← Chapters

အခန်း (၃၇၁၈-၃၇၂၁)

Vol. 189 Ch. 3718-3721

အခန်း (၃၇၁၈-၃၇၂၁)

Vol. 189 Ch. 3718-3721

Chapter 3718

သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ ထိုလက်ချောင်းကြီး၏တိုက်ခိုက်ခြင်းကို ခံရပေမည်။

လန်ဝူရှင်းသည် ဤအချိန်အခိုက်အတန့်တွင် ကြက်သေသေနေကာ သူ၏မျက်လုံးများတစ်ဖျတ်ဖျတ်တောက်ပနေသည်။

ဤသည်မှာ သေခြင်းနှင့်ရှင်ခြင်းအကြား ရွေးချယ်မှုတစ်ခုဖြစ်သဖြင့် မည်သူမဆို တွေဝေတုံ့ဆိုင်းနေပေမည်။သူသည် လုယွီ၏နောက်သို့ဆက်လိုက်ပါက အဆုံးသတ်၌ သူ သေဆုံးရနိုင်​ခြေ မြင့်မားသည်။

"မင်း ဘယ့်သူ့ကို လှောင်ပြောင်နေတာလဲ...ငါက သေရမှာကိုကြောက်တဲ့ သူရဲဘောကြောင်တဲ့ကောင်တစ်ကောင်နဲ့ တူနေလို့လား...တကယ်လို့ မင်းသေချင်တယ်ဆိုလည်း လုပ်ပေါ့...မင်း မျက်လုံးမှိတ်သွားရင် ငါ မင်းရဲ့မျိုးရိုးနာမည်ကို ရေးထိုးပေးမယ်"

လန်ဝူရှင်းက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး နောက် သူ့၏ဆေဘာဓားကို ဆွဲထုတ်လိုက်ကာအစွမ်းထက်သောမှော်စွမ်းအားလှိုင်းတလှိုင်းက ပွင့်အံ့ထွက်လာသည်။

သူသည်လည်း ရွှယ်အင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။လက်ဝဲစစ်တပ်နယ်မြေအတွင်း၌ သူ့အား ထိပ်သီးတည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်သည်။သို့ရာတွင်သူ့ရှေ့ရှိတိုက်ပွဲအတွင်း၌ သူသည် အနည်းငယ်မျှအရေးမပါချေ။

လုယွီသည် လန်ဝူရှင်းကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သော်လည်း သူသည် ဆက်လက်၍ဖြောင့်ဖျခြင်းမရှိချေ။

သေခြင်းတရားနှင့်နီးကပ်နေကာ အားနည်းသောအခြေအနေမျိုး၌ရှိနေသည့်တိုင် လုယွီသည်ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

"ဘယ်သူက ဘယ်သူ့ကို သတ်နိုင်မယ်ဆိုတာ မသေချာသေးပါဘူး"

သွေးဆာသောအလင်းတန်းတစ်တန်းက ရုတ်တရက် သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သူ့ထံတွင် အချိန်မရွေးအသုံးပြုနိုင်သော ဝှက်ဖဲနှစ်ချပ်ရှိနေသည်။

ပထမတစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ထိုက်အမ်းဓားပင်။ထိုအရာအား တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် သူသည် ရှေးဟောင်းမသေမျိုးအဆင့်လက်နက်မှ ကြီးမားသောစွမ်းအားကိုငှားရမ်းကာ သူ့ရှေ့ရှိ ဗုဒ္ဓအရှင်ကိုနောက်ဆုတ်သွားစေနိုင်စွမ်းရှိသည်။

အရေးအကြီးဆုံးအကြောင်းပြချက်မှာ ရှန်လင်းလုံသည် မည်သည့်ကြောင့် တာယွီ၏ဧကရီဖြစ်လာခဲ့ခြင်းပင်။ဤသည်မှာ သူမသည်ရှေးဟောင်းမသေမျိုးအဆင့်လက်နက်ဖြစ်သောလူသားဧကရာဇ်ဓားကိုထိန်းချုပ်နိုင်ကာ ထိုလက်နက်မှ ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။လုယွီထံတွင်ရှိနေသော ထိုက်အန်းဓားသည်လည်း ရှေးဟောင်းလူသားဧကရာဇ်ဓားနှင့် တန်းတူအဆင့်တွင်ရှိနေသောဓားတလက်ပင်။ထိုအရာ၏စွမ်းအားသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပေ၏။

ဒုတိယအနေဖြင့် သူ့ထံတွင် အုပ်ချုပ်သူအရှင်ကိုယ်ပွားရှိနေသည်။

ဤသည်မှာလုယွီသန့်စင်ထားသော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ခန္ဓာကိုယ်ဖြစ်ကာ သူ့၏ပြင်ပကိုယ်ပွားပင်။

ကောင်းကင်ဘုံဧကရာထိုက်ချန်သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ရှေးဟောင်းခေတ်မှလက်ရှိခေတ်တိုင် အကြီးမြတ်ဆုံးအရှင်သခင်တစ်ပါးဖြစ်သည်။သူ သေဆုံးသွားခဲ့သည့်တိုင် သူ့၏အစစ်အမှန်ခန္ဓာကိုယ်ကိုဟန့်တား၍မရနိုင်​ချေ။

ဤသည်မှာ လုယွီ၏ဝှက်ဖဲများဖြစ်သော်လည်း သူဆန္ဒရှိသကဲ့သို့ အသုံးပြုနိုင်ခြင်းမရှိချေ။ထိုဝှက်ဖဲတခုစီတိုင်းသည် သူ့အား အကန့်အသတ်မရှိသောဒုက္ခများ ဆောင်ကျဥ်းပေးနိုင်သည်။

