ချင်မိသားစု အဆုံးသတ်
Vol. 13 Ch. 126
ချင်ထျန်တယောက် အခြေနေကို အမြနိဆုံးတွက်ဆမိချိန်မှာတော့ အလျင်အမြန်သတိဝင်လာကြသည့် ရှောင်ချီတို့ သူတော်စင်အဖွဲ့ကလည်း ရုတ်ချည်းတိုက်ခိုက်လာကြတော့သည်။
ထိုအခြေနေက ချင်ထျန်လိုချင်ခဲ့သည့် အခြေနေတော့ မဟုတ်ပေ။ ကျောက်စိမ်းပြားမှာ လေထဲမျောနေဆဲဖြစ်ပြီး အစီရင်ပျက်ပျယ်ပြီးနောက် ထိုကျောက်စိမ်းပြားမှာ သိသိသာသာ မှိန်ဖျော့သွားတော့သည်။
ရှောင်ချီက အရင်ဦးစွာ တိုက်ခိုက်လာသည်။ လက်ထဲမှ ရှောင်မိသားစု ရတနာကိုအသုံးပြုပြီး ချင်ထျန်ရဲ့အစီရင်ကို တားဆီးရန် ရည်ရွယ်သည်။ ထိုအချိန် အခြားသူတော်စင် သုံးပါးကလည်း အပြင်းထန်ဆုံး တိုက်ကွက်များဖြင့် ချင်ထျန်ရဲ့ အဖွဲ့ကို စတင်တိုက်ခိုက်ပြန်သည်။
ဘက်ပေါင်းစုံမှ ပြင်းထန်တဲ့တိုက်ခိုက်ချက်ကို တားဆီးမယ့် အစီရင်မရှိတော့ချိန်၌ စုသခင်လေးမှာ ကြောက်လန့်တကြား ဖြစ်သွားတော့သည်။ သူတော်စင်လေးပါး တိုက်ခိုက်မှု..။ ထိုအရာက အဆင့်တူ သူတော်စင်လေးပါးဖြစ်ပြီး ထိုလေးပါးကို ချင်ထျန်ထိန်းချုပ်နိုင်ရင်တောင်မှ တဖက်၌ ချင်မိသားစု၏ ရန်သူတဖြစ်လဲ မင်ယုရှန်းတို့အဖွဲ့က ကျန်ရှိနေသေးသည်။
မင်ယုရှန်းက ထိုအရာကိုစိတ်မဝင်စားပေ။ အစီရင်ပျက်ပျယ်ပြီးနောက် လျှိုမြောင်အတွင်း လေဟာနယ်လောက စည်းမျဥ်းများ လျော့ရဲသွားကာ လျှိုမြောင်တခုလုံး ပိတ်ဖုံးထားသည့် အရာများ ထွက်ပေါ်လာတော့သည်။
ထိုအရာများက ရှေးဦးစွမ်းအင် စိုက်ပျိုးထားသည့် ဆေးပင်များ ဆေးမြစ်များ ဖြစ်ပြီး ထိုအထဲမှ အပင်တခုကပင် ထျန်းဟွမ်လောကကို ပြောင်းလဲစေနိုင်သည်။ မင်ယုရှန်းဦးဆောင်တဲ့အဖွဲ့က လျှိုမြောင်ရဲ့ အခြားတနေရာကို စစ်ဆေးရန် ထွက်ခွာသွားသည်။ အလယ်ကုန်းမြေရဲ့ မိသားစုနှစ်ခုကြား တိုက်ပွဲက သူမနဲ့မသက်ဆိုင်ပေ။ ချင်ထျန်ကိုသတ်ချင်ခဲ့သော်လည်း ထိုအတွက် သူမလက်ပင်သွေးစွန်းစရာ မလိုမည်မှာ သေချာသည်။
ရှောင်ချီ သူတော်စင်သုံးပါးနဲ့ အခြားမဟာယာနအဆင့် ကျင့်ကြံသူများ၏ စုပေါင်းတိုက်ခိုက်မှုက ချင်ထျန်ရဲ့ သူတော်စင်အကာကွယ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး တခဏအတွင်း ပြိုကျသွားစေသည်။
“ ရှောင်ချီ မင်းတို့ငါ့ကို သတ်လို့မရဘူး..”
