← Chapters

အခန်း (၃၆၉၀-၃၆၉၃)

Vol. 188 Ch. 3690-3693

အခန်း (၃၆၉၀-၃၆၉၃)

Vol. 188 Ch. 3690-3693

Chapter 3690

မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင်တဤနေရာတွင်ရှိနေသော လူများအားလုံး၏စိတ်အာရုံများကို ဆွဲဆောင်သွားနိုင်ခဲ့သည်။

ရွှေအလင်းဘုရားကျောင်းမှ ဘုန်းတော်ကြီးများသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးနှင့်အနီးစပ်ဆုံးနေရာတွင်ရှိနေသဖြင့်သူတို့သည် အကန့်အသတ်မရှိသောဖိအားအရှိန်အဝါကိုခံစားရလေ၏။

လူတိုင်းသည် သူတို့၏နှလုံးသားများအတွင်းတွင် အကန့်အသတ်မရှိသောထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရသည်။

မိုးကောင်းကင်ယံအတွင်းရှိ နေရောင်ပင်လျှင်ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ဖုံးကွယ်ထားခြင်းကို ခံလိုက်ရသည်။ရွှေအလင်းဘုရားကျောင်းတစ်ခုလုံးကို အနက်ရောင်အရိပ်မည်းကြီးက လွမ်းခြုံသွားသည်။

"တိုက်ခိုက်ကြစမ်း"

ရွှေအလင်းဘုရားကျောင်း၏ထောင့်တစ်နေရာတိုင်းမှနေ၍ အနီရောင်သင်္ကန်းကိုဝတ်ဆင်ထားသော ဘုန်းတော်ကြီးတချို့ ပျံသန်းထွက်လာသည်။သူတို့သည် အလွန်အမင်းအစွမ်းထက်သော သိုင်းပညာဘုန်းတော်ကြီးများပင်။ထို့ပြင် သူတို့သည် ရွှေအလင်းဘုရားကျောင်း၏ကျင့်ကြံခြင်းကျောင်းတော်များမှ ခေါင်းဆောင်များလည်းဖြစ်သည်။

ထိုဘုန်းတော်ကြီးတစ်ပါးစီထံမှနေ၍ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပေ၏။သူတို့သည် ဗုဒ္ဓမှော်မန္တန်များကိုရွတ်ဆိုကာ ဗုဒ္ဓတောင်ဝှေးများ သို့မဟုတ် ကျိုင်းများကိုကိုင်ဆောင်၍ လေထုအတွင်းရှိမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို တိုက်ခိုက်လိုက်ကြသည်။

ဤဘုန်းတော်ကြီးများသည် ရွှေအလင်းဘုရားကျောင်း၏ထောက်တိုင်ကြီးများဖြစ်ကာ သူတို့တစ်ယောက်ချင်းစီသည် အလွန်အမင်းအစွမ်းထက်သည်။

သူတို့သည် အချင်းချင်းပူးပေါင်း၍ တိုက်ခိုက်နေကြကာ သူတို့ရွတ်ဆိုလိုက်သော မှော်မန္တန်များတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့်ပြည့်နှက်နေသည်။သူတို့တွင် ဗုဒ္ဓကျင့်ကြံသူများ၏သနားကြင်နာမှုမျိုး အနည်းငယ်မျှမရှိဘဲ ရန်သူများကို သူတို့၏လက်များဖြင့်သတ်ဖြတ်လိုစိတ်သာရှိသည်။

"ငါ့ရဲ့လမ်းကြောင်းရှေ့မှာ မတ်တပ်ရပ်တဲ့ ဘယ်သူ့မဆိုသေရမယ်"

လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်ကာ ဒေါသတကြီးအော်ဟစ်လိုက်၏။ရုတ်တရက် သူ၏မျက်လုံးအတွင်းမှ ခရမ်းရောင်မီးတောင်မီးတောက်များမြင့်တက်လာကာ တဖြည်းဖြည်း ပို၍တောက်ပလာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးနှင့် အနီးဆုံးနေရာတွင်ရှိနေသော ဘုန်းတော်ကြီးတချို့သည် သူတို့၏ခန္ဓာကိုယ်များကို စတင်၍လောင်ကျွမ်းသွားခြင်းနှင့်အတူ လွင့်ထွက်သွားကြသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဘုန်းတော်ကြီးသုံးပါးသည်လေထုအတွင်း၌ ပြာများဖြစ်သည်အထိလောင်ကျွမ်းသွားပေ၏။သူတို့၏ခန္ဓာကိုယ်မှအရိုးများပင်လျှင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။

ထိုနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်ကိုဆန်တန်းကာ အနီး၌ရှိနေသော ဘုန်းတော်ကြီးတချို့ကို ဖမ်းဆုပ်လိုက်သည်။

အက်ကွဲသံများကို ဆက်တိုက်ကြားနေရသည်။

ခရက်....ခရက်...ခရက်...

