အခန်း (၃၇၂၂-၃၇၂၅)
Vol. 189 Ch. 3722-3725
Chapter 3722
ထိုလူထွက်ပေါ်လာသည်နှင့် လောကကြီး၏အရှင်သခင်တစ်ပါးနှင့်တူညီကာ နေ လနှင့်သက်ရှိများအားလုံးသည် သူ့၏ရှေ့၌ အရှိန်အဝါများ မှေးမှိန်သွားပုံရသည်။
သူ၏နောက်ခံသည် အလွန်အမင်းထူးခြားပေ၏။သူသည် အလယ်ခေတ်အတွင်းမှ မဟာကျိုးအင်ပါယာ၏ဧကရာဇ်ပင်။ကျီးဝမ်ချန်းသည် ကြက်သွေးရောင်စာဝါဆေးကျမ်းစာကိုရရှိပြီးနောက် သူသည်မိုးကောင်းကင်၏ကံကြမ္မာအထောက်အပံ့ကို ရရှိကာ တချိန်က ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။
သူသည် မဟာကျိုးအင်ပါယာ၏ဧကရာဇ်ကျီးချန်ပင်။
နှစ်သောင်းနှင့်ချီ၍ကုန်ဆုံးလာခဲ့သည့်တိုင် ယခင်က ဧကရာဇ်များသည် ကြွေလွင်သွားခဲ့ခြင်းမရှိချေ။ထိုအစား သူတို့သည် အလွန်ထူးဆန်းသောနည်းစနစ်များကိုအသုံးပြု၍ ပြန်လည်ရှင်သန်လာခဲ့ကြလေ၏။
ထန်အင်ပါယာဧကရာဇ်ကဲ့သို့ပင် သူသည်လည်းသူ့၏နာမည်ကို ကျီးဝမ်ချန်းဟုပြောင်းလဲခဲ့သည်။
ဤသည်မှာ အသုံးမဝင်သောလုပ်ရပ်တစ်ခု မဟုတ်ချေ။ဤလုပ်ရပ်သည် ကံကြမ္မာတာအိုနှင့်ဆက်စပ်နေကာ သူတို့၏မူလနာမည်များကိုတခြားလူများမသိရှိသွားစေရန် ကာကွယ်ဟန့်တားလိုခြင်းဖြစ်မည်ဟု လုယွီက ခန့်မှန်းထားသည်။
"ငါ ဒီနေရာမှာရှိနေသရွေ့....မင်း သူ့ကို ခေါ်သွားလို့မရဘူး"
လုယွီက တည်ငြိမ်စွာပြောဆိုကာ သူ့၏အသံတွင် သြဇာအာဏာနှင့်ပြည့်ဝပြီး အားမာန်အပြည့်ပါဝင်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ မှော်စွမ်းအားတစိုးတစိမျှ မကျန်ရှိတော့ချေ။။
လျှို့ဝှက်နည်းစနစ်များကို ဆက်တိုက်အသုံးပြုခဲ့ပြီးနောက် လုယွီသည် အလွန်အမင်းအားနည်းနေလေ၏။သူသည် ထိုးနှက်ချက်တစ်ခုကိုပင် ခံနိုင်ရည်ရှိတော့မည်မဟုတ်ဟု ခံစားချက်မျိုးရရှိနေသည်။ဤအခြေအနေတွင် သာမန်ကြုံရာလူတစ်ယောက်ပင် သူ့အား လွယ်လင့်တကူအနိုင်ယူနိုင်ပေမည်။
သို့ရာတွင် သူသည် မဟာကျိုးဧကရာဇ်ကဲ့သို့ရင်ထိပ်သီးတည်ရှိမှုကြီးနှင့် ရင်ဆိုင်ရသည့်တိုင် သူ့ကိုကြည့်ရသည်မှာ အနည်းငယ်မျှထိတ်လန့်ကြောက်ရွံ့ပုံမရှိဘဲ မျက်နှာချင်းဆိုင်၍ပြောဆိုနေသည်။
ကျီးဝမ်ချန်းသည် လုယွီကို တချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်...ဒါတောင်မှမင်းက ငါ့ကို ခုလိုလေသံမျိုးနဲ့စကားပြောဝံ့သေးတာလား"
ဝုန်း....
အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က ချက်ချင်းပွင့်အံ့ထွက်လာသည်။
ဤနေရာအနီး၌ရှိနေသော လန်ဝူရှင်းသည် လွင့်ထွက်သွားကာ မြေပြင်နှင့်ပြင်းပြင်းထန်ထန်ရိုက်ခတ်မိလေ၏။
သို့ရာတွင် လုယွီသည် သူ၏မတ်တတ်ရပ်နေသော ကိုယ်နေဟန်ထားကို ထိန်းသိမ်းထားနိုင်ဆဲပင်။
မိုးကောင်းကင်ယံအတွင်းမှနေ၍ နှိုင်းယှဉ်ပြစရာမရှိသည်အထိ အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ် ဆင်းသက်လာကသူ့၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ယခုလက်ရှိချိန်တွင် သူ့ခန္ဓာကိုယ်မှနေ၍ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေသော်လည်းသူသည် အခိုင်အမာမတ်တတ်ရပ်နေဆဲဖြစ်ကာအနည်းငယ်မျှ တုန်ရီသွားခြင်းမရှိချေ။
"မင်း ကြိုးစားကြည့်နိုင်တယ်"
လုယွီ၏အမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။
သူ၏အင်္ကျီလက်အတွင်း၌ရှိနေသော ထိုက်အမ်းဓားတွင် လုံလောက်သောစွမ်းအားများကို စုစည်းပြီးဖြစ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
ဤသည်မှာ လုယွီ၏အကြီးမားဆုံးသတ်ဖြတ်ခြင်းလက်နက်ပင်။အကယ်၍ သူသည် ဤကဲ့သို့ကျဉ်းထဲကျပ်ထဲအချိန်အခိုက်အတန့်၌ သူ့၏ပြိုင်ဘက်ကို သတ်ဖြတ်နိုင်ခြင်းမရှိလျှင်ပင် ကြီးလေးသောတန်ကြေးကိုပေးဆပ်ရစေရန် ပြုလုပ်နိုင်သည်။
သူတို့နှစ်ယောက်အကြား၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ပျံ့လွင့်နေပေ၏။
သို့ရာတွင် ဤသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အချိန်ကြာမြင့်စွာ တည်တံ့ခဲ့ခြင်းမရှိချေ။ကျီးဝမ်ချန်းက ရုတ်တရက် သူ့၏ခေါင်းကိုခါယမ်းကာပြောဆိုသည်။
"ငါ မင်းကိုမတိုက်ခိုက်ချင်ဘူး...ဒီမိန်းကလေးက ပိုင်မိသားစုရဲ့သွေးမျိုးဆက်ပဲ...ဒီအရှင်ရဲ့မိဖုရားက သူ့ရဲ့ဆွေမျိုးဖြစ်နေတယ်..ငါကသူ့ရဲ့မိသားစုနဲ့ပြန်တွေ့နိုင်ဖို့အတွက် သူ့ကိုပြန်ခေါ်သွားမလို့ဘဲ...တကယ်လို့ အဲ့ဒီလိုသာမဟုတ်ဘူးဆိုရင် ဘာလို့ ငါကိုယ်တိုင် ဒီခရီးကိုထွက်လာရမှာလဲ"
ပိုင်ဆုချင်၏မိသားစု....
လုယွီ၏စိတ်နှလုံးသား ရုတ်တရက် တုန်ရီသွားသည်။
အမြင့်မားဆုံးစွမ်းအားကို ရရှိနိုင်ရန်အလို့ငှာနတ်ဆိုးချိတ်ပိတ်သူသည် သူ၏ဘဝကိုစတေးခဲ့လေ၏။သူသည် သူ့၏ဘဝတလျှောက်တွင်အထီးကျန်ဆန်စွာနေထိုင်ခဲ့ကာ မည်သည့်အနာဂတ်မျိုးဆက်အကြောင်းကိုမျှ မပြောဆိုခဲ့ချေ။
သို့ရာတွင် သူ၏ကံကြမ္မာသည် သိသိသာသာပြောင်းလဲသွားခဲ့ကာ သမီးတစ်ယောက် ရရှိလာခဲ့သည်။လုယွီသည် ဤနေရာတွင် နတ်ဆိုးချိတ်ပိတ်သူ၏မျိုးဆက်တစ်ယောက်ကို သိရှိသူနှင့် တွေ့ဆုံရမည်ဟု မျှော်လင့်မထားမိချေ။
နတ်ဆိုးချိတ်ပိတ်သူထံတွင် မိသားစုမျိုးရိုးနာမည်မရှိသဖြင့် ပိုင်ဆုချင်၏နာမည်သည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့သနည်း။
လုယွီသည် ကိစ္စအတော်များများကိုနားလည်သဘောပေါက်ထားသူဖြစ်သည်။သူသည်ရုတ်တရက် ပိုင်ဆုချင်ကို ကြည့်လိုက်၏။ဤအချိန်တွင် ပိုင်ဆုချင်၏နဖူးပေါ်၌ ခပ်ဖျော့ဖျော့ငွေရောင်ကျားအမှတ်အသားတစ်ခု ရှိနေသည်။
"သူက ရှေးဟောင်းမိသားစုလေးစုထဲက တစ်ခုဖြစ်တဲ့ အနောက်ပိုင်းကျားဖြူမိသားစုကပဲ...သူ့ရဲ့မိသားစုက အခြေခံအုတ်မြစ်အဖြစ် ကျားဝိညာဥ်ကိုကျင့်ကြံတယ်....သူ့ရဲ့လက်ရှိအခြေအနေက အရမ်းအန္တရာယ်များနေပြီ..သူ့ရဲ့စိတ်ဝိညာဉ်ကအေးခဲနေပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲကို အအေးလှိုင်းတွေပျံ့နေပြီ...မင်းရဲ့လက်ထဲမှာဆိုရင် အဆုံးသတ်မှာ သူ့ရဲ့စိတ်ဝိညာဉ်ကကြွေလွင့်သွားမှာကို ငါ စိုးရိမ်မိတယ်"
ကျီးဝမ်ချန်းက ဆက်လက်၍ ပြောဆိုသည်။
