အခန်း (၃၅၇၀-၃၅၇၃)
Vol. 182 Ch. 3570-3573
Chapter 3570
ဘုန်း...
ကြေးနီတံခါးကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားကာ ရုတ်တရက် ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာသည်။
ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများသည် တိုင်ပင်ဆွေးနွေးနေကြဆဲပင်။ဤကဲ့သို့မတော်တဆကိစ္စမျိုး ဖြစ်ပွားလာမည်ဟု မည်သူမျှ မျှော်လင့်မထားမိသဖြင့် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
တံခါး၏နောက်မှနေ၍ ဖုန်မှုန့်များတလိပ်လိပ်ထလာကာ တဖြည်းဖြည်းမြင့်တက်သွားလေ၏။
ထိုဖုန်မှုန့်များ ပျက်ပြယ်သွားချိန်တွင် လူတိုင်း ထိုနေရာသို့ ကြည့်လိုက်ကြရာ ရူးသွပ်နတ်ဆိုးနန်းတော်၏ရှေ့တွင် လူတစ်ယောက်မတ်တတ်ရပ်နေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ထိုလူသည် လုယွီပင်။
လုယွီ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေပေ၏။သူသည် ရှေးဟောင်းနတ်ဘုရားချန်းကျွင်းနှင့်တိုက်ခိုက်စဥ်၌ သူ၏စိတ်ဝိညာဥ်မှစွမ်းအား အမြောက်အများ ကုန်ဆုံးသွားခဲ့ရသည်။
သို့ရာတွင် သူ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာဒဏ်ချက်မျှ ရှိမနေချေ။
ရူးသွပ်နတ်ဆိုးရုပ်ထုများသည် လုယွီ၏အနီးသို့ မချဥ်းကပ်နိုင်သေးမီမှာပင် ရှေးဟောင်းနတ်ဘုရား ကြွေလွင့်သွားခြင်းနှင့်အတူ ကြေမွှပျက်စီးသွားလေပြီ။
အကြီးအကဲများအားလုံး ကြက်သေသေသွားသည်။
လုယွီသည် နန်းတော်အတွင်း၌ အပြင်းအထန်ဒဏ်ရာရရှိနေမည်ဟု အတိအကျပြောခဲ့သော အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် ယခုလက်ရှိချိန်တွင် ပါးစပ်အဟောင်းသားဖြင့် သူ့အားကြည့်နေလေ၏။
"မင်း....ဘယ်လိုလုပ်ပြီးတော့ မင်း အပြင်ကိုထွက်လာတာလဲ"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏အသံ တုန်ရီနေသည်။ဤသည်မှာ သူ၏နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။မည်သို့ပင်ဆိုစေကာမူ ရူးသွပ်နတ်ဆိုးနန်းတော်အတွင်း၌ရှိနေသော တည်ရှိမှုကြီးအကြောင်းကို သူ ကောင်းစွာသိရှိထားသည်။အကယ်၍ လုယွီသည် အလွန်အစွမ်းအစရှိနေလျှင်ပင် ဤမျှအလျှင်အမြန် ချိုးဖျက်နိုင်ခဲ့သည်မှာ ယုံကြည်လက်ခံနိုင်ဖွယ်မရှိချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဘာလဲ....မင်းကိုကြည့်ရတာ ငါ့ကိုထွက်မလာစေချင်တဲ့ပုံပဲ"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် သူ၏စိတ်ကိုတည်ငြိမ်အောင် အလျှင်အမြန်ထိန်းသိမ်းကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်၏။
"အရှင်လု...ရူးသွပ်နတ်ဆိုးရုပ်ထုက တစ်ခုခုဖြစ်သွားခဲ့တယ်...ဒါက မင်းကြောင့်ဖြစ်သွားတာလားဆိုတာ ငါ မသိဘူး...ငါတို့က ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့လိုအပ်တယ်...အရှင်လုက ကျေးဇူးပြုပြီးတော့ ပူးပေါင်းပါဝင်ပေးပါ"
လုယွီက ပြုံးလိုက်ကာ ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"မင်းတို့တွေလောက်နဲ့လား..."
