← Chapters

အခန်း (၃၆၃၀-၃၆၃၃)

Vol. 185 Ch. 3630-3633

အခန်း (၃၆၃၀-၃၆၃၃)

Vol. 185 Ch. 3630-3633

Chapter 3630

ဤနာကျင်မှုသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးမျိုးစေ့မှလာသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ထန်ယောင်ရှင်းသည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဤနတ်ဆိုးမျိုးစေ့၏သက်ရောက်မှုအောက်တွင် နာကျင်မှုကို ခံစားနေရဆဲပင်။သူ၏ခန္ဓာကိုယ်မှ ဇောချွေးများထွက်လာကာ သူ၏မျက်နှာ အလွန်အမင်းရှုံမဲ့နေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးကောက်နေကာ နာကျင်မှုကြောင့် ပြင်းပြင်းထန်ထန် တွန့်လိမ်နေသည်။သူ၏စိတ်အတွင်းရှိ အတွေးပျောက်ကွယ်သွားမှသာ ထိုနာကျင်မှု ပျက်ပြယ်သွားတော့သည်။

"ဒါက ငါ့ရဲ့နတ်ဆိုးမျိုးစေ့ ဘယ်လိုမှမဖြစ်နိုင်ဘူး...သူက ဒီနတ်ဆိုးမျိုးစေ့မှာ ပြောင်းလဲမှုတချို့ လုပ်ထားတယ်"

ထိုအကြောင်းကိုတွေးတောရင်း ထန်ယောင်၏ခန္ဓာကိုယ်ပေါ်တွင် ဇောချွေးပြန်လာသည်။

နတ်ဆိုးမျိုးစေ့ကို ထိန်းချုပ်သောနည်းလမ်းသည် အလွန်လျှို့ဝှက်သောနည်းစနစ်တစ်ခုပင်။သူသည် ဤနည်းစနစ်ကို အခွင့်အရေးတစ်ခုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆိုသည့်တိုင် ထန်ယောင်ရှင်းသည် နတ်ဆိုးမျိုးစေ့ထိန်းချုပ်သည့်နည်းစနစ်ကို ကျွမ်းကျင်စေရန် နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ရသည်။

သို့ရာတွင် သူ အသုံးပြုနိုင်သော နတ်ဆိုးမျိုးစေ့သည် လူတစ်ယောက်၏လှုပ်ရှားမှုကိုသာ ထိန်းချုပ်နိုင်သည်။ထိုလူ၏စိတ်နှလုံးသားကို သူ ထိန်းချုပ်နိုင်ရန်အတွက်မှာမူ လွန်စွာအလှမ်းကွာဟပေ၏။

လူသားတို့၏စိတ်နှလုံးသားသည် အလွန်ရှုပ်ထွေးကာ မရေမတွက်နိုင်သောအတွေးများ ရောယှက်နေသည်။သစ္စာရှိသည်ဟုထင်ရသော လူတချို့ပင်လျှင် ရံဖန်ရံခါ၌ သူတို့၏စိတ်နှလုံးသားနက်ရှိုင်းသောနေရာမှနေ၍ သစ္စာဖောက်လိုသောအတွေးတချို့ ပေါက်ဖွားလာလေ့ရှိသည်။ထို့ကြောင့် လူတစ်ယောက်၏သစ္စာစောင့်သိခြင်းနှင့်သစ္စာဖောက်ခြင်းတို့ကို အတိအကျခန့်မှန်း၍မရနိုင်ချေ။လူအများစုသည် သူတို့၏ဘဝတသက်လုံး တစ်ဖက်လူ၏အတွေးများကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။

သို့ရာတွင် အကယ်၍ ဤနတ်ဆိုးမျိုးစေ့သည် လူတစ်ယောက်၏စိတ်နှလုံးသားကို အမှန်တကယ်ထိန်းချုပ်နိုင်သည်ဆိုပါက အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေမည်။

ထန်ယောင်ရှင်းသည် လုယွီကို ထိခိုက်နာကျင်စေလိုသော အတွေးကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်မှသာ သူ၏နာကျင်မှု ပျောက်ကွယ်သွားခဲ့သည်။

သူ၏စိတ်နှလုံးသားအတွင်းတွင် လုယွီပေါ်ထားရှိသော နာကျည်းမုန်းတီးမှုများအားလုံး ထိတ်လန့်ကြောက်ရွံခြင်းသို့ ပြောင်းလဲသွားလေပြီ။

ဤထိတ်လန့်ကြောက်ရွံမှုသည် သူ၏စိတ်နှလုံးသားအတွင်း၌ အမြစ်တွယ်နေကာ နက်ရှိုင်းသောအမာရွက်အဖြစ် ကျန်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

အနာဂတ်တွင် ထန်ယောင်ရှင်းသည် လုယွီကို ရိုသေလေးစားစွာဆက်ဆံသော လက်အောက်ငယ်သားအဖြစ်သို့ ရောက်ရှိသွားပေတော့မည်။

……

ရှင်းလင်ကြယ်နယ်မြေအလွန်၌ မှိန်ဖျော့ပြီး အလင်းရောင်မဲ့သော ကြယ်နယ်မြေတစ်ခုရှိနေသည်။

ဤသည်မှာ လက်ဝဲစစ်တပ်နယ်မြေ၏ကြယ်နယ်မြေ၃၆ခုထဲမှတစ်ခုဖြစ်သော သဲရှင်ကြယ်နယ်မြေပင်။

ရှင်းလင်ကြယ်နယ်မြေနှင့်နှိုင်းယှဥ်ပါက ဤကြယ်နယ်မြေသည် ပို၍ခြောက်ကပ်ကာ လူနေထိုင်မှုကျဲပါးသည်။နတ်ဆိုးသားရဲတချို့သာ ဤနေရာတွင် လှည့်လည်ကျက်စားကာ ပတ်ဝန်းကျင်အခြေအနေ လွန်စွာကြမ်းတမ်းသည်။

