အခန်း (၃၇၀၆-၃၇၀၉)
Vol. 189 Ch. 3706-3709
Chapter 3706
ပိုင်ဆုချင်၏စိတ်ဝိညာဉ်သည် အလွန်အမင်းအားနည်းနေကာ သတိလစ်မေ့မျောနေသောအဆင့်၌ရှိနေသည်။
သူမ၏ခန္ဓာကိုယ်သည် သူမ၏စိတ်ဝိညာဉ်နှင့် ထပ်တူထပ်မျှပင် သူမ၏မျက်လုံးများကို စုံမှိတ်ထားကာ သူမ၏နူးညံ့ချောမွေ့သောမျက်နှာလေးသည် ပိန်လှီပြီးဖြူရော်နေသည်။
ဤမိန်းကလေးသည် နှိပ်စက်ညှင်းပန်းမှုများစွာကို ခံစားခဲ့ရပြီးဖြစ်သည်။ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏သံကြိုးများမှ ထိန်းချုပ်ထားမှုမရှိတော့သည်နှင့်သူမသည် ချက်ချင်းသတိလစ်မေ့မျောသွားခဲ့သည်။
လန်ဝူရှင်းသည် လှုပ်ရှားမှုအမြောက်အမြားပြုလုပ်ဝံ့ခြင်းမရှိချေ။ပိုင်ဆုချင်နှင့်လုယွီ၏အကြားရှိဆက်ဆံရေးကို သူ မသိရှိချေ။သို့ရာတွင် မည်သည့်ဆက်ဆံရေးမျိုးရှိနေသည်ဖြစ်စေ ဤသည်မှာ သူမေးမြန်းနိုင်သောတစ်စုံတစ်ခုမဟုတ်ပေ။
"မင်းတို့အားလုံးက ဒီနေရာမှာ ဘာလို့မတ်တတ်ရပ်နေကြတာလဲ...အရှင့်ကို သွားပြီးကူညီကြလေ"
လန်ဝူရှင်းသည် ကြက်သေသေနေသောစစ်သားများကို မြင်ချိန်တွင် သူက ဒေါသတကြီးအော်ဟစ်လိုက်၏။
ယွဲ့ဖူကြယ်နယ်မြေသခင်သည် လန်ဝူရှင်း၏သာလွန်ထူးကဲသောအရှိန်အဝါကို မြင်တွေ့ချိန်၌ သူက စူးစမ်းသည့်အနေဖြင့်အလျင်စလို မေးမြန်းလိုက်သည်။
"မင်းက...."
"ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိဖို့မလိုဘူး....မိုးကောင်းကင်ယံထဲမှာရှိနေတဲ့ တယောက်က လက်ဝဲစစ်တပ်ရဲ့တပ်မှုးအရှင်လုပဲ...သူက မင်းတို့ကောင်တွေကို တောင်ကိုဝိုင်းရံထားဖို့ ခေါ်ထားတာမဟုတ်ဘူးလား...မင်းတို့က ဘာကိုစောင့်နေကြတာလဲ...ရှေ့ကိုတိုးပြီးတော့မင်းတို့မြင်သမျှ ခေါင်းပြောင်တွေအကုန်လုံးကို ခုတ်ပိုင်းလိုက်တော့လေ"
လန်ဝူရှင်းက စိတ်မရှည်စွာပြောဆိုသည်။
"ဒါဆိုရင် အဲဒါက အရှင်လုပေါ့"
"အဲ့ဒီလူက ဝမ်မိသားစုကို အမြစ်ပြတ်ချေမှုန်းခဲ့တဲ့ လူငယ်ပါရမီရှင်တစ်ယောက်လို့ ငါကြားထားတယ်....ဒါကကောလဟာလတစ်ခုသက်သက်လို့ ငါတွေးထင်ခဲ့တာ..ဒါပေမဲ့ သူ့မှာခုလိုခွန်အားမျိုးရှိနေမယ်လို့ ငါမျှော်လင့်မထားမိဘူး"
စစ်သားများသည် မိုးကောင်းကင်ယံအတွင်းရှိ လုယွီ၏ပုံရိပ်ကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေကြသည်။
သူတို့သည် တော်ဝင်စစ်တပ်မှဖြစ်သော်လည်း ရွှေအလင်းဘုရားကျောင်း၏ဖိနှိပ်ခြင်းကို ခံထားရသည်။အစောပိုင်းက ရွှေအလင်းဘုရားလောင်း၏အော်ဟစ်သံကြောင့် သူတို့အားလုံး သွေးများအန်ထွက်ခဲ့ရသည်။ဤသည်မှာ သူတို့အားလုံးအတွက် အရှက်ရစရာကိစ္စပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့၏အရှက်တရားများကို လုံးလုံးလျားလျားဖယ်ရှားနိုင်လေပြီ။
ဤကဲ့သို့အစွမ်းထက်သော ခေါင်းဆောင်တပ်မှူးတစ်ယောက် ရှိနေခြင်းကြောင့် လက်ဝဲစစ်တပ်နယ်မြေမှစစ်သားများသည် နောက်ဆုံး၌သူတို့၏ခေါင်းများကိုမော့ကာ ယခုချိန်မှစ၍ လူတစ်ယောက်အဖြစ် ရှင်သန်နိုင်လေပြီ။
ယွဲ့ဖူကြယ်နယ်မြေသခင်သည်လည်းအလွန်အမင်းစိတ်လှုပ်ရှားနေသည်။သူသည် လုယွီနှင့် ဤနေရာတွင် တွေ့ဆုံရမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
လက်ဝဲစစ်တပ်၏ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုအနက် ယွဲ့ဖူကြယ်နယ်မြေသည် ဝေးလံခေါင်သီသောနေရာတွင် တည်ရှိသည်။
