← Chapters

အခန်း (၃၆၆၆-၃၆၆၉)

Vol. 187 Ch. 3666-3669

အခန်း (၃၆၆၆-၃၆၆၉)

Vol. 187 Ch. 3666-3669

Chapter 3666

သတ်ဖြတ်ခြင်းများ ဆက်လက်ဖြစ်ပွားနေသည်။

ရေအင်မော်တယ်ဂိုဏ်းသည် အလွန် လုပ်ရည်ကိုင်ရည် ရှိပေ၏။သူတို့သည် အမိန့်ကိုရသည်နှင့် လူအမြောက်အများကို ချက်ခြင်း ဆွဲထုတ်နိုင်ခဲ့သည်။

ထိုလူများအကြားတွင် သူခိုးများနှင့် လုယက်သူများ ပါဝင်သည်။သူတို့အနက်မှတစ်ချို့သည် နတ်ဆိုးဂိုဏ်းများမှ ဖြစ်ပေ၏။သူတို့သည် ရေအင်မော်တယ်ဂိုဏ်းအတွင်းသို့ ခိုးဝင်လိုကြခြင်း ဖြစ်သည်။

ထိုသူများအားလုံး ဖော်ထုတ်ဖမ်းဆီးခံရပြီးနောက် ချွင်းချက်မရှိ သတ်ဖြတ်ခြင်းခံရသည်။

သွေးညှီနံ့များက ချက်ချင်းဆိုသလိုပင် ရေအင်မော်တယ်ဂိုဏ်း၏ တံခါးမကြီးရှေ့၌ ပြည့်နှက်သွားတော့သည်။

ဂိုဏ်းသို့ဝင်ရောက်ရန်အတွက် အပြေးလာသော ပတ်ဝန်းကျင်မှလူများသည် ထိတ်လန့် တုန်လှုပ်သွားကာ သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှ အတွေးများကို အလျင်စလို ရုတ်သိမ်းလိုက်ကြတော့သည်။

"ဂိုဏ်းထဲကိုဝင်ပြီး စကားပြောကြစို့"

အပြင်စည်းအကြီးအကဲက ဖန်ရှုယွင်ကိုအပြုံးနှင့်ကြည့်ကာ ပြောဆိုလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် ဖန်ရှုယွင်သည် မကြုံစဖူး နွေးထွေးမှု့ကို ခံစားမိလေ၏။

မိုးကောင်းကင်အထွဋ်အထိပ်တာအိုဘုရားကျောင်းသည် အမှီခိုကင်းမဲ့ကာ တာအိုလမ်းကြောင်းကို ကျင့်ကြံသောနေရာဖြစ်လေ၏။ထို့ကြောင့် ဖန်ရှုယွင်သည် တခြားတာအို ဂိုဏ်းများမှ လူများနှင့် တွေ့ဆုံနိုင်သော အခွင့်အရေးကိုရရှိရန် အလွန်ပင်ခက်ခဲသည်။

ယခုအချိန်တွင် သူမသည် တာအိုဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ရသဖြင့် ဖန်ရှုယွင်သည် စိတ်သက်သာရာ ရမှု့ကို ခံစားမိသည်။

“ဆရာသခင် ဘာမှမစိုးရိမ်ပါနဲ့...ငါက တစ်ယောက်ယောက်ကိုရှာပြီးတော့ မကြာခင်မှာပဲ ဆရာ့ကို လာကယ်မယ်”

ဖန်ရှုယွင်က သူမ၏ စိတ်နှလုံးအတွင်းမှနေ၍ တီးတိုးရေရွတ်လိုက်၏။

အပြင်စည်း အကြီးအကဲနောက်မှလိုက်ပြီး ရေအင်မော်တယ်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ဖန်ရှုယွင်သည် ဂိုဏ်းအတွင်းရှိ မြင်ကွင်းများကြောင့် အံ့အားသင့် တုန်လှုပ်သွားသည်။

အောက်ဘုံအတွင်းရှိ လင်ရှောင်းဂိုဏ်းပင်လျှင် ဤမြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် အသေးအမွှား ဖြစ်သွားလေပြီ။

သို့ရာတွင် ဖန်ရှုယွင်သည်အချိန်အတော်ကြာ အံ့အားသင့် တုန်လှုပ်နေခြင်း မရှိချေ။သူမက ထိုအပြင်စည်း အကြီးအကဲကို အလျင်စလို ပြောဆိုလိုက်သည်။

“ကျွန်မ ဒီနေရာကို ရောက်လာတာ အကူအညီတောင်းခံချင်လို့ပါ...ကျွန်မရဲ့ ဆရာအဖွားက ရှု့ချင်ဖြစ်ပြီးတော့ ကျွန်မရဲ့ဆရာသခင်က တပည့်ခေါင်းဆောင် ပိုင်ဆုချင်ပါ...ကျွန်မရဲ့ဂိုဏ်းက သွေးနက်ခန်းမ၏ တိုက်ခိုက်တာကို ခံရပြီးတော့ ဘုရားကျောင်းသခင်ရှု့ချင် သေဆုံးသွားပြီ... ကျွန်မ ဒီနေရာကိုလာတာက ရေအင်မော်တယ်ဂိုဏ်းက အကူအညီကို လာပြီးတောင်းခံတာပါ"

ဖန်ရှုယွင်သည် နောက်ဆုံး၌ အကူအညီတောင်းခံရန် လူတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားသဖြင့် သူမသည် ဖြစ်ပျက်သမျှအရာအားလုံးကို အလျှင်အမြန် ရှင်းပြလိုက်၏။

အပြင်စည်းအကြီးအကဲသည် သူ့၏လက်အတွင်းရှိ အဆင့်မြင့်အကြီးအကဲတံဆိပ်ပြားကို တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ကြည့်လေသည်။ထို့နောက် သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည် ။

