← Chapters

ရှမိသားစု

Vol. 13 Ch. 128

ရှမိသားစု

Vol. 13 Ch. 128

ယန်ချန်တို့ ညစာပြင်ဆင်မှုအား စောင့်ဆိုင်းနေစဥ်မှာပဲ တာဝန်ခံဝန်ထမ်းက မြို့အလယ်က ကြီးမားတဲ့အိမ်တော်ကြီးဆီ ထွက်ခွာသွားသည်။

ထိုအိမ်တော်က တန်ရှားမြို့တော်၏ ထိပ်သီးအင်အားစု ရှမိသားစုကြီးရဲ့ အိမ်တော်ဖြစ်သည်။ ရှမိသားစုက သူတော်စင်အဆင့် ကျင့်ကြံရေး အင်အားစုဖြစ်ကာ ရှမိသားစုခေါင်းဆောင် ရှယီတယောက် အမှောင်ကုန်းမြေဆီ ကျင့်ကြံသူအချို့ ခေါ်ဆောင်ကာ ထွက်ခွာသွားသည်။

ကျန်ရှိသည်မှာ ရှယီရဲ့သမီးဖြစ်သည့် ရှချင်းယုံဖြစ်ပြီး သူမကလည်း ငယ်ရွယ်ပြီး ပါရမီထူးခြားတဲ့ ကျင့်ကြံသူတဦးဖြစ်ကာ မဟာယာနအဆင့်ကိုပင် ရောက်ရှိနေလေပြီ။

တာဝန်ခံဝန်ထမ်းက ရှအိမ်တော်၏အစောင့်အ စကားအချို့ပြောလိုက်ပုံရပြီး အစောင့်ကလျင်မြန်စွာ အိမ်တော်ထဲပြန်ဝင်သွားပြီး မကြာခင်မှာပဲ တာဝန်ခံဝန်ထမ်းကို ခေါ်ဆောင်သွားတော့သည်။

ရှအိမ်တော်က မြောက်ပိုင်းဒေသ၌ ထင်ရှားတဲ့အိမ်တော်တခုဖြစ်ပြီး သူတော်စင်အဆင့်ကြောင့် ထိပါးရဲသူမရှိချေ။ ထို့အပြင် တောင့်တင်းတဲ့မိသားစုအမွေအနှစ်ကြောင့် ရှမိသားစုအင်အားမှာ အလယ်ကုန်းမြေမှ ချင် ရှောင်မိသားစုကြီးနှစ်ခုကိုပင် ယှဥ်နိုင်သည်။

“ တွေ့ရတာဝမ်းသာပါတယ် သခင်မလေး”

တာဝန်ခံဝန်ထမ်းက ဦးညွှတ်၍ နှုတ်ဆက်သည်။ လက်ရှိသူတာဝန်ယူထားသည့် တည်းခိုဆောင်ကြီးက ရှမိသားစုအကာကွယ်အောက် တည်ရှိနေပြီး သူနဲ့ရှမိသားစုကြားဆက်ဆံရေးက ကောင်းမွန်သည်ဟု ဆိုနိုင်သည်။

ရှချင်းယုံက ညင်သာစွာခေါင်းညိတ်ပြလိုက်ပြီး မေးခွန်းထုတ်ဟန်ဖြင့် တချက်ကြည့်သည်။

“အရေးကြီးသတင်းပို့စရာရှိလို့ ကျတော်ကိုယ်တိုင်ရောက်လာတာပါ သခင်မလေး”

ရှချင်းယုံ အနည်းငယ် လှုပ်ရှားသွားသည်။ တာဝန်ခံဝန်ထမ်းဖြစ်သည့် ရီချန်မှာ အားကိုးရသူဖြစ်ပြီး ရှားပါးသည့်ရတနာများ သတင်းအရင်းအမြစ်များစွာကို လျှို့ဝှက်ပေးပို့နေသူလည်း ဖြစ်သည်။

“ဘာများလဲ..”

ရီချန်က အနည်းငယ်ငြိမ်သက်သွားသည်။ သူ့ပုံစံက တုန်လှုပ်မှုကို ထိန်းချုပ်ထားရပြီး အတန်ကြာသည်အထိ ကြိုးစားပြီးမှ စကားစလာသည်။

“သခင်မလေး ပထမအကြိမ်တုန်းကပြောဖူးတဲ့ သားရဲအကြောင်း…”

ရီချန်ပဲ စကားမဆုံးလိုက်ပေ။ ရှချင်းယုံတယောက် စိတ်လှုပ်ရှားသွားကာ ထိုင်နေရာမှပင် ထိမိလုနီးပါး ဖြစ်သွားရသည်။ ချက်ချင်းပဲ မိမိအမူရာပျက်သွားသည်ကို သတိပြုမိလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ဆက်ပြောပါ”

