← Chapters

အခန်း (၃၇၅၄-၃၇၅၇)

Vol. 191 Ch. 3754-3757

အခန်း (၃၇၅၄-၃၇၅၇)

Vol. 191 Ch. 3754-3757

Chapter 3754

ဤတိုက်ပွဲသည် သဲခုံစားပွဲပေါ်တွင် ထင်ဟပ်နေပေ၏။

ဤသည်မှာ ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ဖြစ်သော်လည်း အစစ်အမှန်တိုက်ပွဲအခြေအနေအရ တည်ဆောက်ထားခြင်းဖြစ်သည်။

အကယ်၍ အစစ်အမှန် တိုက်ပွဲကွင်းပြင်တွင်ဆိုပါက ရလဒ်သည် သဲခုံစားပွဲပေါ်ရှိမြင်ကွင်းထက် ပို၍ရက်စက်ကြမ်းကြုတ်နေပေမည်။

ဤသည်မှာ လူ့အသက်များကို မြက်ပင်များကဲ့သို့ သဘောထားနေသော နေရာတစ်နေရာပင်။

မည်မျှထိ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက် ဖြစ်နေပါစေ ကျင့်ကြံသူများအကြားရှိ အစစ်အမှန်တိုက်ပွဲတစ်ပွဲတွင် သူတို့သည် အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်သော နယ်ရုပ် အပိုင်းအစတစ်ခုထက် မပို​ချေ။

လုယွီသည် ထန်အင်ပါယာ၏ တိုက်ပွဲဝင်ဝင်္ကပါကိုကြည့်ပြီးနောက် အလွန်အမင်းအာရုံစူးစိုက်နေခဲ့သည်။

သူသည် အတွေးများအတွင်း၌ အနည်းငယ်နစ်မြောနေပေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး ယင်ထျန်းမင်က ပြောဆိုသည်။

"ဒီ တိုက်ပွဲဝင်ဝင်္ကပါက နည်းနည်းတော့ထူးဆန်းတယ်...ဒါက ရှေးဟောင်းအလယ်ခေတ်တုန်းက လက်ဆင့်ကမ်းဆင်းသက်လာတဲ့ အရာတစ်ခု ဖြစ်ပုံရတယ်...အဲဒီဝင်္ကပါမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်...ငါတို့စစ်တပ် အရင်က ရှုံးနိမ့်ခဲ့ရတာတွေက အဲဒီ ဝင်္ကပါရဲ့တည်ရှိမှုကြောင့်ပဲ..."

"ဒါပေမယ့် သူတို့က အဲဒီဝင်္ကပါနဲ့ အမြဲတမ်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး...ငါတို့ရဲ့ ဝင်္ကပါပညာရှင်အယောက်တစ်ရာကျော်က နေ့မအားညမနား သေသေချာချာ လေ့လာနေတာကြောင့် အဲဒီတိုက်ပွဲဝင်ဝင်္ကပါကို ချိုးဖျက်နိုင်ဖို့က အနှေးနဲ့အမြန်ပဲ..."

ထန်အင်ပါယာ၏ တိုက်ပွဲဝင်ဝင်္ကပါ မည်မျှထိ အစွမ်းထက်သည်ကို ယင်ထျန်းမင်က သိရှိထားသည်။

လုယွီသည် ထိုအရာကို အာရုံစူးစိုက်နေသည်အား သူ မြင်တွေ့ချိန်တွင် အလျင်စလို ရှင်းပြလိုက်၏။

သဲခုံစားပွဲပေါ်တွင် ကောင်းကင်ချိုးဖျက်ခံတပ်မှ စစ်တပ်သည် ဆိုးဆိုးရွားရွား ရှုံးနိမ့်နေသည်ကို တွေ့မြင်နေရသည်။

အကယ်၍ သူတို့၏နောက်ရှိ မြို့ရိုးအကာအကွယ်ကြောင့်သာ မဟုတ်ပါက သူတို့သည် လုံးလုံးလျားလျား အမြစ်ပြတ်ချေမှုန်းခံနေရပေမည်။

ယင်ထျန်းမင်အတွက် ဤသည်မှာ အရှက်ရဖွယ်ကိစ္စပင်။

သို့ရာတွင် လုယွီသည် မည်သည့် စကားတစ်ခွန်းမှ ပြောဆိုခြင်းမရှိ​ချေ။

"ထိုက်ကျိနဂါး ဝါးမြိုခြင်းဝင်္ကပါ..."

"တစ်ယောက်ယောက်က ဒီဝင်္ကပါကို တကယ်ကြီး အသုံးပြုနိုင်မယ်လို့ ငါ ထင်မထားမိဘူး...ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်လဲ..."

လုယွီက တီးတိုး ရေရွတ်လိုက်သည်။

နားလည်သဘောပေါက်မှု့ အရိပ်တချို့က သူ့၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားပေ၏။

လုယွီသည် အတိတ်နှင့်ပစ္စုပ္ပန်မှ ပညာရပ်များကို သင်ယူနိုင်ခဲ့ကာ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ရရှိပြီးချိန်တွင် သူ့၏အသိပညာများ ပို၍တိုးတက်လာသည်။

သူသည် ထိုအရာမှနေ‌၍ အကန့်အသတ်မရှိသော အတွေ့အကြုံများနှင့် အဖိုးတန်ရှားပါးသော အသိပညာဗဟုသုတများကို ရရှိခဲ့သည်။

သူ့ရှေ့ရှိဝင်္ကပါသည် ထူးဆန်းနေသော်လည်း သူ ထိုအရာကို မှတ်မိပေ၏။

ဤဝင်္ကပါသည် အလွန်အမင်းရှေးကျသော အရာတစ်ခုပင်။

ရှေးဟောင်းကျမ်းစာအများစု၌ ဤဝင်္ကပါကို ရှေးဟောင်းအလယ်ခေတ်မှ လက်ဆင့်ကမ်း ဆင်းသက်လာသည်ဟု ဆိုကြသည်။

