← Chapters

အကြီးအကဲချင်းမု၏ အောင်မြင်မှု

Vol. 24 Ch. 352

အကြီးအကဲချင်းမု၏ အောင်မြင်မှု

Vol. 24 Ch. 352

ဟိုင်ချန်ခွန် ခေါင်းယမ်းလိုက်ပြီး

"ဒါက အတိအကျတော့ မဟုတ်သေးပေမဲ့ အောင်မြင်ဖို့ အခွင့်အရေးက အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိပါတယ်"

"ကျွန်တော် ကြားဖူးတာကတော့ လေးလံသောရေ အအေးလွန်ကဲ ဆေးလုံးကို အထူးမီးတောက် အသုံးပြုပြီး တစ်လတိတိ နေ့ညမပြတ် စဉ်ဆက်မပြတ် သန့်စင်ရတယ်တဲ့… အဲဒါက စိတ်ဝိညာဉ်စွမ်းအင်အတွက် အကြီးမားဆုံး စမ်းသပ်မှုပဲ"

“ခေါင်းဆောင်ငယ်ရဲ့ ပါရမီက ဘယ်လောက်ပဲ ထူးခြားနေပါစေ သူ့ရဲ့ စုစုပေါင်း စိတ်ဝိညာဉ်စွမ်းအင်က တခြား နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတွေထက် အများကြီး ပိုသာမှာ မဟုတ်ဘူး..."

"အခုတော့ ခေါင်းဆောင်ငယ် တောင့်ခံနိုင်ပါ့မလား ဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်”

မူယုံးယွဲ့ ခေါင်းကို အသာအယာ ငြိမ့်လိုက်သော်လည်း သူမ၏ လှပသော မျက်ခုံးအစုံကတော့ တင်းတင်းကျပ်ကျပ် တွန့်ချိုးနေဆဲ ဖြစ်သည်။

ရှန်မို၏ စိတ်ဝိညာဉ်စွမ်းအင်သည် သာမန်လူတွေထက် ပိုများကြောင်း သူ သိ၏။ သို့သော်လည်း ရှန်မို၏ ခန္ဓာကိုယ်ထဲတွင် ထာဝရမီးတောက် နှစ်ခု ကိန်းအောင်းနေသည်။

ထိုမီးတောက်များက သူ့ စိတ်ဝိညာဉ်စွမ်းအင်ကို အမြဲတစေ စုပ်ယူသုံးစွဲနေကြ၏။ ဤမျှ မြန်ဆန်လှသော စွမ်းအင်ကုန်ဆုံးမှုနှုန်းနှင့်ဆိုလျှင် ရှန်မို တကယ်ပဲ အဆုံးထိ တောင့်ခံနိုင်ပါ့မလား။

ထိုအချိန်တွင် သူတို့နှစ်ဦးစလုံး တစ်စုံတစ်ခုကို အာရုံခံလိုက်မိပြီး နန်းမြို့တော်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။ အားကောင်းလှသော ရေဓာတ်ဝိညာဉ်စွမ်းအင်များ ထိုအရပ်မှ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် အရပ်မျက်နှာအသီးသီးမှ မြောက်မြားစွာသော ရေငွေ့များသည် ထိုနေရာသို့ စုပြုံတိုးဝင်နေကြသည်။

"အဲဒီနေရာက..."

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေတ္တမျှ မှင်တက်သွားကြသည်။

ခြေသံများနှင့်အတူ ကျိုးမင်ယီ မျက်နှာပျက်ပျက်ဖြင့် အပြေးအလွှား ရောက်လာကာ

"အဲဒါ နန်းမြို့တော်က ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်ပဲ။ ဧကရာဇ်ကျင်းက အကြီးအကဲချင်းမုနဲ့ သူ့တပည့်တွေကို ပေးထားတဲ့ စံအိမ်တော်လေ"

ဟိုင်ချန်းခွန်၏ မျက်နှာ တင်းမာသွားပြီး

"ဒါဆို အကြီးအကဲချင်းမု အောင်မြင်သွားပြီပေါ့”

ကျိုးမင်ယီ ခေါင်းငြိမ့်ပြကာ

"အဲဒီလိုပဲ ထင်ရတယ်… သတင်းက မကြာခင် ပျံ့သွားတော့မှာပဲ…စောင့်ကြည့်ကြတာပေါ့"

