← Chapters

အခန်း (၃၅၅၀-၃၅၅၃)

Vol. 181 Ch. 3550-3553

အခန်း (၃၅၅၀-၃၅၅၃)

Vol. 181 Ch. 3550-3553

Chapter 3550

ထိုအမျိုးသမီးသည် ငိုယိုနေသော်လည်း စားပွဲခုံနောက်ရှိလူသည် လှုပ်ရှားလာခြင်းမရှိချေ။

"ဒါက ဘာလို့လဲဆိုရင် ဝမ်ခန်းမှာ အရည်အချင်းမရှိလို့ပဲ...ဝမ်မိသားစုက အရမ်းထင်ရာစိုင်းလွန်းတယ်....ဒီနေ့လိုရလဒ်မျိုးထွက်လာမယ်ဆိုတာ ငါ မျှော်လင့်ထားပြီးသားပဲ"

ထိုလူကြီးက တည်ငြိမ်စွာ ပြောဆိုသည်။

အမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားကာ သူမက အလျင်စလိုအော်ဟစ်လိုက်၏။

"အရှင်...ကျွန်မတို့က လက်ဝဲစစ်တပ်ရဲ့တပ်မှူးကို ဒီအတိုင်းလွှတ်ထားပြီးတော့ ထင်ရာစိုင်းခွင့်ပေးရမှာလား...ဒါက ရှင့်ရဲ့သမီးလေ"

"တုံးအလိုက်တာ.."

ထိုလူကြီးသည် ရုတ်တရက် သူ့ရှေ့ရှိစားပွဲခုံကိုရိုက်ပုတ်ကာ တင်းမာခက်ထန်သောလေသံဖြင့် အော်ငေါက်လိုက်သည်။

"မင်းက မိန်းမတစ်ယောက်....မင်း ဘာနားလည်လို့လဲ....သူက စာပေသူတော်စင်ရဲ့တပည့်ပဲ...ငါ မပြောနဲ့...အိမ်ရှေ့စံမင်းသားတောင် သူ့ကို ပြောင်ပြောင်တင်းတင်း မထိဝံ့ဘူး...မင်းက ငါ့ကို မီးပုံထဲကိုတွန်းပို့ဖို့ ကြိုးစားနေတာလား"

အမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်သွားကာ အကြိမ်ရေအနည်းငယ်ခန့် ငိုရှိုက်နေသော်လည်း ထပ်မံ၍စကားပြောဆိုခြင်းမရှိတော့ချေ။

လူကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ဒါပေမယ့်...လီအာရဲ့လက်ထပ်ပွဲက နှောင့်နှေးလို့မရဘူး...လူငယ်ပါရမီရှင်တွေထဲက တစ်ယောက်ယောက်ကို ရွေးချယ်ပြီးတော့ နေ့ကောင်းရက်သားရွေးပြီး လက်ထပ်ပွဲကျင်းပရမယ်"

အမျိုးသမီးသည် သူမသမီး၏လက်ထပ်ပွဲကို စီစဥ်ပေးမည်ဟူသော စကားကိုကြားသည်နှင့် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ကောင်းပါပြီ...ကျွန်မ အဲ့ဒီကိစ္စကို စီစဥ်လိုက်မယ်"

ထိုအမျိုးသမီး ထွက်ခွာသွားချိန်တွင် လူကြီးသည် နက်ရှိုင်းစွာတွေးတောနေလေ၏။

"တစ်ယောက်ယောက် လာခဲ့စမ်း"

ထိုအမိန့်သံနှင့်အတူ အစောင့်တစ်ယောက်က စာကြည့်ဆောင်၏ရှေ့၌ ထွက်ပေါ်လာသည်။

"အရှင့်ကို အရိုအသေပြုပါတယ်"

ထိုအစောင့်က ပြောဆိုသည်။

ထိုလူကြီးက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။

"လုယွီအကြောင်းကို သွားစုံစမ်းကြစမ်း...သူက မရိုးရှင်းဘူးလို့ ငါ ခံစားနေရတယ်"

……

လုယွီသည် လန်ဝူရှင်းအား အနိုင်ယူလိုက်သည့်သတင်း ပျံ့နှံ့သွားသည်နှင့်အတူ လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

သို့ရာတွင် မကြာမီမှာပင် ထိုထက်ပို၍လှုပ်ခတ်သွားစေနိုင်သော သတင်းတစ်ခုသည် အရပ်မျက်နှာအဘက်ဘက်သို့ စတင်၍ပျံ့နှံ့သွားပေ၏။

ဤသတင်းမှာ အထွတ်အထိပ်ဂိုဏ်းခေါင်းဆောင် လန်ဝူရှင်းသည် လုယွီအား အရှုံးပေးအညံခံသည်ဟု ထုတ်ပြန်ကြေငြာလိုက်ခြင်းပင်။

ဤသတင်းသည် လူတိုင်း၏ခေါင်းထက်၌ မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

အထွတ်အထိပ်ဂိုဏ်းသည် လက်ဝဲစစ်တပ်နယ်မြေ၏ထိပ်သီးအင်အားစုသုံးစုအနက်မှ တစ်ခုဖြစ်သည့်အပြင် နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလည်းဖြစ်သည်။

