← Chapters

သခင်လေးယန်ဆိုတာက..

Vol. 13 Ch. 130

သခင်လေးယန်ဆိုတာက..

Vol. 13 Ch. 130

မင်ဝမ်တို့အဖွဲ့မှာ သူတော်စင်အိုကြီးများ၏ ဖားလျားမှုကို မြင်ပြင်းကတ်မိသွားကြသည်။

ထိုသူများက ဒေသတခုစီ၏ ထိပ်သီးများဖြစ်သော်လည်း ဖိနပ်လျက်ရန် အကြံရှိနေသည် မဟုတ်လား။ ထိုအချင်းရာက မင်ယုရှန်း ကျင်းလုံတို့ကဲ့သို့ ဧကရာဇ် ဧကရီများကို စိတ်ပျက်စေသည်။

ကျင့်ကြံသူများက အဆင့်ပိုမြင့်လေ မာနကြီးလေဖြစ်ပြီး သေမျိုးအရေးရာကို ရှောင်ဖယ်လာကြသည်က ပုံမှန်ဖြစ်သည်။ အများစုက မိသားစုအင်အားတခု ထူထောင်ရန် အကြံစည်ဖြင့် နိမ့်ပါးစဥ်က သေမျိုးအရေးအရာကို ဂရုစိုက်ခဲ့သော်လည်း အချိန်ကြာလာသည်နဲ့အမျှ အရင်းအမြစ်နဲ့ ကျင့်ကြံဆင့်တိုးတက်ရေးကိုသာ ဇောက်ချကုန်ကြသည်။

“ကျတော်တို့က အကူညီအတွက် ကျေးဇူးတင်စကားပြောရင်း သခင်လေးယန်နဲ့များ ဆုံခွင့်ရနိုင်မလား သိချင်တာပါ”

အနောက်ပိုင်းသူတော်စင်က မျက်နှာပြောင်တိုက်စွာပင် တောင်းဆိုလာသည်။ လာရင်းရည်ရွယ်ချက်ကလည်း ထိုအချက်ပင် မဟုတ်လော။

မင်ယုရှန်းက တည်ငြိမ်စွာပဲ စောင့်ကြည့်နေသည်။ ထိုသူများ၌ ယန်ချန့်အပေါ် မကောင်းကြံရဲမည့်သူ မရှိဟု သူမတွက်ဆမိပြီး ယန်ချန်နဲ့တွေ့ပေးရန်ကိစ္စကတော့ သူမအာမ မခံနိုင်ပေ။

စုလဲ့၏ပြောပြချက်အရ ကျင့်ကြံရေးလောကထဲ နေထိုင်သော်လည်း သေမျိုးနေ့စဥ်ဘဝကို ဖြတ်သန်းနေသူမို့ ကျင့်ကြံသူများ စုရုံးလာခြင်းက စိတ်အနှောင့်ယှက်ဖြစ်စေလောက်သည်ဟု သူမထင်သည်။ သို့သော်လည်း တဖက်တွင် ယန်ချန်ရဲ့ဂုဏ်သတင်းကို မြင့်တင်ပေးခြင်းက ကျေးဇူးတုန့်ပြန်ရာကျသည်ဟုလည်း တွေးနေမိသည်။

“ရှင်တို့ကို သခင်လေးယန်က ရည်ရွယ်ချက်နဲ့ ကူညီခဲ့တာတော့ မဟုတ်လောက်ဘူး သူက သာမန်ဘဝထဲမှာ နေနေတာပါ ကျွန်မဆိုလိုတာကို သဘောပေါက်တယ်မဟုတ်လား”

မင်ယုရှန်းက ထိုသူများကို တချက်ဝေ့ကြည့်ပြီး နောက် ဆက်ပြောပြန်သည်။

“အခုဒီခရီးစဥ်ကလည်း သခင်လေးအတွက် အကျိုးရှိမယ့်အရာတခုခု ရှာဖို့ထွက်လာခဲ့တာ အခုကျွန်မတို့ လိုချင်တာ ရခဲ့ပြီ ရှင်တို့ဘာတွေးနေလဲ ကျွန်မသိတယ် စိတ်မကောင်းပါဘူး ရှင်တို့နဲ့သခင်လေးယန် ဆုံဖို့ကံပါရင် ဆုံကြပါလိမ့်မယ်”

