အခန်း (၃၆၇၀-၃၆၇၃)
Vol. 187 Ch. 3670-3673
Chapter 3670
“ငတုံး တစ်သိုက်…”
ထန်ယောင်ရှင်းသည် အေးစက်စက် နှာတချက်မှုတ်ကာ သူ၏မျက်နှာ သုန်မှုန်နေသည်။
“တကယ်လို့ မင်းတို့ကောင်တွေက ဒီအရာတွေကို အရင်ဦးအောင် ယူလိုက်ရင် တော်ဝင်နန်းတွင်းက အဲဒါတွေကို မယူနိုင်တော့ဘူးလို့ ထင်နေကြတာလား…တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က အဆိပ်မြှားရဲ့ ခြေလှမ်းအတိုင်း လိုက်ချင်တယ်ဆိုရင် မင်းတို့ဆန္ဒရှိသလို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်…အဆုံးသတ်ကြရင် မင်းတို့ထဲက ဘယ်ကောင်သေမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်…”
အဆင့်မြင့် အကြီးအကဲလင်းယွန်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
“တော်ဝင်နန်းတွင်းရဲ့ခွန်အားက လျော့တွက်လို့မရဘူး… ဒါပေမယ့် ကျွန်တော်တို့ကလည်း ညင်သာတဲ့နည်းလမ်းကို အသုံးပြုလို့ရတယ်…ကျနော်တို့က အဲဒီနည်းလမ်းကနေ အကျိုးအမြတ် ရယူနိုင်တယ်…”
“ဂိုဏ်းချုပ် မင်းက ငါတို့ဂိုဏ်းရဲ့ အင်အားစုတွေအားလုံးကို လုပ်ငန်းနေရာတွေကနေ ရုတ်သိမ်းဖို့ အမိန့်ပေးခဲ့တယ်… ဒါက ဆုံးရှုံးမှုအရမ်းများလွန်းတယ်…အဲဒီနေရာတွေကို အုပ်ချုပ်တဲ့လူတွေက ဂိုဏ်းကနေ ဂရုတစိုက် ပျိုးထောင်ထားတဲ့သူတွေ..သူတို့က ခိုင်မာတဲ့ အကျိုးအမြတ်တွေရနေတာ နှစ်အတော်ကြာနေပြီ…သူတို့က ဂိုဏ်းဆီကိုလဲ ငွေကြေးတွေ အဆက်မပြတ် ပေးသွင်းနေကြတယ်…တကယ်လို့ အခုအချိန်မှာ အဲဒီကိစ္စကို ငါတို့ ဖြတ်တောက်လိုက်မယ်ဆိုရင် နောင် အနာဂတ်မှာ ဒါတွေကို ပြန်ပြီး တည်ထောင်ဖို့ အရမ်း ခက်ခဲသွားလိမ့်မယ်…”
တခြားအဆင့်မြင့် အကြီးအကဲများသည်လည်း သဘောတူညီသည့်အနေဖြင့် သူတို့၏ ခေါင်းများကို ညိတ်လိုက်ကြလေ၏။
ကောင်းကင်ဘုံ ဧကရာဇ်ထိုက်ချမ်၏ ခေတ်ကာလအတွင်း၌ပင် သူတို့သည် ထိုအရာများမှ အကျိုးအမြတ် ရရှိရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့သည်။
ယခုအချိန်တွင် လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေသဖြင့် သူတို့သည် အကျိုးအမြတ်ရနိုင်သမျှ ပို၍ယူရပေမည်။
“တကယ်လို့ အရင်တုန်းက မင်းတို့ ဒီကိစ္စကို စီစဉ်တယ်ဆိုရင် ငါ သဘောတူမိမှာပဲ…”
“အရင် လက်ဝဲစစ်တပ် တပ်မှူးတွေ အားလုံးက အဆင့်မြင့် အရာရှိတွေဆိုပေမယ့် သူတို့ထဲက အများစုက စစ်တပ်ကလာတာ…တကယ်လို့ ငါ သူတို့ကို လိမ်လည်ရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး…”
ထန်ယောင်ရှင်းက သူ၏မျက်လုံးများကို မှေးစင်းကာ အေးစက်စက် လေသံဖြင့် ပြောဆိုသည်။
“ဒါပေမယ့် အခု လုယွီက ဒီနှစ် တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားပဲ…သူက တာယွီ တော်ဝင်နန်းတွင်းရဲ့ လူဆိုတာ မင်းတို့ သိကြလား…ထိပ်သီးကျောင်းတော်သား ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာ မင်းတို့ သိကြလား…”
“မင်းတို့က အရမ်း ထူးချွန်ပြောင်မြောက်အောင် လှည့်စားနိုင်ခဲ့တယ်ဆိုရင်တောင် တဖက်လူက မင်းတို့ရဲ့ လှည့်ကွက်တွေကို ရှင်းရှင်းလင်းလင်း ထွင်းဖောက် မြင်နိုင်လိမ့်မယ်...ဒါကြောင့် အရမ်း ဉာဏ်ကောင်းချင်ယောင်ဆောင်မနေကြနဲ့…”
“ဒေါက်…ဒေါက်…ဒေါက်…”
ဤအချိန်အခိုက်အတန့်မှာပင် တစ်စုံတစ်ယောက်က ပင်မခန်းမ၏ တံခါးကို ခေါက်လေ၏။
အဆင့်မြင့်အကြီးအကဲသည်လင်းယွင်သည် ထိတ်လန့် တုန်လှုပ်စွာဖြင့် ခုန်ထလိုက်သည်။သူသည် ရှက်ရွံ့သွားရာမှတဆင့် ဒေါသထွက်စ ပြုလာသည်။
ထို့ကြောင့် သူက ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ… ငါတို့ကို ဘယ်သူကမှ နှောက်ယှက်ခွင့် မပြုဖူးလို့ ငါတို့ပြောထားတယ် မဟုတ်ဘူးလား…”
ထိတ်လန့် ကြောက်ရွံ့နေသော အသံတစ်သံက ပြင်ပမှနေ၍ ထွက်ပေါ်လာသည်။
“လက်ဝဲစစ်တပ်ရဲ့ တပ်မှူး အရှင်လု ဒီနေရာကို ရောက်နေပါတယ်…”
သူ၏စကားအဆုံးမသတ်သေးမှီမှာပင် တံခါးသည် ပြင်ပမှနေ၍ ပွင့်သွားကာ လုယွီက အတွင်းသို့ ဝင်လာသည်။
လက်ရှိနေရာတွင် ရှိနေသော အဆင့်မြင့် အကြီးအကဲ များအားလုံး ထိတ်လန့် တုန်လှုပ်သွားသည်။
သူတို့သည် လုယွီအကြောင်း စတင်၍ပြောဆိုနေစဉ်မှာပင် သူသည် သူတို့ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိလာပေ၏။
ဖြစ်နိုင်သည်မှာ သူ ဤနေရာကို ရောက်နေသည်မှာ သူတို့အတွက်များ ဖြစ်နေသလော...
