အခန်း (၃၇၀၂-၃၇၀၅)
Vol. 188 Ch. 3702-3705
Chapter 3702
မြောက်များစွာသောနတ်ဘုရားအလင်းတန်းများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ထွက်ပေါ်လာကာ တောက်ပလင်းလက်နေသည်။
မကြာမီမှာပင် နတ်ဘုရားသွေးစက်များမှာထုတ်လွှတ်နေသော အလင်းတန်းများအားလုံးကို လုယွီမှ ဝါးမျိုပြီးလေပြီ။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေသည်။ရုတ်တရက် လုယွီ၏လက်အတွင်းမှ မီတာထောင်သောင်းချီ၍ရှည်လျားသော အလင်းတန်းကြီးတစ်တန်းပွင့်အံ့ထွက်လာသည်။ပတ်ဝန်းကျင်ရှိ ကြယ်တာရာကောင်းကင်သည် အဆက်မပြတ်တုန်ခါနေကကာ ဖရိုဖရဲဖြစ်မှုစတင်တော့မည်အလားပင်။အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တစုံတစ်ခုသည် ရုတ်တရက်နိုးထလာကာ သူ၏အကန့်အသက်မဲ့သော စွမ်းအားကို ထုတ်ဖော်ပြနေသည့်အလားပင်။
လုယွီ၏ရှည်လျားသောဆံပင်ဖြူများသည် လေထုအတွင်း၌ လူးလွန့်နေသည်။
သူ၏အဝတ်အစားများသည် လေတိုက်ခတ်ခြင်းနှင့်အတူ လူးလွန့်နေကာ သူ့၏မျက်လုံးများကိုတောက်ပသောအနီရောင်အလင်းတန်းများက အပြည့်အဝလွမ်းခြုံထားပေ၏။
ဤခွန်အားလှိုင်းကြောင့် လန်ဝူရှင်း လွင့်ထွက်သွားသည်။သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လုံး အမူအယာတစ်ရပ်ထွက်ပေါ်လာသည်။
"ဘာတွေ ဖြစ်နေတာလဲ
သူ့ရှေ့ရှိ လုယွီသည် အလွန်အမင်းရင်းနှီးကျွမ်းဝင်မှုမရှိသကဲ့သို့ သူခံစားမိလေ၏။
အတိတ်တွင် လုယွီ၏ခွန်အားသည် သူ့အားဖိနှိပ်နိုင်သော်လည်း လန်ဝူရှင်းသည်လုယွီ၏အကန့်အသတ်ကို အာရုံခံမိနေဆဲပင်။
သို့ရာတွင် ယခုချိန်၌ လုယွီသည် နတ်ဘုရားသွေးစက်များအားလုံးကို ဝါးမြိုပြီးနောက် သူထုတ်ဖော်အသုံးပြုလိုက်သောခွန်အားသည် မှန်းဆ၍မရနိုင်တော့ချေ။
လန်ဝူရှင်းသည် သူ ထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ ခံစားမိသည်။သူသည် မျက်မြင်ကိုယ်တွေ့ကြုံနေရသည့်တိုင် ဤသည်မှာ လုယွီမဟုတ်ဘဲ နှစ်ပေါင်းများစွာ အိပ်မောကျနေသော မွန်းစတားအိုကြီးတစ်ကောင် နိုးထလာသည်ဟု တွေးထင်မိသည်။
'လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ဒီလောက် အများကြီးပြောင်းလဲသွားနိုင်မှာလဲ...သူ့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ'
အကယ်၍ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုသည့်တိုင် အလွန်မြင့်မားစွာတိုးတက်သွားရန်မှာ မဖြစ်နိုင်ချေ။
သူ့ရှေ့ရှိ လုယွီသည် အကန့်အသတ်မရှိသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်ဟု လန်ဝူရှင်းက ခံစားမိသည်။လုယွီသည် မောက်မာဝံ့ကြွားပြီး သွေးဆာကာသူ၏လက်အတွင်း၌ သက်ရှိမည်မျှထိများများသေဆုံးခဲ့ရသည်ကို မသိရှိနိုင်ပေ။ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုးကို လန်ဝူရှင်းသည် ယခင်က မည်သည့်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ထံတွင်မဆို မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ရင်းနှီးကျွမ်းဝင်သောစွမ်းအားတစ်ရပ်က လုရီ၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
လုယွီသည် အတိတ်ဘဝက သူပိုင်ဆိုင်ခဲ့သောစွမ်းအားကို တဖန်ပြန်၍ဖမ်းဆုပ်နိုင်ခဲ့သည်။ဤသည်မှာ အတိတ်ဘဝမှ သူ့စွမ်းအား၏တစ်ဆယ်ခိုင်နှုန်းသာဖြစ်သော်လည်း လုံလောက်ပေ၏။
သူသည် မြေအောက်လောကတာအိုသခင်ပင်။
အတိတ်တွင် သူသည် ဤလောကကြီးအတွင်း၌ အစွမ်းထက်ဆုံးတာအိုသခင်ဖြစ်ခဲ့သည်။
လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ထူးဆန်းသောပုံရိပ်များသည် သူ၏နံဘေးပတ်လည်၌ အဆက်မပြတ်ထွက်ပေါ်လာကာ သူတို့ဘုရင်၏ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုနေသည့်အလားပင်။
