← Chapters

အခန်း (၃၇၁၀-၃၇၁၃)

Vol. 189 Ch. 3710-3713

အခန်း (၃၇၁၀-၃၇၁၃)

Vol. 189 Ch. 3710-3713

Chapter 3710

ဘုန်း...ဘုန်း...ဘုန်း...

တုန်လှုပ်ချောက်ချားဖွယ်ပေါက်ကွဲသံများကမိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။

မိုးကောင်းကင်ယံတစ်ခွင်လုံး၏အရောင် အပြည့်အဝ ပြောင်းလဲသွားသည်။ဤသည်မှာမှောင်လိုက်လင်းလိုက် ဖြစ်နေကာ လောကကြီး၏အဆုံးသတ် ဆင်းသက်လာသည့်အလားပင်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင်လုယွီနှင့်ရွှေရောင်နဂါးကြီးသည် တိုက်ကွက်ပေါင်းရာနှင့်ချီ၍ဖလှယ်ပြီးလေပြီ။သူတို့၏လှုပ်ရှားမှုတိုင်းသည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပေ၏။ သာမန်လူများသည် ဤတိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်​ချေ။ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော ကျင့်ကြံသူတချို့ပင်လျှင် သူတို့၏စိတ်အာရုံများကို စုစည်းပြီးမှသာနောက်ချန်ပုံရိပ်တချို့ကို ဝိုးတဝါးမြင်တွေ့နိုင်သည်။

ထိုနောက်မှမှနေ၍ နဂါးနှင့်လူသည်နောက်ဆုံး၌ ကွဲပြားသွားကာ လေဟာနယ်အတွင်း၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။

"ဘယ်သူနိုင်သွားတာလဲ"

အောက်ရှိလူအများစုသည် သူတို့၏မျက်လုံးများကိုကျယ်ကျယ်ဖွင့်ကာ တိုက်ပွဲ၏နောက်ဆုံးရလဒ်ကို တွေ့မြင်လိုကြ၏။

ထိုက်ချန်တောင်သည် ဤလူနှစ်ယောက်အကြားရှိ တိုက်ပွဲကြောင့် မြေပြန့်တစ်ခုအဖြစ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားလေပြီ။

သာမန်လူများသည် ဤတိုက်ပွဲ၏ နောက်ချန်စွမ်းအားလှိုင်းများကြောင့် အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမရှိခြေ။အကယ်၍ သူတို့သည် ထပ်မံ၍ ရှေ့သို့တိုးလိုက်ပါက ထိုအားလှိုင်းများ၏ သက်ရောက်မှု့ကိုခံရကာ သူတို့၏အသက်များ ဆုံးရှုံးသွားပေလိမ့်မည်။

ဤကဲ့သို့တိုက်ပွဲတစ်ပွဲတွင် လူအမြောက်အများသည် အနီးသို့မချဉ်းကပ်ဝံ့သည့်တိုင်သူတို့သည် တိုက်ပွဲ၏နောက်ဆုံးရလဒ်ကိုမူ အာရုံစူးစိုက်နေကြဆဲပင်။

ခရက်...

ရွှေရောင်နဂါးကြီး၏ခန္ဓာကိုယ်မှနေ၍ အက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှေရောင်နဂါးကြီးသည် မယုံကြည်နိုင်မှုကြောင့်သူ၏မျက်လုံးများပြူးကျယ်နေသည်။ သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်ကိုလွှမ်းခြုံထားသောရွှေရောင်နဂါးအကြီးခွံများသည် ရုတ်တရက်ကွဲအက်ကာ ကြေမွှပျက်စီးသွားလေ၏။

ဤသည်မှာ နဂါးအရေခွံ၏ကျစ်လစ်သိပ်သည်းဆုံး အပေါ်ယံအလွှာပင်။ထိုအရာသည် ဂျင်ထောင်သောင်းရှိသောစွမ်းအားကိုပင် တောင့်ခံနိုင်စွမ်းကာ လွယ်လင့်တကူ ကျိုးပဲ့နိုင်ခြင်းမရှိချေ။သို့ရာတွင် ရွှေရောင်နဂါးကြီးသည် လုယွီနှင့်တိုက်ခိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို မရေမတွက်နိုင်သော ဓားချီများဖြင့် ခုတ်ပိုင်းခြင်းခံလိုက်ရသည်။ဖျက်ဆီး၍မရနိုင်လုနီးပါးမာကျောသော သူ၏နဂါးအကြေးခွံများ နောက်ဆုံး၌အနည်းငယ်အက်ကွဲသွားခဲ့သည်။

ဤသည်မှာ မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ပင်။

"မဟုတ်ဘူး....သူက နယ်မြေသခင် ဒါမှမဟုတ်ခြေလှမ်းတဝက်တာအိုသခင်တောင်မဟုတ်ဘူး... သူက ဥပဒေသတွေကိုထိန်းချုပ်ပြီးတော့ငါ့ရဲ့ဗုဒ္ဓဥပဒေသကို ဖျက်ဆီးနိုင်တယ်...သူက တာအိုသခင်ဘဲ...တာအိုသခင်တွေကပဲ ဒီကိစ္စကိုပြုလုပ်နိုင်တယ်"

ရွှေရောင်နဂါးကြီးသည် ရုတ်တရက် တစ်စုံတစ်ခုကိုခနားလည်သဘောပေါက်သွားပုံဖြင့် တီးတိုးရေရွတ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်၌ရှိနေသောလူများအားလုံး ကြက်သေသေသွားသည်။