သူတို့သုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်ထဲတွင် စိုးရိမ်စိတ်များ အနည်းငယ် ဝင်ရောက်လာသည်။

…

နန်းမြို့တော်၊ ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်။

ပိုင်ထျန်းယွမ်နှင့် ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၉) တို့သည် အကြီးအကဲချင်းမုရှေ့တွင် မျှော်လင့်ချက်အပြည့်ဖြင့် ရပ်နေကြသည်။ သူတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ရိုသေမှုတို့ဖြင့် ဆေးဖော်စပ်သည့် မီးဖိုကြီးဆီသို့ စူးစိုက်ကြည့်နေကြ၏။

"ဆရာ..."

ပိုင်ထျန်းယွမ် ခပ်တိုးတိုး ခေါ်လိုက်သည်။

အကြီးအကဲချင်းမု ပြုံးလိုက်ပြီး

"ပြီးသွားပြီ"

"ဒီ လေးလံသောရေ အအေးလွန်ကဲဆေးလုံးကို မဖော်စပ်တာ နှစ်အတော်ကြာပြီမို့ လက်နည်းနည်း တောင့်နေတာနဲ့ ပါဝင်ပစ္စည်း သုံးစုံလောက် အဖတ်တင်သွားပေမဲ့ နောက်ဆုံးတော့ အောင်မြင်သွားပြီ"

ထျန်းဟီဂိုဏ်း၏ အကြီးအကဲ (၉) မှာ အလွန်အမင်း ဝမ်းသာသွားပြီး

"ကောင်းတယ်… ကောင်းတယ်… အောင်မြင်သွားရင်ပဲ တော်ပါပြီ”

"ကျွန်တော့်မြေးက မြုတေဖွဲ့စည်းခြင်း အဆင့်ရဲ့ အထွတ်အထိပ်မှာ တစ်ဆို့နေတာ နှစ်တွေအတော်ကြာပြီ… အဆင့်တက်ဖို့ တွန်းအားတစ်ခုပဲ လိုနေတာ… ဒီ လေးလံသောရေ အအေးလွန်ကဲဆေးလုံးရှိရင် သူ ခြေတည်ဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ လုံလောက်တဲ့ အခြေခံအုတ်မြစ်ကို ရရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

အကြီးအကဲချင်းမု နူးညံ့သော အပြုံးဖြင့် ခေါင်းငြိမ့်ပြသည်။ ထိုစဉ် အပြင်ဘက်မှ လူငယ်အစေခံတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ဆရာကြီး... အရိပ်ခန်းမက လူတစ်ယောက် ရောက်လာပြီး ဆရာကြီးရဲ့ ဆေးဖော်စပ်မှု အောင်မြင်တဲ့အတွက် ဂုဏ်ပြုလက်ဆောင်တွေ ယူလာပါတယ်"

အကြီးအကဲချင်းမု တည်ငြိမ်စွာပင်

“ဘယ်သူလဲ"

"အရိပ်ခန်းမရဲ့ သခင်မလေး ရွှယ်ကျီယီပါ"

ပိုင်ထျန်းယွမ် ချက်ချင်းဆိုသလို လှည့်ကြည့်လိုက်ပြီး အပြင်သို့ ပြေးထွက်သွားရန် ပြင်လိုက်သည်။ အကြီးအကဲချင်းမုမှ လှမ်းဟောက်၏။

"ရပ်စမ်း"

"မင်း ငါ့နောက်မှာ ဆေးဖော်စပ်နည်း သင်ယူလာတာ အနှစ် လေးဆယ်ကျော်ပြီ… ဒါတောင် စိတ်လိုက်မာန်ပါ လုပ်နေတုန်းပဲလား"

ပိုင်ထျန်းယွမ် စိတ်မကောင်းဖြစ်သွားသည့် ပုံစံဖြင့် ကြည့်နေစဉ် အကြီးအကဲ (၉) မှ သူ့ကို ဆွဲထားလိုက်ပြီး

"ဆရာ့ရဲ့ ဆေးဖော်စပ်မှုက ထူးခြားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်စေခဲ့တာဆိုတော့ အရိပ်ခန်းမက အရင်ဆုံး ရောက်လာတာပဲ ရှိသေးတယ်… တခြား အင်အားကြီးဂိုဏ်းတွေလည်း လာကြဦးမှာပါ"

