ရှေးဦးနတ်သမီးသစ်ပင်
Vol. 13 Ch. 127
မင်ယုရှန်းတို့အဖွဲ့ကမူ အနောက်မှတိုက်ပွဲကို စိတ်ဝင်စားခြင်းမရှိချေ။
အကုန်လုံးက ယန်ချန့်အတွက် နတ်သမီးသစ်ပင် ရှာရန်အာရုံစိုက်နေကြပြီး ကျယ်ပြန့်တဲ့လျှိုမြောင်အတွင်း လှည့်လည်နေခဲ့သည်။
လျှိုမြောင်က အခြားလေဟာနယ် လောကတခုဖြစ်သော်လည်း ချီစွမ်းအင်များကတော့ သာမန်ထက်အနည်းငယ် ပိုအားကောင်းသည်ကို တွေ့လိုက်ရသည်။
ထိုအချက်က လူသားလောက၏ ချီစွမ်းအင်ထက် ရှေးဦးစွမ်းအင်များက ပိုသန့်စင်သည်ကို ဖော်ပြနေပြီး သူမတို့မသိတာက လောကသုံးခုပေါင်းစပ်သွားခြင်း ဖြစ်စဥ်ဖြစ်သည်။ ထိုအခြေနေကို အမှောင်ကုန်းမြေအတွင်းရှိ အင်အားစုများ မသိကြသေးပေ။
လက်ရှိ၌ တန်ဖိုးကြီးရတနာများ ရလိုရငြား ရှာဖွေနေကြဆဲ ဖြစ်ပြီး ထိုလောက၏ အဆင့်မြင့်ရတနာအချို့ကို စတင်ရရှိသွားကြသည်။ မင်ဝမ် ကျင်းလုံ စုလဲ့တို့လည်း ရှေးဦးလက်နက်အချို့ ရရှိခဲ့ပြီး မင်ယုရှန်းကတော့ ရတနာတခုတလေကိုမှ မယူခဲ့ပေ။
ယန်ချန်ဆီမှရထားသည့် ပန်းချီကားတချပ်ကပင် အဖိုးတန်ဆုံးရတနာဖြစ်နေခဲ့ပြီး ထိုအချက်ကြောင့် အသက်နိယာမကိုလေ့လာနိုင်တဲ့ ကျောက်စိမ်းပြားကိုတောင် လျစ်လျူရှု ခဲ့သည်မဟုတ်လား။
အချိန်အနည်းငယ်သွားပြီးနောက် ဆေးစိုက်ခင်းတခုဆီ ရောက်သွားကြသည်။ စိုက်ခင်းက ဧကရာချီ ကျယ်ဝန်းပြီး ပြင်းထန်တဲ့ဆေးနံ့များကြောင့် အဆင့်မြင့်ဆေးပင် အမြောက်အမြားရှိနေမည်မှာ သေချာသည်။
“အဖိုး ကျွန်မတို့ အထဲဝင်ကြရအောင်”
မင်ဝမ်က ခေါင်းညိတ်ပြသည်။ မကြာမီ စိုက်ခင်းအတွင်း ရောက်ရှိသွားပြီး အချို့ဆေးပင်များက ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိနေသည်ကို မြင်လိုက်ရသည်။
“ဒါက ကြာပန်းတရာပဲ သူ့မှာ ပွင့်ချပ်တရာတိတိရှိပြီး ပွင့်ချပ်တခုစီက သက်တမ်းတနှစ်ကို ဖြည့်ပေးနိုင်တယ် ပွင့်ချပ်တရာဆိုတော့ အနှစ်တရာပေါ့”
မင်ဝမ်က ကြာပန်းတရာ ပန်းပွင့်ကိုခူးယူလိုက်ပြီး အစွမ်းအာနိသင်ကိုလည်း အလေးအနက်ရှငိးပြလာသည်။ ထိုကြာပန်းက နောက်ဆုံးအချိန်ရောက်နေသူကိုပင် သက်တမ်းဆွဲဆန့်ထားနိုင်ပြီး ချီစွမ်းအင်ထက် ပိုမိုသန့်စင်သည့် ရှေးဦးစွမ်းအင်ကြောင့် ကြာပန်းတရာ၏ စွမ်းအင်မှာ ပိုတိုးဖို့သာ ရှိပေမည်။
မင်ယုရှန်းက ထိုကြာပန်းကိုတချက် ကြည့်လိုက်သည်။ သူမက အသက်ရွယ် ငယ်နေသေးပြီး ကျင့်ကြံဆင့်အရ နှစ်ရာဂဏန်းက ဘာမှမဟုတ်တော့ပေ။
“အဖိုးသိမ်းထားလိုက်ပါ သခင်လေးယန် လိုအပ်လာရင် ပေးလို့ရတာပေါ့.
