အခန်း (၃၆၅၄-၃၆၅၇)
Vol. 186 Ch. 3654-3657
Chapter 3654
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ယခင်က လုယွီသည် အချိန်အတော်ကြာ ကျင့်ကြံနေခဲ့ပြီး သူ၏ကျင့်ကြံခြင်းသည် တစ်ကြိမ်တစ်ခါမျှ ရပ်တန့်သွားခဲ့ခြင်းမရှိချေ။
သို့ရာတွင် သူတို့သည် ယခုလက်ရှိမြင်ကွင်းကို တစ်ချက်ကြည့်ပြီးနောက် ထူးဆန်းနေသကဲ့သို့ ခံစားမိသည်။သို့ရာတွင် လုယွီထံတွင် သူ၏ကိုယ်ပိုင်အစီအစဥ်ရှိနေမည်ဖြစ်သောကြောင့် မည်သူကမျှ ကြားဝင်စွက်ဖက်ဝံ့ခြင်းမရှိချေ။
တချို့လူများသည် လျှို့ဝှက်လှုပ်ရှားမှုများကိုလုပ်ဆောင်ကာ တိတ်တဆိတ်ကျိန်စာတိုက်နေကြပြီး လုယွီထံတွင် တစ်စုံတစ်ခုဆိုးဆိုးရွားရွားဖြစ်သွားရန်ကို မျှော်လင့်နေကြသည်။
"ငါ သိတယ်...မင်းတို့လို သောက်ကျင့်မကောင်းတဲ့ တာအိုကျင့်ကြံသူတွေဆီမှာ မကောင်းတဲ့စိတ်ထားတွေရှိနေတာ ငါ သိတယ်"
ရေအင်မော်တယ်ဂိုဏ်း၏ခမ်းနားထည်ဝါသော ခြံဝန်းတစ်ခုအတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။
လန်ဝူရှင်းသည် ရုတ်တရက် ခြံဝန်းအတွင်းမှ ထွက်လာကာ ဒေါသတကြီးဖြင့် မီးတောင်အပေါက်ဝထံသို့ ပျံသန်းသွားသည်။
မီးတောင်၏နံဘေးပတ်ဝန်းကျင်တွင် လုံးလုံးလျားလျား ရှင်းလင်းနေသည်။ဤအချိန်အခိုက်အတန့်တွင် မီးတောင်အနီးသို့ လူတစ်ယောင် ကြိုတင်ရောက်ရှိနေပေ၏။
ဤသည်မှာ ထန်ယောင်ရှင်းပင်။
ထန်ယောင်ရှင်းကိုမြင်တွေ့ချိန်တွင် လန်ဝူရှင်းက ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ....အရှင်လုရဲ့အရှိန်အဝါက ဘာလို့ ဒီလောက်ထိအားနည်းသွားတာလဲ"
သူသည် ယခုချိန်၌ လုယွီနှင့် လုံးလုံးလျားလျားပူးပေါင်းထားပြီးဖြစ်ကာ တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်ရာထူးကိုပင် ခန့်အပ်ခံထားရသည်။
အကယ်၍ လုယွီသာ တစ်စုံတစ်ခုဖြစ်သွားပါက ပြင်ပသိုင်းလောကမှ လူအမြောက်အများသည် သူ့အား လိုက်လံ၍ဖမ်းဆီးသတ်ဖြတ်ကြပေမည်။
အကယ်၍ လုယွီ တစ်စုံတစ်ခု လွဲချော်သွားပါက ပထမဆုံးဒုက္ခရောက်မည့်သူမှာ သူ ဟုပင်ဆိုနိုင်သည်။
လန်ဝူရှင်းသည် အစကဏဦးကတည်းက လုယွီ၏အရှိန်အဝါကို စဥ်ဆက်မပြတ် အာရုံခံနေခဲ့သည်။ယနေ့ သူ ကျင့်ကြံနေစဥ်တွင် လုယွီ၏အရှိန်အဝါ သိသိသာသာကျဆင်းသည်ကို သူ အာရုံခံမိသဖြင့် အလျှင်အမြန်လာရောက်စစ်ဆေးခြင်းဖြစ်သည်။
ထန်ယောင်ရှင်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"မင်းက ငါ့ကို မေးတယ်...ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ"
သူသည်လည်း ဇဝေဇဝါဖြစ်နေခဲ့သည်။
သာမာန်နေ့ရက်များတွင် လုယွီ ကျင့်ကြံနေစဥ်တွင် ကောင်းကင်နှင့်မြေပြင်အကြား၌ သဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာကာ သူ၏အရှိန်အဝါ အလွန်အမင်းကြီးမားသည်။
သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဤကြီးမားသောအရှိန်အဝါကြီး ပျောက်ကွယ်သွားခဲ့သည်။ထို့ပြင် လုယွီ၏စိတ်ဝိညာဥ်စွမ်းအားများသည် အချိန်မရွေးကြွေလွင့်သွားနိုင်သည့်အလား အလျှင်အမြန် လျော့ကျလာပေ၏။
