ရုန့်ရင်းဆန်ခတ်အခြေအနေများ
Vol. 13 Ch. 122
သူတော်စင်အဆင့်အောက် ကျင့်ကြံသူများထဲ မဟာယာနအဆင့်များသာ အနည်းငယ် တောင့်ခံထားနိုင်ပြီး ကျန်အဆင့်ကျင့်ကြံသူများကတော့ ထိတ်လန့်ခြောက်ခြားကုန်သည်။
ထိုသို့အဖြစ်ပျက်မျိုး သူတို့မမျှော်လင့်ထားသည်မှာ သေချာသည်။ အမွေအနှစ်မှာ လွယ်ကူသည်မဟုတ်သော်လည်း ထူးခြားသည့် သားရဲတကောင်မှ မိမိတို့ကံကြမ္မာကို ချုပ်ကိုင်ထားခြင်းက လူသားကျင့်ကြ့သူများကို မချိတင်ကဲ ဖြစ်စေသည်။ သို့သော် ထိုအရာက ၎င်းတို့၏ လောဘပင်မဟုတ်လော။
မင်ယုရှန်းတယောက် အသက်ဓာတ်စုပ်ယူခံရခြင်းမှ သိသာစွာပဲ လွတ်ကင်းနေပြီး သူမကပင်ထိုအသက်ဓာတ်များကို ပြန်လည်စုပ်ယူရင်း အသက်နိယာမကို ပိုပြီးပြည့်စုံစေရန် ကြိုးစားနေခဲ့သည်။ မင်ဝမ် ကျင်းလုံ စုလဲ့တို့မှာ သူတော်စင်တဝက်နဲ့ နီးကပ်နေသူများဖြစ်၍ အခြေနေများက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အလယ်လတ်အင်အားစုများကတော့ ကမ္ဘာပျက်နေလေပြီ။
“မဟုတ်ဘူး…ဒီစမ်းသပ်မှုကနေ ငါထွက်မယ်”
“ငါ့ကို ထွက်ခွင့်ပေးပါတော့”
ရှေးဦးသားရဲက ရုန့်ရင်းဆန်ခတ် အခြေနေကိုစိတ်ကျေနပ်စွာ ကြည့်နေပြီး အရာအားလုံးက သူ့ထိန်းချုပ်မှုအောက် ရောက်နေသည်မှာ ထင်ရှားသည်။ အစိမ်းရောင်ဦးချိုကြီးကလည်း တဖြေးဖြေး အရောင်တောက်လာသည်။
ထိုစဥ် ချင် ရှောင် ဘိုးဘေးနှစ်ဦးနဲ့ သူတော်စင်များက အခြေနေကို သင်္ကာမကင်း ဖြစ်လာပြီး ချင်ထျန်က သားရဲကောင်ကြီး၏ အကြည့်အောက်မှာပဲ အစီရင်ချပ်ပြားတခုကို ထုတ်ယူ၍ ချိုးဖြတ်လိုက်တော့သည်။ ထိုအစီရင်ချပ်ပြားက သားရဲကောင်၏ အစီရင်ကို မချိုးဖြတ်နိုင်သော်လည်း အသက်ဓာတ်များ စုပ်ယူခံရခြင်းမှ မိမိ မိသားစုဝင်များကို အထိုက်အလျောက် ကာကွယ်နိုင်သည်။
ရှောင်ချီနဲ့ အခြားသူတော်စင် သုံးဦးတို့က သူတော်စင်အကာကွယ်များကို အစွမ်းကုန် ဖြန့်ကြက်ထားရင်း သားရဲကောင်ကြီးကို စောင့်ကြည့်နေကြလေသည်။ တခုခု ထူးခြားပါက သူတော်စင်များအစွမ်းကုန် တိုက်ခိုက်ရမည်ကို တွက်ဆထားပြီး ဖြစ်သည်။
မင်ယုရှန်းက အသက်နိယာမကို ပြီးပြည့်စုံအောင်ကြိုးစားနေရင်း တဖက်တွင်လည်း အနည်းငယ်တောင့်ခံရန် ခက်ခဲလာသည့် သူမအဖော်များကို အကာကွယ်တခု ပေးလိုက်သည်။ သူတော်စင်အကာကွယ်ဆိုသည်က ထျန်းဟွမ်လောက အကာကွယ်တစိတ်တပိုင်းဖြစ်ပြီး ရှေးဦးသားရဲကဲ့သို့ ပြင်ပလောက ကျင့်ကြံရေး သားရဲများ၏ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်လေသည်။
ရှေးဦးသားရဲကောင်မှာ မျက်မှောက်ကြုတ်သွားသည်။ သေမျိုးလောက၏ အကာကွယ်တစိတ်တပိုင်းက အစီရင်ကိုတောင့်ခံထားနိုင်မည်ဟု သူမထင်ခဲ့ချေ။
“ဟမ့်.ဒီလောက အကာကွယ်တစိတ်တပိုင်းကများ..”
