အခန်း (၃၇၆၂-၃၇၆၅)
Vol. 191 Ch. 3762-3765
Chapter 3762
လုယွီက သူ၏ခေါင်းကို ခါရမ်းလိုက်သည်။
"ဒီကိစ္စက နဲနဲတော့ ထူးဆန်းတယ်...ဒါပေမယ့် ဝမ်ရှင်းအမတ်ကြီးမှာ တခြားအစီအစဉ်တွေ ရှိနေနိုင်တယ်..."
ဤတစ်ကြိမ်တွင် လုယွီသည် သူ၏ရှေ့၌ မည်ကဲ့သို့ ပြဿနာမျိုးရှိနေသည်အား နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေပြီ။
လုယွီ၏ လက်ထောက်များဖြစ်သော ဖေးထျန်ကွမ်းဖြစ်စေ ပေါင်လုံတုဖြစ်စေ သူတို့သည် အလွန်အမင်း အတွေ့အကြုံရင့်ကျက်သူများပင်။
မဟာခံတပ်ကြီးလေးခုမှနေ၍ အကူအညီ တောင်းခံသည့် ကွဲပြားခြားနားသော စာများကို ပေးပို့ခဲ့ကြသည်။
ဥပမာအနေဖြင့် 'ဟန်'ခံတပ်သည် အကူအညီ တောင်းခံစာ အများဆုံးပို့ဆောင်ခဲ့သော နေရာပင်။
သို့ရာတွင် ပေါင်လုံတုက ထိုနေရာသည် အလုံခြုံဆုံးနေရာဟု ကောက်ချက်ချခဲ့သည်။
သို့ရာတွင် လုံခြုံဘေးကင်းဆုံးဖြစ်ပုံရသော ကောင်းကင်ချိုးဖျက်ခံတပ်သည် အားနည်းချက်များနှင့် ပြည့်နှက်နေကာ အချိန်မရွေး ပျက်ဆီးသွားတော့မည့်ပုံရသည်။
"ဝမ်ရှင်းအမတ်ကြီးက လှောင်ပိတ်မိနေမှတော့ ကောင်းကင်ချိုးဖျက်ခံတပ်ကို ဦးဆောင်နေတဲ့လူက အမတ်ကြီးရဲ့ သစ္စာရှိလူယုံတစ်ယောက်ပဲ ဖြစ်မယ်..."
"ကံဆိုးချင်တော့ နင်းရှို့သေသွားတာ တအားဆိုးတယ်...မဟုတ်ရင် ငါတို့က အဲဒီလူရဲ့ သတင်းအချက်အလက်တွေကို သူ့ဆီကနေ တောင်းလို့ရနိုင်တယ်..."
လုယွီသည် သတင်းတချို့ကို သိရှိထားသော်လည်း သူသည် ယခုလက်ရှိအခြေအနေကို ယေဘူယျ နားလည်သဘောပေါက်ထားရုံသာ ရှိသည်။
ဤအရှုပ်အထွေးကိုဖြေရှင်းရန်မှာ လွယ်ကူသော တာဝန်တစ်ရပ် မဟုတ်ချေ။
လုယွီ အသိပြန်ဝင်လာပြီးနောက် ရုတ်တရက် မီးဖိုပေါ်ရှိ ဆန်ပြုတ်အိုးကို
ကြည့်လိုက်သည်။ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။
"နင်းရှို့က တိုက်ပွဲကွင်းပြင်မှာ သေသွားခဲ့မှတော့ စစ်တပ်က နှစ်သိမ့်ကြေး ပေးရမှာ မဟုတ်ဘူးလား...ဘာလို့ မင်းတို့က ဒီလောက်ထိ ငွေကြေး ကျပ်တည်းနေတာလဲ..."
ဤဆန်ပြုတ်သည် ဆန်ပြုတ်ဟု ခေါ်ဆိုနိုင်ရုံသာ ရှိသည်။သို့ရာတွင် ရေပေါ်၌ ဆန်စေ့များသည် ပေါလောပေါ်နေကာ သာမန်မျက်စိဖြင့်ပင် ရေတွက်၍ ရနိုင်သည်။ဤဆန်ပြုတ်သည် အလွန်ကျဲပေ၏။
လုယွီသည် အမျိုးသမီးနှင့်ကောင်လေး၏ အဝတ်အစားများကို ကြည့်လိုက်သည်။
သူတို့သည် အလွန်ရိုးရှင်းပြီး ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ကလေးငယ်၏ အဝတ်အစားများသည် ဟိုတစ်ကွက်ဒီတစ်ကွက်ဖြစ်နေကာ သူ့၏ခန္ဓာကိုယ်နှင့် အနည်းငယ် ပွယောင်းနေပေ၏။
ကြည့်ရသည်မှာ သူသည် အရွယ်ရောက်သူ၏ အဝတ်အစားများကို သေးငယ်သော အဝတ်အစားဖြစ်အောင် ဖြတ်တောက်ပြုပြင်၍ ဝတ်ဆင်ထားပုံပင်။
ဤကလေးသည် အလွန်အသက်ငယ်ရွယ်ပြီး ခန္ဓာကိုယ် ပိန်ပါးကာသေးငယ်သည်။
ထိုကောင်လေးသည် သူ့၏မျက်လုံးဝိုင်းကြီးများဖြင့် လုယွီကို စူးစိုက်၍ ကြည့်နေကာ သူ့ထံတွင် သတိအပြည့်ရှိနေသည်။
အမျိုးသမီးသည် အသက်ကြီးခြင်းမရှိသေးသော်လည်း သူမသည် အလွန်ပိန်ပါးပေ၏။သူမ၏မျက်ခုံးကြား၌ အားနည်းမှု အရိပ်အယောင်တချို့ ရှိနေသည်။
အမျိုးသမီးက သူမ၏ခေါင်းကိုခါယမ်းကာ ခါးသည်းစွာပြောဆိုသည်။
"ငါ့ရဲ့ ယောက်ျားက သေသွားပေမယ့် သူ့အတွက် စိတ်ဝိဉာဉ်ပြန်လာခြင်းကမ္ပည်းပြား မရခဲ့ဘူး..."
