အခန်း (၃၈၀၂-၃၈၀၅)
Vol. 193 Ch. 3802-3805
Chapter 3802
"အရှင်လု..တကယ်လို့ မင်း ဒီငွေစာရင်းတွေကို တွက်ချက်ချင်တယ်ဆိုရင်...ငါ့ရဲ့သင်ပြမှုအောက်မှာရှိတဲ့ အရာရှိဆယ်ယောက်ကျော်က မင်းကို ကူညီပေးနိုင်လိမ့်မယ်"
စုန်ချင်းဖုန်းက ပြောဆိုသည်။
လုယွီက သူ့၏ခေါင်းကို ခါယမ်းလိုက်၏။
"မလိုဘူး"
သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူ့၏နတ်ဘုရားစိတ်အာရုံသည် ထိုငွေစာရင်းများအကြားသို့ ထွင်းဖောက်သွားသည်။
ဤနေရာတွင် ငွေစာရင်းမှတ်တမ်းပေါင်းရှစ်ထောင်ကျော်ခန့်ရှိနေသည်။သို့ရာတွင် သူ့စိတ်ဝိညာဉ်မှစွမ်းအား၏ ကူညီထောက်ပံ့မှုဖြင့် လုယွီသည် ထိုအရာများကို တစ်ချက်သာကြည့်ပြီးနောက် ပါဝင်သောအကြောင်းအရာများအားလုံးကို မြင်တွေ့နိုင်သည်။
မရေမတွက်နိုင်သောသတင်းအချက်အလက်များ လုယွီ၏စိတ်အတွင်းသို့ စီးဝင်လာပြီးနောက် သူသည် ထိုအရာများကို အစီအစဉ်ဖြစ်အောင် ပြုလုပ်လိုက်သည်။မကြာမီမှာပင် လုယွီသည် ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားလေ၏။
ထိုနှစ်သိမ့်ကြေးငွေများသည် မူလက နယ်မြေခံအုပ်ချုပ်ရေးရုံးတော်၏ခွဲဝေခန့်ခွဲမှုအောက်၌ တည်ရှိသည်။ထို့နောက်မှနေ၍ ထိုနှစ်သိမ့်ကြေးငွေများကို ကွယ်လွန်သူသစ္စာရှိစစ်သား၏မိသားစုဝင်များကိုယ်စား ရာအိမ်စုရုံးတော်ထံ လွှဲပြောင်းပေးလေသည်။
သို့ရာတွင် ဤငွေစာရင်း၌မှတ်တမ်းတင်ထားသောငွေကြေးများသည် တခြားသောအသုံးစရိတ်များအဖြစ် ပြောင်းရွှေ့သွားလေ၏။
ဤငွေစာရင်းများကို ကိုင်တွယ်စီမံသောလူသည် အလွန်သတိကြီးသည်။သူသည် သံသယဝင်ခြင်းမှကာကွယ်နိုင်ရန်အလို့ငှာ အသုံးစရိတ်လွှဲပြောင်းပေးငွေများသည် များသောအားဖြင့် အင်မော်တယ်ကျောက်တုံးရှစ်သောင်းမှ တစ်သိန်းအတွင်းသာဖြစ်သည်။လွှဲပြောင်းသောအကြိမ်အရေအတွက်အရကြည့်လျှင်မူ တစ်လလျှင် အသုံးစရိတ်လွှဲပြောင်းငွေ အကြိမ်အရေအတွက် လွန်စွာများပြားသည်။
ဤရုံးတော်သည် သေးငယ်သောရာအိမ်စုရုံးတော်လေးတစ်ခုပင်။သာမန်အားဖြင့် သူတို့သည် အိမ်ခြေတစ်ရာ၏နေ့စဉ်အရေးကိစ္စများကိုသာ စီမံခန့်ခွဲရသည်။မည်သည်ကြောင့် အသုံးစရိတ်အမြောက်အများ လွှဲပြောင်းပေးနေရသနည်း။
လုယွီသည် ထိုပြဿနာရှိနေသောစာရွက်စာတန်းများကို သာမန်ကာလျှံကာထုတ်ယူကာ ကျန်းပေါင်၏ရှေ့သို့ ပစ်ချလိုက်၏။
"ငါ မင်းကို ထပ်ပြီးမေးခွန်းထုတ်စရာလိုသေးလား"
လုယွီက အေးစက်တင်းမာစွာပြောဆိုသည်။
ကျန်းပေါင်သည် ထိုစာရွက်စာတန်းများကိုမြင်တွေ့ချိန်၌ သူ့၏မျက်နှာအမူအယာ ထပ်ခါတလဲလဲပြောင်းလဲသွားသည်။အဆုံးသတ်၌ သူသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သူ့၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာ တင်ဟပ်လာသည်။
"အရှင်လု...မင်းမှာ အရည်အချင်းတချို့ရှိနေတယ်ဆိုရင်လည်း ဘာဖြစ်လာမှာမလို့လဲ...မင်းငါ့ကို သတ်လို့ရတယ်...ငါ့မှာ ဘာမှပြောစရာစကားမရှိဘူး"
ယခုအချိန်၌ သက်သေသည် တောင်တစ်လုံးကဲ့သို့ ကျစ်လစ်ခိုင်မာနေသည်ဖြစ်ရာ ကျန်းပေါင်သည် ရုန်းကန်ရန်အတွက် လက်လျှော့အရှုံးပေးလိုက်လေပြီ။