"ငါရဲ့မဟာကျိုးတော်ဝင်နန်းတွင်းမှာ ကျားဖြူဘိုးဘေးခန်းမရှိတယ်..အဲဒီထဲမှာဆိုရင် သူက ကျားဝိညာဥ်ကို သိပ်သည်းနိုင်လိမ့်မယ်...သူ့ရဲ့စိတ်ဝိညာဥ်ကဒဏ်ရာတွေ ပြန်ကောင်းသွားရုံတင်မကဘူး....သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က မြင့်တက်သွားပြီးတော့ မြင့်မားတဲ့အဆင့်အထိအောင်မြင်ပြီးမြောက်နိုင်လိမ့်မယ်"
"အဲဒီလိုကိစ္စမျိုးတွေရှိနေရင်ရော မင်း ငါ့ကိုဟန့်တားဦးမှာလား"
ဤစကားလုံးများသည် လုယွီ၏စိတ်အတွင်းသို့မိုးကြိုးတစ်စင်းအလား ဝင်ရောက်လာသည်။
Chapter 3723
လုယွီသည် အေးခဲစပြုနေပြီဖြစ်သော ပိုင်ဆုချင်၏စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။
ဤသည်မှာ ရှေးဟောင်းမိသားစုကြီးလေးစု၏အမှတ်သင်္ကေတများမှ မွေးရာပါစွမ်းရည်ဖြစ်ကာ ဖီးနစ်တစ်ကောင် ပြန်လည်မွေးဖွားလာသည့်အလားပင်။သူမ၏စိတ်ဝိညာဥ်သည် အေးခဲသွားကာ ပြန်လည်နိုးထလာသောအချိန်တွင်အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိသွားပေမည်။
ပိုင်ဆုချင်၏စိတ်ဝိညာဥ်သည် အလွန်ပြင်းထန်စွာ ဒဏ်ရာရရှိထားလေ၏။ဤကဲ့သို့ ဒဏ်ရာမျိုးသည် ကျင့်ကြံသူတစ်ယောက်၏စိတ်ဝိညာဉ်သုံးခုနှင့်စိတ်ဆန္ဒခုနစ်မျိုးတို့မှ အခြေခံအုတ်မြစ်ကို ပျက်စီးစေကာ ရူးသွပ်မှုသွားစေရန်လုံလောက်သည်။
ကံကောင်းထောက်မစွာဖြင့် သူမထံတွင်စကားလုံးကိုးလုံးမှော်မန္တန်နှင့်မွေးရာပါစွမ်းရည်တို့၏ ကာကွယ်မှုရှိနေသောကြောင့် သူမသည်တောင့်ခံထားနိုင်စွမ်းရှိခဲ့သည်။
လုယွီသည် ပိုင်ဆုချင်၏ရှေ့သို့သွားကာကောင်းကင်နှင့်မြေပြင်အကြားမှဥပဒေသစွမ်းအားများကို သူ၏လက်အတွင်း၌စုစည်းလိုက်သည်။သူသည် သူ့၏မှော်စွမ်းအားများကိုပိုင်ဆုချင်၏စိတ်ဝိညာဥ်အတွင်းသို့ ထည့်သွင်းလိုက်၏။
သွေးစည်းကြောင်းတစ်ကြောင်းက လုယွီ၏နှုတ်ခမ်းထောင့်မှ ယိုစီးကျလာသည်။
သူ့ထံ၌ နတ်ဘုရားသွေးစက်စွမ်းအားများသည် လုံးလုံးလျားလျား ပျက်ပြယ်သွားလေပြီ။ယခုလက်ရှိချိန်တွင် လုယွီထံ၌ တာအိုသခင်၏စွမ်းအားမျိုး မရှိတော့ချေ။
လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကို အတင်းအကြပ်အသုံးပြုကာ ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများကို နှိုးဆွနေခြင်းဖြစ်သည်။
တကြိမ်...နှစ်ကြိမ်...
အကန့်အသတ်မရှိသောမှော်စွမ်းအားလိုင်းများကို ပိုင်ဆုချင်၏စိတ်ဝိညာဥ်အတွင်းသို့ထည့်သွင်းနေသည်။သို့ရာတွင် ပိုင်ဆုချင်၏စိတ်ဝိညာဉ်ထံမှနေ၍ မည်သည့်တုံ့ပြန်မှုမျိုးမျှမရှိချေ။သူ မည်မျှထိများပြားသော မှော်စွမ်းအားများကိုထည့်သွင်းခဲ့သည်ဖြစ်စေ ထိုအရာများသည် ပျက်ပြယ်သွားလေ၏။
လုယွီသည် လက်လျှော့အရှုံးပေးခြင်းမရှိချေ။ သူသည် လျှို့ဝှက်ဆန်းကြယ်သောသင်္ကေတတချို့ကိုဖွဲ့စည်းကာ သူမ၏စိတ်ဝိညာဉ်ပေါ်သို့ကျရောက်သွားစေသည်။
ပိုင်ဆုချင်၏စိတ်ဝိညာဥ်ထံမှနေ၍ ရုတ်တရက် တောက်ပသောအလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။သို့ရာတွင် သူမသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပြီး သူမထံတွင် မည်သည့်အသက်စွမ်းအား အရိပ်အယောင်မျိုးမျှမရှိချေ။
သူမ၏အနက်ရောင်ဆံပင်များ ပြေလျော့နေကာ သူမ၏မျက်နှာသည် ရေခဲတမျှ အေးစက်နေပေ၏။မိန်းမလှလေးတယောက်သည် ရေခဲထုကြီးအတွင်း၌ အေးစက်နေကာ သူမ၏မျက်နှာသည် ဤအချိန်အခိုက်အတန့်တွင် တောင့်တင်းနေပုံရသည်။
လုယွီသည် ငြင်းဆန်လိုဆဲပင်။သူ၏မျက်လုံးများသွေးနီရောင်သန်းနေကာ သူ့ဆံပင်များ နှင်းကဲ့သို့ဖြူဆွတ်နေပြီး သူ့၏စိတ်စွမ်းအားနှင့်မှော်စွမ်းအားများအားလုံးသည်လည်း ကုန်ဆုံးနေလေပြီ။
