← Chapters

နှင်းနန်းတော်က ကူညီပါမယ်

Vol. 24 Ch. 359

နှင်းနန်းတော်က ကူညီပါမယ်

Vol. 24 Ch. 359

ပင်လယ်နတ်ဘုရားကျွန်း၏ ကျွန်းသခင် ဝူယန်လန်မှ ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။

"ယုကျောက်၊ ချန်ကျောက်နဲ့ ဟိုင်ကျောက် ဒေသတွေဟာ နတ်ဆိုးတပ်မတော်ရဲ့ ပထမဆုံး ပစ်မှတ်တွေ ဖြစ်လာမှာ သေချာတယ်"

"ဒါကြောင့် ကျန်တဲ့ ဂိုဏ်းငါးဂိုဏ်းအနေနဲ့ ကျွန်တော်တို့ သုံးဂိုဏ်းကို အစွမ်းကုန် ကူညီပေးကြဖို့ မျှော်လင့်ပါတယ်… မဟုတ်လို့ ကျွန်တော်တို့ဆီမှာ စည်းပေါက်သွားရင် ခင်ဗျားတို့ ငါးဂိုဏ်းလည်း နတ်ဆိုးတပ်နဲ့ တိုက်ရိုက် ရင်ဆိုင်ရမှာပဲ… ဒါဟာ 'နှုတ်ခမ်းမရှိရင် သွားတွေ အေးရတယ်' ဆိုတဲ့ သဘောတရားပါပဲ"

ဝူယန်လန် ပြောပြီးသည်နှင့် ချန်ယွမ်ဂိုဏ်းမှ အကြီးအကဲ ထုန်းယွမ်က ချက်ချင်း ထောက်ခံလိုက်သည်။

"အမှန်ပါပဲ”

ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များလည်း သဘောတူကြ၏။ ထိုအယူအဆမှာ ယုတ္တိရှိလှသည်။ သို့သော် လက်တွေ့အကောင်အထည်ဖော်ရန်မှာမူ နောက်တစ်ကိစ္စပင်။

ဓားရူးမဟာမိတ်ကိုယ်စား တက်ရောက်လာသူမှာ ဂိုဏ်းချုပ်၏ ညီဖြစ်သူ၊ လူသိများသော 'သွေးဓား' ဝမ်လန် ဖြစ်သည်။ ဓားရူးမဟာမိတ် နှင့် ချန်ယွမ်ဂိုဏ်းမှာ နှစ်ပေါင်းထောင်ချီ ရန်ငြိုးရှိခဲ့ကြ၍ ထုန်းယွမ် စကားပြောသည်နှင့် ဝမ်လန်က နှာခေါင်းရှုံ့ကာ ကြားဖြတ်ပြောလိုက်သည်။

"ကူညီတာကတော့ ကူညီနိုင်ပါတယ်… ဒါပေမဲ့ ကျွန်တော်တို့ ပို့လိုက်တဲ့ အရင်းအမြစ် တစ်စက်တောင်မှ ချန်ယွမ်ဂိုဏ်း လက်ထဲ မရောက်စေရဘူး”

ထုန်းယွမ်၏ မျက်နှာ အေးစက်သွား၏။

"ချန်ယွမ်ဂိုဏ်းက ခင်ဗျားတို့ ဓားရူးမဟာမိတ်ဆီက ပေးစာကမ်းစာတွေကိုလည်း အလိုမရှိဘူး”

ဝမ်လန်က ဒေါသတကြီး စားပွဲကို ရိုက်လိုက်သည်။

"စကားကို ဆင်ခြင်ပြီးပြော… ခင်ဗျားတို့က အကူအညီ တောင်းခံနေတာ… ကျွန်တော်တို့က စွန့်ကြဲနေတာ”

ထုန်းယွမ် နေရာမှ ဝုန်းကနဲ ထရပ်လိုက်သည်။

"ဘာပြောတယ်”

နန်းဆောင်အတွင်း တင်းမာမှုများ ချက်ချင်း မြင့်တက်လာပြီး တိုက်ပွဲဖြစ်ပွားတော့မည့် အခြေအနေသို့ ရောက်သွားသည်။ ဧကရာဇ်ကျင်းမှာတော့ ဖျန်ဖြေပေးခြင်း မရှိဘဲ ပြုံး၍သာ ကြည့်နေ၏။