သဲရှင်ကြယ်နယ်မြေ၏၇၀ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာများဖြစ်ကာ ကျန်၃၀ရာခိုင်နှုန်း၏အများစုသည် သဲကန္တာရများဖြစ်ပေ၏။အိုအေစစ်နေရာများမှာမူ လွန်စွာရှားပါးသည်။

ထိုအိုအေစစ်နေရာများတွင် ကျင့်ကြံခြင်းမြို့အနည်းငယ်နှင့်သေမျိုးတိုင်းပြည်များရှိသည်။ဤနေရာရှိ သဘာဝပတ်ဝန်းကျင်အခြေအနေသည် အလွန်ကြမ်းတမ်းသဖြင့် အုပ်ချုပ်ရေးအဖွဲ့သည် ဤနေရာ၌ စီရင်စုရုံးတော်တစ်ခုကိုသာထားရှိပြီး ကြယ်နယ်မြေအိမ်တော်ဟူ၍ ရှိမနေချေ။

သဲရှင်ကြယ်နယ်မြေပေါ်တွင် ကြေးနီနှင့်သံမဏိမိုင်းတွင်းအမြောက်အများရှိကာ နယ်နှင်ဒဏ်ခံရသော ရာဇဝတ်သားများအတွက် နေရာတစ်နေရာဖြစ်လာသည်။ကြီးလေးသောရာဇဝတ်မှု ကျူးလွန်ခဲ့သူတချို့သည် ရာဇဝတ်သားတချို့သည် ဤနေရာသို့နယ်နှင်ဒဏ်ပေးခံရကာ အလုပ်ကြမ်းများလုပ်ကိုင်ကြရသည်။

အကျိုးဆက်အနေဖြင့် ဤနေရာတွင် လူနည်းစုသာရှိသည်။စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ကြသော ကုန်သည်တချို့သာ ဤနေရာ၌ ယာယီအနားယူလေ့ရှိသည်။

သဲရှင်ကြယ်နယ်မြေ...မဟာသဲကန္တာရ

ဤနေရာသည် နာမည်နှင့် လွန်စွာလိုက်ဖက်ညီပေ၏။မျက်စေ့တစ်ဆုံးအကွာအဝေးထိတိုင် နေရာအနှံ့အပြား၌ အဝါရောင်သဲကန္တာရကို တွေ့မြင်ရမည်ဖြစ်ကာ တစ်စုံတစ်ယောက်သည် အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ကိုတွေ့မြင်နိုင်မည်မဟုတ်ချေ။

ယခုချိန်၌ ဤနေရာတွင် လေပြင်းများတိုက်ခတ်နေကာ အဝါရောင်သဲများမြင့်တက်လာပြီး မိုးကောင်းကင်ယံတွင်လည်း တိမ်မည်းများဖြင့် ပြည့်နှက်နေသည်။သာမာန်အချိန်မျိုးတွင် သွားလာလှုပ်ရှားနေသော နတ်ဆိုးသားရဲများပင်လျှင် ဤအချိန်အခိုက်အတန့်တွင် မြေပြင်ပေါ်၌ ဝပ်တွားနေလေ၏။

ဤှအချိန်အခိုက်အတန့်တွင် သဲကန္တာရ၏အလယ်တွင် လူတစ်စုသည် သူတို့၏မှော်ရတနာများကို ခက်ခက်ခဲခဲထိန်းချုပ်၍ ရှေ့သို့သွားနေကြသည်။

ဤသဲကန္တာရအတွင်း၌ လေဟာနယ်ဥပဒေများ လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေသည်။ထို့ကြောင့် ဤနေရာ၌ ခြေတစ်လှမ်းရှေ့တိုးနိုင်ရန်ပင် အလွန်အမင်းခက်ခဲသည်။

ဤနေရာ၌ပျံသန်းနေသော ကျင့်ကြံသူများအားလုံးသည် တာအိုဝတ်စုံများကိုဝတ်ဆင်ထားကာ စိုးရိမ်ပူပန်နေသောမျက်နှာအမူအယာများရှိနေသည်။

ထိုလူများအားလုံးသည် အမျိုးသမီးကျင့်ကြံသူများပင်။

သူမတို့အနက်မှ အများစုထံတွင် ဒဏ်ရာရရှိထားလေ၏။ထို့ပြင် အမျိုးသမီးကျင့်ကြံသူများအနက်မှတချို့၏ဒဏ်ရာများ အလွန်ပြင်းထန်ကာ သူမတို့၏တာအိုဝတ်စုံများပေါ်တွင် သွေးများစွန်းထင်းနေသည်။

သို့ရာတွင် သူမတို့သည် နောက်တွင် အန္တရာယ်ကြီးတစ်ခု လိုက်လာသည့်အလား ဤနေရာတွင် ကြာကြာမနေဝံ့ကြချေ။

"ဘုရားကျောင်းသခင်...သူတို့က ကျွန်မတို့ကို ထပ်ပြီးတိုက်ခိုက်အုံးမယ်ထင်တယ်...ဂျူနီယာညီမလေးဖန်းရဲ့ဒဏ်ရာက ခုထိမသက်သာသေးဘူး"