သူသည် နယ်ရုပ်တစ်ခုသက်သက်ပင်။ဤကိစ္စကို သူ ဖွင့်ဟပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ အဆုံးသတ်၌ သူသည် သေခြင်းတရားမှလွတ်မြောက်နိုင်မည် မဟုတ်ချေ။သို့ရာတွင် သူသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါက သူ့၏နောက်ရှိ တည်ရှိမှုကြီးသည် သူ့မိသားစုကို ကူညီ၍စောင့်ရှောက်ပေးပေလိမ့်မည်။
"မင်း လုပ်ရဲလား"
စုန်ချင်းဖုန်းက ဒေါသတကြီးအော်ငေါက်လိုက်၏။
ကောင်းကင်ချိုးဖျက်ခံတပ်အတွင်း၌ ဤကဲ့သို့ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော လူတယောက်ရှိနေမည်ဟု သူ တစ်ကြိမ်တခါမျှ တွေးတင်ထားမိခြင်းမရှိချေ။
ဤသည်မှာ ကျဆုံးသွားသော စစ်သားများ၏ နှစ်သိမ့်ငွေများပင်။
လုယွီသည် အမှားအယွင်းပြုလုပ်ခဲ့သည်ဟု စုန်ချင်းဖုန်းသည် တွေးထင်ခဲ့သော်လည်း ဤကိစ္စသည် အမှန်တကယ်ဖြစ်နေမည်ဟု သူမျှော်လင့်မထားမိချေ။ထို့ပြင် ဤကိစ္စပြင်းထန်မှု့သည် သူ၏မျှော်လင့်ချက်ထက် များစွာပို၍ ကျော်လွန်နေသည်။
ကျန်းပေါင်သည် စုန်ချင်းဖုန်းကိုသရော်တော်တော်တချက်ကြည့်ကာ ပြောဆိုသည်။
"ဆရာစုန် မင်းက ကောင်းကင်ချိုးဖျက်ခံတပ်မှာ ဝမ်ရှင်းအမတ်ကြီးနဲ့ အတူရှိနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ....မင်းတို့တွေက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့ဥပဒေစည်းမျဥ်းတွေကို နားမလည်ကြဘူး...ငါက မုန်းဖို့ကောင်းတဲ့ကောင်တစ်ကောင်ဖြစ်နေပေမယ့် တကယ်လို့ လူတိုင်း ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာ ငါ မလုပ်ဘူးဆိုရင် ငါ့ရဲ့နေရာမှာ အစားဝင်မယ့်လူ ရောက်လာလိမ့်မယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက မင်းတို့လို မြင့်မြတ်ပြီးတော့အစွမ်းထက်တဲ့လူတွေက ဒါတွေအားလုံးကို နားလည်မှာမဟုတ်ဘူး"
ကျန်းပေါင်သည် အနည်းငယ်မျှနောင်တမရရှိဘဲ ဖြောင့်မတ်မှန်ကန်သောလေသံဖြင့် ပြောဆိုလေ၏။
စုန်ချင်းဖုန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။။
"လာကြစမ်း...သူ့ကို နှိပ်စက်ညှင်းပန်းတဲ့အခန်းကို ခေါ်သွားပြီးတော့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းကြစမ်း"
"ဟုတ်ကဲ့"
ပတ်ဝန်းကျင်ရှိ အနက်ရောင်သံချပ်ကာဝတ်စစ်သားများသည် အမိန့်ကိုရရှိသည်နှင့် ကျန်းပေါင်၏ရှေ့သို့ ချက်ချင်းလျှောက်လှမ်းလာကာ သူ့အား ဆုပ်ကိုင်လိုက်ကြသည်။
"ခဏနေအုံး"
လုယွီက ရုတ်တရက် သူ့၏လက်တစ်ဖက်ကိုမြှောက်ကာ စစ်သားများကို ဟန့်တားလိုက်သည်။ထို့နောက် သူသည် ကျန်းပေါင်၏ရှေ့သို့လျှောက်လှမ်းသွားကာ တန်းတန်းမတ်မတ်စိုက်ကြည့်လိုက်၏။
ကျန်းပေါင်သည် စိတ်ပုံထွင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။သူသည် လုယွီ၏အကြည့်ကို မြင်တွေ့ချိန်၌ နက်ရှိုင်းသောချောက်နက်ကြီးအတွင်းသို့ ကျသွားသည့်အလား သူ့၏စိတ်နှလုံးသား ချမ်းစိမ့်လာသည်ကို ခံစားမိသည်။သူ့၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအားလုံး ပျောက်ကွယ်သွားကာ ဤအချိန်အခိုက်အတန့်တွင် သူ မူးဝေလာသည်။
သူ့၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။
ရုတ်တရက် လုယွီ၏မျက်လုံးအတွင်းတွင် ခရမ်းရောင်မီးတောက်များ ရှိနေသည်ကို ကျန်းပေါင်က ရှာဖွေတွေ့ရှိလိုက်သည်။
ကျန်းပေါင်သည် အသိပြန်မဝင်သေးမီမှာပင် သူ၏ခန္ဓာကိုယ်အနှံ့ စူးရှနာကျင်လာမှုကို ခံစားမိသည်။
