အခန်း (၃၆၄၂-၃၆၄၅)
Vol. 185 Ch. 3642-3645
Chapter 3642
ကျယ်လောင်သောဘန်းခနဲမြည်သံနှင့်အတူ ပတ်ဝန်းကျင်ရှိသဲမှုန်များသည် ထိုလက်ဝါးရိုက်ချက်၏သက်ရောက်မှုခံရပုံဖြင့် လွင့်စင်သွားသည်။
ကျင်းချန်၏ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးအတွင်း၌ နစ်မြုပ်နေကာ သွေးသံတရဲရဲဖြစ်နေသည်။
သူ၏မျက်လုံးများ ပြူးကျယ်နေဆဲဖြစ်ကာ ကြီးမားစွာနောင်တရ၍ သေဆုံးသွားခဲ့ရလေ၏။
ဘုန်းတော်ကြီးသည် ကျင်းချန်ကို ရိုက်သတ်ပြီးနောက် သူ၏မျက်နှာပေါ်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ချက်ချင်းပျောက်ကွယ်သွားခြင်းမရှိသေးချေ။ဤဘုန်းတော်ကြီး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သူမရှေ့ရှိ လုပ်ကြံသတ်ဖြတ်သူများထက်ပင် ပို၍ပြင်းထန်သည်ဟု သူမ ခံစားမိသည်။
"ကျွန်မရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ဘုန်းတော်ကြီးကို ကျေးဇူးတင်ပါတယ်...ကျွန်မက ကောင်းကင်ဘုံအထွတ်အထိပ်တာအိုဘုရားကျောင်းက ပိုင်ဆုချင်ပါ"
ပိုင်ဆုချင်က ရိုသေလေးစားသောအမူအယာဖြင့် ဘုန်းတော်ကြီးကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထိုဘုန်းတော်ကြီးသည် ဖြည်းညှင်းစွာ နောက်သို့လှည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသောအကြည့်မျိုးရှိနေဆဲပင်။
ဤအကြည့်နှင့်စူးစိုက်၍ ကြည့်ခံရချိန်တွင် ပိုင်ဆုချင်၏စိတ်နှလုံးသား အကြောင်းပြချက်မရှိဘဲ တုန်ရီသွားသည်။ဤသည်မှာ သူမကို ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်မှ စူးစိုက်ကြည့်နေသည့်အလား ခံစားချက်မျိုးပင်။တစ်ဖက်လူထံတွင် သူမကို အမှုန့်ချေလိုသည့် စိတ်ဆန္ဒမျိုးရှိနေသည့်အလား သူမ ခံစားမိပေ၏။
သို့ရာတွင် ထိုဘုန်းတော်ကြီးသည် သူ၏ဒေါသထွက်နေသောမျက်နှာအမူအယာကို အလျှင်အမြန်ပြန်ရုတ်သိမ်းကာ သူ၏မျက်နှာပေါ်၌ ကြင်နာသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"အော်မီတောဖော....ဒီနွမ်းပါးတဲ့ကိုယ်တော်က လူရမ်းကားတစ်စု လူသတ်မှုတွေကျူးလွန်နေတာကို ကြည့်မနေနိုင်ခဲ့ဘူး....ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီနေ့ ကံကြမ္မာရေစက်ရှိလို့ ဆုံတွေ့ရမှတော့ ငါ မင်းကို ကူညီပေးရမှာပဲလေ"
ဘုန်းတော်ကြီး၏အသံသည် စိတ်ထားမွန်မြတ်သော သူတော်ကောင်းတစ်ယောက်အလား သနားကြင်နာများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ပိုင်ဆုချင်သည် အစောပိုင်းတွင် ထိုဘုန်းတော်ကြီး၏အမူအယာကို မမြင်တွေ့ခဲ့ရပါက အလွန်ကြင်နာသနားတက်ပြီး သဘောထားကြီးမားသော ဘုန်းတော်ကြီးတစ်ပါးဟု သူမ တွေးထင်မိပေမည်။
သို့ရာတွင် မလှမ်းမကမ်းတွင်ရှိနေသော လုပ်ကြံသတ်ဖြတ်သူများ၏အလောင်းများမှ သွေးညှီနံများသည် ယခုထိတိုင်ပျက်ပြယ်ခြင်းမရှိသေးချေ။
ရုတ်တရက် ပိုင်ဆုချင်သည် ဤဘုန်းတော်ကြီး၏အကြည့်၌ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသည်။
သူမသည် ဤအကြည့်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းစွာ သိရှိပေ၏။
အထွတ်အထိပ်ကောင်းကင်ဘုံဘုရားကျောင်းတွင် အမျိုးသမီးတပည့်များနှင့်ပြည့်နှက်နေကာ အများစုသည် ချောမောလှပသူများဖြစ်သည်။ထို့ကြောင့် သူမတို့ အပြင်ထွက်သည့်အချိန်တွင် ဤကဲ့သို့ထူးဆန်းသောအကြည့်များဖြင့် ကြည့်ခံရသည်။