အမျိုးသမီးကျင့်ကြံသူများအနက်မှတစ်ယောက်က သူမ၏ခေါင်းကိုမော့ကာ ပြောဆိုသည်။

Chapter 3631

ထိုအမျိုးသမီးကျင့်ကြံသူများသည် လမ်းတလျှောက်လုံးပျံသန်းလာသဖြင့် သူမတို့အားလုံး၏အခြေအနေများ မကောင်းလှချေ။

သူမတို့သည် မှော်စွမ်းအားများကို အချိန်အတော်ကြာနှိုးဆွ၍ အသုံးပြုခဲ့ခြင်းကြောင့် သူမတို့ထံတွင် မှော်စွမ်းအားကုန်ခန်းတော့မည့်အရိပ်အယောင်များ ရှိနေလေပြီ။သူမတို့သည် ဆေးလုံးတချို့ကိုမှီဝဲ၍ သူမတို့ကိုယ်သူမတို့ ထောက်ကန်ထားနိုင်ရုံမျှသာ တတ်နိုင်တော့သည်။

သို့ရာတွင် ဤဆေးလုံးများတွင် အကျိုးအာနိသင်အနည်းငယ်သာရှိသဖြင့် သူမတို့၏တစ်စိတ်တစ်ပိုင်းကိုသာ ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။အကယ်၍ သူမတို့သည် မှော်စွမ်းအားများကို အပြည့်အဝပြန်လည်ဖြည့်တင်းလိုပါက သူမတို့အားလုံး ရပ်တန့်၍အနားယူရန်လိုအပ်သည်။

သို့ရာတွင် သူမတို့ထံ၌ ဤကဲ့သို့အခွင့်အရေးမျိုးမရှိချေ။

ခေါင်းဆောင်အမျိုးသမီးကျင့်ကြံသူသည် နောက်သို့လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

"ရှုယွင်...မင်း တောင့်ခံနိုင်သေးလား"

သူမ၏ပုံပန်းသွင်ပြင်သည် တသီးတခြားဆန်ကာ အေးစက်ပြီး အေးစက်စက်တောင်တစ်လုံးပေါ်ရှိ နှင်းကြာပန်းတစ်ပွင့်အလားပင်။သူမကို အဝေးမှကြည့်လျှင်ပင် ပုတ်ခတ်ပြောဆိုစရာမရှိချေ။ယခုချိန်တွင် သူမသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏အေးစက်မှုအရှိန်အဝါ ပို၍ပီပြင်ထင်ရှားနေသည်။

အကယ်၍ လုယွီသည် ဤအမျိုးသမီးကျင့်ကြံသူကို မြင်တွေ့သွားပါက သေချာပေါက် မှတ်မိသွားပေမည်။

သူမသည် ပိုင်ဆုချင်ပင်။

အောက်ဘုံရှိ ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ ပိုင်ဆုချင်သည် ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းမှ ရွှယ်အင်မော်တယ်တစ်ယောက်၏ တပည့်အဖြစ်ရွေးချယ်ခြင်းကို ခံခဲ့ရသည်။

အောက်ဘုံမှလူများ အထက်ဘုံသို့ ဝင်ရောက်လာပြီးနောက် လူအ​များစုသည် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ပြတ်သွားကြသည်။လုယွီသည် လူများစေလွှတ်၍ ပိုင်ဆုချင် မည်သည့်နေရာ၌ရှိနေသည်ကို စုံစမ်းခဲ့သည်။ပိုင်ဆုချင်သည် အစွမ်းထက်သော ရွှယ်အင်မော်တယ်တစ်ယောက်၏လက်အောက်၌ ကျင့်ကြံနေသည်ကို သိရှိသွားမှသာ သူ စိတ်သက်သာရာရသွားခဲ့သည်။

ပိုင်ဆုချင်၏စရိုက်သည် တသီးတခြားဆန်ပြီး အေးစက်သဖြင့် သူမကိုကြည့်ရသည်မှာ တိတ်ဆိတ်ငြိမ်သက်ပြီးငြိမ်းချမ်းသည်။သူမကို ရန်စစော်ကားမည့်သူ ရှိလာရန်မှာ လွန်စွာခဲယဥ်းသည်။

သို့သော် ယခုချိန်တွင် ပိုင်ဆုချင်၏မျက်လုံးအတွင်း၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။ရံဖန်ရံခါ၌ သူမ၏စိတ်နှလုံးသားအတွင်းရှိ စိုးရိမ်ပူပန်မှုများကို ပြသနေသည့်အလား နောက်သို့ ရံဖန်ရံခါလှည့်ကြည့်နေသည်။

"ရှုယွင်...ဒီဆေးလုံးကို အရင်စားထားပြီးတော့ မင်းရဲ့ဒဏ်ရာတွေကို ကုသလိုက်အုံး"

ပိုင်ဆုချင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ရွှေရောင်ဆေးလုံးတစ်လုံးကိုထုတ်ယူကာ သူမနောက်ရှိ အမျိုးသမီးကျင့်ကြံသူထံပေးလိုက်၏။

သူမသည် အောက်ဘုံ၌ ပိုင်ဆုချင်၏တပည့်ဖြစ်ခဲ့သော ဖန်ရှုယွင်ပင်။

အတိတ်တွင် အောက်ဘုံအတွင်း၌ ဖန်ရှုယွင်နှင့်လုယွီတို့အကြားတွင်လည်း ရင်းနှီးမှုတချို့ရှိခဲ့သည်။နောက်ပိုင်းတွင် သူမသည် ပိုင်ဆုချင်နှင့်အတူ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းခဲ့လေ၏။