လုယွီသည် သူ၏လက်ကိုမြှောက်ကာ သူ့ရှေ့ရှိလေဟာနယ်ကိုဦးတည်၍ လက်ညှိုးညွှန်လိုက်၏။ဤသည်မှာ သူ့ရှေ့ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များကို ထွက်ပေါ်လာစေသည်။
ထို့နောက်မှနေ၍ သူ၏လက်ကို ညင်သာစွာဝှေ့ယမ်းလိုက်၏။
လုယွီ၏ရှေ့ရှိ လေဟာနယ်သည် ချက်ချင်းဆိုသလို ကွဲထွက်သွားကာ လေဟာနယ်အက်ကွဲကြောင်းကြီးတခု ထွက်ပေါ်လာသည်။
ထိုလေဟာနယ်အက်ကွဲကြောင်း၏နောက်တွင် တောက်ပသော ဗုဒ္ဓအလင်းရောင်များရှိနေသည်။အံ့အားသင့်ဖွယ်ကောင်းပင် ဤသည်မှာ ထိုက်ချန်တောင် ဖြစ်နေလေ၏။
လုယွီသည် ထိုလေဟာနယ်အက်ကွဲကြောင်းကိုဖြတ်သန်း၍ ထိုက်ချန်တောင်သို့ ရောက်ရှိသွားလေပြီ။
"လေဟာနယ်ရွှေ့ပြောင်းခြင်းလား...မဟုတ်ဘူး...ဒါက လေဟာနယ်ကူးပြောင်းခြင်းပဲ...ဒီနည်းလမ်းက အဆင့်မြင့်နယ်မြေသခင် ဒါမှမဟုတ် ခြေလှမ်းတဝက် တာအိုသခင်တွေပဲ အသုံးပြုနိုင်တဲ့အရာ မဟုတ်လား"
လန်ဝူရှင်းသည် ညည်းတွားကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သူသည် သူ့ရှေ့ရှိ ကြီးမားသောလေဟာနယ်အက်ကွဲကြောင်းကြီးကို စူးစိုက်ကြည့်ကာ တစ်ချိန်က သူ၏ဂုဏ်ယူဝံ့ကြွားမှုများအားလုံး ကြေမွှပျက်စီးသွားသကဲ့သို့ ခံစားရသည်။
လန်ဝူရှင်းသည် လူငယ်မျိုးဆက်သစ်များအကြား၌ ပါရမီရှင်တစ်ယောက်ကိုယူဆနိုင်သော်လည်း လုယွီ၏ရှေ့တွင် သူသည် အသေးအမွှားဖြစ်သွားလေပြီ။
"မွန်းစတား...ဒါက မွန်းစတားတစ်ကောင်ပဲ"
လန်ဝုရှင်းသည် သူ၏ခေါင်းကို ခါရမ်းကာ လုယွီ၏နောက်မှနေ၍ အလျှင်အမြန် လိုက်သွားလိုက်သည်။
ထိုက်ချန်တောင်၏အထက်၌...
အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းတန်းများလင်းလက်တောက်ပနေသည်။
ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် ပိုင်ဆုချင်၏စိတ်ဝိညာဥ်ကိုချုပ်နှောင်ကာ သူမကိုဗုဒ္ဓလောကအတွင်းသို့ခေါ်ဆောင်ရန် ဟန်ပြင်လိုက်သည်။
ဗုဒ္ဓဂိုဏ်းသည် အမြဲတစေ သိုသိပ်စွာနေထိုင်ခဲ့သည်။ဂိုဏ်းအတွင်း၌အစွမ်းထက်ကျင့်ကြံသူအမြောက်အများ ရှိနေသော်လည်း လူသူအများ၏မြင်ကွင်းရှေ့သို့ တစ်ကြိမ်တစ်ခါမျှထွက်ပေါ်လာခဲ့ခြင်းမရှိချေ။ယခုချိန်၌ ဗုဒ္ဓဘုရားလောင်းငါးယောက် တပြိုင်နက်တည်းထွက်ပေါ်လာသဖြင့် ဗုဒ္ဓလောက၏ဝှက်ဖဲတချို့ကို ထုတ်ဖော်ပြသပြီးဖြစ်သည်။
သို့ရာတွင် ပိုင်ဆုချင်ကိုဖမ်းဆီးနိုင်ကာ စကားလုံးကိုးလုံးမှော်မန္တန်၏လျှို့ဝှက်ချက်ကိုရရှိသည်နှင့် အရာအားလုံးထိုက်တန်ပေသည်။
သို့ရာတွင် ရုတ်ချင်းဆိုသလိုပင် ထိုက်ချန်တောင်ကိုလွှမ်းခြုံထားသော ဗုဒ္ဓအလင်းတန်းများသည် တစ်စုံတစ်ခု၏ဖုံးကွယ်ခြင်းကိုခံလိုက်ရပုံရကာ အလွန်အမင်းမှေးမှိန်သွားသည်။
ကြည်လင်သောမိုးကောင်းကင်ယံအတွင်း၌ အပြောင်းအလဲတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ အမှောင်ထုကြီးက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို အပြည့်အဝလွှမ်းခြုံသွားတော့သည်။
Chapter 3703
ဤသည်မှာ ညအချိန်သို့ရောက်ရှိသွားသည်အလားပင်။
ဗုဒ္ဓအလင်းတန်များသည် ရှုံးနိမ့်သွားသော ပုရွက်ဆိတ်တစ်ကောင်အလား နောက်သို့အလျှင်အမြန်ဆုတ်ခွာသွားလေ၏။
ထိုက်ချန်တောင်၏နံဘေးပတ်လည်၌ အလင်းတန်းတတန်းကိုမျှ မြင်တွေ့ရခြင်းမရှိတော့ချေ။ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပိန်းပိတ်သည်အထိ မှောင်မည်းသော အမှောင်ထုကြီးကသာ လွှမ်းခြုံထားသည်။
ထိုက်ချန်တောင်၏အထက်ရှိ မိုးကောင်းကင်ယံအတွင်း၌ မတ်တပ်ရပ်နေသော ဗုဒ္ဓဘုရားလောင်းငါးယောက်၏စိတ်ဝိညာဥ်များမှတဖျတ်ဖျက်အလင်းရောင်အနည်းငယ်တောက်ပနေခြင်းမှလွဲ၍ ပတ်ဝန်းကျင်တွင် တခြားအလင်းရောင် တစိုးတစ်စိမျှမရှိတော့ချေ။