သို့ရာတွင် ယခုချိန်၌ သူ့အတွက် သေရေးရှင်ရေးအချိန်အခိုက်အတန့်သို့ရောက်ရှိနေလေပြီ။သူ တွေဝေစဥ်းစားနိုင်ရန်အတွက် အချိန်မရှိတော့ချေ။

လုယွီ ယခုထိတိုင်လှုပ်ရှားခြင်းမပြုသေးသောအကြောင်းအရင်းမှာ သူ၏ကံကြမ္မာ၌ အပြောင်းအလဲတစ်ခုဖြစ်ပေါ်နေသည်ကို သူရုတ်တရက် သိရှိသွားသောကြောင့်ပင်။

မူလက သူ အသက်ရှင်သန်နိုင်ရန် မည်သည့်အခွင့်အရေးမျှမရှိသော်လည်း ယခုအချိန်၌ အသက်ရှင်သန်နိုင်ရန် အခွင့်အရေးအသစ်တစ်ခုရှိနေခဲ့သည်။ဤသည်မှာ အကန့်အသတ်မရှိသောအမှောင်ထုအတွင်းမှ ထွက်ပေါ်လာသည့်အလင်းတန်းတတန်းအလားပင်။

လုယွီသည် မည်သည့်အလှည့်အပြောင်းမျိုးထွက်ပေါ်လာမည်ကို မသိရှိသော်လည်း သူသည်နောက်ဆုံးအချိန်အခိုက်အတန့်အထိ စောင့်ဆိုင်းနေဆဲပင်။

မိုးကောင်းကင်ယံအတွင်းရှိ ဗုဒ္ဓလက်ချောင်းကြီးသည် နောက်ဆုံး၌ဆင်းသက်လာလေပြီ။

အကန့်အသတ်မရှိသောဖိအားများသည် လုယွီ၏ခေါင်းထက်သို့ ကျရောက်လာပေ၏။ဤအချိန်သည် သူ့အတွက် အမှန်တကယ်ကိုသေရေးရှင်ရေးအချိန်အခိုက်အတန့်ပင်။

ထိုအပြောင်းအလဲသည် မည်သည့်နေရာ၌ရှိနေသနည်း...

သူ များစွာစဉ်းစားတွေးတောရန် အချိန်မရှိတော့ဘဲ ဗုဒ္ဓလက်ချောင်းကြီးဆင်းသက်လာသောအချိန်မှာပင် မှော်စွမ်းအားများဖြင့်ဖွဲ့စည်းထားသော လက်ဝါးပုံရိပ်ယောင်တခု ရုတ်တရက်ထွက်ပေါ်လာကာ ထိုလက်ချောင်းကြီးကိုဖိနှိပ်လိုက်၏။

ဝုန်း...

ပေါက်ကွဲသံများက ဆက်တိုက်ဆိုသလိုမိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဗုဒ္ဓလက်ချောင်းကြီးသည် လေထု၏အလယ်၌ ထိုမှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီး၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ထိုစွမ်းအားနှစ်ရပ်သည် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားကာချက်ချင်းပျက်ပြယ်သွားလေ၏။

ကြေးနီးရထားလုံးတစ်စီးသည် ရုတ်တရက်လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်။ မိုးကောင်းကင်ယံသည် ရုတ်တရက်ကွဲထွက်သွားကာ ထောင်သောင်းချီသောမှော်စွမ်းအား လှိုင်းများမြင့်တက်လာပြီး နဂါးကိုးကောင်ပုံစံအဖြစ်ဖွဲ့စည်းသွားသည်။

ထိုရထားလုံးကိုဆွဲသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲများသည် ရှေးဟောင်းခေတ်ကာလမှယခုထိတိုင် အသက်ရှင်သန်နေသော သားရဲများဖြစ်သည်။ထိုသားရဲများ၏အရှိန်အဝါများသည် အလွန်အမင်းကြီးမားကာ သူတို့၏ရက်စက်ကြမ်းကြုတ်မှုသည် မွန်းစတားဆန်ပေ၏။မည်သူကမျှ ထိုသားရဲများကို စေ့စေ့မကြည့်ဝံ့ချေ။​

ထိုကြေးနီရထားလုံးထွက်ပေါ်လာပြီးနောက်ဗုဒ္ဓ၏လက်ချောင်းကြီးသည် အရိပ်အယောင်ပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

"ရှေးဟောင်းခေတ်ရဲ့ဘုရင်ပဲ...မင်းက ဘယ်သူလဲ"

ဗုဒ္ဓလောကအတွင်းမှနေ၍ ဗုဒ္ဓအရှင်၏အသံထွက်ပေါ်လာကာ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသောစွမ်းအားကို သယ်ဆောင်လာသည်။

ထိုရထားလုံးအတွင်းမှနေ၍ ကံကြမ္မာ၏ခရမ်းရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ပွင့်အံ့ထွက်လာသည်။ထိုအရာသည်မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာအလွန်အမင်းစူးရှတောက်ပပေ၏။

ဤသည်မှာ လောကကြီးတစ်ခွင်လုံးကိုငုံကြည့်နိုင်သော အရှိန်အဝါမျိုးဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှ အသက်ကံကြမ္မာများကိုထိန်းချုပ်နိုင်သည့်အလားပင်။ထိုကြောင့် ဤသည်မှာ ဗုဒ္ဓအရှင်အတွက် ကိစ္စငယ်တရပ်မဟုတ်တော့ချေ။

ကြေးနီရထားလုံးအတွင်းမှနေ၍ မှုန်တေတေအသံတစ်သံ ထွက်ပေါ်လာသည်

"မဟာကျိုးအင်ပါယာ...ကျီးဝမ်ချန်း"

