← Chapters

အခန်း (၃၆၇၄-၃၆၇၇)

Vol. 187 Ch. 3674-3677

အခန်း (၃၆၇၄-၃၆၇၇)

Vol. 187 Ch. 3674-3677

Chapter 3674

လုယွီသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာသော်လည်း သူ၏ စိတ်နှလုံးသားအတွင်း၌ ပိုင်ဆုချင်ကို လွမ်းဆွတ်နေဆဲပင်။

အတိတ်ဘဝတွင် သူသည် တစ်ယောက်တည်းဖြစ်သော်လည်း ဤဘဝတွင်မူ သူ့ထံတွင် မိသားစုနှင့်မိတ်ဆွေများ ရှိနေလေသည်။

ဤသည်မှာ သူ၏ စိတ်နှလုံးသားအတွင်းရှိ ပြောင်းပြန် အကြေးခွံဖြစ်ပြီး မည်သူမျှ ထိုအရာကို ထိတွေ့၍မရချေ။

ပိုင်ဆုချင်သည် တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်ဟု သူ တွေးတောခဲ့သည်။

သို့ရာတွင် ဤကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောမိခဲ့ခြင်း မရှိချေ။

“ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်မယ်…မင်း ရေအင်မော်တယ်ဂိုဏ်းထဲမှာ ကောင်းကောင်း အနားယူနေပါ…”

လုယွီက အလေးနက်ထားသော လေသံဖြင့် ပြောဆိုသည်။

ထိုသို့ပြောဆိုပြီးနောက် သူက အခန်းတံခါးကိုဖွင့်ကာ ထွက်ခွာသွားလေ၏။

ဖန်ရှုယွင်က စိုးရိမ်ပူပန်နေသည်။လုယွီသည် ဤနေရာ၌ ထိုင်နေမည်မဟုတ်ပဲ သွေးနက်ခန်းမကို သွား၍ရင်ဆိုင်မည်ကို သူမ သိရှိထားသည်။

သွေးနက်ခန်းမတွင် အစွမ်းထက် ကျင့်ကြံသူများ လုပ်ကြံသတ်ဖြတ်သူများနှင့် ပြည့်နှက်နေသည်။

လုယွီသည် အောက်ဘုံအတွင်း၌ သာလွန်ထူးကဲသော ပါရမီအရည်အချင်း ရှိသည့်တိုင် ဤသည်မှာ ကောင်းကင်ဘုံ နယ်မြေပင်။

ဤနေရာတွင် ခွန်အားပေါ်သာ မူတည်နေပြီး ပါရမီအရည်အချင်း မဟုတ်ချေ။

“အလျင်စလိုမလုပ်နဲ့...ငါ့ရဲ့စကားကို နားထောင်ပါ…နင် ဒီနေရာက ထွက်မသွားခင် ကူညီပေးမယ့် လူတစ်ယောက်ကိုရှာတာက ပိုကောင်းလိမ့်မယ်…သွေးနက်ခန်းမက အလွယ်တကူ ရင်ဆိုင်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး…”

ဖန်ရှုယွင်သည် ရုန်းကန်၍ မတ်တပ်ထရပ်ကာ လုယွီ၏နောက်သို့ ပြေးလိုက်ခဲ့လေ၏။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အခန်းတံခါးပွင့်သွားသည်။တံခါး၏ပြင်ပတွင် ထန်ယောင်ရှင်းနှင့် တခြားအဆင့်မြင့်အကြီးအကဲများသည် ရိုသေလေးစားစွာဖြင့် မတ်တပ် ရပ်နေကြသည်။

လုယွီ၏အမိန့် မရရှိသေးဘဲ သူတို့သည် ထွက်ခွာ သွားဝံ့ခြင်း မရှိချေ။

“အရှင်လုကို နုတ်ဆက်ပါတယ်…”

သူတို့သည် လုယွီကို မြင်တွေ့သည်နှင့် တညီတညွတ်တည်း အရိုအသေပြုလိုက်ကြသည်။

ဖန်ရှုယွင်သည် ကြက်သေ သေသွားလေ၏။

အခန်း၏ပြင်ပတွင် ဤမျှထိ လူအမြောက်အများရှိနေမည်ဟု သူမ မျှော်လင့်ထားမိခြင်း မရှိချေ။

ဤလူများသည် မည်သူမည်ဝါများဖြစ်သည်ကို ဖန်ရှုယွင် မသိရှိချေ။

သို့ရာတွင် သူတို့ထံ၌ သာလွန်ထူးကဲသော အရှိန်အဝါများ ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်ကြောင်း သူမ ပြောဆိုနိုင်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူတို့၏နောက်၌ အတွင်းစည်း အကြီးအကဲတစ်ယောက် မတ်တပ်ရပ်နေကြောင်း ဖန်ရှုယွင်က သတိပြုမိသွားသည်။

အတွင်းစည်း အကြီးအကဲတစ်ယောက်ပင်လျင် လုယွီကို ဦးညွတ်အရိုအသေ ပြုရသလော...

လုယွီသည် မည်သည့်အဆင့်အတန်းမျိုး၌ ရှိနေသနည်း...

