← Chapters

အခန်း (၃၇၈၂-၃၇၈၅)

Vol. 192 Ch. 3782-3785

အခန်း (၃၇၈၂-၃၇၈၅)

Vol. 192 Ch. 3782-3785

Chapter 3782

"ဒါဆိုရင် မင်းက တကယ့်ကို ရွှယ်အင်မော်တယ်တစ်ယောက်ပေါ့...ဒါပေမယ့် ဒီနေရာကကောင်းကင်ချိုးဖျက်ခံတပ် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ထင်ရာစိုင်းပြုမှုလို့ရတဲ့ နေရာတစ်နေရာမဟုတ်ဘူး"

ဟန်ကျင်းယုက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

သူ၏အမြင်အရ တော်ဝင်နန်းတွင်းသည် ရိုသေလေးစားထိုက်ဆုံးနေရာပင်။

ဤနေရာသည် တော်ဝင်နန်းတွင်း၏စစ်တပ်မြို့ဖြစ်ပြီး နံဘေးပတ်လည်တွင် စစ်တပ်များကဝိုင်းရံထားသည်။အကယ်၍ လန်ဝူရှင်းထံတွင် မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်ရှိနေလျှင်ပင် ဤကိစ္စကို ကြေအေးသွားစေရန် လွယ်ကူမည်မဟုတ်ချေ။

လန်ဝူရှင်းက မျက်မှောင်ကြုတ်ကာ ပေါ့ပေါ့တန်တန်ပြောဆိုသည်။

"ကြည့်ရတာတော့ မင်းက အခေါင်းကို မမြင်မချင်း မျက်ရည်ကျမယ့်ပုံမပေါ်ဘူး...ငါက မင်းကို အသက်ချမ်းသာပေးထားတယ်...ဘာလို့လဲဆိုတော့ ငါ့ရဲ့အရှင်ကို ငါ ဒုက္ခမပေးချင်လို့ဘဲ...မင်းရဲ့အနားမှာရှိတဲ့လူတွေကို ကြောက်နေလို့မဟုတ်ဘူး...ငါ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကြောင့်လည်းမဟုတ်ဘူး...မင်း နားလည်လား"

ထိုစကားကိုကြားချိန်တွင် ဟန်ကျင်းယုသည်ထိတ်လန့်တုန်လှုပ်သွားပေ၏။

လန်ဝူရှင်းသည် လုံလောက်သောစွမ်းအားကို ထုတ်ဖော်ပြသပြီးဖြစ်သည်။သူသည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် အမှန်တကယ်ဖြစ်နေနိုင်သည်။

သို့ရာတွင် သူ့၏ပါးစပ်မှနေ၍ အရှင်ဟုရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။ဖြစ်နိုင်သည်မှာ သူသည် တခြားတစ်ယောက်၏နောက်လိုက် ဖြစ်နေသလော...

ဤကဲသို့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို နောက်လိုက်တစ်ယောက်အဖြစ်လိုလိုလားလားပြုလုပ်စေသည်မှာ မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း။

ဤအချိန်အခိုက်အတန့်တွင် ဟန်ကျင်းယုသည် ထိတ်လန့်ကြောက်ရွံသွားပေ၏။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် သူ့၏ထိတ်လန့်ကြောက်ရွံ့မှုများသည့် အနိုင်ကျင့်အရှက်ခွဲခံရသော ခံစားချက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

အကြောင်းအရင်းမှာ သူ့ဖခင်၏နောက်ခံအင်အားကြောင့် သူသည် ခံတပ်အတွင်း၌ ဆန္ဒရှိသကဲ့သို့ လုပ်ဆောင်နေခဲ့သည်။သူကြောက်ရွံ့ရသောအရာဟူ၍ မည်သည့်အရာမျှမရှိခဲ့ချေ။

သို့ရာတွင် ယခုချိန်၌ သူသည် မောက်မာဝံ့ကြွားစွာ အပြေးလာခဲ့သည့်တိုင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။သူသည် အစဉ်အမြဲ မာန်မာနထောင်လွှားသူတစ်ယောက်ဖြစ်သဖြင့် ဤကိစ္စကို သည်းခံနိုင်ခြင်းမရှိချေ။

"လန်ဝူရှင်း...ကောင်းတယ်...အရမ်းကောင်းတယ်...မင်းက တကယ့်ကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပဲ...ဒါပေမဲ့ မင်း သိထားရမှာကမင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ..မင်းက နတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်လေးသက်သက်ပဲ....တော်ဝင်နန်းတွင်းရဲ့ရှေ့မှာ မင်းက ဘာကောင်မှမဟုတ်ဘူး...ငါ ပြန်ရောက်တာနဲ့ ဒီကိစ္စကို တော်ဝင်နန်းတွင်းဆီ သတင်းပို့မယ်...မင်းရဲ့မောက်မာထောင်လွှားမှုကြောင့် မင်းရဲ့အထွတ်အထိပ်ဂိုဏ်းက အနှေးနဲ့အမြန် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်...ဟုတ်ပြီလား"

ဟန်ကျင်းယုက အေးစက်စက်နှာတစ်ချက်မှုတ်ကာ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုသည်။

"မကောင်းတော့ဘူး"

မီးခိုးရောင်ဝတ်စုံဝတ်လူအိုကြီးသည် ဟန်ကျင်းယု ထိုသို့ပြောဆိုသည်ကို ကြားချိန်တွင် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကာ အလျင်စလို ပြောဆိုသည်။

