← Chapters

အခန်း (၃၅၉၀-၃၅၉၃)

Vol. 183 Ch. 3590-3593

အခန်း (၃၅၉၀-၃၅၉၃)

Vol. 183 Ch. 3590-3593

Chapter 3590

လုယွီက ပြောဆိုသည်။

"ဘယ်သူမင်္ဂလာဆောင်တာလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါတို့က ဒီနေရာကို လက်ဗလာနဲ့ရောက်လာခဲ့တယ်"

လန်ဝူရှင်းက ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"ငါတို့ ဒီနေရာကို ရောက်လာမှတော့...သူတို့တွေ မင်္ဂလာပွဲကျင်းပလို့မရမှာကို ငါ စိုးရိမ်မိတယ်"

လုယွီသည် ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသော်လည်း သူ ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်လာသည့်ရည်ရွယ်ချက်ကို လန်ဝူရှင်းက ရှာဖွေဖော်ထုတ်နိုင်သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ထိပ်သီးအင်အားစုသုံးစုသည် လုယွီ အမြစ်ပြတ်သုတ်သင်ရမည့် မြစ်ပွားနာများပင်။

ယခုချိန်၌ အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူသည် တော်ဝင်နန်းတွင်း၏လက်အောက်ခံအဖြစ်သို့ ရောက်ရှိသွားလေပြီ။ထို့ကြောင့် လုယွီသည် အထွတ်အထိပ်ဂိုဏ်းကို သာဓကတစ်ခုအဖြစ် အသုံးပြု၍ရမည်မဟုတ်တော့ချေ။သူသည် ရေအင်မော်တယ်ဂိုဏ်းမှ စတင်ရပေမည်။

ယနေ့တွင် သူတို့ ဤနေရာသို့လာရောက်ခြင်းမှာ ပြဿနာရှာဖွေရန်ပင်။

ဤသည်မှာ လန်ဝူရှင်း ဤနေရာသို့ လာရောက်သည့် ပထမဆုံးအကြိမ်မဟုတ်ချေ။အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်အနေဖြင့် သူသည် ရေအင်မော်တယ်ဂိုဏ်းကို ဧည့်သည်အနေဖြင့် တစ်ကြိမ်ရောက်ရှိခဲ့ဖူးသည်။

လန်ဝူရှင်း၏ဦးဆောင်မှုအောက်တွင် သူတို့နှစ်ယောက်သည် မကြာမီမှာပင် အကြီးအကဲခန်းမသို့ ရောက်ရှိလာခဲ့ပေ၏။

အကြီးအကဲခန်းမသည် အနီးအနားရှိ တောင်တန်းများအနက်မှ အမြင့်ဆုံးတောင်ထိပ်ပေါ်တွင် တည်ရှိသည်။ဤနေရာရှိစိတ်ဝိညာဥ်စွမ်းအားများသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၌ ပေါကြွယ်ဝဆုံးပင်။အားကောင်းသောစိတ်ဝိညာဥ်စွမ်းအားလှိုင်းများသည် တောင်၏အစွန်အဖျား၌ စုဝေးနေပြီး စိတ်ဝိညာဥ်မြူခိုးများအဖြစ် ရစ်သိုင်းလွှမ်းခြုံနေသည်။

လမ်းတလျှောက်၌ ကျင့်ကြံသူအမြောက်အများကို တွေ့မြင်ရသည်။သူတို့သည် မတူညီသောဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် ရေအင်မော်တယ်ဂိုဏ်းမှမဟုတ်သည်မှာ သိသာထင်ရှားလှ၏။

"ပျံသန်းခြင်းအမှောင်ညဂိုဏ်းက တောင်ပိုင်းဒေသ ရတနာကျောက်စိမ်းတုံးတစ်ရာနဲ့ ရတနာသေတ္တာတစ်သောင်းကို လက်ဆောင်ဆက်သပါတယ်...အဆင့်မြင့်အကြီးအကဲအဆိပ်မြှားရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်"

"စိတ်ဝိညာဥ်ယွမ်ဂိုဏ်းက မှော်ရတနာသုံးထောင်ကို ဆက်သပါတယ်...အဆင့်မြင့်အကြီးအကဲအဆိပ်မြှားအတွက် ပျော်ရွှင်တဲ့မင်္ဂလာပွဲတစ်ပွဲဖြစ်ပါစေလို့ ငါတို့ဂိုဏ်းက ဆုတောင်းပေးလိုက်ပါတယ်"

တံခါးမှနေ၍ ဧည့်သည်များ အဆက်မပြတ်ဝင်ရောက်လာသည်။

ယနေ့တွင် အကြီးအကဲခန်းမကို အလွန်လှပခမ်းနားစွာ အလှဆင်ထားသည်။မီးအိမ်များ ရောင်စုံပိုးစများကိုလည်း နေရာအနှံ့အပြား၌ ချိတ်ဆွဲထားကာ အလွန်သက်ဝင်လှုပ်ရှားပေ၏။

ဤနေရာသို့ရောက်ရှိလာသော လူအများစုသည် ပြင်ပဂိုဏ်းအင်အားစုများမှပင်။ဤနေရာသို့ ရောက်ရှိလာသူများမှာ ရေအင်မော်တယ်ဂိုဏ်းမှ တည်ထောင်ထားသော မဟာမိတ်အဖွဲ့အတွင်းတွင် ပါဝင်သူများလည်းဖြစ်သည်။