"ဘာလို့လဲ..."
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အမျိုးသမီး၏နောက်ရှိ ကောင်လေးသည် ရုတ်တရက်ခေါင်းကိုမော့ကာ နူးညံ့ညင်သာသောအသံဖြင့် အော်ဟစ်လိုက်၏။
"ငါ့ရဲ့အဖေက တပ်ပြေးတစ်ယောက်မဟုတ်ဘူး...အဲ့ဒီလူတွေက ပေါက်ကရတွေ ပြောနေကြတာ...ငါ့ရဲ့အဖေက မိုးနဲ့မြေကိုတောင် ထောက်ပံ့ပေးနိုင်တဲ့ သူရဲကောင်းကြီး တစ်ယောက်ပဲ..."
"ချန်ရှန်း...အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့..."
အမျိုးသမီးက ကောင်လေးကို နောက်သို့ဆွဲကာ သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"စစ်တပ်ကလူတွေက....ငါ့ရဲ့ယောက်ျားက စစ်ပွဲအတွင်းကနေ ထွက်ပြေးဖို့ ကြိုးစားတယ်လို့ ယုံကြည်နေပြီးတော့...သူတို့က သူ့ကို တပ်ပြေးအဖြစ် သတ်မှတ်လိုက်ကြတယ်..."
စစ်သားများ ထွက်ပြေးခြင်းသည် အလွန်ကြီးလေးသောပြစ်မှုကြီးပင်။
နှစ်သိမ့်ကြေးရရန်မဆိုထားနှင့် သူယခင်က ရရှိခဲ့သော ဘွဲ့ထူးဂုဏ်ထူးများအားလုံးကိုပင် ပြန်လည်ရုတ်သိမ်းခြင်းခံရပေမည်။
သူ့ရှေ့ရှိ သားအမိနှစ်ယောက်ထံတွင် နက်နဲသိမ်မွေ့သော ကျင့်ကြံဆင့်မရှိချေ။
အမျိုးသမီး၏ ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ် စွမ်းအားများသည် အလွန်အားနည်းပေ၏။အများဆုံးအနေဖြင့် သူမသည် လုံချီနယ်ပယ်၌သာ ရှိနိုင်ကာ ထိုနယ်ပယ်ထက်ပင် ပို၍ နိမ့်ကျနေနိုင်သည်။
လုံလောက်သော ကျင့်ကြံဆင့် မရှိသည့် မည်သူမဆို ကြီးမားကျယ်ပြန့်သော ကောင်းကင်ဘုံနယ်မြေတွင် ရှင်သန်နိုင်ရန် လွန်စွာ ခက်ခဲပေမည်။
ကောင်းကင်ဘုံနယ်မြေတွင် ကျင့်ကြံသူ အမြောက်အများ ရှိသော်လည်း သူတို့သည် လူအများကြားတွင် ဖီးနစ်ငှက်မွှေးနှင့်ချီလင်ဦးချိုတို့ကဲ့သို့ အလွန်ရှားပါးသည်။
ဤလောကကြီးအတွင်း၌ လူအများစုသည် သေမျိုးများ ဖြစ်နေဆဲပင်။
ဤစစ်တပ်မြို့အတွင်း၌ သာမန်ကျင့်ကြံသူတစ်ယောက်ပင် အသက်ရှင်နေထိုင်ရန် အလွန်အမင်း ခက်ခဲလေရာ ဤသားအမိအတွက် ဆိုဖွယ်ရာပင် မရှိချေ။
သူမ၏ခင်ပွန်းထံမှ ကာကွယ်ပေးမှုမရှိတော့ပသောကြောင့် ဤမြို့အတွင်း၌ သူမတို့ အသက်ရှင်နေထိုင်ရန် အလွန်အမင်းခက်ခဲပေမည်။
"နင်းရှို့က တပ်ပြေးအဖြစ် သတ်မှတ်ခံလိုက်ရတယ်...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်ကာ အနည်းငယ်မျှ ယုံကြည်ခြင်းမရှိချေ။
ကောင်းကင်ကွန်ရက်တွင် သူလျှိုအမြောက်အများရှိသော်လည်း သူတို့အနက်မှတစ်ယောက်ခြင်းစီကို ဖေးထျန်ကွမ်းမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားခြင်းဖြစ်သည်။
ထိုလူများသည် သစ္စာရှိမှု ရဲရင့်မှု့တို့အရဖြစ်စေ လမ်းမှန်ကျင့်ကြံသူ သို့မဟုတ် နတ်ဆိုးကျင့်ကြံသူဖြစ်စေ သူတို့အားလုံးသည် ယုံကြည်ရသော သူများဖြစ်သည်။
ဖေးထျန်ကွမ်း၏ အကဲဖြတ်မှုကို လုယွီသည် ယုံကြည်ထားပေ၏။
ထိုလူသည် တပ်ပြေးဖြစ်မည့် လူတစ်ယောက်ကို ရွေးချယ်မည်မဟုတ်သည်မှာ သေခြာပေါက်ပင်။
ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာသောကြောင့် ထိုအရာများအကြားတွင် ဖြစ်ရပ်တစ်ခု ရှိနေပေမည်။
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ငါမင်းကို ကူညီပီးတော့ ဒီကိစ္စကို စုံစမ်းပေးမယ်...မင်းရဲ့ယောက်ျားက ဒီလိုကိစ္စမျိုးကို လုပ်မှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."
