အခန်း (၃၇၃၄-၃၇၃၇)
Vol. 190 Ch. 3734-3737
Chapter 3734
ဤသည်မှာ လုယွီ၏အစစ်အမှန်သွေးစက်ပင်။ထိုအရာသည် လေဟာနယ်အတွင်း၌ ထွက်ပေါ်လာသည်နှင့် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သာမန်သွေးစက်နှင့်မတူညီဘဲ အစစ်အမှန်သွေးစက်တွင် လူတစ်ယောက်၏စိတ်ဝိညာဥ်မှစွမ်းအားများပါဝင်သည်။ဤသည်မှာ ကျင့်ကြံသူတစ်ယောက်အတွက် အရေးကြီးဆုံးအခြေခံအုတ်မြစ်ပင်။
ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူတစ်ယောက်သည် တာအိုကျမ်းသစ္စာကိုပြုလုပ်ချိန်၌ ကျိန်ဆိုမှု၏သက်ရောက်မှုကို မြှင့်တင်နိုင်ရန် သူ့၏အစစ်အမှန်သွေးစက်ကို အသုံးပြုရသည်။
တစ်စုံတစ်ယောက်သည် ထိုကျမ်းသစ္စာကိုချိုးဖျက်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်၏မဟာတာအိုသည် ထိုအစစ်အမှန်သွေးစက်၏စိတ်ဝိညာဥ်စွမ်းအားမှတစ်ဆင့် ထိုကျင့်ကြံသူကို ရှာဖွေပေမည်။ဤသည်ကြောင့် သူ့၏အတွင်းစိတ်နတ်ဆိုးများကို မြင့်တက်စေသည်။ထို့နောက် သူ့အား သေဆုံးသွားရန်ပင် ဆုတောင်းမိမည့် ပြင်းထန်သည့်နာကျင်မှုဝေဒနာကို ခံစားရစေပေမည်။
ဤရွှေရောင်အစစ်အမှန်သွေးစက်မှနေ၍အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်ထွက်ပေါ်နေသည်
ဤသွေးတစ်စက်တွင် လုယွီ၏သိုင်းပညာသူတော်စင်စွမ်းအားများ ပါဝင်နေသည်။
လုယွီ၏လက်ချောင်းသည် ထိုရွှေရောင်သွေးစက်ကို ထိတွေ့လိုက်သည်နှင့် ကျောက်တုံးမှနေ၍ ရွှေအဖြစ်သို့ ပြောင်းလဲသွားသည့်အလားသက်ရောက်မှုမျိုးရှိလာသည်။သူ့၏လက်ချောင်း ကျရောက်သွားချိန်တွင် ထိုရွှေရောင်သွေးစက်၌ အကန့်အသတ်မရှိသောပြောင်းလဲမှုများ ဖြစ်ပွားလာခဲ့သည်။
သီရှား၏ခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲခြင်း....ပုံသဏ္ဍာန်ရွှေ့ပြောင်းခြင်း...
ဤမှော်မန္တန်သည် အတိတ်တွင် မျောက်မှနေ၍ လုယွီကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် အချိန်အတော်ကြာလာသည့်တိုင် လုယွီသည် သူ့၏ကိုယ်ပိုင်ခွန်အားဖြင့်သာ သူ့၏ရန်သူများကို အနိုင်ယူခဲ့သည်။သူသည် နက်နဲသိမ်မွေ့သော မှော်မန္တန်အမြောက်အမြားကို အသုံးပြုရန် မလိုအပ်ခဲ့ချေ။
သီရှား၏ပုံစံခုနစ်ဆယ့်နှစ်မျိုးပြောင်းလဲခြင်းသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှနက်နဲသိမ်မွေ့သော မှော်မန္တန်တစ်ခုပင်။ဤမှော်မန္တန်သည် ရိုးရှင်းပုံရသော်လည်း တခြားမှော်မန္တန်များအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်ကာ ထိုအရာ၏စွမ်းအားကို လျော့တွက်၍မရချေ။
ယခုချိန်တွင် လုယွီ၏ခန္ဓာကိုယ်သည်အလွန်အမင်း အားနည်းနေပေ၏။သူသည်သူ့၏စွမ်းအားများကို ထပ်မံ၍အသုံးပြုနိုင်စွမ်းမရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် သူသည် သိုင်းပညာသူတော်စင်၏မန္တရားကို အသုံးပြုခဲ့သည်။
သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်လာချိန်တွင် သူ့၏ရုပ်ခန္ဓာကိုယ်ခွန်အား ကြီးမားလာရုံသာမက သူ၏သွေးချီများသည်လည်း နဂါးများနှင့်တူညီသည်။ထို့ထက်ပို၍ အရေးအကြီးဆုံးအချက်မှာ လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် ယခင်ထက် မြင့်တက်လာခဲ့ခြင်းပင်။
ဗုဒ္ဓလောကမှ ဗုဒ္ဓဘုရားလောင်းများနှင့်ဗုဒ္ဓအရှင်တို့၏နှုတ်ထွက်စကားလုံးများသည် ကောင်းကင်နှင့်မြေပြင်မှဥပဒေသများကို တုန်ခါစေကာ အထွတ်အထိပ်မဟာတာအိုကို သူတို့၏စိတ်ဆန္ဒအတိုင်း လိုက်နာအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
