← Chapters

အခန်း (၃၆၉၄-၃၆၉၇)

Vol. 188 Ch. 3694-3697

အခန်း (၃၆၉၄-၃၆၉၇)

Vol. 188 Ch. 3694-3697

Chapter 3694

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် ဒေါသထွက်နေသောအခြေအနေမျိုး၌ ရှိနေသဖြင့်သူ၏မျက်နှာသည် နတ်ဆိုးနတ်ဘုရားတစ်ပါးထက်ပင် ပို၍ရက်စက်ကြမ်းကြုတ်နေသည်။

သူသည် ရုတ်တရက်အော်ဟစ်ကာ သူ၏လက်နှစ်ဖက်လုံးဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းလိုက်သည်။သူသည် ဗုဒ္ဓကျမ်းစာအတွင်းမှာမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။ထိုမှော်မန္တန်ကိုကြားမိချိန်တွင် လူအများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်သော ခံစားချက်မျိုးကို ရရှိလေ၏။

သူ့၏လက်နှစ်ဖက်သည် လေဟာနယ်အတွင်း၌ စတင်၍လှည့်ပတ်နေသည်။သူ့၏လက်များကို မြှောက်လိုက်သည်နှင့် အဆင့်မြင့်မှော်မန္တန်တစ်ခုကို အသုံးပြု၍ထားကြောင်းသိသာထင်ရှားကာ မရေမတွက်နိုင်သော ဗုဒ္ဓကျမ်းစာများက ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏နံဘေးပတ်လည်၌ မျောလွင့်နေသည်။ဤအချိန်အခိုက်အတန့်တွင် ထိုဗုဒ္ဓကျမ်းစာများသည် အကန့်အသတ်မရှိသော အလင်းရောင်များဖြင့်တဖျတ်ဖျတ်တောက်ပနေသည်။

"အရိုင်းအစိုင်းနတ်ဘုရားတစ်ပါးကများ....ငါ မင်းရဲ့စိတ်ဝိညာဉ်ကို ကြေမွှပျက်စီးအောင်လုပ်မယ်"

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သူ့၏လက်ဖြင့် စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းပြီးနောက် လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်၏။ ဤသည်မှာ ဗုဒ္ဓလောက၏ 'မဟာအကြောက်အလန့်မဲ့စည်းတံဆိပ်' ဖြစ်သည်။

ဤအရာသည် မူလက ဗုဒ္ဓကျင့်ကြံသူများ၏စိတ်ကို တည်ငြိမ်စေရန်အတွက် အသုံးပြုသော လက်စည်းတံဆိပ်ပင်။သို့ရာတွင် သူ၏အသုံးပြုမှုအောက်တွင် ထိုအရာသည် ပြင်းထန်သော သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုရွှေရောင်စိည်းတံဆိပ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားများ ပျံလွင့်လာသည်။

ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးသည် လုယွီ၏တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။

သို့ရာတွင် လုယွီသည် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရန်စမှုနှင့် ရင်ဆိုင်ရသည့်တိုင်သူသည် ဝမ်းနည်းမှုပျော်ရွှင်မှုတစ်ခုကိုမျှ မခံစားရချေ။ထိုမျှသာမက သူ၏စိတ်အတွင်း၌ အနည်းငယ်မျှပင် လှုပ်ခတ်သွားခြင်းမရှိပေ။

သူသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထိန်းချုပ်လိုက်၏။သူသည် ပြင်းထန်သောလက်သီးချက်များကို ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ပုံရိပ်ယောင်ထံဦးတည်၍ အဆက်မပြတ်ထိုးနှက်လိုက်သည်။

သူတို့နှစ်ယောက်သည် ဖရိုဖရဲတိုက်ပွဲတစ်ခုကိုထပ်မံ၍ တိုက်ခိုက်ကြပြန်လေပြီ။ရွှေအလင်းဗုဒ္ဓဘုရားလောင်းထံတွင် မြင့်မာသောစွမ်းအားရှိသည့်တိုင် သူ ယခုရင်ဆိုင်ရသည်မှာ လုယွီဖြစ်နေသည်။

တိုက်ကွက်များ ဆယ်နှင့်ချီ၍ ဖလှယ်ပြီးနောက်ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် ရုတ်တရက်ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မင်းက အဆင့်မြင့်နတ်ဘုရားတစ်ပါး မဟုတ်လား....ဟုတ်တယ်မလား"

လုယွီအသုံးပြုသော နည်းလမ်းများသည် သာမန်အရိုင်းအစိုင်းနတ်ဘုရားများ ပြုလုပ်နိုင်သည့် တစ်စုံတစ်ခုမဟုတ်ချေ။

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သူ၏ဦးရေပြားတင်းကျပ်လာသည်ကို ခံစားမိလေ၏။သူသည် သာမန်အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆီးလိုရုံမျှဖြင့် ဤကဲ့သို့အစွမ်းထက်သော ထိပ်သီးကျင့်ကြံသူတစ်ယောက် ပါဝင်ပတ်သက်လာမည်ဟု သူ မည်သည့်နည်းဖြင့် မျှော်လင့်ထားမိမည်နည်း။

"လီပေါင်းတစ်သောင်း ဗုဒ္ဓအလင်းရောင်"

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် နောက်ဆုံး၌ အလေးအနက်ထားလိုက်ကာ သူ၏ရွှေရောင်အလင်းတန်းများအားလုံးကို ပြန်ရုတ်သိမ်းပြီးသူ၏လက်အတွင်း၌ ဗုဒ္ဓသံမဏိသောင်ဝှေးအဖြစ်ပြောင်းလဲလိုက်သည်။

ထိုဗုဒ္ဓသံမဏိတောင်ဝှေးပေါ်တွင် ထူထပ်သိပ်သည်းသောကျမ်းစာများနှင့် ပြည့်နှက်နေပြီး အလွန်အမင်းရှုပ်ထွေးကာ ကိုးယိုးကားယားဆန်သည်။ထိုကျမ်းစာတခုစီတွင် သေးငယ်သောစာလုံးလေးများ ထူထပ်သိမ်းသည်းစွာ ပြည့်နှက်နေကာ သာမန်မျက်လုံးဖြင့်ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်မဟုတ်ချေ။

"သေစမ်း..."