ဖန်ရှုယွင်သည် ထိုဆေးလုံးကိုကြည့်ကာ ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"ဆရာသခင်...ဒါက စိတ်ဝိညာဥ်အဆင့်ဆေးလုံးလေ....ဒါက ဆရာ ကျင့်ကြံဆင့်ချိုးဖျက်ဖို့အတွက်မဟုတ်လား"

ဤဆေး မည်မျှထိအဖိုးတန်သည်ကို သူမ ကောင်းစွာသိရှိထားသည်။

ကောင်းကင်ဘုံအထွတ်အထိပ် တာအိုဘုရားကျောင်းတွင် ဆေးပညာရှင်များရှိသော်လည်း သူတို့အားလုံးထွက်ခွာသွားကြသဖြင့် ဆေးခန်းမ ဗလာဟင်းလင်းဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ယခုချိန်တွင် တာအိုဘုရားကျောင်း၌ ဆေးလုံးအနည်းငယ်သာ ကျန်ရှိတော့သည်။ဤဆေးလုံးပမာဏသည် တခြားသူများအတွက် မဆိုထားနှင့် ပိုင်ဆုချင်အတွက်ပင် မလုံလောက်တော့ချေ။

"အခု ငါ့မှာ ကျင့်ကြံဆင့်ချိုးဖျက်ဖို့ အချိန်ရှိသေးလို့လား"

ပိုင်ဆုချင်သည် သူမ၏မျက်လုံးကိုစုံမှိတ်ကာ ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်၏။

ထိုစကားကိုကြားချိန်တွင် ဖန်ရှုယွင်၏မျက်နှာပေါ်၌ ခါးသည်းသောအမူအယာမျိုးထင်ဟပ်လာသည်။

သူမတို့၏ ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းသည် မူလက အတော်အသင့်ကြီးမားသော အင်အားစုတစ်စုပင်။

တစ်ညတည်းနှင့် သူမတို့၏ကြီးကျယ်ခမ်းနားမှုများအားလုံး မီးခိုးငွေ့များကဲ့သို့ ပျက်ပြယ်သွားမည်ဟု မည်သူက တွေးထင်မိမည်နည်း။

ထို့နောက် သူမတို့အားလုံးသည် အသက်ရှင်သန်နိုင်ရန်အတွက် ခက်ခက်ခဲခဲ ထွက်ပြေးနေရလေ၏။

"သွေးနက်ခန်းမက အရမ်းကို ရွံရှာစက်ဆုပ်ဖို့ကောင်းတယ်....သူတို့က အမြဲတမ်း ရက်စက်ယုတ်မာတဲ့ပြစ်မှုတွေကို လုပ်နေခဲ့တာ...ဘုရားကျောင်းသခင်က သူတို့ကို ပေါ့ပါးတဲ့ပြစ်မှုလေးတစ်ခုပဲ ပေးခဲ့တာတောင် သူတို့က ဘုရားကျောင်းကိုအမြစ်ပြတ်ချေမှုန်းခဲ့တယ်...ဘုရားကျောင်းသခင်က သူ့ရဲ့အစွမ်းထက်တဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့တောင် အဲ့ဒီလူတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုအောက်မှာ သေဆုံးသွားခဲ့ရတယ်....ဒါက တကယ့်ကို လက်မခံနိုင်စရာပဲ"

အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အလွန်အမင်း နာကျည်းမုန်းတီးစွာ ပြောဆိုသည်။

ပိုင်ဆုချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလေ၏။

"သွေးနက်ခန်းမက အကြောင်းအရင်းမရှိဘဲ ငါတို့ကို လိုက်ဖမ်းနေတာမဟုတ်ဘူး...သူတို့က တခြားလူတွေရဲ့ အမိန့်ကို လိုက်နာနေတာ...ဘုရားကျောင်းသခင်က အရင်က ရန်သူတွေအများကြီးကို ရန်စစော်ကားခဲ့တယ်...အဲ့ဒီလူတွေ သူ့ကို လာရှာမှာအတွက်ကို သူ ကြိုပြီးပြင်ဆင်မထားခဲ့ဘူး"

ထိုစကားကိုပြောဆိုပြီးနောက် ပိုင်ဆုချင်သည် ကူကယ်ရာမဲ့စွာ ကြေကွဲဝမ်းနည်းမှုကို ခံစားမိသည်။

မူလက သူမသည် ရွှယ်အင်မော်တယ်နောက်သို့လိုက်ကာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာပြီး ကျင့်ကြံနိုင်ခဲ့သည်။သူမ၏အနာဂတ်သည် တောက်ပနေမည်ဖြစ်ကာ သူမ၏လမ်းကြောင်းသည် ချောမွေ့ပြီး ဆူးညှောင့်ရှိမည်မဟုတ်ဟု သူမ တွေးထင်ခဲ့လေ၏။

သို့ရာတွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ကိစ္စများနှင့်အကွက်ချကြံစည်မှုများသည် အောက်ဘုံထက် ပို၍ရှုပ်ထွေးနေမည်ဟု သူမ မျှော်လင့်မထားမိချေ။

ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းသည် ကျင့်ကြံရာတွင်သာ အာရုံစူးစိုက်သော်လည်း သဘောထားကွဲလွဲမှုတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်။

Chapter 3632

အကြောင်းအရင်းမှာ ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်း၏ ဘုရားကျောင်းသခင် ရွှမ်ချင်သည် ခရီးတစ်ခုသွားနေစဥ်အတွင်း၌ သေမျိုးများကို တိုက်ခိုက်နေသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်နှင့် တွေ့ခဲ့ရသည်။