ထိုသို့ပြောဆိုပြီးနောက် လုယွီသည် သူ၏အင်္ကျီလက်ကြားမှ ငွေလက်မှတ်တချို့ကို ထုတ်ယူကာ သူ၏ရှေ့ရှိ စားပွဲပေါ်၌တင်လိုက်၏။
Chapter 3763
ထိုအမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်သွားကာ အလျင်အမြန် ငြင်းဆန်သည်။
"အရှင်...ဒါက ဘာအတွက်လဲ"
စားပွဲပေါ်ရှိ ငွေလက်မှတ်များသည် အံ့အားသင့်ဖွယ်ကောင်းသော ပမာဏဟု ဆိုနိုင်သည်။
အကယ်၍ အတိတ်တွင်ဆိုပါက ထိုအမျိုးသမီးသည် ဤကိစ္စနှင့်ပါတ်သက်ပြီး တွေးတော့ဝံ့မည်မဟုတ်ချေ။
သို့ရာတွင် ယခုအချိန်၌ ဤငွေများသည် သူမနှင့်သူမ၏ကလေး ဘဝတစ်သက်တာလုံး စိုးရိမ်ကြောင့်ကြမှု့မရှိပဲ နေထိုင်ရန်လုံလောက်သည်။
"နင်းရှို့က ငါ့အတွက် အလုပ်လုပ်ပေးနေမှတော့ သူက ဘာ့ကြောင့်မှန်းမသိရဘဲနဲ့ မသေစေရဘူး...ကလေးက ငယ်သေးတယ်...သူ ကြီးထွားဖို့အတွက် အချိန်လိုတယ်...သူ အရွယ်ရောက်လာရင် အနိုင်မခံ အရှုံးမပေးတဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်....ဒါ့ကြောင့် ဒီကလေးကို ဆာလောင်မွတ်သိပ်မှုကို တောင့်ခံခိုင်းမလို့လား..."
လုယွီက ကောင်လေး၏ခေါင်းကို ပွတ်သပ်ကာ ပြောဆိုသည်။
အမျိုးသမီးသည် သူမ၏ကလေးကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်ငိုယိုလိုက်သည်။ထို့နောက် သူမက အလျင်စလို ဦးညွတ်အရိုအသေပြုကာ ပြောဆိုသည်။
"အရှင့်ကို ကျေးဇူးတင်ပါတယ်...အရှင့်ကို ကျေးဇူးတင်ပါတယ်..."
လုယွီသည် တခြား မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိချေ။
သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။ထို့နောက်သူသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
လန်ဝူရှင်းသည် အချိန်တခဏကြာခန့် တွေးတောပြီးနောက် သူ၏ခါးကြားမှ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ဖြုတ်လိုက်သည်။
သူသည် ထိုအရာကို ကောင်လေး၏လက်အတွင်းသို့ထည့်ကာ လုယွီနှင့်အတူ ထွက်ခွာခဲ့တော့သည်။
သူတို့နှစ်ယောက်သည် လမ်းအတွင်း၌ ထပ်မံ၍ ထွက်ပေါ်လာသည်။
လန်ဝူရှင်းသည် ချက်ချင်းဆိုသလိုပင် လုယွီကို တီးတိုးပြောဆိုလိုက်၏။
"အရှင်...ငါတို့တွေ တပ်မှူးတဲကနေ ထွက်လာကတည်းက လူနှစ်ယောက်က ငါတို့နောက်ကို လိုက်နေတယ်..."
လုယွီက ပြောဆိုသည်။
"ပြဿနာမရှိဘူး သူတို့ ငါတို့နောက်ကို လိုက်နေပါစေ..."
သူတို့၏နောက်သို့ လိုက်နေသူများသည် ယင်ထျန်းမင် စေလွှတ်လိုက်သောသူများ ဖြစ်သည်ကို စဉ်းစားတွေးတောရန်ပင် မလိုအပ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ယင်မိသားစု၏ ပိုင်နက် နယ်မြေပင်။
ယင်မိသားစုသည် သူ့နောက်သို့လိုက်ရန် လူများကိုစေလွှတ်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဖြစ်ပေ၏။
"အရှင်....ကောင်းကင်ချိုးဖျက်ခံတပ်က ကြီးမားတဲ့ အန္တရာယ်ထဲကို ကျနေမှတော့...ငါတို့တွေက စစ်ကူအနေနဲ့ စစ်သားတွေကို ပို့သင့်လား..."