ပတ်ဝန်းကျင်တွင် ဘုန်းတော်ကြီးများပို၍ပို၍ထွက်ပေါ်လာသည်နှင့်အမျှ သူတို့ထုတ်ဖော်အသုံးပြုသောခွန်အားသည် ပို၍ပို၍သန်မာအားကောင်းလာသည်။

ရွှေရောင်အလင်းတန်းများက တောက်ပစွာဖြာထွက်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအလင်းတန်းများသည်မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထွင်းဖောက်သွားကာ အက်ကွဲသံများဆက်တိုက်မြည်ဟီးလာသည်။သို့ရာတွင် သူတို့သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို အမှန်တကယ် ထိခိုက်နာကြင်အောင် လုပ်ဆောင်နိုင်စွမ်းမရှိခြင်းမရှိချေ။

ကြွင်းကျန်သော ဘုန်းတော်ကြီးများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ဘုန်းတော်ကြီးများသည် သူတို့၏သက်ဆိုင်ရာကျောင်းတော်များမှ ကျောင်းထိုင်ကိုယ်တော်များဖြစ်ကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်သည်အနည်းဆုံးအနေဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၌ရှိနေသည်။သူတို့အကြားတွင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်နေသောကျင့်ကြံသူတချို့ပင် ရှိနေပေ၏။

သို့ရာတွင် ဤကဲ့သို့စွမ်းအားများရှိနေသည့်တိုင် သူတို့သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ဟန့်တားရန်မှာ မဖြစ်နိုင်​ချေ။

မြေကမ္ဘာအင်မော်တယ်ဖြစ်စေ ရွှယ်အင်မော်တယ်ဖြစ်စေ သူတို့သည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ရှေ့သို့ရောက်ရှိသွားသည်နှင့် သွေးမြူများအဖြစ်သို့ပြောင်းလဲသွားကာ အနည်းငယ်မျှလှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။

"ကျောင်းထိုင်ကို မြန်မြန်အကြောင်းကြားကြစမ်း"

ဘုန်းတော်ကြီးတချို့သည် မဟာခန်းမအတွင်းသို့ အလျင်အမြန်ပြေးဝင်ကာ ဖြစ်ပျက်ခဲ့သမျှကိစ္စများကို အကြောင်းကြားလိုက်၏။

ပုဟွေ၏လက်အတွင်း၌ ဗုဒ္ဓပုတီးတစ်ကုံးကိုရစ်ပတ်ထားသည်။ဤအချိန်အခိုက်အတန့်တွင်ထိုပုတီးကုံးသည် သူ၏လက်ပေါ်၌ အဆက်မပြတ်ရွေ့လျားနေသည်။

သူသည် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရည်ရွယ်ချက်ကို သိရှိခဲ့ရသည်။ထို့ကြောင့် သူသည် ပိုင်ဆုချင်အား ရှာတွေ့သည်နှင့်ဖမ်းဆီးကာ သူမအား ရွှေအလင်းဗုဒ္ဓဘုရားလောင်းထံ ဆက်သရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။သူမ၏နောက်ခံအင်အားသည် နိမ့်ပါးခြင်းရှိနေမည်မဟုတ်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။ထိုမိန်းကလေးကို ဖမ်းဆီးခြင်းအတွက် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ပင်လျှင် ပါဝင်ပတ်သက်လာခဲ့သည်။

ပုဟွေသည် ယခုလက်ရှိအချိန်တွင် ဘုရားကျောင်းခန်းမအတွင်း၌ ရှိနေသော်လည်း သူ၏နတ်ဘုရားစိတ်အာရုံကို ပြင်ပ၌ထုတ်လွှတ်ထားသည်။ထို့ကြောင့် ပြင်ပရှိမြင်ကွင်းများကိုသူ ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပေ၏။

ထိုဓမ္မပုံရိပ်ယောင်ကြီးသည် အမှန်တကယ်ကိုသာလွန်ထူးကဲနေသော်လည်း ပုဟွေ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်မျှထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။

"မင်းတို့က ဘာတွေကို ထိတ်လန့်ကြောက်ရွံ့နေတာလဲ..ဆက်လုပ်ကြစမ်း"

ပုဟွေသည် မိုးကောင်းကင်ယံအတွင်း၌ တောက်ပနေသော ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ပုံရိပ်ယောင်ကြီးကိုကြည့်ကာ ယုံကြည်ချက်ရှိသကဲ့သို့ ခံစားရသည်။

ဤတစ်ကြိမ်တွင် သူသည် ဗုဒ္ဓလောကမှ ဗုဒ္ဓဘုရားလောင်း၏စိတ်ဆန္ဒကို လက်ခံရရှိထားသည်။ယခုချိန်တွင် ဗုဒ္ဓဘုရားလောင်းသည် သူ၏ကိုယ်ပွားပုံရိပ်ယောင်ကို စေလွှတ်လိုက်သည်ဖြစ်ရာ မည်သည့်တည်ရှိမှုမျိုးကိုမျှ သူထိတ်လန့်ကြောက်ရွံ့ခြင်း မရှိချေ။

"ဆက်ပြီး လှုပ်ရှားကြမယ်...ဒါက ဗုဒ္ဓဘုရားလောင်းအတွက် အခွင့်အရေးကောင်းတစ်ခုဘဲ...ဘယ်သူမှ ကြားဝင်စွက်ဖက်လို့မရဘူး"

ပုဟွေက တည်ငြိမ်စွာပြောဆိုသည်။

ကျမ်းစာရွတ်ဖတ်သံများက ဘုရားကျောင်းခန်းမအတွင်းမှ တဖန်ပြန်၍ထွက်ပေါ်လာသည်။

ပိုင်ဆုချင်သည် နာကျင်မှုကြောင့် ရုန်းကန်နေဆဲပင်။သံကြိုးကြီးများသည် သူမ၏စိတ်ဝိညာဥ်ကိုချုပ်နှောင်ထားဆဲဖြစ်ကာ သူမ၏ခန္ဓာကိုယ်မှနေ၍ ဆွဲထုတ်နေသည်။

