← Chapters

အမဲလိုက်ကြရအောင်…

Vol. 13 Ch. 124

အမဲလိုက်ကြရအောင်…

Vol. 13 Ch. 124

ယန်ချန်ရဲ့ခရီးစဥ်က အလယ်ကုန်းမြေဒေသကို ကျော်ဖြတ်လာပြီးနောက် မြောက်ပိုင်းဒေသကို ချဥ်းနင်းဝင်ရောက်လာသည်။

ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ယင်ယင်လေးက ခရီးရှည်သွားရခြင်းကို ပင်ပန်းနေပြီး သူမလေးကြောင့် အချိန်အများစုက အနားယူနေခဲ့ရသည်။ ဒါပေမယ့် ယန်ချန်ကထိုအရာကို မငြီးညူချေ။ မြောက်ပိုင်းဒေသရောက်ပြီးပါက အမြန်ဆုံးခရီးရှည်ကို အဆုံးသတ်မည်ဟု ဆုံးဖြတ်ထားသည်။

သူကိုယ်တိုင်လည်း ယခုခရီးစဥ်၌ မတူညီသည့်အရာများကို လေ့လာနိုင်ခဲ့ပြီး ထိုအရာများက ပြည့်စုံသွားပြီဟု ယူဆနေသည်။ နောက်ထပ်ရက်အချို့ ဒါမှမဟုတ် လအနည်းငယ် ထပ်မဲနေရန် အဆင်မပြေတော့ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားကျင့်ကြံရေးလောက၏ သားရဲကပ်ဘေးက အချိန်မရွေးပြန်ပေါ်လာနိုင်သည် မဟုတ်လား။

ထိုအချက်အပြင် ခရီးစဥ်တလျှောက် ယန်ချနိရဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုက ပို၍လေးနက်လာပြီး ကျင့်ကြံရေးလောကအပေါ် သူ့အမြင်ကလည်း တဆင့်ထပ်မြင့်သွားခဲ့သည်။

ရက်စက်သော ကြမ်းတမ်းသော သစ္စာမရှိသော အကြင်နာကင်းမဲ့သော သတ်ဖြတ်မှုများ ရှင်သန်ရေးဘဝစည်းမျဥ်းများကိုညလေ့လာနိုင်ခဲ့ပြီး အချို့အန္တရာယ်များ ရင်ဆိုင်ရချိန်၌ ယန်ပိုင် ကျန်းဝမ်လီတို့က လွယ်ကူစွာဖြေရှင်းပေးခဲ့သည်။

ဥပမာ. တောတခုကိုဖြတ်သန်းစဥ် ဓားပြများ ဝိုင်းရံခံရခြင်း လုယက်သူများကြုံတွေ့ရခြင်းတို့ကို သက်တောင့်သက်သာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ထိုသူများ၏ ရက်စက်ကြမ်းကြုတ်တဲ့ တဖက်ခြမ်းကို မြင်တွေ့ခဲ့ရခြင်းက သူ့အတွက် အကျိုးရှိစေသည်။

နောင်တွင် အရေးကိစ္စတစုံတရာ မရှိပဲ အပြင်ထွက်ရန် သူမစဥ်းစားတော့။ ယန်ပိုင်နဲ့ ကျန်းဝမ်လီတို့ အတူပါလာသည်က ကံကောင်းသည်ဟု ယူဆနိုင်သည်။

ယန်ချန်ရဲ့အကြည့်က တောအုပ်ကြီးတခုအား စူးစိုက်ကြည့်နေခဲ့သည်။ ဒီတောအုပ်မှာ သေးငယ်သော်လည်း သားရဲအချို့ရှိနိုင်သည်။ ထိုတောအုပ်ငယ်ကို ကျော်ဖြတ်ပါက မြောက်ပိုင်းဒေသကို ဝင်ရောက်သွားပြီး ခရီးစဥ်က ပြီးဆုံးလေပြီ။

“သခင်လေးယန် ဒီတောအုပ်ကို ကျတော်တို့မမှောင်ခင် ဖြတ်မှဖြစ်မယ်”

ကျန်းဝမ်လီက အလေးနက်ပြောလာသည်။ သူက ထိပ်သီူအဆင့်ရောက်နေသူမို့ အန္တရာယ်ကို မကြောက်သော်လည်း ယန်ချန့်စိတ်အခြေနေကို ပျက်စီးမည်ကိုတော့ စိုးရိမ်သည်။ ယန်ချန်က

“ကိစ္စမရှိဘူး မှောင်တော့လည်း တောထဲ နားကြတာပေါ့ ဘာပဲ ဖြစ်ဖြစ်အဆင်ပြေပါတယ် ခရီးစဥ်က ဆုံးတော့မယ်”