ကောင်းကင်ဘုံနယ်မြေအတွင်းတွင် တာယွီတော်ဝင်နန်းတွင်းမှနေ၍ ကျင့်ကြံသူများသည် သေမျိုးများကိုတိုက်ခိုက်ခြင်းမပြုရန် စည်းမျဥ်းဥပဒေများ ထုတ်ပြန်ထားသည်။သို့ရာတွင် ဝေးလံခေါင်သီသော ဒေသတချို့၌ တာယွီ၏စည်းမျဥ်းဥပဒေများ သက်ရောက်ခြင်းမရှိချေ။

ရွှမ်ချင်သည် တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် သူမ၏စိတ် ကြည်လင်နေစေရန် အထူးအာရုံစိုက်လေရာ သူမ၏ရှေ့၌ မည်သူ့ကိုမျှ ပြစ်မှုကျူးလွန်ခွင့် မပြုနိုင်ချေ။

ထို့ကြောင့် သူမသည် ထိုနတ်ဆိုးကျင့်ကြံသူ၏လုပ်ရပ်ကိုမြင်တွေ့ချိန်တွင် အလွန်ဒေါသထွက်သွားခဲ့သည်။သူမသည် ထိုနတ်ဆိုးကျင့်ကြံသူကိုဖိနှိပ်ကာ ထိုလူ၏လက်အောက်ငယ်သားများကို သာမာန်ကာလျှံကာရိုက်နှက်ကာ သူတို့အားထွက်သွားရန် ပြောဆိုခဲ့သည်။

ဤသည်မှာ မူလက အလွန်အမင်း သမားရိုးကျဆန်သောကိစ္စပင်။

ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော ရွှမ်ချင်သည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သူမသည် ထိုနတ်ဆိုးကျင့်ကြံသူကို ရိုက်နှက်သည်ကိုမဆိုထားနှင့် အကယ်၍ သူမ သတ်ဖြတ်လိုက်လျှင်ပင် ပြဿနာတစ်ရပ်မဖြစ်နိုင်ချေ။

သို့ရာတွင် ပြဿနာသည် ထိုနတ်ဆိုးကျင့်ကြံသူထံတွင် မူတည်နေလေ၏။

ထိုနတ်ဆိုးကျင့်ကြံသူသည် သွေးနက်ခန်းမသခင်၏အကြီးဆုံးသားဖြစ်နေသည်။

သူသည် ပြင်ပသို့လေ့ကျင့်ရန်ထွက်လာစဥ် မမျှော်လင့်ဘဲ ရွှမ်ချင်၏သင်ခန်းစာပေးခြင်းကို ခံခဲ့ရသည်။သူသည် အရှက်တကွဲဖြစ်ခဲ့ရသဖြင့် အလွန်ဒေါသထွက်ကာ သွေးနက်ခန်းမသို့ အလျှင်အမြန်ပြန်၍ တိုင်ကြားလေ၏။

သွေးနက်ခန်းမသည် လက်ဝဲစစ်တပ်နယ်မြေ၌ အကြီးမားဆုံးလုပ်ကြံသတ်ဖြတ်ခြင်းဂိုဏ်းတစ်ဂိုဏ်းပင်။

ဤကိစ္စကိုကြားချိန်တွင် သူတို့သည် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းမှ တပည့်အမြောက်အများကို သတ်ဖြတ်ခဲ့သည့်အပြင် လုပ်ကြံသတ်ဖြတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းမှ တပည့်များအားလုံး ထိတ်လန့်တကြားအခြေအနေသို့ ရောက်ရှိသွားသည်။

ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းသည် အမျိုးသမီးကျင့်ကြံသူများကိုသာ လက်ခံပေ၏။

ဤအမျိုးသမီးကျင့်ကြံသူများသည် သူမတို့၏အချိန်အများစုကို တာအိုကျင့်ကြံရာ၌သာ ကုန်ဆုံးစေခဲ့သဖြင့် တိုက်ခိုက်ရေးနည်းစနစ်များတွင် ထူးချွန်ခြင်းမရှိချေ။မည်သည့်နည်းဖြင့် သူမတို့သည် သူတို့၏ဓားသွားများတွင် သွေးများစွန်းထင်းနေသော လုပ်ကြံသတ်ဖြတ်သူများကို ရင်ဆိုင်နိုင်မည်နည်း။

တပည့်များ ဆက်တိုက်သေဆုံးနေသော ဖြစ်ရပ်များကြောင့် ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းအတွင်းရှိ တပည့်များအားလုံး ထိတ်ထိတ်ပျာပျာဖြစ်သွားကာ စိတ်တည်ငြိမ်စွာ မကျင့်ကြံနိုင်တော့ချေ။

ရွှမ်ချင်သည် သူမ ရန်စ၍မရသူတစ်ယောက်ကို ရန်စစော်ကားမိပြီဖြစ်ကြောင်း သိရှိထားသည်။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူမသည် ရွှယ်အင်မော်တယ်ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သွေးနက်ခန်းမသခင်နှင့် မျက်နှာချင်းဆိုင်စကားပြောဆိုရန် ချိန်းဆိုခဲ့သည်။

သွေးနက်ခန်းမသခင်သည် ချက်ချင်းသဘောတူညီလိုက်၏။

သူတို့နှစ်ယောက်သည် ဤကိစ္စကို နေရာတစ်နေရာတွင်တွေ့ဆုံ၍ ဖြေရှင်းရန် သဘောတူညီခဲ့သည်။

ထိုနေ့တွင် ရွှမ်ချင်သည် တွေ့ဆုံရန်သဘောတူညီထားသောနေရာသို့ သွားခဲ့လေ၏။သို့ရာတွင် သူမအား စောင့်ဆိုင်းနေသည်မှာ သွေးနက်ခန်းမသခင်မဟုတ်ဘဲ ခြုံခိုတိုက်ခိုက်ရန် အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သည့် လုပ်ကြံသတ်ဖြတ်သူများဖြစ်နေမည်ဟု သူမ မျှော်လင့်မထားမိချေ။