ဤသည်မှာ သူ့၏ခန္ဓာကိုယ်ကို မီးတောက်များဖြင့် လောင်ကျွမ်းနေသည့်အလားပင်။ဤကဲ့သို့ လောင်ကျွမ်းခံရသော ခံစားချက်မျိုးသည်သူ့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေ၏။ကျန်းပေါင်သည် ကူကယ်ရာမဲ့စွာဖြင့် စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူသည် မြေပြင်ပေါ်သို့ လဲကျသွားကာလူးလိမ့်နေရသည်။
အနက်ရောင်အခိုးအငွေ့များက သူ့၏မျက်လုံး နှာခေါင်း ပါးစပ်နှင့် နားအတွင်းမှ ထွက်ပေါ်လာသည်။ကျန်းပေါင်၏သွေးပျက်ဖွယ်အော်သံကြီးနှင့် အတူယှဥ်တွဲလိုက်ချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများ၏စိတ်နှလုံးသားများ အထိန်းအကွပ်မဲ့စွာ တုန်ရီသွားတော့သည်။
Chapter 3803
ဤအချိန်အခိုက်အတန့်တွင် ကျန်းပေါင်သည် သူ့ရှေ့ရှိအရာရာတိုင်း ပိန်းပိတ်သည်အထိ မှောင်မည်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရကာ သူ့၏နံဘေးပတ်လည်ရှိ မြင်ကွင်းများအားလုံး ပျောက်ကွယ်သွားသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်နှင့်သူ့စိတ်ဝိညာဥ်နံဘေးပတ်လည်တွင် မီးတောက်တစ်ခု ရစ်သိုင်းလွှမ်းခြုံနေပုံရကာ သူ့၏စိတ်ဝိညာဉ်ကို အဆက်မပြတ်လောင်ကျွမ်းနေစေသည်။
ဤကဲ့သို့နာကျင်မှုမျိုးကို သာမန်လူများတောင့်ခံနိုင်မည် မဟုတ်လေရာ လူတစ်ယောက်ကိုရူးသွပ်သွားလုမတတ် ခံစားရစေသည်။
ထို့ပြင် သူ့၏ရှေ့၌ ခရမ်းရောင်မီးတောက်များမှသိပ်သည်းသွားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။
ထိုမြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ့ကို စူးရှသောအကြည့်ဖြင့် စူးစိုက်ကြည့်နေလေ၏။ထိုပုံရိပ်ယောင်ကြီး၏ပုံပန်းသွင်ပြင်သည် ရက်စက်ကြမ်းကြုတ်ပြီးတုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ မြင့်မြတ်သောနတ်ဘုရားစွမ်းအားများကို ထုတ်လွှတ်ထားသည်။ထိုနတ်ဘုရားစွမ်းအားများ၏ရှေ့၌ မည်သူမည်ဝါဖြစ်နေပါစေ သူတို့ကိုယ်သူတို့ အလွန်သေးငယ်သည်ဟု ခံစားရပေမည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ လက်တစ်ဖက်အတွင်းတွင် 'မတည်မြဲခြင်း'ဟူသောစာလုံးကို ရေးသားထားသော အဖြူရောင်အမိန့်ပေးတံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားသည်။
"ငါ မင်းကို မေးခွန်းတစ်ခုမေးမယ်...တကယ်လို့ မင်းက အဲဒီလျှို့ဝှက်ချက်ကို ဆက်ပြီးထိန်းသိမ်းထားမယ်ဆိုရင် ဒီလောကကြီးထဲမှာ နာကျင်ရဆုံးအရာကို မင်း မြည်းစမ်းစေရမယ်"
လုယွီမှ အသွင်ပြောင်းလဲထားသော မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရုတ်တရက် သူ့၏ပါးစပ်ကိုဖွင့်ဟကာ ပြောဆိုသည်။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏အသံသည် မိုးခြိမ်းသံအလား ကျန်းပေါင်၏နားအတွင်းသို့ ကျရောက်သွားသည်။
ထိုပုံရိပ်ယောင်ကြီး၏မျက်လုံးအတွင်းမှ ဖြာထွက်လာသည့် ထူးဆန်းသော အလင်းတန်းတစ်တန်းသည် ကျန်းပေါင်ပေါ်သို့ ကျရောက်လာကာ သူ့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံထားလေ၏။
ဤအချိန်အခိုက်အတန့်တွင် ကျန်းပေါင်သည် သူ့၏စိတ်အတွင်းရှိ အတွေးစတိုင်းကို လုယွီမှ ရှာဖွေတွေ့ရှိသွားသည်ဟု ခံစားမိသည်။
သူ ပြောလိုသည်ဖြစ်စေ ဖုံးကွယ်ထားလိုသည်ဖြစ်စေ အရေးမပါတော့ချေ။သူ့၏လျှို့ဝှက်ချက်တိုင်းကို လုယွီမှ ရှာဖွေတွေ့ရှိသွားပုံရသည်။