သို့ရာတွင် အလယ်ခေတ်အတွင်းမှ ဤဝင်္ကပါဖွဲ့စည်းပုံကို ရရှိခဲ့သောလူသည် မပြည့်စုံသော စာလိပ်တစ်လိပ်ကိုသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း လုယွီက သိရှိထားသည်။

ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏ အပြည့်အစုံ ဖွဲ့စည်းမှုပုံစံကို လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာအတွင်း၌ မှတ်တမ်းတင်ထားသည်။

ရှေးဟောင်းမဟာကျမ်းစာသုံးခုအနက်မှ တစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင် ကျမ်းစာတွင် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါကဲ့သို့ တိုက်ခိုက်ခြင်းနည်းစနစ်များအမြောက်အများ ပါရှိခြင်းမရှိ​ပေ။

ထိုအရာတွင် အသိပညာဗဟုသုတနှင့် အတွေ့ကြုံများသာ ပါဝင်သည်။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ တစ်ခုလုံးသည် လူအများအား အသိဉာဏ်ဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်ထားပြီး သူတို့ရှေ့ရှိ အခက်ခဲများကိုရင်ဆိုင်နိုင်ရန် လမ်းညွှန်ပေးသည်။

"မင်းတို့တွေဘက်က အရင်ဦးဆောင်ခဲ့တဲ့ တိုက်ခိုက်မှုကို အကြိမ်ရေ ဘယ်လောက်လောက် လုပ်ပြီးပြီလဲ..."

လုယွီက ရုတ်တရက် မေးမြန်းသည်။

ယင်ထျန်းမင်သည် လုယွီ မည်သည်ကြောင့် ဤမေးခွန်းအား ရုတ်တရက်မေးမြန်းသည်ကို မသိရှိ​ချေ။

သူသည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် လိမ်မာပါးနပ်စွာဖြင့် အဖြေပေးသည်။

"ဒါက...ဒါက ငါးကြိမ်ခြောက်ကြိမ်လောက်ပဲ..."

"ငါးကြိမ် ခြောက်ကြိမ်လား..."

"မင်းတို့ တိုက်ခိုက်တဲ့အချိန်တိုင်း ဒီဝင်္ကပါနဲ့ ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်...အနည်းဆုံး လူတစ်သိန်းလောက် သေပြီးလောက်ပြီ...တကယ်လို့ မင်းတို့တွေ ဒီဝင်္ကပါကို အစောကြီးထဲက ချိုးဖျက်နိုင်မယ်ဆိုရင် အသေအပျောက် ပိုနည်းသွားလိမ့်မယ်..."

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

သူသည် ကောင်းကင်ချိုးဖျက်ခံတပ်မှလာသော လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများကို ခံစားမိသည်။

သူတို့အနက်မှ အများစုထံတွင် မြင့်မားသော ကျင့်ကြံဆင့်များရှိသော်လည်း အကယ်၍ သူတို့သည် တိုက်ပွဲကွင်းပြင်ပေါ်တွင် ရှိနေပါက အသက်ရှင်လျက် ပြန်လာနိုင်မည်လောဟူသည်ကို သူ မသိရှိ​ချေ။

လူအမြောက်အများ၏ စိတ်နှလုံးသားများအတွင်း၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါများ မြင့်တက်နေသဖြင့် မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများ ဖွဲ့စည်းနေသည်။

ယင်ထျန်းမင်က ဤသည်ကို ကိစ္စကြီးတစ်ရပ်ဟု တွေးတောခြင်းမရှိ​ပေ။

"ကြည့်ရတာတော့ အရှင်လုက ရှင်းရှင်းလင်းလင်း မသိတဲ့ပုံပဲ...ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းမှာ ဝင်္ကပါပညာရှင် အဖွဲ့စည်းတစ်ခု ရှိနေတယ်...အဲဒီမှာ ဝင်္ကပါပညာရှင် အယောက်တစ်ရာကျော်က အတူပူးပေါင်းပြီးတော့ ထန်အင်ပါယာရဲ့ ဝင်္ကပါကို လေ့လာနေကြတယ်...တစ်ရက်ရက်ကြရင် ငါတို့က အဲ့ဒီ ဝင်္ကပါကို ချိုးဖျက်နိုင်မှာ သေချာတယ်..."

"တကယ်လို့ မင်းတို့သာ အဲဒီ ဝင်္ကပါကို ချိုးဖျက်နိုင်မယ်ဆိုရင်....ဘာလို့ လူတွေကို ငါးကြိမ်ခြောက်ကြိမ်လောက် ဆက်တိုက်လွှတ်ပြီးတော့ အသေခံခိုင်းတာလဲ"

လုယွီက တုံ့ပြန်မေးမြန်းသည်။

ဤစကားသည် ယင်ထျန်းမင်၏မျက်နှာကို ချက်ချင်းနီမြန်းသွားစေပေ၏။

သူတို့သည် ဤဝင်္ကပါကြောင့် အခက်တွေ့နေသည်မှာ အချိန်အတော်ကြာမြင့် နေလေပြီ။

သို့ရာတွင် သူတို့သည် ထိုအရာကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်းရှာတွေ့ခြင်း မရှိသေးပေ။

လုယွီသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သဲခုံစားပွဲ‌၏နံဘေးရှိ စုတ်တံကိုယူကာ အနီရောင်ဟင်္သာပြဒါးအမှတ်အသားတစ်ခု ပြုလုပ်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ယင်ထျန်းမင်က သူ၏ခေါင်းကို ခါရမ်းကာ သက်ပြင်း ရှိုက်လိုက်၏။

"အရှင်လုက ဒီဝင်္ကပါကို ကိုယ်တိုင်ချိုးဖျက်ဖို့ ပြင်ဆင်နေတာလား...မင်း ဒါကို မေ့လိုက်သင့်တယ်....ဝင်္ကပါပညာရှင်တွေအများကြီးတောင်မှ ဒီဝင်္ကပါနဲ့ပါတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး..."

