အခန်း (၃၅၉၈-၃၆၀၁)
Vol. 183 Ch. 3598-3601
Chapter 3598
ဤသည်မှာ အကြီးအကျယ် အရှက်ခွဲခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ရှင်းလင်ကြယ်နယ်မြေသခင်သည် သူ၏စစ်ဗိုလ်ချုပ်ကိုလွှတ်ပေးရန် တစ်ဖက်လူများထံတွင် အနည်းငယ်မျှပင် ရည်ရွယ်ချက်မရှိကြောင်း နားလည်သဘောပေါက်သွားလေပြီ။အရာအားလုံးသည် သူ့အား ကစားနေခြင်းပင်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ရှင်းလင်ကြယ်နယ်မြေသခင်ထံတွင် ရွေးချယ်စရာမရှိတော့ချေ။
ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့နေကာ သူ့ထံတွင် မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။သူသည် သူ၏ဗိုက်ကိုဖိကာ မြေပြင်ပေါ်၌ ကွေးကောက်နေရလေ၏။
"အဲ့ဒီအကြောင်း စဥ်းတောင်မစဥ်းစားနဲ့"
ရှင်းလင်ကြယ်နယ်မြေသခင်သည် အားကုန်သုံးကာ အော်ဟစ်ကြုံးဝါးလိုက်၏။
သူသည် ယခင်က အဆိပ်မြှား၏ညှင်းပန်းနှိပ်စက်မှုများကို သည်းခံနိုင်သော်လည်း ဤသည်မှာ လုံးလုံးလျားလျား အနိုင်ကျင့်အရှက်ခွဲခြင်းပင်။
ရှင်းလင်ကြယ်နယ်မြေသခင်သည် တော်ဝင်နန်းတွင်း၏ ဂုဏ်သိက္ခာရှိသောအရာရှိတစ်ယောက်ဖြစ်လေရာ ဤကဲ့သို့အနိုင်ကျင့်အရှက်ခွဲမှုကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားသည် ဤကဲ့သို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ပြီးဖြစ်ပုံဖြင့် သူ၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကောင်းပြီလေ...မင်းက ငါ့ရဲ့ပေါင်ခြံကြားကနေ တွားမသွားချင်ဘူးဆိုရင်လည်းရတယ်...ဒါပေမယ့် ငါ လှုပ်ရှားမှုတစ်ခုခုလုပ်မယ်ဆိုရင် မင်း ငါ့ကိုအပြစ်မတင်နဲ့"
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထင်ဟပ်လာကာ ရုတ်တရက် သူက သံလှောင်အိမ်ကိုလက်ညှိုးညွှန်ပြီး ပြောဆိုသည်။
"ငါတို့ သူ့ကိုရှာတွေ့တဲ့အချိန်မှာ သူ့ရဲ့လက်နှစ်ဖက်က အရိုးတွေအားလုံး ကျိုးပဲ့နေပြီ....ဒီလိုဆိုမှတော့ သူ့ကိုချန်ထားလို့လည်း အသုံးမဝင်တော့ဘူး....သူက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမယ့်အတူ သူ့ကိုသတ်လိုက်တာ အကောင်းဆုံးပဲ"
သူ၏နံဘေးရှိတပည့်များသည် သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။သူတို့သည် သူတို့၏ဆေဘာဓားရှည်များကိုဆုပ်ကိုင်ကာ သံလှောင်အိမ်ထဲမှစစ်ဗိုလ်ချုပ်ကို ဆွဲထုတ်လိုက်၏။
စစ်ဗိုလ်ချုပ်ထံမှနေ၍ မည်သည့်တုံ့ပြန်မှုမျှမရှိချေ။
တပည့်တစ်ယောက်သည် သူ၏ခြေထောက်ကိုဆန့်တန်းကာ ထိုစစ်ဗိုလ်ချုပ်၏တစ်ဖက်တည်းကျန်သောလက်ပေါ်သို့ တက်နင်းလိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏ဆေဘာဓားရှည်ကို ထိုလက်ပေါ်သို့ ချိန်ရွယ်ထားလေသည်။ထို့နောက် သူ၏ဆေဘာဓားကိုလွှဲယမ်းကာ ထိုလက်အားခုတ်ပိုင်းရန် ဟန်ပြင်လိုက်သည်။
ရှင်းလင်ကြယ်နယ်မြေသခင်က ဒေါသတကြီးအော်ဟစ်လိုက်၏။
"အဆိပ်မြှား...မင်းတို့ရေအင်မော်တယ်ဂိုဏ်းကို ငါ့ရဲ့စစ်သားတွေ ဝိုင်းရံထားတယ်...မင်းက ငါနဲ့အတူ သေချင်တာလား"
အဆိပ်မြှားသည် အစပထမတွင် ကြက်သေသေသွားသော်လည်း မကြာမီမှာပင် သူ၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။