လုယွီ စကားပြောဆိုလိုက်စဉ်တွင် ပတ်ဝန်းကျင်ရှိဥပဒေသများသည် သူ၏လက်အတွင်းရှိ သိုင်းပညာသူတော်စင်အစစ်အမှန်သွေးစက်ထံသို့ဦးတည်၍ စီးဆင်းသွားလေ၏။
ထိုသွေးစက်သည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဆက်တိုက်ပြောင်းလဲသွားခဲ့သည်။
အဆုံးသတ်၌ ထိုသွေးစက်သည် အမှန်တကယ်ကိုပင် လုယွီ၏ပုံပန်းသွင်ပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဤသည်မှာ ပြင်ပကိုယ်ပွားပင်။ဤနည်းစနစ်သည် ရွှေအလင်းဗုဒ္ဓဘုရားလောင်း ပထမဆုံးအကြိမ် ထွက်ပေါ်လာစဉ်ကနှင့် တူညီသော်လည်း သူ့၏ခွန်အားမှာ ပို၍အားကောင်းသည်။
ဤကိုယ်ပွားအတွက် လုယွီ၏ကိုယ်ပိုင်မှော်စွမ်းအားများ အသုံးပြုရန် မလိုအပ်ချေ။ ထိုအရာသည် ကောင်းကင်နှင့်မြေပြင်ကြားမှအကန့်အသတ်မရှိသောဘစိတ်ဝိဉာဉ်စွမ်းအားများ စုဝေးလာခြင်းမှတဆင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ဤကိုယ်ပွားကို ဖျက်ဆီး၍မရနိုင်သည့်အပြင် သူ့၏ခွန်အားကို လျော့တွက်၍မရချေ။
လုယွီ၏ကိုယ်ပွား ထွက်ပေါ်လာသည်နှင့်ချက်ချင်းဆိုသလိုပင် ထိုက်အမ်းဓားကိုကိုင်ကာ ခရမ်းရောင်ကြာပွင့်၏ရှေ့သို့ ရောက်ရှိသွားပြီးအားကုန်ခုတ်ပိုင်းလိုက်၏။
ဘန်း....
ထိုက်အမ်းဓားချီနှင့် လုယွီ၏ကိုယ်ပွားမှခွန်အားတို့ပေါင်းစပ်လိုက်ကာ ထိုဓားချက်ကို ချက်ချင်းထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ဤသည်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသည်နှင့်တူညီပြီး ဟန့်တား၍မရနိုင်ချေ။
ခရက်...
ထိုက်ဟွာကျမ်းစာမှ ထုတ်လွှက်ထားသောခရမ်းရောင်ချီများသည် ထိုဓားချက်ကြောင့်ချက်ချင်းကွဲထွက်သွားခဲ့သည်။
ထိုခရမ်းရောင်ချီများကွဲထွက်သွားနှင့် တစ်ချိန်တည်းမှာပင် လုကျိုးရှောင်ပေါ်တွင်လည်းသက်ရောက်ခြင်းခံရကာ သူသည် စူးရှနာကျင်စွာအော်ဟစ်လိုက်၏။
သူ၏စိတ်ဝိညာဥ်သည် ထိုက်အမ်းဓားချီ၏အောက်တွင် တစတစ်စလောင်ကျွမ်းသွားသည်။
အကယ်၍ စိတ်ဝိညာဥ်ကို ကျစ်လစ်မာကျောသော ရေခဲတုံးနှင့် နှိုင်းယှဉ်ပြပါက ဤဓားချီသည် မီးတောက်နွယ်ပင်တစ်ခုနှင့်တူညီသည်။ထိုအရာသည် စိတ်ဝိညာဥ်ပေါ်သို့ကျရောက်သွားသည်နှင့် ကျစ်လစ်မာကျောသောရေခဲကြီးသည် အရည်ပျော်သွားကာ ရေစက်များအဖြစ်သို့ပြောင်းလဲပြီး မြေပြင်ပေါ်သို့ကျရောက်လာသည့်အလားပင်။
ဘုန်း....
နောက်ထပ် ဓားချက်တစ်ချက် ကျရောက်လာသည်နှင့်အတူ လုကျိုးရှောင်၏စိတ်ဝိညာဉ်သည် ချက်ချင်းဆိုသလို တစ်ဝက်ခန့်ထိခိုက်ပျက်စီးသွားသည်။
သူ့၏စိတ်ဝိညာဥ်တစ်ခြမ်းသည် အခိုးအငွေ့များအဖြစ်သို့ပြောင်းလဲကာ ပျက်ပြယ်သွားခဲ့သည်။ ထိုနာကျင်မှုသည် လုကျိုးရှောင်၏စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးနေရာသို့ ထွင်းဖောက်နေသဖြင့်သူသည် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် လုယွီသည် ထိုအော်ဟစ်သံကိုဂရုမစိုက်ချေ။
လုယွီ၏ကိုယ်ပွားသည် လက်ကိုဆန့်တန်းကာ လုကျိုးရှောင်၏ခန္ဓာကိုယ်ကို ဖမ်းဆုပ်ပြီး ကြာပွင့်အတွင်းမှ ဆွဲထုတ်လိုက်၏။
"ဒါက မင်းပြောနေတဲ့ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်လား...တကယ်လို့ သူက ရွေးချယ်ခံတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင် မင်းက သူလုပ်ချင်တဲ့ အရာရာတိုင်းကို လုပ်ခွင့်ပြုနေမှာလား...လူတိုင်းက သူ့ကို မျက်နှာသာပေးမယ်လို့ မင်း ထင်နေတာလား"
သူ၏လက်ဝါးအတွင်း၌ ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက်သည် ပြင်းထန်စွာလောင်ကျွမ်းနေကာ လုကျိုးရှောင်၏စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားတော့သည်။
Chapter 3735
ဘုန်း....