မင်ယုရှန်းက ကတိမပေးလိုက်ပေ။ သူမက မနက်ဖန်ဆိုလျှင် ထာဝရကျေးရွာကိုပြန်မည်ဖြစ်ပြီး အခြားတစုံတရာမရှိပါက ကျေးရွာအပြင်ထွက်ရန် မရှိတော့ပေ။

“မဟုတ်တာ ရပါတယ် ရပါတယ် ကျုပ်တို့ရဲ့စေတနာကို သခင်လေးယန်ဆီ ပြောပြပေးရင်ရပါပြီ ဒါနဲ့ ကျင့်ကြံသူမင်တို့ ဒီမြို့မှာစိတ်ကြိုက်တည်းခိုလို့ရပါတယ် ကျုပ်တို့တာဝန်ယူမှာပါ”

ရှောင်ချီက ပါးနပ်စွာဖြင့် စကားလမ်းကြောင်းလွှဲသည်။ သူတို့လိုချင်သည်ကို တိုက်ရိုက်မတောင်းဆိုသင့်ပေ။ အနည်းဆုံး ဆက်ဆံရေးတခု တည်ဆောက်ထားခြင်းကသာ ပို၍ သင့်တော်ပေမည်။

မင်ယုရှန်းက ခေါင်းညိတ်ပြလိုက်ပြီး မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် သားရဲကပ်ဘေးအကြောင်းကို စကားလွှဲလိုက်သည်။ ခဏအကြာ၌ စကားဝိုင်းက ချီစွမ်းအင်တိုးပွားလာမှု သားရဲကပ်ဘေးကို ရင်ဆိုင်မည့်အစီစဥ်ဘက် ပြောင်းသွားကာ စကားဝိုင်းကြား အချင်းချင်းဆက်ဆံရေးက ပို၍ ပွင့်လင်းရင်းနီးလာသည်။

“ဒါဆို အမှောင်ထုလောကနဲ့ ကျုပ်တို့လောက ကြားဆက်စပ်နေတယ့် သဘောပေါ့”

ရှယီက မှင်သက်စွာဖြင့် ထုတ်ပြောလာသည်။ ၎င်းတို့အနေဖြင့် သားရဲကပ်ဘေးကိုရင်ဆိုင် ခဲ့ရသော်လည လွယ်ကူစွာထိန်းချုပ်နိုင်ခဲ့ပြီး မင်ယုရှန်းပြောပြသည့် အက်ကြောင်းများ အမှောင်ထုသားရဲများ မဖြစ်ခဲ့ပေ။

ထိုကိစ္စက သခင်လေးယန်နေထိုင်သည့် ကျင်းတိုင်းပြည်အပေါ် သက်ရောက်မှုရှိခဲ့ပြီး ထူးခြားဖြစ်စဥ်က မင်ယုရှန်းကြောင့် ဖြစ်လာမှန်း ရိပ်စားမိသွားကြသည်။ ထိုသို့ဆိုလျှင် သူမက သခင်လေးယန်အကူညီ ရခဲ့သည်မှာ သေချာလေပြီ။

သူတော်စင်အဆင့်ကို ထိုးဖောက်ရန်ခက်ခဲသည့် ဒေသ၌ သူတော်စင်တပါး မွေးထုတ်ပေးခြင်း။ ထိုအရာက အင်မော်တယ်များ တတ်နိုင်သည့် အရာဟု ဆိုသော်လည်း သခင်လေးယန်ဆိုသူက ထိုထက်ပို၍ လေးနက်သည်။ ရန်သူကို တဖက်လောကထဲထိ ဝင်ရောက်သတ်ဖြတ်ခြင်းက သာမန်သူများ မစွမ်းဆောင်နိုင်ချေ။

“ကျုပ်တို့လောကကို အလေးနက်စစ်ဆေးဖို့ သင့်ပြီ ကျုပ်စိတ်ထဲ တခုခုထူးခြားနေတယ်လို့ ခံစားနေရတယ်”

မင်ဝမ်က တွေးတွေးဆဆ စကားစသည်။ ချီစွမ်းအင်တိုးပွားမှုက လောကစည်းမျဥ်း ပြောင်းလဲမှုနဲ့ သက်ဆိုင်သည်ဟု ဖတ်ခဲ့ဖူးပြီး ထိုအချက်က လက်ရှိ အခြေနေနဲ့ ကိုက်ညီနေသည်။ ထျန်းဟွမ်လောကအား တစုံတခုမှ ဝါးမြိုထားသည်လား။