လန်ဝူရှင်းက သူ့၏လက်များကို ပွတ်သပ်ကာ စိတ်အားထက်သန်သော အမူအရာဖြင့် ပြောဆိုသည်။
သူသည် နောက်ပိုင်းကျမှ လုယွီ၏ စစ်စခန်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
လုယွီ၏ လက်အောက်ငယ်သားများကြားတွင် မည်သည့် စစ်ရေးအောင်မြင်မှုမှမရရှိသေးသည့် လူဟူ၍ သူတစ်ယောက်တည်းသာရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော အရာရှိတစ်ယောက်ပင်။
သို့ရာတွင် လန်ဝူရှင်းထံ၌ မူလက နတ်ဆိုးဂိုဏ်းခေါင်းဆောင်ဟူသော အဆင့်အတန်း ရှိနေသည်။
အကယ်၍ သူသည် စည်းလွတ်ဝါးလွတ်အရာတစ်ခုကို လုပ်ဆောင်မိပါက တစ်စုံတစ်ယောက်သည် သူ့အားတိုက်ခိုက်ရန်အတွက် သူ၏ ယခင်အဆင့်အတန်းကို ချက်ချင်းအသုံးပြုပေလိမ့်မည်။
ဤသည်မှာ လန်ဝူရှင်းကို တားဆီးကန့်သတ်ထားသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် သူသည် သူ့၏ရာထူးနေရာကို တည်ငြိမ်စေရန်အတွက် စစ်ရေးအောင်မြင်မှုများကို အပူတပြင်းလိုအပ်နေသည်။
လုယွီက လန်ဝူရှင်းကို စောင်းငဲ့ကြည့်ကာ ပြောဆိုသည်။
"မင်းရဲ့လက်ရှိအခြေအနေနဲ့ မင်းက တိုက်ပွဲကွင်းပြင်ကို ရောက်ရင် မသန်မစွမ်းဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်...ငါ့ရဲ့နောက်ကိုလိုက်ပြီးတော့ ဆေးဆိုင်ကို အရင်သွားကြရအောင် "
လန်ဝူရှင်းသည် သူ၏ခေါင်းကိုကုတ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်းပြုံးလိုက်၏။
ယခုအချိန်မှသာ သူ၏ခွန်အား ယခုထိတိုင် အပြည့်အဝ ကောင်းမွန်ခြင်းမရှိသေးသည်ကို သူ နားလည်သွားသည်။
လန်ဝူရှင်းသည် ဟန်ချီနှင့် တိုက်ပွဲအတွင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။
အကယ်၍ လန်ဝူရှင်းသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ခြင်းမရှိပါက သူသည် ဟန်ချီ၏ချေမှုန်းခြင်းကိုခံရသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
သူတို့နှစ်ယောက်သည် 'ပြင်ပတွင်အားကောင်းပြီး အတွင်းပိုင်းတွင် အားနည်းနေသည်'ဟူသော ဆိုရိုးစကားနှင့် တူညီနေသည်။
သူတို့သည် တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်ကောင်းမွန်ရန် လိုအပ်သည်။
ခွန်အားမရှိပါက သူတို့သည် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
အရှေ့ပိုင်းမြို့အတွင်း၌ ဆေးဆိုင်တစ်ဆိုင်ကို ရှာဖွေရန်မှာ ခက်ခဲခြင်းမရှိပေ။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် အတော်အသင့် ကြီးမားသောဆေးဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိခဲ့သည်။
"ငါ့ကို ရွှေရောင်တောက်ပပန်းပွင့် ၃၀ ... ကြွက်မြှီးမြက်နှစ်ဆယ်ကက်တီ ... ငွေရောင်ချိတ်ပိတ်ပန်းပွင့်သုံးဆယ်ကက်တီ... ပေးပါ..ပြီးတော့ ဒါတွေကို သေချာလေးထုတ်ပိုးပေးပါ"
လုယွီသည် အသက်တစ်ရှိုက်စာအချိန်အတွင်းမှာပင် ဆေးပင်အမျိုးအစားနှစ်ဆယ်ကျော်ကို ပြောဆိုလိုက်သည်။
ဆေးဆိုင်၏ဆိုင်ရှင်သည် မျက်လုံးများ ပြူးကျယ်သွားပေ၏။
အချိန်အတော်ကြာပြီးနောက် သူက အသိစိတ်ပြန်ဝင်လာကာ ပြောဆိုသည်။
"ဧည့်သည် မင်းဒီလောက်အများကြီး လိုအပ်တာ သေချာလား..."
အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သည် ဆေးပင်များ ဝယ်လိုပါက ငွေပြားအနည်းငယ်ကိုသာ အသုံးပြုပေမည်။
မည်သည့်နည်းဖြင့် လုယွီ လုပ်ဆောင်သကဲ့သို့ တစ်ကြိမ်တည်းဖြင့် ဆေးပင်အမြောက်အများကို ဝယ်ယူနိုင်မည်နည်း။
လုယွီက ပြောဆိုသည်။
"မင်း အဲဒါတွေကို သွားယူလိုက်ပါ ငွေကြေးက ဘာမှ စိတ်ပူစရာမလိုဘူး "
"ဟုတ်ကဲ့ပါ ဧည့်သည်...ကျေးဇူးပြုပြီးတော့ ခနစောင့်ပါဦး "
ဆေးဆိုင်ပိုင်ရှင်သည် လုယွီနှင့်လန်ဝူရှင်းထံတွင် သာလွန်ထူးကဲသော အရှိန်အဝါရှိသည်ကို မြင်တွေ့ချိန်၌ ဤသည်မှာ ဧည့်သည်တော်ကြီးတစ်ယောက် ဖြစ်ပြီး သူ အချိန်ဆွဲနေ၍ မရကြောင်း နားလည်သွားသည်။
ထို့ကြောင့် သူသည် အနီးအနားရှိ စာရေးများကို ခေါ်ယူ၍ ဆေးပင်များကို အိတ်အတွင်းသို့ထည့်ရန် စေခိုင်းလိုက်၏။
အချိန်အတော်ကြာ အလုပ်ရှုပ်နေပြီးနောက် ဆေးဆိုင်ပိုင်ရှင်သည် ရုတ်တရက် လျောက်လှမ်းလာကာ အကြပ်ရိုက်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဧည့်သည်....တခြားဆေးပင်တွေကတော့ လုံလောက်ပါတယ်...ဒါပေမယ့် မိုးကြိုးမီးနှင်းကြာပွင့်က သုံးပွင့်ပဲကျန်တော့တယ်...ဧည့်သည်က အပွင့်နှစ်ဆယ်လိုချင်တာ မဟုတ်လား...ငါတို့ဆီမှာ အဲ့ဒီဆေးပင်မရှိတော့ဘူး..."
Chapter 3764
"အမ်..."