Chapter 3719

မိုးကောင်းကင်ယံအတွင်းရှိ ကြေးနီရထားလုံးပေါ်တွင် ထွင်းထုထားသော နဂါးအမှတ်အသားများနှင့်အရုပ်စာများသည် အလွန်အမင်းရှေးကျပေ၏။

ကြေးနီးရထားလုံးအတွင်းမှ တည်ရှိမှုကြီးသည်ပြင်ပသို့ထွက်မလာသော်လည်း သူ ထုတ်လွှင့်နေသော တော်ဝင်အရှိန်အဝါသည် အလွန်အမင်းအစွမ်းထက်ကာ ဗုဒ္ဓအရှင်၏ကြီးမားသောဗုဒ္ဓစွမ်းအားကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

အစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက် လေထုအတွင်း၌ရှိနေသဖြင့် ယွဲ့ဖူကြယ်နယ်မြေ၏မိုးကောင်းငယ်တာဝအိုသည်ပြင်းပြင်းထန်ထန်တုန်ခါနေကာ ထိုအရှိန်အဝါများကို တောင့်မခံနိုင်တော့သည်အလားပင်။

"ဒါကလည်း တာအိုသခင်နယ်ပယ်အစွမ်းထက်တည်ရှိမှုကြီးတစ်ယောက် မဟုတ်လား...ဘာလို့ငါက သူ့ရဲ့နာမည်ကို အရင်ကမကြားဖူးတာလဲ"

လက်ရှိနေရာတွင်ရှိနေသူများသည် သူတို့အပေါ်သို့ဆင်းသက်လာသော သိသာထင်ရှားသည့်ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည်ခေါင်းများကိုပင် မမော့နိုင်တော့ချေ။

တာအိုသခင်နယ်ပယ်အစွမ်းထက်တည်ရှိမှုတစ်ခုကိုပင် မြင်တွေ့နိုင်ရန်မလွယ်ကူလေရာ ယနေ့တွင် သူတို့သည် ထိုအဆင့်ကျင့်ကြံသူသုံးယောက်ကိုမြင်တွေ့ခဲ့ရသည်။လူအများစု၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန်တုန်ရီနေပေ၏။သူတို့ရှေ့ရှိမြင်ကွင်းသည် သူတို့၏တောင့်ခံနိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေလေပြီ။

ဗုဒ္ဓလောကတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေသည်။အချိန်အတော်ကြာမှသာ ဗုဒ္ဓအရှင်၏ကြီးကျယ်ခမ်းနားသောအသံ ထွက်ပေါ်လာသည်။

"အလယ်ခေတ်ရှေးဟောင်းဘုရင်...မင်းက အရမ်းသန်မာအားကောင်းတယ်...ဒါပေမဲ့ ငါက ဒီနေ့ စကားလုံးကိုးလုံးမှော်မန္တန်ကို ရအောင်ယူဖို့ဆုံးဖြတ်ထားပြီးပြီ...မင်း ငါ့ကို ဟန့်တားလို့မရဘူး"

"ဒါဆိုရင်လည်း ကောင်းပြီလေ...ငါကလည်း အခုခေတ်ကာလရဲ့ အစွမ်းထက်ကျင့်ကြံသူတွေဘယ်အဆင့်မှာရောက်နေလဲဆိုတာ သိချင်မိတယ်"

သရော်တော်တော်အသံတစ်သံက ကြေးနီရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။သူတို့နှစ်ယောက်အကြားတွင် ပြင်းထန်သောတိုက်ပွဲတပွဲရင်ဆိုင်ရခြင်းမရှိသေးသည့်တိုင် မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံများကပတ်ဝန်းကျင်နေရာအဘက်ဘက်၌ပဲ့တင်ထပ်နေသည်။ဤသည်မှာ အလွန်အမင်းကျယ်လောင်ပေ၏။

ဤသည်မှာ နှစ်ဖက်စလုံး၏မဟာတာအိုစွမ်းအားအချင်းချင်း ယှဉ်ပြိုင်မှုပင်။

ထိုအရာသည် အစစ်အမှန်တိုက်ပွဲတစ်ပွဲကဲ့သို့ပြင်းထန်ခြင်းမရှိသော်လည်း သူတို့နှစ်ယောက်၏ မဟာတာအိုလမ်းကြောင်းအပေါ်နားလည်သဘောပေါက်မှုကို ယှဉ်ပြိုင်နေခြင်းဖြစ်ရာ မည်သူကမျှ သာမန်မျက်စိဖြင့်တွေ့မြင်နိုင်မည်မဟုတ်ချေ။

ဘုန်း...ဘုန်း...

လျှပ်စီးမိုးကြိုးလှိုင်းများက မိုးကောင်းကင်ယံအတွင်းမှနေ၍ မဟာတာအို၏အသံနှင့်အတူ ယှဥ်တွဲကာ ဆင်းသက်လာသည်။

ထိုမဟာတာအိုအသံများသည် တိုးညှင်းပြီးနူးညံ့သိမ်မွေ့သော်လည်း သာမန်လူများသည် ထိုအသံများကိုကြားချိန်တွင် သူတို့၏ခေါင်းများညည်းစီစီဖြစ်သွားသည်ကို ခံစားရသည်။သူတို့၏စိတ်များ ဖရိုဖရဲဖြစ်လာကာ ထိုအရာများကို နားလည်သဘောပေါက်နိုင်စွမ်းမရှိချေ။