နတ်ဆိုးကျင့်ကြံသူများသည် အမြဲတစေ ထင်ရာစိုင်းပြီး စည်းမျဥ်းမရှိသူများဖြစ်ပေ၏။နတ်ဆိုးဂိုဏ်းသည် အုပ်ချုပ်ရေးအဖွဲ့မှ သိမ်းသွင်းရာ၌ အခက်ခဲဆုံးတည်ရှိမှုကြီးပင်။

ထိပ်သီးအင်အားစုသုံးစုသည် လက်ဝဲစစ်တပ်ရုံးတော်အတွက် ပြဿနာအပေးနိုင်ဆုံးလူများဖြစ်လာမည်ဟု လူအများက တွေးထင်ခဲ့ကြသည်။လုယွီသည် ရာထူးလွှဲပြောင်းယူပြီးသည်နှင့် ထိုဂိုဏ်းများအပေါ် လှုပ်ရှားမှုများ ရှိလာခဲ့သည်။လုယွီသည် ရေအင်မော်တယ်ဂိုဏ်းကို အရင်ဆုံးဖိနှိပ်မည်ဟု လူအများစုက တွေးထင်ခဲ့ကြပေ၏။သို့ရာတွင် အထွတ်အထိပ်နတ်ဆိုးဂိုဏ်းသည် အရင်ဆုံးအရှုံးပေးအညံခံလာမည်ဟု မည်သူမျှတွေးထင်ထားမိခြင်းမရှိချေ။

အချိန်တိုအတွင်းမှာပင် ပြင်ပကျင့်ကြံခြင်းလောက၌ ဖရိုဖရဲဖြစ်လာသည်။

မြောက်မြားစွာသော နတ်ဆိုးကျင့်ကြံသူများသည် လန်ဝူရှင်းကို ဆန့်ကျင်ကြသည်။သူတို့သည် လန်ဝူရှင်းကို သူရဲဘောကြောင်သူတစ်ယောက်ဟုပင် လှောင်ပြောင်သရော်နေကြလေ၏။

တစ်ချိန်တည်းမှာပင် အထွတ်အထိပ်ဂိုဏ်းသည် သူတို့၏ဂိုဏ်းတံခါးများကို ချိပ်ပိတ်ထားကာ မည်သည့်ဧည့်သည်ကိုမျှ လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ဤသည်မှာ အထွတ်အထိပ်ဂိုဏ်းအတွင်း၌ အတွင်းရေးပဋိပက္ခများရှိနေခြင်းကြောင့်ဖြစ်နိုင်ကြောင်း လူအများစုက ခန့်မှန်းမိသည်။ယခင်ထုတ်ပြန်ကြေငြာချက်သည် လန်ဝူရှင်းတစ်ယောက်တည်း၏ ဆုံးဖြတ်ချက်ဖြစ်ပေမည်။

"အဲ့ဒီနေ့တုန်းက သူက ရှုံးတဲ့သူက နိုင်တဲ့သူရဲ့လက်အောက်ခံဖြစ်ရမယ်လို့ လက်ဝဲစစ်တပ်တပ်မှူးနဲ့ အလောင်းအစားလုပ်ခဲ့တယ်....သူက သူ့ရဲ့ကတိကို စောင့်ထိန်းမယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက တကယ့်ကိုယောက်ျားကောင်းတစ်ယောက်ပဲ"

"ဟား ဟား ဟား...နတ်ဆိုးကျင့်ကြံသူတစ်ယောက်က သူ့ရဲ့ကတိကို စောင့်ထိန်းတာလား...ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ....သူက အရှင်လုအရမ်းအစွမ်းထက်တာကို သိသွားတာကြောင့် သူ အနိုင်မယူနိုင်ဘူးလို့ နားလည်သွားလိမ့်မယ်...ဒါကြောင့် သူက အစောကြီးအရှုံးပေးပြီးတော့ အရှင်လုရဲ့လက်အောက်ကို ခိုဝင်လိုက်တာပဲ"

လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ လူအများထံမှ ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်လာသည်။

အထွတ်အထိပ်ဂိုဏ်း၏တံခါးများကို ပိတ်ထားပြီးနောက် ဒုတိယမြောက်နေ့တွင် လူငယ်တစ်ယောက် ရောက်ရှိလာသည်။

ထိုလူငယ်သည် အထွတ်အထိပ်ဂိုဏ်း၏ပြင်ပရှိ အတားအဆီးအနီးသို့ချဥ်းကပ်လာကာ ထိုနေရာမှထွက်ပေါ်နေသည့် ပြင်းထန်သောနတ်ဆိုးချီစွမ်းအားများကိုလည်း လျစ်လျှူရှုထားလေ၏။

"အဲ့ဒီကောင်လေးက ဘယ်သူလဲ...သူ့ရဲ့အသက်အရွယ်အရကြည့်ရင် ခုမှဂိုဏ်းကနေ လေ့ကျင့်ဖို့ထွက်လာတဲ့ တပည့်တစ်ယောက်ပဲဖြစ်မယ်...ဟုတ်တယ်မလား"

"ကျွတ် ကျွတ်...အဲ့ဒီကောင်လေးတော့ ဒုက္ခရောက်တော့မယ်...အထွတ်အထိပ်ဂိုဏ်းက သူတို့ရဲ့ဂိုဏ်း ပိတ်ထားတယ်ဆိုတာကို လူသိရှင်ကြားထုတ်ပြန်ကြေငြာထားတယ်...ခုအချိန်မျိုးမှာ သူ ဒီနေရာကိုရောက်လာတာက သေလမ်းလာရှာတာမဟုတ်လား...ဒီနေရာမှာ ဘာအစောင့်မှရှိမနေတာ သူ ကံကောင်းသွားတယ်....မဟုတ်ရင် ဒီကောင်စုတ်လေးသေသွားတာ အချိန်အတော်ကြာနေလောက်ပြီ"