ဤအကြည့်သည် ထိုအကြီးအကဲများအားလုံးကို အရှက်ခွဲခြင်းနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
လုယွီ၏လက်ရှိရာထူးကို ဖယ်ထုတ်ထားပါက သူသည် လူငယ်တစ်ယောက်ပင်။
လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများသည် ဝါစဥ်အရဖြစ်စေ အသက်အရွယ်အရဖြစ်စေ လုယွီထက် များစွာပို၍မြင့်မားသည်။သူသည် ဂျူနီယာတစ်ယောက်ဆိုသောအချက်ကို လျစ်လျှူရှုထားသဖြင့် ဤသည်မှာ အကြီးအကဲများအားလုံး၏စိတ်နှလုံးသားများကို ဒေါသများဖြင့် ပြည့်နှက်သွားစေသည်။
"အရှင်လု...မင်းရဲ့ခွန်အားက အရမ်းကောင်းတယ်ဆိုတာကို ငါ ဝန်ခံတယ်....ဒါပေမယ့် လက်နှစ်ဖက်နဲ့ လက်လေးဖက်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ခက်ခဲတယ်ဆိုတဲ့စကားကို မင်း ကြားဖူးရဲ့လား...မင်းတစ်ယောက်တည်းနဲ့ဆိုရင် မမျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏စကား အဆုံးသတ်သွားသော အချိန်မှာပင် တခြားအကြီးအကဲများသည် လုယွီကို ဝိုင်းရံလိုက်ကြ၏။
အကြီးအကဲတစ်ယောက်စီ၏မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ပြင်ပဂိုဏ်းအင်အားစုများနှင့် အုပ်ချုပ်ရေးအဖွဲ့သည် အမြဲတစေ တစ်ဖက်နှင့်တစ်ဖက် ရန်လိုနေကြသည်။အထွတ်အထိပ်ဂိုဏ်းအတွင်း၌ လုယွီ ထွက်ပေါ်လာမှုသည် ထိုအကြီးအကဲများကို ထိတ်လန့်ကြောက်ရွံသွားစေခြင်းမရှိချေ။ထိုအစား သူတို့၏စိတ်နှလုံးသားများအတွင်းမှ အမုန်းတရားများကို မြင့်တက်သွားစေသည်။
"မင်းတို့အားလုံးက ငါလှုပ်ရှားဖို့ မထိုက်တန်ဘူး"
လုယွီက သူ၏လက်များကိုနောက်ပစ်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။လုယွီသည် မည်သည်ကြောင့် ဤမျှထိတည်ငြိမ်နေသည်ကို သူ နားလည်သဘောပေါက်ခြင်းမရှိချေ။
ထို့နောက် သူ၏မျက်လုံးထောင့်မှနေ၍ လုယွီ၏နောက်ရှိမြင်ကွင်းကို သူ မြင်တွေ့လိုက်ရသည်။
ကြီးမားသောရူးသွပ်နတ်ဆိုးနန်းတော်သည် ယခုချိန်၌ အပျက်အစီးပုံကြီးတစ်ခု ဖြစ်နေလေပြီ။
နန်းတော်အတွင်းရှိ ခန်းမ၏ဘေးတစ်ဖက်တစ်ချက်၌ အတန်းလိုက်တည်ရှိနေသော ရုပ်ထုများသည်လည်း ဤအချိန်အခိုက်အတန့်တွင် ကြေမွှပျက်စီးနေခဲ့သည်။ခန်းမအတွင်း၌ ကြေမွှပျက်စီးနေသောကျောက်တုံးကျောက်စများသာ အပုံလိုက်ကျန်နေခဲ့သည်။
သို့ရာတွင် အထွတ်အထိပ်ဂိုဏ်းမှအကြီးအကဲများအတွက် ထို့ထက်ပို၍ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးကိစ္စမှာ ခန်းမ၏အလယ်ရှိ ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးပင်။
ဤအချိန်အခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးသည် လုံးလုံးလျားလျား ပြိုကွဲပျက်စီးနေလေပြီ။
ကြီးမားပြီး ကြီးကျယ်ခမ်းနားသော ရှေးဟောင်းနတ်ဘုရားရုပ်ထုကြီးသည် ယခုလက်ရှိအချိန်၌ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ထိုရုပ်ထုကြီး၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေကာ ရုပ်ထု၏အောက်ခြေကိုပင် ဝိုးတဝါးတွေ့မြင်နိုင်ပေ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏မျက်လုံးများ ပြူးကျယ်သွားကာ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ငါတို့ဂိုဏ်းရဲ့ ရူးသွပ်နတ်ဆိုးနန်းတော်ကို ဖျက်ဆီးဝံ့တာလား....မင်းက သေလမ်းရှာနေတာလား"
Chapter 3571
ရူးသွပ်နတ်ဆိုးနန်းတော်သည် အထွတ်အထိပ်ဂိုဏ်းအတွက် အကြွင်းမဲ့အရေးကြီးသော နေရာတစ်နေရာပင်။
ဤသည်မှာ အမွေအနှစ်ဆက်ခံခြင်းကြောင့်ဖြစ်ရုံသာမက အထွတ်အထိပ်ဂိုဏ်း၏နာမည်ဂုဏ်သတင်းလည်းဖြစ်နေသည်။
