← Chapters

အခန်း (၃၆၁၀-၃၆၁၃)

Vol. 184 Ch. 3610-3613

အခန်း (၃၆၁၀-၃၆၁၃)

Vol. 184 Ch. 3610-3613

Chapter 3610

"မင်းတို့ကိုယ်မင်းတို့ အထင်ကြီးမနေကြစမ်းနဲ့...သူတို့ကို တိုက်ခိုက်ကြစမ်း"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထန်ယောင်ရှင်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူ၏လက်ကိုဝှေ့ယမ်းကာ လန်ဝူရှင်းနှင့်ရှင်းလင်ကြယ်နယ်မြေသခင်ထံသို့ လက်ညှိုးညွှန်လိုက်၏။

ယခုချိန်တွင် အစွမ်းထက်ဆုံးဖြစ်သောလုယွီကို ဖိနှိပ်ထားပြီးဖြစ်သဖြင့် ကြွင်းကျန်သောနှစ်ယောက်သည် ပုရွက်ဆိတ်များသာသာပင်။သူတို့အားထည့်တွက်ရန် အနည်းငယ်မျှပင် မလိုအပ်ချေ။

ပြင်းထန်စွာဒဏ်ရာရရှိထားသော အဆိပ်မြှားမှလွဲ၍ တခြားအဆင့်မြင့်အကြီးအကဲရှစ်ယောက်၏မျက်လုံးများ တောက်ပသွားကာ သူတို့နှစ်ယောက်ထံသို့ ဦးတည်၍ ပျံသန်းသွားလေသည်။

"ငါတို့က သူ့ကို အနိုင်မယူနိုင်ဘူး....ဒါပေမယ့် မင်းတို့နှစ်ယောက်ကို အနိုင်ယူဖို့အတွက်ကတော့ လုံလောက်တာထက်ပိုတယ်"

အဆင့်မြင့်အကြီးအကဲများတစ်ယောက်က အေးစက်စက်ရယ်မောသံနှင့်အတူပြောဆိုကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

လန်ဝူရှင်းသည် ထိုစကားကိုကြားချိန်တွင် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားလေ၏။

"လာကြစမ်း...မင်းတို့ တာအိုဂိုဏ်းကခွေးကောင်တွေ ခုလတ်တလောမှာ ဘယ်လောက်ထိတိုးတက်လာလဲဆိုတာ ငါ ကြည့်အုံးမယ်"

ထိုသို့ပြောဆိုပြီးနောက် လန်ဝူရှင်းသည် သူ၏ဓားချီကိုထိန်းချုပ်ကာ ရှေ့သို့ တရကြမ်းတိုးဝင်လိုက်သည်။

အစောပိုင်းတွင် အခြေအနေကို အကဲခတ်စောင့်ကြည့်နေသော ရှင်းလင်ကြယ်နယ်မြေသခင်သည် လန်ဝူရှင်းကို လုယွီဘက်မှလူဖြစ်နေကြောင်း သိရှိသွားလေပြီ။ထို့ကြောင့် သူသည် ဖရိုဖရဲတိုက်ပွဲအတွင်းတွင် ပါဝင်ဆင်နွှဲလိုက်၏။

နှစ်ဖက်အကြားတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု စတင်၍ဖြစ်ပွားလာတော့သည်။

လန်ဝူရှင်းသည် အထွတ်အထိပ်ဂိုဏ်း၏ဂိုဏ်းချုပ်နေရာဖြင့် အမှန်တကယ်ကို ထိုက်တန်သူပင်။တိုက်ပွဲအတွင်း၌ သူသည် လူခြောက်ယောက်ကို သူ၏စွမ်းအားဖြင့် တပြိုင်နက်တည်း ထိန်းထားနိုင်သည်။သူသည် အချိန်တိုအတွင်းတွင် အရေးနိမ့်မသွားသော်လည်း သူ၏လက်သီးနှစ်ဖက်ဖြင့် လူအများကိုယှဥ်ပြိုင်တိုက်ခိုက်ရန် ခက်ခဲပေရာ ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရသည်။

ရှင်းလင်ကြယ်နယ်မြေသခင်ကမူ သူသည် အဆင့်မြင့်အကြီးအကဲတစ်ယောက်၏ ဖိအားပေးတိုက်ခိုက်ခြင်းကိုခံနေရကာ နောက်သို့အဆက်မပြတ်ဆုတ်နေရသည်။

တော်ဝင်နန်းတွင်းသည် အရာရှိများကိုရွေးချယ်ရာ၌ ခွန်အားကို ကြည့်ရှုသော်လည်း အဓိကအရေးကြီးဆုံးမှာ အုပ်ချုပ်ရေးကို စီမံခန့်ခွဲနိုင်စွမ်းပင်။

ထို့ကြောင့် ရှင်းလင်ကြယ်နယ်မြေသခင်သည် တိုက်ခိုက်ရေးတွင် အလွန်ထူးချွန်ခြင်းမရှိချေ။သို့ရာတွင် ကံအကြောင်းမလှစွာဖြင့် သူ၏လက်အောက်မှ စစ်ဗိုလ်ချုပ်များအားလုံးသည် ရေအင်မော်တယ်ဂိုဏ်း၏စောင့်ကြည့်ခြင်းကို ခံနေရသဖြင့် သူတစ်ယောက်တည်း တိုက်ခိုက်ရန်သာ တတ်နိုင်တော့သည်။