"မဟုတ်ဘူး...ငါ အထဲဝင်ပြီးတော့ တစ်ချက်ကြည့်မှရမယ်"
လန်ဝူရှင်းက မီးတောင်အတွင်းသို့ဝင်၍ စုံစမ်းစစ်ဆေးရန် ဟန်ပြင်လိုက်သည်။
ထန်ယောင်ရှင်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"အရှင်လုက ဘယ်သူကိုမှ အထဲဝင်ခွင့်မပြုဘူးလို့ အရင်က အမိန့်ပေးထားတယ်...လန်ဝူရှင်း...မင်း အမိန့်ကိုဖီဆန်ဖို့ ကြံစည်နေတာလား"
"ဟမ့်....ငါ့ရှေ့မှာ မင်း သစ္စာရှိချင်ယောင်ဆောင်မနေစမ်းနဲ့...မင်း ဘယ်လိုလူစားမျိုးလဲဆိုတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား...အပေါ်ယံမှာ မင်းက သစ္စာရှိနေပေမယ့်...နောက်ကွယ်မှာ အုပ်ချုပ်ရေးအဖွဲ့ကို ပုန်ကန်မယ့် နည်းလမ်းတွေကို ကြံစည်နေခဲ့တယ်ဆိုတာ ငါ သိတယ်...တကယ်လို့ အရှင်လုကသာ နတ်ဆိုးမျိုးစေ့ကို မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းမထားဘူးဆိုရင် မင်း သစ္စာဖောက်တာ အချိန်အတော်ကြာနေလောက်ပြီ"
လန်ဝူရှင်းက အပြုံးနှင့်ပြောဆိုသည်။
"ငါက မင်းနဲ့မတူဘူး...ငါ ဆုံးဖြတ်တဲ့ကိစ္စကို ဘယ်သူကမှ ဖိအားပေးလို့မရဘူး...ငါက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် မင်းတို့လို သူတော်ကောင်းယောင်ဆောင်နေတဲ့ကောင်တွေနဲ့ မတူဘူး...ငါက အပေါ်ယံမှာပဲ သနားကြင်နာစိတ်ရှိပြီး စိတ်ထားမွန်မြတ်နေတဲ့ ကြောင်သူတော်မျိုးမဟုတ်ဘူး...ငါက အရှင်လုရဲ့နောက်မှာ ဘာမဟုတ်တာမှ လုပ်မှာမဟုတ်ဘူး"
"လန်ဝူရှင်း...ဒါက ရေအင်မော်တယ်ဂိုဏ်းနော်...မင်း သေချင်နေတာလား"
ထန်ယောင်ရှင်းသည် သွားရှုပ်၍ရသောလူစားမျိုးမဟုတ်ချေ။လန်ဝူရှင်း၏ မထီမဲ့မြင်ပြုသောစကားများကိုကြားချိန်တွင် သူ မည်သည်ကြောင့်သည်းခံနိုင်မည်နည်း။
ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။
လန်ဝူရှင်းသည်လည်း ထပ်တူထပ်မျှဖြစ်ကာ နောက်တွန့်ခြင်းမရှိချေ။ထန်ယောင်ရှင်းနှင့်ရင်ဆိုင်ရန်အတွက် သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
ဤှသည်မှာ လုယွီ၏အင်အားစုအကြားတွင် ပထမဆုံးအကြိမ် အတွင်းရေးတင်းမာမှုဖြစ်ခြင်းပင်။
ထန်ယောင်ရှင်းနှင့်လန်ဝူရှင်းတို့သည် လုယွီ အသစ်ခေါ်ယူထားသော လက်အောက်ငယ်သားများဖြစ်သည်။သို့ရာတွင် တာအိုဂိုဏ်းနှင့်နတ်ဆိုးဂိုဏ်းအကြားတွင် အတိတ်၌ မရေမတွက်နိုင်သော ရန်ငြိုးများရှိသည်။ဤသည်မှာ လွယ်လင့်တကူ ပြေငြိမ်းနိုင်မည့် ကိစ္စမျိုးမဟုတ်ချေ။
နှစ်ဖက်အကြားတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသိပ်သည်းနေကာ အချိန်မရွေး ကြီးမားသောတိုက်ပွဲတစ်ခု စတင်ဖြစ်ပွားတော့မည့်ပုံရသည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် တိတ်ဆိတ်ငြိမ်သက်နေသော မီးတောင်ပေါက်ဝမှနေ၍ ကောင်းကင်နှင့်မြေပြင်တခွင်လုံး တုန်ခါသွားစေသော မြည်ဟီးသံကြီးထွက်ပေါ်လာသည်။
ဝုန်း....ဝုန်း...