စုလဲ့က ဝင်ရောက်ပြောဆိုသည်။ ယန်ချန်ရဲ့ဆေးပညာစွမ်းအရ ထိုကဲ့သို့တန်ဖိုးကြီး အဆင့်မြင့်ဆေးပင်များမှာ ပိုအစွမ်းထက်လာမည်မှာ သေချာသည်။ မင်ဝမ်က ခေါင်းညိတ်ပြကာ ကြာပန်းတရာပန်းအား ဂရုတစိုက်သိမ်းလိုက်သည်။
“နှစ်တရာဝါးပင် မြက်နွယ်ခြောက်”
နှစ်တရာဝါးပင်က အဆင့်မြင့်လက်နက်ဖြစ်တဲ့ ကုချင်းလက်နက်ထုတ်လုပ်ရာ၌ အသုံးပြုပြီး မြက်လိုလိုနွယ်လိုလိုဆေးပင်ကတော့ အရိုးဖွဲ့စည်းပုံ ပြောင်းလဲရာ၌ အသုံးပြုသည်။ ထိုဆေးပင်က ခန္ဓာကိုယ်ကျင့်ကြံသူများအတွက် ရှားပါး ရတနာတခုဖြစ်မှာ သေချာသည်။
မင်ယုရှန်းက ခေါင်းညိတ်ပြလိုက်ပြိး ဆေးစိုက်ခင်းရဲ့ အစွန်ဆုံးတဖက်ဆီ အကြည့်ရောက်သွားသည်။ ထိုအစွန်ဖက်၌ လူကြီးခါးအရွယ်ခန့်သာရှိသည့် ဆေးပင်အချို့ ရှိနေပြီး ထူးခြားချက်က လှပတဲ့ အမျိုးသမီးပန်းပုရုပ်တခုနှယ် သစ်ပင်ငယ်တစ်ခု ဖြစ်နေသည်။
အပင်က မည်သည့်အသီး အပွင့်မှ မရှိသော်လည်း ကျောက်စိမ်းကဲ့သို့ သစ်ရွက်များ ကြည်ရှင်းနေသည့် အပင်ရိုးတံများက ထင်းခနဲ မြင်သာစေကာ တမူဆန်းပြားတဲ့ အငွေ့သက်ကို ထုတ်လွှတ်နေသည်။ လေအနည်းငယ်တိုက်ချိန်၌ လှပတဲ့မိန်းမပျို ယိမ်းကနေသည့်နှယ် လှုပ်ခပ်သွားပုံက မျက်စိပဒသ ဖြစ်စရာပင်ကောင်းနေသေးသည်။
“နတ်သမီးသစ်ပင်ကိုတွေ့ပြီ တကယ်ကို အမှောင်ကုန်းမြေထဲမှာ ရှိနေတာပဲ”
စုလဲ့ ကျင်းလုံ မင်ဝမ်တို့လည်း မင်ယုရှန်းရဲ့စကားကိုကြားလျင် စိတ်ဝင်စားသွားကယ ထိုသစ်ပင်ငယ်ဆီ အလျင်မြန်သွားလိုက်ကြသည်။ သစ်ပင်ငယ်က ယန်ချန့်စာအုပ်ထဲကအတိုင်း တူညီနေပြီး ထူးခြားနေသည်။