Chapter 3755

ထိုအနီရောင် အမှတ်အသားသည် သဲခုံ စားပွဲပေါ်ရှိ တိုက်ပွဲဝင်ဝင်္ကပါ၏ဖွဲ့စည်းပုံအား ပြောင်းလဲရန် ညွှန်ပြနိုင်သောအရာဖြစ်သည်။

ယင်ထျန်းမင်သည် လုယွီမှ စုတ်တံကို‌ ကိုင်မြှောက်လိုက်သည်ကို မြင်တွေ့ချိန်တွင် လုယွီ မည်သည့်အရာကို ပြုလုပ်ရန် ပြင်ဆင်နေသည်အား သူသိရှိသွားသည်။

ထို့ကြောင့် သူသည် ကူကယ်ရာမဲ့စွာဖြင့် လုယွီကို သတိပေးလိုက်၏။

ထန်အင်ပါယာသည် ဤကဲ့သို့ အစွမ်းထက်သော သတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့သည်။

ထိုဝင်္ကပါ စတင်ထွက်ပေါ်လာသည့် အချိန်မှစ၍ ကောင်းကင်ချိုးဖျက်ခံတပ်သည် ဝင်္ကပါပညာရှင်များကို စုဝေးကာ ထိုအရာကို ချိုးဖျက်နိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့သည်။

သို့ရာတွင် ဤဝင်္ကပါသည် အလွန် ရှုပ်ထွေးပေ၏။

ဝင်္ကပါပညာရှင်အမြောက်အများသည် ထိုအရာကို မြင်တွေ့ချိန်တွင် သူတို့၏ခေါင်းများကို ခါယမ်းကာ လက်လျော့သွားကြလေသည်။

ထိုဝင်္ကပါအဖွဲ့အစည်း၏အဖွဲ့ခေါင်းဆောင်သည် အကယ်၍ တစ်စုံတစ်ယောက်သည် ဤဝင်္ကပါကို ချိုးဖျက်လိုပါက အနည်းဆုံးအနေဖြင့် မဟာဆရာသခင်အဆင့်တွင် ရှိနေရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"သူတို့မလုပ်နိုင်ပေမယ့် ငါမလုပ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး..."

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် စုတ်တံကိုကောက်ယူကာ ဝင်္ကပါပေါ်၌ စုတ်ချက်တချို့ကို ရေးဆွဲလိုက်သည်။

အနီရောင်အမှတ်အသားများအောက်တွင် ထန်အင်ပါယာ၏ ဝင်္ကပါအတွင်း၌ ပိတ်မိနေသော တာယွီတော်ဝင်စစ်တပ်အား ပြင်ပသို့ထွက်နိုင်မည့်လမ်းကြောင်းကို လမ်းညွှန်ပေးနေလေ၏။

ထိုအနီရောင်အမှတ်အသားများ၏ လမ်းကြောင်းသည် အလွန်ထူးဆန်းကာ တစ်ခါတစ်ရံတွင်လက်ဝဲဘက် တစ်ခါတစ်ရံတွင် လက်ယာဘက်သို့ ရှိနေပြီး မည်သည့်ပုံစံမှ ပေါ်လွင်ခြင်း မရှိ​ချေ။

အနီရောင်အမှတ်အသားများ ကျရောက်သွားပြီးနောက် သဲခုံစားပွဲပေါ်တွင် တူညီသောမြင်ကွင်းမျိုး ရှိနေဆဲပင်။

ထန်အင်ပါယာစစ်တပ်ကို ကိုယ်စားပြုသော ခရမ်းရောင်သည် တာယွီတော်ဝင်စစ်တပ်၏ အပြာရောင်အစိတ်အပိုင်းကို အဆက်မပြတ် ဝါးမြိုနေလေ၏။

သဲခုံစားပွဲပေါ်တွင် အပြာရောင်နယ်မြေသည် တစတစ ပို၍ကျဉ်းမြောင်းလာကာ ရှုံးနိမ့်တော့မည်မှာ မလွဲမသွေပင်။

ဤသည်မှာ သူတို့သည် ဝင်္ကပါကို ချိုးဖျက်ရာ၌ ရှုံးနိမ့်ခဲ့သည်ဟု ဆိုလိုခြင်းပင်။

ယင်ထျန်းမင်၏ မျက်လုံးအတွင်း၌ စိတ်ပျက်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။သူက သက်ပြင်းတချက်ရှိုက်ကာပြောဆိုသည်။

""အရှင်လု မင်းမှာ ရည်ရွယ်ချက်ကောင်း ရှိတယ်ဆိုတာ ငါသိပါတယ်...ဒါပေမယ့် ဒီလိုကိစ္စမျိုးက ကျွမ်းကျင်ပညာရှင်တွေကပဲ လုပ်သင့်တဲ့ အရာမျိုးပါ"

ဤဝင်္ကဘာနဲ့ပါတ်သက်ပြီး ဝင်္ကပါပညာရှင် အမြောက်အများပင်လျင် သဲလွန်စကို ရှာဖွေနိုင်ခြင်းမရှိလေရာ လုယွီကဲ့သို့ လူငယ်တစ်ယောက်ဆိုပါက ဆိုဖွယ်ရာပင်မရှိ​ချေ။

လုယွီသည် ယင်ထျန်းမင်ထက်ပင် ပို၍ငယ်ရွယ်ပေ၏။

လုယွီသည် ငယ်ရွယ်သောအသက်အရွယ်ဖြင့် တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိ ဖြစ်နေသည်ကို မြင်တွေ့ချိန်တွင် ယင်ထျန်းမင်သည် အလွန်မနာလို ဖြစ်နေခဲ့လေ၏။

လုယွီက ယင်ထျန်းမင်၏ စကားများကို လစ်လျူရှုကာ ပြောဆိုသည်။

"ထန်အင်ပါယာရဲ့ ဝင်္ကပါကို ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါလို့ခေါ်တယ်...အဲဒီဝင်္ကပါမှာ အပြောင်းအလဲတွေ တစ်သိန်းကျော် ရှိနေပြီးတော့ ချိုးဖျက်နိုင်ဖို့ အရမ်းခက်ခဲတယ်...တကယ်လို့ ငါတို့က အဲဒီဝင်္ကပါရဲ့အ‌ကြောင်းကိုမသိဘဲ မဆင်မခြင်ချိုးဖျက်နေမယ်ဆိုရင်...အဆုံးသတ်မှာ ငါတို့စစ်တပ်က စစ်သားတွေရဲ့အသက်တွေအားလုံး ဆုံးရှုံးရလိမ့်မယ်..."