ဤအသံသည် ကောင်းကင်ဘုံမိုးကြိုးတစ်စင်း ဆင်းသက်လာသည်နှင့်တူညီကာ အလွန်အမင်းကျယ်လောင်သည်။ဤအရာသည် လေထုအတွင်း၌ ပဲ့တင်ထပ်နေကာ အချိန်အတော်ကြာသည့်အထိ ရပ်တန့်သွားခြင်းမရှိချေ။
ချော်ရည်ပူများက မီးတောင်ပေါက်ဝမှနေ၍ တဖန်ပြန်၍ ပွင့်အံ့ထွက်လာသည်။ထို့နောက် ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များက ထိုချော်ရည်ပူများနှင့်အတူ ထွက်ပေါ်လာပေ၏။
Chapter 3655
ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ မီးတောင်သည် မီးတောင်ရှင်တစ်တောင်ပင်။
သာမာန်အားဖြင့် ကျင့်ကြံသူအမြောက်အများ ဤနေရာတွင် ကျင့်ကြံနေသည်။သူတို့၏ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်အလို့ငှာ မီးနဂါးသွေးကြောကိုတည်ငြိမ်စေရန်နှင့် မီးတောင်ပေါက်ကွဲမှုကို တားဆီးဟန့်တားရန်အတွက် အကာအကွယ်ဝင်္ကပါအရွယ်အစား အမျိုးမျိုးကို ခင်းကျင်းထားခဲ့သည်။
သို့ရာတွင် ယခုချိန်၌ အရာအားလုံး ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားလေပြီ။
မီးနဂါးသွေးကြောသည် အတိုင်းအတာတစ်ခုထိ ထိတ်လန့်ကြောက်ရွံသွားပုံရကာ မြေကြီးအောက်သို့ အသည်းအသန်တိုးဝင်သွားတော့သည်။
မီးတောင်၏အနီးပတ်ဝန်းကျင်ရှိ ပြားချပ်ပြီးကျစ်လစ်သိပ်သည်းသော မြေပြင်ပေါ်မှ ပြင်းထန်သောလှုပ်ခတ်မှုများ ဆက်တိုက်ထွက်ပေါ်လာသည်ကို လူတိုင်းခံစားမိလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
ဤသည်မှာ လူတစ်ယောက်၏နှလုံး ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည့်အလားပင်။
မီးတောင်၏နံဘေးတွင်ရှိနေသည့် မူလက ထိပ်တိုက်ရန်စောင်နေသော လန်ဝူရှင်းနှင့်ထန်ယောင်ရှင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် ကြည့်လိုက်ကြသည်။ထို့နောက် သူတို့သည် မီးတောင်အပေါက်ဝထံသို့ တဖန်ထပ်၍ ကြည့်လိုက်ကြ၏။
အရာအားလုံးသည် ရုတ်တရက်ဆန်စွာ ဖြစ်ပွားသွားခြင်းဖြစ်ရာ မည်သူကမျှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိချေ။
ချော်ရည်ပူများအောက်၌....
အကြိမ်ပေါင်းတစ်သောင်းကျော် လေ့လာဆင်ခြင်ပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် ပန်ဂုနတ်ဘုရား၏ဧရာမပုံရိပ်ယောင်ကြီးနှင့် ပေါင်းစည်းသွားပုံရသည်။
စိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ လုယွီက သူ၏လက်ကိုဖြည်းညှင်းစွာမြှောက်လိုက်၏။
သူ၏လက်အတွင်း၌ ပုဆိန်လည်းမရှိ မည်သည့်အရာမျှလည်းရှိမနေချေ။
သို့ရာတွင် လုယွီ၏လက်မြှောက်လိုက်သော အချိန်အခိုက်အတန့်တွင် သူ့ရှေ့ရှိမြင်ကွင်းတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
"ဖျက်ဆီးပြီးတော့ ရပ်တည်မယ်....သေဆုံးပြီးတော့ ပြန်လည်ရှင်သန်မယ်...."
လုယွီသည် ထိုအရာကို သူ၏နှုတ်မှ အဆက်မပြတ်ရေရွတ်ကာ နားလည်သဘောပေါက်မှုအရိပ်အယောင်တချို့က သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏လက်အတွင်း၌ ဧရာမပုဆိန်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့်အလားပင်။
သူ လေ့လာဆင်ခြင်နေသည်မှာ ပုဆိန်၏လှုပ်ရှားမှုမဟုတ်ဘဲ ထိုပုဆိန်ခုတ်ချက်ထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပင်။
အကြိမ်ပေါင်းသောင်းနှင့်ချီ၍ လေ့လာဆင်ခြင်ပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် ပြိုကွဲပျက်စီးခြင်းနှင့်ကျစ်လစ်သိပ်သည်းခြင်းဖြစ်စဥ်များ ထပ်ခါတလဲလဲတစ်လှည့်စီ ဖြစ်ပွားနေခဲ့သည်။
သူ၏စိတ်ဝိညာဥ်ပေါ်တွင် ဒဏ်ရာများ ပို၍ပို၍များပြားလာသည်နှင့်အမျှ သူ၏စိတ်ဝိညာဥ် ပို၍ပို၍ကျစ်လစ်သိပ်သည်းလာသည်။
"အခုက အဆုံးသတ်ဖို့ အချိန်ကျပြီ"
လုယွီ၏စိတ်ဝိညာဥ်မှမျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။
သူသည် လှုပ်ရှားခြင်းမပြုချေ။
သို့ရာတွင် သူ၏စိတ်အတွင်း၌ ပုဆိန်ခုန်ချက်တစ်ချက် အောက်သို့ကျရောက်သွားလေပြီ။
ဘုန်း...ဘုန်း...ဘုန်း...