လင်းယွင်၏မျက်နှာ ဖြူရော်သွားသည်။သူသည် တစ်စုံတစ်ခုကို မကျေမနပ်ဖြင့် ပြောဆိုလိုသော်လဲ လုယွီကို မြင်တွေ့ချိန်တွင်သူ၏ မောက်မာထောင်လွှားသော သတ္တိများအားလုံး ပျောက်ကွယ်သွားခဲ့သည်။
လုယွီသည် ယခုအချိန်၌ သူ့ရှေ့တွင် မတ်တပ်ရပ်နေလေ၏။
လုယွီသည် မည်သည့်အရာမျှ ပြုလုပ်ခြင်းမရှိသော်လည်း လင်းယွန်သည် သူ့အား ရက်စက်ကြမ်းကြုတ်သော မှော်သားရဲကြီးတစ်ကောင်မှ စိုက်ကြည့်နေသည့်အလား ချမ်းစိမ့်မှု့ကို ခံစားရသည်။
အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားပင်လျှင် သူ့ရှေ့မှလူ၏ ရိုက်ချက်ဖြင့် သေဆုံးသွားခဲ့ရလေရာ သူတို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။
“အရှင်လု တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီလား…”
ထန်ယောင်ရှင်း၏ မျက်နှာပေါ်တွင် အပြုံးများဝေဆာနေကာ သူက ရှေ့သို့တိုး၍ လုယွီကို နုတ်ဆက်လိုက်သည်။
တခြား အဆင့်မြင့် အကြီးအကဲများသည်လည်း အသိဝင်လာကာလုယွီကို နုတ်ဆက်ရန်အတွက် အလျင်အမြန် ရှေ့သို့ တိုးလိုက်ကြ၏။
“ငါ ဒီနေရာကိုလာတာ မင်းတို့ကို လာနုတ်ဆက်တာပါ..မင်းတို့ရဲ့တာဝန်တွေကို မင်းတို့ ဆက်လုပ်ကြပါ…တခြားကိစ္စတွေကို အများကြီးမတွေးနဲ့ တကယ်လို့ မင်းတို့ ကောင်းကောင်းလုပ်မယ်ဆိုရင် ငါက မင်းတို့ဂိုဏ်းရဲ့ အကျိုးအမြတ်တွေအတွက် စဉ်းစားပေးမယ်…”
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် အဆင့်မြင့်အကြီးအကဲ လင်းယွင်၏ ခြေထောက်များ ပျော့ခွေသွားကာ သူသည် ဒူးထောက် လဲကျသွားလုမတတ်ပင်။
ယခုကြည့်ရသလောက် လုယွီသည် သူတို့ပြောဆိုနေသော အရာအားလုံးကို ကြားပြီးဖြစ်ပုံပင်။
လုယွီ၏ ကြီးမားသောစွမ်းအားဖြင့် အဆင့်မြင့် အကြီးအကဲ အဆိပ်မြှား မည်ကဲ့သို့ သေဆုံးရသည်ကို သူပြန်လည် တွေးတောမိချိန်တွင် လင်းယွန်သည် သူ့ရှေ့ရှိ ကမ္ဘာလောကကြီး ပြိုလဲသွားလုမတတ် ခံစားလိုက်ရသည်။
“ငါ့မှာ တခြားရည်ရွယ်ချက် မရှိတော့ပါဘူး…ငါက မင်းအပေါ်မှာ သစ္စာစောင့်သိဖို့ လိုလားပါတယ်…”
လင်းယွင်သည် လုယွီရှေ့၌ အလျင်စလို ဒူးထောက်ကာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်သည်။
လုယွီသည် လင်းယွန်အား ကြည့်ရှု့ခြင်းပင် မပြုချေ။သူသည် နောက်သို့ ချာကနဲလှည့်ကာ ထွက်ခွာ သွားတော့သည်။
ဂိုဏ်းအင်အားစုမှ လူများသည် တော်ဝင်နန်းတွင်းသို့ လက်အောက်ခံရန် လိုလားခြင်းမရှိသည်မှာ သဘာဝ အတိုင်းပင်။
သို့ရာတွင် လုယွီသည် လူတိုင်း သူ၏အမိန့်ကို နာခံနေရန် မလိုအပ်ချေ။သူသည် ထန်ယောင်ရှင်းကို ထိန်းချုပ်နိုင်သရွေ့ ရေအင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းလုံးကို သူ့စိတ်တိုင်းကျ ပြုလုပ်နိုင်ပေမည်။
Chapter 3671
“အရှင် ငါ မင်းကို လိုက်ပို့မယ်…”