ရီချန်က ဆက်ပြောပြန်သည်။ ရှချင်းယုံကဲ့သို့ပင် သူသည်လည်းစိတ်လှုပ်ရှားနေခဲ့ပြီး ယန်ချန်ပေးလာသည့် ရှေးဦးတောကျွဲ၏ အဖိုးတန်မှုက ရှမိသားစု၏ သခင်မလေးကိုပင် အပြင်းအထန်စိတ်လှုပ်ရှားသွားစေသည်။

“မကြာခင်က ဧည့်သည်အဖွဲ့တခု ရောက်လာပါတယ် သူတို့က ထူးခြားတဲ့ရှေးဦးသားရဲဖြစ်တဲ့ ရှေးဦးတောကျွဲကို အမဲလိုက်လာပြီး ကျတော့်ဆီမှာ ညစာအတွက်ချက်ပြုတ်ဖို့ ပေးလာပါတယ်”

ရှေးဦးတောကျွဲကို ချက်ပြုတ်စားသောက်လိုခြင်း။ ထိုအရာက ဘာကိုရည်ညွန်းသနည်း။ ထိုသားရဲများက ပြင်းထန်ကြမ်းတမ်းတဲ့ခွန်အားရှိပြီး သာမန်မဟာယာနအဆင့်များ ကိုင်တွယ်နိုင်ခြင်းမရှိသည့်အပြင် လက်ရှိကျင့်ကြံရေးလောက၌ တကောင်မြင်ရန်ကိုပင် ခက်ခဲသည့် ရှားပါးတောကောင်ဖြစ်သည်။

အစောပိုင်းနှစ်များက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံရေးနည်းလမ်းများကို အားထားသည့်ရှမိသားစုက ခန္ဓာကိုယ်အားဖြစ်စေမည့် သားရဲများစွာကို ရှာဖွေခဲ့သည်။ ထိုအထဲ၌ ထိရောက်မှုအရှိဆုံး သားရဲမှာ ရှေးဦးစွမ်းအင်ရှိတဲ့ ရှေးဦးတောကျွဲ ဖြစ်ပြီး ထိုအကောင်ကိုရရန် အချိန်အတော်ကြာ ကြိုးစားခဲ့သေးသော်လည်း ရှမိသားစုမှာ သတင်းအစနပင် မရခဲ့ပေ။ ယခုတော့ အမှတ်မထင် အခွင့်လမ်းက အိမ်ထဲထိဝင်ရောက်လာသည်။

“ရှင်ပြောတာ သေချာလား ရှေးဦးတောကျွဲနော် မှားတေတာတော့ မဟုတ်ဘူးမလား”

“လုံးဝမမှားပါဘူးသခင်မလေး ဦးချိုစိမ်းတချောင်းနဲ့ သွင်ပြင်လက္ခဏာကလည်း သခင်ကြီးပြောထားတာနဲ့ထပ်တူကျနေပါတယ်”

ရှချင်းယုံတယောက် စိတ်လှုပ်ရှားသွားသည်။ ရီချန်က သတင်းအမှားတော့ သူကိုယ်တိုင်လာမပို့တန်ရာ။ ထို့အပြင် ဟုတ်မဟုတ်သွားကြည့်နိုင်သည်ဖြစ်၍ အဆင်ပြေသည်။

“တောကောင်ကိုဟင်းလျာအတွက် ပြင်ဆင်နေရလို့ ယူဆောင်မလာခဲ့ပါဘူး သခင်မလေးဆန္ဒရှိရင် လိုက်ကြည့်လို့ရပါတယ်”

ရီချန့်စကားဆုံးလျင် ရှချင်းယုံတယောက် ရုတ်ချည်းထကာ ရီချန်နဲ့အတူလိုက်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

နောက်ထပ်နာရီဝက်ခန့်အကြာမှာတော့ တည်းခိုဆောင်ရှိ ဟင်းချက်ပြုတ်သည့်နေရာကို ရောက်ရှိလာပြီး ရီချန်တို့ပြန်ရောက်ချိန်၌ အသားများစွာကို ချက်ပြုတ်ရန်လှီးဖြတ်ထားပြီ ဖြစ်ကာ ထိုသို့လှီးဖြတ်ရန်ကိုပင် အချိန်အတော်ယူခဲ့ရသည်။

ကံကောင်းသည်က တောကျွဲမှာ အသက်မရှိတော့၍ ၎င်း၏ခန္ဓာကိုယ်မာကြောမှုက အဆများစွာ လျော့ကျသွားသည်။ မဟုတ်ပါက အသားလှီးဖြတ်ရန်ကိုပင် သူတို့တတ်နိုင်ကြမည် မဟုတ်ချေ။