“ဂိုဏ်းချုပ်..ဒါက ငါ့ရဲ့မိတ်ဆွေပဲ…”

လုယွီက ပြောဆိုသည်။

“အရှင်လု..ဒါက မင်းရဲ့မိတ်ဆွေလား...ဘယ်မောက်မာတဲ့ ခွေးမသားတွေက မင်းရဲ့မိတ်ဆွေကို အတင့်ရဲပြီး ထိဝံ့တယ်ဆိုတာ ငါ မသိဘူး…သူတို့က အသက်ရှင်ရတာ ပင်ပန်းနေတာ ဖြစ်မယ်…”

“ကျေးဇူးပြုပြီးတော့ ငါ့ကို အမိန့်ပေးပါ…ငါကိုယ်တိုင် လူတွေကိုခေါ်သွားပြီးတော့ သူတို့ကို ရှင်းပစ်လိုက်မယ်…”

အနည်းငယ်ခန့် စုံစမ်းစစ်ဆေးပြီးနောက် ထန်ယောင်ရှင်းက သူရှေ့ရှိ မိန်းကလေးသည် အကူအညီ တောင်းခံရန်လာကြောင်း နားလည် သဘောပေါက်သွားခဲ့သည်။

ထို့အပြင် သူမသည် ယခင်က ရေအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာသွားခဲ့သော ရှုချင်၏ မြေးတပည့်တစ်ယောက် ဖြစ်နေလေသည်။

လုယွီသည် သူ့ရှေ့ရှိ မိန်းကလေးနှင့် မည်ကဲ့သို့ သိကျွမ်းနေကြောင်း သူမသိရှိချေ။

သို့ရာတွင် ဤသည်မှာ ရှားပါးသော အခွင့်အရေး တစ်ခုဖြစ်ကြောင်း ထန်ယောင်ရှင်းက သိရှိထားသည်။

ဤသည်မှာ လုယွီအပေါ် သစ္စာစောင့်သိမှုကို ပြသရန်အတွက် အခွင့်အရေး တစ်ခုပင်။

ထန်ယောင်ရှင်းသည် ဤကဲ့သို့ သစ္စာစောင့်သိမှုကို ပြသနိုင်သည့် အခွင့်အရေးမျိုးကို လိုအပ်နေပေ၏။

လုယွီက ထန်ယောင်ရှင်းကို စောင်းငဲ့ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောဆိုသည်။

“မင်းရဲ့ လက်စားချေပေးမှုကို ငါက လိုအပ်လို့လား…”

ဤကဲ့သို့ အကြည့်မျိူးနှင့် စူးစိုက်ကြည့်ခံရချိန်တွင် ထန်ယောင်ရှင်း၏ခါး ကွေးညွတ်သွားကာ သူ၏ စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ထိတ်လန့် တုန်လှုပ် သွားသည်။

ရက်အနည်းငယ်ခန့်သာ ကြာမြင့်သေးသော်လည်း ယခင်က လုယွီ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါသည် အလွန် အစွမ်းထက်သည့်တိုင် ယခုအဆင့်နှင့် လွန်စွာဝေးကွာသည်။

ထန်ယောင်ရှင်းသည် လုယွီနှင့် အသေအကြေ တိုက်ခိုက်ရန်ပင် တွေးတောခဲ့ဖူးလေ၏။

သို့ရာတွင် ယခုအချိန်၌ လုယွီထံမှ သူ့အား ပေးစွမ်းနိုင်သော ဖိအားအရှိန်အဝါသည် မကြုံစဖူး မြင့်မားနေသည်။

ထန်ယောင်ရှင်းက သူ၏စိတ်အတွင်းရှိ အတွေးတစ်ခုကိုပင် လုယွီသည် စုံစမ်းထောက်လှမ်းနိုင်သည်ဟု ခံစားမိလေ၏။

အကယ်၍ သူ့ထံတွင် မရိုးဖြောင့်သော အကြံအစည်များ ရှိနေပါက လုယွီသည် နတ်ဆိုးမျိုးစေ့ကို အသက်သွင်းရန်ပင် မလိုအပ်ပဲ သူ့ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေမည်။

“ငါ မလုပ်ဝံ့ပါဘူး…”

ထန်ယောင်ရှင်းက ဦးညွတ်ကာ ပြောဆိုလိုက်သည်။

လုယွီက ဖန်ရှုယွင်ကို လက်ညှိုးညွှန်ပြကာ ပြောဆိုသည်။

“သူက ငါ့ရဲ့မိတ်ဆွေပဲ တကယ်လို့ ငါပြန်လာပြီးတော့ သူ့ရဲ့ ဆံပင်တစ်ချောင်း လျော့နေတာကို မြင်ရင်တောင် ငါ မင်းကို ကောင်းကောင်း မေးခွန်းထုတ်ရလိမ့်မယ်…”

ထိုသို့ပြောဆိုပြီးနောက် လုယွီက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“လန်ဝူရှင်း အခုချက်ချင်း ရှိနေတဲ့နေရာက ထွက်လာခဲ့စမ်း…”

ဝှစ်…

အဝေးတစ်နေရာမှနေ၍ အနက်ရောင် အလင်းတန်း တစ်တန်း ရုတ်တရက် ပျံသန်းလာသည်။

လန်ဝူရှင်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစသွေးနများ ရှိနေဆဲဖြစ်သော်လည်း သူ၏သွေးများ မဟုတ်ချေ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရေအင်မော်တယ် ဂိုဏ်းအတွင်း၌ လန်ဟူရှင်းသည် မည်သည့်ကိစ္စမျှ လုပ်ဆောင်ရန် မရှိချေ။ထို့ကြောင့် သူသည် ရေအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများကို စတင်၍ စိန်ခေါ်ခဲ့သည်။

သူတို့သည် အနိုင်အရှုံး ကွဲပြားရန်ကိုသာ ဆုံးဖြတ်တိုက်ခိုက်ခဲ့ကြလေ၏။

သို့ရာတွင် ဤအဆင့်တိုက်ပွဲသည် သူ့အား စိတ်ကြေနပ်မှု မရှိစေသည်မှာ သိသာ ထင်ရှားလှ၏။

“အရှင်… မင်းမှာ ဘာညွှန်ကြားစရာ ရှိနေလို့လဲ…”

လန်ဝူရှင်းက လုယွီရှေ့၌ မတ်တပ်ရပ်ကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ အရိုအသေ ပြုလိုက်သည်။