ရက်စက်ကြမ်းကြုတ်သော ရွှေရောင်မီးတောက်များက လုကျိုးရှောင်၏စိတ်ဝိညာဉ်ကို ဝိုင်းရံသွားသည်။
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ ပြင်းထန်သောလှုပ်ခတ်မှုများကို ဖြစ်ပွားစေကာ စကြာဝဠာအတွင်းရှိ အရာရာတိုင်းကို လောင်ကျွမ်းသွားတော့မည့်အလားပင်။
အား.....
လုကျိုးရှောင်သည် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏
ဤအချိန်အခိုက်အတန့်တွင် သူသည် တာယွီအင်ပါယာ၏သွေးမိတ်ဆွေအမတ်ကြီး မဟုတ်တော့ဘဲ လုယွီ၏လက်အတွင်း၌ အသက်ရှင်သန်ရန်ရုန်းကန်နေရသော အကြွင်းအကျန်စိတ်ဝိညာဥ်တကောင် ဖြစ်သွားလေပြီ။
ယခုချိန်၌ သူ့၏အရှိန်အဝါများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ဤအရှိန်အဝါများမရှိပါက ပါရမီရှင်ဟု ခေါ်ဆိုသူများသည် လုယွီ၏မျက်လုံးအတွင်း၌ ပုရွက်ဆိတ်များနှင့် မည်သို့မျှ ကွဲပြားခြားနားခြင်းမရှိချေ။
"မင်း ရူးနေတာလား...မြန်မြန်ရပ်လိုက်စမ်း...သူက ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်...လောကကြီးရဲ့မျှော်လင့်ချက်လောကကြီးရဲ့အနာဂတ်အရှင်သခင်ပဲ...မင်းက ပုန်ကန်နေတာလား...ဒါက အရမ်း တရားလွန်တယ်"
ထိုက်ဟွာကျမ်းစာသည် အလွန်ဒေါသထွက်သွားလေ၏။လုယွီသည် လုကျိုးရှောင်၏စိတ်ဝိညာဥ်ကို လောင်ကျွမ်းသွားစေသည်ကိုကြည့်ပြီး သူက အလျင်စလိုအော်ဟစ်လိုက်သည်။
လုယွီသည် လှောင်ပြောင်သရော်ကာ လုကျိုးရှောင်၏စိတ်ဝိညာဥ်ကို မီးတောက်များအကြားမှ ဆွဲထုတ်လေသည်။
ဤအချိန်အခိုက်အတန့်တွင် လုကျိုးရှောင်၏စိတ်ဝိညာဥ်သည် မီးတောက်များ၏လောင်ကျွမ်းခံရပြီးနောက် မူလအရွယ်အစား၏ တစ်ဝက်ခန့်သာရှိတော့သည်။ ထိုစိတ်ဝိညာဉ်၏မျက်နှာပြင်သည် မှုန်ဝါးနေကာ ထွင်းဖောက်မြင်ရလုမတက် ကြည်လင်နေပြီး အချိန်မရွေးသေဆုံးသွားတော့မည့်အလားပင် ။
လုကျိုးရှောင်သည် ကြောင်စီစီဖြစ်နေပေ၏။သူ၏စိတ်ဝိညာဉ်မှမျက်လုံးများထံတွင် အသိစိတ်အနည်းငယ်မျှပင် ရှိတော့ပုံမရချေ။
ပြင်းထန်သောနာကျင်မှုကြောင့် သူ၏စိတ်ဝိညာဥ်သည် ကြောင်စီစီဖြစ်နေသောအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"ဒါက မင်းပြောနေတဲ့ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်လား"
လုရီက လုကျိုးရှောင်၏စိတ်ဝိညာဉ်ကို ဆုပ်ကိုင်ကာ တည်ငြိမ်စွာပြောဆိုသည်။
"သူက ငါ အားနည်းနေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးတော့ အငိုက်ဖမ်းပြီးတိုက်ခိုက်ခဲ့တယ်...ဒါတောင်မှ သူကရှုံးနိမ့်သွားခဲ့တယ်...သူက အခု မင်းရဲ့အကာအကွယ်ကို ယူနေရတဲ့ အသုံးမကျတဲ့ကောင်တစ်ကောင်ပဲ...မင်းက သူ့ကို လောကကြီးရဲ့အရှင်သခင်ဖြစ်ဖို့ မျှော်လင့်နေတာလား...သက်ရှိတွေအားလုံးကိုသူက ကယ်တင်နိုင်မယ်လို့ မင်း ထင်နေတာလား"
မေးခွန်းထုတ်သံများက လေထုအတွင်း၌ မြည်ဟီးလာကာ အရပ်မျက်နှာအဘက်ဘက်သို့ပျံ့နှံ့သွားသည်။
လုကျိုးရှောင်သည် အမှန်တကယ်ကို ပါရမီရှင်တစ်ယောက်ပင်။
သို့ရာတွင် ဤပါရမီရှင်သည် မသမာသောနည်းလမ်းများနှင့်လုမိသားစု၏အစွမ်းထက်သောအရင်းအမြစ်များကို အခြေခံ၍ အစွမ်းထက်လာခြင်းဖြစ်သည်။
အကယ်၍ လုကျိုးရှောင်သည် သူ့အားထိပ်တိုက်ရင်ဆိုင်၍ စိန်ခေါ်ပါက လုယွီသည် သူ့အား အနည်းငယ်လေးစားမိပေမည်။သို့ရာတွင်ဤကောင်စုတ်သည် ညစ်ပတ်သောလှည့်ကွက်များကို အသုံးပြုရန် ရွေးချယ်ခဲ့ပြီးသူ့အားနောက်ကွယ်မှနေ၍အငိုက်ဖမ်းကာ တိုက်ခိုက်ခဲ့သည်မှာ သူရဲဘောကြောင်သော လူရမ်းကားတစ်ယောက်နှင့် တူညီနေသည်။
