အခန်း (၃၇၁၄-၃၇၁၇)
Vol. 189 Ch. 3714-3717
Chapter 3714
ရွှေရောင်နဂါးကြီး၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလားအလွန်ကျယ်လောင်စူးရှသည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက အေးစက်တင်းမာစွာပြောဆိုသည်။
"မင်းတို့တွေ...ဘယ်လိုသေရင်ကောင်းမလဲလို့...တွေးထားပြီးပြီလား"
"ဟက်....."
ရွှေရောင်နဂါးကြီး၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာ ထွက်ပေါ်လာသည်။
"အရမ်းကောင်းတယ်...ငါ့ကို ဒီလိုမျိုးစကားပြောရဲတဲ့ တစ်စုံတစ်ယောက်မရှိတာအချိန်အတော်ကြာနေပြီ...ငါရဲ့တိုက်ခိုက်မှုတချို့ကို ဟန့်တားနိုင်တာနဲ့ပဲ မင်းက ငါ့ရှေ့မှာ မဆင်မခြင်ပြုမူဝံ့တာလား...တကယ်လို မင်းက အစစ်အမှန် တာအိုသခင်တစ်ယောက် ဖြစ်နေရင် ငါ အခုချက်ချင်း နောက်ဆုတ်ပေးလိုက်မယ်....ဒါပေမယ့် မင်းက လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုပြီးတော့ မင်းရဲ့စွမ်းအားကို အတင်းအကြပ် မြှင့်တင်ထားတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲဖြစ်နေတယ်...ငါ မင်းကို ပုရွက်ဆိတ်တကောင်လိုမျိုး သတ်ပစ်လိုက်လို့ရတယ်"
ထိုစကားများနှင့်အတူ ရွှေရောင်နဂါးကြီး၏ခန္ဓာကိုယ်မှနေ၍ ရွှေရောင်အလင်းတန်းများတောက်ပလာကာ သူ့၏ရှေ့တွင်ကြီးမားသော ရွှေရောင်ဗုဒ္ဓကျမ်းစာစာလုံးအမြောက်အများအဖြစ် သိပ်သည်းသွားသည်။
ထိုကျမ်းစာစာလုံးများသည် ယခင်ကထုတ်ဖော်အသုံးပြုခဲ့သော အရာများနှင့် ကွဲပြားခြားနားပေ၏။ဤကျမ်းစာကို ကိုယ်စားပြုနေသောစွမ်းအားများသည် သနားငဲ့ညာခြင်း ဆင့်ခေါ်ခြင်း ဖိနှိပ်ခြင်းတို့ဖြင့် လားလားမျှမဆိုင်တော့ချေ။
ဤသည်မှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်ပြီး အေးစက်နေသည်။
ရွှေရောင်နဂါးကြီး၏နောက်ရှိ ဗုဒ္ဓဘုရားလောင်းများအားလုံးသည်လည်း သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကိုအသုံးပြု၍ လုယွီထံသို့တိုးဝင်တိုက်ခိုက်ကြသည်။
တောက်ပသောဗုဒ္ဓအလင်းတန်းများသည် ကောင်းကင်နှင့်မြေပြင်အကြားရှိ နေရာအနှံ့အပြား၌ရှိနေသည်။
ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရမှုအောက်တွင် လုယွီထံ၌ အသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးမရှိသလောက်နီးပါးပင်။
လုယွီသည် သူ့၏ခန္ဓာကိုယ်အတွင်းမှအပြောင်းအလဲများကို အာရုံခံမိလေ၏။
အဆုံးသတ်၌ နတ်ဘုရားသွေးစက်များသည်နောက်ထပ်ဆယ့်မိနစ်သာလျှင် ကြာရှည်ခံတော့မည်ဖြစ်ပြီး ထိုအရာများ၏စွမ်းအားများအားလုံး ကုန်ဆုံးသွားပေမည်။
သူသည် ဗုဒ္ဓဘုရားလောင်းအမြောက်အမြားကိုသတ်ဖြတ်ခဲ့သော်လည်း စွမ်းအားကုန်ဆုံးမှု အလွန်အမင်းလျှင်မြန်သည်။ရွှေရောင်နဂါးကြီးပြောဆိုသွားသည်မှာ အမှန်ပင်။ယခုအချိန်၌သူသည် အမှန်တကယ်ကို အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။
အကယ်၍ သူ၏ယခင်ဘဝရှိ အထွတ်အထိပ်အခြေအနေမျိုးတွင်သာရှိနေပါက ဗုဒ္ဓလောကကို သူ စိန်ခေါ်နိုင်စွမ်းရှိသည်။သို့ရာတွင် ယခုအချိန်၌ သူသည် သူ့အတိတ်ဘဝစွမ်းအားမှဆယ်ခိုင်နှုန်းကိုသာ ထုတ်ဖော်အသုံးပြုနိုင်သည့်အပြင် သူသည် သူ၏စွမ်းအားကုန်ကိုလည်းအသုံးပြုခဲ့ပြီးဖြစ်သည်။
"ဒါကို မြန်မြန်အဆုံးသတ်ကြရအောင်...ငါ မင်းတို့ကို အရင်ဆုံးချေမှုန်းပြီးတော့ ဗုဒ္ဓလောကကို ထိတ်လန့်အောင်လုပ်ရမယ်"
အကန့်အသတ်မရှိသောနက်ရှိုင်းမှုများက ရုတ်တရက် လုယွီ၏မျက်လုံးအတွင်း၌ ထွက်ပေါ်လာသည်။