ပိုင်ဆုချင်သည် ဤကဲ့သို့အကြည့်မျိုးနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။ဤသည်မှာ သူမ၏ပုံပန်းသွင်ပြင်ကို လိုချင်တပ်မက်နေသော ယောက်ျားသားတစ်ယောက်၏အကြည့်မျိုးနှင့် တစ်ထပ်တည်းတူညီနေသည်။
သို့ရာတွင် တစ်ခုတည်းသောကွာခြားချက်မှာ ဤဘုန်းတော်ကြီး၏အကြည့်တွင် မည်သည့်တဏှာရမ္မက်မျိုးမျှ ရှိမနေခြင်းပင်။
သူသည် အဖိုးတန်ရတနာတစ်ပါးကို ကြည့်နေသည့်အလား နှစ်သက်မက်မောစွာဖြင့် သူမကို ခြေဆုံးခေါင်းဆုံးကြည့်နေလေ၏။
ပိုင်ဆုချင်သည် ဤအကြည့်ကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်သွားသကဲ့သို့ ခံစားမိသဖြင့် သူမက အလျင်စလို ပြောဆိုလိုက်သည်။
"ကျွန်မမှာ အရှင်ဘုရားရဲ့ကြင်နာမှုအတွက် ပြန်ပေးဆပ်စရာ ဘာမှမရှိသေးဘူး...ဒါပေမယ့် နောင်တစ်ချိန်မှာ ကျွန်မ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်...အခု ကျွန်မမှာ အရေးတကြီးလုပ်စရာ ကိစ္စတစ်ခုရှိနေသေးတာကြောင့် နှုတ်ဆက်ခဲ့ပါတယ်"
ထိုသို့ပြောဆိုပြီးနောက် ပိုင်ဆုချင်သည် သူမ၏လက်တွင်စည်းထားသော သိုလှောင်အိတ်ကိုဖြုတ်ကာ သူမ၏လက်နှစ်ဖက်ကိုဆုပ်၍ ဘုန်းတော်ကြီးထံပေးလေသည်။
"အရှင်ဘုရားက ဘုန်းတော်ကြီးတစ်ပါးဖြစ်တာကြောင့် လောကီရတနာတွေကို တပ်မက်မှုမရှိဘူးဆိုတာ ကျွန်မ သိပါတယ်....ဒါပေမယ့် ကျွန်မရဲ့ဘုရားကျောင်းတစ်ခုလုံး ဖျက်ဆီးခံရပြီးတော့ ဘာမှမကျန်တော့ဘူး...ဒီထဲမှာ အင်မော်တယ်ကျောက်တုံးတချို့ပဲရှိတော့တယ်...ဗုဒ္ဓကို အမွှေးနံ့သာပူဇော်ဖို့အတွက် ဒီဟာလေးကို လက်ခံပေးပါ"
စကားဆုံးသည်နှင့် ပိုင်ဆုချင်သည် နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားရန်အတွက် အလျင်စလို ဟန်ပြင်လိုက်တော့သည်။
ဤဘုန်းတော်ကြီးထံ၌ မည်သည့်အကြံအစည်မျိုးရှိနေပါစေ သူမ ဤနေရာ၌ ဆက်နေ၍မရတော့ချေ။
သွေးနက်ခန်းမအပြင် တခြားဂိုဏ်းအင်အားစုတချို့သည်လည်း သူမတို့ဘုရားကျောင်း၏မင်းရွှမ်ကျမ်းစာကို လိုချင်တပ်မက်နေကြလေ၏။
ပြင်ပလောကတွင် အန္တရာယ်များနှင့် ပြည့်နှက်နေသည်။
ရွှမ်ချင်သည် တစ်ချိန်က ရေအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်ကာ သူမ၏ဆရာသခင်သည် အဆင့်မြင့်အကြီးအကဲတစ်ယောက်ပင်။အကယ်၍ ပိုင်ဆုချင်သည် ရေအင်မော်တယ်ဂိုဏ်းသို့ ရောက်ရှိသွားပါက ထိုဂိုဏ်း၏ကာကွယ်ပေးမှုအောက်တွင် အနည်းဆုံးအနေဖြင့် သူမ တည်ငြိမ်စွာနေနိုင်ပေမည်။
သို့ရာတွင် ပိုင်ဆုချင် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်စဥ်မှာပင် ရုတ်တရက် သူမ၏ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမ၏ရှေ့ရှိလေဟာနယ် ရုတ်တရက် တောင့်တင်းသွားသည်။မူလက ပြားချပ်နေသောမြေပြင်သည် ရုတ်တရက် တွန့်ခေါက်သွားပေ၏။
သူမသည် နောက်ထပ် ခြေတစ်လှမ်းဆက်မတိုးဝံ့တော့ချေ။ထိုသို့မဟုတ်ပါက သူမပေါ်သို့ ပတ်ဝန်းကျင်ရှိလေဟာနယ်တွန့်ခေါက်မှု သက်ရောက်လာနိုင်သည်။
ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူများသာ ဤကဲ့သို့ပြုလုပ်နိုင်စွမ်းရှိသည်။
"ဒါက ဘာသဘောလဲ"
ပိုင်ဆုချင်က မျက်မှောင်ကြုတ်ကာ နောက်သို့ပြန်လှည့်ပြီး မေးမြန်းလိုက်၏။