သူမ၏မှတ်ဉာဏ်များ ထပ်မံ၍ ဝေဝါးသွားလေပြီ။

Chapter 3691

ဤရှုပ်ထွေးလာသော မှတ်ဉာဏ်များအကြားမှနေ၍ လျှို့ဝှက်ဆန်းကြယ်သော မှော်မန္တန်တစ်ခုက ပိုင်ဆုချင်၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

သူမသည် အရာအမြောက်အများကို မေ့လျော့သွားပြီးဖြစ်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးကြီးများသည်သူမ၏စိုးရိမ်ပူပန်မှုများနှင့်ပျော်ရွှင်မှုများအားလုံးကို မေ့လျော့သွားအောင် ပြုလုပ်နေသည်။

သို့ရာတွင် သူမ မည်သည့်အခါမျှ မေ့လျော့မည်မဟုတ်သည့် မှော်မန္တန်တစ်ခုရှိနေသည်။

ဤသည်မှာ ပိုင်ဆုချင်၏ဖခင်သည် သူမငယ်ရွယ်စဉ်၌ ဤမှော်မန္တန်ကို ဖြည်းညှင်းစွာနှင့်တည်ငြိမ်စွာ သင်ကြားပေးခဲ့သောကြောင့်ပင်။

တာအိုသခင်နတ်ဆိုးချိတ်ပိတ်သူသည် ဘဝတွင်အထီးကျန်ဆန်ခဲ့ပေ၏။သူသည်နတ်ဆိုးများအပေါ်တွင် နက်ရှိုင်းသောအမုန်းတရားများရှိသည်။သူ၏ဘဝတစ်လျှောက်လုံးတွင် နတ်ဆိုးများ၏သွေးဖြင့် သူ့လက်ကိုဆေးကြောခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။သူ၏ တာအိုနာမည်ကို နတ်ဆိုးချိတ်ပိတ်သူဟု အမည်ရသောအကြောင်းအရင်းမှာ သူသည် ကျန်နေသောဘဝသက်တမ်းတွင် လောကကြီးအတွင်းရှိရှေးဟောင်းနတ်ဆိုးများအားလုံးကို ချိတ်ပိတ်လိုသောကြောင့်ပင်။

သို့ရာတွင် သူ့ထံ၌ သမီးတစ်ယောက်ရှိလာခဲ့ကာသူ၏သွေးမျိုးဆက် ဆက်လက်၍ရှင်သန်လာခဲ့သည်။ဤလူကြီးသည် သူ့၏ဖခင်မေတ္တာကို မည်ကဲ့သို့ဖော်ပြရမည်မှန်း မသိခဲ့ချေ။သူသည်သူ၏သမီးကို သူတတ်နိုင်သည့် အကောင်းဆုံးအရာအား ပေးရန်ကိုသာ အမှတ်ရခဲ့သည်။

စကားလုံးကိုးလုံးမှော်မန္တန်သည် နတ်ဘုရားချိတ်ပိတ်သူ၏ နာမည်အကျော်ကြားဆုံးမှော်မန္တန်ပင်။

ဤသည်မှာ ရှေးဟောင်းဗုဒ္ဓကျင့်ကြံနည်းစနစ်၏ လျှို့ဝှက်ချက်တစ်ခုလည်းဖြစ်သည်။နတ်ဆိုးချိတ်ပိတ်သူသည် ထိုအရာကိုမတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။ထိုအချိန်မှစ၍ သူသည် ခြေလှမ်းတလှမ်းပြီးတစ်လှမ်းမြင့်တက်လာခဲ့ကာ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဖြစ်လာခဲ့သည်။

ထိုအရာကို သူ၏သမီးအား လက်ဆင့်ကမ်းပေးနိုင်ရန်အလို့ငှာ သူသည် ကြီးမားသောတန်ကြေးကိုပေးစပ်ခဲ့ရလေ၏။။ထို့နောက် စကားလုံးကိုးလုံးမှော်မန္တန်၏ စွမ်းအားများအားလုံးကို ပိုင်ဆုချင်၏ခန္ဓာကိုယ်အတွင်း၌ ချိတ်ပိတ်ထားခဲ့သည်။

ပိုင်ဆုချင်၏ကျင့်ကြံဆင့်နယ်ပယ် တဖြေးဖြေးမြင့်တက်လာသည်နှင့်အမျှ စကားလုံးကိုးလုံးမှော်မန္တန်၏စွမ်းအားများကို ပို၍ထုတ်ဖော်နိုင်ကာ နောက်ဆုံး၌ သူမသည် ထိုအရာကိုအပြည့်အဝဖမ်းဆုပ်နိုင်ပေမည်။

ဤလျှို့ဝှက်ချက်သည် ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး ရူးသွပ်သွားစေရန်လုံလောက်သည်။

ထိုကြောင့် ထိုအရာကို အလွန်နက်ရှိုင်းစွာဖုံးကွယ်ထားခဲ့သည်။ပိုင်ဆုချင်သည် အစစ်အမှန်အန္တရာယ်အတွင်းသို့ ကျရောက်နေချိန်မှသာ ထိုအရာသည် ထွက်ပေါ်လာပေမည်။

ပိုင်ဆုချင်၏စိတ်ဝိညာဥ်ထံမှနေ၍ တောက်ပသော အလင်းရောင်များ ရုတ်တရက်ဖြာထွက်လာသည်။ရှေးဟောင်းမှော်မန္တန်ကိုးလုံးသည် တောက်ပလာကာ ရှေးဟောင်းအရှိန်အဝါတစ်ရပ် ရုတ်တရက်ပွင့်အံ့ထွက်လာပေ၏။