ဤနေရာတွင်တိုက်ပွဲများကို ကြုံတွေ့ရခြင်းမရှိသည့်အပြင် စစ်ဗျူဟာမြောက်တည်နေရာတစ်ခုလည်းမဟုတ်ချေ။ထို့ကြောင့် ယွဲ့ဖူကြယ်နယ်မြေသခင်သည် ဤကဲ့သို့နေရာမျိုး၌ လုယွီနှင့် ဆုံတွေ့ရမည်ဟု တွေးတောထားမိခြင်းမရှိပေ။
သို့ရာတွင် ဤကိစ္စများသည် ထပ်မံ၍အရေးမပါတော့ချေ။
လုယွီ ဤနေရာတွင်ရှိနေသောကြောင့် ဤသည်မှာ သူ ဟန်ရေးပြနိုင်ရန်အတွက်အခွင့်အရေးတစ်ခုပင်။
"စစ်သားတွေအားလုံး တိုက်ခိုက်ကြစမ်း...ရွှေအလင်းဘုရားကျောင်းကို ဖျက်ဆီးရမယ်"
"တိုက်ခိုက်ကြ...တိုက်ခိုက်ကြစမ်း"
ယွဲ့ဖူကြယ်နယ်မြေသခင်၏အမိန့်အောက်တွင်ထောင်သောင်းချီသောစစ်သားများသည် ထိုက်ချမ်တောင်၏အပျက်အစီးနေရာများထံသို့တိုးဝင်၍တိုက်ခိုက်ကြတော့သည်။
ဤအချိန်အခိုက်အတန့်တွင် ရွှေအလင်းဘုရားကျောင်း၏ အကာအကွယ်မဟာဝင်္ကပါကြီးသည်လည်း ပျက်စီးနေခဲ့သည်။ထိုနေရာတွင်ကျိုးပဲ့နေသောနံရံများနှင့်အဆောက်အအုံများသာ ကျန်ခဲ့တော့သည်။မျက်စိဖြင့်မြင်နိုင်သောမည်သည့်နေရာတွင်မဆို အပျက်အစီးများနှင့် ပြည့်နှက်နေသည်။
ဤကဲ့သို့အဆင့်ရောက်နေသဖြင့် ရွှေအလင်းဘုရားကျောင်းသည် စစ်တပ်၏တိုက်ခိုက်မှုကိုဟန့်တားရန်မှာ မဖြစ်နိုင်ချေ။
သို့ရာတွင် သူတို့ရှေ့တိုးရန်ဟန်ပြင်နေစဉ်မှာပင်အဝေးရှိ အကန့်အသတ်မရှိသောအမှောင်ထုကြီးသည် ရုတ်တရက်ကွဲထွက်သွားလေ၏။
ပေတသောင်းခန့်ရှိသော ရွှေရောင်အလင်းတန်းကြီးသည် မိုးကောင်းကင်ယံမှဆင်းသက်လာကာ အမှောင်ထုကြီးကို ပျက်ပြယ်သွားစေလိုသည့်အလားပင်။ဗုဒ္ဓအလင်းတန်းများသည် အလွန်အမင်း တောက်ပပေ၏။
ဗုဒ္ဓကျမ်းစာရွတ်ဆိုသော အသံများကလည်းရုတ်တရက် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။စကားလုံးတစ်လုံး စကားတစ်ခွန်းစီတိုင်းကို ရှင်းရှင်းလင်းလင်းကြားနိုင်ကာ မဟာခေါင်းလောင်းတစ်လုံး မြည်ဟီးနေသည့်အလား လူအများ၏စိတ်နှလုံးသားနှင့်စိတ်ဝိညာဥ်ကို တုန်ခါသွားစေသည်။
ဤသဘာဝလွန်ပုံရိပ် ထွက်ပေါ်လာချိန်တွင်စစ်တပ်သည် သူတို့၏လမ်းကြောင်းမှာပင် ချက်ချင်းရပ်တန့်လိုက်ကာ ထိတ်လန့်တကြားဖြင့် မိုးကောင်းကင်ယံသို့မော့ကြည့်လိုက်ကြသည်။
"ဘာလဲ...ဒါက အခုပြီးသွားပြီမဟုတ်ဘူးလား"
ရွှေရောင်နဂါးကြီးတစ်ကောင်သည်မြင့်မြတ်သောဗုဒ္ဓအလင်းတန်းများနှင့်အတူ မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။ထိုနဂါး၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အကြေးခွံများဖုံးအုပ်နေကာ မျက်စိကျိမ်းမတတ်အလွန်အမင်းစူးရှသည်။ထိုနဂါးသည် အတိတ်နိမိတ်ကောင်းသော တိမ်တိုက်တစ်ခုပေါ်တွင် မတ်တတ်ရပ်နေကာ သူ့၏မျက်လုံးအတွင်းမှ လျှပ်စီးများဖြာထွက်နေသည်။သူ၏နဖူးပေါ်တွင် ဗုဒ္ဓအမှတ်အသားတစ်ခုရှိနေလေ၏။
ဤရွှေနဂါးသည် ပေတစ်သောင်းကျော်ခန့်ရှည်လျားကာ ယခင်က ဗုဒ္ဓဘုရားလောင်းများ၏ဓမ္မပုံရိပ်ယောင်များပင်လျှင် ဤအရာနှင့်နှိုင်းယှဉ်ပါက အလွန်အမင်းသေးငယ်သည်။
ထိုရွှေနဂါးကြီးသည် ထွက်ပေါ်လာသည်နှင့်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ထိုအသံသည် နားအူလုမတတ် အလွန်ကျယ်လောင်ကာ သူ့၏အရှိန်အဝါသည် အလွန်မြင့်မြတ်ပြီးစွမ်းအားကြီးမားသည်။
လက်ရှိနေရာတွင်ရှိနေသည့် ထောင်သောင်းချီသောစစ်သားများသည် ဤတုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါအောက်တွင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြ၏။လန်ဝူရှင်းပင်လျှင် သူ၏လက်များကို အသုံးပြု၍ ကြီးမားသောကျောက်တုံးကြီးတစ်တုံးကိုကိုင်ထားကာ သူ့ကိုယ်သူအားတင်း၍ မတ်တတ်ရပ်နေရသည်။
