← Chapters

အခန်း (၃၇၅၀-၃၇၅၃)

Vol. 191 Ch. 3750-3753

အခန်း (၃၇၅၀-၃၇၅၃)

Vol. 191 Ch. 3750-3753

Chapter 3750

ယင်ထျန်းမင်၏အော်သံကို ကြားချိန်တွင် ဟန်ချီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ အနည်းငယ်ပျက်ပြယ်သွားသည်။

ဟမ့်...

ဟန်ချီက အေးစက်စက် နှာတစ်ချက်မှုတ်ကာ နောက်သို့ပြန်လှည့်ပြီး အလျှင်အမြန်ထွက်ခွာ သွားတော့သည်။

ဟန်ချီ ထွက်ခွာသွားပြီးနောက် မြို့တံခါးရှေ့ရှိ ရုန်းရင်စဆန်ခတ်မှုများ ပျောက်ကွယ်သွားခဲ့သည်။

လုယွီနှင့်လန်ဝူရှင်းတို့သည် အတွင်းသို့ဝင်ရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားခံရကာ မည်သူကမျှ သူတို့အား ပြဿနာမရှာဝံ့တော့ချေ။

မြို့ရိုး၏အထက်တွင်ရှိနေသော ယင်ထျန်းမင်၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေကာ အစောပိုင်းက မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သည့်အလားပင်။

"အရှင်လုကိုယ်တိုင် ရောက်လာမယ်ဆိုတာ ငါမသိခဲ့ဘူး...မင်းကို ထွက်ပြီးမကြိုဆိုမိတဲ့အတွက် ငါ့ကို ခွင့်လွတ်ပေးမယ်လို့ ငါ မျှော်လင့်မိတယ်...ခုဏကဖြစ်ခဲ့တာက နားလည်မှုလွဲမှားတာလေးတစ်ချို့ပါ...ဒါပေမယ့် ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ...အရှင်လုက ဒါကို စိတ်ထဲမထားဘူးလို့ ငါထင်တယ်..."

"ဟုတ်တယ်မို့လား..."

ယင်ထျန်းမင်သည် အနက်ရောင်သံချပ်ကာဝတ် စစ်သားတစ်စုနှင့်အတူ လျှောက်လှမ်းလာကာ သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်၍ လုယွီတို့ကို ဆီးကြိုနုတ်ဆက်လိုက်၏။

လန်ဝူရှင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့ ကောင်းကင်ချိုးဖျက်ခံတပ်က စစ်ဗိုလ်ချုပ်တွေရဲ့မျက်လုံးတွေက ဘာအတွက် အသုံးပြုနေတာလဲ....တကယ်လို့ ငါ့အရှင်ရဲ့ ထူးခြားတဲ့ခွန်အားကြောင့်သာ မဟုတ်ရင် မင်းတို့မြို့ရိုးအောက်မှာ သူ သေနေလောက်ပြီ..."

"စိတ်ဝိဉာဉ်ဖျက်ဆီးခြင်း ဒူးလေးတွေနဲ့ အရှင့်ကိုတောင်မှ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တယ်... တစ်ကယ်လို့ ဒီကိစ္စကို မင်းက နားလည်မှုလွဲတာ တစ်ခုလို့ပြောရုံနဲ့ ဒါကနားလည်မှုလွဲတာပဲလား..."

ယင်ထျန်းမင်သည် လန်ဝူရှင်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ မေးမြန်းသည်။

"မင်းက ဘယ်သူလဲ..."

"ငါက လန်ဝူရှင်း..."

လန်ဝူရှင်းက သူ၏ လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုသည်။

မမျှော်လင့်ပဲ ယင်ထျန်းမင်သည် ထိုစကားကို ကြားပြီးနောက် သူ၏နုတ်ခမ်းထောင့် မြင့်တက်သွားကာ အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဒါဆိုရင် အရင်က အထွတ်အထိပ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့...ငါ မင်းရဲ့နာမည်ကို ကြားဖူးတယ် "

"ဗိုလ်ချုပ်လန် မင်းက အခုအချိန်မှာ တော်ဝင်နန်းတွင်းရဲ့လူဖြစ်သွားပြီ ပြင်ပက ဂိုဏ်းအင်အားစုတွေရဲ့ ဘရုတ်သုက္ခအကျင့်စရိုက်တွေ ရှိမနေသင့်တော့ဘူး...ဟန်ချီက မင်းကို ပြဿနာရှာတာ အံ့အားသင့်စရာ မရှိဘူး...မင်းရဲ့ခန္ဓာကိုယ်ပေါ်က နတ်ဆိုးအရှိန်အဝါကို ငါ အဝေးကနေတောင် အာရုံခံမိတယ်...မင်းကိုယ်မင်း တားဆီးထိန်းချုပ်ထားတာ ပိုကောင်းလိမ့်မယ်...မင်းတို့ရဲ့အရှင်အတွက် ပြဿနာ မဖြစ်စေနဲ့..."

လန်ဝူရှင်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

သူသည် ကောင်းမွန်စွာစကားပြောဆိုနေခဲ့သော်လည်း ယင်ထျန်းမင်သည် ဤကဲ့သို့ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုဝံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

ယင်ထျန်းမင်၏ စကားလုံးများသည် လန်ဝူရှင်း၏ နောက်ခံနှင့်ပတ်သက်ပြီး လှောင်ပြောင်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ယင်ထျန်းမင်၏နောက်ရှိ စစ်သားများသည် လန်ဝူရှင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိချိန်တွင် သူတို့၏ခန္ဓာကိုယ်များမှ မှော်စွမ်းအားများ မြင့်တက်လာသည်။

အကယ်၍ လန်ဝူရှင်းသည် မဆင်မခြင်ပြုမူဝံ့ပါက ထိုစစ်သားများသည်ချက်ခြင်းတိုက်ခိုက်ကာ သူ့ကို ပိတ်ဆို့ ဟန့်တားကြပေမည်။

လုယွီသည် လန်ဝူရှင်း၏ ပခုံးကိုပုတ်ကာ သူ့အား ငြိမ်ငြိမ်နေရန် အချက်ပေးလိုက်သည်။ထို့နောက် သူက ပြောဆိုသည်။

"ဗိုလ်ချုပ်ယင်...ဒါက ငါ ကောင်းကင်ချိုးဖျက်ခံတပ်ကို ပထမဆုံး လာတဲ့အချိန်ပဲ...မင်း ငါ့ကို မိတ်ဆက်ပေးနိုင်မလား..."