"ဒါဆိုရင် အဲ့ဒီလူအိုကြီးအဆိပ်မြှားပေါ့...ကျွတ် ကျွတ် ကျွတ်...အဲ့ဒီလူအိုကြီးက ဒီလိုအတွေးမျိုး ဘယ်နေရာကနေရောက်လာတာလဲဆိုတာ ငါ သိချင်မိတယ်.....သူက အရမ်းအိုမင်းနေတာတောင် လက်ထပ်ဖို့စီစဥ်နေတုန်းပဲ...ဒါက တကယ့်ကို ရယ်ဖို့ကောင်းတာပဲ"

လန်ဝူရှင်းက သရော်တော်တော် ရယ်မောလိုက်၏။

လုယွီက မေးမြန်းသည်။

"အခု မင်္ဂလာဆောင်မယ့်လူကို မင်းသိလား"

"အရှင် သူက ရေအင်မော်တယ်ဂိုဏ်းရဲ့အဆင့်မြင့်အကြီးအကဲဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အဆိပ်မြှားပဲ...သူ့ရဲ့အဆင့်အတန်းက အကြမ်းဖျဥ်းပြောရရင် ငါတို့ဂိုဏ်းက အဆင့်မြင့်အကြီးအကဲတွေနဲ့ အတူတူပဲ"

"ဒါပေမယ့် အဲ့ဒီအဆိပ်မြှားက အချိန်အတော်ကြာ နာမည်ကျော်ကြားလာခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ...သူက တာအိုကျင့်ကြံသူမဟုတ်ဘူး...ဒီဂိုဏ်းထဲကို သူ ရောက်လာတာက တိုက်ဆိုင်မှုတစ်ခုကြောင့်ပဲ...သူက ပြင်းထန်တဲ့အဆိပ်နည်းစနစ်တွေကို ကျင့်ကြံတယ်...ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့အသက်က နှစ်ရာကျော်နေလောက်ပြီ....ဒီလိုမွန်းစတားအိုကြီးတစ်ကောင်က ဘယ်လိုလူမျိုးကိုလက်ထပ်ဖို့ ရွေးချယ်ထားလဲဆိုတာ ငါ သိချင်မိတယ်"

လန်ဝူရှင်းက သူ၏အသံကို လုယွီထံသို့ ပေးပို့လိုက်သည်။

ယခုကြည့်ကြည့်တော့မှ အဆင့်မြင့်အကြီးအကဲတစ်ယောက်၏မင်္ဂလာဆောင်ဖြစ်နေသည်။

လုယွီသည် ရှီးလျန်မြို့အတွင်း၌ သူ သတ်ဖြတ်ခဲ့သော အဆင့်မြင့်အကြီးအကဲအရိုးစုကို အမှတ်ရမိလေ၏။

ထိုလူ၏ကျင့်ကြံဆင့်နယ်ပယ်သည် ဝမ်မူကျီးနှင့် တန်းတူဖြစ်သော်လည်း ခွန်အားအရဆိုပါက သူသည် ဝမ်မူကျီးထက် များစွာပို၍ သန်မာအားကောင်းသည်။

ထိုအရာအရ အကဲဖြတ်ကြည့်ပါက ရေအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲဆယ်ယောက်၏နာမည်ကျော်ကြားမှုသည် ဟန်ပြသက်သက်ဖြစ်ပုံမရချေ။

သူတို့နှစ်ယောက်သည် တံခါး၏ရှေ့၌ ရပ်တန့်ခြင်းမရှိချေ။

ယနေ့တွင် မင်္ဂလာပွဲသို့ လက်ဆောင်လာရောက်ပေးပို့သော ပြင်ပဂိုဏ်းအင်အားစုများစွာရှိသည်။တချို့ဂိုဏ်းများသည် သူတို့နှင့်အတူ သူတို့၏ဂိုဏ်းများမှ တပည့်များကို ခေါ်ဆောင်လာကြပေ၏။ရေအင်မော်တယ်ဂိုဏ်းမှ ကြိုဆိုရေးတပည့်များသည် နာမည်ကျော်ကြားသော ဂိုဏ်းများကိုသာ ဧည့်ခံကြိုဆိုကြသည်။လုယွီနှင့်လန်ဝူရှင်းတို့သည် လေလွင့်ကျင့်ကြံသူများ ထိုင်နေသောစားပွဲတွင် နေရာချထားပေးခြင်းခံရသည်။

ဤနေရာသည် အကြီးအကဲခန်းမမှ အနည်းငယ်ဝေးကွာသောနေရာတွင် တည်ရှိသည်။သို့ရာတွင် ကျင့်ကြံသူများသည် မိုင်ထောင်နှင့်ချီဝေးကွာသောအရပ်အား တွေ့မြင်နိုင်ပေ၏။အကယ်၍ သူတို့သည် ဤနေရာ၌ထိုင်နေသည့်တိုင် အကြီးအကဲခန်းမအတွင်းရှိ အရာရာတိုင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်။လုယွီတို့နှစ်ယောက်သည် မည်သည့်ပြဿနာမျှ ရှာခြင်းမပြုဘဲ နေရာ၌ အေးအေးဆေးဆေး ထိုင်နေကြသည်။

လန်ဝူရှင်းကိုကြည့်ရသည်မှာ ဤနေရာနှင့် လွန်စွာရင်းနှီးကျွမ်းဝင်နေသည့်အလားပင်။သူသည် ထိုင်ချပြီးသည်နှင့် တူတစ်စုံကိုကောက်ယူကာ စားပွဲပေါ်ရှိဟင်းပွဲများကို သာမာန်ကာလျှံကာ ကောက်ယူစားသောက်လိုက်သည်။သူ့ထံတွင် လေလွင့်ကျင့်ကြံသူတစ်ယောက်၏အပြုအမူမျိုးရှိနေသဖြင့် စားပွဲအတူတူထိုင်နေသော လေလွင့်ကျင့်ကြံသူများက မျက်မှောင်ကြုတ်လိုက်ကြ၏။

