်းက သူ့သားကို စိုးရိမ်ပူပန်နေခဲ့သည့် ရှီသခင်မကြီးကြောင့်သာဖြစ်ပြီး သူ့အကြောင်းကို လူလွှတ် စုံစမ်းခဲ့ခြင်းသာ။
ကျန်သည့် ရှီမိသားစုများကမူ မည်သူကမျှ ဂရုမစိုက်ခဲ့ပေ။
မိသားစုအာဏာ၏ ပြယုဂ်ဖြစ်သည့် အကြီးဆုံးရှီလူကြီးမင်းကမူ အငယ်ဆုံးဦးလေး အိမ်မှ ထွက်သွားချင်ခဲ့စဥ်က တစ်ခွန်းတည်းသာ ပြောခဲ့ပါ၏။
“မင်း ထွက်သွားပြီးရင် ပြန်မလာနဲ့”
သူ့စကားကို အလွယ်တကူ မပြောင်းလဲနိုင်သည့် စကားတည်သူ လူဖြစ်သည့် အစ်ကိုကြီးကြောင့် တစ်ကြိမ်တည်း ပြောရုံမျှဖြင့်ပင် ဦးလေးအငယ်ဆုံးက အိမ်ကို တခေါက်မှ ပြန်မလာတော့ပါပေ။
သူ့ဦးလေးအပေါ် ရှီလီ၏ ထင်မြင်ချက်က မိဘများထံမှ ဆင်းသက်လာခြင်းပင်။
သူ့မိဘတွေက သူ့ကို သိပ်ပြီး မနှစ်သက်ကြသလို ရှီလီလည်း သဘောမကျပါပေ။
ဆိုရသော် အကြီးဆုံးဦးလေးက သူ့ကို တစ်သက်လုံး ပြန်မလာရန် ပြောလိုက်ကတည်းက ၎င်းက ဟာသပြက်လုံး မဟုတ်ပေရာ အကယ်၍များ ဦးလေးငယ်က အရေထူစွာ ပြန်လာလျှင်တောင် သူ(အကြီးဆုံးသခင်ကြီး)က သူ့(အငယ်ဆုံးဦးလေး)ကို မောင်းထုတ်လိမ့်မည်သာ။
သို့သော် ယခုကတော့ ရှီလီတို့အဘွားက သူ့သား အငယ်ဆုံးကို စိုးရိမ်နေခဲ့ပြီး မိသားစုဝင်များ အနေဖြင့်လည်း ဤအဘွားအို စိတ်ပူပန်နေမည်ကို အလိုမရှိသောကြောင့်တည်း။
ထို့ပြင် အခြားတပါးသော အကြောင်းပြချက်လည်း ရှိနေပါသေး၏။ ၎င်းက အငယ်ဆုံး ဦးလေးက ဤနှစ်မှာ ကားမတော်တဆမှု ဖြစ်ခဲ့ပြီး အသက်ရှင်သော်လည်း သူ၏ ဘယ်ခြေထောက်ကို ဆုံးရှုံးခဲ့ရခြင်းပင်။
သူက သူ့ဘဝကို ဆုံးရှုံးရခါနီး ဖြစ်ပျက်သွားရသည်ကို ကြည့်ကာ မိသားစုဝင်များလည်း စိတ်ပြေလျော့ခဲ့ရ၏။ အကယ်၍ သူသာ အိမ်ပြန်လာချင်ပါလျှင် သူ့ကို ပြန်လာခွင့် ပြုလိုက်ပေမည်။
မူလတုန်းက သူ့အိမ်တော်တွင်းမှာ ဖြူဖွေးသန့်စင်စွာ လူလားမြောက်ခဲ့ရသည့် အငယ်ဆုံး ဦးလေးမှာ နှစ်အနည်းငယ်မျှ သူ့ဘဝ သူကျောင်းဖို့ ထွက်ခွာသွားခဲ့ပြီးနောက် သူ့အသားများက ပိုမိုညိုမှောင်လာခဲ့ကာ သူ့မျက်နှာထက်တွင်လည်း မြောက်မြားလှစွာသော အရေးအကြောင်းတို့ ပြည့်နှက်နေခဲ့လေပြီ။ သူက အတန်ငယ်မျှ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ပြုံးလိုက်ကာ တစ်ချိန်က ရှိခဲ့ဖူးသည့် နှစ်လိုဖွယ် တက်ကြွရွှင်မြူးသည့် ဟန်ပန်မျိုးကို အပြီးတိုင် ဆုံးရှုံးလိုက်လေပြီတကား။
“အားလီ ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒါက ဟုန်ယန်တဲ့။ သူ့ကို ဒေါ်လေးငယ်လို့ ခေါ်လို့ရတယ်နော်”
ထိုအငယ်ဆုံးဦးလေးက သူ့ဇနီးကို သူ့တူမထံ မိတ်ဆက်ဖို့ ကြိုးစားခြင်း မဟုတ်ဘဲ သူ့ဒုတိယအစ်ကိုနှင့် မရီးကို တူမမှတစ်ဆင့် မိတ်ဆက်ပေးရန် ကြိုးစားခြင်းပေတည်း။
အကယ်၍များ သူ့တူမက ဟုန်ယန်ကို “ဒေါ်လေးငယ်”ဟုသာ ခေါ်လိုက်ပါက သူ့ဒုတိယအစ်ကို၏ မိသားစုက ဟုန်ယန်ကို သူ့ဇနီးအဖြစ် အသိအမှတ် ပြုခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု သူက တွေးမိ၏။
ရှီလီက ဤအမျိုးသမီးကို ပြီးခဲ့သည့် ဘဝကတည်းကပင် မနှစ်သက်ခဲ့ပေရာ ထိုအမျိုးသမီးကို ဒေါ်လေးငယ်ဟု ခေါ်ဖို့ရာက သူမအတွက် ခက်ခဲလေသည်။
ရှီလီက ပြုံးလိုက်ကာ သူမ ညာဘက်လက်ကို ဆန့်ထုတ်ရင်း လက်ဖဝါးလေးကို ဖြန့်လိုက်ပြီး ပိုကိဆံပေးရန် အမူအရာ လုပ်လိုက်၏။
“အရင်ဆုံး ကျမကို နာမည်ပြောင်းခ ပေးဦးလေ”
******
99 01
အပိုင်း 99.