အမှောင်ထုအတွင်း၌ရှိနေသော လူအနည်းငယ်သည် သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြလေ၏။

သူတို့သည် လူငယ်လေး၏လှုပ်ရှားမှုများကိုကြည့်ပြီး မရယ်မောဘဲမနေနိုင်တော့ချေ။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုလူငယ်သည် အထွက်အထိပ်ဂိုဏ်း၏အတားအဆီးအား ခြေထောက်ဖြင့်တစ်ချက်ကန်ကျောက်လိုက်သည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။

Chapter 3551

ဘုန်း....

အထွတ်အထိပ်ဂိုဏ်း၏အတားအဆီးမှနေ၍ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။

အတားအဆီးဝင်္ကပါကြီး၏မျက်နှာပြင် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အက်ကွဲကြောင်းတစ်ကြောင်းက စတင်၍ပျံ့နှံ့လာပေ၏။

"ဘယ်သူလဲ....အထွတ်အထိပ်ဂိုဏ်းကို ဘယ်ကောင်က ပြဿနာလာရှာဝံ့တာလဲ"

နတ်ဆိုးကျင့်ကြံသူတချို့ ပျံသန်းလာကာ ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် မေးမြန်းလေသည်။

သာမာန်အားဖြင့် အထွတ်အထိပ်ဂိုဏ်းကို မည်သူမျှ တိုက်ခိုက်ဝံ့ခြင်းမရှိချေ။ထို့ကြောင့် အစောင့်များအနေဖြင့် စိတ်အေးလက်အေးသာ စောင့်ကြပ်နေခဲ့ကြသည်။

တစ်စုံတစ်ယောက်သည် သူတို့နတ်ဆိုးဂိုဏ်း၏တံခါးများကို ပိတ်ထားစဥ်၌ အတားအဆီးဝင်္ကပါကိုကန်ကျောက်၍ ပြဿနာလာရှာဝံ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"ငါက မင်းတို့ဂိုဏ်းချုပ်နဲ့ဆွေးနွေးစရာ ကိစ္စတစ်ခုရှိနေတယ်....ဘေးဖယ်ကြစမ်း"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ရှီးလျန်မြို့မှ ထွက်ခွာလာပြီးနောက် သူ အရင်ဆုံးရောက်ရှိသွားသည်မှာ ရေအင်မော်တယ်ဂိုဏ်းမဟုတ်ဘဲ အထွတ်အထိပ်နတ်ဆိုးဂိုဏ်းဖြစ်နေသည်။

လုယွီသည် လန်ဝူရှင်းကို သူ၏လက်အောက်ငယ်သားအဖြစ်ခေါ်ယူရန် စီစဥ်ထားပြီးလေပြီ။လန်ဝူရှင်းကဲ့သို့ပါရမီရှင်တစ်ယောက်ထံသို့ သူကိုယ်တိုင် သွားရောက်လည်ပတ်ရန် ထိုက်တန်ပေ၏။

"ငါ့အထင်တော့ မင်းက သေလမ်းရှာနေတာပဲ"

နတ်ဆိုးကျင့်ကြံသူများသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

လုယွီ၏အသက် ငယ်ရွယ်သေးသည်ကိုကြည့်ကာ ချမ်းသာကြွယ်ဝသောမိသားစုကြီးတစ်စုမှ လေ့ကျင့်ရန်ထွက်လာသော လူငယ်သခင်လေးတစ်ယောက်ဖြစ်မည်ဟု သူတို့အားလုံး တွေးထင်ထားသည်။

ဤလူငယ်သခင်လေးများသည် သူတို့၏မိသားစုများအတွင်း၌ ပြိုင်ဘက်မရှိချေ။သူတို့သည် ပြင်ပသို့လေ့ကျင်ရန် ထွက်လာသည်နှင့် လောကကြီးအတွင်း၌ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းသည်ဟု ယူဆထားကြလေ၏။

ထို့ကြောင့် သူတို့သည် မည်သည့်စဥ်းစားချင့်ချိန်မှုမျိုးမျှမရှိဘဲ မောက်မာဝံ့ကြွားသောကိစ္စများကို မကြာခဏလုပ်ဆောင်လေ့ရှိသည်။

သို့ရာတွင် နတ်ဆိုးကျင့်ကြံသူများသည် ဤကဲ့သို့ကောင်းကျိုးမပေးသော လူငယ်သခင်လေးများနှင့်ရင်ဆိုင်ရာ၌ အလွန်ကျွမ်းကျင်မှုရှိသည်။

နှစ်စဥ်နှစ်တိုင်း ဤကဲ့သို့မောက်မာဝံ့ကြွားသော လူငယ်အမြောက်အများသည် နတ်ဆိုးကျင့်ကြံသူများ၏လက်များအတွင်း၌ သေဆုံးခဲ့ရလေ၏။ထိုလူငယ်သခင်လေးများ၏နောက်ရှိ မိသားစုကြီးများသည်လည်း အထွတ်အထိပ်ဂိုဏ်းကို ပြဿနာမရှာဝံ့ချေ။ထိုအစား သူတို့သည် လူများကိုစေလွှက်ကာ တောင်းပန်မှုကိုပင် ပြုလုပ်ခဲ့ကြသည်။

ဤလူငယ်သည်လည်း ချွင်းချက်မရှိချေ။

လုယွီသည် သူတို့အား အာရုံမစိုက်သည်ကို နတ်ဆိုးကျင့်ကြံသူများမြင်တွေ့ချိန်တွင် သူတို့၏မှော်လက်နက်များကိုထုတ်ကာ သူ့အား တိုက်ခိုက်လိုက်တော့သည်။

ဝုန်း...