Chapter 3591

"ငါက မြေအောက်မှာ အဲ့ဒီခွေးမသားတွေရဲ့ ပိတ်လှောင်တာကို ခံထားရတယ်..ငါ ဘယ်လောက်ထိကြာကြာ ဆာလောင်နေခဲ့ရတယ်ဆိုတာ ငါ မသိဘူး...ငါ ဘာမှမလုပ်ခင် ငါ့ရဲ့အစာအိမ်ကို အရင်ဆုံးဖြည့်ရမယ်"

လန်ဝူရှင်းသည် အစာကိုဝါးခြင်းမရှိဘဲ စားသည်ဟု ပြောဆိုနိုင်ပေ၏။သူသည် နတ်ဆိုးသားရဲခြေထောက်တစ်ချောင်းကို သူ၏လက်ဖြင့်ဆုပ်ကိုင်ကာ ဝါးမျိုလိုက်သည်။အသားမှအရည်များက သူ၏ပါးစပ်မှ တစ်စက်စက်စီးကျနေသည်။

သူ၏နံဘေးရှိ လေလွင့်ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောဆိုသည်။

"တသက်လုံး မစားမသောက်ဘဲနေလာရတဲ့ အစားကြူးသရဲတစ္ဆေတစ်ကောင်များလား...ဒီလိုပုံစံမျိုးနဲ့ စားသောက်နေတာ"

"ဘာလဲ...ငါ ဒီလိုလုပ်ရတာကို ပျော်လို့လေ....တကယ်လို့ မင်း မကြိုက်ဘူးဆိုရင်...တခြားနေရာကို ထွက်သွားစမ်း"

လန်ဝူရှင်းက ဒေါသတကြီးအမူအယာဖြင့် ထိုလေလွင့်ကျင့်ကြံသူကို အော်ငေါက်လိုက်သည်။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ထိုလေလွင့်ကျင့်ကြံသူသည် သူ့အား ရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးတစ်ကောင်မှ စူးစိုက်ကြည့်နေသကဲ့သို့ ခံစားမိသည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် မွန်းကြပ်လာသကဲ့သို့ ခံစားမိသဖြင့် သူသည် တခြားစားပွဲသို့ အလျှင်အမြန် ရွှေ့ပြောင်းလိုက်၏။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက အခုချိန်မှာ တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီ...အရင်ကလို နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ် မဟုတ်တော့ဘူး...မင်းရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို ဖုံးကွယ်ပြီးတော့ ထိန်းချုပ်ထားစမ်း"

"ဟုတ်ကဲ့ပါ အရှင်"

လန်ဝူရှင်းသည် သူ၏ပါးစပ်အတွင်းရှိအသားများကို အလျှင်အမြန်ဝါးမျိုကာ ဗလုံးဗထွေးပြောဆိုသည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းကာ အကြီးအကဲခန်းမ၏အရှေ့ခြမ်းထံသို့ ကြည့်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် အကြီးအကဲခန်းမသည် မင်္ဂလာခန်းမတစ်ခုအသွင်သို့ ​အသွင်ပြောင်းလဲသွားကာ အလွန်ကြီးကျယ်ခမ်းနားလှ၏။

ခန်းမ၏ဘေးတစ်ဖက်တစ်ချက်တွင် ခရမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူတချို့ မတ်တတ်ရပ်နေသည်။သူတို့သည် ရေအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများနှင့်အစွမ်းထက်ကျင့်ကြံသူများဖြစ်ကာ ခန်းမအတွင်း၌ အဆင့်မြင့်သောနေရာများတွင် တာဝန်ယူထားကြသည်။

ယနေ့သည် အဆင့်မြင့်အကြီးအကဲတစ်ယောက်၏ မင်္ဂလာပွဲနေ့ဖြစ်သဖြင့် အထူးကြီးကျယ်ခမ်းနားသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။

ဤအချိန်အခိုက်အတန့်တွင် အော်ဟစ်သံများက ရုတ်တရက် လူအုပ်အကြားမှ ထွက်ပေါ်လာသည်။

သတို့သားဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ခန်းမအတွင်းသို့ဝင်ရောက်လာကာ ကျယ်လောင်စွာရယ်မောလိုက်၏။

"ဒီမြင့်မြတ်သူရဲ့မင်္ဂလာပွဲကို မင်းတို့အားလုံး ရောက်လာပြီးတော့ ကူညီထောက်ပံ့ပေးတာက ငါ့ရဲ့ကံကောင်းမှုတစ်ခုပဲ...ဒီမြင့်မြတ်သူက ဒီနေ့အတွက် မင်းတို့တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်"

သူ၏ပုံပန်းသွင်ပြင်သည် အလွန်ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ခန့်သာရှိပုံရသည်။သို့ရာတွင် သူ စကားပြောဆိုသော သူ့ထံ၌အိုမင်းသောလေယူလေသိမ်းရှိကာ အလွန်ရင့်ကျက်ပုံရှိသည်။

သူသည် ရေအင်မော်တယ်ဂိုဏ်း၏အဆင့်မြင့်အကြီးအကဲဆယ်ယောက်အနက်မှ တစ်ယောက်ဖြစ်သော အဆိပ်မြှားပင်။