လုယွီက မျက်မှောင်ကြုတ်ပြီး သူ၏ခေါင်းကိုမော့ကာ မေးမြန်းလိုက်သည်။
"တကယ်လို့ ငါမမှားဘူးဆိုရင်..အဲ့ဒီ မိုးကြိုးမီး နှင်းကြာပွင့်က အရမ်းအဖိုးတန်ရှားပါးတဲ့ ဆေးပင်တစ်ပင်မဟုတ်ဘူး...မင်းတို့ ဆေးဆိုင်ကလည်း ဆိုင်ငယ်လေးမဟုတ်ပါဘူး...ဘာလို့ အဲ့ဒါက သုံးပွင့်ပဲကျန်တော့တာလဲ..."
သူသည် သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်များကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဆေးများကိုဖော်စပ်လိုခြင်းဖြစ်သည်။
လုယွီ၏ကမ္ဘာငယ်လေးအတွင်း၌ ဆေးပင်အမြောက်အများကို စိုက်ပျိုးထားသည်။
သို့ရာတွင် ထိုဆေးပင်များ၏ဆေးစွမ်းအားများသည် အလွန်ရုန့်ရင်းကြမ်းတမ်းသဖြင့် သူတို့၏ လက်ရှိရုပ်ခန္ဓာကိုယ်အခြေနေများနှင့် သင့်တော်ခြင်းမရှိချေ။
အစပထမ၌ ညင်သာဆေးဖြင့် သူတို့၏ခန္ဓာကိုယ်များကို ပြန်လည်ကောင်းမွန်စေပြီးမှသာ ရုန့်ရင်းကြမ်းတမ်းသောဆေးများကို အသုံးပြု၍ သူတို့၏ခွန်အားကို မြှင့်တင်ရပေမည်။
ထို့ကြောင့် လုယွီသည် ရိုးရှင်းသော ဆေးပင်တချို့ကိုဝယ်ယူကာ အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်ရန်ကြံရွယ်ထားသည်။
အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ရန်အတွက် စွမ်းအားတချို့ ပြန်လည်ရရှိနိုင်ပေမည်။
မြို့တံခါး၏ရှေ့တွင် အကယ်၍ လုယွီထံ၌ ကောင်းကင်ဘုံဧကရာဇ် ထိုက်ချန်၏ အကြွင်းအကျန်စိတ်ဝိညာဉ် ရှိမနေဘဲ ဧကရာဇ်အမှတ်အသားကြောင့် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ခြင်းသာမရှိပါက လက်ဝဲစစ်တပ်နယ်မြေ၏ ထိပ်သီးအစွမ်းထက် ကျင့်ကြံသူဖြစ်သော သူတို့နှစ်ယောက်သည် ဟန်ချီ၏ ချေမှုန်းခြင်းကို ခံရပေမည်။
ဆိုင်ရှင်က သူတို့နှစ်ယောက်ကိုကြည့်ကာ အပြုံးနှင့် ပြောဆိုသည်။
"မင်းတို့နှစ်ယောက်က ကောင်းကင်ချိုးဖျက်ခံတပ်ကလူတွေ မဟုတ်လောက်ဘူး...ဟုတ်တယ်မလား...လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းက မိုးကြိုးမီးနှင်းကြာပွင့်က အရမ်းရှားပါးတယ်...အဲ့ဒီပန်းပွင့်တစ်ပွင့်ကို အင်မော်တယ်ကျောက်တုံးငါးသောင်း ကျသင့်တယ် "
စကားပြောဆိုနေရင်း ဆိုင်ရှင်သည် သစ်သားသေတ္တာသုံးလုံးကို ဖွင့်လိုက်၏။
ထိုသစ်သားသေတ္တာ၏အလယ်တွင် ကျောက်စိမ်းကဲ့သို့ ဖြူဆွတ်ချောမွေ့နေသော နှင်းကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။
ထိုအရာတွင် ထူးဆန်းသောအရှိန်အဝါမျိုး ရစ်ပတ်လွှမ်းခြုံနေကာ အလယ်ဗဟိုတွင်ရှိနေသောမီးတောက်ကို သာမန်မျက်စိဖြင့် တွေ့မြင်နိုင်သည်။ထိုမီးတောက်သည် နှင်းကြာပန်း၏ထိပ်တွင် လောင်ကျွမ်းနေပေ၏။မီးတောက်၏အတွင်းတွင် ခရမ်းရောင်လျှပ်စီးမိုးကြိုးများ ရောယှက်နေသည်။
"ပန်းပွင့်တစ်ပွင့်အတွက် အင်မော်တယ်ကျောက်တုံး ငါးသောင်း...ဘာလို့ မင်းတို့ ဓားပြသွားမတိုက်တာလဲ..."
လန်ဝူရှင်းသည် မျက်လုံးများပြူးကျယ်သွားကာ သူက မယုံကြည်နိုင်စွာ ပြောဆိုသည်။
အင်မော်တယ်ကျောက်တုံး ငါးသောင်းဟူသည်မှာ မည်သည့်အရာမျိုး ဖြစ်သနည်း...
အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်နန်းတွင်းမှ စစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေလျင်ပင် သူ့၏လစာငွေသည် အင်မော်တယ်ကျောက်တုံးတစ်သောင်းသာရှိသည်။
ဆိုင်ရှင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"တကယ်လို့ အရင်ကဆိုရင် မိုးကြိုးမီးနှင်းကြာပွင့်ကို ဒီလောက်ထိမြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းချမှာ မဟုတ်ဘူး...ဒါပေမယ် အခုချိန်မှာ မိုးကြိုးမီးနှင်းကြာပွင့်က ဈေးကွက်မှာမတွေ့ရတာ အချိန်အတော်ကြာနေပြီ...အခု ဈေးကွက်ထဲမှာရှိနေတဲ့အများစုက ဆိုင်တိုင်းမှာရှိတဲ့ပစ္စည်းလက်ကျန်တွေပဲ...တကယ်လို့ ငါက ငွေရေးကြေးရေး နဲနဲကြပ်နေတာကြောင့်သာမဟုတ်ရင်...ဒီမိုးကြိုးမီးနှင်းကြာပွင့်ကို ရောင်းဖို့ ဆန္ဒရှိမှာမဟုတ်ဘူး..."
