အခန်း (၃၇၅၈-၃၇၆၁)
Vol. 191 Ch. 3758-3761
Chapter 3758
ယင်ထျန်းမင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။
သူသည် လုယွီ၏ ဆိုးရွားသောလုပ်ရပ်အတွက် တိတ်တဆိတ်ကျိန်ဆဲကာ အလျင်အမြန် ရှင်းပြရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ဟွမ်ဖူသည် သူ၏လက်ကိုဝှေ့ယမ်းကာ စိတ်မရှည်သောလေသံဖြင့်ပြောဆိုသည်။
"ပြဿနာမရှိဘူး ဒါက စုတ်တံနဲ့ဆွဲထားတာလေးတစ်ခုပဲ...ဒီဝင်္ကပါက တော်တော်လေး ရှုပ်ထွေးတယ်လို့ ငါပြောနိုင်တယ်...မင်းတို့အားလုံး အပြင်ကို ထွက်သွားကြစမ်း...ငါ ဒီနေရာမှာ တိတ်တဆိတ်လေ့လာချင်တယ်..."
"မဟာဆရာသခင်ဟွမ်ဖူ တကယ်လို့ မင်းမှာ လိုအပ်တာတစ်ခုခုရှိရင် အချိန်မရွေး ငါ့ကို ညွှန်ကြားနိုင်ပါတယ် ..."
စုန်ချင်းဖုန်းသည် ချက်ချင်းဆိုသလိုပင် ယင်ထျန်းမင်ကို ခေါ်ဆောင်ကာ ပင်မတဲအတွင်းမှ ထွက်ခွာသွားတော့သည်။
ယင်ထျန်းမင်သည် အလွန်အမင်း သတိကြီးစွာ ထားနေလေ၏။
သူသည် ပြင်ပသို့ရောက်ရှိသည်နှင့် အလျင်စလို မေးမြန်းလိုက်သည်။
"ဆရာစုန်...ဒီလိုထိပ်သီးပညာရှင်တစ်ယောက်ကို မင်း ဘယ်လိုဖိတ်ကြားခဲ့တာလဲ"
ဤသည်မှာ မဟာဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ပြီး လွယ်လင့်တကူ ထွက်ပေါ်လာလေ့ မရှိချေ။
စုန်ချင်းဖုန်းသည် မျက်မှောင်ကြုတ်ကာ သူ၏မျက်ခုံးကို ပွတ်သပ်ပြီး စဉ်းစားတွေးတောလိုက်၏။
"ငါရဲ့စုန်မိသားစုနဲ့ မဟာဝင်္ကပါပညာရှင်ဟွမ်ဖူကြားမှာ အရင်တုန်းက ဆက်ဆံရေးကောင်း တစ်ခုရှိတယ်...အဲ့ဒီမိတ်ဆွေဆက်ဆံရေးကြောင့် ငါ သူ့ကို ဒီနေရာဆီ ဖိတ်ခေါ်နိုင်ခဲ့တာပဲ...ထန်အင်ပါယာရဲ့ဝင်္ကပါကို ငါတို့က အမြန်ဆုံး ချိုးဖျက်နိုင်ဖို့ မျှော်လင့်မိတယ်...ဒါက ထပ်ပြီး နှောင့်နှေးကြန့်ကြာနေလို့မရတော့ဘူး..."
စုန်ချင်းဖုန်းသည် ထိုသို့ပြောဆိုပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်၏။
"လာကြစမ်း ဒီတဲရဲ့နံဘေးပတ်ဝန်းကျင်မှာ အစောင့်စစ်သားတွေကို နေရာချထားလိုက်စမ်း...ဘယ်သူ့ကိုမှ အနီးကို ချဉ်းကပ်ခွင့် မပြုရဘူး"
"ဟုတ်ကဲ့..."
အမှောင်ထုအတွင်းမှနေ၍ ရာနှင့်ချီသော သံချပ်ကာဝတ်စစ်သားများ ပေါ်ထွက်လာကာ တပ်မှူးတဲ၏နံဘေးပတ်လည်ကို အခိုင်အမာ စောင့်ကြပ်လိုက်ကြ၏။
သူတို့သည် ယင်မိသားစုမှ ရွေးချယ်ထားသော လက်ရွေးစင်စစ်သားများပင်။
ပတ်ဝန်းကျင်၌ သူတို့ စောင့်ကြပ်နေသည်နှင့် ချက်ခြင်းဆိုသလိုပင် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့်ပြည့်နှက်သွားကာ ထွင်းဖောက်၍မရနိုင်လောက်သည်အထိ ခိုင်မာတောင့်တင်းသည်။
'ကောင်းကင်ချိုးဖျက်ခံတပ် အရှေ့ပိုင်းမြို့'
ဤသည်မှာ ခံတပ်မှလူများ မှီတင်းနေထိုင်ရာ နေရာတစ်နေရာပင်။
ဤနေရာ၌နေထိုင်သူအများစုသည် ခံတပ်၌ စစ်စခန်းချနေသော စစ်သားများ၏မိသားစုဝင်များ ဖြစ်သည်။
ဤနေရာတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လှည့်လည်သွားလာနေသော ကုန်သည် တချို့လည်း ရှိနေသည်။
ကောင်းကင်ချိုးဖျက်ခံတပ်သည် စစ်တပ်မြို့ တစ်မြို့ပင်။
ထို့ကြောင့် ကုန်သည်များ၏ကုန်စည်များ အလွန်ရိုးရှင်းနေလျင်ပင် ဤနေရာ၌ စီးပွားရေး လုပ်ကိုင်ရသည်မှာ အကျိုးအမြတ် လွန်စွာရရှိသည်။
သို့ရာတွင် ဤနေရာသည် ရှေ့တန်းနှင့် အလွန်နီးကပ်နေသောကြောင့် စီးပွားရေးလုပ်ကိုင်ရသည်မှာ အလွန်အန္တရာယ်များပြားသည်။
