အခန်း (၃၆၈၂-၃၆၈၅)
Vol. 187 Ch. 3682-3685
Chapter 3682
ပိုင်ဆုချင်၏ရှေ့ရှိအရာရာတိုင်း အလွန်ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားသွားသည်။
သူမ မူလကရှိနေခဲ့သော ပင်မခန်းမသည် ပျောက်ကွယ်ကာ သူမရှေ့ရှိမြင်ကွင်းသည် အစိမ်းရောင်တောအုပ်တစ်ခုအဖြစ် ပြောင်းလဲသွားပေ၏။
ဤအစိမ်းရောင်တောအုပ်၏အလယ်တွင် ပုန်းကွယ်နေသောရွာလေးတစ်ရွာရှိကာ အစိမ်းရောင်အုတ်များ အုတ်ကြွပ်ပြားများဖြင့် တည်ဆောက်ထားသော အိမ်များရှိပြီး ရှုမျှော်ခင်းသည် အလွန်အေးချမ်းသာယာသည်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်တွင် ပိုင်ဆုချင်သည် သူမ ယခင်က တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသော ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိလေ၏။
ဤသည်မှာ သူမငယ်ရွယ်စဉ်အချိန်က နေထိုင်ခဲ့သော နေရာပင်။
ပိုင်ဆုချင်၏ ဖခင်သည် သူမအလွန်ငယ်ရွယ်စဉ်အချိန်ကတည်းက အိမ်မှ ထွက်ခွာသွားခဲ့သည်။ပိုင်ဆုချင်အား သူမ၏မိခင်မှ ကျွေးမွေး စောင့်ရှောက်လာခဲ့ခြင်း ဖြစ်သည်။
သူမတို့သည် အလွန်အမင်း သာမန်ဆန်သော ရွာငယ်လေးတစ်ခု၌ နေထိုင်ခဲ့သည်။
ထိုနေရာတွင် မည်သည့်ကျင့်ကြံသူမျှမရှိပဲ သူမသည် သေမျိုးအုပ်စုအကြားတွင်သာ ကြီးပြင်း လာခဲ့ရလေ၏။
ဤအချိန် တခဏတွင် ပိုင်ဆုချင်သည် အနည်းငယ် ကြက်သေသေနေခဲ့သည်။
မည်သည်ကြောင့် သူမ ဤနေရာ၌ ထွက်ပေါ်လာရသည်ကို သူမ မသိရှိချေ။
ဤနေရာရှိ အရာအားလုံးကို ယခင်က သူမ မေ့လျော့နေခဲ့ပုံရသည်။
ပင်ကိုယ်အသိစိတ်ကိုအမှီပြု၍ ပိုင်ဆုချင်သည် သူမ၏အိမ်ကို ရှာဖွေလိုက်၏။
သူမ အိမ်တံခါးနှင့် နီးကပ်သွားချိန်တွင် ကြက်သွန်နီစိမ်းဆီပူအတွင်းသို့ ကျသွားသော ခပ်ဖျော့ဖျော့မွှေးရနံ့က သူမ၏ မျက်နှာသို့ တိုးဝင်လာသည်။
ဤရနံ့သည် နွေးထွေးပြီး သူမနှင့်အလွန်ရင်းနှီးကျွမ်းဝင်သည်။
“သမီး ပြန်လာပြီလား...မြန်မြန်လာပြီးတော့ စားဖို့ ပြင်ဆင်တော့…”
ပိုင်ဆုချင်၏ မိခင်သည် မီးဖိုတစ်ခု၏ရှေ့၌ မတ်တပ်ရပ်နေကာ သူမ၏ အင်္ကျီလက်များတွင် အဖြူရောင် ဂျုံမှုန့်များ စွန်းထင်းနေသည်။
ထို့အပြင် ဒယ်အိုးအတွင်းရှိ ကြက်သွန်နီပန်ကိတ်မှလည်း ဆွဲဆောင်မှုရှိသောမွှေးရနံ့များ ထွက်ပေါ်နေသည်။
ခြံဝန်းအတွင်းရှိ အပြင်အဆင်သည် အလွန်အမင်း ရိုးရှင်းပေ၏။ကြိတ်ခွဲစက်တစ်ခုက ခြံဝန်းအတွင်း၌ ရှိနေကာ မြင်းအိုကြီးတစ်ကောင်သည် ထိုကြိတ်ခွဲစက်ကိုမှီ၍ စိမ်ပြေနပြေ လှဲလျောင်းနေသည်။
ပိုင်ဆုချင်သည် ကြောင်စီစီဖြင့် ထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။
ထိုနောက် သူမ၏ မိခင်လက်အတွင်းမှ ပုဂံကိုယူကာ စားသောက်ရန်အတွက် ကြက်သွန်နီပန်ကိတ်ကို ကောက်ယူလိုက်၏။
အရာအားလုံးသည် ရင်းနှီးကျွမ်းဝင်သော အရသာပင်။ပိုင်ဆုချင်သည် ရုတ်တရက် သူမ၏ စိတ်နှလုံးသားအတွင်းမှ ဝမ်းနည်းကြေကွဲလာမှုကို ခံစားရလေသည်။
သို့ရာတွင် ဤဝမ်းနည်းကြေကွဲမှုသည် မည်သည့်နေရာမှလာသည်ကို သူမ မသိရှိချေ။
သူမသည် ယခင်က ဖြစ်ပျက်ခဲ့သောကိစ္စများကို မေ့လျော့နေလေပြီ။
သူမသည် ဤရွာ၌ နေထိုင်ခဲ့ဖူးကြောင်းကိုသာ အမှတ်ရလေ၏။
"နေ့လည်ခင်းကျရင် မင်းနဲ့အမေတို့ အမွှေးတိုင်ပူဇော်ဖို့ ဘုရားကျောင်းကို သွားရမယ်... မမေ့နဲ့နော်"
သူမ၏မိခင်သည် ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုကာ သူမ၏ မျက်လုံးထောင့်များ တွန့် ကွေးသွားသည်။
ပိုင်ဆုချင်က သဘောတူညီလိုက်၏။သူမသည် မည်သည်ကြောင့် ဘုရားကျောင်းကိုသွားလိုကြောင်း သူမ မသိရှိသော်လည်း သူမ၏ မှတ်ဉာဏ်အတွင်း၌ သူမ၏မိခင်သည် ဘုရားကျောင်းသို့သွားကာ အမွှေးတိုင် အစဉ်အမြဲ ပူဇော်လေ့ရှိသည်။