"မင်းက ဘယ်သူ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလဲ...မင်းရဲ့လက်ထဲမှာ စစ်သားဘယ်လောက်များများ ရှိမှာမလို့လဲ...မင်းရဲ့ အိုနာကျိုးကန်းစစ်တပ်ကို ဆွဲခေါ်လာရင်တောင် ဘာဖြစ်လာမှာမလို့လဲ...ဟား ဟား ဟား"
အဆိပ်မြှားသည် ရှင်းလင်ကြယ်နယ်မြေသခင်၏ခြိမ်းခြောက်မှုကို လုံးလုံးလျားလျား လျစ်လျှူရှုထားသည်။
ရှင်းလင်ကြယ်နယ်မြေရှိ အစောင့်တပ်များအားလုံးသည် သူတို့ရေအင်မော်တယ်ဂိုဏ်း၏စောင့်ကြည့်မှုအောက်တွင်ရှိပေ၏။
အကယ်၍ ကြယ်နယ်မြေသခင်ဖြစ်နေလျှင်ပင် အချိန်တိုအတွင်း၌ သူတို့၏ရေအင်မော်တယ်ဂိုဏ်းနှင့်ယှဥ်ပြိုင်နိုင်သည့်အင်အားမျိုး ရှိလာရန်မှာ မဖြစ်နိုင်ချေ။
အဆိပ်မြှားသည် မြေပြင်ပေါ်ရှိ ရှင်းလင်ကြယ်နယ်မြေသခင်ကိုကြည့်လိုက်သည်။
"မင်း တွားသွားမသွားဆိုတာက မင်းရဲ့အတွေးတစ်ချက်ပေါ်မူတည်တယ်...ဒါပေမယ့် မင်းရဲ့လက်အောက်က စစ်ဗိုလ်ချုပ်ရဲ့လက်ကိုတော့ မင်း ကာကွယ်နိုင်မှာမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးနောက် အဆိပ်မြှားက သူ၏လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလေသည်။
"ဖြတ်လိုက်တော့..."
ထိုတပည့်သည် သူ၏ဆေဘာဓားကိုမြှောက်ကာ ထိုစစ်ဗိုလ်ချုပ်၏လက်ကို ခုတ်ပိုင်းလိုက်သည်။
နံဘေးမှစောင့်ကြည့်နေသော ပြင်ပဂိုဏ်းအင်အားစုများမှလူများသည် စိတ်လှုပ်ရှားမှုကြောင့် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။တော်ဝင်နန်းတွင်းမှအရာရှိတစ်ယောက်၏လက်ကို သူတို့၏ရှေ့တွင် ဖြတ်တောက်လိုက်သောမြင်ကွင်းထက်ပို၍ သူတို့အား စိတ်လှုပ်ရှားစေသောအရာမရှိတော့ချေ။
ဝှစ်...
ထိုဆေဘာဓားသည် စူးရှသောလေတိုးသံနှင့်အတူ အောက်သို့ကျရောက်လာသည်။
သို့ရာတွင် ထိုဆေဘာဓားသည် စစ်ဗိုလ်ချုပ်၏လက်ပေါ်သို့ ကျရောက်လာခြင်းမရှိချေ။
'ဘုန်း'ခနဲမြည်သံနှင့်အတူ ထိုဆေဘာဓားသည် လမ်းတစ်ဝက်မှာတင်ကျိုးပဲ့သွားကာ ဓားအစအနများက နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။
ထို့တပည့်သည် နောက်သို့အနည်းငယ်ယိမ်းယိုင်သွားကာ ကြီးမားသောအားလှိုင်းတစ်ရပ်က သူ့ပေါ်သို့ ချက်ချင်းကျရောက်လာသည်။သူသည် နောက်သို့မီတာလေးငါးဆယ်လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။
လုယွီသည် ထိုစစ်ဗိုလ်ချုပ်ကိုပွေ့ထူကာ ဆေးလုံးတစ်လုံးကိုထုတ်ယူပြီး သူ့အားတိုက်ကျွေးလိုက်၏။
လုယွီ၏သိုလှောင်အိတ်အတွင်း၌ ဆေးလုံးအမြောက်အမြားရှိနေသော်လည်း ဆေးစွမ်းအားအလွန်ပြင်းထန်သဖြင့် တခြားသူများစုပ်ယူရန်မလွယ်ကူချေ။
ယခုချိန်တွင် ဤစစ်ဗိုလ်ချုပ်သည် အသက်အန္တရာယ်ရှိနေသဖြင့် ထိုကဲ့သို့ပြင်းထန်သောဆေးလုံးမျိုးကို အသုံးပြု၍မရချေ။
ထို့ကြောင့် လုယွီသည် အပေါ်ယံ၌ တည်ငြိမ်စွာထိုင်နေပုံရသော်လည်း သူသည် နတ်ဘုရားစိတ်အာရုံကို လျှို့ဝှက်စွာအသုံးပြု၍ သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ ကုသရေးဆေးလုံးကို သန့်စင်နေခြင်းဖြစ်သည်။
Chapter 3599
ဤဆေးလုံးမျိုးကိုသန့်စင်ရန်အတွက် ရှုပ်ထွေးသော ပါဝင်ပစ္စည်းများ လိုအပ်ခြင်းမရှိဘဲ လွယ်လင့်တကူ ဖော်စပ်နိုင်သည်။
လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကိုမှီခို၍ အလွယ်တကူဖော်စပ်နိုင်သည်။
ထိုဆေးတစ်လုံး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် စစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ အနည်းငယ်ပို၍ကောင်းမွန်သွားကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတချို့ပင် ပျောက်ကင်းသွားသည်။
သို့ရာတွင် သူ၏ဒဏ်ရာများသည် အလွန်ပြင်းထန်ကာ သူ၏စိတ်ဝိညာဥ်တွင်ပင် ဒဏ်ရာရရှိနေပေ၏။
လုယွီ၏ဆေးလုံးတွင် အလွန်ကြီးမားသော အကျိုးအာနိသင်ရှိသော်လည်း အချိန်တိုအတွင်း၌ ထိုစစ်ဗိုလ်ချုပ်နိုးထလာအောင် စွမ်းဆောင်နိုင်မည်မဟုတ်ချေ။
"ကောင်လေး...မင်း ဘာလုပ်တာလဲ...မင်းက သေချင်နေတာလား"
"အမှန်ပဲ...ဒါက မင်း ရှေ့ထွက်ရမယ့်နေရာမျိုးမဟုတ်ဘူး...မင်းက သေလမ်းရှာနေတာလား"
ပြင်ပဂိုဏ်းအင်အားစုမှလူများသည် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။
သူတို့သည် ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေကြသော်လည်း လုယွီမှ ကြားဝင်စွက်ဖက်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
"ငါ ဘယ်လိုပဲကြည့်ကြည့် ဒီလူနှစ်ယောက်က မင်္ဂလာပွဲကို လာပြီးဂုဏ်ပြုတာနဲ့မတူဘူး..ဟေး...မင်းတို့နှစ်ယောက်က ဘယ်ဂိုဏ်းကလဲ"
"နေကြဦး...အဲ့ဒီကောင်လေးရဲ့နောက်ကလူကို ငါ ကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ...ငါ့အထင်တော့ ငါ သူကို အရင်က တစ်နေရာရာမှာမြင်ဖူးတယ်"
ပြင်ပဂိုဏ်းအင်အားစုမှလူများသည် ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်းကို မှတ်မိကြခြင်းမရှိချေ။
လန်ဝူရှင်းသည် အထွတ်အထိပ်ဂိုဏ်းချုပ်အဖြစ် ကောင်းကင်ဘုံနယ်မြေအတွင်း၌ နာမည်ကျော်ကြားသော်လည်း သူသည် အလွန်အမင်း သိုသိပ်စွာနေထိုင်သူတစ်ယောက်ပင်။သူ့အား ဂိုဏ်းအင်အားစုငယ်လေးများမှလူများ မြင်တွေ့ဖူးရန်မှာ မဖြစ်နိုင်ချေ။
လန်ဝူရှင်းအား ယခင်က မြင်တွေ့ဖူးသူတချို့ပင်လျှင် အဝေးမှနေ၍ သူ၏အရိပ်အယောင်ကို ဖမ်းဆုပ်မိခြင်းဖြစ်သည်။ထို့ကြောင့် သူတို့သည် ဤအချိန်အခိုက်အတန့်တွင် သူ့အား မှတ်မိကြခြင်းမရှိချေ။
လုယွီက အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ငါက ရှင်းလင်ကြယ်နယ်မြေသခင်ရဲ့ကိစ္စအတွက် တာဝန်ယူပြီး ဖြေရှင်းပေးရလိမ့်မယ်...တကယ်လို့ မင်းက ဒီကိစ္စကိုရှင်းမပေးနိုင်ဘူးဆိုရင် ဒီနေ့ မင်း မင်္ဂလာဆောင်ဖို့မကြိုးစားနဲ့"
ဤစကားများကြောင့် ပတ်ဝန်းကျင်ရှိလူများထံမှနေ၍ ဒေါသတကြီးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
"နို့နံတောင်စင်ပုံမရသေးတဲ့ ကောင်လေးကများ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ငါတို့က မင်းကိုတောင် အပြစ်တင်ရအုံးမယ်"
"အဲ့ဒီကောင်က စိတ်လွတ်နေတာလား...ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာများလား...သူက မင်္ဂလာဆောင်ကိုလာတဲ့လူတွေအများကြီးရှေ့မှာ သူရဲကောင်းဝင်လုပ်ပြီးတော့ သူ့ကိုယ်သူ နာမည်ကျော်ကြားအောင်လုပ်နေတာပဲဖြစ်မယ်...ဒီလိုအချိန်မျိုးမှာရှေ့ထွက်ရင် သူ သေရမယ်ဆိုတာတောင် သူ မသိတော့ဘူး"