ဘုန်းတော်ကြီး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲဖြစ်ကာ သူက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"တကာမလေး...ဒီနွမ်းပါးတဲ့ကိုယ်တော်က တကာမလေးကို ခဏလောက်အနားယူဖို့ ကိုယ်တော်ရဲ့ဘုရားကျောင်းကို လိုက်ခဲ့စေချင်တယ်"
Chapter 3643
ဘုန်းတော်ကြီး၏စကားများသည် အလွန်ရိုးသားပုံရသော်လည်း ပြဿနာတစ်စုံတစ်ခုရှိမရှိ မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် ပိုင်ဆုချင်သည် ပတ်ဝန်းကျင်၌ ခပ်ဖျော့ဖျော့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ရှိနေသည်ကို ခံစားမိလေ၏။
ပိုင်ဆုချင်၏နောက်ရှိ လေဟာနယ်ပင်လျှင် သူမကို သတ်ဖြတ်လိုသည့်အလား အနည်းငယ်တွန့်ခေါက်နေသည်။
ဘုန်းတော်ကြီးသည် သူမ ဆုတ်ခွာနိုင်မည့်လမ်းကြောင်းဟူသမျှကို ပိတ်ဆို့ထားသည်။ဤအချိန်အခိုက်အတန့်တွင် သူမ ထွက်ပြေးရန်မှာ မဖြစ်နိုင်တော့ချေ။
"အရှင်ဘုရား...ဒါက ဘာသဘောလဲ"
ပိုင်ဆုချင်သည် သူမ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းကာ တည်ငြိမ်အေးဆေးသောအသံဖြင့် မေးမြန်းလိုက်၏။
ဘုန်းတော်ကြီးသည် ပိုင်ဆုချင်နှင့်စကားပြောဆိုပြီး အချိန်ဖြုန်းလိုပုံမရချေ။သူသည် ပိုင်ဆုချင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"တကာမလေး....မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတချို့ရှိနေတယ်....ဒီနွမ်းပါးတဲ့ကိုယ်တော်နဲ့အတူ လိုက်ခဲ့ပြီးတော့ မင်းရဲ့ဒဏ်ရာတွေကိုကုသတာ ပိုကောင်းလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် ဘုန်းတော်ကြီးသည် သူ၏လက်ကိုဝှေ့ယမ်းကာ အင်္ကျီလက်လေဟာနယ်နယ်မြေနည်းစနစ်ကို အသုံးပြုလိုက်သည်။
အစောပိုင်းကတိုက်ပွဲတွင် ပိုင်ဆုချင်၏မှော်စွမ်းအားများအားလုံး ကုန်ခမ်းသွားခဲ့သဖြင့် သူမသည် အနည်းငယ်မျှ ခုခံကာကွယ်နိုင်စွမ်းမရှိတော့ချေ။
ပိုင်ဆုချင်၏အမြင်အာရုံ အမှောင်ကျသွားပြီးနောက် သူမသည် ဘုန်းတော်ကြီး၏ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတော့သည်။
သူမ၏စိတ်နှလုံးသားအတွင်းတွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူမသည် မူလက သေဘေးမှလွတ်မြောက်ပြီဟု တွေးထင်ခဲ့သော်လည်း ကျားတစ်ကောင်၏ခံတွင်းမှလွတ်မြောက်ကာ ဝံပုလွေတစ်ကောင်၏ပါးစပ်အတွင်းသို့ ရောက်ရှိသွားမည်ဟု သူမ မျှော်လင့်မထားမိချေ။
သို့ရာတွင် ယခုချိန်၌ သူမ အသက်ရှင်ခွင့်ရရှိသည်ကပင် သူမအတွက် အလွန်ကောင်းမွန်သော အခြေအနေတစ်ရပ်ဖြစ်နေလေပြီ။
ပိုင်ဆုချင်သည် သူမ၏စိတ်အတွင်းမှ တာအိုကျမ်းစာများကို ကြိမ်ဖန်များစွာရွတ်ဆိုကာ သူမ၏ကျင့်ကြံဆင့်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်၏။ထို့နောက် သူမ၏မျှော်လင့်ချက်များအားလုံးကို စွန့်လွှတ်ထားပြီးဖြစ်သဖြင့် ဖန်ရှုယွင်ကို အမှတ်ရနေမိသည်။
ရှုချင်သည် တစ်ချိန်က ရေအင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲတစ်ယောက်၏တပည့်ပင်။
သူ၏တပည့် သေဆုံးသွားသည်ကို သိရှိသွားပါက ထိုအဆင့်မြင့်အကြီးအကဲသည် တည်ငြိမ်စွာ ထိုင်ကြည့်နေနိုင်မည်မဟုတ်ချေ။
ဖန်ရှုယွင်သည် လူများကိုခေါ်ဆောင်လာကာ သူမကို လာရောက်၍ကယ်တင်မည်ဟု သူမ မျှော်လင့်မထားမိချေ။ဖန်ရှုယွင် ဘေးကင်းလုံခြုံသွားသရွေ့ အရာအားလုံးအဆင်ပြေသွားပေမည်။
……
ရေအင်မော်တယ်ဂိုဏ်း....မီးတောင်အတွင်း၌..