သို့ရာတွင် သူ၏စွမ်းအားသည် အဆင့်မြင့်အကြီးအကဲများကို ယှဥ်ပြိုင်နိုင်ရန် လွန်စွာအလှမ်းကွာဟပေ၏။

ထန်ယောင်ရှင်းသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီးနောက် စိတ်ဝင်စားမှုအပြည့်ဖြင့် ဝင်္ကပါအတွင်းမှလုယွီကို ကြည့်လိုက်သည်။

"အဲ့ဒီလူနှစ်ယောက်က မကြာခင်မှာပဲ မင်းကြောင့် သေရတော့မယ်...မင်းလည်း ငါတို့တာအိုဂိုဏ်းရဲ့ မဟာဝင်္ကပါကြီးအောက်မှာ သေရလိမ့်မယ်"

"ဒါပေမယ့် ဘာမှမစိုးရိမ်နဲ့....မင်း သေသွားပြီးရင် ငါက မင်းရဲ့ပုံစံအတိုင်း ရုပ်သေးတစ်ရုပ်လုပ်ပေးမယ်...မင်း တခြားနည်းလမ်းနဲ့ အသက်ဆက်ရှင်နိုင်မယ်...အဲ့ဒီအချိန်ကျရင် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံး ငါတို့တာအိုဂိုဏ်းရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ...ဟား ဟား ဟား...."

ထိုစကားကို လုယွီကြားချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ရုတ်တရက်ခြေတစ်လှမ်းရှေ့တက်ကာ ဝင်္ကပါကြီးကို သူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။

မမျှော်လင့်ဘဲ လေဟာနယ်အတွင်း၌ ထူထပ်သိပ်သည်းသော တာအိုကျမ်းစာနံရံတစ်ချပ် ထွက်ပေါ်လာသည်။ထိုကျမ်းစာမှ စာလုံးတစ်လုံးစီတိုင်းမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

လုယွီ၏လက်သီးချက်သည် အစွမ်းထက်သော်လည်း ဝင်္ကပါကြီးကို ချိုးဖျက်နိုင်ခြင်းမရှိချေ။

ထန်ယောင်ရှင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သရော်တော်တော် ရယ်မောလိုက်သည်။

"မင်း အတွင်းကနေပြီး ဒီဝင်္ကပါကို ချိုးဖျက်နိုင်ဖို့ ကြိုးစားနေစရာမလိုဘူး...ဒီရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါက ငါတို့ဂိုဏ်းရဲ့အစွမ်းထက်ဆုံးဝင်္ကပါဖြစ်ပြီးတော့...ဂိုဏ်းရဲ့မြေအောက်မှာရှိတဲ့ နဂါးသွေးကြောနဲ့ချိတ်ဆက်ထားတယ်....မင်းမှာ ဘယ်လိုကျင့်ကြံဆင့်နယ်ပယ်မျိုးပဲရှိနေနေ ဒီဝင်္ကပါကြီးကိုချိုးဖျက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ဒီနေ့ မင်း ဒီနေရာမှာပဲ သေရမယ်"

အဆင့်မြင့်အကြီးအကဲအဆိပ်မြှားက ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာနှင့်ပြောဆိုသည်။

"အရှင်...သူ့ရဲ့အလောင်း ကျွန်တော်ကိုလွှဲပေးပါ....ကျွန်တော်က သူ့ကို ရုပ်သေးလုပ်ပြီးတော့...ကျွန်တော်ကို ဒေါသထွက်အောင်လုပ်တဲ့ အကျိုးဆက်ကို တခြားလူတွေသိအောင် ပြရမယ်"

သူသည် လူအမြောက်အများရှေ့တွင် နံရံအတွင်း၌ စိုက်ဝင်နေသဖြင့် သူ၏နာမည်ဂုဏ်သတင်း အလွန်အမင်း ထိခိုက်ပျက်စီးသွားလေပြီ။

အကယ်၍ လုယွီသေဆုံးသွားလျှင်ပင် သူသည် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ရယ်စရာပြက်လုံးကြီးအဖြစ် အချိန်အတော်ကြာ ရှိနေပေမည်။

အဆိပ်မြှားသည် အလွန်မောက်မာထောင်လွှားသော အကျင့်စရိုက်ရှိသူပင်။မည်သည့်နည်းဖြင့် ဤကဲ့သို့ဖြစ်ပျက်လာမည်ကို သည်းခံနိုင်မည်နည်း။

ယခုချိန်တွင် လုယွီသည် ဝင်္ကပါကြီးအတွင်း၌ လှောင်ပိတ်မိနေသည်ကိုကြည့်ပြီး အဆိပ်မြှားသည် အလွန်အမင်းဝမ်းမြောက်ပျော်ရွှင်နေပေ၏။သူသည် ယခုချက်ချင်း ဝင်္ကပါအတွင်းသို့ပြေးဝင်ကာ လုယွီ၏အရိုးများကို မီးရှို့၍ ပြာများကို ဖြန့်ကြဲလိုစိတ်များပင် တဖွားဖွားပေါ်ပေါက်နေသည်။