ဆိုရိုးစကားအရ ပြောဆိုရလျင် 'ကံကြမ္မာကောင်းများသည် အန္တရာယ်အတွင်းမှ ရောက်ရှိလာသည် 'ဟူသည့်အတိုင်း နှစ်စဉ် ကုန်သည်အမြောက်အများသည် သူတို့၏အသက်များကို စွန့်စား၍ ဤနေရာသို့ လာရောက်လေ့ရှိသည်။
ကောင်းကင်ချိုးဖျက်ခံတပ်သည် မြို့တံခါးများကို အစဉ်အမြဲ ဖွင့်ထားလေ့မရှိချေ။
သူလျှိုများ ခိုးဝင်လာခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ ကောင်းကင်ချိုးဖျက်ခံတပ်၏ မြို့တံခါးများကို တစ်လလျင်လေးကြိမ်သာဖွင့်ပြီး ကုန်သည်များကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုသည်။
လုယွီနှင့်လန်ဝူရှင်းတို့ ရောက်ရှိလာသည်မှာ အချိန်ကောင်း မဟုတ်ချေ။
သူတို့ရောက်ရှိလာသည်နှင့် စစ်သားများ၏ တားဆီးခြင်းကို ခံခဲ့ရလေ၏။
"အရှင် အဲဒီကောင်လေးကို ဘာလို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေတာလဲ...သူက ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ပဲလေ...မင်းက မြင့်မြတ်တဲ့ တတိယအဆင့် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပဲ...မင်းကိုယ်တိုင် သွားခဲ့တာတောင်မှ ကောင်းကင်ချိုးဖျက်ခံတပ်က မင်းကို ကြိုဆိုဖို့အတွက် သူ့လို သခင်လေးတစ်ယောက်ကိုပဲ လွှတ်လိုက်တယ်...ဒါက မင်းကို သူတို့မျက်လုံးထဲ ထည့်မထားဘူးဆိုတာ အသိသာကြီးလေ..."
လန်ဝူရှင်းသည် သူ၏ဒေါသများကို ချိုးနှိမ်ထားရသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။
သူသည် တပ်မှူးတဲအတွင်းမှ ထွက်လာသည်နှင့် လုယွီကို စောဒက တက်လိုက်သည်။
လုယွီက လန်ဝူရှင်းကို စောင်းငဲ့ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုသည်။
"ဒီနေရာက ပြင်ပလောကနဲ့ ကွဲပြားခြားနားတယ်...ဒီနေ့ ဘယ်သူမှထွက်မလာခဲ့ရင်တောင် ဒါက ပုံမှန်ပဲ...ကောင်းကင်ချိုးဖျက်ခံတပ်က ယင်ထျန်းမင်တစ်ယောက်ထဲကိုလွှတ်ပြီး ငါ့ကို ကြိုဆိုခိုင်းတာက...ပြောရမယ်ဆိုရင် ဒါက ခံတပ်တစ်ခုလုံးပဲ...ယင်ထျန်းမင်တစ်ယောက်တည်းကပဲ အေးအေးဆေးဆေး နေနိုင်တဲ့အခြေအနေမှာ ရှိနေတယ်..."
လန်ဝူရှင်းသည် ကြက်သေသေသွားကာ ပြောဆိုလိုက်၏။
"ဒါဆိုရင် တခြားစစ်ဗိုလ်ချုပ်တွေနဲ့ အရာရှိတွေက..."
"သူတို့က မြို့ရိုးတွေပေါ်ကို ရောက်နေတယ် ဗိုလ်ချုပ်တွေ မဆိုထားနှင့် စာပေအရာရှိတွေနဲ့ သေမျိုးတွေတောင်....တကယ်လို့ မင်းက အခန်းကဏ္ဏတစ်ခုခုမှာ ဆောင်ရွက်နိုင်တာနဲ့ တိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်... "
"ယင်ထျန်းမင်က ဒီကိစ္စကို ဖုံးကွယ်ချင်နေတယ်... သူတို့က ကောင်းကင်ချိုးဖျက်ခံတပ်ကို ဆက်ပြီးတော့ ကာကွယ်နိုင်အုံးမယ်လို့ ထင်နေကြတယ်...ဒါပေမယ့် ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးက အရမ်းကြီးမားတဲ့ အန္တရာယ်ထဲကို ကျရောက်နေတယ်ဆိုတာ ငါ သိထားပြီးပြီ"
လုယွီသည် လမ်းမကြီးမှတဆင့် လန်ဝူရှင်းကို ခေါ်ဆောင်သွားကာ လမ်းကျဉ်းတစ်ခု၏ ရှေ့သို့ရောက်ရှိသွားသည်။
"ဒီလမ်းကျဉ်းလေးထဲမှာ ဘာကွဲပြား ခြားနားချက်တွေ ရှိလဲဆိုတာ မင်း ပြောနိုင်လား... "
လုယွီက မေးလိုက်သည်။
ဤအချိန်ကျမှသာ လန်ဝူရှင်းသည် သူ့ရှေ့ရှိ လမ်းကျဉ်းလေးအတွင်းမှ အိမ်တိုင်းတွင် အဖြူရောင်အလံများ ချိတ်ဆွဲထားသည်ကို တွေ့မြင်မိသည်။
ထိုအလံများသည် လေထုအတွင်း၌ လူးလွန့်နေကာ အဖြူရောင်ပိုးထည်စဖြင့် ပြုလုပ်ထားပုံရသည်။
လမ်းပေါ်တွင် လမ်းလျောက်နေသည်မှာ လူနည်းစုသာရှိပြီး သူတို့အားလုံးသည် အမျိုးသမီးများနှင့် ကလေးများ ဖြစ်ပေ၏။
