← Chapters

ရှန်မို့မောက်မာမှုများ ပျံ့နှံ့ခြင်း

Vol. 24 Ch. 350

ရှန်မို့မောက်မာမှုများ ပျံ့နှံ့ခြင်း

Vol. 24 Ch. 350

အကြီးအကဲ ချင်းမုက ခပ်အေးအေးပင်

"အဲ့ဒီကောင်လေးကို လျစ်လျူရှုထားလိုက်ပါ… မင်းတို့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ကြစမ်း"

"နားလည်ပါပြီ"

အကြီးအကဲ (၉) နှင့် ပိုင်ထျန်းယွမ်တို့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ဖြေကြသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲ ချင်းမုမှ

"ထျန်းယွမ်… မင်းနဲ့ အရိပ်နန်းဆောင်က သခင်မလေးနဲ့ ဘာတွေဖြစ်နေတာလဲ"

ပိုင်ထျန်းယွမ်၏ မျက်နှာ အမူအရာ တောင့်တင်းသွားပြီး လည်ပင်းကို အနည်းငယ် ပုလိုက်ကာ အနေခက်ဟန်ဖြင့် ပြုံးလိုက်ရင်း

"အကြီးအကဲရဲ့ ထက်မြက်တဲ့ မျက်လုံးတွေကို ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူးခင်ဗျာ"

အကြီးအကဲ ချင်းမုမှ လေသံပြတ်ပြတ်ဖြင့်

"အဲ့ဒီ ရွှယ်ကျီယီဆိုတဲ့ မိန်းကလေးက မင်း လိုက်နေရမယ့်သူမျိုး မဟုတ်ဘူး… အမြန်ဆုံး လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်… သူ့ရဲ့ အသုံးချခံ မဖြစ်စေနဲ့"

သူ သတိပေးလေ၏။

ပိုင်ထျန်းယွမ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စိတ်ဒုက္ခရောက်နေဟန်ဖြင့်

"ဒါပေမဲ့ ဆရာ... ကျွန်တော် သူ့ကို တကယ် နှစ်သက်တာပါ"

အကြီးအကဲ (၉) မှလည်း

"ညီငယ်ပိုင်... မင်းက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပါ… တစ်နေ့ကျရင် အကြီးအကဲ ချင်းမုလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ ဆေးဖော်စပ်မှု ကျွမ်းကျင်ပညာရှင် ဖြစ်လာမှာ အသေအချာပဲ… အခုချိန်မှာ သူ့စိတ်ကို မဖမ်းစားနိုင်သေးရင်တောင် အနာဂတ်မှာ မင်း သူနဲ့ လက်တွဲခွင့်ရမှာပါ… သိပ်ပြီး စိတ်မပူပါနဲ့"

သူ ကြားဝင်ဖျောင်းဖျ၏။

ဤစကားများကို ကြားရသောအခါ ပိုင်ထျန်းယွမ် ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၉) အပေါ် အလွန်ကျေးဇူးတင်သွားပြီး ခေါင်းကို တရစပ် ငြိမ့်ပြလိုက်၏။

အကြီးအကဲ ချင်းမုမှ သက်ပြင်းသဲ့သဲ့ချကာ

"ထားလိုက်ပါတော့... ငါလည်း အိုပြီဆိုတော့ ဒီလိုကိစ္စတွေထဲ မဝင်ပါချင်တော့ဘူး… အဲ့ဒီမိန်းကလေးကိုပဲ သတိထားပါ… သူ့အလိုကျ အသုံးချတာ မခံရစေနဲ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့… စိတ်ချပါ အကြီးအကဲ… ကျွန်တော် စိတ်အေးအေးထားပြီး ဆင်ခြင်ပါ့မယ်"

ပိုင်ထျန်းယွမ် အားတက်သရော ကတိပေးလိုက်သည်။

အကြီးအကဲ ချင်းမုက သူ့လက်ထဲရှိ ဆေးဖက်ဝင်ပစ္စည်း လေးစုံကို ချိန်ဆကြည့်ရင်း

"ငါ တစ်လလောက် အချိန်ယူရမယ်… ဒါပေမဲ့ အေးစက်လေးလံသော ရေနှင်းခဲဆေးလုံးကို မဖော်စပ်ဖြစ်တာ နှစ်အတော်ကြာပြီဆိုတော့ အောင်မြင်တဲ့ ဆေးလုံး ဘယ်နှစ်လုံး ရမလဲဆိုတာကိုတော့ အာမ,မခံနိုင်ဘူး… အဲ့ဒီအတွက် ကြိုတင်ပြင်ဆင်ထားကြ"