ရှီလီ၏ ဖခင်နှင့် ဟွမ်ကျဲတို့ကလည်း သူ့သမီး၏ အပြုအမူများကို မမှိတ်မသုန် စောင့်ကြည့်နေပါ၏။ ရှီလီက သူမ၏ လက်လေးကို ဖြန့်ကာ ၎င်းတို့၏ထုံးတမ်းအတိုင်း လက်ဆောင်တောင်းသည်ကို တွေ့သည့်အခါ ထိုမောင်နှံမှာ သူတို့၏ ရယ်သံများကို ငြိမ်းသတ်လိုက်ရ၏။ သူတို့၏ သမီးလေးက ဤကမ္ဘာမြေပေါ်သို့ ရောက်ရှိလာပြီးကတည်းက သူမအပေါ်မှာ အမြတ်ထုတ်ခွင့်ကို မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မပေးထားခဲ့လေရာ သူတို့လည်း စိတ်သက်သာရာ ရသွားပါ၏။
အိမ်မှ ထွက်သွားပြီးနောက် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် ရှီလီ၏ ဦးလေးငယ်ကို မဆိုထားဘိ၊ ယနေ့ ခေတ်သစ် လူတို့မည်သည် သွားလေရာသို့ ငွေသားနှင့် စာအိတ်နီများ သယ်သွားသည်မှာ ရှားပါးလှလေသည်။ သူ၏ လုပ်နိုင်စွမ်းတို့က မည်ကာမတ္တ ဆိုလျှင်ကပင် အကောင်းဆုံးဖြစ်ပေရာ သူ့ပထမ အိမ်ထောင်သက်အတွင်းဝယ် သူ့မိသားစုနှင့် မိန်းမဘက်မှ အမျိုးများက ထောက်ပံ့ခဲ့ရတာ ဖြစ်၏။ ထို့ကြောင့် သူ့ဘဝ သူကျောင်းရန် ထွက်ခွာသွားပြီးနောက် သူ့ဘဝနှင့် အလုပ်အစ်ကိုင်ကို မည်သို့ ဖြတ်သန်းခဲ့ရသနည်း ဟူသည်ကို မည်သူမဆို စိတ်ကူးကြည့်လို့ ရသည်ပင်။
အဘွားက သူတို့ ဦးလေးအငယ်ဆုံးကို မကြာခဏဆိုသလို ငွေများ တိတ်တဆိတ် ထောက်ပံ့ပေးကြောင်းကို အကြီးဆုံး အဒေါ်ထံမှတစ်ဆင့် ရှီလီလည်း ကြားထားခဲ့ပါ၏။
ဦးလေး အငယ်ဆုံး အပြင်မှာ တကယ်ကြီး သေသွားမည်ကို စိုးရိမ်သည့်အတွက် အကြီးဆုံးဦးလေးနှင့် အကြီးဆုံး အဒေါ်တို့မှာ အဘွားအို၏ လုပ်ရပ်များကို မဖော်ထုတ်ခဲ့ကြပါပေ။
ထိုအငယ်ဆုံးဦးလေးက ငွေရှာနိုင်စွမ်းသာ ချို့တဲ့သော်ငြား အနှစ်လေးဆယ်နီးပါးမျှ ချမ်းသာကြွယ်ဝသည့် အိမ်တော်မှာ လူလားမြောက်ခဲ့လေရာ ဖောဖောသီသီ သုံးဖြုန်းတတ်သည့် အကျင့်ကြီးကို ပျိုးထောင်ခဲ့ပြီးသားပင်။ ကန်ထုတ်ခံလိုက်ရပြီးနောက် ရှီလီတို့အဘွားက မကြာခဏ ဆိုသလို ငွေကြေးထောက်ပံ့ပေးသော်လည်း သူ့မှာ ပိုက်ဆံ အများကြီး မရှိပါလေ။
သို့မဟုတ်လျှင် သူက အရှက်မရှိစွာဖြင့် အိမ်တော်ဟောင်းသို့ ပြန်လာကာ မိသားစု ပြန်လည် ပေါင်းစည်းရန် ပြောလိမ့်မည်မဟုတ်ပေ။
ရှီလီက ထုံးတမ်းအတိုင်း အန်ပေါင်း တောင်းသော်လည်း အငယ်ဆုံးဦးလေးမှာ ငွေသား မပေးနိုင်ရုံသာမက Digital Trasfer ကိုတောင်မှ မလုပ်နိုင်ပါပေ။
အငယ်ဆုံး ဦးလေးက သူ့အိတ်ကပ်ကို ဖွဖွပုတ်ပြလိုက်ကာ
“အားလီ၊ ဦးလေးက လောလော လောလောနဲ့ ထွက်လာခဲ့ရတော့ စာအိတ်နီ မယူခဲ့မိဘူးကွာ။ နောက်များကျမှပဲ သမီးအတွက် ပြင်ပေးမယ်လေနော်”
လက်ထပ်ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင် သားသမီး မထွန်းကားခဲ့သည့် ရှီလီ၏ ဦးလေးက သူ့အစ်ကို၏ သားသမီးများကို ကောင်းကောင်း ဆက်ဆံပေးလေ့ ရှိ၏။ သူက ရှီလီ၏ စိတ်ခံစားချက်များကို ဖျောင်းဖျ နှစ်သိမ့်နိုင်ဖို့ပဲ မျှော်လင့်မိကာ ဤအခြေအနေမှ လွတ်မြောက်ချင်လေသည်။
သူ ဤအခြေအနေမှ လွတ်မြောက်နိုင်မည်လား တိုသည်ကတော့ ရှီလီက သူ့ကို ဤချိတ်ကောက်မှ လွှတ်ပေးခြင်း မပေးခြင်းဖြင့်သာ သက်ဆိုင်ပေတော့၏။
ကံမကောင်းစွာဖြင်ပြင် ရှီလီက သူမ စည်းမျဥ်းများကိုသာ တိတိပပ လိုက်နာရန် ရွေးချယ်လိုက်လေသည်။
ရှီလီက မတ်တပ်ရပ်လိုက်ကာ တောင်းပန်မှုတို့ ပြည့်နေသည့် အမူအရာဖြင့် လေးလေးနက်နက် ဦးညွတ်လိုက်လေသည်။
“ထုံးတမ်းအတိုင်း လက်ဆောင်မပေးရင် ကျမ နာမည်တပ်ပြီး ကွဲကွဲပြားပြား မခေါ်နိုင်မှာ ကြောက်မိပါတယ်။ ဟယ်လို၊ ဟုန်သခင်မ”
99 02
ရှီလီ၏ ဖခင်နှင့် သူ့ဇနီးတို့မှာ ယခုတကြိမ်မှာတော့ ရယ်သံများကို မထိန်းထားနိုင်တော့ပေ။ သူတို့သမီးအနေဖြင့် သူမစ စကားကို ဤသို့နှယ် တုံးတိကြီးဖြတ်ချလိုက်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