ဤကဲ့သို့လူတစ်ယောက်သည် မည်သည့်နည်းဖြင့် ထိုက်ဟွာကျမ်းစာပြောနေသောမိုးကောင်းကင်၏ကံကြမ္မာသားတော် ဖြစ်နိုင်မည်နည်း။
ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်ပေါ်ရှိ ခရမ်းရောင်အခိုးအငွေ့များ ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။
"ရယ်စရာကောင်းလိုက်တာ...ရယ်စရာကောင်းလိုက်တာ...မင်း ဘာသိလို့လဲ...မင်းလို လူနုံတစ်ယောက်က ငါ့ရဲ့ရွေးချယ်မှုကို ဘယ်လိုလုပ်ပြီးမေးခွန်းထုတ်ဝံ့တာလဲ"
"ဒါဆိုရင်လည်း သူ သေလို့ရပြီ"
လုယွီက သူ့၏လက်ကိုဖျစ်ညှစ်လိုက်ရာအကန့်အသတ်မရှိသော ခွန်အားတစ်ရပ်က ချက်ချင်းထွက်ပေါ်လာသည်။
လုကျိုးရှောင်သည် စူးရှနာကျင်စွာ အော်ဟစ်ကာ သူ့၏စိတ်ဝိညာဉ်သည် လုယွီ၏လက်အတွင်း၌ ကြေမွပျက်စီးသွားတော့သည်။
"မဟုတ်ဘူး"
ထိုက်ဟွာကျမ်းစာသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ လုယွီကို တိုက်ခိုက်လိုက်၏။
သို့ရာတွင် လုယွီ၏ကိုယ်ပွားသည် ဤအချိန်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။သူသည်သူ၏လက်အတွင်းရှိ ထိုက်အမ်းဓားကို ဝှေ့ယမ်းကာ ဓားချီအမြောက်အများကို ထုတ်လွှတ်ပြီး ထိုက်ဟွာကျမ်းစာကိုဖိနှိပ်လိုက်သည်။
လုကျိုးရှောင်၏စိတ်ဝိညာဥ် ပျက်ပြယ်သွားချိန်တွင် ထူးဆန်းသောပုံရိပ်များက သူ၏နံဘေးပတ်လည်၌ထွက်ပေါ်လာသည်။အနက်ရောင်မြူခိုးများသည် ရုတ်တရက် ကြယ်မြစ်တစ်ခုလုံးကို လွှမ်းခြုံသွားပေ၏။လျှပ်စီးမိုးကြိုးများ တဝုန်းဝုန်းထလာကာ လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိနေသည့်အလားပင်။
ဝူး....
လေထုအတွင်း၌ သရဲတစ္ဆေများ၏ငိုညည်းသံကဲ့သို့အသံများထွက်ပေါ်လာကာ စိတ်ဝိညာဉ်များ ပူဆွေးဝမ်းနည်းနေမှုကို ဖော်ပြနေသည့်အလားပင်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ရောင်စုံအလင်းတန်းအမြောက်အများသည်အနက်ရောင်မြူခိုးများအကြားမှနေ၍ ထွက်ပေါ်လာသည်။ထိုအရာများသည် အလွန်အမင်းတောက်ပကာ တိမ်တိုက်များကိုဖြတ်သန်း၍ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
ပတ်ဝန်းကျင်ရှိစိ တ်ဝိညာဉ်စွမ်းအားများသည်အားလှိုင်းတစ်ရပ်၏ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်အား သူ ခံစားမိသည်။ထိုစွမ်းအားများသည် ရောင်စုံအလင်းတန်းများ ကျရောက်သွားသောနေရာသို့ ဦးတည်၍ အရူးအမူးပြေးဝင်သွားကြသည်။
ထိုအလင်းတန်းများအကြားတွင် စိတ်ဝိညာဉ်စွမ်းအားများစုဝေးလာခြင်းနှင့်အတူ စိတ်ဝိညာဉ်တစ်ကောင်၏အကြမ်းဖျင်းပုံရိပ်က တဖန်ပြန်၍ သိပ်သည်းသွားသည်။
ထိုစိတ်ဝိညာဉ်၏ပုံပန်းသွင်ပြင်အရကြည့်ပါက လုကျိုးရှောင် ဖြစ်နေလေ၏။
လုကျိုးရှောင်သည် အသက်ရှင်သန်နေဆဲပင်။
"ဟား ဟား ဟား ဟား...ငါမင်းကိုပြောပါတယ်...မင်းက တကယ်ကို ဘာမှမသိတဲ့ ငနုံငအတစ်ယောက်ပဲ....မိုးကောင်းကင်ကရွေးချယ်ထားတဲ့ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်က သူ့ရဲ့စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားရင်တောင်သူက ကံကြမ္မာကိုပြောင်းလဲပြီး အသက်ရှင်သန်နိုင်တယ်...မင်း သူ့ကို သတ်နိုင်မှာမဟုတ်ဘူး"
ထိုက်ဟွာကျမ်းစာက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
Chapter 3736
ထိုအချိန်တွင် လုယွီ၏ လက်အတွင်း၍ မီးတောက်တစ်ခုထွက်ပေါ်လာ၏။
ကောင်းကင်ဘုံဧကရာဇ်၏ အစစ်အမှန်မီးတောက် ထွက်ပေါ်လာချိန်တွင် လောကကြီးအတွင်းရှိ အရာရာတိုင်းကို မီးလောင်ပြာကျစေနိုင်သည်။