လုယွီက အလေးနက်ထားသောလေသံဖြင့်ပြောဆိုသည်။
"ဒီစာရွက်စာတမ်းတွေကို အတုလုပ်ဖို့ မင်းကို ဘယ်သူက ပြောခဲ့တာလဲ...ငါ အဲ့ဒီငွေစာရင်းတွေကို ကြည့်ပြီးပြီ...ဒါပေမဲ့ အဲ့ဒီငွေတွေအားလုံးက မင်းရဲ့လက်ထဲကို ရောက်မလာဘူး...အဲ့ဒါတွေကို ဘယ်သူ ယူသွားတာလဲ..ရိုးရိုးသားသားဝန်ခံမယ်ဆိုရင် မင်း ခံစားရတာ သက်သာလိမ့်မယ်"
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ ပါးစပ်မှနေ၍ ထိုစကားလုံးများထွက်ပေါ်လာစဉ်တွင် သဘာဝလွန်စွမ်းအားတစ်ရပ် ပါဝင်နေသည့်အလား ပတ်ဝန်းကျင်ရှိဥပဒေသများကို စတင်၍တုန်ခါသွားစေသည်။
"ဒီအရာရှိက မသိပါဘူး"
ကျန်းပေါင်သည် သူ့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှလာသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရသည်။
ဤသည်မှာ အဆင့်မြင့်နတ်ဘုရားတစ်ပါးထံမှလာသော မေးခွန်းထုတ်မှုပင်။အကယ်၍ နတ်ဘုရားတစ်ပါးသည် သာမန်လူများကို မေးခွန်းထုတ်ပါက လူအများသည် သူတို့၏သွေးမျိုးဆက်အနက်ရှိုင်းဆုံးနေရာမှလာသော ဖိအားအရှိန်အဝါကို ခံစားရပေမည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကျန်းပေါင်သည် ထိုဖိအားအရှိန်အဝါကိုတောင့်ခံ၍ သူ မသိရှိဟုပြောဆိုနေဆဲပင်။
သို့ရာတွင် သူ့၏စကားအဆုံးသတ်သွားသည်နှင့် သူ့၏လက်မှ စူးရှနာကျင်လာမှုကို ခံစားရမည်ဟု သူ မျှော်လင့်မထားမိချေ။သူသည် နာကျင်မှုကြောင့် တဖန်ထပ်၍ အော်ဟစ်ညည်းသွားလိုက်၏။
သူ၏စိတ်ဝိညာဥ်ကို ရစ်သိုင်းလွှမ်းခြုံထားသော ခရမ်းရောင်မီးတောက်များ ပို၍ပြင်းပြင်းထန်ထန် လောင်ကျွမ်းလာသည်။
ဤသည်မှာ သူ့၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေခြင်းပင်။
ထိုအရာသည် ရုပ်ခန္ဓာကိုယ်နာကျင်မှုမဟုတ်ဘဲ သူ့အား ယာယီမေ့ဆေးပေးထားသည့်အလား မိန်းမောနေစေသည်။ဤမီးတောက်များသည် စိတ်ဝိညာဉ်ကို အနာကျင်ရဆုံးဖြစ်အောင်ပစ်မှတ်ထားသဖြင့် လူတစ်ယောက်ကို တိုက်ရိုက်ပြိုလဲသွားစေနိုင်သော နာကျင်မှုမျိုးဖြစ်သည်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူကဆက်လက်၍ ပြောဆိုလိုက်၏။
"အဲ့ဒီငွေတွေကို ဘယ်သူယူသွားတာလဲဆိုတာ ငါ သိချင်တယ်"
"အား...ဒါက အရမ်းနာတယ်...ဒါက နာတယ်...ငါ ဒါကို တောင့်မခံနိုင်တော့ဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကို သတ်လိုက်ပါ...ငါ့ကို သတ်လိုက်ပါ"
ကျန်းပေါင်သည် စူးရှနာကျင်စွာ အော်ဟစ်နေသော်လည်း လုယွီသည် မတုန်မလှုပ်ရှိနေဆဲပင်။
ခရမ်းရောင်မီးတောက်များသည် ကျန်းပေါင်၏စိတ်ဝိညာဥ်ကိုဆက်လက်၍ လောင်ကျွမ်းနေသော်လည်း အပြည့်အဝလောင်ကျွမ်းသွားစေခြင်း မရှိချေ။
ထိုအရာများသည် လောင်ကျွမ်းခြင်းနှင့်ကုသခြင်းတို့ကို တစ်ချိန်တည်းပြုလုပ်နေလေ၏။
ကျန်းပေါင်၏စိတ်ဝိညာဥ်သည် နာကျင်မှုအခြေအနေ၌ ရှိနေသော်လည်း သူ့၏အသိစိတ်သည် ကြည်လင်သော အခြေအနေ၌ ရှိနေဆဲပင်။
ဆိုလိုသည်မှာ သူသည် မီးတောက်များကြောင့်သူ့၏စိတ်ဝိညာဉ် နာကျင်မှုကို ရှင်းရှင်းလင်းလင်း ခံစားနေရလေ၏။
နောက်ဆုံး၌ အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် တောင့်ခံပြီးနောက် ကျန်းပေါင်သည်နောက်ဆုံး၌ ပြိုလဲကျသွားကာ နာကျင်မှုကြောင့်အော်ဟစ်ငိုယိုလိုက်သည်။