ယင်ထျန်းမင်သည် အနည်းငယ်စိတ်ကြေနပ်မှု့ ရရှိသွားပုံရကာ ခပ်​ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ကောင်းပြီလေ...အရှင်လု ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ..."

သူတို့သည် လှေကားများကို နင်းဖြတ်ကာ မြို့ရိုး၏ထိပ်သို့ ရောက်ရှိသွားသည်။

မျက်စိဖြင့် မြင်နိုင်သမျှ အကွာအဝေးအထိ ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးကို အကန့်အသတ်မရှိဆန့်တန်းနေသော မြင့်မားသည့်မြို့ရိုးကြီးများက ဝန်းရံထားသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်အကြား၌ ခင်းကျင်းထားသော အလွန်ကြီးမားသည့် ခံတပ်ကြီးတစ်ခုပင်။

ကောင်းကင်ချိုးဖျက် ခံတပ်အတွင်းရှိ မြို့ တည်ဆောက်ထားမှုသည် အလွန်အမင်းတင်းကြပ်ကာ စစ်တန်းလျားများသည် ခံတပ်၏ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသည်။

စစ်တပ်တဲများနှင့်လေ့ကျင့်ရေးကွင်းပြင်များကို သာမန်မျက်စိဖြင့်ပင် အဆက်မပြတ်တွေ့မြင်နိုင်သည်။

ထိုစစ်တန်းလျားများအကြားရှိ စီစဉ်ထားမှု့သည် အလွန်နီးကပ်ကာ တစ်ခုနှင့်တစ်ခု ပူးပေါင်း ဆောင်ရွက်နိုင်သည်။

အကယ်၍ စစ်တန်းလျားတစ်ခုတွင် ပြဿနာ ဖြစ်ပွားပါက တခြားစစ်တန်းလျားများသည် ကူညီထောက်ပံ့ပေးရန်အတွက် အလျင်အမြန် လာရောက်နိုင်ပေမည်။

ယင်ထျန်းမင်သည် သူတို့နှစ်ယောက်ကို မြို့ရိုးပေါ်သို့ ခေါ်ဆောင်သွားကာ ပြောဆိုသည်။

"ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ မြို့ရိုးတွေက မိုင်ကိုးရာကျော် ရှည်လျားပြီး ပေသုံးထောင်ကျော် မြင့်မားတယ်...အရှေ့ဖက်နဲ့အနောက်ဖက်က လေဟာနယ်မုန်တိုင်းနယ်မြေနဲ့ ဆက်စပ်နေတယ်...

အဲ့ဒီလေဟာနယ်မုန်တိုင်းက အရမ်း တုန်လှုပ်​ချောက်ချားဖို့ ကောင်းတယ်...ဒါက အလယ်ခေတ်ကတည်းက ဖွဲ့စည်းလာတာဖြစ်တာကြောင့်...ရွှယ်အင်မော်တယ်တွေတောင်မှ အဲ့ဒီထဲကိုဝင်မိရင် အမှုန်အမွှားအဖြစ် ကြေမွသွားလိမ့်မယ်...ဒါက သဘာဝအတားဆီးတစ်ခုဖြစ်တဲ့အတွက် ဒီနယ်မြေအတွင်းမှာ သတိထားရတဲ့ တားမြစ်နေရာ တစ်ခုပဲ

"မြို့ရိုးပေါ်က ဆယ်မိုင်တိုင်းမှာ အစောင့်စခန်းတစ်ခု ချထားတယ်...အဲဒီစခန်းတစ်ခုစီမှာ အနည်းဆုံးစစ်သား အယောက်တစ်ရာကျော်ရှိနေတယ်...သူတို့တွေက အလှည့်ကျ စောင့်ကြပ်ရတယ်...စစ်သားတွေအားလုံးရဲ့နေ့စဉ် လေ့ကျင့်တာ အနားယူတာနဲ့ ကင်းလှည့်တာတွေကို မြို့ရိုးပေါ်မှာပဲ ထမ်းဆောင်ရတယ်...မိုင်တစ်ရာဝေးကွာတဲ့ နေရာတိုင်းမှာ အနည်းဆုံး လောကီအင်မော်တယ်အဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်က ခေါင်းဆောင်ပြီးတော့ စောင့်ကြပ်နေတယ်... အစောင့်စခန်းတွေကြားမှာ စောင့်ကြည့် မျှော်စင်တွေနဲ့ကင်းထောက်စခန်းတွေလည်း ရှိနေတယ်...ဒီနေရာရဲ့ ခုခံကာကွယ်မှုက ဘာဟာကွက်မှမရှိဘူးဆိုတာ သေချာပေါက်ပဲ... "

