← Chapters

သူ အိပ်မက်ပင် မမက်ဝံ့သော အရာ

Vol. 15 Ch. 144

သူ အိပ်မက်ပင် မမက်ဝံ့သော အရာ

Vol. 15 Ch. 144

မင်ယွဲ့နှင့် အခြားသူများမှာ လုပ်လက်စများကို ရပ်တန့်ကာ အိမ်ထဲသို့ ဝင်လာသူအား လှည့်

ကြည့်လိုက်ကြသည်။

ရိုင်းစိုင်းရဲတင်းလှသော ထိုလူငယ်သည် မောက်မာစွာဖြင့် ခေါင်းကို မော့ထား၏။ အရပ်မှာ ငါးပေခွဲခန့်သာ ရှိသော်လည်း သူ၏ အမူအရာမှာမူ ရှစ်ပေကျော် အရပ်ရှိသည့်အလား တစ်လောကလုံးကို အထင်သေးနေပုံရ၏။

မင်ထင်သည် ချက်ချင်းပင် ရှေ့သို့ တိုးသွားပြီး ထိုလူကို အပြင်သို့ တွန်းထုတ်လိုက်ကာသူ၏အတွေးတွင် မိမိအိမ်တွင် စည်းကမ်းမဲ့နေထိုင်တတ်သည့် အကျင့်ဖြင့် အပြင်လောကတွင်ပါ လာရောက် ဗိုလ်ကျ၍ ရမည်ဟု သူ ထင်မှတ်နေပုံရသည်။

မင်ယွဲ့၏ မိသားစု ပျော်ရွှင်နေမှုကို သူမ မဖျက်ဆီးလိုပေ။

"နင် အခုချက်ချင်း ထွက်သွားစမ်း"

သို့သော်လည်း အမျိုးသားတစ်ဦး၏ ခွန်အားမှာ မင်ထင်ထက် သာလွန်နေသည်မှာ အမှန်ပင်။

သူက လက်ကို ဝှေ့ယမ်းကာ တွန်းလိုက်ရာ မင်ထင်မှာ ဟန်ချက်ပျက်ပြီး နောက်သို့ ယိုင်သွားလေသည်။

"မင်ကျိယွမ်... နင် လွန်လွန်းနေပြီနော်"

ဘေးမှ မင်ကျိနှင့် မင်ဖုန်းတို့မှာ သူတစ်ပါး အိမ်တွင်းရေးတွင် ဝင်မပါလိုသော်လည်း မင်ကျိယွမ်၏ အပြုအမူမှာ လွန်ကဲလွန်းလှသဖြင့် ရှေ့သို့ အပြေးအလွှား တိုးဝင်လာကြသည်။

မင်ထင်၏ မောင်ဖြစ်သူ မင်ကျိယွမ်သည် ငယ်

စဉ်က အဘိုးဖြစ်သူက အဘိဓာန်လှန်၍

"မြင့်မြတ်သော ရည်မှန်းချက်" (မင်ကျိယွမ်)

ဟု အဓိပ္ပာယ်ရသည့် အမည်ကို ပေးခဲ့သော်လည်း လက်တွေ့တွင်မူ အလယ်တန်းပင် မအောင်ဘဲ အိမ်၌သာ ကပ်စားကာ လူလေလူလွင့် တစ်ဦး ဖြစ်နေခဲ့သည်ပင်။

ကောင်းမွန်လှသော အမည်နာမနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်၏။

"ဘာလို့ အော်နေတာလဲ ငါ့အစ်မနဲ့ ငါ စကားပြောတာ မင်းတို့နဲ့ ဘာဆိုင်လို့လဲ"

သူက အော်ဟစ်နေစဉ် မင်ယွဲ့က အနားသို့ တည်ငြိမ်စွာ လျှောက်လာသည်။ သူမ၏ အေးစက်သော မျက်ဝန်းများက သူ့အား တည့်တည့်

စိုက်ကြည့်လျက် ရှိသည်။

"ဒါ ငါ့အိမ်ပဲ အခုချက်ချင်း ထွက်သွားပေးပါ”

"ယွဲ့ယွဲ့မမ... မမနဲ့ ကျွန်တော့်အစ်မက သူငယ်ချင်းတွေပဲဟာ ဒီလိုလုပ်တာ နည်းနည်းတော့ မသင့်လျော်ဘူး မဟုတ်လား"

မင်ကျိယွမ်က သွားဖြဲနားဖြဲဖြင့် လေသံပြောင်းပြောလိုက်သည်။

မင်ထင်သည် မင်ယွဲ့ကို အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် သူမ၏ နောက်သို့ ဆွဲပို့ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါ အိမ်ပြန်လိုက်တော့မယ် ယွဲ့ယွဲ့ သူ ဒီမှာ ဆက်ပြီး ပြဿနာရှာနေရင် မကောင်းဘူး"