…

ဝိညာဉ်တော်ဂိုဏ်းမှ သားတော် လင်းတုန်းထျန်း အမြန်ထရပ်လိုက်ပြီး

"ကဲပါ... တော်ကြပါတော့… ခင်ဗျားတို့နှစ်ဖက်ကြား ရန်ငြိုးတွေက လူသားမျိုးနွယ်အချင်းချင်း ပြဿနာတွေပဲ ရှိပါသေးတယ်… အခု တကယ့် ခြိမ်းခြောက်မှုက နတ်ဆိုးမျိုးနွယ်ပဲ… ကျွန်တော်တို့ အာဃာတတွေကို ဘေးဖယ်ထားပြီး စည်းလုံးရမယ်"

လင်းတုန်းထျန်းမှာ နန်းဆောင်တစ်ခုလုံးကို ဝေ့ကြည့်ရင်း အလေးအနက် ပြောသည်။ "ဓားရူးမဟာမိတ် နဲ့ ချန်ယွမ်ဂိုဏ်းက အရင်းအမြစ်တွေ မဝေမျှနိုင်ဘူးဆိုရင် ချန်ယွမ်ဂိုဏ်းအတွက် လိုအပ်တဲ့ ကျင့်ကြံခြင်း အထောက်အပံ့တွေကို ကျွန်တော်တို့ ဝိညာဉ်တော်က တာဝန်ယူပါ့မယ်"

"အကြီးအကဲထုန်း... စိတ်ချပါ… လိုအပ်တဲ့ အရင်းအမြစ်တွေ အပြည့်အဝ ရောက်စေရမယ်… ပထမဆုံး အသုတ်အနေနဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ အထူးဖော်စပ်ထားတဲ့ သန့်ရှင်းသော ဝိညာဉ်မျက်လုံးတွေကို ပေးပါ့မယ်… ခင်ဗျားတို့ဂိုဏ်းက ခြေတည်ဝိညာဉ်အဆင့်အထက် ကျင့်ကြံသူတိုင်း တစ်ဦးကို တစ်ခုစီ ရမှာပါ"

ရှန်မို မျက်မှောင်ကြုတ်သွား၏။

သန့်ရှင်းသော ဝိညာဉ်မျက်လုံးဆိုသည်မှာ ဝိညာဉ်တော်ဂိုဏ်း၏ တန်ဖိုးအရှိဆုံး လက်နက်တစ်ခု ဖြစ်သည်။ ၎င်းကို နဖူးတွင် တပ်ဆင်ထားလျှင် နတ်ဆိုးမျိုးနွယ်များအပေါ် အလွန် အစွမ်းထက်စွာ သတ်ဖြတ်နိုင်လေသည်။ ထိုအရာကို ဖော်စပ်နည်းမှာ လျှို့ဝှက်ချက်ဖြစ်ပြီး အခြားဂိုဏ်းများက ကူးယူရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြပေ။ နတ်ဆိုးများ ကျူးကျော်လာချိန်တွင်တော့ ဤအရာမှာ အဖိုးမဖြတ်နိုင်သော ရတနာပင်။

ထုန်းယွမ်၏ မျက်လုံးများ ဝင်းလက်သွားသည်။

“ဒါက တကယ်ကို ကောင်းတာပဲ… ကျေးဇူးအများကြီး တင်ပါတယ်”

လင်းတုန်းထျန်း ခေါင်းငြိမ့်ပြကာ အခြားသူများဘက် လှည့်လိုက်သည်။

“ကျောက်စိမ်းဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းအတွက်ကော… ဘယ်ဂိုဏ်းက ကူညီချင်လဲ"

ဝမ်လန် အေးစက်စွာဖြင့်

"ဓားရူးမဟာမိတ်က ပင်လယ်နတ်ဘုရားကျွန်းကို ကူညီပေးနိုင်ပါတယ်… ဒါပေမဲ့ အရင်းအမြစ်တွေ ခွဲဝေမှုကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ လူတွေကို လွှတ်ရမယ်… ကျွန်တော်တို့ မိုကျောက်ဆိုတာ ချမ်းသာတဲ့ မြေမဟုတ်ဘူး… အရင်းအမြစ်တွေက ရှားပါးတယ်… ကျွန်တော်တို့ ပို့လိုက်တဲ့ အနည်းငယ်လေးကို ခင်ဗျားတို့လူတွေက ဖြုန်းတီးပစ်မယ်ဆိုရင် စိတ်မကောင်းစရာပဲ"