သက်ရောက်မှုမရှိသည့် တစ်ခုတည်းသောလူမှာလုယွီပင်။
"မင်းက ဒီနေရာကို မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်နဲ့ တကယ်ကြီးလာဝံ့တာလား...ငါက ဗုဒ္ဓကိုမသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
သွေးဆာသောအလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
Chapter 3707
"မင်းက ဗုဒ္ဓအရှင်ရဲ့အမိန့်ကိုဖီဆန်လိုက်ကတည်းက ဗုဒ္ဓလောကတစ်ခုလုံးရဲ့ရန်သူဖြစ်သွားပြီ...ဒီမိန်းမဆီမှာ ဗုဒ္ဓလမ်းစဉ်ရဲ့အထွတ်အထိပ်လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်...ဒါကြောင့် မင်း သူ့ကို ဒီအတိုင်းခေါ်သွားလို့မရဘူး"
ထိုရွှေနဂါးကြီးစကားပြောဆိုချိန်တွင် သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့တုန်ခါနေကာလောကကြီးတစ်ခွင်လုံးကို အရောင်ပြောင်းလဲသွားစေသည်။
မြင့်မြတ်သောဗုဒ္ဓမှော်စွမ်းအားများထွက်ပေါ်လာကာ မိုးကောင်းကင်ယံတစ်ခြမ်းလုံးကိုမြင့်မြတ်သော ဗုဒ္ဓအလင်းတန်းများက တစ်ဖန်ပြန်ပြီး လွှမ်းခြုံသွားလေ၏။ထိုရွှေနဂါးကြီး စကားပြောဆိုလိုက်သောအချိန်တိုင်းမြင့်မြတ်သောမိုးကြိုးလှိုင်းတလှိုင်းသည် အထက်ကိုးကောင်းကင်ယံမှ ဆင်းသက်လာသည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ပဲ့တင်ထပ်သွားကာ တိမ်တိုက်များကို တုန်ခါသွားစေသည်။
ထိုရွှေနဂါးကြီးသည် ဓမ္မပုံရိပ်ယောင်တစ်ခုသို့မဟုတ် ပြင်ပကိုယ်ပွားပုံရိပ်ယောင်တစ်ခုမဟုတ်ချေ။ဤသည်မှာ အစစ်အမှန်ဗုဒ္ဓဘုရားလောင်းပင်။
သူသည် အစွမ်းထက်သောဗုဒ္ဓစွမ်းအားများကို အပြည့်အဝထုတ်ဖော်အသုံးပြုနိုင်သောအကြွင်းမဲ့အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ယွဲ့ဖူကြယ်နယ်မြေစစ်တပ်မှ စစ်သားများအားလုံးသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်ပျက်အားငယ်မှုကိုခံစားမိသည်။သူတို့သည် တော်ဝင်နန်းတွင်း၏စွမ်းအားဖြင့် ခုခံထားနိုင်မည်ဟု အစဥ်အမြဲတွေးတောခဲ့သည်။သို့ရာတွင် ဗုဒ္ဓဂိုဏ်းသည် သူတို့အား တုန်လှုပ်ချောက်ချားဖွယ်အမြောက်အမြားကို ပေးစွမ်းနိုင်ခဲ့သည်။
ထိုရွှေနဂါးကြီး ကောင်းကင်နှင့်မြေပြင်အကြားသို့ ဆင်းသက်လာစဉ်တွင် မည်သူမည်ဝါဖြစ်နေပါစေ လူဘီလူးကြီးတစ်ကောင်ရှေ့တွင် မတ်တတ်ရပ်နေရသဖြင့် သူတို့သည် နှိုင်းယှဉ်ပြစရာမရှိ သေးငယ်နေသည်အလား ခံစားမိသည်။
"အောမီတောဖော"
ရုတ်ချည်းဆိုသလိုပင် လေဟာနယ်အတွင်း၌ တောက်ပသောရွှေရောင်အလင်းတန်းများထပ်မံ၍ဖြာထွက်လာသည်။
မိုးကောင်းကင်ယံအတွင်း၌ကြီးမားသောရွှေရောင်တံခါးတစ်ချပ် ရုတ်တရက်ပွင့်သွားသည်။ထိုတံခါး၏နောက်တွင် မိုးကောင်းကင်ယံရှိတိမ်တိုက်များအကြား မြင့်မားသောတောင်ကြီးတစ်လုံးရှိနေသည်။ထိုရွှေရောင်တံခါးကြီး၏နောက်၌ထွက်ပေါ်လာသည်မှာ ဗုဒ္ဓလောက၏စိတ်ဝိညာဥ်တောင်ပင်။
စိတ်ဝိညာဉ်တောင်ပေါ်တွင် ဗုဒ္ဓအလင်းတန်းတစ်တန်းတောက်ပနေသည်။ထောင်သောင်းချီသောဗုဒ္ဓဘုရားလောင်းများနှင့်ရဟန္တာများ၏ဓမ္မရုပ်တုများက စိတ်ဝိညာဉ်တောင်၏အထက်ရှိ တိမ်တိုက်များအကြားတွင် ဂုဏ်ယူဝံကြွားစွာ မတ်တတ်ရပ်နေသည်။