လုယွီနှင့်လန်ဝူရှင်းတို့ ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့အား တချက်သာစောင်းငဲ့ကြည့်ပြီး ထိုလူများအားလုံး အလျင်စလို ထွက်ခွာသွားတော့သည်။
Chapter 3759
ဤလမ်းပေါ်တွင် ဆိုင်တချို့ ရှိနေသော်လည်း ထိုအရာများကို ကြည့်ရသည်မှာ အလွန်အမင်း ခြောက်ကပ်နေသည်။
ဤနေရာတွင် မည်သည့်အော်သံ သို့မဟုတ် အသံဗလံမျှ မကြားရချေ။
အရာအားလုံး ဗလာဟင်းလင်း ဖြစ်နေကာ အသက်အရိပ်အယောင် ရှိမနေသည့်အလားပင်။
ပါတ်ဝန်းကျင်နေရာတစ်ခုလုံးသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
လေတချက်ဝှေ့ယမ်းတိုက်ခတ်လာသည်နှင့်အတူ အဝါရောင်ငွေစက္ကူများက မြေပြင်ပေါ်၌ ပြန့်ကြဲသွားသည်။
ပြတင်းပေါက်တချို့၏ နောက်ကွယ်မှနေ၍ ခပ်ဖျော့ဖျော့ ညည်းတွားသံများ ထွက်ပေါ်နေကာ တစ်စုံတစ်ယောက်သည် တိုးညှင်းသောအသံဖြင့် ငိုကြွေးနေသည့်အလားပင်။
"ဘာလို့ ဒီနေရာက ဒီလောက်အထိ ခြောက်ကပ်နေတာလဲ "
လန်ဝူရှင်းသည် သူ၏ ကျောရိုးတစ်လျောက် ချမ်းစိမ့်လာသည်ကို ခံစားမိလေ၏။
ဤနေရာရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ခံစားမိချိန်တွင် သူသည် ရေခဲလှိုဏ်ဂူတစ်ခုအတွင်းသို့ ကျသွားသည့်အလား ခံစားမိသည်။
သူ၏ စိတ်ဓာတ်များသည်လည်း ချောက်နက်၏ အောက်ခြေအထိ ကျဆင်းသွားသည့်အလားပင်။
လုယွီသည် အိမ်တိုင်း၏ရှေ့တွင် ချိတ်ဆွဲထားသော ရွှေရောင်ကမ္ပည်းပြားများကို လက်ညှိုးညွှန်ပြကာ ပြောဆိုလိုက်သည်။
"မင်း အဲဒီကမ္ပည်းပြားတွေကို မြင်လား...အဲ့ဒါတွေကို စိတ်ဝိဉာဉ်ပြန်လာခြင်းတံဆိပ်ပြားလို့ခေါ်တယ်...ဒါကို တော်ဝင်စစ်ရေးဌာနက ထုတ်ပြန်ပေးတာပဲ...တကယ်လို့ စစ်တပ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် သေဆုံးတာကို အတည်ပြုပြီးပြီဆိုရင် တော်ဝင်စစ်ရေးဌာနက ဒီကမ္ပည်းပြားကို ချီးမြှင့်တယ်..."
""ယင်ထျန်းမင်က ဒီနေရာမှာ အစောင့်စစ်သားတွေရဲ့ မိသားစုဝင်တွေ အခြေချနေထိုင်နိုင်တယ်လို့ ပြောခဲ့တယ်...ငါတို့က အခုအချိန်မှာ လမ်းကျဉ်းလေးတွေ ခြောက်လမ်း ခုနှစ်လမ်းလောက်ကို ဖြတ်သန်းသွားပြီးပြီ...အိမ်တိုင်းနီးပါးမှာ စိတ်ဝိဉာဉ်ပြန်လာခြင်းကမ္ပည်းပြားတွေကို ချိတ်ဆွဲထားတယ်...သူတို့ရဲ့မိသားစုတွေထဲက ယောက်ျားသားတွေ တိုက်ပွဲကွင်းပြင်မှာ သေဆုံးသွားတာကြောင့် မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေပဲ ကျန်ခဲ့တော့တယ်...ဒါ့ကြောင့် ဒီနေရာမှာ ဒီလိုမျိုး ဖြစ်နေတာပဲ"
"တကယ်လို့ သူတို့တွေရဲ့ကျင့်ကြံဆင့်နယ်ပယ်က ကောင်းမွန်နေမယ်ဆိုရင် သူတို့အတွက် လွတ်လမ်းတစ်လမ်းကို ရှာဖွေ နိုင်ဦးမယ်...ဒါပေမယ့် သူတို့ရဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေ မမြင့်မားဘူးဆိုရင် သူတို့အပြင်ကိုထွက်လိုက်တာနဲ့ တောပုန်းဓားပြတွေရဲ့ လုယက်တာကို ခံရလိမ့်မယ်...သူတို့တွေ ဒီနေရာမှာ ဘယ်လိုနည်းနဲ့ ဆက်နေပြီးတော့ အသက်ရှင်သန်နေနိုင်မှာလဲ..."
လန်ဝူရှင်းက လေအေးတချက် ရှိုက်သွင်းလိုက်သည်။
"ဒီလောက်ထိ လူတွေအများကြီး သေသွားကြတာလား..."
"ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ အခြေအနေက ငါတို့တွေးထားတာထက် ပိုဆိုးနေတယ်...တပ်မှူးတစ်ယောက်ဖြစ်တဲ့ ဝမ်ရှင်းအမတ်ကြီးက အကြောင်းပြချက်မရှိပဲ ပျောက်နေမှာ မဟုတ်ဘူး...အဲဒီနောက်မှာ အကြောင်းပြချက်တစ်ခု ရှိနေရမယ်..."
"ကောင်းပြီလေ ငါတို့ ဒီနေရာကို ရောက်နေပြီပဲ..."