လုယွီက မျက်မှောင်ကြုတ်ကာ သူ့၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ ငါ့ကို ရှင်းပြပေးပါအုံး"
"ပြောရမယ်ဆိုရင် မိုးကြိုးမီးနှင်းကြာပွင့်ပေါက်ရောက်တဲ့ပတ်ဝန်းကျင်က အရမ်း ထူးခြားတယ်....ဒါက လျပ်စီးမိုးကြိုးနဲ့ မီးတောက်တွေရဲ့ရိုက်ခတ်မှုကို တောင့်ခံနိုင်ပြီးတော့ အရမ်းအေးစိမ့်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန် ကြီးထွားတယ်...ဒီအပင် ရှင်သန်ကြီးထွားဖို့အတွက် အနည်းဆုံး အချိန်ဆယ်နှစ်ကျော်လိုအပ်တယ်...ဒီလိုပတ်ဝန်းကျင်မျိုးကို မာလင်းကြယ်နယ်မြေပေါ်မှာရှိတဲ့ မိုးကြိုးတောင်ကြားမှာပဲ ရှာတွေ့နိုင်တယ်...ဈေးကွက်ထဲမှာရှိတဲ့ မိုးကြိုးမီးနှင်းကြာပွင့်အများစုက မိုးကြိုးတောင်ကြားကနေ မှာယူရတာပဲ..."
ဆိုင်ရှင်က ရုတ်တရက် သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုသည်။
"မာလင်းကြယ်ကို ထန်အင်ပါယာက သိမ်းပိုက်သွားခဲ့ပြီ...ဒါကြောင့် ထန်အင်ပါယာက မိုးကြိုးမီးနှင်းကြာပွင့်တွေ အားလုံးကို ချိတ်ပိတ်ထားတယ်...လက်ဝဲစစ်တပ်နယ်မြေထဲက ဆေးဆိုင်တွေမှာ မိုးကြိုးမီးနှင်းကြာပန်းကို ရှာတွေ့ဖို့ဆိုတာ အရမ်းခက်ခဲသွားပြီ...တကယ်လို့ မင်းတို့က ဒီဆေးပင်ကို ဝယ်ချင်တယ်ဆိုရင် ဗဟိုအုပ်ချုပ်ရေးရုံးတော်ကို သွားဖို့လိုအပ်တယ်...သူတို့က ဒီပစ္စည်းကို ရနိုင်ဖို့အတွက် တခြား ကြယ်မြစ်တွေကနေ သွားပြီးတော့ဝယ်ယူရတယ်...ခရီးလမ်းအကွာအဝေးကြောင့် ဒီပစ္စည်းရဲ့ တန်ဖိုးက အရမ်းမြင့်တက်လာခဲ့တယ်...ဒါ့ကြောင့် ဒါက ဈေးကြီးတယ်ဆိုတာ ပုံမှန်ပါပဲ..."
,လုယွီက မေးမြန်းသည်။
"ဖြစ်နိုင်တာတော့ ဒါကို တခြားနေရာမှာ စိုက်ပျိုးနိုင်တဲ့နည်းလမ်း မရှိတာများလား..."
"တခြားနေရာတွေမှာ လူတွေက အဲ့ဒီပတ်ဝန်းကျင်မျိုးရအောင် ကြိုးစားကြတယ်...ဒါပေမယ့် မာလင်းကြယ်နယ်မြေပေါ်က မိုးကြိုးမီးနှင်းကြာပွင့်တွေက စီးပွားရေးလုပ်ကိုင်လာတာ အချိန်အတော်ကြာနေပြီ...အဲဒီအပင်တွေက အကန့်အသတ်မရှိတဲ့ ထောက်ပံ့မှုတွေကို ရကြတယ်...တကယ်လို့ တခြားကြယ်နယ်မြေပေါ်မှာ တူညီတဲ့နေရာမျိုး ရှိတယ်ဆိုရင်တောင် အခုလိုမျိုး ပစ္စည်းကောင်းတွေရဖို့အတွက် နှစ်နည်းနည်းတော့ အချိန်ယူရလိမ့်မယ်..."
ဆိုင်ရှင်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏မျက်နှာအမူအယာသည် တည်ငြိမ်နေဆဲပင်။
"ငါ ဒါတွေအားလုံးကို ဝယ်မယ် ဒီပစ္စည်းတွေအားလုံးကို ထုပ်ပိုးဖို့အတွက် ငါက ဆိုင်ရှင်ကို ဒုက္ခပေးပါရစေ..."