ဦးလေးငယ်၏ ဘေးမှာ ထိုင်နေသည့် ဟုန်ယန်မှာမူ ဒေါသ ထွက်လွန်းသဖြင့် သူမ နှုတ်ခမ်းများက တွန့်ရွဲ့သွားလု နီးနီးပါပင်။ သူမ၏ စကားလုံးများက ငွေ ဟူသည့် အနံ့ဆိုးများဖြင့် ပြည့်နှက်နေပေရာ ဤမိန်းမငယ်လေးက ချမ်းသာကြွယ်ဝသည့် မိသားစုမှ ဖြစ်ကြောင်း သိသာလှပါ၏။ အစကနေ အဆုံးထိ သူမ ပြောသွားသည်က ငွေအကြောင်းဖြင့်သာ ပြည့်နှက်နေပေသည်။
သူမက ဒုတိယမျိုးဆက် ချမ်းသာတဲ့ကလေးနှင့် မတူဘဲ အတွက်အချက် ပိုင်နိုင်လွန်းလှသည့် လမ်းပေါ်မှ သက်လတ်ပိုင်း မိန်းမတစ်ဦးဖြင့်သာ ပိုတူလေသည်။
သူ့သားကို အဝေးရောက်အောင် သွေးဆောင် ဖြားယောင်းခဲ့သည့် ဤမိန်းမကိူ ရှီလီ၏ အဘွားက မနှစ်သက်လှပေ။ ထို့ကြောင့် ရှီလီက ဤမိန်းမကို မျက်နှာသာပေးဖို့ ငြင်းဆန်လိုက်သည်အခါ သူမက အလွန်ကို ကျေနပ်အားရသွားပြီး သတိမထားမိလေဟန် ဆောင်နေပါ၏။
သူမက ရှီလီကြောင့် ဤမိသားစု အိမ်တော်မှာ “ဟုန်သခင်မ”ဟူသည့် ခေါင်းစဥ်ကို ကင်ပွန်းတပ်ပေးခြင်း ခံလိုက်ရပေ၏။
သူမ၏ ခင်ပွန်းကိုတော့ “ဦးလေးငယ်” ဟု ခေါ်ဆိုပြီး သူမကိုတော့ “ဟုန်သခင်မ” ဟု အမည်တပ်၏။
၎င်းက သူမကို အပြင်လူအဖြစ် သတ်မှတ်လိုက်ကြောင်း သိသာလှသည်။
ဟုန်ယန်က သူ့ကို သတိမပေးလျှင်တောင် ဦးလေးငယ်မှာလည်း ဒါကြီးက မှန်မနေဘူးဟု ခံစားရပေသည်။ သို့သော် သူက သူ့အစ်ကိုကြီးနှင့် မိခင်ထံမှ သနားကြင်နာမှုကို တောင်းခံရရှိမှသာ အိမ်ကို ပြန်လာနိုင်မည် ဖြစ်လေရာ သူ့မှာ စကားအများကြီးလည်း မပြောဝံ့ပါလေ။
သုံးနှစ်ကြာမျှ အိမ်နှင့် ဝေးခဲ့ခြင်းက လူ့အရိပ်အကဲကို သိတတ်ရန်နှင့် ပါးနပ်မှုမရှိ မပြုမိစေရန် သင်ကြားပေးခဲ့လေပြီ။
ညစာ စားချိန် ရောက်သည့်အခါ အကြီးဆုံးဦးလေးနှင့် အဒေါ်က အတူယှဥ်တွဲလျက် အိမ်ကို ပြန်ရောက်လာခဲ့၏။
ရှီလီကမူ ဤနှစ်ယောက်က အမှန်ကြီးကို ကုမ္ပဏီကိစ္စများနှင့် အလုပ်များနေတာ မဟုတ်ဘဲ ဦးလေးငယ်တို့ ဇနီးမောင်နှံကို မမြင်ချင်သောကြောင့်သာ ဖြစ်သည်ဟု ခံစားရ၏။
အကြီးဆုံးဦးလေး၏ မိသားစုမှ ဝမ်းကွဲကောင်လေးနှင့် ကောင်မလေးလည်း အိမ်မှာရှိနေကြပြီး ညစာစားချိန် ရောက်မှသာ အပေါ်ထပ်ကနေ ဆင်းလာကြ၏။
သူမ ဝမ်းကွဲများနှင့် ဆွေးနွေးရန် ပိုများသည့် ခေါင်းစဥ်များ ရှီလီထံမှာ ရှိလေသည်။ သူမက သူမက သူမ၏ ရူးကြောင်ကြောင် အတန်းဖော်၏ ဝမ်းကွဲဖြစ်သည့် အိမ်မှ အသိအမှတ်မပြုသည့် ချစ်သူမိန်းကလေးကို ခေါ်လာသည့် ဒုတသခင်လေးဖူ အကြောင်းကို သူမ၏ ဝမ်းကွဲကောင်လေးဖြင့် ဆွေးနွေးနေပေသည်။
သူမ၏ ဝမ်းကွဲကောင်မလေးနှင့်မူ သူတို့ကျောင်းမှ လက်ထောက်ကျောင်းအုပ်က အမျိုးသားဆရာ တစ်ဦးနှင့် ချစ်မှုရေးရာ ကိစ္စ ရှိနေကြောင်း အတင်းအုပ်နေပေသည်။ သူမ၏ ဝမ်းကွဲကောင်လေးကမူ စိတ်ရှုပ်ထွေးစွာ နားထောင်နေကာ
“နင်တို့ ကျောင်းအုပ်က တစ်ခုခုပဲနော်။ သူက ပုံမှန်လူတော့ မဟုတ်လောက်ဘူး”
ရှီလီက ခေါင်းညိတ်လိုက်၏။ တကယ့်ကို ပုံမှန်လူ မဟုတ်ဘူးနော်။
မျိုးဆက်သစ် ကလေးများက အတင်းအဖျင်း ပြောကြရန် တိုးဝှေ့ပူးကပ်နေချိန် ဦးလေးငယ်က အဆိုတင်သွင်းလိုက်၏။
“အစ်ကိုကြီး ၊ ကျနော် ကုမ္ပဏီမှာ အလုပ်လုပ်နိုင်မဲ့ တစ်နေရာလောက်များ ရှိမလား”
ထိုစကားကြားသော် အကြီးဆုံးဦးလေးက သူ့တူကို စားပွဲပေါ်သို့ ပစ်ချလိုက်လေသည်။
“အဲဒီတုန်းက မင်း ဒီအိမ်က ထွက်သွားတုန်းက ဘယ်တော့မှ ပြန်မလာဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒီတော့ ကုမ္ပဏီကလည်း မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး”
99 03