ထိုဗုဒ္ဓဓမ္မရုပ်ထုတစ်ခုစီထံတွင် သာလွန်ထူးကဲသောမှော်စွမ်းအားများနှင့် နောက်ခံရှိသည်။ဗုဒ္ဓလောကသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ ဖိနှိပ်ခြင်းကို ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် ဗုဒ္ဓလောကကိုချိတ်ပိတ်ထားသောအမိန့်တော် ဖယ်ရှားခံလိုက်ရပြီဖြစ်သောကြောင့် ဗုဒ္ဓလောက၏အခြေခံအုတ်မြစ် ချက်ချင်းထွက်ပေါ်လာခဲ့သည်။
"ဗုဒ္ဓလောကမှာ ဘယ်လောက်ထိ များပြားတဲ့အစွမ်းထက်ကျင့်ကြံသူတွေ ရှိနေတာလဲ"
ယွဲ့ဖူကြယ်နယ်မြေ၏စစ်ဗိုလ်ချုပ်သည် ခါးသည်းသောမျက်နှာဖြင့် ညည်းတွားလိုက်၏။
သူတို့၏စစ်တပ်သည် အလယ်အလတ်စားဂိုဏ်းများကိုရင်ဆိုင်ရန် လုံလောက်သည်ထက်ပင်ပိုနေသည်။သို့ရာတွင် ဗုဒ္ဓလောကကဲ့သို့ လူဘီလူးကြီးတစ်ကောင်ကို ရင်ဆိုင်ရန်မှာမူ သူတို့အား ပုရွက်ဆိတ်များဟုသာ ခေါ်ဆိုနိုင်ပြီးအနည်းငယ်မျှပင်ထည့်တွက်ရန် မထိုက်တန်ချေ။
ဗုဒ္ဓဘုရားလောင်းဆယ့်နှစ်ယောက်သည် ရွှေရောင်တံခါးကြီးမှနေ၍ ဖြည်းညှင်းလျှောက်လှမ်းထွက်လာခဲ့သည်။
ဤနေရာသို့ ရောက်လာသူများအားလုံးသည် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်များနှင့်ဖြစ်ကာ ဓမ္မပုံရိပ်ယောင်များမဟုတ်ချေ။ကောင်းကင်နှင့်မြေပြင်အကြား၌ သူတို့ထွက်ပေါ်လာသောအချိန်တွင် ယွဲ့ဖူကြယ်နယ်မြေ၏မိုးကောင်းကင်မှညည်းတွားသံတစ်သံထွက်ပေါ်လာကာ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများ၏ရောက်ရှိလာမှုကို တောင့်မခံနိုင်သည်အလားပင်။
"မင်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ....ဒါပေမဲ့ ဗုဒ္ဓက အမြင့်မြတ်ဆုံးအရှင်.... ကောင်းကင်နဲ့မြေပြင်ရဲ့စိတ်ဆန္ဒတောင်မှ ဒါကိုမတွန်းလှန်နိုင်ဘူး....မင်းက ဗုဒ္ဓရဲ့အမိန့်တော်ကိုဖီဆန်ခဲ့မှတော့ မင်း သေသင့်တယ်"
ဗုဒ္ဓဘုရားလောင်းများအနက်မှ တစ်ယောက်ကပြောဆိုသည်။
"ဒါပေမဲ့ ဗုဒ္ဓက သနားဂရုဏာနဲ့ ပြည့်စုံတယ်....တကယ်လို့ မင်းက စိတ်ဝိညာဉ်တောင်ကိုလိုက်လာပြီးတော့....နှစ်တစ်ရာအမှုထမ်းပေးမယ်ဆိုရင် မင်းရဲ့အပြစ်တွေအားလုံးကိုဆေးကြောနိုင်ပြီးတော့ မင်းကိုလွတ်လပ်ခွင့်ပေးမယ်"
တခြားဗုဒ္ဓဘုရားလောင်းတယောက်က ပြောဆိုလေ၏။
သူတို့ပြောဆိုလိုက်သောစကားများသည် ပတ်ဝန်းကျင်ရှိ ဥပဒေသများကို သက်ရောက်စေသောအဆင့်သို့ ရောက်ရှိနေလေပြီ။ထိုဗုဒ္ဓဘုရားလောင်းများ၏ နံဘေးပတ်လည်ရှိ အရာရာတိုင်း ညှိုးနွမ်းခြောက်သွေ့စပြုလာသည်။မရေမတွက်နိုင်သောသစ်ပင်များ ပန်းပွင့်များနှင့်သစ်သီးများသည် တဖြည်းဖြည်းသူတို့၏မူလအရောင်အသွေး ပျောက်ဆုံးသွားကာ မှေးမှိန်စပြုလာတော့သည်။
ဗုဒ္ဓဘုရားလောင်းဆယ့်နှစ်ယောက်နှင့် ကြီးမားသောရွှေရောင်နဂါးကြီးသည်မိုးကောင်းကင်ယံအတွင်းမှနေ၍ လုယွီကို ဝိုင်းရံလိုက်ကြသည်။
သူတို့သည် သနားကရုဏာနှင့်ပြည့်စုံသည်ဟုရေရွတ်နေကြသော်လည်း သူတို့၏စကားလုံးများတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို လှစ်ဟပြနေသည်။
လုယွီသည်ထို ဗုဒ္ဓဘုရားလောင်းများအားလုံး၏အလယ်၌ မတ်တတ်ရပ်ကာ အေးစက်တင်းမာစွာပြောဆိုသည်။
"ဘာမှ ထပ်ပြောနေစရာမလိုတော့ဘူး...ငါ ဒီနေရာမှာရှိနေသရွေ့ မင်းတို့ သူ့ကို လုံးဝခေါ်သွားလို့မရဘူး"
အကယ်၍ ထောင်နှင့်ချီသောဗုဒ္ဓများ သူ့အားဟန့်တားထားလျှင်ပင် သူ မည်သည်ကြောင့်ထိတ်လန့်ကြောက်ရွံ့ရမည်နည်း...