Chapter 3751

"ကောင်းကင်ချိုးဖျက်ခံတပ်က ဒီနေရာမှာ စခန်းချနေတာ နှစ်တွေအများကြီး ကြာနေပြီ... စစ်သားတွေရဲ့ မိသားစုအများစုက မြို့ထဲမှာ နေထိုင်တယ်...မြို့တွင်းမှာ လူနေရပ်ကွက်က အရှေ့ အနောက် တောင် မြောက် ဆိုပြီးတော့ နေရာလေးနေရာရှိတယ်..သူတို့တွေက တိုက်ပွဲထဲမှာ ပါဝင်ဆင်နွဲကြခြင်းမရှိပေမယ့်...သူတို့ထဲကအများစုက မြို့ထဲကအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်နေကြတယ်...တကယ်လို့ တော်ဝင်နန်းတွင်းကနေ အထောက်အပံ့တွေဖြတ်တောက်လိုက်မယ်ဆိုရင်တောင် မြို့ထဲမှာရှိတဲ့ရိက္ခာတွေနဲ့ အချိန်အတော်ကြာတဲ့ထိ ရပ်တည်နိုင်လိမ့်မယ် "

ယင်ထျန်းမင်သည် ထိုစကားကို ပြောဆိုပြီးနောက် သူသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ နေရာတစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။

မြောက်မြားစွာသော စစ်တန်းလျားများအကြားတွင် ဈေးတစ်ဈေးရှိနေသည်။

မြို့တွင်း၌ နေအိမ်များလည်း အတန်းလိုက်ရှိနေကာ စားသောက်ဆိုင်များ လဖက်ရည်ဆိုင်များ ဈေးဆိုင်များနှင့် တခြား အဆောက်အအုံများလည်း တည်ရှိသည်။

ထိုအဆောက်အအုံများအကြားတွင် အလုပ်ရုံတစ်ချို့လည်း ရှိနေသည်။

ရံဖန်ရံခါ သံမဏိများသွန်းလုပ်နေသည့်အသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

အဝေးတစ်နေရာ၌ အလွန်အမင်းကြီးမားကျယ်ပြန့်သော လေ့ကျင့်ရေးကွင်းပြင်ကြီး ထွက်ပေါ်လာသည်။

ထိုနေရာ၌ စစ်သားများသည် အဆက်မပြတ် လေ့ကျင့်နေကာ အော်ဟစ်သံများက တိမ်စိုင်များအတွင်းထိ ပဲ့တင်ထပ်နေသည်။

လုယွီသည် ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး၏ ကံကြမ္မာသည် အလွန်ကြီးမားပြီး နောက်ကွယ်၌ အစွမ်းထက်ကျင့်ကြံသူ အမြောက်အများ ပုန်းအောင်းနေကြောင်း ခံစားမိလေ၏။

ထိုအစွမ်းထက်ကျင့်ကြံသူများသည် သူတို့၏ အစစ်အမှန်ခွန်အားကို ထုတ်ဖော်ထားခြင်း မရှိချေ။

သို့ရာတွင် သူတို့၏ သွေးချီများသည် ကျားများ ကျားသစ်များနှင့် ဝံပုလွေများကဲ့သို့ ရက်စက် ကြမ်းကြုတ်သည်။

သူတို့အား လျော့တွက်၍ မရချေ။

"ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ အစွမ်းထက် ကျင့်ကြံသူတွေက တိမ်စိုင်တွေလို ပေါများတာပဲ...ငါ ဒါကိုကြားဖူးတာ အချိန်အတော် ကြာနေပြီ "

လုယွီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

ဤနေရာရှိ စစ်သားများသည် ခွန်အားအရဖြစ်စေ အရှိန်အဝါအရဖြစ်စေ ရှီးလျန်ကြယ်နယ်မြေတွင် စခန်းချထားသော စစ်သားများထက် များစွာပို၍ အားကောင်းသည်။

သူတို့သည် မြစ်ပြင်တမျှ ကျယ်ပြန့်သော‌ သွေးများနှင့် တောင်ပုံရာပုံဖြစ်နေသော အလောင်းများကြားမှ တိုးထွက်လာသူများပင်။

တိုက်ပွဲကွင်းပြင်တွင် အချိန်အတော်ကြာ ကျင်လည်ကျက်စားပြီးမှ အသက်ရှင်သန်လာသူများ ဖြစ်သဖြင့် သူတို့ထံတွင် ကြွယ်ဝသော အတွေ့အကြုံများရှိသည်။

နှိုင်းယှဉ်ကြည့်ပါက ရှီးလျန်ကြယ်နယ်မြေမှ စစ်သားအများစု၏ လေ့ကျင့်ရေးသည် အလွန်အမင်း ပေါ့လျော့သည်။

အကြောင်းအရင်းမှာ ရှီးလျန်ကြယ်နယ်မြေသည် ကုန်းတွင်းပိုင်းနယ်မြေ၌ ရှိနေသောကြောင့်ပင်။

အကယ်၍ သူတို့သည် ရှေ့တန်းတွင် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရပါက ထိုးနှက်ချက်တစ်ခုကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

ဝမ်မိသားစု၏ ထိန်းချုပ်မှုအောက်၌ ရှိနေစဉ်အချိန်က ကြီးကျယ်ခမ်းနားသောရှီးလျန်မြို့ကြီးသည် လေဟာနယ်ဓားပြများကို ထင်ရာစိုင်းခွင့်ပြုနေကာ ပြင်ပဂိုဏ်းအင်အားစုများကလည်း စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်နေကြသည်။

ဤအရာမှတဆင့် ရှီးလျန်ကြယ်နယ်မြေ၏ အကျင့်ပျက်ခြစားနေမှုအဆင့်ကို မြင်တွေ့နိုင်သည်။

ယင်ထျန်းမင်က ရယ်မောကာ ပြောဆိုသည်။

"ဒါကအမှန်ပဲ ငါတို့ရဲ့ ကောင်းကင်ချိုးဖျက်ခံတပ်က နံပါတ်တစ်ခံတပ်လို့ လူသိများ ကျော်ကြားတယ်...တကယ်လို့ ထန်အင်ပါယာကလူတွေ ရောက်လာမယ်ဆိုရင်တောင် သူတို့က သက်ပြင်းချပြီး စောင့်နေရုံပဲ တတ်နိုင်လိမ့်မယ်..."