ထန်ယောင်ရှင်းသည် တောင်းပန်သည့်အပြုံးမျိုးပြုံးကာ လုယွီ၏နောက်သို့ လိုက်ပါသွားသည်။တခြား အဆင့်မြင့် အကြီးကဲများသည်လည်း သူ၏နောက်မှ ဂရုတစိုက်လိုက်ပါသွားကြလေ၏။
ဤလူများသည် ရေအင်မော်တယ်ဂိုဏ်းမှ စီနီယာများနှင့် ဒဏ္ဍာရီလာပုံရိပ်ကြီးများ ဖြစ်သော်လည်း သူတို့သည် လူငယ်တစ်ယောက်၏နောက်သို့ လိုက်ပါနေရသည်။
ယခင်က သူတို့သည် မောက်မာဝင့်ကြွားပြီး ရိုသေလေးစားခံရသူများ ဖြစ်သော်လည်း ယခုအချိန်တွင် လုယွီ၏ ဒေါသကို ဆွပေးသကဲ့သို့ဖြစ်သွားမည်ကို သူတို့အားလုံး စိုးရိမ်နေကြသည်။
ဤဖြစ်ရပ်သည် အလွန်ရယ်ရွှင်ဖွယ်ကောင်းသော်လည်း ကောင်းကင်ဘုံနယ်မြေ၌ ခွန်အားသည်သာ အရေးကြီးဆုံး အရာပင်။
သူတို့သည် အသက်အရွယ်နှင့်ပတ်သက်၍ ဂရုမစိုက်ကြချေ။
လုယွီ၏ ခွန်အားသည် သူတို့ထက်ပို၍ သန်မာအားကောင်းပေ၏။
ထို့ကြောင် ဤလူများသည် သူတို့၏ စိတ်နှလုံးသားများအတွင်း၌ မည်သို့ပင် တွေးတောနေပါစေ အပေါ်ယံ၌ နာခံရိုကျိုးခြင်းကိုသာ ပြသထားကြသည်။
သူတို့သည် အကြီးအကဲခန်းမအတွင်းမှ လျောက်လှမ်းထွက်လာစဉ်တွင် လုယွီသည် တံခါး၏ရှေ့၌ လူတစ်စု စုဝေးနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင်လဲ ရှုပ်ယှက်ခတ်နေသည်။ရေအင်မော်တယ်ဂိုဏ်းမှ သမားတော် တချို့သည်လည်း သုတ်သီးသုတ်ပြာဖြင့် အပြေး ရောက်လာကြသည်။
“ဘာတွေ ဖြစ်နေတာလဲ…”
ထန်ယောင်ရှင်းက မျက်မှောင်ကြုံ့လိုက်၏။
သူသည် လုယွီကို အဝေးသို့ပို့ဆောင်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
သို့ရာတွင် ပင်မခန်းမရှေ့၌ ဤမျှထိ အလွန်ဆူညံနေမည်ဟု သူ မျှော်လင့်မထားမိပေ။
တံခါး၏ပြင်ပတွင် မတ်တပ်ရပ်နေသော အကြီးအကဲတစ်ယောက်က အလျင်စလို ရှေ့တိုးလာကာ ပြောဆိုသည်။
“ဂိုဏ်းချုပ် ခုနတုန်းက မိန်းကလေးတစ်ယောက်က အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားရဲ့ တံဆိပ်ပြားနဲ့အတူ ရောက်လာတယ်…ဒါပေမယ့် သူက ဒဏ်ရာရထားပြီးတော့ အခု သတိလစ် မေ့မြောသွားတယ်…ငါတို့က သူ့ကို ကုသပေးမလို့ စီစဉ်နေတာပါ…”
ထန်ယောင်ရှင်းသည် စိတ်မရှည်ပုံဖြင့် မျက်စောင်း တချက်ထိုးကာ ပြောဆိုသည်။
“အဆိပ်မြှားနဲ့ ပါတ်သက်တဲ့ လူတွေအားလုံးကို တောင်အောက်ကို မောင်းထုတ်လိုက်…သူက ငါတို့ဂိုဏ်းနဲ့ ဘာမှမဆိုင်တော့ဘူး…”
ဤစကားသည် လုယွီကြားစေရန် ရည်ရွယ်၍ ပြောဆိုခြင်း ဖြစ်သည်။
အဝေးရှိလူအုပ်ကြီး ချက်ခြင်း လူစုကွဲသွားကာ ဖြူရော်ရော်မျက်နှာနှင့် မိန်းကလေးတစ်ယောက် မြေပြင်ပေါ်တွင် လဲကျနေသော မြင်ကွင်းက ထွက်ပေါ်လာခဲ့သည်။
ဤမိန်းကလေးကို ကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံ ရသည်။သူမသည် မျက်လုံးကို တချိန်လုံး စုံမှိတ်ထားကာ သူမ၏ အဝတ်အစားများသည် နေရာအများစုတွင် စုတ်ပြဲနေပေ၏။
သူမကို ကြည့်ရသည်မှာ အလွန် ရုပ်ပျက်ဆင်းပျက် အနေအထား၌ ရောက်ရှိနေသည်။