"ညီလေး... စိတ်မလောပါနဲ့… မင်း အခု အလောတကြီး ပြေးထွက်သွားရင် ငါတို့ အဆင့်အတန်းကို ထိခိုက်စေမှာပေါ့"

ပိုင်ထျန်းယွမ် ချက်ချင်း သဘောပေါက်သွားပြီး

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

အမှန်ပင် ခဏအကြာတွင် လူငယ်အစေခံ၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

"ဆရာကြီး... လူတွေ ထပ်ရောက်လာပါပြီ။ ဝိညာဉ်တော်ဂိုဏ်း၊ ချန်ယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်းနဲ့ နှင်းနန်းတော်ကြီးက ကိုယ်စားလှယ်တွေလည်း ဂုဏ်ပြုလက်ဆောင်တွေနဲ့ ရောက်လာကြပါတယ်"

အကြီးအကဲချင်းမု၏ မျက်နှာတွင် ကျေနပ်သည့် အပြုံးလေးတစ်ခု ပေါ်လာသည်။ သူကဲ့သို့ အဆင့်အတန်းမျိုးတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အရေးအကြီးဆုံးမှာ ဂုဏ်သိက္ခာပင် ဖြစ်သည်။ ဆေးလုံး အောင်မြင်သည့်အချိန်တွင် ဂိုဏ်းကြီးများက လာရောက်ဂုဏ်ပြုကြခြင်းသည် သူ၏ အဆင့်အတန်းကို ပြသရာရောက်သည်။

"သွားကြစို့"

အကြီးအကဲချင်းမု ဖြည်းညင်းစွာ ထရပ်လိုက်၏။ အကြီးအကဲ (၉) မှ ခပ်တိုးတိုး ပြောလေသည်။

“ညီလေး... ငါက ထျန်းဟီဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ လူပုံအလယ် ထွက်ပြဖို့ မသင့်တော်ဘူး… မင်းပဲ ဆရာ့ကို အပြင်မှာ ကူညီပေးလိုက်ပါ"

"နားလည်ပါပြီ"

ပိုင်ထျန်းယွမ် ခေါင်းငြိမ့်ပြ၍ အကြီးအကဲချင်းမုကို တွဲပြီး အပြင်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်၏ အဝင်ဝတွင် ကျင့်ကြံသူ အမြောက်အမြား စီတန်းနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ အနည်းဆုံး ခြေတည်ဝိညာဉ်အဆင့်ရှိကြပြီး နတ်ဘုရားပြောင်းလဲအဆင့် ပညာရှင်များလည်း ပါဝင်သည်။

ပိုင်ထျန်းယွမ်၏ အကြည့်မှာ လူအုပ်ကြားထဲတွင် ဝတ်စုံနက်ဝတ်ပြီး မျက်နှာကို ပုဝါအနက်ဖြင့် ဖုံးအုပ်ထားသည့် အမျိုးသမီးတစ်ဦးဆီသို့ ရောက်သွားကာ နှလုံးခုန်နှုန်းများ မြန်လာ၏။

စုဝေးနေသော ကျင့်ကြံသူများက ဦးညွှတ် ဂုဏ်ပြုလိုက်ကြပြီး

“အဆင့်မြင့် ကောင်းကင်အဆင့် ဆေးလုံးကို နောက်တစ်ကြိမ် အောင်မြင်အောင် ဖော်စပ်နိုင်တဲ့အတွက် အကြီးအကဲချင်းမုကို ဂုဏ်ယူပါတယ်”

အကြီးအကဲချင်းမု ဝမ်းသာသော်လည်း အပြင်ပန်းတွင်မူ အပြုံးလေးဖြင့်သာ တည်ငြိမ်နေခဲ့သည်။

"ဒါက ဘာမှမဟုတ်ပါဘူး… အရင်က ဆေးနည်းဟောင်းတစ်ခုပါပဲ… နှစ်ပေါင်း တစ်ရာကျော်လောက် မဖော်စပ်ဖြစ်တာမို့ ဘာမှ ပြောပလောက်တာ မဟုတ်ပါဘူး"