ကောင်းကင်နှင့်မြေပြင်အကြားမှ မဟာတာအိုကိုဖမ်းဆုပ်နိုင်သော အစွမ်းထက်ကျင့်ကြံသူတချို့သာ ထိုမဟာတာအိုစွမ်းအားများ၏အရိပ်အယောင်ကို အနည်းငယ်ဖမ်းဆုပ်နိုင်စွမ်းရှိသည်။

"အရှင်...ငါတို့က ဒီနေရာမှာဆက်နေကြဦးမှာလား"

လန်ဝူရှင်းက လုယွီထံသို့ သူ့၏အသံကို တိတ်တဆိတ်ပေးပို့လိုက်၏။

လုယွီသည် သူ့၏ခေါင်းကိုခါယမ်းကာအခွင့်ကောင်းယူ၍ ဤနေရာမှထွက်ခွာသွားခြင်းမပြုရန် ရွေးချယ်လိုက်သည်။

သူ၏ကံကြမ္မာတွက်ချက်ထားမှုအရ ဤအကျပ်အတည်းသည် ယခုထိတိုင်ပြီးဆုံးသွားခြင်းမရှိသေးချေ။

ဗုဒ္ဓလောက၏ပစ်မှတ်သည် ပိုင်ဆုချင်ပင်။ အကယ်၍ သူသည် ဤကိစ္စကို ဖြေရှင်းနိုင်ခြင်းမရှိပါက ဗုဒ္ဓလောကသည် သူမကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပစ်မှတ်ထားနေပေမည်။ထိုအချိန်ကျပါက အကယ်၍ သူ ယခုထွက်ပြေးသွားနိုင်လျှင်ပင် အဓိပ္ပါယ်ရှိမည်မဟုတ်တော့ချေ။

မိုးကောင်းကင်ယံအတွင်းရှိတိုက်ပွဲသည် အချိန်ကြာမြင့်ခြင်းမရှိချေ။ထိုအရာသည် အလွန်လျှင်မြန်စွာအဆုံးသတ်သွားကာ လျှပ်စီးမိုးကြိုးများ၏အသံများသည်လည်း တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။

မည်သူအနိုင်ရရှိသွားသည်ကို မည်သူတစ်ဦးတစ်ယောက်မျှမသိသော်လည်း သူတို့အားလုံးပေါ်သို့လွှမ်းခြုံနေသော ဖိအားအရှိန်အဝါသည်နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။

လူအများသည် စိတ်သက်သာရာရသွားပုံဖြင့်သက်ပင်းတစ်ချက်ရှိုက်ကာ သူတို့၏ပုခုံးများပေါ်သို့တင်ထားသော လေးလံသည့်ဝန်ထုပ်ဝန်ပိုးကြီးများ ကျဆင်းသွားသည့်အလားပင်။

"မင်းကမဆိုးဘူး...ဒီအရှင် အိပ်ပျော်နေတဲ့အချိန်မှာ ဒီလိုမျိုးအစွမ်းထက်တဲ့ဂိုဏ်းတစ်ဂိုဏ်းကိုတည်ထောင်နိုင်တဲ့ တစ်စုံတစ်ယောက်ရှိနေမယ်လို့ ငါဘယ်တုန်းကမှ တွေးတောမထားခဲ့ဖူးဘူး...မင်းက မဟာတာအိုလမ်းကြောင်းကိုတော်တော်လေး လျှောက်လှမ်းပြီးပြီပဲ"

ကြေးနီရထားလုံးအတွင်းမှနေ၍ လောကကြီးတစ်ခွင်လုံးကို တုန်ခါသွားစေသော စကားသံများ တစ်ဖန်ထပ်၍ထွက်ပေါ်လာသည်။

ယခုလက်ရှိနေရာတွင်ရှိနေသူတိုင်းသည်အလွန်အမင်းတုန်လှုပ်သွားကာ မယုံကြည်နိုင်မှုများဖြင့် မိုးကောင်းကင်ယံထံသို့ ကြည့်လိုက်ကြသည်။

ဗုဒ္ဓဂိုဏ်းသည် ယခုလက်ရှိအချိန်ရှိဂိုဏ်းများအကြားတွင် အလွန်ရှေးကျသော တည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်သည်။ဗုဒ္ဓအရှင်သည်အလယ်ခေတ်မှနေ၍ ယခုချိန်ထိတိုင် အသက်ရှင်သန်နေခဲ့သော ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ပင်။

သို့ရာတွင် ကြေးနီရထားလုံးအတွင်းရှိတည်ရှိမှုကြီးသည် ဗုဒ္ဓအရှင်ကိုထောက်ပြနေသည်မှာ သိသာထင်ရှားလှ၏။

ဤသည်မှာ အချိန်အတော်ကြာနာမည်ကျော်ကြားလာခဲ့သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် သူ၏ဂျူနီယာများအား လမ်းညွှန်မှုပေးနေသည့်အလားပင်။

ယခုလက်ရှိနေရာတွင် ရှိနေသောလူများသာမက ဗုဒ္ဓလောကအတွင်းရှိ ဗုဒ္ဓကျင့်ကြံသူများပင်လျှင် သူတို့အားလုံး၏မျက်နှာများပေါ်၌ ထိတ်လန့်တုန်လှုပ်နေသော အမူအယာများထင်ဟပ်နေသည်။

နှစ်ဘက်အကြားရှိအနိုင်အရှုံးသည် လူများအားလုံး၏မျက်လုံးရှေ့၌ ကွဲပြားခြားနားခြင်းမရှိသော်လည်း မည်သူအနိုင်ရရှိပြီး မည်သူရှုံးနိမ့်သည်မှာ သိသာထင်ရှားနေလေပြီ။

ဟူး....