သမားတော်တစ်ယောက်သည် သမန်ကာလျှံကာဖြင့် သူမကို တချက်ကြည့်ကာ စိတ်မရှည်စွာ ပြောဆိုသည်။
“ဒီလိုဖြစ်ရတာက သူအရမ်း အားနည်းတာကြောင့်ပဲ...သူ့ကို အစေခံအဆောင်မှာထားပြီး ဖြေးဖြေးခြင်းကုသပေးမှ ရမယ်…”
ဖန်ရှုယွင်သည် အစကတည်းက ရေအင်မော်တယ်ဂိုဏ်း၏တပည့်တစ်ယောက် မဟုတ်ချေ။
ထို့ပြင် ဖန်ရှုယွင် ယူဆောင်လာသော အဆင့်မြင့် အကြီးအကဲအဆိပ်မြှား၏ တံဆိပ်ပြားသည်လည်း ရေအင်မော်တယ်းဂိုဏ်း တစ်ဂိုဏ်းလုံး၏ ငြင်းဆန်ခြင်းကို ခံရပြီးဖြစ်သည်။
ထို့ကြောင့် သူမကို ကောင်းမွန်စွာ ကုသပေးရန်မှာ မဖြစ်နိုင်ချေ။
အစေခံ အဆောင်သည် ဂိုဏ်းအတွင်းရှိ အစေခံတပည့်များအတွက် ရည်ရွယ်၍ တည်ဆောက်ထားခြင်း ဖြစ်ပေ၏။
ထိုနေရာရှိ ပါတ်ဝန်းကျင်သည် အလွန်အမင်း ဆိုးရွားကာ သာမန် သေမျိုးများ၏ အိမ်အဆင့်မျှသာရှိသည်။
ထိုနေရာတွင် မည်သည့် စိတ်ဝိဉာဉ်စွမ်းအားမျှမရှိ မည်သည့်မှော်ရတနာမျှ ရှိမနေချေ။
အကယ်၍ သူမကို ထိုနေရာသို့ ပေးပို့လိုက်ပါက သူမ ပြန်လည် ကောင်းမွန်စေရန်အတွက် သူမကိုယ်သူမသာ မှီခိုရပေမည်။
ကြွင်းကျန်သည့် အရာများအတွက်ကိုမူ သူမ မေ့လျော့ထားရပေမည်။
ရုတ်ချည်းဆိုသလိုပင် တပည့်တချို့သည် ဖန်ရှုယွင်ကို ဆုပ်ကိုင်ကာ သူမကို အဝေးသို့ ဆွဲခေါ်သွားရန် ပြင်ဆင်လိုက်ကြသည်။
“ရပ်လိုက်စမ်း…”
ရုတ်တရက် လုယွီက ခြေတစ်လှမ်း ရှေ့တိုးကာ ဖန်ရှုယွင်၏ရှေ့၌ တိုက်ရိုက် ထွက်ပေါ်လာသည်။
ထိုတပည့်များသည် လုယွီကို မြင်တွေ့ချိန်တွင် ထိတ်လန့်ကြောက်ရွံ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နောက်ဆုတ်လိုက်ကြ၏။
လုယွီသည် ထိုတပည့်များကို လစ်လျူရှုကာ သူရှေ့ရှိ သတိလစ်မေ့မြောနေသော မိန်းကလေးကို စူးစိုက်၍ ကြည့်လိုက်သည်။
သူသည် ဖန်ရှုယွင်ကို မှတ်မိပေ၏။
လုယွီ လင်ရှောင်းဂိုဏ်းသို့ ဝင်ရောက်ချိန်တွင် ပိုင်ဆုချင်သည် ကြိုးကြာဖြူတောင်ထိပ်၏ အကြီးအကဲဖြစ်ကာ ဖန်ရှုယွင်သည် ပိုင်ဆုချင်၏တပည့် ဖြစ်သည်။
ကောင်းကင်ဘုံလမ်းကြောင်းတွင် ဖန်ရှုယွင်သည် ပိုင်ဆုချင်နှင့်အတူ ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းခဲ့သည်။
လုယွီသည် တာယွီအင်ပါယာသို့ ရောက်ရှိပြီးနောက် လူအမြောက်အများကို စေလွှတ်ကာ ပိုင်ဆုချင်၏ တည်နေရာကို ရှာဖွေခဲ့သည်။
ပိုင်ဆုချင်သည် တာအိုဘုရားကျောင်း တစ်ကျောင်း၌ ကျင့်ကြံနေသည်ကို သူ သိရှိပြီးနောက် သူမကို သူ မနှောက်ယှက်တော့ချေ။
ဖန်ရှုယွင်ကို ဤနေရာ၌ မြင်တွေ့ရမည်ဟု သူ မျှော်လင့် မထားမိချေ။
လုယွီ အောက်ဘုံ၌ ရှိနေစဉ် ဖန်ရှုယွင်သည် ကြိုးကြာဖြူတောင်၏ အကြီးဆုံးစီနီယာအမ ဖြစ်သည်။
ထို့ကြောင့် လုယွီသည် သူမကို နက်ရှိုင်းစွာ မှတ်မိပေ၏။သူမသည် ပိုင်ဆုချင်နှင့်အတူ ကျင့်ကြံနေသင့်သည် မဟုတ်လော...