"ငါ သူ့ကို ကောင်းကောင်းကာကွယ်မပေးနိုင်ဘူး"
လုယွီက ပြောဆိုသည်။
ကျီးဝမ်ချန်းက လုယွီကိုကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"တကယ်တော့ သူ မင်းရဲ့ဘေးမှရှိနေရင်လည်း ကိစ္စကောင်းတစ်ခု ဖြစ်လာမှာမဟုတ်ဘူး....ဗုဒ္ဓလောကက တာအိုလမ်းစဉ်ရဲ့လျှို့ဝှက်ချက်တွေကို လိုချင်တပ်မက်နေတာ အချိန်အတော်ကြာနေပြီ...တကယ်လို့ မင်းဆီမှာ ကျိုးထျန်းရင်ရဲ့တော်ဝင်အမိန့်တော်ရှိနေတယ်ဆိုရင်တောင် ဗုဒ္ဓလောကက လက်လျှော့သွားမှာ မဟုတ်ဘူး.... ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သူ့ကိုပစ်မှတ်ထားနေကြဦးမှာပဲ..မင်း သူ့ကို ထာဝရကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"
"သူက ငါ့ရဲ့တော်ဝင်နန်းတွင်းထဲကို ဝင်နိုင်ပြီဆိုတာနဲ့ ဗုဒ္ဓလောကကလူတွေ သူ့အနားကို ချဉ်းကပ်ဝံ့တော့မှာမဟုတ်ဘူး"
လုယွီ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားသည် ။ယခုလက်ရှိ သူပိုင်ဆိုင်ထားသောစွမ်းအားသည် အသုံးမဝင်ကြောင်း သူ ရုတ်တရက်နားလည်သဘောပေါက်သွားသည်။
အကယ်၍ သူသည် သမာသမတ်ကျကျအကဲဖြတ်ရပါက ကျီးဝမ်ချန်းပြောဆိုသွားသောစကားများမှာ မှားယွင်းခြင်းမရှိချေ။
သူသည် အမှန်တကယ်ကိုပင် ပိုင်ဆုချင်ကိုပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။ထို့ပြင် သူသည် သူမကို ကာကွယ်နိုင်စွမ်းလည်းမရှိပေ။
အကယ်၍ သူသည် ထိုက်အမ်းဓားကို အသုံးပြုခဲ့လျှင်ပင် ဗုဒ္ဓအရှင်ကို ဒဏ်ရာရစေရန်သာပြုလုပ်နိုင်ပေမည်။သူသည် တစ်ဖက်လူ ကြွေလွင့်သွားသည်အထိ ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်ချေ။
တခြားစကားပြောင်းဆိုရလျှင် လုယွီ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်သည် အလွန်နိမ့်ပါးနေဆဲပင်။
ယခုချိန်၌ သူ့ထံတွင်ရှိနေသော နတ်ဘုရားသွေးစက်များအားလုံးကို အသုံးပြု၍ပြီးသွားလေပြီ။ အကယ်၍ သူသည် တခြားဗုဒ္ဓအစွမ်းထက်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရပါက သူ့ကိုယ်သူပင် ကာကွယ်နိုင်မည်မဟုတ်လေရာ မည်သည့်နည်းဖြင့် သူ ပိုင်ဆုချင်ကို ကာကွယ်နိုင်မည်နည်း။
လုယွီက ခါးသည်းစွာပြုံးလိုက်၏။သူသည် သူမကို ကာကွယ်ပေးလိုသော်လည်း သူ့ထံ၌ လုံလောက်သောစွမ်းအားမရှိချေ။
"မင်း ရွှယ်အင်မော်တယ်နယ်ပယ်ကိုရောက်တဲ့အထိ စောင့်နေလိုက်အုံး..ပြီးရင် မင်း သူ့ကိုလာရှာနိုင်တယ်...မင်းက ပါရမီရှင်တစ်ယောက်လို့ ယူဆနိုင်တယ်...ပြီးတော့ မင်းကရည်မှန်းချက်ကြီးပြီး ကြိုးစားချင်တဲ့လူတစ်ယောက်လည်းဖြစ်နေတယ်...ပြောရမယ်ဆိုရင် မင်းက ငါနဲ့ကံကြမ္မာပါတယ်လို့ ပြောလို့ရတယ်"
"မင်းက ယန်ရန်းကို အရင်ကူညီခဲ့ဖူးတယ်...ဒီအရှင်က အဲဒီကိစ္စကို အမြဲတမ်းမှတ်ထားခဲ့တယ်... လောကကြီးတစ်ခုလုံးက ဖရိုဖရဲဖြစ်တော့မယ်...အလယ်ခေတ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ မဟာဘေးကပ်ဆိုးကြီးက အခုခေတ်အချိန်ကာလကို ကျရောက်လာတော့မယ်...မင်းမှာစွမ်းအားပိုကြီးမားလာမှသာ ဒီမဟာဘေးကပ်ဆိုးကြီးထဲမှာ ရှင်သန်နိုင်မယ့်အခွင့်အရေး ပိုရလာနိုင်လိမ့်မယ်"
ကျီးဝမ်ချန်းသည် ထိုစကားကိုပြောဆိုပြီးနောက် သူ၏ကြေးနီရထားလုံးထံသို့ ပြန်သွားတော့သည်။
ဤကဲ့သို့ထိပ်သီးတည်ရှိမှုတစ်ယောက်သည် သူ့ကိုယ်သူနှိမ့်ချ၍ ထိုစကားများကို လုယွီအားပြောဆိုခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