“မင်းဘာပြောနေလဲဆိုတာ ငါသိတယ်… ရှု့ချင်က တကယ့်ကို တချိန်တုန်းက အဆင့်မြင့်အကြီးအကဲတစ်ယောက်ရဲ့ တပည့်ပဲ… ဒါပေမယ့်… နောက်ပိုင်းကျသူက ထွက်ခွာသွားခဲ့တယ်…သူက သူ့ရဲ့ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ခဲ့ပေမယ့် သူ့ရဲ့တာအိုက ငါတို့ရေအင်မော်တယ်ဂိုဏ်းမှာ ကျန်နေတုန်းပဲ”

“ယျေဘူယျကျကျ ပြောမယ်ဆိုရင် ငါတို့ဂိုဏ်းက သူ့ကို ကူညီရလိမ့်မယ်…ဒါပေမယ့် မင်းယူလာတဲ့ တံဆိပ်ပြားက အသုံးမဝင်ဘူး…”

“မင်းကဂိုဏ်းထဲကိုဝင်ပြီး တခြားအစွမ်းထက် ကျင့်ကြံသူတွေကို ရှာသင့်တယ်… မင်းကို ကူညီပေးနိုင်မယ့်သူ တစ်ယောက်ယောက် ရှိမရှိဆိုတာ ဘယ်သူသိနိုင်မှာလဲ…”

ထို အပြင်စည်းအကြီးအကဲသည် အဆင့်မြင့်အကြီးအကဲ တံဆိပ်ပြားကို ဖန်ရှုယွင်ထံ ပြန်ပေးလိုက်သည်။

ဖန်ရှုယွင်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမက မယုံကြည်နိုင်စွာ ပြောဆိုသည်။

“စီနိယာ ဒါက အဆင့်မြင့်အကြီးအကဲ တံဆိပ်ပြားလေ… ဘယ်လိုလုပ်ပြီး ဒါက အသုံးမဝင်တာလဲ…”

ဤအဆင့်မြင့်အကြီးအကဲသည် ရေအင်မော်တယ်ဂိုဏ်း၏အစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်ဖြစ်သည်ဟု ယခင်က ပိုင်ဆုချင်မှ သူမအား ပြောဆိုခဲ့သည်။ထိုအဆင့်မြင့်အကြီးအကဲသည် ဂိုဏ်းချုပ်အောက်ရှိ အဆင့်မြင့်ဆုံးလူ ဖြစ်သဖြင့် လူတိုင်း၏ အထက်တွင် ရှိသောသူဟု ယူဆနိုင်သည်။

မည်သည်ကြောင့် ဤအဆင့်မြင့်အကြီးအကဲ ချန်ထားခဲ့သော တံဆိပ်ပြားသည် အသုံးမဝင်သနည်း...

“တကယ်လို့ ဒီတံဆိပ်ပြားက တခြား အဆင့်မြင့်အကြီးအကဲတစ်ယောက် ချန်ထားခဲ့တာဆိုရင် ဒါက အသုံးဝင်နိုင်သေးတယ်…ပီးတော့… တကယ်လို့ မင်းစောစော ရောက်လာတယ်ဆိုရင်လဲ ဒါက ဖြစ်နိုင်ချေရှိသေးတယ်…”

ထိုအပြင်စည်းအကြီးအကဲက သူ၏ခေါင်းကို ခါယမ်းကာ ပြောဆိုသည်။

“ဒါက ရှု့ချင်ရဲ့ ဆရာသခင်က အဆင့်မြင့် အကြီးအကဲ အဆိပ်မြှား ဖြစ်နေတာကြောင့်ပဲ…

လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က သူက လက်ဝဲစစ်တပ်တပ်မှူး အရှင်လုရဲ့ သတ်ဖြတ်တာကို ခံရပြီးပြီ…ဘာလို့လဲဆိုရင် သူက တော်ဝင်နန်းတွင်းကို သစ္စာဖောက်ဖို့ ရည်ရွယ်ခဲ့လို့ပဲ…သူ့ကို အကူအညီတောင်းခံဖို့ ဆိုတာက ဘယ်လိုနည်းနဲ့မှ အသုံးမဝင်နိုင်တော့ဘူး…”

“ ဘာ…”

ဖန်ရှုယွင်သည် နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ မတ်တပ်ရပ်နေကာ သူမ၏ ခန္ဓာကိုယ်ကို လျှပ်စီးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။

သူမသည် အင်းအားများစွာ စိုက်ထုတ်၍ ရေအင်မော်တယ်ဂိုဏ်းသို့ အကူအညီ လာရောက်တောင်းခံခဲ့အပြီးတွင် ဤကဲ့သို့ အဆုံးသတ်ရလိမ့်မည်ဟု မျှော်လင့်ထားမိခြင်း မရှိချေ။

ဖန်ရှုယွင်သည် မူးဝေလာသကဲ့သို့ ခံစားရပြီး သူမရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်လာတော့သည်။

“စီနိယာ ကျေးဇူးပြုပြီးတော့ကျမကို နည်းလမ်းတစ်ခုလောက် ပြောပြပေးပါဦး…”

ဖန်ရှုယွင်က အံတင်းတင်းကြိတ်လိုက်ကာ သူမ၏ပါးစပ်မှ သွေးများ ယိုစီးကျနေသည်။

အပြင်စည်း အကြီးအကဲသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောနေပြီးနောက် သက်ပြင်းရှိုက်လိုက်သည်။

“အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားနဲ့ပါတ်သက်တဲ့လူတွေ ဒီနေရာမှာ ရှိနေနိုင်လောက်သေးတယ်... သူတို့ကို သွားရှာကြည့်ပါ…မင်းကိုကူညီဖို့ ဆန္ဒရှိတဲ့ တစ်စုံတစ်ယောက်ကို မင်းရှာတွေ့ကောင်းရှာတွေ့နိုင်လိမ့်မယ်…”