သူ့၏နောက်တွင် မြေအောက်လောကနတ်ဘုရား၏ အလွန်ကြီးမားသောပုံရိပ်ယောင်ကြီးထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီးသည်သူ၏လက်ဖြင့် လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းကာ တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်၏။
လျှို့ဝှက်ဆန်းကြယ်သောမဟာတာအို စွမ်းအားတစ်ရပ်သည် ဗုဒ္ဓဘုရားလောင်းများအားလုံး၏နံဘေးပတ်လည်တွင် လှည့်ပတ်သွားကာ သူတို့အားလုံးကို ရစ်ပတ်လွှမ်းခြုံသွားသည်။
"မဟုတ်ဘူး...မဟုတ်ဘူး... ငါ့ရဲ့ကံကြမ္မာက ဘာလို့ ရှင်းရှင်းလင်းလင်း ပြတ်တောက်သွားတာလဲ....ပြန်လည်ဝင်စားခြင်းတာအိုက ဘာလို့ ငါ့ရဲ့နံဘေးပတ်လည်ကို ရစ်သိုင်းလွှမ်းခြုံနေတာလဲ"
ဗုဒ္ဓဘုရားလောင်းများအနက်မှ တစ်ယောက်ကရုတ်တရက် တုန်လှုပ်ခြောက်ခြားစွာဖြင့်အော်ဟစ်လိုက်သည်။ပေတစ်သိန်းကျော်မြင့်မားသော သူ့၏ရွှေရောင်ခန္ဓာကိုယ်ကြီးသည်သဖြင့် အရည်ပျော်စပြုလာကာ အလွန်ကြီးမားသော ဗုဒ္ဓစွမ်းအားများသည် အလျှင်အမြန်အားပျော့စပြုလာသည်။
သူတစ်ယောက်တည်းမဟုတ်ဘဲ တခြားဗုဒ္ဓဘုရားလောင်းများသည်လည်း တူညီသောအခြေအနေမျိုးကို ကြုံတွေ့နေရလေ၏။
ရွှေရောင်နဂါးကြီးသည် မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။သူသည် လုယွီရှိနေသောနေရာသို့ ဦးတည်ကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလေသည်။
"ငါ ဒါကို မယုံကြည်နိုင်ဘူး...တကယ်လို့ မင်းမှာလျှို့ဝှက်နည်းစနစ်တစ်ခုရှိနေတယ်ဆိုရင်တောင်မှ မဟာတာအိုဥဒေသတွေကိုအစစ်အမှန်ဖမ်းဆုပ်နိုင်ဖို့ဆိုတာ မင်းအတွက် မဖြစ်နိုင်ဘူး"
နယ်မြေသခင်တစ်ယောက်သည် မဟာတာအိုကိုလေ့လာဆင်ခြင်နိုင်ကာ တာအိုသခင်တစ်ယောက်သည် မဟာတာအိုကို ဖမ်းဆုပ်နိုင်စွမ်းရှိသည်။
တာအိုသခင်ဟူသည်မှာ ကောင်းကင်ဘုံ၏အထွတ်အမြတ်ဥပဒေသများကို ဖမ်းဆုပ်နိုင်စွမ်းရှိသော မဟာတာအို၏ဘုရင်တစ်ပါးဟု ဆိုလိုခြင်းပင်။
ရွှေရောင်နဂါးကြီးသည် နားလည်သဘောပေါက်နိုင်စွမ်းမရှိချေ။လုယွီသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြု၍ သူ၏စွမ်းအားကို တာအိုသခင်အဆင့်ထိ အတင်းအကြပ်မြှင့်တင်ထားသည်မှာသိသာထင်ရှားသည်။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ၏နားလည်သဘောပေါက်နိုင်စွမ်းသည် ဤမျှအဆင့်ထိရောက်ရှိနေရန်မှာ မဖြစ်နိုင်ချေ။
"မင်းသေသွားတာနဲ့ မင်း ဒါကို ယုံကြည်သွားလိမ့်မယ်"
လုယွီ၏မျက်နှာ အေးစက်တင်းမာနေသည် ။ထို့နောက် သူ၏လက်ဝါးဖြင့် လောကကြီး၏မဟာတာအိုစွမ်းအားသင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။
"သက်ရှိတွေအားလုံး ပြန်လည်ဝင်စားစမ်း"
လုယွီ၏အော်သံနှင့်အတူ ရွှေရောင်နဂါးကြီးနှင့်ဗုဒ္ဓဘုရားလောင်းများအားလုံးကို အမှောင်ထုကြီးက လွှမ်းခြုံသွားသည်။သူတို့သည် ချက်ချင်းလဲကျသွားကာ ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားလေ၏။
ဝေါင်း....
ရွှေရောင်နဂါးကြီးထံတွင် ကြီးမားသောစွမ်းအားရှိသည့်တိုင် သူသည် ပြန်လည်ဝင်စားခြင်းတာအိုစွမ်းအား၏အောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။သူ့ထံမှနေ၍ မလိုလားသောဟိန်းဟောက်သံတစ်သံထွက်ပေါ်လာကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဗုဒ္ဓလောကအတွင်း၌ ဗုဒ္ဓဆင်းထုတော်အမြောက်အမြားသည် တစ်ခုပြီးတစ်ခုအက်ကွဲကာ မြေပြင်ပေါ်သို့လဲကျသွားလေ၏။
ဘန်း...ဘန်း..ဘန်း...