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူများအားလုံးသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါ၏ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသည်။ဤဗုဒ္ဓဘုရားလောင်းတချို့ကို ကြည့်ရသည်မှာ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများနှင့်တူညီသည်။ဖြစ်နိုင်သည်မှာ လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကို အမှီပြု၍ ဤမျှထိများပြားသော အစွမ်းထက်ကျင့်ကြံသူများကို သူတစ်ယောက်တည်းဖြင့် ရင်ဆိုင်လိုသလော။
"ဗုဒ္ဓနဲ့မျက်နှာချင်းဆိုင်နေရတဲ့အချိန်မှာတောင် မင်းက ရိုသေကိုးကွယ်ရမှန်းမသိဘူး...မင်းရဲ့နှလုံးသားထဲမှာ ဘာရိုသေလေးစားမှုမှ ရှိမနေမှတော့ မင်းက သေလမ်းရှာနေတာပဲ"
ဒီနေ့ငါတို့ကဗုဒ္ဓအရှင်ရဲ့အမိန့်ကိုနာခံထားတယ်။ငါတို့ကမင်းလိုမျိုးနတ်ဆိုးကောင်ကိုအမြစ်ပြတ်ချေမှုန်းပြီးတော့မင်းကိုလွတ်လပ်အောင်အတွက်ကူညီပေးမယ်။
ဗုဒ္ဓဘုရားလောင်းဆယ့်နှစ်ယောက်သည် ဗုဒ္ဓမှော်မန္တန်များကိုရွတ်ဆိုလိုက်ကြ၏။သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ရွှေရောင်အလင်းဓတန်းများ တဖျတ်ဖျတ်တောက်ပနေကာ လုယွီကိုဦးတည်၍ သူတို့၏ အစွမ်းထက်ဆုံးမှော်မန္တန်များကို တပြိုင်နက်တည်းရွတ်ဆိုလိုက်ကြသည်။
Chapter 3708
ကြီးမားသောစွမ်းအားများနှင့်ပြည့်နှက်နေသည့်မြောက်များစွာသော ရွှေရောင်အလင်းတန်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
ဤရွှေရောင်အလင်းတန်းများကို မြင်တွေ့မိသော မည်သူမဆို သူတို့၏အရာရာတိုင်းကိုထွင်းဖောက်ကြည့်ခံနေရသည့်အလား ခံစားရသည်။မြင့်မြတ်သောဗုဒ္ဓအလင်းတန်းများ၏လွှမ်းခြုံမှုအောက်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တောက်ပလင်းလတ်နေသဖြင့်လူအများသည်သူတို့၏မျက်လုံးများကိုပင် ဖွင့်နိုင်စွမ်းမရှိတော့ချေ။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒာများ တလိမ့်လိမ့်ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်ကိုတုန်ခါသွားစေသည်။
လုယွီသည် ဤကဲ့သို့မိုးကောင်းကင်ပြိုလုမတတ် တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် နောက်ဆုတ်ခြင်းမပြုချေ။ထိုအစားသူ၏လက်ကိုဆန့်တန်းလိုက်ကာ သူ့၏လက်ဝါးအတွင်းမှနေ၍ ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။
ရုတ်တရက် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အမှောင်ထုကြီးအတွင်းသို့ကျရောက်သွားသည်။
ပတ်ဝန်းကျင်ရှိလေဟာနယ်ပင်လျှင် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ဗုဒ္ဓဘုရားလောင်းများသည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသည့်တိုင် သူတို့သည်ဗုဒ္ဓအလင်းတန်းများကို ဤမျှအဆင့်ထိ ထုတ်လွှတ်နိုင်စွမ်းမရှိချေ။မြင့်မာသောမိုးကောင်းကင်ယံအတွင်း၌ရှိနေသည့် ရွှေရောင်ဗုဒ္ဓလောက၏တံခါးကြီးသည် အကန့်အသတ်မရှိသော အမှောင်ထုကြီး၏လွှမ်းခြုံခြင်းကို ခံလိုက်ရကာ ဗုဒ္ဓအလင်းတန်းတစ်စိုးတစ်စိကိုမျှ ထုတ်လွှက်နိုင်ခြင်းမရှိတော့ပေ။
ည သတ်ဖြတ်ခြင်း...
လုယွီက စကားလုံးနှစ်လုံးကို ရွတ်ဆိုလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို အမှောင်ထုအတွင်း၌ ပုန်းကွယ်လိုက်သည်။
အစောပိုင်းကရှိနေသည့် မရေမတွက်နိုင်သည့်တောက်ပသော ဗုဒ္ဓမှော်မန္တန်များကိုလည်း အမှောင်ထုကြီးက လွှမ်းခြုံသွားသဖြင့် သူ့ရှေ့တွင်မည်သည့်စွမ်းအားမျှ ထွက်ပေါ်လာခြင်းမရှိတော့ချေ။
ဤသည်မှာ လက်သီးတချက်သည် ဝါဂွမ်းပေါ်သို့ကျရောက်သွားသည့်အလား လုယွီကိုအနည်းငယ်မျှ ထိခိုက်နာကျင်မှုမဖြစ်စေပေ။
"သူ ထွက်ပြေးသွားတာလား...ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ"
ခရမ်းမျက်လုံး ဗုဒ္ဓဘုရားလောင်းတယောက်ကသူ၏ခေါင်းကို ခါးယမ်းလိုက်၏။
သူတို့သည် ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာခြင်းမှာ အစွမ်းထက်သောရန်သူနှင့်ရင်ဆိုင်ကြုံတွေ့ရပြီဟု တွေးထင်မိသောကြောင့်ပင် ။သို့ရာတွင် သူတို့ရောက်ရှိလာသည့် အချိန်အခိုက်အတန့်မှာပင် တစ်ဖက်လူသည်အဝေးသို့ ရှောင်ပြေးသွားခဲ့သည်။ဤသည်မှာ အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပင်။
သို့ရာတွင် တခြားဗုဒ္ဓဘုရားလောင်းတစ်ယောက်သည် သူ့၏စိတ်အတွင်း၌ အာရုံခံမိသဖြင့်ရုတ်တရက် သူ၏ခေါင်းကို သူ့အထက်ရှိလေဟာနယ်အတွင်းသို့ မော့ကြည့်လိုက်သည်။သူ့၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။
"မဟုတ်ဘူး...သူ့ထွက်မသွားသေးဘူး"
သူသည် ထိုစကားများကို ပြောဆိုလိုက်သော်လည်း အလွန်နောက်ကျသွားလေပြီ။
ညကောင်းကင်ယံအောက်မှနေ၍ အေးစက်စက်အလင်းတန်းတတန်းနှင့်အတူ အနက်ရောင်ဆေဘာဓားတလက်က အမှောင်ထုအတွင်းမှ ဖြတ်ခနဲကျဆင်းလာသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် ခရမ်းမျက်လုံးဗုဒ္ဓဘုရားလောင်း၏နံဘေးသို့ ရောက်ရှိသွားလေ၏။
"ဒီစွမ်းအားက..."