အကြီးအကဲ (၉) ခေါင်းငြိမ့်ပြကာ

"အောင်မြင်နှုန်း ဘယ်လောက်ပဲရှိရှိ… နောက်ဆုံး ရလာသမျှ ဆေးလုံးအရေအတွက်ကို ကျွန်တော် လက်ခံပါတယ်"

"ကောင်းပြီ… သွားကြတော့"

အကြီးအကဲ ချင်းမု လက်ယမ်းကာ ပြန်လွှတ်လိုက်၏။

နှစ်ယောက်သား နန်းဆောင်ထဲမှ ထွက်လာကြသည်။

"စီနီယာ... ကျေးဇူးတင်ပါတယ်"

ပိုင်ထျန်းယွမ် လှိုက်လှိုက်လှဲလှဲ ပြောလေ၏။

အကြီးအကဲ (၉) ရယ်မောရင်း "မိန်းမလှလေးတစ်ယောက်ကို ဝိုင်းဝန်းပိုးပန်းကြတာ သဘာဝပါပဲ… အရိပ်နန်းဆောင်က သခင်မလေးက ရုပ်ရည်ရော အရှိန်အဝါပါ ကမ္ဘာပေါ်မှာ ထိပ်တန်းစာရင်းဝင်ဆိုတော့ မင်း စွဲလမ်းတာ မဆန်းပါဘူး"

ပိုင်ထျန်းယွမ် ပြတ်သားစွာပင်

"ဘာပဲဖြစ်ဖြစ် ရွှယ်ကျီယီကို ကျွန်တော့်ဇနီးအဖြစ် မရရအောင် လုပ်မယ်”

"ကောင်းပြီ… အဲ့ဒီနေ့ကို ငါ စောင့်မျှော်နေပါမယ်"

အကြီးအကဲ (၉) ရယ်မောရင်း ပြော၏။

ခေတ္တမျှ စဉ်းစားပြီးနောက် ပိုင်ထျန်းယွမ်မှ ရုတ်တရက်

"ဒါနဲ့ စီနီယာ… ဟို ရှန်မိုဆိုတဲ့ကောင်က သူ့ကိုယ်သူ ဘယ်လောက် အရည်အချင်းရှိတယ်မှတ်လို့ အေးစက်လေးလံသော ရေနှင်းခဲဆေးလုံးကို ဖော်စပ်ဖို့ ကြိုးစားနေတာလဲမသိဘူး… ဒီအခွင့်အရေးကို သုံးပြီး ကိစ္စကို ပိုကြီးအောင် လုပ်ရင် မကောင်းဘူးလား… တစ်မြို့လုံးသာ ဒီသတင်း ပျံ့သွားရင် ကျောက်စိမ်းဂိုဏ်းရဲ့ သခင်လေးက ဆေးဖော်စပ်မှု ပညာရှင်ကြီးကို စိန်ခေါ်ရဲလောက်အောင် မိုက်မဲတယ်ဆိုပြီး လူရယ်စရာကြီး ဖြစ်သွားမှာ… နောက်ဆုံး ရလဒ်ထွက်လာတဲ့အခါမှာတော့ ရှန်မိုရဲ့ နာမည်ဂုဏ်သတင်းကလည်း ထိုးဆင်းသွားမှာ အသေအချာပဲ”

အကြီးအကဲ (၉) ၏ မျက်လုံးများ တောက်ပသွားကာ

"မင်းပြောတာ ဟုတ်တယ်နော်”