ရွှေအလင်းဗုဒ္ဓဘုရားလောင်းထံမှနေ၍ ကျယ်လောင်သောအော်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ဗုဒ္ဓသံမဏိတောင်ဝှေးထံမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်လာသည်။ဤအရာသည် အလွန်တောက်ပသောရွှေရောင်အလင်းတန်းတတန်းအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီထံသို့ တိုးဝင်၍တိုက်ခိုက်လေ၏။

လုယွီ၏မျက်လုံးများအတွင်း၌ မတူကွဲပြားသောအလင်းတန်းဖြင့် တောက်ပနေသည်။သူသည်လည်း သူ၏လက်ဝါးကိုဆန့်တန်းကာ ရွှေအလင်းဗုဒ္ဓဘုရားလောင်းကို ဖိနှိပ်လိုက်သည်။

ဘုန်း...

ဗုဒ္ဓသံမဏိတောင်ဝှေးသည် အလွန်အမင်းခိုင်ခံ့လေ၏။ထိုအရာသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်ဝါးကို ဖြတ်သန်းကာ သူ့၏နဖူးထံသို့ဦးတည်၍ ပျံသန်းသွားသည်။

ကြည့်ရသည်မှာ ထိုသံမဏိတောင်ဝှေးသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နဖူးကို ထွင်းဖောက်တော့မည်အလားပင်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးနှင့် မီတာအနည်းငယ်ခန့်အကွာမှနေ၍ အနက်ရောင်မီးတောက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ထိုမီးတောက်သည် ဗုဒ္ဓသံမဏိတောင်ဝှေးကို အပြည့်အဝလွှမ်းခြုံသွားလေ၏။

ထိုသံမဏိတောင်ဝှေးထံမှ ဗုဒ္ဓအလင်းရောင်များကို အကန့်အသတ်မရှိသော အမှောင်ထုကြီးကလွှမ်းခြုံသွားကာ အချိန်တခဏအတွင်းမှာပင် မှေးမှိန်သွားခဲ့သည်။

ရှဲ....ရှဲ...

အကန့်အသတ်မရှိသော မီးတောက်များတဖြည်းဖြည်းမြင့်တက်လာကာ ပြင်းထန်စွာလောင်ကျွမ်းနေလေ၏။

မီးတောင်များအကြား၌ရှိနေသော ဗုဒ္ဓသံမဏိတောင်ဝှေး၏မျက်နှာပြင်ပေါ်ရှိ ကျမ်းစာစာလုံးများအားလုံး အရည်ပျော်စပြုလာသည်။ထိုအရာ၏မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အလင်းတန်းများပင်လျှင် ထပ်မံ၍မတည်ရှိတော့ဘဲ မှေးမှိန်သွားတော့သည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုဗုဒ္ဓသံမဏိတောင်ဝှေးသည် လုယွီ၏ရှေ့၌ အရည်ပျော်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ကြီးမားသောလက်ဝါးကြီးက နောက်ဆုံး၌ အောက်သို့ကျဆင်းလာသည်။

ဘုန်း.....

မြေပြင်တစ်ပြင်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ကိုယ်ပွားသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ လက်ဝါးရိုက်ချက်အောက်တွင် ကြေမွှပျက်စီးသွားခဲ့သည်။ထိုအရာသည် ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားလေ၏။

မဟာခန်းမအတွင်း၌ ရွှေအလင်းဗုဒ္ဓဘုရားလောင်းကို ကိုယ်စားပြုသည့် ဗုဒ္ဓရုပ်ထုသည် ချက်ချင်းဆိုသလိုပင်အလယ်မှ ကွဲအက်သွားလေပြီ။

ထိုဗုဒ္ဓရုပ်တု၏ရှေ့ရှိ အမွေးတိုင်အိုးသည်လည်း လွင့်ထွက်သွားကာ အမှုန်အမွှားများက နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။

Chapter 3695

ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ကိုယ်ပွား ပျက်စီးသွားလေပြီ။

ပြင်းထန်သောခေါင်းလောင်းသံများက ရွှေအလင်းဘုရားကျောင်းအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ဤသည်မှာ အလွန်အမင်း အစွမ်းထက်သောရန်သူတစ်ယောက်၏ ရောက်ရှိလာမှုကို အချက်ပေးနေခြင်းပင်။

မဟာခန်းမအနီး၌ မတ်တတ်ရပ်နေသော ဘုန်းတော်ကြီးများသည် ထိုအားလှိုင်း၏သက်ရောက်ခြင်းခံရကာ မြေပြင်ပေါ်သို့လဲကျသွားကြသည်။တချို့ဘုန်းတော်ကြီးများသည် ထိုသက်ရောက်မှုကြောင့်အပြင်းအထန်ဒဏ်ရာရရှိကာ သတိလစ်မေ့မြောသွားလေ၏။