ရီချန်က ရှချင်းယုံကို ခေါ်ဆောင်လာပြီး ထိုဧည့်သည်က အသားများနဲ့အရိုးကိုသာ ယူဆောင်ချက်ပြုတ်ရန် စေခိုင်းထားကြောင်း ပြောပြချိန်မှာတော့ ရှချင်းယုံတယောက် တန်ဖိုးမသိလေခြင်းဟု တွေးမိကာ မချိတင်ကဲ ဖြစ်သွားရသည်။ ထိုအကောင်၏ တန်ဖိုးကငွေရှိတိုင်း ဝယ်မရပေ။

ရီချန်က စားဖိုဆောင်ထဲရောက်သည်နှင့် လှီးဖြတ်ထားသည့် တောကျွဲကောင်အား ပြသလိုက်ပြီး တိကျစွာပင် ထိုအကောင်က ရှမိသားစုလိုချင်နေသည့် ရှေးဦးတောကျွဲ ဖြစ်နေလေသည်။ ရှချင်းယုံက အစိမ်းရောင်ဦးချိုကို ဆုပ်ကိုင်လိုက်သည်။ ကြမ်းတမ်းတဲ့ခွန်အားက လက်ဖဝါးမှတဆင့် ခန္ဓာကိုယ်ထဲ တိုးဝင်သွားပြီး ထိုဦးချိုကို ဆေးဖော်စပ်၍ အသုံးပြုပါက ရုပ်ခန္ဓာကျင့်ကြံသူများအတွက် ထိပ်တန်းရတနာဆေး တခုဖြစ်မှာ သေချာသည်။

“သူက ဘာတောင်းဆိုသေးလဲ”

ရှချင်းယုံရဲ့အမေးကို ရီချန်က ချက်ချင်းတုန့်ပြန်သည်။

“ဘာမှမတောင်းဆိုပါဘူး သူတို့အတွက်ညစာ ပြင်ပေးဖို့ပဲ ပြောထားတာပါ ဒါပေမယ့်..”

ထိုမျှဆို ရှချင်းယုံက သဘောပေါက်လေပြီ။ ဦးချိုနဲ့ အရိုးအချို့ ထို့အပြင် အတွင်းကလီစာများစွာကို ရီချန်က သူမထံအလကားပေးမည်တော့ မဟုတ်ချေ။ သူတို့ကြားဆက်ဆံရေးက ကောင်းမွန်သော်လည်း စီးပွားရေးက စီးပွားရေးသာဖြစ်သည်။

“ရှင် ဘာတောင်းဆိုမလဲဆိုတာ စဥ်းစားထားလိုက် မကြာခင် အဖေပြန်လာတဲ့အချိန် ရှင်တောင်းဆိုနိုင်တယ် အခုတော့ ဒီအရာတွေကို ရှအိမ်တော်ဆီ အရင်ပို့လိုက်ပါ သတိအပြည့်ရှိပါစေ”

သူမက ထိုသို့မှာလိုက်ပြီးနောက် အချိန်အနည်းငယ် ထပ်မံတုန့်တိုင်းနေကာ အတန်ကြာတော့ ဆက်ပြောလာပြန်သည်။

“ဒီကောင်ကို အမဲလိုက်နိုင်တယ်ဆိုတည်းက သာမန်မဟုတ်ဘူး ကျွန်မသူနဲ့တွေ့လို့ရမလား”

ရီချန်အနည်းငယ် မှင်သက်သွားသည်။ မာနကြီးပြီး အေးစက်သည့် ရှသခင်မလေးက သူစိမ်းယောက်ကျားတဦးကို တွေ့လိုသည်လား။ ထို့အပြင်ထိုလူငယ်က အိမ်ထောင်ရှိသည်နဲ့တူသည် ကလေးမလေးတဦးပင် ချီထားသေးသည်။

“ကျတော်စီစဥ်ပေးပါ့မယ် ညစာပြင်ဆင်ပြီးချိန် ကျတော်အကြောင်းလိုက်မယ်”

“ကောင်းတယ် ကျွန်မ အိမ်တော်ကိုမပြန်သေးဘူး ဒီမှာခဏဆက်နေမယ်”

မကြာခင် ရီချန်အစီစဥ်ဖြင့် တောကျွဲ၏ ကျန်အစိတ်အပိုင်းများက ရှအိမ်တော်ထံ လျှို့ဝှက်စွာ ရောက်ရှိသွားတော့သည်။ ရှချင်းယုံကမူ စိတ်ကျေနပ်နေပြီး တဖက်တွင်လည်း မည်သည့်ကျင့်ကြံသူက ထိုမျှအစွမ်းအစရှိသနည်းဟု သိလိုနေခဲ့သည်။

All Chapters