ရှုယင်ကလည်း အနည်းငယ်ပင်ပန်းနေသည့် အမူရာဖြင့် ယန်ချန့်စကားကိုထောက်ခံသည်။ ယင်ယင်လေးမှာမူ လမ်းခရီးတလျှောက် ပင်ပန်းမှုကြောင့် လှည်းပေါ်၌ အိပ်ပျော်နေပြီး ယန်ပိုင်က အရှေ့ခပ်လှမ်းလှမ်းသို့ ကြိုရောက်နေသည်။

“ကောင်းပါပြီ ဒါဆို တောကိုဖြတ်ကြတာပေါ့ ခပ်မြန်မြန်ဖြတ်ရင် မြို့ကို မမှောင်ခင်ရောက်မှာပါ”

ကျန်းဝမ်လီရဲ့စကားကို ယန်ချန်က ခေါင်းညိတ်ပြလိုက်သည်။ တဆက်တည်းမှာပဲ သူ့စိတ်ကူးအချို့ကိုလည်း ထုတ်ပြလာသည်။

“ကျတော်တို့ တောထဲဖြတ်တုန်း အမဲလိုက်ကြမလား အချိန်နည်းနည်းရပါသေးတယ်”

ကျန်းဝမ်လီတယောက် အနည်းငယ်ငြိမ်သက်ကာ စဥ်းစားနေသည်။ ထိုစဥ် အရှေ့မှသွားနှင့်နေသည့် ယန်ပိုင်က တောကောင်တကောင်ကို သယ်မလာသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက အမဲလိုက်ရန် ဆန္ဒရှိလာသည့်ယန်ချန်ကို မီးစမြင့်ပေးလိုက်သလိုပင်။

“ဟေ့ကောင် မင်းက အမဲလိုက်လာတာလား ဒီလောက်နဲ့တော့ ငါတို့မဝလောက်ဘူး လာကွာ သွားကြစို့”

ထိုသို့ပြောပြီးနောက် ယန်ပိုင့်လက်ထဲက တောကောင်ကို ကျန်းဝမ်လီအား ယူစေကာ သိုလှောင်လက်စွပ်ထဲမှ လေးနဲ့မြှားကို ထုတ်ယူလိုက်သည်။

ပြီးနောက် လှည်းပေါ်မှဆင်းကာ တောနက်ထဲ တဖြေးဖြေးတိုးဝင်သွားပြီး ကျန်းဝမ်လီကိုမူ အနောက်ခက်လှမ်းလှမ်းမှ လိုက်ပါစေသည်။ လှည်းအသံကြောင့် တောကောင်များ ထွက်မပြေးစေရန်ဖြစ်သည်။

ယန်ချန်ပါလာသည့်အတွက် ယန်ပိုင်လည်း တက်ကြွသွားကာ ဒီတကြိမ်မှာတော့ ယန်ချန်လုပ်ကွက်ရစေဖို့ သူကိုယ်တိုင်အရှေ့က မသွားတော့ပဲ ယန်ချန့်ဘေးမှ တိတ်တဆိတ် လိုက်ပါလာသည်။ ဒီအမဲလိုက်ခြင်းက ခရီးစဥ်ရဲ့ ပထမဆုံးဖြစ်ပြီး အဆုံးသတ်လည်း ဖြစ်သည်။ တောအုပ်ကိုကျော်ပြီးရင်တော့ မြောက်ပိုင်းဒေသကိုရောက်ပြီး ခရီးစဥ်အဆုံးသတ်ကာ ပြန်ရတော့မည် ဖြစ်သည်။

ယန်ချန့်အကြည့်က တောနက်ထဲတိုးရင်း တောကောင်အသံများကိုလည်း နားစွင့်နေသည်။ အတွေ့ကြုံရှိထားပြီမို့ အမဲလိုက်ခြင်းက သူ့အတွက်မစိမ်းတော့ပေ။

(ဒီညတော့ တောကောင်ကြီးကြီးတကောင်ဖမ်းရမယ်)

သူ့အတွေးက ထိုတောကောင်ကို မြောက်ပိုင်းဒေသ မြို့တော်တခုဆီရောက်လျင် တည်းခိုးဆောင် ဒါမှမဟုတ် စားသောက်ဆိုင်တခုအား အပ်နှံပြီးပြင်ဆင်စေမည်ဖြစ်သည်။ ထိုအနေထားဖြင့် ထိုဒေသ၏ အချက်ပြုတ်လက်ရာကို မြည်းစမ်းခွင့်ရမည်ဖြစ်ပြီး ကိုယ်ပိုင်တောကောင်ဖြစ်တဲ့အတွက် ဂုဏ်လည်းယူနိုင်ပေဦးမည်။