တိုးတိုး တိုးတိုးနှင့် အတင်းပြောနေသည့် ကလေးများမှာ ဦးလေးအကြီးဆုံး၏ တူကို ဆောင့်ချလိုက်သံကြောင့် လန့်ဖျပ်သွားလေရာ သူတိူ့က ငုံးကလေးများနှယ် ချက်ချင်း တိတ်ဆိတ်သွားပေသည်။
အကြီးဆုံးဦးလေးက မိသားစုခေါင်းဆောင်ဖြစ်ပြီး အိမ်မှာဆိုလျှင် အမြင့်မားဆုံး အာဏာကို ဆုပ်ကိုင်ထားသူတည်း။ သူ ဒေါသထွက်သည့်အခါ ရှီလီ၏ ဖခင်မှ စလို့ ကျန်ကလေးများအားလုံး ကျိုးနွံ သေဝပ်ကြရပါ၏။
အကြီးဆုံးဒေါ်လေးက သူ့ခင်ပွန်းကို တံတောင်ဖြင့် တွက်လိုက်ကာ အဘွားကို ထည့်သွင်း စဥ်းစားပေးရန် အရိပ်အခြည် ပြလိုက်၏။
ရှီလီ၏ ဖခင်ကမူ ထိုအခြေအနေကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်အောင် ဖျန်ဖြေဖို့ ကြိုးစားလိုက်၏။
“စားနေတုန်း အလုပ်စကားတွေ မပြောဘဲ နေကြရအောင်။ အစားအသောက်ကောင်းတွေကို မှန်မှန်ကန်ကန် အရသာ မခံနိုင်ဘဲ နေမယ်။ ဆွေးနွေးစရာ ဘာကိစ္စပဲ ရှိရှိ စားသောက်ပြီးမှ ပြောကြတာပေါ့”
ထို့နောက် သူက တည်ကြည်လေးနက်ဟန်ဆောင်ကာ အတင်းအဖျင်းအကြောင်း ဆွေးနွေးနေကြသည့် မောင်နှမ သုံးယောက်ကို အပြစ်ဖော်ဆုံးမလိုက်၏။
“မင်းတို့ ချာတိတ် သုံးယောက်လည်း ဒါကို မှတ်ထားကြ။ စားနေတုန်း ဒါမှမဟုတ် အိပ်နေတုန်းမှာ စကားမပြောကြနဲ့။ ထမင်းဝိုင်းမှာလည်း စကား မပြောနဲ့”
ထိုသုံးယောက်ခမျာ မဆီမဆိုင် ကြားထဲက ညပ်ကာ မြေစာပင် ဖြစ်ရတော့သည်။
ထိုကြားဝင်နှောင့်ယှက်မှုကြောင့် လူတိုင်းသည်လည်း ဤညစာ တစ်နပ်မှာ တကယ်ကြီး ပျော်မနေတော့ပေ။
စားပွဲအပြည့် ဟင်းပွဲများမှာ မစားဘဲ ကျန်ရှိနေသည်က တဝက်မျှ ရှိလေသည်။
ညစာစားပြီးနောက် ရှီလီတို့ ဝမ်းကွဲသုံးယောက်ကို အပေါ်ထပ်ကို ပို့လိုက်ကာ အပေါ်မှာပဲ ကစားကြဖို့ ပြောလိုက်၏။
လူကြီးတွေ ဘာအကြောင်း ဆွေးနွေးကြသည်ကို ရှီလီလည်း မသိပေ။ သို့သော် ရှီလီကို အောက်ဆင်းလာရန် သူ့မိဘများက ခေါ်လိုက်သည့်နောက် ဦးလေးငယ်၏ မျက်လုံးများက အပျော်များကို ဖုံးထားရုံမျှသာ ရှိကာ ဟုန်ယန်သည်ပင် ဝမ်းမြောက်ကြည်နူးနေသည့် အမူအရာ ရှိနေလေသည်။
သူမခေါင်းလေးကို လည်ကြည့်သည့်အခါ ဟွမ်ကျဲကို ကြည့်ရသည်မှာ ရယ်ရွှင်မြူးနေပုံ ရပြီး သူမ၏ ဖခင်ကမူ အေးဆေးတည်ငြိမ်သည့် အမူအရာ ရှိနေသည်ကို တွေ့လိုက်ရပါ၏။
ထို့ကြောင့် ဦးလေးငယ်၏ ဆန္ဒ ပြည့်ဝသွားပြီဖြစ်ကြောင်း ရှီလီ သိသွားခဲ့လေပြီ။
ဘာကြောင့်ဖြစ်ဖြစ် ၎င်းက ညီအစ်ကိုရင်းကြား ချစ်မေတ္တာကြောင့် မဟုတ်ဘဲ ရှီလီ၏ အဘွားက သူ့ကိုယ်စား ကြားဝင်ဖြေရှင်းလိုက်ခြင်းဖြစ်ကြောင်း သေချာလှပါ၏။
တရားဝင် နေရာတစ်ခု ရသွားပြီးသည့် ဦးလေးငယ်က စကားပြောကာတွင် ပုံမှန်ထက်ပင် ယုံကြည်မှုအပြည့် ဖြစ်နေလေသည်။
သူက ရှီလီကို အောက်ဆင်းလာဖို့ လှမ်းခေါ်လိုက်ကာ
“အားလီ၊ ဒီကို လာပါဦး။ မင်း ဦးလေးက မင်းနဲ့အတူ ဒုက္ခ ရှာချင်နေတာလေး တစ်ခု ရှိတယ်”
သူ့မတ်ကလေးက သူ့သမီးနှင့် ဒုက္ခရှာချင်တာ ရှိပါသည်ဟု ပြောလာသည်ကို ကြားသည့်အခါ ဟွမ်ကျဲ၏ မျက်နှာမှာ စိတ်မရှည်သည့် အရိပ်အယောင်များ ဖြစ်လာလေတော့သည်။
သူ့မတ်ကလေးကတော့ သူ့ကံကောင်းမှုတွေကို တကယ်ကြီး တွန်းထုတ်နေတာပဲ။
သို့သော် ရှီလီကမူ တိုက်ရိုက် မတုံ့ပြန်ပေ။
“ကျမက အခုမှ ကလေးပဲ ရှိသေးတာ။ ဦးလေးငယ်ကို ကူညီနိုင်မဲ့ ကိစ္စ ဘယ်ရှိပါ့မလဲ။ ကျမကို အရမ်းကြီး အထင်ကြီးနေတာ မဟုတ်ဘူးလား”
“အားလီ မင်းက အခု တကယ်ကြီးပြင်းလာပြီပဲ။ မင်းရဲ့ အဆင့်တွေက အရမ်းကောင်းတယ်လို့ ဦးလေး ကြားထားတယ်”
99 04
အကြီးဆုံးဦးလေးမှာ ဦးလေးငယ်ကို အတော်ကြီး စိတ်မရှည် ဖြစ်လာကာ
“မင်းဘာပြောချင်တာလဲ။ တခါတည်းပြောလိုက်။ ဝေ့လည်ကြောင်ပတ် ပြောနေမယ်ဆို ထွက်သွားလိုက်တော့။ ငါတို့မိသားစုမှာ အဲ့လို အကျင့်ဆိုးမျိုး မရှိဘူး”