ပိုင်ထျန်းယွမ် ဆက်ပြော၏။

"ကျွန်တော် ကြားတာတော့ ကျင်းဧကရာဇ်က ကျောက်စိမ်းဂိုဏ်းရဲ့ ရှန်မိုအပေါ်မှာ အမြင်မကြည်ဖြစ်နေတာ ကြာပြီတဲ့… ကျွန်တော်တို့သာ ဒီကိစ္စကို အောင်အောင်မြင်မြင် စီစဉ်နိုင်ရင် ဧကရာဇ်က ထျန်းဟီဂိုဏ်းနဲ့ ပိုပြီး ရင်းနှီးလာမှာပါ… နောက်ပိုင်း ကျင်းဧကရာဇ်က အင်အားကြီးဂိုဏ်း ရှစ်ဂိုဏ်းကို စစ်အင်အားနဲ့ နှိမ်နင်းဖို့ ဆုံးဖြတ်ခဲ့ရင်တောင် ကျွန်တော်တို့ဘက်ကိုတော့ ပြန်ငဲ့မှာ အသေအချာပဲ… ရုံးတော်ကို ဆန့်ကျင်နေတဲ့ ကျောက်စိမ်းဂိုဏ်းကတော့ အနှိမ်နင်းခံရမှာဖြစ်ပေမဲ့ ထျန်းဟီဂိုဏ်းက သစ္စာရှိတဲ့ လက်အောက်ခံအဖြစ် ပြသထားရင် အေးအေးဆေးဆေး ဆွေးနွေးခွင့်ရလိမ့်မယ်… ဒါဆိုရင် ဂိုဏ်းပျက်စီးမယ့် ဘေးကနေလည်း ရှောင်နိုင်မှာပါ"

အကြီးအကဲ (၉) မှ လေးလေးနက်နက် ခေါင်းငြိမ့်ပြ၏။

အင်အားကြီးဂိုဏ်း ရှစ်ဂိုဏ်းသည် အလွန်အင်အားကြီးမားသော်လည်း တစ်ဦးနှင့်တစ်ဦး စည်းလုံးမှု လုံးဝမရှိသည်ကို သူ ကောင်းကောင်းသိသည်။ ချန်းယွမ်ဂိုဏ်းနှင့် ဓားရိုင်းမဟာမိတ်အဖွဲ့တို့ကဲ့သို့ ဂိုဏ်းအချို့မှာ နှစ်ပေါင်းတစ်ထောင်ကျော် ရန်သူတော်များ ဖြစ်ခဲ့ကြ၏။ ထိုဂိုဏ်းများအားလုံး စိတ်ဝမ်းကွဲမှုများကို ဘေးဖယ်ထားပြီး တော်ဝင်မိသားစုကို စုပေါင်းတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် တော်ဝင်မိသားစုမှာမူ မျိုးဆက်ပေါင်းများစွာ နည်းဗျူဟာကျကျ လုပ်ဆောင်လာခဲ့ကြသည်။ ကျင်းဧကရာဇ်များသည် ဂိုဏ်းရှစ်ဂိုဏ်းအတွင်း စိတ်ဝမ်းကွဲမှုများဖြစ်အောင် ရန်တိုက်ပေးခြင်းနှင့် သူလျှိုသွင်းခြင်းများကို လုပ်ဆောင်ခဲ့၏။ ယခု လက်ရှိ ဘုရင်လက်ထက်တွင်တော့ ထိုလုပ်ဆောင်ချက်များက ထင်ရှားသော ရလဒ်များ ထွက်ပေါ်လာနေပြီဖြစ်သည်။ ဂိုဏ်းအချို့မှာ တော်ဝင်မိသားစုထံ တိတ်တဆိတ် သစ္စာခံထားပြီး ဖြစ်နိုင်သည်ဟု အကြီးအကဲ (၉) ခန့်မှန်းမိ၏။

တော်ဝင်မိသားစု၏ အင်အားမှာ ဂိုဏ်းရှစ်ဂိုဏ်း ထင်ထားသလောက် မနည်းပေ။ အကယ်၍ ကျင်းဧကရာဇ်သာ ဂိုဏ်းရှစ်ဂိုဏ်းကို စစ်ကြေညာခဲ့ပါက ထျန်းဟီဂိုဏ်းကို စစ်မီးထဲ မပါစေလိုပေ။ ငြိမ်းချမ်းစွာ လက်နက်ချခွင့်ရခြင်းက အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။ ထိုသို့ သစ္စာရှိကြောင်း ပြသရန် အကောင်းဆုံးနည်းလမ်းမှာ ကျောက်စိမ်းဂိုဏ်းနှင့် ရှန်မိုကို နှိမ်ချခြင်းပင်။

အမှန်စင်စစ် ကျင်းဧကရာဇ်၏ မဟာဗျူဟာတွင် ပထမခြေလှမ်းမှာ ယုကျောက်ကို ထိန်းချုပ်ရန်ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ယုကျောက်၌ ရှန်မို ပေါ်ထွက်လာခြင်းက ဧကရာဇ်၏ အစီအစဉ်အားလုံးကို ဖရိုဖရဲ ဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် ကျင်းဧကရာဇ်သည် ရှန်မိုကို အမြန်ဆုံး သတ်ပစ်ချင်နေခြင်း ဖြစ်နိုင်သည်။