နေ့လည်စာစားပြီးနောက် ပိုင်ဆုချင်သည် သူမ၏ မိခင်နောက်ကိုလိုက်ကာ တောင်ကြားလမ်းတစ်လျောက် ဖြတ်သန်း၍ ဘုရားကျောင်းထံသို့ သွားလိုက်၏။
လမ်းတလျောက်လုံး၌ ပိုင်ဆုချင်သည် အလွန်ရင်းနှီးကျွမ်းဝင်သော ပုံရိပ်များကို တွေ့မြင်မိလေ၏။
သူတို့သည် ရွာအတွင်းမှ ရွာသားများပင်။ထိုလူများအကြားတွင် လူအိုကြီးများ လူငယ်များနှင့် ကလေးများ ပါဝင်သည်။
သူတို့သည် အလုပ် လုပ်ကိုင်ခြင်း မရှိချေ။ထိုအစား သူတို့သည် ဗုဒ္ဓအပေါ် သစ္စာရှိသော ယုံကြည်ကိုးကွယ်သူများပင်။
သူတို့သည် တောင်ကြားလမ်းတလျောက် ခြေလှမ်းပြီးတစ်လှမ်း လှမ်းလျောက်ကာ မနီးမဝေးအကွာရှိ ဘုရားကျောင်းထံသို့ သွားနေကြသည်။
ပိုင်ဆုချင်သည် သူမ၏ မိခင်နောက်မှ လိုက်လာပြီးနောက် သူမရှေ့ရှိ မြင်ကွင်းသည် အလွန်ထူးဆန်းသည်ဟု ခံစားမိလေ၏။
သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူမ မိခင်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
ထိုအချိန်မှသာ သူမသည် လုံခြုံစိတ်ချရသော ခံစားချက်မျိုးကို ရရှိသည်။
ဘုရားကျောင်းမှတံခါးများကို ဖွင့်ထားလေ၏။ကြေးနီတံခါးနှစ်ချပ်သည် ချောက်နက်ကြီးများအလား ဖွင့်ထားကာ ယုံကြည်ကိုးကွယ်သူများ ဝင်ရောက်နိုင်ရန်အတွက် စောင့်ဆိုင်းနေသည်။
“အထဲကို ဝင်ကြစို့…”
သူမမိခင်၏ မျက်နှာပေါ်တွင် ဘာသာတရားကိုင်းရှိုင်းသော အပြုံးမျိုး ရှိနေသည်။
သူမသည် ပိုင်ဆုချင်၏ လက်ကိုဆွဲကိုင်ကာ သူမကို ဘုရားကျောင်းအတွင်းသို့ ခေါ်ဆောင် သွားလိုခဲ့သည်။
ပိုင်ဆုချင်သည် ဘုရားကျောင်းအတွင်း၌ မည်သည့်အရာများ ရှိနေသည်ကို မြင်တွေ့ပြီးလေပြီ။
ထိုနေရာတွင် သနားကြင်နာတတ်ပုံရပြီး ဂရုဏာတရားနှင့် ပြည့်စုံသောဗုဒ္ဓရုပ်ပွားတော်များ ရှိနေသည်။
သို့ရာတွင် ထိုဗုဒ္ဓရုပ်ပွားတော်များသည် ပိုင်ဆုချင်၏ စိုးရိမ်ပူပန်နေသော နှလုံးသားကို ငြိမ်းချမ်းအောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။
သူမသည် ပတ်ဝန်းကျင်ကို ဝှေ့ဝိုက်ကြည့်ပြီးနောက် သူမရှေ့ရှိ အရာရာတိုင်းသည် အိမ်မက်တစ်ခုဖြစ်ကာ ထင်ယောင်ထင်မှားကိစ္စများနှင့် ပြည့်နှက်နေသည်ဟု ခံစားမိသည်။
“မဟုတ်ဘူး…ဒါက အစစ်အမှန် မဟုတ်ဘူး…”
ပိုင်ဆုချင်သည် သူမ၏ မိခင်ကိုကြည့်ကာနောက်ပြန်ဆုတ်လိုက်ပြီး သူမ၏ စိတ်နှလုံးသားအတွင်း၌ ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။
သူမသည် ရုတ်တရက် အမှတ်ရ သွားမိလေ၏။ထိုနှစ်က လောင်ခဲ့သောမီးကြောင့် ရွာတစ်ရွာလုံး လောင်ကျွမ်းခဲ့ရသည်။
သူမ၏မိခင်သည် သေဆုံးသွားကာ သူမသည်လည်း အဝေးသို့ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။
သူမ တစ်ကြိမ်တစ်ခါမျှ ထိုရွာသို့ ပြန်သွားခဲ့ခြင်း မရှိတော့ချေ။
ဤသည်မှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်ကာ သူမစိတ်နှလုံးသား အတွင်းရှိ အားအနည်းဆုံး အစိတ်အပိုင်းတစ်ခုကို ထင်ဟပ်စေခဲ့သည်။
Chapter 3683
“အမေ့ဆီလာခဲ့လေ မြန်မြန်လေး…”
ပိုင်ဆုချင် နောက်သို့ ဆုတ်ခွာသွားသည်ကို မြင်တွေ့ချိန်တွင် သူမရှေ့ရှိမိခင်၏ မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
သူမ၏မျက်ခုံးများ မြင့်တက်သွားကာ ဒေါသထွက်နေသော အမူအရာမျိုး ထင်ဟပ်လာပေ၏။
တခြား ရွာသားများသည်လည်း ပိုင်ဆုချင်ထံသို့ ပြေးလာကြသည်။
သူတို့၏ မျက်နှာများပေါ်တွင် ရူးသွပ်စွဲလမ်းသော အပြုံးများရှိနေသည်။