အထူးသဖြင့် အစောပိုင်းကထွက်လာခဲ့သော ဗုဒ္ဓဘုရားလောင်းများပင်။သူတို့၏အပြုံးများတောင့်ကင်းသွားကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ အကန့်အသတ်မရှိသောထိတ်လန့်ကြောက်ရွံ့မှုကိုခံစားရသည်။

တာအိုသခင်များသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင် အထွတ်အထိပ်၌ရပ်တည်နိုင်သော တည်ရှိမှုကြီးများဖြစ်သည်။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆိုလကောင်းကင်ဘုံနယ်မြေကိုလှုပ်ခတ်နိုင်စွမ်းရှိသော ပုံရိပ်ကြီးများဖြစ်ပေ၏။

"ဒါက အမှန်လား....ဒါက အမှန်ပဲလား...အဲ့ဒီကောင်စုတ်က ဒီလောက်ထိ ကြမ်းတမ်းနေတာကိုကြည့်ရင် ဒါက တကယ်ကြီး ဖြစ်နိုင်တယ်"

လန်ဝူရှင်း၏မျက်ခွံများ တစ်ဆတ်ဆတ်တုန်နေက သူ၏နှလုံးကဆုန်စိုင်းခုန်ပေါက်နေသည်။

တာအိုသခင်...သူသည် တာအိုသခင်တစ်ယောက်၏နောက်သို့ လိုက်ခဲ့မိသလော....

ယွဲ့ဖူကြယ်နယ်မြေသခင်နှင့် ယွဲ့ဖူစစ်တပ်မှစစ်သားများအားလုံးသည် နေရာမှာပင် ကြက်သေသေနေကြကာ အချိန်အတော်ကြာသည်အထိ ပြန်လည်အသိဝင်လာခြင်းမရှိချေ။

သူတို့သည် အစောပိုင်းကမှ လုယွီသည် လက်ဝဲစစ်တပ်၏တပ်မှူး ဖြစ်သည်ဟုသိရှိခဲ့ရသည်။ ယခုအချိန်၌ လုယွီသည် တာအိုသခင်တစ်ယောက် ဖြစ်နေသည်ကို သူတို့သိရှိလိုက်ရသဖြင့် သူတို့သည် ဤအချိန်တွင် အသိစိတ်လွတ်ကင်းသွားကြလေပြီ။

လက်ဝဲစစ်တပ်နယ်မြေကိုမဆိုထားနှင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တခုလုံးအတွင်း၌ပင် အုပ်ချုပ်ရေးအဖွဲ့အတွင်း၌ တာအိုသခင်ကဲ့သို့ တည်ရှိမှုကြီးမျိုးမရှိချေ။

တော်ဝင်နန်းတွင်း၌ တာအိုသခင်များသည် အနိမ့်ဆုံးအနေဖြင့် မင်းသားတစ်ပါး သို့မဟုတ် နယ်စားတစ်ယောက်ဖြစ်နေရပေမည်။မည်သည်ကြောင့် သူသည်ဤကဲ့သို့လူငယ်တစ်ယောက်ဖြစ်နေသလော....

နောက်ထပ်အချိန်အခိုက်အတန့်၌ ရွှေရောင်နဂါးကြီး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် လုယွီ၏နှုတ်ခမ်းထောင့်၌ သွေးစသွေးနများရှိနေသည်ကို သူ ရုတ်တရက်တွေ့မြင်လိုက်ရသည်။

သူသည် လူယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တသမတ်တည်းမဟုတ်သည့် အရှိန်အဝါကိုခံစားမိသည်။ဤသည်မှာ တစ်ချိန်တည်းမှာပင် အားကောင်းလိုက် အား​ပျော့လိုက်ဖြစ်နေပေ၏။

"မင်းရဲ့ခန္ဓာကိုယ်ပေါ်က ဥပဒေသစွမ်းအားတွေက တည်ငြိမ်မှုမရှိဘူး...ဒါက မင်းရဲ့ခွန်အားမဟုတ်ဘူး...ဒါက မင်းလျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုပြီးတော့ ရရှိထားတဲ့စွမ်းအားပဲဖြစ်မယ်"

ရွှေရောင်နဂါးကြီးသည် ရုတ်တရက်သဲလွန်စတစ်ခုကိုတွေ့မြင်သွားကာ အသံနက်ကြီးဖြင့်ပြောဆိုသည်။

သူ့ထံတွင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားမှုမျိုးမရှိတော့ဘဲ ထိုအစား အလွန်အမင်း သတိကြီးစွာထားစပြုလာသည်။

အကယ်၍ ဤကျင့်ကြံဆင့်နယ်ပယ်သည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခြင်းကြောင့် ရရှိလာသည်ဆိုသည့်တိုင် တာအိုသခင်နယ်ပယ်စွမ်းအားဖြစ်နေဆဲပင်။သူသည် ထိုစွမ်းအားကို ပေါ့ပေါ့ဆဆရင်ဆိုင်ဝံ့ခြင်းမရှိချေ။

လုယွီသည် ရွှေရောင်နဂါးကြီးကို တစ်ချက်ကြည့်လိုက်၏။ထို့နောက် သူ့၏ပါးစပ်ထောင့်မှနေ၍ သွေးများထပ်မံ၍ ယိုစီးကျလာသည်။

သို့ရာတွင် သူ၏မျက်လုံးများအတွင်း၌ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒာများ ရှိနေဆဲပင်။

"ဒါက မင်းတို့အားလုံးကိုသတ်ဖို့ လုံလောက်တယ်"

Chapter 3711

ရွှေရောင်နဂါးကြီး ပြောဆိုသည့်အတိုင်းပင် လုယွီ၏လက်ရှိခွန်အားသည် တည်ငြိမ်ခြင်းမရှိချေ။