သူသည် မြင့်မားသောမြို့ရိုးကို လက်ညှိုးညွှန်ပြကာ သူ၏ခေါင်းကိုအနည်းငယ်မော့ပြီး မောက်မာဝံ့ကြွားစွာ ပြောဆိုသည်။

"ထန်အင်ပါယာက ဒီနေရာကို ရောက်လာပြီးတော့ အကြိမ်ပေါင်း တစ်ရာကျော် တိုက်ခိုက်ခဲ့တယ်... ငါတို့ရဲ့ ကောင်းကင်ချိုးဖျက်ခံတပ်က အရမ်းခိုင်ခံ့တာကြောင့် သူတို့ မထိုးဖောက်နိုင်ခဲ့ဘူး...ထန်အင်ပါယာက ယင်ကောင်ငယ်လေးတွေကို ရင်ဆိုင်ဖို့ဆိုတာ ဘာပြဿနာမှ မရှိဘူး "

ယင်ထျန်းမင်က ပြောဆိုသည်။

လုယွီက မေးမြန်းလိုက်၏။

"အဲဒီလို ကိစ္စရှိနေမှတော့...အရင်ရက်တွေတုန်းက လက်ဝဲစစ်တပ်နယ်မြေကို ပို့လိုက်တဲ့ အရေးပေါ် စာသုံးစောင်က ဘာကို ဆိုလိုတာလဲ "

ယင်ထျန်းမင်၏ မျက်လုံးများတဖျတ်ဖျတ် တောက်ပသွားသည်။သူက အလျင်စလိုပြုံးကာ ပြောဆိုသည်။

"ဒါက နားလည်မှု လွဲမှားတာလေးတစ်ခုပါ...ဒီမြို့ထဲမှာ အရင်းအမြစ်အများကြီးရပြီးတော့ မြို့တွင်းအတွက် ရိက္ခာဖူလုံပေမယ့် စစ်ပွဲစတင်တဲ့အချိန်မှာ အရင်းအမြစ်တွေအားလုံး ကုန်ဆုံးသွားခဲ့တယ်...မြို့ထဲမှာရှိတဲ့ ရိက္ခာရုံအများစုမှာ အရေးပေါ် လိုအပ်ချက်တွေ ရှိနေတယ်...ဒါ့ကြောင့် ငါတို့က ရှီးလျန်ရုံးတော်ကနေ အကူအညီ တောင်းခံဖို့ ပြင်ဆင်ခဲ့တာပါ "

ယင်ထျန်းမင်၏ မျက်လုံးအတွင်းရှိ အပြောင်းအလဲသည် တဒင်္ဂသာဖြစ်သော်လည်း လုယွီက ဖမ်းဆုပ်နိုင်ခဲ့သည်။

လုယွီက ခေါင်းညိတ်ပြကာ ထိုအရာကို ထုတ်ဖော်ပြောဆိုခြင်း မပြု​ချေ။

သူက ပွင့်ပွင့် လင်းလင်း ပြောဆိုလိုက်၏။

"ကောင်းပြီလေ နယ်စပ်ခံတပ်လေးနေရာက လက်ဝဲစစ်တပ်နယ်မြေကို ခုခံကာကွယ်ဖို့အတွက် အရေးကြီးဆုံးနေရာတွေပဲ...တကယ်လို့ မင်းတို့ တစ်ခုခု လိုအပ်တယ်ဆို ငါ့ကို အသိပေးပါ..ငါက အကောင်းဆုံးကြိုးစားပြီးတော့ မင်းတို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးမယ် "

"ဒါဆိုရင် ငါက အရှင်လုကို ကျေးဇူးတင်ပါတယ် "

သူတို့သည် စကားပြောဆိုနေရင်း ကောင်းကင်ချိုးဖျက် ခံတပ်၏ ပင်မစစ်စခန်းသို့ ရောက်ရှိလာခဲ့သည်။

လမ်းတလျောက်လုံး၌ လုယွီသည် ကောင်းကင်ချိုးဖျက်ခံတပ်၏အလယ်ဗဟို၌ တပ်မှူး၏ ပင်မတဲ ရှိနေသည်ကိုမြင်တွေ့ခဲ့ရသည်။

ထိုနေရာကို သက်တော်စောင့် လေးယောက်မှ စောင့်ကြပ်နေသည်။တပ်မှုး၏အလံက လေထုအတွင်း၌ တဖျတ်ဖျတ် လူးလွန့်နေပေ၏။

သူတို့ ဤနေရာသို့ ရောက်ရှိလာချိန်တွင် ပတ်ဝန်းကျင်၌ ပုန်းအောင်းနေသော ထိပ်သီးကျင့်ကြံသူအမြောက်အမြား ရှိနေသည်။

လုယွီသည် ရွှယ်အင်မော်တယ်တချို့ရှိနေသည်ကိုပင် သတိပြုမိသည်။

လုယွီသည် ယင်ထျန်းမင်၏ နောက်သို့လိုက်ပြီး ဤနေရာသို့ ရောက်ရှိလာချိန်တွင် ချက်ချင်းဆိုသလိုပင် နတ်ဘုရားစိတ်အာရုံ အမြောက်အများက သူ့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

ကံကောင်းထောက်မစွာဖြင့် ယင်ထျန်းမင်သည် ဤနေရာ၌ ရှိနေသည်။

ထို့ကြောင့် လုယွီ၏ သွားလာနေမှုသည် အလွန်ချောမွေ့ကာ မည်သည့်မေးခွန်းထုတ်ခြင်းကိုမျှ ရင်ဆိုင်ကြုံတွေ့ရခြင်းမရှိ​ချေ။