မင်ဝမ့်စကားအဆုံး၌ အခြားသူများကလည်း ကိုယ်စီအတွေးများ ထုတ်ဖော်ပြောဆိုကာ စကားဝိုင်းအား အချိန်အတော်ကြာသည်အထိ ဆက်နေခဲ့ပြီးနောက်မှ ပြန်လည်ထွက်ခွာသွားတော့သည်။

တဖက်နဲ့တဖက် လက်ဆောင်များစွာ လဲလှယ်ခဲ့ပြီး မကြာမီ အလယ်ကုန်းမြေ၏ ချိန်ခွင်လျှာကို ထိန်းသိမ်းပြီးပါက လာရောက်လည်ပတ်မည်ဟု ရှောင်ချီက ပြောဆိုသွားပြီး ရှယီကလည်း ထို့အတူပင်။ အခြားသူများကတော့ ထျန်းဟွမ်လောက ပြောင်းလဲမှုကို ဝိုင်းဝန်းဖော်ထုတ်မည်ဟု ကတိပြုသွားကြသည်။

ကောင်းသောပြောင်းလဲ ခြင်းလား ဆိုးသော ပြောင်းလဲခြင်းလား ဆိုတာက ပြောမရသေးပေ။ စကားဝိုင်းပြတ်ပြီးနောက် မင်ဝမ် ကျင်းလုံ စုလဲ့တို့မှာ ကိုယ်စီအနားယူရန် ထွက်ခွာသွားချိန်မှာတော့ မင်ယုရှန်းက ကျောက်ပြားကိုကိုင်လျက် ပန်းချီကားထဲ ဝင်ရောက်သွားတော့သည်။

မတူညီသည့် စွမ်းအင်များဖြင့် စကြာဝဋာကြီးမှာ လည်ပတ်နေပြီး ရှေးဦး မူလ အင်မော်တယ် ချီ ဟူသည့် စွမ်းအင်လေးမျိုးက ဟန်ချက်ညီညီ ရှိနေခဲ့သည်။ ယခု ရှေးဦးစွမ်းအင် ပါဝင်နေသည့် အသက်နိယာမကျောက်ပြားက သူမကို မည်မျှထိ အကူညီဖြစ်စေမည်နည်း။ သူမက ထိုအရာကိုလေ့လာချင်တာထက် ဒီတိုင်းစပ်စုလိုစိတ်ကသာ ပိုများနေသည်။

ယန်ချန့်အတွက် နတ်သမီးသစ်ပင်ကို အလွယ်တကူ ရခဲ့ခြင်းကိုတော့ သံသယမဖြစ်ပေ။ ထိုနတ်သမီးသစ်ပင်ကိုယ်တိုင် လိုက်ပါလိုခြင်း ဖြစ်ပြီး ထိုအချက်က ယန်ချန်ကို သူမနားလည်နိုင်တာထက် ကျော်လွန်နေမှန်း ခံစားမိစေသည်။

ယန်ချန်ဆိုတာက မည်သူနည်း။

တဖက်တွင်တော့ ထာဝရကျေးရွာက တည်ငြိမ်စွာဖြတ်သန်းနေပြီး ကျန်ယန်တို့ ဇနီးမောင်နှံကလည်း ကုန်သွယ်ရေးကို အားသွန်ခွန်စိုက် ကြိုးစားနေသည်။ အခြားခြံဝန်းများက ကိုယ်စီရပ်တည်နိုင်လာကြပြီး ထာဝရကျေးရွာက အခြားနေရာများထက် တည်ညိမ်အေးချမ်းနေကာ ရံဖန်ရံခါ ထိပ်သီးကျင့်ကြံသူများ ရောက်လာကြသော်လည်း ထိုသူများက ယန်ချန်မရှိသည်ကိုသိလျင် အလိုက်တသိပဲ ပြန်လည် ထွက်ခွာသွားကြသည်။

မည်သည့်အင်အားစုကမှ ထာဝရကျေးရွာကို မနှောင့်ယှက်ရဲပေ။ ကျင်းတိုင်းပြည်တခုလုံး၏ ကျင့်ကြံသူများကြား ထာဝရကျေးရွာက မြင့်မြတ်နယ်မြေဖြစ်ကာ ဂုဏ်သတင်းကြီးလာခဲ့သည်။

All Chapters