ထိုသို့ပြောဆိုပြီးနောက် လုယွီက သဲခုံစားပွဲကို ညွှန်ပြကာ ဆက်လက်၍ပြောဆိုသည်။

"ဒီတစ်ကြိမ်တော့ ငါက အပြောင်းအလဲတစ်ခုကို ချိုးဖက်ခဲ့တယ်...ဒါပေမယ့် တိုက်ပွဲ ကွင်းပြင်ပေါ်မှာ ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါက အဆက်မ‌ပြတ် ပြောင်းလဲနေမှာ သေချာပေါက်ပဲ...တကယ်လို့ လူတစ်ယောက်က အင်အားစိုက်ထုတ်ပြီးတော့ အပြောင်းအလဲတစ်ခုကို ချိုးဖျက်နိုင်မယ်ဆိုရင်တောင် တိုက်ပွဲကွင်းပြင်ပေါ်မှာ တစ်ဖက်ရန်သူတွေက အပြောင်းအလဲတစ်ခုလုပ်လိုက်တာနဲ့ ငါတို့စစ်တပ်က အရှုံးနဲ့ ပြန်လာရလိမ့်မယ်..."

"တကယ်တော့ ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ ခုခံကာကွယ်မှု အင်အားတွေက ငါ့ရဲ့ထိန်းချုပ်မှု့အောက်မှာ မရှိဘူး"

"ဒါပေမယ့် ပြောရမယ်ဆိုရင် ဒီဝင်္ကပါက ဘယ်သူမဆို ချိုးဖျက်နိုင်တဲ့အရာမျိုး မဟုတ်ဘူး..."

"ဗိုလ်ချုပ်ယင်....ဝမ်ရှင်းအမတ်ကြီးက ဘယ်နေရာကို သွားတာလဲ..."

လုယွီက ရိုးသားပွင့်လင်းစွာ ပြောဆိုသည်။

သူဤနေရာသို့ လာခဲ့ခြင်းမှာ ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်မှုအတွက် ကူညီထောက်ပံ့ပေးရန်ပင်။

ယခုအချိန်တွင် ကောင်းကင်ချိုးဖျက်ခံတပ်သည် ဤကဲ့သို့ ခက်ခဲသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရလေရာ သူဂရုမစိုက်ပဲ မနေနိုင်​ချေ။

တခြားလူများသည် ထိုကိစ္စကို သိရှိမည် မဟုတ်သော်လည်း လုယွီသည် ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏ စွမ်းအားကိုသိရှိထားသည်။

ဤဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် ရှေးဟောင်း သိုင်းပညာ သူတော်စင်များကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိသည်။

ဤသည်မှာ တိုက်ပွဲကွင်းပြင်အတွင်း၌လည်း အကြီးမားဆုံး သတ်ဖြတ်ခြင်းလက်နက်တစ်ခုပင်။

ယင်ထျန်းမင်က ပြုံးလိုက်သည်။

"အရှင်လု ငါ့ရဲ့အဖေ ဘယ်နေရာကိုသွားလဲဆိုတာ ငါက မသိဘူး...သူက အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားပြီးတော့ လျှို့ဝှက်တယ်...ငါက သူ့ရဲ့သားဖြစ်နေတာတောင်မှ သူနဲ့တွေ့ဖို့ အခွင့်အရေး အများကြီး မရှိခဲ့ဘူး...ဒီတစ်ကြိမ်မှာ သူက သုံးလေးရက်ပဲ ကြာမယ်လို့ ပြောသွားပေမယ့် သူ ပြန်ရောက်လာဖို့က လနည်းနည်းလောက်လဲ ကြာသွားနိုင်တယ်..."

လုယွီက သဲခုံစားပွဲကို သူ၏လက်ဖြင့် တဒေါက်ဒေါက်ခေါက်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ဒီလိုဆိုမှတော့ ငါက မင်းကို အနှောက်ယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."

"နှုတ်ဆက်ခဲ့ပါတယ်..."

သူ ဤနေရာသို့ လာခဲ့သော်လည်း စစ်ရေးနဲ့အုပ်ချုပ်ရေးအရာရှိများကို မြင်တွေ့ခဲ့ရခြင်း မရှိ​ချေ။

အကယ်၍ သူသည် ယင်ထျန်းမင်နှင့် စကားဆက်ပြောနေပါကလည်း အသုံးဝင်မည် မဟုတ်​ပေ။

"ငါက စစ်ရေးအရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့်....အရှင်လုကို လိုက်မပို့တော့ဘူး"

ယင်ထျန်းမင်၏မျက်နှာပေါ်တွင် အေးစက်တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီနှင့်လန်ဝူရှင်း ထွက်သွားချိန်တွင် ယင်ထျန်းမင်က အထင်မြင်သေးစွာဖြင့် နှာတစ်ချက် မှုတ်လိုက်သည်။

"စာရွက်ပေါ်မှာ စကားပြောဖို့ပဲသိတဲ့ ကျောင်းတော်သား တစ်ယောက်ကများ...မင်းက ဝင်္ကပါကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...အရှက်မရှိ လာပြီးကြွားဝါနေတယ်..."