ဝူယန်လန် ဦးညွှတ်ကာ

"စိတ်ချပါ… ကျွန်တော်တို့ ဂရုစိုက်ပါ့မယ်… ဒါပေမဲ့ ခင်ဗျားတို့လူတွေကို စောင့်ကြည့်ဖို့ လွှတ်မယ်ဆိုတာကတော့ မသင့်တော်ဘူးထင်တယ်"

ဝမ်လန် မျက်မှောင်ကြုတ်လိုက်၏။

"ဘာလို့ မသင့်တော်တာလဲ"

ဝူယန်လန်မှ တည်ငြိမ်စွာပင်

"ဒါက ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေလို့ပဲ"

ဝမ်လန် နှာခေါင်းရှုံ့လျက်

"ဒါဆိုရင်လည်း ပြီးတာပဲ… ဓားရူးမဟာမိတ်အနေနဲ့ ဘာမှ မကူညီနိုင်တော့ဘူး… ဟင်း… ကျွန်တော်တို့မှာ အနောက်ပင်လယ်က နဂါးတွေနဲ့တင် အလုပ်ရှုပ်နေတာ… နှစ်တိုင်း လူတွေအများကြီး သေနေရတယ်… အခု ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုပါ ပေးရဦးမယ်ဆိုတော့... လုံးဝ မဖြစ်နိုင်ဘူး”

အခန်းထဲတွင် တိတ်ဆိတ်မှုကြီး စိုးမိုးသွားသည်။ အကျိုးစီးပွားနှင့် ပတ်သက်လာလျှင် ညှိနှိုင်းရသည်မှာ လွယ်ကူသည်မဟုတ်။ လူတိုင်း အနည်းဆုံးပေးကာ အများဆုံး ပြန်ရချင်နေကြသည်။ လင်းတုန်းထျန်း သက်ပြင်းချ၍ ကျောက်စိမ်းဂိုဏ်းဘက် လှည့်လိုက်သည်။

သူက ခေါင်းခါရင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ဪ… ကျောက်စိမ်းဂိုဏ်းရော ဘယ်လိုလဲ"

လင်းတုန်းထျန်း တစ်ခုခုကို ရုတ်တရက် သတိရသွားသကဲ့သို့ မျက်လုံးများ ဝင်းလက်သွားသည်။

“ကျောက်စိမ်းဂိုဏ်းမှာ အဆင့် (၆) အထွတ်အထိပ် မီးနဂါး တစ်ကောင် ရှိတယ်လို့ ကြားတယ်… အဲဒီနဂါးက ခင်ဗျားတို့ဂိုဏ်းကို ကာကွယ်ပေးနိုင်မှာပေါ့… တောင်ဘက်က သုံးဂိုဏ်းထဲမှာ ကျောက်စိမ်းဂိုဏ်းက ဘေးအကင်းဆုံး ဖြစ်မှာပါ"

ရှန်မို့မျက်နှာ မပြောင်းလဲသော်လည်း ရင်ထဲတွင် အေးစက်သွား၏။ လင်းတုန်းထျန်း၏ စကားမှာ ကျောက်စိမ်းဂိုဏ်း၊ ချန်ယွမ်ဂိုဏ်းနှင့် ပင်လယ်နတ်ဘုရားကျွန်းတို့ကြား သွေးခွဲနေခြင်း ဖြစ်သည်။ မီးနဂါးကြီးမှာ ကျောက်စိမ်းဂိုဏ်းကိုသာ ကာကွယ်ပေးမည်ဖြစ်ပြီး ကျန်နှစ်ဂိုဏ်းမှာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ဟု သွယ်ဝိုက်၍ ရန်တိုက်ပေးနေခြင်းပင်။

…

ထိုစဉ် ရွှယ်ကျီယီမှ စကားပြောလာသည်။

"ကျွန်မတို့ အရိပ်နန်းဆောင်က ကျောက်စိမ်းဂိုဏ်းကို အရင်းအမြစ်တွေ ကူညီပေးနိုင်ပါတယ်"

"အရိပ်ဝတ်ရုံ အထည် ၁၀၀၊ အရိပ်မှုန့် ပိဿာ ၅၀ နဲ့ သွေးပုပ် အဆိပ်မှုန့် ပိဿာ ၅၀၀ ပေးပါ့မယ်"

သူ ပြောလိုက်သည်နှင့် ရှန်မိုသာမက တစ်ခန်းလုံး အံ့အားသင့်သွားကြ၏။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် အရိပ်နန်းဆောင်၏ တန်ဖိုးအရှိဆုံး ရတနာများ ဖြစ်နေသောကြောင့်ပင်။