"ဒါဆိုရင်လည်း သတိထားနော် တစ်ခုခုဆို ငါ့ကို ချက်ချင်း ဖုန်းဆက်လိုက်"

မင်ယွဲ့၏ မျက်ဝန်းထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားသည်။

မင်ထင်သည် မောင်ဖြစ်သူကို လှည့်ပင်မကြည့်တော့ဘဲ အိမ်ပြင်သို့ ထွက်သွားတော့သည်။

မင်ကျိယွမ်သည်လည်း အသားကင်များကို မက်မောနေသေးသော်လည်း အစ်မဖြစ်သူ ထွက်သွားသဖြင့် မျက်နှာပူပူနှင့်ပင် အနောက်မှ အပြေးအလွှား လိုက်သွားရလေသည်။

နောက်တစ်နေ့ နံနက်စာ စားနေစဉ် မင်ချန် တစ်ယောက် အိမ်ထဲသို့ အလောတကြီး ပြေးဝင်လာသည်။

"ဘာဖြစ်လို့လဲ မောင်လေး... ဘာတွေ ဒီလောက် လောနေတာလဲ"

မင်ယွဲ့က ပြုံးလျက် မေးလိုက်သည်။

"မမ... မင်ကျိယွမ်ရဲ့ မိဘတွေက မင်ထင်မမကို အဓမ္မ အိမ်ထောင်ချပေးဖို့ လုပ်နေကြလို့ အခု အိမ်မှာ ဆူညံပွက်လောရိုက်နေပြီ"

ထိုစကားကို ကြားသည်နှင့် မင်ယွဲ့သည် ချက်ချင်း ထရပ်လိုက်လေသည်။

ဤကဲ့သို့သော ခေတ်ကာလတွင် မိဘချင်း သဘောတူ၍ အတင်းအဓမ္မ ပေးစားသည့်စနစ် ရှိနေသေးသည်မှာ မယုံနိုင်စရာပင်။

သူမသည် မင်ထင်၏ အိမ်သို့ အမြန်သွားလိုက်ရာ အိမ်ထဲတွင် လူအုပ်စုလိုက် ရှိနေသည်ကို တွေ့ရသည်။

"နင်လည်း အသက်ကြီးနေပြီ ရွာထဲမှာ နင့်အရွယ် အိမ်ထောင်မပြုသေးတာ ဘယ်သူရှိလို့လဲ နင်က တစ်သက်လုံး ငါတို့အိမ်မှာ ကပ်စားနေဦးမှာလား"

မင်ထင်၏ မိခင်ဖြစ်သူမှာ မိခင်တစ်ဦးနှင့် မတူဘဲ ရက်စက်ကြမ်းတမ်းသော အမျိုးသမီးကြီးတစ်ဦးပမာ မင်ထင်ကို လက်ညှိုးငေါ့ငေါ့ထိုးကာ ဆဲဆိုနေသည်။

"အမေ ကျွန်မကို ကျွေးမွေးခဲ့ဖူးလို့လား ကျွန်မ ရှာကျွေးလို့သာ ဒီအိမ်ဟောင်းကြီးက အခုထိ နေလို့ရနေတာလေ"

မင်ထင်က နာကျင်စွာဖြင့် ပြန်လည် တုံ့ပြန်

လိုက်သည်။

ထိုစကားကြောင့် ဖခင်ဖြစ်သူ မင်အာကူမှာ ဒေါသထွက်ကာ သူမကို ရိုက်ရန် လက်ရွယ်

တော့သည်။

"အာကူဦးလေး... လူကို လက်ပါစရာ မလိုဘူးလေ"

မင်ယွဲ့က အချိန်မီ ရောက်ရှိလာပြီး အာကူ၏ လက်ကို ဖမ်းဆွဲလိုက်သည်။

မင်ထင်က မင်ယွဲ့ကို သူမ၏ အနောက်သို့ ဆွဲပို့ကာ မိဘများကို စိုက်ကြည့်လျက်...