လုယွီ၏စိတ်ဝိညာဥ်အနီးတဝိုက်၌ ရစ်ဝဲနေသော အတွင်းစိတ်နတ်ဆိုးများအားလုံး ဤအချိန်အခိုက်အတန့်တွင် ပေါက်ကွဲသွားကာ အမှုန်အမွှားများအဖြစ်သို့ ကြေမွှပျက်စီးသွားတော့သည်။
မရေမတွက်နိုင်သော အတွင်းစိတ်နတ်ဆိုးများသည် အော်ဟစ်ရန်ပင်အချိန်မရလိုက်ဘဲ လုယွီ၏စိတ်ဆန္ဒကြောင့် ကြေမွှပျက်စီးသွားလေ၏။
ထို့နောက် ကြေမွှသွားသော အတွင်းစိတ်နတ်ဆိုးများသည် စိတ်ဝိညာဥ်စွမ်းအားလှိုင်းများအဖြစ် ပြောင်းလဲသွားကာ လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ စီးဝင်လာသည်။
အတွင်းစိတ်နတ်ဆိုးများ ကိုက်ဖြတ်မှုကြောင့်ရရှိထားသော သူ၏စိတ်ဝိညာဥ်မှဒဏ်ရာများသည် စိတ်ဝိညာဥ်စွမ်းအားများစီးဝင်လာသည်နှင့်အမျှ ပျောက်ကင်းသွားပြီး ပို၍ကျစ်လစ်သိပ်သည်းလာသည်။
"ပုန်းအောင်းနေတဲ့ အတွင်းစိတ်နတ်ဆိုးတချို့ ကျန်နေသေးတယ်....အခုချက်ချင်း ထွက်လာခဲ့စမ်း"
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ပြဿနာကို အမြစ်ပြတ်သုတ်သင်ရန် စဥ်းစားထားသည်။
သူသည် သူ့စိတ်ဝိညာဥ်၏နက်ရှိုင်းသောနေရာမှ အတွင်းစိတ်နတ်ဆိုးများအားလုံးကို ဆွဲထုတ်လိုက်၏။
"အား...သူ ငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ"
"မကောင်းတော့ဘူး...ပြေးကြ....ပြေးကြတော့"
ထိုအတွင်းစိတ်နတ်ဆိုးများသည် မူလက လုယွီ၏စိတ်ဝိညာဥ် အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေကာ ထိုအရာများ၏တည်ရှိမှုကို စုံစမ်းထောက်လှမ်းနိုင်ရန် အလွန်အမင်းခက်ခဲသည်။
သို့ရာတွင် ယခုချိန်၌ သူတို့အားလုံးထံမှနေ၍ သွေးပျက်ဖွယ်အော်သံနက်ကြီးများ ထွက်ပေါ်လာသည်။သူတို့အားလုံး၏ခေါင်းများထက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်အရှိန်အဝါတစ်ရပ် လွှမ်းခြုံနေသဖြင့် သူတို့အားလုံး အသက်ပင်ရှု၍မရတော့ချေ။
သူတို့အတွက် ပြေးစရာမြေလည်းရှိမနေပေ။
လုယွီ၏အကြည့်အောက်တွင် အတွင်းစိတ်နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ဆွဲထုတ်ခံနေရသည်။ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ရပ်က ထိုအတွင်းစိတ်နတ်ဆိုးများပေါ်သို့ ကျရောက်သွားကာ အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးလိုက်၏။
ထောင်သောင်းချီသော အတွင်းစိတ်နတ်ဆိုးများကိုသတ်ဖြတ်ပြီးနောက် ကြည်လင်သောခံစားချက်တစ်ရပ်က လုယွီ၏စိတ်နှလုံးသားတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဤသည်မှာ သူသည် ဥပဒေသအမျိုးအစားတစ်ခုကို ထိတွေ့မိသည့်အလား သူ၏စိတ်နှလုံးသားသည် ကြည်လင်ပြီး အပြစ်အနာအဆာကင်းမဲ့နေပေ၏။
သူ၏အတွေးတစ်ခုစီသည် နှိုင်းယှဥ်စရာမရှိသည်အထိ သန့်စင်နေပြီး မည်သည့်ညစ်နွမ်းမှုမျိုးမျှရှိမနေချေ။
ဤသည်မှာ သူ့အား ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှပေးအပ်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း လုယွီက သိရှိထားသည်။
အကယ်၍ သူသည် ဤအတွင်းစိတ်နတ်ဆိုးများကို သယ်ဆောင်ထားပြီး ကျင့်ကြံဆင့်ချိုးဖျက်ပါက သူ၏စိတ်ဝိညာဥ်မှစွမ်းအားသည် ဆက်လက်၍လုံလောက်နေပေမည်။သို့ရာတွင် သူ၏ခွန်အား မြင့်တက်လာသည်နှင့်အမျှ ပြဿနာများ အနှေးနှင့်အမြန် မြင့်တက်လာပေမည်။
Chapter 3656
သို့ရာတွင် လုယွီသည် ဤအချက်ကို လုံးလုံးလျားလျား လျစ်လျှူရှုထားမိသည်။
သူသည် သူ့စိတ်ဝိညာဥ်၏စွမ်းအားကို မှီခိုအားထား၍ ထိုအတွင်းစိတ်နတ်ဆိုးများကို အနည်းငယ်မျှ အရေးစိုက်ခြင်းမရှိချေ။
ဤသည်ကြောင့် လုယွီ၏ခွန်အား အလွန်လျှင်မြန်စွာ ကြီးထွားလာသော်လည်း သူ၏စိတ်နှလုံးသားအတွင်းရှိ အတွင်းစိတ်နတ်ဆိုးများသည် ပို၍အားကောင်းလာပေ၏။
