← Chapters

သခင်လေးလား…

Vol. 13 Ch. 125

သခင်လေးလား…

Vol. 13 Ch. 125

သို့သော် ထိုခံစားချက်က ယန်ချန်မြှားတံကို ဆွဲနှုတ်လိုက်ချိန်မှာတော့ ပျောက်ကွယ်သွားသည်။

“ယန်ပိုင် ဒီကောင်ကိုသယ်ခဲ့လိုက် ငါတို့ခရီးဆက်ကြမယ်”

ယန်ချန်က တောအုပ်ငယ်၏ အရွယ်အစားသေးငယ်မှုကြောင့် အချိန်အနည်းငယ်သွားရုံဖြင့် တောအုပ်ကိုကျော်နိုင်မည်ကို တွက်ဆလိုက်သည်။ ထို့ကြောင့် မူလရည်ရွယ်ချက်အတိုင်း မြို့တခုခုဆီသယ်ယူသွားတော့မည် ဖြစ်သည်။

ယန်ချန်က မြှားကိုသိမ်းလိုက်စဥ်မှာပဲ ယန်ပိုင်က သူ့အရွယ်အစားနဲ့မကိုက်ညီစွာပဲ တောကောင်ကို ထမ်းမလိုက်သည်။ ထိုမျှလောက်က ယန်ပိုင့်အတွက် အသေးအမွှားပင်။

မကြာခင် လှည်းရှိရာပြန်ရောက်လာပြီးနောက် ယင်ယင်လေးမတော်တဆ အိပ်ရာနိုးချိန် တောကျွဲကိုမြင်ပြီး ထိတ်လန့်သွားမှာစိုး၍ ကျန်းဝမ်လီက ကျယ်ဝန်းသည့် လက်စွပ်ထဲ သိမ်းယူလိုက်သည်။ ယန်ချန်က ထိုအသေကောင်ကို သူ့လက်စွပ်ထဲ သိမ်းရန်ဆန္ဒမရှိချေ။

စနစ်၏ သိုလှောင်ခန်းထဲ ထည့်နိုင်သော်လည်း မထည့်ချင်။ မကြာမီ စားသောက်တော့မည် မဟုတ်လား။

အချိန်အနည်းငယ်ကြာပြီးနောက် ယန်ချန်တို့အဖွဲ့က တောအုပ်ကိုကျော်လွန်ကာ အေးခဲသည့်ရာသီဥတုပိုင်ဆိုင်ထားတဲ့ မြောက်ပိုင်းဒေသထဲ ရောက်ရှိလာတော့သည်။

ထူးခြားစွာပဲ မြောက်ပိုင်းဒေသအစပ်ရှိ တောအုပ်ငယ်က ရာသီဥတုမျှတပြီး မြောက်ပိုင်းဒေသကတော့ တနှစ်ပတ်လုံး အေးနေသည်မှာ ဆန်းကြယ်သည်ဟု ယန်ချန်မခံစားရပေ။ ယခင်ဘဝကဆိုလျှင် အေးခဲနေသည့် ကမ္ဘာ့ကုန်းမြေများ ရှိသည်မဟုတ်လား။

လျင်မြန်စွာပဲ တည်းခိုရာတခု ရှာဖွေပြီးနောက် ထိုတည်းခိုခန်းရှိ အစားသောက်ပြင်ဆင်မှုထံ တောကျွဲအား အပ်နှံကာ မိမိဆန္ဒရှိသည့် ချက်နည်းပုံစံအား ညွှန်ပြလိုက်သည်။ စျေးကြီး၍ အဆင့်မြင့်သည့် တည်းခိုခန်းဖြစ်၍ ယန်ချန့်ရဲ့တောင်းဆိုမှုက အသေးအမွှားပင်။

“စိတ်ချပါ ကျတော်တို့ ဟင်းလျာကို သခင်လေးစိတ်တိုင်းကျ ပြင်ဆင်ပေးပါမယ် ဒါနဲ့ အတွင်းကလီစာအချို့ကိုကော ဘယ်လိုလုပ်လိုက်ရမလဲ”

ဝန်ထမ်းက တောကျွဲအသေကောင်ကိုကြည့်ရင်း တုန်လှုပ်နေပြီး သူကိုယ်တိုင်က သာမန်ကျင့်ကြံသူဖြစ်သော်လည်း ထိုတောကျွဲ၏ခွန်အားက မဟာယာနအဆင့်များနဲ့ ယှဥ်နိုင်ကြောင်းကိုတော့ ခန့်မှန်းနိုင်သေးသည်။

အလွန်ရှားပါးပြီး အန္တရာယ်များတဲ့ တောကျွဲသားရဲ ဖြစ်ပြီး သွေးမျိုးဆက်ကလည်း ရှားပါးတဲ့ရှေးဦးသွေးမျိုးဆက် ဖြစ်သည်။ မှတ်တမ်းများအရ ထိုရှေးဦးသွေးမျိုးဆက်သားရဲများ ပေါ်လာဖူးသော်လည်း ပျောက်ကွယ်သွားသည်မှာ ကြာမြင့်ချေပြီ။ ထိုသားရဲများ၏အသားက ကျင့်ကြံသူများကို ရုပ်ပိုင်ဆိုင်ရာသန်မာစေပြီး ခွန်အားတိုးစေသည်ဟု ကျော်ကြားသည်။ မြောက်ပိုင်းဒေသ၏ ထိပ်တန်းမြို့တော်တခုဖြစ်သည့် တန်ရှားမြို့တော်၌ပင် ရှားပါးလေသည်။