ဆေးဆိုင်အတွင်းရှိ ဆေးပင်များကို ဝယ်ယူပြီးနောက် သူတို့နှစ်ယောက်သည် အရှေ့ပိုင်းမြို့အတွင်းရှိ တခြားဆေးဆိုင်များထံသို့ သွားခဲ့သည်။
သို့ရာတွင် သူတို့သည် မိုးကြိုးမီးနှင်းကြာပွင့်ငါးပွင့်ကိုသာ ဝယ်ယူနိုင်ခဲ့လေ၏။
လုယွီ၏ စိတ်နှလုံးသား လေးလံသွားသည်။
သူသည် အပေါ်ယံရှိ တိုက်ပွဲ၏ရလဒ်ကိုသာ အာရုံစိုက်နေခဲ့ပြီး စစ်ပွဲ၏နောက်မှ လွှမ်းမိုးမှု့ကို လျစ်လျူရှူထားခဲ့မိလေ၏။
Chapter 3765
မိုးကြိုးမီးနှင်းကြာပွင့်သည် စိတ်ဝိညာဥ်ဒဏ်ရာများကိုကုသရာ၌ အရေးပါသောဆေးပင်တစ်ပင်ဖြစ်သည်။
သူ၏စိတ်ဝိညာဥ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားကာ အားအင်ကုန်ခမ်းနေပေ၏။ထို့ကြောင့် မိုးကြိုးမီးနှင်းကြာပန်းကို အသုံးပြု၍ ညင်သာသောဆေးစွမ်းအားဖြင့် စိတ်ဝိညာဉ်ကို မိုးကြိုးနှင့်မီးတောက်များ၏ စွမ်းအားဖြင့် အားဖြည့်ပီးမှသာ တဖြည်းဖြည်း ပြန်လည်သိပ်သည်းနိုင်ပေမည်။
သူသည် တခြားဆေးပင်များကို အစားထိုး၍ အသုံး၍ရသော်လည်း ဆေးစွမ်းအားများသည် မိုးကြိုးမီးနှင်းကြာပွင့်ကို တိုက်ရိုက်အသုံးပြုသည်နှင့် များစွာကွာဟပေမည်။
ဤဆေးပင်သည် ယခင်ကတည်းက ဈေးကြီးသည်ဟု ယူဆနိုင်သည်။သို့ရာတွင် ယခုကဲ့သို့ အလွန်အမင်း တန်ကြေးမြင့်မားမှုမျိုး မရှိချေ။
မာလင်းကြယ်နယ်မြေသည် ယခင်ကလက်ဝဲစစ်တပ်နယ်မြေ၏ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုအနက်မှ တစ်ခုဖြစ်သည်။
သို့ရာတွင် ထန်အင်ပါယာ၏ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံရပြီးနောက် မာလင်းကြယ်နယ်မြေသည် ထန်အင်ပါယာ၏လက်အောက်သို့ ကျရောက်သွားခဲ့သည်။
အကယ်၍ နောင်အနာဂတ်တွင် စစ်သားများထံတွင် စိတ်ဝိညာဉ်ဒဏ်ရာများ ရရှိပါက သူတို့ထံတွင် အရေးပါသောဆေးပင်များ ကင်းမဲ့နေပေမည်။
နောင်တချိန်ချိန်တွင် သူတို့အား ကုသပေးနိုင်မည့် ဆေးပင်မျိုး ရှိလာနိုင်သည့်တိုင် အကျိုးသက်ရောက်မှုသည် အလွန်အမင်းလျော့ကျသွားပေမည်။
"မင်း တစ်ခုခုကို မြင်လား..."
လုယွီက လန်ဝူရှင်းကို မေးမြန်းသည်။
လန်ဝူရှင်းသည် အတွေးများအတွင်း၌ မျောလွင့်နေပုံရသည်။
"ထန်အင်ပါယာက ငါတို့ကို တိတ်တဆိတ် ရင်ဆိုင်ဖို့အတွက် ညစ်ပတ်တဲ့ လှည့်ကွက်တွေကို အသုံးပြုနေတာပဲ...သူတို့က ဆေးပင်တစ်ပင်ရောင်းချမှုကို ချိတ်ပိတ်လိုက်တာနဲ့ ဆေးဆိုင်အများစုရဲ့စီးပွားရေးက ချက်ချင်းလျော့ကျသွားတယ်...အဆုံးသတ်ကျရင် သူတို့က ဒါကို အခွင့်ကောင်းယူပြီး အသုံးချလာမှာပဲ..."
လုယွီက ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"တကယ်လို့ ငါတို့က ဒီအခြေအနေကို ချိုးဖျက်ချင်တယ်ဆိုရင် ငါတို့ရဲ့ ခုခံကာကွယ်မှုကို ပိုပြီးတော့ ခိုင်မာတောင့်တင်းအောင် လုပ်ရလိမ့်မယ်...အရင် လက်ဝဲစစ်တပ်တပ်မှူးတွေ ဒီအခြေအနေကို မချိုးဖျက်နိုင်ခဲ့တဲ့ အကြောင်းအရင်းက သူတို့က ဘယ်လို ခုခံကာကွယ်ရမယ်ဆိုတာကိုပဲ သိလို့ပဲ...မြို့ထဲမှာရှိတဲ့လူတွေက အရာအားလုံး အဆင်ပြေနေတယ်...ဒါပေမယ့် စီးပွားရေးနဲ့ဆိုင်တဲ့ စိတ်ဓာတ်ကျမှုတွေက လူတွေအများကြီးကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေတယ်...ဓားပြတွေသောင်းကျန်းလာပြီးတော့ အဆုံးသတ်ကျရင် ထန်အင်ပါယာက စစ်သားတစ်ယောက်ကိုတောင် အသုံးပြုဖို့ လိုမှာမဟုတ်တော့ဘူး...သူတို့က ထိုင်ကြည့်နေရုံနဲ့ အကျိုးအမြတ်တွေ အများကြီး ရသွားနိုင်တယ်..."