ဤအတွင်းစိတ်နတ်ဆိုးများသည် သာမာန်အချိန်များ အတောအတွင်းတွင် ငြိမ်သက်နေပေမည်။သူတို့သည် လုယွီ၏သာမာန်ကျင့်ကြံခြင်းကို သက်ရောက်စေမည်မဟုတ်ချေ။
သို့ရာတွင် အကယ်၍ လုယွီသည် နောင်အနာဂတ်တွင် ပို၍မြင့်မားသောနယ်ပယ်တစ်ခုသို့ ကျင့်ကြံဆင့်ချိုးဖျက်ပါက ထိုအတွင်းစိတ်နတ်ဆိုးများသည် အခွင့်ကောင်းရရှိသွားကာ သူ့အပေါ်သို့ သက်ရောက်မှုများရှိလာပေမည်။
ထိုအချိန်ကျပါက လုယွီသည် ဘဝနှစ်ဘဝရှင်သန်နေထိုင်ခဲ့ကာ သူ၏ကျင့်ကြံဆင့်စွမ်းအားသည် မိုးထိမြင့်မားနေသည့်တိုင် သူ့၏ကျင့်ကြံဆင့်ချိုးဖျက်မှု ကျရှုံးသွားနိုင်သည်။
ဤသည်မှာ ခြောက်လုံးတစ်ခုသက်သက်မဟုတ်ဘဲ အမှန်တကယ်ဖြစ်လာနိုင်သော ကိစ္စတစ်ခုပင်။
ကြည့်ရသည်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် လုယွီ၏စိတ်ဝိညာဥ်ကို ဒဏ်ရာရအောင် ပြုလုပ်ခဲ့ပုံရသည်။သို့ရာတွင် အမှန်အားဖြင့် သူသည် နောင်အနာဂတ်တွင် လုယွီထံ၌ဖြစ်လာနိုင်သော ပြဿနာတစ်ခုကို ကူညီ၍ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။
ကျိုးထန်းယင်သည် သူ့ကို လက်ဆောင်ကြီးတစ်ခု ပေးခဲ့သည်ဟုပင် ဆိုနိုင်ပေ၏။
"နောက်တစ်ကြိမ် ငါ သူ့ကိုတွေ့ရင်...သေချာမေးမြန်းရမယ်"
တစ်ချိန်တည်းမှာပင် ကျိုးထန်းယင်သည် သူ၏အတွင်းစိတ်နတ်ဆိုးမဟုတ်ကြောင်းကိုလည်း သူ သိနားလည်သွားသည်။
နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ သူ၏စိတ်ဝိညာဥ်ကို စစ်ဆေးခဲ့သည့်တိုင် ကျိုးထန်းယင်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို ရှာမတွေ့ခဲ့ချေ။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ကျိုးထန်းယင်၏အစစ်အမှန်ရည်ရွယ်ချက်ကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိချေ။
ယေဘုယျကျကျပြောဆိုရလျှင် အတိတ်ဘဝ၌ လုယွီနှင့်ကျိုးထန်းယင်တို့၏ စိတ်ဝိညာဥ်များ တပြိုင်နက်တည်း ကြွေလွင့်ခဲ့ရကာ သူသည် တစ်ဖက်လူ၏စိတ်ဝိညာဥ်ကို အပြည့်အဝ ဝါးမျိုခဲ့ပေ၏။သူနှင့်ကျိုးထန်းယင်ကြားတွင် နက်ရှိုင်းသော သွေးကြွေးရန်ငြိုးရှိနေသဖြင့် သူတို့နှစ်ယောက်သည် ရန်သူများဖြစ်နေသင့်သည်။
သို့ရာတွင် ကျိုးထန်းယင်သည် သူ့ကို လက်စားချေခြင်းမရှိချေ။ဤတစ်ကြိမ်တွင် သူ့အား ကံကြမ္မာကောင်းကြီးတစ်ခုကိုပင် ပေးအပ်ခဲ့သည်။ဤသည်မှာ လုယွီကို အလွန်အမင်း ဇဝေဇဝါဖြစ်စေခဲ့ပေ၏။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ့အတွက် ကိစ္စကောင်းတစ်ရပ်ပင်။
လုယွီသည် သူ၏အတွေးများကို ပြန်ရုတ်သိမ်းကာ သူ၏ရုပ်ခန္ဓာကိုယ်ထံသို့ သတိပြန်ကပ်လိုက်ပြီး သူ၏မျက်လုံးများကို တဖန်ပြန်၍ဖွင့်လိုက်သည်။
သူသည် ချော်ရည်ပူများအတွင်း၌ ပလ္လင်ခွေထိုင်နေဆဲဖြစ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်၌ ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပွားသွားခဲ့သည်။
သူ၏စိတ်ဝိညာဥ်စွမ်းအား ပြည့်နှက်နေကာ သူ၏မှော်စွမ်းအားများလည်း ပြည့်နှက်နေပေ၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်သည် လုယွီ၏မရီးဒါန်းများအကြား၌ လှည့်ပတ်နေကာ အချိန်အတော်ကြာ ငြိမ်သက်သွားမည်မဟုတ်သော မြစ်ကြီးတစ်စင်းအလားပင်။
သူ၏မှော်စွမ်းအားများကို အကန့်အသတ်အဆင့်ထိ လှည့်ပတ်ပြီးနောက် လုယွီက ရုတ်တရက် သူ၏ခေါင်းကိုမော့ကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏အသံသည် ရေအင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းလုံးအနှံ့ အလွန်ကျယ်လောင်စွာ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဘုန်း...