ယင်ထျန်းမင်သည် လုယွီကို တပ်မှူးတဲအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

သို့ရာတွင် တဲအတွင်း၌ ဗလာဟင်းလင်းဖြစ်နေသည်ကို သူရှာဖွေတွေ့ရှိလိုက်ရသည်။တဲ၏အလယ်ဗဟို၌ သဲခုံစားပွဲတစ်ခုသာ ရှိနေသည်။

Chapter 3752

"ဝမ်ရှင်းအမတ်ကြီးက ဒီနေရာမှာ မရှိဘူးလား..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ကောင်းကင်ချိုးဖျက်ခံတပ်ကို ထောက်ပံ့ပေးရန်အတွက် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်းဖြစ်သည်။

သို့ရာတွင် ကောင်းကင်ချိုးဖျက်ခံတပ်သည် အရေးပါသောလူတစ်ယောက်ကိုလွှတ်၍ သူ့အား ဆီးကြိုနုတ်ဆက်ခြင်းမရှိ​ချေ။

ယခုအချိန်၌ သူသည် ဝမ်ရှင်းအမတ်ကြီးကိုပင် မြင်တွေ့ရခြင်းမရှိပေ။

လုယွီသည် ထုံးတမ်းစဉ်လာများကို ဂရုစိုက်သူတစ်ယောက် မဟုတ်​ချေ။သို့ရာတွင် စစ်ရေးကိစ္စများသည် အရေးပေါ် ဖြစ်နေလေ၏။

အကယ်၍ သူသည် စစ်ရေးနှင့်အုပ်ချုပ်ရေး အရာရှိများကို မမြင်တွေ့ရပါက ကိစ္စအများစု နှောင့်နှေးကြန့်ကြာနေမည်ကို သူ စိုးရိမ်မိသည်။

ယင်ထျန်းမင်က အပြုံးနှင့် ပြောဆိုသည်။

"အရှင်လု ကျေးဇူးပြုပြီးတော့ စိတ်ရှည်ရှည်ထားပါ...ငါ့ရဲ့အဖေက ဒီရက်အနည်းငယ်အတွင်းမှာ ကိစ္စတချို့ဆောင်ရွက်စရာ ရှိနေတယ်...သူက ရက်နည်းနည်းလောက်ကြာရင် ပြန်ရောက်လာမှာပါ"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိသော်လည်း လန်ဝူရှင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ပြောဆိုနိုင်ပေ၏။

အင်ပါယာနှစ်ခုအကြားမှ စစ်ပွဲတစ်ခုတွင် တပ်မှူးတစ်ယောက်ဖြစ်သော ဝမ်ရှင်းအမတ်ကြီးသည် စစ်တပ်အတွင်း၌ ရှိမနေပဲ တခြားနေရာသို့ သွားသည်ဟု ဆိုသလော။

"အမတ်ကြီး ဝမ်ရှင်းက ဘယ်နေရာကို သွားတာလဲ "

လန်ဝူရှင်းက မမေးမြန်းဘဲ မနေနိုင်တော့​ချေ။

ယင်ထျန်းမင်၏မျက်လုံးများ ရုတ်တရက်အေးစက်တင်းမာသွားကာ သူက မတုန်မလှုပ် လေသံဖြင့် ပြောဆိုသည်။

"ငါ့ရဲ့အဖေ ဘယ်နေရာကိုသွားတယ်ဆိုတာက စစ်ရေး လျှို့ဝှက်ချက်တစ်ခုပဲ...ဗိုလ်ချုပ်လန် ငါက မင်းကို ပြောပြဖို့ လိုအပ်လို့လား"

ဟမ့်...

လန်ဝူရှင်းသည် ငယ်ရွယ်ပြီး သွေးဆူလွယ်သူဖြစ်သော်လည်း ဦးစားပေးရမည့် ကိစ္စများကို သူ သိရှိထားသည်။

ဤလူသည် သူ့အား ရိုင်းပျစွာဖြင့် ထပ်ခါတလဲလဲ ပြောဆိုနေသော်လည်း ဤနေရာသည် အထွတ်အထိပ်ဂိုဏ်း သို့မဟုတ် သူ မဆင်မခြင် ပြောဆို၍ရသော နေရာတစ်နေရာ မဟုတ်​ချေ။

အကယ်၍ သူသည် မဆင်မခြင်ပြောဆိုမိပါက လုယွီအတွက် ပြဿနာများ ရောက်ရှိလာမည်ကို သူ စိုးရိမ်မိသည်။

"လက်ရှိအခြေအနေက ဘယ်လိုရှိလဲ "

လုယွီက မေးမြန်းလိုက်သည်။

သူသည် သဲခုံစားပွဲ၏ရှေ့၌ မတ်တပ်ရပ်ကာ စားပွဲပေါ်ရှိ မြင်ကွင်းကို စူးစိုက်ကြည့်လိုက်သည်။

သူ့၏မျက်လုံးတစ်စုံဖြင့် ထိုအရာကို အာရုံစူးစိုက်၍ကြည့်နေကာ သူ၏နံဘေးရှိ လူနှစ်ယောက်အကြားမှ စကားပြောဆိုနေမှုကို သူ ဂရုမစိုက်မိသည့် အလားပင်။

လုယွီသည် ငြင်းခုံလိုခြင်းမရှိသည်ကို မြင်တွေ့ချိန်၌ လန်ဝူရှင်းသည် သူ၏ပါးစပ်ကို ပိတ်ကာ လုယွီ၏နောက်၌ မတ်တပ်ရပ်လိုက်၏။

ယင်ထျန်းမင်က ပြောဆိုသည်။

"ဒါက ရန်သူတွေရဲ့ တိုက်ပွဲဝင်္ကပါကို စုံစမ်းထောက်လှမ်းတဲ့ နတ်ဘုရားမျက်လုံးဝင်္ကပါပဲ"