သို့ရာတွင် လုယွီသည် ရူးသွပ်နတ်ဆိုးနန်းတော်ကို အမှန်တကယ် ဖျက်ဆီးခဲ့လေ၏။ဤသည်မှာ သူတို့အထွတ်အထိပ်ဂိုဏ်းအတွက် နက်ရှိုင်းသော သွေးကြွေးရန်ငြိုးကြီး ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုယွီက လေးနက်သောအကြည့်ဖြင့် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့က ငါ့ကို တိုက်ခိုက်ချင်တာလား....ငါ့ကိုတိုက်ခိုက်တာရဲ့အကျိုးဆက်တွေကို မင်းတို့ တွေးကြည့်ပြီးပြီလား"
ဤတစ်ကြိမ်တွင် လုယွီသည် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲကို စကားပြောဆိုရာ၌ မည်သည့်ဖိအားအရှိန်အဝါကိုမျှ အသုံးပြုထားခြင်းမရှိချေ။
သို့ရာတွင် လုယွီ၏စကားကိုကြားချိန်တွင် အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် သူ၏စိတ်နှလုံးသားပေါ်သို့ လေးလံသောတောင်ကြီးတစ်လုံး ဖိစီးလာသည့်အလား လေးလံသွားသည်။
အကယ်၍ သူသည် လုယွီကို အမှန်တကယ်ရင်ဆိုင်လိုက်ပါက တော်ဝင်နန်းတွင်း၏စစ်တပ်သည် အထွတ်အထိပ်ဂိုဏ်းသို့ရောက်ရှိလာမည်ကို သူ စိုးရိမ်နေမိသည်။
"ငါ မင်းကိုသတ်ပြီးတော့ ခြေရာလက်ရာမပေါ်အောင် ဖျက်ဆီးပစ်မယ်....ဒါက ငါတို့ရဲ့လက်ချက်လို့ ဘယ်သူက တွေးနိုင်မှာလဲ...တော်ဝင်နန်းတွင်းရဲ့အရာရှိတွေက စီးဆင်းနေတဲ့ရေလိုပဲ အရမ်းပေါများတယ်....ထန်အင်ပါယာကနေ လူလွှတ်ပြီးတော့ မင်းကိုလုပ်ကြံသတ်ဖြတ်သွားတာလည်း ဖြစ်နိုင်တာပဲ...ငါတို့အထွတ်အထိပ်ဂိုဏ်းရဲ့လက်ချက်လို့ ဘယ်သူက တစ်ထစ်ချပြောနိုင်မှာလဲ"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲထံမှနေ၍ ခြောက်ကပ်ကပ်ရယ်မောသံကြီး ထွက်ပေါ်လာသည်။
သူ၏နောက်ရှိ အကြီးအကဲများသည်လည်း စိတ်မရှည်တော့ချေ။
အထွတ်အထိပ်ဂိုဏ်းအတွင်း၌ သူတို့၏အဆင့်အတန်းသည် အလွန်မြင့်မားကာ သူတို့သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများလည်းဖြစ်ပေ၏။လုယွီသည် လူငယ်တစ်ယောက်ဖြစ်သည်ကို မြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သူ့အား အထင်အမြင်သေးနေကြသည်။
မည်သည်ကြောင့် သူတို့သည် လုယွီအား လက်လျှော့အရှုံးပေးနိုင်မည်နည်း...
အကြီးအကဲများအားလုံးသည် နတ်ဆိုးကျင့်ကြံသူများပင်။နတ်ဆိုးကျင့်ကြံသူများ၏လုပ်ရပ်များသည် အမြဲတစေထင်ရာစိုင်းပြီး စည်းမျဥ်းစည်းကမ်းများကို ဂရုစိုက်ခြင်းမရှိချေ။
"အားလုံးပဲ....အဲ့ဒီကောင်လေးရဲ့ကျင့်ကြံဆင့်က နည်းနည်းထူးဆန်းတယ်...ငါတို့အတူပူးပေါင်းပြီးတော့ သူ့ကိုသတ်ကြရအောင်"
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲက အော်ဟစ်လိုက်သည်။
သူသည် အစောပိုင်းက ယွဲ့ချင်အား လုယွီ မည်ကဲ့သို့သတ်ဖြတ်ခဲ့သည်ကို အမှတ်ရနေဆဲပင်။
ထိုဖြစ်စဥ်သည် ရေစီးဆင်းသည့်အလားချောမွေ့နေကာ အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိချေ။
ထိုအချိန်မှစတင်၍ အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏စိတ်နှလုံးသားအတွင်းတွင် လုယွီအား ထိတ်လန့်ကြောက်ရွံစိတ်က စွဲထင်နေလေပြီ။
ဤထိတ်လန့်ကြောက်ရွံစိတ်ကို ဖယ်ရှားနိုင်ရန်အလို့ငှာ သူသည် အလုံးစုံရင်း၍ လုယွီကိုဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဤသည်မှာ အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏အတွေးပင်။
သို့ရာတွင် လုယွီ၏အကြည့်ကို ရင်ဆိုင်ရချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံလာသကဲ့သို့ သူ ခံစားလိုက်ရသည်။
လုယွီသည် ရှောင်တိမ်းရန် ရည်ရွယ်ထားပုံမရချေ။
သူသည် လက်နောက်ပစ်အနေအထားဖြင့် မတ်တတ်ရန်နေဆဲဖြစ်ကာ တုံ့ပြန်တိုက်ခိုက်မည့်ပုံလည်းမရှိချေ။
သူ မည်သည့်အရာအားပြုလုပ်ရန် ကြံရွယ်နေသနည်း....