ဤသည်မှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဝိညာဥ်မှ သူ ရရှိခဲ့သော အစစ်အမှန်မီးတောက်ပင်။ထိုအရာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အစွမ်းထက်ဆုံးနည်းစနစ်လည်းဖြစ်ကာ လုယွီသည် ထိုအရာကို ဝှက်ဖဲတစ်ချပ်အဖြစ် အစဥ်အမြဲ သိမ်းဆည်းထားခဲ့သည်။
အစစ်အမှန်မီးတောက်၏လောင်ကျွမ်းအားသည် အလွန်ပြင်းထန်ပေ၏။ထိုမီးတောက်သည်မည်သည့်အရာနဲ့ရင်ဆိုင်ရသည်ဖြစ်စေအကယ်၍ နတ်ဘုရားစိတ်ဝိညာဥ်ဖြစ်နေလျှင်ပင် မီးလောင်ပြာကျစေနိုင်စွမ်းရှိသည်။
လုကျိုးရှောင်၏စိတ်ဝိညာဥ်သည် အစစ်အမှန်မီးတောက်၏ လောင်ကျွမ်းခြင်းကိုခံရပြီးနောက် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။သို့ရာတွင်ယခုအချိန်၌ လောကကြီးအတွင်းတွင် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်ရှိနေသည်။ထိုအရာသည် အရပ်မျက်နှာအဘက်ဘက်မှ စိတ်ဝိညာဥ်စွမ်းအားများကို ဆွဲဆောင်ကာ လီကျိုးရှောင်၏စိတ်ဝိညာဉ်ကို ပြန်လည်ပုံသွင်းလိုက်သည်။
လုကျိုးရှောင်၏စိတ်ဝိညာဥ်သည်ဘကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကြောင့် ပြာအဖြစ်လောင်းကျွမ်းသွားပြီးဖြစ်သည်။
သို့ရာတွင် ထိုစိတ်ဝိညာဥ်သည် တဖန်ပြန်၍ရှင်သန်လာပေ၏။
အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာခဲ့သော လုကျိုးရှောင်သည် မကြုံစဖူးမောက်မာထောင်လွှားမှုကို ခံစားမိသည်။သူက အော်ဟစ်ရယ်မောကာပြောဆိုသည်။
"လုယွီ....မင်းနဲ့ငါကြားမှာ ကွာဟချက်အရမ်းကြီးမားတယ်လို့ ငါ မင်းကို ပြောခဲ့ပါတယ်...ငါက ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော့ပဲ...တကယ်လို့ ငါ ဘာမှမလုပ်ရင်တောင် မင်း ငါ့ကို ဖိနှိပ်ထားနိုင်မှာမဟုတ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါက တူညီတဲ့လောကကလူတွေမဟုတ်ဘူး"
လုယွီက ပြောဆိုသည်။
"ဘာ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်လဲ...မင်းကို ငါ တစ်ခါသတ်ပြီးပြီ...အခုချိန်မှာ မင်းရဲ့စိတ်ဝိညာဥ်ပဲကျန်တော့တာ...မင်းက ခုချိန်ထိ အရှက်မရှိဘဲနဲ့ ကောင်းကင်ဘုံရဲ့ကောင်းချီးပေးတာကို ခံရတယ်လို့ ပြောဝံ့တုန်းပဲလား"
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် လုကျိုးရှောင်ထံတွင် မည်ကဲ့သို့ ရုပ်ခန္ဓာကိုယ်အမျိုးအစားမျိုး ရှိနေသည်ကို ဂရုမစိုက်တော့ချေ။သူသည် နဂါးဖမ်းလက်ကိုအသုံးပြုကာ အဝေးမှလုကျိုးရှောင်ကို ဖမ်းဆုပ်လိုက်၏။
"သွေးဓား....ဓားချီ"
လုကျိုးရှောင်သည် ဖမ်းဆီးခံရချိန်ရင်သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
သူသည် မီးတောက်များကြား၌ ကူကယ်ရာမဲ့စွာ သေဆုံးရသည့် ခံစားချက်မျိုးကို တဖန်ထပ်၍မကြုံတွေ့လိုသောချေ။အတွေးတစ်ချက်ဖြင့် သူ့၏နံဘေးပတ်လည်တွင် ဓားချီများလှည့်ပတ်သွားကာ လုယွီ၏ထိန်းချုပ်မှုမှ ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် လုယွီသည် ထိုကိစ္စအတွက်ပြင်ဆင်ထားပြီးလေပြီ။
လုကျိုးရှောင် ထွက်ပြေးသွားတော့မည်အချိန်တွင် ထိုက်အမ်းဓားချီထွက်ပေါ်လာကာ သူ့အားအပြည့်အဝဖိနှိပ်လိုက်၏။
လုကျိုးရှောင်ထံတွင် မည်သည့်နည်းစနစ်မျိုးရှိနေသည်ဖြစ်စေ ထိုအရာများအားလုံးသည် လုယွီ၏ရှေ့၌ အသုံးမဝင်ချေ။
ထိုနောက် ထိုက်အမ်းဓားချီများ တဖန်ထပ်၍ပွင့်အံ့ထွက်လာကာ လုကျိုးရှောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
"အား...."