Chapter 3756

လုယွီထွက်ခွာသွားသည်ကို မြင်တွေ့သော်လည်း ယင်ထျန်းမင်ထံတွင် သူ့အား ပို့ဆောင်နှုတ်ဆက်ရန်အတွက် ရည်ရွယ်ချက်မရှိ​ချေ။

"လာကြစမ်း သူ့ကိုစောင့်ကြည့်ဖို့အတွက် တစ်ယောက်ယောက်ကိုစေလွှတ်လိုက်... တကယ်လို့ သူတစ်ခုခုလုပ်ရင် ငါ့ကို အမှန်အတိုင်း သတင်းပို့ရမယ်... "

ယင်ထျန်းမင်က သူ၏လက်ကို‌ ဝှေ့ရမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏နံဘေးမှနေ၍ အနက်ရောင်ပုံရိပ်တချို့ ထွက်လာကာ လုယွီထွက်ခွာသွားသောနေရာသို့ ဦးတည်၍ပျံသန်းသွားတော့သည်။

ကောင်းကင်ချိုးဖျက်ခံတပ်သည် လက်ဝဲစစ်တပ်နယ်မြေ၏ ပိုင်နက်နယ်မြေအတွင်း၌ ရှိသော်လည်း လုယွီ၏အုပ်ချုပ်မှုအောက်၌ ရှိမနေ​ပေ။

ဤကဲ့သို့ခံတပ်မျိုးသည် တော်ဝင်နန်းတွင်း၏ ထိန်းချုပ်မှုအောက်၌ တိုက်ရိုက်တည်ရှိသည်။

လုယွီသည် လက်ဝဲစစ်တပ်နယ်မြေ၌ အဆင့်မြင့်ဆုံးအရာရှိဖြစ်သည့်တိုင် သူသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ကြယ်နယ်မြေများကိုသာ စီမံအုပ်ချုပ်နိုင်ပြီး ကောင်းကင်ချိုးဖျက်ခံတပ်ကို လွှမ်းမိုးနိုင်ခြင်း မရှိ​ချေ။

ထို့ပြင် ယင်ထျန်းမင်၏ဖခင် ယင်ကျန်းသဲသည် ဝမ်ရှင်းအမတ်ကြီးဘွဲထူးကို ချီးမြှင့်ခံထားရသည့် အဆင့်မြင့်အရာရှိဖြစ်သည်။အရာရှိအဆင့်အတန်းအရဖြစ်စေ ဘွဲ့ထူးအရဖြစ်စေ ယင်ကျန်းသဲသည် လုယွီထက် ခေါင်းတစ်လုံးစာခန့် ပို၍ မြင့်မားသည်။

ထို့ကြောင့် ယင်ထျန်းမင်သည် လုယွီကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း မရှိ​ချေ။

"သခင်လေး... ဆရာစုန် ပြန်ရောက်လာပါပြီ..."

သက်တော်စောင့်တစ်ယောက်သည် ပြင်ပမှနေ၍ တပ်မှူးတဲအတွင်းသို့ ပြေးဝင်လာခဲ့သည်။

ယင်မိသားစု၏ သီးသန့်သက်တော်စောင့်များနှင့် အရာရှိများ၏အဆင့်အတန်းသည် သာလွန်ထူးကဲကာ သူတို့သည် ယင်ကျန်းသဲ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားများလည်းဖြစ်သည်။

ထိုသီးသန့် သက်တော်စောင့်များ၏ လစာငွေများကို ယင်ကျန်းသဲမှ ပေးအပ်ခြင်းဖြစ်သဖြင့် သူ့အပေါ်တွင် အလွန်အမင်း သစ္စာစောင့်သိသည်။

ဆရာစုန်ဟူသော စကားကိုကြားချိန်တွင် ယင်ထျန်းမင်၏ မျက်လုံးများ တောက်ပသွားကာ သူက အလျင်စလို ပြောဆိုသည်။

"ကျေးဇူးပြုပြီး အထဲကို ဖိတ်ခေါ်လိုက်ပါ..."

ထိုသို့ပြောဆိုပြီးနောက် ယင်ထျန်းမင်သည် သူကိုယ်တိုင်ကိုယ်ကျ ဆီးကြိုနှုတ်ဆက်ရန် ပြင်ပသို့လျောက်လှမ်းသွားလိုက်သည်။

တပ်မှူးတဲ၏ပြင်ပတွင် ကြက်သွေးရောင် မီးတောက်နဂါးမြင်းဆွဲသော ရထားလုံးတစ်စီး ရပ်တန့်ထားသည်။

ထိုရထားလုံးပေါ်တွင် ကြက်သွေးရောင်ဖီခြူးအမှတ်အသားကို ရေးထွင်းထားသည်။ရထားလုံးကိုဆွဲသော နဂါးမြင်းများသည် အလွန်ကြီးမားပေ၏။

ထိုနဂါးမြင်းများသည် သာမန်စစ်သားတစ်ယောက်၏အရပ်အမြင့်ထက် နှစ်ဆခန့် ပို၍မြင့်မားကာ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် မီးတောက်များဖြင့်ဝန်းရံနေသည်။

ထိုရထားလုံးသည် ကြီးကျယ်ခမ်းနားပြီး ကြည့်ရသည်မှာ အလွန်သာလွန်ထူးကဲပေ၏။

အနက်ရောင် သံချပ်ကာဝတ်စစ်သားတစ်စုသည် ရထားလုံး၏နံဘေးဝဲယာ၌ မတ်တတ်ရပ်နေကာ ထိုအရာကို အခိုင်အမာကာကွယ်စောင့်ကြပ်နေသည်။

ကျောင်းတော်သားဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က ရထားလုံးအတွင်းမှထွက်လာသည်။

သူ့ကိုကြည့်ရသည်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး သန့်စင်ပုံရသည်။

သို့ရာတွင် သူသည် အလွန်အမင်းပင်ပန်း နွမ်းနယ်နေပုံရကာ သူ၏မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကို ဖုံးကွယ်ထားရန် အလွန်ခက်ခဲနေသည်။

သူ၏ခေါင်းရှိ ဆံပင်များပေါ်တွင် ဆီးနှင်းအရိပ်အယောင်များ ရှိနေလေ၏။

"ဆရာစုန်ကို အရိုအသေပြုပါတယ်..."