ဗုဒ္ဓဘုရားကျောင်းများ၏ကြီးကျယ်ခမ်းနားသောမြင်ကွင်းသည် ယခုချိန်၌ အပျက်အစီးဘဝသို့ ပြောင်းလဲသွားလေပြီ။ထိုအရာများသည် မီးတောက်များဖြင့် လွမ်းခြုံခြင်းခံရကာ ခြစ်ခြစ်တောက်ပူပြင်းသောမြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပုဟွေ၏မျက်လုံးများ ပြူးကျယ်နေကာ သူ့ရှေ့ရှိ အရာရာတိုင်းကို ကြည့်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး နေရာမှာပင်တောင့်တင်းနေကာ သူသည် ကျိုးပဲ့နေသောကျောက်ပုံတစ်ပုံပေါ်တွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ချေ။

သူသည် ပတ်ဝန်းကျင်ဒေသတဝိုက်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအနက်မှ တစ်ယောက်ဟုယူဆနိုင်သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏ကံကြမ္မာပြိုလဲသွားတော့မည်ဟု ခံစားမိလေ၏။သူ မူလက ဂုဏ်ယူဝံ့ကြွားရသော အရာရာတိုင်းသည် ဆက်လက်၍ တည်ရှိတော့မည့်ပုံမရချေ။

ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် ဗုဒ္ဓကျင့်ကြံသူများ၏ တက်သစ်စကြယ်တစ်ပွင့်ဖြစ်သော်လည်း သူသည် ဗုဒ္ဓလောက၏အမြင့်မားဆုံးစွမ်းအားကို ဆုပ်ကိုင်ထားနိုင်ကာ ဘုန်းတော်ကြီးများအားလုံး၏ အထိမ်းအမှတ်သင်္ကေတပင်။

သို့ရာတွင် ယခုချိန်၌ စွမ်းအားကြီးမားမှုကြောင့်နာမည်ကျော်ကြားသော ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် သူ့ရှေ့ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကြောင့် အမှန်တကယ်ကို ရှုံးနိမ့်သွားခဲ့သည်။

မည်သည့်နည်းဖြင့် သူ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲနေမည်နည်း။

ပုဟွေသည် ရုတ်တရက် သူ့ရှေ့ရှိ ကြီးမားသောမြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီးကို ကြည့်လိုက်၏။ထို့နောက် သူသည်သူ၏ခြေထောက်ကို ရွေ့လျားကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်သည်။

သူသည်လည်း စိတ်ဝိညာဉ်နှစ်ခုကြားမှတိုက်ပွဲတွင် သက်ရောက်ခြင်းခံခဲ့ရလေ၏။ဤအချိန်အခိုက်အတန့်တွင် ပုဟွေ၏ခန္ဓာကိုယ်ပေါ်ရှိ အနီရောင်သင်္ကန်းသည် စုတ်ပြတ်နေလေပြီ။ထိုသင်္ကန်း၏နေရာအနှံ့အပြားတွင် အပေါက်များရှိနေပြီး ကြည့်ရသည်မှာ အလွန်အမင်းဆိုးဝါးနေသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ့အားလှမ်းကြည့်နေသည်ကို သူ မြင်တွေ့မိသည်။

ထိုအကြည့်နှင့်ရင်ဆိုင်ရချိန်တွင် ပုဟွေသည်သူ၏စိတ်နှလုံးသားအတွင်းသို့ အန္တရာယ်အငွေ့အသက်တစ်ခု တိုးဝင်လာသည်ကို ခံစားမိသည်။သူသည် မဟာခန်းမထံသို့ဦးတည်၍ပြေးလိုက်သည်။

သူသည် မဟာခန်းမအတွင်းသို့ ထွက်ပြေးနိုင်သရွေ့ သူ ဘေးကင်းလုံခြုံနိုင်ပေမည်။

ပုဟွေသည် ခြေတစ်လှမ်းသာလှမ်းရသေးချိန်မှာပင် အနက်ရောင်မီးတောက်တစ်ခုက သူ့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။

အား...

ပုဟွေက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူ့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်နှစ်ခုစလုံးကိုတဟုန်းဟုန်းတောက်လောင်နေသော အနက်ရောင်မီး​တောက်များက လွှမ်းခြုံသွားသည်။

သူသည် မည်မျှထိများပြားသော စွမ်းအားများကို အသုံးပြုနေပါစေ ထိုမီးတောင်များ ကြီးထွားလာမှုကို ဟန့်တားနိုင်ခြင်းမရှိချေ။မကြာမီမှာပင် ပုဟွေသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။မီးတောက်များသည် သူ၏စိတ်ဝိညာဉ်ကိုလည်း လောင်ကျွမ်းသွားစေကာအရိပ်အယောင်ကိုပင် ချန်မထားခဲ့ချေ။

လေထုအတွင်း၌ ညှော်နံများပြည့်နှက်သွားခြင်းနှင့်အတူ သူသည် ဤကမ္ဘာလောက၌ တည်ရှိနိုင်ခြင်း မရှိတော့ချေ။

မဟာခန်းမအတွင်း၌ ကြွင်းကျန်သောဘုန်းတော်ကြီးများသည်လည်း ဆောင်းရာသီအတွင်းမှရှိခိုးကောင်များအလား တိတ်ဆိတ်ငြိမ်သက်နေသည်။