လုယွီနှင့် လန်ဝူရှင်းတို့သည် လမ်းကျဉ်းလေး၏ အနက်ရှိုင်းဆုံးနေရာရှိ အိမ်တစ်အိမ်ရှေ့သို့ ရောက်ရှိသွားသည်။
ဤအိမ်၏ခြံစည်းရိုးသည် ပျက်စီးပြိုလဲနေပေ၏။အိမ်၏ပြင်ပရှိနံရံများသည် အက်ကွဲနေကာ ရွံ့နှင့်မြက်များ ရောနှော၍ ပြုလုပ်ထားသည့် ကျောက်တုံးများပေါ်လွင်နေသည်။
ဒေါက်...ဒေါက်...ဒေါက်
လုယွီက အိမ်တံခါးကိုခေါက်ကာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
သူသည် အတွင်းမှ အလျင်အမြန်ပြေးလာသော ခြေလှမ်းသံများကို ကြားလိုက်ရသော်လည်း တံခါးပွင့်လာခြင်း မရှိချေ။
ထိုအစား ပုံရိပ်တစ်ခုက နံရံ၏နံဘေးမှ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ...ထွက်လာခဲ့စမ်း..."
လန်ဝူရှင်းက အော်ဟစ်လိုက်၏။
ထိုပုံရိပ်သည် ချက်ခြင်းဆိုသလိုပင် နံရံမှခုန်ချကာ ခြံဝန်းအတွင်းမှနေ၍ ကလေးတစ်ယောက်၏ အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာသည်။
"အမေ...အပြင်မှာ ကြောင်တောင်တောင် လူနှစ်ယောက် ရောက်နေတယ် "
ဤသည်မှာ အမှန်တကယ်ကို ကလေးတစ်ယောက် ဖြစ်နေသလော...
ကျွီ...
တံခါးသည် အနည်းငယ် ပွင့်ဟသွားကာ အတွင်းမှနေ၍ ဖျော့တော့တော့ အမျိုးသမီးသံ တစ်သံ ထွက်ပေါ်လာသည်။
"အရွယ်ရောက်တဲ့ ယောက်ျားသားနှစ်ဦးက ဒီမုဆိုးမရဲ့ အိမ်ကို ရောက်လာကြတာလား...မင်းတို့ နေရာမှားပြီး လာမိမှာကို ငါ စိုးရိမ်မိတယ်..."
လုယွီက ပြောဆိုသည်။
"ငါက နင်းရှို့ရဲ့ သွေးဝေးဆွေမျိုး တစ်ယောက်ပါ...ငါက ကောင်းကင်ချိုးဖျက် ခံတပ်ကိုလာပြီးတော့ သူ့ကို လာရှာတာပဲ...သူအိမ်မှာ ရှိနေလား "
ခြံဝန်းတံခါးသည် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။
ရုတ်တရက် ထိုတံခါးပွင့်လာကာ ဝတ်စုံဗြောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် အတွင်းမှ ထွက်ပေါ်လာသည်။
ထိုအမျိုးသမီး၏ မျက်နှာသည် အနည်းငယ် ဖြူရော်နေပေ၏။
သူမ၏နောက်တွင် အသက်ခုနှနှစ် ရှစ်နှစ်ခန့်ရှိသော ကောင်ငယ်လေးတစ်ယောက် ရှိနေသည်။သူသည် စူးရှရှ မျက်လုံးတစ်စုံဖြင့် လုယွီနှင့် လန်ဝူရှင်းတို့ကို စူးစိုက် ကြည့်နေလေ၏။
"အထဲကို ဝင်ခဲ့ကြပါ..."
အမျိုးသမီးက နူးညံ့ညင်သာစွာပြောဆိုသည်။
လုယွီနှင့်လန်ဝူရှင်းတို့သည် ခြံဝန်းအတွင်းသို့ ဝင်ပြီးနောက် သူတို့ရှေ့၌ ရိုးရှင်းသော အိမ်တစ်လုံး ရှိနေသည်ကို တွေ့မြင်ရသည်။
ဤခြံဝန်းအတွင်းတွင် အိမ်နှစ်အိမ်ရှိသော်လည်း ပင်မအိမ်ကြီးသည် ပြိုလဲနေလေပြီ။
ပြတင်းပေါက်များသည် ဟောင်းလောင်းပွင့်နေကာ အတွင်းရှိ အပျက်အစီးများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။
နံဘေးတစ်ဖက်တွင်ရှိနေသော အနည်းငယ်သေးငယ်သည့် အိမ်လေးကသာ အကောင်းပကတိရှိနေလေ၏။
ခြံဝန်းအတွင်းရှိမြေပြင်ပေါ်တွင် ချိုင့်များ အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသည်။
ဤနေရာကို ကြည့်ရသည်မှာ အလွန်အမင်း စုတ်ပြတ်နေသည်။
ထိုအမျိုးသမီးသည် အစောပိုင်းက ခြံဝန်းအတွင်းရှိ မီးဖိုရှေ့၌ ချက်ပြုတ်နေပုံရသည်။
လုယွီက မီးဖိုပေါ်သို့ တစ်ချက် ကြည့်လိုက်သည်။ထိုမီးဖိုပေါ်တွင် ရေသန့်တချို့နှင့် ကျိုထားသော အဖြူရောင် ဆန်ပြုတ်အနည်းငယ် ရှိနေလေသည်။
"နင်းရှို့က ငါ့ရဲ့ ယောက်ျားပါ...ဒါပေမယ့် သူ့မှာ သွေးဝေးဆွေမျိုးတွေ ရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားမိဘူး...ငါ့ရဲ့ယောက်ျားက ငယ်စဉ်ကတည်းက တစ်ယောက်တည်း ကြီးပြင်းခဲ့ရတာ...မင်းတို့နှစ်ယောက် ဘယ်သူလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြကြပါ..."
ထိုအမျိုးသမီးကို ကြည့်ရသည်မှာ အလွန် အားနည်းနေပေ၏။
သူမသည် ထိုစကားကို ပြောဆိုရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
Chapter 3760
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ပြောဆိုသည်။
"သူ ဒီနေရာမှာ မရှိဘူးလား..."
ထိုးအမျိုးသမီးက ခါးသည်းစွာ ပြုံးလိုက်၏။
"ငါရဲ့ခင်ပွန်းက လွန်ခဲ့တဲ့တစ်လလောက်ကတည်းက သေသွားပြီ..."