သူသည် တာအိုသခင်၏နည်းစနစ်များကိုအသုံးပြုနိုင်ရသောအကြောင်းအရင်းသည် နတ်ဘုရားသွေးစက်များ၏ စွမ်းအားကြောင့်ပင်။

ကံကောင်းထောက်မစွာဖြင့် ယခင်က လုယွီသည် နတ်ဘုရားများကိုသတ်ဖြတ်ခဲ့ကာ နတ်ဘုရားသွေးစက်အမြောက်အများကိုရရှိထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် နတ်ဘုရားသွေးစက်များကို လောင်ကျွမ်းစေကာ အားကောင်းသောထောက်ပံ့မှုကို သူ့အတွက်ရရှိစေခဲ့သည်။

သို့ရာတွင် အချိန်သည် တဖြည်းဖြည်းကုန်ဆုံးလာလေပြီ။

နတ်ဘုရားသွေးစက်များ၏စွမ်းအားသည် အစဉ်အမြဲ ရှိမနေနိုင်ချေ။နတ်ဘုရားသွေးစက်များကို အပြည့်အဝလောင်ကျွမ်းပြီးပါက သူ့အား စောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရားပင်။

"သူ ထပ်ပြီးကြာကြာ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး...ငါတို့ အတူပူးပေါင်းပြီးတော့ သူ့ကိုနှိမ်နင်းကြစို့"

ဗုဒ္ဓဘုရားလောင်းတစ်ယောက်သည်လည်း ထိုသဲလွန်စကို ထွင်းဖောက်မြင်သွားသဖြင့်အော်ဟစ်လိုက်၏။

သို့ရာတွင် လုယွီက ထိုဗုဒ္ဓဘုရားလောင်းကိုကြည့်လိုက်သည်။

ထိုအကြည်တချက်ဖြင့်ပင် အေးစက်စက်အလင်းတန်းတစ်တန်းက မိုးကောင်းကင်ယံကိုဖြတ်သန်းသွားကာ လောကကြီးတစ်ခွင်လုံးကိုအရောင်ပြောင်းလဲသွားစေခဲ့သည်။

တောက်ပသောအေးစက်စက်အလင်းတန်းသည် မိုးကုတ်စက်ဝိုင်းကိုဖြတ်သန်းသွားကာ ချက်ချင်းဆိုသလိုပင် ထိုဗုဒ္ဓဘုရားလောင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

အရာအားလုံးသည် အလွန်လျင်မြန်စွာဖြစ်ပျက်သွားခဲ့သဖြင့် မည်သူမျှ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

"အား...မကောင်းတော့ဘူး"

ထိုဗုဒ္ဓဘုရားလောင်းက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ဆေဘာဓားချက်တစ်ချက် ကျရောက်လာသည်နှင့်အတူသူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးမြူများအဖြစ်သို့ပြောင်းလဲသွားသည်။ သူ၏စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်ခြင်းမရှိချေ။

တခြားဗုဒ္ဓဘုရားလောင်းများ၏ စိတ်နှလုံးသားများတုန်ရီသွားသည်။သူတို့သည် ခေတ်ကာလတလျှောက်လုံး တာအိုနှလုံးသားကို ကျင့်ကြံခဲ့သည့်တိုင် ဤအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန်တုန်ရီနေသည်။

အကြည်တချက်ဖြင့် တစ်စုံတစ်ယောက်ကိုသတ်ဖြတ်နိုင်စွမ်းရှိသလော...

ဤသည်က မည်ကဲ့သို့နည်းစနစ်မျိုးဖြစ်သနည်း....

သူတို့၏စိတ်နှလုံးသားများအတွင်း၌ထိပ်လန်ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည် အရေအတွက်အားသာခြင်းသည်နှစ်ဖက်ကြားရှိကွာဟချက်ကိုဖြည့်ဆည်းနိုင်ပုံမရချေ။

လုယွီသည် သူတို့အား စဉ်းစားတွေးတောရန်အတွက် အချိန်မပေးပေ။

သူသည် သူ၏ဆေဘာဓားကိုမြှောက်ကာထပ်မံ၍ခုတ်ပိုင်းလိုက်၏။

ထိုဆေဘာဓားချက်ကျရောက်လာသည်နှင့်အတူ ဓားသွားမှနေ၍ သွေးများစီးကျလာသည်။

အချိန်မီပြင်ဆင်မှု မလုပ်နိုင်ခဲ့သော ဗုဒ္ဓဘုရားလောင်းတယောက်သည် ထက်ပိုင်းဖြတ်တောက်ခြင်း ခံလိုက်ရလေ၏။မြောက်မြားစွာသောသွေးများပန်းထွက်လာကာ ထိုဗုဒ္ဓဘုရားလောင်းသည် လေထုအတွင်း၌ ပေါက်ကွဲသွားပြီး မည်သည့်အချိန်ကမျှ မတည်ရှိခဲ့သည့်အလားပင်။

မရေမတွက်နိုင်သော သဘာဝလွန်ပုံရိပ်များ ကောင်းကင်နှင့်မြေပြင်အကြား၌ ထွက်ပေါ်လာကာ လေဟာနယ်အတွင်း၌ ခပ်ဖျော့​ဖျော့ငိုညည်းသံများထွက်ပေါ်နေသည်။

ဤတစ်ကြိမ်တွင် ဗုဒ္ဓလောက၏အစွမ်းထက်ကျင့်ကြံသူအမြောက်အများ သေဆုံးခဲ့ရသည်။

အတိတ်မှစည်းမျဉ်းများအရ အကယ်၍ဗုဒ္ဓလောကသည် ထွက်ပေါ်မလာခင်အထိ အရာအားလုံးအဆင်ပြေသည်။သို့ရာတွင် ဗုဒ္ဓလောကမှလူများ တစ်ကြိမ်ထွက်ပေါ်လာသည်နှင့်ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေသည်။