သွေးနက်ခန်းမသည် အုပ်စုနှစ်စုခွဲခြားကာ လှုပ်ရှားခဲ့လေ၏။ပထမတစ်စုသည် ရွှမ်ချင်ကို ခြုံခိုတိုက်ခိုက်နေစဥ်တွင် တခြားတစ်စုသည် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းအတွင်းသို့ဝင်ရောက်၍ လက်လွယ်စပယ် သတ်ဖြတ်ခဲ့သည်။

ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်း၏ တပည့်ခေါင်းဆောင် ပိုင်ဆုချင်သည် သူမ တတ်စွမ်းသမျှ အားကုန်သုံး၍ ခုခံခဲ့သည်။

သို့ရာတွင် သူမ မည်သို့မျှ မတက်နိုင်ခဲ့ချေ။တာအိုဘုရားကျောင်းအတွင်းရှိ တပည့်မအများစုသည် ထိုလုပ်ကြံသတ်ဖြတ်သူများကိုယှဥ်ပြိုင်နိုင်ရန် လွန်စွာအလှမ်းကွာဟသည်။ပိုင်ဆုချင်၏ခွန်အားသည် သာမာန်ထက်သာလွန်ထူးကဲသည့်တိုင် ထိုလုပ်ကြံသတ်ဖြတ်သူများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့ခြင်းမရှိချေ။

ပိုင်ဆုချင်သည် အသက်ရှင်ကျန်ရစ်သော တပည့်မများကိုခေါ်ဆောင်၍ ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းမှနေ၍ အရပ်မျက်နှာအဘက်ဘက်သို့ လူခွဲ၍ ထွက်ပြေးခဲ့ကြသည်။

သူမတို့ ထွက်ပြေးခဲ့ပြီးနောက် အဝေးတစ်နေရာသို့ရောက်ရှိချိန်တွင် ရွှမ်ချင်သေဆုံးသွားသောသတင်းကို သူမတို့ရရှိခဲ့သည်။

သွေးနက်ခန်းမသည် ရွှမ်ချင်ကို သတ်ဖြတ်ရန်အတွက် တခြားဂိုဏ်းအင်အားစုများမှ ခေါင်းဆောင်များနှင့် ပူးပေါင်းခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့လေ၏။

ထို့ကြောင့် ဤကိစ္စသည် မြင်ရသလောက် ရိုးရှင်းခြင်းမရှိကြောင်း ပိုင်ဆုချင်က ချက်ချင်းနားလည်သဘောပေါက်သွားသည်။

အကယ်၍ ကိုယ်ရေးကိုယ်တာရန်ငြိုးသက်သက်ဆိုပါက သွေးခန်းမသည် ဤမျှထိ အလွန်အကျွံပြုလုပ်မည်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ ရွှမ်ချင်သည်လည်း ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သူတို့သည် သူမကို သတ်ဖြတ်ရန်အတွက် တန်ကြေးတစ်ခုကို သေချာပေါက်ပေးဆပ်ရပေမည်။

မကြာမီမှာပင် သွေးနက်ခန်းမမှလူများသည် သူမနောက်သို့ လိုက်လံဖမ်းဆီးခဲ့သဖြင့် ပိုင်ဆုချင်၏အတွေးများ ပို၍သေချာသွားခဲ့သည်။

"ဒီလူတွေက ငါတို့ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းရဲ့ မင်းရွှမ်တာအိုကျမ်းစာကို လိုချင်တပ်မက်နေကြတာပဲ...သူတို့က ဒီကျမ်းစာကို ဂိုဏ်းထဲမှာ ရှာလို့မတွေ့တာကြောင့်...ငါတို့ကို ဖမ်းပြီးတော့ ကျမ်းစာ ဘယ်နေရာမှာရှိတာလဲဆိုတာကို မေးချင်နေတာပဲ"

ပိုင်ဆုချင်သည် တစ်ဖက်လူများ၏ရည်ရွယ်ချက်ကို ကောင်းစွာသတိပြုမိလေ၏။

ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းတွင် ကျမ်းစာတစ်စောင်ရှိသည်။တစ်စုံတစ်ယောက်သည် ထိုကျမ်းစာဖြင့် ကံကြမ္မာတာအိုကိုကျင့်ကြံနိုင်ကာ ကံကြမ္မာဆရာသခင်ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

ကံကြမ္မာဆရာသခင်များသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ လျှို့ဝှက်ဆန်းကြယ်ဆုံးတည်ရှိမှုကြီးများဖြစ်သည်။

ကံကြမ္မာဆရာသခင်များသည် တစ်စုံတစ်ယောက်၏ကံကြမ္မာနှင့် ဘဝအတက်အကျဖြစ်စဥ်များကို ပြောင်းလဲပေးနိုင်ကာ နောင်အနာဂတ်တွင် ထိုလူထံတွင် ဖြစ်ပေါ်လာမည့်ကိစ္စအမြောက်အများအပေါ် သက်ရောက်နိုင်စွမ်းရှိသည်။