တောအုပ်ငယ်က နက်ရှိုင်းလာပြီး တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ ယန်ပိုင်က အလိုက်တသိပဲ သူ့အရှိန်ဝါကို ဖုံးကွယ်လိုက်ပြီး သာမန်ဝက်ဝံတကောင်နှယ် ပြင်ဆင်ထားသည်။

သာမန်ဆေးဘက်ဝင်အပင်များ တွေ့သော်လည်း ယန်ချန်ကထိုအရာကို စိတ်မဝင်စားပေ။ တောကောင်ကြီးများ၏ အသံကိုသာနားစွင့်နေပြီး မကြာခင်မှာပဲ ထူးခြားတဲ့အသံ ခပ်တိုးတိုးအား ကြားလိုက်ရသည်။

ထိုအသံက ကျွဲ နွားများ အသံနဲ့တူညီပြီး လူများမွေးမြူထားသည့် အသံမျိုးမဟုတ်ပဲ အနည်းငယ် အရိုင်းဆန်ပေသည်။ ယန်ချန်ရဲ့မျက်လုံးအစုံက တောက်ပသွားသည်။ ချက်ချင်းပဲ သတိအပြည့်ထားလိုက်ပြီး အသံကြားရာဘက် တိုးကပ်သွားရင်း မိနစ်အနည်းငယ်အကြာမှာတော့ ချောင်းစပ်တခု၌ အနားယူနေသည့် တောကျွဲတကောင်အား တွေ့လိုက်ရတော့သည်။

တောကျွဲများက ဦးချိုနှစ်ချောင်းနဲ့ သာမန်ဆန်တဲ့အသွင်ပြင်ရှိသော်လည်း ထိုတောကျွဲကတော့ ဦးချိုတချောင်းတည်းရှိကာ နှာဖူးထိပ်တည့်တည့်၌ ပေါက်နေသည်ယ ထို့အပြင် ဦးချိုကလည်း အစိမ်းရောင်အနည်းငယ် ယှက်သန်းနေပြီး ထူးခြားသည့်ဟန်ပန် တောင့်တင်းထွားကြိုင်းသည့် ကိုယ်လုံးကြီးက ကျန်းမာပြီးအရိုင်းဆန်တဲ့ တောကျွဲကို အပြည့်အဝပုံဖော်ထားသည်။

(ဒါပဲ.. တောကျွဲအသားကနည်းနည်းမာပေမယ့် ကြာကြာချက်ရင် အသားအရသာ အရမ်းကောင်းတယ်)

ယန်ချန်က သားရည်များကို မသိမသာ လက်ခုံနဲ့သုတ်လိုက်ပြီး ပစ်ကွင်းငြိမ်စေရန် တိုးကပ်သွားပြီး ယန်ပိုင့်ကိုတော့ အနောက်၌ ကျန်နေရစ်ရန် မှာလိုက်သည်။ ယန်ပိုင်ကြောင့် တောကျွဲကြီး သတိပြုမိသွားမှာကို မလိုလားပေ။

မီတာ တစ်ရာသာသာ နီးကပ်သွားချိန်မှာတော့ အနားယူနေသည့် တောကျွဲကြီးက အနည်းငယ် လှုပ်ရှားကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လာသည်။ သားရဲဗီဇအရ ထူးခြားမှုကို အာရုံခံမိလိုက်ပုံရပြီး ထိုအခြေနေကိုမြင်လျင် ယန်ချန်တယောက် လေးနက်သွားပြီး လက်ရှိရောက်နေသည့် နေရာ၌ မုဆိုးဒူးထောက်နေရာယူလိုက်သည်။

ပတ်ဝန်းကျင်ကို သတိအပြည့်နဲ့ စပ်စုနေသည့် တောကျွဲကြီးက ရုတ်တရက် အန္တရာယ်အနံ့တခုကို ရလိုက်သည်နှယ် ယန်ချန်ရှိရာကို တချက်ကြည့်ပြီးနောက် နောက်လှည့်ကာ ထွက်ပြေးတော့သည်။

(ဟမ့် ငါ့ကိုသတိပြုမိသွားတာလား ကျင့်ကြံရေးလောကရဲ့ တောကောင်တွေ သိပ်သတိကြီးတာပဲ)