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ တွေးတောမရသေးမီမှာပင် အနက်ရောင်အရိပ်တစ်ရိပ်က ရုတ်တရက် သူ၏နောက်တွင် ထွက်ပေါ်လာသည်။သူ အသိပြန်မဝင်သေးမီမှာပင် လက်တစ်ဖက်သည် သူ၏ခေါင်းပေါ်သို့ ကျရောက်လာကာ သူ့အားမြေကြီးအတွင်းသို့ နစ်ဝင်သွားစေသည်။
ဘုန်း...
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲသည် မြေကြီးအတွင်းသို့ အတင်းအကြပ်ဖိနှိပ်ခြင်းကို ခံနေရလေ၏။
"ဘယ်သူလဲ.."
သူ အလွန်ဒေါသထွက်သွားကာ အသိဝင်လာသောအချိန်တွင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်မှာပင် အေးစက်စက်အသံတစ်သံက သူ၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"ကျန်းခိုင်...မင်းက အခုအရည်အချင်း တော်တော်ရှိနေတာပဲ...မင်းက ငါ့ကိုတောင် ပြန်ပြီးတိုက်ခိုက်ဝံ့နေပြီ"
ဤသည်မှာ ရိုင်းပျပြီးမောက်မာထောင်လွှားသော အသံတစ်သံပင်။
သူသည် ဤအသံကို လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။
သူ ဤအသံကြောင့် မရေမတွက်နိုင်သောညပေါင်းများစွာ တုန်လှုပ်ချောက်ချားခဲ့ရဖူးသည်။
လန်ဝူရှင်း....
သူ အမှန်တကယ် ထွက်လာနိုင်ခဲ့သလော....
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူက နောက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏နောက်၌မတ်တတ်ရပ်နေသော လန်ဝူရှင်းကို သူ မြင်တွေ့မိလေ၏။
ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်းသည် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားဆဲပင်။သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာကျင်းနေသဖြင့် တောင့်တင်းသန်မာသော သူ၏ကြွက်သားများကို အထင်းသားမြင်တွေ့နိုင်သည်။
လန်ဝူရှင်းသည် သူ၏အဝတ်အစားများကြောင့် ရှက်ရွံဖွယ်ကောင်းသောအခြေအနေမျိုးသို့ ရောက်ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်မှနေ၍ ရက်စက်ကြမ်းကြုတ်ပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသဖြင့် လူအများကို ထိတ်လန့်ကြောက်ရွံကာ တုန်ရီသွားစေသည်။
တခြားအကြီးအကဲများသည်လည်း ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ကြ၏။
သူတို့သည် လုယွီကိုရင်ဆိုင်ရန် သတ္တိရှိသော်လည်း လန်ဝူရှင်း၏ရှေ့တွင်မူ ကြီးမားသောအကြောက်တရားကို ခံစားနေရသည်။
လန်ဝူရှင်းသည် ဂိုဏ်းချုပ်နေရာ၌ မြဲမြံစွာထိုင်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူသည် အမိန့်မနာခံသူများအားလုံးကိုသတ်ကာ ယခုလက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးကို အရှုံးပေးအညံ့ခံစေသောကြောင့်ပင်။
သူ၏ခွန်အားကြောင့် ဂိုဏ်းချူပ်နေရာကို သူ အခိုင်အမာရယူထားနိုင်ခြင်းဖြစ်သည်။တခြားအကြီးအကဲများ၏စိတ်နှလုံးသားများအတွင်း၌ သူ့အား နက်ရှိုင်းစွာ ထိတ်လန့်ကြောက်ရွံသည့်စိတ်များ ကြီးစိုးနေသည်။
Chapter 3572
အဖြူရောင်ဝတ်စုံဝတ်အကြီးအကဲတစ်ယောက်ဖြစ်သော ကျန်းခိုင်သည် လန်ဝူရှင်းကို ချိပ်ပိတ်သည့်နေရာ၌ ပါဝင်ခဲ့လေ၏။
လန်ဝူရှင်းကို ချိပ်ပိတ်ထားသောစည်းတံဆိပ်များ မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသိရှိထားသည်။အနည်းဆုံးတစ်နှစ်ခန့်ကြာမှသာ လန်ဝူရှင်း ပြင်ပသို့ပြန်ထွက်လာနိုင်ပေမည်။
တစ်နှစ်ကြာပြီးနောက် ဂိုဏ်းချုပ်အသစ်ကို တင်မြှောက်ပြီးဖြစ်မည့်အပြင် ဂိုဏ်း၏အခြေအနေများအားလုံးလည်း တည်ငြိမ်နေပေလိမ့်မည်။လန်ဝူရှင်းသည် အရာရာတိုင်းကို စိန်ခေါ်ဝံ့မည်မဟုတ်ချေ။