"အဆုံးမဲ့ညအမှောင် ဆင်းသက်ခြင်း...ဒါက လောကကြီးပျက်စီးရတော့မယ် အတိတ်နမိတ်ပဲ"
"ငါတို့ဗုဒ္ဓရဲ့ ရွှေရောင်အလင်းရောင်တွေတောင်ဖုံးကွယ်ခြင်းခံလိုက်ရပြီ....ဖြစ်နိုင်တာတော့တခြားနတ်ဆိုးတကောင် ထွက်ပေါ်လာတာများလား"
ရွှေအလင်းဘုရားကျောင်းအတွင်းရှိ ဘုန်းတော်ကြီးများသည် ထိတ်လန့်တကြားဖြစ်နေကာပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ကြသည်။
မိုးကောင်းကင်ယံအတွင်း၌ လုယွီ၏ပုံရိပ်ထွက်ပေါ်လာသည်။ဤအချိန်တွင် သူသည် စိတ်ဝိညာဥ်ပုံစံဖြင့်မဟုတ်ဘဲ သူ့၏အစစ်အမှန်ခန္ဓာကိုယ်ဖြင့်ပင်။
ပြင်းထန်သောလေအေးများ ရုတ်တရက်တိုက်ခတ်သွားသည်။လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများသည် လေနှင့်အတူ လူးလွန့်နေကာ သူသည် မိုးကောင်းကင်ယံအတွင်း၌ အစစ်အမှန်နတ်ဘုရားတစ်ပါးအလားပင်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို အမှောင်တုကြီးက လွှမ်းခြုံထားသော်လည်း လက်ရှိနေရာတွင်ရှိနေသူတိုင်းသည် ကျင့်ကြံသူများဖြစ်သည်။သူတို့၏မျက်လုံးအကြည့်များသည် အမှောင်ထုအတွင်း၌ လုယွီရှိနေသည်ကို တွေ့မြင်နိုင်ဆဲပင်။
လုယွီ၏ထွက်ပေါ်လာမှုကြောင့် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများ ပြောင်းလဲသွားပုံရသည်။ဗုဒ္ဓဘုရားလောင်းငါးယောက်မှအရှိန်အဝါများသည် မြင့်မြတ်သောဗုဒ္ဓစွမ်းအား၏ထောက်ပံ့မှုကို ရရှိထားသည့်တိုင်လုယွီ၏ထွက်ပေါ်လာမှုနှင့်အတူ ပျက်ပြယ်သွားခဲ့သည်။
"ဘယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရောက်လာတာလဲဆိုတာကို....ငါ သိခွင့်ရမလား"
ဗုဒ္ဓဘုရားလောင်းအကန့်အသက်မဲ့၏မျက်လုံးအတွင်းမှ အလင်းရောင်တန်းများထွက်ပေါ်လာကာ သူက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့်ပြောဆိုသည်။
သူတို့ထံတွင် ရွေးချယ်စရာမရှိတော့သော်လည်းသတိကြီးစွာထားရပေမည်။လုယွီ၏အရှိန်အဝါသည် အလွန်သန်မာအားကောင်းပေ၏။သူတို့သည် ဗုဒ္ဓဘုရားလောင်းအဆင့်ထိရောက်အောင်ကျင့်ကြံပြီးသည့်တိုင် လုယွီထံမှနေ၍ ကြီးမားသောဖိအားအရှိန်အဝါကို ခံစားမိသည်။
"မင်းတို့ကို သတ်မယ့်လူဘဲ"
ရုန့်ရင်းကြမ်းတမ်းသော အသံကြီးတစ်သံကမိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လုယွီ၏စကားလုံးများသည် မည်သူမျှမေးခွန်းမထုတ်နိုင်သော မိုးကောင်းကင်ဥပဒေသတစ်ရပ်နှင့်တူညီသည်။
ဤသည်မှာ သာမန်မှော်မန္တန်မျိုးမဟုတ်တော့ချေ။ထိုအရာသည် မိုးကောင်းကင်တာအိုအပေါ်တိုက်ရိုက် သက်ရောက်မှုရှိသည်။ယွဲ့ဖူကြယ်နယ်မြေတစ်ခုလုံး၏မိုးကောင်းကင်တာအိုသည် လုယွီ၏အမိန့်ကို နာခံရပေမည်။
တာအိုသခင်များသည် မဟာတာအိုမှဘုရင်များဖြစ်ကာ သူတို့သည် မဟာတာအို၏ကံကြမ္မာဥပဒေသနှင့် အလွန်အမင်းများပြားသောဥပဒေသစည်းမျဉ်းများကို ဆုပ်ကိုင်ထားနိုင်သည်။
ဤကဲ့သို့နည်းလမ်းမျိုးနှင့်ရဲတင်းမှုမျိုးကို တာအိုသခင်တစ်ယောက်ကသာ ပြုလုပ်နိုင်ပေ၏
ဗုဒ္ဓဘုရားလောင်းငါးယောက်သည် နေရာမှာပင်တစ်ချိန်တည်းကြက်သေသေသွားသည်။သူတို့၏စွမ်းအားများသည် သာလွန်ထူးကဲသော်လည်း ဤကဲ့သို့အစွမ်းထက်သောထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ရန်စစော်ကားမိမည်ဟု သူတို့ မျှော်လင့်ထားမိခြင်းမရှိချေ။
"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ....ဒီနေရာကိုမင်းတစ်ယောက်တည်းလာတာက သေလမ်းလာရှာတာနဲ့ ဘာမှမကွဲပြားဘူး"
ရွှေအလင်းဗုဒ္ဓဘုရားလောင်းထံတွင်သွေးဆူလွယ်သောသော စရိုက်သဘာဝရှိသည်။ရုတ်တရက် သူသည် လှောင်ပြောင်သရော်လိုက်ကာ သူ၏အသံသည် မိုးခြိမ်းသံတစ်သံကဲ့သို့ ကျယ်လောင်သည်။