လုယွီသည် ထိုလူနှစ်ယောက်ကို စောင်းငဲ့ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။

"ဒီဝင်္ကပါက ငါ့ကိုလှောင်ပိတ်ထားနိုင်မယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား...ကောင်းပြီလေ....ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံးက ရေတွင်းအောက်ခြေက ဖားသူငယ်တွေပဲ...ဒီနေ့ ငါ ဒီဝင်္ကပါကို ဘယ်လိုဖြိုခွင်းမလဲဆိုတာ မင်းတို့ကို ကြည့်ခွင့်ပြုလိုက်မယ်"

Chapter 3611

လုယွီသည် ထိုစကားကိုပြောဆိုပြီးသည်နှင့် သူ၏လက်ကိုဆန့်တန်းကာ လေဟာနယ်တစ်နေရာထံဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။

မြောက်မြားစွာသောအေးစက်စက်ယင်ချီများသည် ချက်ချင်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာသည်။ထိုအေးစက်မှုသည် အရိုးခိုက်သည်အထိ အေးစက်ကာ လူအများ၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားစေနိုင်စွမ်းရှိသည်။

ထိုအေးစက်စက်ယင်ချီများအကြားမှနေ၍ မြင့်မားသောနန်းတော်ကြီးတစ်ခုက လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။

ဤနန်းတော်သည် ကိုးကျန်းခန့်မြင့်မားကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါရှိသည်။ထိုနန်းတော်ကြီးတွင် အလွန်မြင့်မားသောတိုင်လုံးများရှိကာ နန်းတော်တစ်ခုလုံးကို ထူထပ်သိပ်သည်းသောမြူခိုးများ ရစ်ပတ်လွှမ်းခြုံနေသည်။နန်းတော်၏ခေါင်မိုးတွင် ထူးဆန်းသေူသရဲတစ္ဆေမျက်နှာများကို ထွင်းထုထားလေ၏။ထိုအရာများသည် မနှစ်မျို့ဖွယ်မျက်နှာများဖြစ်ကာ ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာများရှိနေသည်။

မြေအောက်လောက အကန့်အသတ်မဲ့ဝင်္ကပါ....

"ချိုးဖျက်စမ်း..."

လုယွီ၏အသံနှင့်အတူ ဝင်္ကပါမှဖွဲ့စည်းထားသော မြေအောက်လောကအသူရာခန်းမသည် ကြီးမားကျယ်ပြန့်လာကာ နန်းတော်ပုံရိပ်ယောင်ကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

ဝုန်း...ဝုန်း...ဝုန်း...

တစ်ချိန်တည်းမှာပင် ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးမှ ရွှေရောင်အလင်းတန်းများ မြင့်တက်လာသည်။ထို့နောက် ရေအင်မော်တယ်ဂိုဏ်းမှ တောင်တန်းများအားလုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာပေ၏။

ဤဝင်္ကပါကြီးသည် ရေအင်မော်တယ်ဂိုဏ်း၏မြေအောက်တွင်ရှိသော နဂါးသွေးကြောနှင့်ချိတ်ဆက်၍ ဖွဲ့စည်းထားခြင်းပင်။

ဤဝင်္ကပါကိုချိုးဖျက်ရန် ခက်ခဲနေသောအကြောင်းအရင်းမှာ ထိုနဂါးသွေးကြောကြောင့်ဖြစ်သည်။ဤဝင်္ကပါကို ချိုးဖျက်လိုသော တစ်စုံတစ်ယောက်ထံတွင် အနည်းဆုံးအနေဖြင့် ထိုနဂါးသွေးကြော၏စွမ်းအားကို တောင့်ခံနိုင်စွမ်းရှိရပေမည်။

ရေအင်မော်တယ်ဂိုဏ်းသည် သူတို့၏ဂိုဏ်း အခြေခံအုတ်မြစ်ကို တည်ဆောက်ရာ၌ အကန့်အသတ်မရှိသောတောင်တန်းနေရာကို ရွေးချယ်ထားသဖြင့် တစ်စုံတစ်ယောက်သည် ဂိုဏ်း၏နယ်နမိတ်များကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။ဤတောင်တန်းများသည် ယို့ကျိုးစီရင်စု ဝေ့စီရင်စုနှင့်ထန်စီရင်စုတို့၌ သွယ်တန်းနေသည်။ရှင်းလင်ကြယ်နယ်မြေပေါ်၌ ဤသည်မှာ အကြီးမားဆုံးတောင်စဥ်တောင်တန်းကြီးပင်။ဤအရာ၏အခြေခံအုတ်မြစ်သည် အလွန်တည်ငြိမ်ပြီး လွယ်လင့်တကူလှုပ်ခတ်နိုင်မည်မဟုတ်ချေ။

ဤကဲ့သို့နဂါးသွေးကြောတစ်ခု၏စွမ်းအားကို ဝင်္ကပါအတွင်း၌ စုဝေးထားသဖြင့် ဝင်္ကပါတစ်ခုလုံးကို အနည်းငယ်မျှ လှုပ်ခတ်၍မရနိုင်ဖြစ်စေသည်။