သူမ၏ မျက်နှာပေါ်တွင် ဖော်ပြရန်မစွမ်းသော ကြေကွဲဝမ်းနည်းမှုများ ရှိနေသည်။
ဤအားနည်းပုံရသော အမျိုးသမီးထံတွင် ခွန်အားတချို့ ရှိပုံရသော်လည်း သူမ၏တုန်ရီနေသောပခုံးများက သူမ၏ စိတ်နှလုံးသားအတွင်းရှိ အားနည်းမှုကို ပြသနေသည်။
သူမ၏နောက်ရှိ ကောင်လေးသည် လုယွီနှင့် သူ၏မိခင်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေလေ၏။
သူတို့သည် သူ၏မိခင်ကို အနိုင်ကျင့်ရန် ရောက်လာသည်ဟု တွေးတောနေပုံပင်။
လုယွီသည် အချိန်တခဏကြာခန့် ကြက်သေသေပြီးနောက် သူက သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုသည်။
"ငါ စိတ်မကောင်းပါဘူး..."
ဤ မုဆိုးမလမ်းအတွင်းတွင် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်အမြောက်အများ ရှိနေသည်။
မိသားစုများသည် ယနေ့တွင်အတူတကွဆုံစည်းနေသော်လည်း နောက်တစ်နေ့တွင် ခွဲခွာကြရသည့် နာကျင်မှုဒဏ်ကို သူတို့ တောင့်မခံနိုင်ကြတော့ချေ။
လုယွီသည် သူ့၏အင်္ကျီလက်ကြားမှ သစ်သားလက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ပြောဆိုလိုက်၏။
"မင်း ဒီပစ္စည်းကို မှတ်မိလား..."
ထိုလက်စွပ်ကို မြင်တွေ့ချိန်တွင် အမျိုးသမီး၏ မျက်လုံးအတွင်း၌ နားလည်သဘောပေါက်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူမက ကလေးငယ်၏လက်ကို ဆုပ်ကိုင်ကာ ဦးညွတ်အရိုအသေ ပြုလိုက်သည်။
"ကျွန်မက အရှင့်ကို အရိုအသေ ပြုပါတယ်..."
ဤလက်စွပ်သည် ကျားတစ်ကောင်၏ ပုံစံနှင့် တူညီကာ တစ်ဝက်တွင် သင်္ကေတအက္ခရာများကို ရေးထွင်းထားပြီး ကျန်တစ်ဝက်တွင် ရုပ်ပုံများကို ရေးထွင်းထားသည်။
ဤသည်မှာ ဖေးထျန်ကွမ်း တည်ထောင်ထားသော သူလျှိုအဖွဲ့အစည်း၏ အသိအမှတ်ပြုလက်စွပ်ပင်။
ဤသူလျှိုအဖွဲ့အစည်းကို ကောင်းကင်ကွန်ရက်ဟု ခေါ်ဆိုသည်။
ကောင်းကင်ကွန်ရက်သည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားကာ မည်သည့်သတင်းမျှ ယိုစိမ့်ထွက်သွားခြင်း မရှိချေ။
ဖေးထျန်ကွမ်းသည် တော်ဝင်တရားစီရင်ရေးဌာန၏အမတ်ကြီးအဖြစ် ရှိနေစဉ်၌ ကောင်းကင်ကွန်ရက်တစ်ခုလုံးကို အရပ်ဒေသ အသီးသီးသို့ ဖြန့်ကျက်ထားခဲ့သည်။
ထိုအဖွဲ့အစည်းမှတဆင့် သူ့အား အကန့်အသတ်မရှိသော သတင်းအချက်အလက်များကို ပေးပို့ခဲ့လေ၏။
ဖေးထျန်ကွမ်းသည် လုယွီ၏လက်အောက်သို့ ဝင်ရောက်လာပြီးနောက် သူသည် လုယွီထံမှနေ၍ ထောက်ပံ့မှုများကို ရရှိခဲ့သည်။
ရလဒ်အနေဖြင့် ကောင်းကင်ကွန်ရက်၏ အရွယ်အစားသည် ယခင်ထက် ဆယ်ဆမက ပို၍ကြီးမားကျယ်ပြန့်လာခဲ့သည်။
ကြယ်နယ်မြေများ၏ နယ်စပ်ဒေသများမှနေ၍ အလွန်ဝေးလံခေါင်သီသော နေရာတွင်ရှိသော ကြယ်နယ်မြေများအထိ ကောင်းကင်ကွန်ရက်မှ သူလျှိုများ နေရာအနှံ့အပြား၌ ရှိနေသည်။
နင်းရှို့သည် ကောင်းကင်ချိုးဖျက်ခံတပ်တွင် တာဝန်ကျသော ကောင်းကင်ကွန်ရက်မှ သူလျှိုတစ်ယောက်ပင်။
လုယွီ ဤနေရာသို့ လာရသော အကြောင်းရင်းမှာ သူသည် ထိုသူလျှိုထံမှ အချက်အလက်တချို့ကို ရရှိလိုသောကြောင့်ပင်။
ယင်ထျန်းမင်သည် တစ်စုံတစ်ခုကို ကွယ်ဝှက်ရန် ကြိုးစားနေခဲ့သည်။
လုယွီသည် ယင်ထျန်းမင်၏ ပါးစပ် ပွင့်ဟလာအောင် စွမ်းဆောင်နိုင်ခြင်းမရှိသဖြင့် သူသည် သူလျှိုကို လာရောက် ရှာဖွေခြင်းဖြစ်သည်။
သို့ရာတွင် နင်ရှို့သည် သေဆုံးသွားပြီးဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။
"ဘာမှ ယဉ်ကျေးနေစရာ မလိုပါဘူး...ဒါနဲ့ မင်းရဲ့ခင်ပွန်းမသေဆုံးခင် ငါ့အတွက် တခုခု ပြောစရာ ချန်ထားခဲ့သေးလား "
"အရှင် ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါအုံး..."