ယန်ချန်တယောက် ပြာယာခတ်မသွားပဲ ရှေ့ဆက်တိုးမရတော့တဲ့အခြေနေကြောင့် ဖြစ်လာသည့်အခြေနေကို ကိုင်တွယ်ရန်သာ ဆုံးဖြတ်လိုက်ပြီး နောက်ပြန်လှည့်နေသည့် တောကျွဲအား မြှားဖြင့်ချိန်ရွယ်လိုက်သည်။

စက္ကန့်ပိုင်းမျှပင်…ကြာသည်။

တောကျွဲကြီးနောက်ပြန်လှည့်ချိန်… မြှားနဲ့ချိန်ခြင်း ထိုအရာက စက္ကန့်အနည်းငယ်ကွာဟသော်လည်း တောကျွဲကြီး နောက်ပြန်လှည့်ပြေးပြီး မီတာအနည်းငယ် ကွာဟသွားချိန်မှာတော့ မြှားတံက ပစ်လွှတ်လိုက်ချေပြီ…။

ရွှီး…..

တိုးညင်းသည့်လေတိုးသံနဲ့အတူ မြှားတစင်းက တည်ငြိမ်စွာပဲ မီတာအနည်းငယ်ထက်ပို ဝေးနေသည့် တောကျွဲကြီးဆီ ပြေးဝင်သွားတော့သည်။ မူလက အန္တရာယ်အငွေ့သက်ကြောင့် သတိဝင်ကာထွက်ပြေးသည့် တောကျွဲမှာ နောက်ကျောဘက်မှ သေစေနိုင်တဲ့အငွေ့သက်ကို ခံစားမိချိန်မှာတော့ အရှိန်ကိုမြင့်တင်လိုက်သည်။

သို့သော်လည်း မီတာ ၃၀၀ အကွာအဝေးမပြည့်ခင်မှာပဲ မြှားတံက တောကျွဲ၏ ဦးခေါင်းနောက်ဘက်မှ ဖောက်ဝင်သွားတော့သည်။

မူး…..

ရိုးရှင်းသည့် ကျွဲတကောင်ရဲ့အော်သံတခု ထွက်ပေါ်လာပြီး အုန်းခနဲ အသံနဲ့အတူ မြေပြင်ပေါ်လဲကျသွားသည့် အသံကိုကြားလိုက်ရချိန်မှာတော့ ယန်ချန်တယောက် စိတ်ကျေနပ်သွားတော့သည်။ တောကျွဲလဲကျသွားသည့် မြင်ကွင်းကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ထိချက်မှန်တာကိုတော့ သူသိလိုက်သည်။

(အဟက်..ငါ့လက်ရည်က တဖြေးဖြေးတိုးတက်လာနေတာပဲ)

စိတ်ကျေနပ်စွာ အချိန်အနည်းငယ်ကြာသည်အထိ ပြုံးလိုက်ပြီး ယန်ပိုင်အနားကပ်လာချိန်မှာတော့ သတိပြန်ဝင်လာကာ တောကျွဲဆီသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“သွားကြည့်ကြစို့..”

ယန်ပိုင်က နားလည်သည်။ ထိုတောကျွဲက ရှားပါးသားရဲဖြစ်ပြီး ရှေးဦးသားရဲသွေးမျိုးဆက်ကြောင့် သာမန်တောကျွဲများနဲ့မတူညီသည်ကိုလည်း ယန်ပိုင်က သိထားနှင့်လေပြီ။ ထိုတောကျွဲက မာကြောသည့်အရေပြားကိုပိုင်ဆိုင်ထားပြီး ကျား ကျားသစ်နဲ့ ခြင်သေ့ ကဲ့သို့သားရဲများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သည်။ သို့သော် မြှားတစင်းက အဆုံးသတ်လိုက်လေပြီ။

မိနစ်အနည်းငယ် လျှောက်သွားပြီးချိန်မှာတော့ မြေပြင်ပေါ်လဲကျနေသည့် တောကျွဲကြီးအား တွေ့လိုက်ရသည်။ ထိုစဥ် ယန်ချန်နဲ့အတူ လိုက်ပါလာသည့် ယန်ပိုင်ကမူ အနည်းငယ်တုန်လှုပ်သွားပြီး တောကျွဲအနားရောက်ချိန်၌ မတူညီသည့်နေရာလပ်တခုထဲ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

(ဘာလဲ..ငါ့သခင်လေးက နေရာလပ်ထဲက တောကျွဲကို ပစ်သတ်လိုက်တာလား)

ယန်ပိုင်စိတ်ရှုပ်ထွေးသွားသည်။ သူ့စိတ်ထဲ တောအုပ်ငယ်တခုအပြင် နောက်ထပ်နေရာတခု ရောက်သွားသည်နှယ် ခံစားနေရသည် မဟုတ်လား..။

All Chapters