အကြွင်းမဲ့ကြောက်ရွံမှု ဆင်းသက်လာချိန်တွင်တစ်စုံတစ်ယောက်၏ သစ္စာစောင့်သိမှုကို စမ်းသပ်နိုင်သည်။ လက်ရှိနေရာတွင်ရှိနေသူများအနက်မှ တချို့ဘုန်းတော်ကြီးများထံတွင် ခိုင်မာသောအကြည့်များ ရှိနေသည်။တခြားဘုန်းတော်ကြီးများတွင်မူ ထိတ်လန့်ကြောက်ရွံမှုအမူအယာများရှိနေကာ ဖရိုဖရဲတိုက်ပွဲ၏အလယ်တွင် ထွက်ပြေးရန်ကြံစည်နေကြသည်။

သို့ရာတွင် လုယွီသည် သူတို့အားလုံးကို အလွတ်ပေးခြင်းမရှိချေ။

မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီး၏မျက်လုံးများအတွင်းမှနေ၍ အနက်ရောင်မီးတောင်များဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါတစ်ခု ထွက်ပေါ်လာသည်။ထိုအရာမှနေ၍ မြင့်မြတ်သောအလင်းရောင်များ ဖြာထွက်လာပေ၏။

မဟာခန်းမအတင်းရှိ ဘုန်းတော်ကြီးများအားလုံးသည် ချက်ချင်းဆိုသလို မီးတောက်များ၏လွှမ်းခြုံခြင်းကိုခံရကာ သူတို့သည်စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

အား.....

ယခင်က တည်ငြိမ်ပြီးငြိမ်းချမ်းသောခန်းမအတွင်းတွင် ယခုချိန်၌စူးရှနာကျင်စွာအော်ဟစ်နေသံများထွက်ပေါ်လာကာ ရပ်တန့်သွားခြင်းမရှိဘဲ မြင့်ချည်နိမ့်ချည်ဖြစ်နေသည်။

အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးသောဗုဒ္ဓဘုန်းတော်ကြီးများသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောကြီး၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိချေ။သူတို့သည်တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြကာ သူတို့၏အလောင်းများပင် ကြွင်းကျန်ရစ်ခဲ့ခြင်းမရှိချေ။

"ငါဒီနေရာကိုရောက်လာပြီ..မင်းအားလုံးအဆင်ပြေသွားမှာပါ"

မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီးသည် သူ၏လက်ကို ဆန့်တန်းကာ ပိုင်ဆုချင်၏စိတ်ဝိညာဉ်ကို ကာကွယ်ပေးလိုခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ပိုင်ဆုချင်၏စိတ်ဝိညာဉ်သည် အလွန်အမင်းအားနည်းနေကာ နက်ရှိုင်းစွာအိပ်မောကျသွားတော့မည့်အလားပင်။

သူမသည် နွေးထွေးမှုတစ်ခု တိုးဝင်လာသည်ကိုခံစားမိလေ၏။သူမ၏မျက်တောင်များ အနည်းငယ်တုန်ရီသွားကာ သူမ၏ခေါင်းကိုမော့၍ မိုးကောင်းကင်ယံအတွင်းရှိ ကြီးမားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ကြည့်လိုက်သည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံတွင် ရက်စက်ကြမ်းကြုတ်သော အမူအအယာမျိုးရှိနေသည်။ဤနတ်ဘုရားသည်မြေအောက်လောကကို ထိန်းချုပ်ရသူဖြစ်သဖြင့် သူ၏ပုံပန်းသွင်ပြင်သည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပေ၏။

သို့ရာတွင် ပိုင်ဆုချင်၏မျက်လုံးအတွင်း၌ ဤပုံရိပ်ယောင်ကြီးသည် အလွန်ရင်းနှီးကျွမ်းဝင်ပြီးနှစ်လိုဖွယ်ကောင်းနေသည်။

"နင်က ဘယ်သူလဲ"

ပိုင်ဆုချင်၏အားပျော့နေသောစိတ်ဝိညာဉ်သည် ကြောင်စီစီဖြင့် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို စူးစိုက်၍ကြည့်လိုက်သည်။

Chapter 3696

သူမသည် ကိစ္စအမြောက်အများကို မေ့လျော့သွားခဲ့သည်။

သူမ မည်သူဖြစ်သည်...မည်သည့်နေရာမှ လာသည်....ထို့နောက် ဤသည်မှာ မည်သည့်နေရာဖြစ်သည်.....

သို့ရာတွင် ပိုင်ဆုချင်သည် ဤမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ကြည့်ရသည်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းကာအေးစက်မှုများနှင့်ပြည့်နှက်နေသည့်တိုင် သူမ၏စိတ်နှလုံးသားအတွင်းမှ စိုးရိမ်ပူပန်မှုများအားလုံး လွင့်ပြယ်သွားသည့်အလား ခံစားမိသည်။

လုယွီသည် ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင် မကြုံစဖူးခါးသည်းမှုမျိုးက သူ့၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။

ဤမိန်းကလေးသည် အလွန်သန်မာအားကောင်းနေ၏။သူမ၏မိဘနှစ်ပါးသည် သူမ ငယ်ရွယ်စဉ်အချိန်ကပင် ထွက်ခွာသွားခဲ့သည်။ပိုင်ဆုချင်သည် ဉာဏ်ကောင်းပြီးသာလွန်ထူးကဲသောအရှိန်အဝါမျိုးရှိသည်ဟု တခြားသူများက ခံစားမိပေမည်။သို့ရာတွင် သူမသည် နောက်ကွယ်၌ ဖိအားများနှင့်နာကျင်မှုများကို ရင်ဆိုင်နေရသည်ကို သူတို့ တွေးထင်ထားမိမည်မဟုတ်ချေ။

"ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ...မင်းအခုအဆင်ပြေသွားပြီ"

မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ပိုင်ဆုချင်၏စိတ်ဝိညာဉ်ကိုသူ၏နောက်ကျော၌ကာကွယ်ကာ သူမကိုကျယ်လောင်သောအသံဖြင့် နှစ်သိမ့်ပေးလေသည်။

သို့ရာတွင် ထိုအချိန်မှာပင် မဟာခန်းမ၏အထက်ရှိ လေထုအတွင်းမှာ တိမ်မည်းများ ရုတ်တရက်ပျက်ပြယ်သွားသည်။

အဖြူရောင်သက်တန့်တစ်စင်းသည် နေမင်းကြီးကို ထွင်းဖောက်လာကာ မိုးနှင့်မြေကို ကပြောင်းကပြန်ဖြစ်သေသော အရှိန်အဝါဖြင့် လူတိုင်း၏ခေါင်းထက်သို့ ဆင်းသက်လာသည်။

ထူထပ်သိပ်သည်းသော တိမ်တိုက်များသည် မဟာခန်းမ၏အထက်၌ ရွေ့လျားလာလေပြီ။

ကြီးမားသောပုံရိပ်ကြီးလေးခုသည် ထိုတိမ်မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။ထိုပုံရိပ်တစ်ခုချင်းစီ၏နောက်တွင် တောက်ပပြီး မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများကလည်း ကောင်းကင်နှင့်မြေပြင်အကြားတွင် ပဲ့တင်ထပ်နေသည်။ဗုဒ္ဓနှင့်ရင်ဆိုင်ရချိန်တွင် ထောင်သောင်းချီသောနတ်ဆိုးများ နောက်ဆုတ်ရသကဲ့သို့ ဗုဒ္ဓ၏အလင်းတန်းအရှိန်အဝါသည်အကန့်အသတ်မရှိချေ။

ဤသည်မှာ ဗုဒ္ဓဘုရားလောင်းများ၏ နတ်ဘုရားစိတ်ဆန္ဒလေးခုပင်။

သူတို့သည် အစောပိုင်းက ရွှေအလင်းဗုဒ္ဓဘုရားလောင်း ထုတ်ဖော်အသုံးပြုခဲ့သော ကိုယ်ပွားပုံရိပ်ယောင်နှင့်ကွဲပြားခြားနားသည်။သူတို့ထံတွင် သူတို့၏ကိုယ်ပိုင် နတ်ဘုရားစိတ်အာရုံရှိကာ လုယွီနှင့်တူညီသောနည်းစနစ်မျိုးကို အသုံးပြုခဲ့သည်ဟု ဆိုနိုင်ပေ၏။ဤသည်မှာခန္ဓာကိုယ်မှစိတ်ဝိညာဥ် ခွဲထွက်လာကာ မိုင်သောင်းနှင့်ချီအကွာ၌ သရုပ်သကန်ထင်ဟပ်စေခြင်းဖြစ်သည်။

သူတို့သည် တစ်ချိန်တည်း ထွက်ပေါ်လာသဖြင့်ယွဲ့ဖူကြယ်နယ်မြေ၏ကောင်းကင်ယံတစ်ခွင်လုံး တုန်ခါသွားသည်။

ထိုက်ချန်တောင်၏အထက်တွင်လွှမ်းခြုံထားသော တိမ်တိုက်များသည် ခြစ်ခြစ်တောက်ပူပြင်းသောအလင်းတန်းများ၏လောင်ကျွမ်းခြင်းကို ခံလိုက်ရပုံရသည်။ထိုတိမ်တိုက်များလောင်ကျွမ်းခံရခြင်းမှတစ်ဆင့် အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုထွက်ပေါ်လာသည်။

"ဗုဒ္ဓက သနားဂရုဏာနဲ့ပြည့်စုံတယ်"

ရွှေအလင်းဘုရားကျောင်းအတွင်းမှ အသက်ရှင်သန်နေသောဘုန်းတော်ကြီးများသည် ရှေ့သို့တိုးကာ လေဟာနယ်အတွင်း၌ရှိနေသော ဗုဒ္ဓဘုရားလောင်းများ၏ ရွှေရောင်ပုံရိပ်ယောင်များကိုကြည့်၍ အရိုအသေပြုလိုက်ကြသည်။

ထိုက်ချန်တောင်၏အောက်ရှိ ယွဲ့ဖူစစ်တပ်သည် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်များအားလုံးထံ၌ပင် ဖြူဖတ်ဖြူရော်မျက်နှာများရှိနေသည်။သူတို့သည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် နေရာမှာပင် ကြက်သေသေနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် တောင်ပေါ်သို့ တိုးဝင်တိုက်ခိုက်ခဲ့ခြင်းမရှိချေ။အကယ်၍ သူတို့သည် မဆင်မခြင်ဖြင့် တောင်ပေါ်သို့တိုးဝင်တိုက်ခိုက်ခဲ့မိပါက ထောင်သောင်းချီသောစစ်သားများသည် မြှုပ်နှံစရာမြေမရှိဘဲသေဆုံးရနိုင်​ချေများသည်။

ဤအချိန်အခိုက်အတန့်တွင် စစ်သားအများစုသည် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ စိတ်ပျက်ညှိုးငယ်မှုကို ခံစားမိလေ၏။