အငယ်ဆုံး ဦးလေးမှာ သူ့နှာခေါင်းကို ပွတ်သပ်လိုက်ကာ
“အစ်ကိုကြီး အဲဒီလို ဒဲ့တိုးကြီး မပြောပါနဲ့လားဗျာ”
“ဒါက ဒီလိုပါ။ မင်းအန်တီရဲ့ မိသားစုမှာ မင်းနဲ့ အတန်းတူတဲ့ ညီမလေး တစ်ယောက် ရှိတယ်။ သူလည်း အထက်တန်း ပထမနှစ်ပဲလေ။ မင်းနဲ့ အတန်းဖော်ဖြစ်ရအောင် သူ့ကို ကျောင်းပြောင်းပေးချင်လို့။ သမီးက သူ့ကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ဦးလေးလည်း စိတ်အေးရမှာ”
******
100 01
အပိုင်း 100.
သူ့မတ်ကလေး၏ စကားကို ကြားသည့်အခါ ဟွမ်ကျဲက ဒေါသထွက်သွားလေတော့သည်။
သူက ဘာအဓိပ္ပါယ်တဲ့လဲ။ သူမ သမီးလေးက အိမ်မှာဆို စောင့်ရှောက်ခံရသည့် တစ်ဦးတည်းသော သမီးလေးဖြစ်ကာ သူကတော့ ကျောင်းမှာ တခြားလူကို ဂရုစိုက်ပေးဖို့ သူ့သမီးကို အလိုရှိနေသည်တဲ့လား။
အကယ်၍များ သူ့ကိုယ်ပိုင် သွေးသားဆိုလျှင် ဒါက ကိစ္စ တစ်ခုဖြစ်၏။ သို့သော် ယခုက သွေးမနှောသည့် ဆွေမျိုးဖြစ်နေသည်လေ။
သူမ၏ မတ်ကလေးက သူ၏ မွေးစားသမီးကို စောင့်ရှောက်ပေးဖို့ သူ့သမီးကို ပြောနေသည်တဲ့။
အကယ်၍များ မတ်ကလေး၏ မိသားစုကို သူတို့ မိသားစုက မျက်နှာလိုအားရ လုပ်ချင်သည်ဆိုလျှင် ဒါက နားလည်ပေးလို့ရသည့် ကိစ္စဖြစ်ပေ၏။ သို့သော် ယခုမူ မတ်ကလေးကပင် ထိုမိသားစုကို တွယ်ကပ်ဖို့ အားထုတ်နေရမှန်း သိသာလှသည်ပင်။
သုံးနှစ်တိုင်မျှ အပြင်ထွက်ကာ ကမ္ဘာကြီးထဲ ကျင်လည်ခဲ့ပြီးနောက် သူ့မတ်ကလေးကဖြင့် အောင်မြင်မှုအချို့ လုပ်ဆောင်နိုင်ခဲ့ပြီး သင့်တင့်လျောက်ပတ်သော ဆင်ခြင်တုံတရားမျိုးတော့ ရှိလာပြီဟု သူမ ပြောခဲ့မိသည်ပင်။
ယခုမူ ကျားသစ်တို့မည်သည် တကယ်ကို တောမပြောင်းနိုင်သလို သူ့မတ်ကလေးသည်လည်း ဘာကိုမှ မပြောင်းလဲနိုင်ဘဲ သူက ယခုထိတိုင် ဘဝပေးအသိ ချို့တဲ့နေသူပဲ ဖြစ်နေဟန် ရှိလေသည်။
သွေးရင်းမိခင်ဖြစ်သည့် ဟွမ်ကျဲတစ်ယောက်တည်း မပျော်ရွှင်တော့သည်သာမက အခြားမိသားစုဝင်များပါ ထိုကိစ္စကို အလိုမရှိကြပေ။
အကြီးဆုံးဦးလေး၏ အမူအရာက ချက်ချင်းပင် ပြင်းထန်လေးနက်သွားပြီး အကြီးဆုံး ဒေါ်လေးကလည်း သူမ၏ လက်ကို ဟွမ်ကျဲ ပခုံးပေါ်တင်ကာ စိတ်အေးရန် နှစ်သိမ့်လိုက်၏။
ထို့နောက်အကြီးဆုံးအဒေါ်က ပြောလိုက်လေသည်။
“အားလီက အပူအပင် မရှိဘဲ နေရမဲ့ အရွယ်ပဲ ရှိသေးတာ။ တခြားလူကို ဘယ်လို ဂရုစိုက်ပေးနိုင်မလဲ”
သူမ၏ ယောင်းမကြီးက အရင်ဆုံး စကား စလာသည့်အခါ ဟွမ်ကျဲလည်း ထပ်ပြီး မချုပ်တည်းထားတော့ပေ။
“ ယောင်းမကြီး စကားက မှန်ပါတယ်။ တကယ်လို့ တတိယမောင်လေးက သူ့ မွေးစားသမီးကို စိတ်ပူတယ်ဆိုရင် သူ့ဘေးနားမှာပဲ ထားပြီး သူ့ဘာသာ ဂရုစိုက်ပေးတာ အကောင်းဆုံးပဲပေါ့”
ပွဲကြည့်ပရိသတ်အဖြစ်သာ တလျှောက်လုံး သရုပ်ဆောင်နေခဲ့သည့် ဟုန်ယန်က ချက်ချင်းပင် ထပြောလာလေသည်။
“ယောင်းမ နှစ်ယောက်စလုံး မှန်ပါတယ်ရှင်။ ယောင်းမတို့ တတိယ မောင်လေးကတော့ အဲဒီကိစ္စကို စိတ်မပူပါနဲ့လို့ တောက်လျှောက်ပြောနေခဲ့တာ။ သူ့ကို သိလာတာ ကြာနေမှတော့ သူ့အကြောင်းကို ယောင်းမတို့ ကောင်းကောင်းကြီး သိမှာပါ။ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
“ကျမ သမီးကို အားလီတို့ကျောင်းကို ပြောင်းပေးချင်တယ်လို့ ပြောရုံလေးပါပဲ။ သူ ဒီအကြောင်းကို ကျမနဲ့ ကြိုပြီး မဆွေးနွေးထားဘူးရယ်။ ကျမကိုသာ အရင်ပြောလိုက်ရင် ကျမလည်း သဘောတူမှာ မဟုတ်ပါဘူး။ ဒီကောင်မလေးရဲ့ ကံက နိမ့်ပါးပါတယ်။ အမှတ်တွေကလည်း နိမ့်တယ်။ ပြီးတော့ စာလည်း ကောင်းကောင်း မလေ့လာနိုင်ဘူး။ တကယ်လို့ သူ့ကိုသာ ကျမတို့ရဲ့ မိန်းကောင်းလေး အားလီနဲ့ တတန်းတည်း ထားလိုက်ရင် သူက မကောင်းတဲ့ အရာတွေကိုပဲ သက်ရောက်စေမှာ”