သူတို့အားလုံးသည် ပိုင်ဆုချင် မှတ်မိခဲ့သောရွာသူရွာသားများ၏ ရိုးသားဖြူစင်မှုမျိုး လုံးလုံးလျားလျား ပျောက်ကွယ်နေလေပြီ။
“ဗုဒ္ဓရဲ့အလင်းတန်း တောက်ပမှုအောက်မှာ ထာဝရ ချမ်းသာသုခကို ရရှိမယ်…လောကကြီးထဲကို ဗုဒ္ဓဆင်းသက်လာတဲ့အချိန်မှာ သူက သက်ရှိတွေအားလုံးကို ကယ်တင်နိုင်တယ်…ဒုက္ခတွေအားလုံးကနေ လွတ်မြောက်စေနိုင်တယ်…ငါ့ရဲ့ဗုဒ္ဓကို ကိုးကွယ်ပါ ငါ့ရဲ့ ဗုဒ္ဓ တရားတော်တွေကို ကိုးကွယ်ပါ…”
ယောကျ်ား မိန်းမ အသက်ကြီးငယ်မရွေး သူတို့အားလုံးသည် ဤအချိန်အခိုက်အတန့်တွင် ထူးဆန်းသော အသံများကို အော်ဟစ်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သူမထံသို့ ပြေးဝင်လာကြသည်။
သူတို့သည် နတ်ဆိုးများအလား သူတို့၏ လက်များကို ဆန့်တန်းကာ ပိုင်ဆုချင်ကို ဆုပ်ကိုင်၍ ဘုရားကျောင်းအတွင်းသို့ ဆွဲခေါ်လိုကြသည်။
သူတို့ရှေ့ရှိ ဘုရားကျောင်းအတွင်းမှ မြောက်များစွာသော ဗုဒ္ဓရုပ်ပွားတော်များမှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများကလည်း တစ်သံပြီးတစ်သံထွက်ပေါ်လာကာ အလွန်အမင်း ကျယ်လောင်လှပေ၏။
“ငါ့ကို လွှတ်စမ်း…”
ပိုင်ဆုချင်သည် အားကုန်ရုန်းကန်နေသော်လည်း သူမရှေ့ရှိလူများသည် ရူးသွပ်မှုအတွင်းသို့ လုံးလုံးလျားလျား ကျရောက်နေပုံရသည်။
ပိုင်ဆုချင်၏ အော်သံကို သူတို့သည် ဂရုမစိုက်ကြချေ။
သို့ရာတွင် သူမသည် တစ်ယောက်တည်းသာ ဖြစ်သဖြင့် သူမ၏ခွန်အားသည် သူတို့အား ယှဉ်ပြိုင်နိုင်ရန် လွန်စွာအလှမ်းကွာဟသည်။
ဤပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူမ၏ မှော်မန္တာန်များနှင့် နည်းစနစ်များအားလုံး မည်သည့်အရာမျှမရှိသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။
သူမ၏ စိတ်ဆန္ဒအကြွင်းအကျန်တစ်ခုကိုသာ တောင့်ခံထားနိုင်ခဲ့သည်။
မှတ်ဉာဏ်များက ဆက်တိုက်ဆိုသလို သူမ၏စိတ်အတွင်းသို့ တိုးဝင်လာကာ ပိုင်ဆုချင်သည် နောက်ဆုံး၌ ဤအိမ်မက်အတွင်းမှ နိုးထလာခဲ့သည်။
သူမသည် ပင်မခန်းမအတွင်း၌ အိပ်မောကျသွားခဲ့သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။
သို့ရာတွင် နောက်ထပ် အချိန်တခဏအတွင်း၌ သူမသည် သူမရှေ့ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ဤဘုန်းတော်ကြီးများထံတွင် မရိုးဖြောင့်သော လှုပ်ရှားမှုများ ရှိနေလေ၏။
သူမ နိုးထလာသည့်တိုင် သူမရှေ့ရှိ ပုံရိပ်ယောင်ကမ္ဘာသည် ပျောက်ကွယ်သွားခြင်း မရှိချေ။ရူးသွပ်နေသော ရွာသားများသည် သူတို့၏လက်များကို ဆက်လက်၍ ဆန့်တန်းကာ ပိုင်ဆုချင်ကို ဘုရားကျောင်းအတွင်းသို့ ဆွဲသွင်းရန် ကြိုးစားနေကြသည်။
"သမီး...အမေက မင်းကို ထိခိုက်နာကျင်အောင် လုပ်မှမဟုတ်ဘူး ငါနဲ့အတူ မြန်မြန်လိုက်ပြီးတော့ အထဲကို ဝင်ကြရအောင်..."
သူမရှေ့ရှိ အမျိုးသမီးသည် ရုတ်တရက် ပို၍ ရူးသွပ်သွားပုံရသည်။
သူမ၏သေးသွယ်သော လက်မောင်းတွင် မည်သည့်နေရာမှ စွမ်းအားများရရှိလာမှန်းမသိရဘဲ ပိုင်ဆုချင်ကို ဘုရားကျောင်းအတွင်းသို့ ဆွဲခေါ်လိုက်သည်။
ပိုင်ဆုချင်သည် သူမ၏မျက်လုံးကို စုံမှိတ်ကာ သူမမိခင်၏ မျက်နှာကို မမြင်တွေ့ရစေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
ဤသည်မှာ အတုအယောင်ဖြစ်ကြောင်း သူမ သိရှိထားသည်။
သို့ရာတွင် သူမ၏ မိခင်နှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တွင် သူမ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှနေ၍ ကူကယ်ရာမဲ့စွာ တုန်ရီလာခဲ့သည်။
"စကားလုံး ရှစ်လုံး မှော်မန္တာန်...နတ်ဆိုး ဖိနှိပ်ခြင်း အဆောင်လက်ဖွဲ့ ..."