စိတ်ဝိညာဉ်တောင်၏နက်ရှိုင်းသောနေရာမှနေ၍ ရှည်လျားသောသက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။

ဗုဒ္ဓအရှင်၏ပုံရိပ်ယောင်မှ မျက်လုံးများမှေးစင်းသွားကာ သူကပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ဒီမိန်းကလေးက ငါနဲ့ကံကြမ္မာရေစက်ရှိနေတယ် ...ငါက စကားလုံးကိုးလုံးမှော်မန္တန်ကိုရပြီးတာနဲ့....သူ့ရဲ့အသက်ကို ဘာထိခိုက်နာကျင်မှုမှမရှိစေရဘူး"

Chapter 3720

"မင်း သူ့ကိုခေါ်သွားဖို့ နည်းနည်းလေးတောင် မစဉ်းစားနဲ့...ဘယ်သူကမှ ငါ့ကိုမဟန့်တားနိုင်ဘူး...မင်းလည်း မလုပ်နိုင်ဘူး"

လွမ်းမိုးချုပ်ကိုင်နိုင်သောအသံတစ်သံက ကြေးနီရထားလုံးအတွင်းမှ ထွက်ပေါ်လာသည်။

ဖြစ်နိုင်သည်မှာ ရှေးဟောင်းခေတ်မှအစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုသာလျှင် ဤကဲ့သို့စကားများကို ဗုဒ္ဓအရှင်၏ရှေ့၌ ပြောနိုင်ပေမည်။

ဗုဒ္ဓအရှင်သည် လက်ခံရန်နှင့်ငြင်းဆိုရန်ကို ချိန်ဆပြီးနောက် သူသည် ရုတ်တရက် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ့၏ရွှေရောင်ပုံရိပ်ယောင်ကြီးမှအကြည့်သည် ရုတ်တရက်ရွှေ့ပြောင်းသွားကာ လုယွီထံသို့ ကျရောက်သွားသည်။

မူလက မြင့်မြတ်ပြီး သနားကြင်နာမှုများနှင့် ပြည့်နှက်နေသည့်အရှိန်အဝါ ရုတ်တရက်ပြောင်းလဲသွားကာ သူသည် ဒေါသထွက်နေသော ဗုဒ္ဓအရှင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"မင်း အဲ့ဒီမိန်းကလေးကို ခေါ်သွားလို့ရတယ်...ဒါပေမဲ့ သူ့ကိုတော့ ငါ ဒီနေ့ ရှင်းပစ်မှရမယ်"

ရုတ်တရက် ဗုဒ္ဓ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ သူက ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူ့၏လက်ချောင်းကို လက်ဝါးတစ်ခုအသွင်ပြောင်းလဲကာ လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံအတွင်းမှနေ၍ လုယွီထံသို့ ကျရောက်လာသည်။ဤနေရာရှိ လေဟာနယ်သည် တစတစပြိုလဲလာကာ လေထုအတွင်း၌ အနက်ရောင်လေဟာနယ်အက်ကွဲကြောင်းအမြောက်အများ ထွက်ပေါ်လာသည်။

မိုးကောင်းကင်ယံအတွင်း၌ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ ဗုဒ္ဓကျမ်းစာအသံများက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ဗုဒ္ဓလက်ဝါး၏အောက်တွင် အရာအားလုံးပျက်စီးရပေမည်။

ပြင်းထန်သောလေလှိုင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။လုယွီသည် သူ့၏ခေါင်းကိုပင် ခက်ခက်ခက်ခဲမော့နေရသည်။လောကကြီးတခွင်လုံးတွင် သူ့ထံတိုးဝင်လာသော အလွန်ကြီးမားသည့် ဤရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုတည်းသာ ရှိနေသည်ဟု သူခံစားမိသည်။

ဤသည်မှာ သူ့အတွက် သေရေးရှင်ရေးအချိန်အခိုက်အတန့်ပင်။

ဗုဒ္ဓဂိုဏ်း၏အစွမ်းထက်ကျင့်ကြံသူများကို လုယွီ အဆက်မပြတ်သတ်ဖြတ်ခဲ့ခြင်းသည် ဗုဒ္ဓလောက၏နာမည်ဂုဏ်သတင်းအတွက်ကြီးမားသောထိုးနှက်ချက်တစ်ခုပင်။ဗုဒ္ဓအရှင်သည် သူ၏စိတ်ရှည်သည်းခံနိုင်မှု လုံးလုံးလျားလျား ပျောက်ဆုံးသွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီကိုသတ်ဖြတ်ရန်အတွက် သူ့၏လက်ဝါးကိုမြှောက်လိုက်၏။

"ဒါက မကောင်းတော့ဘူး"

လန်ဝူရှင်းနှင့်တခြားသူများသည် ဆိုးဝါးသောခံစားချက်တစ်ခုကိုရရှိသော်လည်း သူတို့သည်ထိုနေရာသို့သွား၍ လုယွီကို ကယ်တင်နိုင်စွမ်းမရှိချေ။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်အစွမ်းထက်ပေ၏။ထိုလက်ဝါးအောက်ရှိဖိအားအရှိန်အဝါသည် အလွန်ပြင်းထန်ပြီး ကြီးမားကျယ်ပြန့်ကာ လေဟာနယ်ကိုပင် အတိုင်းအတာတစ်ခုထိ ပြိုလဲသွားစေခဲ့သည်။ထိုနေရာသို့ သူတို့သွားရန်မဆိုထားနှင့် လှုပ်ရှားမှုတစ်ခုပြုလုပ်နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။

လုယွီ၏အဝတ်အစားများသည် ပြင်းထန်သောလေပြင်းအောက်၌ လူးလွန့်နေသော်လည်းသူ၏မျက်လုံးအတွင်း၌ သွေးဆာသောအရိပ်အယောင်များရှိနေသည်။