သူမ၏ စကားများကို နားထောင်ရုံမျှဖြင့်ပင် ထိုချဥ်စူးနေသည့် ငေါ့တော့တော့ လေသံက သူမ သမီးကဖြင့် သူတိူ့၏ အဖိုးတန် မိန်းကလေးများနှင့် တန်းတူ ပညာသင်ဖို့ရန် မထိုက်တန်ကြောင်း တုံ့ဆိုင်းစွာ ပြောပြနေသလိုပါပင်။
သူမသမီး၏ “နိမ့်ပါးသော ကံကြမ္မာ” ဟူသည်ကို ဟုန်ယန် ပြောနေချိန်တွင် သူမ၏ လေသံမှာ သမီးရင်းကို ပြောနေသည်ထက် ရန်သူတစ်ယောက်ကို ကျိန်ဆဲနေသည်နှင့်ပင် ပိုတူနေကာ ခါးသီးနေခဲ့ပေ၏။
ကိုယ်တိုင်က သမီးတို့၏ မိခင်ဖြစ်သည့် အဒေါ်အကြီးဆုံးနှင့် ဟွမ်ကျဲတို့မှာ ထိုစကားကြောင့် မျက်မှောင် ကြုတ်မိလေသည်။ အကယ်၍ သူမတို့သာဆို အခြားသူများကို ထေ့ငေါ့ချင်လျှင်တောင်မှ မိမိ သမီးကို သိမ်ငယ်စေပြီး ချိုးနှိမ်မည့် နည်းလမ်းမျိုးကို ဘယ်သောအခါမှ သုံးလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဦးသားမှာ မျက်မှောင်ကြုတ်ထားမိကာ အမေရင်းတစ်ယောက်က သူ့သမီးကို ဘယ်လိုတောင် အခုလို ပြောထွက်ရသည်လဲ ဟူသည်ကို အံ့သြမိပေ၏။
100 02
အငယ်ဆုံးဦးလေးကတော့ သူ့ မယားပါသမီးကို ကာကွယ်ပြီး ပြောလိုက်၏။
“ယင်အာက လိမ္မာတဲ့ ကလေးလေးပါ။ သူ့အပေါ်မှာတော့ မင်း မျှော်လင့်ချက်ကြီးကြီး မထားနဲ့ပေါ့”
“ယင်အာကို အားလီတို့ ကျောင်းမှာ ပြောင်းထားချင်တာနဲ့ ပတ်သက်လို့ ငါ မင်းနဲ့ ကြိုပြီး မတိုင်ပင်ခဲ့မိဘူး။ အဲဒါ ငါ့အမှားပါ။ နောက်တခေါက် မဖြစ်စေရဘူး။ မင်းက သူ့အမေဆိုတော့ တကယ်လို့ အဲဒီကိစ္စကို မသင့်တော့်ဘူးလို့ ထင်ရင် ငါတို့ ယင်အာအတွက် ပုံမှန် ကျောင်းတစ်ကျောင်းပဲ ရှာပေးကြတာပေါ့”
ဟုန်ယန်က ဘာမှ မပြောရသေးမီ အငယ်ဆုံးဦးလေး ကိုယ်တိုင်ကိုက သူ့ဘာသာ နှိမ့်ချလိုက်ပေရာ အခန်းထဲရှိ လူတိုင်း၏ မျက်နှာ အမူအရာများသည်လည်း အရသာ ဆိုးရွားသည့် တစ်စုံတစ်ရာကို စားလိုက်ရသည့်နှယ် ရှုံ့မဲ့သွားကြတော့၏။
အခြားသူများ၏ ချစ်ခြင်းမေတ္တာ ပြသလာခြင်းကို စောင့်ကြည့်ခြင်းအားဖြင့် ထိုသူတို့ထံမှ ပန်းနုရောင် ချစ်သင်္ကေတလေးများကို ခံစားရမည် ဖြစ်ပါသော်ငြား ဤနှစ်ယောက် ပြသနေသည့် ချစ်မေတ္တာကတော့ အတော်ကြီး ကွဲပြားကာ မည်သူ့ကိုမဆို မနေ့ညက စားပြီးသား ညစာများကိုပင် အန်ထွက်နိုင်အောင် ပြုလုပ်နိုင်ပေ၏။
သူ၏ မယားပါသမီးကို ကျောင်းပြောင်းဖို့အရေး အငယ်ဆုံးဦးလေးက ချက်ချင်းလက်ငင်းကြီး အဆိုတင်သွင်းလာသည့် အကြောင်းပြချက်ကတော့ သူက ယခု ကုမ္ပဏီမှာ အလုပ်ပြန်ဝင်တော့မှာ ဖြစ်သောကြောင့် ဟူသတည်း။ သူက အိမ်ထောင်ဦးစီး ဖြစ်ပေရာ သူတို့အားလုံး မြို့တော်ပြာသို့ ပြောင်းရွှေ့လာတာက ဖြစ်သင့်ပါ၏။
ပြောင်းလာကြပြီးနောက် ကလေး၏ ပညာရေးကို အရင်ဆုံး ထည့်သွင်း စဥ်းစားပေးတာလည်း ကျိုးကြောင်း သင့်လျော်လှသည်ပင်။
သူ့မတ်ကလေး၏ မွေးစားသမီးခမျာ ကရုဏာသက်စဖွယ် ကောင်းလှချည့်ဟု ဟွမ်ကျဲက ခံစားရလေသည်။ ၎င်းက သူမသမီးကိုသာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေလျှင် သူမအနေဖြင့် ကူညီပေးဖို့ ဆန္ဒရှိပါ၏။
ထို့ကြောင့် သူမက ပြောလိုက်၏။
“ကိုယ်ပိုင်ကျောင်းရော အစိုးရ ကျောင်းတွေမှာပါ ငါသိတဲ့ အလယ်တန်းကျောင်း ကျောင်းအုပ်ကြီးတွေ ရှိပါတယ်။ ငါ ကူပြီး မိတ်ဆက်ပေးမယ်လေ”
သူ့ ဒုတိယ မရီး သတိပြုမိသည့် ကျောင်းမှန်သမျှက ကျောင်းကောင်းတွေ ဖြစ်မှန်း အငယ်ဆုံး ဦးလေးက သိပါ၏။ သို့မဟုတ်လျှင် သူမက ပြောလာမည် မဟုတ်ပေ။
ထို့ကြောင့် သူက ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဒုတိယမရီး။ စာ ကောင်းကောင်းလေ့လာလို့ ရတဲ့ ပတ်ဝန်းကျင်ဖြစ်ပြီး တာဝန်သိတဲ့ ဆရာဆရာမမျိုး ရှိတဲ့ကျောင်းမျိုးသာဆို ကိုယ်ပိုင်ကျောင်း ဖြစ်ဖြစ် အစိုးရကျောင်းဖြစ်ဖြစ် ကိစ္စမရှိ……..”