ကံဆိုးစွာဖြင့် ဤတစ်ကြိမ်တွင် ဗုဒ္ဓလောကသည် သူတို့ပြင်ဆင်ရသေးခြင်းမရှိမီ ကြမ်းတမ်းသော ရန်ဘက်တစ်ယောက်နှင့်ရင်ဆိုင်တွေ့ရလေ၏။

ဗုဒ္ဓဘုရားလောင်းများ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်သွားရသဖြင့် ကြွင်းကျန်သောဗုဒ္ဓဘုရားလောင်းများသည် ပေါ့ဆဝံ့ခြင်းမရှိတော့ချေ။သူတို့၏ပါးစပ်များမှနေ၍ ကျမ်းစာများကိုရေရွတ်ကာ သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ဗုဒ္ဓသင်္ကေတအက္ခရာများဖြင့်အခိုင်အမာကာကွယ်ထားသည်။

ဤသည်မှာ ဂုဏ်ယူဝံ့ကြွားရန်အတွက် မဟုတ်ဘဲ အသက်ရှင်သန်ရန်အတွက်ပင်။

"ငါတို့က သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး...သူ့ရဲ့ဆေဘာဓားနည်းစနစ်က အရမ်းအစွမ်းထက်တယ်...ငါတို့ရဲ့စိတ်အာရုံတွေနဲ့ ခြေရာကောက်နိုင်မယ့် အရာမျိုးမဟုတ်ဘူး"

ဗုဒ္ဓဘုရားလောင်းတယောက်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။

အစောပိုင်းကသေဆုံးသွားသော ဗုဒ္ဓဘုရားလောင်းသည် သူ့၏နံဘေး၌ မတ်တတ်ရပ်နေခဲ့သည်။

သူတို့အားလုံးသည် ဗုဒ္ဓလောကအတွင်း၌ သာလွန်ထူးကဲသောစွမ်းအားရှိသူများပင်။သူတို့သည် မည်သည့်နေရာသို့သွားပါစေ တားဆီး၍မရနိုင်သော တည်ရှိမှုကြီးများဖြစ်သည်။သို့ရာတွင် သူတို့သည် ဤနေရာအရောက်တွင် လုယွီ၏ဟန့်တားခြင်းကိုခံရကာ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရသည်။သူတို့သည် သတ်ဖြတ်ခံရရန်အတွက် စဥ့်နီတုံးပေါ်တွင် စောင့်ဆိုင်းနေသော ငါးများအလားပင်။

ရွှေရောင်နဂါးကြီးသည် လုံးလုံးလျားလျားဒေါသူပုန်ထနေလေ၏။

ဗုဒ္ဓလောကအတွင်း၌ သူ၏အဆင့်အတန်းသည်အလွန်မြင့်မာသည်။ဤနေရာ၌ သူထွက်ပေါ်လာပါက ကိစ္စများအားလုံးအလွန်အမင်းလွယ်ကူသွားမည်ဟု သူ တွေးထင်ခဲ့သည်။

သို့ရာတွင် လုယွီသည် သူ့၏အကြေးခွံများကို ကြေမွှပျက်စီးသွားစေရုံသာမက သူ့ရှေ့၌ တခြားဗုဒ္ဓဘုရားလောင်းများကိုလည်း သတ်ဖြတ်နိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်မှာ အလွယ်ပြောရပါက သူ့ကိုမျက်လုံးအတွင်းမထည့်ခြင်းပင်။ဤကိစ္စသည် သူ့အတွက် လုံးလုံးလျားလျားအရှက်ရစရာကိစ္စပင်။

"အတူတူတိုက်ခိုက်ကြစို့...သူ ကြာကြာတောင့်ခံနိုင်တော့မှာမဟုတ်ဘူး"

ရွှေရောင်နဂါးကြီးက မိုးကောင်းကင်ကြီးတုန်ခါလုမတတ် ဟိန်းဟောက်လိုက်၏။သူသည်အကန့်အသတ်မရှိသော ဗုဒ္ဓစွမ်းအားများကိုသယ်ဆောင်ကာ လုယွီထံသို့ တိုးဝင်လိုက်သည်။

တခြားဗုဒ္ဓဘုရားလောင်းများသည်လည်း သူတို့သည် သေရမည်ကို ထိုင်စောင့်နေ၍မရကြောင်း သိရှိထားကြသည်။ထိုကြောင့် သူတို့အားလုံး၏အစွမ်းထက်ဆုံးနည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်သည်။အချိန်တိုအတွင်းမှာပင် လောကကြီးတစ်ခွင်လုံးဗုဒ္ဓအလင်းတန်းများဖြင့် လင်းထိန်သွားကာအလွန်အမင်းတောက်ပနေပေ၏။

Chapter 3712

ထောင်နှင့်ချီသော ဗုဒ္ဓအလင်းတန်းများကမိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ဗုဒ္ဓလမ်းစဉ်သည် စာနာသနားခြင်းနှင့်သနားကြင်နာမှုတို့ကို သင်ကြားပေးကာ အမှားအမှန်ကိုပြသရသည်။သို့ရာတွင် နတ်ဆိုးများနှင့်လမ်းလွဲတာအိုကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ဗုဒ္ဓ၏ဒေါသကိုရင်ဆိုင်ရပေ၏။

ဤကဲ့သို့ အကန့်အသတ်မရှိသောဗုဒ္ဓအလင်းတန်းများ၏အ​ကြားတွင် လုယွီသည်သူ၏ဆေဘာဓားကိုကိုင်မြှောက်ကာ အားကုန်ခုတ်ပိုင်းလိုက်သည်။

ဝှစ်....