"သခင်လေး...ဘာမှထပ်ပြီးမပြောနဲ့တော့...မြန်မြန်ပြန်ကြရအောင်"

သူသည် သူ့သခင်လေး၏အကျင့်စရိုက်ကို ကောင်းစွာသတိပြုမိသည်။ဤသခင်လေးသည် ငယ်ရွယ်စဉ်ကတည်းက ခမ်းနားထည်ဝါသောဘဝဖြင့်ရှင်သန်လာခဲ့ကာ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်မှုကို မခံစားဘူးချေ။

သူသည် ယခုလက်ရှိအချိန်၌ သံပြားကြီးကို အမှန်တကယ် ဆောင့်ကန်ခဲ့မိသည့်တိုင် သူ့၏အမှားကိုဝန်ခံရန် ဆန္ဒမရှိဖြစ်နေဆဲပင်။ ထို့ပြင် သူသည် လန်ဝူရှင်းကို ထပ်မံ၍ရန်စစော်ကားနေပေ၏။

သို့ရာတွင် သူ ရန်စစော်ကားသောပစ်မှတ် မှားယွင်းနေသည်မှာ သိသာထင်ရှားသည်။

လန်ဝူရှင်းသည် အစကတည်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။သူသည် တခြားလူများကို မည်သူမည်ဝါဟု တစ်ကြိမ်တစ်ခါမျှ ဂရုစိုက်နေခြင်းမရှိချေ။

လန်ဝူရှင်းသည် သူ့၏ကိုယ်ပိုင်ခွန်အားကိုအမှီပြု၍ ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့သူပင်။သူသည် ဖခင်၏နောက်ခံအင်အားကိုမှီခိုအားထား၍ မောက်မာထောင်လွှားနေသော ဟန်ကျင်းယုထက် များစွာပို၍သန်မာအားကောင်းသောအချက်ကို ထည့်သွင်းဖော်ပြရန် မလိုတော့ချေ။

"ငါက မင်းကို မျက်နှာသာတချို့ပေးခဲ့တယ်...ဒါတောင်မှ မင်းက ငါ့ရှေ့မှာလာပြီး မဆင်မခြင်ပြုမူဝံ့သေးတာလား"

လန်ဝူရှင်းက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ့၏လက်ဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်လာကာ သူသည်ဟန်ကျင်းယုထံ ဦးတည်ပြီးရိုက်နှက်လိုက်၏။

လန်ဝူရှင်းက ဟန်ကျင်းယုသည် မည်သူမည်ဝါ၏သားဖြစ်သည်ကို ဂရုမစိုက်ချေ။

ယခုချိန်၌ သူသည် လုယွီကိုလည်း ထည့်တွက်နေမည်မဟုတ်ချေ။လန်ဝူရှင်းသည် မူလကတည်းက ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။သူ့၏လက်ဝါးသည် မိုးကောင်းကင်ယံမှဆင်းသက်လာကာ ဟန်ကျင်းယုထံသို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။

"သခင်လေး...ဒီနေရာက မြန်မြန်ထွက်သွားတော့"

လူအိုကြီးနှစ်ယောက်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူတို့သည် လေထုအတွင်းသို့ချက်ချင်းခုန်တက်ကာ မိုးကောင်းကင်ယံမှကျဆင်းလာသော လက်ဝါးရိုက်ချက်စွမ်းအားကို ပိတ်ဆို့ဟန့်တားရန် ကြိုးစားလိုက်၏။

ဘန်း...ဘန်း...

သူတို့နှစ်ယောက်သည် လေထုအတွင်းသို့ ခုန်တက်လိုက်သည်နှင့် သူတို့သည် လက်ဝါးရိုက်ချက်မှမှော်စွမ်းအားများနှင့် ထိတွေ့မိသည်။

ကျယ်လောင်သောပေါက်ကွဲသံနှစ်သံထွက်ပေါ်လာခြင်းနှင့်အတူ လူအိုကြီးနှစ်ယောက်၏ပါးစပ်မှ သွေးများအန်ထွက်လာကာလွင့်ထွက်သွားတော့သည်။

သူတို့သည် အလွန်သန်မာအားကောင်းသည်ဟု ယူဆနိုင်သော်လည်း လန်ဝူရှင်းနှင့်နှိုင်းယှဉ်လျှင်မူ ကြီးမားသောကွာဟချက်ရှိနေဆဲပင်။

ကောင်းကင်ယံကိုပိတ်ဖုံးထားကာ နေရောင်ခြည်ကိုလွှမ်းခြုံနေသော အလွန်ကြီးမားသည့် မှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးသည် ဟန်ကျင်းယုပေါ်သို့ ကျရောက်လာလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် စူးရှသောအလင်းတန်းတစ်တန်းသည် ရုတ်တရက်အဝေးမှ ပျံ့လွင့်လာကာ ထိုလက်ဝါးပုံရိပ်ယောင်ကြီးကို ထွင်းဖောက်သွားလေ၏။

Chapter 3783

ဝှစ်....