သို့ရာတွင် သူ မည်မျှပင် တွက်ချက်ထားပါစေ လန်ဝူရှင်းသည် ချိပ်ပိတ်ခံထားရသော ဝင်္ကပါအတွင်းမှ လွတ်မြောက်လာမည်ဟု သူ ခန့်မှန်းထားခဲ့ခြင်းမရှိချေ။
"အထွတ်အထိပ်ဂိုဏ်းရဲ့စည်းမျဥ်းတွေအရ....ဂိုဏ်းချုပ်ကိုသစ္စာဖောက်တဲ့အတွက် အပြစ်ဒဏ်ကဘာလဲ"
လန်ဝူရှင်း၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာ ထင်ဟပ်နေသည်။သူ၏ခြေထောက်ကိုမြှောက်ကာ ကျန်းခိုင်၏ဒူးတစ်ဖက်ကို အညှာအတာကင်းမဲ့စွာဖြင့် ကန်ကျောက်လိုက်၏။
ကျန်းခိုင်သည် လန်ဝူရှင်းကို မြင်တွေ့စဥ်ကတည်းက ကြောင်အမ်းအမ်းဖြစ်နေလေပြီ။ဤအချိန်အခိုက်အတန့်တွင် သူ၏ဒူးကို ပြင်းပြင်းထန်ထန် ကန်ကျောက်ခြင်းခံလိုက်ရသဖြင့် သူ၏ခြေထောက်ကောက်ကွေးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ၏ခြေထောက် ပြင်းပြင်းထန်ထန်နာကျင်သွားမှုကြောင့် သူ မတ်တတ်ပင်မရပ်နိုင်တော့ချေ။
လန်ဝူရှင်း၏ကန်ချက်သည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။
ကျန်းခိုင်၏ခြေထောက်မှအရိုးများ လုံးလုံးလျားလျား ကြေမွှပျက်စီးသွားလုနီးပါးပင်။ဤကန်ချက်ကြောင့် သူ၏ခြေထောက်အတွင်းမှ အကြောများအားလုံး ပျက်စီးသွားလေပြီ။
အကယ်၍ သူသည် မှော်ဆန်သောဆေးလုံးတချို့ကိုအသုံးပြု၍ သူ၏ခြေထောက်မှ အရိုးများနှင့်အကြောများကို အသစ်ပြန်ထွက်လာစေမည်ဆိုလျှင်ပင် သူ၏အသက်စွမ်းအားကို ပြင်းထန်စွာထိခိုက်သွားပေလိမ့်မည်။
ဤသည်မှာ အလွန်အမင်းနာကျင်နေသော်လည်း ကျန်းခိုင်သည် နာကျင်မှုကိုလျစ်လျှူရှုကာ လန်ဝူရှင်းကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ဂိုဏ်းချုပ်...ငါ မှားသွားပါတယ်...ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ငါ့ကို သနားညှာတာပေးပါ"
"ငါ မင်းကို မေးနေတာလေ"
လန်ဝူရှင်း၏အသံက ထပ်မံ၍ထွက်ပေါ်လာသည်။
ကျန်းခိုင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။
မည်သို့ပင်ဆိုစေကာမူ ကျန်းခိုင်သည် ထိုမေးခွန်းကိုဖြေဆိုရန် သတ္တိမရှိသဖြင့် သူသည် ဆက်လက်၍ဦးညွှတ်အရိုအသေပြုကာ ခွင့်လွှတ်ပေးရန်အတွက် အသနားခံတောင်းပန်နေတော့သည်။
လန်ဝူရှင်းသည် ကျန်းခိုင်၏နံဘေးရှိ အကြီးအကဲတစ်ယောက်ကိုကြည့်ကာ အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
"ဂိုဏ်းချုပ်ကိုသစ္စာဖောက်တာရဲ့ အကျိုးဆက်တွေကို မင်း သိလား"
ထိုအကြီးအကဲသည်လည်း လန်ဝူရှင်း၏အရှိန်အဝါကြောင့် ထိတ်လန့်တုန်လှုပ်နေသည်။
သူသည် ထိုမေးခွန်းကို လျစ်လျှူရှုမထားဝံ့သဖြင့် ပျာပျာသလဲ အဖြေပေးလိုက်၏။
"ဂိုဏ်းချုပ်ကိုသစ္စာဖောက်တာက အကြီးလေးဆုံးပြစ်မှုပဲ...အဲ့ဒီလူက ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခြင်းခံရမယ်"
"ပြောသွားတာ ကောင်းတယ်"
လန်ဝူရှင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူ၏လက်အတွင်း၌ မည်သည့်ဓားမျှမရှိသော်လည်း အစိမ်းရောင်ဓားချီတစ်လှိုင်းက လေထုအတွင်း၌ သိပ်သည်းသွားသည်။
ရုတ်ချည်းဆိုသလိုပင် ထိုဓားချီကို အပြည့်အဝ ဖွဲ့စည်း၍ပြီးသွားလေပြီ။ဤသည်မှာ လေထုအတွင်း၌ မျောလွင့်နေသော အစိမ်းရောင်နဂါးတစ်ကောင်နှင့်တူညီပြီး လေဟာနယ်ကို ချက်ချင်းဖြတ်တောက်သွားသည်။
အစောပိုင်းက စကားပြောဆိုခဲ့သောအကြီးအကဲသည် အခြေအနေမကောင်းသည်ကို သိရှိသွားလေ၏။ထို့ကြောင့် သူသည် ချာခနဲနောက်လှည့်ကာ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်တော့သည်။
သို့ရာတွင် သူ၏ခန္ဓာကိုယ် လေထုအတွင်းသို့ ရောက်ရှိသွားစဥ်မှာပင် အစိမ်းရောင်ဓားချီ၏အညှာအတာကင်းမဲ့စွာရိုက်နှက်ခြင်းကို ခံလိုက်ရသည်။
"မကောင်းတော့ဘူး..."