သူ၏နတ်ဘုရားစိတ်အာရုံသည် ထိုက်အမ်းဓားနှင့် တိတ်တဆိတ်ဆက်သွယ်ပြီးဖြစ်သည်။

ဤဓားသည် လုယွီ၏အကြီးမားဆုံး ဝှက်ဖဲတစ်ချပ်ဖြစ်သဖြင့် သူ လွယ်လင့်တကူ ထုတ်ဖော်အသုံးပြုလိုခြင်းမရှိချေ။ယခင်တကြိမ်၌ သူ ရှုရာနတ်ဘုရားကို သတ်ဖြတ်ခဲ့စဉ်တွင် ထိုအရာကို တစ်ကြိမ်အသုံးပြုခဲ့သည်။သို့ရာတွင် စာပေသူတော်စင်ယီဟန်သည် ဤလျှို့ဝှက်ချက်ကိုဖုံးကွယ်ထားသဖြင့် ရုန်းရင်းဆန်ခတ်မှုတစ်ခုတစ်လေမျှ ဖြစ်ပွားလာခဲ့ခြင်းမရှိချေ။

စာပေသူတော်စင်ယီဟန်သည် သူ့အား အချိန်တိုင်းကာကွယ်ပေးရန်မှာ မဖြစ်နိုင်​ချေ။ နောက်ဆုံးအကြိမ် သူတို့စကားပြောဆိုပြီးနောက် ရီဟန်သည် တံခါးပိတ်ကျင့်ကြံရန်ရည်ရွယ်ထားခဲ့သည်။တော်ဝင်နန်းတွင်း၏စာပေသူတော်စင်သုံးယောက်သည် ကိစ္စကြီးတစ်ခုအတွက် အစီအစဉ်များကိုရေးဆွဲနေကြောင်း လုယွီကခန့်မှန်းမိပြီးဖြစ်သည်။သူတို့သည် သူ့အား တိတ်တဆိတ်စောင့်ကြည့်နေမည်သာဖြစ်ပြီး သူ့အတွက်နှင့် သူတို့ကိုယ်တိုင်လှုပ်ရှားလာရန်မှာ မဖြစ်နိုင်​ချေ။

အကယ်၍ ဤကိစ္စသည် ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပါက သူ့ထံတွင် ထိုက်အမ်းဓားရှိနေသော လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် သူ ဝန်လေးနေမည်မဟုတ်ပေ။

လုယိ၏အင်္ကျီလက်အတွင်း၌ အေးစက်စက်အလင်းတန်းများ တောက်ပနေသော ဓားတစ်လက်ရှိနေသည်။ထိုက်အမ်းဓားသည် လုံလောက်သောစွမ်းအားများကို စုဆောင်းပြီးလေပြီ။ထိုဓား၏ဓားသွားသည် ဗုဒ္ဓလက်ဝါးကြီးကို ချိန်ရွယ်ထားလေ၏။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏ခါးရှိ သိုလှောင်အိတ် ရုတ်တရက်တုန်ခါသွားသည်။

ရုတ်ချည်းဆိုသလိုပင် ထိုသိုလှောင်အိတ်ကို စည်းနှောင်ထားမှု ပြေလျော့သွားသည်။ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသောအမိန့်တော်တစ်ခုသည် ထိုသိုလှောင်အိတ်အတွင်းမှ ပျံသန်းလာကာ မိုးကောင်းကင်ယံအတွင်းသို့မြင့်တက်သွားသည်။

ထိုအမိန့်တော်တွင် မြင့်မြတ်ပြီးတည်ကြည်လေးနက်သော အရှိန်အဝါမျိုးရှိနေသည်။ထိုအရာသည် လေထုအတွင်း၌ ထွက်ပေါ်လာချိန်တွင် နတ်ဘုရားတစ်ပါးရှိနေသည့်အလား ကြီးမားသောစွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည်။

ထိုအမိန့်တော်ပေါ်တွင် နက်နဲသိမ်မွေ့သောလက်ရေးလက်သားဖြင့် စာကြောင်းတစ်ကြောင်းကို ရေးသားထားသည်။ထိုလက်ရေးလက်သားသည် နဂါးများနှင့်ဖီးနစ်များ ပျံဝဲနေသည့်အလားဖြစ်ကာ ကြီးမားကျယ်ပြန့်သောအရှိန်အဝါကို ပေးစွမ်းနိုင်သည်။

တော်ဝင်အမိန့်တော်သည် လေဟာနယ်အတွင်းရှိဗုဒ္ဓအရှင်၏လက်ဝါးကြီးထံသို့ ဦးတည်၍ပျံသန်းသွားသည်။

လောကကြီးတခွင်လုံးကို တုန်ခါစေသော ဗုဒ္ဓလက်ဝါးပုံရိပ်ယောင်ကြီးသည် လေထု၏အလယ်၌ ရပ်တန့်သွားလေ၏။ထို့နောက်မှနေ၍ ထိတ်လန့်တုန်လှုပ်ပြီးဒေါသထွက်နေသော အသံတစ်သံက ဗုဒ္ဓလောကအတွင်းမှ ထွက်ပေါ်လာသည်။

"ကျိုးထျန်းရင်ရဲ့အမိန့်တော်က ဘာလို့ ဒီနေရာကိုရောက်နေတာလဲ"

Chapter 3721

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် စိတ်ဝိညာဉ်တောင်မှ ဗုဒ္ဓကျင့်ကြံသူများအားလုံးကို ဖိနှိပ်ထားကာ သူတို့သည် ပြင်ပကိုထွက်ခွာခွင့်မရှိဟု အမိန့်တော်ချမှတ်ခဲ့သည်။