လုယွီသည် ဤမီးတောင်အတွင်း၌ ခုနစ်ရက်ကြာ ကျင့်ကြံခဲ့သည်။
ဤအချိန်ခုနစ်ရက်သည် ရှည်လျားခြင်းမရှိသော်လည်း ရေအင်မော်တယ်ဂိုဏ်းမှလူများအတွက် ရက်တစ်ရက်ချင်းစီသည် နှစ်တစ်နှစ်နှင့် တူညီနေပေ၏။
ဤရက်များအတွင်းတွင် ရေအင်မော်တယ်ဂိုဏ်းမှ မည်သူတစ်ဦးတစ်ယောက်မျှ ကျင့်ကြံနိုင်ခြင်းမရှိချေ။
အကြီးအကဲများမှအစ တပည့်များထိတိုင် သူတို့အားလုံးသည် လှိုဏ်ဂူများအတွင်းမှထွက်လာကာ ပြင်ပရှိ စိတ်ဝိညာဥ်စွမ်းအင်မုန်တိုင်းကြီးကိုကြည့်ပြီး သက်ပြင်းရှိုက်နေကြသည်။
"ဟူး....."
သူတို့အားလုံးသည် မိုးကောင်းကင်ယံအတွင်းရှိ သဘာဝလွန်ပုံရိပ်ကိုမြင်တွေ့ချိန်တွင် သူတို့ထံတွင် အစွမ်းအစမဲ့နေသကဲ့သို့ ခံစားမိသည်။
မိုးကောင်းကင်ယံအတွင်း၌ ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံးသည် လုယက်ခြင်းခံရသည့်အလား နေရာတစ်နေရာတည်းသို့ဦးတည်၍ စီးဆင်းနေသည်။
ဤသဘာဝလွန်ပုံရိပ်မျိုး ထွက်ပေါ်လာရန်မှာ မျိုးဆက်ဟောင်းမှ မွန်းစတားအိုကြီးများအတွက်ပင် လွန်စွာခက်ခဲပေမည်။
မူလက ရေအင်မော်ဂိုဏ်း၏တည်နေရာသည် စိတ်ဝိညာဥ်စွမ်းအားများ အလွန်ပေါကြွယ်ဝသော ဖုန်းရွှေရတနာမြေတစ်ခုဖြစ်ပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ ဂိုဏ်းတစ်ဂိုဏ်းလုံးရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံး လုယွီ၏လုယက်ခြင်းကို ခံလိုက်ရလေပြီ။
လုယွီ၏ကျင့်ကြံခြင်းကို ကူညီထောက်ပံ့ပေးနိုင်ရန်အလို့ငှာ ထန်ယောင်ရှင်းသည် တပည့်များအားလုံးကို ရွှေ့ပြောင်းနေထိုင်ရန် အမိန့်ပေးခဲ့သည်။
"ငါတို့က ဘာလို့ဖယ်ပေးရတာလဲ....ဒါက ငါတို့ရဲ့ ရေအင်မော်တယ်ဂိုဏ်းလေ...ဘာလို့ တော်ဝင်နန်းတွင်းရဲ့လူကို ငါတို့ရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေ လုယက်ခွင့်ပေးရမှာလဲ..."
"ရှူး...အသံတိုးတိုးပြောစမ်း....မင်း ရူးနေတာလား...အဲ့ဒီနေရာမှာ ကျင့်ကြံနေတဲ့သူက လက်ဝဲစစ်တပ်ရဲ့တပ်မှူးပဲ....ဂိုဏ်းချုပ်တောင်မှ သူ့ကို အနိုင်မယူနိုင်ဘူး"
ဤအမိန့်သည် ရေအင်မော်တယ်ဂိုဏ်းမှ တပည့်အများစုကို စိတ်မကျေမနပ်ဖြစ်သွားစေခဲ့သည်။သူတို့အနက်တချို့ထံမှနေ၍ မကျေမနပ်ပြောဆိုသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် သူတို့အားလုံးသည် လေသံတိုးတိုးဖြင့်သာ တိုင်ပင်ဆွေးနွေးဝံ့ပေ၏။
လုယွီ၏လှုပ်ရှားမှု ပြီးစီးသွားသည့်အချိန်မှစ၍ သူသည် ရေအင်မော်တယ်ဂိုဏ်းမှ လူများအားလုံးကို လုံးလုံးလျားလျား ခြိမ်းခြောက်နိုင်ခဲ့သည်။
'မင်း မကျေနပ်ဘူးလား...ဂိုဏ်းချုပ်တောင် လုယွီရဲ့ရှေ့မှာ ပြားပြားဝပ်နေတာကို မင်း မမြင်ဘူးလား'
ထို့ပြင် သူတို့သည် ဂိုဏ်းအတွင်း၌ ဆက်နေပါကလည်း သူတို့ ကျင့်ကြံနိုင်မည်မဟုတ်ချေ။
သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းဖြင့် စိတ်ဝိညာဥ်စွမ်းအားများ အကန့်အသတ်ရှိနေသော အေုခအနေအောက်တွင် သူတို့သည် လုယွီထံမှ လုယူနိုင်မည်မဟုတ်ချေ။
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သဘာဝလွန်ပုံရိပ်သည် ရေအင်မော်တယ်ဂိုဏ်း၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ နေ့စဥ်နေ့တိုင်း ထွက်ပေါ်နေလေ၏။မည်သူမည်ဝါဖြစ်နေပါစေ ဤကဲ့သို့ကျင့်ကြံခြင်းအရှိန်နှုန်းကို အနိုင်ယူနိုင်မည်ဟု သူတို့ကိုယ်သူတို့ ယုံကြည်ချက်မရှိချေ။