"သတ်ချင်ရင်လည်း အခုပဲ သတ်လိုက်ကြတော့ရှေ့လျှောက် အဖေတို့လို မိဘမျိုး ငါ့မှာ မရှိတော့ဘူး"

ထိုစဉ် လူအုပ်ကြားထဲမှ အမျိုးသားတစ်ဦး ထွက်လာသည်။

သူသည် အရပ်ငါးပေပင် မပြည့်ဘဲ ဗိုက်မှာလည်း ငါးလသား ကိုယ်ဝန်ဆောင်ထားသကဲ့သို့ စူထွက်နေသည်။ ဆံပင်ကိုလည်း ကတုံးနီးပါး ညှပ်ထားပြီး ရုပ်ရည်မှာ ကြည့်ရဆိုးလှသည်။

"ရှောင်ထင်... ကိုယ့်အိမ်မှာ စက်ရုံရှိတယ် ကိုယ့်ကို ယူလိုက်ရင် မင်း တစ်သက်လုံး စည်းစိမ်ယစ်နေရမှာပါ"

ထိုလူက မောက်မာစွာ ပြောရင်း မင်ယွဲ့ကိုလည်း နှာခေါင်းရှုံ့ကြည့်လိုက်သည်။ သူက မင်ယွဲ့၏ လှပမှုကို မြင်ပြီး မင်ယွဲ့အပေါ်ပါ ရည်မှန်းချက် ရှိနေပုံရသည်။

"မလိုပါဘူး ကျွန်မဘာသာ ကျွန်မ ရှာစားနိုင်

တယ်"

မင်ထင်က ရွံရှာစွာ ပြောလိုက်သည်။ ထိုလူက ရှေ့သို့ တိုးလာရာ မင်ယွဲ့က ကြားမှ ကာကွယ်

လိုက်ပြီး...

"နားမကြားဘူးလား အခုချက်ချင်း ထွက်သွားလိုက်တော့"

"ဒီမိန်းကလေးက ဘာလို့ သူများအိမ်တွင်းရေး ဝင်ပါနေတာလဲ ငါ့မှာ ပိုက်ဆံရှိတာ မြင်လို့ မင်းကပါ ငါ့ကို လိုချင်နေတာလား"

မင်ယွဲ့မှာ အော့အန်ချင်စိတ်ပင် ပေါက်သွားရသည်။ ဤမျှအထိ သာမန်ကာလျှံကာနိုင်သော လူစားမျိုးကို ဘဝတွင် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

"ကျွန်မကို ကျွေးထားနိုင်ဖို့ နင့်မှာ ပိုက်ဆံရှိလို့လား"

မင်ယွဲ့၏ စကားကြောင့် ဘေးမှ ကြည့်နေသူများမှာ ဟားတိုက်ရယ်မောကြလေတော့သည်။

ခရိုင်မြို့လေးတွင် သူငယ်တန်းကျောင်းကို ယွမ်သန်းချီ အကုန်အကျခံ တည်ဆောက်နေသော မင်ယွဲ့ကို ထိုလူက ငွေကြေးဖြင့် လာရောက် ကြွားဝါနေခြင်းမှာ တကယ့်ကို ရယ်စရာပင်။

"ပြောစမ်း... မင်းက ဘာတွေ လိုချင်နေလို့လဲ"

ထိုလူက မင်ယွဲ့ကို ရမ္မက်ဇောဖြင့် ကြည့်ကာ မေးလိုက်သည်။ မင်ယွဲ့သည် သူမ၏ ဆောင်းရာသီ ဝတ်ရုံရှည်ကြီး၏ အိတ်ကပ်ထဲသို့ လက်နှိုက်

လိုက်ရင်း...

"နင့်မှာ အိမ်ရှိလား"

"ကားရှိလား"

"ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ"

မင်ယွဲ့က ဆက်တိုက်မေးလိုက်ရာ ထိုလူက အထင်သေးစွာဖြင့် ရယ်မောလိုက်သည်။ သူက မင်ယွဲ့ကို ငွေမက်သူဟု ထင်မှတ်သွားပုံရသည်။

"ဒါပဲလား ဒီမှာကြည့်... ဒါ ငါ့ရဲ့ အိမ်ပိုင်ဆိုင်မှု အထောက်အထား ခရိုင်မြို့ အရှေ့ပိုင်းမှာ ယွမ် ၁ သန်း အပြတ်ပေးပြီး ဝယ်ထားတာ"

သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် စာရွက်စာတမ်းများကို မင်ယွဲ့ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် အပြင်တွင် ရပ်ထားသော ကားကို လက်ညှိုးထိုးပြကာ...

"အပြင်က ကားက ငါ့ကားပဲ ယွမ် ၃ သိန်း အပြတ်ပေးဝယ်ထားတာ။ ပြီးတော့ ဒီဘဏ်

ကတ်ထဲမှာ ယွမ် ၁.၆ သန်း ရှိတယ်"

ရွာသားများမှာ ထိုလူ၏ ကြွယ်ဝမှုကြောင့် အံ့ဩနေကြသော်လည်း၊ မင်ယွဲ့အတွက်မူ ထိုပမာဏမှာ သူမ အိပ်မက်ပင် မမက်ဝံ့လောက်အောင် သေးငယ်လွန်းသော အရာတစ်ခုသာ ဖြစ်နေသည်ကို ထိုလူ မသိရှာပေ။

All Chapters