ပတ်ဝန်းကျင်ရှိ ပြင်ပဂိုဏ်းအင်အားစုများမှလူများ၏ မျက်နှာများပေါ်တွင် အေးစက်စက်အပြုံးများထင်ဟပ်နေကာ လုယွီ သူ့ကိုယ်သူအရူးလုပ်မည်ကို စောင့်ကြည့်နေကြလေ၏။
သို့သော် ထိုအချိန်မှာပင် လုယွီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုလိုက်သည်။
"လန်ဝူရှင်း...ရှေ့ကိုလာပြီးတော့ မင်းရဲ့မိတ်ဆွေဟောင်းကြီးကို နှုတ်ဆက်လိုက်ပါဦး"
ထို့နောက် လန်ဝူရှင်းသည် လုယွီ၏နောက်မှနေ၍ အေးအေးလူလူအမူအယာဖြင့် ရှေ့သို့ထွက်လာသည်။
အစောပိုင်းက ရုန့်ရင်းကြမ်းတမ်းသောမြင်ကွင်းသည် ဤနတ်ဆိုးလူဘီလူး၏စိတ်ကို အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။သူသည် စားပွဲပေါ်၌ခင်းထားသော အနီရောင်အဝတ်စကို သာမာန်ကာလျှံကာဆွဲယူကာ သူ၏ပါးစပ်ကို အကြိမ်ရေအနည်းငယ်ခန့်သုတ်လိုက်သည်။သူ၏လှုပ်ရှားမှုများသည် အလွန်ကြမ်းတမ်းပေ၏။
သူ မတ်တတ်ရပ်လိုက်သောအချိန်အခိုက်အတန့်တွင် လူတိုင်း၏အကြည့်များက သူ့ထံသို့ ကျရောက်လာသည်။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားကလည်း မျက်မှောင်ကြုတ်လိုက်၏။
"လန်ဝူရှင်း...မင်း ဒီနေရာကို ဘာလာလုပ်တာလဲ"
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဤလူများသည် လန်ဝူရှင်း၏ပုံပန်းသွင်ပြင်ကို မမြင်တွေ့ဖူးသော်လည်း အထွတ်အထိပ်ဂိုဏ်းချုပ်၏နာမည်သည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ လန်ဝူရှင်း၏နာမည်ကို မသိသူဟူ၍ မရှိသလောက်နီးပါးပင်။
"သူက အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ"
"ရေအင်မော်တယ်ဂိုဏ်းနဲ့အထွတ်အထိပ်ဂိုဏ်းတို့က ရန်သူတော်ကြီးတွေလေ...အထွတ်အထိပ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီးတော့ ရေအင်မော်တယ်ဂိုဏ်းကို ရောက်လာတာလဲ....ကြည့်ရတာတော့ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာတော့မယ့်ပုံပဲ"
အနီးအနားရှိလူများသည် သူတို့အချင်းချင်းတီးတိုးပြောဆိုနေကြကာ သူတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
ဘုန်းခနဲမြည်သံနှင့်အတူ ကျင့်ကြံသူတစ်ယောက်သည် မြေပြင်ပေါ်သို့လဲကျကာ သတိလစ်မေ့မျောသွားသည်။
ထိုကျင့်ကြံသူသည် လန်ဝူရှင်း၏စားသောက်ပုံကိုကြည့်ကာ ဆိုးဆိုးရွားရွား ကဲ့ရဲ့ပြစ်တင်ခဲ့သောလူပင်။
သူသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်ကို အေးစက်စက်ကြည့်ကာ ကဲ့ရဲ့ပြောဆိုခဲ့မိသည်အား သူ ပြန်လည်တွေးတောမိချိန်တွင် သူသည် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျဆင်းသွားသည့်အလားခံစားမိကာ သူ့ကိုယ်သူ ပါးဖြတ်ရိုက်လိုစိတ်များပေါက်လာသည်။
Chapter 3600
အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ရုတ်တရက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ငါ မှတ်မိသလောက်တော့ ငါ မင်းကို ဖိတ်မထားပါဘူး...ဘာလဲ...မင်းက ငါ့ရဲ့မင်္ဂလာပွဲကို လာပြီးဂုဏ်ပြုတာလား"
"ဟမ့်...."