Chapter 3667

အပြင်စည်း အကြီးအကဲသည် အဆက်မပြတ် သက်ပြင်းချနေကာ သူ၏ မျက်နှာပေါ်တွင် တောက်ပမှုများ ဆုံးရှုံးနေသည်။

မြင့်မြတ်သော အဆင့်မြင့် အကြီးအကဲတစ်ယောက်သည် တော်ဝင်နန်းတွင်းမှ လူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ဂိုဏ်းအတွင်း၌ ခံရသည်အား စဉ်းစားကြည့်ပါက ဤသည်မှာ အလွန်ကြီးမားသော အရှက်ခွဲခံရမှုပင်။

ရေအင်မော်တယ်ဂိုဏ်းသည် တော်ဝင်နန်းတွင်း၏ လက်အောက်သို့ ​ပွင့်ပွင့်လင်းလင်း အညံ့ခံလိုက်သော်လည်း သူတို့၏ စိတ်နှလုံးသားများအတွင်းမှနေ၍ မ​ကျေမချမ်းဖြစ်နေသော လူအမြောက်အများရှိနေဆဲပင်။

တော်ဝင်နန်းတွင်း၏ လက်အောက်သို့ ခိုဝင်လိုခြင်းမရှိသဖြင့် ဂိုဏ်းမှထွက်ခွာသွားသော တပည့်များလဲ အမြောက်အများရှိလေ၏။

ဤကိစ္စများသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း၌ ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။

လုယွီ ရောက်ရှိလာမှုမှာ အလွန်ရုတ်တရက်ဆန်သည်။

လွန်ခဲ့သော လဝက်ခန့်က အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားသည် ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ အလွန်အမင်း အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သို့ရာတွင် အဆင့်မြင့်အကြီးအကဲအဆိပ်မြှား သေဆုံးသွားခြင်းနှင့် အတူ ယခင်က အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်သည့် အဆိပ်မြှားတောင်ထိပ်၏ ဂုဏ်ကျက်သရေသည်လည်း ညှိုးနွမ်းသွားကာ ထပ်မံ၍ မတည်ရှိတော့ချေ။

“စီနိယာ...ကျေးဇူးပြုပြီးတော့ အဆိပ်မြှားတောင်ထိပ်ကို ဘယ်လိုသွားရမလဲဆိုတာ ကျမကို လမ်းညွှန်ပေးပါ”

ဖန်ရှုယွင်က အသနားခံ တောင်းပန်လေသည်။

အပြင်စည်းအကြီးအကဲသည် ဖန်ရှုယွင်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်းရဲ့အခြေအနေက အရမ်းဆိုးနေတယ်… မင်း ခနလောက် အနားယူသင့်တယ်…တကယ်လို့ ဒီတိုင်း ဆက်သွားမယ်ဆိုရင် မင်း ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး…”

သူသည် အလွန်အမင်း အတွေ့အကြုံ ရင့်ကျက်သောလူတစ်ယောက်ပင်။

အကြည့်တစ်ချက်နှင့်ပင် ဖန်ရှုယွင်သည် ယခုလက်ရှိအချိန်၌ အတင်းအကြပ်အားတင်းကာ တောင့်ခံထားကြောင်းကို သူပြောဆိုနိုင်သည်။သူမသည် သူမ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။

ဖန်ရှုယွင်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။သူမသည် သူမ၏ခေါင်းအတွင်းမှ မူးဝေမှု့ကို ပျောက်ကွယ်သွားစေရန်အတွက် သူမ၏မျက်လုံးများကို စုံမှိတ်လိုက်၏။

ဖန်ရှုယွင် ခေါင်းမာနေဆဲဖြစ်သည်ကိုကြည့်ပြီး အပြင်စည်းအကြီးအကဲက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ထို့နောက် သူသည် ဖန်ရှုယွင်ကို လမ်းညွှန်ပေးကာ အချိန်တခဏတာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏ အင်္ကျီလက်အတွင်းမှ ဆေးတစ်လုံးကိုယူ၍ ထုတ်ပေးလိုက်သည်။

“ငါ ရှုချင်ကို အရင်ကတစ်ကြိမ်တွေ့ဘူးတယ်… မင်းကသူ့ရဲ့ မြေးတပည့်ဖြစ်နေမှတော့ ဒါက ကံကြမ္မာလို့ ယူဆလို့ရတယ်…ဒီနေ့ ငါက တပည့်အသစ် လက်ခံတဲ့အခမ်းအနားကို ဉီးစီးနေရတာကြောင့် ငါအဝေးကြီးသွားလို့မရဘူး… မင်းကို ဒီနေရာမှာပဲ ကူညီနိုင်တော့မယ်”

ထိုအပြင်စည်းအကြီးအကဲက ရှည်လျားသော သက်ပြင်းတစ်ချက်ကိုချလိုက်ကာ ပြောဆိုသည်။

“စိနိယာကို ကျေးဇူးတင်ပါတယ်…”

ဖန်ရှုယွင်သည် အလွန်အမင်း ကျေးဇူးတင်နေမိသည်။

သူမသည် ပိုင်ဆုချင်နှင့်အတူ ထွက်ပြေးလာသော လမ်းတလျောက်လုံး၌ ယုတ်မာကောက်ကျစ်မှုများ ရက်စက်မှုများ ကိုသာ ကြုံတွေ့ခဲ့ရသည်။လူတိုင်းသည် သူတို့၏ ကိုယ်ပိုင် အကျိုးအမြတ်ရရန်အတွက်ကိုသာ ရည်ရွယ်နေကြပြီး တခြားသူများကို လိမ်လည်လှည့်ဖျားရန် ဝန်မလေးကြချေ။