နောက်ပိုင်း၌ ဗုဒ္ဓလောကအပေါ် တော်ဝင်နန်းတွင်း၏သဘောထားသည် ပြေလျော့သွားခဲ့လေ၏။ဗုဒ္ဓကျင့်ကြံသူများသည် စိတ်ဝိညာဥ်တောင်မှထွက်ကာ သူတို့၏ကိုယ်ပိုင်အင်အားကို တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ဤသည်မှာ တော်ဝင်နန်းတွင်း၏အမိန့်တော်ကို ပြန်ရုပ်သိမ်းသွားခြင်းကြောင့်ဖြစ်ပြီး ဗုဒ္ဓလောကကြောင့်မဟုတ်ချေ။

ဤတော်ဝင်အမိန့်တော်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အစွမ်းထက်သောမှော်စွမ်းအားများပါဝင်နေကာ အချိန်အတော်ကြာဖြတ်သန်းလာခဲ့သည့်တိုင် ထိုအရာအတွင်းရှိစွမ်းအားများ ပျက်ပြယ်သွားခြင်းမရှိချေ။

တော်ဝင်အမိန့်တော်သည် ပျံသန်းထွက်လာသည်နှင့် အကန့်အသတ်မရှိသော ဧကရာဇ်အရှိန်အဝါကိုထုတ်လွှတ်ထားဆဲပင်။လူတိုင်းသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ဒူးထောက်လိုစိတ်များတစ်ဖွားဖွားပေါ်ပေါက်လာကြသည်။

ဗုဒ္ဓအရှင်၏လက်ဝါးပုံရိပ်ယောင်ကြီးသည် နေရောင်ကိုပင်ပိတ်ဖုံးလုမတတ် ကြီးမားသော်လည်း ရုတ်တရက်ပျက်ပြယ်သွားသည်။

ဗုဒ္ဓအရှင်၏ဓမ္မပုံရိပ်ယောင်ကြီးပင်လျှင် ပုန်းကွယ်နေရလေ၏။

ဗုဒ္ဓလောက၏ ကြီးမားသော ရွှေရောင်တံခါးကြီးသည်လည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

တော်ဝင်းအမိန့်တော်အား ထုတ်ပြန်လိုက်ချိန်တွင် ဗုဒ္ဓလောကသည် သူတို့ကိုယ်သူတို့ ဖုန်းကွယ်သွားလေပြီ။

ဤသည်မှာ ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် တစ်စုံတစ်ခုပင်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သေဆုံးခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည့်တိုင် သူ ချန်ထားခဲ့သော အမိန့်တော်သည်ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်ထားနိုင်ဆဲကာ အတိတ်ရှိဧကရာဇ်၏စွမ်းအားကိုဖော်ပြနေဆဲပင်။

သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တစ်ဦးတည်းသောအုပ်ချုပ်သူအရှင်ဖြစ်ပေ၏။ဗုဒ္ဓလောကသည် တော်ဝင်အမိန့်တော်၏ဖိနှိပ်ခြင်းကိုအချိန်ကြာမြင့်စွာခံခဲ့ရကာ ယခုထိတိုင် သူတို့သည် ပြင်ပသို့ ထွက်ဝံ့ခြင်းမရှိသေးချေ။ ဤသည်မှတဆင့် ကောင်းကင်ပုံဧကရာဇ်ထိုက်ချမ် မည်မျှထိအစွမ်းထတ်သည်မှာ သိသာထင်ရှားလှ၏။

"ဗုဒ္ဓကျင့်ကြံသူတွေက ဒီလိုမျိုး နောက်ဆုတ်သွားခဲ့တာလား"

လန်ဝူရှင်းသည် ကြက်သေသေနေကာ သူသည်မွန်းစတားတကောင်ကိုကြည့်သည့်အလား လုယွီကို ကြည့်လိုက်သည်။

သို့ရာတွင် ဤကဲ့သို့မြင်ကွင်းမျိုးသည် သူတစ်ယောက်တည်းထံ၌ ချွင်းချက်ဖြစ်ပေါ်နေခြင်းမဟုတ်ချေ။

ယွဲ့ဖူကြယ်နယ်မြေ၏ထောင်သောင်းချီသောစစ်သားများသည်လည်း အစွမ်းထက်တည်ရှိမှုကြီးနှစ်ယောက်အကြားမှ တိုက်ပွဲ၏ နောက်ချန်စွမ်းအားများကိုကြည့်ပြီး အသိစိတ်ကင်းလွတ်နေကြသည်။

လောကီအင်မော်တယ်နယ်ပယ်နှင့်အထက်ရှိ ကျင့်ကြံသူများပင်လျှင် အသိစိတ်လွတ်ကင်းနေသောအဆင့်၌ ရှိနေဆဲတွင်။သူတို့သည် သူတို့၏ခေါင်းများကိုမော့ကာ ဗုဒ္ဓအရှင်၏ဓမ္မပုံရိပ်ယောင်ကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ကြည့်နေကြလေ၏။သူတို့၏စိတ်နှလုံးသားများ ဗလာဟင်းလင်းဖြစ်နေကာ မည်ကဲ့သို့ဖြစ်ပျက်သွားသည်ကို သူတို့ မသိတော့ချေ။

ဗုဒ္ဓအရှင်ထွက်ခွာသွားပြီးနောက် ဤနေရာကိုလွှမ်းခြုံထားသော ဖိအားအရှိန်အဝါအများစုပျက်ပြယ်သွားခဲ့သည်။မူလက ကောင်းကင်နှင့်မြေပြင်ပြိုလဲလုမတတ် ကြီးမားသောအရှိန်အဝါသည်လည်း ပျောက်ကွယ်သွားကာ ယခုချိန်၌ အနည်းငယ်တည်ငြိမ်သွားလေပြီ။