အစီရင်၏သက်ရောက်မှုကို ကောက်ကျစ်စွာဖြင့် တိုးမြင့်လိုက်တော့သည်။
“မင်း…”
ချင်ထျန်မှာ အစီအရင်ချပ်ပြားအပြင် သူတော်စင်အကာကွယ်ကိုပါ ထပ်မံထုတ်သုံးလိုက်ရပြီး ထိုအခြေနေက သူမျှော်လင့်ထားသလို ဟုတ်မနေချေ။
ထိုအချိန် အခြားကျင့်ကြံသူများကတော့ အမှုန်များသဖွယ် လွင့်ပျံသွားကြပြီး ကျင့်ကြံသူများမှာလည်း ထိတ်လန့်ခြောက်ခြားကာ ဆောက်တည်ရာမရ ဖြစ်ကုန်သည်။
သားရဲကောင်၏အကြည့်က မင်ယုရှန်းဆီ အမှတ်တမဲ့ ရောက်ရှိသွားစဥ် အနည်းငယ် မှင်သက်သွားသည်။ ထိုကျင့်ကြံသူလူသား အမျိုးသမီးက ထူးခြားစွာဖြင့် အသက်ဓာတ်စုပ်ယူခံရခြင်း မရှိသည့်အပြင် အသက်ဓာတ်ကိုပါ ပြန်လည်စုပ်ယူနေသည် မဟုတ်လား။
“လူသား..မင်းဘယ်သူလဲ”
သားရဲကောင်ကြီး၏ အသံကြောင့် အခြားသူများလည်း မင်ယုရှန်းဆီ အာရုံစိုက်လာကြပြီး သူမတို့တဖွဲ့လုံး တည်ငြိမ်နေသည်ကိုမြင်လျင် မှင်သက်သွားကြသည်။ သူတို့က မဟာယာန အဆင့်တွေမဟုတ်ဘူးလား..။
ထိုအတွေးဝင်လာသည်နှင့် တပြိုင်နက် အစီရင်၏ သက်ရောက်မှု ထပ်မံတိုးမြင့်သွားချိန်မှာတော့ မင်ယုရှန်းတယောက် သားရဲကောင်ကြီး၏ အစီစဥ်ကို ရိပ်စားမိသွားသည်။ ထိုကောင်က လူသားကျင့်ကြံသူများ၏ အသက်ဓာတ်အား တဖက်လှည့်စုပ်ယူနေပြီး သူသာ တဖြေးဖြေးအားကောင်းလာနေသည်။ အဆုံးသတ်ပါက သူမတို့အားလုံး မည်သည့်အမွေနှစ်မှ ရတော့မည်မဟုတ်ပေ။
သူမနည်းတူ အခြားသူများလည်း ထိုသို့အတွေးဝင်လာသည်နှင့် တပြိုင်နက် အစီရင်ကိုစတင် တိုက်ခိုက်ရန်ကြိုးစားတော့သည်။ မည်သူကမှ မျှော်လင့်ချက်မဲ့ အနေထားမျိုးဖြင့် မသေလိုချေ။
“ဟမ့်.. ရုန်းကန်ကြစမ်း ပုရွတ်ဆိတ်တွေ”
သားရဲကောင်ကြီးက သူ့အစီစဥ်ထုတ်ဖော်ခံလိုက်ရမှန်း သိသွားသော်လည်း ဂရုမစိုက် အစီရင်က အဆုံးသတ်ရန် သိပ်မလိုတော့ချေ။
“အားလုံးပဲ မိစ္ဆာကောင်ကို တိုက်ခိုက်ကြ အစီရင်ဗဟိုချပ်က အဲ့ကောင်ပဲ”
ချင်ထျန်က အော်ဟစ်အသိပေးလိုက်ပြီးနောက် သူကိုယ်တိုင်လည်း နောက်ထပ်အစီရင်ချပ်ပြား တခုအား သားရဲကောင်ကြီးဆီ ပစ်လွှတ်လိုက်သည်။ အကုန်လုံးက တိုက်ခိုက်မှုများ စတင်လိုက်သည်နှင့် သားရဲကောင်ကြီးမှာ ဒေါသအကြီးကျယ် ထွက်သွားတော့သည်။