အတိတ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီသည် ကျီးယန်ရန်းကို ကောင်းကင်ဘုံမျက်လုံးနိုးထလာစေရန် ကူညီပေးခဲ့သည်။ထိုကိစ္စပြီးသည့်နောက် ကျီးယန်ရန်းသည် သူ၏မိသားစုမှခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။သို့ရာတွင် ကျီးယန်ရန်းထံ၌ နောက်ခံအနေဖြင့် မဟာကျိုးဧကရာဇ်ရှိနေမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
Chapter 3724
အရာအားလုံးသည် အကြောင်းကြောင့်အကျိုးဖြစ်ပေါ်လာခြင်းပင်။
လောကကြီးအတွင်း၌ မည်သူကမျှ အကြောင်းပြချက်မရှိဘဲ ကူညီမည်မဟုတ်ချေ။အရာအားလုံးတွင် ရှေ့ပြေးနိမိတ်ရှိပေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ လုယွီသည် ကျီးယန်ရန်း၏ယင်ယန်ကောင်းကင်ဘုံမျက်လုံးကို နိုးထစေရန် ကူညီပေးခဲ့သည်။ဤသည်မှာ သူ့အတွက် အလွန်လွယ်ကူသောကိစ္စပင်။
သို့ရာတွင် ကျီးယန်ရန်းအတွက်မူ ဤကိစ္စသည်အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားကာ သူမအား ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သွားစေရန် အခွင့်အရေးကြီးပေးလိုက်သည့်အလားပင်။
ကျီးယန်ရန်း၏အဆင့်အတန်းသည် ကျီးမိသားစုအတွင်း၌ အလွန်မြင့်မားပေ၏။ဤတစ်ကြိမ်တွင် ကျီးဝမ်ချန်းရောက်ရှိလာခြင်းမှာ ပိုင်ဆုချင်ကို ခေါ်ဆောင်သွားရုံမသာမက လုယွီကို လည်း မျက်နှာသာပြန်ပေးလိုသောကြောင့်ပင်။
ထိုသို့မဟုတ်ပါက ကျီးဝမ်ချန်းသည် ပိုင်ဆုချင်ကို တိုက်ရိုက်ခေါ်ဆောင်သွားရုံပင်။သူသည်မည်သည်ကြောင့် ယခုကဲ့သို့ လုယွီနှင့်စကားပြောဆိုနေရန် လိုအပ်မည်နည်း။
ပိုင်ဆုချင်၏ခန္ဓာကိုယ်နင့်စိတ်ဝိညာဥ်ကို ကြေးနီရထားလုံးပေါ်သို့ တင်ဆောင်သွားပြီးနောက်လေထုအတွင်း၌ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ တဖြည်းဖြည်းပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်ပြီး အချိန်အတော်ကြာသည့်တိုင်သူ့၏အသိစိတ် ပြန်ဝင်လာခြင်းမရှိချေ။
သူတို့နှစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေသို့ အတူတူတက်လှမ်းခဲ့ကြသည်။သို့ရာတွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဆုံရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ယခုချိန်သည် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိပြီးနောက် သူတို့နှစ်ယောက် ပထမဆုံးပြန်လည်တွေ့ဆုံရသောအချိန်ပင်။
သူသည် သူတို့အား ဟန့်တားနိုင်ခြင်းမရှိချေ။ မဟာကျိုးဧကရာဇ်သည် သူ့အား လိမ်ညာနေခြင်းမရှိပေ။သူ့ထံ၌ ယခုချိန်တွင် ပိုင်ဆုချင်ကိုကယ်တင်ရန် မည်သည့်နည်းလမ်းများမရှိချေ။ သူမကို ကျားဖြူဘိုးဘေးခန်းမသို့ပို့ဆောင်မှသာလျှင် သူမ အသက်ရှင်သန်နိုင်ရန်အတွက်အခွင့်အရေးတစ်ခုရရှိပေမည်။
"ငါတို့ ထပ်ပြီးတွေ့ကြဦးမှာပါ"
သူသည် ကြေးနီရထားလုံးထွက်ခွာသွားသည်ကိုစောင့်ကြည့်ပြီးနောက် သူ့၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
သွေးစက်များက မြေပြင်ပေါ်သို့ ဖြာကျသွားသည်။ဤသည်မှာ တုန်လှုပ်ခြောက်ချားဖွယ်မြင်ကွင်းတစ်ခုပင်။
သူသည် ပြင်းထန်သောဝေဒနာကိုခံစားနေရလေ၏။သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်ရုပ်ခန္ဓာကိုယ်နှင့်ပင် ပြင်းထန်သောဒဏ်ရာများကြောင့် သူ အလွန်အမင်းနာကျင်မှုဝေဒနာကိုခံစားရနေရဆဲပင်။
ယခုချိန်၌ လုယွီသည် စိတ်စွမ်းအားနှင့်မှော်စွမ်းအားများလည်း ကုန်ဆုံးနေသဖြင့် သူသည်မီးစာကုန်ဆီခမ်းအခြေအနေသို့ ရောက်ရှိနေလေပြီ။
သူ၏ခွန်အားကို အတင်းအကြပ်မြှင့်တင်ခဲ့ခြင်း၏အကျိုးဆက်သည် နောက်ဆုံး၌ထွက်ပေါ်လာခဲ့လေ၏။လုယွီ၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ဖြူရော်နေတာ သူ့၏ခန္ဓာကိုယ်အနှံ့ပင်ပန်းနွမ်းနယ်နေမှုကိုခံစားရပြီး သူသည် စွမ်းအားတစိုးတစိကိုမျှ ထုတ်ဖော်သုံးပြုနိုင်ခြင်းမရှိတော့ချေ။