မြောက်မြားစွာသော မှော်လက်နက်များမှနေ၍ အလင်းတန်းများ ဖြာထွက်လာကာ လုယွီထံသို့ ပြင်းပြင်းထန်ထန် တိုးဝင်လာသည်။

ဤမှော်လက်နက်များတွင် မှော်နည်းစနစ်များ၏အလင်းတန်းများနှင့် ရောယှက်နေပေ၏။ရုတ်ချည်းဆိုသလိုပင် စူးရှတောက်ပသော အလင်းတန်းကြီးတစ်တန်း ထွက်ပေါ်လာသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့အားလုံး ကြက်သေသေသွားသည်။

သူတို ထုတ်လွှတ်လိုက်သော မှော်နည်းစနစ်များအားလုံး လုယွီ၏ရှေ့ မီတာအနည်းငယ်ခန့်အကွာတွင် ရပ်တန့်သွားပေ၏။

ဤသည်မှာ သူ၏ရှေ့တွင် မကျော်လွှားနိုင်သော အတားအဆီးနံရံကြီးတစ်ခု ရှိနေသည့်အလားပင်။ထိုအရာသည် သူတို့၏မှော်နည်းစနစ်များအားလုံးကို ပိတ်ဆို့ဟန့်တားထားသဖြင့် ရှေ့သို့အနည်းငယ်မျှပင် တိုးနိုင်ခြင်းမရှိချေ။

"ငါ မင်းတို့ကို ဒဏ်ရာမရစေချင်ဘူး..ထွက်သွားကြစမ်း"

လုယွီသည် ထိုနတ်ဆိုးကျင့်ကြံသူများကို စောင်းငဲ့၍ကြည့်လိုက်သော်လည်း တိုက်ခိုက်ခြင်းမပြုချေ။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် အနီးပတ်ဝန်းကျင်၌ မည်သူမျှရှိမနေသည့်အလား အတွင်းသို့လျှောက်လှမ်းဝင်သွားလေ၏။

လုယွီ ထွက်ခွာသွားပြီးနောက် ထိုမှော်လက်နက်များအားလုံး စွမ်းအားမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထိုအချိန်အခိုက်အတန့်တွင် နတ်ဆိုးကျင့်ကြံသူများအားလုံးသည် သူတို့၏မှော်လက်နက်များမှစွမ်းအားများအားလုံး ကုန်ခမ်းသွားကြောင်း အံ့အားသင့်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရသည်။

တခြားစကားပြောင်းဆိုရလျှင် သူတို့၏မှော်လက်နက်များသည် အားကုန်အသုံးပြုခဲ့သည့်တိုင် လုယွီ၏အနီးသို့ ချဥ်းကပ်နိုင်ခဲ့ခြင်းမရှိချေ။

"လန်ဝူရှင်း...ထွက်လာခဲ့စမ်း"

ရုတ်တရက် ကျယ်လောင်သောအသံတစ်သံက အထွတ်အထိပ်ဂိုဏ်းတည်ရှိရာ တောင်ကြားတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလိုပင် ထိုအသံကိုကြားရသည့် နတ်ဆိုးကျင့်ကြံသူအစောင့်များအားလုံး သူတို့၏နားများအတွင်း၌ မိုးကြိုးတစ်စင်းပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။ကျင့်ကြံဆင့်နယ်ပယ်နိမ့်ကျသော အစောင့်တချို့သည် မြေပြင်ပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားလေ၏။

အဝေးမှနေ၍ မြောက်မြားစွာသောနတ်ဘုရားစိတ်အာရုံများက လုယွီထံသို့ ကျရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံးအတွင်းရှိ အခြေအနေများ အလွန်တင်းမာနေသည်။ဂိုဏ်းချုပ်သည် တော်ဝင်နန်းတွင်း၏လက်အောက်ခံအဖြစ် ခိုဝင်မည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။သို့ရာတွင် အကြီးအကဲများအားလုံးသည် အလျှော့မပေးဘဲ ဂိုဏ်းချုပ်ကို ဆန့်ကျင်ခဲ့ကြလေ၏။ထိုကိစ္စသည် တပည့်များအပေါ်တွင်လည်း သက်ရောက်လာကာ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေကြသည်။

တောင်ကြားအတွင်း၌ ဤကဲ့သို့ကျယ်လောင်သောအသံမျိုးဖြင့် အော်ဟစ်ဝံ့သူသည် မည်သူဖြစ်သည်ကို သူတို့အားလုံး မသိရှိချေ။ဤလူသည် သူ၏အသက်ကို ထပ်မံ၍မလိုချင်တော့သည်များ ဖြစ်နေသလော။