“မင်းတို့က ရှေးဦးအမွေအနှစ်ကို မလိုချင်တော့တာလား ဟမ့်”
ထိုသို့ ပြောဆိုရင်း အစိမ်းရောင်အလင်းများ ယှက်သန်းနေသည့် ကျောက်စိမ်းပြားတချပ်အား လေထဲလွင့်ထုတ်လိုက်သည်။ မင်ယုရှန်းတယောက် ထိုကျောက်စိမ်းပြားကိုမြင်သည်နှင့် ထိုအရာက အသက်နိယာမကို လေ့လာနိုင်သည့် အရာဖြစ်မှန်းရိပ်စားမိသွားသည်။ အသက်နိယာမဆိုသည်က နိယာမ များထဲ၌ ထိပ်တန်းအဆင့်ဖြစ်သည်။
ရှောင်ချီနဲ့ သူတော်စင်သုံးပါးတို့ကလည်း ကျောက်စိမ်းပြားကို မြင်လိုက်ကြပြီး ထိုအရာက ငါးစာသက်သက်သာ ဖြစ်သည်ကို ရိပ်စားမိနေသူများဖြစ်၍ လောဘကိုထိန်းချုပ်ထားကြပြီး ချင်ထျန်တယောက်ကတော့ တစုံတရာကို တွေးတောနေသည်။
“သားရဲသခင်ကြီး ကျုပ်က လူသားအစီရင်ပညာရှင်တဦးပဲ ဒီအစီရင်ကိုပိုအားကောင်းအောင် ကျုပ်လုပ်ပေးနိုင်တယ်”
ချင်ထျန်၏ စကားကြောင့် အခြားသူများမှာ အပြင်းအထန် ဒေါသထွက်သွားကြသည်။ ထိုသူက လူသားကျင့်ကြံသူများကို သစ္စာဖောက်ရန်ကြိုးစားနေသည် မဟုတ်လော။ မိမိတို့မှာ အစွမ်းကုန်တိုက်ခိုက်နေရပြီး တိုက်ခိုက်ချက်များကလည်း အစီရင်ထဲ ပျက်ပျယ်သွားသည်ကို စိတ်ဓာတ်ကျနေချိန်၌ ချင်ဘိုးဘေး၏ စိတ်ရင်းအမှန်က ထွက်ပေါ်လာတော့သည်။
သားရဲကောင်ကြီးက အနည်းငယ် စဥ်းစားဟန်ဖြင့် ငြိမ်သက်သွားသည်။ တခဏကြာတော့
“ကောင်းတယ် ငါမင်းကို ကာကွယ်ပေးမယ် အစီရင်ကိုအားပိုကောင်းအောင် မင်းလုပ်ပေးရမယ်”
သားရဲကောင်ကြီးက အမှန်တကယ်၌ အစီရင်ကို နားလည်သူမဟုတ်ပေ။ အစီရင်ချပ်ပြားတခုကိုသာ အသုံးချနေရပြီး ဒီထက်ပိုတိုးမြင့်ရန် သူမလုပ်ဆောင်နိုင်ချိန် ချင်ထျန်ရဲ့ ကမ်းလှမ်းမှုက ရေကန်အသင့် ကြာအသင့်ဖြစ်သွားလေသည်။
“ချင်ထျန် မင်း..သစ္စာဖောက်ကောင်”
“ဘိုးဘေးချင် ခင်ဗျား..ဘယ်လိုတောင်လုပ်ရက်တာလဲ”
အကုန်လုံးက အစီရင်ထဲတောင့်ခံရင်း ချင်ထျန်ကို အပြင်းအထန်ဝေဖန်အပြစ်တင်နေသည်။ ချင်ထျန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟား…ဒါက မင်းတို့ရှောင်မိသားစုကို ရှင်းထုတ်နိုင်မယ့်အခွင့်ရေးပဲ ဘာလို့ငါက မဆုပ်ကိုင်ရမှာလဲ”
“စိတ်မကောင်းပါဘူး အမှောင်ကုန်းမြေက မင်းတို့အတွက်နေရာတခု ဖြစ်သွားပြီ”