Chapter 3644
ယခုလက်ရှိအချိန်တွင် လုယွီသည် ချော်ရည်ပူများအကြား၌ ပလ္လင်ခွေထိုင်ကာ ကျင့်ကြံနေဆဲပင်။
ပြင်းထန်သောချော်ရည်ပူများသည် သူ၏ခန္ဓာကိုယ်ကို ထိခိုက်နာကျင်မှုမရှိစေသော်လည်း သူ၏ခန္ဓာကိုယ်အရေပြားကိုမူ ကြေးနီရောင်သန်းနေစေသည်။
"ထန်ယောင်ရှင်းပြောတာ အမှန်ပဲ...ဒီနေရာမှာကျင့်ကြံတဲ့ အကျိုးသက်ရောက်မှုက ပြင်ပလောကထက် ပိုပြီးမြင့်မားတယ်"
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကို တိတ်တဆိတ်လေ့လာဆင်ခြင်ကာ အလင်းတန်းတစ်တန်းက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
အရာရှိတစ်ယောက်ဟူသော သူ၏အဆင့်အတန်းကြောင့် သူ၏ကျင့်ကြံမှုအရှိန်နှုန်းတွင် ကံကြမ္မာစွမ်းအား၏ကောင်းချီးပေးမှုလည်း ပါဝင်သည်။သူ ကျင့်ကြံနေသော ကျင့်ကြံနည်းစနစ်များနှင့်ပတ်ဝန်းကျင်တို့ကို ပေါင်းထည့်လိုက်ပါက သူ၏ကျင့်ကြံမှုအရှိန်နှုန်း အလွန်အမင်း မြင့်တက်လာပေ၏။
သူ တစ်ရက်တာကျင့်ကြံခြင်းသည် ရက်တစ်ရာခန့် ပြင်းပြင်းထန်ထန်ကြိုးစားခြင်းနှင့် ညီမျှနေသည်။ဤသည်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကျင့်ကြံမှုအရှိန်နှုန်းပင်။
အမှန်အားဖြင့် ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းမျိုးအတွက် လုံလောက်သော စိတ်ဝိညာဥ်စွမ်းအားထောက်ပံမှုရရန်လိုအပ်သည်။
ရေအင်မော်တယ်ဂိုဏ်း၏နံဘေးပတ်ဝန်းကျင်မှ စိတ်ဝိညာဥ်စွမ်းအားများပင်လျှင် အဆက်မပြတ် ကုန်ဆုံးနေသည်။
ကံကောင်းထောက်မစွာဖြင့် ဤဂိုဏ်း၏တည်နေရာသည် ဖုန်းရွှေရတနာမြေတစ်ခုဖြစ်သည်။မနက်ခင်းတိုင်း နေရောင်ခြည်မြင့်တက်လာချိန်တွင် တောင်တန်းများသည် ပတ်ဝန်းကျင်ရှိယွမ်ချီများကို စုပ်ယူကာ ထူထပ်သိပ်သည်းပြီး ပေါကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအားများကို တဖန်ပြန်၍ရရှိစေသည်။
"ငါ့ရဲ့ခန္ဓာကိုယ်ထဲက ကျင့်ကြံမှုအဆင့်အရဆိုရင် ငါက အထွတ်အထိပ်အခြေအနေနဲ့ နီးကပ်နေပြီ...တကယ်လို့ ငါက ဆေးလုံးတွေကို အသုံးပြုလိုက်မယ်ဆိုရင် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
လုယွီ၏စိတ်အာရုံ ရုတ်တရက်ပျံ့လွင့်သွားသည်။သူ ကျင့်ကြံနေရင်း ပတ်ဝန်းကျင်နေရာအဘက်ဘက်မှတိုးဝင်လာသော စိတ်ဝိညာဥ်စွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်လိုက်၏။တခြားတစ်ဖက်တွင် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြုကာ သူ၏သိုလှောင်အိတ်ကမ္ဘာငယ်လေးအတွင်း၌ သူ ကျင့်ကြံဆင့်ချိုးဖျက်ရန်လိုအပ်သော ဆေးလုံးများကို သန့်စင်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤကိစ္စကို သိရှိသွားပါက သူ၏အောက်မေးရိုးများ ပြုတ်ကျလုမတက် အံ့အားသင့်တုန်လှုပ်သွားမည်မှာ သေချာပေါက်ပင်။
လုယွီ လက်ဝဲစစ်တပ်နယ်မြေသို့ ရောက်ရှိလာစဥ်တွင် မြေကမ္ဘာအင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးခါစအချိန်ဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့အရောက်တွင် နှောင်းပိုင်းအဆင့်မှ ထပ်မံ၍တက်လှမ်းနိုင်ရန် အလွန်အမင်းခက်ခဲသည်။ကျင့်ကြံသူအမြောက်အများသည် ဤအဆင့်တွင် ချောင်ပိတ်နေကာ သူတို့၏ဘဝတသက်တာအတွင်း အဆင့်တက်လှမ်းရန် အခွင့်အရေးတစ်ခုကို ရှာဖွေနိုင်စွမ်းမရှိချေ။