"ကျိုးထျန်းရင်ရဲ့တော်ဝင်အမိန့်တော်လား...ဒီအရှင်က သူ့ကို အရင်က ကြားခဲ့ဖူးတယ်..သူကအခုခေတ်ကာလရဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ....ဒါပေမဲ့ ကံဆိုးချင်တော့ ငါ သူ့ကို အရင်က မမြင်တွေ့ခဲ့ဖူးဘူး...ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလိုက်လဲ"

တည်ငြိမ်အေးဆေးသောအသံတစ်သံက ကြေးနီးရထားလုံး၏အတွင်းမှ ထွက်ပေါ်လာသည်။

ရုတ်တရက် ကြေးနီရထားလုံး၏ပြတင်းပေါက်တွန်းဖွင့်ခြင်းခံလိုက်ရကာ လက်တစ်ဖက်ကအတွင်းမှ ဆန့်ထွက်လာသည်။

ရွှီ.....

စူးရှသောအသံတစ်သံကို ရုတ်တရက် လေထုအတွင်း၌ ကြားလိုက်ရသည်။

ပိုင်ဆုချင်၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်သည် ထိုအသံ၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည့်အလားကြေးနီရထားလုံးထံသို့ ဦးတည်၍ ပျံသန်းသွားလေ၏။

"မင်း ဘာလုပ်တာလဲ...သူ့ကို ငါ့ဆီကနေ လုယူချင်တာလား"

လန်ဝူရှင်းသည် သူ့၏ဓားကိုဆွဲထုတ်ကာ ဒေါသတကြီးအော်ဟစ်သည်။

ကြေးနီးရထားလုံးအတွင်း၌ မည်သူရှိနေသည်ကို သူ ဂရုမစိုက်ချေ။။နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ မူလအကျင့်စရိုက်သည်လမောက်မောက်ဝံ့ကြွားပြီး အကြောက်အလန့်ကင်းမဲ့ကာကောင်းကင်နှင့်မြေပြင်အကြားတွင် မည်သူ့ကိုမျှဂရုမစိုက်ချေ။

"လန်ဝူရှင်း...နောက်ပြန်ဆုတ်စမ်း...မင်းက သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး"

လုယွီက အော်ဟစ်လိုက်သည်။

ထိုအသံကိုကြားချိန်၌ လန်ဝူရှင်းသည် ခါးသည်းသောအမူအရာဖြင့် နောက်သို့ပြန်ဆုတ်လိုက်၏။အမှန်အားဖြင့် ကြေးနီရထားလုံးအတွင်းမှလူကို သူ ယှဥ်ပြိုင်နိုင်ရန် အလွန်အလှမ်းကွာဟကြောင်းကိုလည်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။

လုယွီက ကြေးနီးရထားလုံးကိုကြည့်ကာ ပြောဆိုသည်။

"အလယ်ခေတ်ကမဟာကျိုးအင်ပါယာရဲ့ဧကရာဇ်က ဒီနေရာမှာထွက်ပေါ်လာမယ်လို့ ငါမျှော်လင့်မထားမိဘူး"

"အော်...."

ကြေးနီရထားလုံးအတွင်းမှနေ၍ ပေါ့ပေါ့ပါးပါးရယ်မောသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။

"စိတ်ဝင်စားစရာပဲ...အခုခေတ်ကာလအတွင်းမှာငါ့ကိုမှတ်မိသေးတဲ့လူတွေ ရှိနေသေးတာပဲ"

​ကျွီ...

ကြေးနီရထားလုံး၏တံခါး ဖြည်းညှင်းစွာပွင့်သွားကာ အနက်ရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်ကအတွင်းမှထွက်လာသည်။

ထိုလူ၏အရှိန်အဝါသည် အလွန်သာလွန်ထူးကဲကာ သူ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းတစ်တန်းရှိနေကာ သူသည် လေထုအတွင်း၌ မတ်တတ်ရပ်နေလေ၏။ သူ၏နောက်တွင်ရှိနေသော ရောင်စုံအလင်းတန်းများသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေကာ ထူးဆန်းသောပုံရိပ်ယောင်များမကြာခဏထွက်ပေါ်နေသည်။

လူတိုင်းသည် သူတို့၏ရှေ့၌ မြင့်မားသောတောင်ကြီးတစ်လုံး ထွက်ပေါ်လာသည့်အလားခံစားလိုက်ရသည်။သူတို့သည်မည်သည့်ရှုထောင့်မှ ဤလူကိုကြည့်သည်ဖြစ်စေ မြင့်မြတ်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံပန်းသွင်ပြင်ရှိနေသည်။သူ၏အသံသည် အထက်ကိုးကောင်းကင်ဘုံမှ မိုးကြိုးတစ်စင်း ဆင်းသက်လာသည့်အလား အလွန်ကျယ်လောင်သည်။

လန်ဝူရှင်းသည် ထိုလူလတ်ပိုင်းကြီးထွက်လာသည်ကိုမြင်တွေ့ချိန်၌ သူသည် အကြောင်းအရင်းမရှိဘဲ ထိတ်လန့်ကြောက်ရွံ့မှုတစ်မျိုးကိုခံစားမိသည်။အစောပိုင်းက သူ မည်သည့်အရာကို စဉ်းစားတွေးတော၍ ထိုလူကို ဓားဖြင့်ချိန်ရွယ်ခဲ့မိသည်အား သူ မသိရှိတော့ချေ။

All Chapters