ယင်ထျန်းမင်က အလျင်စလို ရှေ့သို့တိုးလိုက်သည်။

သူ၏အပြုအမူသည် လုယွီကို သူဆက်ဆံချိန်ကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

သူသည် အလွန်အမင်း ရိုသေလေးစားနေပေ၏။သူ၏ရှေ့ရှိ ဆရာသခင်၏နာမည်မှာ စုန်ချင်းဖုန်းဖြစ်ကာ သူ့ဖခင်၏လက်ထောက်တစ်ယောက် ဖြစ်သည်။

စုန်ချင်းဖုန်းသည် ဝမ်ရှင်းအမတ်ကြီး၏ လက်ထောက်များအကြားတွင် အခွင့်အာဏာကြီးမားကာ ယင်မိသားစုအတွင်းတွင်လည်း သူ့၏အဆင့်အတန်းမှာ အလွန်မြင့်မားသည်။

ယင်ကျန်းသဲသည် ယနေ့ကဲ့သို့ ရာထူးနေရာမျိုးကို ရရှိခဲ့ခြင်းအကြောင်းအရင်းမှာ သူသည် စုန်ချင်ဖုန်း၏ ကူညီထောက်ပံ့မှုကို မှီခိုအားထားခဲ့ခြင်းကြောင့်ပင်။

ယင်ထျန်းမင်သည် ယင်ကျန်းသဲ၏ သားဖြစ်သော်လည်း သူသည် စုန်ချင်းဖုန်း၏ရှေ့တွင် မဆင်မခြင် ပြုမူဝံ့ခြင်း မရှိ​ချေ။

"သခင်လေး ဒါက မဟာဆရာသခင် ဟွမ်ဖူပါ...သူ့ကို မြန်မြန်လေး ဆီးကြိုနှုတ်ဆက်လိုက်အုံး..."

စုန်ချင်းဖုန်း၏မျက်နှာသည် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသော်လည်း သူသည် ယင်ထျန်းမင်ကို မိတ်ဆက်ပေးလိုက်၏။

စုန်ချင်းဖုန်း၏နောက်၌ မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက် မတ်တပ်ရပ်နေသည်။

ထိုလူအိုကြီး၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော အရေးအကြောင်းများရှိကာ အသက်အတော် အိုမင်းနေပုံရသည်။သူ၏ဆံပင်များသည် ခြောက်ကပ်နေကာ မီးခိုးရောင်သို့ ပြောင်းလဲနေလေပြီ။သူ့ကိုကြည့်ရသည်မှာ အသက်အရွယ် အိုမင်းခြင်းကြောင့် သေဆုံးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပုံရသည်။

ထိုလူအိုကြီး၏ ခန္ဓာကိုယ်မှနေ မည်သည့်တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါမျိုးမျှ ထွက်ပေါ်နေခြင်း မရှိ​ပေ။

အကယ်၍ ဤကဲ့သို့ ပုံပန်းသွင်ပြင်မျိုးကို လူအုပ်အကြား၌ ချထားပါက မည်သည့် လှုပ်ခတ်မှုမျိုးမျှ ဖြစ်သွားမည်မဟုတ်ဘဲ မည်သူကမျှ သူ့အား သတိပြုမိမည် မဟုတ်ချေ။

သို့ရာတွင် ယင်ထျန်းမင်သည် အကြည့်တချက်ဖြင့်ပင် ထိုလူအိုကြီး၏ဟောင်းနွမ်းနေသော မီးခိုးရောင်ဝတ်စုံပေါ်၌ အလွန်အမင်း ကြီးကျယ်ခမ်းနားသော တံဆိပ်တစ်ခု ရှိနေသည်ကို တွေ့မြင်မိသည်။

ထိုတံဆိပ်ပြားပေါ်တွင် တိမ်တိုက်ငါးခု အမှတ်အသားကို ရေးထွင်းထားကာ ကြယ်ရောင်အလင်းတန်းများဖြင့် တန်ဆာဆင်ထားသည်။

ထိုတံဆိပ်ပြား၏ မျက်နှာပြင်ပေါ်သို့ အလင်းတန်းတစ်တန်းကျဆင်းသွားသည်နှင့် အလွန်အမင်းတောက်ပသော အလင်းတန်းများ ရောင်ပြန်ဟပ်လာပေမည်။

"ကောင်းကင်ဘုံကျန်းခန်မရဲ့ မဟာဝင်္ကပါပညာရှင် တစ်ယောက်လား...ဖြစ်နိုင်တာတော့ အကြီးအကဲက အရှေ့အောင်နိုင်ခြင်းကြယ်မြစ် ကောင်းကင်ဘုံကျန်းခန်းမရဲ့ခန်းမသခင် ဆရာဟွမ်ဖူလား..."

ယင်ထျန်းမင်သည် အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေကာ သူက အော်ဟစ်လိုက်သည်။

ဤတံဆိပ်ပြား၏ မူရင်းဇစ်မြစ်သည် အလွန်အမင်း ထူးခြားပေ၏။

ဤသည်မှာ ကောင်းကင်ဘုံကျန်းခန်းမဆောင်၏အကြီးအကဲ မဟာဝင်္ကပါပညာရှင်များသာ ပိုင်ဆိုင်နိုင်သော အရာ ဖြစ်သည်။

Chapter 3757

တံဆိပ်ပြားပေါ်တွင် တိမ်တိုက်ငါးခု အမှတ်အသားရှိနေခြင်းမှာ ပဉ္စမအဆင့်မဟာဆရာသခင်ဟု ဆိုလိုခြင်းပင်။

မဟာဆရာသခင်ဟု ခေါ်ဆိုခံရသူတိုင်းသည် နာမည်​ကျော်ကြားပေ၏။သူတို့အားလုံးသည် သူတို့၏ပညာရပ်နယ်ပယ်တွင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိထားသူများဖြစ်သည်။