မြှားတစ်စင်းသည် လမ်းကျဥ်းလေးတစ်ခုအတွင်းမှနေ၍ ပျံ့လွင့်လာသည်။ထိုအရာသည် လျှပ်ပြက်သကဲ့သို့လျင်မြန်ကာ အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် လန်ဝူရှင်းထံသို့ တန်းတန်းမတ်မတ်တိုးဝင်လာသည်။

ဤမြှားသည် အလွန်အမင်းလျင်မြန်စွာ ထွက်ပေါ်လာခြင်းဖြစ်ကာ မည်သည့်သတိပေးမှုမျှ မရှိချေ။ထိုအရာသည် လန်ဝူရှင်း၏ရှေ့သို့ချက်ချင်းရောက်ရှိလာသည်။

ထိုအခြင်းအရာကိုကြည့်ပြီး လန်ဝူရှင်းသည် ထိတ်လန့်တကြားဖြစ်သွားခြင်း မရှိချေ။လန်ဝူရှင်းသည် သူ့၏လက်ကို ရှေ့သို့ဆန့်တန်းကာ ထိုမြှားကိုလမ်းတဝက်မှ ကြားဖြတ်ဟန့်တားကာ သူ့၏လက်ဖြင့် တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်လိုက်သည်။

ဝီ...ဝီ...ဝီ...

ထိုမြှားသည် လန်ဝူရှင်း၏လက်အတွင်းသို့ ကျရောက်သွားသော်လည်း မြှား၏အမှီးသည်တုန်ခါနေဆဲပင်။ထိုမြှားမှစွမ်းအားသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။

ဟန်ကျင်းယု၏နောက်မှနေ၍ သံချပ်ကာဝတ်စုံဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တယောက်ရုတ်တရက် ထွက်ပေါ်လာသည်။သူသည် ကျွဲဂျိုလေးတလက်ကို ကိုင်ဆောင်ထားလေ၏။လမ်းများပေါ်၌ စစ်ဖိနပ်နှင့်မြေပြင်ရိုက်ခတ်မိသည့်အသံများ မြည်ဟီးလာသည်။အနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ တရကြမ်း​အပြေးရောက်လာကြသည်။

စစ်သားအမြောက်အများသည် လမ်းများပေါ်၌ မတ်တတ်ရပ်လိုက်ကြသည်။ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်သွားသည်။

ဤစစ်ဗိုလ်ချုပ်သည် လုယွီနှင့်လန်ဝူရှင်းတို့ကို မြို့တံခါး၏ရှေ့၌ ဟန့်တားခဲ့သော မဟာစစ်ဗိုလ်ချုပ်ဟန်ချီပင်။

"လန်ဝူရှင်း...ငါ့ရဲ့သားကို မင်း ဒဏ်ရာရအောင်လုပ်လိုက်တာက ဘာသဘောလဲ"

ဟန်ချီက အေးစက်တင်းမာစွာ ပြောဆိုသည်။

သူက ခြေတစ်လှမ်းရှေ့သို့တိုးလိုက်ရာ ရွှယ်ပင်မော်ယ်တစ်ယောက်၏စွမ်းအား ချက်ချင်းပွင့်အံ့ထွက်လာသည်။အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက်ပတ်ဝန်းကျင်ရှိ လမ်းများထက်သို့ ကျရောက်သွားသည်။

"အဖေ"

ဟန်ကျင်းယုသည် အလွန်အမင်းစိတ်လှုပ်ရှားသွားကာ အလျင်စလို အော်ဟစ်လိုက်၏။

ဟန်ကျင်းယုအတွက် သူ့၏ဖခင်သည် အကြီးမားဆုံးမှီခိုအားထားရာပင်။

သူ၏ဖခင် ဦးစီးဦးဆောင်ရှိနေခြင်းကြောင့် ဟန်ကျင်းယုသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိတ်လန့်ကြောက်ရွံရန် မလိုအပ်ခဲ့ချေ။

လန်ဝူရှင်းက ခံစားချက်ကင်းမဲ့သောလေသံဖြင့်ပြောဆိုသည်။

"မင်းရဲ့သားက အဆင်အခြင်မဲ့တာကြောင့်...ငါက မင်းကိုယ်စား သူ့ကို သင်ခန်းစာပေးနေတာ..ဒါက နောက်အနာဂတ်မှာ သူပိုပြီးတော့ ပြဿနာတွေရှာမယ့်ကိစ္စကို သက်သာသွားစေလိမ့်မယ်...မင်းရဲ့သားကို သင်ခန်းစာကောင်းကောင်းမပေးထားတဲ့အတွက် မင်းကိုယ်မင်း အပြစ်တင်တဲ့အနေနဲ့ ပြန်ပြီးဆင်ခြင်သုံးသပ်သင့်တယ်...မင်း သူ့ကို ဘယ်လိုမျိုးတွေသင်ကြားပေးထားတာလဲ"

ထိုစကားကိုကြားချိန်၌ လူတိုင်း မျက်ခွံလှုပ်သွားသည်။

ဟန်ချီသည် ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ အစစ်အမှန်စွမ်းအားရှိသော မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ပင်။သူသည် အစွမ်းထက်ရုံသာမက မြင့်မားသောအခွင့်အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။

ဟန်ချီကို မြင်တွေ့မိသော မည်သူမဆို ပြင်းထန်သော လွှမ်းမိုးချုပ်ကိုင်နိုင်မှုအရှိန်အဝါကို ခံစားရပေမည်။မည်သူမည်ဝါဖြစ်နေပါစေ ဟန်ချီ၏ရှေ့တွင် သူတို့၏အတွေးများကိုထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။သူတို့အားလုံးသည် နှိမ့်ချနေရန်ကိုသာ တွေးတောနေခဲ့ကြသည်။

ဟန်ချီနှင့်ကျင့်ကြံဆင့်နယ်ပယ်တူသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ တစ်ယောက်သာလျှင်သူ့အားမျက်နှာချင်းဆိုင်၍ ဤကဲ့သို့စကားမျိုးပြောဆိုဝံ့ပေမည်။