လုကျိုးရှောင်သည် စူးရှနာကျင်စွာအော်ဟစ်ကာ တဖန်ပြန်၍ဖွဲ့စည်းထားသောသူ၏စိတ်ဝိညာဥ် ထပ်မံ၍ပျက်စီးသွားခဲ့သည်။
ရှေးဟောင်းခေတ်ကာလအတွင်း၌ပင် ထိုက်အမ်းဓားကို ထိပ်တန်းအဆင့်မသေမျိုးလက်နက်ဟု ယူဆနိုင်သည်။ထိုအရာသည် ဓားချက်တစ်ချက်ဖြင့် ရုပ်ခန္ဓာကိုယ်ဖြစ်စေ မမြင်နိုင်သောစိတ်ဝိညာဉ်ကိုဖြစ်စေ ဖျက်ဆီးနိုင်စွမ်းရှိသည်။
"သောက်ချေးပဲ...မုန်းစရာကောင်းလိုက်တာ...လုယွီ မင်းစောင့်နေစမ်း...ငါ အသက်ပြန်ဝင်လာတာနဲ့...ငါ မင်းကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်မယ်"
လုကျိုးရှောင်က ကျိန်ဆဲလိုက်၏။
သူ၏စိတ်ဝိညာဥ်အထက်တွင် အစိမ်းရောင်အခိုးအငွေ့များ အဆက်မပြတ်ထွက်ပေါ်နေသည်။သူသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားကို မြှင့်တင်နိုင်ရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အတင်းအကြပ်အသုံးပြု၍ လုယွီ၏ဖမ်းဆုပ်ထားမှုမှ လွတ်မြောက်နိုင်ရန် ကြိုးစားနေခဲ့သည်။
သို့ရာတွင် ဤကျိန်ဆဲသံများသည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်သွားချိန်တွင် သူသည် ထိုစကားများကို မကြားသည့်အလားပင်။
လုယွီ၏မျက်လုံးအကြည့်သည် အလွန်တည်ငြိမ်နေကာ သူကအေးစက်စက်လေသံဖြင့်ပြောဆိုသည်။
"မင်းက ပြန်ရှင်သန်နိုင်မှတော့...ငါ မင်းကို ထပ်ပြီးသတ်ရမှာပေါ့"
ရုတ်ချည်းဆိုသလိုပင် ထိုက်အမ်းဓားချီကို တဖန်ပြန်၍ဖြန့်ကျက်လိုက်ကာ လုကျိုးရှောင်၏စိတ်ဝိညာဥ်ကို ပေါက်ကွဲသွားစေသည်။
လုကျိုးရှောင်၏ရက်စက်ကြမ်းကြုတ်သောမျက်နှာကြီးသည် လေထုအတွင်း၌ပင် အေးခဲသွားသည်။ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ သူ့၏စိတ်ဝိညာဉ်ပေါက်ကွဲသွားတော့သည်။
မြောက်များစွာသော စိတ်ဝိညာဥ်စွမ်းအားများပြန့်ကျဲသွားသည်။ထိုက်အမ်းဓားချီသည် မိုင်ထောင်နှင့်ချီအကွာအဝေးထိ ပျံ့နှံ့သွားပေ၏။ ထိုဓားချီ၏စွမ်းအားသည် ပြိုင်ဘက်ကင်းဖြစ်ကာ ရှေ့ရှိအရာရာတိုင်းကို ဖျက်ဆီးလိုသည့်အလားပင်။
ထိုဓားချီ၏ရှေ့ရှိ ကောင်းကင်ဘုံ၏ကံကြမ္မာသားတော်သည် တဖန်ထပ်၍သေဆုံးသွားရလေပြီ။
သို့ရာတွင် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် လုကျိုးရှောင်၏စိတ်ဝိညာဥ် ပြန်လည်၍ သိပ်သည်းသွားသည်။
ဤသည်မှာ မိုးကောင်းကင်တာအိုသည် သူ့အားမသေစေလိုသည့်အလားပင်။
လုကျိုးရှောင် ပြန်ရှင်သန်လာသည်အချိန်တိုင်းစကြဝဠာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတရပ်သည် ပြန့်ကျဲနေသော စိတ်ဝိညာဥ်စွမ်းအားများကို စုဝေးကာ သူ့၏စိတ်ဝိညာဥ်ကို ပြန်လည်တည်ဆောက်ပေးခဲ့ခြင်းပင်။
Chapter 3737
ယခုတစ်ကြိမ် ပြန်ရှင်သန်လာသော လုကျိုးရှောင်၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ရှိနေသည်။
သူသည် အကန့်အသတ်မရှိ ပြန်ရှင်သန်နိုင်သည့်တိုင် သူ မသေဆုံးမီနာကျင်မှုကိုရှင်းရှင်းလင်းလင်းခံစားရသည်။
ဤသည်မှာ သူ့၏ရုပ်ခန္ဓာကိုယ်နာကျင်မှုမဟုတ်ဘဲ သူ့၏စိတ်ဝိညာဉ်ကို တိုက်ရိုက်သက်ရောက်ခြင်းပင်။ဤသည်မှာနှလုံးကွဲကြေလုမတက်နာကျင်မှုမျိုးဖြစ်ပြီး မည်သူမဆို တောင့်ခံနိုင်မည်မဟုတ်ချေ။