လက်ရှိနေရာတွင်ရှိနေသော ပြင်ပဂိုဏ်းအင်အားစုများမှလူအများစုသည် အကြီးအကဲအဆိပ်မြှားကို ယခင်ကမြင်တွေ့ဖူးခြင်းမရှိချေ။သို့ရာတွင် သူတို့သည် အကြီးအကဲအဆိပ်မြှား၏နာမည်ကို ကြားဖူးလေ၏။

အကြီးအကဲအဆိပ်မြှား အလွန်အသက်ငယ်ရွယ်နေသည်ကိုကြည့်ပြီး သူတို့သည် နေရာမှာပင် ကြက်သေသေသွားကာ တုံ့ပြန်နိုင်စွမ်းမရှိတော့ချေ။

"ကျွတ်...ကျွတ်...ဖြစ်နိုင်တာတော့ ဒါက ကျင့်ကြံနည်းစနစ်တစ်ခုကို အဆုံးစွန်ဆုံးထိကျင့်ကြံတာကြောင့် ငယ်ရွယ်နုပျိုမှုကို ပြန်ရသွားတာများလား"

"အထွတ်အထိပ်ဂိုဏ်းရဲ့မဟာအကြီးအကဲကျီးယန် ဒီလိုအဆင့်မျိုးထိရောက်အောင် ကျင့်ကြံထားနိုင်တယ်လို့ ငါ ကြားထားတယ်...အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကလည်း ဒီလိုအဆင့်မျိုးထိရောက်အောင် ကျင့်ကြံထားနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

အမှန်တရားကိုမသိကြသော ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် အချင်းချင်းတီးတိုးပြောဆိုနေကြသည်။သူတို့၏လေသံတွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားအပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"အဲ့ဒီလူအိုကြီးက သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို စွန့်ပစ်ပြီးတော့ ခန္ဓာကိုယ်အသစ်တစ်ခုကို အပိုင်စီးထားတာပါလား...သူ ဘာအမှားအယွင်းများ ရှိခဲ့လို့ပါလိမ့်"

လန်ဝူရှင်းသည် မယုံကြည်နိုင်သောကိစ္စတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည့်အလား သူ၏မျက်နှာပေါ်တွင် အံ့အားသင့်တုန်လှုပ်မှုများ ထင်ဟပ်နေပေ၏။

တခြားသူများက အကြီးအကဲအဆိပ်မြှားသည် သူ၏ကျင့်ကြံမှုကြောင့် ငယ်ရွယ်နုပျိုမှုကို ပြန်လည်ရရှိသွားသည်​ဟု တွေးထင်ကြပေမည်။သို့ရာတွင် လန်ဝူရှင်းသည် အတွေ့အကြုံ ကြွယ်ဝသူတစ်ယောက်ပင်။အကြည့်တစ်ချက်ဖြင့်ပင် အကြီးအကဲအဆိပ်မြှားသည် လူအများတွေးထင်နေသကဲ့သို့မဟုတ်ဘဲ လူငယ်တစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးထားခြင်းဖြစ်ကြောင်း သူ သိရှိသည်။

သာမာန်အရ ပြောဆိုရလျှင် ရုပ်ခန္ဓာကိုယ်ကိုစွန့်ခွာကာ တခြားသူ၏ခန္ဓာကိုယ်ကိုအပိုင်စီးခြင်းသည် လျှို့ဝှက်ဆန်းကြယ်ကာ မှော်စွမ်းအားပမာဏကို အတိုင်းအတာတစ်ခုထိ အသုံးပြုရသည်။

ကျင့်ကြံသူများသည် သူတို့၏အကန့်အသတ်အခြေအနေမျိုးသို့ ရောက်ရှိမှသာ ဤနည်းလမ်းကို အသုံးပြုကြလေ၏။

ရုတ်တရက် လန်ဝူရှင်းက စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"အဲ့ဒီလူအိုကြီးက နှစ်မြွှာကျင့်ကြံနည်းစနစ်ကို ကျင့်ကြံမလို့များလား....သူက သူ့ရဲ့အရိုးအိုတွေ တောင့်မခံနိုင်ဘူးဆိုတာကို သိပုံရတယ်....ဒါကြောင့် သူက လူငယ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တာပဲဖြစ်မယ်...တာအိုဂိုဏ်းကလူတွေက လှည့်ကွက်တွေသုံးတဲ့နေရာမှာ အရမ်းထူးချွန်မယ်လို့ ငါ ထင်မထားမိဘူး"

လုယွီသည် လန်ဝူရှင်း၏စကားကိုကြားချိန်တွင် မပြုံးဘဲမနေနိုင်တော့ချေ။

သူသည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏အရှိန်အဝါကို အာရုံခံမိလေ၏။

ဝမ်မူကျီးသည် သူ၏ဝှက်ဖဲများအနက်မှ တစ်ခုဖြစ်နိုင်သည်။

သူသည် ဝမ်မူကျီး၏ခန္ဓာကိုယ်တွင်း၌ နတ်ဆိုးမျိုးစေ့ကို ပျိုးထောင်ထားကာ နောက်ဆုံးအဆင့်တွင် ဝမ်မူကျီးကိုထိန်းချုပ်ရန် ကြံရွယ်ထားသည်။

သို့ရာတွင် လုယွီသည် ထိုနတ်ဆိုးမျိုးစေ့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။သူသည် မှော်မန္တန်ကိုရွတ်ဆိုကာ တိုက်ခိုက်ခဲ့သဖြင့် အကြီးအကဲအဆိပ်မြှား တန်ပြန်ဒဏ်ခံစားသွားခဲ့ရသည်။

Chapter 3592

ထိုမှော်မန္တန်သည် အလွန်ရက်စက်ကြမ်းကြုတ်ပေ၏။လုယွီသည် တစ်ဖက်လူအား အသက်ရှင်သန်ခွင့်ပေးရန် အနည်းငယ်မျှပင် ရည်ရွယ်မထားချေ။