အမျိုးသမီးက အိမ်အတွင်းသို့ ဝင်သွားလေ၏။
အချိန်တခဏကြာပီးနောက် သူသည် ဖယောင်းဆေးလုံးတစ်လုံးကို ကိုင်ကာ လုယွီထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလေသည်။
ဤဖယောင်းဆေးလုံးကို အထူးသီးသန့် ပြုလုပ်ထားကာ အတွင်း၌ စာတစ်စောင်ကို ချိတ်ပိတ်ထားသည်။
ဤဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် စိတ်ဝိညာဥ်ပိုင်းခြားခြင်းအမှုန့်ကိုဖြူးထားကာ တခြားလူများမှ နတ်ဘုရားစိတ်အာရုံများဖြင့် ထောက်လှမ်းနိုင်ခြင်းမရှိစေရန် ကာကွယ်တားဆီးထားသည်။
လုယွီသည် ဖယောင်းဆေးလုံးကိုဖွင့်ကာ အတွင်းရှိ တွန့်လိမ်နေသော စာတစ်စောင်ကို ထုတ်ယူလိုက်၏။
လုယွီသည် ထိုစာကို ယူပြီးနောက် အစမှအဆုံးထိ ဂရုတစိုက် ဖတ်ရှုလိုက်သည်။
ဤစာအတွင်းတွင် အချက်သုံးချက်ပါရှိသည်။
အချက်တိုင်းသည် အလွန်အရေးကြီးသော သတင်းအစအနများ ဖြစ်ပေ၏။
ပထမတစ်ချက်သည် ထန်အင်ပါယာ၏ လှုပ်ရှားမှုများနှင့် ပါတ်သက်သည်။
ထန်အင်ပါယာ၏တပ်မှုး လီကျိုးစီသည် ဟူတင်းဟူ ဘွဲ့ကို ချီးမြှင့်ခံထားရသည်။
သူသည် မူလက ဝမ်မျိုးရိုးနာမည်ရှိသော်လည်း နောက်ပိုင်းတွင် ထန်ဧကရာဇ်မှနေ၍ သူ့အား မျိုးရိုးနာမည် "လီ" ဟုပေးအပ်ခဲ့သည်။
လီကျိုးစီ၏အဖိုးသည် တချိန်က ရှေးဟောင်းထန်အင်ပါယာ၏ စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့ကာ သူ၏မိသားစုသည် အစဉ်အမြဲ ပုန်းကွယ်နေခဲ့ရသည်။
နောက်ပိုင်းတွင် သူ၏ မိသားစုတစ်စုလုံး အစာရေစာငတ်မွတ်မှုကြောင့် သေဆုံးသွားကာ လီကျိုးစီတစ်ယောက်တည်းသာ ကျန်ရှိခဲ့သည်။
သို့ရာတွင် သူသည် ထန်အင်ပါယာပြန်လည်တည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် တောင့်ခံနေခဲ့သည်။
လီကျီးသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလာကာ အလျင်အမြန် မြင့်တက်လာချိန်၌ လီကျိုးစီသည်လည်း ရာထူးရာခံများဖြင့် ချီးမြှင့်ခြင်း ခံရတော့သည်။
လီကျိုးစီသည် ထန်အင်ပါယာ၏ စစ်တပ်အရာရှိကြီးများအနက်မှ တစ်ယောက်ဖြစ်ကာ သူသည် အဆင့်အတန်းမြင့်မားသော ရာထူးနေရာကို ပိုင်ဆိုင်ထားသည်။
သူသည် အလွန်အစွမ်းထက်ရုံသာမက လူမှု့ရေး နည်းဗျူဟာ စစ်ရေးဝင်္ကပါများနှင့် တခြားအခန်းကဏ္ဏများတွင်လည်း ထိပ်သီး ပညာရှင်တစ်ယောက်ဖြစ်သည်။
ထန်အင်ပါယာသည် သူ့အား ရှေ့တန်းသို့ စေလွှတ်ခြင်းမှာ တိုက်ပွဲကိုစီမံကွပ်ကဲပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်နိုင်ရန်ပင်။
ထန်အင်ပါယာသည် အနိုင်ရရန် စိတ်ဆုံးဖြတ်ထားလေ၏။
လီကျိုးစီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် စခန်းချထားသော စစ်သားများနှင့် တိုက်ခိုက်ပြီးဖြစ်သည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ ကြယ်နယ်မြေသခင်သည် ယခင်က ရှေ့တန်းတွင် လီကျိုးစီနှင့် တိုက်ခိုက်ခဲ့ဖူးသည်။
သို့ရာတွင် လီကျိုးစီသည် အရေးနိမ့်သွားခြင်း မရှိချေ။
တစ်ချိန်တည်းမှာပင် သူသည် စစ်သားများကို ခွဲထုတ်ကာ နယ်စပ်လေးနေရာလုံးကို တိုက်ခိုက်စေခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်သည် ရွှယ်ကုံးချင်းဦးဆောင်သော ထန်အင်ပါယာစစ်တပ်နှင့် ရင်ဆိုင်နေရသည်။
ထိုလူသည် လီကျိုးစီ၏ လက်အောက်ရှိ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကာ လက်ဝဲစစ်ရေးကိုယ်ရံတော်များ၏ မဟာစစ်ဗိုလ်ချုပ်လဲ ဖြစ်သည်။
သူသည် ဝင်္ကပါပညာရပ်၌ အားသာချက်ရှိသည်။မြို့၏ပြင်ပ၌ခင်းထားသော ထိုက်ကျိနဂါးဝါးမြိုခြင်း ဝင်္ကပါသည် သူ၏ လက်ရာဖြစ်ပေ၏။