"ကောင်းပြီ… ဒါပေမဲ့ ငါကတော့ ဒီကိစ္စမှာ တိုက်ရိုက် ပါဝင်လို့ မဖြစ်ဘူး… ညီငယ်... မင်းပဲ ဒါကို တာဝန်ယူလိုက်ပါ… ရှန်မိုရဲ့ မောက်မာတဲ့ လုပ်ရပ်တွေကို မြို့တော်အနှံ့ ပျံ့သွားအောင် လုပ်ပစ်လိုက်တော့"

အကြီးအကဲ (၉) အေးစက်စွာ ပြောလိုက်၏။

သူကိုယ်တိုင်လည်း ရှန်မိုအပေါ် အငြိုးရှိနေသူ ဖြစ်သည်။ ဆေးဖက်ဝင်ပစ္စည်း ငါးစုံရရှိရန် ဆယ်စုနှစ်တစ်ခုကျော် ကြိုးစားခဲ့ရသော်လည်း ရှန်မိုက တစ်စုံကို ယူသွားခဲ့သဖြင့် သူ အလွန် မကျေမနပ် ဖြစ်နေခဲ့၏။

"စိတ်ချပါ… အရိပ်နန်းဆောင်ကိုပဲ လွှဲလိုက်ပါ့မယ်… ဒါက သူတို့ရဲ့ ကျွမ်းကျင်မှု နယ်ပယ်ပဲလေ"

ပိုင်ထျန်းယွမ် ရယ်မောကာ ပြောလိုက်သည်။

...

နောက်တစ်လခွဲခန့်အတွင်း ကောလာဟလတစ်ခုမှာ မြို့တော်အတွင်း ကပ်ရောဂါတစ်ခုလို ပျံ့နှံ့သွားသည်။ လူစည်ကားသော လမ်းမများမှသည် လက်ဖက်ရည်ဆိုင်များနှင့် အရက်ဆိုင်များအထိ နေရာတိုင်းတွင် လူတိုင်းက ထိုအကြောင်းကိုသာ ဆွေးနွေးကြလေ၏။

ကျောက်စိမ်းဂိုဏ်းမှ ခေါင်းဆောင်ငယ် ရှန်မိုသည် အကြီးအကဲ ချင်းမုကို စိန်ခေါ်ရန် ကြိုးစားနေပြီး ဆေးဖက်ဝင်ပစ္စည်း တစ်စုံတည်းဖြင့် အေးစက်လေးလံသော ရေနှင်းခဲဆေးလုံးကို ဖော်စပ်ရန် အားထုတ်နေသည်ဟူသော သတင်းပင်။

ရှန်မို၏ နာမည်မှာ မြို့တော်တွင် ထင်ရှားကျော်ကြားပြီးသား ဖြစ်သည်။ လူငယ်အများစုကပင် သူ့ကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြသည်။

သို့သော် ယခု ကောလာဟလမှာ မသမာသော ရည်ရွယ်ချက်ရှိသူများ၏ မြှောက်ပင့်မှုကြောင့် ရှန်မိုမှာ လှောင်ပြောင်စရာ လူရယ်စရာ ဖြစ်လာခဲ့သည်။

"အဲ့ဒီ ရှန်မိုက တိုက်ခိုက်ရေးမှာ တော်တယ်ဆိုပေမဲ့ ဆေးဖော်စပ်တဲ့နေရာမှာတော့ ဘာမှနားမလည်တဲ့ လူစိမ်းသက်သက် မဟုတ်လား”

"ဟုတ်တာပေါ့… အကြီးအကဲ ချင်းမုဆိုတာ ကျင်းနိုင်ငံတော် တစ်ခုလုံးက အသိအမှတ်ပြုထားတဲ့ ဆေးဖော်စပ်မှု ပညာရှင်ကြီးပဲ… ရှန်မိုက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

"ကျွန်တော် ကြားတာတော့ ရှန်မိုက ဆေးဖက်ဝင်ပစ္စည်း တစ်စုံတည်းနဲ့ ဆေးလုံးဖော်စပ်နိုင်တယ်လို့ ကြွားလုံးထုတ်နေတယ်ဆိုပဲ… ကျွန်တော့်ရဲ့ ဆေးဆရာ သူငယ်ချင်းတွေ ပြောတာတော့ အဲ့ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတဲ့… ဘယ်ဆေးဆရာမှ တစ်ကြိမ်တည်းနဲ့ အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး”