ချင်ထျန်တယောက် လေသံကိုတင်းမာထားသော်လည်း အစောပိုင်း သူ့ရွေးချယ်မှုက အဆုံးသတ်ကို ပြသထားလေပြီ။
“ငါတို့က အလယ်ကုန်းမြေရဲ့ ထိပ်တန်းအင်အားစုကြီးတွေပဲ မင်းတို့ငါ့ရဲ့ချင်မိသားစုကို ဖယ်ရှားလိုက်ရင် အလယ်ကုန်းမြေရဲ့ အင်အားကျဆင်းသွားပြီး တခြားဒေသက လွှမ်းမိုးလာလိမ့်မယ်”
ချင်ထျန်က တိုက်ခိုက်မှုများကို အပြင်းထန်ကာကွယ်ရင်း မေးခွန်းထုတ်နေသော်လည်း မည်သူကမှ အလျော့ပေးလိုခြင်းမရှိချေ။
“အဟက်. မင်းတို့ချင်မိသားစု မရှိတာက အလယ်ကုန်းမြေအတွက် ပိုကောင်းတယ် အခြားဒေသက သူတွအတွက်ကတော့..”
ရှောင်ချီက အခြားသူတော်စင်သုံးပါးအား တချက်ကြည့်လိုက်သည်။ သူတော်စင်သုံးပါးကလည်း တပြိုင်နက် ပြိုင်တူပြန်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလာသည်။ ထိုအပြုအမူက ချင်ထျန်ရဲ့ အဆုံးသတ်ကို ဆုံးဖြတ်သွားသည်။ လက်ရှိ၌ အလယ်ကုန်းမြေ အခြားကုန်းမြေဟူ၍ ခွဲခြားခြင်းမရှိတော့ပဲ လူသားကျင့်ကြံသူများကို သစ္စာဖောက်သည့် သစ္စာဖောက်သာ သူတို့မြင်သည်။
“မင်း..မင်းတို့..အား…”
တိုက်ခိုက်မှုက ပို၍ ပြင်းထန်လာသည်။ တချိနိ၌ ရှောင်ချီတို့ဘက်မှ မဟာယာနအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် ချင်ထျန်ရဲ့ မဟာယာနအဆင့် စုမိသားစုခေါင်းဆောင်ကဲ့သို့ ကျင့်ကြံသူများ အပြင်းအထန်ဒဏ်ရာရသွားကြကာ ထွက်ပြေးရန်ကြိုးစားတော့သည်။
လက်ရှိနေရာ၌ ဆက်နေပါက သေခြင်းတရားကိုသာ သူတို့ရတော့မည်ကို သိနေပြီ။
“မလုပ်..ပါ..နဲ့”
ကျင့်ကြံသူတဦးရဲ့ဓားက စုခေါင်းဆောင်၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားပြီး အခြားကျင့်ကြံသူများကလည်း ထွက်ပြေရန်ကြိုးစားနေသည့် ချင်မိသားကျင့်ကြံသူများကို လျင်မြန်စွာ အဆုံးသတ်လိုက်ကြတော့သည်။
ချင်ထျန်မှာ အဆင့်တူကျင့်ကြံသူ လေးယောက်တယောက် တိုက်ခိုက်နေရပြီး အစီရင်ပညာရပ်ကလည်း အထောက်ကူမပေးတော့ပေ။
“မင်းတို့ရပ်လိုက်.. မင်းတို့ဘာလိုချင်လဲ ရှောင်ချီ အလယ်ကုန်းမြေရဲ့ စီးပွားရေး တဝက်ကို မင်းကိုပေးမယ်.”
အဆုံးထိ ချင်ထျန်က ဆွဲဆောင်ရန်ကြိုးစားနေသေးသည်။ ရှောင်ချီက နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။ ပြီးနောက် တည်ငြိမ်စွာပဲ တုန့်ပြန်သည်။
“မင်းမရှိရင် မင်းတို့ချင်မိသားစုလုပ်ငန်းတွေ ငါရမှာပဲလေ ဟုတ်တယ်မလား..”
“မင်း..”