ထိုအကြီးအကဲက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူသည် နောက်သို့ပြန်လှည့်ပြီး မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူသည် ကြီးမားသောအရိုးစုကြီးတစ်ခုကို ဆင့်ခေါ်ကာ သူ့ရှေ့၌ ကာကွယ်ဟန့်တားလိုက်သည်။
သို့ရာတွင် အစိမ်းရောင်ဓားချီသည် ထိုအရိုးစုကိုအရေးမစိုက်ဘဲ ဆက်လက်၍တိုးဝင်လာသည်။
ဘုန်းခနဲအသံကြီးနှင့်အတူ အစိမ်းရောင်ဓားချီသည် အရိုးစု၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားလေ၏။နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခုဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့်အရိုးစုကြီးသည် ဤဓားချီ၏တိုက်ခိုက်မှုကို အနည်းငယ်မျှပင် ခံနိုင်ရည်မရှိချေ။
ခရက်....
အက်ကွဲသံများနှင့်အတူ ထိုအကြီးအကဲ၏ရှေ့ရှိ အရိုးစုသည် အစိမ်းရောင်ဓားချီကြောင့် ကြေမွှပျက်စီးသွားသည်။
ထိုအကြီးအကဲသည်လည်း သက်ရောက်ခြင်းခံရကာ သူသည် နောက်သို့ခုန်ရှောင်ပြီး အစိမ်းရောင်ဓားချီနှင့်သူ၏အကြားရှိ အကွာအဝေးကိုကွာခြားအောင် ပြုလုပ်လိုက်သည်။
သို့ရာတွင် လန်ဝူရှင်း၏ဓားချီသည် သူ့၏အသက်ကိုယူရန် ဆုံးဖြတ်ထားပြီးဖြစ်လေရာ မည်သည်ကြောင့် လွယ်လင့်တကူ အလွတ်ပေးမည်နည်း....
ဓားချီသည် ထိုအကြီးအကဲကိုပစ်မှတ်ထားနေသည့်အလား သူ၏နောက်သို့ ထပ်ချပ်မကွာလိုက်နေလေ၏။
လေထုအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။ထို့နောက် အစိမ်းရောင်ဓားချီသည် အကြီးအကဲ၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားကာ သွေးမြူများက လေထုအတွင်းမှနေ၍ နေရာအနှံ့အပြားသို့ ဖြာကျလာသည်။ဤမြင်ကွင်းကြောင့် အကြီးအကဲများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
"မင်း ပြောတာအမှန်ပဲ...သစ္စာဖောက်တွေက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်"
လန်ဝူရှင်း၏မျက်လုံးများ အေးစက်တင်းမာနေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်နေသည်။
အစောပိုင်းက အသက်ရှင်သန်နေသော အကြီးအကဲကျန်းတစ်ယောက်သည် လန်ဝူရှင်း၏ဓားချီအောက်၌ သေဆုံးသွားလေပြီ။
လက်ရှိနေရာတွင်ရှိနေသော တခြားအကြီးအကဲများအားလုံးသည် ခြိမ်းခြောက်ခံရမှုကို ခံစားရလေ၏။
Chapter 3573
"လန်ဝူရှင်း....မင်းကိုချိပ်ပိတ်တာက ငါတို့အကြီးအကဲတွေအားလုံး ပူးပေါင်းပြီးတော့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ပဲ....မင်းက တော်ဝင်နန်းတွင်းကိုခိုဝင်မယ်လို့ ထုတ်ပြန်ကြေငြာခဲ့တာကြောင့် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ပြီးသားဖြစ်နေပြီ...ငါတို့ကို မင်း စွပ်စွဲအပြစ်တင်လို့မရဘူး...အခု မင်းက ငါတို့ရှေ့မှာလာပြီးတော့ ဂိုဏ်းစည်းမျဥ်းတွေအကြောင်း ပြောနေတယ်...မင်းနဲ့ထိုက်တန်လို့လား"
အဆင့်မြင့်အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလေသည်။
သူသည် တခြားအကြီးအကဲများနှင့် ကွာခြားပေ၏။ဤနေရာ၌ သူ မတ်တတ်ရပ်နေသည်မှာ ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့် ပေါင်းစပ်နေသည့်အလားပင်။ဤသည်မှာ လေဟာနယ်ဥပဒေသကို ပြီးပြည့်စုံသောအဆင့်ထိ ကျွမ်းကျင်ပိုင်နိုင်ထားမှသာ ထွက်ပေါ်လာလေ့ရှိသော မြင်ကွင်းတစ်ရပ်ဖြစ်သည်။
ထိုအဆင့်မြင့်အကြီးအကဲ၏စကား အဆုံးသတ်သွားချိန်တွင် တောက်ပသောဆေဘာဓားချီသည် သူ၏ရှေ့၌ ထွက်ပေါ်လာကာ သူ့အား ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလေ၏။
ဝှစ်....