“ငါ့အတွက်မလိုဘူး အသားနဲ့အရိုးအချို့ကိုပဲ ဟင်းလျာကောင်းကောင်းဖြစ်အောင် စီစဥ်ပေးရင်ရပြီ”

ယန်ချန့်စကားကြားလျင် တာဝန်ခံဝန်ထမ်းမှာ ပျော်ရွှင်သွားပြီး ယန်ချန့်ကိုလည်း အကြိမ်ကြိမ်ဥိီးညွှတ်ကာ လက်အောက်ဝန်ထမ်းများအား သယ်မသွားစေသည်။ ထိုတောကျွဲကြောင့် သူအတွက်ရွှေစများစွာ ရနိုင်တော့မည်ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါများမှာ အသားများလောက် စျေးမရသော်လည်း တန်ကြေးတခု ကျန်နေသေးသည် မဟုတ်လား။

တောကျွဲအား အပ်နှံပြီးနောက် ယင်ယင်လေးကိုချီမကာ အနားယူရန်အခန်းဆီ ပြန်သွားတော့သည်။ တာဝန်ခံအနေဖြင့် တောကျွဲအားပြင်ဆင်ပြီးပါက လာရောက်အကြောင်းကြားမည်ဟု အသိပေးသွားခဲ့သည်။ ထို့ကြောင့် ကိုယ်လက်သန့်စင်ကာ အသင့်စောင့်နေရုံသာ ဖြစ်သည်။

လျှိုမြောင်ထဲမှာတော့ ရုတ်ချည်းထွက်ပေါ်လာသည့် မြှားတစင်းကြောင့် ရှေးဦးသားရဲကြီး သေဆုံးသွားရပြီး ထိုမျှားတစင်းက မည်သည်ပစ်လွှတ်လိုက်မှန်း မသိကြချေ။

မူလက စိတ်ကျေနပ်စွာ ရယ်မောနေသည့် ချင်ထျန်မှာ သူအားကိုးရာ ရှေးဦးသားရဲက မည်သည့်အရှိန်အဝါမှမပါတဲ့ သာမန်မျှားတစင်းကြောင့် သေဆုံးသွားသည်ကို ကြောင်အ၍ ကြည့်နေစဥ် လေထဲမှ ကြည်လင်ပြတ်သားသည့် အသံတခုထွက်ပေါ်လာပြီး ရှေးဦးသားရဲကြီးမှာ အကုန်လုံး၏ အကြည့်အောက်မှာတင် ပျောက်ကွယ်သွားတော့သည်။

“မင်းဒီအကောင်ကိုသယ်ခဲ့လိုက် ငါတို့ခရီးဆက်ကြမယ်”

ထိုအသံက နတ်ဘုရားတပါး မိန့်ဆိုမှုနဲ့ တူညီပြီး အသံသာကြားနိုင်ကာ မည်သည့်ပုံရိပ်ကိုမှ မခံစားရချေ။ ပိုထူးဆန်းသည်က ထိုရှေးဦးသားရဲမပျောက်ကွယ်ခင် နောက်ဆုံးစက္ကန့်၌ ထိုသားရဲမှာ သာမန်ဦးချိုအစိမ်းတချောင်းပါ တောကျွဲတကောင်ပြောင်းသွားမှန်း အစီရင်ထဲရှိသူများအားလုံး မြင်လိုက်ရသည် မဟုတ်လား။

(ဒါက ဘာလဲ လေဟာနယ်ကိုကျော်ပြီး တခြားလေဟာနယ်လောကထဲက သားကောင်ကို အမဲလိုက်တာလား)

(ဒါဘယ်လိုပုဂ္ဂိုလ်လဲ..ကောင်းကင်ဘုံ အင်မော်တယ်တပါးမှ ဟုတ်ရဲ့လားကွာ)

အကုန်လုံးထိတ်လန့်မှင်သက်နေကြပြီး မင်ယုရှန်းတို့သည်လည်း ထိုအသံကိုရင်းနီးနေသည်ဟု ခံစားနေကြရသည်။ ရုတ်တရက် စုလဲ့က

“သခင်လေး…သခင်လေးယန်မဟုတ်လား”

သူမတို့အနေဖြင့် အစောပိုင်းက အင်မော်တယ်အရှိန်ဝါကြောင့် သေလုနီးပါးဖြစ်နေကြပြီး အဖြစ်ပျက်များက စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားသည်။

စုလဲ့ရဲ့အသံကြောင့် မင်ယုရှန်း မင်ဝမ် ကျင်းလုံတို့လည်း သတိဝင်သွားကြပြီး အတိကျပင် ထိုအသံ ထိုလေယူလေသိမ်းက သခင်လေးယန်နဲ့ ထပ်တူကျနေသည် မဟုတ်လား။

(သခင်လေးယန် ဟုတ်လား သခင်လေးယန်ဆိုတာ ဘယ်သူလဲ သူမတို့ကကော ဘယ်လိုလုပ်သခင်လေးယန်လို့ ပြောနေတာလဲ)

အခြားသူများမှာ နဝေတိမ်တောင်ဖြစ်နေစဥ် အစီရင်ကြီးမှာ ပျက်ပျယ်သွားပြီး အခြေနေကိုသတိပြုမိသွားသည့် ချင်ထျန်တို့ချင်လူတစုမှာ တုန်လှုပ်သွားတော့သည်။ ချင်ထျန်၏ သစ္စာဖောက်မှုက ချင်မိသားစုကို အင်အားကြီးကျင့်ကြံသူများကြား ဝန်းရံခံရစေပြီး မကြာမီလက်တုန့်ပြန်ခံရတော့မည်မှာ သေချာသည်။

All Chapters