"စစ်သားတွေ သတ်ကြ...တိုက်ခိုက်ကြစမ်း"

ဤမှော်မန္တန်မှာ အလွန်အမင်းအစွမ်းထက်သည်။

ထိုအရာသည် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများနှင့်ရောယှက်နေကာ အကန့်အသတ်မရှိသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။

အဖြူရောင်အလင်းတန်းများအောက်တွင် အစွမ်းထက်သော အားလှိုင်းတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။သူမအား ရစ်ပတ်ထားသော သံကြိုးကြီးသည်အပိုင်းပိုင်းအစစ ကြေမွှပျက်စီးသွားသည်။မှော်စွမ်းအားအစအနများက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပြန့်ကျဲသွားပေ၏။

ပိုင်ဆုချင်ကိုဗဟိုပြုကာ ကြီးမားကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ရပ်ကချက်ချင်းပျံ့နှံ့သွားသည်။မာကျောသော​ကျောက်ပြားများသည် ပင့်ကူအိမ်အလား ကွဲအက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ထွက်သွားတော့သည်။

ဘုန်းတော်ကြီးတစ်စုသည် ထိုအားလှိုင်းကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။ပုဟွေပင်လျင် ခြွင်းချက်မရှိခြေ။

ခန်းမတစ်ခုလုံးအတွင်းရှိ ဖယောင်းတိုင်မီးများချက်ချင်းငြိမ်းသေသွားသည်။ကြီးကျယ်ခမ်းနားသော အမွေးတိုင်အိုးများသည်လည်း ပြင်းထန်သောလေပြင်းဖြင့် တိုက်ခတ်ခံရသည့်အလား လွင့်ထွက်သွားပေ၏။

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ ပုံရိပ်ပင်လျှင် ဤအဖြူရောင်အလင်းတန်း၏အောက်တွင်နှိုင်းယှဉ်ပြစရာမရှိသည်အထိ မှေးမှိန်သွားသည်။

"ဒါဆိုရင် မဟာတာအိုရဲ့စကားလုံးကိုးလုံးမှော်မန္တန်က သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတာပါလား"

"ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေထဲကနေ...လောကအထွတ်အထိပ်ကံကြမ္မာဆရာသခင်တွေရဲ့ဟောကိန်းတွေအရ ဗုဒ္ဓကျင့်ကြံသူတွေရဲ့အောင်မြင်မှုအရိပ်အယောင်တွေကို တွက်ချက်ခဲ့တယ်...ဒါဆိုရင် အဲ့ဒီအောင်မြင်မှုက ဒီမိန်းကလေးပေါ်မှာ တည်ရှိနေတာပဲ"

"စကားလုံးကိုးလုံးမှော်မန္တန်ကဗုဒ္ဓရဲ့မပြည့်စုံတဲ့ကျမ်းစာက အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကနေ ငါတို့ လျှို့ဝှက်ချက်တွေ ရရှိနိုင်တယ်....ငါတို့က ရှေးဟောင်းဗုဒ္ဓ အတိတ်မှာတုန်းက ချန်ထားခဲ့တဲ့အရာတွေကိုတောင် ရှာတွေ့ကောင်းရှာတွေ့နိုင်လိမ့်မယ်"

ခန်းမအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်များသည်လေပြင်းများကြောင့် လွင့်ထွက်သွားသော်လည်း သူတို့ထံမှနေ၍ သရဲတစ္ဆေဆန်သော အက်ရှရှစကားသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံများသည် ရှုပ်ထွေးနေကာ ရာနှင့်ချီသောလူများ တပြိုင်နက်တည်း စကားပြောဆိုနေသည့်အလားပင်။ထိုအသံများအနက်မှ မည်သည့်တစ်သံကိုမျှ ရှင်းရှင်းလင်းလင်းကြားနိုင်ခြင်းမရှိချေ။

ပိုင်ဆုချင်၏စိတ်ဝိညာဥ်သည် လေထုအတွင်း၌မျောလွင့်နေကာ ရုတ်တရက် မဟာခန်းမအတွင်းမှနေ၍ ပြင်ပသို့ ပျံသန်းသွားသည်။

သူမ၏ရုပ်ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးများ တားမြစ်မှော်မန္တန်များကိုအသုံးပြုထားသောကြောင့် လှောင်ပိတ်ခံထားရဆဲပင်။

ထိုဘုန်းတော်ကြီးများက ပိုင်ဆုချင်၏စိတ်ဝိညာဉ်သည် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏လက်အတွင်းမှာ လွတ်မြောက်သွားမည်ဟု တွေးထင်ထားခြင်း မရှိချေ။

ကြိုတင်တွေးတောမထားသော ဖြစ်ရပ်သည်အလွန်ရုတ်တရက်ဆန်သဖြင့် လက်ရှိနေရာတွင် ရှိနေသော ဘုန်းတော်ကြီးများအနက်မှ မည်သူကမျှ ဤအရာကိုကြိုတင်၍ ခန့်မှန်းထားမိခြင်းမရှိချေ။

ပိုင်ဆုချင်၏စိတ်ဝိညာဥ်သည် အခွင့်အရေးတစ်ခုရှာတွေ့သွားသဖြင့် ပြင်ပသို့အားကုန်ပြေးထွက်သွားလေ၏။