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ တခြားဗုဒ္ဓဘုရားလောင်းတယောက်သည် နေရာမှာပင်သတ်ဖြတ်ခြင်းခံလိုက်ရသည်။ထိုဗုဒ္ဓဘုရားလောင်း၏သွေးများသည် နေရာမှာပင်ပြန့်ကြဲသွားကာ သူ၏အသက်စွမ်းအားသည်လည်း ပျောက်ကွယ်သွားလေပြီ။

အကန့်အသတ်မရှိသော ဗုဒ္ဓမှော်မန္တန်များသည်အမှောင်ထုကြီးကို ချိုးဖျက်နေကြ၏။အဆုံးမရှိသောအမှောင်ထုကြီးသည် ပါးစပ်ကြီးကိုဖွင့်ဟထားကာ ချောက်နက်ကြီးတစ်ခုအလား ထိုဗုဒ္ဓမှော်မန္တန်များအားလုံးကို ဝါးမြိုလိုက်သည်။

လုယွီ၏မျက်နှာ တဖန်ထပ်၍ဖြူရော်သွားကာသူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည်။

သူသည် သူ့၏ကျင့်ကြံဆင့်နယ်ပယ်ထက် များစွာပို၍ကျော်လွန်သော စွမ်းအားများကို အသုံးပြုပြီးဖြစ်သည်။

သူ ယခုထိတိုင် တောင့်ခံနိုင်ရသောအကြောင်းအရင်းမှာ သူ့၏သိုင်းပညာသူတော်စင်အထွတ်အထိပ်ခန္ဓာကိုယ်နှင့် သူ့၏ခိုင်မာသောစိတ်ဆန္ဒတို့ကြောင့်ပင်။

သို့ရာတွင် ဤသည်မှာ ထာဝရတည်မြဲမည်မဟုတ်ချေ။

သိုင်းပညာသူတော်စင်အထွတ်အထွတ်ခန္ဓာကိုယ်သည် အလွန်အစွမ်းထက်သည်ဟု ဆိုသည့်တိုင် အကန့်အသတ်ရှိနေဆဲပင်။လုယွီသည် မြေကမ္ဘာအင်မော်တယ်အဆင့်နှင့်ကောင်းကင်ဘုံနယ်မြေ၏မဟာတာအိုကို ချိုးဖောက်ကာ တာအိုသခင်နယ်ပယ်၏စွမ်းအားကို အတင်းအကြပ်ထုတ်ဖော်အသုံးပြုခဲ့သည်။

အား....

တခြားဗုဒ္ဓဘုရားလောင်းတယောက်သည်လည်း လုယွီ၏ရှေ့၌ ကြေမွှပျက်စီးသွားကာ သူ့၏စိတ်ဝိညာဉ်လွင့်ပြယ်သွားခဲ့သည်။

ထိုဗုဒ္ဓဘုရားလောင်းများကို ဝန်းရံထားသောမြင့်မြတ်သည့် ဗုဒ္ဓသင်္ကေတများသည် အကန့်အသတ်မရှိသော တိုက်ခိုက်မှုမျိုးကို ခုခံနိုင်စွမ်းရှိသော်လည်း လုယွီ၏ဆေဘာဓားချက်နှင့်ရင်ဆိုင်ရချိန်တွင် ထိုအရာများသည် ခုခံကာကွယ်ပေးနိုင်စွမ်းမရှိတော့ချေ။

သူ၏ဆေဘာဓားချက်သည် အလွန်လိမ္မာပါးနပ်ကာ အရိပ်အယောင်ကိုဖမ်းဆုပ်နိုင်ရန် မဖြစ်နိုင်​ချေ။ထိုဆေဘာဓားစိတ်ဆန္ဒ၏ရှေ့တွင် ခုခံကာကွယ်မှုများအားလုံးသည် လုံးလုံးလျားလျားအသုံးမဝင်ပေ။

ဗုဒ္ဓဘုရားလောင်းဆယ့်နှစ်ယောက် ဆင်းသက်လာသော်လည်း သူတို့အနက်မှတစ်ဝက်ကျော်သည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။ကြွင်းကျန်သောဗုဒ္ဓဘုရားလောင်းများသည် သူတို့၏ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရသည်။

ငိုညည်းသံများသည် ပတ်ဝန်းကျင်အတွင်း၌ ပဲ့တင်ထပ်နေဆဲဖြစ်ကာ ဝမ်းနည်းကြေကွဲပဲကောင်းသော ပုံပြင်တစ်ပုဒ်ကို ပြောပြနေသည့်အလားပင်။

ကောင်းကင်နှင့်မြေပြင်အကြားရှိ လေဟာနယ်အတွင်း၌ လုယွီ၏ပုံရိပ်ကသာ မားမားမတ်မတ်တည်ရှိနေကာ သူ့၏ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"ဗုဒ္ဓအရှင်ရဲ့အမိန့်အရ...သူ့ကိုသတ်ကြစမ်း"

မိုးကောင်းကင်ယံအတင်း၌ ရွှေရောင်နဂါးကြီး၏မြင့်မြတ်သောအသံလှိုင်းများက တဖန်ပြန်၍ပဲ့တင်ထပ်လာသည်။

မိုးကောင်းကင်ယံအတွင်း၌ တောက်ပသောရွှေရောင်အလင်းတန်းများဖြင့် တဖျတ်ဖျတ်လင်းလက်နေသည်။ထိုရွှေရောင်အလင်းတန်းများနှင့်အတူ ကြီးမားသောပုံရိပ်ကြီးများထွက်ပေါ်လာပေ၏။