သို့ရာတွင် ရေအင်မော်တယ်ဂိုဏ်း အလွန်ဂုဏ်ယူဝင့်ကြွားရသော ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါသည် ဤအချိန်အခိုက်အတန့်တွင် ပြင်းပြင်းထန်ထန် တုန်ခါနေလေပြီ။

"ဒါက မဖြစ်နိုင်ဘူး"

ထန်ယောင်ရှင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူ၏လက်များဖြင့် လက်သင်္ကေတများကို အဆက်မပြတ်ဖွဲ့စည်းကာ ဝင်္ကပါကြီးပေါ်သို့ ကျရောက်သွားစေသည်။

မူလက သူသည် အနိုင်ရလဒ်ကိုဆုပ်ကိုင်နိုင်ပြီဟု တွေးထင်ခဲ့သော်လည်း အပြောင်းအလဲတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။

ထို့ပြင် ယခင်က မောက်မာဝံ့ကြွားနေသော အဆိပ်မြှားသည် ယခုချိန်၌ ထောင့်တစ်နေရာတွင်ကွေးကောက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

လုယွီသည် ဝင်္ကပါအတွင်း၌ လှောင်ပိတ်မိနေဆဲဖြစ်သော်လည်း ထွက်ပေါ်လာသောစွမ်းအားသည် သူ့အား အလွန်တုန်လှုပ်ချောက်ချားစေပေ၏။

လုယွီသည် ဝင်္ကပါကြီး၏အလယ်၌ မတ်တတ်ရပ်နေကာ နတ်ဘုရားတစ်ပါးအလား သူ၏မျက်လုံးအတွင်းမှ အလင်းတန်းများဖြာထွက်နေသည်။

"မင်းတို့ရဲ့ဝင်္ကပါက နဂါးသွေးကြောနဲ့ချိတ်ဆက်ထားမှတော့ ဒီနေ့ ငါ မင်းတို့ရဲ့ဂိုဏ်းကို ဖျက်ဆီးပြမယ်"

လုယွီ၏အော်ငေါက်သံနှင့်အတူ သူ၏ခြေထောက်အောက်ရှိ မြေအောက်လောကအသူရာခန်းမ တဖန်ပြန်၍ ကြီးမားကျယ်ပြန့်လာကာ ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးကို တိုက်ရိုက်ချိုးဖျက်လိုက်တော့သည်။

ဝုန်း....ဝုန်း....

ရုတ်ချည်းဆိုသလိုပင် ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ တောင်များအားလုံးထံမှနေ၍ ရုတ်တရက် ကျယ်လောင်သောတုန်ခါသံများ ထွက်ပေါ်လာသည်။

ကြီးမားသောတောင်ထိပ်များသည် ရုတ်တရက် အလယ်မှနေ၍ ပြိုကျပျက်စီးသွားလေ၏။သဲမှုန်များနှင့်ကျောက်တုံးများက နေရာအနှံ့အပြားသို့ဖြာကျလာကာ ဖုန်မှုန့်များက နေရာအနှံ့အပြားသို့ မြင့်တက်သွားသည်။

"တောင်ထိပ်တွေ ပြိုကျနေပြီ"

"ပြေးကြ....ပြေးကြတော့"

တောင်ထိပ်များပေါ်တွင်ရှိနေသော တပည့်များအားလုံး ထိတ်လန့်တကြားဖြင့် အောက်သို့အပြေးဆင်းကြတော့သည်။

သူတို့ ပြေးဆင်းလာစဥ်မှာပင် သူတို့၏နောက်ရှိတောင်ထိပ်များ ထပ်မံ၍တုန်ခါလာကာ တစ်ခုပြီးတစ်ခု ထပ်မံ၍ပြိုကျနေလေသည်။

ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ တောင်ထိပ်၁၇၀လုံး လုံးလုံးလျားလျား ပြိုကျပျက်စီးသွားလေပြီ။

အကြီးအကဲခန်းမရှိရာ တောင်ထိပ်ပင်လျှင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။

ဤနေရာ၌ မတ်တတ်ရပ်နေသော တပည့်များအားလုံး အရပ်မျက်နှာအဘက်ဘက်သို့ ထွက်ပြေးကြတော့သည်။

လန်ဝူရှင်းနှင့်တိုက်ခိုက်နေသော အကြီးအကဲများပင်လျှင် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။သူတို့အားလုံးသည် မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်လိုက်ကြ၏။

သူတို့သည် ယခုချိန်၌ ဆက်လက်၍တိုက်ခိုက်လိုခြင်းမရှိတော့ချေ။သူတို့တစ်ယောက်ချင်းစီထံတွင် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာအမူအယာများရှိနေကာ သူတို့ရှေ့ရှိ ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးကို စူးစိုက်၍ကြည့်နေကြသည်။

ဤသည်မှာ သူတို့ဂိုဏ်း၏အစွမ်းထက်ဆုံးဝင်္ကပါပင်။

ဤဝင်္ကပါဖြင့်ပင် လုယွီကို လှောင်ပိတ်ထားနိုင်ခြင်းမရှိသလော....