ဤအပြင်စည်း အကြီးအကဲသည် သူမကို စိတ်ရင်းဖြင့် ကူညီပေးခဲ့သည့် ပထမဉီးဆုံးသူဖြစ်သည်။

ဆေးလုံးကို မြိုချပြီးနောက် သူမ၏ မှော်စွမ်းအားများကို အနည်းငယ် ပြန်လည်ရရှိသွားကာ အဆိပ်မြှားတောင်ထိပ်သို့ တန်းတန်းမတ်မတ် ပျံသန်းခဲ့တော့သည်။

တောင်တန်းနှင့်တောင်ထိပ်များအကြားတွင် တိမ်တိုက်များနှင့် မြူခိုးများ ရစ်သိုင်း လွှမ်းခြုံနေသည်။ပတ်ဝန်းကျင်ရှိ တောင်တန်းများမှ ကျောက်တောင်များသည် မတ်စောက်ကာ ကြီးကျယ်ခမ်းနားသော အရှိန်အဝါမျိုးရှိသည်။ဤနေရာကို ကြည့်ရသည်မှာ သုခဘုံတစ်ခု၏ အရှိန်အဝါနှင့် တူညီနေပေ၏။

တခြားတစ်ဖက်တွင် ဤတောင်တန်းပရဝုဏ်အတွင်း၌ မြောက်များစွာသော တောင်တန်းများ တည်ရှိနေသဖြင့် ကြည့်မိသော တစ်စုံတစ်ယောက်ကို မူးဝေမှုအား ခံစားရစေပေမည်။

ဤနေရာရှိ တောင်တိုင်းတွင် တိကျသော တည်နေရာရှိလေ၏။ဤတောင်တန်းများကို ဖုန်းရွှေဝင်္ကပါအရ တည်ဆောက်ထားခြင်းဖြစ်ကာ တောင်များ၏ခွန်အား တိုးတက်စေရန်အတွက် အရပ်မျက်နှာအဘက်ဘက်မှလာသော စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူရသည်။

ဖန်ရှုယွင်သည် ထိုအပြင်စည်းအကြီးအကဲ၏ လမ်းညွှန်မှုကို ရရှိခဲ့သည့်တိုင် ဤတောင်တန်းများကို ကြည့်ပြီးနောက် သူမသည် မူးဝေမှုကို ခံစားရလေ၏။

“မင်းက အဆိပ်မြှားတောင်ထိပ်အကြောင်းကို မေးနေတာလား…ဒါက အဲသည်နေရာမှာပဲ …”

ရေအင်မော်တယ်ဂိုဏ်းမှတပည့်တစ်ယောက်သည် ဖန်ရှုယွင်၏ တားဆီးခြင်းကိုခံရပြီးနောက် သူသည် စိတ်မရှည်စွာဖြင့် သူ့နောက်မှတောင်ကို လက်ညှိုးညွှန်ပြသည်။

သူလက်ညှိုးညွှန်ပြလိုက်သောနေရာတွင် ကြေမွပျက်ဆီးနေသော တောင်တစ်လုံးရှိနေကာ တောင်တစ်လုံး၏ ပုံပန်းသွင်ပြင်မျိုး မရှိတော့ချေ။

နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ကြောင်းက တောင်ထိပ်မှနေ၍ အောက်ခြေထိတိုင်အောင် ကွဲအက်နေသည်။

တောင်ထိပ်၌ ကြေမွပျက်ဆီးနေသော ကျောက်စ ကျောက်နများက နေရာအနှံ့အပြားတွင် ရှိနေလေ၏။ထိုကျောက်စကျောက်နများသည် ပြန့်ကျဲနေကာ တုန်လှုပ်ခြောက်ခြားဖွယ် ကပ်ဘေးတစ်ခုကို ရင်ဆိုင်ခဲ့ရပုံပင်။

အနီးအနားရှိ မြင့်မားသောတောင်များနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် အပျက်အယွင်းတစ်ခု ဖြစ်နေကာ မည်သူကမျှ ပြုပြင်ရန်လာရောက်ခြင်း မရှိချေ။

“ဘာလို့ ဒီတောင်ပေါ်မှာ တစ်ယောက်မှ ရှိမနေတာလဲ…”

ဖန်ရှုယွင်က ပြောဆိုသည်။

“ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက် ရှိနေနိုင်မှာလဲ… အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားက သေသွားပြီ… အဆိပ်မြှားတောင်ထိပ်က လူတွေအားလုံး အကြီးအကဲခန်းမကို ရောက်နေတယ်…သူတို့က သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖို့ အဆင်သင့် ဖြစ်နေကြပြီ…”

“တကယ်လို့ တခြား အဆင့်မြင့် အကြီးအကဲတစ်ယောက်ယောက်က သူတို့ကို လက်ခံဖို့ ဆန္ဒရှိရင်တော့ သူတို့က ဂိုဏ်းထဲမှာ ဆက်နေနိုင်ပြီးတော့....တကယ်လို့ ဘယ်သူကမှ သူတို့ကို မလိုချင်ဘူးဆိုရင် သူတို့က ဒီနေရာကနေ ထွက်သွားရလိမ့်မယ်…”

“သူတို့က သူတို့ရဲ့လမ်းကြောင်းကို ကိုယ်တိုင် ရှာဖွေရလိမ့်မယ်…”

ထိုသို့ ပြောဆိုပြီးနောက် ထိုတပည့်သည် တစ်စုံတစ်ခု အရေးပေါ် လုပ်စရာရှိဟန်ဖြင့် ချက်ခြင်း ထွက်ခွာသွားတော့သည်။

ဖန်ရှုယွင်သည် ဖရိုဖရဲဖြစ်နေသော အဆိပ်မြှားတောင်ထိပ်ရှေ့၌ မတ်တပ်ရပ်ကာ သူမ၏ မျက်လုံးအတွင်း၌ ကြောင်စီစီအမူအရာမျိုး ထင်ဟပ်နေသည်။