အကြီးအကဲအဆိပ်မြှားသည် သတိလက်လွတ်နေမိသဖြင့် ထိုမှော်မန္တန်၏ရိုက်ခတ်ခြင်းကို ခံရနိုင်ချေများသည်။ထို့ကြောင့် သူသည် အသက်ဆက်၍ရှင်သန်နိုင်ရန် သူ၏ရုပ်ခန္ဓာကိုယ်ကိုစွန့်ခွာ၍ တခြားလူတစ်ယောက်၏ခန္ဓာကိုယ်ကို အပိုင်စီးထားခြင်းဖြစ်ပေမည်။

သူသည် သူ၏မှော်စွမ်းအားအမြောက်အများကို အသုံးပြုပြီး ရုပ်ခန္ဓာကိုယ်အသစ်ကို တည်ငြိမ်စေပြီးမှသာ သူ၏အသက်ကို ထိန်းသိမ်းနိုင်စွမ်းရှိသည်။

"သတို့သမီး ရောက်လာပြီ"

ထိုအချိန်မှာပင် ခန်းမ၏ပြင်ပမှ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ပန်းပွင့်များပြန့်ကျဲလာမှုနှင့်အတူ အနီရောင်သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားကာ ခေါင်းထက်၌အနီရောင်ပဝါကိုခြုံထားသော မိန်းကလေးတစ်ယောက်သည် အစေခံတစ်စု၏ခြံရံမှုအောက်တွင် ဖြည်းညှင်းစွာလျှောက်လှမ်းလာသည်။

ထိုမိန်းကလေး၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်သော်လည်း သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းသည်လှပကာ သူမ၏လက်ဝါးများသည် ဖြူဖွေးနေပေ၏။ကြည့်ရသည်မှာ သူမသည် အလှပဂေးလေးတစ်ယောက်ဖြစ်မည်မှာ သေချာပေါက်ပင်။

သူမ၏ခေါင်းပေါ်၌ ခြုံလွှမ်းထားသော အနီရောင်အစသည် သာမာန်ပိုးထည်စသက်သက်ပင်။

ဤသည်မှာ အစွမ်းထက်သောကျင့်ကြံသူတချို့၏နတ်ဘုရားစိတ်အာရုံဖြင့်ကြည့်ပါက အနည်းငယ်မျှပင် ဖုံးကွယ်ထားနိုင်စွမ်းမရှိချေ။

"ဒီလူအိုကြီးက တကယ့်ကို ဖိအားပေးပြီး လက်ထပ်ဖို့ ကြံရွယ်နေတာလား"

လန်ဝူရှင်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။

အနီရောင်ပိုးထည်စအောက်ရှိ မိန်းကလေးသည် ငယ်ရွယ်ပြီးချောမောလှပသည်ကို မည်သူမဆို တွေ့မြင်နိုင်ပေ၏။

သို့ရာတွင် ထိုမိန်းကလေး၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် စိုစွတ်နေသည်။သူမသည် သူမ၏နုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားကာ သူမ၏မျက်နှာပေါ်တွင် မလိုလားသောအမူအယာမျိုး ထင်ဟပ်နေသည်။

ဤသည်မှာ မင်္ဂလာဆောင်ခါနီး သတို့သမီးတစ်ယောက်ထံတွင်ရှိရမည့် အမူအယာမျိုးမဟုတ်သည်မှာ သေချာပေါက်ပင်။

"အရှင်...အဲ့ဒီလူအိုကြီးက သာမာန်အခြေအနေအရဆိုရင် အမြဲတမ်းတံခါးပိတ်ကျင့်ကြံနေတာ...ဘယ်လိုလုပ်ပြီးတော့ မိန်းကလေးတစ်ယောက်က သူ့ကို ချစ်ကြိုက်မှာလဲ...ဒါက ဖိအားပေးပြီးလုပ်တဲ့ မင်္ဂလာပွဲပဲဖြစ်မယ်...ငါက အခုလှုပ်ရှားပြီးတော့ အဲ့ဒီလူအိုကြီးကို သင်ခန်းစာပေးလိုက်ရမလား"

လန်ဝူရှင်းသည် သူ၏လက်အတွင်းရှိ ဝိုင်အရက်ခွက်ကို တစ်ကျိုက်တည်းဖြင့် မော့ချလိုက်သည်။ထို့နောက် သူသည် လုယွီထံသို့ အသံပေးပို့လိုက်၏။

သူသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ယုတ်မာကောက်ကျစ်ခြင်းကို အလွန်ရွံရှာမုန်းတီးသည်။ဤလောကကြီးအတွင်း၌ တရားမျှတမှုမရှိခြင်းကို သူ အမုန်းဆုံးပင်။

အထူးသဖြင့် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် သူ၏အိုမင်းသောအသက်အရွယ်ကိုမထောက်ဘဲ ငယ်ရွယ်လှပသောမိန်းကလေးတစ်ယောက်ကို ဖိအားပေး၍ လက်ထပ်ခြင်းကို လန်ဝူရှင်း ရပ်ကြည့်နေနိုင်စွမ်းမရှိချေ။

"နည်းနည်းလောက် ထပ်စောင့်လိုက်အုံး"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

သူသည် ရေအင်မော်တယ်ဂိုဏ်းမှအကြီးအကဲများကို စုံစမ်းထောက်လှမ်းနေသော်လည်း မည်သည့်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူကိုမျှ အာရုံခံမိခြင်းမရှိချေ။