မှော်မန္တာန်များက သူမ၏စိတ်အတွင်း၌ မီးအိမ်တစ်ခုအလား တောက်ပလာခဲ့သည်။
ပိုင်ဆုချင်သည် ထိုမှော်မန္တာန်များကို ရွတ်ဆိုရန် စတင်၍ ကြိုးစားလိုက်သော်လည်း သူမသည် မည်သည့်တုန့်ပြန်မှုကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိချေ။
ဤပုံရိပ်ယောင် ကမ္ဘာအတွင်း၌ သူမသည် မည်သည့်အရာကိုမှ မသိရှိပဲ သတ်ဖြတ်ခံရရန် ဆောင့်ဆိုင်းနေရသော ကလေးတစ်ယောက်နှင့် တူညီနေသည်။
အကြောင်းအရင်းတချို့ကြောင့် နက်နဲသိမ်မွေ့ ကံကြမ္မာကျမ်းစာအတွင်းမှ စာလုံးများသည် ပိုင်ဆုချင်၏ စိတ်အတွင်း၌ ရုတ်တရက် ဖျတ်ကနဲ ထွက်ပေါ်လာသည်။
"ကံကြမ္မာကို ခန့်မှန်းလို့မရဘူး...အရာ အားလုံးက အပြောင်းအလဲ မြန်တယ်...ချောင်ပိတ်ထားခြင်းက အသုံးမဝင်ဘူး...စိတ်အခြေနေကို ချိုးဖြတ်နိုင်ခြင်း တစ်ခုကသာ ကောင်းကင်ဘုံကို ဝင်ရောက်နိုင်မယ့် လျှို့ဝှက်ချက်ပဲ..."
ဤသည်မှာ ယခင်က သူမ နားလည်သဘောပေါက်ခဲ့ခြင်းမရှိသော ကျမ်းစာ တစ်ပိုဒ်ပင်။
သူမသည် ဤကျမ်းစာပိုဒ်ကို ထပ်ခါတလဲလဲ ရွတ်ဆိုခဲ့သော်လည်း မည်သည့် အဓိပ္ပာယ်ရှိမှန်း နားမလည်ခဲ့ချေ။
သို့ရာတွင် သူမ၏ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် ထိုကျမ်းစာပိုဒ်သည် သူမ၏စိတ်အတွင်း၌ ဖျတ်ကနဲ ထွက်ပေါ်လာခဲ့သည်။
မသိစိတ်မှနေ၍ သူမ၏ ကံကြမ္မာလမ်းကြောင်းများ တိတ်တဆိတ် ရွေ့လျားသွားပေ၏။
ဤသည်မှာ သူမအတွက် အစစ်အမှန် သေရေးရှင်ရေး အခြေအနေပင်။
သို့ရာတွင် ပိုင်ဆုချင်သည် သူမ၏အသက် ရှင်သန်နိုင်ရန် အခွင့်အရေးမရှိတော့ပဲ သေဆုံးရတော့မည့်အချိန်နှင့် ကြုံတွေ့ရချိန်တွင် ရုတ်တရက် အသက်စွမ်းအား အရိပ်အယောင်တချို့ကို ခံစားမိလေ၏။
ဤပြောင်းလဲမှုသည် လိပ်ပြာတစ်ကောင် သူ၏တောင်ပံကို ခတ်လိုက်သည့် အလားပင်။
ဤအရာသည် မသိသာ မထင်ရှားပုံရသော်လည်း ကြယ်နယ်မြေတစ်ခုလုံးပေါ်ရှိ သက်ရှိများ၏ ကံကြမ္မာများကို ပြောင်းပြန် လှန်နိုင်ခဲ့သည်။
ကံကြမ္မာ၏ဖရိုဖရဲလမ်းကြောင်းများသည် ကောင်းကင်ဘုံနယ်မြေရှိ အရာရာတိုင်းနှင့်ချိတ်ဆက်နေလေ၏။
ကျင့်ကြံဆင့်နယ်ပယ် မည်မျှပင် အစွမ်းထက်နေသည်ဖြစ်စေ အကယ်၍ တစ်စုံတစ်ယောက်သည် ကံကြမ္မာတာအိုကို နားမလည်ပါက ကံကြမ္မာပြောင်းလဲမှု့များ၌ သက်ပြင်းချနေရုံသာ တတ်နိုင်ပြီး မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို သိမည်မဟုတ်ချေ။
သို့ရာတွင် ယခုအချိန်၌ ဤကံကြမ္မာလမ်းကြောင်း ပြောင်းလဲမှုများကို အဝေးရှိ လူတစ်ယောက်မှ တွေ့မြင်သွားလေ၏။
ကံကြမ္မာလမ်းကြောင်းများက မိုးကောင်းကင်ယံကို ဖြတ်သန်း၍ ပျံ့နှံ့သွားသည်။
ထို့နောက် အကန့်အသတ်မရှိသော ကံကြမ္မာလမ်းကြောင်းများ၏ အမှောင်ထုကြီးက လွှမ်းခြုံလာကာ ဤပြောင်းလဲမှု အရိပ်အယောင်များသည် လုယွီ၏ စိတ်အာရုံကို ချက်ခြင်း ဆွဲဆောင်သွားနိုင်လေ၏။
Chapter 3684
လုယွီ၏ စိတ်နှလုံးသား တုန်ရီသွားသည်။
သူသည် ချက်ခြင်းဆိုသလိုပင် နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ထိုကံကြမ္မာလမ်းကြောင်း၏ နောက်သို့လိုက်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူ၏ အသက်စွမ်းအားများ အရူးအမူး လောင်ကျွမ်းနေသော်လည်း လုယွီသည် ထိုကိစ္စကို အာရုံမခံမိသည့်အလား ပြုမူနေသည်။
သူသည် ချက်ခြင်းဆိုသလိုပင် ကံကြမ္မာတာအိုစွမ်းအားကို လှည့်ပတ်လိုက်၏။
ရေနှင့်မိုးကြိုးများ ထိပ်ဆုံးမှအောက်ခြေအထိ တုန်ခါနေသော ကံကြမ္မာဟောကိန်းမျိုး ထွက်လာနေခြင်းမှာ အလွန်ကြီးမားသော ဘေးအန္တရာယ်ကို ပြသနေခြင်းပင်။