လုကျိုးရှောင်သည် သူ့၏စိတ်ဝိညာဥ် သိပ်သည်း၍ ပြီးဆုံးသွားသည်နှင့် နောက်သို့ချက်ချင်းလှည့်ကာ ထွက်ပြေးရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် လုယွီသည် အခွင့်ကောင်းတစ်ခုကိုရှာဖွေပြီးဖြစ်သည်။သူသည် နဂါးဖမ်းလက်ကိုထပ်မံ၍အသုံးပြုကာ လုကျိုးရှောင်ကို တဖန်ထပ်၍ဖမ်းဆုပ်လိုက်၏။
"အကန့်အသတ်မရှိ ပြန်ရှင်သန်နိုင်တာလား..ကောင်းပြီလေ...မင်း ရှင်သန်လာတဲ့အချိန်တိုင်း ငါ မင်းကိုသတ်မယ်"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ဤတစ်ကြိမ်တွင် လုယွီသည် သတ်ဖြတ်ခြင်းနည်းစနစ်များကို အသုံးမပြုရန် ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏လက်ကိုဆန့်တန်း၍ လုကျိုးရှောင်၏နဖူးကိုဆုပ်ကိုင်ကာ စိတ်ဝင်ခြင်းရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
စိတ်ဝိညာဥ်ရှာဖွေသော နည်းစနစ်သည် တစ်စုံတစ်ယောက်ထံတွင်ရှိသော မှတ်ဉာဏ်များအားလုံးကို တခြားလူတစ်ယောက်ကိုမြင်ခွင့်ပြုရသော နတ်ဆိုးနည်းစနစ်တစ်ခုဖြစ်သည်။
သို့ရာတွင် ဤနည်းစနစ်၏ရိုက်ခတ်ခြင်းကိုခံရသောလူသည် အလွန်အမင်းနာကျင်မှုကို ခံစားရသည်။သူ၏စိတ်အတွင်းမှ မှတ်ဉာဏ်များအားလုံးအား ဆုတ်ဖြဲခြင်းခံရကာ သူ အသက်ရှင်သန်နေရသည်ထက် သေရရန်ကိုပင်ဆုတောင်းနေပေမည်။
"အား...လုယွီ ရပ်လိုက်ပါတော့...ငါ မင်းကို ထပ်ပြီးမဆန့်ကျင်တော့ပါဘူး"
ပြင်းထန်သောနာကျင်မှုကြောင့် လုကျိုးရှောင်သည် လုမိသားစုပါရမီရှင်ဟူသောသူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်လိုက်တော့သည်။
သူသည် ခွင့်လွှတ်မှုရရှိရန်အတွက် လုယွီကို စတင်၍ အသနားခံတောင်းပန်လေ၏။
သို့ရာတွင် လုကျိုးရှောင်သည် ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်နေသည့်တိုင်သူ၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုများနှင့်ပြည့်နှက်နေဆဲပင်။
သူသည် အခွင့်အရေးရရှိသည်နှင့်လက်စားပြန်ချေမည်ကို တွေးတောကြည့်၍ရနိုင်သည်။
"ငါက မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့မင်း ထင်နေတာလား"
လုယွီက လှောင်ပြောင်သရော်လိုက်သည်။လုကျိုးရှောင်သည် အနည်းငယ်ကလေးဆန်သည်ဟု သူ ရုတ်တရက်ခံစားမိသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်မဟုတ်တယောက် သေမှရမည့်အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။ဤအချိန်အခိုက်အတန့်မျိုးတွင်ခွင့်လွှတ်ရန်အတွက် အသနားခံတောင်းပန်နေသည်မှာ အဓိပ္ပါယ်မရှိလှချေ။
ထို့ပြင် စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်မှရရှိသော မှတ်ဉာဏ်များမှတစ်ဆင့် လုကျိုးရှောင်သည် မည်ကဲ့သို့လူစားမျိုးဖြစ်သည်ကို လုယွီကသိရှိပြီးလေပြီ။
တိတိကျကျပြောရလျှင် လုကျိုးရှောင်သည်အလွန်အမင်းယုတ်မာကောက်ကျစ်ပြီး လူမဆန်သည့်လူစားမျိုးပင်။
လုကျိုးရှောင်သည် လုမိသားစုမှနေ၍ မရေမတွက်နိုင်သောအရင်းအမြစ်များကို အသုံးပြု၍ ပျိုးထောင်ထားသောပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူသည် တခြားလူများ၏ချမ်းသာကြွယ်ဝမှုများကို လုယက်ရသည့်အား နှစ်သက်သူဖြစ်ပေ၏။
သူသည် လူသတ်၍ပစ္စည်းများကိုလုယက်ရုံသာမကာ သူ၏စွမ်းအားဖြင့် တခြားသူများကိုအနိုင်ကျင့်သည်မှာလည်း သူ့အတွက် သာမန်ကိစ္စသာဖြစ်သည်။