"ထန်အင်ပါယာဘက်မှာလည်း ဝင်္ကပါပညာရှင်တွေရှိနေတယ်...ဒါကြောင့် သူတို့ရဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေက အဆက်မပြတ် ပြောင်းလဲနေတယ်...ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ နတ်ဘုရားမျက်လုံး ဝင်္ကပါက မြင်တွေ့နိုင်တယ်...အရာအားလုံး ထိန်းချုပ်မှုအောက်မှာရှိနေတာကြောင့် သူတို့ရဲ့တိုက်ပွဲဝင် ဝင်္ကပါကို ချိုးဖျက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတယ်"

ဤနတ်ဘုရားမျက်လုံးဝင်္ကပါသည် နန်းတွင်း စာမေးပွဲအတွင်း၌ လင်ကျိုးစီရင်စုတွင် လုယွီ ခင်းကျင်းခဲ့သောအရာထက် များစွာပို၍ အစွမ်းထက်သည်။

ထိုအချိန်တုန်းက နတ်ဘုရားမျက်လုံးသည် လေထုအတွင်း၌ ​မျောလွင့်နေသော်လည်း အားနည်းချက်များဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးကျင့်ကြံသူများ၏ ရှောင်တခင် တိုက်ခိုက်မှုကို ခံယူရပြီးနောက် ထိုနတ်ဘုရားမျက်လုံးဝင်္ကပါသည် ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိသွားလေ၏။

အကယ်၍ လုယွီသာ သူတို့ကို ကယ်တင်ခဲ့ခြင်းမရှိပါက လင်ကျိုးစီရင်စု ပျက်သုန်းသွားမည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။

ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ နတ်ဘုရားမျက်လုံးဝင်္ကပါသည် လင်ကျိုးစီရင်စုရှိ နတ်ဘုရားမျက်လုံးဝင်္ကပါထက် အဆတစ်ရာခန့် ပို၍ အားကောင်းသည်။

ထိုအရာသည် ကျယ်ဝန်းရုံသာမက ဝင်္ကပါ၏ ဗဟိုချက်သည် အလွန်အမင်းတည်ငြိမ်သည်။

အကယ်၍ ထိုအရာကို ပြင်ပ၌ထားရှိလျင်ပင် ကျင့်ကြံသူအမြောက်အများ မှော်မန္တာန်များဖြင့် အဆက်မပြတ်တိုက်ခိုက်သည့်တိုင် ထိခိုက်ပျက်စီးနိုင်မည် မဟုတ်​ချေ။

အကယ်၍ ကောင်းကင်ချိုးဖျက်ခံတပ်မှ နတ်ဘုရားမျက်လုံးဝင်္ကပါ၏ စွမ်းအားများကို အပြည့်အဝဖြန့်ကျက်လိုက်ပါက မိုင်တစ်သောင်းအတွင်းရှိအရာရာတိုင်းကို ချက်ချင်းတွေ့မြင်နိုင်စွမ်းရှိသည်။

တစ်ဖက်ရန်သူများသည် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ နတ်ဘုရားမျက်လုံးဝင်္ကပါ၏ စုံစမ်းထောက်လှမ်းမှု့ အောက်မှ လွတ်မြောက်နိုင်မည် မဟုတ်​ချေ။

သူ၏ရှေ့ရှိ သဲခုံစားပွဲသည် တာယွီအင်ပါယာ စစ်တပ်၌ အသုံးပြုနေကျဖြစ်သော ပစ္စည်းတစ်ခုပင်။

ထိုသဲခုံစားပွဲပေါ်၌ တိုက်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြသနိုင်သော ပုံရိပ်ယောင်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားသည်။

ဤအရာသည် စစ်တပ်နှစ်ခု တစ်ဖက်နှင့်တစ်ဖက်တိုက်ခိုက်နေသည်ကို ပုံရိပ်ထင်စေနိုင်စွမ်းရှိသည်။

ဤသည်မှာ စစ်ဗိုလ်ချုပ်အများစုကို လေ့ကျင့်ရန်အတွက် နေရာအများစု၌ အသုံးပြုနေသော ပစ္စည်းတစ်ခုလည်း ဖြစ်သည်။

သဲခုံစားပွဲပေါ်၌ ကောင်းကင်ချိုးဖျက်ခံတပ်၏ ပုံရိပ်ယောင် ရှိနေသည်။

ကောင်းကင်ချိုးဖျက်ခံတပ်၏ပြင်ပ၌ ထန်အင်ပါယာစစ်တပ်၏ပုံရိပ်များ ရှိနေလေ၏။

ထန်အင်ပါယာမှ စစ်တပ်များသည် ထူထပ်သိပ်သည်းသော သစ်ပင်များအကြား၌ရှိနေကာ သူတို့ထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

ထန်အင်ပါယာမှ စစ်သားများသည် အတူတကွ စုဝေးကာ အလွန်အမင်းရှုပ်ထွေးပြီး အဆက်မပြတ်ပြောင်းလဲနေသော တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို ခင်းကျင်းထားသည်။

အကြည့်တစ်ချက်ဖြင့်ပင် ဤတိုက်ပွဲဝင် ဝင်္ကပါသည် တိုက်ပွဲဝင်ဝင်္ကပါကိုးမျိုးကို ​စုစည်း၍ ဖွဲ့စည်းထားကြောင်း တွေ့မြင်နိုင်သည်။

ထိုအရာသည် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိပုံသဏ္ဍာန် ရှိနေလေ၏။

တိုက်ပွဲဝင်ဝင်္ကပါကိုးမျိုးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကာ အဆက်မပြတ် ပြောင်းလဲနေသည်။