Chapter 3633

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဆိုရိုးစကားတစ်ခွန်းရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ပြင်းပြင်းထန်ထန် ကြိုးစားလျှင်ပင် ကံကြမ္မာကောင်းများရရှိကာ မိုးထိမြင့်လုမတက် ခြေလှမ်းတစ်လှမ်းတည်းဖြင့် တက်လှမ်းသွားနိုင်သော တခြားသူများကဲ့သို့ ထူးချွန်မည်မဟုတ်ချေ။

သာမာန်အရည်အချင်းသာရှိသော လူအမြောက်အများသည် ကံကြမ္မာကောင်းတချို့ကြောင့် ပြိုင်ဘက်ကင်းလျှို့ဝှက်နည်းစနစ်များကို ရရှိခဲ့ကြသည်။ထိုအချိန်မှစ၍ သူတို့သည် ခြေတစ်လှမ်းတည်းဖြင့် အမြင့်သို့တက်လှမ်းသွားနိုင်ခဲ့ကာ လောကကြီးအတွင်းရှိ ထူးချွန်သောပါရမီရှင်များအနက်မှတစ်ယောက် ဖြစ်လာခဲ့သည်။

ဤကဲ့သို့ဥပမာများကို ကောင်းကင်ဘုံနယ်မြေ၏ နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာဆရာသခင်တစ်ယောက်၏ပါရမီအရည်အချင်းမျိုး ရရှိသွားပါက သူသည် ကံကြမ္မာတာအိုကိုကျင့်ကြံနိုင်ကာ သူ၏ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲနိုင်ပေမည်။ထိုလူသည် မည်သူမည်ဝါဖြစ်နေပါစေ အသစ်တဖန်မွေးဖွားလာသကဲ့သို့ဖြစ်သွားကာ သူတို့၏ကံကြမ္မာသည် မိုးကောင်းကင်ကိုပင် ဆန့်ကျင်နေပေမည်။

သွေးနက်ခန်းမမှလူများသည် မင်းရွှမ်ကျမ်းစာကို လိုချင်တပ်မက်နေကြလေ၏။

သို့ရာတွင် မင်းရွှမ်ကျမ်းစာသည် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းအတွင်း၌ ရှိနေသည့်တိုင် ပိုင်ဆုချင်သည် များစွာကျင့်ကြံခဲ့ဖူးခြင်းမရှိချေ။

အကြောင်းအရင်းမှာ ထိုကျမ်းစာသည် အလွန်နက်နဲသိမ်မွေ့ပြီး ထင်ရှားပြတ်သားခြင်းမရှိသောကြောင့်ပင်။

ထို့ထက်ပို၍ဆိုးရွားဆုံးအချက်မှာ သူမတို့ထံတွင်ရှိနေသော မင်းရွှမ်ကျမ်းစာသည် မူရင်းကျမ်းစာ၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။

ဤသည်ကို ဘုရားကျောင်းသခင်ရွှမ်ချင်သည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုမှ ရရှိခဲ့လေ၏။

ဤပြတ်တောင်းတောင်းစာလုံးများကြောင့် ကျင့်ကြံရာတွင် အလွန်အမင်းအခက်တွေ့စေသည်။ရွှမ်ချင်သည် သူမ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုကို မှီခို၍ မပြည့်စုံသောအစိတ်အပိုင်းများကို ဖြည့်စွက်ရုံသာ တက်နိုင်ခဲ့သည်။သို့ရာတွင် ဤသည်မှာ ကျမ်းစာအပေါ် အပေါ်ယံနားလည်သဘောပေါက်ရုံမျှသာရှိသည်။ထိုသို့မဟုတ်ပါက သူမသည် ယနေ့ကဲ့သို့ ဘေးကပ်ဆိုးမျိုးကို ကြိုတင်တွက်ချက်နိုင်ကာ လွတ်မြောက်အောင် ရှောင်တိမ်းနိုင်ပေမည်။

တပည့်ခေါင်းဆောင်ဖြစ်သော ပိုင်ဆုချင်သည် မင်းရွှမ်ကျမ်းစာကို ကျင့်ကြံရန်အတွက် အရည်အချင်းပြည့်မီပေ၏။

သို့ရာတွင် သူမ၏ပင်ကိုအရည်အချင်းသည် ရွှမ်ချင်ထက် ပို၍မြင့်မားသဖြင့် သူမထံတွင် မင်းရွှမ်ကျမ်းစာအပေါ် တစ်မူထူးခြားသောနားလည်သဘောပေါက်မှုမျိုးရှိနေသည်။

ရွှမ်ချင်သည် မကြာမီမှပင် သူမတပည့်၏မင်းရွှမ်ကျမ်းစာအပေါ် နားလည်သဘောပေါက်မှုသည် သူမထက်သာလွန်နေကြောင်း နားလည်သဘောပေါက်သွားသဖြင့် သူမ အံ့အားသင့်သွားခဲ့သည်။ထို့ကြောင့် သူမ ကျင့်ကြံသည့်အချိန်တိုင်း ပိုင်ဆုချင်ကို အတူခေါ်ဆောင်ခဲ့လေ၏။

သူမတို့နှစ်ယောက်ကို ဆရာတပည့်ဟု ခေါ်ဆိုကြသည်။အမှန်အားဖြင့် သူမတို့သည် မင်းရွှမ်ကျမ်းစာ၏ပြတ်တောက်ပြီး မှေးမှိန်နေသော စာလုံးများကို လေ့လာဆင်ခြင်ရာတွင်မူ တာအိုမိတ်ဆွေများအလားပင်။

သူမတို့နှစ်ယောက်၏ လေ့လာဆင်ခြင်မှုအောက်တွင် မင်းရွှမ်တာအိုကျမ်းစာ၏ပထမအလွှာမှလျှို့ဝှက်ချက်ကို မကြာမီမှာပင် ဖြေရှင်းနိုင်တော့ပေမည်။