ဘုရားကျောင်းခန်းမတစ်ခုအတွင်း၌ ဖယောင်းတိုင်မီးများထွန်းညှိထားကာ စန္ဒကူးနံသာရနံ့များ ရစ်သိုင်းလွှမ်းခြုံထားမှုအကြားတွင်ထောင်သောင်းချီသော ကျောက်ပြားများရှိနေသည်။
ထိုကျောက်ပြားများအား မျက်နှာကျက်ကိုမှီ၍ထောင်ထားကာ ဗုဒ္ဓဆင်းထုတော်ကြီးနှင့်နီးကပ်သော ရှေ့ဆုံးနေရာတွင် ကျောက်ပြားရှစ်ချက်ရှိနေသည်။ထို့ကျောက်ပြားများအကြားတွင် 'တောင်ပိုင်းလျှို့ဝှက်ချက် မြင့်မြတ်မိုးကောင်းကင်နဂါး ဗုဒ္ဓဘုရားလောင်း'ဟု ထွင်းထုထားသောကျောက်ပြား ရုတ်တရက် ကြေမွှပျက်စီးသွားခဲ့သည်။
Chapter 3715
ရွှေအလင်းဗုဒ္ဓဘုရားလောင်းသေဆုံးသွားလေပြီ။
သူသာမက သူ့နောက်ရှိ ဗုဒ္ဓဘုရားလောင်းဆယ့်ခြောက်ယောက်သည်လည်း ပြန်လည်ဝင်စားခြင်းသံသရာစက်ဝိုင်းအတွင်း၌ အမှုန်အမွှားများအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း၏စွမ်းအား...ပြန်လည်ဝင်စားခြင်းအတွင်းသို့ ထာဝရကျရောက်သွားခြင်း....
ဤပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းတွင် သူတို့၏မော်စွမ်းအားများနှင့်စိတ်ဝိညာဥ်များသည် အဆက်မပြတ်ဆုတ်ဖြဲခြင်းခံရသည်။သူတို့ထံတွင် မည်မျှထိ ကြီးမားသောမှော်စွမ်းအားများရှိနေသည်ဖြစ်စေ အဆုံးသတ်၌သူတို့သည် တခြားဘဝသို့ပြန်လည်ဝင်စားသွားကာ မည်သည့်အရာမျှ မရှိခဲ့သည့်အလားပြောင်းလဲသွားခဲ့ရသည်။
ကောင်းကင်နှင့်မြေပြင်အကြားတွင် မူလကမားမားမတ်မတ်ရပ်တည်နေသော ဗုဒ္ဓဘုရားလောင်းပုံရိပ်များ၏အထွတ်အမြတ်ရွှေရောင်ခန္ဓာကိုယ်များအားလုံး ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားခဲ့သည်။ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်း၏ ကြီးကျယ်ခမ်းနားသောအရှိန်အဝါကာ အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်နေသည်။
လူတိုင်းသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြလေ၏။သူတို့သည် ကြောင်စီစီဖြင့် လုယွီကိုငေးမောကြည့်ကာ သူတို့၏စိတ်များ ဗလာဟင်းလင်းဖြစ်နေလေပြီ။
တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။ဤကဲ့သို့ရလဒ်သည် လောကကြီးအတွင်းရှိ ထိပ်သီးတည်ရှိမှုကြီးများဖြင့် ယှဉ်ပြိုင်နိုင်ပေ၏။
"ဘယ်သူဆင်းလာပြီး...ငါ့ကိုတိုက်ခိုက်ဝံ့သေးလဲ"
လုယွီသည် လေးဟာနယ်အတွင်း၌ မတ်တတ်ရပ်ကာ ဗုဒ္ဓလောက၏တံခါးကြီးကိုကြည့်၍ အော်ဟစ်လိုက်သည်။သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သည်။
ဗုဒ္ဓလောကဂိတ်တံခါးအတွင်းရှိ စိတ်ဝိညာဉ်တောင်အထက်မှ ထောင်သောင်းချီသောဗုဒ္ဓပုံရိပ်ယောင်များလှုပ်ရှားသွားသည်။သို့ရာတွင် သူတို့အားလုံးသည် အကြွင်းမဲ့တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည်ဗုဒ္ဓဘုရားလောင်းမျှ ဆင်းလာဝံ့ခြင်းမရှိချေ။
လုယွီ၏ရှေ့၌ ဗလာဟင်းလင်းဖြစ်နေသည်။
နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သောဗုဒ္ဓဘုရားလောင်းများသည် ယခင်က ဤနေရာတွင် ထွက်ပေါ်မလာခဲ့ဖူးသည့်အလား မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အရိပ်အယောင်မျှမကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့လေ၏။
သူတို့ကျင့်ကြံခဲ့သော အထွတ်အမြတ်ဗုဒ္ဓစွမ်းအားများပင်လျှင် အဆုံးသတ်၌ လူတိုင်း၏မျက်လုံးရှေ့တွင် မျက်တောင်တစ်ခက်စာအချိန်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ထို့ပြင် သူတို့အမွေအနှစ် ဆက်ခံထားခဲ့သောယုံကြည်ကိုးကွယ်မှုများနှင့်အကန့်အသတ်မရှိသော အမွှေးနံ့သာစွမ်းအားများသည်လည်း သူတို့နှင့်အတူ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဗုဒ္ဓလောကအတွင်းရှိ မရေမတွက်နိုင်သောအစွမ်းထက်ကျင့်ကြံသူများသည် ယခင်ကအကြောက်အလန့်မရှိသည့်တိုင်လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့်ခြိမ်းခြောက်မှုကို ခံစားခဲ့ရဆဲပင်။ယခုချိန်၌ သူတို့၏စိတ်နှလုံးသားများအတွင်းတွင် တုန်လှုပ်ခြောက်ခြားမှုများရှိနေသဖြင့် သူတို့သည်ဆင်းလာဝံ့ခြင်းမရှိချေ။
ဤသည်မှာ အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။ဗုဒ္ဓဂိုဏ်းသည် လုယွီကိုသတ်ဖြတ်လိုသည်မှာ သိသာထင်ရှားသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူတို့သည် ဗုဒ္ဓလောကအတွင်း၌ ပုန်းအောင်းနေကာ ထွက်လာဝံ့ခြင်းမရှိပေ။
လူတစ်ယောက်သည် စိတ်ဝိညာဉ်တောင်အတွင်းရှိ ဗုဒ္ဓကျင့်ကြံသူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သလော....