ဟန်ချီသည် ဒေါသထွက်သွားပြီးနောက် သူကကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

ထိုစကားများကိုပြောဆိုပြီးနောက် ပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါသည် အကန့်အသတ်ထိမြင့်တက်သွားပေ၏။

ဟန်ချီ၏ခန္ဓာကိုယ်ကို ပူပြင်းသောအရှိန်အဝါတစ်ရပ်က ရစ်သိုင်းလွှမ်းခြုံထားကာ အပူရှိန်မြင့်မားသည့် မီးပြင်းဖိုကြီးတစ်လုံးအလားပင်။သူနှင့်အနီးကပ်နေသည့် မည်သူမဆို အလွန်အမင်းပူပြင်းမှုကို ခံစားရပေမည်။

ဤသည်မှာ တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်ခွန်အားကို အဆုံးစွန်ဆုံးအထိ ကျင့်ကြံထားကာ သူ့၏ခန္ဓာကိုယ်ရှိသွေးချီများပွင့်အံ့ထွက်လာခြင်းမှ ဖန်တီးနိုင်သော သဘာဝလွန်ပုံရိပ်တစ်ခုပင်။

"ဘာလဲ..မင်းက လက်မခံနိုင်ဘူးလား...စကားတွေ အများကြီးပြောနေရင်လည်း ဘာအသုံးဝင်မှာမလို့လဲ...တကယ်လို့ မင်းမှာ အရည်အချင်းရှိရင် ဒီနေရာကိုလာခဲ့စမ်း...မင်းရဲ့သား မျက်နှာပြန်ရအောင် မင်း လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

လန်ဝူရှင်းသည် ဟန်ချီကို အနည်းငယ်မျှ ဂရုစိုက်ခြင်းမရှိချေ။

ယခင်က မြို့တံခါးရှေ့တွင် ဟန်ချီသည် သူ့အားအရှက်ရအောင်ပြုလုပ်ခဲ့သည်။ဤတစ်ကြိမ်တွင် သူ၏ကျင့်ကြံဆင့်စွမ်းအားများအနည်းငယ်ပြန်လည်ရရှိလာပြီ ဖြစ်သောကြောင့် သူ လက်စားချေလိုသည်။

"မင်းက တကယ့်ကို နတ်ဆိုးတာအိုကျင့်ကြံသူတစ်ယောက်ပဲ...မင်းက ရိုသေလေးစားရမယ်ဆိုတာကို မသိဘူး... ဘာက မင်းအတွက်ကောင်းတယ်ဆိုတာကိုလည်း မသိဘူး...ဒီနေ့ ငါက တပ်မှူးလုရဲ့ကိုယ်စား မင်းကို သင်ခန်းစာသင်ကြားပေးမယ်"

ဟန်ချီသည် သူ၏စိတ်နှလုံးသားအတွင်းရှိ တဟုန်းဟုန်းထနေသောဒေါသများကို ထပ်မံ၍ ဖိနှိပ်ထားနိုင်ခြင်းမရှိတော့ချေ။သူသည် ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်၏။

သူ၏လက်အတွင်းရှိ ကျွဲဂျိုလေးသည် တဖြည်းဖြည်း မီးတောက်ဆေဘာဓားရှည်တစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။ဤဆေဘာဓား၏မျက်နှာပြင်ပေါ်တွင် မီး​တောက်အမှတ်အသားများဖြင့်လွှမ်းခြုံနေကာ ကြည့်ရသည်မှာ အလွန်အမင်းမျက်စိစူးရှဖွယ်ကောင်းသည်။

ဟန်ချီက ထိုဆေးဘာဓားကို သူ့၏လက်ဖြင့်ဆုပ်ကိုင်လိုက်သည်။သူ့၏ခန္ဓာကိုယ်ပေါ်ရှိသံချပ်ကာဝတ်စုံသည်လည်း မီးတောက်များဖြင့် လောင်ကျွမ်းနေပုံရသည်။သူ့၏ခန္ဓာကိုယ် ရုတ်တရက် ကြီးမားပြန့်ကားလာကာ ပန်းချီကားချပ်တစ်ခုအတွင်းမှ ထွက်လာသော နတ်ဘုရားတစ်ပါးအလား အစွမ်းထက်ပြီး မောက်မာဝင့်ကြွားသော အရှိန်အဝါမျိုးရှိနေသည်။

ကြီးမားသောဖိအားအရှိန်အဝါက အရပ်မျက်နှာအဘက်ဘက်သို့ ကျရောက်သွားသည်။လမ်းပေါ်တွင်ရှိနေသော မည်သူမဆို သူတို့၏ခေါင်းများကို အောက်သို့ငုံထားရသည်။ဤဖိအားအရှိန်အဝါအောက်တွင် သူတို့၏ခေါင်းများကိုမော့နိုင်ရန်ပင် အလွန်အမင်းခက်ခဲနေသည်။

Chapter 3784

ဤကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါနှင့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မည်သူ့ကိုမဆို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေပေမည်။

ဤကဲ့သို့ဖိအားအရှိန်အဝါမျိုးအောက်တွင် မည်သူ​ထံတွင်မှ တုံ့ပြန်တိုက်ခိုက်ဝံ့သောသတ္တိမျိုး ရှိမည်မဟုတ်ချေ။