လန်ဝူရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်၏။
"အရူးအိုကြီး...မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေစမ်းနဲ့....မင်း ငါ့ကိုဖိတ်ရင်တောင် ငါလာမယ်လို့ မင်း ထင်နေတာလား...ဒီနေ့ ငါက ဒီနေရာကို ငါ့ရဲ့အရှင်နဲ့ အတူလိုက်လာတာ...လိမ်လိမ်မာမာနဲ့ မင်းရဲ့တပည့်တွေကို အရှုံးပေးအညံခံခိုင်းလိုက်စမ်း...ဒါဆိုရင် ငါ လူနည်းနည်းလျှော့သတ်ပေးမယ်"
အမ်...
ဤအချိန်အခိုက်အတန့်တွင် အဆိပ်မြှား၏မျက်လုံးအကြည့်က လုယွီထံသို့ ရွှေ့ပြောင်းသွားသည်။
ယခုလက်ရှိအချိန်တွင် လုယွီသည် မည်သည့်အရှိန်အဝါကိုမျှ ထုတ်လွှတ်ထားခြင်းမရှိချေ။အပြင်ပန်းကြည့်ပါက သူသည် ယခုမှပြင်ပသို့ထွက်လာသည့် ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။
သို့ရာတွင် ဤလူငယ်သည် လန်ဝူရှင်းနှင့်အတူ ရောက်ရှိလာခြင်းဖြစ်သဖြင့် အဆိပ်မြှား၏အာရုံစူးစိုက်မှုကိုရရှိရန် ထိုက်တန်သည်။
"မင်းကိုကြည့်ရတာ မရင်းနှီးသလိုပဲ...မင်းက ဘယ်သူလဲ"
အဆိပ်မြှားက မျက်မှောင်ကြုတ်လိုက်၏။
သို့ရာတွင် လုယွီသည် သူ့အားတုံ့ပြန်အဖြေပေးခြင်းမပြုချေ။ထိုအစား သူသည် စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ကို ရှင်းလင်ကြယ်နယ်မြေသခင်၏ခြေထောက်အနီးသို့ ချပေးလိုက်သည်။
"တော်လိုက်တော့...ထပ်ပြီးဟန်ဆောင်နေစရာ မလိုတော့ဘူး...မင်းက နောက်ပိုင်းကျရင် သူ့ကို ရှောင်တခင်တိုက်ခိုက်ဖို့ ကြံရွယ်နေတာမလား...မင်းရဲ့အစီအစဥ်က မဆိုးပေမယ့် အဲ့ဒီလူရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မင်း မေ့နေခဲ့တယ်...မင်းက သူ့ကို တိုက်ခိုက်တာနဲ့ သူက မင်းကို အချိန်မီတုံ့ပြန်တိုက်ခိုက်လိမ့်မယ်....ကြည့်ရတာတော့ ဒါက သူ့ရဲ့အစီအစဥ် တစ်စိတ်တစ်ပိုင်းတောင် ဖြစ်နေပုံပဲ"
လုယွီ၏စကားကိုကြားချိန်တွင် ရှင်းလင်ကြယ်နယ်မြေသခင်၏ခန္ဓာကိုယ်တုန်ရီသွားကာ သူသည် ကြက်သေသေနေသောအမူအယာဖြင့် လုယွီကို ကြည့်လိုက်၏။
သူသည် တဖြည်းဖြည်းမတ်တတ်ထရပ်ကာ သူ၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အစောပိုင်းက အဆိပ်ဝိုင်အရက်များအားလုံး ပြန်စီးကျလာသည်။
ပတ်ဝန်းကျင်မှနေ၍ အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာသည်။
အစောပိုင်းက ရှင်းလင်ကြယ်နယ်မြေသခင်၏အမူအယာများသည် သရုပ်ဆောင်မှုသက်သက်ဖြစ်နေမည်ဟု သူတို့အားလုံး မျှော်လင့်ထားမိခြင်းမရှိချေ။
"မင်း ဘယ်လိုလုပ်ပြီးတော့ ဒါကို မြင်နိုင်တာလဲ"
ရှင်းလင်ကြယ်နယ်မြေသခင်သည် ဤကိစ္စကို ယုံကြည်ရန်ခက်ခဲနေဆဲပင်။
သူ၏ကျင့်ကြံဆင့်နယ်ပယ်အရ ဤဝိုင်အရက်တွင် အဆိပ်များပါဝင်ကို သူ မည်သည်ကြောင့် မသိဘဲနေမည်နည်း။