သူတို့အားလုံး များစွာမတွေးတောနိုင်သေးမီမှာပင် ကျယ်လောင်သောအက်ကွဲသံတစ်သံက သူတို့၏ခြေထောက်များအောက်ရှိ မြေပြင်မှထွက်ပေါ်လာသည်။

အကြီးအကဲတောင်ထိပ် ပြိုလဲစပြုလာလေပြီ။

Chapter 3612

အကြီးအကဲတောင်ထိပ်သည် ရေအင်မော်တယ်ဂိုဏ်း၌ အမြင့်မားဆုံးတောင်ထိပ်ပင်။

ဤသည်မှာ တောင်များအားလုံး၏ဗဟိုချက်ဖြစ်ပြီး တောင်တန်းပရဝုဏ်တစ်ခုလုံး၏ အားအကောင်းဆုံးတည်ရှိမှုကြီးဖြစ်သည်။

သို့ရာတွင် လုယွီသည် မှော်မန္တန်ကိုရွတ်ဆိုပြီးနောက် အကြီးအကဲတောင်ထိပ်တစ်ခုလုံး အပျက်အယွင်းအဖြစ်သို့ ရောက်ရှိစပြုလာသည်။

မြေပြင်ပေါ်၌ ပြိုလဲနေသော အဆောက်အအုံနံရံများက နေရာအနှံ့အပြား၌ရှိနေသည်။တိမ်စိုင်များအတွင်းထိ ထွင်းဖောက်ဝင်ရောက်နေသည့် အလယ်မှနေ၍ ပြိုကျသွားကာ တောင်ကတုံးမျှသာ ကျန်ရှိတော့သည်။

အကြီးအကဲခန်းမသည်လည်း အပျက်အစီးများအကြားတွင် နစ်မြုပ်နေလေ၏။

"မင်း...."

ထန်ယောင်ရှင်းသည် မြေပြင်ပေါ်သို့လဲကျသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေမှုန့်အလိမ်းလိမ်းကပ်သွားတော့သည်။ယခင်က သူ၏အဖြူရောင်ဝတ်စုံသည်လည်း ယခုလက်ရှိချိန်တွင် ဖုန်မှုန့်များဖြင့် ပေကျံနေလေပြီ။

သူသည် လုယွီ၏နောက်မှ ယင်ချီများထုတ်လွှတ်နေဆဲဖြစ်သော မြေအောက်လောကအသူရာခန်းမကြီးကို ကြည့်လိုက်သည်။ဤအချိန်အခိုက်အတန့်တွင် သူ အံ့အားသင့်တုန်လှုပ်နေကာ သူ၏မျက်လုံးများ ကြက်သေသေနေသည်။

အစောပိုင်းက လုယွီသည် ဝင်္ကပါကြီးအတွင်း၌ လှောင်ပိတ်မိနေကာ သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သို့ရာတွင် အချိန်မည်မျှ ကြာမြင့်သေးသနည်း။လုယွီသည် ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါ၏အောက်မှ လွတ်မြောက်လာခဲ့လေ၏။

ထန်ယောင်ရှင်း၏နံဘေးရှိ အဆိပ်မြှားသည် လိပ်ပြာလွင့်လူမတတ် ထိတ်လန့်ကြောက်ရွံနေသည်။

သူသည် တခြားအရာများကို ထပ်မံ၍ဂရုမစိုက်နိုင်တော့ဘဲ နောက်သို့ချာခနဲလှည့်၍ ထွက်ပြေးခဲ့တော့သည်။

အကယ်၍ သူ ဤနေရာတွင် ဆက်နေပါက သူ၏အသက် ဆုံးရှုံးသွားနိုင်သည်။

"မင်း ပြေးနိုင်မှာလား"

လုယွီက အေးစက်စက် အော်ငေါက်လိုက်၏။ထို့နောက် သူ၏လက်တစ်ဖက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးက မိုးကောင်းကင်ယံအတွင်း၌ ချက်ချင်းထွက်ပေါ်လာသည်။ထိုအရာသည် အဆိပ်မြှားပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားလေ၏။

အဆိပ်မြှားသည် အဝေးသို့ထွက်ပြေးနိုင်ခြင်း မရှိသေးချေ။

သူ၏ခန္ဓာကိုယ်အတွင်းသို့ နတ်ဘုရားမြှားထိုးဖောက်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။သူ အပိုင်စီးထားသောခန္ဓာကိုယ်သည်လည်း များစွာအစွမ်းထက်ခြင်းမရှိပေ။သူသည် ဤအချိန်ထိ တောင့်ခံထားနိုင်ရုံမျှသာရှိသည်။

ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ မိုးကောင်းကင်ယံအတွင်းမှ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ကျရောက်လာကာ အဆင့်မြင့်အကြီးအကဲအဆိပ်မြှား၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်းသို့ နစ်ဝင်သွားတော့သည်။

မြေပြင်ပေါ်၌အက်ကွဲကြောင်းများ ပျံ့နှံ့လာကာ အဆိပ်မြှားသည် မြေကြီးအတွင်း၌နစ်ဝင်နေကာ သူ သေသလောရှင်သလော မသိနိုင်ချေ။

အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသူအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

သူတို့ ဤနေရာသို့ ရောက်လာချိန်တွင် ရူးသွပ်မိုက်မဲစွာဖြင့် ရေအင်မော်တယ်ဂိုဏ်းကို အပြည့်အဝထောက်ခံကာ တော်ဝင်နန်းတွင်းနှင့်အုပ်ချုပ်ရေးအဖွဲ့ကို ပုန်ကန်လိုခဲ့သည်။

သို့ရာတွင် လက်ဝဲစစ်တပ်တပ်မှူး၏စွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

ပတ်ဝန်းကျင်ရှိ တောင်ထိပ်များအားလုံး ပြိုလဲနေသောမြင်ကွင်းသည် လူတိုင်း၏မျက်လုံးအတွင်း၌ ထင်ဟပ်နေကာ သူတို့အား ကြီးမားသောအမြင်အာရုံသက်ရောက်မှုကို ပေးစွမ်းနေသည်။

ဂိုဏ်းအင်အားစုများမှလူများသည် သူတို့၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်ကို ခံစားရကာ စိတ်စွမ်းအား အားနည်းသူတချို့သည် တိုက်ရိုက်မူးမေ့လဲကျသွားလေ၏။

"ဒါက ဒီအသက်အရွယ်နဲ့ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားမျိုးလား"

သူတို့သာမက လန်ဝူရှင်းနှင့်ရှင်းလင်ကြယ်နယ်မြေသခင်တို့သည်လည်း ကြက်သေသေသွားသည်။

လန်ဝူရှင်းသည် ဤကိစ္စအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးလေပြီ။သူသည် လုယွီ၏နည်းစနစ်အမျိုးမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးဖြစ်သည်။သူသည် အံ့အားသင့်သွားရုံသာရှိပြီး ထိုကိစ္စကို သူ လက်ခံနိုင်စွမ်းရှိသည်။

သို့ရာတွင် ရှင်းလင်ကြယ်နယ်မြေသခင်ကမူ ကွဲပြားခြားနားပေ၏။

သူသည် မူလက လက်ဝဲစစ်တပ်တပ်မှူးကို ကူညီထောက်ပံ့လိုခဲ့သည်။တော်ဝင်နန်းတွင်းမှစေလွှတ်လိုက်သော ထိုအဆင့်မြင့်အရာရှိများအားလုံးနီးပါးသည် အလွန်နာမည်ကျော်ကြားသော်လည်း ပြင်ပလောကရှိဂိုဏ်းအင်အားစုများနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့ဖြစ်သွားလေ့ရှိသည်။

စစ်ဆေးခြင်းနှင့်ညှိနှိုင်းခြင်းတို့ကဲ့သို့ ရိုးရှင်းသောနည်းလမ်းများမှလွဲ၍ ဂိုဏ်းများ၏ ရုန့်ရင်းကြမ်းတမ်းသောလုပ်ရပ်များနှင့် ရင်ဆိုင်ရချိန်တွင် ယခင်လက်ဝဲစစ်တပ်တပ်မှူးများအားလုံး မည်သို့မျှလုပ်ဆောင်နိုင်စွမ်းမရှိချေ။

သို့ရာတွင် လုယွီသည် သူ မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

ဤကဲ့သို့ သူတို့၏ဂိုဏ်းအင်အားစုများ၏ပိုင်နက်အတွင်းသို့ဝင်ကာ စည်းမျဥ်းများကိုဂရုမစိုက်ဘဲ သတ်ဖြတ်ခြင်းသည် မယှဥ်သာအောင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကာ ပြင်ပဂိုဏ်းအင်အားစုများကို ခြိမ်းခြောက်ဟန့်တားနိုင်ရန် လုံလောက်သည်။

ပြင်ပကျင့်ကြံခြင်းလောကရှိ ဂိုဏ်းအင်အားစုများနှင့် အုပ်ချုပ်ရေးအဖွဲ့အကြားရှိ ပဋိပက္ခများတွင် ရှည်လျားသောသမိုင်းစဥ်ကြီးရှိနေသည်။ထိုစစ်ဆေးခြင်းနှင့်ညှိနှိုင်းခြင်းကဲ့သို့ ရိုးရှင်းသောနည်းလမ်းများသည် ပြဿနာကိုဖြေရှင်းရန် မဖြစ်နိုင်ချေ။ဤကဲ့သို့ မိုးကြိုးပစ်ခတ်သည့်အလား ပြင်းထန်လျှင်မြန်သည့်နည်းလမ်းမျိုးဖြင့်သာ သူတို့အား ထိတ်လန့်ကြောက်ရွံမှုကို ခံစားရစေပေမည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထန်ယောင်ရှင်းသည် မြေပြင်ပေါ်မှ ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။

အစောပိုင်းက ဤမဟာဝင်္ကပါကြီးကိုထိန်းချုပ်ရာတွင် သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားအမြောက်အများ ကုန်ဆုံးသွားခဲ့သည်။သို့ရာတွင် သူ၏အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသဖြင့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