သူသည် ရုတ်တရက် သူ၏လက်ဝါးကိုမြှောက်လိုက်ရာ ရာနှင့်ချီသော နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးများ လေထုအတွင်း၌ထွက်ပေါ်လာသည်။မြောက်များစွာသော ဗုဒ္ဓလျှို့ဝှက်မှော်မန္တန်များကို သူ၏ပါးစပ်မှရွတ်ဆိုလိုက်၏။နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးများသည် အလင်းတန်းများအသွင် ပြောင်းလဲကာမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
ထိုမှော်မန္တန်အားရွတ်ဆိုလိုက်ချိန်တွင် အရှိန်အဝါသည် အလွန်အမင်းကြီးမားပေ၏။ နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးများနောက်မှနေ၍ ရွှေရောင်ဗုဒ္ဓကျမ်းစာများ ထွက်ပေါ်လာသည်။ ဤမှော်မန္တန်နှင့်အတူ ထောင်သောင်းချီသောကျမ်းစာစာလုံးများ တစ်ဟုန်ထိုးထွက်ပေါ်လာသည်။
သူသည် ကိုယ်ပွားပုံရိပ်ယောင်ပုံစံသက်သက်မဟုတ်တော့ဘဲ အစစ်အမှန်စိတ်ဝိညာဉ်အပိုင်းအစတစ်ခုပင်။
ယခု သူ အသုံးပြုလိုက်သော မှော်မန္တန်သည် သူ၏အစစ်အမှန်ခန္ဓာကိုယ်မှစွမ်းအားမျိုးရှိကာလောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်စွမ်းရှိသည်။
မြောက်များစွာသော ဗုဒ္ဓအလင်းတန်းများသည် လုယွီကိုတိုက်ခိုက်ရန်အတွက် ချဉ်းကပ်လာလေပြီ။
သို့ရာတွင်လုယွီသည် သူ၏လက်ကိုမြှောက်ရုံမျှသာပြုလုပ်ပြီး သူ့ရှေ့ရှိ ရွှေရောင်အလင်းတန်းများကို အောက်သို့ဖိနှိပ်လိုက်၏။
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသည့် နတ်ဆိုးဖိနှိပ်ခြင်းတောင်ဝှေးများအားလုံးလေထု၏အလယ်၌ ကြေမွှပျက်စီးသွားသည်။
ထို့နောက်ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည်ချက်ချင်းဆိုသလိုပင် ပုံပျက်သွားလေ၏။အားလှိုင်းတရပ်ကရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ကိုဝိုင်းရံသွားကာ သူ့အားသတ်ဖြတ်လိုသည့်အလားပင်။
"ဗုဒ္ဓရဲ့လျှို့ဝှက်နည်းစနစ်...မဖျက်ဆီးနိုင်သောစိန်ခန္ဓာကိုယ်"
ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ ဒေါသတကြီးအော်သံနှင့်အတူ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မရေမတွက်နိုင်သော ရွှေရောင်သင်္ကေတများ မျောလွင့်လာသည်။ထိုအရာများသည် သူ့အား လုံလုံလျားလျားရစ်ပတ်၍ ကာကွယ်ထားလေ၏။
Chapter 3704
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်ကြီးက လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။
ထိုပုံရိပ်ယောင်ကြီးသည် ယခင်ကဲ့သို့ ရုန့်ရင်းကြမ်းတမ်းခြင်း မရှိတော့ချေ။သူ၏မျက်လုံးများအတွင်းတွင် လေးနက်သောအရိပ်အယောင်များရှိနေပြီး လောကကြီးအတွင်းရှိ အရာရာတိုင်းကို အထင်အမြင်သေးသည့်အလားပင်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်တွင် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏မျက်လုံးများ တောက်ပသွားသည်။သူသည် တစ်စုံတစ်ခုကိုနားလည်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
"အား...ဒါကမင်းဘဲ"
ဗုဒ္ဓလောကသည် အချိန်အတော်ကြာ ချိတ်ပိတ်ခံခဲ့ရလေ၏။သူတို့သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏သက်တမ်းတစ်လျှောက် လုံး ချိတ်ပိတ်ထားခြင်းခံခဲ့ရသည်။
လုယွီကမူ သူ၏အတိတ်ဘဝတွင် သူသည်တက်သစ်စကြယ်တစ်ပွင့်ပင်။ထိုကြောင့် ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် မြေအောက်လောကနတ်ဘုရားကို အနည်းငယ်မျှသိရှိခြင်းမရှိချေ။
လုယွီသည် သာမန်အရိုင်းအစိုင်းနတ်ဘုရားတစ်ပါးဟုသာ သူ တွေးထင်ခဲ့မိသည်။လုယွီ၏အစစ်အမှန်ခွန်အားသည် ဤမျှထိ အလွန်တုန်လှုပ်ခြောက်ချားဖွယ်ကောင်းနေမည်ဟု သူမျှော်လင့်မထားမိချေ။
ဘုန်း....