စိတ်ဝိညာဥ်တောင်၏နက်ရှိုင်းသောနေရာမှနေ၍ မြင့်မြတ်သော ရွှေရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီးအလွန်အမင်းတောက်ပသည်။
ထို့နောက်မှနေ၍ ကြီးမားသော ကျင်းနက်ကြီးတစ်ခုသည် ယွဲ့ဖူကြယ်နယ်မြေ၏အထက်ရှိမိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။မိုးကောင်းကင်ယံပင်လျှင် မူလပုံပန်းသွင်ပင်မျိုးမရှိတော့ဘဲ အနက်ရောင်အက်ကွဲကြောင်းကြီးများ ထင်ဟပ်လာသည်။
ဤသည်မှာ ယွဲ့ဖူကြယ်နယ်မြေ၏မိုးကောင်းကင်တာအိုဥပဒေသပင်။ထိုအရာသည် ဤစွမ်းအားကို ထပ်မံ၍တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ဗုဒ္ဓလောက၏မဟာတံခါးကြီးအတွင်းမှ ဗုဒ္ဓဘုရားလောင်းပုံရိပ်များအားလုံးသည် စိတ်ဝိညာဥ်တောင်၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ တပြိုင်နက်တည်း အရိုအသေပြုလိုက်ကြ၏။
"ဗုဒ္ဓက သနားဂရုဏာနဲ့ပြည့်စုံတယ်"
ရှေးဟောင်းဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်လာခြင်းနှင့်အတူ ဗုဒ္ဓစကြာမုနိ၏ရွှေရောင်ပုံရိပ်ယောင်ကြီးသည် ရုတ်တရက် စိတ်ဝိညာဉ်တောင်အထက်ရှိမိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် ယွဲ့ဖူကြယ်နယ်မြေပေါ်ရှိ သက်ရှိများအားလုံးသည် သူတို့၏နှလုံးသားများ အောက်ခြေမှလာသော ထိတ်လန့်ကြောက်ရွံမှုကိုခံစားရသည်။သူတို့သည် သူတို့၏ခေါင်းများကို ခက်ခက်ခက်ခဲမော့ကာ မိုးကောင်းကင်ယံအတွင်းရှိ မြင့်မြတ်သောတည်ရှိမှုကြီးကို ကြည့်လိုက်ကြသည်။
ဗုဒ္ဓဆင်းသက်လာကာ လောကကြီးတစ်ခုလုံးအား သူ လွှမ်းမိုးအုပ်ချုပ်နေသည့်အလားပင်။
သူသည် ဗုဒ္ဓဂိုဏ်း၏အရှင်ဖြစ်ကာ အနောက်ဘက်သုခဘုံနယ်မြေအတွင်း၌ နေထိုင်သည်။ သူသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံး၏အရှင်သခင်အဖြစ်နာမည်ကျော်ကြားကာ သူသည် ဗုဒ္ဓဂိုဏ်းအတွင်း၌ အစွမ်းထက်ဆုံး တည်ရှိမှုကြီးဖြစ်ပြီး အထွတ်အမြတ်ဗုဒ္ဓစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုဗုဒ္ဓအရှင်၏နောက်မှနေ၍ အရောင်သွေးစုံလင်သောအလင်းတန်းများ မိုးကောင်းကင်ယံအတွင်းသို့မြင့်တက်သွားကာ အလွန်အမင်းတောက်ပသည်။ရှေးဟောင်းဗုဒ္ဓကျမ်းစာစလုံးများနှင့်သင်္ကေတများက ဗုဒ္ဓအရှင်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လှည့်ပတ်နေသည်။
ဗုဒ္ဓအရှင်သည် အလယ်ခေတ်အတွင်းရှိ ဖရိုဖရဲဖြစ်မှုများကို တွေ့ကြုံခဲ့ရသော်လည်း သူသည်မားမားမတ်မတ်ရပ်တည်နေနိုင်ဆဲပင်။ဤသည်မှာ သူ၏စွမ်းအား မည်မျှထိမြင့်မားသည်ကို ပြသရန်လုံလောက်သည်။အတိတ်တွင်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်သည် ဗုဒ္ဓဂိုဏ်းကိုချိတ်ပိတ်ခဲ့ရုံသာရှိပြီး ဗုဒ္ဓလောကကိုအပြည့်အဝ ဖျက်ဆီးခဲ့ခြင်းမရှိချေ။ဤသည်မှာ ဗုဒ္ဓအရှင်၏တည်ရှိမှုကြောင့်ပင်။
သူသည် အလွန်အမင်းရှေးကျပြီး အစွမ်းထက်သဖြင့် သူ၏မှော်စွမ်းအားကို သေးငယ်သောကြယ်နယ်မြေတစ်ခုမှ တောင့်ခံနိုင်ရန်အလွန်အမင်းခက်ခဲသည်။
ထိုနောက် မိုးကောင်းကင်ယံအတွင်းရှိစကြာမုနိဓမ္မပုံရိပ်ယောင်ကြီးသည် သူ၏လက်ညှိုးကိုမြှောက်ကာ လုယွီထံဦးတည်ပြီး ဖိနှိပ်လိုက်၏။
ထိုလက်ချောင်းသည် မိုးကောင်းကင်ယံနှင့်နေရောင်ကိုပင် ကွယ်ပျောက်သွားစေသည်။ အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ရပ်ဖြတ်သန်းလာကာ သက်ရှိများအားလုံး ဒူးထောက်လိုက်ကြသည်။