ကံကြမ္မာလမ်းကြောင်း၏ နိမိတ်ပြမှုများအရ ဤသည်မှာ တစ်စုံတစ်ယောက်၏ အသက်အန္တရာယ် တွေ့နေရသောသင်္ကေတပင်။
ပိုင်ဆုချင်သည် ကြီးမားသော အန္တရာယ်နှင့် ကြုံတွေနေရလေပြီ။
သူမထံတွင် အသက်ဆယ်ချောင်း ရှိနေလျှင်ပင် သေဆုံးသွားရနိုင်သည်။
လုယွီ၏ စိတ်နှလုံးသားသည် စိုးရိမ်ပူပန်မှု့များဖြင့် လောင်ကျွမ်းနေသည်။သူသည် သူ့စိတ်ဝိဉာဉ်၏ စွမ်းအားများအားလုံးကို အသုံးပြုကာ ပိုင်ဆုချင်ကို ခြေရာခံလိုက်၏။
အကယ်၍ သူသည် တာအိုသခင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူ ဆက်ဖြစ်နေပါက အတွေးတချက်သာ လိုအပ်သည်။မိုင်ထောင်နှင့်ချီ ဝေးကွာသော နေရာအထိ သူစုံစမ်းနိုင်စွမ်းရှိသည်။
ကံဆိုးစွာဖြင့် သူသည် ယခုအချိန်၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်၌သာ ရှိသည်။
သူသည် အစောပိုင်းတွင် ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်ခဲ့သည့်တိုင် ဤသည်မှာ လုံလောက်ရန်အတွက် အလှမ်းကွာဟနေဆဲပင်။
ဤသည်မှာ ကလေးတစ်ယောက်သည် မည်မျှပင် သန်မာအားကောင်းနေပါစေ ပြိုင်ဘက်ကင်းရတနာတစ်ခုကို အပြည့်အဝ အသုံးမချနိုင်သည်နှင့် တူညီသည်။
လုယွီသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်အတွင်း၌ သူ့စိတ်ဝိဉာဉ်၏ စွမ်းအားကို အနည်းငယ်သာ ဖြန့်ကျက်နိုင်သည်။
ပိုင်ဆုချင်၏ တည်နေရာအတိကျကို သိရှိရန်မှာ သူ့အတွက် ပို၍ပင် ခက်ခဲလေ၏။
အကယ်၍ သူမသည် လျှို့ဝှက်နယ်မြေအတွင်း၌ ပိတ်လှောင်ခံထားရကာ ထိုနယ်မြေသည် သူမ၏ အရှိန်အဝါကို လုံးလုံးလျားလျား ဖုံးကွယ်ထားပါက လုယွီသည် သူမ၏ တိကျသော တည်နေရာကို ရှာဖွေရန် လွန်စွာ ခက်ခဲသွားပေမည်။
ပိုင်ဆုချင်သည် နက်နဲသိမ်မွေ့ ကံကြမ္မာကျမ်းစာမှ မှော်မန္တာန်ကို ရွတ်ဆိုနေခြင်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်မှု တစ်စွန်းတစ်စကို ခြေရာကောက်မိလေ၏။
သူမသည် ရုတ်တရက် သူမရှေ့ရှိ ရွာသားများ၏ ဝန်းရံထားမှုမှ ဖောက်ထွက်နိုင်ခဲ့ကာ သူမနောက်ရှိ ချောက်ကမ်းပါးထံသို့ ဦးတည်၍ ပြေးလွှားလိုက်သည်။
ဤပုံရိပ်ယောင် ကမ္ဘာအတွင်းရှိ ချောက်ကမ်းပါးသည် ပေထောင်နှင့်ချီ၍မြင့်မားကာ ကမ်းပါးနံရံများသည် အလွန်မတ်စောက် ကြမ်းတမ်းပေ၏။
အကယ်၍ ဤနေရာမှ တစ်စုံတစ်ယောက် ခုန်ချပါက အသက်ရှင်သန်ရန်မှာ မဖြစ်နိုင်ချေ။
ဤလမ်းကြောင်းအတွက် ဖြစ်နိုင်ချေရှိသော အရာမှာ သေခြင်းတရားပင်။
သူမနောက်ရှိ ရွာသားများသည် ငရဲမှတက်လာသော နတ်ဆိုးများနှင့် တူညီသည်။သူတို့သည် ပိုင်ဆုချင်၏နောက်သို့ အားကုန် လိုက်ဖမ်းနေကြကာ သူမကို ဘုရားကျောင်း ခန်းမအတွင်းသို့ ဆွဲခေါ်ရန် ကြိုးစားနေကြသည်။
ပိုင်ဆုချင်သည် လမ်းတလျောက်လုံး နောက်ပြန်လှည့်ကြည့်ခြင်း မပြုချေ။
သူမသည် ချောက်ကမ်းပါး၏ အစွန်းသို့ ပြေးသွားကာ မည်သည့် တုံ့ဆိုင်းခြင်းမျှမရှိပဲ ခုန်ချလိုက်၏။
နောက်ထပ် အချိန်အခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ တဖန်ပြန်၍ ပြောင်းလဲသွားသည်။
အစိမ်းရောင်တောင်တန်းများ၏ မြင်ကွင်းများ ပြိုလဲသွားလေ၏။ပြင်းထန်သော စူးရှရှနာကျင်မှု့က ရုတ်တရက် ပိုင်ဆုချင်၏ ခေါင်းအတွင်း သို့ တိုးဝင်လာသည်။
သူမသည် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရပြီးနောက် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားခဲ့သည်။
သူမသည် ပင်မခန်းမအတွင်း၌ တဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။
ကြီးကျယ်ခမ်းနားပြီး ကြီးမားသော ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ခန်းမ၏ အလယ်ဗဟို၌ မားမားမတ်မတ် တည်ရှိနေဆဲပင်။