အလင်းတန်းတစ်တန်းသည် တိမ်စိုင်များအကြားသို့ တန်းတန်းမတ်မတ် မြင့်တက်သွားလေ၏။
အစွမ်းထက်သောအားလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာကာ ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးက လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီး၏မျက်လုံးများပွင့်လာကာ ရေအင်မော်တယ်ဂိုဏ်းအတွင်းရှိ သက်ရှိများအားလုံးကို ကြည့်လိုက်သည်။
ဝီ....
ပြင်းထန်သောတုန်ခါမှုတစ်ခုက လေထုအတွင်း၌ ထွက်ပေါ်လာသည်။
လုယွီ၏ကျင့်ကြံဆင့်ချိုးဖျက်မှုကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်တုန်ခါစပြုလာသည်။ထို့နောက် လေဟာနယ်အတွင်း၌ လှိုင်းဂယက်များ ထွက်ပေါ်လာပေ၏။
ဤကဲ့သို့ကျင့်ကြံဆင့်ချိုးဖျက်မှုသည် ကြီးမားသောသက်ရောက်မှုများ ဖြစ်စေသဖြင့် ပတ်ဝန်းကျင်ရှိလူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
အက်ကွဲကြောင်း၏နံဘေးတွင်ရှိနေသော ထန်ယောင်ရှင်းနှင့်လန်ဝူရှင်းတို့သည် မတ်တတ်ရပ်နေကြဆဲပင်။ရုတ်တရက် ကျယ်လောင်သောတုန်ခါသံကြီးတစ်သံကို ကြားလိုက်ရသဖြင့် သူတို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြသည်။
မီးတောင်အပေါက်ဝတွင် ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာကာ မောက်မာဝံ့ကြွားသောအမူအယာဖြင့် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ကြည့်မိသော မည်သူမဆို သူတို့၏ကျောရိုးတလျှောက် ချမ်းစိမ့်လာမှုကို ခံစားရပြီး သူတို့၏အသက်များသည် သူတို့၏အပိုင် မဟုတ်တော့သည့်အလားပင်။
မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးသည် ကောင်းကင်နှင့်မြေပြင်အကြားတွင် မားမားမတ်မတ် ရပ်တည်နေပေ၏။သူ့အား မြင်တွေ့မိသော မည်သူမဆို ထိတ်လန့်ကြောက်ရွံမှုကို ခံစားရသည်။
မကြာမီမှာပင် ကြီးမားသောပုံရိပ်ယောင်ကြီး ပျက်ပြယ်စပြုလာသည်။
လုယွီသည် မီးတောင်အပေါက်ဝမှနေ၍ ဖြည်းညှင်းစွာထွက်လာသည်။သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု ဝမ်းနည်းမှုစသော စိတ်ခံစားချက်အရိပ်အယောင်များ ရှိမနေချေ။
သူထွက်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ပါးလွှာသောလေထုအတွင်းသို့ တိုးဝင်သွားသည့်အလား ပျောက်ကွယ်သွားပေ၏။အဘက်ဘက်မှ မှော်စွမ်းအားစီးကြောင်းများသည်လည်း ပျက်ပြယ်သွားကာ မည်သည့်အရာမှမရှိခဲ့သည့်အလား ပြောင်းလဲသွားသည်။
လုယွီသည် သူ၏ပုံမှန်ပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားကာ သူ၏ခန္ဓာကိုယ်တွင် မှော်စွမ်းအားလှုပ်ခတ်မှု တစိုးတစိမျှရှိမနေချေ။
သို့ရာတွင် ယခုလက်ရှိ၌ သူသည် ယခင်နှင့်မတူညီတော့ကြောင်း သူ ကောင်းစွာသိရှိထားသည်။
သူသည် နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေပြီ။
မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်...
