← Chapters

မင်ယုရှန်း၏ အစွမ်းအစ

Vol. 13 Ch. 123

မင်ယုရှန်း၏ အစွမ်းအစ

Vol. 13 Ch. 123

ချင်ထျန်တယောက် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး သူနဲ့သူ့မိသားစုဝင်များကို သားရဲကောင်ကြီး၏ အကာကွယ်အောက်၌ ရှိစေကာ သူကိုယ်တိုင်ကတော့ အစီရင်ချပ်ပြားအချို့ ထပ်မံထုတ်ယူလိုက်သည်။

ထိုချပ်ပြားက သူ့ပိုင်ဆိုင်မှုထဲ တန်ဖိုးအကြီးဆုံးဖြစ်ကာ ထိုအစီရင်ချပ်ပြား၏ အစွမ်းက မည်သည့်အစီရင်ကိုမဆို နှစ်ဆ အစွမ်းထက်စေပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးနည်းလမ်းများ ထပ်မံပေါင်းထည့်ထားသည့် အစီရင်ချပ်ပြား တခုဖြစ်သည်။

“ကဲ..အားလုံး ပျော်ပျော်ကြီး ရုန်းကန်ကြပေတော့”

အစီရင်ချပ်ပြားက လေထဲလွင့်တက်သွားပြီး သားရဲကောင်ကြီး၏ အသက်ဓာတ်စုပ်ယူသည့် အစီရင်ကြီးနဲ့ လျင်မြန်စွာပေါင်းစည်းသွားတော့သည်။ သားရဲကောင်ကြီးက ထိုအခြေနေကိုမြင်လျင် စိတ်ကျေနပ်စွာ ဟိန်းဟောက်လိုက်ပြီး သူ့ဦးချိုကလည်း ပို၍ပင်အရောင်တောက်လာကာ မဟာယာနအဆင့်အောက် ကျင့်ကြံသူများကတော့ စတင်၍ ပျောက်ကွယ်လာတော့သည်။

“အဖေ ကျုပ်ကို ကယ်ပါဦး”

“ဂိုဏ်းချုပ်ကြီး.ကယ်..ကယ်ပါ”

အကုန်လုံးက ခြောက်ခြားဖွယ်ရာအော်ဟစ်နေကြပြီး ထိုအခြေနေကို အကာကွယ်အောက်ရှိနေသည့် စုသခင်လေးက ကျေနပ်နေသည့် အမူရာဖြင့် စောင့်ကြည့်နေလေသည်။

မင်ယုရှန်းတယောက် လေးနက်သွားသည်။ အစီရင်၏ အစွမ်းတိုးမြင့်မှုကို ဆက်၍တောင့်ခံနိုင်သော်လည်း သူမဗီဇအရ တဖက်သူ၏ တိုက်ခိုက်မှုများကိုသာ လက်ခံနေမည့်သူမဟုတ်ချေ။

မင်ဝမ်က မြေးဖြစ်သူ၏ အကျင့်ကိုသိထားသည့်အတွက် သတိထားရန် အသံပေးပို့လာသည်။ မင်ယုရှန်းက ခေါင်းညိတ်ပြကာ တိုးမြင့်လာသည့် အသက်ဓာတ်ကို ပိုတိုးစုပ်ယူလိုက်ပြိီး သူမ၏ စုပ်ယူမှုက သားရဲကောင်ကြီးကို သတိထားမိသွားစေသည်။

“လူသား. မင်း..သေသင့်တယ်”

ထိုလူသားအမျိုးသမီးသာ စုပ်ယူနေပါက သူ့ထံအစွမ်းအကုန် ရောက်လာတော့မည်မဟုတ်ပေ။

“သူ့ကို ရှင်းပစ်လိုက်”

သားရဲကောင်ကြီးက ချင်ထျန်ကို အသိပေးလိုက်စဥ် ချင်ထျန်တယောက် မင်ယုရှန်းအား စတင်တိုက်ခိုက်တော့သည်။

“သစ္စာဖောက် မင်းငါတို့ကိုမေ့နေတာလား”

ရှောင်ချီအပါအဝင် အခြားသူတော်စင်များက အကာကွယ်ကိုအနည်းငယ်ဖြေလျော့ကာ မင်ယုရှန်းကို တိုက်ခိုက်ရန်ကြိုးစားနေသည့် ချင်ထျန်အား စတင်တိုက်ခိုက်တော့သည်။ အဆုံး၌ မင်ယုရှန်း၏ နည်းလမ်းက သူတို့ကိုယခုထိတောင့်ခံထားစေရန် အကူညီဖြစ်စေသည်ကို ရိပ်မိသွားကြပြီ ဖြစ်သည်။

“ဟား…မင်းတို့တားနိုင်မှာလား”

ချင်ထျန်၏ လက်ဝါးရိုက်ချက်က မင်ယုရှန်းဆီ တိုးဝင်လာချိန်မှာတော့ မင်ယုရှန်းတယောက် နှာခေါင်းရှုံ့လိုက်သည်။ ထိုမျှက သူမအတွက် သာမန်တိုက်ခိုက်မှုပင်။

ရွှစ်!