အလွန်အမင်းထူးချွန်သော ပါရမီရှင်တချို့သာ အသက်သုံးဆယ်မပြည့်မီ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ကြသည်။
သို့ရာတွင် လုယွီကမူ ချွင်းချက်ပင်။
သူ ကျင့်ကြံသည်မှာ အတုအယောင် အင်မော်တယ်လမ်းကြောင်းမဟုတ်ဘဲ အစစ်အမှန်ရှေးဟောင်းအင်မော်တယ်လမ်းကြောင်း ဖြစ်ပေ၏။
သူ အဆင့်ချိုးဖျက်ရန်လိုအပ်သော စိတ်ဝိညာဥ်စွမ်းအားပမာဏပင်လျှင် တခြားသူများထက် အနည်းဆုံးဆယ်ဆကျော် ပို၍လိုအပ်သည်။သို့ရာတွင် လုယွီ၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စိတ်ဝိညာဥ်စွမ်းအားစုပ်ယူမှုနှုန်းအောက်တွင် ကျင့်ကြံဆင့်ချိုးဖျက်မှုအခက်အခဲသည် သူ၏အားနည်းချက်မဟုတ်တော့ချေ။
လုယွီ၏ကျင့်ကြံဆင့်တိုးတက်မှုသည် အလွန်လျှင်မြန်သည်ဟု လူအများက ခံစားမိပေမည်။သို့ရာတွင် အကယ်၍ လုယွီ ကျင့်ကြံဆင့်ချိုးဖျက်ရန်အတွက် လိုအပ်သော စိတ်ဝိညာဥ်စွမ်းအားပမာဏကိုသာ သူတို့ သိရှိသွားပါက သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားမည်မှာ သေချာပေါက်ပင်။
သူသည် သူပြောဆိုသည့်အတိုင်း လုပ်ဆောင်နိုင်သူတစ်ယောက်ပင်။
လုယွီသည် ဘဝနှစ်ခု၌ ရှင်သန်နေထိုင်ခဲ့သည်။ထို့ကြောင့် သူ့ထံတွင် ကျင့်ကြံခြင်းအပေါ် နက်ရှိုင်းသော နားလည်သဘောပေါက်မှုမျိုးရှိကာ လမ်းကြောင်းသွေဖည်ခြင်းကို ရှောင်ရှားနိုင်ခဲ့လေ၏။
နှစ်နာရီခန့်ကြာပြီးနောက် လုယွီ၏သိုလှောင်အိတ်အတွင်း၌ ဆေးလုံးများ တောင်တစ်လုံးစာခန့်စုပုံနေကာ အလွန်ကြွယ်ဝသော ဆေးရနံ့များ ထွက်ပေါ်နေသည်။
ဤဆေးလုံးများကို လုယွီကိုယ်တိုင် သန့်စင်ထားခြင်းဖြစ်သည်။သာမာန်အားဖြင့် ဤဆေးလုံးများ၏စွမ်းအားသည် လွန်စွာပြင်းထန်ပေ၏။ဤကဲ့သို့ဆေးလုံးမျိုး၏ဆေးစွမ်းအားကို တောင့်ခံနိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် သန်မာအားကောင်းသောရုပ်ခန္ဓာကိုယ်ရှိနေရန် လိုအပ်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများကို လေ့လာဆင်ခြင်ပြီးနောက် လုယွီသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဆေးလုံးများအားလုံးကို ထုတ်ယူလိုက်၏။
ထိုဆေးလုံးများအားလုံးသည် ကြီးမားကျယ်ပြန့်သော အဖြူရောင်ဆေးအခိုးအငွေ့များအဖြစ်ပြောင်းလဲသွားကာ လုယွီ၏နှာခေါင်းပေါက်များမှတဆင့် စီးဝင်သွားသည်။
လုယွီက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း၌ မျောလွင့်နေသော ဆေးစွမ်းအားများနှင့်စိတ်ဝိညာဥ်စွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ဆေးလုံးတစ်လုံးကို ဝါးမျိုရန်အတွက် သန့်စင်ခြင်းနှင့်ချေဖျက်ခြင်းစသည့် လုပ်ငန်းစဥ်လိုအပ်သည်။
အချိန်ကုန်သက်သာစေရန်အလို့ငှာ လုယွီသည် ဆေးလုံးများကို ဝါးမျိုခြင်းမပြုဘဲ သူ့ရှေ့ရှိ ဆေးစွမ်းအားများနှင့်စိတ်ဝိညာဥ်စွမ်းအားများကို တိုက်ရိုက်ဝါးမျိုလိုက်ခြင်းဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်မှ ကျယ်လောင်သောနဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာကာ အလွန်အမင်းနားအူလုမတတ်ပင်။
ကြီးကျယ်ခမ်းနားသော ဆေးစွမ်းအားများသည် ဒုန်းစိုင်းပြေးနေသော မြင်းရိုင်းများအလား သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများအားလုံးအတွင်းသို့ စီးဝင်သွားသည်။
Chapter 3645
ဘုန်း...ဘုန်း....