အလွန်လျင်မြန်စွာဖြင့် သူမသည် မဟာခန်းမကိုဖြတ်ကျော်ကာ ပြင်ပသို့ရောက်ရှိသွားသည်။

Chapter 3692

"သူ့ကို ထွက်ပြေးခွင့်မပြုနဲ့"

ပုဟွေက အော်ဟစ်ကာ လိုက်လံဖမ်းဆီးရန်အတွက် ခြေတစ်လမ်းရှေ့တက်လိုက်သည်။

ဘုန်းတော်ကြီးတစ်စုသည် မဟာခန်းမ၏ပြင်ပ၌ စုဝေးနေကြသည်။ပိုင်ဆုချင်၏စိတ်ဝိညာဉ်ပြေးထွက်လာသည်ကို မြင်တွေ့ချိန်တွင်သူတို့သည် သူမကိုဟန့်တားရန်အတွက် ချက်ချင်းဝိုင်းရံလိုက်ကြ၏။

"ဘေးဖယ်ကြစမ်း"

သူမက အစွမ်းအစမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။စကားလုံးကိုးလုံးမှော်မန္တန်သည် သူမကို အခိုင်အမာကာကွယ်ထားကာ တောက်ပသောအဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ထားသည်။ထို့ကြောင့် သူမထံသို့တိုးဝင်လာသော ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးများအားလုံး တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ပိုင်ဆုချင်၏စိတ်ဝိညာဉ်သည် အလွန်အမင်းအားနည်းနေလေ၏။

စကားလုံးကိုးလုံးမှော်မန္တန်၏စွမ်းအားသည် အလွန်အမင်း ပြင်းထန်သည်။ထိုအရာကို အတင်းအကျပ် အသုံးပြုရခြင်းသည် သူမ၏စိတ်ဝိညာဥ်မှစွမ်းအားများကိုအမြောက်အများ ကုန်ဆုံးသွားစေသည်။ပိုင်ဆုချင်၏စိတ်ဝိညာဥ်မှစွမ်းအားများသည် ယခင်ကတည်းကကုန်ဆုံးပြီးဖြစ်သည်။ယခုအချိန်တွင် သူမသည်ညှဉ်းပန်းနှိပ်စက်မှုကို ထပ်မံ၍ခံယူခဲ့ရသဖြင့်သူမ ပို၍ပင်အားနည်းနေလေပြီ။

"အော်မီတောဖော...ဗုဒ္ဓကသနားကြင်နာတယ်"

ပုဟွေသည် ဗုဒ္ဓ၏အမည်နာမကို ရေရွတ်ကာသူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။ထို့နောက် ပြင်းထန်းသောစွမ်းအားများသည် သူမ၏ခေါင်းထက်၌ ချက်ချင်းသိပ်သည်းသွားကာ သူမ၏စိတ်ဝိညာဉ်ကို အင်အားကုန်ဖိနှိပ်လိုက်သည်။

စကားလုံးကိုးလုံးမှော်မန္တန်၏စွမ်းအားသည် နောက်မှဝင်လာသောအန္တရာယ်ကို အာရုံခံမိပုံရသည်။အဖြူရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပသွားကာ ထိုအရာကိုရင်ဆိုင်ရန်အတွက် တိုးဝင်သွားလေ၏။

ဘုန်း....

ပြင်းထန်သော ဖီလာဆန့်ကျင်ရိုက်ခတ်မိသံကြီးက လေထုအတွင်း၌ မြည်ဟီးသွားသည်။ပိုင်ဆုချင်၏စိတ်ဝိညာဥ်သည် အဆင်ပြေနေသော်လည်း အဖြူရောင်အလင်းတန်းများသည် သက်ရောက်မှုခံရသဖြင့် အလွန်အမင်းမပြတ်မသားဖြစ်လာကာ ဝေဝါးစပြုလာသည်။

ပိုင်ဆုချင်၏စိတ်ဝိညာဥ် တုန်ရီသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်အတွင်း၌ အတွေးတစ်ခုသာရှိတော့သည်။သူမသည် ဤနေရာမှ တတ်နိုင်သမျှအမြန်ဆုံးထွက်သွားရပေမည်။

သို့ရာတွင် သူမ၏စိတ်ဝိညာဉ်သည် အလွန်အမင်းပင်ပန်းနွမ်းနယ်နေလေပြီ။တစ်ချက်မျှတွေးမိရုံဖြင့် သူမသည် မူးဝေသွားကာ စိတ်ရှုပ်ထွေးသွားလေ၏။

ဝရော....

ထိုအချိန်မှာပင် သံကြိုးကြီးတစ်ကြိုးသည် မြေတွေကို လျှောထွက်လာသောအသံတစ်သံ ထွက်ပေါ်လာသည်။

မဟာခန်းမ၏နက်ရှိုင်းသောနေရာမှနေ၍ ရွှေရောင်သံကြိုးတစ်ကြိုး ရုတ်တရက်ပျံသန်းလာကာ ပိုင်ဆုချင်၏ခန္ဓာကိုယ်ကိုပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။။

ဘန်းခနဲမြည်သံနှင့်အတူ ပိုင်ဆုချင်၏ခန္ဓာကိုယ်ပေါ်ရှိ စကားလုံးကိုးလုံးမှော်မန္တန်မှတောက်ပမှုများ မှိန်ဖျော့သွားသည်။အစောပိုင်းက ထိတွေ့မှုသည် သူမ၏စွမ်းအားအမြောက်အမြားကို ကုန်ဆုံးသွားစေပေ၏။