သူတို့သည် ကျင့်ကြံခြင်းနယ်ပယ်အရ နက်နဲသိမ်မွေ့ခြင်းမရှိသော်လည်း ပညာရပ်နယ်ပယ်တစ်ခုတွင် နှံ့နှံ့စပ်စပ် လေ့လာသင်ယူထားသူများ ဖြစ်ပေ၏။

သူတို့သည် ခြေတစ်ဖက် ဆောင့်နင်းရုံဖြင့် ကောင်းကင်ဘုံနယ်မြေကို လှုပ်ခတ်နိုင်စွမ်းရှိသော တည်ရှိမှုကြီးများပင်။

ဝင်္ကပါပညာရှင်များ ဆေးပညာရှင်များနှင့် ဖုန်းရွှေပညာရှင်များသည် ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး၌ အဖိုးတန်ရှားပါးဆုံး တည်ရှိမှုကြီးများအဖြစ် အစဉ်အမြဲရပ်တည်နိုင်ခဲ့သည်။

ထိုအဆင့်အတန်းသုံးခုအနက်မှ တစ်ခုကိုရရှိရန်အတွက် တစ်ရက်ပြီးတစ်ရက် ပင်ပင်ပန်းပန်း ကြိုးစားခြင်းကို မှီခိုခြင်းဖြင့် လုံလောက်ရန်မှာ အလွန်အမင်းအလှမ်းကွာဟသည်။

ထိုပညာရပ်နယ်ပယ်များကို သင်ယူနိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် လုံလောက်သော ပါရမီအရည်အချင်းရှိရန် လိုအပ်သည်။ထိုဂိုဏ်းများအတွင်းသို့ ဝင်ရောက်နိုင်သော လိုအပ်ချက်များမှာလည်း အလွန်အမင်း ကြမ်းတမ်းပေ၏။

လူအများစုသည် ထိုဂိုဏ်းများအတွင်းသို့ ဝင်ရောက်ပြီးသည့်တိုင် သူတို့ထံ၌ ပါရမီအရည်အချင်း မရှိခြင်းကြောင့် အချိန်ကြာကြာ နေနိုင်ခြင်းမရှိပဲ ဂိုဏ်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ရသည်။

ဝင်္ကပါပညာရှင်များသည် ထိုအဆင့်အတန်းသုံးခုအနက်မှ တစ်ခုဖြစ်ကာ ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်လာရန် လိုအပ်ချက်များသည် ဆေးပညာရှင်တစ်ယောက် ဖြစ်လာရန်ထက် များစွာပို၍ခက်ခဲသည်။

ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် တစ်စုံတစ်ယောက်သည် ဝင်္ကပါဖွဲ့စည်းပုံများကို အာရုံခံနိုင်စွမ်းရှိရန် လိုအပ်ရုံသာမက အလွန်အမင်း မြင့်မားသော စိတ်စွမ်းအားလည်း ရှိနေရပေမည်။

ထိုလူသည် ဝင်္ကပါဖွဲ့စည်းပုံ၏အပြောင်းအလဲများကို အာရုံခံနိုင်ကာ ရှုပ်ထွေးသော ဝင်္ကပါများကိုလည်း ချိုးဖျက်နိုင်ရပေမည်။

ကျင့်ကြံသူတစ်ချို့သည် သူတို့၏ ကျင့်ကြံဆင့်နယ်ပယ်များ နက်နဲသိမ်မွေ့သည့်တိုင် ဝင်္ကပါတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့ ဖြစ်နေတတ်သည်။

သူတို့သည် အကြမ်းဆန်သောခွန်အားကို အသုံးပြု၍သာ ထိုအရာများကို ချိုးဖျက်ရမည်ဟု သိရှိကြသည်။

ကျင့်ကြံဆင့်နယ်ပယ်တူအတွင်း၌ ဝင်္ကပါပညာရှင်များသည် တခြားကျင့်ကြံသူများကို ဝင်္ကပါများအတွင်းသို့ လှောင်ပိတ်၍ လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။

လုယွီသည် အောက်ဘုံတွင် ရှိနေစဉ်၌ ဝင်္ကပါများနှင့် နဂါးသွေးကြောကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။

သူသည် သူ့ထက် များစွာပို၍ အားကောင်းသော ရန်သူများကို ဝင်္ကပါများ၏ အံ့အားသင့်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများကို မှီခို၍ အနိုင်ယူနိုင်ခဲ့သည်။

ကောင်းကင်ချိုးဖျက် ခံတပ်အတွင်း၌ ဝင်္ကပါပညာရှင်ဟုခေါ်ဆိုသောလူ အမြောက်အများရှိသော်လည်း သူတို့အနက်မျှတစ်ဦးတစ်ယောက်မှ မဟာဝင်္ကပါပညာရှင် မဟုတ်​ချေ။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံးတွင် ဝင်္ကပါမဟာပညာရှင်ဟု ခေါ်ဆိုနိုင်သော လူနည်းစုသာ ရှိသည်။

မဟာဝင်္ကပါပညာရှင်များသည် ကောင်းကင်ဘုံနယ်မြေ တစ်ခွင်လုံး၌ အလွန်နာမည်​ကျော်ကြားသော တည်ရှိမှုကြီးများပင်။

ထိုကဲ့သို့ မဟာဝင်္ကပါပညာရှင်များ အလွန်နည်းပါးခြင်းကြောင့် ယင်ထျန်းမင်သည် သူ့ရှေ့ရှိ လူအိုကြီး၏ အဆင့်အတန်းကို အလျှင်အမြန် မှတ်မိသွားသည်။

ကောင်းကင်ဘုံကျန်းခန်းမဆောင်ကို တော်ဝင်နန်းတွင်းမှ တည်ဆောက်ထားခြင်းဖြစ်ကာ ကြယ်နယ်မြေများရှိ အမျိုးမျိုးသောဝင်္ကပါခန်းမများ၌ ဖြန့်ကျက်ထားသည်။

ကြယ်​မြစ်များအတွင်း၌ ကောင်းကင်ဘုံကျန်းခန်းမဆောင်ကိုတည်ဆောက်ပြီးနောက် ခန်းမသခင်သည် စတုတ္ထအဆင့်အရာရှိတစ်ယောက် ဖြစ်သည်။