ဝိညာဉ်တော်ဂိုဏ်းမှ နတ်ဘုရားပြောင်းလဲအဆင့် ပညာရှင်တစ်ဦးမှ ကျယ်လောင်စွာ ရယ်မောရင်း

"အကြီးအကဲချင်းမုက ဆေးဖော်စပ်ခြင်း လမ်းစဉ်မှာ တကယ့်ကို အထွတ်အထိပ် ပညာရှင်ကြီးပါပဲ… ရာစုနှစ်တစ်ခုကြာ မဖော်စပ်ဘဲ နေခဲ့တာတောင်မှ ပြန်ကြိုးစားလိုက်တာနဲ့ ချက်ချင်း အောင်မြင်သွားတာပဲ”

"ဟုတ်ပါတယ်… အကြီးအကဲချင်းမုရဲ့ အရည်အချင်းက အရင်အတိုင်း ထက်မြက်နေတုန်းပဲ"

"အကြီးအကဲချင်းမု အနေနဲ့ မကြာခင်မှာ အားလပ်ချိန် ရှိဦးမလား မသိဘူး… ကျွန်တော်တို့ နှင်းနန်းတော်ကြီးအတွက် ဆေးတစ်လုံးလောက် ဖော်စပ်ပေးနိုင်မလား"

အသီးသီးသော ဂိုဏ်းသားများက တောင်းဆိုမှုများကို ချက်ချင်းပင် တင်ပြလာကြသည်။ အကြီးအကဲချင်းမုက ပြုံးရင်း

"ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ တစ်နှစ် နှစ်နှစ်လောက် နားဖို့ လိုကောင်း လိုပါလိမ့်မယ်"

ထိုစဉ် လူအုပ်အနောက်ဘက်မှ ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"အကြီးအကဲချင်းမုက တကယ့်ကို ကျွန်တော်တို့ ကျင်းနိုင်ငံရဲ့ အမာခံ အုတ်မြစ်ကြီးပါပဲ”

"အကြီးအကဲချင်းမု ရှိနေမှပဲ ကျွန်တော် စိတ်အေးရတော့မယ်”

အားလုံး လန့်သွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။

ရွှေရောင်တောက်ပသည့် ဧကရာဇ်ရထားလုံးကြီး ဆိုက်ရောက်လာသည်။ ရွှေရောင်အကြေးခွံ သံချပ်ကာများ ဝတ်ဆင်ထားသည့် အားကောင်းသော နဂါးမြင်း ရှစ်ကောင်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ကြပြီး ခံ့ညားထည်ဝါမှုကို ပြသနေသည်။

ရထားလုံးပေါ်မှ ခန့်ညားလှသော ဧကရာဇ်အရှိန်အဝါများ ပျံ့လွင့်လာရာ လူတိုင်းကို ဒူးထောက်အရိုအသေပေးချင်စိတ် ပေါ်လာစေသည်။ ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်မှ လူငယ်အစေခံများမှာ ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။

အရိပ်ခန်းမ၊ ဝိညာဉ်တော်ဂိုဏ်း၊ ချန်ယွမ်ဂိုဏ်း၊ ပင်လယ်နတ်ဘုရားကျွန်းနှင့် နှင်းနန်းတော်ကြီးမှ ကျင့်ကြံသူများသည်လည်း အရိုအသေ ပေးလိုက်ကြ၏။ သို့သော် သူတို့မှာ ကျင်းဧကရာဇ်၏ လက်အောက်ခံ မဟုတ်သဖြင့် ဦးညွှတ်၍သာ အလေးပြုကြသည်။ အကြီးအကဲချင်းမုနှင့် သူ၏ တပည့်များမှာမူ ခေါင်းငြိမ့်ပြရုံသာ လိုအပ်၏။ ဤသည်မှာ ဧကရာဇ်ကျင်း ကိုယ်တိုင် ပေးထားသည့် အထူးအခွင့်အရေး ဖြစ်သည်။

"အရှင်မင်းကြီး... ကျွန်တော့်ရဲ့ ကိစ္စလေးအတွက် အရှင်ကိုယ်တိုင် ကြွလာပေးတာ တကယ်ပဲ ဂုဏ်ယူမိပါတယ်"

အကြီးအကဲချင်းမု မျက်နှာတွင် အပြုံးများဖြင့် ပြောလိုက်သည်။

ဧကရာဇ်ကျင်းသည် လူပုံအလယ်တွင် ပေါ်လာခဲသော်လည်း ယနေ့တွင်မူ ကောင်းကင်အဆင့်ဆေးလုံး အောင်မြင်မှုကို ဂုဏ်ပြုရန် ကိုယ်တိုင် ရောက်လာခြင်းက အကြီးအကဲချင်းမု၏ ဂုဏ်သတင်းကို အဆမတန် မြင့်တက်သွားစေသည်။