ဤသည်မှာ နတ်ဆိုးချိတ်ပိတ်သူ၏မြင့်မားသောစွမ်းအားပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ပိုင်ဆုချင်၏စိတ်ဝိညာဥ်စွမ်းအားသည် အလွန်အမင်းအားနည်းနေကာ သူမသည် ဤမှော်မန္တန်ကို ကျွမ်းကျင်ထားခြင်းလည်းမရှိချေ။

"ငါ့ရဲ့ မွန်မြတ်တဲ့ နယ်မြေထဲကိုဝင်ခဲ့စမ်း...ငါ့ရဲ့သန့်စင်တဲ့နယ်မြေထဲကိုဝင်ခဲ့စမ်း"

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရွှေရောင်ခန္ဓာကိုယ်ကြီးသည် တံခါးမှနေ၍တိုးထွက်လာသည်။သူသည် လက်အတွင်း၌ သံကြိုးကြီးတစ်ကြိုးကိုကိုင်ဆောင်ထားကာ ပိုင်ဆုချင်၏စိတ်ဝိညာဉ်ကို အဆက်မပြတ်ရိုက်နှက်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း

သံကြိုးကြီးကို ဝှေ့ယမ်းလိုက်သောအသံက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်နေသည်။

ပိုင်ဆုချင်၏ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်အလင်းတန်းများသည် ထိုသံကြိုးရိုက်ချက်များအောက်တွင် တဖြည်းဖြည်းမှိန်ဖျော့သွားသည်။

ထိုမြင်ကွင်းကို လေဟာနယ်အတွင်း၌ ရှိနေသော လုယွီက မြင်တွေ့လိုက်ရသည်။

နောက်ဆုံးတစ်ကြိမ် သူထွက်ခွာခဲ့စဉ်က ပိုင်ဆုချင်သည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာကာ လောကီအင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။သူမသည် လောကီအညစ်အကြေးများနှင့်ကင်းကွာသော အင်မော်တယ်နတ်သမီးတစ်ယောက်နှင့်တူညီနေသည်။

သို့ရာတွင် သူတို့ထပ်မံ၍တွေ့ဆုံချိန်၌ ပိုင်ဆုချင်သည် ယခုကဲ့သို့ ဖြစ်နေလေပြီ။သူမ၏အားနည်းသောစိတ်ဝိညာဥ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပေ၏။လုယွီ၏စိတ်နှလုံးသားသည် သံမဏိကဲ့သို့မာကျောသည့်တိုင် ဤအချိန်အခိုက်အတန့်တွင်သူ့၏စိတ်နှလုံးသားကို ဓားဖြင့်မွှေနှောက်နေသည့်အလား ခံစားနေရကာ ဝမ်းနည်းကြေကွဲမှုများနှင့်ပြည့်နှက်သွားသည်။

သူသည် အတိတ်တွင်လင်းရှောင်ဂိုဏ်းအတွင်း၌ သူတို့ဆုံစည်းခဲ့သောအချိန်သို့သာ ပြန်သွားလိုပေ၏။

ထိုအချိန်လေးကိုသာလျှင် သူရပ်တန့်ထားလိုမိသည်။

အား....

လုယွီသည် ရုတ်တရက်ကျယ်လောင်စွာအော်ဟစ်လိုက်ရာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နှုတ်မှနေ၍ ရိုင်းပျသော ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။

ဘန်း....ဘန်း....ဘန်း...ဘန်း...

သူ့ရှေ့ရှိဘုန်းတော်ကြီးများသည် ထိုရိုင်းပြသောဟိန်းဟောက်သံကြောင့် ချက်ချင်းဆိုသလိုပင်သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ ရွှေအလင်းဘုရားကျောင်း၏အတားအဆီးပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားလေ၏။

ရွှေအလင်းဘုရားကျောင်း၏ပြင်ပရှိလေဟာနယ်အတွင်း၌ တောက်ပသောမှော်သင်္ကေတများ ထွက်ပေါ်လာကာ တဖျတ်ဖျတ်လင်းလက်နေသည်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ဤကျစ်လစ်ခိုင်မာသော အတားအဆီးသည် လက်သီးတစ်ချက်တည်းဖြင့် ကြေမွှပျက်စီးသွားခဲ့သည်။

ဝုန်း.....

ထိုအတားအဆီးဝင်္ကပါ၏ စုံမှတ်များဖြစ်သောစေတီလေးဆူသည်လည်း အတားအဆီးကြေမွပျက်စီးသွားခြင်းနှင့်အတူ တစ်ခုပြီးတစ်ခုပြိုလဲသွားတော့သည်။

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရက်စက်ကြမ်းကြုတ်သောမျက်နှာသည် ရုတ်တရက်တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။သူသည်သူ့ရှေ့ရှိ ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို မြင်တွေ့ချိန်တွင် ကျယ်လောင်စွာ အော်ဟစ်မောလိုက်၏။

"ဒီလို အရိုင်းအစိုင်းနက်ဘုရားတစ်ပါးက ဘယ်ကနေပြီးတော့ ရောက်လာတာလဲ...သူက ငါတို့ဗုဒ္ဓလောကရဲ့ကိစ္စကြီးကိုတောင် ဟန့်တားနှောင့်ယှက်ဝံ့တာလား"

Chapter 3693

လုယွီသည် သူ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုထိန်းချုပ်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိနေသည်။