ထို့ကြောင့် သူ ထိုဝိုင်အရက်ကိုသောက်သုံးစဥ်တွင် အခွင့်ကောင်းရှာ၍ ထိုအရာများကို သူ၏အင်္ကျီလက်အတွင်းသို့ဆွဲသွင်းကာ သူ ပြင်းထန်စွာအဆိပ်မိချင်ယောင်ဆောင်ခဲ့သည်။
လက်တွေ့ဖြစ်ရပ်မှန်မှာ သူသည် တစ်ဖက်လူ၏အနီးသို့ချဥ်းကပ်သွားပြီး ရှောင်တခင်တိုက်ခိုက်ရန် ကြံရွယ်ထားခြင်းဖြစ်သည်။
သူသည် အဆိပ်မြှားကိုထိန်းချုပ်နိုင်သရွေ့ ခန်းမအတွင်း၌ ကြွင်းကျန်သောအကြီးအကဲများနှင့်တပည့်များသည် သူ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
ထိုအချိန်ကျပါက သူသည် ဒဏ်ရာရနေသောစစ်ဗိုလ်ချုပ်ကိုဆွဲခေါ်ကာ ဤနေရာမှထွက်ခွာသွားနိုင်ပေမည်။
သို့ရာတွင် လုယွီ၏ထွက်ပေါ်လာမှုကြောင့် သူ၏အစီအစဥ် လုံးလုံးလျားလျား ရှုပ်ထွေးသွားခဲ့သည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မင်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ကောင်းကောင်းထိန်းချုပ်မထားနိုင်ဘူး...မင်း ဝင်လာတဲ့အချိန်ကတည်းက တစ်ဖက်လူက မင်းကို သတိထားနေတယ်...သူက မင်းကို အမြဲတမ်း သတိမလပ်စောင့်ကြည့်နေတာ...မင်း သူ့ကို ရှောင်တခင်ဝင်ပြီးတော့ တိုက်ခိုက်နိုင်မယ့်အခွင့်အရေးမျိုး ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
ထိုစကားကိုကြားချိန်တွင် အဆိပ်မြှား၏မျက်လုံးများ တောက်ပသွားသည်။
"မင်းရဲ့စူးစမ်းလေ့လာမှုစွမ်းရည်က တော်တော်လေးကောင်းတာပဲ...အခု မင်း သေလို့ရပြီ"
ထိုသို့ပြောဆိုပြီးနောက် အဆိပ်မြှား၏အင်္ကျီလက်အတွင်းမှ ရွှေရောင်မြှားတစ်စင်းထွက်လာကာ လုယွီထံဦးတည်၍ တိုးဝင်သွားသည်။
ဝှစ်...
ထိုမြှားသည် လေဟာနယ်ကိုထွင်းဖောက်သွားကာ စူးရှရှလေတိုးသံများ ထွက်ပေါ်လာသည်။
အနက်ရောင်အရိပ်တစ်ရိပ် ဖြတ်သန်းသွားသည်ကိုသာ တွေ့မြင်ရပြီး ထိုမြှားသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မည့်အလားပင်။သာမာန်လူများသည် ဤမြှားအနီးသို့ပင် ချဥ်းကပ်နိုင်မည်မဟုတ်ချေ။
ထက်ရှသောမြှား၏နောက်တွင် အနက်ရောင်အရိပ်များက ရှည်လျားသောအမြှီးတစ်ခုအလားကပ်လိုက်နေကာ ထိုမြှား၏သဲလွန်စကို ဖမ်းဆုပ်နိုင်ရန် လွန်စွာခက်ခဲပေမည်။
"ဒါက အဆင့်မြင့်အကြီးအကဲအဆိပ်မြှားရဲ့ နာမည်ကျော်ကြားတဲ့ နည်းစနစ်တစ်ခုပဲ"
"ဒီကောင်လေးကတော့...မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားမှာကို ငါ စိုးရိမ်မိတယ်"
ပတ်ဝန်းကျင်ရှိလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး နောက်သို့ဆုတ်ခွာလိုက်ကြသည်။
အဆိပ်မြှားကဲ့သို့လူတစ်ယောက် တိုက်ခိုက်စဥ်တွင် ထွက်ပေါ်လာသောစွမ်းအားသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးရန် လုံလောက်သည်။တခြားသူများသည် ထိုစွမ်းအားများ သူတို့အပေါ်သက်ရောက်လာမည်ကို စိုးရိမ်သဖြင့် အနီးသို့ချဥ်းကပ်ဝံ့ခြင်းမရှိပေ။
ဘုန်း....