ထိုပုံရိပ်ကြီးများအားလုံး၏နောက်တွင် ကြီးမားသော အလင်းဘီးကြီးများရှိနေသည်။ထိုအလင်းဘီးကြီးများအနက်မှ တစ်ခုစီထံတွင် မြင့်မြတ်သောဗုဒ္ဓစွမ်းအားများနှင့် ကံကြမ္မာစွမ်းအားများရှိနေသည်။

သူတို့ ဖြတ်သန်းသွားသော မည်သည့်နေရာပင်မဆိုပြင်းထန်သော အမွှေးနံ့သာရနံ့များရှိနေသည်။သူတို့သည် ဗုဒ္ဓဘုရားလောင်းများဖြစ်သဖြင့် သူတို့၏ခွန်အားများသည် အလွန်အမင်းကြီးမားပေ၏။

ဗုဒ္ဓဘုရားလောင်းဆယ်ယောက်သည် ဗုဒ္ဓလောကအတွင်းမှနေ၍ ထပ်မံ၍ထွက်လာကြသည်။

ဗုဒ္ဓအရှင်သည် ဗုဒ္ဓလောကအတွင်း၌ ကြီးမားသောအခွင့်အာဏာကိုချုပ်ကိုင်ထားသည်။ဗုဒ္ဓဘုရားလောင်းအဆင့် ဆယ့်နှစ်ဆင့်ရှိကာ ဤတစ်ကြိမ်တွင် သူတို့အနက်မှဆယ်ယောက်ကိုစေလွှတ်လိုက်၏။သူတို့၏ခွန်အားများသည် အစောပိုင်းက ဆင်းသက်လာသူများထက် ပို၍အားကောင်းကာ ဗုဒ္ဓဖြစ်လုဆဲဆဲ အဆင့်မျိုးသို့ ရောက်ရှိနေလေပြီ။

ဤနေရာရှိ ရုန်းရင်းဆန်ခတ်မှုသည် အလွန်ကြီးမားပေ၏။ထို့ပြင် ဤနေရာတွင် ကျင့်ကြံသူများသည်လည်း တိမ်စိုင်များကဲ့သို့ပေါများသည်။ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ထိုဗုဒ္ဓဘုရားလောင်းများကို စုံစမ်းထောက်လှမ်းဝံ့ခြင်းမရှိချေ။သူတို့သည် ဤကဲ့သို့ကြီးမားတည်ရှိမှုများကို ရန်စစော်ကားမိမည်ကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။

ထိုက်ချန်တောင်အောက်ရှိ လန်ဝူရှင်းသည်လည်း သူ၏နှလုံးသား တုန်ရီနေသည်ကိုခံစားမိပေ၏။

အထွတ်အထိပ်ဂိုဏ်းနှင့်ရွှေအလင်းဘုရားကျောင်းတို့ကိုတန်းတူထားကာ ယခုချိန်ထိတိုင် ခေါ်ဆိုသုံးနှုန်းနေကြသော်လည်း....လန်ဝူရှင်းသည် ရွှေအလင်းဘုရားကျောင်း၏နောက်ခံ မည်မျှထိကြီးမားသည်ကိုသိရှိထားပြီးဖြစ်သည်။ဗုဒ္ဓဂိုဏ်းအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများ တိမ်စိုင်များကဲ့သို့ပေါများကာ သူတို့အနက်မှမည်သည့်တစ်ယောက်မဆိုအထွတ်အထိပ်ဂိုဏ်းအား ထာဝရပျက်စီးစေသော ချောက်နက်ကြီးအတွင်းသို့ ဆွဲချနိုင်စွမ်းရှိသည်။

"သူ ဟန့်တားနိုင်မလားဆိုတာကို ငါသိချင်မိတယ်"

လန်ဝူရှင်းသည် ရုတ်တရက် စိုးရိမ်ပူပန်စပြုလာပေ၏။

မည်သို့ပင်ဆိုစေကာမူ သူသည် လုယွီနှင့်အတူလိုက်လာခဲ့ခြင်းဖြစ်သော်လည်း သူ အများဆုံးကူညီပေးနိုင်သည်မှာ ပိုင်ဆုချင်အား ကာကွယ်စောင့်ရှောက်ပေးခြင်းပင်။သူသည် အစစ်အမှန်တိုက်ပွဲအတွင်း၌ ပါဝင်ပတ်သက်နိုင်ခြင်းမရှိချေ။

ရုတ်တရက် လန်ဝူရှင်းသည် သူ၏နံဘေးပတ်လည်၌ အေးစက်မှုမြင့်တက်လာသည်ကိုခံစားမိသည်။

ထိုအေးစက်မှုသည် အရိုးနှင့်စိတ်ဝိညာဉ်ကို အေးခဲ့လုမတတ် အလွန်အမင်းအေးစိမ့်ပေ၏။

လန်ဝူရှင်းသည် ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ရာ ပိုင်ဆုချင်၏စိတ်ဝိညာဉ်နံဘေးပတ်လည်၌ ရေခဲအလွှာများဖွဲ့စည်းနေကြောင်းသူ မြင်တွေ့လိုက်ရသည်။သူမ၏စိတ်ဝိညာဉ်သည် လေဟာနယ်အတွင်း၌ အေးခဲစပြုလာသည်။

Chapter 3713

မြေပြင်ပေါ်၌ မရေမတွက်နိုင်သောအေးစက်စက်လေလှိုင်းများ ရုတ်တရက်ထွက်ပေါ်လာကာ လေထုအသင်းရှိ ပိုင်ဆုချင်၏စိတ်ဝိညာဥ်ကိုအေးခဲသွားစေသည်။