ထိုရုပ်ပွားတော်၏ မျက်နှာသွင်ပြင်သည် သက်ရှိများအားလုံးကို ငုံ့ကြည့်နေသော ပုံစံမျိုး ရှိသည်။
သို့ရာတွင် ပတ်ဝန်းကျင်၌ ကျမ်းစာများ ရွတ်ဆိုနေကြသော ဘုန်းတော်ကြီးများ အားလုံးသည် ရွတ်ဆိုခြင်းကို ရပ်တန့်ကာ ပိုင်ဆုချင်ကို ဝန်းရံလိုက်ကြ၏။
"အမ်.. "
အဓိကထိုင်ခုံနေရာ၌ ထိုင်နေသော ဘုန်းတော်ကြီး ပုဟွေထံမှ ရုတ်တရက် ညင်သာသော အံ့အားတသင့် ရေရွတ်သံတစ်သံ ထွက်ပေါ်လာကာ သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ပိုင်ဆုချင်သည် ဤပုံရိပ်ယောင် ကမ္ဘာအတွင်းမှ ရုန်းထွက်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ကျမ ထွက်သွားချင်ပြီ...နုတ်ဆက်ခဲ့ပါတယ် "
ပိုင်ဆုချင်သည် စကားများစွာ မပြောဆိုတော့ဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ခွာခဲ့တော့သည်။
ဤဘုန်းတော်ကြီးများသည် သနားကြင်နာပြီး ဂရုဏာကြီးမားပုံ ရသော်လည်း သူတို့၏ စိတ်အတွင်း၌ ယုတ်ညံ့သော ရည်ရွယ်ချက်များ ရှိနေသည်။
ဤနေရာသည် အမှားနှင့်အမှန်ကို ခွဲခြားသော နေရာမျိုး ထပ်မံ၍ မဟုတ်တော့ချေ။
သို့ရာတွင် သူမ ခြေလှမ်း အနည်းငယ်သာ လှမ်းပြီးချိန်တွင် ဘုန်းတော်ကြီးများအနက်မှ တစ်ပါးသည် သူမ၏နောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။
ထို့နောက် သူ၏လက်အတွင်းရှိ တောင်ဝှေးဖြင့် ပိုင်ဆုချင်၏ ခေါင်းကို ရိုက်လိုက်၏။
"ဘုန်း..."
ခပ်အုပ်အုပ် အသံတစ်သံ ရုတ်တရက် မြည်ဟီးသွားသည်။
ပိုင်ဆုချင်သည် လောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရကာ သူမသည် နောက်သို့ လဲကျသွားတော့သည်။
"သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တုန်လှုပ်ချောက်ခြားဖို့ကောင်းတဲ့ အလားအလာတစ်ခု ကိန်းအောင်းနေတယ်...ဒါက ငါတို့ဗုဒ္ဓနဲ့ ကံကြမ္မာရေစက် ရှိနေတယ် ...ငါတို့ ရွှေအလင်းဘုရားကျောင်းရဲ့ ဘုရားလောင်းက သေမျိုးကမ္ဘာထဲကို ဆင်းသက်ဖို့အတွက် သူရဲ့ ရုပ်ခန္ဓာကိုယ်ကို ယူဖို့ ရွေးချယ်ပြီးပြီ...သူ့ကို ဒီနေရာဆီ ခေါ်ခဲ့စမ်း..."
ပုဟွေသည် သူ၏ အစစ်အမှန် ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ မှုန်တေတေ မျက်နှာအမူအရာဖြင့် ပြောဆိုသည်။
ပိုင်ဆုချင်သည် တုန်တုန်ရီရီဖြင့် မတ်တပ်ရပ်ကာ ရုန်းကန်၍ လျောက်လှမ်းလိုက်သည်။
ဘုန်းတော်ကြီးတစ်ချို့သည် သူတို့၏လက်များဖြင့် လက်စည်းတံဆိပ် တချို့ကို ဖွဲ့စည်းကာ ပိုင်ဆုချင်အပေါ်သို့ ဖိနှိပ်လိုက်ကြသည်။
"ခရက်...ခရက်..."
ပိုင်ဆုချင်၏ ခြေကျင်းဝတ်သည် ထိုမှော်မန္တာန်များကြောင့် ကျိုးပဲ့သွားကာ သူမသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားသည်။
ဘုန်းတော်ကြီးတစ်ပါးသည် ပြေးဝင်လာကာ ပိုင်ဆုချင်၏ ဆံပင်ကိုဆွဲပြီး သူမကို ပြန်၍ ဆွဲခေါ်သွားခဲ့သည်။
သွေးများက ပိုင်ဆုချင်၏ ချောမွေ့သော နှာဖူးပြင်မှ ယိုစီးကျနေသည်။
ယခုလက်ရှိ အချိန်တွင် သူမကို ကြည့်ရသည်မှာ ကူကယ်ရာမဲ့ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေပုံရသည်။
သို့သော် ထိုအချိန်အခိုက်အတန်မှာပင် ဤနေရာနှင့် မိုင်ပေါင်းတစ်သောင်းခန့်အကွာအဝေးတွင်ရှိနေသော လုယွီသည် နောက်ဆုံး၌ ပိုင်ဆုချင်၏ တည်ရှိမှု့ကို အာရုံခံမိလေ၏။
သူသည် သူ့ရှေ့ရှိ မြင်ကွင်းကို မြင်တွေ့ချိန်တွင် ရူးသွပ်သွားတော့မည့်အလား ခံစားမိသည်။
"ဘယ်သူက သူ့ကို ထိဝံ့တာလဲ...ငါ မင်းရဲ့ စိတ်ဝိဉာဉ်နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးကို ဖျက်ဆီးပစ်မယ်..."