သို့ရာတွင် ဤလျှို့ဝှက်ချက်သည် ပေါက်ကြားသွားမည်ဟု သူမတို့ မျှော်လင့်မထားမိချေ။

ဤလျှို့ဝှက်ချက် မည်ကဲ့သို့ ပေါက်ကြားသွားသည်ကို ပိုင်ဆုချင်မသိရှိသော်လည်း မင်းရွှမ်တာအိုကျမ်းစာသည် ကောင်းကင်ဘုံအထွတ်အထိပ်ဘုရားကျောင်းတွင်ရှိနေသရွေ့ ဘေးကပ်ဆိုးကြီးတစ်ခု အနှေးနှင့်အမြန်ဆိုက်ရောက်လာမည်ကို သူမ သိရှိထားသည်။

လူတစ်ယောက်သည် အပြစ်ကင်းမဲ့သော်လည်း ကြီးမားသောရတနာကို ပိုင်ဆိုင်ထားပါက ထိုလူသည် အပြစ်သားတစ်ယောက်ပင်။ရွှမ်ချင်သည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် မင်းရွှမ်တာအိုကျမ်းစာကဲ့သို့ ကြီးမားသောရတနာကြီးကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ချေ။

"ဆရာသခင်...ဒီသဲရှင်ကြယ်နယ်မြေပေါ်မှာ သွေးနက်ခန်းမကလူတွေ တစ်ယောက်မှရှိမနေဘူး....ကျွန်မတို့က မြို့ထဲမှာနေလို့ရရဲ့သားနဲ့....ဘာလို့ ထွက်ပြေးလာရတာလဲ"

ဖန်ရှုယွင်သည် ဆေးလုံးကိုဝါးမျိုပြီးနောက် သူမ၏မျက်နှာအသားအရောင် အနည်းငယ်ပို၍ တိုးတက်လာသည်။

သို့ရာတွင် ဤသည်မှာ သူမ၏မျက်လုံးအတွင်းရှိ ပင်ပန်းနွမ်းနယ်မှုများကို ဖုံးကွယ်မထားနိုင်ချေ။မည်သို့ပင်ဆိုစေကာမူ သူမတို့သည် အချိန်အတော်ကြာ ပြေးလွှားနေရကာ အနားယူခဲ့ရခြင်းမရှိပေ။

ပိုင်ဆုချင်က သူမ၏ခေါင်းကိုခါယမ်းကာ သူမ၏မျက်လုံးအတွင်းတွင် သတိကြီးစွာထားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"ငါက ဒီစီရင်စုမြို့ရဲ့ပြင်ပမှာ ကင်းထောက်တချို့လွှတ်ထားတယ်....နှစ်နာရီတိုင်းမှာတစ်ကြိမ် သူတို့က ငါ့ဆီသတင်းပို့ရတယ်....ဒါပေမယ့် အခုလေးနာရီကြာသွားတာတောင် ငါ ဘာသတင်းမှ မရသေးဘူး"

သွေးနက်ခန်းမမှလုပ်ကြံသတ်ဖြတ်သူများသည် သတ်ဖြတ်ခြင်းလုပ်ငန်းကို လုပ်ဆောင်ကြသူများဖြစ်သည်။သူတို့သည် တစ်ရက်တွင် မိုင်ထောင်ချီ၍ ခရီးသွားလာနိုင်သည်မှာ သူတို့အတွက် သာမာန်ကိစ္စသာဖြစ်သည်။

ဤှလုပ်ကြံသတ်ဖြတ်သူများကို ရင်ဆိုင်နိုင်ရန်အလို့ငှာ ပိုင်ဆုချင်သည် လမ်းတလျှောက်၌ နည်းလမ်းမျိုးစုံကို စဥ်းစားခဲ့လေ၏။

ကံကောင်းထောက်မစွာဖြင့် သူမ၏သတိကြီးမှု လုံလောက်နေခဲ့သည်။လမ်းတလျှောက်၌ သူမသည် မည်သည့်အန္တရာယ်နှင့်မျှ မဆုံတွေ့ရသည့်အပြင် ထိုလုပ်ကြံသတ်ဖြတ်သူများ အခွင့်ကောင်းရသွားရန်အတွက် အခွင့်အရေးမပေးခဲ့ချေ။

"နောက်ထပ်မိုင်တစ်ထောင်လောက်သွားပြီးရင် သဲကန္တာရထဲမှာ ဘုရားကျောင်းသခင် ကွယ်ဝှက်ထားတဲ့ ကူးပြောင်းရေးဝင်္ကပါတစ်ခုရှိတယ်...အဲ့ဒီကူးပြောင်းရေးဝင်္ကပါကတဆင့် ငါတို့က ရှင်းလင်ကြယ်နယ်မြေကိုသွားပြီးတော့ ရေအင်မော်တယ်ဂိုဏ်းကို ဆက်သွယ်နိုင်လိမ့်မယ်....သွေးနက်ခန်းမက ရေအင်မော်တယ်ဂိုဏ်းကို ဆန့်ကျင်ပြီးလှုပ်ရှားဝံ့မှာမဟုတ်ဘူး"

ပိုင်ဆုချင်က ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ရွှမ်ချင်သည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ကာ အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။

သူမသည် မင်းရွှမ်ကျမ်းစာကိုရရှိပြီးနောက် ဤသည်မှာ သူမ ကာကွယ်နိုင်မည့်တစ်စုံတစ်ခုမဟုတ်ကြောင်း သူမ သိရှိထားလေ၏။

All Chapters