မင်ယုရှန်းတယောက် ထိုသစ်ပင်ကို ချက်ခြင်း မယူသေးပေ။ အန္တရာယ်တစုံတရာ ရှိလိုရှိငြား မိနစ်အနည်းငယ် စောင့်ကြည့်နေပြီး ထူးခြားစွာဖြင့် သစ်ပင်ငယ်က မင်ယုရှန်းရှိရာ ယိမ်းနွဲ့လာကာ သူမကို ယူဆောင်ရန် တိုက်တွန်းနေသည်နဲ့ တူနေသည်။
မင်ဝမ်တို့ မှင်သက်သွားစဥ် မင်ယုရှန်းက ခေါင်းတချက်ညိတ်လိုက်ပြီး ထိုအဖြစ်ပျက်က သူမကိုင်ဆောင်ထားသည့် ဓားဆီမှ ယန်ချန့်အရှိန်ဝါကို နတ်သမီးသစ်ပင် ရသွား၍ဖြစ်ကြောင်း တွက်ဆမိလိုက်သည်။ ယန်ချန်က မည်သူနည်း။
“နင်ကိုယ်တိုင်က ဆန္ဒရှိနေမှတော့ နင့်ကိုငါခေါ်သွားမယ် သခင်လေးယန်က သဘောကျမှာပါ”
ထိုစကားက နတ်သမီးသစ်ပင်ကို ပို၍လှုပ်ခတ်သွားစေပြီး အချိန်အနည်းငယ်နဲ့ပင် မင်ယုရှန်းတယောက် နတ်သမီးသစ်ပင်အား ယူဆောင်လိုက်တော့သည်။
“နတ်သမီးသစ်ပင်က တပင်ပျောက်ကွယ်သွားမှ နောက်တပင်ထပ်ပေါ်လာတတ်တယ် ငါတို့ပြန်ကြတော့မလား”
မင်ဝမ်က မေးသည်။ မင်ယုရှန်းက အနည်းငယ် စဥ်းစားပြီးနောက် ခေါင်းညိတ်ပြသည်။
“ပြန်ထွက်ကြတာပေါ့ ကျောက်စိမ်းပြားကိုတော့ လိုချင်တဲ့သူယူကြပါစေ”
သူမက ထိုမျှသာပြောပြီး ကျောက်စိမ်းပြားအကြောင်း ထပ်မပြောတော့ပေ။ ကျင်းလုံ စုလဲ့တို့ကလည်း အသက်နိယာမကို လေ့လာထားသူများမဟုတ်၍ မင်ယုရှန်းကိုယ်တိုင်ပင် မလိုချင်ပါက သူတို့အတွက်ဆို ပို၍တောင်မလိုအပ်ပေ။ မင်ဝမ့်အတွက်ကမူ ဆေးပင်အမြောက်မြား ရိတ်သိမ်းထားပြီး သူ့စိတ်ထဲ၌ ယန်ချန့်ကို ဆေးအချို့ဖော်စပ်ပေးရန် အကူညီတောင်းမည်ဟု တွေးထားသည်။
မကြာမီ သူတို့အဖွဲ့ ပြန်ထွက်လာပြီးသည်အထိ ရှောင်ချီဦးဆောင်သည့် ကျင့်ကြံသူများမှာ လျှိုမြောင်အတွင်းလေဟာနယ်လောကမှ ထွက်မလာကြသေးချေ။ လေဟာနယ်လောကမှ ကျယ်ပြန့်လွန်းသောကြောင့် သူတို့ချင်းလည်း မဆုံခဲ့ကြပေ။