Chapter 3613

"ငါ ခုထိ မရှုံးသေးဘူး...မင်းနဲ့ငါ ထပ်ပြီးတိုက်ခိုက်ကြရအောင်"

ထန်ယောင်ရှင်းသည် ရုတ်တရက်မတ်တတ်ထရပ်ကာ သူ၏အဝတ်အစားများ လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။

ထန်ယောင်ရှင်း၏နောက်တွင် အမျိုးအမည်မသိရသော ရုပ်ထုပုံရိပ်​ယောင်ကြီး ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်သည် မျက်လုံးစုံမှိတ်ထားကာ တည်ကြည်လေးနက်သောအမူအယာဖြင့် မှော်မန္တန်သင်္ကေတတစ်ခုကို ဖွဲ့စည်းထားသော သွင်ပြင်မျိုးရှိသည်။ထိုပုံရိပ်ယောင်ကြီး၏နောက်တွင် တောက်ပသောအလင်းဘီးကြီး ထွက်ပေါ်လာကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။

ဤနတ်ဘုရားပုံရိပ်ယောင်ကြီးကို တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား တည်ကြည်လေးနက်ပြီး မြင့်မြတ်သောအရှိန်အဝါကို ခံစားမိစေသည်။ဤသည်မှာ ဘုရားကျောင်းအတွင်းတွင် နှစ်ပေါင်းများစွာ ဝတ်ပြုကိုးကွယ်ခံရသော ရုပ်ထုတစ်ခုနှင့်တူညီကာ ကိုယ်ပိုင်နတ်ဘုရားစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသည်။

ထိုပုံရိပ်ယောင်ကြီး၏နဖူးပေါ်တွင် အဝါရောင်ပန်းပွင့်အမှတ်အသားရှိနေသည်။

ဤပုံရိပ်ယောင်ကြီးသည် ကျစ်လစ်သိပ်သည်းကာ လေတိုက်ခတ်ရာတွင် လှုပ်ခတ်သွားခြင်းမရှိချေ။

ဤကြီးမားသောပုံရိပ်ယောင်ကြီး၏အောက်တွင် လုယွီ၏ခန္ဓာကိုယ်ကို ကြည့်ရသည်မှာ အလွန်အမင်းသေးငယ်ပေ၏။

ထန်ယောင်ရှင်းသည် မူလက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကြောင့် ဥာဏ်အလင်းရခဲ့ပြီး ကံကြမ္မာစွမ်းအားများကို စုဆောင်းနိုင်ခဲ့ပြီးဖြစ်သည်။ရေအင်မော်တယ်ဂိုဏ်းရှိတပည့်များအားလုံးသည် ဤရုပ်ထုကို နေ့ရောညပါ ဝတ်ပြုကိုးကွယ်ကြသဖြင့် ထိုအမွှေးနံ့သာစွမ်းအားများအားလုံးကို သူ ရယူနိုင်ခဲ့သည်။

အမှန်အားဖြင့် ဤကဲ့သို့ကျင့်ကြံနည်းစနစ်မျိုးသည် နတ်ဘုရားတစ်ပါး၏ကျင့်ကြံခြင်းနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။

အကယ်၍ ထန်ယောင်ရှင်းသည် မည်သည့်အရာကိုမျှ ကျင့်ကြံခြင်းမပြုလျှင်ပင် ထိုအမွှေးနံ့သာဆက်သခြင်းများမှတဆင့် အကျိုးကျေးဇူးများ ရရှိနေပေမည်။

"သေစမ်း..."

ထန်ယောင်ရှင်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။မြောက်မြားစွာသော ကံကြမ္မာစွမ်းအားများက သူရှိနေသောနေရာ၌ စုဝေးလာကာ နတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်း၌ ဓားရှည်တစ်လက်အဖြစ် သိပ်သည်းသွားသည်။

ဤဓားရှည်သည် အစစ်အမှန်ဓားတစ်လက်မဟုတ်ဘဲ ရေအင်မော်တယ်ဂိုဏ်းမှတပည့်များ၏ ကံကြမ္မာစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဤကံကြမ္မာစွမ်းအားများသည် သန့်စင်ပြီး အပြစ်အနာအဆာကင်းမဲ့ကာ စိတ်ဝိညာဥ်များကိုတိုက်ခိုက်ရာ၌ အလွန်ပြင်းထန်သောစွမ်းအားမျိုးရှိသည်။ထန်ယောင်ရှင်းသည် လုယွီအား ရွှမ်ထျန်းရွှေချုပ်နှောင်ခြင်းဝင်္ကပါကြီးမှ မည်သို့မျှလုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့မြင်ပြီးဖြစ်ပေ၏။လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ချွင်းချက်မရှိ သန်မာအားကောင်းကြောင်း သူ သိရှိထားသဖြင့် တခြားနည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်။သူ လုယွီ၏စိတ်ဝိညာဥ်ကို တိုက်ခိုက်ရပေမည်။

ရုတ်ချည်းဆိုသလိုပင် နတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်အတွင်းတွင် ကိုင်ဆောင်ထားသော ကံကြမ္မာဓားသည် လုယွီရှိနေသောနေရာသို့ဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဓားသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာလေပြီ။