Chapter 3668

ကံကြမ္မာသည် သူမကို ထပ်မံ၍ ကျီစယ်လေ၏။

မူလက သူမသည် ရေအင်မော်တယ်ဂိုဏ်းကို ရောက်ရှိပြီးနောက် အကူအညီပေးမည့်သူများကို ချက်ခြင်း ရှာဖွေနိုင်မည်ဟု တွေးထင်ခဲ့သည်။

သို့ရာတွင် သူမ အကူအညီတောင်းခံရန်အတွက် ဤမျှထိ ခက်ခဲနေမည်ဟု မျှော်လင့် မထားမိချေ။

ဖန်ရှုယွင်သည် အားတင်းကာ အကြီးအကဲ ခန်းမထံသို့ ပျံသန်းသွားလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် တပည့်အမြောက်အများသည် အကြီးအကဲခန်းမ၏ ရှေ့၌ စုဝေးနေကြ၏။

သူတို့အားလုံးသည် အဆိပ်မြှား တောင်ထိပ်မှတပည့်များပင်။

အဆိပ်မြှားတောင်ထိပ် ပျက်ဆီးသွားပြီးနောက် သူတို့သည် ရွေးချယ်စရာ မရှိတော့သဖြင့် ဤနေရာသို့ လာရောက်၍ လမ်းကြောင်းတစ်ခုကို ရှာဖွေနေကြခြင်းဖြစ်သည်။

သို့ရာတွင် သူတို့အား စောင့်ကြိုနေသည်မှာ ဂိုဏ်းမှ စွန့်ပစ်ခံရခြင်းပင်။

“ဆရာသခင်… ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပေးပါ… ကျွန်တော်တို့က အဆင့်မြင့်အကြီးအကဲ အဆိပ်မြှား လုပ်ခဲ့တာတွေကို သတိမပြုမိခဲ့ပါဘူး…”

“မိုးနဲ့မြေ သိပါတယ်…ကျွန်တော်က အဆိပ်မြှားတောင်ထိပ်ကို လွန်ခဲ့တဲ့တစ်လကမှ ဝင်ခဲ့တာပါ…”

“အဆင့်မြင့် အကြီးအကဲ အဆိပ်မြှား ဘာတွေလုပ်တယ်ဆိုတာ ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်ပါဘူး…”

ထိုတပည့်များသည် ခါးသီးစွာဖြင့် အသနားခံ တောင်းပန်နေကြသည်။

“မင်းတို့ကောင်တွေ ထွက်သွားကြတော့…ဂိုဏ်းက မင်းတို့ကို လက်ခံမှာ မဟုတ်ဘူး…ရေအင်မော်တယ်ဂိုဏ်းမှာ အဆိပ်မြှားတောင်ထိပ်ကပျောက်ကွယ်သွားပြီ… ဘယ်တော့မှ ပြန်ပြီးတည်ထောင်တော့မှာမဟုတ်ဘူး …”

အကြီးအကဲခန်းမရှေ့တွင် မတ်တပ်ရပ်နေသော အကြီးအကဲတစ်ယောက်က ခန်းမတံခါးကို တင်းတင်းကြပ်ကြပ်ပိတ်ကာ တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။

ထိုအကြီးအကဲ၏ ရှေ့တွင်ရှိသော တပည့်တစ်စု၏မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်နေကာ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရေအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာသွားခြင်း၏ ဆိုလိုရင်းမှာ သူတို့သည် သူတို့၏ သာလွန်ထူးကဲသော အဆင့်အတန်း ပျောက်ဆုံးသွားကာ တာအိုဂိုဏ်း၏ တပည့်ဟူသော အဆင့်အတန်းကို ထပ်မံ၍ မှီခိုအားထားနိုင်မည်မဟုတ်ချေ။

အမှန်အားဖြင့် ထိုထက်ပို၍ အရေးကြီးသောကိစ္စမှာ သူတို့သည် ရေအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာသွားသည်နှင့် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များကို ရရှိနိုင်တော့မည်မဟုတ်ပေ။

ရေအင်မော်တယ်ဂိုဏ်း၏ တည်နေရာသည် ရှင်းလင် ကြယ်နယ်မြေတစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအား အပေါကြွယ်ဝဆုံးသော နေရာဟု ယူဆနိုင်လေ၏။

သူတို့သည် စိတ်ဝိဉာဉ်စွမ်းအားများ၏ ထောက်ပံ့မှု့ကြောင့် သက်တောင့်သက်သာ ကျင့်ကြံခဲ့ရသည်။ဤကျင့်ကြံဆင့် အရှိန်နှုန်း မြင့်မားမှုကြောင့် သူတို့သည် တခြားဂိုဏ်းမှလူများကဲ့သို့ ကျင့်ကြံခြင်းအရင်းအမြစ်များကို လုယက်နေရန် မလိုအပ်ချေ။

မည်သူကမှ ဤကဲ့သို့ ကောင်းမွန်သော နေရာမျိုးမှ အကြောင်းအရင်းမရှိပဲ ထွက်ခွာသွားလိုမည် မဟုတ်ချေ။

အဆိပ်မြှားတောင်ထိပ်မှ တပည့်အမြောက်အများသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် တောင်အောက်သို့ ဆင်းခဲ့ကြသည်။

ဖန်ရှုယွင် ရောက်ရှိသွားချိန်တွင် စိတ်ပျက်လက်ပျက်ဖြင့် တောင်ပေါ်မှဆင်းလာသော အဆိပ်မြှားတောင်ထိပ်မှ တပည့်များနှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။

သူမသည် အဆင့်မြင့်အကြီးအကဲ အဆိပ်မြှား၏တံဆိပ်ပြားကိုပြသကာ ပါတ်ဝန်းကျင်၌ လှည့်ပတ်၍ အကူအညီတောင်းခံလိုက်သည်။