သို့ရာတွင် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏အော်သံ အဆုံးသတ်သွားချိန်မှာပင် လုယွီ၏လက်ဝါးသည် နောက်ဆုံး၌ ဆင်းသက်လာပေ၏။
ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ပတ်ဝန်းကျင်ရှိလေဟာနယ် ချက်ချင်းကြေမွှပျက်စီးသွားသည်။ကြီးမားသောဗုဒ္ဓစိတ်ဝိညာဉ်ကြီးသည် လေဟာနယ်ပြိုလဲသွားခြင်းနှင့်အတူ အမှုန်အမွှားဘဝသို့ ပြောင်းလဲသွားတော့သည်။
ဗုဒ္ဓ၏စွမ်းအားများကို အမြင့်ဆုံးအဆင့်ထိဆက်ခံထားနိုင်သော ရွှေအလင်းဗုဒ္ဓဘုရားလောင်းသည် လက်ဝါးတစ်ချက်နဲ့အတူပေါက်ကွဲသွားလေ၏။
ဘုရားကျောင်း မဟာခန်းမအတွင်းရှိကြီးမားသော ရွှေအလင်းဗုဒ္ဓဘုရားလောင်းရုပ်ထုကြီးသည်လည်း ကြေမွှပျက်စီးသွားကာ မြောက်များစွာသော မှော်စွမ်းအားအစအနများကလေထုအတွင်း၌ အမှုန်အမွှားများအဖြစ် မျောလျင်သွားသည်။ပြန့်ကျဲလာသောအစအနများသည် ဤနေရာတွင်ရှိနေသော ဘုန်းတော်ကြီးများ၏စိတ်နှလုံးသားများကို လေးလံသောတူကြီးတစ်လက်ဖြင့် ထုနှက်လိုက်သည်အလားပင်။
ရွှေအလင်းဘုရားကျောင်း၏တည်ထောင်သူအရှင်ဖြစ်သော ဗုဒ္ဓဘုရားလောင်းသည်လက်သီးတစ်ချက်တည်းဖြင့် ကြေမွှပျက်စီးသွားခဲ့ရသလော....
"သူ ဒီနေရာကိုရောက်လာတာ ရွှေအလင်းဘုရားကျောင်းကို စိန်ခေါ်ဖို့လား"
လန်ဝူရှင်းသည် ထိုမြင်ကွင်းကို စောင့်ကြည့်ရင်းသူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာသူသည် နာခံရို့ကျိုးစွာဖြင့် နံဘေးတစ်ဖက်၌ မတ်တတ်ရပ်လိုက်သည်။
ဤသည်မှာ သူ ကြားဝင်စွက်ဖက်၍ရသောတိုက်ပွဲမျိုးမဟုတ်ချေ။
သူတို့အားလုံးသည်လက်ဝဲစစ်တပ်နယ်မြေ၏ထိပ်သီးဂိုဏ်းသုံးဂိုဏ်းဖြစ်သော်လည်း လန်ဝူရှင်းသည် ရွှေအလင်းဘုရားကျောင်းကို တစ်ကြိမ်တစ်ခါမျှ ဆန့်ကျင်တိုက်ခိုက်ခဲ့ခြင်းမရှိချေ။
ရွှေအလင်းဘုရားကျောင်းတွင် နောက်ခံအဖြစ်ဗုဒ္ဓလောကရှိနေသည်။ဤသည်မှာကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး သိရှိထားသောကိစ္စပင်။ဗုဒ္ဓလောကသည် ခန့်မှန်း၍မရနိုင်ကာ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများသည်။နှိုင်းယှဉ်ကြည့်ပါကနတ်ဆိုးတာအိုသည် ပြန့်ကျဲနေသော သဲမှုန်များအလားဖြစ်နေကာ ဗုဒ္ဓကျင့်ကြံသူများကိုဆန့်ကျင်၍တိုက်ခိုက်နိုင်စွမ်းမရှိချေ။
ဗုဒ္ဓဘုရားလောင်းစိတ်ဝိညာဉ်များသည် လေထုအတွင်း၌တည်ရှိနေကာ သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို သူ၏အသက်ကိုလွယ်လင့်တကူ နှုတ်ယူနိုင်စွမ်းရှိသည်။
သို့ရာတွင် လုယွီသည် လက်သီးတချက်တည်းဖြင့် ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏စိတ်ဝိညာဥ်ကိုဖျက်စီးလိုက်သည့်အား မြင်တွေ့ချိန်၌ လန်ဝူရှင်း၏စိတ်နှလုံးသား ကူကယ်ရာမဲ့စွာဖြင့် တုန်ရီသွားသည်။
"ဒီလောက်ထိ ကြမ်းတမ်းနေဖို့လိုအပ်လို့လား"
လန်ဝူရှင်းသည် သူ၏ဦးရေပြားတင်းကျပ်လာသည်ကို ခံစားမိသည်။သူ၏စိတ်နှလုံးသားအတွင်း၌ သူ အလွန်အမင်းကံကောင်းသည်ဟုပင်တွေးထင်မိလေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည်ဉာဏ်ကောင်းကာ လုယွီ၏သာမန်မဟုတ်သောအရည်အချင်းများကို သတိပြုမိခဲ့သည်။ထို့ကြောင့် သူသည် လုယွီ၏လက်အောက်သို့ခိုဝင်ရန် တွေဝေခြင်းမရှိ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့မဟုတ်ပါက သူ၏နောက်ဆုံးရလဒ်သည်သူ့ရှေ့ရှိ ရွှေအလင်းဗုဒ္ဓဘုရားလောင်းနှင့်တူညီနေပေမည်။
"ဗုဒ္ဓ..."