"ဒါက အမှန်ပဲ...အကျိုးမရှိတဲ့ကိစ္စတွေကို မပြောဘဲနေကြစို့...ငါတို့ရဲ့လက်တွေနဲ့ပဲ ဆုံးဖြတ်ကြရအောင်"

ပြင်းထန်သောတိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများက လန်ဝူရှင်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

အစောပိုင်းက သူသည် မြို့တံခါးရှေ့တွင်အားနည်းသည့်အခြေအနေမျိုး၌ရှိနေသောကြောင့် ဟန်ချီ၏လက်အတွင်း၌ ရှုံးနိမ့်မှုကိုခံစားခဲ့ရသည်။

လူကြီးလူကောင်းတစ်ယောက် လက်စားချေရန်အတွက် ဆယ်နှစ်ကြာလျှင်ပင် နောက်ကျခြင်းမရှိသော်လည်း လန်ဝူရှင်းသည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပင်။သူသည် လက်စားချေခြင်းဖြင့် ပျော်ရွှင်မှုကို အထူးခံစားရသည်။ထိုကြောင့် သူထံ၌ တစ်ကြိမ်ရန်ငြိုးရန်စရှိသည်နှင့် သူသည် တတ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် လက်စားချေလေ့ရှိသည်။

လန်ဝူရှင်းသည်လည်း ဆေဘာဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ထိုဆေဘာဓား၏ဓားသွားသည် အေးစက်နေပေ၏။သူ့၏လက်ကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ တိုးညှင်းသောတုန်ခါသံများက ဆေဘာဓားမှမြည်ဟီးလာသည်။

ဝီ...ဝီ...ဝီ...

ဆေဘာဓား၏တုန်ခါသံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ထို့နောက်လန်ဝူရှင်းက ဆေဘာဓားကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။ထိုအရာသည် ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင် တောင်ပေါ်မှာဆင်းသက်လာသည့်အလား အရှိန်အဟုန်လွန်စွာကြီးမားသည်။

မင်းဟုန်ဆေဘာဓားစိတ်ဆန္ဒ...တောင်တန်းနှင့်မြစ်ပြင်ခုတ်ပိုင်းခြင်း....

ဂျင်ထောင်ပေါင်းများစွာ လေးလံသော အားလှိုင်းတစ်ရပ်သည် ရုတ်တရက် ကြည်လင်သောမိုးကောင်းကင်ယံမှနေ၍ ဟန်ချီထံသို့ ကျရောက်သွားသည်။

"အမ်...."

ဟန်ချီသည် ထိုဆေဘာဓားစိတ်ဆန္ဒကို မြင်တွေ့ချိန်တွင် သူ့၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားသည်။

သူသည်လည်း ဆေဘာဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ထိုဆေဘာဓား၏ဖျက်ဆီးနိုင်သောစိတ်ဆန္ဒကို အာရုံခံမိသည်။

ဘန်း...

ဟန်ချီသည် ထိုဆေဘာဓားချီ၏ရိုက်နှက်ခြင်းကိုခံရကာ သူ့၏ခန္ဓာကိုယ်သည် နောက်သို့မီတာဆယ်နှင့်ချီဝေးကွာသောနေရာထိ လွင့်ထွက်သွားသည်။သူ့၏ခြေထောက်ရှိ စစ်ဖိနပ်မှနေ၍ မြေပြင်ပေါ်တွင် နက်ရှိုင်းသောစွတ်ကြောင်းရာကြီးနှစ်ရာ ကျန်ခဲ့လေ၏။

ဤသည်မှာ ဆေဘာဓားချက်တစ်ချက်သာဖြစ်သော်လည်း ဟန်ချီသည် အရေးနိမ့်သွားလေပြီ။

နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသော ဟန်ကျင်းယုသည် အံ့အားသင့်တုန်လှုပ်နေပေ၏။သူသည် နောင်တရမှုကို ခံစားမိသည်။

အကယ်၍ လန်ဝူရှင်း အလွန်အစွမ်းထက်သည်ကို သူ သိရှိခဲ့ပါက ထိုလူ၏နာမည်ကိုကြားပြီးနောက် သူ ချက်ချင်းထွက်ခွာခဲ့ပေမည်။

ဟန်ချီပင်လျှင် လန်ဝူရှင်းအတွက် ပြိုင်ဘက်မဖြစ်နိုင်လေရာ ဟန်ကျင်းယုသည် မည်သည့်နည်းဖြင့် သူ့အား အနိုင်ယူနိုင်မည်နည်း။

"လာခဲ့စမ်း...မင်း ဘာတတ်နိုင်သေးလဲဆိုတာ ငါကြည့်ရအောင်"

လန်ဝူရှင်း၏မျက်လုံးအတွင်းမှနေ၍ သွေးဆာသောအလင်းတန်းများဖြာထွက်နေသည်။သူသည်ရှေ့သို့တိုးကာ သူ့၏ဆေဘာဓားကိုကိုင်မြှောက်၍ ဟန်ချီအားတိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

သူသည် မူလကတည်းက တိုက်ပွဲအရူးတစ်ယောက်ပင်။တိုက်ပွဲအတွင်းသို့ သူ ဝင်ရောက်ပြီးသည်နှင့် သူသည် ရူးသွပ်မှုအတွင်းသို့ကျရောက်သွားကာ သေသည်အထိတိုက်ခိုက်ပေလိမ့်မည်။

ဒေါင်...ဒေါင်...ဒေါင်...