Chapter 3685
အစွမ်းထက်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်သည် လုယွီ၏ ခန္ဓာကိုယ်မှ ပွင့်အံထွက်လာကာ မိုးကောင်းကင်ယံအတွင်းသို့ ထိုးတက်သွားသည်။
ဤသတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အလွန်အမင်း ကျစ်လစ်သိပ်သည်းကာ ကောင်းကင်ဘုံမှ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲများ မြေပြင်ပေါ်သို့ ဆင်းသက်လာသည့်အလားပင်။သူတို့သည် သေမျိုးလောကအတွင်းသို့ ဝင်ရောက်ကာ လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို ဝါးမြိုလိုပုံ ရသည်။
ရှေးဟောင်းခေတ်အတွင်းရှိ ရက်စက်ကြမ်းကြုတ်သော စွမ်းအားများကို မိုးနှင့်မြေသည် တောင့်ခံနိုင်ခြင်း မရှိချေ။
ဤနေရာနှင့်မလှမ်းမကမ်းတွင်ရှိနေသော စစ်သားများနှင့် ဖမ်းဆီးခံထားရသော လုပ်ကြံ သတ်ဖြတ်သူများသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။
သူတို့သည် မတ်တပ်ရပ်နိုင်ခြင်းမရှိတော့ပဲ မြေပြင်ပေါ်၌ ဒူးထောက်ကာ သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ကြီးမားသော တောင်ကြီးတစ်တောင် ဖိစီးလာသည့်အလားပင်။
လန်ဝူရှင်းပင်လျှင် ဤကဲ့သို့ နက်နဲသိမ်မွေ့ပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအားအောက်၌ အချိန်အတော်ကြာအထိ နေရာမှာပင် ကြက်သေသေနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို သူမသိရှိတော့ချေ။
သူသည် ယခင်က အလွန်အမင်း အစွမ်းထက်သောကျင့်ကြံသူများကို မြင်တွေ့ဖူးသည်။သို့ရာတွင် သူတို့၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် လုယွီကဲ့သို့ သူ့အား ထိတ်လန့်တုန်လှုပ်စေနိုင်စွမ်း မရှိချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ မျက်လုံးတစ်စုံလုံး သွေးနီရောင် သမ်းနေသည်။
သူသည် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်ပင်။
အတိတ်ဘဝတွင် သူသည် သတ်ဖြတ်ရာ၌ လွန်စွာ ပြတ်သားခဲ့သည်။
သူ့အား အပြစ်ပြုသော မည်သူ့ကိုမဆို သူတို့ လက်စားချေမည်ကို စိုးရိမ်သဖြင့် ထိုသူများ၏ သွေးများဖြင့် သူ၏လက်ကို ဆေးကြောခဲ့သည်။
သို့သော် ဤဘဝတွင်မူ လုယွီသည် စာပေသူတော်စင်ယီဟန်ကို သူ၏ ဆရာသခင်အဖြစ် သတ်မှတ်ထားခဲ့သည်။
ထို့ကြောင့် သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို အမြောက်အများ ထိန်းချုပ်ထားနိုင်ခဲ့လေ၏။
သို့ရာတွင် သူ၏ခေါင်းပေါ်သို့ လက်တင်ဝံ့သော တစ်စုံတစ်ယောက် ရှိနေဦးမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
လုယွီ၏ စိတ်အတွင်း၌ ပိုင်ဆုချင်၏ ပုံရိပ် ထွက်ပေါ်လာသည်။
ဤသည်မှာ မိုးကောင်းကင်၏ကံကြမ္မာစွမ်းအားများ အရ ချိတ်ဆက်နိုင်ခဲ့မှုပင်။
ပိုင်ဆုချင် ရုတ်တရက် ထွက်ပေါ်လာမှုသည် သူ့အတွက် သေစေနိုင်သော ထိုးနှက်ချက်တစ်ခု ရရှိလိုက်သည့်အလားပင်။
"ငါက မင်းကို ကာကွယ်နိုင်တဲ့အထိ ငါ သန်မာအားကောင်းပြီလို့ ငါအမြဲ တွေးနေခဲ့တာ...ဒါပေမယ့် မင်းငါ့ကို အလိုအပ်ဆုံးအချိန်မှာ မင်းရဲ့ဘေးနားမှာ ငါရှိမနေနိုင်ခဲ့ဘူး..."
ထိုအကြောင်းကိုတွေးတောရင်း လုယွီသည် သူ၏ စိတ်နှလုံးသား အလွန်အမင်း နာကျင်လာမှုကို ခံစားမိလေ၏။
သူသည် လက်စားချေလိုသဖြင့် ကျင့်ကြံဆင့်မြှင့်တင်ရန်ကိုသာ အထူးအာရုံစိုက်နေခဲ့သည်။
သို့ရာတွင် သူ၏ ပတ်ဝန်းကျင်တွင်ရှိသော လူအများအတွက် စိုးရိမ်ပူပန်ရန် သူလျစ်လျူရှုထားခဲ့ခြင်း မရှိချေ။
ကောင်းကင်ဘုံနယ်မြေသည် အလွန် ရက်စက်ကြမ်းကြုတ်ပေ၏။
နည်းဗျူဟာများ အကွက်ချစီမံမှုများနှင့် သတ်ဖြတ်မှုများက ဤနေရာတွင် နေ့စဉ်နေ့တိုင်း ဖြစ်ပွားနေသည်။
အကယ်၍ ဝေးလံခေါင်သီသော နေရာတစ်နေရာ ၌ရှိနေလျင်ပင် တစ်စုံတစ်ယောက်သည် အမြစ်ပြတ် သုတ်သင်ခံရရန် ဖြစ်နိုင်ချေရှိနေဆဲပင်။
လုယွီသည် ပိုင်ဆုချင် ယခင်ကရှိနေသော တာအိုဘုရားကျောင်းကို သတိပြုမိခဲ့သော်လည်း သူသည် ထိုအချက်ကိုလျစ်လှူရှုထားခဲ့မိသည်။
ဤသည်မှာ အဆုံးသတ်၌ ပိုင်ဆုချင်ကို အန္တရာယ်အတွင်းသို့ ကျရောက်စေခဲ့လေ၏။
"ရွှေအလင်းဘုရားကျောင်း...မင်းတို့ သေလမ်းရှာနေခဲ့တာပဲ..."