"အရှင် မင်းအဆင်ပြေရဲ့လား"
လန်ဝူရှင်းသည် လုယွီကိုကို ကူညီပေးရန်အတွက် ရှေ့သို့ အလျှင်အမြန်တိုးလိုက်သည်။
အတိတ်တွင်ဆိုပါက သူသည် ဤကဲ့သို့ ပြုလုပ်မည်မဟုတ်ချေ။သို့ရာတွင် အစောပိုင်းက လုယွီထုတ်ဖော်ပြသခဲ့သောခွန်အားသည် သူ့အားယုံကြည်မှုရရှိသွားစေသည်။သူ့၏စိတ်နှလုံးသားအတွင်း၌ မည်သည်မကျေနပ်မှုမျိုးမျှ မရှိတော့ချေ။
ခွန်အားသည်သာ အရာအားလုံးကို သက်သေပြနိုင်သော အမှတ်သင်္ကေတပင်။လုယွီသည် အစွမ်းထက်ဗုဒ္ဓကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သောမြင်ကွင်းသည် လန်ဝူရှင်း၏စိတ်အတွင်း၌ စွဲထင်သွားလေပြီ။
လုယွီက သူ့၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါကအဆင်ပြေပါတယ်....ငါ ခဏလောက်အနားယူလိုက်ရင် ကောင်းသွားမှာပါ"
သူသည် ယခုလက်ရှိအချိန်၌ အလွန်အားနည်းနေကာ ဆေးလုံးတချို့ကိုပင် သောက်သုံးနိုင်စွမ်းမရှိချေ။
ဤအချိန်တွင် လုယွီသန့်စင်ခဲ့သော ဆေးလုံးများ၏အားနည်းချက်များ ထွက်ပေါ်လာခဲ့သည်။သာမန်အားဖြင့် သူ သန့်စင်သောဆေးလုံးများတွင် အလွန်အမင်းပြင်းထန်သော ဆေးစွမ်းအားများပါဝင်သည်။သို့ရာတွင် သူ့၏ယခုလက်ရှိရုပ်ခန္ဓာကိုယ်သည် အလွန်အားနည်းနေသောကြောင့် ထိုဆေးစွမ်းအားများကိုတောင့်ခံနိုင်စွမ်းမရှိချေ။
"ဒီငယ်သားတွေက အုပ်ချုပ်သူအရှင်ကို အရိုအသေပြုပါတယ်"
ယွဲ့ဖူကြယ်နယ်မြေသခင်နှင့် ယွဲ့ဖူစစ်တပ်မှစစ်ဗိုလ်ချုပ်များသည် ရှေ့သို့အလျင်စလိုပြေးလာကာ လုယွီကို ဦးညွတ်အရိုအသေပြုလိုက်ကြ၏။
သူတို့သည် လုယွီကို ယခင်က တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဘူးသော်လည်း ဤနေရာ၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို သူတို့ မျက်မြင်ကိုယ်တွေ့ကြုံရပြီးလေပြီ။
လက်ဝဲစစ်တပ်နယ်မြေ၏တပ်မှူးအသစ်သည် တာအိုသခင်ကိုပင် စိန်ခေါ်ဝံ့သောတစ်စုံတစ်ယောက် ဖြစ်နေသည်။
လုယွီ၏အသက်သည် အလွန်ငယ်ရွယ်သည့်တိုင် မည်သူကမျှ သူ့ကို အထင်အမြင်သေးခြင်းမရှိချေ။
"ရွှေအလင်းဘုရားကျောင်း ပျောက်ကွယ်သွားဖို့အချိန်ကျပြီ...မင်းတို့တွေက ဒီဘုရားကျောင်းထဲက ပစ္စည်းတွေအားလုံးကို ချိတ်ပိတ်လိုက်စမ်း...ငါက ဒီနေရာကို စုံစမ်းစစ်ဆေးဖို့အတွက်တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"
လုယွီ၏စကားများသည် ရွှေအလင်းဘုရားကျောင်း၏ကံကြမ္မာကို ထုတ်ပြန်ကြေငြာလိုက်သည့်အလားပင်။
ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းသည် လုယွီကိုရန်စစော်ကားမိသဖြင့် ဤကဲ့သို့အဆုံးသတ်ရမည်ဟု မည်သူကမျှ တွေးထင်ထားမိမည်မဟုတ်ချေ။
"ဟုတ်ကဲ့ပါ အရှင်"
တခြားစကားမဆိုဘဲ ယွဲ့ဖူကြယ်နယ်မြေသခင်သည် စစ်သားများကိုဦးဆောင်ကာ ထိုက်ချန်တောင်ပေါ်သို့ဦးတည်၍ တိုးဝင်သွားတော့သည်။
ယခုလက်ရှိချိန်၌ ဤနေရာသည် မူလကဲ့သို့ စိတ်ဝိညာဥ်စွမ်းအားများစုဝေးနေသော နေရာမျိုးမဟုတ်တော့ချေ။ဤနေရာတွင် မီးခိုးငွေ့များပြန့်ကျဲနေကာ ကျိုးပဲ့နေသောနံရံများနှင့်အဆောက်အအုံအပျက်အစီးများက နေရာအနှံ့အပြား၌ရှိနေသည်။ဤသည်မှာ အပျက်အစီးနယ်မြေကြီးတစ်ခု၏ မြင်ကွင်းပင်။
လုယွီနှင့်ဗုဒ္ဓဘုရားလောင်းများအကြားရှိပြင်းထန်သောတိုက်ပွဲသည် ထိုက်ချန်တောင်တစ်တောင်လုံးကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
တောင်တန်းများပေါ်ရှိ ရှေးဟောင်းအဆောက်အအုံများ ဘုရားကျောင်းများ ခန်းမများအားလုံး ပြိုလဲနေကာ အတွင်းရှိကျိုးပဲ့နေသောဗုဒ္ဓရုပ်တုများကို အထင်းသားတွေ့မြင်နိုင်သည်။
Chapter 3725