“ငါနဲ့ အပြင်ကို လိုက်ခဲ့စမ်း…ငါတို့ သွားပြီး လူသတ်ကြရအောင်…”

Chapter 3675

လုယွီသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်လိုပေ၏။

မည်သည့်ကိစ္စများ ဖြစ်ပွားနေသည်ကို မည်သူမျှ မသိရှိသော်လည်း လုယွီ၏ စကားကိုကြားချိန်တွင် သူတို့အနက်မှ အများစုသည် ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။

လန်ဟူရှင်းသည် အစောပိုင်းကမှ ယှဉ်ပြိုင်တိုက်ခိုက်ပွဲမှ ထွက်လာခဲ့သည်။

လုယွီ၏ စကားများကို ကြားချိန်တွင် သူ၏ ကြောရိုးတလျောက် ချမ်းစိမ့်သွားသကဲ့သို့ သူ ရုတ်တရက် ခံစားလိုက်ရသည်။သူသည်လည်း ထိပ်သီးနတ်ဆိုး ကျင့်ကြံသူ တစ်ယောက်ပင်။

သူသည် လူအမြောက်အများကို သတ်ဖြတ်ခဲ့ဖူးသည် သို့ရာတွင် သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် လုယွီ၏ရှေ့၌ အသေးအမွှားသာ ဖြစ်ပုံရလေသည်။

ဤသည်မှာ လုယွီ၏ အတိတ်ဘဝတွင် သူ၏လက်အတွင်း၌ သေဆုံးခဲ့ရသည့် မြောက်များစွာသော စိတ်ဝိဉာဉ်များကြောင့် ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒပင်။

တာအိုသခင် တစ်ယောက်၏အောက်တွင် အဖြူရောင် အရိုးပုံများ ရှိနေသည်။

စစ်ဗိုလ်ချုပ် တစ်ယောက်၏ အောင်မြင်မှု့သည် အရိုးပေါင်းတစ်သိန်း ညှိုးနွမ်းခြောက်သွေ့သည်နှင့် တူညီပေသည်။

လုယွီ၏ အတိတ်ဘဝတွင် သူသည် အရိုးများပေါ်မှ ခြေလှမ်း တစ်လှမ်းပြီးတစ်လှမ်း နင်းလျောက်လာရကာ မြောက်များစွာသော လူများကို ဖြတ်ခဲ့ရသည်။

လုယွီ တိတ်ဆိတ် ငြိမ်သက်နေသဖြင့် လန်ဟူရှင်း သည်လည်း စကား မပြောဝံ့ချေ။

သူသည် သစ္စာရှိသော အစေခံ တစ်ယောက်အလား လုယွီ ၏ နောက်မှ လိုက်ပါ သွားတော့သည်။

လုယွီ ထွက်ခွာသွားပြီးနောက် အကြီးအကဲခန်းမရှေ့ရှိ ရေအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်စုသည် နောက်ဆုံး၌ အသိဝင်လာကြသည်။

အစောပိုင်းက လုယွီ ဤနေရာ၌ ရှိနေချိန်တွင် သူတို့၏ခေါင်းများအထက်၌ ထက်ရှသောဓားသွားတစ်လက် ရစ်ဝဲနေသည့် အလားဖြစ်ကာ သူတို့၏အပေါ်သို့ အချိန်မရွေး ကျရောက်တော့မည့် အလားပင်။

ဤသည်မှာ သူတို့ကို အလွန်အမင်း စိုးရိမ် ပူပန်စေကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိကြတော့ချေ။

လုယွီ ထွက်ခွာသွားပြီးနောက် သူတို့အနက်မှ အများစုသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်း ရှိုက်လိုက်ကြသည်။

“မိန်းကလေး… ငါက ရေအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ…အခုအချိန်ကစပြီး မင်းက အနားယူပြီးတော့ ငါတို့ဂိုဏ်းထဲမှာ အေးအေးဆေးဆေး ကုသမှု ခံယူနိုင်တယ်…တကယ်လို့ မင်း လိုအပ်တာ တစ်စုံတစ်ခု ရှိမယ်ဆိုရင် ငါ့ကို လွတ်လွတ်လပ်လပ် ပြောပါ…”

ထန်ယောင်ရှင်းသည် ဖန်ရှုယွင်ဘက်သို့ကြည့်၍ ပြောဆိုလိုက်ကာ သူ၏လေသံတွင် ယဉ်ကျေးသိမ်မွေ့မှုများနှင့် ပြည့်နှက်နေသည်။

ဖန်ရှုယွင်နှင့် လုယွီအကြားတွင် မည်ကဲ့သို့ ဆက်ဆံရေးမျိုးရှိနေသည်ကို သူ မသိရှိချေ။

သို့ရာတွင် လုယွီထွက်ခွာသွားပြီးနောက် သူသည် ဖန်ရှုယွင်အား ကောင်းကောင်းမွန်မွန် ဂရုစိုက်ထားရန် ညွှန်ကြာခဲ့သည်။

ဤသည်မှာ ထန်ယောင်ရှင်း လိုက်နာရမည့် အမိန့်တစ်ခုပင်။

ကံကောင်းထောက်မစွာဖြင့် ဤအမိန့်သည် သူ့အတွက် အခက်အခဲ မရှိချေ။

“ရေအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်…”

ဖန်ရှုယွင်သည် နေရာမှာပင် အမြစ်တွယ်သကဲ့သို့ မတ်တပ်ရပ်နေကာ အချိန်အတော်ကြာသည်အထိ သူမ၏ အသိစိတ်များသည် ပြန်လည်ဝင်ခြင်း မရှိပေ။