လုယွီ၏ မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
သူသည် ပိုင်ဆုချင်၏ တည်နေရာကို တွေ့ရှိပြီးနောက် ဤသည်မှာ ရွှေအလင်းဘုရားကျောင်း၏ တည်နေရာဖြစ်ကြောင်း ချက်ခြင်း မှတ်မိသွားသည်။
ရေအင်မော်တယ်ဂိုဏ်းနှင့် အထွတ်အထိပ်ဂိုဏ်းကို ဖျက်ဆီးပြီးနောက် လုယွီသည် ရွှေအလင်းဘုရားကျောင်းသို့သွားရန် ရည်ရွယ်ထားခြင်းမရှိချေ။
ထိုဗုဒ္ဓဂိုဏ်းသည် သိုသိုသိပ်သိပ် နေထိုင်ခဲ့ကာ သူတို့သည် စိတ်ဝိဉာဉ်ကျောက်တုံးအမြှောက်များ လုယက်ရာ၌ ပါဝင်ခဲ့သည်။ဤကိစ္စတွင် ရွှေအလင်းဘုရားကျောင်း၏ အရိပ်အယောင် ပါဝင်နေသော်လည်း လုယွီသည် ထိုဘုရားကျောင်းကို အချိန်အတိုင်းအတာတစ်ခုအတွင်း၌ ထိတွေ့ရန် ရည်ရွယ်မထားသေးချေ။
သို့ရာတွင် ယခုအချိန်၌ ရွှေအလင်းဘုရားကျောင်းသည် သူ၏အောက်ခြေစည်းကို လာရောက် ထိတွေ့လေသည်။
"ငါရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း..."
"အုပ်ချုပ်ရေးရုံးတော်ရဲ့ အစောင့်တပ် တစ်တပ်လုံး အပြင်ကိုထွက်လာပြီးတော့ ထိုက်ချန်တောင်ကို ဝိုင်းရံမယ်..."
လုယွီက အော်ဟစ်ကာ လေဟာနယ်အတွင်းသို့ တဟုန်ထိုးပျံသန်းသွားတော့သည်။
လန်ဝူရှင်းသည် ထိတ်လန့်တုန်လှုပ်နေကာ လုယွီ၏နောက်မှ အလျင်အမြန် လိုက်ပါသွားလေ၏။
သူသည် လုယွီ ယခင်က ဤမျှထိဒေါသထွက်သည်ကို မမြင်တွေ့ဖူးချေ။
ထိုက်ချန်တောင်ဟူသောစကားကို သူကြားချိန်တွင် သူ၏မျက်ခွံများ ရုတ်တရက် တဆတ်ဆတ် တုန်ရီသွားသည်။
"သူက ရွှေအလင်းဘုရားကျောင်းကို လှုပ်ရှားဖို့ ကြံစည်နေတာလား..."
ရွှေအလင်းဘုရားကျောင်းသည် တာအိုဂိုဏ်း နတ်ဆိုးဂိုဏ်းများနှင့် ကွဲပြားခြားနားပေ၏။
ထိုဘုရားကျောင်းသည် ဗုဒ္ဓလောကတစ်ခုလုံး၏ ထောက်ပံ့မှုကို ရရှိထားသည်။
အကယ်၍ လုယွီသည် ထိုနေရာကို လှုပ်ရှားမှု့ ပြုလုပ်လိုပါက လက်ဝဲစစ်တပ် နယ်မြေတစ်ခုလုံးကို သက်ရောက်မှုရှိလာပေမည်။
ရေအင်မော်တယ်ဂိုဏ်းနှင့် အထွတ်အထိပ်ဂိုဏ်းတို့သည် သူတို့၏ အမြင့်မားဆုံးအခြေအနေ၌ ရှိနေစဉ်ကပင် ရွှေအလင်းဘုရားကျောင်းမှ လူများကို ရန်စစော်ကားဝံ့ခြင်း မရှိချေ။
လုယွီကမူ ထက်ရှသည့်ဓားတစ်ချောင်းအလားပင်။
သို့ရာတွင် ထိုထက်ရှသောဓားသည် ပဒူအုံအသိုက်ကို ထိတွေ့ရန် ကြိုးပမ်းနေလေပြီ။
ဤသည်မှာ ပြင်းထန်သော တန်ပြန်ဒဏ် ခံစားရနိုင်ချေ အလွန်များပြားသည်။
ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်းက သူသည် စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်း သတိထားမိလေ၏။
သူသည် လုယွီကို ဖြောင့်ဖျလိုသော်လည်း လုယွီ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို မြင်တွေ့ချိန်တွင် သူသည် အလိုက်တသိဖြင့် သူ၏ပါးစပ်ကို ပိတ်လိုက်၏။
သူတို့နှစ်ယောက်သည် အလင်းတန်းနှစ်တန်းအလား ပြောင်းလဲကာ လေဟာနယ်အတွင်းမှနေ၍ ယွဲ့ဖူကြယ်နယ်မြေသို့ အပြေးသွားလိုက်ကြသည်။
တချိန်ထဲမှာပင် အုပ်ချုပ်ရေးရုံးတော်သည် လုယွီ၏အမိန့်ကို လက်ခံရရှိကာ ယွဲ့ဖူကြယ်နယ်မြေသို့ အမြန်ဆုံးအရှိန်နှုန်းဖြင့် ထွက်ခွာရန် အမိန့်ပေးအပ်လိုက်ကြသည်။
ယွဲ့ဖူကြယ်နယ်မြေပေါ်ရှိ ကွဲပြားခြားနားသော ကုန်မြေများပေါ်တွင် မရေမတွက်နိုင်သော စစ်တပ်များရှိနေသည်။
ထိုနေရာများမှ စီရင်စုများ တိုင်းပြည်များသည် လုယွီ၏အမိန့်ကို လက်ခံရရှိပြီးနောက် ထိုက်ချန်တောင်၏တောင်အောက်၌ စုဝေးနေကြလေ၏။
ယွဲ့ဖူ ကြယ်နယ်မြေတစ်ခုလုံး၏ ကောင်းကင်ကြီး ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
Thank For Reading.