Chapter 3657
"သူ့ရဲ့ကျင့်ကြံမှုက ကောင်းကင်နဲ့မြေပြင်အကြားက ဥပဒေသတွေကိုတောင် သက်ရောက်မှုရှိစေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ထန်ယောင်ရှင်းသည် မိုးကောင်းကင်ယံအတွင်းမှ လျှပ်စီးမိုးကြိုးများကိုမြင်တွေ့ချိန်၌ သူ၏စိတ်နှလုံးသား တုန်လှုပ်ချောက်ချားသွားသည်။
ဤအချိန်အခိုက်အတန့်တွင် ရေအင်မော်တယ်ဂိုဏ်း၏အထက် မိုင်တစ်သောင်းအတွင်း၌ မိုးကောင်းကင်ယံတခွင်လုံး ကြည်လင်နေသည်။အပြာရောင်မိုးကောင်းကင်ယံ၌ မည်သည့်တိမ်တိုက်မျှ ရှိမနေချေ။သို့ရာတွင် မိုးခြိမ်းသံများနှင့် မိုးကြိုးပစ်ခတ်သံများက လေထုအတွင်း၌ အလွန်ကျယ်လောင်စွာ ထွက်ပေါ်နေပေ၏။
ဤသည်မှာ လုယွီကြောင့်ထွက်ပေါ်လာသော သဘာဝလွန်ပုံရိပ်ပင်။
"ဖြစ်နိုင်တာတော့ သူက နယ်မြေသခင်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားတာများလား...မဖြစ်နိုင်ဘူး...သူ့ရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ"
ထန်ယောင်ရှင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေကာ သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အစွမ်းအစကင်းမဲ့မှုကို ခံစားနေရသည်။
အကယ်၍ လုယွီသာ နယ်မြေသခင်နယ်ပယ်သို့ အမှန်တကယ်ရောက်ရှိသွားပါက သူ ထန်ယောင်ရှင်းသည် နတ်ဆိုးမျိုးစေ့ဖြင့် ထိန်းချုပ်ခြင်းမခံထားရလျှင်ပင် လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။
လုယွီသည် စိတ်ဓာတ်တက်ကြွစွာဖြင့် မီးတောင်ပေါက်ဝမှ ထွက်လာသည်ကို မြင်တွေ့ချိန်တွင် လုယွီ၏ကျင့်ကြံဆင့် ထပ်မံ၍မြင့်တက်သွားသည်ကို သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။ထန်ယောင်ရှင်းသည် သူ၏အတွေးများကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။
ထန်ယောင်ရှင်း၏ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဥ်ပါက လန်ဝူရှင်းသည် အနည်းငယ်ကျင့်သားရနေလေပြီ။
သူသည် အလျင်စလိုရှေ့တိုးကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်သည်။
"အရှင်...."
လုယွီက သူတို့နှစ်ယောက်ကိုကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"နောင်အနာဂတ်မှာ ငါတို့က ကိစ္စတွေကို အတူတူလုပ်ဆောင်ရမှာ....အချင်းချင်း တင်းမာမှုတွေ မဖြစ်သင့်ဘူး...အတိတ်ကကိစ္စတွေကို မေ့လိုက်ကြတော့"
ထိုစကားကိုကြားချိန်တွင် သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။
မီးတောင်အတွင်း၌ ကျင့်ကြံနေသောလုယွီသည် ပြင်ပမှကိစ္စများကို သူ၏လက်ဖမိုးကဲ့သို့သိရှိနေမည်ဟု သူတို့နှစ်ယောက်လုံး မျှော်လင့်မထားမိချေ။
"ငါတို့ မလုပ်ဝံ့ပါဘူး"
သူတို့က အလျင်စလို တုံ့ပြန်လိုက်သည်။
"အခုလတ်တလောမှာ မီးတောင်ထဲက မီးစွမ်းအားတွေ အရမ်းပြင်းထန်နေတယ်....အရင်ဆုံး တပည့်တွေကို ကျင့်ကြံခွင့်မပြုနဲ့အုံး....အနည်းဆုံး လဝက်ခန့်ကြာပြီးမှ ဒီနေရာကို ပြန်ဖွင့်လို့ရမယ်"
လုယွီက ထပ်မံ၍ အမိန့်ပေးလိုက်သည်။
မီးတောင်အတွင်း၌ သူ ကျင့်ကြံနေစဥ် နံဘေး၌ရှိနေသော မီးနဂါးသွေးကြောသည် စိတ်ဝိညာဥ်စွမ်းအားများ၏ သက်ရောက်ခြင်းကိုခံရလေ၏။ထိုအရာသည် ယခုလက်ရှိချိန်၌ ကြီးမားသောအပြောင်းအလဲနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