အကယ်၍ ယခုချိန်တွင် သူ တိုက်ခိုက်လိုက်ပါက တစ်ဖက်ရန်သူကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။

ထို့ပြင် လုယွီသည် မည်ကဲ့သို့မဟာမိတ်အဖွဲ့အစည်းမျိုးကို ရေအင်မော်တယ်ဂိုဏ်းမှ ဖွဲ့စည်းမည်အား သူ မြင်တွေ့လိုသည်။

ထိုမိန်းကလေးသည် ငိုယိုနေသော်လည်း သူမသည် အမိန့်ကို မလိုက်နာဘဲမနေဝံ့ချေ။သူမသည် အစေခံများ၏ခြံရံမှုအောက်တွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏နံဘေးသို့ ရောက်ရှိသွားသည်။

"ငါ့ရဲ့ဇနီးရှောင်လင်းအာက လက်နက်စိတ်ဝိညာဥ်ဂိုဏ်းကဂိုဏ်းချုပ်ရဲ့ တပည့်တစ်ယောက်ပဲ...အခုချိန်မှာ လက်နက်စိတ်ဝိညာဥ်ဂိုဏ်းက ငါတို့ဂိုဏ်းရဲ့ မဟာမိတ်အဖွဲ့အစည်းမှာ ပူးပေါင်းလိုက်တာကြောင့် ငါတို့က မိသားစုတွေဖြစ်သွားပြီ...အခုချိန်ကနေစပြီးတော့ လက်နက်စိတ်ဝိညာဥ်ဂိုဏ်းရဲ့အရေးကိစ္စက ငါ့ရဲ့ကိစ္စပဲ...ကျေးဇူးပြုပြီးတော့ ငါ့ကို မျက်နှာသာတချို့ ပေးကြပါ"

အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။

လူအုပ်အကြားမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ရုတ်တရက် မတ်တတ်ထရပ်ကာ အပြုံးနှင့်ပြောဆိုလိုက်၏။

"ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး...အဆင့်မြင့်အကြီးအကဲနဲ့လက်ထပ်ရတာ သူ့ရဲ့ကံကောင်းမှုပါ"

အနီးရှိဂိုဏ်းအင်အားစုများမှလူများသည် ထိုလူလတ်ပိုင်းကြီးကို မနာလိုအားကျစွာဖြင့် ကြည့်လိုက်ကြသည်။

နှိုင်းယှဥ်ကြည့်ပါက ဤလူများအကြားတွင် ဒေါသထွက်နေသူတချို့လည်းရှိသည်။

သူတို့သည် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား စိတ်ကျေနပ်စေရန်အတွက် လက်ဆောင်အမြောက်အများကို ဂရုတစိုက် ပြင်ဆင်လာခဲ့သည်။သို့ရာတွင် လက်နက်စိတ်ဝိညာဥ်ဂိုဏ်း၏ဂိုဏ်းချုပ်သည် ခြေတစ်လှမ်းဦးကာ သူ၏တပည့်နှင့် အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို လက်ထပ်ပေးလိုက်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

ထို့ပြောင့် လက်နက်စိတ်ဝိညာဥ်ဂိုဏ်းသည် ​ရေ အင်မော်တယ်ဂိုဏ်းနှင့် လက်ထပ်ပွဲဖြင့် ပေါင်းစည်းသွားသည်ဖြစ်ရာ ထိုဂိုဏ်းကို သူတို့အားလုံး လိုက်မီမည်မဟုတ်တော့ပေ။

"ကောင်းကင်နဲ့မြေပြင်ကို အရိုအသေပြုမယ်"

ခန်းမအတွင်း၌ အခမ်းအနားကိုတာဝန်ယူသောအကြီးအကဲ၏ ကျယ်လောင်စွာအော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။

မျက်နှာပေါ်တွင်အပြုံးတစ်ခု ဆင်မြန်းထားသော အဆင့်မြင့်အကြီးအကဲအဆိပ်မြှားနှင့် ရှောင်လင်းအာတို့သည် တပြိုင်နက်တည်း ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။

ဤအချိန်အခိုက်အတန့်တွင် ရှောင်လင်းအာသည် ရုပ်သေးတစ်ရုပ်အလားပင်။သူမ မလိုလားသည်ဖြစ်စေ လိုလားသည်ဖြစ်စေ သူမ၏လှုပ်ရှားမှုများအားလုံး တောင့်တင်းနေသည်။

"ဇနီးမောင်နှံနှစ်ယောက်...အပြန်အလှန်ဂါရဝပြုမယ်"

နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်မှာပင် အသံတစ်သံက ပြင်ပမှထွက်ပေါ်လာသည်။

"ရှင်းလင်ကြယ်နယ်မြေသခင်က ဂုဏ်ပြုလက်ဆောင် လာရောက်ပို့ဆောင်ပါတယ်...ဇနီးမောင်နှံ အနှစ်တစ်ရာတိုင် ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်"

ထိုစကားသံထွက်ပေါ်လာချိန်တွင် မိုးကောင်းကင်ယံကြီး တုန်ခါသွားသည့်အလားပင်။မူလက အခမ်းအနားဓလေ့ထုံးတမ်းအရ ဦးညွှတ်အရိုအသေပြုနေကြသူနှစ်ယောက်၏ ခန္ဓာကိုယ်များသည်လည်း တောင့်တင်းသွားသည်။

Chapter 3593

ရှီးလျန်ကြယ်နယ်မြေသခင် ဤနေရာသို့ ရောက်ရှိလာသလော...

လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ ပြင်ပဂိုဏ်းအင်အားစုများနှင့်အုပ်ချုပ်ရေးအဖွဲ့သည် ရေနှင့်မီးအလားပင်။

ထို့ပြင် ရေအင်မော်တယ်ဂိုဏ်းသည် အလွန်အစွမ်းထက်ကာ ရှင်းလင်အုပ်ချုပ်ရေးရုံးတော်၏ပိုင်နက်နယ်မြေများအနက်မှ အများစုကို လက်လွှဲယူထားသည်။ယခုချိန်တွင် ရှင်းလင်အုပ်ချုပ်ရေးရုံးတော်သည် နေရာငယ်လေးတွင်သာ ပုန်းအောင်းနေရကာ ပတ်ဝန်းကျင်ရှိဂိုဏ်းအင်အားစုများအပေါ် အနည်းငယ်မျှပင် လွှမ်းမိုးနိုင်ခြင်းမရှိချေ။

ထို့ပြင် ယို့ကျိုးစီရင်စုသခင်သည် အဆိပ်မိပြီး သေဆုံးသွားခဲ့ရသည်။ရှင်းလင်ကြယ်နယ်မြေသခင်သည် ထိုကိစ္စများကို တိုင်ပင်ဆွေးနွေးရန် ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိလာခဲ့သော်လည်း ပြင်းထန်သောဒဏ်ရာအမြောက်အများနှင့် ပြန်လာခဲ့ရလေ၏။

ဤကဲ့သို့အခြေအနေများအောက်တွင် အုပ်ချုပ်ရေးရုံးတော်များနှင့်ရေအင်မော်တယ်ဂိုဏ်းသည် ရေနှင့်မီးအလား ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနေလေပြီ။ယခုချိန်တွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မင်္ဂလာပွဲဖြစ်လေရာ ရှင်းလင်ကြယ်နယ်မြေသခင်သည် မည်သည်ကြောင့် ရောက်ရှိလာခဲ့သနည်း။

အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် အစပထမ၌ ကြက်သေသေသွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"သူ့ကို အထဲဝင်ခွင့်ပြုလိုက်ပါ"

ခန်းမ၏ပြင်ပ၌ မူလကစုဝေးနေသော တပည့်များသည် ချက်ချင်းဆိုသလိုပင် အလယ်မှနေ၍ နံဘေးတစ်ဖက်တစ်ချက်သို့ ကပ်လိုက်ကြသည်။ထို့နောက် လူလတ်ပိုင်းကြီးတစ်ယောက်က ခန်းမအတွင်းသို့ လျှောက်လှမ်း၍ဝင်ရောက်လာပေ၏။

သူသည် အနီရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏မျက်နှာအမူအယာ မှုန်ကုပ်ကုပ်ဖြစ်နေသည်။သို့ရာတွင် သူ၏အရှိန်အဝါသည် လွန်စွာသန်မာအားကောင်းသည်။ဤလူလတ်ပိုင်းကြီးသည် ရှင်းလင်ကြယ်နယ်မြေသခင်ပင်။

နာမည်ခံအရဆိုလျှင် ရှင်းလင်ကြယ်နယ်မြေသခင်သည် ရှင်းလင်ကြယ်နယ်မြေတစ်ခုလုံး၌ အဆင့်မြင့်ဆုံးအရာရှိပင်။

သို့ရာတွင် လက်ရှိနေရာ၌ရှိနေသည့် ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် ရှင်းလင်ကြယ်နယ်မြေသခင်ကို မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ သရော်တော်တော်အပြုံးများ ထင်ဟပ်နေသည်။တချို့လူများသည် သူ့ကိုကြည့်ကာ အထင်အမြင်သေးသောအမူအယာများဖြင့် တီးတိုးရေရွတ်နေကြ၏။သူတို့သည် သူ့အား အနည်းငယ်မျှပင် အလေးအနက်မထားသည့်အလား မည်သူကမျှ မတ်တတ်ရပ်၍ သူ့အား ဆီးကြိုနှုတ်ဆက်ခြင်းမရှိချေ။

လုယွီက ထိုမြင်ကွင်းကိုကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

ယခင်က ရှီးလျန်ကြယ်နယ်မြေသခင်ဖြစ်သော ဝမ်မူကျီးသည် အလွန်သြဇာအာဏာကြီးမားကာ သူ၏စကားတစ်ခွန်းတည်းဖြင့် အရာရာတိုင်းကို ဆုံးဖြတ်နိုင်သည်။သူ၏စွမ်းအားနှင့်အခွင့်အာဏာသည် လွန်စွာကြီးမားလေ၏။

"ရေအင်မော်တယ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ရှင်းလင်ကြယ်နယ်မြေပေါ်မှာ ခြေကုပ်ယူထားတာ အချိန်အတော်ကြာနေပြီ...ရေအင်မော်တယ်ဂိုဏ်းက အုပ်ချုပ်ရေးရုံးတော်ကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူးဆိုတာ ရှင်းလင်ကြယ်နယ်မြေတစ်ခုလုံးသိတယ်....ကြယ်နယ်မြေသခင်တစ်ယောက်ဖြစ်ပေမယ့် သူက ရုပ်သေးတစ်ရုပ်နဲ့ ဘာမှမကွာခြားဘူး...အရေးပါတဲ့နေရာအများစုကို ရေအင်မော်တယ်ဂိုဏ်းက အစားထိုးနေရာဝင်ယူထားတယ်"

နံဘေးဘက်တွင်ရှိနေသော လန်ဝူရှင်းက လုယွီထံသို့ အသံပေးပို့သည်။

အမှန်အားဖြင့် လန်ဝူရှင်း မပြောဆိုလျှင်ပင် လုယွီသည် ဤသို့ဖြစ်လာမည်ဟု မှန်းဆပြီးဖြစ်သည်။