သို့ရာတွင် မည်သူကမှ သူမကို ကူညီပေးရန် အာရုံစူးစိုက်ကြခြင်း မရှိချေ။

“ငါ့ရှေ့ကနေ အခုချက်ခြင်း ထွက်သွားစမ်း…သူနဲ့ဆိုင်တဲ့ကိစ္စဆိုရင် ဘယ်သူမှ အရေးစိုက်မှာမဟုတ်ဘူး…တကယ်လို့ မင်းတစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင် ဂိုဏ်းချုပ်ရဲ့ အဆောင်ကိုသွားပြီး သူ့ကို သွားရှာသင့်တယ်”

ထိုတပည့်များသည် ဖန်ရှုယွင်ကို အဝေးသို့ ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ကြ၏။

သူတို့သည် ရေအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာရသော အကြောင်းအရင်းမှာ အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားကြောင့်ပင်။ဤအချိန်အခိုက်အတန့်တွင် အဆင့်မြင့်အကြီးအကဲ အဆိပ်မြှား၏အရှိန်အဝါသည် သူတို့အတွက် ဂုဏ်ကျက်သရေတစ်ခု မဟုတ်တော့ပဲ အားနည်းချက်တစ်ခု ဖြစ်လာခဲ့သည်။

လူတစ်ယောက် သေဆုံးသွားခြင်းသည် မီးငြိမ်းသွားသော မီးအိမ်တစ်လုံးနှင့် တူညီသည်။

မည်သူကမှ လူသေတစ်ယောက်ကို ဂရုစိုက်မည် မဟုတ်ချေ။

တစ်ချိန်က လူအများ ရိုသေလေးစားစွာဖြင့် အရိုအသေပြုခံရသော အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားသည် ယခုအချိန်၌ တားမြစ်နာမည်တစ်ခုအဖြစ်သို့ ရောက်ရှိသွားလေပြီ။

လူအုပ်ကြီး၏ တွန်းထုတ်မှုအောက်တွင် ဖန်ရှုယွင်သည် အလွန်စိုးရိမ်ဖွယ်အနေအထားဖြင့် အကြီးအကဲခန်းမထံသို့ ရောက်ရှိလာခဲ့သည်။

အစောပိုင်းက တပည့်များအားလုံးကို မောင်းထုတ်ခဲ့သော အကြီးအကဲသည် ယခုထိတိုင် ထွက်ခွာသွားခြင်း မရှိသေးပေ။

ထိုအကြီးအကဲသည် ဖန်ရှုယွင်၏လက်အတွင်းရှိ တံဆိပ်ပြားကို တချက်ကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

“နင် အခုထွက်သွားတော့…အဆိပ်မြှားနဲ့ ဆက်စပ်နေတဲ့သူ ဘယ်သူမှ ဒီနေရာမှာ ရှိမနေတော့ဘူး…အဆိပ်မြှားလဲ သေပြီ…ငါ မင်းကို မကူညီနိုင်ဘူး…”

ဤအကြီးအကဲသည် အတွင်းစည်း အကြီးအကဲ တစ်ယောက်ပင်။သူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပေ၏။သူသည် ဖန်ရှုယွင်ကို ယခင်က တပည့်များအတိုင်းပင် ပြောဆိုလေသည်။

ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ရှုချင်ထံတွင် ရေအင်မော်တယ်ဂိုဏ်း၌ အဆက်သွယ် တစ်ချို့ရှိသည်။ထိုံကြောင့် အပြင်စည်းအကြီးအကဲသည် ဖန်ရှုယွင်ကို ဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ ကြိုးစားခွင့် ပြုခဲ့ခြင်းဖြစ်သည်။

သူမအား ကူညီပေးရန် တစ်စုံတစ်ယောက်က ဆန္ဒရှိမည်ဟု သူ မျှော်လင့်ခဲ့လေ၏။

သို့ရာတွင် ရေအင်မော်တယ်ဂိုဏ်းသည် တော်ဝင်နန်းတွင်းဘက်မှ ရပ်တည်ပြီးဖြစ်သည်။အကယ်၍ သူတို့သည် လုယွီရှေ့တွင် ဟန်ရေးပြလိုပါက အဆိပ်မြှားနှင့်ပတ်သတ်သောကိစ္စများကို ဘေးဖယ်ထားရပေမည်။

ကံအကြောင်းမလှစွာဖြင့် ဖန်ရှုယွင်သည် ဤကိစ္စကို နားလည် သဘောပေါက်ခြင်း မရှိချေ။

သူမ၏ စိတ်ခံစားချက်များသည် စိတ်လှုပ်ရှားမှု့မှ စိတ်ပျက်ညှိုးငယ်ခြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤအချိန်အခိုက်အတန့်တွင် သူမသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ချေ။အချိန်အတော်ကြာ သူမ ခံစားခဲ့ရသော ပင်ပန်း နွမ်းနယ်မှုများသည် သူမ၏ စိတ်အတွင်း၌ တလိမ့်လိမ့် ထနေလေပြီ။

ဖန်ရှုယွင်သည် နောက်ဆုံး၌ ထပ်မံ၍ တောင့်မခံနိုင်တော့ချေ။သူမ၏ အမြင်အာရုံ မည်းမှောင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

Chapter 3669

စာကြည့်ဆောင်အတွင်း၌ လုယွီသည် ကျင့်ကြံပြီးနောက် ညစ်ညမ်းသော အခိုးအငွေ့တစ်ချို့ကို သူ၏နှာခေါင်းမှ ​ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။

သူရှုထုတ်လိုက်သော အခိုးအငွေ့များသည် သူ၏ပါးစပ်နှင့်နှာခေါင်းမှထွက်လာကာ လေထုအတွင်း၌ ရှည်လျားသော အဖြူရောင် စီးကြောင်းတစ်ခုအသွင်သို့ ပြောင်းလဲသွားပေ၏။

လွန်ခဲ့သော ရက်အနည်းငယ်အကြာ ကျင့်ကြံခဲ့မှု အတောအတွင်း သူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထပ်အဆင့်၌ တည်ငြိမ်နေလေပြီ။

သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။

ဤအခြေအနေသို့အရောက်တွင် လုယွီသည် နောက်ဆုံး၌ အတားအဆီး၏ တည်ရှိမှုကို ခံစားမိလေ၏။

ဤအတားအဆီးသည် မဟာတာအို၏ စွမ်းအား လွှမ်းခြုံထားသော မမြင်နိုင်သည့် အတားအဆီးတစ်ရပ်နှင့် တူညီကာ လုယွီအား ရှေ့သို့ ဆက်လက်၍ တက်လှမ်းနိုင်ခြင်း မပြုရန် ကာကွယ် ဟန့်တားထားသည်။

အတိတ်ဘဝတွင် လုယွီသည် အစွမ်းထက်သော တာအိုသခင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ပင်။

သူ့ထံ၌ မရေမတွက်နိုင်သော အတွေ့အကြုံများ ရှိရာ သူ၏ ကျင့်ကြံခြင်းအပေါ်တွင် ကိုယ်ပိုင် အတွေ့အကြုံများလသည်း ရှိသည်။ထို့ကြောင့် ဤဘဝတွင် သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းတလျှောက် အတားအဆီးကြောင့် အနှောက်အယှက်ဖြစ်ခြင်း မရှိခဲ့ချေ။

သို့ရာတွင် ယခုအချိန်၌ လုယွီသည် ကွဲပြားခြားနားသော ကိစ္စကို ကြုံတွေ့နေရသည်။

ဤဘဝ၌ သူကျင့်ကြံသော ရှေးဟောင်းတာအို အင်မော်တယ်လမ်းကြောင်းကို ယခုလက်ရှိချိန်တွင် ကျင့်ကြံသူဟူ၍ မည်သူမျှ မရှိသလောက်နီးပါးပင်။

လုယွီသည် ဤလမ်းကြောင်းအတိုင်း ​ဖြည်းညှင်းစွာ စူးစမ်းနေသော်လည်း သူ့ထံ၌ အတွေ့အကြုံ လိုအပ်နေဆဲဖြစ်သဖြင့် လမ်းလွဲ သွေဖည်ခြင်းများမဖြစ်စေရန် အလွန်အမင်း ခက်ခဲသည်။

“ဝုန်း…ဝုန်း…ဝုန်း…”

အလွန်ကျယ်လောင်သော အသံများက လုယွီ၏ ရင်ဘတ်မှ ထွက်ပေါ်နေသည်။

ဤသည်မှာ နားအူလုမတတ် အလွန် စူးရှကျယ်လောင်ပေ၏။

ထိုနောက် လုယွီသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။သူသည် တ​ဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများကို တည်ငြိမ်အောင် ပြုလုပ်ကာ မည်သည့် မှော်စွမ်းအားများမရှိသော ကျောင်းတော်သားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသို့ ပြန်လည်ရောက်ရှိသွားသည်။

ဤသည်မှာ သူ၏ ယခင်ပုံပန်းသွင်ပြင်နှင့် တူညီသော်လည်း ယခုအချိန်တွင် လုယွီ၏ မျက်လုံးအတွင်း၌ နက်နဲသိမ်မွေ့သည့် တောက်ပသော အလင်းရောင်များ ရှိနေသည်။

မည်သူကမှ လုယွီကို သေမျိုးတစ်ယောက်ဟု ထပ်မံ၍ တွေးထင်တော့မည် မဟုတ်ချေ။

လုယွီ၏အနားသို့ ချဉ်းကပ်မိသော မည်သူမဆို သူသည် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့် နယ်ပယ်ရှိသည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟုသာ တွေးတောကြပေမည်။

သူတို့သည် သူ့အား အထင်မြင်သေးခြင်းရှိတော့မည်မဟုတ်ချေ။

“ဒါက ငါ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်ရမယ့်အချိန်ပဲ…ချန်အန်းမြို့ရဲ့ လျှို့ဝှက်ချက်က အရမ်း အရေးကြီးတယ်…ငါက အတင်းအကြပ် ဝင်လို့လဲ မရဘူး…ဒါကြောင့် ငါက အချိန်ယူပြီးတော့ ​ဖြည်းဖြည်းချင်း အစီအစဉ် ဆွဲရမယ်"

လုယွီ၏ စိတ်နှလုံးသားသည် ကြေးမုံတစ်ချပ်ကဲ့သို့ ကြည်လင်နေပေ၏။

တံခါးအနီး၌ စောင့်ကြပ်နေသော ချီလင်များအပြင် ချမ်အမ်းမြို့၏လျှို့ဝှက်အပျက်အစီး နယ်မြေအတွင်း၌ ပို၍များပြားသော အန္တရာယ်များ ကိန်းအောင်းနေနိုင်သည်။

သူ၏ ကျင့်ကြံဆင့်နယ်ပယ်သည် မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ မြင့်တက် လာသော်လည်း ဂိတ်တံခါးရှိ ချီလင်သားရဲများကို ရင်ဆိုင်နိုင်ရန် သူ့အတွက် ခက်ခဲနေဆဲပင်။

ထို့ပြင် သူ၏ ရာထူးနေရာဖြစ်သော လက်ဝဲစစ်တပ်၏တပ်မှူးဟူသော တာဝန်ရှိနေသည်။

ထန်အင်ပါယာသည် သူ၏နယ်မြေအတွင်းသို့ဝင်ရောက် တိုက်ခိုက်နေခဲ့သည်။လက်ဝဲစစ်တပ်၏ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူ၏ ရာထူးနေရာမှ အချိန်ကြာမြင့်စွာ ထွက်ခွာနေရန်မှာ မဖြစ်နိုင်ချေ။

“ကျွီ…”

လုယွီက သူ၏လက်ကိုဆန့်တန်းကာ တံခါးကို တွန်းဖွင့်လိုက်သည်။

“အရှင်လုကို အရိုအသေပြုပါတယ်”