ပြင်ပဂိုဏ်းအင်အားစုအနက်မှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ရွှေအလင်းဘုရားကျောင်းတွင် ဤကဲ့သို့ တုန်လှုပ်ခြောက်ချားဖွယ်ကောင်းသည့်နောက်ခံအင်အားတစ်ခုရှိနေသည်။အုပ်ချုပ်ရေးအဖွဲ့သည် အနာဂတ်တွင် ဤဂိုဏ်းများကိုမည်သို့ဖိနှိပ်နိုင်မည်နည်း။

လေဟာနယ်အတွင်းရှိဗုဒ္ဓဘုရားလောင်းပုံရိပ်ယောင်များသည် ရွှေရောင်အလင်းတန်းများအောက်၌ ရှိနေပေ၏။သူတို့၏ပုံပန်းသွင်ပြင်များသည် ဖြောင့်မတ်မှန်ကန်မှု မြင့်မြတ်မှုတို့ကိုကိုယ်စားပြုကာ သူတို့နှင့်ရန်သူဖြစ်လာသူများသည် နတ်ဆိုးဆန်ပြီး အမှားကျူးလွန်ထားသည့်သူများအလားပင်။

ဗုဒ္ဓဘုရားလောင်းပုံရိပ်ယောင်လေးခု၏ ပုံပန်းသွင်ပြင်များမှာ ကွဲပြားခြားနားသည်။

တယောက်တွင် သိန်းငှက်မျက်နှာ သားရဲခန္ဓာကိုယ်ရှိပြီး တစ်ယောက်သည် လူထွားကြီးတယောက်ဖြစ်သည်။တယောက်တွင်မူ ဆင်တစ်ကောင်နှင့်တူသည့် ပုံပန်းသွင်ပြင်မျိုးရှိကာနောက်ဆုံးတစ်ယောက်တွင် ထောင်နှင့်ချီသောလက်များနှင့်မျက်လုံးလေးလုံးရှိသည်။သူတို့သည် ကွဲပြားခြားနားသောပုံပန်းသွင်ပြင်များရှိသော်လည်း သူတို့အားလုံးထံတွင်မြင့်မြတ်သောစွမ်းအားများရှိနေသည်။

သူတို့၏လက်စည်းတံဆိပ်များသည်လည်း ကွဲပြားခြားနားပေ၏။တစ်ယောက်သည်လက်သီးဆုပ်ထားကာ နောက်တစ်ယောက်သည်ကျမ်းစာရွတ်ဆိုနေသည်။ကျန်တယောက်ကမှုလက်အတွင်း၌ ကျောက်စိမ်းပုလင်းတစ်လုံးကိုကိုင်ထားသည်။ထိုကျောက်စိမ်းပုလင်းအတွင်း၌ အစိမ်းရောင်ပန်းပွင့်တစ်ပွင့်ကို ထိုးစိုက်ထားကာ မျက်နှာပြင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်အမင်းထူးခြားပေ၏။နောက်ဆုံးကျန်သော ဗုဒ္ဓဘုရားလောင်းပုံရိပ်ယောင်သည် သူ၏လက်အတွင်း၌ဓားရှည်ကိုကိုင်ထားကာ ဓားစိတ်ဆန္ဒများက လေထုအတွင်း၌ပြည့်နှက်နေသည်။သူ့ထံတွင်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့်လည်းပြည်နှက်နေလေ၏။

ဗုဒ္ဓဘုရားလောင်း ဘိုဟီ...

ဗုဒ္ဓဘုရားလောင်း ဗာဂျရာ....

ဗုဒ္ဓဘုရားလောင်း အကန့်အသတ်မဲ့....

ဗုဒ္ဓဘုရားလောင်း လေဟာနယ်ပုန်းအောင်းသူ.....

ဗုဒ္ဓဘုရားလောင်းလေးယောက်၏ပုံရိပ်ယောင်များထံမှနေ၍ စကားသံများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။သူတို့၏အသံများသည်မိုးကောင်းကင်ယံပြိုကျလာလုမတတ်အလွန်အမင်းကျယ်လောင်သည်။

ဗုဒ္ဓ၏မြင့်မြတ်သောစိတ်ဆန္ဒသည် သေမျိုးလောကအတွင်းရှိ သက်ရှိများအားလုံးကို ပုရွက်ဆိတ်များကဲ့သို့သာ မှတ်ယူထားကာ သူတို့အားလုံးကို အထင်အမြင်သေးပြီး မိုးကောင်းကင်၏အောက်၌ ပြိုင်ဘက်ကင်းဖြစ်သည်။

Chapter 3697

ဗုဒ္ဓဘုရားလောင်းလေးယောက်၏စိတ်ဝိညာဥ်များ တစ်ပြိုင်နက်တည်း ဆင်းသက်လာခဲ့သည်။

မိုးကောင်းကင်ယံကြီးသည် နှစ်ခြမ်းကွဲထွက်သွားသည့်အလားပင်။ဗုဒ္ဓဘုရားလောင်းများ ရှိနေသောနေရာတွင် အလင်းတန်းများတောက်ပနေကာ မရေမတွက်နိုင်သောဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။

မြေအောက်လောကနတ်ဘုရား ပုံရိပ်ယောင်ကြီးရှိသောနေရာတွင်မူ အနက်ရောင်တိမ်တိုက်များလွှမ်းခြုံနေသည်။ထိုအနက်ရောင်တိမ်တိုက်များသည် ငရဲမှနေ၍ သေမျိုးလောကသို့ရောက်ရှိလာကာ ဖိနှိပ်နေသည့်အလားပင်။