ကြီးမားသောဆေးစွမ်းအားများ လှည့်ပတ်ခြင်းနှင့်အတူ လုယွီသည် သူ၏ခန္ဓာကိုယ်မှ မရီးဒါန်းများအားလုံး ဖောင်းကားစပြုလာသည်ကို ခံစားမိလေ၏။ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားသည်။
သို့ရာတွင် လုယွီသည် ထိုနာကျင်မှုကို ထိန်းချုပ်ကာ အတင်းအကြပ် တောင့်ခံလိုက်၏။
"ငါ့ရဲ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေက အတားအဆီးနေရာကို ရောက်နေပြီ"
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
အစမှယခုချိန်ထိ သူ၏ကျင့်ကြံဆင့်ချိုးဖျက်ခဲ့မှုများအားလုံးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများ အတားအဆီးနေရာသို့ရောက်ရှိမှသာ သဘာဝအလျောက်ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ သူ၏အတိတ်ဘဝရှိ မြောက်မြားစွာသော အတွေ့အကြုံများကိုအနှစ်ချုပ်ထားခြင်းမှ ကောက်ချက်ချထားခြင်း ဖြစ်ပေ၏။
မိုးကောင်းကင်တာအို မွေးဖွားလာစဥ်ကတည်းက တရားမျှတမှုပါရှိသည်။
တချို့လူများသည် ပို၍မြင့်မားသောနယ်ပယ်သို့ တက်လှမ်းရန်အတွက် သူတို့ ကျင့်ကြံဆင့်ချိုးဖျက်သည့်အချိန်တွင် အမျိုးမျိုးသောနည်းလမ်းများကိုအသုံးပြု၍ မှော်စွမ်းအားများကို အတင်းအကြပ်ပြန့်ကားအောင်လုပ်ကြသည်။ထို့နောက်မှသာ သူတို့သည် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်သို့ ပို၍လျှင်မြန်စွာ အဆင့်ချိုးဖျက်နိုင်ခဲ့လေ၏။
သို့ရာတွင် ဤသည်မှာ သူတို့၏အနာဂတ်ကျင့်ကြံမှုအပေါ်တွင် ကြီးမားသောဆိုးကျိုးများ သက်ရောက်နိုင်သည်။သူတို့၏စွမ်းအားသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်နှင့် ကိုက်ညီမှုမရှိချေ။
ဆိုရိုးစကားအရ ပြောဆိုရလျှင် မဟာတာအိုသည် အလွန်ရိုးရှင်းသည်။
ဤသည်မှာ ခွက်တစ်ခွက်အတွင်းသို့ ရေဖြည့်သည့်အလားပင်။ခွက်တစ်ခွက်အတွင်းသို့ ရေအပြည့်ဖြည့်ပြီးမှသာ ကျန်ခွက်များအတွင်းသို့ ဆက်ဖြည့်သင့်သည်။
လုယွီ၏အတိတ်ဘဝတွင် ယခုဘဝကဲ့သို့ အဆင်ပြေချောမွေ့မှုမျိုးနှင့် လွန်စွာအလှမ်းကွာဟသည်။သူ့ထံတွင် ကောင်းမွန်သော ကျင့်ကြံနည်းစနစ်များမရှိသည့်အပြင် ကျင့်ကြံရန်သင့်တော်သော နေရာလည်းမရှိချေ။သူသည် သူ၏ရန်သူများ လိုက်လံဖမ်းဆီးမှုအောက်မှ အမြဲတစေ ရှောင်ပုန်းနေရလေ၏။သူ ရတနာများရရှိသည့်အချိန်တိုင်း မြောက်မြားစွာသောလူများ လိုချင်တပ်မက်နေကြသည်။
ဤအချိန်အတောအတွင်းတွင် သူသည် ရွေးချယ်စရာမရှိတော့သဖြင့် သူ၏စွမ်းအားကို အလျှင်အမြန်မြှင့်တင်နိုင်ရန်အတွက် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုခဲ့ရသည်။
သို့ရာတွင် ဤသို့လုပ်ခဲ့ခြင်းကြောင့် သူ၏အနာဂတ်ကျင့်ကြံမှုတွင် ဘေးထွက်ဆိုးကျိုးများရရှိကာ သူ အလွန်ထိခိုက်ခံစားခဲ့ရသည်။
ထို့ကြောင့် ဤဘဝတွင် သူ အလွန်အမင်း အရေးပေါ်အခြေအနေမျိုးနှင့် မကြုံတွေ့ရသရွေ့ လုယွီသည် သူ အားနည်းသောအဆင့်သို့ ရောက်ရှိမသွားစေရန်အတွက် လျှို့ဝှက်နည်းစနစ်များအသုံးပြုခြင်းကို ရှောင်ကြဥ်ခဲ့သည်။
"အခုချက်ချင်း....သိပ်သည်းစမ်း"