"ဟား ဟား ဟား...ကောင်စုတ်လေး...မင်း ဒီထဲကိုဝင်လာပြီးမှတော့ ပြန်ထွက်သွားဖို့ မစဥ်းစားနဲ့....ဒီအဖိုးကြီးရဲ့သွေးအစာအဖြစ် လိမ်လိမ်မာမာ နေပေးစမ်း"

ထိုအချိန်မှာပင် လူအိုကြီးတစ်ယောက်၏ထူးဆန်းသောရယ်မောသံကြီးက လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် သွေးရောင်မြူခိုးများက လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံစပြုလာပေ၏။

ထူထပ်သိပ်သည်းသောမြူခိုးများအကြားမှနေ၍ မြောက်မြားစွာသောအရိုးစုများက စူးရှကျယ်လောင်စွာအော်ဟစ်ကာ လုယွီကို အလုအယက်ဆွဲယူနေကြသည်။

"ဒီရူးနေတဲ့ကောင်လေးက ဘယ်ကရောက်လာတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဖြစ်နေမှတော့ ဒီအဖိုးကြီးအတွက် အရမ်းသင့်တော်တယ်"

Chapter 3552

သွေးမြူများအကြားမှနေ၍ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။

ထိုအနီရောင်ဝတ်စုံဝတ်အဖိုးအိုကို ကြည့်ရသည်မှာ အရိုးများသာရှိသော အရေပြားအိတ်တစ်လုံးနှင့်တူညီသည်။သူ၏မျက်လုံးများတွင် အဖြူရောင်ဟူ၍ အနည်းငယ်မျှမရှိဘဲ လုံးလုံးလျားလျား နက်မှောင်နေပေ၏။

သူသည် သွေးမြူများအကြားမှနေ၍ ကောက်ကျစ်ယုတ်မာသော မွန်းစတားအိုကြီးတစ်ကောင်အလား ထွက်ပေါ်လာသည်။သူ့အားကြည့်မိသော မည်သူမဆို သူတို့၏အရိုးများတလျှောက် အေးစိမ့်သွားသည်ကို ခံစားရပေမည်။

စူးရှရှအသံတစ်သံကလည်း ထိုအဖိုးအို၏ပါးစပ်မှ ထွက်ပေါ်နေသည်။

"ဒါက အကြီးအကဲ သွေးစည်းတံဆိပ်ပဲ..."

"ဘေးဖယ်နေကြစမ်း....သူက နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံထားပြီးတော့ ဆိုးရွားတဲ့စိတ်နေစိတ်ထားရှိတယ်....သူ့ကိုရန်စစော်ကားမိတဲ့ လူအများစုက သူ့ရဲ့ဝါးမျိုတာကို ခံရပြီးတော့ အရိုးစုဘဝကို ပြောင်းလဲသွားရတယ်လို့ ငါ ကြားထားတယ်"

အထွတ်အထိပ်ဂိုဏ်းမှ ကျင့်ကြံသူအမြောက်အများ ဤနေရာပတ်ဝန်းကျင်၌ စုဝေးနေသည်။သူတို့သည် အနီရောင်ဝတ်စုံဝတ်အဖိုးအိုကိုမြင်တွေ့သည်နှင့် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ သူနှင့်ဝေးရာသို့ ရှောင်တိမ်းသွားကြလေ၏။

နတ်ဆိုးဂိုဏ်းအတွင်း၌ပင် အကြီးအကဲသွေးစည်းတံဆိပ်သည် မကောင်းသတင်းဖြင့်ကျော်ကြားသော တည်ရှိမှုကြီးပင်။

သူ ကျင့်ကြံသော သွေးသန့်စင်ခြင်းနတ်ဆိုးကျင့်ကြံနည်းစနစ်သည် သွေးအမြောက်အများကို ယဇ်ပူဇော်ရန်လိုအပ်သဖြင့် သူသည် အကြီးစားအောင်မြင်မှုအဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့သည်။ထို့ကြောင့် ဂိုဏ်းအတွင်း၌ရှိနေသော တပည့်များပင်လျှင် သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

သို့ရာတွင် အကြီးအကဲသွေးစည်းတံဆိပ်သည် အထွတ်အထိပ်ဂိုဏ်းအတွင်း၌ အလွန်မြင့်မားသောရာထူးနေရာကို ရရှိထားသည်။ထို့ပြင် နတ်ဆိုးကျင့်ကြံသူများ၏လှုပ်ရှားမှုများတွင် စည်းမျဥ်းစည်းကမ်းများ ရှိမနေချေ။ထို့​ကြောင့် အထွတ်အထိပ်ဂိုဏ်းအတွင်း၌ အလွန်နည်းပါးသောလူတချို့ကသာ သူ့ကို ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်းရှိသည်။

ဤအရိုးစုများသည် နတ်ဆိုးကျင့်ကြံနည်းစနစ်မှတဆင့် ဖွဲ့စည်းထားသောအရာများပင်။သူတို့သည် သက်ရှိများ၏သွေးချီများကို ဝါးမျိုနိုင်ပေ၏။

ထိုသွေးမြူခိုးအတွင်းသို့ ဝင်ရောက်မိသော မည်သူမဆို အခြေခံအားဖြင့် အသက်ရှင်သန်နိုင်ခြင်းမရှိချေ။

ရုတ်ချည်းဆိုသလိုပင် တလိမ့်လိမ့်ထနေသော သွေးချီများက အကြီးအကဲသွေးစည်းတံဆိပ်၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။သူသည် သက်တောင့်သက်သာရှိသွားသည့်အလား ကျယ်လောင်စွာအော်ဟစ်လိုက်၏။