ထန်အင်ပါယာ စစ်သားများ၏ သံချပ်ကာများသည်တောက်ပနေကာ သူတို့၏လက်အတွင်းရှိ မှော်လက်နက်များမှနေ၍ အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။

သူတို့၏ တိုက်ပွဲဝင် ဝင်္ကပါကြီးသည် အရာရာတိုင်းကိုဝါးမြိုမည့် သားရဲကြီးတစ်ကောင်အလား တိုက်ပွဲကွင်းပြင်ပေါ်၌ ထင်ရာစိုင်းပြေးလွှားနေသည်။

Chapter 3753

သဲခုံစားပွဲသည် တိုက်ပွဲကွင်းပြင်၏ပုံရိပ်ယောင်ကို ဆင့်ကဲဖော်ပြနေခြင်းဖြစ်သည်။

တာယွီအင်ပါယာ၏စစ်သားများသည် စစ်ဗိုလ်ချုပ်များ၏ အမိန့်အောက်တွင် ထန်အင်ပါယာ စစ်သားများထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။

ဤကဲ့သို့ အကြီးစားတိုက်ပွဲများတွင် တစ်စုံတစ်ယောက်၏ကိုယ်ပိုင်စွမ်းအားသည် အရေးမပါတော့​ချေ။

နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်စွမ်းအားရှိသူများဖြစ်သည့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် လောကီအင်မော်တယ်နယ်ပယ် စစ်ဗိုလ်ချုပ်အမြောက်အများကို လူပင်လယ်ကြီးအကြားတွင် တွေ့မြင်နိုင်သည်။

တာယွီအင်ပါယာသည် သိန်းနှင့်ချီသော စစ်သားများကို စေလွှတ်ထားပြီး ထန်အင်ပါယာသည်လည်းထပ်တူထပ်မျှပင်။

ဤနေရာတွင် မည်သည့်အကွက်ချကြံစည်မှုလှည့်စားမှုများမျှ မရှိ​ချေ။

အစစ်အမှန်တိုက်ပွဲကွင်းပြင်ပေါ်တွင် နှစ်ဖက်အကြား၌ သေရေးရှင်ရေးတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြခြင်း ဖြစ်သည်။

တာယွီအင်ပါယာမှ စစ်ဗိုလ်ချုပ်များ အော်ဟစ်လိုက်ခြင်းနှင့်အတူ စိတ်ဝိညာဉ်ချိုးဖျက်ခြင်း ဒူးလေးများမှ မြှားများကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်သည်။

မြှားများသည် ထန်အင်ပါယာ စစ်တပ်ထံသို့ ပင်လယ်ကြီးတစ်စင်းအလား တိုးဝင်သွားသည်။

ထိုးမြှားများသည် သံချပ်ကာများကိုတိုက်ခိုက်ရာ၌ အလွန်အမင်းကောင်းမွန်သော သံချပ်ကာမဟုတ်သ၍ ဤစိတ်ဝိညာဉ်ချိုးဖျက်ခြင်းမြှားများ၏ဒဏ်ကို ဆန့်ကျင်ရန် အသုံးဝင်မည် မဟုတ်​ချေ။

ဘုန်း...ဘုန်း...ဘုန်း...

မြှားတစ်စင်းစီထံတွင် အေးစက်စက် အလင်းတန်းတစ်တန်း ပါရှိပေ၏။

ထိုမြှားတစ်စင်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်မိသည်နှင့် ချက်ချင်းပေါက်ကွဲသွားပေမည်။

အကယ်၍ တဖက်လူသည် မှော်စွမ်းအားများဖြင့် အကာအကွယ်ပြုလုပ်ထားသည့်တိုင် ဤသည်မှာ အသုံးဝင်မည်မဟုတ်​ပေ။

ပေါက်ကွဲသံများက ပတ်ဝန်းကျင်နေရာအနှံ့ အဆက်မပြတ် မြည်ဟီးနေသည်။

သေသပ်ကျနစွာစီစဉ်ထားသော ထန်အင်ပါယာစစ်တပ်သည် ချက်ချင်းဆိုသလိုပင် လူတစ်ထောင်ကျော်ခန့် ဆုံးရှုံးသွားသည်။

ထိုထန်စစ်သားများအနက်မှ အများစုသည် တာယွီစစ်သားများ၏ တိုက်ခိုက်ခြင်းကိုခံရတာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားသည်။

သို့ရာတွင် ထန်အင်ပါယာစစ်တပ်ဘက်မှ ပို၍ထိခိုက်ဒဏ်ရာရရှိခြင်းမှာ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အားလှိုင်းများကြောင့်ပင်။

သူတို့၏ ခြေပြတ်လက်ပြတ်များနှင့် အသွေးအသားများက နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်။

အဖြူရောင်အရိုးများကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ပေ၏။

ရှေ့ဆုံးမှ တိုးဝင်လာသော ထန်အင်ပါယာ စစ်တပ်မှ မြေကမ္ဘာအင်မော်တယ်နယ်ပယ် စစ်ဗိုလ်ချုပ်တစ်ယောက်သည် မြှားချက်ဆယ်ချက်ကျော်ခန့် ဆက်တိုက်ပစ်ခတ်ခံရပြီးနောက် သူ့၏မှော်စွမ်းအားအကာအကွယ် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။

သူ့၏ သံချပ်ကာဝတ်စုံပင်လျင် ထိုမြှားများကို ခုခံနိုင်စွမ်းမရှိတော့သဖြင့် အဆုံးသတ်၌ သူ့၏ ခြေလက်လေးချောင်းလုံး ပြတ်တောက်သွားသည်။

သူ့၏ခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲဖြစ်သွားကာ သူသည် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

ထန်အင်ပါယာစစ်တပ်၏ စစ်ဦးမှချီတက်လာသူတိုင်းသည် ဤကဲ့သို့ ဖြစ်နေသော်လည်း နောက်တွင်ရှိနေသော ထန်အင်ပါယာ စစ်တပ်သည် အင်အားအမြောက်အများရှိနေပေ၏။