အတိတ်တွင် လုကျိုးရှောင် အနိုင်ကျင့်အရှက်ခွဲခံရခြင်း၏ဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် သူတို့ကိုယ်သူတို့ သက်သေသွားကြသော ကျင့်ကြံသူအမြောက်အများရှိသည်။
သူသည် လုံးလုံးလျားလျား အမှိုက်ကောင်တစ်ကောင်ဖြစ်ပြီး သူပြောဆိုသည် စကားတစ်ခွန်းကိုမျှ ယုံကြည်ရခြင်းမရှိချေ။
စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်သည် လုကျိုးရှောင်ပေါ်၌ ဆက်လက်၍သက်ရောက်နေသည်။
အလွန်လျှင်မြန်စွာဖြင့် လုယွီသည် လျှို့ဝှက်ဆန်းကြယ်ပြီးရှုပ်ထွေးသောကျမ်းစာကိုမြင်တွေ့လိုက်ရသည်။
ဤကျမ်းစာသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် တူညီကာရှေးဟောင်းစာလုံးများဖြင့် ရေးသားထားသည်။
ထိုအရာသည်နှိုင်းယှဉ်ပြစရာမရှိသည့်အထိနက်နဲသိမ်မွေ့ကာ မဟာတာအို၏ အထွတ်အမြတ်မှော်မန္တန်များနှင့် ရောနှောနေသည်။ထိုအရာများကို တစ်ချက်ကြည့်မိရုံဖြင့်ပင် တစ်စုံတစ်ယောက်သည် အလွန်အမင်းမူးဝေမှုကိုခံစားရပေမည်။ထိုလူသည် သူ၏စိတ်အတွင်း၌ရှုပ်ထွေးလာမှုကိုခံစားရကာ ထိုကျမ်းစာကိုနားလည်သဘောပေါက်နိုင်ရန်အလွန်အမင်းခက်ခဲပေမည်။
ဤသည်မှာ ထိုက်ဟွာကျမ်းစာပင်။
ထိုက်ဟွာကျမ်းစာသည် လုကျိုးရှောင်ကို ကောင်းကင်ဘုံ၏ကံကြမ္မာသားတော်ဟု သတ်မှတ်ထားသဖြင့် ထိုက်ဟွာကျမ်းစာတွင်ပါဝင်သည့် အကြောင်းအရာများအားလုံးကို မချွင်းမချန် သင်ကြားပေးခဲ့သည်။
ဤသည်မှာ လုယွီနှင့် ကွဲပြားခြားနားပေ၏။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရရှိခဲ့သော်လည်း သူ့အားသင်ပြပေးမည့်ဆရာမရှိချေ။သူသည် သူ့၏ကိုယ်ပိုင်အတွေ့အကြုံများကိုသာ မှီခိုအားထား၍ထိုအရာကိုလေ့လာဆင်ခြင်ကာ တဖြည်းဖြည်းတိုးတက်လာခြင်းဖြစ်သည်။။
လုကျိုးရှောင်ကမူ သူ့အား ကျမ်းစာကိုယ်တိုင်လမ်းညွှန်ပေးနေခဲ့သည်။
ဤသည်မှာ အလွယ်ပြောရပါက ထိုက်ဟွာကျမ်းစာသည် လုကျိုးရှောင်၏ရှေ့၌ စားစရာကို အဆင်သင့်ချပေးထားခြင်းပင်။
"ဒါက ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်...လုမိသားစုရဲ့ပါရမီရှင်လို့ ခေါ်တဲ့ကောင်လား...တကယ်လို့ မင်းက ထိုက်ဟွာကျမ်းစာကိုအဆင့်တစ်ခုထိရောက်အောင်သာ ကျင့်ကြံထားရင် ရှေးဟောင်းတာအိုအင်မော်တယ်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်"
အထင်အမြင်သေးသော အရိပ်အယောင်တချို့က လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
လုကျိုးရှောင်သည် သူ့ကဲ့သို့ပင် ရှေးဟောင်းတာအိုအင်မော်တယ်လမ်းကြောင်းကို လျှောက်လှမ်းနေပေ၏။
ထိုက်ဟွာကျမ်းစာ၏အကူအညီဖြင့် အကယ်၍ သူသည် တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံခဲ့ပါက တစ်နေ့တွင် လုကျိုးရှောင်သည် သူ့၏အဆင့်မျိုးသို့ ရောက်ရှိလာနိုင်သည်။
သို့ရာတွင် လုကျိုးရှောင်သည် လမ်းမှားကိုသာ ပို၍ကြိုက်နှစ်သက်ခဲ့သည်။သူသည် အောင်မြင်မှုရရှိရန်အတွက် အလျင်လိုနေကာ နတ်ဆိုးနည်းစနစ်အမြောက်အများကို အသုံးပြုခဲ့သည်။
ဤှသည်ကြောင့် သူ့အား နယ်မြေသခင်အဆင့်သို့ အလျှင်အမြန် ချိုးဖျက်ဝင်ရောက်နိုင်စေခဲ့သည်။သို့ရာတွင် သူ့၏ကျင့်ကြံဆင့်လမ်းကြောင်းသည် တဝက်သည်အစစ်အမှန်အင်မော်တယ်ဖြစ်၍ ကျန်တစ်ဝက်သည်အနာဂတ်အတုအယောင်အင်မော်တယ်ဖြစ်သည်။
ထို့ကြောင့် သူ့အား အစစ်အမှန်အင်မော်တယ်မဟုတ်ဟု သတ်မှတ်နိုင်သည်။