တခြားဗုဒ္ဓဘုရားလောင်းလေးယောက်သည် ဗုဒ္ဓကျမ်းစာများကို တစ်ပြိုင်နက်ထဲအော်ဟစ်လိုက်ကြသည်။ဗုဒ္ဓဘုရားလောင်းအကန့်အသက်မဲ့သည် အလင်းတန်းတစ်တန်းကို ထုတ်လွတ်၍ အမှောင်ထုကြီးကို ဖြတ်သန်းသွားစေသည်။မြင့်မြတ်သောဗုဒ္ဓအလင်းတန်းသည်ကောင်းကင်နှင့်မြေပြင်အကြား၌အကန့်အသတ်အကန့်အသတ်မဲ့စွာ ပျံသန်းသွားပေ၏။
သူတို့သည် လုယွီ၏စွမ်းအားကိုခံစားမိသဖြင့် သူတို့၏အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။
ဗုဒ္ဓဘုရားလောင်းအကန့်အသက်မဲ့မှလထုတ်လွှတ်သည့် အလင်းတန်းများသည် အလွန်တောက်ပပေ၏။တချိန်တည်းမှာပင် ကြွင်းကျန်သော ဗုဒ္ဓဘုရားလောင်းများ၏လက်များမှနေ၍ အဖြူရောင်ကြာပန်းတစ်ပွင့် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ဤသည်မှာ ဗုဒ္ဓ၏လမ်းစဉ်ကို အမြင့်မားဆုံးအဆင့်ထိကျင့်ကြံနိုင်သူများသာ ဆင့်ခေါ်နိုင်သောဓမ္မပုံရိပ်ရောင်ပင်။ဗလာလောကမှာနေ၍ တစ်စုံတစ်ခုကိုဖန်တီးကာ ခြေလှမ်းတိုင်းတွင် ကြာပွင့်များကိုထွက်ပေါ်စေသည်။
လေထုအတွင်း၌ မူးယစ်ရီဝေစေသော မွေးရနံ့များနှင့် ပြည့်နှက်နေကာ ထောင်သောင်းချီသောအမွေးနံ့သာတိုင်များကို တပြိုင်နက်တည်းထွန်းညှိထားသည့်အလားပင်။ဤသည်မှာ ဗုဒ္ဓဘုရားလောင်းများပိုင်ဆိုင်သော ဗုဒ္ဓ၏မြင့်မြတ်သည်မွှေးရနံ့ပင်။သူတို့ထံတွင် သူတို့အားယုံကြည်ကိုးကွယ်သော ဘုန်းတော်ကြီးများနှင့်ယုံကြည်သက်ဝင်သူ မည်မျှထိများများရှိနေမည်ကို မည်သူမျှ မသိနိုင်ချေ။ထိုလူများသည် ဆွေစဥ်မျိုးဆက် ဗုဒ္ဓဘုရားလောင်းများ၏နာမည်များကို ရေရွတ်ကာအကန့်အသတ်မရှိသော အမွှေးနံ့သာတိုင်များကိုပူဇော်ခဲ့ကြသည်။
ဤအဆင့်တိုက်ပွဲတစ်ပွဲအောက်တွင် နံဘေးမှ စောင့်ကြည့်နေကြသောလူများသည် ခေါင်းမဖော်နိုင်တော့သည့်အဆင့်သို့ ရောက်ရှိနေပေပြီ။
တခြားတစ်ဖက်တွင်ရှိနေသော လန်ဝူရှင်းက လုယွီသည် ထိုဗုဒ္ဓအလင်းတန်းဆီသို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားသည်ကို တွေ့မြင်မိသည်။
လုယွီသည် မည်သူမျှမရှိသည့် ပတ်ဝန်းကျင်တွင် လမ်းလျှောက်နေရသည့်အလား စိတ်အေးလက်အေး လျှောက်လှမ်းနေသည်။သူ့ရှေ့ရှိ ဗုဒ္ဓမှော်မန္တန်များသည် သူ့အားအနည်းငယ်မျှသက်ရောက်မှုမရှိစေသည်အလားပင်။
"ဖြစ်နိုင်တာတော့ သူရူးများရူးသွားတာလား"
လမ်ဝူရှင်းက ညည်းသွားလိုက်သည်။သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ့ရှေ့၌ ထွက်ပေါ်လာသောမြင်ကွင်းသည် သူ့အားကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကိုပေးစွမ်းနိုင်လေ၏။
Chapter 3705
လုယွီ၏လက်ဝါးအတွင်းမှ ခန်းမတခု၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။
ဤသည်မှာ မြေအောက်လောကတာအိုသခင်၏ အတိတ်ဘဝရှိ ရတနာများအနက်မှ တစ်ခုဖြစ်သော မြေအောက်လောကအသူရာခန်းမပင်။
တာအိုသခင်သည် ခန်းမ၏အဓိကနေရာ၌ထိုင်ကာ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းကိုထိန်းချုပ်ပြီး မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေမှ သက်ရှိများအားလုံးကို စီမံအုပ်ချုပ်သည်။သူသည် မြေအောက်လောက၏ မိုးကောင်းကင်သားတော်ဖြစ်ကာ မြေအောက်လောကနယ်မြေတစ်ခုလုံး၏အရှင်သခင်လည်းဖြစ်သည်။
မြေအောက်လောကအသူရာခန်းမထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်မှဗုဒ္ဓကျမ်းစာသံအားလုံး ပျောက်ကွယ်သွားကာတိတ်ဆိတ်ငြိမ်သက်ခြင်းက လွှမ်းမိုးသွားလေ၏။