ထိုတောက်ပသောဆေဘာဓားချီသည် ကြည်လင်သောမိုးကောင်းကင်ယံမှနေ၍ ထိုအဆင့်မြင့်အကြီးအကဲ၏ရှေ့သို့ ချက်ချင်းကျရောက်သွားသည်။
ထိုအကြီးအကဲသည် အသိဝင်လာကာ အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ သူ၏ရှေ့၌ အနက်ရောင်ဒိုင်းတစ်ခုကို ဆင့်ခေါ်ပြီး သူ့ကိုယ်သူ အခိုင်အမာကာကွယ်လိုက်၏။
"ဒေါင်...."
ထိုဆေဘာဓားချီသည် ဒိုင်းပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသော်လည်း ချိုးဖျက်နိုင်ခြင်းမရှိချေ။
အထွတ်အထိပ်ဂိုဏ်းအတွင်း၌ ပုန်းအောင်းနေသောနဂါးများနှင့်ဝပ်နေသောကျားများ အမြောက်အများရှိနေသည်။ထို့ပြင် လန်ဝူရှင်းသည် အားနည်းနေသောအခြေအနေ၌ ရှိနေဆဲပင်။သူသည် လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲများအားလုံးကို ခြိမ်းခြောက်ဟန့်တားနိုင်ရန် လွန်စွာအလှမ်းကွာဟသည်။
"အရူးတွေ...မင်းတို့သက်ကျားအိုကြီးတွေက ရှေးရိုးဆန်ပြီးတော့....စဥ်းစားတွေးတောဖို့ မင်းတို့ရဲ့ဦးနှောက်ကို သုံးရောသုံးကြရဲ့လား...အနှေးနဲ့အမြန် လက်ဝဲစစ်တပ်နယ်မြေမှာ ပြောင်းလဲမှုကြီးကြီးမားမားတွေ ဖြစ်လာတော့မှာ....ငါ့ရဲ့အထွတ်အထိပ်ဂိုဏ်းက ဒီမီးစကို ပထမဆုံးတောင့်ခံရမယ့်ဂိုဏ်းပဲ....ခုချိန်မှာ တော်ဝင်နန်းတွင်းရဲ့လက်အောက်ကို ခိုဝင်တာက ဥာဏ်ရှိတဲ့ရွေးချယ်မှုပဲ...မင်းတို့က ကောင်းကင်နဲ့မြေပြင်ရဲ့စွမ်းအားကို တကယ်ကြီး ရင်ဆိုင်နိုင်မယ်လို့ ထင်နေကြတာလား"
လန်ဝူရှင်းက ဒေါသတကြီး ပြောဆိုသည်။
အမှန်အားဖြင့် သူသည်လည်း တော်ဝင်နန်းတွင်း၏လက်အောက်ခံ နောက်လိုက်ခွေးတစ်ကောင်အဖြစ်နေရန် ဆန္ဒမရှိချေ။
သို့ရာတွင် အထွတ်အထိပ်ဂိုဏ်း၏ရှင်သန်ရေးကို အာမခံချက်ရနိုင်ရန်အလို့ငှာ သူ ထိုသို့ပြုလုပ်ရပေမည်။
သူသည် လုယွီနှင့်အမှန်တကယ်တိုက်ခိုက်ပြီးသောအခါမှသာ လုယွီ၏ခွန်အား မည်မျှထိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကို သူ သိရှိခဲ့ရသည်။
အကယ်၍ လုယွီသာ အလေးအနက်မထားပါက အထွတ်အထိပ်ဂိုဏ်းသည် သူ၏တိုက်ခိုက်မှုအား ဟန့်တားနိုင်မဟုတ်ကြောင်းကို လန်ဝူရှင်းက ကောင်းစွာသိရှိထားသည်။လုယွီသည် အထွတ်အထိပ်ဂိုဏ်းအား ပြာပုံဘဝသို့ ပြောင်းလဲပစ်မည်ကို သူ စိုးရိမ်နေမိသည်။
သူသည် အထွတ်အထိပ်ဂိုဏ်းအပေါ်၌ ကြီးမားသောကျေးဇူးကြွေး ဆပ်ရန်ရှိနေသည်။ထို့ကြောင့် လန်ဝူရှင်းသည် မာနထောင်လွှားပြီး မောက်မာဝံ့ကြွားသူဖြစ်သည့်တိုင် အထွတ်အထိပ်ဂိုဏ်း၏ကောင်းကျိုးကိုရှေးရှု၍ လူအများ၏ဆဲဆိုခြင်းကို သူ ခံယူခဲ့သည်။
သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲအများစုသည် လန်ဝူရှင်း၏ရည်ရွယ်ချက်ကောင်းကို နားလည်သဘောပေါက်ခြင်းမရှိချေ။