သူတို့နှစ်ယောက်သည် လမ်း၏အထက်ရှိမိုးကောင်းကင်ယံအတွင်း၌ ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲကြတော့သည်။

ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှစ်ယောက်အကြားရှိ တိုက်ပွဲမှ နောက်ချန်အားလှိုင်းများသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပျက်စီးခြင်းအခြေအနေမျိုးသို့ ကျရောက်သွားစေသည်။

ကံကောင်းထောက်မစွာဖြင့် လန်ဝူရှင်းသည် တိုက်ပွဲဆာလောင်သူတစ်ယောက်ဖြစ်သော်လည်း ဤသည်မှာ ကောင်းကင်ချိုးဖျက်ခံတပ်ဖြစ်ကြောင်း သူ သိရှိထားသည်။ ထို့ကြောင့် သူ့ကိုယ်သူ အနည်းငယ်ထိန်းချုပ်ထားခဲ့လေ၏။သူ့၏ဆေးဘာဓားချက်တိုင်းသည် ဟန်ချီကိုသာပစ်မှတ်ထားပြီး တခြားနေရာများသို့ ကျရောက်စေခြင်းမရှိချေ။

သို့ရာတွင် လန်ဝူရှင်းသည် သူ့၏ဆေဘာဓားစိတ်ဆန္ဒကို ထိန်းချုပ်ထားသည့်တိုင် သူသည်ဟန်ချီကို ဖိနှိပ်ထားနိုင်ဆဲပင်။

တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ၏ဆေဘာဓားစိတ်ဆန္ဒသည် မင်းဟုန်ဆေဘာဓားမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။

ဟန်ချီသည် မည်သည့်နည်းစနစ်ကိုမျှ ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိတော့ဘဲ သူ့၏ဆေဘာဓားချက်များကို ကြုံရာကျပန်းအသုံးပြု၍ ခုခံနေရသည်။

"ငါ မင်းကို အခွင့်အရေးမပေးဘူးလို့ မပြောနဲ့.... မင်းက ဒီလို အရည်အချင်းနည်းနည်းလောက်နဲ့ ဘာလို့ ငါ့ရှေ့မှာလာပြီး မောက်မာထောင်လွှားနေတာလဲ"

လန်ဝူရှင်းက အထင်အမြင်သေးသောအပြုံးနှင့်ပြောဆိုသည်။

ဟန်ချီ၏နဖူးတွင် ဇောချွေးများဖြင့်ပြည့်နှက်နေကာ အလွန်အမင်းခက်ခဲသောအခြေအနေသို့ ကျရောက်နေပုံရကြောင်း သူမြင်တွေ့ပြီးလေပြီ။ ချက်ချင်းဆိုသလိုပင် သူသည် ဝမ်းသာပီတိဖြစ်မှုကို ခံစားမိလေ၏။

နောက်ထပ် တိုက်ကွက်တစ်ရာခန့်တိုက်ခိုက်ပြီးနောက် ဟန်ချီသည် နောက်ဆုံး၌ အရေးမလှသောအခြေအနေသို့ လုံးလုံးလျားလျား ကျရောက်သွားတော့သည်။

သူ ဝှေ့ယမ်းလိုက်သော ဆေဘာဓားချက်များသည် အလွန်အမင်း ကိုးယိုးကားယားဆန်နေသည်။ထို့ပြင် လန်ဝူရှင်း၏ဆေဘာဓားစိတ်ဆန္ဒသည် အလွန်အမင်းခိုင်မာပေ၏။တိုက်ကွက်တစ်ရာကျော်ခန့် ဖလှယ်ပြီးနောက် ဟန်ချီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာတွင် အပေါက်များ အက်ကွဲရာများဖြင့် ပြည်နှက်နေလေပြီ။

သို့ရာတွင် ဟန်ချီ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်မျိုးမျှရှိမနေချေ။

"လန်ဝူရှင်း...ဒီနေရာက ကောင်းကင်ချိုးဖျက်ခံတပ်ဆိုတာ မင်းသိထားသင့်တယ် ..မင်း မဆင်မခြင်ပြုမူလို့ရတဲ့ နေရာတစ်နေရာမဟုတ်ဘူး"

ဟန်ချီ၏အသံက ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာသည်။

ဟန်ချီ၏တုံ့ပြန်မှုကိုကြည့်ပြီး လန်ဝူရှင်းသည် ရုတ်တရက် ဆိုးဝါးသောခံစားချက်တစ်ခုကို ရရှိလိုက်၏။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အနက်ရောင်ပုံရိပ်နှစ်ခုသည် မတူညီသောဦးတည်ချက်များနေ၍ လန်ဝူရှင်းကို ပစ်မှတ်ထားကာတိုက်ခိုက်လိုက်တော့သည်။

Chapter 3785

ထိုအနက်ရောင်ပုံရိပ်နှစ်ခုသည် အစမှအဆုံးတိုင် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေပြီး မည်သည့်အသက်စွမ်းအား အငွေ့အသက်မျှထွက်ပေါ်နေခြင်းမရှိချေ။

သူတို့ထွက်ပေါ်လာသည်မှာ အလွန်အမင်းလျှင်မြန်သည်။လန်ဝူရှင်းပင်လျှင် အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

"မင်းက လှည့်စားတတ်တဲ့ကောင်ပဲ"

လန်ဝူရှင်းသည် မျက်မှောင်ကြုတ်ကာ အော်ဟစ်ကျိန်ဆဲလိုက်သည်။မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ ချက်ချင်းသိနားလည်သွားလေပြီ။