ခရမ်းမျက်လုံးဗုဒ္ဓဘုရားလောင်းသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူ၏မျက်နှာဖြူရော်သွားသည်။ထို့နောက် သူ့၏ခန္ဓာကိုယ်ရှိမှော်စွမ်းအားများကို အလျင်အမြန်လှည့်ပတ်ကာ ထိုတိုက်ခိုက်မှုကို တားဆီးလိုက်သည်။
မှော်စွမ်းအားများဖြင့်ဖွဲ့စည်းထားသော ပေတစ်သိန်းခန့်ရှည်လျားသည့် ရွှေရောင်အလင်းတန်းကြီးတစ်တန်းသည် ခရမ်းမျက်လုံးဗုဒ္ဓဘုရားလောင်း၏နံဘေးပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။မြောက်မြားစွာသော ရွှေရောင်သင်္ကေတအက္ခရာများ အတူတကွစုဝေးသွားကာ မဖျက်ဆီးနိုင်သော မှော်စွမ်းအားနံရံကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားလေ၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုဆေဘာဓားသည် ပြင်းထန်သောအားလှိုင်းတစ်ရပ်နှင့်အတူ သူ့ရှေ့ရှိ မှော်စွမ်းအားနံရံကြီးကိုဖြတ်သန်း၍ ရောက်ရှိလာခဲ့သည်။
ခရမ်းမျက်လုံးဗုဒ္ဓဘုရားလောင်း၏ခေါင်း ဖြတ်တောက်ခြင်းခံလိုက်ရသည်။
သူ၏သွေးများပန်းထွက်လာကာ မြေပြင်ပေါ်သို့ ဖြာကျသွားလေ၏
ဤသည်မှာ ဆေဘာဓားလှုပ်ရှားမှုတစ်ခုနှင့်တူညီသော်လည်း မရေမတွက်နိုင်သောဆေဘာဓားစိတ်ဆန္ဒပါဝင်နေသည်။တစ်စုံတစ်ယောက်ပေါ်၌ ဒဏ်ရာရရှိသွားစေသောအချိန်အခိုက်အတန့်တွင် ထိုဆေဘာဓားစိတ်ဆန္ဒများအားလုံး အတူတကွစုဝေးသွားကာ ချက်ချင်းပွင့်အံ့ထွက်သွားသည်။
ခရမ်းမျက်လုံးဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်သည် လေထုအတွင်း၌ အနည်းငယ်တုန်ရီသွားပြီးနောက် ကျယ်လောင်သောဘန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ထိုဗုဒ္ဓဘုရားလောင်းသည်သွေးမြူများအဖြစ်ပြောင်းလဲသွားကာမိုးကောင်းကင်ရဲ့အတွင်း၌ပြည့်နက်သွားပြီးလေထုအတွင်း၌ ပြန်ကြဲသွားတော့သည်
ဟူး....
ရှည်လျားသောသက်ပြင်းရှိုက်သံတစ်သံက ကောင်းကင်နှင့်မြေပြင်အကြားမှ ထွက်ပေါ်လာသည်။
ဤသည်မှာ ဗုဒ္ဓဘုရားလောင်းတယောက်ကြွေလွင့်သွားခြင်းကြောင့်ဖြစ်ပေါ်လာသော ထူးဆန်းသည့်သဘာဝလွန်ပုံရိပ်ပင်။
သူ့အတွက် သက်ရှိများအားလုံးပူဆွေးဝမ်းနည်းရကာ မိုးကောင်းကင်ပင်လျှင် သူ့အတွက် ပူဆွေးဝမ်းနည်းရလေ၏။
သွေးမိုးများဖြာကျလာကာ ဗုဒ္ဓဘုရားလောင်းတစ်ယောက် ကြွေလွင့်သွားသည့်အတွက်မိုးကောင်းကင်ယံကြီးမှ ငိုကြွေးလိုက်သည့်အလားပင်။
အီး.....
တခြားခပ်အုပ်အုပ်ညည်းတွားသံတစ်သံကိုကြားလိုက်ရကာ တခြားဗုဒ္ဓဘုရားလောင်းတစ်ပါးသည် သွေးအိုင်အတွင်းသို့လဲကျသွားပြီးသွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားတော့သည်။
သူ့၏နံဘေးရှိ ဗုဒ္ဓဘုရားလောင်းသည်လည်းအသိပြန်မဝင်သေးမီမှာပင် သတ်ဖြတ်ခြင်းခံလိုက်ရကာ သွေးအမြောက်အမြားယိုစီးကျလာသည်။
တစ်ယောက်...နှစ်ယောက်...သုံးယောက်...