သို့ရာတွင် မည်သည်ကြောင့် သူမကို ဤနေရာ၌ မြင်တွေ့ရသနည်း။
ထို့ပြင် ဖန်ရှုယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ အလွန်အမင်း တုန်လှုပ် ခြောက်ခြားဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်။
သူမထံတွင် မည်သည့် ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း။ပိုင်ဆုချင် မည်သည့်နေရာသို့ ရောက်ရှိနေသနည်း။ရုတ်ချည်းဆိုသလိုပင် လုယွီ၏ မျက်လုံးအတွင်းမှနေ၍ တည်ကြည်လေးနက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။
Chapter 3672
လုယွီ၏ ကျင့်ကြံဆင့်သည် နောက်ထပ် အဆင့်သစ်တစ်ခုသို့ ထပ်မံ၍ ချိုးဖျက်နိုင်ခဲ့လေပြီ။ထို့ကြောင့် သူအနည်းငယ် ဒေါသထွက်ရုံဖြင့် မီးတောင်ကြီးတစ်တောင် ပေါက်ကွဲတော့မည်အလား လူအများကို ထိတ်လန့်ကြောက်ရွံ့မှု့ကြောင့် တုန်ရီသွားစေသည်။
အဆင့်မြင့်အကြီးအကဲများသည် လုယွီကို စေ့စေ့ပင် မကြည့်ဝံ့တော့ချေ။
“အရှင်… ဒါက”
ထန်ယောင်ရှင်းက တွေဝေ တုံ့ဆိုင်းနေသည်။
လုယွီက တိုးညှင်းသော အသံဖြင့် ပြောဆိုသည်။
“ဒါက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ…ငါ့အတွက် အိမ်တစ်လုံး ပြင်ဆင်ပေးပါ…ငါ သူ့ရဲ့ ဒဏ်ရာတွေကို ကုသပေးချင်တယ်…”
သူမသည် လုယွီ၏ မိတ်ဆွေဟောင်းတစ်ယောက် အမှန်တကယ် ဖြစ်နေသလော။
ထန်ယောင်ရှင်းသည် ထိတ်လန့် တုန်လှုပ်သွားကာ တုံ့ဆိုင်းမနေဝံ့တော့ချေ။ သူသည် အမိန့်များကို အလျှင်အမြန် ထုတ်ပြန်လိုက်တော့သည်။
တခြားတဖက်တွင် တခြားသူများသည် ထိတ်လန့်သွားကာ ပို၍ပင် တုန်လှုပ်နေသည်။
ဤမိန်းကလေးသည် လုယွီနှင့် အမှန်တကယ် သိကျွမ်းနေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။
အစောပိုင်းက ဖန်ရှုယွင်ကို ထွက်သွားရန် နှင်ထုတ်လိုက်သော အကြီးအကဲသည် ပင့်သက် ရှိုက်လိုက်ကာ သူ၏ပါးစပ်ကို အချိန်အတော်ကြာသည်ထိ ပြန်ပိတ်နိုင်စွမ်းမရှိချေ။
အလွန်လျင်မြန်စွာဖြင့် လုယွီသည် ကျယ်ဝန်းပြီး ကြီးကျယ်ခန်းနားသော အခန်းတစ်ခန်းအတွင်းသို့ ရောက်ရှိသွားပေ၏။
လုယွီသည် ဖန်ရှုယွင်ကို ကုတင်ပေါ်သို့ တင်လိုက်သည်။ထို့နောက် သူ၏ နတ်ဘုရားစိတ်အာရုံကို သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးအတွင်းသို့ ပို့ဆောင်ကာ ဆေးများကို စတင်၍ ဖော်စပ်လိုက်သည်။
သူသည် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ ဖန်ရှု့ယွင်ကို စစ်ဆေးပြီးဖြစ်သည်။
ဖန်ရှုယွင်သည် အလွန်အမင်း အားနည်းနေသည်ကို သူ ချက်ချင်းအာရုံခံမိသည်။
သူမသည် မည်သည့်ကိစ္စများဖြင့် ကြုံတွေ့ခဲ့ရသည်ကို သူ မသိရှိသော်လည်း ဖန်ရှုယွင်သည် မီးစာကုန်ဆီခမ်းသော အခြေနေမျိုးသို့ ရောက်ရှိနေကြောင်း လုယွီက ခံစားမိသည်။
သူမသည် သေဆုံးလုဆဲဆဲ အခြေနေမျိုးသို့ ရောက်ရှိနေလေပြီ။သူမသည် သူမ၏ စိတ်ဆန္ဒကို မှီခို၍သာ ယခုထိတိုင် တောင့်ခံထားနိုင်ခြင်း ဖြစ်သည်။
ဆေးများကို အလွန်လျင်မြန်စွာဖြင့် သန့်စင်ပြီးလေပြီ။လုယွီသည် ဖန်ရှုယွင်ကို ဆေးလုံးတိုက်ကျွေးလိုက်၏။ထို့နောက် သူသည် သူ၏လက်ကို ဆန့်တန်းကာ မှော်စွမ်းအားများကိုအသက်သွင်း၍ ဖန်ရှုယွင်၏ခန္ဓာကိုယ်အတွင်းရှိ ဆေးစွမ်းအားများကို ပျော်ဝင်သွားစေသည်။
ဆေးစွမ်းအားများသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအတွင်းသို့ စိမ့်ဝင်သွားသည်နှင့် သူမ၏ ဒဏ်ရာများ တစတစ ပျောက်ကင်းစ ပြုလာသည်။
လုယွီသည် အလွန်စိုးရိမ်ပူပန်နေသော်လည်း သူသည် တည်ငြိမ်အေးဆေးကို ထိန်းသိမ်းထားဆဲပင်။