ထိုရွှေရောင်မြှားသည် လုယွီနှင့် မီတာအနည်းငယ်ခန့်အကွာတွင် ပေါက်ကွဲသွားသည်။
ပြင်းထန်သောရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤသည်မှာ အလွန်တောက်ပသဖြင့် လူအများသည် သူတို့၏မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။
Chapter 3601
ထိုရွှေရောင်မြှား ပေါက်ကွဲသွားခြင်းနှင့်အတူ ထွက်ပေါ်လာသော လေလှိုင်းများက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့နှံ့သွားသည်။
သို့ရာတွင် ထိုစွမ်းအားလှိုင်းများ တည်ငြိမ်သွားချိန်တွင် လူတိုင်းဂရုတစိုက်ကြည့်လိုက်ကြရာ လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ကာ ဆံချည်တစ်မျှင်စာမျှပင် ရွေ့လျားသွားခြင်းမရှိကြောင်း သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
လုယွီ၏ရှေ့တွင် လေထုအတွင်း၌ မမြင်နိုင်သောနံရံကြီးတစ်ချပ်ရှိနေသည့်အလား သူ့အား တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားသည်။ထိုရွှေရောင်မြှားသည် သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူသည် ရုတ်တရက် ခြေလှမ်းတစ်လှမ်းနောက်ဆုတ်ကာ လုယွီနှင့်အဝေးသို့ ဆုတ်ခွာလိုက်၏။
ပတ်ဝန်းကျင်ရှိလူများသည် သူ့လုပ်ရပ်များ၏ဆိုလိုရင်းကို မသိကြချေ။
သို့ရာတွင် အဆိပ်မြှားသည် အလွန်သတိကြီးစွာထားနေသည်။
ရှင်းလင်ကြယ်နယ်မြေသခင် ဤနေရာသို့ရောက်ရှိလာချိန်ကတည်းက အဆိပ်မြှားသည် ထိုမြှားကို သူ၏အင်္ကျီလက်အတွင်း၌ဖွက်ထားကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို စုဆောင်းနေခဲ့သည်။
ယခုချိန်တွင် သိပ်သည်းထားသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရုတ်တရက် ပွင့်အံ့ထွက်လာသည့်တိုင် လုယွီကိုသတ်ဖြတ်နိုင်ခြင်းမရှိချေ။ဤသည်မှာ ပြဿနာတစ်ရပ်ကို ဖြေရှင်းပြီးသား ဖြစ်သွားခဲ့သည်။
တစ်ဖက်လူသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက် ပို၍သန်မာနေမည်မှာ သေချာပေါက်ပင်။အဆိပ်မြှားသည် ကျင့်ကြံခြင်းလောကအတွင်း၌ ကျင်လည်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူသည် အလွန်အမင်းသတိကြီးသူတစ်ယောက်ဖြစ်သည်။
"မင်းက ဘယ်သူလဲ"
အဆိပ်မြှားက လုယွီကို စူးစိုက်၍ကြည့်လိုက်၏။
လုယွီက လှောင်ပြောင်သရော်လိုက်သည်။
"ဘာလဲ...မင်း ဒီလောက်မြန်မြန်ကြီး မေ့သွားပြီလား...ငါ ဝမ်မူကျီးကို သတ်တဲ့အချိန်တုန်းက မင်း ငါ့ကို အလွတ်မပေးဘူးလို့ ပြောခဲ့တာလေ...အခု မင်းရဲ့ရုပ်ခန္ဓာကိုယ်ပြောင်းထားလို့ မင်းရဲ့မှတ်ဥာဏ်တွေပါ ပြောင်းသွားတာလား"
မှတ်ဥာဏ်တစ်ခုက ချက်ချင်းဆိုသလိုပင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏စိတ်အတွင်းသို့ တိုးဝင်လာသည်။
ယခင်တုန်းက သူ ခန္ဓာကိုယ်အပိုင်စီးရန် မလိုအပ်ချေ။
ဝမ်မူကျီး၏ခန္ဓာကိုယ်အတွင်း၌ သူ ချန်ထားခဲ့သော နတ်ဆိုးမျိုးစေ့ကို တစ်စုံတစ်ယောက်မှထုတ်ယူနေသောကြောင့် သူသည် ထိုလူအား အကွက်ချကြံစည်ရန် တွေးတောခဲ့သည်။
သို့ရာတွင် ထိုအစား သူသည် တန်ပြန်ဒဏ်ခံစားရမည်ဟု သူ မျှော်လင့်မထားမိချေ။အဆုံးသတ်၌ သူ၏ရုပ်ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ရကာ တခြားခန္ဓာကိုယ်တစ်ခုကို အပိုင်စီးနိုင်ရန်အတွက် သူ တစ်နှစ်တာ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရသော မှော်စွမ်းအားများကို အသုံးပြုခဲ့ရသည်။