ဤနေ့တွင် ဘုရားကျောင်းအတွင်းမှ ရွှေအလင်းဗုဒ္ဓဘုရားလောင်း၏ရုပ်တုကြီးလည်း ကျိုးပဲ့သွားခဲ့သည်။
ဗုဒ္ဓလောက၏အရှိန်အဝါသည် ဤဘုရားကျောင်းအတွင်း၌ ထပ်မံ၍ တောက်ပနိုင်တော့မည် မဟုတ်ချေ။
အတိတ်တွင် ဗုဒ္ဓလောကကို ချိတ်ပိတ်ခံထားရသောအချိန်၌ ရွှေအလင်းဘုရားကျောင်းသည် တည်ငြိမ်းချမ်းမှုအခြေအနေကို အစဉ်အမြဲထိန်းသိမ်းထားနိုင်ခဲ့သည်။သူတို့သည်တိတ်တဆိတ် ခွန်အားစုဆောင်းနေခဲ့ခြင်းပင်။ နောက်ဆုံး၌ ဗုဒ္ဓလောကအားချိတ်ပိတ်ထားမှုကိုဖယ်ရှားလိုက်ချိန်တွင် ရွှေအလင်းဘုရားကျောင်းသည် အင်အားတစ်ဟုန်ထိုးမြင့်တက်လာကာ လက်ဝဲစစ်တပ်နယ်မြေ၏ ထိပ်သီးစွမ်းအားစုသုံးစုအနက်မှတစ်ခု ဖြစ်လာခဲ့သည်။
ရွှေအလင်းဘုရားကျောင်းအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများနှင့် ပြည့်နှက်နေသည်။ဗုဒ္ဓကျင့်ကြံသူများနှင့်ဘုန်းတော်ကြီးများကို ယွဲ့ဖူကြယ်နယ်မြေ၏နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။
သို့ရာတွင် သူတို့သည် ခြေတစ်လှမ်းမှားခဲ့လေ၏။
ဤအချိန်တွင် ရွှေအလင်းဘုရားကျောင်းအတွင်း၌ အသက်ရှင်ကျန်ရစ်သော ဘုန်းတော်ကြီးအမြောက်အမြားရှိနေဆဲပင်။သူတို့သည်အုပ်စုလိုက်စုဝေးနေသည်ဖြစ်စေတစ်ယောက်တည်းမတ်တပ်ရပ်နေသည်ဖြစ်စေ သူတို့အားလုံး၏မျက်လုံးများသည် မှုံမှိုင်းပြီးအသက်ဝင်မှုကင်းမဲ့နေသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့သည် သူတို့၏ကံကြမ္မာ ပြိုကွဲသွားသည်ကို ခံစားမိလေ၏။
"ဗုဒ္ဓက သနားဂရုဏာနဲ့ပြည့်စုံတယ်....လောကကြီးရဲ့ အကြီးမြတ်ဆုံးအရှင်သခင်"
ဘုန်းတော်ကြီးများသည် သူတို့၏မျက်လုံးများကိုစုံမှိတ်ကာ ဗုဒ္ဓကျမ်းစာများကို အဆက်မပြတ်ရွတ်ဆိုနေကြသည်။သူတို့၏နဖူးများပေါ်တွင်အပြာရောင်သွေးကြောကြီးများ လွှမ်းခြုံနေသည်။
သူတို့သည် ကျမ်းစာများကိုရွတ်ဆိုနေသော်လည်း သူတို့၏ခန္ဓာကိုယ်များအဆက်မပြတ် တုန်ရီနေကာ သူတို့၏အရှိန်အဝါများ ဖရိုဖရဲဖြစ်နေလေပြီ။ဤသည်မှာ တစ်စုံတစ်ယောက်သည် စိတ်နှလုံးသားကိုကြည်လင်အောင်းထားပြီး စွမ်းအားကိုပျိုးထောင်ရမည်ဟူသော ဗုဒ္ဓ၏ကျင့်ကြံခြင်းလမ်းစဥ်နှင့် လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်နေသည်။
ဘန်း....
ရုတ်ချည်းဆိုသလိုပင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။
ဘုန်းတော်ကြီးတစ်ပါး၏ဦးနှောက်များ ပေါက်ကွဲသွားလေ၏။သူ့၏ဒွာရခုနစ်ပေါက်လုံးမှ သွေးများယိုစီးကျလာကာ သူသည် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ဤသည်မှာ အစပျိုးသော အရိပ်အယောင်ပင် ။ထိုဘုန်းတော်ကြီးတစ်ပါးမှ အစပြု၍ တခြားဘုန်းတော်ကြီးများသည်လည်း မြေပြင်ပေါ်သို့တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာအသိစိတ်မရှိကြတော့ချေ။
သူတို့အားလုံးသည် ကံကြမ္မာ၏စွမ်းအားတစ်စိတ်တစ်ဒေသကိုပိုင်ဆိုင်ထားသည်။သာမန်အားဖြင့် သူတို့ထံတွင် ထိုကံကြမ္မာစွမ်းအားများရှိနေသောကြောင့် အသန့်စင်ဆုံးစိတ်ဆန္ဒကို ပိုင်ဆိုင်ထားကြလေ၏။
သို့ရာတွင် ယခုအချိန်၌ သူတို့၏ ကံကြမ္မာပြိုလဲသွားခြင်းနှင့်အတူ သူတို့၏စွမ်းအားများလည်းပျောက်ကွဲသွားခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် ထိုဘုန်းတော်ကြီးများထံ၌ အတွင်းစိတ်နတ်ဆိုးများနှင့်ပြည့်နှက်သွားကာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။သူတို့၏စိတ်နှလုံးသားများ အဆက်မပြတ် တုန်ရီနေသဖြင့် ချီသွေဖည်ခြင်းသို့ ဦးတည်သွားခဲ့သည်။