ယခုလက်ရှိအချိန်တွင် ဖန်ရှုယွင်၏ ခန္ဓာကိုယ်သည် အလွန်နုနယ်ပေ၏။သူမသည် ပြင်းထန်သော ဆေးစွမ်းအားများကို တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် ကြာမြင့်ပြီးနောက် ဖန်ရှုယွင်ထံမှညင်သာသော ညည်းတွားသံတစ်သံ ထွက်ပေါ်လာကာ သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်တစ်လျောက်တွင် နွေးထွေးသော စွမ်းအားများ ပျံ့နှံ့နေသည်ကို သူမ ခံစားမိသည်။
ယခင်က သူမ၏ ကုန်ဆုံးနေသော မှော်စွမ်းအားများသည်လည်း ယခုအချိန်တွင် အလွန်အမင်း လျင်မြန်သောအရှိန်ဖြင့် ပြန်လည်ကောင်းမွန်နေလေ၏။
သူမသည် မော့ကြည့်လိုက်ရာ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော မျက်နှာကျက်တစ်ခုကို တွေ့မြင်မိသည်။
“မင်း… နိုးလာပြီလား”
လုယွီက မေးမြန်းသည်။
လုယွီ၏ အသံကိုကြားချိန်တွင် ဖန်ရှုယွင်သည် ရင်းနှီးနေသကဲ့သို့ ခံစားမိသဖြင့် သူမ၏ခေါင်းကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။
ထို့နောက် သူမသည် ရင်းနှီးကျွမ်းဝင်သော လူတစ်ယောက်ကို တွေ့မြင်မိလေ၏။သို့ရာတွင် ယခုအချိန်၌ လုယွီ၏ ပုံပန်းသွင်ပြင်သည် အလွန်ကြီးမားစွာ ပြောင်းလဲမှုနှင့် ကြုံတွေ့ရပြီးလေပြီ။
အကယ်၍ ယခင်ကလုယွီသည် ကျောင်းတော်သား တစ်ယောက်၏ ပုံစံမျိုးရှိပါက ယခုအချိန်၌ လုယွီသည် ရက်စက်ကြမ်းကြုတ်ပြီး ရည်မှန်းချက်ကြီးမားသော လူတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ရှိနေသည်။
သူသည် လောကကြီးကို နှိမ့်ချ၍ ကြည့်နေကာ အလွန်အမင်း နက်နဲသိမ်မွေ့သူတစ်ယောက်နှင့် တူညီသည်။
ဖန်ရှု့ယွင်သည် လုယွီကို မြင်တွေ့ချိန်တွင် သူမ၏ရှေ့၌ ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူတစ်ယောက် မတ်တပ်ရပ်နေသည့်အလား ခံစားမိသည်။
အစွမ်းထက်သော ဖိအား အရှိန်အဝါ တစ်ရပ်သည် သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကာ သူမ၏ ဦးရေပြားများကို တင်းကြပ်စေပြီး သူမ စကားပင် ပြောနိုင်စွမ်း မရှိတော့ချေ။
“နင်က…လုယွီလား…”
ဖန်ရှုယွင်က မဝံ့မရဲ မေးမြန်းလေသည်။
လုယွီက ခေါင်းငြိမ့် ပြလိုက်၏။
“ဒါက အမှန်ပဲ ငါပါ…”
ထိုအဖြေကိုကြားချိန်တွင် ဖန်ရှုယွင်၏ စိတ်နှလုံးသားအတွင်းတွင် ရုတ်တရက် ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်သွားတော့သည်။
သူမသည် နိုးထလာခဲ့သော်လည်း သူမ၏ စိတ်နှလုံးသားအတွင်း၌ ကိစ္စများစွာ ရှိနေဆဲပင်။
ဖန်ရှုယွင်သည် ယခင်က အတွေ့အကြုံတချို့ ရှိခဲ့သော်လည်း သူမသည် တောတောင်များအကြားရှိ တာအိုဘုရားကျောင်းတွင် ကျင့်ကြံနေခဲ့သော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပင်။
မည်သည့်နည်းဖြင့် သူမသည် ကိစ္စ အမြောက်အများကို တွေ့ကြုံခံစားဖူးမည်နည်း။
ဒေါသထွက်မှု ကြောက်ရွံ့မှု ကူကယ်ရာမဲ့မှု စသည့် ခံစားချက်များက သူမ၏ စိတ်နှလုံးသားအတွင်း၌ ရောယှက်နေသည်။
ယခုချိန်တွင် သူမနှင့် ရင်းနှီးကျွမ်းဝင်သော တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သူမ မှီခိုရမည့် တစ်စုံတစ်ယောက်ကို တွေ့ရသည့်အလား ဖန်ရှုယွင်က ခံစားမိသည်။
စိတ်ခံစားချက်များ သူမ၏ စိတ်နှလုံးသားအတွင်း၌ ဗလောင်ဆူလာကာ သူမသည် ကူကယ်ရာ မဲ့စွာဖြင့် အော်ဟစ်ငိုယိုလိုက်တော့သည်။
“ဘာမှမဖြစ်တော့ဘူး… မင်း အဆင်ပြေသွားပြီ"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူသည် သူ၏ လက်ချောင်းများကို လှုပ်ခတ်ကာ အခန်းအတွင်းရှိ အမွှေးတိုင်ကို ထွန်းညှိလိုက်သည်။
နူးညံ့ညင်သာသော မွှေးရနံ့က လေထုအတွင်း၌ ပျံ့နှံ့သွားကာ မလိုလားအပ်သော အတွေးများ အားလုံးကို ပယ်ဖျက်လိုက်၏။