ရွှေအလင်းဘုရားကျောင်းအတွင်းမှ ဘုန်းတော်ကြီးများအားလုံးသည် ထိုအစွမ်းထက်သောအရှိန်အဝါ၏ဖိနှိပ်ခြင်းကို ခံထားရသည်။သူတို့သည် သူတို့၏ခေါင်းများကိုပင် မမော့နိုင်တော့ချေ။

သို့ရာတွင် ထိုဘုန်းတော်ကြီးများအကြားတွင် ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် အကန့်အသတ်မရှိသော မြင့်မြတ်သည့် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်နေဆဲပင်။ သူ၏မျက်နှာအမူအယာသည် အေးစက်တင်မာနေကာ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို သူ၏မျက်လုံးအတွင်း၌ပင် ထည့်ထားပုံမရချေ။

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သာလွန်ထူးကဲသောနောက်ခံရှိကာ သူသည် ယခုလက်ရှိဗုဒ္ဓ၏အရည်အချင်းအရှိဆုံးတပည့် ဖြစ်ပေ၏။သူသည် ဗုဒ္ဓကျင့်ကြံသူများ၏စွမ်းအားကိုဆုပ်ကိုင်ထားနိုင်ကာ ဤသည်မှာစွမ်းအားကြီးမားမှု၏အမှတ်သင်္ကေတတစ်ခုပင်။

ယခုအချိန်၌ သူသည် ကိုယ်ပွားပုံရိပ်ယောင်သက်သက်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပသောရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားသည်။

သူ့၏နောက်တွင် ရှေးဟောင်းဗုဒ္ဓကျမ်းစာများကိုရွတ်ဖတ်ခြင်းမှတဆင့် အလွန်တောက်ပသောအလင်းတန်းများ လှုပ်ခတ်နေသည်။ဤသည်မှာသန်းဆယ်နှင့်ချီသော ဘုန်းတော်ကြီးများ ဗုဒ္ဓကျမ်းစာများကို တစ်ပြိုင်နက်တည်းရေရွတ်နေကာ အမွှေးနံ့သာများ ထွန်းညှိပူဇော်နေသည့်အလားပင်။

အလွန်ကြီးမားကျယ်ပြန့်သော ရွှေရောင်အလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ပျံ့နှံ့သွားကာ ကောင်းကင်နှင့်မြေပြင်ကိုပင် အရောင်ပြောင်းလဲသွားစေသည်။

မည်သည့်အပိုစကားတစ်ခွန်းမျှမပြောဘဲ ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သူ၏အစွမ်းထက်ဆုံးနည်းစနစ်ကို တိုက်ရိုက်ထုတ်ဖော်အသုံးပြုလိုက်၏။

သူ၏လက်ယာဘက်လက်သည် လက်ဝါးတစ်ခုအသွင်ပြောင်းလဲသွားကာ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။ လေထုအတွင်းမှနေ၍ ပြင်းထန်သောတုန်ခါသံများချက်ချင်းထွက်ပေါ်လာသည်။

"ဗာဂျရာ ကြေမွပျက်စီးခြင်းလက်ဝါး"

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ထိုက်ချန်တောင်တစ်တောင်လုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာကာ ဤတိုက်ခိုက်မှုကို တောင့်မခံနိုင်သည့်အလားပင်။

မရေမတွက်နိုင်သော ဘုန်းတော်ကြီးများသည်သူတို့၏ခေါင်းများကိုဆုပ်ကိုင်၍ ထွက်ပြေးနေကြသည်။သူတို့သည် အဝေးသို့ထွက်ပြေးနေကြကာ ဤအဆင့်စွမ်းအားရှိသော တိုက်ခိုက်မှုမှသက်ရောက်လာမည်ကို ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။

ထိုက်ချန်တောင်နှင့် မလှမ်းမကမ်းအကွာတွင် ယွဲ့ဖူကြယ်နယ်မြေ၏စစ်တပ်သည် ရောက်ရှိလာလေပြီ။

သူတို့သည် ရွှေအလင်းဘုရားကျောင်း၏မြင်ကွင်းကို မြင်တွေ့ချိန်တွင်ကူးကယ်ရာမဲ့စွာဖြင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။ထောင်သောင်းချီသောစစ်သားများသည် ဘေးတစ်ဖက်တချက်၌ မတ်တပ်ရပ်လိုက်ကြသော်လည်း အနီးသို့ချဉ်းကပ်ဝံ့ခြင်းမရှိချေ။

"ငါတို့တိုက်ခိုက်ကြမှာလား"

ယွဲ့ဖူကြယ်နယ်မြေစစ်တပ်၏စစ်ဗိုလ်ချုပ်သည် အဝေးမှနေ၍ စောင့်ကြည့်လိုက်၏။သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေကာ သူ့၏လက်အောက်ငယ်သားများကို ရပ်တန့်ရန်အတွက် အမိန့်ပေးလိုက်သည်။

ဤအဆင့်တိုက်ပွဲတစ်ပွဲသည် တချက်ကြည့်ရုံမျှဖြင့် လူအများ၏စိတ်နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။ဤသည်မှာ သူတို့ ပါဝင်ပတ်သက်၍ရသော တစ်စုံတစ်ခုမဟုတ်ချေ။

စစ်တပ်အတွင်း၌ စစ်သားအမြောက်အမြားရှိပုံရသော်လည်း အစစ်အမှန်အစွမ်းထက်သည့်ကျင့်ကြံသူများနှင့် ကြုံတွေ့ရပါက သူတို့သည်လုံလုံလျားလျား အသုံးဝင်မည်မဟုတ်ချေ။