လန်ဝူရှင်းသည် ဤအပြောင်းအလဲမျိုးကိုမျှော်လင့်မထားမိသဖြင့် နေရာမှာပင် ကြက်သေသေသွားလေ၏။

"ဒီအချိန်မျိုးကျမှ ဘာလို့ ဒီကိစ္စကထဖြစ်တာလဲ"

​လန်ဝူရှင်းရှင်းက ခေါင်းကိုက်လာသကဲ့သို့ခံစားမိသည်။

သူသည် လူငယ်မျိုးဆက်သစ်များအကြား၌ အရည်အချင်းရှိပြီးအောင်မြင်သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အသိပညာဗဟုသုတများစွာမရှိချေ။ယခုလက်ရှိအခြေအနေသည်သူ၏နားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေသည်။

သူမ၏စိတ်ဝိညာဥ် ​မည်သည်ကြောင့်အေးခဲသွားသနည်း။သူ ဤကိစ္စမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဘူးချေ။

အကယ်၍ သူမ၏နေရာတွင် တခြားတစ်စုံတစ်ယောက်ဆိုပါက လန်ဝူရှင်းသည် ထိုကိစ္စကို ဖြေရှင်းနိုင်ရန် အကောင်းဆုံးကြိုးစားမိပေမည်။သို့ရာတွင် ဤမိန်းကလေးသည် လုယွီ အသက်နှင့်ရင်း၍စွန့်စားကာ ကယ်တင်လိုသောသူတစ်ယောက် ဖြစ်နေသည်။သူမနှင့်လုယွီအကြားတွင် မည်ကဲ့သို့ဆက်ဆံရေးမျိုးရှိသည်ကို နတ်ဘုရားများသာ သိရှိပေမည်။ အကယ်၍ သူသည် အမှားယွင်းတစ်ခုလုပ်မိပါက သူ လန်ဝူရှင်းသည် ထိုအပြစ်မှ သူ့ကိုယ်သူ ရုန်းထွက်နိုင်မည်မဟုတ်ချေ။

လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများလွှမ်းခြုံသွားသည်။သို့ရာတွင် ပိုင်ဆုချင်၏နဖူးပေါ်ရှိ ကျားပုံစံအမှတ်အသားမှနေ၍ မှိန်ပျပျအလင်းရောင်များထွက်ပေါ်လာသည်ကိုသူ သတိမပြုမိချေ။

အဝေးရှိကြယ်တာရာကောင်းကင်မှ နက်ရှိုင်းသောအမှောင်ထုကြီးအတွင်းတွင် ကြီးကျယ်ခမ်းနားသော တော်ဝင်နန်းတော်တခုရှိနေသည်။

ဤတော်ဝင်နန်းတော်တစ်ခုလုံးသည်အလွန်နက်နဲသိမ်မွေ့ပေ၏။နန်းတော်၏အထက်ရှိလေဟာနယ်အတွင်း၌ ကံကြမ္မာနဂါးအမြောက်အများရှိနေကာ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေကြသည်။ရံဖန်ရံခါ၌ သူတို့သည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြရာ အလွန်အမင်းနားအူလုမတတ်ပင်။

ဤသည်မှာ ရှေးဟောင်းတော်ဝင်နန်းတော်တစ်ခုပင်။

ဤနေရာတွင် တာယွီ၏တော်ဝင်နန်းတော်ကဲ့သို့တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တော်ဝင်အရှိန်အဝါမျိုးရှိနေသည်။

သို့ရာတွင် ကောင်းကင်ဘုံနယ်မြေတစ်၌ ဤတော်ဝင်နန်းတော်သည် အလွန်နက်ရှိုင်းသောအမှောင်ထုကြီးအတွင်း၌ ပုန်းကွယ်၍တည်ရှိနေပေ၏။ဤနေရာတွင် ပုန်းကွယ်နေသောနဂါးများနှင့်ဝပ်နေသောကျားများကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများသည် တိမ်လိုလေလိုပေါများသည်။

"အား...."

ထိုအချိန်မှာပင် မိန်းမတစ်ယောက်၏ဒေါသတကြီးအော်ဟစ်သံက ရုတ်တရက် တော်ဝင်နန်းတော်၏အတွင်းမှနေ၍ ထွက်ပေါ်လာသည်။

ထိုအမျိုးသမီးသည် ရွှေရောင်ဆံထိုးကိုတပ်ဆင်ထားကာ ဖီးနစ်ဝတ်စုံကိုဆွဲမပြီး ရွှေရောင်ခန်းမကြီးတစ်ခုအတွင်းသို့ အပြေးသွားလေသည်။

ဤအချိန်အခိုက်အတန့်တွင် နဂါးဝတ်စုံဝတ်ဆင်ထားသောလူကြီးတစ်ယောက်၏ရှေ့၌ မြောက်များစွာသောဝန်ကြီးများ တိုင်ပင်ဆွေးနွေးနေကြလေ၏။ထိုအမျိုးသမီးဝင်လာသည်ကို သူတို့မြင်တွေ့ချိန်တွင် သူတို့အားလုံးသည် ဦးညွှတ်အရိုအသေပြုကာ ထွက်ခွာသွားတော့သည်။

"ဘာကိစ္စရှိလို့လဲ"

နဂါးဝတ်စုံဝတ်ဆင်ထားသောလူကြီးက ထိုအမျိုးသမီးကိုကြည့်ကာ တည်ငြိမ်စွာမေးမြန်းသည်။

သူ့၏အသံသည် အေးစက်ကာ သူ့၏အရှိန်အဝါသည်တည်ငြိမ်သည်။ဤသည်မှာ သူ၏စိတ်ခံစားချက်အပေါ် လှုပ်ခတ်စေသည့်အရာတစ်စုံတစ်ခုမျှမရှိသည့်အလားပင်။