မီးနဂါးသွေးကြော၏အသွင်ပြောင်းလဲမှု ပြီးပြည့်စုံသွားပါက ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအားများသည် ယခင်ထက် အနည်းဆုံးဆယ်ဆခန့်ပို၍ ပေါကြွယ်ဝသွားပေမည်။ထိုအချိန်ကျပါက ဤနေရာသည် ရေအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ်ကျင့်ကြံခြင်းမြင့်မြတ်နယ်မြေ ဖြစ်လာပေမည်။
"အရှင်...လက်ဝဲစစ်တပ်နယ်မြေကနေ ပို့လိုက်တဲ့ စာရွက်စာတန်းတချို့ကို စာကြည့်ခန်းထဲပို့ထားပါတယ်"
ထိုအချိန်မှာပင် လန်ဝူရှင်းက သတိပေးလေသည်။
လက်ဝဲစစ်တပ်နယ်မြေ အုပ်ချုပ်ရေးရုံးတော်သည် ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ လုယွီရှိနေသည်ကို သိရှိထားသဖြင့် တစ်စုံတစ်ယောက်ကိုစေလွှတ်၍ ရုံးစာရွက်စာတန်းများကို ပို့ဆောင်စေခြင်းဖြစ်သည်။
လန်ဝူရှင်းနှင့်ထန်ယောင်ရှင်းတို့သည် ဤရုံးစာရွက်စာတန်းများကို ကိုင်တွယ်ဝံ့ခြင်းမရှိသဖြင့် သူတို့သည် ထိုအရာများကို စာကြည့်ခန်းအတွင်းသို့ပို့ကာ လုယွီ ထွက်လာချိန်အထိ သိမ်းဆည်းထားခဲ့သည်။
ဤသည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေးသော်လည်း လက်ဝဲစစ်တပ်နယ်မြေသည် အလွန်ကြီးမားသဖြင့် နေ့စဥ်လုပ်ငန်းတာဝန်များ ရာထောင်ချီ၍ရှိနေသည်။ထို့ကြောင့် စာဖတ်ခန်းအတွင်း၌ စာရွက်စာတန်းများ တောင်ငယ်တစ်လုံးကဲ့သို့ စုပုံနေသည်။
"ငါ ရေအင်မော်တယ်ဂိုဏ်းမှာ ရက်နည်းနည်းလောက် ဆက်နေပြီးတော့ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ကျစ်လစ်သိပ်သည်းအောင်လုပ်အုံးမယ်"
လုယွီသည် ဤနေရာမှ အလျင်စလိုထွက်ခွာသွားရန် ရည်ရွယ်မထားချေ။
ဤတစ်ကြိမ် သူ ရှီးလျန်မြို့မှထွက်လာသော အကြောင်းအရင်းမှာ သူ့အားပုန်ကန်ရန် ကြိုးစားနေသော ဂိုဏ်းအင်အားစုများအားလုံးကို ဖိနှိပ်ရန်ပင်။
ယခုလက်ရှိချိန်တွင် ထိပ်သီးဂိုဏ်းနှစ်ဂိုဏ်းဖြစ်သော ရေအင်မော်တယ်ဂိုဏ်းနှင့်အထွတ်အထိပ်ဂိုဏ်းတို့သည် လုယွီ၏လက်အောက်သို့ ရောက်ရှိသွားလေပြီ။ပြင်ပဂိုဏ်းအင်အားစုများအနက်မှ အများစုသည် ထပ်မံ၍ မည်သည့်ပြဿနာမျှရှာဝံ့မည်မဟုတ်သောကြောင့် သူ ထန်အင်ပါယာကို အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပေမည်။
"ထန်အင်ပါယာက သံတမန်က မင်းဆီကိုရောက်လာပြီးတော့ လက်ဝဲစစ်တပ်နယ်မြေထဲကို ချိုးဖျက်ဝင်ဖို့ မင်းရဲ့အကူအညီကို လာတောင်းခံတယ်လို့ ငါ ကြားထားတယ်...အဲ့ဒါက အမှန်ပဲလား"
လုယွီက မေးမြန်းသည်။
လန်ဝူရှင်းက ဗြောင်ကျကျတုံ့ပြန်ပြောဆိုသည်။
"ဒါက အမှန်ပါပဲ...ဒါပေမယ့် အဲ့ဒီအစောင့်တပ်တွေကလည်း လူကောင်းတွေမဟုတ်ဘူး...သူတို့ရဲ့စိတ်ထဲမှာ အကြံတွေရှိနေတယ်....တကယ်လို့ မင်းက သူတို့ရဲ့ဓားကို အသုံးပြုချင်တယ်ဆိုရင်....မင်း သူတို့ရဲ့အရူးလုပ်တာခံရမှာကို ငါ စိုးရိမ်မိတယ်"
ထန်ယောင်ရှင်းကလည်း ခေါင်းညိတ်ပြလေ၏။
"အရင်က ထန်အင်ပါယာကလူတွေ ငါ့ကို တကယ်ကြီး လာရှာခဲ့ဖူးတယ်...ဒါပေမယ့် အဲ့ဒီလူတွေမှာ မသမာတဲ့ လှုပ်ရှားမှုတွေနဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေရှိနေတယ်....အဲ့ဒီလူစုကို ဦးဆောင်လာတဲ့သူက ထန်အင်ပါယာမြို့တော်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမတ်ကြီးတစ်ယောက်ပဲ...သူက ကျောက်စာတိုင်တစ်ခုကိုရှာချင်တာလို့ ပြောခဲ့တယ်....တကယ်လို့ ငါက အဲ့ဒါကိုရှာတွေ့မယ်ဆိုရင် သူက ငါ့ကို မြင့်မြတ်သူဘွဲ့ထူးပေးမယ်လို့ ကမ်းလှမ်းသွားရုံတင်မကဘူး..အစွမ်းထက်ကျင့်ကြံသူတွေ ဖိတ်ခေါ်ပြီးတော့ ငါ့ကို နယ်မြေသခင်အဆင့်ကိုချိုးဖျက်ဝင်ရောက်နိုင်အောင်လည်း ကူညီပေးမယ်လို့ ကမ်းလှမ်းသွားတယ်"