ယွဲ့ဖူကြယ်နယ်မြေသခင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တရပ်က သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

သို့ရာတွင် သူသည် အလျင်အမြန်အသိစိတ်ပြန်ဝင်လာကာ အလေးနက်ထားသောအသံဖြင့်ပြောဆိုသည်။

"ငါတို့ရထားတဲ့အမိန့်က ထိုက်ချန်တောင်ကိုဝိုင်းထားဖို့ပဲ...မဆင်မခြင် မလုပ်ကြနဲ့...လူတွေကိုဦးဆောင်ပြီးတော့ ထိုက်ချန်တောင်ကိုဝိုင်းထားလိုက်တော့...ခေါင်းပြောင်ကတုံးတွေကို တစ်ယောက်မှထွက်ပြေးသွားခွင့်မပြုနဲ့"

စစ်တပ်သည် အလျှင်အမြန်လှုပ်ရှားပြီး ထိုက်ချန်တောင်ကိုဝိုင်းရံလိုက်ကြ၏။သို့ရာတွင် သူတို့သည် အခွင့်အာဏာမရှိဘဲ ရှေ့သို့​ခြေတစ်လှမ်းတိုးဝံ့ခြင်းမရှိချေ။

"ဗုဒ္ဓက သနားဂရုဏာနဲ့ပြည့်စုံတယ်...မင်းရဲ့စိတ်ဝိညာဥ်ကို ငါဖျက်ဆီးတဲ့အချိန်ထိ မင်း စောင့်နေစမ်း....ပြီးတာနဲ့ ငါက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ယူပြီးတော့ စိတ်ဝိညာဥ်တောင်အောက်မှာဖိနှိပ်ပြီးမင်းရဲ့အပြစ်တွေအတွက် နှစ်တစ်သောင်းကြာအောင် အပြစ်ကြွေးပေးဆပ်ခိုင်းမယ်...အောမီတောဖော...."

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ လက်ဝါးသည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအရာထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိ မဟာတာအိုဥပဒေသများ တုန်ခါသွားသည်။

"မင်းက သေသင့်တယ်"

ဤလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် ရှုပ်ထွေးသောမှော်မန္တန်များကို အသုံးပြုခြင်းမရှိချေ။သူသည် လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

ကြီးမားသောလက်သီးပုံရိပ်ယောင်ကြီးသည် ထိုက်တောင်ကြီးအလား အောက်သို့ဖိနှိပ်လိုက်သည်။မြောက်များစွာသောဥပဒေသများသည် ဤလက်သီးချက်အောက်တွင် ပြိုလဲသွားသည်။

ဝုန်း....ဝုန်း....

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏စိတ်ဝိညာဉ်မှ စွမ်းအားများသည်လေထု၏အလယ်၌ ပြင်းထန်စွာဖီလာဆန့်ကျင်ရိုက်ခတ်မိသွားလေ၏။မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လေလှိုင်းများက ပတ်ဝန်းကျင်နေရာတဝိုက်သို့ပြန့်ကားသွားကာ မြင့်မားသောအဆောက်အအုံအမြောက်အများသည် အပျက်အစီးများဘဝသို့ပြောင်းလဲသွားပေ၏။

မဟာခန်းမနှင့်နီးကပ်သော ဗုဒ္ဓဂိုဏ်းမှအဆောက်အအုံတချို့သည် ချက်ချင်း​ပြိုလဲပျက်စီးသွားသည်။မဟာခန်းမတစ်ခုသာလျှင် ဗုဒ္ဓအလင်းရောင်၏ တောက်ပမှုအောက်တွင်ဘေးကင်းလုံခြုံစွာ ကြွင်းကျန်ခဲ့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်မှုခြင်းဖလှယ်လိုက်သောအချိန်အခိုက်အတန့်တွင် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရွှေရောင်လက်ဝါးပုံရိပ်ရောင်ကြီးသည် လေထု၏အလယ်၌ ကြေမွှပျက်စီးသွားခဲ့သည်။

လုယွီ၏စိတ်နှလုံးသားအတွင်းတွင် အကန့်အသတ်မရှိသောဒေါသများနှင့် ပြည့်နှက်နေသည်။သူ့၏လက်နှစ်ဖက်သည် ရပ်တန့်မည့်ရည်ရွယ်ချက်ရှိပုံမရချေ။သူသည် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ထံသို့ လက်သီးဖြင့် ဆက်လက်၍ထိုးနှက်လိုက်သည်။

နောက်ထပ်လက်သီးတချက် ပြင်းထန်စွာကျဆင်းသွားခြင်းနှင့်အတူ ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်သည် ချက်ချင်းပျက်ပြယ်သွားကာ အလင်းတန်းများအဖြစ်သို့ပြောင်းလဲသွားသည်။

ထိုအလင်းတန်းများသည် အဝေးတစ်နေရာ၌ ထပ်မံ၍စုဝေးသွားပေ၏။ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် လုယွီကို တစ်ဖန်ပြန်၍ကြည့်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများရှိနေကာသူ၏မျက်လုံးအတွင်း၌ ဒေါသအရိပ်အယောင်များထင်ဟပ်နေသည်။

"မင်းလို အရိုင်းအစိုင်းနတ်ဘုရားတစ်ပါးက....ငါ့ကို တကယ်ကြီး ဒဏ်ရာရစေခဲ့တာလား"

All Chapters