သို့ရာတွင် လုယွီ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်သော အချက်တစ်ချက် ရှိနေသည်။
ရွှယ်ကုံးချင်းသည် ပင်မစစ်ဗိုလ်ချုပ်ဖြစ်သော်လည်း ဤစစ်တပ်ကို အမိန့်ပေးနေသောတစ်ယောက်မှာ ထန်အင်ပါယာ၏ မင်းသား "လီဖူ" ပင်။
Chapter 3761
လုယွီသည် ယခင်က လီဖူကို မြင်တွေ့ဖူးပေ၏။
ထိုအချိန်တုန်းက အင်ပါယာနှစ်ခုကြားမှ တိုက်ပွဲတွင် လီဖုသည် နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။
သူ့၏ညီဖြစ်သော ကျင်းမင်းသားလီမင်တစ်ယောက်တည်းဖြင့်ပင် ရှီးလျန်နယ်မြေမှ ပါရမီရှင်လူငယ်များကို ဖိနှိပ်နိုင်ခဲ့ကာ သူတို့၏ခေါင်းများကိုပင် မမော့နိုင်ခဲ့ကြချေ။
လီဖူသည် လီကျင်းထက် များစွာပို၍ အစွမ်းထက်ပေ၏။
လီဖူသည် အလွန်လိမ်မာပါးနပ်ကာ ငယ်ရွယ်သော အသက်အရွယ်မှာပင် သူ၏ခွန်အား ထူးချွန်ရုံသာမက သူသည် စစ်ရေးပညာရပ်များကိုလည်း ကောင်းစွာ နှံ့စပ်ကျွမ်းကျင်သည်။
အတိတ်တွင် လီဖူသည် စစ်တပ်ကိုဦးဆောင်၍ တာယွီအင်ပါယာနှင့် တိုက်ခိုက်စဉ် မြောက်များစွာသော စစ်ရေးအောင်မြင်မှုများကို ဆက်တိုက်ရရှိခဲ့သည်။
သူသည် နယ်စပ်မှရန်သူများကို ခေါင်းကိုက်စေသော တည်ရှိမှုကြီးတစ်ခုပင်။
ထန်အင်ပါယာ၏ တပ်မှူးအဖြစ် လီဖူကို စေလွှတ်လိုက်ရသည့်အကြောင်းမှာ ကောင်းကင်ချိုးဖျက်ခံတပ်ကိုဝါးမြိုရန်သည် ထန်အင်ပါယာအတွက်အရေးပါကြောင်း ပြသနေခြင်းပင်။
'လွန်ခဲ့တဲ့တစ်လလောက်တုန်းက လီဖူကို ကောင်းကင်မူဝါဒအိမ်တော်ရဲ့သခင်လေးအဖြစ် ခန့်အပ်ရတယ်...သူကမင်းသားတစ်ပါးဖြစ်ပေမယ့် သူ့ရဲ့အဆင့်အတန်းက တခြားမင်းသားတွေထက် ပိုပြီး မြင့်မားတယ်...ထန်ဧကရာဇ်မှာ သားတော်မရှိတာကြောင့် ထန်အင်ပါယာရဲ့ အနာဂတ် အမွေဆက်ခံသူကို မင်းသားတွေထဲက ရွေးချယ်ဖို့ ဖြစ်နိုင်ခြေများတယ်...ထန်အင်ပါယာ ကောင်းကင်ဘုံနန်းတွင်းမှာ မင်းသားဆယ်ယောက်ရှိပေမယ့် လီဖုကတော့ တခြားလူတွေထက် သာလွန်တယ်...သူက ထန်အင်ပါယာစစ်တပ်ရဲ့ မဟာစစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံရပြီးတော့ ထန်အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်ချေမြင့်မားတယ်"
ဤသည်မှာ သတင်းပို့စာလွှာတွင် နင်ရှို့ မှတ်တမ်းတင်ထားခဲ့သော သတင်းအချက်အလက်များပင်။
ကောင်းကင်ကွန်ရက်မှ လွှမ်းခြုံထားနိုင်မှုသည် အလွန်ကျယ်ဝန်းသောကြောင့် သူလျှိုအများစုသည် ဒေသခံဖြစ်ရပ်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်။
ထို့ကြောင့်သူတို့သည် သတင်းများကို ပေးပို့သောနေရာ၌ သူတို့၏ကိုယ်ပိုင် ခွဲခြမ်းစိတ်ဖြာမှု့မျိုးကိုပင် ထည့်သွင်းဖော်ပြလေ့ရှိသည်။
""ကောင်းကင်မူဝါဒ အိမ်တော်ရဲ့သခင်လေးလား အံ့အားသင့်စရာ မရှိတော့ဘူး"
လုယွီသည် အင်ပါယာနှစ်ခုတိုက်ပွဲအကြား၌ ထန်အင်ပါယာမှ ပါရမီရှင်များအားလုံးကို လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့လုနီးပါးပင်။
သို့ရာတွင် လီဖူထံ၌ တာအိုသခင်အဆင့် ရတနာတစ်ခု ရှိနေသဖြင့် သူ အသက်ရှင်သန်သွားခဲ့သည်။
ဤအဆင့်မှော်ရတနာတစ်ခုတွင် တာအိုသခင်တစ်ယောက်၏အစစ်အမှန်သွေးစက် ပါဝင်နေသည်။
တာအိုသခင်တစ်ယောက်သည် ထိုအရာကို တခြားသူများအား လွယ်လင့်တကူ ပေးအပ်ရန်မှာ မဖြစ်နိုင်ချေ။
သူသည် အလွန်အမင်းအရေးပါသော လူကိုသာ ပေးအပ်ပေလိမ့်မည်။
ဒုတိယသတင်းအချက်အလက်သည် ဝမ်ရှင်းအမတ်ကြီးနှင့် ဆက်စပ်နေသည်။
အင်ပါယာနှစ်ခုအကြားရှိ တိုက်ပွဲစတင်ချိန်၌ နှစ်ဖက်စလုံးသည် အခြေခံအားဖြင့် အင်အားညီမျှသည်။