ဖန်ရှုယွင်၏ စိတ်ခံစားချက်များ သိသိသာသာ တည်ငြိမ်သွားသော်လည်း သူမ၏မျက်လုံးများသည် ငိုကြွေးထားသောကြောင့် နီမြန်းနေဆဲပင်။
Chapter 3673
ဖန်ရှုယွင်သည် အမွှေးတိုင်အိုးပေါ်ရှိ ရေအင်မော်ဂိုဏ်း အမှတ်အသားကို မြင်တွေ့ချိန်တွင် သူမသည် ရေအင်မော်တယ်ဂိုဏ်းအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း ချက်ချင်းသိနားလည်သွားသည်။
“နင်ထွက်သွားတော့ ငါတို့ လူတွေလွှတ်ပြီး နင့်ကို ရှာခိုင်းသေးတယ်…ဒါပေမယ် ငါတို့ ဘယ်နေရာမှာမှ နင့်ကိုရှာမတွေ့ခဲ့ဘူး…ငါနင့်ကို ထပ်ပြီးမတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ”
ဖန်ရှုယွင်က ညည်းတွားလိုက်သည်။ရုတ်တရက် သူမသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် လုယွီကို စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
“ဖြစ်နိုင်တာတော့ နင်က ရေအင်မော်တယ်ဂိုဏ်းရဲ့ တပည့် တစ်ယောက်များလား…နင် အစွမ်းထက် ကျင့်ကြံသူတစ်ချို့နဲ့ သိလား…သူတို့ဆီကနေ နင် ငါ့အတွက် အကူအညီ တောင်းပေးနိုင်မလား…”
မိတ်ဆွေဟောင်းများ ပြန်လည်ဆုံစည်းရချိန်တွင် သာမန်အားဖြင့် ပျော်ရွှင်နေရပေမည်။သို့ရာတွင် ဖန်ရှုယွင်ထံတွင် အတိတ်မှ အကြောင်းအရာ များကို ပြန်ပြောင်း ပြောဆိုနေရန်အတွက် အချိန် မရှိချေ။
သူမ သတိလစ်မေ့မြောနေသည်မှာ အချိန်မည်မျှကြာမြင့်ပြီဖြစ်ကြောင်း သူမ မသိသော်လည်း သူမ၏ ဆရာသခင် ပိုင်ဆုချင်သည် အန္တရာယ်တွင်း၌ ကျရောက်နေသည်။
သူမထဲ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူမ၏ စိတ်ကိုအားတင်း၍ အလျှင်အမြန်မေးမြန်းလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်၏။ သူသည် ဖန်ရှုယွင်၏ စိတ်နှလုံးသားအတွင်းမှ စိုးရိမ် ပူပန်မှုကို ခံစားမိသည်။
စိတ်မအေးသော ခံစားချက်တစ်ခုက သူ၏ စိတ်နှလုံးသားအတွင်း မြင့်တက်လာသဖြင့် လုယွီက အလျင်အမြန် မေးမြန်းလိုက်သည်။
“ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို ပြောပြစမ်းပါ…”
ဖန်ရှုယွင်က လုယွီကို ကြည့်လိုက်သည်။သူမ၏ ပါးစပ်ဖျားသို့ စကားတစ်ချို့ ရောက်ရှိလာသော်လည်း မည်ကဲ့သို့ပြောဆိုရမည်မှန်း သူမ မသိတော့ချေ။
အောက်ဘုံအတွင်း၌ သူမနှင့် ပိုင်ဆုချင်သည် တစ်ယောက်နှင့်တစ်ယောက် အရင်းနှီးဆုံး သူများပင်။ထို့ကြောင့် သူမသည် သူမရှေ့ရှိ လူငယ်အတွက် သူမဆရာသခင်၏ အရေးပါပုံကို သိရှိပေ၏။
“မင်းရဲ့ဆရာ ဘယ်မှာတုန်း… ပိုင်ဆုချင် ဘယ်ရောက်သွားတာတုန်း…”
လုယွီသည် ဖန်ရှုယွင်၏ တွေဝေတုံ့ဆိုင်းနေမှု့ကို မြင်တွေ့ချိန်တွင် သူမသည် သူ့အား တစ်စုံတစ်ခုကို ဖုံးကွယ်ထားရန် ကြိုးစားနေသည်ဟု ခံစားမိသည်။
“မိုးကောင်ကင်အထွတ်အထိပ် တာအိုဘုရားကျောင်းက သွေးနက်ခန်းမရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရတယ်…ဆရာသခင်က ငါနဲ့အတူ လွတ်မြောက်လာတယ်…ဒါပေမယ့် သွေးနက်ခန်းမက လူတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံလိုက်ရတယ်…အဆုံးသတ်ကျတော့ ဆရာသခင်က ကူးပြောင်းရေး အဆောင်လက်ဖွဲ့နဲ့ ငါ့ကို ဒီနေရာရောက်အောင် ပို့လိုက်ပြီးတော့ စစ်ကူ လာတောင်းခိုင်းတာပဲ…”
ဤအချက်သို့အရောက်တွင် ဖန်ရှု့ယွင်၏မျက်နှာပေါ်တွင် စိတ်ပျက်သွားသော အမူအယာမျိုး ထင်ဟပ်လာသည်။
သူမသည် ခေါင်းကိုကုတ်၍ စိတ်အနှောက်အယှက်ဖြစ်သော လေသံဖြင့် ပြောဆိုသည်။