လုယွီသည် စဉ်းစားတွေးတောနေကာ ရုတ်တရက် အတွေးတစ်ခုက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
အကယ်၍ ဤအတွေးကိုသာ အကောင်အထည်ဖော်နိုင်ပါက သူသည် အခြေအနေကို ပြောင်းပြန်လှန်ကာ ထန်အင်ပါယာကို အနိုင်ယူနိုင်ပေမည်။
"အရှင်...ငါတို့ အခု ဘာလုပ်ကြမလဲ "
လန်ဝူရှင်းက မေးမြန်းသည်။
"ဆေးဖော်စပ်ဖို့အတွက် နေရာတစ်နေရာ ရှာကြရအောင်"
လုယွီသည် သူ၏ အတွေးများအတွင်း၌ နစ်မြုပ်နေဆဲပင်။အမှုမဲ့အမှတ်မဲ့ဖြင့် သူသည် မုဆိုးမလမ်းကို တစ်ကြိမ်ပြန်၍ လှည့်ကြည့်လိုက်မိသည်။
သူတို့ထွက်ခွာခဲ့သည်မှာ အချိန်နှစ်နာရီခန့်သာ ကြာမြင့်သေးသည်။
မမျှော်လင့်ပဲ နင်းရှို့၏အိမ်တံခါးသည် ပွင့်နေကာ ပြင်ပ၌အနက်ရောင်ဝတ်စုံဝတ်လူတစ်စု မတ်တတ်ရပ်နေသည်။
ခြံဝန်းအတွင်းမှ အငြင်းပွားသံများထွက်ပေါ်လာသည်ကို ဝိုးတဝါးကြားနေရပေ၏။
လုယွီသည် ထိုမြင်ကွင်းကိုကြည့်ပြီးနောက် တိတ်ဆိတ်ငြိမ်သက်စွာ လျောက်လှမ်းသွားလိုက်သည်။
ဤအချိန်တွင် ခြံဝန်းအတွင်း၌ လူထွားကြီးတချို့သည် နင်းရှို့၏ ဇနီးနှင့်သားကို ဝိုင်းရံထားကာ ရက်စက်ကြမ်းကြုတ်စွာ စူးစိုက်ကြည့်နေကြ၏။
ထိုလူထွားကြီးများအကြားတွင် ပိန်ပါးပါးလူတစ်ယောက်ရှိကာ သူ၏အကြည့်သည် အမျိုးသမီးအပေါ်သို့ အဆင်ခြင်မဲ့စွာ ကျရောက်နေပြီး သူ့၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းရောင်များဖြင့် ပြည့်နှက်နေသည်။
"မကောင်းတဲ့မိန်းမ...ဒီငွေတွေကို မင်း အရင်က ဘယ်လိုဖွက်ထားတာလဲ...မင်းမှာ ငွေတော်တော်များများ ရှိနေတာပဲ....ကြည့်ရတာတော့ မင်းရဲ့ သောက်သုံးမကျတဲ့ ယောက်ျားက အတိတ်တုံးက တော်တော်လေးချမ်းသာခဲ့ပုံရတယ်...သူ အရင်က ချန်ထားခဲ့တဲ့ငွေတွေ ဘယ်နေရာမှာလဲ"
ပိန်ပါးပါးလူက ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုသည်။
ထိုပိန်ပါးပါးလူ၏ လက်အတွင်းတွင် ငွေလက်မှတ်တစ်ထပ်ရှိနေသည်။
ဤသည်မှာ လုယွီ ထိုအမျိုးသမီးကို ပေးခဲ့သော ငွေလက်မှတ်များပင်။
ထိုအမျိုးသမီး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူမက တုန်ရီနေသောလေသံဖြင့် ပြောဆိုသည်။
"နင် ဒီငွေတွေကို ယူသွားလို့မရဘူး..."
ပိန်ပါးပါးလူက ပြောဆိုသည်။
"မင်းဆီက ရစရာရှိတဲ့ ငွေတွေလေ...ငါက ဘာလို့ မယူရမှာလဲ... ဒီငွေနည်းနည်းလောက်က အတိုးပဲ ရှိသေးတာ..ဒါက အရင်းကြေဖို့ဆိုတာ မလုံလောက်သေးဘူး"
ထိုသို့ပြောဆိုပြီးနောက် ပိန်ပါးပါးလူသည် သူ၏လက်တစ်ဖက်ကို ဆန့်တန်းကာ ကောင်လေးကို ဖမ်းဆုပ်လိုက်၏။
ကောင်လေးသည် ထိတ်လန့် ကြောက်ရွံ့သော အမူအယာဖြင့် ကြက်သေသေသွားတော့သည်။
သူ့ထံမှ မျက်ရည်များ ယိုစီးကျလာသော်လည်း သူ့၏ပါးစပ်ကို ပိန်ပါးပါးလူ၏လက်ဖြင့် ပိတ်ထားခြင်းခံလိုက်ရသည်။
သူ့၏မျက်နှာငယ်လေးသည် ချက်ချင်းဆိုသလိုပင် နီမြန်းသွားပေ၏။
"ငါရဲ့သားကို လွှတ်လိုက်စမ်း "
ထိုအမျိုးသမီးသည် စူးရှကျယ်လောင်စွာ အော်ဟစ်ကာ ရှေ့သို့ အပြေးတိုးဝင်သွားသော်လည်း ပတ်ဝန်းကျင်ရှိ လူထွားကြီးများ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသည်။
သူမသည် မီးဖိုနှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိကာ သူမ၏နဖူးမှနေ၍ သွေးများယိုစီးကျလာသည်။
သို့ရာတွင် သူမသည် သူမ၏နဖူးပေါ်မှ သွေးထွက်နေခြင်းကို ဂရုမစိုက်နိုင်ချေ။သူမက တောင်းပန်နေသော လေသံဖြင့် ပြောဆိုသည်။
"ငါရဲ့သားကို လွှတ်ပေးကြပါ...ငါက နည်းလမ်းတစ်ခုရှာပြီးတော့ နင်တို့အတွက် ငွေတွေ စုဆောင်းပေးမယ်...ငွေ ဘယ်လောက်များများဖြစ်နေပါစေ ငါနင်တို့ကို ပြန်ဆပ်မယ်..."
Thank For Reading.