"ဟုတ်တယ်… သူက အရမ်းမောက်မာတာပဲ… ကျင့်စဉ်ပိုင်းမှာ ပါရမီပါရုံနဲ့ ဆေးဖော်စပ်တဲ့ နေရာမှာလည်း ပါရမီရှင်လို့ သူ့ကိုယ်သူ ထင်နေတာလား”

မြို့တော်အတွင်း ထိုကဲ့သို့သော ဝေဖန်သံများ လွှမ်းမိုးသွားသည်။ ရှန်မို၏ ပုံရိပ်မှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး အတိုင်းအဆမရှိ မောက်မာသူတစ်ဦးအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ မိစ္ဆာမျိုးနွယ်အပေါ် သူ ရရှိခဲ့သော ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုများပင်လျှင် ထိုဝေဖန်မှုများအောက်တွင် မှေးမှိန်သွားဟန် ရှိ၏။

...

တော်ဝင်နန်းတော်အတွင်း၌...

ကျင်းဧကရာဇ်၏ အနှစ်သက်ဆုံး အလုပ်မှာ နန်းတော်၏ အမြင့်ဆုံး မျှော်စင်ပေါ်တွင် ရပ်ကာ တောင်ဘက်အရပ်သို့ ငေးကြည့်နေခြင်း ဖြစ်သည်။ သူ၏ ဘိုးဘေးများကဲ့သို့ပင် နယ်မြေအားလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်လိုသော ရည်မှန်းချက်ကြီးသည့် အုပ်ချုပ်သူတစ်ဦးလည်း ဖြစ်၏။ သို့သော် တောင်ဘက်ရှိ မိစ္ဆာနိုင်ငံတော်သည် ကျင့်နိုင်ငံတော်အတွက် အကြီးမားဆုံး အတားအဆီးတစ်ခု ဖြစ်နေသည်။

သူသည် နတ်ဆိုးနိုင်ငံတော်ကို ဖျက်ဆီးရုံသာမက လာမည့်စစ်ပွဲကို အခွင့်ကောင်းယူကာ အင်အားကြီးဂိုဏ်း ရှစ်ဂိုဏ်းကိုလည်း တော်ဝင်အာဏာအောက်သို့ အလုံးစုံ သွပ်သွင်းနိုင်ရန် ရည်ရွယ်ထား၏။ အကယ်၍ ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက သူ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော် အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက အရာအားလုံး ပျက်စီးသွားနိုင်လေ၏။

ကျင်းဧကရာဇ်၏ ဦးခေါင်းမှ အဖြူရောင် မြူခိုးသဲ့သဲ့ ထွက်ပေါ်နေသည်။ သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချကာ တွေးတောနေခြင်း၏ ရလဒ်ပင်။ အတော်ကြာပြီးနောက်တွင် သူ စဉ်းစားခြင်းကို ရပ်လိုက်ကာ မောပန်းနွမ်းနယ်စွာဖြင့် နားထင်ကို နှိပ်နယ်နေ၏။

သူ့လက်ညှိုးမှ ခါးတွင်ချိတ်ထားသော ကျောက်စိမ်းဆွဲပြားကို အမှတ်တမဲ့ ခေါက်နေမိသည်။ ထိုခေါက်သံ မဆုံးမီမှာပင် အရိပ်တစ်ခု အခန်းထောင့်၌ တိတ်တဆိတ် ပေါ်လာ၏။

"ဒီတစ်လော ထူးခြားတဲ့ ကိစ္စ ရှိလား”

ကျင်းဧကရာဇ် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

အရိပ်က ရိုသေစွာဖြင့်

"ထျန်းဟီ ကုန်သည်ကြီးများအသင်းက ကျင်းပတဲ့ ဆေးဖော်စပ်မှု ပြိုင်ပွဲကတော့ ပျက်သွားပါပြီ… ဆေးဆရာ အများစုကလည်း နုတ်ထွက်သွားကြပါပြီ… အဲ့ဒါက အကြီးအကဲ ချင်းမုရဲ့ အမိန့်နဲ့ အရိပ်နန်းဆောင်က လုပ်ဆောင်ခဲ့တာလို့ ကျွန်တော်တို့ သတင်းရထားပါတယ်"

ကျင်းဧကရာဇ်မှ ဂရုမစိုက်ဟန်ဖြင့် ခေါင်းအနည်းငယ် ငြိမ့်ပြကာ

"ဆက်ပြောဦး"

All Chapters