သူမသည် ဤနေရာသို့ အကူအညီတောင်းရန် ရောက်ရှိလာခြင်းဖြစ်သည်။

သို့ရာတွင် ဖန်ရှုယွင်၏ စိတ်အတွင်း၌ သူမသည် အပြင်စည်း အကြီးအကဲတစ်ယောက်ကို ဖိတ်ခေါ်နိုင်လျင်ပင် အလွန် ကောင်းမွန်နေသည်ဟု ယူဆထားခဲ့သည်။

သူမအား အဆင့်အတန်းမြင့်မားပြီး ကြီးကျယ်ခန်းနားသော ဂိုဏ်းချုပ်မှ ကူညီပေးမည်ဟု မျှော်လင့်ထားခြင်း မရှိချေ။

ရုတ်တရက် ဖန်ရှုယွင်သည် လုယွီအပေါ် သူမ နားလည်မှုလွဲခဲ့ပြီဖြစ်ကြောင်း သိနားလည်သွားသည်။

သူမရှေ့ရှိ ထိပ်သီး အစွမ်းထက် ကျင့်ကြံသူများသည် လုယွီကို ဦးညွတ်နေကြကာ သူတို့၏ မျက်နှာများပေါ်တွင် ရိုသေလေးစားမှုများနှင့် ပြည့်နှက်နေသည်။

သူမသည် မူလက လုယွီသည် ရေအင်မော်တယ်ဂိုဏ်းသားတစ်ယောက် ဖြစ်မည်ဟု တွေးထင်ခဲ့သည်။

သို့ရာတွင် ယခု လက်ရှိ အခြေနေအရ သူမ စိတ်ကူးယဉ် တွေးတောထားသည်နှင့် များစွာ ကွဲပြားခြားနားနေသည်။

“စီနိယာ… လုယွီတစ်ယောက်ထဲ သွားရင် အန္တရာယ်နဲ့ တွေ့နေနိုင်တယ် မဟုတ်လား…သွေးနက်ခန်းမက အစွမ်းထက် ကျင့်ကြံသူတွေက တိမ်စိုင်တွေလို ပေါများတယ်…ဒါက သူတစ်ယောက်ထဲနဲ့ ရင်ဆိုင်နိုင်မယ့် တစ်စုံ တစ်ခု မဟုတ်ဘူး…”

ဖန်ရှုယွင်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အလျင်အမြန် မေးမြန်းလိုက်သည်။

ထို ရက်စက် ကြမ်းကြုတ်သော လုပ်ကြံသတ်ဖြတ်သူများသည် သတ်ဖြတ်ရာတွင် ကျွမ်းကျင်ကာ သူတို့၏ တိုက်ခိုက်မှု့များသည် အလွန်အမင်း ယုတ်ရင်း ကြမ်းတမ်းပေ၏။

အကယ်၍ လုယွီသည် သူတို့ထံသို့ ထိပ်တိုက် တွေ့ဆုံပါက သူ သေဆုံးနိုင်ချေ များသည်။

“သွေးနက်ခန်းမလား…”

ပျက်ရယ်ပြုသော အရိပ်အယောင်တချို့က ထန်ယောင်ရှင်း၏ နုတ်ခမ်းထောင့်၌ မြင့်တက်သွားသည်။

“သူတို့ကသာ စိုးရိမ်ပူပန်ရမယ်လို့ပဲ…အဲဒီ လုပ်ကြံ သတ်ဖြတ်သူက ဆိုးသွမ်း သောင်းကျန်းနေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ…သူတို့က အခုတော့ အပြစ် မပြုသင့်တဲ့လူကို အပြစ်ပြုမိခဲ့ပြီ…”

သူသည် ရုတ်တရက် ဖန်ရှုယွင်၏ အင်္ကျီလက်အတွင်းတွင် အဆင့်မြင့်အကြီးအကဲ အဆိပ်မြှား၏ တံဆိပ်ပြားကို ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။

သူမသည် တံဆိပ်ပြားကို ပျောက်ဆုံးခဲ့သည့် အချိန်မှစ၍ သတိကြီးစွာထားကာ ထပ်မံ၍ ပျောက်ဆုံးမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့သည်။

“အဲဒီတံဆိပ်ပြားကို လွင့်ပစ်လိုက်ပါ အဆိပ်မြှားက သေပြီ…သေသွားတဲ့ လူတစ်ယောက်ရဲ့ မျက်နှာသာရဖို့အတွက် အသက်ရှင်နေတဲ့ မည်သူကမှ မင်းအတွက် အလုပ်လုပ် ပေးမှာ မဟုတ်ဘူး…”

ထန်ယောင်ရှင်းက ရုတ်တရက် ပြောဆိုသည်။

“မင်း အခုထိ သိပုံမရသေးဘူး…ဟုတ်တယ်မလား…အဆင့်မြင့် အကြီးအကဲ အဆိပ်မြှားကို သတ်လိုက်တာက အရှင်လုပဲ…အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားက ပုန်ကန်ဖို့ ရည်ရွယ်ထားတယ်… သူကတော်ဝင်နန်းတွင်းရဲ့ အခွင့်အာဏာကို အထင်သေးတယ်…ဒါ ကြောင့် သူ့ကို နေရာမှာတင် စီရင်ချက်ချတာ ခံလိုက်ရတယ်…ငါတို့ ရေအင်မော်တယ်ဂိုဏ်းမှာ အဆိပ်မြှားဆိုတာ ထပ်ပြီး မတည်ရှိတော့ဘူး…”

အဆင့်မြင့်အကြီးအကဲ အဆိပ်မြှားသည် လုယွီ၏ သတ်ဖြတ်ခြင်းကို အမှန်တကယ် ခံလိုက်ရသလော။

ဤရက်များအတွင်းတွင် ဖန်ရှုယွင်သည် အပြောင်းလဲ များစွာနှင့် ကြုံတွေ့ရလေ၏။

သူမသည် ကြက်သေသေသွားကာ အချိန်အတော်ကြာသည်အထိ နက်ရှိုင်းစွာ ထိတ်လန့်ကြောက်ရွံ့ နေသည်။