ခန္ဓာကိုယ်အပိုင်စီးခြင်းသည် ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်လို့ရသည့် ကိစ္စမျိုးမဟုတ်ချေ။
ဤသည်မှာ တစ်စုံတစ်ယောက်၏ကံကြမ္မာကို ပြောင်းလဲနိုင်သည့် မိုးကောင်းကင်ကိုဖီဆန်သည့် နည်းလမ်းမျိုးဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် ဘဝတသက်တာတွင် တစ်ကြိမ်သာအသုံးပြုနိုင်သည်။
တခြားစကားပြောင်းဆိုရလျှင် အဆိပ်မြှားသည် ထိုနည်းလမ်းကို တစ်ကြိမ်အသုံးပြုပြီးဖြစ်သဖြင့် ထိုကဲ့သို့ သေစေနိုင်သောအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက သူ၏ကိုယ်ပိုင်အသက်ဖြင့်သာ ခုခံရပေမည်။
ဤသည်မှာ အသက်ကယ်နည်းလမ်းတစ်ခုကို အလဟဿလွှင့်ပစ်လိုက်သည်နှင့် တူညီသည်။
"မကောင်းတော့ဘူး...တခြားအကြီးအကဲတွေကို သွားခေါ်လိုက်စမ်း"
အဆိပ်မြှားက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
သူသည် လုယွီ၏သရုပ်မှန်ကို သိရှိသွားလေပြီ။
ရေအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံး ကြီးမားစွာရှုပ်ထွေးနေကာ ပတ်ဝန်းကျင်ရှိ ဂိုဏ်းအင်အားစုများကိုစုဝေးပြီး ရှင်းလင်ကြယ်နယ်မြေအုပ်ချုပ်ရေးအဖွဲ့၏ အကျိုးစီးပွားများကို တိုက်စားနေခဲ့သည်။ဤကိစ္စများအားလုံးသည် လုယွီကို ဟန့်တားရန်အတွက်ပင်။
သို့ရာတွင် သူ မည်မျှပင်တွေးတောပါစေ လုယွီသည် ဤနေရာသို့ရောက်ရှိလာမည်ဟု သူ တွေးတောမိခြင်းမရှိချေ။
"ဒါက နောက်ကျသွားပြီ"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
သူသည် ရုတ်တရက် ခေါင်းဖြတ်ဆေဘာဓားကိုဆင့်ခေါ်ကာ သူ၏နံဘေးပတ်ဝန်းကျင်၌ အစွမ်းထက်သော ဆေဘာဓားစိတ်ဆန္ဒတစ်ရပ် ထွက်ပေါ်လာသည်။
ထိုဆေဘာဓားစိတ်ဆန္ဒသည် လေထုအတွင်းသို့ မြင့်တက်သွားကာ မိုးကောင်းကင်ယံကို ဖြတ်ပိုင်းသွားတော့မည့်အလားပင်။
အစွမ်းထက်သောဆေဘာဓားစိတ်ဆန္ဒကြောင့် သူ၏နံဘေးပတ်ဝန်းကျင်တွင် လေပြင်းများပင် မွှေ့ယမ်းတိုက်ခတ်နေသည်။တချို့လူများ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ လုယွီ၏ဆေဘာဓားစိတ်ဆန္ဒကို ကြည့်ဝံ့ခြင်းမရှိချေ။သူတို့၏မျက်လုံးများကို ပြင်းထန်သောဆေဘာဓားစိတ်ဆန္ဒ လာရောက်ရိုက်ခတ်သည့်အလား သူတို့၏မျက်လုံးများကို မဖွင့်နိုင်တော့ပေ။
ဘုန်း...
ထို့နောက်မှနေ၍ ဆေဘာဓားချက် ကျရောက်လာသည်။
အစွမ်းထက်သောဆေဘာဓားချီကြောင့် လုယွီ၏ရှေ့ရှိမြေပြင် ရုတ်တရက် ကွဲထွက်သွားသည်။
အောက်ခြေမမြင်နိုင်သော အက်ကွဲကြောင်းကြီးတစ်ခုက လုယွီ၏ခြေထောက်အောက်မှ ထွက်ပေါ်လာကာ အဝေးတစ်နေရာထိ ပျံ့နှံ့သွားလေ၏။
ဤအစွမ်းထက်သောဆေဘာဓားချီသည် အဆိပ်မြှားထံသို့ ရောက်ရှိသွားကာ သူ့အား အစွမ်းကုန်ခုတ်ပိုင်းလိုက်သည်။
"မဟုတ်ဘူး..."
အဆိပ်မြှားထံမှနေ၍ လက်မခံလိုသောအော်သံကြီး ထွက်ပေါ်လာသည်။
ဤရက်စက်ကြမ်းကြုတ်သော ဓားချီအောက်တွင် သူ၏ခန္ဓာကိုယ်မှသွေးများအားလုံး စီးဆင်းမှုရပ်တန့်သွားသည့်အလား သူ ခံစားမိလေ၏။
သူသည် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများအားလုံးကို နှိုးဆွကာ ထိုဆေဘာဓားချက်ကို ဟန့်တားရန်အတွက် မှော်နည်းစနစ်တစ်ခုကို အသုံးပြုလိုခဲ့သည်။
သို့ရာတွင် ဤလုပ်ရပ်များအားလုံးသည် အသုံးမဝင်ချေ။
ဤဓားချက်ကြောင့် ကောင်းကင်နှင့်မြေပြင်ပင် အရောင်ပြောင်းလဲသွားပုံရသည်။အဆိပ်မြှား၏ကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် ဤဆေဘာဓားချီဖြင့် နှိုင်းယှဥ်ပါက အလွန်သေးငယ်နေပေ၏။