"ဒါက မင်းရဲ့နောက်ဆုံးမှီခိုအားထားရာလား"

လုယွီသည် ဤဓားချက်၏စွမ်းအားအောက်၌ ရှိနေသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်တဝိုက်လုံး အဆုံးမရှိသောအမှောင်ထုကြီးအတွင်းသို့ ကျရောက်သွားပုံရသည်။

လေးဘက်လေးတန်ရှိ တောင်နံရံများအားလုံး ပြိုကျပျက်စီးပြီးဖြစ်သည်။ထိုအစား ထိုနေရာများသည် အလွန်ကျယ်ပြန့်နက်ရှိုင်းသော ချောက်နက်ကြီးများ ဖြစ်နေလေပြီ။ဤဓားရှည်သည် လုယွီအား ပြင်းပြင်းထန်ထန် ထိုးစိုက်ရန်အတွက် တိုးဝင်လာသည်။

လုယွီ မည်သည့်နေရာသို့ ရှောင်တိမ်းပါစေ ဤဓားချက်သည် သူ၏ရုပ်ခန္ဓာကိုယ်ကို ခုတ်ပိုင်းခြင်းမဟုတ်သဖြင့် အသုံးဝင်မည်မဟုတ်ချေ။

"ငါ နားလည်သွားပြီ...အတိတ်မှာတုန်းက မင်းကို ဥာဏ်အလင်းရစေခဲ့တဲ့သူက တာအိုဂိုဏ်းက ထိပ်သီးအစွမ်းထက်တာအိုပညာရှင်တစ်ယောက်ပဲဖြစ်မယ်....မင်းရဲ့အသိဥာဏ်တွေ ပေါက်ဖွားလာလာခြင်းမှာပဲ မင်း တွေ့ခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်လို ဖြစ်အောင်လုပ်ဖို့က မင်းရဲ့ရည်မှန်းချက်ပန်းတိုင်ဖြစ်လာတယ်...မင်းရဲ့ပုံပန်းသွင်ပြင်က မင်း မဟုတ်ဘူး....မင်းကို ဥာဏ်အလင်းရစေခဲ့တဲ့ တာအိုပညာရှင်ပဲ"

လုယွီသည် ရုတ်တရက် သူ၏ပါးစပ်ကိုဖွင့်ဟကာ ထန်ယောင်ရှင်း ဖုံးကွယ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။

ထိုစကားကိုကြားချိန်တွင် မျက်နှာဖုံးအောက်ရှိ ထန်ယောင်ရှင်း၏မျက်လုံးများအတွင်းမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

"ကြည့်ရတာတော့ ငါ မင်းကို ဒီနေ့ အသက်ရှင်ရက် ချန်ထားလို့ရမယ့်ပုံမပေါ်ဘူး"

ထန်ယောင်ရှင်း၏မျက်လုံးတစ်စုံသည် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များဖြင့် တောက်ပနေသည်။သူသည် ကံကြမ္မာဓားကို ထိန်းချုပ်လိုက်ရာ လုယွီထံသို့ ကျရောက်သွားလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဤသည်မှာ ထန်ယောင်ရှင်း၏စိတ်နှလုံးသားအတွင်း၌ အစဥ်အမြဲဖုံးကွယ်ထားသည့် အကြီးမားဆုံးလျှို့ဝှက်ချက်ပင်။

လုယွီသည် စကားတစ်ခွန်းဖြင့် ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

ဝှစ်....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုဓားရှည်သည် လုယွီ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားလေပြီ။

ထိုဓားရှည်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ထန်ယောင်ရှင်း အလွန်ပျော်ရွှင်သွားသည်။သူက ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ပြောဆိုလိုက်၏။

"မင်း ဘယ်လောက်ပဲ မောက်မာထောင်လွှားနေပါစေ....အဆုံးသတ်ကျရင် ငါ့ရဲ့ဓားချက်အောက်မှာ သေဆုံးရမှာပဲ....သေစမ်း"

ထိုသို့ပြောဆိုပြီးနောက် သူသည် လုယွီ၏တုံ့ပြန်မှုကို စောင့်ဆိုင်းခြင်းမပြုချေ။သူသည် လက်သင်္ကေတတစ်ခုကိုဖွဲ့စည်းကာ ထိုဓားရှည်မှ ကံကြမ္မာစွမ်းအားများကိုဖောက်ခွဲရန် ဟန်ပြင်လိုက်သည်။

ခြင်္သေ့တစ်ကောင်သည် ယုန်တစ်ကောင်ကိုတိုက်ခိုက်ရန်အတွက်လည်း ခွန်အားကုန်အသုံးပြုရပေမည်။

သူသည် လုယွီ၏နည်းလမ်းများကို မြင်တွေ့ပြီးဖြစ်သည်။ထို့ကြောင့် သူသည် လုယွီကို ထပ်မံ၍လျှော့မတွက်ဝံ့တော့ချေ။ယခုချိန်တွင် သူ အသာစီးရနေသဖြင့် ကံကြမ္မာစွမ်းအားများကိုဖောက်ခွဲကာ လုယွီကို သတ်ဖြတ်ရပေမည်။

All Chapters