Chapter 3676

လမင်းကြီး၏မှိန်ဖျော့ဖျော့အလင်းရောင်မှအပ ညကောင်းကင်ယံသည် မှောင်မည်းနေသည်။

သူတို့၏နံဘေးပါတ်ဝန်းကျင်ရှိ အရာရာတိုင်း အကန့်အသတ်မရှိသော အမှောင်ထုကြီး အတွင်းသို့ ကျရောက်နေသည်။

သွေးနက်ခန်းမသည် ချောက်ကမ်းပါးစွန်းတစ်ခုပေါ်၌တည်ရှိကာ ထိုနေရာသို့သွားရန်အတွက် လေထန်သော တောင်ပေါ်လမ်းတစ်လမ်းသာ ရှိသည်။

မြင့်မားသောတောအုပ်ကြီးများသည် သွေးနက်ခန်းမ၏အောက်ခြေ၌ ရှိနေလေ၏။

သွေးနက်ခန်းမ၏ ခန်းမသခင် ကျင်းခွမ်သည် ခံတပ်ကြီးအတွင်းရှိ အဓိက ခေါင်းဆောင်နေရာ၌ ထိုင်နေသည်။

သူသည် အရပ်ရှည်ပြီး တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ရှိကာ သူ့ကိုကြည့်ရသည်မှာ အလွန် အစွမ်းထက်ပုံရသည်။

သူ၏ ကြေးနီရောင်ကြွက်သားများပေါ်၌ အနက်ရောင်အမှတ်အသားများကို ရေးဆွဲထားသည်။ထိုအရာများကို ကြည့်ရသည်မှာ အလွန်အမင်း တုန်လှုပ် ခြောက်ခြားဖွယ် ကောင်းပေ၏။

ဤသည်မှာ သွေးနက်ခန်းမ၏ အဓိက အစည်းအဝေးခန်းမပင်။

ခံတပ် တစ်တပ်လုံးကို အစောင့်များ ထူထပ် သိပ်သည်းစွာ ဖြန့်ကျက်ထားသည်။အဆင့်နိမ့် လုပ်ကြံသတ်ဖြတ်သူများသည် ဤနေရာသို့ဝင်ရောက်ရန်အတွက် အရည်အချင်းပြည့်မှီရန်အလို့ငှာ တာဝန်များစွာကိုအဆက်မပြတ် လက်ခံ၍ သူတို့၏ခွန်အားကို မြှင့်တင်ရန်လိုအပ်သည်။

“ခန်းမသခင်...ငါတို့က မိုးကောင်းကင် အထွတ်အထိပ် ဘုရားကျောင်းတစ်ကျောင်းလုံးကို ရှာဖွေ ပြီးပြီ…မြေအောက် သုံးပေအထိတောင် တူးပြီးပြီ…ဒါပေမယ့် ငါတို့ ခုချိန်ထိ ကျမ်းစာ ဘယ်နေရာမှာရှိနေလဲဆိုတာကို ရှာမတွေ့သေးဘူး…ရှုချင်က အရမ်းသတိကြီးတယ်…ကြည့်ရတာတော့ သူက အဲဒီကျမ်းစာကို သူ့ရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ပိုင်ဆုချင်ကို လွှဲပြောင်း ပေးလိုက်တာပဲ ဖြစ်မယ်…သူက တခြား ဘယ်သူ့ကိုမှ မပေးလောက်ဘူး…”

သွေးနက်ခန်းမ၏ ကောင်းကင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သည် ကျင်းခွမ်၏ရှေ့၌ ရိုသေလေးစားစွာ မတ်တပ်ရပ်နေကာ သူ့အား သတင်းပို့သည်။

“ရှုချင်က သူလုပ်သမျှ ကိစ္စတွေအပေါ် အရမ်း သတိကြီးတယ်…ပြီးတော့ အဲဒီမိန်းမက ခေါင်းမာတယ်…ဒါပေမယ့် မနုံအဘူး…ဒီကျမ်းစာက သူ့အတွက် သေစေနိုင်တဲ့ ဘေးအန္တရာယ်ကို ယူဆောင်လာနိုင်တယ်ဆိုတာ သူ သိထားပြီးပြီ....ဒါကြောင့် သူက ပြေးလမ်းကြောင်းတွေကို ကြိုတင်ပြီး စီစဉ် ထားခဲ့တယ်…”

ကျင်းခွမ်၏ နံဘေးရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသော ဂိုဏ်းချုပ်တစ်ယောက်က တည်ငြိမ်စွာပြောဆိုသည်။

“မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်းက ပျက်ဆီးသွားပြီ…နက်နဲသိမ်မွေ့ ကံကြမ္မာတာအိုကျမ်းစာကလည်း သူရဲ့တပည့်ဆီမှာပဲ ဖြစ်နိုင်တယ်…အဲဒီကိစ္စကို အရင်ဆုံး ရှင်းလင်းအောင် လုပ်ကြစို့… တကယ်လို့ ငါတို့ အဲဒီကျမ်းစာကို ရနိုင်မယ်ဆိုရင် ငါတို့ အတူတူ လေ့လာဆင်ခြင် နိုင်လိမ့်မယ်…”

တခြား ဂိုဏ်းချုပ်တစ်ယောက်က ပြောဆိုသည်။

လက်ရှိနေရာတွင် ဂိုဏ်းချုပ် ၇ယောက် ၈ယောက်ခန့် ရှိနေသည်။သူတို့အားလုံးသည် မိုးကောင်းကင် အထွတ်အထိပ်တာအိုဘုရားကို ဝန်းရံတိုက်ခိုက်သော လုပ်ဆောင်မှု၌ ပါဝင် ဆင်နွဲခဲ့သူများ ဖြစ်သည်။

မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်းသည် ရွှယ်အင်မော်တယ်တစ်ယောက် စီမံအုပ်ချုပ်နေသော ဂိုဏ်းအင်အားစုတစ်ခု ဖြစ်သည်။

ရှုချင်နှင့်ပိုင်ဆုချင်အပြင် အကြီးအကဲတချို့ထံတွင်လည်း သာလွန်ထူးကဲသော ခွန်အားများရှိသည်။

ဤဘုရားကျောင်း အလွန်လျင်မြန်စွာ ဖျက်ဆီးခံလိုက်ရသည့် အကြောင်းအရင်းမှာ သွေးနက်ခန်းမအပြင် တခြား ဂိုဏ်းအင်အားစုများမှလည်း ဝင်ရောက်စွက်ဖက်လာခြင်းကြောင့်ပင်။

သွေးနက်ခန်းမသခင် ကျင်းခွမ်သည် ထိုင်ခုံလက်ရန်းကို သူ၏လက်ဖြင့် ခေါက်လိုက်သည်။

သူ၏မျက်လုံးအတွင်း၌ မည်သည့် စိတ်ခံစားချက် အရိပ်အယောင်မျှ ရှိမနေချေ။

“ဟုတ်တာပေါ့… ဒါက အရင်ကထဲက ငါတို့ သဘောတူပြီးသား ကိစ္စပဲ…”

ကျင်းခွမ်၏ အသံသည် အလွန် ကြမ်းတမ်းပေ၏။

သူ၏ ခန္ဓာကိုယ်သည် နှစ်မီတာခန့် မြင့်မားသည်။သူ၏ တုတ်ခိုင်သန်မာပြီး ထွားကြိုင်းသော ခန္ဓာကိုယ်ဖြင့် ထိုင်ခုံပေါ်၌ ထိုင်နေသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ကျားရိုင်းတစ်ကောင်အလားပင်။

တခြား ဂိုဏ်းချုပ်များသည် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကျင်းခွမ်၏ ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် သူတို့သည် ဖိအားအမြောက်အများကို ခံစားမိလေ၏။

ကံကောင်းထောက်မစွာဖြင့် ကျင်းခွမ်သည် ယခင်သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် ဂိုဏ်းချုပ်များသည် စိတ်သက်သာရာ ရပုံဖြင့် တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်ကြသည်။

“ကျင်းချန် ခုထိပြန်မလာသေးဘူးလား"

ကျင်းခွမ်က ရုတ်တရက် မေးမြန်းသည်။

ကျင်းချန်သည် သူ၏​ညီဖြစ်ကာ သူယုံကြည်ရသည့် တစ်ဦးတည်းသောလူပင်။

ပိုင်ဆုချင်အား လိုက်လံ ဖမ်းဆီးရန်အတွက် သူသည် ကျင်းချန်ကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။

သူ၏နံဘေးရှိ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က အလျင်အမြန် ပြောဆိုသည်။

“လက်ထောက် ခန်းမသခင်ဆီကနေ ဘာသတင်းမှ မရသေးပါဘူး...ကျွန်တော်တို့က သူလျှိုတချို့ကို အခြေအနေကို စစ်ဆေးဖို့အတွက် စေလွှတ်ပြီးပြီ…မကြာခင်မှာပဲ သတင်းရလာလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်"

အေးစက်စက်လအလင်းရောင်သည် ပြတင်းပေါက်ကို ဖြတ်သန်း၍ ခန်းမအတွင်းသို့ ဖြာကျနေသည်။

လက်ရှိနေရာတွင် ရှိနေသူတိုင်းသည် သူတို့၏ စိတ်နှလုံးသားများအတွင်း၌ လေးလံသော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားမိလေ၏။

သူတို့၏စိတ်များ တည်ငြိမ်အေးချမ်းခြင်း မရှိတော့ချေ။

ကျင့်ကြံသူတစ်ယောက်သည် လောကီ အင်မော်တယ်နယ်ပယ်နှင့်အထက်အဆင့်သို့ ကျင့်ကြံပြီးချိန်၌ ကံကြမ္မာကောင်းနှင့်ကံကြမ္မာဆိုးတို့အပေါ် အာရုံခံနိုင်စွမ်း ရှိသည်။

သူတို့သည် အမှောင်ထုအတွင်း၌ တစ်စုံတစ်ရာ ဖြစ်ပွားလာတော့မည်ကို အာရုံခံမိသဖြင့် ဘေးအန္တရာယ်ကို ရှောင်ရှားလိုကြသည်။

သို့ရာတွင် လက်ရှိနေရာတွင် ရှိနေသောလူများအနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ မည်ကဲ့သို့ အန္တရာယ်မျိုးဖြစ်မည်ကို ကြိုတင် ခန့်မှန်း နိုင်ခြင်းမရှိချေ။

“ခုသွားကြ...အဲ့ဒီမိန်းမကို ထုတ်လာခဲ့ကြစမ်း…”

ကျင်းခွမ်က ရုတ်တရက် ပြောဆိုသည်။

အစည်းအဝေးခန်းမ၏ တံခါးသည် တွန်းဖွင့်ခြင်း ခံလိုက်ရကာ ဆံပင်ဖရိုဖရဲနှင့် မိန်းကလေး တစ်ယောက်ကို ဆိုးရွားသောအနေအထားဖြင့် အတွင်းသို့ တွန်းပို့ခြင်း ခံလိုက်ရသည်။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေကာ နေရာအနှံ့အပြား၌ ကြာပွတ်ရာများ ရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ် ကြည့်ရှုပါက သူမခြေထောက်မှ ခြေချောင်းလေးများသည် ရက်စက်ကြမ်းကြုတ်စွာဖြတ်တောက်ခြင်း ခံရကာ သွေးစို့ရာဒဏ်ရာများ ကျန်ရှိနေသည်ကို မြင်တွေ့ရပေမည်။