ဗုဒ္ဓ၏လက်ချောင်းသည် သက်ရှိများအားလုံးကိုဖျက်ဆီးနိုင်စွမ်းရှိသည်။လူတိုင်းသည် သူတို့၏နှလုံးသားအတွင်းမှ အကန့်အသတ်မဲ့သောတုန်လှုပ်ချောက်ချားမှုများကို ခံစားမိသည်။သူတို့သည် ခေါင်းမော့နိုင်ခြင်းမရှိတော့သဖြင့် သူတို့၏ခေါင်းများကိုငုံ့ကာ ကံကြမ္မာ၏စီရင်ချက်ချမှုကို စောင့်ဆိုင်းနေရလေ၏။
Chapter 3716
လန်ဝူရှင်းကဲ့သို့ ထောင်လွှားသောလူတစ်ယောက်ပင်လျှင် ဤလက်ချောင်း၏အောက်တွင်သူ၏ခေါင်းကို အောက်သို့ငုံထားရသည်။
သူ၏အဝတ်အစားများသည် လေထုအတွင်း၌ လူးလွန့်နေကာ သူ့၏နားအတွင်း၌ တခြားမည်သည့်အသံကိုမျှ မကြားရတော့ချေ။အလွန်ကျယ်လောင်သော ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများသာလျှင် တိမ်စိုင်များအကြားကိုဖြတ်သန်း၍ ပဲ့တင်ထပ်နေသည်။
ဤသည်မှာ ဗုဒ္ဓစကြာမုနိအရှင် တိုက်ခိုက်စဉ်တွင် ထွက်ပေါ်လာသော ထူးဆန်းသည့် သဘာဝလွန်ပုံရိပ်များကြောင့် ကျမ်းစာရွတ်ဖတ်သံများပတ်ဝန်းကျင်၌ ပတ်တင်ထပ်နေခြင်းပင်။ဤထူးဆန်းသော သဘာဝလွန် ပုံရိပ်များအောက်တွင် ဗုဒ္ဓဂိုဏ်းကို မနှစ်မြို့သောလူများပင်လျှင်ဗုဒ္ဓအရှင်ကို ကိုးကွယ်လိုသော စိတ်ဆန္ဒမျိုးအားခံစားမိသည်။
"ဒီမိန်းကလေးရဲ့သရုပ်မှန်က ဘာလဲ...ဗုဒ္ဓအရှင်တောင်မှ ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာတယ်"
လန်ဝူရှင်း၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းတစ်ခု လှုပ်ခတ်နေသည့်အလား လှိုင်းထန်နေသည်။
သူ့ရှေ့ရှိမြင်ကွင်းသည် သူ၏မျှော်လင့်ချက်ထက် များစွာပို၍ကျော်လွန်နေသည်။သူသည်မူလက နတ်ဆိုးဂိုဏ်း၏ခေါင်းဆောင်ဖြစ်ကာ သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ အဆင့်မြင့်သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သည်။သို့ရာတွင် ဤနေရာအရောက်တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တည်ရှိမှုမျိုးပင်။
ဗုဒ္ဓအရှင်သည် ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားကာလုယွီကိုသတ်ဖြတ်၍ ပိုင်စုချင်ကို ဖမ်းဆီးလိုသည်။
စကားလုံးကိုးလုံးမှော်မန္တန်သည် အလွန်အမင်းအရေးကြီးကာ ရှေးဟောင်းမဟာတာအို၏အထွတ်အမြတ်လျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေသည်။ပိုင်ဆုချင်ကို ရွှေအလင်းဘုရားကျောင်းမှ ဘုန်းတော်ကြီးများ ဖမ်းဆီးမိသွားသည်မှာ တိုက်ဆိုင်မှုတစ်ခုသက်သက်ပင် ။သို့ရာတွင် သူမ၏နောက်တွင် ဗုဒ္ဓကျင့်ကြံသူများ အပတ်တစ်ကုတ်ရှာဖွေနေခဲ့သော လျှို့ဝှက်ချက်များရှိနေသည်။
ဗုဒ္ဓလက်ချောင်းကြီး ဆင်းသက်လာလုဆဲဆဲအချိန်တွင် ထိုက်တောင်ကြီးနှင့်တူသော တုန်လှုပ်ခြောက်ခြားဖွယ် ဖိအားအရှိန်အဝါကလုယွီ၏ခေါင်းထက်သို့ ကျရောက်လာသည်။
လုယွီ၏မျက်နှာ အလွန်အမင်းဖြူရော်သွားလေ၏။
သူ၏ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားသွေးစက်တစ်စက်ကျန်ရှိခြင်းကြောင့်သာ ယခုအချိန်ထိ သူ တောင့်ခံထားနိုင်ခြင်းဖြစ်သည်။
အစောပိုင်းက လုယွီထံ၌ရှိခဲ့သော စွမ်းအားသည် သူ၏အထွတ်အထိပ်အခြေအနေမှ ဆယ်ရာခိုင်နှုန်းသာဖြစ်သည်။သူ၏အထွတ်အထိပ်အခြေအနေဖြင့်ပင် လုယွီသည် ဗုဒ္ဓလောကသို့ တစ်ကြိမ်တစ်ခါမျှ လာရောက်ဖူးခြင်းမရှိကာ ဗုဒ္ဓအရှင်နှင့်တိုက်ခိုက်ခဲ့ဖူးခြင်းလည်း မရှိချေ။
သူ၏စွမ်းအားဆယ်ရာခိုင်နှုန်းဖြင့် အထွတ်အထိပ်အခြေအနေ၌ရှိနေသော ဗုဒ္ဓအရှင်ကိုတိုက်ခိုက်ရန်မှာ အလွယ်ပြောရလျှင်သေလမ်းရှာခြင်းပင်။