အထောက်ကူပေးထားသည့် အစီရင်ချပ်ပြားက အဆုံးမှာတော့ တိုက်ခိုက်ချက်များကြောင့် ကွဲကြေသွားကာ သူတော်စင်များ၏ တိုက်ကွက်အောက်၌ ချင်ထျန်မှာ ထွက်ပြေးချိန်ပင်မရတော့ပေ။ စုသခင်လေးတို့အဖွဲ့သည်လည်း ရုန်းကန်ခဲ့ကြပေမယ့် ထိုအရာက မည်သည့်အကျိုးမှ မရစေခဲ့ပေ။ သေခြင်းတရားကိုသာ ရယူသွားခဲ့ရသည်။
ဝုန်း…
တကိုယ်လုံးဒဏ်ရာဗရပွနဲ့ အသက်မဲ့နေသည့် သူတော်စင်တပါးရဲ့ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြင်းထန်စွာ ပြုတ်ကျလာသည်။ ထိုခန္ဓာကိုယ်က အမှန်ပင် ချင်ထျန်ဖြစ်သည်။
ထျန်းဟွမ်လောက ကြီးကတော့ သူတော်စင်တပါး ကျဆုံးမှုကို တိတ်ဆိတ်မှုဖြင့် ဖော်ပြနေပြီး ထိုအချိန်၌ လောကအလွှာအသီးသီးက ဝမ်းနည်းစရာကောင်းတဲ့ လေထုကို ထုတ်ဖော်ထားသည်။
ချင်ထျန်ကို အဆုံးသတ်ပြီးချိန်မှာတော့ အကုန်လုံးရဲ့အကြည့်က ကျောက်စိမ်းပြားဆီ ရောက်ရှိသွားသည်။ မင်ယုရှန်းမှာ ထိုကျောက်စိမ်းပြားကို ထိပင်မထိခဲ့ချေ။
သူတော်စင်တဦးက စတင်ပြောဆိုသည်။
“ညီအစ်ကိုရှောင် ကျုပ်တို့ဘာဆက်လုပ်မလဲ”
ရှောင်ချီက တုန်လှုပ်ဖွယ်အဖြစ်ပျက်ကို ဖျတ်ခနဲသတိရမိသွားပြီး ထိုနောက်ကွယ်မှ ပုဂ္ဂိုလ်မှာ မင်တိုင်းပြည်ဧကရီဟု ချင်ထျန်အမည်တပ်ခေါ်ခဲ့သည့် အမျိုးသမီးကျင့်ကြံသူပြောသလို ဖြစ်နေပါက ကျောက်စိမ်းပြားကို ရယူခြင်းက မည်သို့ဖြစ်စေမည်နည်း။ သူ့လိုပင် အခြားကျင့်ကြံသူများမှာလည်း တူညီတဲ့အတွေးများ ရှိနေသည်။
“ကေျာက်စိမ်းပြားကို ကျုပ်တို့ယူလို့မရဘူး”
ရှောင်ချီက ဆေးပင်များ အပြည့်ဖြစ်နေသည့် လျှိုမြောင်၏ နေရာတဆုံး တချက်ကြည့်ပြီးနောက် ဆက်ပြောသည်။
“ဒီထဲက ဆေးပင်တွေပဲ ယူကြတာပေါ့ ကျောက်စိမ်းပြားကိစ္စကိုတော့ ကျုပ်တို့ မင်ဧကရီတို့အဖွဲ့နဲ့ တိုင်ပင်ရမယ်”
မည်သူက ကျောက်စိမ်းပြားကို ထိရဲမည်နည်း။ လေဟာနယ်ဖြတ်ကျော်ပြီး အင်မော်တယ်ရှေးဦးသားရဲကို သတ်ဖြတ်ခြင်း။ အခြားသူများကလည်း အလျင်မြန် ခေါင်းညိတ်လိုက်ကြပြီး မင်ယုရှန်းတို့နဲ့ ပြန်ဆုံမှသာ ဆုံးဖြတ်မည်ဟု ပြောဆိုကြသည်။ ရှောင်ချီက ခေါင်းတချက်ညိတ်ပြီး ကျောက်စိမ်းပြားအား ယာယီသိမ်းဆည်းကာ လျှိုမြောင်အတွင်း တန်ဖိုးရှိ ရတနာများ ရှာဖွေရန် စေခိုင်းတော့သည်။