Chapter 3677

ထိုမိန်းကလေး လှမ်းလိုက်သည့် ခြေတစ်လှမ်း၌ မြေပြင်ပေါ်တွင် သွေးရောင်အမှတ်အသားတစ်ခု ထင်ကျန်ရစ်ခဲ့ကာ အလွန်အမင်း တုန်လှုပ် ခြောက်ခြားဖွယ်ကောင်းသော မြင်ကွင်းပင်။

“ငါတကယ်ကို မသိဘူး…ငါ တစ်ကယ်ကို မသိဘူး…ဘာမှမသိဘူး…”

ထိုမိန်းကလေးသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အလွန်ဆိုးရွားသော အနေအထားဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။သူမသည် ကျယ်လောင်စွာ အော်ဟစ်ကာ ခွင့်လွှတ်ရန်အတွက် တောင်းပန်နေလေ၏။

“ဂရုတစိုက် စဉ်းစားစမ်း…ရှုချင်က အဲဒီကျမ်းစာ ဘယ်နေရာမှာရှိတယ်ဆိုတာ မင်းကို မပြောခဲ့ဘူးလား…”

ကျင်းခွမ်က အလေးနက်ထားသောလေသံဖြင့် မေးမြန်းသည်။

မိန်းကလေးသည် ထိုအသံကိုကြားချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူမ၏ခေါင်းကို ​ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

သူမ၏ မျက်လုံးအတွင်း၌ မည်သည့်အရာမျှ မကျန်ရှိတော့ပဲ မျက်တွင်းဟောက်ပက်သာ ကျန်ခဲ့တော့သည်။

သူမသည် ထပ်မံ၍ ရှင်းရှင်းလင်းလင်းမမြင်နိုင်ရသော်လည်း သူမ၏နားများမှ ရှင်းလင်းစွာကြားနေရဆဲပင်။

သူမသည် ထိုအသံကိုကြားချိန်တွင် ရုတ်တရက် စူးရှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ခန်းမသခင် ရှင် ကျွန်မကို ကတိပေးထားတယ်လေ…ကျွန်မ ရှင့်ကို ကျွန်မသိသမျှ အရာရာတိုင်း ပြောပြီးပြီလေ…”

ထိုမိန်းကလေးသည် အကြိမ်ရေအနည်းငယ်ခန့် အော်ဟစ်ပြီးနောက် ရုတ်တရက် အားပျော့သော ငိုရှိုက်သံထံက်ပေါ်လာကာ သူမသည် ရူးသွပ်သွားသည့်အလားပင်။

နံဘေးဘက်ရှိ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်သည် သူမကို လျစ်လျူရှုထားကာ ပြောဆိုသည်။

“ခန်းမသခင် ကျွန်တော်တို့က နည်းလမ်း မျိုးစုံကို အသုံးပြုပြီး စစ်ဆေးပြီးပါပြီ…သူတကယ်ကို ဘာမှ မသိဘူး”

မည်သူကမျှ ဤမိန်းကလေးအပေါ် စာနာသနားစိတ် မရှိကြချေ။

ဤသည်မှာ ရူးသွပ်မိုက်မဲပြီး ရက်စက်ကြမ်းကြုတ်သော မိန်းမတစ်ယောက်ပင်။

သူမသည် မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်း၏ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်သည်။

သို့ရာတွင် သူမသည် သွေးနက်ခန်းမနှင့် ပူးပေါင်း၍ သူလျှိုအဖြစ် ဆောင်ရွက်ကာ နက်နဲသိမ်မွေ့ကံကြမ္မာတာအိုကျမ်းစာ မည်သည့်နေရာတွင်ရှိသည်ကို တိတ်တဆိတ် စုံစမ်းခဲ့သည်။

ဤပြိုင်ဘက်ကင်းကျမ်းစာကို ဖုံးကွယ်နိုင်ရန်အလို့ငှာ ရှုချင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုကျမ်းစာ သိုလှောင်ထားသည်ဟူသော နေရာများကို အတုပြုလုပ်ခဲ့သည်။

ဤသည်မှာ လှည့်ကွက်ငယ်လေးသာ ဖြစ်သော်လည်း ထိုမိန်းကလေးသည် ထောင်ချောက်အတွင်းသို့ ကျဆင်းသွားခဲ့သည်။

သူမသည် စိတ်အားတက်ကြွစွာဖြင့် ကျမ်းစာ မည်သည့်နေရာ၌ရှိသည်ကို သွေးနက်ခန်းမကို ပြောဆိုခဲ့သည်။

သူမသည် ချမ်းသာကြွယ်ဝစွာပြီးဂုဏ်သိက္ခာမြင့်မားစွာဖြင့် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပြီဟု တွေးတောခဲ့သည်။

သို့ရာတွင် ရလဒ်သည် ဤကဲ့သို့ အလွန်ဆိုးရွားစွာ ထွက်ပေါ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

သွေးနက်ခန်းမသည် လုံးလုံးလျားလျားဖောက်လွဲဖောက်ပြန်ဖြစ်နေသော ကျမ်းစာကိုသာ ရရှိခဲ့လေ၏။

အကယ်၍ ထိုကျမ်းစာများကို သူတို့လေ့ကျင့်ပါက သူတို့သည် စိတ်ပိုင်းဆိုင်ရာသွေဖည်မှုအတွင်းသို့ ကျရောက်ကာ သူတို့ ရူးသွပ်သွားပေမည်။

“သူ့ကို အဝေးကို ဆွဲထုတ်သွားကြစမ်း…”

ကျင်းခွမ်သည် သူ၏လက်ကို ဝှေ့ရမ်းကာ သူ၏မျက်နှာပေါ်တွင် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။