ဧကရာဇ်ကျင်း ရထားလုံးပေါ်မှ အသာအယာ ဆင်းလာသည်။ ကြည့်နေသူများမှာ တကယ့်နဂါးတစ်ကောင် လူယောင်ဖန်ဆင်းပြီး ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထိုပုံရိပ်က ခဏအတွင်း ပျောက်ကွယ်သွားသော်လည်း သူတို့မှာ ရိုသေစွာဖြင့် အကြည့်များကို လွှဲလိုက်ရသည်။

ဒါဟာ နိုင်ငံတစ်ခု၏ ကံကြမ္မာကို ပိုင်စိုးထားသော အုပ်ချုပ်သူတစ်ဦး၌ ရှိအပ်သည့် အရှိန်အဝါဖြစ်ခြင်းကို သူတို့ နားလည်ကြ၏။ ဧကရာဇ်ကျင်းသည် သာမန်လူတစ်ဦး ဖြစ်နေလျှင်ပင် နိုင်ငံ၏ ကံကြမ္မာက သူ့ကို ကာကွယ်ပေးထားမည် ဖြစ်သည်။

ဧကရာဇ်ကျင်း ပြုံးလျက် လျှောက်လာပြီး

"ဘာတွေ ပြောနေတာလဲ… အကြီးအကဲချင်းမုဟာ ဓားအရှင်သခင်လိုပဲ ကျွန်တော်တို့ ကျင်းနိုင်ငံတော်ကြီးရဲ့ အုတ်မြစ်ပါပဲ"

"အခု အကြီးအကဲချင်းမုက ကောင်းကင်အဆင့်ဆေးလုံးကို နောက်တစ်ကြိမ် အောင်မြင်အောင် ဖော်စပ်နိုင်ပြီဆိုတော့ ကျွန်တော် အတိုင်းမသိ ဝမ်းသာမိပါတယ်… ဒီလို ဂုဏ်ယူစရာကိစ္စကို ကျွန်တော် ကိုယ်တိုင်လာပြီး ဂုဏ်မပြုဘဲ နေနိုင်ပါ့မလား"

အကြီးအကဲချင်းမု၏ အပြုံးက ပို၍ ကြီးသွား၏။ ဓားအရှင်သခင်မှာ ကျင်းနိုင်ငံတွင် အင်အားအကြီးဆုံး ကျင့်ကြံသူ ဖြစ်သည်။ ဧကရာဇ်က သူ့ကို ဓားအရှင်သခင်နှင့် နှိုင်းယှဉ်ပြခြင်းမှာ အလွန်ကြီးမားသော လေးစားမှုပင်။

"ငါ အမိန့်ထုတ်ပြန်လိုက်မယ်… ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်ရဲ့ နယ်မြေကို နှစ်ဆတိုးချဲ့လိုက်စေ"

"အကြီးအကဲချင်းမု တောင်းဆိုသမျှ အားလုံးကို ခြွင်းချက်မရှိ ဖြည့်ဆည်းပေးစေ"

"ပြီးတော့ နန်းတော်က မကြာခင်ကမှ ရရှိထားတဲ့ ရှေးဟောင်းဆေးနည်း အားလုံးကိုလည်း ဆေးဖက်ဝင်အပင်မျိုးစုံဥယျာဉ်ဆီ ပို့ပေးလိုက်ပါ"

ဘေးနားရှိ မိန်းမစိုးမှ ချက်ချင်းပင် ဦးညွှတ်ကာ

"အမိန့်တော်အတိုင်းပါ အရှင်"

စုဝေးနေသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် ဧကရာဇ်ကျင်း၏ စည်းရုံးပုံကို ကြည့်ပြီး အံ့ဩနေမိကြ၏။ နိုင်ငံကို အုပ်ချုပ်နေသူဖြစ်သော်လည်း အကြီးအကဲချင်းမု၏ အောင်မြင်မှုအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ရိုသေလေးစားမှု အပြည့်ဖြင့် ဆက်ဆံပြခြင်းမှာ သူတို့သာဆိုလျှင် လုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

All Chapters