တံခါး၏ပြင်ပတွင် ဤနေရာကို နေ့ရောညပါ စောင့်ကြပ်နေသော တပည့်တချို့ ရှိနေသည်။

သူတို့သည် လုယွီထွက်လာသည်ကို မြင်တွေ့ချိန်တွင် အလျင်အမြန် ရှေ့သို့တိုးကာ သူ့အား ဆီးကြိုနုတ်ဆက်လိုက်ကြ၏။

ထန်ယောင်ရှင်းသည် သူတို့အား ဤနေရာ၌နေရန် စီစဉ်ထားရသည့်အကြောင်းအရင်းမှာ လုယွီ လိုအပ်သည်များကို အနီးကပ်ဖြည့်ဆည်းပေး နိုင်ရန်ပင်။

လုယွီထံမှ မည်သည့်တောင်းဆိုမှု့မျိုးနှင့် ကြုံတွေ့ရသည်ဖြစ်စေ သူတို့သည် အကောင်းဆုံးကြိုးစား၍ ဖြည့်ဆည်းပေးရပေမည်။

ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် လုယွီသည် စာကြည့်ဆောင် အတွင်း၌သာ ကျင့်ကြံနေခဲ့သည်။

သူသည် ပြင်ပသို့ ထွက်ခြင်းမရှိသည့်အပြင် မည်သည့် တောင်းဆိုမှုမျိုးကိုမျှလည်း ပြုလုပ်ခြင်းမရှိခဲ့ချေ။

“ ဂိုဏ်းချုပ် ဘယ်မှာလဲ…”

လုယွီက မေးလိုက်သည်။

တပည့်တစ်ယောက်က တုံ့ပြန်ပြောဆိုသည်။

“ဂိုဏ်းချုပ်က ပင်မခန်းမမှာ ကိစ္စတချို့ကို ကိုင်တွယ် ဖြေရှင်းနေပါတယ်…အရှင်လုက ဘာအမိန့်များ ပေးချင်လို့ပါလဲ”

လုယွီက သူ၏လက်ကို ဝှေ့ရမ်းလိုက်ကာ...

“မလိုအပ်ဘူး… သူ့ကို ငါကိုယ်တိုင် သွားရှာလိုက်မယ်”

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် ဂိုဏ်း၏ပင်မခန်းမထံသို့ တန်းတန်းမတ်မတ် လျောက်လှမ်းသွားလေသည်။

ဤအချိန်အခိုက်အတန့်တွင် ထန်ယောင်ရှင်းနှင့် တခြားအဆင့်မြင့် အကြီးအကဲတချို့သည် ပင်မခန်းမအတွင်း၌ ဂိုဏ်း၏ အရေးပါသော ကိစ္စတချို့ကို တိုင်ပင် ဆွေးနွေးနေကြသည်။

“ဂိုဏ်းချုပ် ဆားသံမဏိ စိတ်ဝိဉာဉ်မိုင်းတွင်း သုံးတွင်းကို တကယ်ကြီး လွှဲပြောင်း ပေးတော့မလို့လား…တကယ်လို့ ဒီလိုသာဆိုရင် ကျွန်တော်တို့ဂိုဏ်းရဲ့ ဝင်ငွေက နောက်နှစ်ကျရင် အရမ်းထိုးကျသွားလိမ့်မယ်...အဲဒီအချိန်ကျရင် ကျနော်တို့မှာ ငွေကြေးအလုံအလောက် မရှိတာကြောင့် ကျင့်ကြံဆင့် အရင်းအမြစ်တွေလည်း အရမ်းကြီးလျော့ကျသွားလိမ့်မယ်"

မေးရိုးကားကားနှင့်ဝဖြိုးသော လူလတ်ပိုင်းကြီးတစ်ယောက်က အလေးနက်ထားသော လေသံဖြင့် ပြောဆိုသည်။

သူသည် ရေအင်မော်တယ်ဂိုဏ်း၏ ဘဏ္ဏာရေးကိစ္စကို ကိုင်တွယ်စီမံရသော အဆင့်မြင့် အကြီးအကဲ လင်းယွင်ပင်။

ရေအင်မော်တယ်ဂိုဏ်းသည် တော်ဝင်နန်းတွင်းနှင့် ပူးပေါင်းပြီးနောက် ဂိုဏ်း၏အကျိုးအမြတ် အများစုကို ရှင်းလင်အုပ်ချုပ်ရေးရုံးတော်သို့ လွှဲပြောင်းပေးအပ်လိုက်သည်။

ဤသည်မှာ ဂိုဏ်းအတွင်း၌ မြောက်များစွာသော စောဒကတက်မှုများကို ဖြစ်ပွားစေခဲ့သည်။

အဆင့်မြင့် အကြီးအကဲလင်းယွင်သည် ဦးဆောင်၍ ပြောဆိုသူဖြစ်သော်လည်း တခြားအဆင့်မြင့်အကြီးအကဲများ၏ မျက်နှာအမူအယာများကို ကြည့်ပါက သူတို့ထံတွင်လည်းတူညီသောရည်ရွယ်ချက်မျိုး ရှိသည်မှာ သိသာထင်ရှားလှ၏။

အကျိုးအမြတ်သည် အရာအားလုံး၏ အခြေခံ အုတ်မြစ်ပင်။

သူတို့သည် ဂိုဏ်းချုပ်ကိုဆန့်ကျင်ရန် အကြို စမ်းသပ်နေကြခြင်း ဖြစ်သည်။

ဂိုဏ်း၏ အကျိုးအမြတ် အတွက်ဟုဆိုသော်လည်း အမှန်အားဖြင့် သူတို့သည် သူတို့၏ ချမ်းသာကြွယ်ဝမှုများကို ထိန်းသိမ်းထားလိုခြင်းသာ ဖြစ်ပေ၏။

All Chapters