မြှားမိုးတစ်မိုးပစ်ခတ်ပြီးနောက် တာယွီအင်ပါယာစစ်သားများသည် သူတို့၏လေးကြိုးများကိုဆွဲကာ ဒုတိယမြှားမိုးကိုပစ်ခတ်လိုက်ကြသည်။

ထိုစစ်သားများအားလုံးသည် အထူးလေ့ကျင့်ရေးများကို ဖြတ်ကျော်ထားသော ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူများပင်။

သူတို့၏ ခန္ဓာကိုယ်များသည် အလွန်သန်မာအားကောင်းကာ ခြေလှမ်းတစ်ရာအတွင်းရှိ မည်သည့် ပစ်မှတ်ကိုမဆို လွဲချော်နိုင်ခြင်း မရှိ​ချေ။

သူတို့သည် ရာနှင့်ချီသော မြှားများကို ဆက်တိုက် ပစ်ခတ်ရလျှင်ပင် သူတို့၏လက်မောင်းများ နာကျင်မည်မဟုတ်ဘဲ သူတို့၏ခွန်အားသည်လည်း အကန့်အသတ်မရှိချေ။သူတို့သည် မောပန်းနွမ်းနယ်ခြင်းကိုလည်း မသိကြပေ။

နောက်ထပ် မြှားမိုးတစ်မိုးကျရောက်လာပြီးနောက် သူတို့ရှေ့ရှိ ထန်အင်ပါယာစစ်တပ်သည် ရိတ်သိမ်းခြင်းခံရသော ကောက်ပင်များအလား မြေပြင်ပေါ်၌ လဲကျသွားသည်။

သွေးများက ထန်စစ်သားများထံမှ ယိုစီးကျနေပေ၏။

သို့ရာတွင် ထန်စစ်တပ်သည် ရှေ့သို့ ဆက်လက်၍ ချီတက်နေဆဲပင်။

ထန်စစ်တပ်ဘက်တွင် လူအင်အား လွန်စွာများပြားသည်။

မျက်စိနှင့်မြင်နိုင်သမျှ အကွာအဝေးအတွင်း ထန်စစ်သားများသည် ကြယ်မြစ်၏နေရာအနှံ့ အပြား၌ ရှိနေသည်။

ထိုအချိန်မှာပင် ထန်အင်ပါယာ၏တိုက်ပွဲဝင် ဝင်္ကပါ ရုတ်တရက်ကွဲထွက်သွားသည်။

အဝေးတစ်နေရာမှနေ၍ ပေတစ်သိန်းခန့် မြင့်မားသော ရွှေရောင်အလင်းတန်းတစ်တန်း တောက်ပလာသည်။

ထန်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါများအားလုံးသည် အားလှိုင်းတရပ်၏ အစပျိုးပေးခြင်းကို ခံလိုက်ရပုံရကာ ထိုက်ကျိပုံသဏ္ဍာန်လျှို့ဝှက်ဆန်းကြယ်သောဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုဝင်္ကပါ၏ပြင်ပ၌ အကာအကွယ်အလွှာများစွာရှိနေကာ မည်သို့မျှ ချိုးဖျက်နိုင်ခြင်း မရှိ​ချေ။

တာယွီစစ်တပ်သည် ထန်စစ်တပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ထန်စစ်တပ်၏ အကာအကွယ်အလွှာများကြားမှနေ၍ အေးစက်စက် ဆေဘာဓားများ ရုတ်တရက် ထွက်ပေါ်လာသည်။

သိန်းနှင့်ချီသော စစ်သားများသည် ဆေဘာဓားများကို ကိုင်ဆောင်၍ တာယွီစစ်တပ်အတွင်းသို့ တိုးဝင်ကာ သူတို့မြင်သမျှ လူတိုင်းကို ခုတ်ပိုင်းကြလေ၏။

ဤအချိန်အခိုက်အတန့်တွင် အသွေးအသားများက နေရာအနှံ့အပြားသို့ ပျံ့လွင့်သွားသည်။

ရုတ်ချည်းဆိုသလိုပင် တာယွီ၏ သိန်းနှင့်ချီသောစစ်တပ်တစ်တပ်မှ စစ်သားများသည် ထန်စစ်တပ်၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

တခြားတာယွီစစ်သားများသည် သူတို့ကို ကာကွယ်ချင်သော်လည်း အင်အားကုန်တိုက်ခိုက်သည့်တိုင် ဝင်္ကပါ၏ အစွန်အဖျားကိုပင် ချိုးဖျက်နိုင်ခြင်း မရှိချေ။

ထိုက်ကျိဝင်္ကပါ၏ လေးဘက်လေးတန်လုံးတွင် ထန်စစ်သားများ မတ်တတ်ရပ်နေကာ သူတို့၏ လက်များအတွင်းတွင် ဒိုင်းများကို ကိုင်ဆောင်ထားသည်။

ဝင်္ကပါတစ်ခုလုံး၏ပြင်ပတွင် အခိုင်အမာ ခုခံကာကွယ်ထားသည့် ကြီးမားသောမှော်စွမ်းအား အကာအကွယ်အလွှာကြီးလည်း ရှိနေသည်။

တာယွီစစ်တပ်သည် ဝန်းရံ‌၍တိုက်ခိုက်လိုသော်လည်း သူတို့သည် ထိုက်ကျိဝင်္ကပါ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေ၏။

သူတို့သည် လူတစ်သောင်းကျော်ခန့် ဆုံးရှုံးပြီးနောက် အလွန်ဆိုးရွားသော အခြေအနေဖြင့် ကောင်းကင်ချိုးဖျက်ခံတပ်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြသည်။

All Chapters