ဤအမှောင်ထုကြီးသည် အကန့်အသက်မရှိမှောင်မည်းခြင်းမျိုးဖြစ်ကာ မမြင်နိုင်တွေ့နိုင်သည့်အပြင် ပုံသဏ္ဍာန်လည်းမရှိချေ။
ကောင်းကင်ဘုံနယ်မြေ၏နောက်ဆုံးကံကြမ္မာသည် သက်ရှိများအားလုံး ဤအမှောင်ထုကြီးအတွင်းသို့ ရောက်ရှိသွားကြရသည်။ငရဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော သက်ရှိမျိုးနွယ်များမှ ဖန်တီးထားသော အကန့်အသက်မရှိသည့်နာကြည်းမုန်းတီးမှုစွမ်းအားများသည် ကံကြမ္မာ၏စွမ်းအားကိုပင် ဆွဲချနိုင်လေ၏။
ငရဲ၏ရှေ့၌ ဗုဒ္ဓပင်လျှင် တိတ်ဆိတ်ငြိမ်သက်နေရပေမည်။
ဗုဒ္ဓဘုရားလောင်းလေးယောက်သည် ဗုဒ္ဓကျမ်းစာများကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်သော်လည်း သူတို့ထံမှနေ၍ မည်သည့်အသံမျှထွက်ပေါ်လာခြင်းမရှိချေ။မြေအောက်လောကအသူရာခန်းမ၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများပင် ထပ်မံ၍တည်ရှိတော့ပုံမရချေ။
အလွန်အမင်းမြင့်မားသည့် စွမ်းအားမျိုးက သူတို့၏ရှေ့၌ထွက်ပေါ်လာကာ သူတို့၏ခေါင်းများကိုငုံထားစေရန် ဖိအားပေးနေသည်။
မြေအောက်လောကအသူရာခန်းမ၏ ဖိအားအရှိန်အဝါအောက်တွင် ဗုဒ္ဓဘုရားလောင်းလေးယောက်၏ခန္ဓာကိုယ်များ တဖြည်းဖြည်းကျုံသွားစပြုလာလေပြီ။
မြေအောက်လောကအသူရာခန်းမှ ကြီးမားလာသည်နှင့်အတူ ဗုဒ္ဓဘုရားလောင်းများ၏ပုံရိပ်ယောင်များ ပို၍သေးငယ်သွားသည်။ထို့နောက်မှနေ၍ ဗုဒ္ဓဘုရားလောင်းလေးယောက်သည် သူတို့ အသုံးပြုနေသော မှော်ရတနာများကိုထပ်မံ၍ဆင့်ခေါ်နိုင်စွမ်းမရှိတော့ချေ။
"ဗုဒ္ဓစွမ်းအား...ဓမ္မမျက်လုံး...."
ရုတ်တရက် ဗုဒ္ဓဘုရားလောင်းအကန့်အသတ်မဲ့ထံမှနေ၍ မိုးကောင်းကင်ကြီးတုန်ခါလုမတတ်အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ထို့နောက်ဒေါင်လိုက်မျက်လုံးတစ်လုံးက သူ၏မျက်ခုံးနှစ်ခုကြား၌ထွက်ပေါ်လာကာ ရွှေရောင်အလင်းတန်းများဖြာထွက်နေသည်။
တခြားဗုဒ္ဓဘုရားလောင်းများသည်လည်း တူညီသောမှော်မန္တန်ကို တစ်ပြိုင်နက်တည်းရွတ်ဆိုလိုက်ကြ၏။သူတို့သည် ဗုဒ္ဓဘုရားလောင်းအကန့်အသက်မဲ့အတွက် စွမ်းအားများကိုကူညီထောက်ပံ့ပေးလိုပုံရသည်။
တခြားဗုဒ္ဓဘုရားလောင်းများ၏ ကူညီထောက်ပံ့ပေးမှုနှင့်အတူ ဗုဒ္ဓဘုရားလောင်းအကန့်အသက်မဲ့၏နဖူးပေါ်ရှိ ဓမ္မမျက်လုံး တစတစပို၍အားကောင်းလာသည်။ထိုဓမ္မမျက်လုံးမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ အမှောင်ထုကြီးကို ချိုးဖျက်သွားတော့မည်အလားပင်။
ဤသည်မှာ အပြစ်သားသုတ်သင်ခြင်းဗုဒ္ဓစွမ်းအားပင်။
ဤမှော်မန္တန်နှင့်အတူ တစ်စုံတစ်ယောက်သည်လောကကြီးအတွင်းရှိ နတ်ဆိုးစိတ်ဝိညာဥ်များအားလုံးကို ဖျက်ဆီးနိုင်သည်။ထိုအရာသည် ဗုဒ္ဓဂိုဏ်း၏အထွတ်အထိပ် ကျင့်ကြံနည်းစနစ်များအနက်မှတစ်ခုလည်းဖြစ်ပေ၏။
မြေအောက်လောကအသူရာခန်းမ၏အထက်မှနေ၍ အနက်ရောင်မြူခိုးမြူငွေ့များထွက်ပေါ်လာသည်။မြောက်မြားစွာသောသရဲတစ္ဆေများ၏အသံများ ထိုခန်းမအတွင်းမှထွက်ပေါ်နေသည်ကို ကြားနိုင်ပေ၏။ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း၏စွမ်းအားသည်လှည့်ပတ်နေကာ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ် လောကစောင့်ကြည့်ခြင်းကျောက်တုံး ပြန်လည်ဝင်စားခြင်းတံတားနှင့်တခြားအစိတ်အပိုင်းများအဖြစ် ဖွဲ့စည်းသွားသည်။ထို့နောက် အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားတစ်ရပ် သိပ်သည်းသွားသည်။
ဝုန်း....