ဦးလေးအငယ်ဆုံးက သူ့စကားကို ဆုံးအောင်ပင် မပြောရသေးမီ ဟုန်ယန်က သူ့စကားကို ကြားဖြတ် ပြောလိုက်လေသည်။
“ကလေးတစ်ယောက် ကျောင်းထားဖို့လို ကိစ္စ သေးသေးလေး အတွက်နဲ့တော့ ဒုတိယယောင်းမ ဒုက္ခခံဖို့ မလိုပါဘူးရှင်။ ကျမသမီးကလည်း အသုံးကျတာမှ မဟုတ်တာ။ ကျောင်းကောင်းကောင်းမှာ ထားလည်း ဖြုန်းတီးရာပဲ ကျမှာ။ ဒုတိယယောင်းမကို ကျေးဇူးတော့ တင်ပါရဲ့။ ဒါပေမဲ့ ဒီကိစ္စနဲ့တော့ ယောင်းမကို ဒုက္ခ မပေးတော့ပါဘူး”
သူမ၏ အကြင်နာတရားကြောင့်သာ ဟွမ်ကျဲက ထိုသို့ ကမ်းလှမ်းလာခြင်းဖြစ်ပြီး မိခင်ရင်း ဖြစ်သူကတောင်မှ မလိုလားနေမှတော့ သူမက အကူအညီ ပေးရန် မရမက တောင်းဆိုမနေတော့ပေ။
အငယ်ဆုံးဦးလေးက စကား ထပ်ပြောချင်သော်လည်း ဟုန်ယန့်ထံမှ စိန်းစိန်းဝါးဝါး အကြည့်ကို လက်ခံ ရရှိလိုက်ပြီးနောက် သူ့စကားများကို ပြန်မျိုချလိုက်လေသည်။
ထိုအခြင်းအရာကို ကြည့်ကာ ရှီလီက အပြုံးလေးဖြင့် ပြောလိုက်၏။
“အဲဒီ ညီမလေးနဲ့ ကျွန်မက ဆွေမျိုးရင်း မဟုတ်ပေမဲ့ ကျမတို့က မိသားစုတွေပဲလေ။ ကျမတို့တွေ အတူတူ ကျောင်းတက်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီပေးသင့်တာပေါ့။ ဦးလေးငယ်နဲ့ ဟုန်သခင်မလည်း သမီးဖြစ်သူနဲ့အတူ ကျမကို ယုံကြည်ပေးနိုင်ပါတယ်။ တကယ်လို့ ကျမကိုသာ ယုံကြည်ပေးရင် ဦးလေးငယ်တို့ စိတ်မပျက်အောင် ကျမ အစွမ်းကုန် လုပ်ဆောင်ပေးမှာပါ”
100 03
“ညီမလေးကို စောင့်ရှောက်ပေးတာ မဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲကို။ ဆွေမျိုးတွေ တခန်းတည်းမှာ နေရင် ကျောင်းမှာ အနိုင်ကျင့်ခံရမှာကို မစိုးရိမ်ရတော့ဘူးလေ။ သူ တစ်ခုခု အခက်ကြုံတဲ့အခါ ကျမက သူ့ကို ကူညီပေးလို့ရတဲ့အပြင် ကျမ ဒုက္ခကြုံရင်လည်း သူ ကျမကို အကူအညီ ပြန်ပေးလို့ ရတာပေါ့”
ရှီလီတစ်ယောက်ကမူ ထိုစကားများကို လှိုက်လှိုက်လှဲလှဲ ဆိုလိုက်ပြီးနောက် အငယ်ဆုံးဦးလေးနှင့် သူ့ဇနီးမှအပ ဗီလာထဲရှိ လူတိုင်း လူတိုင်း စိတ်ဝင်စားဖွယ် အမူအရာမျိုးကို ပြသလာပေတော့၏။
သူမ၏ ဝမ်းကွဲများမှာ မျက်ခုံးများပင့်ကာ ရှီလီထံ ကြည့်နေကြပြီး သူတို့ကို ကြည့်ရသည်မှာ “နင် ဘာတွေ လုပ်နေတာလဲ”ဟု ပြောချင်နေပုံ ပေါ်လေသည်။
ရှီလီမှာ မည်သည့် သိုဝှက်ထားသည့် အကြောင်းရင်း တစ်ခုတလေမှ အမှန်တကယ် မရှိကြောင်းကိုမူ ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။ သူမက သနားတတ်သူ ဖြစ်လေရာ အခြားလူတစ်ယောက်ကို ရိုးရိုးသားသား ကူညီလိုခြင်းပင်။
ဟုန်ယန်က သူမ လက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ကာ
“အားလီ ကြင်နာတတ်တာ ဒေါ်လေး သိပါတယ်။ ဒါပေမဲ့ အဲ့ကောင်မလေး စုန့်ရင်းက ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ကြီးဝင်လဲ သမီး မသိပါဘူး။ သူ့ကို ဘေးမှာထားရင် သမီးပါ စာရိတ္တ ပျက်ပြားလိမ့်မယ်”
ရှီလီကလည်း သူမ လက်ကို အားတက်သရော လွှဲယမ်းလိုက်ကာ