လုယွီသည် အခွင့်အရေးကို တိတ်တဆိတ်လေ့လာဆင်ခြင်လိုက်၏။အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ပလ္လင်ခွေထိုင်ပြီးနောက် သူ၏မျက်လုံးကို ရုတ်တရက်ဖွင့်ကာ သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို လှည့်ပတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူ၏လမ်းညွှန်မှုအောက်တွင် သူ၏ခန္ဓာကိုယ်မှ မှော်စွမ်းအားများအားလုံးကို တစ်ကြိမ်ပြီးတစ်ကြိမ်လှည့်ပတ်ကာ ထိန်းညှိလေသည်။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီ၏ခန္ဓာကိုယ်အတွင်းမှနေ၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာကာ မီးတောင်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုယွီ၏နံဘေးရှိ မီးနဂါးသွေးကြောပင်လျှင် အလွန်အံ့အားသင့်သွားလေ၏။သူသည် လှည့်ပတ်ပျံဝဲကာ အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။
သို့ရာတွင် ဤရက်အနည်းငယ်အတွင်းတွင် လုယွီ၏အရူးအမူးစုပ်ယူမှုကြောင့် မီးတောင်အတွင်း၌ စိတ်ဝိညာဥ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ဤမီးနဂါးသွေးကြောသည်လည်း ထိုအရာမှတဆင့် ကြီးမားသောအကျိုးကျေးဇူးများ ရရှိလေ၏။
ထို့ကြောင့် မီးနဂါးသွေးကြောသည် ဤလူသားကို အနှောက်အယှက်ပြုရန် ရည်ရွယ်မထားချေ။သူသည် လုယွီကို စိတ်ဝင်တစားကြည့်ပြီးနောက် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။
လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မိုးခြိမ်းသံကဲ့သို့ ဆူညံသံများကိုသာ တစ်သံပြီးတစ်သံ ကြားနေရနိုင်သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို အာရုံခံကြည့်ပြီးနောက် လုယွီသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေမျိုးသို့ ရောက်ရှိသွားပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်အတွင်း၌ သူသည် နတ်ဘုရားတစ်ပါးဟု သရုပ်သကန်ထင်ဟပ်နေသည်။
ဤနတ်ဘုရားသည် မြင့်မြတ်ပြီးတည်ကြည်လေးနက်သော မျက်နှာအမူအယာနှင့် အထက်စီးမှ အောက်သို့ ငုံကြည့်နေသည်။ဤသည်မှာ အတိတ်ဘဝတွင် လုယွီကျင့်ကြံခဲ့သော မြေအောက်လောကနတ်ဘုရားပင်။
ထိုနတ်ဘုရားပုံရိပ်ယောင်ကို ထင်ဟပ်စေပြီးနောက် လုယွီသည် သူ၏ကျင့်ကြံနည်းစနစ်များအားလုံးကို အသက်သွင်းကာ နောက်ထပ်မြင့်မားသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများအားလုံးကို အသုံးပြုလိုက်၏။
သူ၏ကျင့်ကြံနည်းစနစ်များသည် တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆရနိုင်သော အရာများပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျင့်ကြံနည်းစနစ်အများစုသည် မှော်စွမ်းအားများ လှည့်ပတ်သည့်လမ်းကြောင်းကိုလေ့လာရန် သရုပ်သကန်ထင်ဟပ်စေသည့်နည်းလမ်းကို အသုံးပြုပြီးမှသာ နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းနိုင်မည့်လမ်းကြောင်းကို ရှာဖွေနိုင်ပေမည်။
ကျင့်ကြံသူများသည် တာအိုဒုတိယဆင့်သို့ ရောက်ရှိချိန်တွင် သူတို့၏ဓမ္မပုံရိပ်ယောင်ကို သရုပ်သကန်ထင်ဟပ်စေရန်အတွက် မည်သည့်ကျင့်ကြံနည်းစနစ်လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိထားပြီးလေပြီ။
သို့ရာတွင် တခြားသူများ၏သရုပ်သကန်ထင်ဟပ်မှုသည် သူတို့၏ကျင့်ကြံနည်းစနစ်များအရပင်။
လုယွီ သရုပ်သကန်ထင်ဟပ်စေသည်မှာ အတိတ်ဘဝမှ သူကိုယ်တိုင်ဖြစ်နေသည်။ဤနှစ်ချက်သည် လုံးလုံးလျားလျားကွဲပြားသော အဆင့်၌ ရှိနေပေ၏။
Thank For Reading.