ဤနေရာသည် ဗုဒ္ဓေဘုရားလောင်းပုံရိပ်ယောင်များမတ်တပ်ရပ်နေသောနေရာဖြင့် လုံလုံလျားလျားဆန့်ကျင်ဘက် ဖြစ်နေသည်။

တစ်ဖက်ခြမ်းသည် ဗုဒ္ဓဖြစ်နေစဉ်တွင် ကျန်တစ်ဖက်ခြမ်းသည်နတ်ဆိုးပင်။

အထက်မိုးကောင်းကင်ရှိမိုးကုတ်စက်ဝိုင်းသည် မတူကွဲပြားသောအင်အားစုနှစ်စုကြောင့် နှစ်ခြမ်းကွဲနေခဲ့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ထိုက်ချန်တောင်ကိုဝိုင်းရံထားသောစစ်သားများဖြစ်စေ စုံစမ်းစစ်ဆေးရန်အတွက် အလျင်စလိုပြေးလာသော တခြားဂိုဏ်းအင်အားစုများမှာလူများဖြစ်စေ သူတို့၏အသက်ရှူနှုန်းများကိုထိန်းသိမ်း၍သူ တို့ရှေ့ရှိမြင်ကွင်းကို ကြည့်နေကြသည်။

ဗုဒ္ဓဘုရားလောင်းလေးပါးသည် ကျမ်းစာရွတ်ဆိုခြင်းပြီးဆုံးသွားသည့်နောက် သူတို့သည်လေဟာနယ်အတွင်း၌ မတ်တက်ရပ်နေကြသည်။ထိုနေရာတွင် မည်သည့်လှုပ်ရှားမှုမျိုးမျှ မရှိသော်လည်း သူတို့၏မျက်လုံးများ အတွေ့အကြုံရင့်ကျက်သောအမူအယာမျိုးထင်ဟပ်နေသည်မှာ ဤလောကကြီးအတွင်း၌ သူတို့အား စိတ်လှုပ်ရှားစေသော မည်သည့်အရာမျှမရှိသည့်အလားပင်။

"ဒီနေ့ ငါ ဒီနေရာမှာရှိနေမှတော့....သူ့ကိုဘယ်သူမှထိလို့မရဘူး"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"သူက ငါတို့ရဲ့ဗုဒ္ဓအရှင် လိုအပ်တဲ့သူပဲ....ငါတို့ရဲ့ဗုဒ္ဓက သနားဂရုဏာနဲ့ပြည့်စုံတယ်...သူ့ကို ငါတို့ဗုဒ္ဓလောကထဲကိုဝင်ရောက်ခွင့်ပြုပြီးတော့ သေမျိုးအဆင့်ကနေတက်လှမ်းပြီး သုခဘုံကိုရောက်စေနိုင်တယ်...သူက အကန့်အသတ်မရှိတဲ့ ဒုက္ခဆင်းရဲတွေကနေလည်း ကင်းဝေးနိုင်လိမ့်မယ်...ဒါက ငါတို့ရဲ့ဗုဒ္ဓအရှင်က သူ့အပေါ်ချီးမြင့်တဲ့ အမြင့်မားဆုံးဂုဏ်ကျက်သရေပဲ...မင်းက ဘာအခွင့်အာဏာမှာမရှိဘဲ ဝင်ရောက်တားဆီးခဲ့တယ်....ဒါကသူ့ကိုထိခိုက်နာကျင်အောင်လုပ်တာပဲ"

ဗုဒ္ဓဘုရားလောင်းတယောက်က အရင်ဆုံးစကားပြောဆိုသည်။သူ၏အသံသည် မိုးခြိမ်းသံသမျှကျယ်လောင်ကာ စိတ်ခံစားချက်အရိပ်အယောင်အနည်းငယ်မျှမရှိချေ။သူသည် ဆင်ခြေများစွာပေးရန် မလိုအပ်ချေ။သူက ပိုင်ဆုချင်သည် သူတို့၏ဗုဒ္ဓလိုအပ်နေသောလူဟုသာ ပြောဆိုခဲ့သည်။

လုယွီက ပြောဆိုသည်။

"ဒါက မင်းတို့ရဲ့ဗုဒ္ဓ လိုအပ်တဲ့ဘယ်အရာကိုမဆို အတင်းအကြပ်လုယူလို့ရတယ်ဆိုတဲ့ သဘောမျိုး ရောက်သွားပြီမဟုတ်လား....မင်းတို့ကတခြားသူတွေရဲ့အသက်တွေကို ဘာအခွင့်အာဏာမှမရှိဘဲ ယူနေတယ်...ဒါတောင်မှ သူက သနားကရုဏာနဲ့ပြည့်စုံတယ်လို့ ဆက်ပြောနေသေးတယ်...ဒါပေမယ့် သူက လူတွေကိုသတ်ပြီးတော့ သူတို့ရဲ့ကံကြမ္မာကောင်းတွေကိုခိုးယူတယ်..မင်းတို့ကျင့်ကြံတဲ့ ဗုဒ္ဓလမ်းစဥ်ကဘယ်လိုမျိုးလဲ"

"ဗုဒ္ဓဖြစ်အောင် ကျင့်ကြံတာက အကန့်အသတ်မရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို ယူဆောင်လာပေးနိုင်တယ်....ဒါကကံကြမ္မာကောင်းကြီးပဲ....မင်းရဲ့စကားတွေက ဘယ်လောက်ပဲလိမ္မာပါးနပ်နေပါစေ...ငါတို့က ဒီနေ့ သူ့ကို ခေါ်သွားရမယ်"