သို့ရာတွင် ရုတ်တရက် ထိုသွေးမြူခိုးများ ပြိုကွဲသွားသည်။

လုယွီသည် ထိုသွေးမြူခိုးများအကြားမှ လျှောက်လှမ်းထွက်လာကာ သူ၏မျက်လုံးများ ရေခဲတမျှ အေးစက်တင်းမာနေသည်။

အကြီးအကဲသွေးစည်းတံဆိပ်သည် ကြက်သေသေသွားလေ၏။

လုယွီသည် သွေးမြူခိုးများအတွင်းမှ ထွက်လာသည်ကို သူ မြင်တွေ့ချိန်တွင် သူက အံ့အားတသင့်မေးမြန်းလိုက်သည်။

"မင်း ဘယ်လိုလုပ်ပြီးတော့ ထွက်လာတာလဲ"

ထိုသွေးမြူခိုးများအကြားတွင် ပိတ်လှောင်ခြင်းစွမ်းအားများပါဝင်သည်။ဤသွေးမြူခိုးများအတွင်းသို့ ဝင်ရောက်မိသော မည်သူမဆို ထိုအရာများမှဖွဲ့စည်းထားသော သံကြိုးကြီးများ၏ချုပ်နှောင်ခြင်းကို ခံရပေမည်။ထိုလူများသည် အနည်းငယ်မျှပင် ရွေ့လျားနိုင်တော့မည်မဟုတ်ချေ။

သို့ရာတွင် လုယွီသည် သွေးမြူခိုးများအကြားမှ အသက်ရှင်ရက် ထွက်လာနိုင်သည့်အပြင် သူ၏ခန္ဓာကိုယ်ကို အကဲခတ်ကြည့်ပါက အနည်းငယ်မျှပင် ဒဏ်ရာရရှိပုံမပေါ်ချေ။

ဤသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်ဖွယ်ကိစ္စပင်။

"ဘာမှားနေလို့လဲ...မင်း ထပ်ပြီးစုပ်ယူလို့ မရတော့လို့လား"

လုယွီက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်သည်။

အကြီးအကဲသွေးစည်းတံဆိပ်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"မင်းက အရည်အချင်းတချို့ရှိနေတာနဲ့ ငါ့ရဲ့နတ်ဆိုးနည်းစနစ်ကို ချိုးဖျက်လို့ရပြီလို့ ထင်နေတာလား...တော်တော်ကို ဥာဏ်တိမ်တဲ့အတွေးပဲ"

ထိုသို့ပြောဆိုပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ၏လက်ဝါးအတွင်း၌ မရေမတွက်နိုင်သောသွေးချည်မျှင်များ သိပ်သည်းကာ လေထုအတွင်း၌ သွေးလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထို့နောက် ထိုသွေးလက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီထံသို့ တိုးဝင်သွားလေ၏။

ထိုတိုက်ခိုက်မှုထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ထူထပ်သိပ်သည်းသော သွေးအငွေ့အသက်များ လွှမ်းခြုံသွားသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်တခွင်လုံးကို လတ်ဆတ်သောသွေးများမှ လွှမ်းခြုံထားကာ မြင်မြင်သမျှ မည်သည့်နေရာ၌မဆို သွေးပင်လယ်ကြီးသာ ရှိနေသည့်အလားပင်။

"နတ်ဆိုးတာအို..."

ဤသွေးလက်ဝါးပုံရိပ်ယောင်ကြီးကို မြင်တွေ့ချိန်တွင် လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

ဤကျင့်ကြံနည်းစနစ်တွင် ပြင်းထန်သော နာကျည်းမုန်းတီးမှုများ ရစ်သိုင်းလွှမ်းခြုံနေသည်။

ထိုအရာမှတဆင့် ဤတိုက်ခိုက်မှုအောက်တွင် အပြစ်ကင်းမဲ့သော လူမည်မျှထိများများ သေဆုံးခဲ့ရသည်ကို တွေ့မြင်နိုင်ပေ၏။

လုယွီသည် ဤနတ်ဆိုးကျင့်ကြံသူအပေါ် ယဥ်ကျေးသိမ်မွေ့စွာ ဆက်ဆံနေမည်မဟုတ်ချေ။သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ဝါးကိုမြှောက်ကာ အကြီးအကဲသွေးစည်းတံဆိပ်ကို ရိုက်နှက်လိုက်သည်။

ရွှေရောင်အလင်းတန်းများသည် ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် သိပ်သည်းသွားကာ အကြီးအကဲသွေးစည်းတံဆိပ်၏ရှေ့အရောက်တွင် ကြီးမားကျယ်ပြန့်သွားသည်။ဤသည်မှာ အကြီးအကဲသွေးစည်းတံဆိပ်ပေါ်သို့ ကြီးမားသောတောင်ကြီးတစ်လုံး ဖိစီးသွားသည့်အလားပင်။

"ဘုန်း..."

ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး၏ရိုက်နှက်မှုကြောင့် အကြီးအကဲသွေးစည်းတံဆိပ်သည် လွင့်ထွက်သွားကာ တောင်တစ်လုံးပေါ်သို့ ကျရောက်သွားသည်။

ထိုတောင်၏ကမ်းပါး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ပြင်းထန်သောတုန်ခါသံများ မြည်ဟီးလာခြင်းနှင့်အတူ ထိုတောင်ကမ်းပါး ပြိုကျကာ ကျောက်တုံးများက နေရာအနှံ့အပြားသို့ လွင့်ကျလာသည်။ကြည့်ရသည်မှာ ဤပြင်းထန်သောခွန်အားအောက်တွင် တောင်တစ်တောင်လုံး ပြိုကျတော့မည့်ပုံပင်။

တခြားနတ်ဆိုးကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရှေ့သို့မတိုးဝံ့သော်လည်း ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်စီရှိုက်သွင်းလိုက်ကြ၏။

Chapter 3553

အထွတ်အထိပ်ဂိုဏ်းအတွင်း၌ ကျင့်ကြံဆင့်နယ်ပယ် အလွန်နက်နဲသိမ်မွေ့သော အကြီးအကဲသွေးစည်းတံဆိပ်သည် ယခုလက်ရှိချိန်တွင် တောင်နံရံတစ်ခုပေါ်ရှိ နက်ရှိုင်းသောကျင်းကြီးအတွင်း၌ အားအင်ချည့်နဲ့စွာ လဲလျောင်းနေသည်။သူသည် လူသားတစ်ယောက်၏ပုံသဏ္ဍာန်မျိုးပင် အနည်းငယ်မျှ မရှိတော့ချေ။

သူ၏စိတ်ဝိညာဥ်ပင်လျှင် ထွတ်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိဘဲ ဤလက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် တိုက်ရိုက်သတ်ဖြတ်ခြင်းခံလိုက်ရသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး နံဘေးဘက်မှ စောင့်ကြည့်နေကြသူများသာမက အဝေးမှစောင့်ကြည့်နေသော နတ်ဘုရားစိတ်အာရုံများသည်လည်း ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပေ၏။

အကြီးအကဲသွေးစည်းတံဆိပ်ကို အထွတ်အထိပ်ဂိုဏ်းအတွင်း၌ ကျင့်ကြံဆင့်နယ်ပယ်အစွမ်းထက်ဆုံးလူများအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။

သို့ရာတွင် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် တိုက်ခိုက်မှုတစ်ခုဖလှယ်ရုံများဖြင့် သေဆုံးသွားမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

"ငါက လက်ဝဲစစ်တပ်ရဲ့တပ်မှူးလုယွီ....ငါက မင်းတို့ရဲ့ဂိုဏ်းချုပ်ကို လာတွေ့တာပဲ....လန်ဝူရှင်းကို ခေါ်လိုက်ကြစမ်း"

လုယွီကအော်ဟစ်ကာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။

လက်ဝဲစစ်တပ်၏အသစ်ခန့်အပ်ခြင်းခံရသော တပ်မှူးဖြစ်နေသလော....

ဤအချိန်အခိုက်အတန့်တွင် အထွတ်အထိပ်ဂိုဏ်းတစ်ဂိုဏ်းလုံး ဖရိုဖရဲဖြစ်သွားသည်။

တချို့လူများသည် နံဘေးဘက်မှနေ၍ အေးစက်စက်အကြည့်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။မူလက သူတို့သည် အဆင်အခြင်မဲ့သောကောင်စုတ်လေးတစ်ယောက် ဂိုဏ်းအတွင်းသို့ ပြဿနာလာရှာသည်ဟုတွေးတောကာ အကြီးအကဲသွေးစည်းတံဆိပ်ကို ဖြေရှင်းရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။သို့ရာတွင် လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် အကြီးအကဲသွေးစည်းတံဆိပ်ကို သတ်ဖြတ်နိုင်ခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

သို့ရာတွင် လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှူး ဖြစ်နေမည်ဟုလည်း သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

တာယွီတော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက် အထွတ်အထိပ်ဂိုဏ်းအတွင်းသို့ မလာဝံ့သည်မှာ နှစ်ပေါင်းမည်မျှထိကြာမြင့်ပြီဖြစ်သနည်း...

ဝှစ်....ဝှစ်...ဝှစ်....

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏နံဘေးတွင် လူတစ်စုထွက်ပေါ်လာသည်။

ထိုလူများအားလုံးသည် အဖြူရောင်ဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏ဝတ်စုံများပေါ်တွင် သွေးရောင်အမှတ်အသားတစ်ခုစီရှိနေသည်။

အထွတ်အထိပ်ဂိုဏ်းအတွင်းတွင် အဖြူရောင်ဝတ်စုံသည် အကြီးအကဲရာထူးကို ကိုယ်စားပြုပေ၏။

အကြီးအကဲသွေးစည်းတံဆိပ်သည်လည်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ပေ၏။သို့ရာတွင် နတ်ဆိုးကျင့်ကြံနည်းစနစ်ကို နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ကျင့်ကြံပြီးနောက် သူ၏ဝတ်စုံသည် အရောင်​ပြောင်းလဲသွားကာ လုံးလုံးလျားလျား သွေးနီရောင်ဖြစ်သွားသည်။

"ငါက အထွတ်အထိပ်ဂိုဏ်းရဲ့အကြီးအကဲ ယွဲ့ချင်...အုပ်ချုပ်သူအရှင်ကို နှုတ်ဆက်ပါတယ်"

ထိုလူစုကိုဦးဆောင်လာသူမှာ အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက်ပင်။