"မင်း သူ့ကိုမထိသင့်ဘူး...တကယ်လို့ ဒီနေ့ မင်း ငါ့ကိုသတ်ရင်တောင် ငါက နောင်အနာဂတ်မှာဗုဒ္ဓလောကကိုလာပြီးတော့ မင်းရဲ့အမွေအနှစ်တွေအားလုံးကို ဖျက်ဆီးပစ်မယ်"
သူ့၏အသံသည် မရေမတွက်နိုင်သောဗုဒ္ဓကျမ်းစာရွတ်ဆိုသမျှအကြားတွင် ပဲ့တင်ထပ်နေကာ အလွန်အမင်းကျယ်လောင်သည်။
ထိုစကားများထွက်ပေါ်လာချိန်တွင် မရေမတွက်နိုင်သောလူများ အံ့အားသင့်တုန်လှုပ်သွားသည်။
ဤလုယွီထံတွင် မည်သည့်မှီခိုအားထားရာမျိုးရှိနေသနည်း...သူသည် ဗုဒ္ဓအရှင်၏ရှေ့၌ပင် ဗုဒ္ဓလောကကိုစိန်ခေါ်ဝံ့ပေ၏။
ကောင်းကင်ဘုံနယ်မြေသည် အလွန်ကြီးမားကျယ်ပြန့်သည့်တိုင် ဗုဒ္ဓအရှင်ကိုစိန်ခေါ်ဝံ့သောလူဟူ၍ လူနည်းစုသာရှိသည်။
ဤသည်မှာ မည်ကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးဖြစ်သနည်း။
လုယွီ၏လက်အတွင်း၌ ခေါင်းဖြတ်ဓားကိုကိုင်ဆောင်ထားသည်။အနက်ရောင်ဆေးဘာဓားသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေသည်။
ထိုအရာသည် အချိန်အတော်ကြာစောင့်ဆိုင်းနေရကာ သွေးဆာမှုကို သည်းခံနေရသည့်အလားပင်။ယနေ့တွင် ခေါင်းဖြတ်ဓားသည် နောက်ဆုံး၌ဗုဒ္ဓ၏သွေးများကို နှလုံးသားစိတ်ဆန္ဒအတိုင်း သောက်သုံးနိုင်တော့ပေမည်။ဓားသွားပေါ်၌ အနီရောင်အစင်းကြောင်းများထွက်ပေါ်လာကာ မျက်စိစူးရှမတတ် အလွန်တောက်ပသည်။
"ဒီနေ့ မင်း တစ်ကြိမ်ပြန်ပြီး တောက်ပဖို့အချိန်ကျပြီ"
လုယွီက ခေါင်းဖြတ်ဓား၏ဓားသွားကို နူးညံ့ညင်သာစွာ ထိတွေ့လိုက်သည်။
ဝီ...ဝီ...ဝီ...
ခေါင်းဖြတ်ဓားမှနေ၍ တုန်ခါသံများထွက်ပေါ်နေကာ လုယွီ၏စကားကို တုံ့ပြန်နေသည့်အလားပင်။
သူသည် သူ၏စွမ်းအားများကို လက်ဝါးအတွင်း၌စုစည်းပြီးဖြစ်သော်လည်း သူ၏ဓားချက်ကို အလျှင်အမြန်ထုတ်လွှတ်လိုက်ခြင်းမရှိချေ။ထိုအစား သူသည် ဓားကိုကိုင်ဆောင်ထားသော ကိုယ်နေဟန်ထားအား ထိန်းသိမ်းထားဆဲပင်။
လုယွီနှင့်ဗုဒ္ဓအရှင်၏ တိုက်ခိုက်မှုများသည် ယခုထိတိုင် ထိတွေ့မိခြင်းမရှိသေးသော်လည်း သူတို့၏သွေးချီများသည် စတင်၍ ရင်ဆိုင်နေလေပြီ။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ရင်ဆိုင်နေမှုအောက်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ဖိနှိပ်ခြင်းခံထားရကာ သူတို့၏နတ်ဘုရားစိတ်အာရုံများကိုပင် အသုံးပြုနိုင်ခြင်းမရှိတော့ချေ။
ခေါင်းဖြတ်ဓားကို အကန့်အသတ်ထိရောက်အောင် စွမ်းအားများထည့်သွင်းပြီးနောက် လုယွီသည် နောက်ဆုံး၌ သူ့၏ဓားကိုဆွဲထုတ်တာမိုးကောင်းကင်ယံကိုဦးတည်၍ ခုတ်ပိုင်းလိုက်၏။
"မြေအောက်လောကနတ်ဘုရား...အမျက်ဒေါသခုတ်ချက်"
ရုတ်ချည်းဆိုသလိုပင် ဆေဘာဓားစိတ်ဆန္ဒတစ်ရပ်က မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။
ကျယ်လောင်သောဘုန်းကနဲမြည်သံကြီးနှင့်အတူ ဆေဘာဓားအလင်းတန်းတတန်းသည် ကြယ်များနှင့် နေ လ တို့ကို ထွင်းဖောက်သွားလုမတတ် ထွက်ပေါ်လာသည်။မိုးကောင်းကင်ယံအတွင်းရှိကြယ်များအားလုံး မှေးမှိန်သွားသည်။ ပတ်ဝန်းကျင်ကိုကြည့်ပါက သူတို့၏ရှေ့တွင်တောက်ပသော ဆေဘာဓားအလင်းတန်းသာရှိနေပေ၏။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုဆေဘာဓားအလင်းတန်းသည် တိမ်တိုက်များကိုဖြတ်သန်းသွားကာ ဗုဒ္ဓအရှင်၏လက်ညှိုးပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
ဘုန်း...