အနက်ရောင်ပုံရိပ်နှစ်ခုသည် တဖြည်းဖြည်းအနီးသို့ချဉ်းကပ်လာသဖြင့် သူတို့၏ပုံရိပ်များပေါ်လွင်လာသည်။သူတို့သည် မဟာစစ်ဗိုလ်ချုပ်သံချပ်ကာများကို ဝတ်ဆင်ထားပေ၏။သူတို့သည် ကောင်းကင်ချိုးဖျက်ခံတပ်၏ မဟာစစ်ဗိုလ်ချုပ်များပင်။

သူတို့နှစ်ယောက်သည် စတင်တိုက်ခိုက်သည်နှင့် သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကာ ပြင်းထန်သောလက်သီးချက်များကို ထုတ်လွှတ်လိုက်သည်။လန်ဝူရှင်းသည် သတိလက်လွတ်နေမိသဖြင့် ချက်ချင်းလွင့်ထွက်သွားခဲ့သည်။

ဘုန်း...

ကျယ်လောင်သောအသံတစ်သံက ရုတ်တရက်မြေပြင်မှ ထွက်ပေါ်လာသည်။

လန်ဝူရှင်းသည် မြေပြင်ပေါ်သို့ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။

သူသည် ယုန်တကောင်အလား ဆတ်ခနဲခုန်ထကာ ထပ်မံ၍မတ်တတ်ပြန်ရပ်လိုက်သည်။

သူ့ရှေ့ရှိ လေဟာနယ်အတွင်းတွင် မဟာစစ်ဗိုလ်ချုပ်သုံးယောက် မတ်တတ်ရပ်နေသည်။သူတို့တစ်ယောက်ချင်းစီထံမှနေ၍ အစွမ်းထက်သောအရှိန်အဝါများ ထုတ်လွှတ်ထားသည်။သူတို့အားလုံးသည် ရွှယ်အင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူများပင်။

နယ်စပ်လေးနေရာ၏ခံတပ်များတွင် ခုခံကာကွယ်နေသောစစ်သားများသည် လက်ရွေးစင်များဖြစ်သည်။ဤနေရာများတွင် အစွမ်းထက်ကျင့်ကြံသူများသည် တိမ်စိုင်များကဲ့သို့ ပေါများပေ၏။

အကယ်၍ သာမန်စစ်တပ်တစ်တပ်ဆိုပါက မဟာစစ်ဗိုလ်ချုပ်များသည် အများဆုံးအနေဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင်သာရှိသည်။သို့ရာတွင် နယ်စပ်ရှိစစ်တပ်များအတွင်းတွင်မူ ရွှယ်အင်မော်တယ်နယ်ပယ်ရှိသော မဟာစစ်ဗိုလ်ချုပ်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။

"ငါ အရင်ကတည်းက မင်းကို ပြောခဲ့ပါတယ်...လန်ဝူရှင်း...တကယ်လို့ မင်းကကောင်းကင်ချိုးဖျက်ခံတပ်မှာ မဆင်မခြင်လှုပ်ရှားမယ်ဆိုရင် မင်းက သေလမ်းကိုရှာနေတာပဲ...မင်းက လုယွီရဲ့ဘက်မှာရှိနေတာနဲ့ သူကမင်းကို ကာကွယ်ပေးနိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား"

ဟန်ချီ၏မျက်လုံးအတွင်းတွင် လှောင်ပြောင်သရော်မှုများ အထင်မြင်သေးမှုများနှင့် ပြည့်နှက်နေသည်။

လန်ဝူရှင်းက တည်ငြိမ်စွာပြောဆိုသည်။

"ငါက မဆင်မခြင်လုပ်တာလား...ဘာလို့ မင်းရဲ့သားကို သူ ဘာလုပ်ခဲ့တယ်ဆိုတာ မင်း မမေးတာလဲ"

ဟန်ကျင်းယုက ​ပျာပျာသလဲပြောဆိုသည်။

"အဖေ ကျွန်တော် ဘာမှမလုပ်ဘူး...သူက ကျွန်တော့်ကို အရင်ရိုက်နှက်ခဲ့တာ...အဲ့ဒီလူရဲ့နတ်ဆိုးအကျင့်စရိုက်က ပြောင်းလဲမှာမဟုတ်ဘူး...သူက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ..အဖေ သူ့ကို အလွတ်မပေးနဲ့နော်"

ဟန်​ကျင်းယုသည် ရူးသွပ်သွားလုမတတ် ထိတ်လန့်ကြောက်ရွံ့နေသည်။

အစောပိုင်းက လန်ဝူရှင်း သူ့အားရိုက်နှက်ခဲ့သော လက်ဝါးရိုက်ချက်တွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံရသည်။ဤသည်မှာ သူ့အား လုံးလုံးလျားလျားခြေမွှဖျက်ဆီးလိုသည့်အလားပင်။

ဟန်ကျင်းယုသည် ပြန်လည်​တွေးတောလိုက်မိသည်။အကယ်၍ သူ့၏ဖခင်သာ အချိန်မီထွက်ပေါ်လာခဲ့ခြင်းမရှိပါက ယခုချိန်၌ သူသည် သွေးမြူများအဖြစ် ကြေမွှပျက်စီးနေလောက်လေပြီ။

"အစ်ကိုဟန်...ဘယ်အချိန်ကစပြီး နတ်ဆိုးကျင့်ကြံသူတွေက ကောင်းကင်ချိုးဖျက်ခံတပ်ထဲကို ခိုးဝင်နိုင်တာလဲ...ကြည့်ရတာတော့ ငါတို့က ဒီလူကိုဖမ်းဆီးပြီး သူ့ကို အသေးစိတ်ကျကျစစ်ဆေးရမယ်"