"ငါ ထုတ်ပြောပါ့မယ်...ငါသိသမျှ အရာရာတိုင်းမင်းကို ပြောပြပါ့မယ်...ငါက အဲ့ဒီငွေတွေကို ဟန်မိသားစုရဲ့အိမ်တော်ထိန်းခေါင်းဆောင်ကို လွှဲပြောင်းပေးခဲ့တာပါ"
"ဘယ် ဟန်မိသားစုလဲ"
"ကောင်းကင်ချိုးဖျက်ခံတပ်က မဟာစစ်ဗိုလ်ချုပ်ဟန်ရဲ့ဟန်မိသားစုပါ..ငါတို့ရာအိမ်စုရုံးတော်တွေကနေ စာရင်းလိမ်လည်လို့ရတဲ့ ငွေကြေးတွေအားလုံး သခင်လေးဟန်...ဟန်ကျင်းယုရဲ့လက်ထဲကို ရောက်သွားပါတယ်"
Chapter 3804
လုယွီက မေးမြန်းသည်။
"သူက ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုက သခင်လေးတစ်ယောက်လေ...တကယ်လို့ သူ့မှာ ချန်းဖျင်သိုလှောင်ရုံမှူးဆိုတဲ့ ရာထူးရှိနေတယ်ဆိုရင်တောင် မင်းတို့က သူ့ရဲ့အမိန့်ကို နာခံစရာမလိုဘူး...ဟုတ်တယ်မလား"
ကျန်းပေါင်သည် အလွန်အမင်းနာကျင်နေမှုကိုခတောင့်ခံနိုင်စွမ်း မရှိတော့ချေ။လုယွီ၏စကားကိုကြားချိန်တွင် သူက အလျင်စလိုအော်ဟစ်လိုက်သည်။
"သူက ဘာမဟုတ်တဲ့ကောင်ဆိုပေမယ့် သူ့ရဲ့အဖေက ကောင်းကင်ချိုးဖျက်ခံတပ်ရဲ့မဟာစစ်ဗိုလ်ချုပ် ဖြစ်နေတယ်"
"ကောင်းကင်ချိုးဖျက်ခံတပ်က အစကတည်းက စစ်တပ်မြို့တစ်မြို့ပဲ...အခုချိန်မှာ မြို့ရဲ့အဓိကအင်အားစုက ဒီနေရာမှာ ရှိမနေဘူး....တပ်မှူးကလွဲပြီးတော့ ကောင်းကင်ချိုးဖျက်ခံတပ်မှာ မဟာစစ်ဗိုလ်ချုပ်ဟန်က အခွင့်အာဏာအကြီးမားဆုံးပဲ...ငါက အိမ်ခြေအနည်းငယ်ကိုပဲ စီမံအုပ်ချုပ်ရတဲ့ ရာအိမ်မှူးတစ်ယောက်ပါ... တကယ်လို့ သူက ငါ့ကို ပြဿနာရှာချင်တယ်ဆိုရင် သူ လှည့်ကွက်တချို့အသုံးပြုလိုက်တာနဲ့...ငါ့ရဲ့မိသားစု သေကြေပျက်စီးရလိမ့်မယ်...ငါ ဘယ်လိုသေသွားရတယ်ဆိုတာတောင် ငါ သိလိုက်မှာမဟုတ်ဘူး"
"ငါ့မှာ တခြားရွေးချယ်စရာမရှိခဲ့ဘူး...သူက လူတွေစေလွှတ်ပြီးတော့ ငါ့ကို ခြိမ်းခြောက်ခဲ့တယ်... တကယ်လို့ ငါက အဲ့ဒီကိစ္စကို မလုပ်ဘူးဆိုရင် ငါ့ရဲ့အဆုံးသတ်က အရမ်းဆိုးရွားသွားလိမ့်မယ်....အရင်တုန်းက သူတို့ရဲ့လုပ်ရပ်တွေကို အထက်ကိုသတင်းပို့ချင်တဲ့ ထောင်စုမှူးတစ်ယောက် ရှိခဲ့ဖူးတယ်...အဆုံးသတ်ကျတော့ အဲ့ဒီလူက နောက်တစ်ရက်မှာတင် သေဆုံးသွားရပြီးတော့ သူလျှိုတစ်ယောက်ဆိုတဲ့ နာမည်ဆိုးကိုတောင် အတပ်ခံရတယ်...ဟန်ကျင်းယုက အဲ့ဒီလူရမ်းကားတွေရဲ့နောက်မှာ ရှိနေတဲ့လူတွေထဲကတစ်ယောက်ပဲ...သူက ထောင်စုမှူးတစ်ယောက်ကိုတောင် သတ်နိုင်မှတော့ ငါ့လို ရာအိမ်မှူးတစ်ယောက်ကို ထည့်တွက်စရာတောင်မလိုဘူး"
လုယွီက ရုတ်တရက်အော်ဟစ်လိုက်၏။
"တကယ်လို့ မင်းအတွက် လုံလောက်တဲ့အကျိုးကျေးဇူးတွေမရဘူးဆိုရင် မင်းက သူတို့အတွက် လိုလိုလားလား အလုပ်လုပ်ပေးမှာလား....သူတို့ ရိုးရိုးရှင်းရှင်းခြိမ်းခြောက်လိုက်ရုံနဲ့ မင်း ဒီကိစ္စတွေကို လုပ်ပေးခဲ့မယ်လို့ ငါ မယုံကြည်ဘူး...မင်း တခြားဘာတွေဖုံးကွယ်ထားသေးလဲ..ငါ့ကို အရာရာတိုင်း ပြောပြစမ်း"
ကျန်းပေါင်၏စိတ်ဝိညာဉ်ကို ရစ်သိုင်းလွှမ်းခြုံထားသောမီးတောက်များ တဖန်ထပ်၍ မြင့်တက်လာကာ ပို၍ပြင်းထန်စပြုလာသည်။
ဤသည်မှာ သူ့အား အလွန်အမင်းနာကျင်သွားစေသဖြင့် သူက ပျာပျာသလဲအော်ဟစ်လိုက်၏။
"ငါ ပြောပါ့မယ်...ငါ ပြောပါ့မယ်...ငါ ဒီကိစ္စကိုအောင်မြင်အောင် လုပ်နိုင်သရွေ့သူတို့က ငါ့ကိုအကျိုးအမြတ် နှစ်ဆယ်ရာခိုင်နှုန်းပေးမယ်လို့ ကတိပေးခဲ့တယ်...တကယ်လို့ ငါကအောင်မြင်ခဲ့ရင် နောက်နှစ်မှာ ထောင်စုမူးတစ်ယောက် ဖြစ်လာလိမ့်မယ်"