နှစ်ဖက်စစ်တပ်အကြားတွင် အောင်နိုင်သူဟူ၍ ကွဲကွဲပြားပြား မရှိချေ။
သို့ရာတွင် ဖရိုဖရဲတိုက်ပွဲအတွင်း၌ ထန်အင်ပါယာစစ်တပ်သည် ရုတ်တရက် တိုက်ပွဲဝင်ဝင်္ကပါကို ဖော်ထုတ်ပြောင်းလဲကာ တာယွီအင်ပါယာဘက်မှလူများ တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးသည့် ကြီးမားသောသတ်ဖြတ်ခြင်းဝင်္ကပါတစ်ခုကို ခင်းကျင်းခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုသတ်ဖြတ်ခြင်းဝင်္ကပါကြီးသည် တာယွီစစ်တပ်၏ ခုခံကာကွယ်မှုများအားလုံးကို ချိုးဖျက်သွားလေ၏။
တာယွီအင်ပါယာ၏စစ်တပ်များ လူစုကွဲသွားချိန်တွင် အမတ်ကြီးဝမ်ရှင်း၏ ပင်မအင်အားစုသည်လည်း တိုက်ပွဲကွင်းပြင်နှင့် လုံးလုံးလျားလျား လူစုကွဲသွားခဲ့သည်။
သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ခြင်းမရှိချေ။
ကောင်းကင်ချိုးဖျက်ခံတပ်သည် စစ်သားများကို အဆက်မပြတ်စေလွှတ်၍ အမတ်ကြီးဝမ်ရှင်း၏ပင်မစစ်တပ်ကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း သူတို့အားလုံးသည် ထန်အင်ပါယာ စစ်တပ်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှင်းအမတ်ကြီးသည် ရွှယ်ကုံးချင်း၏လှောင်ပိတ်ခြင်း ခံထားရလေ၏။
သူသည် ဝန်းရံပိတ်ဆို့ခြင်းခံထားရကာ ကောင်းကင်ချိုးဖျက်ခံတပ်သို့ ပြန်လာနိုင်ခြင်း မရှိတော့ချေ။
တတိယသတင်းအချက်အလက်သည် ကောင်းကင်ချိုးဖျက်ခံတပ်နှင့် ဆက်စပ်နေသည်။
ဝမ်ရှင်းအမတ်ကြီးသည် ပင်မအင်အားအများစုကို ခေါ်ယူသွားခဲ့ကာ ထန်အင်ပါယာ၏ထိုက်ကျိနဂါးဝါးမြိုခြင်းဝင်္ကပါမှ သတ်ဖြတ်ခြင်းကို အကြိမ်များစွာခံခဲ့ရသည်။
မြို့အတွင်း၌ ကျန်နေသော စစ်သည်အင်အားသည် ရှစ်သိန်းထက်မပိုတော့ချေ။
ထန်အင်ပါယာစစ်တပ်ကို အချိန်ကြာရှည်စွာ ခုခံရန်အတွက် သူတို့ ရင်ဆိုင်ရသောဖိအားမှာ လွန်စွာကြီးမားသည်။
မြို့အတွင်း၌ ကျန်ရှိနေသော စစ်သားများသာမက မြို့သားတစ်ချို့သည်လည်း မြို့ကိုခုခံကာကွယ်ရာ၌ ပါဝင်ဆင်နွှဲနေရသည်။
သူလျှိုတစ်ယောက်ဖြစ်သော နင်းရှို့၏ သတင်းအချက်လက်များသည် အလွန်တိကျပေ၏။
သူသည် ကောင်းကင်ချိုးဖျက်ခံတပ်၏ အင်အား စစ်ရေးအထောက်အပံ့များနှင့် ယေဘူယျအခြေအနေတို့ကို သတင်းအချက်အလက်များအတွင်း၌ မှတ်တမ်းတင်ထားသည်။
'ကောင်းကင်ချိုးဖျက်ခံတပ်က အန္တရာယ်တွင်းထဲကိုကျနေပြီ...တကယ်လို့ ငါတို့ အဲဒီအရာကို မချိုးဖျက်နိုင်ဘူးဆိုရင် ချက်ခြင်း ပြိုလဲပျက်စီးသွားလိမ့်မယ်'
နောက်ဆုံး၌ နင်ရှို့သည် လက်ရှိအခြေအနေအတွက် ကောက်ချက်ချခဲ့ကာ ခံတပ်သည် အများဆုံးအနေဖြင့် လဝက်ခန့်လောက်သာ တောင့်ခံနိုင်တော့မည်ဟုမှတ်ချက် ရေးသားခဲ့သည်။
လဝက်ပြည့်ချိန်တွင် အကယ်၍ အုပ်ချုပ်ရေးအစိုးရထံမှ မည်သည့်ထောက်ပံ့မှုမျှမရသည်ဖြစ်စေ သို့မဟုတ် ဝမ်ရှင်းအမတ်ကြီးသည် ပြန်လာပြီး အခြေအနေကို ဖာထေးခြင်းမပြုနိုင်သည်ဖြစ်စေ ကောင်းကင်ချိုးဖျက်ခံတပ်၏ အခြေနေတစ်ခုလုံးသည် ဆိုးရွားသွားပေမည်။
ထိုခံတပ်ကို ထန်အင်ပါယာမှစစ်တပ်များ ချိုးဖျက်၍ ဝင်ရောက်လာနိုင်ပေမည်။
လုယွီသည် သက်ပြင်းတစ်ချက် ရှိုက်ကာ ထိုစာကို လန်ဝူရှင်းထံသို့ ပေးလိုက်သည်။
လန်ဝူရှင်းသည် ထိုစာကိုဖတ်ပြီးနောက် သူ့၏မျက်လုံးများ ရုတ်တရက်ပြူးကျယ်သွားသည်။
"ကောင်းကင်ချိုးဖျက်ခံတပ်က ဒီအခြေနေမျိးကိုတောင် ရောက်သွားပြီ...ယင်မိသားစုက ဘာလို့ခုချိန်ထိ အကူအညီမတောင်းသေးတာလဲ...သူတို့က အရင်းအမြစ်တစ်ချို့ကိုပဲ အကူအညီပေးဖို့ တောင်းထားတယ်...ဒါက တကယ့်ကို အဓိပ္ပါယ်မရှိဘူး..."