“ဒါတွေ အားလုံးက ငါ အသုံးမကျခဲ့တာတွေကြောင့်ပဲ…ငါက ဘာစစ်ကူကိုမှ မရှာနိုင်ခဲ့ဘူး…အခု အချိန် ဘယ်လောက် ကြာသွားပြီမှန်း ငါမသိတော့ဘူး…ဆရာသခင်က အန္တရာယ်နဲ့ တွေ့နေနိုင်တယ်…သူတို့ဘက်မှာ ကောင်းကင်အဆင့် လုပ်ကြံသတ်ဖြတ်သူငါးယောက်တောင် ရှိနေတယ်”
“ဘာ…”
လုယွီသည် ထိတ်လန့် တုန်လှုပ်သွားကာ သူ၏လက်ချောင်းများ ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။
ဖန်ရှုယွင်က ခါးသည်းသော မျက်နှာ အမူအယာဖြင့် ပြောဆိုသည်။
“သွေးနက်ခန်းမက အရမ်း အစွမ်းထက်တယ်…သူတို့ရဲ့ခန်းမသခင်က ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ပဲ… သူတို့ရဲ့ဂိုဏ်းမှာ အစွမ်းထက် ကျင့်ကြံသူတွေက တိမ်စိုင်တွေလို ပေါများတယ်…ဒီတစ်ကြိမ်မှာ ဒီနေရာကို ငါလာခဲ့တာ စစ်ကူတောင်းဖို့ပဲ…ငါ့မှာ လုံလောက်တဲ့ခွန်အား မရှိဘူး…လုယွီ တကယ်လို့နင်က အစွမ်းထက်ကျင့်ကြံသူ တစ်ယောက်ယောက်နဲ့ သိကျွမ်းလို့ရှိရင် ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ…”
လုယွီသည် အသက် ပြင်းပြင်းတစ်ချက် ရှိုက်ကာ သူ၏ စိတ်နှလုံးသားအတွင်းမှ သတ်ဖြတ်လိုခြင်း ဆန္ဒများကို ထိန်းချုပ်လိုက်သည်။
“သွေးနက်ခန်းမ…”
“ဟမ့်… သွေးနက်ခန်းမလား…”
ထိုစကားလုံးအနည်းငယ်ကို ပြောဆိုပြီးနောက် လုယွီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ ပို၍ပို၍ပြင်းထန်လာသည်။
သူသည် လက်ဝဲစစ်တပ် နယ်မြေအတွင်းရှိ ထိပ်သီးအင်အားစုသုံးစုကို သူ၏လက်အောက်အတွင်း၌ ထိန်းချုပ်ရန် ရည်ရွယ်ထားခဲ့သည်။
ယခုအချိန်၌ လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းတစ်ခုသည် ပိုင်ဆုချင်ကို တိုက်ခိုက်သည့်လှုပ်ရှားမှုမျိုး လုပ်ဆောင်ဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီ၏ တုံ့ပြန်မှု့ကိုကြည့်ပြီး ဖန်ရှုယွင်သည် သူ့အား ဖြောင့်ဖျရန် အလျင်စလို ကြိုးစားလိုက်သည်။
“မဆင်မခြင်မလုပ်နဲ့...သွေးနက်ခန်းမရဲ့ ခွန်အားက လျှော့တွက်လို့မရဘူး…တကယ်လို့ နင် သူတို့နဲ့ ရင်ဆိုင်ချင်တယ်ဆိုရင် အနည်းဆုံးတော့ ရေအင်မော်တယ်ဂိုဏ်းက အတွင်းစည်းအကြီးအကဲတစ်ယောက်ရဲ့ အကူအညီကိုရမှဖြစ်မယ်… ဆရာသခင်က ငါ့ကို အဆင့်မြင့် အကြီးအကဲအဆိပ်မြှားရဲ့တံဆိပ်ပြားကို ပေးခဲ့တယ်…ကံဆိုးချင်တော့ အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားက တစ်စုံတစ်ယောက်သတ်တာကို ခံလိုက်ရပြီလို့ ငါ ကြားထားတယ်…ငါအခု ဘယ်သူ့ဆီကမှ အကူအညီတောင်းလို့ မရတော့ဘူး”
ထိုစကားနှင့်အတူ ဖန်ရှုယွင်က သက်ပြင်းတစ်ချက် ရှိုုက်လိုက်၏။
ပိုင်ဆုချင်ကို ကယ်တင်နိုင်မည့် အခွင့်အရေးသည် သူမရှေ့၌ ရှိနေသော်လည်း သူမသည် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
သူမ၏ စိတ်နှလုံးသားအတွင်းမှ မျှော်လင့်ချက်များ ပျက်ပြယ်သွားလေပြီ။
“ကြိုးကြာဖြူတောင်ထိပ်က ငါနဲ့အတူ တက်လှမ်းခဲ့တဲ့ ဂျူနိယာညီမတွေလည်းပဲ အသတ်ခံလိုက်ရပြီ…ဆရာသခင်လည်းပဲ အဲဒီလို ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်…”
ဖန်ရှုယွင်သည် ထိုစကားကိုပြောဆိုရင်း ကူကယ်ရာမဲ့စွာဖြင့် ငိုရှိုက်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် သူမသည် စကားပြောနိုင်စွမ်း မရှိတော့ချေ။
သွေးနက်ခန်းမမှ လုပ်ကြံသတ်ဖြတ်သူများသည် သွေးအေးကာ ရက်စက်ကြမ်းကြုတ်ပေ၏။အကယ်၍ သူတို့သည် ပိုင်ဆုချင်ကို ဖမ်းဆီးသွားပါက အကျိုးဆက်များကို စဉ်းစားကြည့်၍ မရနိုင်ချေ။
“ခရက်…ခရက်…ခရက်…”
လုယွီ၏ ခြေထောက်အောက်ရှိ မြေပြင် ရုတ်တရက် အက်ကွဲစ ပြုလာသည်။တစ်ချိန်တည်းမှာပင် လုယွီ၏ မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။