မဟာစစ်ဗိုလ်ချုပ်တယောက်က အေးစက်တင်းမာစွာပြောဆိုသည်။

ဟန်ချီက လှောင်ပြောင်သရော်လိုက်၏။

"အဲ့ဒီလူက လက်ဝဲစစ်တပ်ရဲ့ခေါင်းဆောင်တပ်မှူးနဲ့ ပူးပေါင်းထားတယ်...သူ့မှာ တခြားရည်ရွယ်ချက်လည်း ရှိချင်ရှိနေမှာပေါ့...သူက ကောင်းကင်ချိုးဖျက်ခံတပ်ထဲမှာ လူတွေကိုနာကျင်အောင်လုပ်ဝံ့မှတော့ သူက ထန်စစ်တပ်ရဲ့သူလျှိုလည်း ဖြစ်နေနိုင်တယ်..လန်ဝူရှင်း ငါတို့နဲ့အတူ လိမ်လိမ်မာမာလိုက်ခဲ့စမ်း"

စကားလုံးအနည်းငယ်ဖြင့် သူတို့သည် လန်ဝူရှင်းကို သံသယတံရားခံဟု ဆုံးဖြတ်ခဲ့ကြသည်။

ဤကဲ့သို့တိုက်ပွဲဖြစ်နေသည့် ပတ်ဝန်းကျင်အတွင်းတွင် ရန်သူဘက်မှ သူလျှိုဖြစ်သည်ဟုသံသယဝင်ခြင်းခံရပါက ထိုလူသည် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။သူတို့သည်သူလျှိုတစ်ယောက် လွတ်မသွားစေရန်အတွက် လူတစ်ထောင်ကို မှားယွင်းသတ်ဖြတ်ရန် ဝန်မလေးချေ။

ထို့ပြင် လန်ဝူရှင်းသည် လုယွီ၏နောက်လိုက်ဖြစ်နေသည်။

အကယ်၍ လန်ဝူရှင်းထံတွင် တစ်စုံတစ်ရာဖြစ်ပွားပါက လုယွီလည်း ငြိစွန်းလာပေမည်။

လန်ဝူရှင်းသည် အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

"တကယ်လို့ မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင်လည်း လုပ်ကြတာပေါ့...ဘာလို့ သောက်ရေးမပါတဲ့ အကြောင်းပြချက်တွေ အများကြီးပြောနေတာလဲ"

သူသည် ခြေတစ်လှမ်းရှေ့တိုးကာ တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသောအရှိန်အဝါနှင့် မဟာစစ်ဗိုလ်ချုပ်သုံးယောက်ထံသို့ လျှောက်လှမ်းသွားသည်။

ဤအချိန်အခိုက်အတန့်တွင် လန်ဝူရှင်းသည် အပြည့်အဝပြန်လည်ကောင်းမွန်ခြင်း မရှိသေးချေ။

လုယွီမှနေ၍ သူ့အတွက် သန့်စင်ပေးခဲ့သောဆေးလုံးသည် သူ့၏ခန္ဓာကိုယ်အတွင်းမှ ထိုက်ဟွာကျမ်းစာ၏ခရမ်းရောင်ချီများကို ပျက်ပြယ်သွားစေရုံသက်သက်ပင်။သူ အပြည့်အဝကောင်းမွန်လာစေရန်အတွက် အချိန်အတော်ကြာယူရပေမည်။

"မောက်မာထောင်လွှားပြီး ခေါင်းမာတဲ့ကောင်ပဲ"

ဟန်ချီက သူ၏ခေါင်းကို ခါယမ်းကာ သက်ပြင်းရှိုက်လိုက်၏။

"မင်းက တကယ့်ကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ...မင်းရဲ့ခေါင်းမာတက်တဲ့အကျင့်စရိုက်က ပြောင်းလဲမသွားဘူး...ကြည့်ရတာတော့ မင်းကို ကောင်းကောင်းမွန်မွန် ဆုံးမပဲ့ပြင်ပေးဖို့ အချိန်ရောက်လာပုံပဲ"

သူ၏လက်အတွင်းတွင် ဆေဘာဓားရှည်တလက် ထပ်မံ၍ထွက်ပေါ်လာသည်။

ရုတ်တရက် ဟန်ချီ၏မျက်နှာအမူအယာတဖြည်းဖြည်း တောင့်တင်းသွားသည်။သူသည်လုယွီ၏ပုံရိပ်ကို တွေ့မြင်မိလေ၏။

ကျွီ....

ခြံဝင်းအတွင်းရှိတံခါး ညင်သာစွာပွင့်သွားသောအသံတစ်သံ ထွက်ပေါ်လာသည်။

လုယွီက အိမ်အတွင်းမှ ​ဖြည်းညှင်းစွာထွက်လာသည်။

"ငါ့ရဲ့လူကို မင်းဆုံးမပဲ့ပြင်ပေးဖို့ လိုအပ်လို့လား"

လုယွီက သူ့၏ခေါင်းကိုမော့ကာ သူ့၏မျက်လုံးများကိုဖွင့်လိုက်သည်။သူ့၏မျက်လုံးအတွင်းတွင် ခရမ်းရောင်မီးတောက်နှစ်ခု ​ဖြည်းညှင်းစွာလောင်ကျွမ်းနေပေ၏။

Thank For Reading.

All Chapters