ပြင်းထန်သောတုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
အလွန်အမင်းအစွမ်းထက်သော မှော်မန္တန်နှစ်ခုသည် နောက်ဆုံး၌ လေဟာနယ်အတွင်းတွင် ပြင်းပြင်းထန်ထန် ဖီလာဆန့်ကျင်ရိုက်ခတ်မိလေပြီ။
Chapter 3717
ထိုပေါက်ကွဲသံကြီးသည် အလွန်ကျယ်လောင်ကာ လောကကြီးတစ်ခွင်လုံး တုန်ခါသွားလုမတတ်ပင်။
အကန့်အသတ်မရှိသော ဆေးဘာဓားစိတ်ဆန္ဒာများပါဝင်သော ဓားချီတစ်လှိုင်းသည်မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာလေထုအတွင်း၌ ချက်ချင်းထွက်ပေါ်လာသည်။
ထိုဆေဘာဓားချီ ကျရောက်သွားသောအချိန်တွင် ဗုဒ္ဓ၏သွေးစက်များ ဖြာကျလာသည်။
ကြီးမားသောဗုဒ္ဓအရှင်သည် လက်ညှိုးညွှန်လိုက်သော်လည်း ရုတ်တရက်လေထု၏အလယ်၌ ရပ်တန့်သွားခဲ့သည်။
ဆေဘာဓားချီ၏ထက်ရှသောခုတ်ချက်အောက်တွင် ဗုဒ္ဓအရှင်၏လက်လက်ချောင်းမှ အဆစ်တစ်ဆစ် ပြတ်တောက်သွားခဲ့သည်။ရွှေရောင်ဗုဒ္ဓသွေးစက်များသည် ထိုဒဏ်ရာမှနေ၍ မိုးစက်များအလား ယိုစီးကျလာသည်။
"ငါ ဒါကိုမယုံကြည်နိုင်ဘူး...သူ တကယ်ကို လုပ်နိုင်ခဲ့တာလား"
လန်ဝူရှင်းသည် သူ၏မျက်လုံးများကို ပွတ်သပ်ကာ သူမြင်ရသည့်အရာကို သူ မယုံကြည်နိုင်သည့်အလားပင်။
ဤသည်မှာ ဗုဒ္ဓလောက၏အရှင် ဗုဒ္ဓကျင့်ကြံသူများအားလုံး၏ တည်ထောင်သူအရှင်သခင်ပင်။ကောင်းကင်ဘုံနယ်မြေအတွင်း၌ပင် ဗုဒ္ဓအရှင်သည် ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ဖြစ်သည်။
လုယွီသည် သူ၏ဆေဘာဓားဖြင့် ဗုဒ္ဓအရှင်၏လက်ညှိုးတစ်ဆစ်ကို ဖြတ်တောက်ခဲ့သလော...
အကယ်၍ ဤသည်ကို လန်ဝူရှင်းအားတစ်စုံတစ်ယောက်မှ ပြောဆိုပါက သူ မည်သို့မျှယုံကြည်နိုင်မည်မဟုတ်ချေ။သို့ရာတွင် ယခုချိန်တွင် ဤကိစ္စသည် သူ့၏မျက်လုံးရှေ့၌ ဖြစ်ပွားသွားခဲ့သည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ထိုကိစ္စကို ယုံကြည်လက်ခံရတော့ပေမည်။
ဗုဒ္ဓလောကအတွင်း၌ရှိနေသည့် ဗုဒ္ဓကျင့်ကြံသူများအားလုံး အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။
ဗုဒ္ဓအရှင်သည် သူတို့၏ကံကြမ္မာဖြစ်ကာ ဗုဒ္ဓလောကတစ်ခုလုံး၏ အစွမ်းထက်ဆုံးကျင့်ကြံသူပင်။ဗုဒ္ဓအရှင်သည် အထွတ်အမြတ်နတ်ဘုရားစွမ်းအားများကိုပိုင်ဆိုင်ထားကာမိုးကောင်းကင်၏အောက်၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုပင်။သူ၏ဓမ္မပုံရိပ်ယောင်ဖြင့် ကောင်းကင်နှင့်မြေပြင်အကြား၌ ဗုဒ္ဓအလင်းတန်းများလင်းထိန်စေကာ ဗုဒ္ဓလောကကိုရောင်ပြန်ဟပ်စေသည်။ဤသည်မှာကျော်လွှား၍မရနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။မည်သည်ကြောင့် တစ်စုံတစ်ယောက်သည်ဗုဒ္ဓအရှင်၏လက်ချောင်းတစ်ဆစ်ကို ဤနေရာ၌ ဖြတ်တောက်နိုင်ခဲ့သနည်း။
ဗုဒ္ဓအရှင်သည်လည်း ဆွံ့အနေပေ၏။ဤလက်ချောင်းတဆစ် ပြတ်တောက်သွားခြင်းသည် သူ့အား မည်သည်ထိခိုက်နာကျင်မှုမျိုးမျှ မဖြစ်စေနိုင်ချေ။
အမွေးနံ့သာစွမ်းအားလှိုင်းများသည် တဖြည်းဖြည်း ဗုဒ္ဓအရှင်၏လက်ချောင်းနံဘေးပတ်လည်၌ စုဝေးလာသည်။ထို့နောက် သူ၏ပြတ်တောက်သွားသော လက်ချောင်းတစ်ဆစ်သည် တဖြည်းဖြည်း ပြန်လည်၍သိပ်သည်းသွားလေ၏။
ထိုလက်ချောင်းပေါ်ရှိ အဆစ်တိုင်းကိုအကန့်အသတ်မရှိသော မဟာတာအိုဥပဒေသများဝိုင်းရံထားပုံရသည်။ဤသည်မှာ သာမန်လက်ချောင်းမျိုးမဟုတ်ဘဲ လူအများကိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ဖိအားကိုပေးစွမ်းနိုင်ကာ သူတို့၏ဦးရေပြားများ ထုံကျင်မှုကို ခံစားရစေသည်။
ဤလက်ချောင်း၏အောက်တွင် မည်သူမျှ အသက်ရှင်သန်နိုင်ခြင်းမရှိချေ။
ဖူး...