လေထဲ ဓားချက်တခု ထွက်ပေါ်သွားပြီး ဓားအလင်းက လက်ဝါးကြီးကို ချိုးဖြတ်သွားပြီး ချင်ထျန်ဆီ တိုးဝင်သွားသည်။

ဟမ်…

ချင်ထျန် အနည်းငယ်ထိတ်လန့်သွားသည်။ သူမက သာမန်သူတော်စင်အဆင့် မဟုတ်ပဲ သူ့ကိုပင် အန္တရာယ်ပေးနိုင်သည့် တကယ့်ပါရမီရှင် သူတော်စင်မမှန်း ရိပ်စားမိသွားသည်။

“မင်းက ချင်ရှန်တို့သားအဖကို သတ်လိုက်တဲ့တယောက်လား”

တိုးဝင်လာသည့် ဓားချက်အား အသည်းအသန်ရှောင်ရင်း မေးသည်။ မင်ယုရှန်းက တည်ငြိမ်စွာပဲ တုန့်ပြန်လိုက်ပြီး နောက်ထပ်ပြင်းထန်တဲ့ ဓားချက်ထုတ်ဖော်ကာ သားရဲကောင်ကြီးအား ခုတ်ပိုင်းလိုက်သည်။ ထိုအချိန် ရှောင်ချီတို့၏ တိုက်ခိုက်မှုက အစီရင်ထဲ အများစုပျက်ပျယ်သွားကာ ကျန်ရှိသည့်အစွမ်းအနည်းက ချင်ထျန်ဆီ တိုးဝင်သွားသည်။

ထိုမျှလောက်ကတော့ ချင်ထျန်ကဲ့သို့ သူတာ်စင်တပါးအတွက် စာမဖွဲ့လောက်ပေ။ မင်ယုရှန်းဓားချက်ကိုမြင်သည်နှင့် သားရဲကောင်ကြီးက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး လေဟာနယ်ထဲမှ ရှည်လျားတဲ့လက်သည်းများ ပိုင်ဆိုင်ထားသည့် မီချောင်းကဲ့သို့ လက်ကြီးတဖက် ထွက်ပေါ်လာကာ ဓားချက်အား ချိုးဖြတ်ရန်ကြိုးစားသည်။

“သူက သူတော်စင်အဆင့်ထက်ပိုမြင့်တယ်”

မင်ဝမ်က တီးတိုးရေရွတ်လိုက်သည်။ မင်ယုရှန်း၏ ဓားချက်၌ သူတော်စင်အထွဋ်အထိပ်ကိုပင် ဒဏ်ရာအပြင်းအထန်ရစေနိုင်သည့် အစွမ်းများပါနေသော်လည်း သားရဲကောင်ကြီးက လက်တဖက်ဖြင့် ချိုးဖြတ်သွားသည်။

“ဂါး..”

ကျယ်လောင်တဲ့ ဟိန်းဟောက်သံနဲ့အတူ ပြင်းထန်တဲ့ အင်မော်တယ်အဆင့် ခွန်အားကို ထုတ်ဖော်လိုက်သည်။ ထိုအချိန်မှာတော့ မင်ယုရှန်းအပါအဝင် မည်သူကမှ မတောင့်ခံနိုင်တော့ပေ။ ထိုအင်မော်တယ်အဆင့်ဆိုသည်ကား သူတော်စင်အဆင့်ကို ကမ္ဘာတခုခြားနေစေသည့် စည်းတခုမဟုတ်လား။

“မကောင်းတော့ဘူး..”

မင်ယုရှန်းတယောက် ပြင်းထန်တဲ့အရှိန်ဝါကို တောင့်ခံရန်ကြိုးစားရင်းမှာပဲ အခြားသူများနည်းတူ သွေးများအဆတ်အပြတ် အန်ထုတ်လိုက်ရတော့သည်။

“ဟား….မင်းတို့ကိုငါပြောခဲ့ပါတယ် ဒီနေရာက မင်းတို့အဆုံးသတ်ရမယ့် နေရာပဲ အဟက် မင်တိုင်းပြည်ရဲ့ ဧကရီမ မင်းကဒီအရွယ်နဲ့ သူတော်စင်အဆင့်ကို ရောက်နေသူဆိုတော့ တကယ့်ကိုရှားပါး ပါရမီရှင်ပဲ ဒါပေမယ့် မင်းရဲ့အဆုံးသတ်က နီးနေပါပြီ”

ချင်ထျန်ရဲ့ စိတ်ကျေနပ်စွာ ရယ်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာချိန်မှာပဲ.. လေဟာနယ် အက်ကြောင်းတခု ထွက်ပေါ်လာကာ ထိုအက်ကြောင်းထဲမှ သစ်သားမြှားတစင်း ထွက်ပေါ်လာပြီး ဖိအားများ ထုတ်လွှတ်နေသည့် သားရဲကောင်ကြီး၏ ဦးခေါင်းအား ထိမှန်သွားတော့သည်။

All Chapters