ဖီးနစ်ဝတ်စုံဝတ်ဆင်ထားသောအမျိုးသမီး၏မျက်လုံးအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေကာ စိတ်လှုပ်ရှားမှုကြောင့် သူ့၏ရင်ဘတ်နိမ့်တုံမြင့်တုံဖြစ်နေသည်။သူမက တုန်ရီနေသောအသံဖြင့်ပြောဆိုသည်။

"ကျွန်မက....ကျွန်မအစ်မရဲ့သွေးမျိုးဆက်ကို ရှာတွေ့ပြီ....ကျွန်မတို့ပိုင်မိသားစုရဲ့သွေးမျိုးဆက်က အပြင်မှာရှိနေတုန်းပဲ...သူ အန္တရာယ်ဖြစ်နေပြီ....ကျွန်မတို့ပိုင်မိသားစုရဲ့ သွေးမျိုးဆက်အမှတ်အသားက ကျွန်မတို့ရဲ့အသက်အန္တရာယ်အန္တရာယ် ကြုံတွေ့နေရတဲ့အချိန်တွေကျမှသာအသက်ဝင်တယ်....အရှင်မင်းကြီး...ဒီတစ်ကြိမ်တော့ အရှင် ကျွန်မကိုကူညီမှရမယ်"

သူမသည် ခေါင်းကိုငုံ့ကာ ငိုရှိုက်လိုက်၏။ သူမ၏မျက်လုံးအတွင်းမှနေ၍ မျက်ရည်များစီးကျနေကာ သူမ၏မျက်လုံးတစ်စုံလုံး နီမြန်းနေလေပြီ။

"ဒါက မင်းတို့ပိုင်မိသားစုရဲ့တိုက်ရိုက်သွေးမျိုးဆက်မဟုတ်လား...ငါ အရင်တုန်းက သူ့ရဲ့ကံကြမ္မာကို တွက်ချက်ခဲ့ဖူးတယ် ..ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ရဲ့ကံကြမ္မာကိုတစ်ယောက်ယောက်က ကောင်းကောင်းကြီးဖုံးကွယ်ထားတယ်...ဒါကြောင့် သူ့ရဲ့ကံကြမ္မာလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရဘူး..ဒီတကြိမ်တော့ ငါက နောက်ဆုံးမှာ သူ့ရဲ့အရိပ်အယောင်ကို တွေ့နိုင်တော့မယ်"

အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက်နဂါးဝတ်စုံဝတ်လူကြီးသည် ရုတ်တရက်သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

သူသည် သူ၏လက်ချောင်းများကိုချိုးကာတွက်ချက်ပြီး အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်ကြာပြီးနောက် ရုတ်တရက်တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံဖြင့် သူကမျက်မှောင်ကြုတ်လိုက်၏။

"ဗုဒ္ဓလောက ပါဝင်ပတ်သက်နေတာလား...ကောင်းပြီလေ...ငါက မင်းကို ကတိပေးပြီးပြီဆိုမှတော့...ငါကိုယ်တိုင် ဒီခရီးကိုသွားလိုက်မယ်"

နဂါးဝတ်စုံဝတ်လူကြီးသည် မျက်မှောင်ကြုတ်ကာ နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် ရွှေရောင်ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

ထိုအမျိုးသမီးသည် အားအင်ချည့်နဲ့စွာဖြင့်မြေပြင်ပေါ်သို့လဲကျသွားကာ သူမ၏မျက်လုံးများကိုစုံမှိတ်၍ တိတ်တဆိတ်ဆုတောင်းလိုက်သည်။

"အစ်မကြီး...နင်ကထွက်သွားပြီ....နင့်ရဲ့မျိုးဆက်ဒုက္ခမတွေ့ပါစေနဲ့လို့ ငါ ဆုတောင်းမိတယ်"

....

ကောင်းကင်နှင့်မြေပြင်အကြားတွင် တုန်လှုပ်​ချောက်ချားဖွယ်ပုံရိပ်ကြီးများက လုယွီကို ဝိုင်းရံထားသည်။

သူတို့အားလုံးသည် ဗုဒ္ဓဂိုဏ်းမှအစွမ်းထက်ကျင့်ကြံသူများပင်။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို သာလွန်ထူးကဲပြီးအစွမ်းထက်သော မှော်စွမ်းအားကိုပိုင်ဆိုင်ထားသည်။သူတို့ထံ၌ မြင့်မားသောအဆင့်အတန်းရှိရုံသာမကနက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်နယ်ပယ်များသို့လည်း ရောက်ရှိနေသည်။

ဗုဒ္ဓအလင်းတန်းများအကြားတွင်လရွှေရောင်နဂါးကြီးက လှည့်ပတ်၍ပျံသန်းနေသည်။ထူထပ်သိမ်းသည်းသော အမွေးနံ့သာအခိုးအငွေ့များက သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ မြင့်တက်နေသည်။ထိုအရာများသည် သူ့၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားကာ ယခင်ကအက်ကွဲသွားသော သူ၏နဂါးကြေးခွံများကိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည်။

"မင်းက အရမ်းကို အစွမ်းထက်တဲ့လူတစ်ယောက်ပဲ...မင်းက ဗုဒ္ဓအရှင်ရဲ့အမိန့်ကိုဖီဆန်ခဲ့ပေမယ့် ငါ မင်းကို အခွင့်အရေးတစ်ခုပေးနိုင်တယ်....မင်း ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ပါ...ဒါဆိုရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်"

All Chapters