သို့ရာတွင် သူတို့သည် ကံကြမ္မာစွမ်းအား၏ ကောင်းချီးပေးမှုကို ရရှိလေ၏။

ကောင်းကင်ဘုံကျန်းခန်းမဆောင်၏ ခန်းမသခင်များအနက်မှ မည်သည့်တစ်ယောက်မဆို ဝင်္ကပါပညာရပ်၌ မဟာဆရာသခင်များဖြစ်ကာ သူတို့သည် အချိန်အတော်ကြာ နာမည်​ကျော်ကြားလာသူများ ဖြစ်သည်။

သူတို့၏ စီနိယာကျမှုသည် အလွန်အမင်းမြင့်မားကာ သူတို့၏တပည့်များသည် လောကကြီးအတွင်းရှိ နေရာအနှံ့အပြား၌ရှိနေသည်။

တော်ဝင်နန်းတွင်းမှ အရာရှိကြီးတစ်ချို့ပင်လျင် သူတို့၏ တပည့်များဖြစ်ကာ သူတို့သည် အလွန်အမင်း ရိုသေလေးစားမှုကို ခံယူရသည်။

မဟာဝင်္ကပါပညာရှင်များသည် အလွန်ရှားပါးကာ သူတို့အနက်မှအများစုသည် လောကကြီးအတွင်းရှိ ဝင်္ကပါများကိုလေ့လာခြင်းဖြင့်သာ အချိန်ကုန်ဆုံးကြသည်။

အကယ်၍ သူတို့အား ရန်စစော်ကားမိပါက ထိုလူများသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရပေမည်။

ရှေးဦးစွာ သူတို့သည် တဖက်လူ၏ တပည့်များမှ နာကြည်းမုန်းတီးခြင်းကိုခံရကာ လက်စားချေခြင်း ခံယူရပေမည်။

အဆုံးသတ်၌ မဟာဝင်္ကပါပညာရှင်များကို ရန်စမိသူများသည် ခြေတစ်လှမ်းရှေ့သို့တိုးရန်ပင် အလွန်အမင်း ခက်ခဲသွားပေမည်။

မဟာဝင်္ကပါပညာရှင် ဟွမ်ဖူသည် အလွန်အမင်း အသက် အိုမင်းနေလေပြီ။

သူသည် သူ၏ခေါင်းကိုပင် ခက်ခက်ခဲခဲ မော့နေရသည်။

ဟွမ်ဖူက သူ့၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဘာမှ ထုံးတမ်းစဉ်လာတွေ လုပ်နေဖို့မလိုအပ်ဘူး...ထန်အင်ပါယာစစ်တပ်ဘက်မှာ အထူးဝင်္ကပါတစ်ခု ရှိတယ်လို့ ငါကြားထားတယ်...ငါက အဲဒီဝင်္ကပါကို ဘယ်လိုလူမျိုးက ခင်းကျင်းထားတယ်ဆိုတာ ကြည့်ချင်လို့ လာခဲ့တာပဲ..."

သူ့၏အသံသည် အုတ်ဂူတစ်ခုအတွင်းမှ တွားသွားတက်လာသည့်အလား အလွန်အမင်းအက်ရှနေသည်။

ဤသည်မှာ သေဆုံးသွားသော သူရဲကောင်းတစ်ယောက်နှင့်တူညီသည်ဟူသော ခံစားချက်မျိုးကို လူအများအား ပေးစွမ်းနိုင်သည်။

"မဟာဝင်္ကပါပညာရှင် ဟွမ်ဖူ... ကျေးဇူးပြုပြီးတော့ ကျွန်တော်နောက်ကို လိုက်ခဲ့ပေးပါ..."

စုန်ချင်းဖုန်းက တပ်မှူးတဲအတွင်းသို့ မဟာဝင်္ကပါပညာရှင် ဟွမ်ဖူကို ခေါ်ဆောင်သွားလိုက်သည်။

ယင်ထျန်းမင်သည် နံဘေးမှလိုက်ပါသွားခဲ့သော်လည်း သူသည် အသံတစ်သံ ထွက်ဝံ့ခြင်းမရှိပဲ ရိုသေလေးစားစွာဖြင့် ငြိမ်သက်နေခဲ့သည်။

သူတို့သည် သဲခုံစားပွဲအနီးသို့ရောက်ရှိချိန်တွင် အစေခံတစ်ယောက် အလျှင်အမြန်အပြေးလာကာ မဟာဝင်္ကပါပညာရှင်ဟွမ်ဖူအတွက် ထိုင်ခုံတစ်လုံးကို ယူဆောင်ပေးလေ၏။

ဟွမ်ဖူက သူ့၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဝင်္ကပါကို အရင်ဆုံး ကြည့်ကြစို့"

သူ့၏မျက်လုံးများက သဲခုံစားပွဲပေါ်သို့ ကျရောက်သွားသည်။

သူသည် သဲခုံစားပွဲ၏အထက်တွင် ​မျောလွင့်နေသော ဟင်္သာပြဒါးဖြင့် ရေးဆွဲထားသည့် အနီရောင်မျဉ်းကြောင်းတစ်ခုကို တွေ့မြင်မိသည်။

ဤသည်မှာ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။

ဤအနီရောင်မျဉ်းကြောင်းသည် တွန့်လိမ်ကာ ကောက်ကွေ့နေပြီး ထန်အင်ပါယာမှထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါ၏အထက်၌ တည်ရှိနေသည်။

ဤသည်မှာ အလွန်အမင်းမျက်စိစူးရှဖွယ် ကောင်းပေ၏။

"ဘာလဲ တစ်ယောက်ယောက်က ဒီသဲခုံစားပွဲကို ထိသွားသေးတာလား..."

စုန်ချင်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

သူ ထွက်ခွာခဲ့စဉ်က သဲခုံစားပွဲသည် ဤကဲ့သို့ ပုံစံမျိုး မဟုတ်​ချေ။

All Chapters