နောက်ထပ်အစွမ်းထက်သော ပေါက်ကွဲမှုကြီးတစ်ရပ်သည် ကောင်းကင်နှင့်မြေပြင်အကြား၌ဖြစ်ပွားသွားသည်။
အပြစ်သားသုတ်သင်ခြင်းမှော်မန္တန်မှ ထွက်ပေါ်နေသော အလင်းရောင်များသည် ကြေမွှပျက်စီးသွားကာ အရိပ်အရောင်ပင်မကျန်ရှိတော့ဘဲပျောက်ကွယ်သွားလေ၏။
မြေအောက်လောကအသူရာခန်းမ၏ဖိနှိပ်မှုအောက်တွင် ဗုဒ္ဓဘုရားလောင်းလေးယောက်၏စိတ်ဝိညာဥ်များသည် ကျယ်လောင်သော ဘန်းခနဲမြည်သံနှင့်အတူ ကြေမွှပျက်စီးသွားတော့သည်။
ဆူညံသောအသံများသည် ရပ်တန့်သွားခြင်းမရှိပေ။
ထိုက်ချန်တောင်တတောင်လုံးပေါ်သို့ ကြယ်ပျံတစ်စင်းကျရောက်လာသည့်အလား တောင်တန်းတစ်လျှောက်လုံးတုန်ခါကာ ပြိုလဲစပြုလာသည်။မရေမတွက်နိုင်သောကျောက်စကျောက်နများသည် လေထုအတွင်းသို့ပျံ့လွင့်သွားကာ ရွှေအလင်းဘုရားကျောင်းအတွင်းရှိအဆောက်အအုံများသည်လည်း ထိုသက်ရောက်မှုကြောင့် ပြိုလဲပျက်စီးသွားသည်။
လေအေးတချက်ဖြတ်သန်းတိုက်ခတ်လာသည်နှင့်အတူ လုယွီ၏အဝတ်အစားများ လေထုအတွင်း၌ လူးလွန့်နေသည်။
လုယွီ၏နံဘေး၌ သူဆွဲယူထားသော ပိုင်ဆုချင်၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် ရှိနေသည်။
မြေပြင်ပေါ်တွင် အလွန်နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများ ရှိနေသည်။ထိုက်ချန်တောင်ပေါ်ရှိ ရွှေအလင်းဘုရားကျောင်းသည်ထပ်မံ၍ တည်ရှိနိုင်တော့မည်မဟုတ်ချေ။လောကကြီးတစ်ခွင်လုံးကိုတုန်လှုပ်စေနိုင်သော ဗုဒ္ဓဘုရားလောင်းများ၏စိတ်ဝိညာဉ်ပုံရိပ်ယောင်များသည်လည်း ပျက်ပြယ်သွားခဲ့လေပြီ။
ဤသည်မှာ အလွန်အမင်းတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။တောင်ခြေရှိ အရာရှိများနှင့်စစ်သားများအားလုံး ကြက်သေသေနေကြလေ၏။
"သူကဘယ်သူလဲ...သူ့မှာဘယ်လိုလုပ်ပြီးတော့ ဒီလိုစွမ်းအားမျိုးရှိနေတာလဲ"
"လန်ဝူရှင်း...သူ့ကိုကာကွယ်ထားစမ်း"
လုယွီက ရုတ်တရက် ပြောဆိုသည်။
သူ၏အသံသည် အေးဆေးတည်ငြိမ်နေကာအသေးအမွှားကိစ္စတစ်ခုကို ပြုလုပ်ထားခဲ့သည့်အလားပင်။
လန်ဝူရှင်း၏ခန္ဓာကိုယ် တုန်ရီနေသည်။သူသည်အနည်းငယ်မျှ နှောင့်နှေးနေဝံ့ခြင်းမရှိချေ။သူသည် ရှေ့သို့အလျင်အမြန်သွားကာ ပိုင်ဆုချင်၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်ကို ကာကွယ်ပေးလိုက်၏။
လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်း၌ စိတ်ခံစားချက်များ ရောယှက်နေသည်။ထိုစိတ်ခံစားချက်များအနက်မှတစ်ဝက်သည် ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ကာ ကျန်တစ်ဝက်သည် မယုံကြည်နိုင်မှုပင်။
အတိတ်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အတွေးတချို့ရှိနေခဲ့သော်လည်း ဤအချိန်အခိုက်အတန့်တွင် ထိုအရာများအားလုံး ပျောက်ကွယ်သွားလေပြီ။သူသည် ယခုအချိန်မှစ၍ လုယွီ၏သစ္စာအရှိဆုံး လက်အောက်ငယ်သားတစ်ယောက်ဖြစ်လာပေမည်။ထို့ပြင် သူ့ထံ၌ တခြားမလိုလားအပ်သည့်အတွေးမျိုး ထပ်မံ၍ရှိလာတော့မည်မဟုတ်ချေ။
Thank For Reading.