"လန်ဝူရှင်း...ဖြစ်နိုင်တာတော့ မင်း ကြောက်နေတာများလား...တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကို မင်း ဒီအဆင့်ထိရောက်အောင် ကြောက်နေတာလား....တကယ်လို့ သူက လက်ဝဲစစ်တပ်ရဲ့တပ်မှူးဖြစ်နေရင်တောင် ဒီနေရာကို သူတစ်ယောက်တည်း ရောက်လာတာလေ....သူကိုသတ်လိုက်ရင် ဘယ်သူမှသိမှာမဟုတ်ဘူး"
အကြီးအကဲများထံမှနေ၍ သရော်တော်တော်ရယ်မောသံများ ထွက်ပေါ်လာသည်။
လန်ဝူရှင်းသည် ထိတ်လန့်ကြောက်ရွံနေခြင်းသာဖြစ်မည်ဟု သူတို့အားလုံး တွေးထင်ထားကြလေ၏။
"ခွေးမသားအိုကြီးတွေ....မင်းတို့အားလုံး သေရတဲ့အချိန်ကျမှ....ငါ သတိမပေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့"
လန်ဝူရှင်း အလွန်ဒေါသထွက်သွားသည်။
သူ ပြင်းပြင်းထန်ထန် အင်အားစိုက်ထုတ်ခဲ့မှုကို ဤလူတစ်စုက လှောင်ပြောင်ရယ်မောစရာအဖြစ် အသုံးပြုမည်ဟု သူ မျှော်လင့်မထားမိချေ။
ထိုအဆင့်မြင့်အကြီးအကဲက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။
"အရင်ကတော့ မင်းက သာမာန်ကာလျှံကာပြောခဲ့တာလို့ ငါတို့ထင်နေတာ...ဒါပေမယ့် မင်းက အခုချိန်မှာ လုယွီကိုကာကွယ်ပေးနေမယ်လို့ ငါတို့မျှော်လင့်မထားမိဘူး....လန်ဝူရှင်း...မင်းက တော်ဝင်နန်းတွင်းရဲ့နောက်လိုက်ခွေးတစ်ကောင်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ပြီးပြီလား"
လုယွီသည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိချေ။သူသည် နေရာ၌မတ်တတ်ရပ်နေကာ သူ့ရှေ့၌ဖြစ်ပျက်နေသမျှ အရာရာတိုင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
ဤှသည်မှာ သူ့အပေါ် လုယွီ၏စမ်းသပ်မှုဖြစ်ကြောင်း လန်ဝူရှင်းက သိရှိထားသည်။
ထို့ပြင် သူသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ပင်။အကြီးအကဲများသည် သူ့အားပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြသည်ကို သူ မည်သည်ကြောင့် ဒေါသမထွက်ဘဲနေမည်နည်း။
"နောက်ထပ်သေချင်တဲ့ ဘယ်သူမဆို...ရှေ့ကိုထွက်လာခဲ့စမ်း"
လန်ဝူရှင်း၏မျက်လုံးများ အေးစက်တင်းမာနေကာ သူက ကျယ်လောင်စွာအော်ဟစ်လိုက်၏။
အကြီးအကဲများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သော်လည်း မည်သူမျှအရင်ဆုံးရှေ့ထွက်၍ တိုက်ခိုက်ခြင်းမရှိချေ။
အဆင့်မြင့်အကြီးအကဲသည် လန်ဝူရှင်းကိုစိန်ခေါ်ဝံ့သည်မှာ သူသည် အားနည်းသောအခြေအနေမျိုး၌ ရှိနေသောကြောင့်ပင်။လန်ဝူရှင်း၏ဂိုဏ်းချုပ်ရာထူးသည် သူ၏ခွန်အားပေါ်အခြေခံ၍ ရရှိထားခြင်းဖြစ်သည်။သူ၏ခွန်အားသည် လက်ရှိနေရာတွင်ရှိနေသော အကြီးအကဲအများစုအတွက် ကြီးမားသောအဟန့်အတားကြီးဖြစ်ပေ၏။