လုယွီသည် ဗုဒ္ဓဘုရားလောင်းသုံးယောက်ကိုတပြိုင်နက်တည်း သတ်ဖြတ်ပြီးနောက်သူ့၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ထူထပ်သိပ်သည်းသော သွေးညှီနံများဖြင့် ပြည့်နှက်သွားသည်။
သူ့ရှေ့ရှိ ဗုဒ္ဓဘုရားလောင်းများသည် ဗုဒ္ဓလောက၏အစွမ်းထက်ဆုံးကျင့်ကြံသူများထပ်မံ၍ မဟုတ်တော့ချေ။သူတို့သည် သတ်ဖြတ်ခံရရန်အတွက် စဥ့်နီတုံးတစ်တုံးပေါ်တွင် စောင့်ဆိုင်းနေရသော ငါးလေးများအလား ကံကြမ္မာရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြရသည်။
လုယွီထံတွင် အတိတ်ဘဝမှ သူ၏ခွန်အား၏ဆယ်ရာခိုင်နှုန်းသာရှိသော်လည်း နတ်ဘုရားများနှင့်ဗုဒ္ဓများကိုသုတ်သင်နိုင်ရန် စွမ်းအားလုံလောက်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားသွေးစက်များ၏စွမ်းအားများ အရူးအမူးလောင်ကျွမ်းနေကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်အတွက် လုံလောက်သောထောက်ပံ့မှုကို တည်ငြိမ်စွာပေးစွမ်းနိုင်သည်။လုယွီသည် အတိတ်ဘဝမှ သူရင်းနှီးကျွမ်းဝင်ခဲ့သောနယ်ပယ်သို့ တဖန်ပြန်၍ရောက်ရှိနေခဲ့သည်။ရုတ်ချည်းဆိုသလိုပင် သူသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားတစ်ရပ်ကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့ပေ၏။
အမှောင်ထုအတွင်း၌ သူသည် ဘုရင်ပင်။
Chapter 3709
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်လုယွီ၏လက်အတွင်း၌ ဗုဒ္ဓဘုရားလောင်းသုံးယောက်သေဆုံးသွားလေပြီ။
လုယွီသည် အမှောင်ထုအတွင်း၌ မတ်တတ်ရပ်နေသည်။သူ့ရှေ့တွင်ရှိနေသော ဗုဒ္ဓကျင့်ကြံသူများသည် အစွမ်းထွက်သော်လည်း သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကိုခြိမ်းခြောက်နိုင်စွမ်းမရှိချေ။
တခြားဗုဒ္ဓဘုရားလောင်းများအားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။
သူတို့သည် အစစ်အမှန်ခန္ဓာကိုယ်များနှင့်ဆင်းသက်လာခြင်းဖြစ်ကာ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များသည် နက်နဲသိမ်မွေ့သည်။သို့ရာတွင် သူတို့သည် လုယွီကဲ့သို့အပြောင်းအလဲတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ဖော်ထုတ်နိုင်စွမ်းမရှိတော့ချေ။
ဗုဒ္ဓဘုရားလောင်းတယောက်သည် ရုတ်တရက်သက်ပြင်းတစ်ချက်ရှိုက်ကာ နံဘေးမှနေ၍ အေးစက်တင်မာစွာစောင့်ကြည့်နေသော ရွှေရောင်နဂါးကြီးကို ပြောဆိုလိုက်သည်။
"နဂါးအရှင်...ကျေးဇူးပြုပြီးတော့ လှုပ်ရှားမှုဆောင်ရွက်ပြီး ဒီနတ်ဆိုးကိုနှိမ်နင်းပေးပါ"
အစပထမ၌ ဤရွှေရောင်နဂါးကြီးသည် ထွက်ပေါ်လာစဉ်ကတည်းက လေထုအတွင်း၌ပျံသန်းနေကာ နံဘေးဘက်မှနေ၍ အေးစက်စက်စောင့်ကြည့်ရန်ကိုသာ ရွေးချယ်ခဲ့သည်။
ဗုဒ္ဓဘုရားလောင်းများသည် သူ့ရှေ့တွင်သတ်ဖြတ်ခံရသည့်တိုင် သူ၏စိတ်အခြေအနေကို သက်ရောက်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ဆက်လက်၍စောင့်ကြည့်နိုင်ခဲ့သည်။ထိုဗုဒ္ဓဘုရားလောင်းများ သေဆုံးသွားခြင်းသည် သူနှင့် အနည်းငယ်မျှမသက်ဆိုင်သည့်အလားပင်။
ဗုဒ္ဓလောကအတွင်း၌ ရွှေရောင်နဂါးကြီး၏အဆင့်အတန်းသည် အလွန်အမင်းမြင့်မားပေ၏။သူသည်လည်း ဗုဒ္ဓဘုရားလောင်းတစ်ယောက်ဖြစ်သည့်တိုင် သူ့၏စွမ်းအားများသည် သာလွန်ထူးကဲကာ နံဘေးပတ်ဝန်းကျင်ရှိ တခြားဗုဒ္ဓဘုရားလောင်းများထက် များစွာပို၍အားကောင်းသည်။
"ကြည့်ရတာတော့ မင်းတို့ကို အားကိုးလို့မရမယ့်ပုံမရှိဘူး....ကောင်းပြီလေ....အဲဒီကောင်က ဗုဒ္ဓအရှင်ရဲ့အမိန့်ကို ဖီဆန်ခဲ့ရုံမကဘူး...သူက ငါတို့ဗုဒ္ဓလောကရဲ့ အစွမ်းထက်ကျင့်ကြံသူတွေကိုတောင် သတ်ဖြတ်ခဲ့တယ်...ဒါက အရမ်းတရားလွန်တဲ့ လုပ်ရပ်တစ်ခုဘဲ...တကယ်လို့ သူ့ကို စိတ်ဝိညာဥ်တောင်ဆီပို့ပြီး အပြစ်ဒဏ်ပေးမယ်ဆိုရင်တောင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အပြစ်တွေကို ဆေးကြောနိုင်မှာမဟုတ်ဘူး"
ရွှေရောင်နဂါးသည် အေးစက်စက်အော်ငေါက်ပြီး သူ့၏ဧရာမနဂါးခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းလိုက်သည်။သူ့၏နဖူးပေါ်တွင် ရွှေရောင်သင်္ကေတနှစ်ခု ရုတ်တရက်ထွက်ပေါ်လာပေ၏။
အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုရွှေရောင်သင်္ကေတနှစ်ခုသည်ကျမ်းစာစာလုံးများကို ပြွတ်သိပ်စွာရေးသား၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တွေ့မြင်ရပေမည်။ထိုအရာများအတွင်းတွင် နက်နဲသိမ်မွေ့သော အစစ်အမှန်အဓိပ္ပါယ်များ ကိန်းအောင်းနေသည်။ထိုသင်္ကေတနှစ်ခုသည် ဗုဒ္ဓ၏မြင့်မြတ်သော အစစ်အမှန်ကျမ်းစာများဖြစ်ကာ စွမ်းအားသည် အလွန်အမင်းအံအားသေးဖွယ်ကောင်းအောင် ကြီးမားပေ၏။
ထိုကျမ်းစာနှစ်ခုအနက် ပထမတစ်ခုမှာ 'ဆင့်ခေါ်ခြင်း'ဖြစ်ပြီး ဒုတိယတခုမှာ 'ဖိနှိပ်ခြင်း'ဖြစ်သည်။
ဆင့်ခေါ်ခြင်းသည် ဗုဒ္ဓလောကမှအစွမ်းထက်ကျင့်ကြံသူများနှင့် အစောင့်ရှောက်များအားလုံးကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။ကောင်းကင်ဘုံနဂါးအုပ်စုရှစ်စုနှင့် ဗုဒ္ဓဘုရားလောင်းရှစ်သောင်းလေးထောင်တို့သည် ဆင့်ခေါ်ခြင်းအမိန့်ကို နာခံရကာ ရွှေရောင်နဂါးကြီးသည် သူတို့အားဆန္ဒရှိသကဲ့သို့ အသုံးပြုနိုင်သည်။
ဖိနှိပ်ခြင်းသည် မြင့်မြတ်သောဗုဒ္ဓစွမ်းအားဖြစ်ကာ နတ်ဆိုးများဖြစ်စေ လမ်းလွဲတာအိုကျင့်ကြံသူများဖြစ်စေ ထိုလူများအားလုံးကို ဖိနှိပ်နိုင်စွမ်းရှိသည်။
ရွှေရောင်နဂါးကြီး မှော်မန္တန်တပုဒ်ကိုရွတ်ဆိုချိန်တွင် သူ ပြောဆိုလိုက်သော စကားတစ်လုံးတိုင်းစကားတစ်ခွန်းတိုင်းသည် ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့်စကြာဝဠာကို တုန်ခါသွားစေကာ မိုးကောင်းကင်တာအိုအပေါ်ကိုပင် သက်ရောက်မှုရှိသည်။
"မင်းက တကယ့်ကို ထူးချွန်တဲ့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ....ကံဆိုးချင်တော့ မင်းကမိန်းမတစ်ယောက်အတွက်နဲ့ ဗုဒ္ဓလောကကို ဆန့်ကျင်ခဲ့တယ်"
ရွှေရောင်နဂါးကြီး၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေကာ သနားကြင်နာမှုအရိပ်အရောင်မျိုး တစိုးတစိမျှမရှိချေ။
ထိုအမှတ်သင်္ကေတနှစ်ခုမှနေ၍ စူးရှသောရွှေရောင်အလင်းတန်းနှစ်တန်း ထွက်ပေါ်လာကာ လုယွီထံဦးတည်၍ တိုးဝင်သွားသည်။
ထိုရွှေရောင်အလင်းတန်းများသည် တခြားဗုဒ္ဓဘုရားလောင်းများရွတ်ဆိုသော မှော်မန္တန်များနှင့် ကွဲပြားခြားနားပေ၏။ထိုအရာများသည်အလွန်ပြင်းထန်သောစွမ်းအားရှိကာ လုယွီ၏ရှေ့သို့ ချက်ချင်းရောက်ရှိလာသည်။
သို့ရာတွင် ထိုရွှေရောင်အလင်းတန်းများသူ့၏အနီးသို့ချဉ်းကပ်လာချိန်တွင် လုယွီက သူ၏မျက်လုံးများကို ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။
သူ၏မျက်လုံးတစ်စုံသည် မည်သည့်သက်ရောက်မှုမျိုးမျှ မခံရသည့်အလားပင်။ဤကဲ့သို့ အလွန်အမင်းကြီးမားသော သတ်ဖြတ်ခြင်းလှုပ်ရှားမှုများနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီ၏နှုတ်မှနေ၍ စကားတစ်ခွန်းသာ ထွက်ပေါ်လာသည်။
"ပြန့်ကျဲသွားစမ်း"
တာအိုသခင်၏စွမ်းအားလဆင်းသက်လာလေပြီ။
လုယွီထံတွင်လသူ၏အတိတ်ဘဝကျင့်ကြံဆင့်နယ်ပယ်၏ ဆယ်ရာခိုင်နှုန်းသာရှိသော်လည်းသူသည် မိုးကောင်းကင်သာအိုဥပဒေသများ၏တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
မြောက်များစွာသော မိုးကောင်းကင်တာအို ဥပဒေသများသည် လုယွီကိုဝန်းရံထားကာ ထိုအရာများသည် သူ၏အစွမ်းထက်ဆုံးသတ်ဖြတ်ခြင်းလက်နက်များအလားပင်။သူသည် သူ့ရှေ့ရှိ အရာရာတိုင်းကို သတ်ဖြတ်ရန်အတွက် ထိုအရာများကို အနည်းငယ်အသုံးပြုရန်သာ လိုအပ်သည်။
မိုးကောင်းကင်တာအိုဥပဒေသများဆင်းသက်လာချိန်တွင်သူ့ရှေ့ရှိ ရွှေရောင်အလင်းတန်းများနှင့် ရစ်ပတ်သွားလေ၏။
မြင့်မြတ်သောဗုဒ္ဓအလင်းတန်းများသည် တဟုန်းဟုန်းတောက်လောင်နေသောငရဲမီးများနှင့်ထိတွေ့သည့် မာကျောသောရေခဲများအလားအလျှင်အမြန်အရည်ပျော်စပြုလာသည်။
အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းတန်းများသည် အမှန်တကယ်ကိုပင် လုယွီကိုအနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။
ရွှေရောင်နဂါးကြီး၏မျက်နှာပေါ်တွင် နောက်ဆုံး၌ အံ့အားသင့်သောအမူအယာမျိုး ပေါ်ထွက်လာသည်။
"ကြည့်ရတာတော့ မင်းမှာ အရည်အချင်းတချို့ရှိပုံပဲ...မင်းက ငါ့ရဲ့ဗုဒ္ဓစွမ်းအားကို ဟန့်တားဖို့အတွက် မိုးကောင်းကင်တာအိုဥပဒေသတွေကိုတောင် နှိုးဆွနိုင်စမ်းရှိတယ်.... ဒါပေမဲ့ အခုအတွက်ကတော့ ဒီလောက်ပါပဲ"
ရွှေရောင်နဂါးကြီးသည် ရုတ်တရက်အော်ဟစ်ပြီး ရှေ့သို့ပျံသန်းလာကာ လုယွီနှင့်အနီးကပ်တိုက်ခိုက်လိုပုံရသည်။