ဤလှပချောမောသောအမျိုးသမီးသည် ဆွဲဆောင်မှုရှိသောပုံပန်းသွင်ပြင်ရှိကာ သူမ၏မျက်လုံးအတွင်း၌ စိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။သူမထံမှနေ၍ အားနည်းသောမိန်းမလှလေးတစ်ယောက်၏အငွေ့အသက်မျိုး ထွက်ပေါ်နေပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သူမ၏သရုပ်မှန်ကို မသိရှိပါက လူအမြောက်အများသည် သူမ၏အလှအောက်တွင် ကျရှုံးသွားပေမည်။

သို့ရာတွင် လုယွီသည် ဤဂိုဏ်းမှအကြီးအကဲများ၏အကြောင်းကို ကောင်းစွာသိရှိထားပြီးလေပြီ။

ဤလှပချောမောသောအမျိုးသမီးကို ကြည့်ရသည်မှာ ဆွဲဆောင်မှုရှိသော်လည်း သူမသည် အမှန်အားဖြင့် အလွန်ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ပင်။သူမသည် အထွတ်အထိပ်ဂိုဏ်းသို့ မဝင်ရောက်မီကတည်းက နယ်မြေတစ်ခုကိုရှုပ်ထွေးစေခဲ့သော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

သူမ၏အလှအပကြောင့် သူမကိုလျှော့တွက်ခဲ့မိသော လူမည်မျှထိများများရှိနေသည်ကို မသိနိုင်ချေ။အဆုံးသတ်၌ သူတို့သည် သူမ၏လက်အတွင်း၌ သေဆုံးခဲ့ရလေ၏။

ယွဲ့ချင် စကားပြောဆိုနေစဥ်တွင် နွေဦးလေပြည်ညှင်းတိုက်ခတ်သကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

သူမနှင့် ဝေးကွာသောနေရာ၌ ရှိနေသူများပင်လျှင် ယွဲ့ချင်၏ခန္ဓာကိုယ်မှလာသော မူးယစ်ရီဝေစေသည့်သင်းရနံ့ကို ခပ်ဖျော့ဖျော့ခံစားမိသည်။

ထိုသင်းရနံ့ကို ရှုရှိုက်မိသူတစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် မူးယစ်ရီဝေသွားပေမည်။တစ်ချိနိတည်းမှာပင် ထိုလူ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောစိတ်ကူးယဥ်အတွေးများ ထွက်ပေါ်လာကာ ယွဲ့ချင်၏စိတ်နှလုံးသားကို သိမ်းပိုက်နိုင်ရန်အတွက် မည်သည့်ကိစ္စကိုမဆို ပြုလုပ်ပေလိမ့်မည်။

"ညှို့ငင်ခြင်းနည်းစနစ်ကို ငါ့အပေါ်မှာလာပြီး အသုံးပြုဝံ့တယ်...မင်းက သေလမ်းရှာနေတာလား"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏မျက်လုံးအတွင်းမှနေ၍ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။

ယွဲ့ချင်သည် လုယွီအားနှုတ်ဆက်လိုက်သော အချိန်အခိုက်အတန့်တွင် ညှို့ငင်ခြင်းနည်းစနစ်ကို အမှန်တကယ်ကိုပင် အသုံးပြုခဲ့လေ၏။

သူမ၏ညှို့ဓာတ်ကို တခြားလူများ၏စိတ်နှလုံးသားအတွင်း၌ တိတ်တဆိတ်ပျိုးထောင်ထားနိုင်သည်။အကယ်၍ ထိုလူသည် ကြမ်းတမ်းသောလူရိုင်းတစ်ယောက်ဖြစ်နေလျှင်ပင် ထိုညှို့ဓာတ်၏သက်ရောက်ခြင်းကို ခံရပေမည်။အဆုံးသတ်၌ ထိုလူသည် ကူကယ်ရာမဲ့စွာဖြင့် ယွဲ့ချင် ပြုသမျှနုရသောဘဝသို့ ရောက်သွားပေလိမ့်မည်။

သူမ၏နည်းစနစ်သည် လိမ္မာပါးနပ်ပြီး ခန့်မှန်း၍မရသော်လည်း လုယွီ၏မျက်လုံးအတွင်းတွင် လုံလောက်ခြင်းမရှိချေ။

လုယွီ၏မျက်လုံးကို တစ်ချက်စိုက်ကြည့်မိရုံဖြင့် ယွဲ့ချင်၏ရှေ့ရှိအရာရာတိုင်း အကြီးအကျယ် ပြောင်းလဲသွားသည်။

ဤအချိန်အခိုက်အတန့်တွင် သူမရှေ့ရှိလုယွီသည် သာမာန်လူငယ်တစ်ယောက် မဟုတ်တော့ချေ။ထိုအစား သူသည် မြင့်မားပြီးကြီးကျယ်ခမ်းနားသောအရှိန်အဝါရှိသည့် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားပေ၏။ထိုပုံရိပ်ယောင်ကြီးသည် အေးစက်ပြီး တည်ကြည်လေးနက်သောအကြည့်ဖြင့် ယွဲ့ချင်ကို စူးစိုက်၍ကြည့်နေလေသည်။

ယွဲ့ချင်၏ညှို့ငင်ခြင်းနည်းစနစ်များအားလုံးသည် လုယွီ၏ရှေ့၌ အကျိုးသက်ရောက်မှုဆုံးရှုံးသွားပုံရသည်။

All Chapters