"ငါက ဒီရာထူးငယ်လေးမှာပဲ တစ်ဆို့နေခဲ့တယ်... တိုက်ပွဲစစ်မြေပြင်မှာ တိုက်ခိုက်ပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေရှာဖို့အတွက်လည်း ငါ့မှာ အရည်အချင်းမရှိဘူး... တကယ်လို့ ငါက ရာထူးတိုးချင်တယ်ဆိုရင် ကိုယ်ကျင့်တရားကို ဖောက်ပြန်ပြီးတော့ ဒီလမ်းကြောင်းကို ရွေးချယ်ရုံပဲရှိတော့တယ်... ငါမင်းကို အားလုံးပြောပြပြီးပြီ...ငါ့ကို သတ်လိုက်ပါ...ငါ့ကို သတ်လိုက်ပါတော့"
ကျန်းပေါင်သည် အလွန်အမင်းနာကျင်နေသဖြင့် သူ့အား သတ်ဖြတ်ရန်ပင် တောင်းဆိုနေခဲ့သည်။
ဤမီးတောက်များဖြင့် စိတ်ဝိညာဉ်အားလောင်ကျွမ်းခံရခြင်းသည် လူအများအား အကန့်အသတ်မရှိသော နာကျင်မှုများအကြားတွင် သူတို့၏ဆင်ခြင်တုံတရားများအားလုံးကိုပျောက်ဆုံးသွားစေသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုယွီသည် ကျန်းပေါင်ကို အလွတ်ပေးခြင်းမရှိချေ။သူသည် မီးတောက်များကို အဆက်မပြတ်ထိန်းချုပ်ကာကျန်းပေါင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေပြီး သူ့၏စိတ်ဝိညာဉ်ကို ဆက်လက်၍လောင်ကျွမ်းနေစေသည်။
"တိုက်ပွဲကွင်းပြင်ပေါ်မှာ သေဆုံးသွားခဲ့တဲ့သစ္စာရှိစစ်သားတွေအပြင် ငါတို့က တခြားစစ်သားတွေရဲ့နှစ်သိမ့်ကြေးငွေကိုလည်း တစ်ဝက်လျှော့ချခဲ့တယ်"
"အရှေ့မြို့တံခါးကို စောင့်ကြပ်တဲ့ ရှေ့ပြေးစစ်ဗိုလ်ချုပ်လင်းမူက ငွေကြေးတွေကိုအများဆုံး လက်ခံခဲ့တဲ့လူပဲ...သူ့ရဲ့လက်အောက်ငယ်သားတွေက သစ္စာရှိတယ်လို့ လူတိုင်းက ပြောနေကြတယ်...ဒါပေမဲ့ ဘယ်သူသိနိုင်မှာလဲ...သူ့ရဲ့လက်အောက်က သစ္စာရှိတပ်သားတွေအားလုံးက သူ တော်ဝင်နန်းတွင်းကနေ နှစ်သိမ့်ကြေးငွေတောင်းခံဖို့အတွက် ရုပ်သေးလေးတွေသက်သက်ပဲ...အဲ့ဒီလူတွေရဲ့ မိသားစုဝင်တွေထဲက ဘယ်သူက နှစ်သိမ့်ကြေးငွေကို တကယ်ကြီး လက်ခံရရှိခဲ့လို့လဲ"
"ပြီးတော့ ဖြောင့်မတ်မှန်ကန်ချင်ယောင်ဆောင်နေကြတဲ့ တခြားမဟာစစ်ဗိုလ်ချုပ်တွေ...သူတို့ကလည်း တကယ်ကြီး ရိုးသားဖြောင့်မတ်တယ်လို့ မင်း ထင်လား...တကယ်လို့ မင်းက သူတို့ကို လာဘ်မပေးဘူးဆိုရင် စာရွက်စာတန်းတွေမှာ သူတို့ရဲ့စည်းတံဆိပ်ကို ခတ်နှိပ်ပေးမှာမဟုတ်ဘူး"
"အဲ့ဒီလူတွေအားလုံးက အကျင့်ပျက်ခြစားနေတဲ့လူတွေပဲ...ဟား..ဟား...ဟား..ဟား..ဒီကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံး ပုပ်ပွနေတာ အချိန်အတော်ကြာနေပြီ"
"ဒါက နာတယ်...ငါ ဘာလို့ ခုထိမသေသေးတာလဲ...ဒါက အရမ်းနာတယ်"
ကျန်းပေါင်သည် ရူးသွပ်သွားပုံရကာ သူ သိရှိထားသမျှ လျှို့ဝှက်အကြောင်းအရာများအားလုံးကို အဆက်မပြတ်ဖွင့်ဟပြောဆိုလိုက်သည်။
ဤကိစ္စများကို ပို၍နက်ရှိုင်းစွာတူးဖော်လေလေ ဤစစ်တပ်မြို့အတွင်းတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စများ ဖြစ်ပွားနေကြောင်း ပို၍တွေ့ရှိရလေလေပင်။
ကျန်းပေါင်သည် ထိုစကားများကိုပြောဆိုပြီးနောက် သူသည် နာကျင်မှုကြောင့် ထုံသွားပုံရကာ တောင်စဉ်ရေမရစကားများကို စတင်၍ပြောဆိုတော့သည်။သူသည် သူ့၏ဇနီးကိုဖုံးကွယ်ကာ ပြင်ပ၌ ကိုယ်လုပ်တော်တစ်ယောက်ထားရှိကြောင်းကိုပင် ပြောဆိုခဲ့သည်။
ဘုန်း...