လုယွီသည်နောက်ဆုံး၌ တန်ပြန်ရိုက်ခတ်မှုဒဏ်ကိုတောင့်မခံနိုင်တော့ချေ။သူ၏ခန္ဓာကိုယ်အနည်းငယ်လှုပ်ယမ်းသွားကာ သူသည်ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်လိုက်ရသည်။
သူသည် မီးစာကုန်ဆီခမ်းအခြေအနေမျိုးသို့ရောက်ရှိနေကာ သူ့၏မှော်စွမ်းအားအနည်းငယ်ကိုမျှ ထပ်မံ၍အသုံးပြုနိုင်ခြင်းမရှိတော့ချေ။
သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားသွေးစက်များမှစွမ်းအားများကို အပြည့်အဝလောင်ကျွမ်းသွားပြီးလေပြီ။အစောပိုင်းက သူရရှိခဲ့သောကြီးမားသည်မှော်စွမ်းအားများသည် ရင်းမြစ်မရှိတော့သည့်ရေများအလား ပြောင်းလဲသွားကာအလျှင်အမြန်လျော့ကျစ ပြုလာလေပြီ။။
လုယွီသည် သူ့၏ကိုယ်ပိုင်စွမ်းအားကိုပင်ထုတ်ဖော်အသုံးပြုနိုင်စွမ်းမရှိတော့ချေ။
သာမန်အတိုင်းပြောဆိုရလျှင် လျှို့ဝှက်နည်းစနစ်များသည်တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ကိုတစ်ဆင့်သာမြှင့်တင်နိုင်ကာ တစ်ကြိမ်သာအသုံးပြုနိုင်သည်။ဤသို့ပြုလုပ်လျှင်ပင် အလွန်ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုဒဏ်ကိုခံစားရသည်။လုယွီအသုံးပြုခဲ့သော စွမ်းအားငှားရမ်းခြင်းနည်းစနစ်ကို ဖော်ပြရန်ပင်မလိုတော့ချေ။ဤသည်မှာ မိုးကောင်းကင်ကိုဖီဆန်သောအဆင့်သို့ရောက်ရှိနေကာ ကျင့်ကြံဆင့်နယ်ပယ်အမြောက်အများကို မြှင့်တင်နိုင်သည်။
ဤနည်းစနစ်သည် သူ့အား တာအိုသခင်နယ်ပယ်သို့ တိုက်ရိုက်မြင့်တက်သွားစေခဲ့သည်။
လုယွီထံတွင် သိုင်းပညာသူတော်စင်အထွတ်အထိပ်ရုပ်ခန္ဓာကိုယ်ရှိနေသည့်တိုင် သူသည်ဤကဲ့သို့တန်ပြန်ရိုက်ခတ်မှုဒဏ်ကိုတောင့်ခံနိုင်ခြင်းမရှိချေ။
မိန်းကလေးတယောက်အတွက်နဲ့မင်းရဲ့သနားကြင်နာတယ်ဆိုတဲ့ဂုဏ်သတင်းကိုဖျက်ဆီးဖို့ထိုက်တန်လို့လား။
လုယွီသည်မိုးကောင်းကင်ရဲ့အတွင်းရှိမှတော့ဗုဒ္ဓပုံရိပ်ရောင်ကြီးကိုကြည့်ကာသရော်တော်တော်မေးမြန်းလိုက်သည်။
သို့ရာတွင် လေဟာနယ်အတွင်းရှိ ဗုဒ္ဓပုံရိပ်ယောင်ကြီးသည် သူ၏မေးခွန်းကို ဖြေဆိုလိုပုံမရချေ။
လက်ချောင်းကြီးတစ်ချောင်းက မိုးကောင်းကင်ရဲ့အတွင်းမှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ဗုဒ္ဓအရှင်သည် လုယွီကို သတ်ဖြတ်လိုပုံရသည်။
"အရှင်...ပြေးကြစို့"
လန်ဝူရှင်းက အော်ဟစ်လိုက်၏။
သူသည် စည်းမဲ့ကမ်းမဲ့ထင်ရာစိုင်းတတ်သော်လည်း ထိုလက်ချောင်းကြီးကျဆင်းလာသည်ကို မြင်တွေ့ချိန်တွင် သူ၏ဦးရေပြားထုံကျင်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်ကို ခံစားမိလေ၏။
ဤသည်မှာ သူမည်သို့မျှ ခုခံနိုင်စွမ်းမရှိသောတည်ရှိမှုကြီးတစ်ခုပင်
ထို့ပြင် လုယွီ၏လက်ရှိအခြေအနေမကောင်းသည်မှာ သိသာထင်ရှားလှ၏။
အစောပိုင်းက ထုတ်ဖော်အသုံးပြုလိုက်သောဆေဘာဓားချက်သည် သူ၏ခွန်အားကုန်အသုံးပြုခဲ့ပုံရသည်။ယခုလက်ရှိချိန်တွင် သူ့၏ခန္ဓာကိုယ်တွင် လောကကြီးတစ်ခုလုံးကို ငုံကြည့်နိုင်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါမျိုးမရှိတော့ချေ။သူ့၏ခန္ဓာကိုယ်သည် အားနည်းသောသေမျိုးတစ်ယောက်အလား တုန်ရီနေသည်။
လုယွီက သူ့၏ခေါင်းကိုခါယမ်းကာ တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ မင်းထွက်သွားချင်တယ်ဆိုရင် ထွက်သွားလို့ရတယ်...ငါ ကျန်နေခဲ့မယ်"