လုပ်ကြံ သတ်ဖြတ်သူများအတွက် အကျိုးအမြတ်သည်သာ အရာအားလုံး၏ အထက်တွင် ရှိသည်။

ယခုအချိန်၌ ဤမိန်းကလေးသည် ထပ်မံ၍ အသုံးပြုရန် တန်ဖိုးမရှိတော့သဖြင့် သူ သူမကို စွန့်ပစ်လိုက်လေပြီ။

ထိုမိန်းကလေးသည် အဝေးသို့ ဆွဲထုတ်သွားခြင်းခံရကာ မကြာမီမှာပင် တံခါး၏ပြင်ပမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာသည်။

လက်ရှိနေရာတွင်ရှိနေသော ဂိုဏ်းချုပ်များအားလုံး၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်။

ဤသည်မှာ သူတို့၏ရှေ့၌ပင် ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်သော သစ္စာမဲ့သည့် လုပ်ရပ်တစ်ခုပင်။

သို့ရာတွင် သူတို့ ထုတ်ဖော် ပြောဆိုဝံ့ခြင်း မရှိချေ။

သူတို့သည် ဤကဲ့သို့ သနားဖွယ်ကောင်းသော အမျိုးသမီး ကျင့်ကြံသူတစ်ယောက်မဟုတ်လဲ ဂိုဏ်းများမှဂိုဏ်းချုပ်များ ဖြစ်သည်။

သူတို့သည် ကျင်းခွမ် သူ၏စကားကို ပြန်ရုတ်သိမ်းမည်ကိုသာ စိုးရိမ်ထိတ်လန့်နေကြသည်။

“ကြည့်ရတာတော့ ငါတို့က လက်ထောက်ခန်းမသခင် ကျင်းချန် ပြန်လာမှာကို စောင့်နေရုံပဲ ရှိတော့တယ်…"

“သွေးးနက်ခန်းမကနေ အင်အားတွေ အများကြီးကို စေလွှတ်လိုက်တာ သူတို့က လက်ဗလာနှင့် ပြန်လာမှာမဟုတ်တာ သေခြာတယ်…”

ဂိုဏ်းချုပ်တစ်ယောက်ကနေ ပြောဆိုသည်။

အစည်းအဝေးခန်းမအတွင်း၌ အလျင်အမြန် တိတ်ဆိတ် ငြိမ်သက်သွားသည်။

ထိုအချိန်မှာပင် အဖြူရောင်တိမ်တိုက်တစ်ခုသည် သွေးနက်ခန်းမတည်ရှိသောနေရာသို့ အမှောင်ထုအတွင်းမှ ချဉ်းကပ်လာသည်။

ဤနေရာသည် လက်ဝဲစစ်တပ် နယ်မြေအတွင်းရှိ ကြယ်နယ်မြေ အမြောက်အများနှင့် တူညီသည်။ဤကြယ်နယ်မြေပေါ်တွင် ဂိုဏ်းအမြောက်အများရှိပြီး အချင်းချင်းဆန့်ကျင် တိုက်ခိုက်နေကြလေ၏။

မိုးကောင်းကင် အထွတ်အထိပ် တာအိုဘုရားကျောင်းသည် အတော်အသင့် ကြီးမားသော ဂိုဏ်းတစ်ခုဟု ဆိုနိုင်သော်လည်း ဖျက်ဆီးခံရ ပြီးနောက် ရေအိုင်အတွင်းသို့ ကျဆင်းသွားသော ကျောက်စရစ်ခဲတစ်ခဲအလားပင်။

ဤသည်မှာ အနည်းငယ် လှိုင်းဂယက် ထသွားရုံမှအပ များစွာသောလှုပ်ခတ်မှုများ မရှိချေ။

ဤအချိန် အခိုက်အတန့်တွင် လုယွီနှင့်လန်ဝူရှင်းတို့သည် သွေးနက်ခန်းမခံတပ်၏ပြင်ပ၌ မတ်တပ်ရပ်နေကြသည်။

“အရှင့်ကို သတင်းပို့ပါတယ်…သွေးနက်ခန်းမ အပြင် မိုးကောင်းကင်ဘုံအထွတ်အထိပ် တာအိုဘုရားကျောင်းကို တိုက်ခိုက်တဲ့နေရာမှာ ဂိုဏ်း ခုနှစ်ဂိုဏ်း ပါဝင်ပါတ်သက်ခဲ့တယ်…”

“အဲဒီလူတွေ အားလုံးက ယခုအချိန်မှာ သွေးနက်ခန်းမရဲ့ အစည်းအဝေးခန်းမထဲမှာ စုဝေးနေကြတယ်…”

ဖေးထန်ကွမ်း၏ လုပ်ငန်းစွမ်းဆောင်နိုင်မှုသည် အလွန်အမင်း မြန်ဆန်ပေ၏။

လုယွီသည် ဖေးထျန်ကွမ်းထံသို့ သတင်းစကား ပေးပို့ပြီးနောက် သတင်းထောက်လှမ်းရေးအဖွဲ့တစ်ခုလုံး လုယွီထံသို့ သတင်းများ အဆက်မပြတ် ပေးပို့ကြသည်။

မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက် ပိုင်ဆုချင်သည် အသက်ရှင်ကျန်ရစ်သော တပည့်တချို့ကိုခေါ်ဆောင်ကာ အလွန် ဆိုးရွားသောအနေအထားဖြင့် ထွက်ပြေးသွားခဲ့သည်။

ထိုပြင် မိုးကောင်းကင်အထွတ်အထိပ် တာအိုဘုရားကျောင်းကို ဦးဆောင်၍ တိုက်ခိုက်ခဲ့သူမှာ သူ၏ရှေ့ရှိ သွေးနက်ခန်းမပင်။

All Chapters