ကျယ်လောင်သောတုန်ခါသံကြီးနှင့်အတူယှဥ်တွဲ၍ ကျန်းပေါင်၏ရှေ့ရှိ အမှောင်ထုကြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။
ကျန်းပေါင်သည် သူ့၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်၏။သူ့၏အနီးအနား၌ မတ်တတ်ရပ်နေသော အနက်ရောင်သံချပ်ကာဝတ်စစ်သားများဖြစ်စေ စုန်ချင်းဖုန်းနှင့်ယင်ထျန်းမင်တို့ဖြစ်စေ သူတို့အားလုံးသည် သူ့အား သုန်မှုန်နေသောမျက်နှာအမူအယာများဖြင့် ကြည့်နေကြသည်။
Chapter 3805
ကျန်းပေါင်၏ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူသည် အစောပိုင်းက အလွန်အမင်းနာကျင်မှုကို ခံစားနေရသော်လည်း ယခုချိန်တွင် သူ့၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတစ်ခုတစ်လေးမျှရှိမနေချေ။ဤသည်မှာ သူသည် ယခင်ကနာကျင်မှုကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရသည့် အလားပင်။
လုယွီသည် သူ့၏စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေ၏။
ကျန်းပေါင်ကိုကြည့်ရသည်မှာ အခြေအနေကောင်းမွန်နေပုံရသော်လည်း သူ့၏စိတ်ဝိညာဉ်တွင် ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် ဖရိုဖရဲဖြစ်နေလေပြီ။
ဘုန်း...
ကျန်းပေါင်သည် မြေပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားကာ သူ့၏ခွန်အားများအားလုံး ဆုံးရှုံးသွားသည့်အလားပင်။
လုယွီသည် သူ့၏စိတ်ဝိညာဉ်ကို ညှဉ်းပန်းနှိပ်စက်ခဲ့မှုအောက်တွင် ကျန်းပေါင်သည် သူ မပြောဆိုသင့်သော အရာရာတိုင်းကို ဖွင့်ဟပြောဆိုခဲ့သည်။
သူ့၏မျက်နှာ သေလုမတတ်ဖြူရော်နေကာ သူအချိန်အတော်ကြာ စောင့်ထိန်းချခဲ့သော လျှို့ဝှက်ချက်များအားလုံး ဤအချိန်အခိုက်အတန့်တွင် ပါးလွှာသောလေထုအတွင်း၌ ပျက်ပြယ်သွားလေပြီ။
တခြားလူများသည် ကျန်းပေါင်၏မျက်နှာအမူအယာကိုမြင်တွေ့ချိန်တွင် သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာမှလာသော ချမ်းစိမ့်တုန်ရီမှုကို ခံစားမိသည်။
မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို သူတို့အတိအကျမသိသော်လည်း ကျန်းပေါင်သည်မြေပြင်ပေါ်၌လူးလိမ့်၍ နာကျင်မှုကြောင့်အော်ဟစ်ငိုကြွေးနေကာ သေဆုံးသွားလိုစိတ်ပင်ရှိနေကြောင်း သူတို့ မြင်တွေ့ခဲ့ရသည်။
ဤနည်းလမ်းသည် နှိပ်စက်ခန်းအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရာရှိတချို့ အသုံးပြုသောနည်းလမ်းများနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
"ဒါက ဟန်ကျင်းယု ထပ်ပြီးဖြစ်နေပြန်ပြီလား... ကြည့်ရတာတော့ မင်း ဒီနေ့လွတ်မြောက်နိုင်တော့မယ့်ပုံမရဘူး"
လုယွီက ဟန်ကျင်းယုကို အေးစက်တင်းမာစွာ ကြည့်လိုက်၏။
ဟန်ကျင်းယုသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့နေသည်။သူသည် ဟန်ချီ၏နောက်၌ ပုန်းအောင်းနေကာ လုယွီကို စေ့စေ့မကြည့်ဝံ့ချေ။
ဟန်ချီ၏မျက်နှာ သုန်မှုန်နေသည်။သူသည် နောက်သို့ချာခနဲလှည့်ကာ ဟန်ကျင်းယုကို ပါးရိုက်လိုက်၏။
ဖြောင်း....
ဟန်ချီသည် ထိုပါးရိုက်ချက်တစ်ချက်ဖြင့် ရပ်တန့်သွားခြင်းမရှိချေ။သူသည် ဟန်ကျင်းယု၏ပါးစပ်မှ သွားများကျွတ်ထွက်သွားသည်အထိ ရိုက်နှက်ခဲ့သည်။ထို့နောက် သူသည် ဟန်ကျင်းယုကို မြေပြင်ပေါ်သို့ ကန်ကျောက်လိုက်၏။ဟန်ကျင်းယူ၏မျက်နှာ ချက်ချင်းဖူးယောင်လာကာ သူ့၏ပါးစပ်မှနေ၍ သွေးများယိုစီးကျလာသည်။
"အဖေ"
ဟန်ကျင်းယုသည် သူ့၏ပါးစပ်ကိုဖုံးအုပ်ကာ မျက်နှာငယ်လေးဖြင့် ပြောဆိုလိုက်၏။
"မင်း ဒီလောက်ထိ မိုက်မဲရလား..ငါ မင်းကို အကြိမ်ပေါင်းများစွာ ပြောထားခဲ့တယ်.... တကယ်လို့ မင်းမှာ ငွေမရှိဘူးဆိုရင် ငါ မင်းကို ပေးလို့ရတယ်...ဒါပေမဲ့ မင်းက စစ်တပ်ထဲကငွေကြေးကို ငွေတစ်စတောင် ယူလို့မရဘူးလို့ ငါ မင်းကို မပြောခဲ့ဘူးလား"
ဟန်ချီက ဆူပူကြိမ်းမောင်းလိုက်သည်။
ဟန်ချီသည် သူ့၏ဒေါသများ ပုံချရန်နေရာကိုရှာဖွေရန် အလွန်အမင်းခက်ခဲနေပုံရသည်။သူသည် သူ့၏ခါးမှ ခါးပတ်ကိုချွတ်ကာ ဟန်ကျင်းယုကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ဖြောင်း...ဖြောင်း...ဖြောင်း...