“ရပါတယ်၊ ကျမတို့က မိသားစုဝင်တွေပဲဟာ ညီမလေးကို ကျမ အထင်သေးမှာ မဟုတ်ဘူး။ ကျမက လူကောင်းပါလို့ သခင်မပဲ ပြောခဲ့တယ်လေ။ တကယ်လို့ သူသာ ကျမနဲ့အတူ အချိန်ဖြုန်းမယ်ဆို ကျမရဲ့ ကောင်းခြင်းအဖြာဖြာတွေက သူ့ကို သက်ရောက်သွားပြီး သူလည်းပဲ လူကောင်း ဖြစ်လာမှာပေါ့”
သူ၏ ဝမ်းကွဲကောင်မလေးကမူ ကူကယ်ရာမဲ့စွာ ရယ်မောလေသည်။ သူမ၏ သွေးရင်း မိခင်ဖြစ်သူ ဟုန်ယန်နှင့် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသူ စုန့်ရင်းအနေဖြင့် မိခင်ဖြစ်သူ၏ အရိပ်များ သက်ရောက်ကာ လူကောင်း မဖြစ်နိုင်တော့ဟု သူမ ညီမလေးက ပြောလိုက်တာ မဟုတ်ဘူးလား။
ဟုန်ယန်က ရှီလီကို နောက်တဖန် ငြင်းပယ်လိုက်ပြန်ရာ အငယ်ဆုံး ဦးလေးကပင် ဆုံးဖြတ်ချက် ချပေးလိုက်ပါ၏။
“အားလီကလည်း ဆန္ဒရှိနေမှတော့ နောက်ပိုင်းကျ သမီးကိုပဲ ဒုက္ခ ခံခိုင်းရတော့မှာပဲ”
ရှီလီက ဟုန်ယန်၏ မျက်လုံးတည့်တည့်သို့ အပြုံးမြမြဖြင့် ကြည့်လိုက်ကာ
“ဒါက ဒုက္ခ မဟုတ်ပါဘူး။ မိသားစုတွေ ဆိုမှတော့ ပြောရမယ်ဆို ဒါက နည်းလမ်း ကျပါတယ်”
“ကျမတို့က မိသားစု”တွေဟူသည့် ထိုစည်းမျဥ်းက ပြန်ပေါ်လာပြန်လေပြီ။ သူမ ခင်ပွန်းက ကုမ္ပဏီမှာ အလုပ် ပြန်လာလုပ်ချင်တုန်းက တစ်မိသားစုလုံး တွေဝေ တုံ့ဆိုင်းနေခဲ့ပြီး သခင်မကြီး တစ်ယောက်သာ ကူညီပေးခဲ့ပါ၏။
ယခုမူ ဤ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်မလေးက သူတို့က မိသားစုတွေ ဖြစ်ကြောင်း ရုတ်တရက် အမှတ်ရသွားပြန်သည်။
ထိုအပြန်အလှန် ဖလှယ်မှုများမှတဆင့် ဟုန်ယန်က သူ့သမီးရင်းကိုတောင်မှ သိပ်ပြီး တန်ဖိုးမထားကြောင်း ဤနေရာမှာ ရှိနေသူတိုင်း သဘောပေါက်သွားပါ၏။
စိတ်တိုစရာ ကောင်းသည့် ဟုန်ယန်၏ မူဝါဒကို လိုက်နာ ကျင့်သုံးကာ အကြီးဆုံးအဒေါ်က အဆိုပြုလာလေသည်။
“ဒီညတော့ မင်းတို့တွေ အိမ်တော်ဟောင်းမှာပဲ နေလိုက်ကြတော့။ မင်းရဲ့ သမီးကိုရော ဘယ်လိုလုပ်မလဲ။ သူ့ကို ဟိုတယ်ကနေ သွားခေါ်ရအောင် ဒရိုင်ဘာ လွှတ်ပေးရမလား။ မိန်းကလေး တစ်ယောက်တည်း ဟိုတယ်မှာ နေတာက မလုံခြုံဘူးလေ”
အငယ်ဆုံးဦးလေးက ကသိကအောက် ဖြစ်စွာဖြင့် ပြုံးလိုက်ကာ
“ကျနော်တို့က ဒီနေရာမှာ အခြေတကျ မဖြစ်သေးတော့ သူ့ကို ခေါ်မလာခဲ့ဘူး။ ကောင်မလေးက အိမ်မှာ အိမ်စောင့်ပြီး ကျန်ခဲ့တယ်”
အကြီးဆုံးအဒေါ်ခမျာ “အို”ဟူသော အာမေဋိတ်သံပြုကာ ပြောလိုက်လေသည်။
“မင်းတို့နှစ်ယောက် တယ်လည်း သတ္တိကောင်းတာပဲ။ ကလေးတစ်ယောက်တည်းကို အိမ်စောင့်ဖို့ ထားခဲ့ရဲတယ်နော်”
“သူက အခု အရွယ်ရောက်နေပါပြီ။ သူ့ကိုယ်သူ ဂရုစိုက်လို့ ရနေပြီ”
အကြီးဆုံးအဒေါ်က နောက်တဖန် ထပ်မေးပြန်သည်။
“ဒါဖြင့် မင်းတို့တွေ ဘယ်အချိန်ကျမှ ကလေးကို ဒီကို ခေါ်လာဖို့ စီစဥ်ထားလဲ”
ဦးလေးငယ် ဘာစကားမှ မပြောနိုင်ခင် ဟုန်ယန်က နောက်တကြိမ် ထပ်ပြီး ကြားဖြတ် ပြောပြန်၏။
“အလျင်မလိုပါဘူး။ ကျမတို့တွေ ဒီနေရာမှာ အခြေကျပြီးမှပဲ သူ့ကို ခေါ်လာမယ်။ သူက အခု မိန်းမငယ်လေးတောင် ဖြစ်နေမှကို၊ သူ့ဘာသာ ဂရုစိုက်နိုင်ရမှာပေါ့”