တခြားဗုဒ္ဓဘုရားလောင်းတယောက်ကလည်း အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုလေ၏။

အကြွင်းမဲ့စွမ်းအားနှင့်ရင်ဆိုင်ရချိန်တွင် အမှားအမှန်သည်အရေးမပါဘဲ ခွန်အားသည်သာအဓိကပင်။

"ဒါကအမှန်ပဲ...ငါကလည်း မင်းတို့နဲ့စကားပြောရမှာကို အရမ်းပျင်းတယ်"

လုယွီသည် ဓမ္မပုံရိပ်ယောင်ကြီးကိုထိန်းချုပ်ကာခြေတစ်လှမ်းရှေ့တိုးလိုက်၏။သူ၏လက်ချောင်းများသည် လေထုအတွင်း၌မျောလွင့်နေကာ မြောက်များစွာသောနက်နဲသိမ်မွေ့သည့်မှော်သင်္ကေတများလေဟာနယ်အတွင်း၌ဖွဲ့စည်းလာသည်။

မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီးသည် အကန့်အသတ်မရှိသောစွမ်းအားကိုသယ်ဆောင်ကာ လက်သီးတချက်ထိုးနှက်ပြီးသိမ်းငှက်မျက်နှာဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားစေသည်။

ထိုဗုဒ္ဓဘုရားလောင်းသည် သူ၏နှုတ်မှနေ၍ ကျမ်းစာများကို ရေရွတ်လိုက်ကာ သူ့၏လက်အတွင်း၌ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပသွားသည်။သူသည်လက်သီးကို တင်းတင်းကြပ်ကြပ်ကာ လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းပြီး မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးထံသို့ ဦးတည်၍တိုးဝင်လိုက်သည်။

ဘုန်း....

ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏လက်သီးချက်ကြောင့် သိမ်းငှက်မျက်နှာဗုဒ္ဓဘုရားလောင်းသည် အဝေးသို့လွင့်ထွက်သွားခဲ့သည်။သူသည် မီတာဆယ်နှင့်ချီ ဝေးကွာသောနေရာသို့ ရောက်ရှိသွားခဲ့ပေ၏။

လုယွီသည် လက်သီးတချက်ဖြ င့်အနိုင်ရရှိခဲ့သော်လည်း သူသည်ရပ်တန့်ခြင်းမရှိချေ။သူလှမ်းလိုက်သည့်ခြေလှမ်းတိုင်း နတ်ဘုရားအမှတ်အသားများထွက်ပေါ်လာသည်။တချိန်တည်းမှာပင် သူသည်လက်သီးကို အဆက်မပြတ်ထိုးနှက်ကာသိမ်းငှက်မျက်နှာဗုဒ္ဓဘုရားလောင်းကိုသတ်ဖြတ်လိုပုံရသည်။

"ဗုဒ္ဓရဲ့လမ်းကြောင်းကို ဟန့်တားနှောက်ယှက်တဲ့ဘယ်သူမဆို နတ်ဆိုးပဲ"

တခြားဗုဒ္ဓဘုရားလောင်းသုံးယောက်တို့သည်် တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြ၏။ဗုဒ္ဓဘုရားလောင်းတယောက်စီ၏ ခွန်အားသည်အလွန်အမင်းအစွမ်းထက်သည်။

သူတို့သည် ကိုယ်ပွားပုံရိပ်ယောင်များနှင့် ကွဲပြားခြားနားသည်မှာ သူတို့ထံတွင် စိတ်ဝိညာဥ်ငွေရောင်ကြိုးမျှင်ကို ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။ထို့ကြောင့်သူတို့ထုတ်လွှတ်လိုက်သော စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပြီး အစွမ်းထက်နေသည်။

လုယွီသည် အလွန်အမင်းဒေါသထွက်သွားလေ၏။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏မျက်လုံးများအတွင်း၌ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာသည်။သူထိုးနှက်လိုက်သည့် လက်သီးတစ်ချက်စီတိုင်းတွင် မီးတောက်များက မြေပြင်ပေါ်၌ ပြန့်ကြဲသွားကာ ​အရာရာတိုင်းကိုပြာများဖြစ်သည်အထိ လောင်ကျွမ်းသွားစေသည်။

သူ ထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် သာမန်ထက်အစွမ်းထက်သော်လည်း သူသည်ဗုဒ္ဓဘုရားလောင်းလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရွေးချယ်စရာမရှိတော့ချေ။

အကယ်၍ အတိတ်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသာဆိုပါက ထိုဗုဒ္ဓဘုရားလောင်းများသည် ထည့်တွက်ရန်ပင်မထိုက်တန်ချေ။

သို့ရာတွင်အဆုံးသတ်၌ လုယွီသည်သူ၏အတိတ်ဘဝမှ အထွတ်အထိပ်အခြေအနေမျိုးသို့ ပြန်လည်မရောက်ရှိသေးချေ။သူ၏မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်ဖြင့် စိတ်ဝိညာဉ်ကို မိုင်တစ်သောင်းအကွာတွင်ထွက်ပေါ်စေခြင်းနည်းစနစ်ကို အတင်းအကြပ်အသုံးပြုခဲ့ခြင်းကပင် သူ ဖမ်းဆုပ်နိုင်သောအကန့်အသတ်သို့ရောက်ရှိနေလေပြီ။

All Chapters