ထိုခါးပတ် လွှဲယမ်းလိုက်သည့်အချိန်တိုင်း ကျယ်လောင်သောအသံများကို ကြားနေရသည်။ဟန်ကျင်းယု၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံး စုတ်ပြဲသွားကာ သွေးစို့နေသောဒဏ်ရာများ ထွက်ပေါ်လာသည်။
အကြိမ်ရေအနည်းငယ်ခန့် ရိုက်နှက်ပြီးနောက် ဟန်ကျင်းယုသည် ဆိုးဆိုးရွားရွားပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။သူသည် သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေပြီဟုပင် ပြောဆိုနိုင်သည်။
ထိုမြင်ကွင်းကို မြင်တွေ့ချိန်တွင်ပတ်ဝန်းကျင်၌ရှိနေသော စစ်သားများသည်မျက်မှောင်ကြုတ်လိုက်ကြ၏။ဤသည်မှာအမှန်တကယ်ကို ရက်စက်ကြမ်းကြုတ်ပေ၏။ အကယ်၍ သူတို့သည် ဤလူနှစ်ယောက် သားအဖဖြစ်သည်ကို သိရှိမထားပါက ရန်သူများဟု တွေးထင်မိကြပေမည်။
ဟန်ချီသည် သူ့၏ခါးပတ်ကို နံဘေးတစ်ဖက်သို့လွှင့်ပစ်ကာ သူ့၏လက်နှစ်ဖက်ကိုပူးဆုပ်၍ စုန်ချင်းဖုန်းကိုကြည့်ပြီး ပြောဆိုသည်။
"ဆရာစုန်...ငါ့ရဲ့သားကို ကောင်းကောင်းမသင်ပြခဲ့မိတာ ငါ့ရဲ့အပြစ်ပါ...ဒီခွေးမသားလေးက စစ်တပ်ရဲ့ငွေကြေးတွေကိုတောင် ထိဝံ့တယ်...ဒါက သေလမ်းရှာနေတာပဲ...ငါ အိမ်ပြန်ရောက်တာနဲ့ အဲ့ဒီသစ္စာရှိမိသားစုတွေအတွက် နှစ်သိမ့်ကြေးငွေကို ငွေပမာဏရဲ့သုံးဆဖြည့်ဆည်းပေးပါ့မယ်....ဒီကလေးရဲ့စိတ်နှလုံးသားက အရမ်းရက်စက်ကြမ်းကြုတ်တယ်...သူက နောက်ထပ် အိမ်ထဲကနေအိမ်ပြင်ကို ခြေတစ်လှမ်းမှ ထွက်မလာနိုင်စေရဘူး"
စုန်ချင်းဖုန်းသည် မျက်မှောင်ကြုတ်ကာ လုယွီကိုကြည့်လိုက်သည်။
ယခုချိန်တွင် ဤနေရာရှိကိစ္စများအားလုံးကို လုယွီမှ ဆုံးဖြတ်နေခြင်းဖြစ်ပေ၏။
လုယွီသည် ဟန်ချီ၏မျက်နှာအမူအယာကိုကြည့်ပြီးနောက် သူ့၏မျက်လုံးအတွင်းတွင်အေးစက်တင်းမာမှုများနှင့် ပြည့်နှက်နေသည်။
တခြားသူများက ဟန်ချီသည် အလွန်အမင်းရက်စက်ကြမ်းကြုတ်သည်ဟု ခံစားမိကြပေမည်။သူသည် သူ့၏သားဖြစ်သူကိုပင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ခဲ့သည်။ သို့ရာတွင် အမှန်အားဖြင့် ဟန်ချီသည် ဟန်ကျင်းယုကို ကာကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ဟန်ကျင်းယု၏ဒဏ်ရာများသည် ပြင်ပဒဏ်ရာများသာဖြစ်သည်။အနည်းဆုံးအနေဖြင့် ဟန်ကျင်းယုသည် ဟန်ချီ၏လက်ချက်ဖြင့် အသက်အန္တရာယ်ရှိမည်မဟုတ်ချေ။
ဟန်ချီသည် သူ့၏သားကို ကာကွယ်နေခြင်းပင်။
"တာယွီရဲ့ဥပဒေအရ တကယ်လို့တစ်ယောက်ယောက်က စစ်တပ်ရဲ့ငွေကြေးတွေကို လိုချင်တပ်မက်မယ်ဆိုရင်....အင်မော်တယ်ကျောက်သုံးတစ်သန်း ဒဏ်ကြေးပေးဆောင်ရမယ့်အပြင် ကွပ်မျက်ခံရမယ်..ဟန်ချီ မင်းရဲ့သားအတွက် ချွင်းချက်ရှိမယ်လို့ မင်း ထင်နေတာလား"
လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။
ဟန်ချီသည် နာကျည်းမုန်းတီးသောအကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
"ငါက ဒီမနက်ခင်းတုန်းက မြို့တံခါးရဲ့ရှေ့မှာ ငါ မင်းကိုဟန့်တားခဲ့ရုံပဲရှိတာ...မင်းက ဘာလို့ ငါ့ကို ဒီလိုလုပ်တာလဲ...လုယွီ မင်းက တရားဝင်တဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့ ငါ့ကို လက်စားချေချင်နေတာလား"
Thank For Reading.