ရှင်းလင်ကြယ်နယ်မြေ၏ဝင်ပေါက်ကို ဥပမာယူ၍ကြည့်ကြပါစို့။အခွန်အခများကောက်ယူကာ ဖြတ်သန်းသွားလာနေသော လေဟာနယ်သင်္ဘောများကို စစ်ဆေးခြင်းသည် အုပ်ချုပ်ရေးအဖွဲ့မှ ပြုလုပ်သင့်သော ကိစ္စဖြစ်သည်။

သို့ရာတွင် ရေအင်မော်တယ်ဂိုဏ်းသည် အုပ်ချုပ်ရေးအဖွဲ့၏နေရာကို အစားထိုးယူထားကာ စုံစမ်းစစ်ဆေးရာ၌ တာဝန်ယူထားသည်။သူတို့သည် ခရီးသွားလာခြင်းအတွက် အခွန်အခများကို ကောက်ယူနေလေ၏။ဤသည်မှာ အုပ်ချုပ်ရေးအဖွဲ့၏အကျိုးစီးပွားကို ထိပါးခြင်းပင်။

ထို့ကြောင့် ဤကဲ့သို့မြင်ကွင်းမျိုး ဖြစ်ပွားလာသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ်မဟုတ်ချေ။

"သူ ဘာလို့ ဒီနေရာကိုရောက်လာတယ်လို့ မင်းထင်လဲ...အရင်တစ်ကြိမ်တုန်းက သူက ယို့ကျို့စီရင်စုသခင်အတွက် ရပ်တည်ပေးခဲ့တယ်လို့ ငါ ကြားထားတယ်...သူက ရေအင်မော်တယ်ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲတွေထဲက တစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်....သူက ပြန်သွားပြီးတော့ အချိန်အတော်ကြာတဲ့အထိ ဆေးကုသနေခဲ့ရတယ်...တကယ်လို့ သူ့ရဲ့အရာရှိအဆင့်အတန်းကြောင့်သာမဟုတ်ရင် သူသေနေတာ အချိန်အတော်ကြာနေလောက်ပြီ....သူက ဒီနေရာကို လာရဲသေးတာလား"

"မင်း မသိသေးဘူးလား....ငါကြားထားတာတော့ သူ့ရဲ့လက်အောက်က စစ်ဗိုလ်ချုပ်တစ်ယောက်က အဆင့်မြင့်အကြီးအကဲအဆိပ်မြှားရဲ့တပည့်တစ်ယောက်ကို ရန်စစော်ကားခဲ့တယ်....အဲ့ဒီစစ်ဗိုလ်ချုပ်ကို အကြီးအကဲအဆိပ်မြှားရဲ့တပည့်က ဖမ်းဆီးပြီးတော့ ညှင်းပန်းနှိပ်စက်နေတာ အချိန်အတော်ကြာနေပြီ...ရှင်းလင်ကြယ်နယ်မြေသခင်က တောင်းပန်မှုတွေအများကြီးလုပ်ခဲ့ပြီးမှ နောက်ဆုံးမှာ ညှိနှိုင်းမှုတစ်ခုကို လုပ်နိုင်ခဲ့တယ်....သူက ရှင်းလင်ကြယ်နယ်မြေသခင်ကို နတ်ဆိုးနဂါးဆယ်ကောင်ကို သတ်ဖြတ်ပြီးတော့ နတ်ဆိုးနဂါးအမြူတေဆယ်လုံးကို ယူလာခိုင်းတယ်"

"ဖြစ်နိုင်တာတော့ ရှင်းလင်ကြယ်နယ်မြေသခင်ကို နတ်ဆိုးနဂါးတောင်ကြားကို သူက သွားစေချင်တာလား...ဒါက သေလမ်းရှာခိုင်းတာပဲ"

"ဘယ်သူသိမှာလဲ...ငါ့အထင်တော့ အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက သူ့ကို အလွတ်မပေးလောက်ဘူး...ဒါပေမယ့် အခုချိန်မှာ သူ ရောက်လာမှတော့...ဒီတောင်းဆိုချက်ကို သူက ဖြည့်ဆည်းပေးနိုင်ခဲ့လို့များလား"

ပတ်ဝန်းကျင်ရှိလေလွင့်ကျင့်ကြံသူများသည် သူတို့၏စကားများကို ရှင်းလင်ကြယ်နယ်မြေသခင် ကြားမကြားဟူသည့်အချက်ကို အနည်းငယ်မျှပင် အာရုံစိုက်ပုံမရချေ။သူတို့၏အသံများသည် အလွန်ကျယ်လောင်ကာ ရှင်းလင်ကြယ်နယ်မြေသခင်ကို ခေါင်းအစခြေအဆုံး မထီမဲ့မြင်အကြည့်ဖြင့် ကြည့်နေကြ၏။

ရှင်းလင်ကြယ်နယ်မြေသခင်သည် ပတ်ဝန်းကျင်ရှိလူများ၏လှောင်ပြောင်သရော်မှုများကို လျစ်လျှူရှုကာ သူက အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကို ကြည့်လိုက်သည်။

"သုံးရက်တာကန့်သတ်ကာလက ကုန်ဆုံးသွားပြီ...ငါက မင်းလိုချင်တဲ့ နတ်ဆိုးနဂါးအမြူတေဆယ်ခုကို ယူလာခဲ့တယ်....ကျေးဇူးပြုပြီး မင်း သူ့ကို လွှတ်ပေးပါတော့"

All Chapters