ယွဲ့ဖူစစ်တပ်မှစစ်သားများသည် သွေးတစ်စက်မကျဘဲ ရွှေအလင်းဘုရားကျောင်းတစ်ကျောင်းလုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ထို့နောက် သူတို့သည် ဘုရားကျောင်း၏နေရာအနှံ့လိုက်လံ၍စစ်ဆေးလိုက်ကြ၏။
ထိုရှာဖွေမှုအပြီးတွင် ယခုလက်ရှိနေရာတွေရှိနေသော အရာရှိများနှင့်စစ်သားများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
တောက်ပသောအလင်းရောင်များရှိနေသည့် ဗုဒ္ဓဘုရားကျောင်းအောက်တွင် ရတနာတိုက်များတောင်ပုံရာပုံရှိနေသည်။ထိုရတနာတိုက်များအတွင်းတွင် မှော်ရတနာများ ဝင်္ကပါများ လက်နက်များ သံချပ်ကာများနှင့် စိတ်ဝိညာဥ်ကျောက်တုံးများရှိနေလေ၏။ကျမ်းစာဆောင်အတွင်း၌ ကျင့်ကြံခြင်းနည်းစနစ်စာအုပ်များအပုံလိုက် ရှိနေခဲ့သည်။
ထို့ပြင် ဤဘုရားကျောင်းအတွင်း၌ ကြီးမားသော စိတ်ဝိညာဉ်အမြောက်ဆယ်လက်ကျော်ကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။
ဤနေရာကိုရှာဖွေသော စစ်သားများအားလုံးသည် အံ့အားသင့်တုန်လှုပ်နေကြသည်သူတို့သာမက ယွဲ့ဖူကြယ်နယ်မြေသခင်ပင်လျှင် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
ဤကဲ့သို့ ပေါကြွယ်ဝသောအရင်းအမြစ်များဖြင့် သူတို့သည်ကြီးမားသောစစ်တပ်ကြီးတစ်ခုကို အချိန်မရွေးမွေးထုတ်နိုင်သည်။အကယ်၍ ရွှေအလင်းဘုရားကျောင်းတွင် အကြံအစည်တစ်ခုခုရှိနေပါက မည်သည့်ပြင်ဆင်ထားမှုမျှမရှိသော ယွဲ့ဖူစစ်တပ်သည် လုံးလုံးလျားလျားအမြစ်ပြတ်ချေမှုန်းခံရနိုင်သည်။
"ဝံပုလွေလို ရည်ရွယ်ချက်မျိုး...ဒါက တကယ်ကို ကောက်ကျစ်တဲ့ရည်ရွယ်ချက်ပဲ"
ယွဲ့ဖူကြယ်နယ်မြေသခင်၏နောက်ကျောတွင်ဇောချွေးများဖြင့် ရွှဲနစ်နေလေ၏။
သူ့၏နယ်မြေအတွင်း၌ ဤကဲ့သို့ပြင်ဆင်ထားမှုကြီးရှိနေသည့်တိုင် သူသည်အနည်းငယမျှ သတိမပြုမိခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် အချိန်မီထွက်ပေါ်လာခဲ့သည်။ထိုသို့မဟုတ်ဘဲ ရွှေအလင်းဘုရားကျောင်းသည် တစ်စုံတစ်ခုပြုလုပ်ရန် အချိန်ရရှိသွားပါက ယွဲ့ဖူစစ်တပ်အတွက် အလွန်နောက်ကျသွားပေမည်။
"အားလုံးပဲ...နားထောင်ကြစမ်း...ရွှေအလင်းဘုရားကျောင်းက ပစ္စည်းအားလုံးကို ချိတ်ပိတ်လိုက်တော့...ပြီးရင် လက်ဝဲစစ်တပ်ရုံးတော်က သူတို့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စောင့်ဆိုင်းကြရမယ်...ဒီပစ္စည်းတွေ ကိုယ့်အတွက်ကိုထိန်းသိမ်းထားတဲ့ ဘယ်သူမဆို ငါ့ကိုမညှာတာဘူးလို့ အပြစ်မတင်ကြနဲ့"
ယွဲ့ဖူကြယ်နယ်မြေသခင်က အော်ဟစ်လိုက်သည်။
စစ်တပ်သည် ဂိုဏ်းတစ်ဂိုဏ်းကို စုံစမ်းစစ်ဆေးချိန်၌ ပစ္စည်းများကို သိုဝှက်ထားသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပင်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် နံဘေးဘက်မှနေ၍ စောင့်ကြည့်နေလေ၏။ အကယ်၍ သူ ယွဲ့ဖူကြယ်နယ်မြေသခင်ထံတွင်သတ္တိတချို့ရှိနေလျှင်ပင် ဤဘုရားကျောင်း၏ပိုင်ဆိုင်မှုများကို အခွင့်အာဏာမရှိဘဲ သိုဝှက်ထားဝံ့ခြင်းမရှိချေ။
သူ လောဘကြီးသည်မှာ အမှန်ဖြစ်သော်လည်း မည်သည့်အရာအား ပြုလုပ်သင့်သည်ကို သူသိရှိသည်။
တစ်ချိန်တည်းမှာပင် ယွဲ့ဖူကြယ်နယ်မြေပေါ်မှ ရုန်းရင်းဆန်ခတ်မှုများသည် အမျိုးမျိုးသောအင်အားစုများ၏သူလျှိုများကို ဆွဲဆောင်နိုင်ခဲ့သည်။
အစောပိုင်းက ဖြစ်ပွားသွားခဲ့သော ပြင်းထန်သည့်တိုက်ပွဲအတွင်း၌ သူတို့သည် အနီးသို့ချဉ်းကပ်ဝံ့ခြင်းမရှိချေ။သူတို့သည် အဝေးမှကြည့်ပြီးနောက် ထိုက်ချန်တောင်သည် အပျက်အစီးဘဝသို့ရောက်ရှိသွားပြီကိုသာ မြင်တွေ့ခဲ့ရသည်။
"ရွှေအလင်းဘုရားကျောင်းက တကယ်ကြီးပျက်စီးသွားတာပဲ"
ဤသတင်းသည် တောမီးအလား လက်ဝဲစစ်တပ်နယ်မြေတစ်ခွင်လုံးအနှံ့ ပျံ့နှံ့သွားခဲ့သည်။
Thank For Reading.