အရိပ်ဝတ်ရုံမှာ ဝတ်ဆင်ထားသူ၏ အရှိန်အဝါကို လုံးဝ ဖျောက်ကွယ်ထားနိုင်သည့် မြေအဆင့် ရတနာဖြစ်သည်။

အရိပ်မှုန့်သည် ထွက်ပြေးသည့်အခါ လေထုနှင့် ရောနှောသွားစေပြီး ရန်သူက ပစ်မှတ်ကို ရှာမတွေ့အောင် လုပ်ဆောင်ပေး၏။

သွေးပုပ် အဆိပ်မှုန့်မှာတော့ နတ်ဆိုးမျိုးနွယ်များ၏ သွေးလည်ပတ်မှုကို နှေးကွေးသွားစေရန် အထူးဖော်စပ်ထားသည့် အဆိပ်ဖြစ်လေသည်။

ရှန်မို့အကြည့်များ စူးရှသွား၏။ ရွှယ်ကျီယီကဲ့သို့ ပါးနပ်သော အမျိုးသမီးမှ ဤမျှ ရက်ရက်ရောရော ပေးသည်ဆိုလျှင် တန်ပြန်တောင်းဆိုမှုမှာ သေချာပေါက် ကြီးမားလိမ့်မည်။

ရှန်မို တည့်တည့်ပင် မေးလိုက်သည်။

"အရိပ်နန်းဆောင်က ဘာပြန်လိုချင်တာလဲ”

ရွှယ်ကျီယီ ပြုံးလျက်

"ဟုတ်တာပေါ့… ဒါတွေက အလကားတော့ မဟုတ်ဘူး… အရိပ်နန်းဆောင်မှာ တောင်းဆိုချက်လေးအချို့ ရှိပါတယ်"

"ပထမအချက်… ကျောက်စိမ်းဂိုဏ်း ကောင်းကင်ရတနာ နဂါး (၉) ကောင်အိုး ရှိတယ်လို့ ကြားတယ်… ခင်ဗျားတို့လည်း အသုံးမချဘဲ နှမြောစရာကြီး… အဲဒါကို အရိပ်နန်းဆောင်ကို ပေးလိုက်ရင် ဘယ်လိုလဲ"

"ဒုတိယအချက်… ကျောက်စိမ်းဂိုဏ်းက နှစ်စဉ် မြေအဆင့်အထွတ်အထိပ် ဆေးလုံး ၁၀၀ နဲ့ ကောင်းကင်အဆင့် ဆေးလုံး ၅ လုံးကို အရိပ်နန်းဆောင်ဆီ ပေးရမယ်… ဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတွေကိုတော့ ကျွန်မတို့က တစ်ဝက်ပေးမယ်… ကျန်တဲ့တစ်ဝက်ကို ရှင်တို့ဘက်က စိုက်ထုတ်ရမယ်"

“ခေါင်းဆောင်ငယ်ရှန်... ဒီအချက်တွေကို လက်ခံနိုင်မလား”

သူ့စကားဆုံးသည်နှင့် တစ်ခန်းလုံးရှိ လူအားလုံး မျက်လုံးပြူးသွားကြသည်။ ဤတောင်းဆိုချက်မှာ အတော်လေးကို မတရားလွန်းလှသည်။ ရှန်မို တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်၏။

"မရဘူး"

သူ ဈေးတင်မည်ကို သိထားသော်လည်း ဤမျှအထိ လောဘကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရွှယ်ကျီယီ ပခုံးတွန့်ကာ ရယ်မောလျက်

"ဒါဆိုရင်လည်း ကျွန်မ ဘာမှ မတတ်နိုင်ဘူးပေါ့… အရိပ်နန်းဆောင် ဆိုတာ ပရဟိတအဖွဲ့မှ မဟုတ်တာ"

တစ်ဖန် နန်းဆောင်အတွင်း အဆင်မပြေသော တိတ်ဆိတ်မှုကြီး ပြန်လည် စိုးမိုးသွားသည်။ ထိုစဉ် နန်းဆောင်ထောင့်၌ တစ်ချိန်လုံး တိတ်ဆိတ်နေသည့် အဖြူရောင်ဝတ် အမျိုးသမီးတစ်ဦးမှ ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

"နှင်းနန်းတော်က အဲဒီ သုံးဂိုဏ်းကို ကျင့်ကြံခြင်း အရင်းအမြစ်တွေ အခမဲ့ ကူညီပေးပါ့မယ်"

All Chapters